Monday 30 November 2015

ဒုက္ခသည်လက်ခံဖို့ EU က တူရကီကို ဒေါ်လာသန်းထောင်ချီပေးမည်

ဥရောပကိုရွှေ့ပြောင်းအခြေချနေထိုင်ဖို့ ၀င်ရောက်လာကြတဲ့ ဒုက္ခသည်များ
ဥရောပကိုရွှေ့ပြောင်းအခြေချနေထိုင်ဖို့ ၀င်ရောက်လာကြတဲ့ ဒုက္ခသည်တွေရဲ့ အရေးကို ဖြေရှင်းဖို့အတွက် တူရကီနိုင်ငံကို ဒေါ်လာဘီလီယံပေါင်းများစွာပေးဖို့ ဥရောပသမဂ္ဂက သဘောတူညီလိုက်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်ခံရသည့် ပါရီ ပြဇာတ်ရုံသို့ အိုဘားမား သွားရောက်

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ရှိ အကြမ်းဖက် တိုက်ခိုက်ခံရသော Bataclan ကဇာတ်ရုံသို့ အမေရိကန် သမ္မတ ဘာရတ် အိုဘားမား သွားရောက်ခဲ့ကြောင်း သိရသည်။

စားသုံးရန် မသင့်သော အစားအစာများ အကြောင်း ကျောင်းသားများကို ပညာပေးမည်

ကျောင်းမုန့်ဈေးတန်းမှ အစာစားသုံးရန် မသင့်သော အစားအစာများနှင့် ပတ်သက်၍ အခြေခံပညာကျောင်းများရှိ ကျောင်းသား ကျောင်းသူများကို ပညာပေး ဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန FDA ထံမှ သိရသည်။

ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမြော်မည့် သက်ကြီးရွယ် အို များနှင့် ပြည် သူ များ လမ်းဖြတ်ကူးမှုအဆင်ပြေစေရန် ဗဟန်း (၃) လမ်း လူကူး ခုံးကျော် တံတားတွင် စက်လှေကားထည့်သွင်း တည်ဆောက်မည်

ရွှေတိဂုံစေတီ တော်သို့လာရောက်ဖူးမြော်ကြမည့် ဘုရားဖူးပြည်သူများနှင့် သက်ကြီး ရွယ်အိုများ လမ်းဖြတ် ကူး မှုအ ဆင် ပြေစေ ရန်အတွက် ဗဟန်း(၃)လမ်း တွင် ဆောက်လုပ်လျက်ရှိသည့် လူ ကူးခုံးကျော်တံတားအား စက်လှေ ကားထည့်သွင်းတည်ဆောက်သွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ကော် မတီဝင်(၇) ဦးခင်လှိုင် (ဇောတိက)က ပြောသည်။

ဗဟန်းကလေးအမှု စစ်ဆေးချက်များ ဒီဇင်ဘာလ (၇)ရက်နေ့ နောက်ဆုံးပေးပို့ရမည်

လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သည့် ကလေး နှိပ်စက်ခံရသည့်အမှု စစ်ဆေးချက်များအား ဒီဇင်ဘာလ (၇)ရက်နေ့ နောက်ဆုံးထား၍ တရားရုံးသို့တင်ပြရန် ညွှန်ကြားထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

နယ်စပ်နှင့် လေဆိပ်များတွင် လုံခြုံရေးတိုးမြှင့်ထား

ဒေသတွင်း နိုင်ငံအချို့၌ အကြမ်းဖက်မှုများ မဖြစ်ပွားရန် ကြိုတင်ကာကွယ်မှုများပြုလုပ် နေချိန်တွင် မြန်မာနိုင်ငံနယ်စပ် ဒေသများနှင့် လေဆိပ်များ၌ပါ လုံခြုံရေးတိုးမြှင့်ထားကြောင်း သ တင်းရရှိသည်။

ဓမ္မတာမလာမီ ရောဂါလက္ခဏာ ကြုံတွေ့သူများ သွေးတိုးရောဂါ ဖြစ်လာနိုင်

အမျိုးသမီးများဓမ္မတာမလာမီ ရောဂါလက္ခဏာများကြုံတွေ့ရခြင်း သည် နောက်ပိုင်းတွင် သွေးတိုးရောဂါ ဖြစ်လာနိုင်သော လက္ခဏာ ဖြစ်နိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးစီ၏ မဲရလဒ်များကို မကြာမီ ထုတ်ပြန်မည်

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့က ဗဟန်းမြို့နယ်တွင် မဲလက်မှတ်များ ရေတွက်နေစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ ရရှိသည့် မဲရလဒ် အသေးစိတ်ကို မကြာမီထုတ်ပြန် ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်း ရရှိသည်။

ဒီဇင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလ ထုတ်ပြန်

ဒီဇင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်ပြီး အဆိုပါ လေဖိအား နည်းရပ်ဝန်းသည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ် အဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ဒီဇင်ဘာလ မိုးလေ၀သ ခန့်မှန်းချက်အရ သိရသည်။

Sunday 29 November 2015

ဘုတလင်နှင့် ကနီတွင် ငလျင်ကြောင့် စေတီပုထိုး အများစုပျက်စီးခဲ့

စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း လှုပ်ခတ်ခဲ့သည့် ငလျင် ကြောင့် မုံရွာခရိုင် ဘုတလင်မြို့နှင့် ယင်းမာပင်ခရိုင် ကနီမြို့တို့တွင် စေတီပုထိုးများနှင့် လူနေအ ဆောက်အအုံအချို့ ပျက်စီးဆုံးရှုံး ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိ သည်။

မန္တလေးမြို့ မြေငလျင်တိုင်း တာရေးစခန်း၏ အနောက်မြောက် ဘက် မိုင် ၉၀ ခန့်အကွာ၊ မုံရွာမြို့ ၏ အနောက်မြောက်ဘက် ၃၅ မိုင်ခန့်အကွာ ပြည်တွင်းကို ဗဟို ပြု၍ နိုဝင်ဘာ ၂၇ ရက်က ရစ်ခ်ျတာစကေး ၅ ဒသမ ၄ အဆင့်ရှ်ငလျင်လှုပ်ခတ်သွားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရုံးမှ သိရသည်။

‘‘ကနီနဲ့ ဘုတလင်မြို့နယ်အ တွင်းက စေတီတွေ အပျက်အစီး များတယ်။ ကနီမြို့နယ်အတွင်းက စာသင်ကျောင်း၊ လူနေအဆောက် အအုံတချို့ အက်ကြောင်းတွေ ဖြစ်တာတော့ ရှိပါတယ်’’ဟု စစ် ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

တနင်္သာရီဒေသ မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးကြိုတင်ကာကွယ်ရေး လေ့ကျင့်မည်

တနင်္သာရီတိုင်းဒေသ ကြီးအတွင်း မီးဘေးအန္တရာယ်ဖြစ် ပွားပါက ဆုံးရှုံးမှု လျော့နည်းစေ ရန် မီးလောင်ကျွမ်းစဉ်လုပ်ဆောင် သင့်သည့် လေ့ကျင့်မှုများကို မြို့ပေါ်ရပ်ကွက်များတွင် တစ်ပတ် တစ်ကြိမ် ပြုလုပ်သွားမည်ဖြစ် ကြောင်း တိုင်းဒေသကြီးမီးသတ် ဦးစီးဌာနမှ သတင်းရရှိသည်။

ပွင့်လင်းရာသီရောက်ရှိလာ ပါက ဒေသတွင်းမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် များကို ကျောင်းများ၊ ဈေးများနှင့် အခြားဌာနဆိုင်ရာရုံးများတွင် ပညာပေးခြင်း၊ သရုပ်ပြခြင်းများ ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင်မူ မြို့ပေါ်ရပ်ကွက်များ၌ လေ့ကျင့် မှုများကို နိုဝင်ဘာနောက်ဆုံးပတ် မှ စတင်ပြုလုပ်သွားမည်ဖြစ် ကြောင်း တိုင်းဒေသကြီးမီးသတ် ဦးစီးမှူးသူရိန်ခင်မောင်ရီက ပြော သည်။

‘‘လူနေရပ်ကွက်တွေမှာ ဒေသခံတွေနဲ့ ဇာတ်တိုက်လေ့ ကျင့်မှုတွေ လုပ်သွားမယ်။ အဲဒီ လို ဇာတ်လိုက်လေ့ကျင့်မှုတွေ ပြု လုပ်ထားရင် မီးသတ်တပ်ဖွဲ့ ၀င်တွေက ရပ်ကွက်တွေမှာ မြေ ပြင်အခြေအနေ ပိုမိုကျွမ်းကျင် လာမယ်။ ရပ်ကွက်တွေကို မီး သတ်စခန်းကနေ မီးသတ်ယာဉ် တွေ အမြန်ဆုံးရောက်နိုင်မယ့် အချိန်တွေကို တွက်ချက်လာနိုင် မယ်။ နောက်ပြီး မီးလောင်မှု ဖြစ် ပွားခဲ့ရင် ရာသီဥတု အခြေအနေ အရ နေရာယူတတ်လာကြလိမ့် မယ်။ ဒေသခံတွေလည်း တကယ် လို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားလာ ပါက သူတို့အနေနဲ့ လုပ်ဆောင် သင့်တာတွေ ပိုပြီသိလာလိမ့်မယ်’’ဟု သူရိန်ခင်မောင်ရီက ပြောကြားသည်။

အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းအမျိုးအစားများဆိုင်ရာ အမိန့်မူကြမ်းကို ပညာရှင်များ အကြံပြုချက်တောင်းခံပြီး အတည်ပြုမည်

အန္တရာယ်ရှိ စွန့်ပစ် ပစ္စည်းများကြောင့် ပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှုမှ ကာကွယ်ရန် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း အမျိုးအစားများဆိုင်ရာ အမိန့်ကို ရေးဆွဲလျက်ရှိကြောင်း ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနမှ သတင်းရရှိ သည်။

လက်ရှိတွင် ဘေးအန္တရာယ် ရှိ စွန့်ပစ်ပစ္စည်းအမျိုးအစားများ ဆိုင်ရာ အမိန့်(မူကြမ်း)ကို ရေးဆွဲ ၍ စီးပွားရေးလုပ်ငန်းရှင်အသင်း အဖွဲ့များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ရှင်များ၊ ပညာရှင်များ၏အကြံပြု ချက်များ ရယူကာ အတည်ပြုလုပ် ဆောင်သွားမည်ဖြစ်ကြောင်းသိရ သည်။

မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ စက်ရုံအလုပ်ရုံကြီးများ၊ အထူးစီး ပွားရေးဇုန်များလုပ်ဆောင်ရန်ရှိ သည့်နေရာ၊ စက်ရုံများမှ ထွက်ရှိ သည့်စွန့်ပစ်ပစ္စည်းများတွင် အန္တ ရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများကို ထိန်းသိမ်း ကာကွယ်ရန်လိုအပ် လာကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးစိန်ထွန်းလွင်က ပြော သည်။

မန္တလေးတွင် ကျန်းမာရေးဦးစီးဌာနသို့ အကြောင်းမကြားဘဲ တရုတ်နိုင်ငံသားအချို့ အကြောအဆစ်ရောဂါ ကုသနေ

မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်တွင် တရုတ်နိုင်ငံ သားများသည် သက်ဆိုင်ရာမြို့ နယ်ကျန်းမာရေးဦးစီးဌာနသို့ အ ကြောင်းမကြားဘဲ အခကြေးငွေ ယူ၍ အကြောအဆစ်နှင့်ပတ် သက်သည့်ရောဂါများကုသပေး နေကြောင်း သတင်းရရှိသည်။

ချမ်းအေးသာစံမြို့နယ် ကဉ္စ နမဟီရပ်ကွက် ၃၄ လမ်း၊ ၇၆× ၇၇ လမ်းကြား တရုတ်တန်း ဈေး တွင် တရုတ်နိုင်ငံသားသုံးဦးသည် မြန်မာစကားပြန်အမျိုးသား တစ်ဦးနှင့် နိုဝင်ဘာ ၂၅ ရက်မှ စတင်၍ နံနက် ၈ နာရီမှ ၁၀ နာရီ အထိ ဆေးကုသပေးမှုပြုလုပ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

‘‘ဆေးကုသပေးနေတယ်ဆို တာ အကြောင်းကြားတာမျိုး လည်း မရှိဘူး။ သိလည်းမသိဘူး။ ရပ်ကွက်ဥက္ကဋ္ဌတွေကိုလည်း မှာ ကြားထားတယ်။ နယ်မြေခံဆရာ မလေးတွေလည်းရှိတယ်။ ဒီဟာ တကယ်ကုသနေမှုဟုတ်၊ မဟုတ် ကိုတော့ သေချာစုံစမ်းသွားမယ်။ လိုင်စင်မရှိဘဲနဲ့ ကုသရင် အရေး ယူသွားမှာဖြစ်တယ်’’ဟုချမ်းအေး သာစံမြို့နယ် ကျန်းမာရေးဦးစီး မှူး ဒေါက်တာလင်းလင်းချစ်က ပြောကြားသည်။

အင်န်အယ်လ်ဒီ ကမ်းလှမ်းလာပါက ဖက်ဒရယ်မူဖြင့်သာ စကားပြောမည်ဟု ဦးခွန်ထွန်းဦးပြောကြား

အစိုးရသစ်ဖြစ်လာ မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကသာ ကမ်းလှမ်းလာပါက စစ်မှန်သော ဖက်ဒရယ်ပြည် ထောင်စုပေါ်ပေါက်ရေး မူဝါဒ ပေါ်တွင်သာ ရပ်တည်၍ စကားပြော မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌဦးခွန်ထွန်းဦးက ပြောကြားသည်။


ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့၌ နိုဝင်ဘာ ၂၈ ရက်တွင် ပြုလုပ်သည့် ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၏ ၂၀၁၅ ရွေးကောက်ပွဲပြန်လည် သုံးသပ်ခြင်းအစည်းအဝေး၌ ရွေးကောက်ပွဲ ၀င်ပြိုင်ခဲ့သည့် ပါတီ ကိုယ်စားလှယ်လောင်း အားလုံးကို ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

‘‘အကယ်၍များ အင်န် အယ်လ်ဒီက ကမ်းလှမ်းလာခဲ့ရင် ဒီမူဘောင်နဲ့ပဲ စကားပြောမယ်။ ဒီ မူဘောင်ပေါ်မှာပဲ ရပ်တည်မယ်။ ရှမ်းပြည်အတွက် ရှမ်းလူမျိုးတွေ အတွက် လုံးဝလျှော့မှာ မဟုတ်ပါ ဘူး’’ဟု ဦးခွန်ထွန်းဦးကပြောသည်။

၁၉၉၀ ကတည်း က SNLD စွဲကိုင်ခဲ့သော တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးတို့ကို ဆက်လက် ကိုင်စွဲသွားမည့် အဓိပ္ပာယ်လည်း ဖြစ်သည်။

စစ်မှန်သော ဖက်ဒရယ်ပြည် ထောင်စုပေါ်ပေါက်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်ရာ တပ်မတော် ၏ သဘောဆန္ဒက အရေးကြီး လာသည်။

တရုတ်နိုင်ငံက လှူဒါန်းသည့် ရဲတပ်ဖွဲ့သုံး ကားအစီးငါးရာကျော်ကို ကားမရှိသည့် နယ်မြေရဲစခန်းများတွင် ဦးစားပေးထားရှိမည်

တရုတ်နိုင်ငံကလှူဒါန်းထားသော ရဲတပ်ဖွဲ့သုံးကားအချို့
မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လှူဒါန်းသည့် တရုတ်ယွမ်မင်ဘီ ၉၉ သန်းဖိုးရှိ ရဲတပ်ဖွဲ့ဝင်သုံးမော် တော်ယာဉ်အစီးရေ ၅၀၅ စီးကို အဓိကလိုအပ်ချက်ရှိနေသည့် နယ်မြေရဲစခန်းများတွင် ဦးစား ပေးထားရှိသွားမည်ဟု သတင်းရ ရှိသည်။
တရုတ်ဝန်ကြီးချုပ်သည် ပြီးခဲ့သည့် ၂၀၁၄ က မြန်မာနိုင်ငံ သို့လာရောက်သည့် ခရီးစဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ကူညီဆောင် ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးချုပ်စိုး မြိုင်ကပြောသည်။

ပါရမီယာဉ်အရှိန်လွန်ပြီး အငှားယာဉ်ရှစ်စီးကို ဆင့်တိုက်

လှည်းတန်းခုံးတံတား အောက်ရှိ မီးပွိုင့်အ၀င်တွင် ပါရမီ ယာဉ်လိုင်းမှယာဉ်တစ်စီး အရှိန် လွန်ပြီး အငှားယာဉ်ရှစ်စီးနှင့် အိမ်ကားတစ်စီးကို ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။
နိုဝင်ဘာ ၂၈ ရက် နံနက် ၉နာရီခန့်က စိုက်ပျိုးရေး မှတ်တိုင်ဘက်မှ လှည်းတန်းဘက်သို့ ပြည်လမ်းအတိုင်းမောင်းနှင်လာသည့်(၁၇၄) ပါရမီယာဉ်က ၀င်တိုက်ခဲ့ခြင်းဖြစ်ကာ အမျိုးသမီးတစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ယာဉ်မောင်း ထွက်ပြေးသွားခဲ့သော်လည်း ပါရမီယာဉ်လိုင်းမှ တာဝန်ရှိသူများက ယာဉ်မောင်းကို ရဲတပ်ဖွဲ့ထံ ပြန်လည် အပ်နှံခဲ့သည်ဟု ကမာရွတ်မြို့နယ် ယာဉ်ထိန်းရဲစခန်းမှ ဒုရဲမှူးအောင်ကြီးက ပြောသည်။
‘‘ကျွန်တော့်ကားကို အ နောက်ဘက်က အရှိန်နဲ့ဝင်တိုက် လိုက်တော့ ကျွန်တော်ရော ခေါင်း ခန်းကခရီးသည်ရော ဒဏ်ရာတွေ ရသွားတယ်။ ပြီးမှ အရှိန်ပြင်းပြင်း နဲ့ ဂျာနယ်ရောင်းနေတဲ့ ကောင်မ လေးရော တခြားကားတွေကိုပါ ဆက်တိုက်တိုက်သွားတယ်။ ဒရိုင်ဘာက ထွက်ပြေးသွားတယ်’’ဟု အငှားယာဉ်မောင်းက ပြောသည်။

ကြိုတင်မဲနှစ်ကြိမ်ထည့်သည့် ရဲအုပ် ယာဉ်ထိန်းတပ်ဖွဲ့မှ ထုတ်ပယ်ခံရပြီး အမှုပါရင်ဆိုင်နေရ

ကြိုတင်မဲနှစ်ကြိမ်ထည့် ခဲ့သည့် ယာဉ်ထိန်းရဲအုပ်ကို နိုဝင် ဘာတတိယပတ်တွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့က တရားဝင်ထုတ်ပယ်ခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့(၂)မှ ဒုရဲမှူး ကြီး အောင်ကိုဦးက ပြောသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ညွန့်ကြီးရပ်ကွက်ရှိ မဲရုံနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ယာဉ်ထိန်းသင်တန်းကျောင်းတို့ တွင် ကြိုတင်မဲနှစ်ကြိမ်ထည့်မိခဲ့ သောကြောင့် ယခုကဲ့သို့ထုတ်ပယ် ခဲ့ရခြင်းဖြစ်သည်ဟု ဒုရဲမှူးကြီး အောင်ကိုဦးက ဆိုသည်။
‘‘ရဲတပ်ဖွဲ့စည်းမျဉ်းစည်း ကမ်းအတိုင်း သူ့ကို ယာဉ်ထိန်း ရဲအရာရှိအဖြစ်ကနေ ထုတ်ပယ် လိုက်တာပါ။ သူကိုယ်တိုင်လည်း အရာရှိဖြစ်ပြီး ဒီကိစ္စကို ပေါ့ပေါ့ ဆဆလုပ်ခဲ့လို့ အပြစ်ပေးခဲ့ရတာ ပါ။ ဝန်ထမ်းဖြစ်တဲ့အတွက် ချ မှတ်ထားတဲ့ စည်းကမ်းဖောက် ဖျက်တဲ့သူကို ဥပဒေအတိုင်း အ ရေးယူခဲ့ခြင်းဖြစ်ပါတယ်’’ဟု ဒုရဲ မှူးကြီး အောင်ကိုဦးက ပြော ကြားသည်။

ဒီချုပ်အမတ်များကို လစာဖြတ်မည်၊ စာမေးပွဲစစ်မည်၊ ပိုင်ဆိုင်မှုစစ်မည် ပြင်းပြင်းထန်ထန် ကိုင်တွယ်သည်ကို စိတ်ဓာတ်မကျရန် ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များထံမှ လစာဖြတ်တောက်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

နိုဝင်ဘာ ၂၈ ရက်က ရန် ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင် နှင်းဆီ ခန်းမတွင် ပြုလုပ်သော ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့ရှိ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘လစာဖြတ်မယ်’’

‘‘အခုကတည်းက စောစောစီး စီးပြောထားတာ၊ ကိုယ်စားလှယ် အားလုံးရဲ့ လစာတွေ ကျွန်မတို့ ဖြတ်ပါမယ်။ အခုဆိုရင် ပြည် ထောင်စုကိုယ်စားလှယ်တိုင်းက တစ်လကို နှစ်သိန်းခွဲပေးရမယ်။ တိုင်းတို့၊ ပြည်နယ်တို့က လစာ နည်းတဲ့အတွက် ကျွန်မတို့ ကြည့် ပြီးဖြတ်မယ်။ အားလုံး ကိုယ်စား လှယ်တိုင်းဟာ လစာထဲက သတ် မှတ်ထားတဲ့အတိုင်း အဖွဲ့ချုပ်ကို ပေးရမှာဖြစ်ပါတယ်။ တချို့တွေ က ၀န်ကြီးနေရာတွေက ကိုယ်စား လှယ်တွေဆို ပိုပြီးတော့ဖြတ်မယ်။ လခ မြင့်သွားတာနဲ့အမျှ ပိုပြီး တော့ဖြတ်ပါမယ်။ အမြင့်ရောက် သွားတဲ့သူတွေကတော့ တစ်ဝက် ဖြတ်မှာပေါ့။ အမြင့်ဆုံးရောက် သွားတဲ့သူတွေကတော့ အနည်း ဆုံးတော့ တစ်ဝက်ပေးရမှာပေါ့။

Friday 27 November 2015

ရေဘေးကြောင့် ပျက်စီးသွားသော ကျောင်း (၆၆) ကျောင်း ပြန်တည် ဆောက်ရန် ကျန်ရှိ

ရခိုင်ပြည်နယ်တွင် ရေဘေးကြောင့် ပျက်စီးသွားသော ကျောင်းများအနက် (၆၆) ကျောင်းကို ပြန်ဆောက်ရန် ကျန်ရှိနေ သေးကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

““ကျောင်းသူ ကျောင်းသားလေးတွေ ပုံမှန်အတိုင်း ပြန်တက် နေကြပါပြီ၊ ပြင်နေတဲ့ ကျောင်းတွေ တချို့အဆောင်တွေ ပြီးပြီ၊ မိုးရာသီမှာက ရေတွေနဲ့ ဆောက်လို့မပြီးလို့ အခုကျန်တာကို ပွင့်လင်းရာသီမှာ ဆက်ဆောက် နေပါပြီ””ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး (စီမံ) ဦးလှစိန်ထွန်းက The Messenger Media သို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် မတ်လ ရေကြီးရေလျှံမှုများကြောင့် ကျောင်းပေါင်း(၂၉၂) ကျောင်း ပျက်စီးခဲ့ရာတွင် အများစုအား ပြန် လည် ပြုပြင် တည်ဆောက်ပြီးစီးခဲ့ပြီး (၆၆) ကျောင်း ကျန်ရှိနေခြင်း ဖြစ်သည်။ ယင်းကျောင်းများသည် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့တို့တွင် ကျန်ရှိနေသေးခြင်း ဖြစ်ကြောင်း သိရသည်။ ယခုအခါ လုံးဝ ကျောင်းပျက်စီး သွားသော နေရာများတွင် ယာယီ စာသင်ဆောင် (၆၁) ဆောင် ကိုလည်း ဆောက်လုပ်ပေးပြီ ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။ ရခိုင်ပြည်နယ်တွင် ရေဘေးကြောင့် ကျောင်းသားကျောင်းသူပေါင်း (၇၀၀၀) ကျော် ရေဘေးသင့်ခဲ့သည်။

မြေယာ ပြဿနာများကို အစိုးရသက်တမ်း မကုန်မီ တတ်နိုင်သလောက် ဖြေရှင်းမည်

ဧရာဝတီတိုင်း ဒေသကြီးမှ မြေယာ ပြဿနာများကို အစိုးရသက်တမ်း မကုန်မီ အတတ်နိုင်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ဖြစ်နိုင်တဲ့ကိစ္စ၊ ဆောင်ရွက်နိုင်တဲ့ ကိစ္စတွေကိုတော့ အပြီး ဖြေရှင်းပေးသွားမှာပါဟု ၎င်းကပြောသည်။၂၀၁၀ မှ စတင်ကာ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် ဧပြီလ (၁) ရက်နေ့တွင် အစိုးရသက်တမ်း ကုန်မည် ဖြစ်သည်။''ပြဿနာ တစ်ခုကို ဖြေရှင်းတဲ့အခါမှာ အထက်ကနေအောက်၊ အောက်ကနေ အထက် အပြန်အလှန် စိစစ်ရမယ်။ ဖြစ်စဉ်ရဲ့ သဘော သဘာဝတွေကိုလည်း သေသေချာချာ လေ့လာသုံးသပ်ပြီးမှ အဖြေရှာလို့ရမှာ။ လေးလအတွင်း အဖြေထွက် ပြီးရောဆိုပြီး အလျင်အမြန်ဆုံး ဖြတ်ဆောင်ရွက် ပေးခဲ့ရင် အလွယ်အမှားတွေလည်း ဖြစ်နိုင်တယ်'' ဟု လယ်ယောမြေအရေး လှုပ်ရှားသည့် ကိုထွန်းထွန်းဦးက ပြောသည်။

အစိုးရ ဖွဲ့နိုင်သော်လည်း ပူးပေါင်း လုပ်ဆောင်မည်ဟု ဒေါ်စုဆို

 NLD ပါတီသည် ပါတီတစ်ခုတည်းနှင့် အစိုးရ ဖွဲ့နိုင်သော အခြေအနေတွင် ရှိသော်လည်း အားလုံး ယူမည်ပုံစံနှင့် လုပ်ဆောင်မည် မဟုတ်ပဲ ပူးပေါင်း လုပ်ဆောင်မည် ဆိုသော စိတ်နှင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။ နိုဝင်ဘာလ (၂၆)ရက်နေ့ နံနက်ပိုင်း RFA သတင်းဌာန၏ ဒီမိုကရေစီ ခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်တွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ““အစိုးရထဲမှာ NLD ပါတီဝင်မဟုတ်တဲ့ တိုင်းရင်းသား တွေလည်း ပါမယ်။ တခြားနိုင်ငံကို အကျိုးပြုနိုင်တဲ့ လူတွေလည်း ပါနိုင် လိမ့်မယ့်လို့ အစ်မတို့ မျှော်လင်တယ်””ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

စာသင်၊ စာချ သံဃာတော်များကို အင်တာနက် အသုံးမပြုရန် တားမြစ်

 မိုဘိုင်းဖုန်းများဖြင့် အင်တာနက် အသုံးမပြုရန် စာချ၊ စာသင် သံဃာတော်များကို ပုသိမ်မြို့ ပစ္ဆိမာရုံ ကျောင်းတိုက်က တားမြစ်ထားကြောင်း သိရသည်။ မြတ်စွာဘုရားက အစွန်အဖျား ကျတဲ့နေရာ လူသူဝေးတဲ့ နေရာမှာ သီတင်းသုံး နေထိုင်ရမယ်လို့ မူလကတည်းက ဟောထားတယ်။ ဘာလို့ ဒီလို ဟောထားလဲ စိတ်ဓာတ် ပူလောင်မှုတွေ ငြိမ်းအေးအောင် လူနဲ့ပတ်သတ်တဲ့ ပြဿနာ အရှုပ်အထွေးတွေ ကင်းအောင် နေခိုင်းတာ ဒီတော့ အင်တာနက် ဆိုတာ တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက်ထား တာဆိုရင် တစ်ကမ္ဘာလုံးနဲ့ ပတ်သက်တာတွေ အရှုပ်ထုတ်တွေ ၀ိနည်းနဲ့ တားမြစ် ထားတဲ့ အရာတွေ မမြင်နိုင်ဘူးလား။ ဒါ ကြောင့် တားမြစ်ရတာ ဟု ပစ္ဆိမာရုံ တိုက်ကြပ် ဆရာတော် အရှင် ဉဏိဿရဘိဝံသက မိန့်သည်။

တောင်ကြီး မီးပုံးပျံပွဲ ဧည့်လာ ရောက်မှု ယခင်နှစ်များထက် နည်းပါး

တောင်ကြီးမြို့တွင် ကျင်းပလျက်ရှိသည့် တန်ဆောင်တိုင် မီးပုံးပျံပွဲသို့ ဧည့်သည် လာရောက်မှုမှာ ယခင်နှစ်များထက် နည်းပါးကြောင်း တောင်ကြီးမြို့ ဒေသခံများထံက သိရသည်။

နိုဝင်ဘာလ (၁၈) ရက်နေ့မှ စတင်ကာ တောင်ကြီးမြို့တွင် ကျင်းပလျက်ရှိသော တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကြီးသို့ ရပ်ဝေးရပ်နီး ဧည်သည်များ လာရောက်မှုမှာ ယခင်နှစ်များထက် နည်းပါးကြောင်း တောင်ကြီးမြို့တွင် လူမှုကူညီရေး လုပ်ငန်း များအား လုပ်ဆောင်နေသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုနေမျိုးက ပြောသည်။

မဲပေးသူများ စာရင်း အလျင်မြန်ဆုံး ထုတ်ပြန်မည်ဟုဆို

၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲပေးခဲ့သူများ စာရင်းအား အလျင်မြန်ဆုံး ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

လက်ရှိအချိန်တွင် အထွေထွေ ရွေးကောက်ပွဲအား ကျင်းပပြီးစီး၍ အနိုင်ရပါတီ အနေဖြင့် အစိုးရသစ် ဖွဲ့စည်းရန် စောင့်ဆိုင်းနေသည့် ကြားကာလ ဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ကန့်ကွက်လွှာ လက်ခံခြင်း၊ ရွေးကောက်ပွဲ ကုန်ကျစရိတ်များ တင်ပြမှုအား လက်ခံခြင်းနှင့် မဲပေးသူများ စာရင်းအား ပြုစုခြင်းများကို လုပ်ဆောင်နေခြင်းနှင့် ပတ်သက်ပြီး အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အနိုင်ရရန် လုံလောက်သည့်အခွင့်အရေးများ ဖန်တီးနိုင်ခဲ့ကြောင်း ဗန်ဂါးလ်ဖွင့်ဟ

ပီအက်စ်ဗွီကို ဂိုးမရှိ သရေကျခဲ့ပြီးနောက် ဝေဖန်မှုများ နှင့် ရင်ဆိုင်နေရသော်လည်း မန်ယူအသင်းနည်း ပြဗန်ဂါးလ်က မိမိတို့အနေဖြင့် အနိုင်ရရန်လုံလောက်သည့် အခွင့်အရေးများဖန်တီး နိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။ မန်ယူအသင်းသည် အနိုင်ရ ပါက နောက်တစ်ဆင့်သို့ တက်ရောက် နိုင်မည်ဖြစ်သော်လည်း သရေရလဒ်ကြောင့် နောက်ဆုံးပွဲစဉ်တွင် မဖြစ်မနေ အနိုင်ကစားရတော့မည်ဖြစ်သည်။ မန်ယူအသင်း၏ ခြေစွမ်းသည်စိတ်ပျက်စရာဖြစ်ခဲ့သောကြောင့် ကစားသမားဟောင်းများဖြစ်သော ရွိုင်ကိန်းနှင့် ပေါလ်စခိုးတို့က ပြင်းထန်စွာဝေဖန်ခဲ့သည်။ သို့သော် ဗန်ဂါးလ်က မန်ယူအသင်းသည် ပီအက်စ်ဗွီကိုအနိုင်ရရန် အခွင့်အရေးများစွာ ဖန်တီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဖားကန့်မြေစာပုံ ပြိုကျမှုကြောင့် သေဆုံးသူများ၏ ဈာပနအခမ်းအနား ယနေ့ပြုလုပ်မည်

ဖားကန့် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသွား သူများအားလုံးအတွက် ဈာပနအ ခမ်းအနားကို ယနေ့(နိုဝင်ဘာ ၂၇ ရက်)တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း လုံးခင်းရဲစခန်းမှ သိရသည်။

သုဝဏ္ဏဘူမိမြို့ဟောင်းကို ကျပ်သိန်းတစ်ထောင် အကုန်အကျခံ၍ပြန်လည်တူးဖော်မည်

တူးဖော်မှုများ ရပ်နားထားသော သုဝဏ္ဏဘူမိ မြို့ ဟောင်းကို ဘတ်ဂျက် ကျပ်သိန်းတစ်ထောင်ကျော် အသုံးပြုကာ တတိယ အကြိမ်ပြန်လည်တူးဖော် မည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံရေး အကျဉ်းသားများ အမြန်လွှတ်ပေးရေး မကွေးတွင် တစ်ကိုယ်တော်ဆန္ဒပြ

နိုင်ငံရေး အကျဉ်းသား ဟောင်းများ အမြန်လွှတ်ပေးရန် မကွေးဒေသခံအမျိုးသားတစ်ဦး က မကွေးမြို့ပေါ် တွင် နိုဝင်ဘာ ၂၅ရက် နံနက်က တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

ကာမလိမ်လည်ယူထားသူက နစ်နာကြေးပေးထားသည့်မြေကွက်အတွင်း ပြန်လည်နေထိုင်မှုကြောင့် ဆန္ဒပြမည်

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် မုံတော(မြောက်)ကျေးရွာအုပ်စု သဲကုန်းကြီး ကျေးရွာတွင် အသက် ၁၆ နှစ်အရွယ် ဆွံ့အနားမကြား အမျိုးသမီးကို ကာမလိမ်လည်ရယူမှုကြောင့် နစ်နာကြေးအဖြစ် ပေးအပ် ထားသော မြေကွက်အတွင်း တရားခံက ထောင်မှလွတ်လာချိန်တွင် ပြန်လည်နေထိုင်နေသောကြောင့် တားဆီးပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများကို ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း အဆိုပါအမျိုးသမီး၏ မိခင်ဖြစ်သူက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီး၌ ငါးနှစ်အတွင်း တရားခံ ဖမ်းဆီးရမိခြင်း မရှိဘဲ စုံစမ်းမှု ဆိုင်းငံ့ ပိတ်သိမ်းထားသော အမှု ၆၉ မှုရှိပြီး လုယက်မှုနှင့် ဖောက်ထွင်းမှုဖြစ်စဉ် အများဆုံးဖြစ်

ကျပ်သိန်း ၃၅၀ခန့် လုယူခံခဲ့ရသည့် Farmer Money Changer အား သြဂုတ် ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ)
ရန်ကုန်တိုင်းဒေသကြီး၌  ၂၀၁၁ ခုနှစ်မှ ယခု ၂၀၁၅ ခုနှစ် လက်ရှိအချိန်ထိ ငါးနှစ်အတွင်း တရားခံ ဖမ်းဆီးရမိခြင်း မရှိဘဲ စုံစမ်းမှုအား ဆိုင်းငံ့ပိတ်သိမ်းထားသော အမှု ၆၉ မှုထိရှိပြီး လုယက်မှု ဖြစ်စဉ်မှာ အများဆုံး ဖြစ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဂျပန်သင်္ဘောနှင့်လိုက်ပါလာမည့် အရှေ့တောင်အာရှနှင့်ဂျပန်လူငယ်များ မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက်လေ့လာမည်

ဓာတ်ပုံ-နစ်ကီ  
အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ် (SSEAYP)အဖြစ် လူငယ်သုံးရာကျော် လိုက်ပါ လာသည့် Nippon Maru သင်္ဘောသည် မြန်မာနိုင်ငံ တွင် နိုဝင်ဘာ ၂၆ ရက်မှစတင်၍ သုံးရက်ကြာ လှည့်လည်လေ့လာ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Wednesday 25 November 2015

တပ်မတော်နှင့် SSPP/SSA တို့ ငါးရက်အတွင်း စစ်ရှိန်လျော့ဖို့ နှစ်ဘက်သဘောတူ

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) တို့ လက်ရှိ ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကို လျော့ချ ရပ်ဆိုင်းရေးကို ဦးတည်ဆောင်ရွက်ရ အပါအဝင် အချက် ၆ ချက်ကို မူအားဖြင့် သဘောတူညီခဲ့ကြသည်ဟု မဇ္ဈိမက ရရှိထားသည့် ဆွေးနွေးမှု မှတ်တမ်းတွင် ဖေါ်ပြသည်။

နိုဝင်ဘာလ ၂၄ ရက် နေ့စွဲဖြင့် နှစ်ဖက် ခေါင်းဆောင်များ လက်မှတ်ရေးထိုးထားသည့် အစည်းအဝေး မှတ်တမ်းတွင် SSPP/SSA အနေဖြင့် မိုင်းနောင်၊ မိုင်းရှူး ကားလမ်းမြောက်ဘက်ခြမ်းတွင် ရွေ့ပြောင်း နေထိုင်ရန်နှင့် မိုင်းနောင်-မိုင်းရှူး ကားလမ်း တောင်ဘက်ခြမ်းရှိ ထိပ်တိုက်ရင်ဆိုင်နေသော တပ်မတော် စစ်ကြောင်းများကိုလည်း ရွှေ့ပြောင်းနေရာချထားရန်၊ မိုင်းနောင်တွင် SSPP/SSA ဆက်ဆံရေးရုံး ဖွင့်လှစ်၍ နှစ်ဖက် ပဋိပက္ခများနှင့် လိုအပ်သော အုပ်ချုပ်ပှုဆိုင်ရာကို ညှိနှိုင်း ဖြေရှင်းသွားရန်တို့ကို သဘောတူညီမှု ရရှိခဲ့သည်။

အလယ်အလတ်တန်း အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးကိုဖွင့်လှစ်နိုင်ရန် စီစဉ်

တိုင်းပြည်၏ အနာဂတ်ကာလ၌ အစိုးရ၏ အသုံးစားရိတ်များကို နိုင်ငံတော်မှ ကောက်ခံရရှိသည့် အခွန်ငွေအပေါ်တွင် ရပ်တည်ဆောင်ရွက်ကြရ မည်ဖြစ်သည့်အတွက် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှု ခြေလှမ်းအဖြစ် အလယ်လတ်တန်းအခွန်ထမ်းများဆိုင်ရာ အခွန်ရုံးကိုဖွင့်လှစ်ရန်စီစဉ်နေကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးပြည်ထောင်စုဝန်ကြီး ဦးဝင်ရှိန် ကပြောသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျင့်သုံးနေသည့်တိုက်ရိုက်အခွန်ကောက်ခံသည့် စနစ်မှသွယ်ဝိုက်အခွန်ကောက်ခံသည့် စနစ်ကိုကူးပြောင်းရန် အနည်းဆုံးအခွန်းနှုန်းထားများဖြင့် အခွန်အခြေခံချဲ့ထွင်၍ အခွန် ထမ်းများမှ ကိုယ်တိုင် အခွန်ပေးဆောင် စည်းကြပ်သည့်စနစ်ကို ကူးပြောင်းရန်ပြုပြင်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဘဏ္ဍာရေးဝန်ကြီးဌာန၏ ယခုနှစ်ဘဏ္ဍာနှစ် ပထမ ၆ လပတ် အခွန်ရရှိမှုကို နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ရှင်းလင်းရင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

ဗဟိုဘဏ်မှအထိမ်းအမှတ် ငွေဒင်္ဂါးပြားထုတ်သည်အပေါ် ပြန်သုံးသပ်ရန် လွှတ်တော်တွင် အစီအရင်ခံ

 ပြည်ထောင်စုလွှတ်တော်၏ ပြည်သူ့ငွေစာရင်းပူးပေါင်းမှုကော်မတီက မြန်မာနိုင်ငံဗဟိုဘဏ်မှ အထိမ်းအမှတ်ငွေဒင်္ဂါးပြားထုတ်ခြင်းသည် ဥပဒေနှင့်ညီညွှတ်မှု ရှိမရှိ သုံးသပ် ရမည့်အချက်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ အစီအရင်ခံခဲ့သည်။

“ ဗဟိုဘဏ်က ဒင်္ဂါထုတ်ခွင့်ရှိသော်လည်းပဲ ဒီဗဟိုဘဏ်၏ ဥပဒေအဆိုရင်တော့ တရားဝင် လည်ပတ်တဲ့ငွေတွေ ကိုပဲ ထုတ်ခွင့်ရှိတယ်ဆိုတဲ့သဘောမျိုးဥပဒေမှာ ရေးထားတာကိုတွေ့ရပါတယ်၊ဒီအထိမ်း အမှတ်ဒင်္ဂါးပြားတွေထုတ်တယ် ဆိုတဲ့ဥစ္စာဟာ ကျွန်တော်တို့ ဥပဒေနှင့်ညီညွှတ်ရဲ့လား၊တရားဝင်သုံးလို့ရတဲ့ ငွေကိုပဲ ထုတ်ခွင့်ရှိသလား အထိမ်းအမှတ်ကိုလည်း ဗဟိုဘဏ်အနေနှင့်ထုတ်လို့ရသလား ဆိုတာဟာ သုံးသပ်ရမယ့်အချက်ဖြစ်တယ်ဆိုတဲ့ ဒီဟာလေးတစ်ခုကို ကျွန်တော်တို့ တွေ့ရှိရပါတယ် “ ဟုပြည်သူ ငွေစာရင်းပူးပေါင်းမှုကော်မတီမှ နိုဝင်ဘာလ(၂၄)ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အစီအရင်ခဲ့သည်။

ပြည်ခိုင်ဖြိုးအမတ်တစ်ဦး နိုင်ရာမှ ပြန်လည်ရှုံးနိမ့်

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) ၏ မဲစာရင်းများ ရေတွက် အပြီး နိုဝင်ဘာ ၁၂ ရက်နေ့ ကြေညာချက်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းဆာလူက အနိုင်ရရှိခဲ့ပြီး အဆင့်ဆင့် တိုင်ကြားမှုအရ တအာင်း(ပလောင်) အမျိုးသားပါတီမှ အနိုင်ရရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၂၄ ရက်နေ့တွင် ထပ်မံကြေညာခဲ့သည်။

ရေတွက်ရန် မဲရုံများ ကျန်နေသေးကြောင်း မြို့နယ်၊ ခရိုင်၊ ပြည်ထောင်စုအဆင့်ဆင့်သို့ တိုင်ကြားခဲ့ သောကြောင့် ကျန်ရှိနေသည့် နမ့်ဆန်မြို့နယ်အတွင်းရှိ မဲရုံ ၅ ရုံအား ပြန်လည်ရေတွက်မှုအရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တအာင်း(ပလောင်) အမျိုးသားပါတီမှ ဦးညီစိန်အား အနိုင်ပေးခဲ့၍ ပြည်ခိုင်ဖြိုးပါတီမှာ နိုင်ရာမှရှုံးသွားသည်ဟု တအာင်း(ပလောင်) အမျိုးသားပါတီ ရုံးချုပ်က ပြောကြားသည်။

လူထုအခွင့်အရေး အာမခံချက် မရှိသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ ပြင်ပေးရန်ပြော

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပက်သက်ပြီး လူထုအခွင့်အရေး အာမခံချက်မရှိသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားနေသည့် အဖွဲ့အစည်း ၃ခုက အကြံပြု ပြောဆိုလိုက်သည်။

နိုဝင်ဘာ ၂၅ရက်၊ လသာမြို့နယ် အနော်ရထာလမ်းပေါ်ရှိ Best Western China Town ဟိုတယ်တွင် ပြုလုပ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေအပေါ် ရှုထောင့် ပေါင်းစုံမှ သုံးသပ်ခြင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခြင်းဖြစ်သည်။

ရုရှားက S - 400 ဒုံးကျည်ကာကွယ်ရေးစနစ်များကို ဆီးရီးယားတွင် ချထားမည်

ရုရှားသည် ၄င်း၏ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဆီးရီးယားတွင် ချထားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။ S-400 လေယာဉ် ပစ်ဒုံးကျည်စနစ်များကို မှေးမင်လေတပ်အခြေစိုက်စခန်းတွင် ချထားမည်ဖြစ်ကြောင်း ဆာဂေးရှိုအီဂူက နိုဝင်ဘာ ၂၅ တွင်ပြောကြားသည်။

ယင်းသို့ပြောကြားမှုက ဆီးရီးယားအနောက်ပိုင်းရှိ လာတာ ကီယာဆိပ်ကမ်းမြို့အပြင်ဘက်ရှိ ရုရှားလေတပ်အခြေစိုက်စခန်းတွင် ချမည်ဟု ရည်ညွှန်းခြင်းဖြစ်သည်။

NLD အနိုင်ရ အမတ်နှင့် အောင်နိုင်ရေး တာဝန်ခံကို စွပ်စွဲရေးသားသည်ဆိုကာ ဒေါ်ညိုညိုသင်း အမှုဖွင့်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းမြင့်နှင့် ရွေးကောက်ပွဲ အောင်နိုင်ရေး အထူးတာဝန်ခံ ဦးစိုးညွန့်တို့ လက်ရှိ ရန်ကုန်တိုင်း လွှတ်တော်အမတ် ဒေါ်ညိုညို သင်းကို စွပ်စွဲရေးသားသည်ဆိုကာ အမှုဖွင့်ထားသည်ကို ဖြေရှင်းတောင်းပန်မှ အမှုကို ရုတ်သိမ်းပေးနိုင်မည်ဟု ဒေါ်ညိုညိုသင်းကဆိုသည်။

နိုဝင်ဘာ ရွေးကောက်ပွဲတွင် ဗဟိန်းမြို့နယ်မှ တသီးပုဂ္ဂလအမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်ညိုညိုသင်းက ဗဟန်းရဲစခန်းတွင် ဦးစိုးညွန့်နှင့် ဦးထွန်းမြင့်တို့အပေါ် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈(ဃ)ဖြင့် အမှုဖွင့်ထားမှုနှင့် ပက်သက်ပြီး ဆက်သွယ်မေးမြန်းရာတွင် ပြောခြင်းဖြစ်သည်။

လူနည်းစု အခွင့်အရေး လှုပ်ရှားနေသူ ဝေေ၀နု

မြန်မာနိုင်ငံမှာမွေး၊ မြန်မာနိုင်ငံမှာ ကြီးပြင်းခဲ့ကြသူများဖြစ်သည့် မိခင်ဖခင် အပါအ၀င် မိသားစုဝင်များကို လူမျိုးရေး ခွဲခြား ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကို ကိုယ်တိုင်ပါဝင်ခံစားခဲ့ရပြီး ထိုအပြုအမူများက သူမကို ထိုးနှက်မှုတခု ဖြစ်စေခဲ့သည်ဟု မဝေေ၀နုက ပြောသည်။

ဖိနှိပ်မှုတခုကို ထပ်မံပြီး ပြောရမည်ဆိုပါက အလုပ်သမား အခွင့်အရေးများကို တစိုက်မတ်မတ် အားပေးကူညီနေသည့် ဖခင်ရှေ့နေ ဦးကျော်မင်းကို နိုင်ငံသား မှတ်ပုံတင်ကတ် တရားမ၀င် ပြုလုပ်သည်ဆိုကာ ဖခင်ကြီးဦးကျော်မင်း အပါအ၀င် တမိသားစုလုံး ဖမ်းဆီး ထောင်ချခြင်း ခံခဲ့ရသည်။

ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်း နှစ်ပတ်လည်အဖြစ် ဒီဇင်ဘာ ၂ ရက်တွင် အခမဲ့ပို့ဆောင်ပေးမည်

ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်း၏ (၁၂)နှစ် မြောက်နှစ်ပတ်လည်အဖြစ် လာမည့် ဒီဇင်ဘာ ၂ ရက်တွင် ကျိုက် ထီးရိုးဘုရားဖူး ဧည့်သည်များအား ကင်မွန်းစခန်းမှ တောင်ပေါ်အထိ ကားဖြင့် အခမဲ့ ပို့ဆောင်ပေးမည် ဟု သတင်းရရှိသည်။

ရာသီဥတုပြောင်းလဲမှု အန္တရာယ်များနှင့် ဖြေရှင်းရမည့် ပြဿနာများ

တရုတ်နိုင်ငံ၊ ရှန်ဒေါင်းပြည်နယ်၊ ဒီဇူးမြို့၏ မြူဆိုင်းသောနေ့တစ်နေ့တွင် မီးခိုခေါင်းတိုင်များမှ မီးခိုးများ ထွက်နေသည်ကို တွေ့ရစဉ်။ FILE/reuters
ကမ္ဘာကြီးပူနွေးလာမှုကို ထိန်းချုပ်ရန် ပျက်ကွက်ခဲ့ပါက လူသားမျိုးနွယ်တစ်ရပ်လုံး ကြီးမားသော ဒုက္ခသည် ပြဿနာ၊   ရေနစ်မြုပ်မည့် မြို့ကြီးများနှင့် အပူလှိုင်းများ ကျရောက်ခြင်း၊ မိုးခေါင်ရေရှားမှုစသော အန္တရာယ် များကို ကိုင်တွယ် သွားရလိမ့်မည်ဟု သိပ္ပံပညာရှင်များက သတိပေးထားသည်။

မိတ္ထီလာရေလည်ဘုရား မီးကြာခွက် (၁၀၀၀)နီးပါး ရေမျှောပူဇော်မည်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ စန္ဒကူးရေလည်ဘုရားအား မီးကြာခွက်(၁၀၀၀)နီးပါးဖြင့် ရေ မျှောပူဇော်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံက သိရသည်။

စင်ကာပူ အာမခံကုမ္မဏီ ရန်ကုန်တွင် လာရောက် ဖွင့်လှစ်မည်

၂၀၁၆ ခုနှစ်တွင် စင်ကာပူ အာမခံ ကုမ္ပဏီမှ ရန်ကုန်မြို့တွင် လာရောက်ဖွင့် လှစ်မည်ဖြစ်ကြောင်း Marsh အာရှပစိဖိတ် အမှုဆောင် အရာရှိချုပ် မာတင်ဆော့ဘ်က ပြောသည်။

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းကိစ္စ ဇေကမ္ဘာ ဦးခင်ရွှေ၏ အဆို လွှတ်တော်တွင် ရှုံးနိမ့်

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းပါဝင်သည့် "စုပေါင်းပိုင်မြေ" စကားရပ်အစား စုပေါင်းနှင့် သက်ဆိုင်သောမြေဟု စကားရပ်ပြောင်းလဲရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် အမျိုးသား လွှတ်တော်အမတ် ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက နိုဝင်ဘာ ၂၃ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အဆိုပြု ဆွေးနွေးခဲ့သည်။

သပိတ်ကျင်းတွင် ရွှေဆက်လက်တူးဖော်သူများကို သတ္တုတွင်းဥပဒေဖြင့် အရေးယူမည်

သပိတ်ကျင်းမြို့နယ် ကျောက်ဖျာကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်းဘေးတွင် ရွှေ ကြော တွေ့ရှိ သည့် သတင်းများ ထွက်ပေါ်ပြီး ဒေသခံများက မြေ စာခဲများတူးဖော်လျက်ရှိရာ နိုဝင်ဘာ ၂၅ နောက်ပိုင်း၌ ဆက်လက်တူးဖော်သူများကို သတ္တုတွင်း ဥပဒေဖြင့် အမှုဖွင့်အရေးယူတော့မည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ကြိုတင်မဲ မသမာမှု ပြုလုပ်သည်ဟုဆိုကာ မဲရုံမှူး အပါအ၀င် ဆရာမသုံးဦးအား မဲနှစ်မဲ ကွာဟမှုဖြင့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းက အမှုဖွင့်တိုင်ကြား

ချောင်းဆုံမြို့နယ် ၀ယ်လန်းကျေးရွာ မဲရုံအဖြစ် အသုံးပြုခဲ့သော မူလွန်ကျောင်းအားတွေ့ရစဉ်
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ၀ယ်လန်း ကျေးရွာမဲရုံတွင် ကြိုတင်မဲမသမာမှု ပြုလုပ်သည်ဟုဆိုကာ မဲရုံမှူးအပါအ၀င် ဆရာမသုံးဦးအား မဲနှစ်မဲကွာဟမှုဖြင့် ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းအောင်သူက တရားလိုပြုလုပ်ပြီး နိုဝင်ဘာ ၂၁ ရက်တွင် ချောင်းဆုံမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။

ကျန်ရှိနေခဲ့သည့် မဲရုံခြောက်ရုံမှ မဲရလဒ်များ ထည့်ပေါင်းခဲ့ပြီးနောက် ရှမ်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၅)တွင် တအာင်း (ပလောင်) အမျိုးသားပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးညီစိန် အနိုင်ရ

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅ ) တွင် ထည့်ပေါင်းရန် ကျန်ရှိနေခဲ့သည့် ကျေးရွာသုံးစုမှ မဲရုံခြောက်ရုံ၏ မဲရလဒ်များကို ထည့်ပေါင်း ရေတွက် ခဲ့ပြီးနောက် တအာင်း(ပလောင်) အမျိုးသားပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးညီစိန်က ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားလှယ်လောင်းကို ၁၉၉ မဲအသာဖြင့် အနိုင်ရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဟာလည်း လွှတ်တော်အရပ် အမတ်တွေလိုပဲ အရည်အချင်း ရှိဖို့လိုပါတယ်

ရန်ကုန်တိုင်ဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်မှာနေတဲ့ ကိုဝေဇင်က စာဖတ်သူကဏ္ဍ ကို မေးလ်နဲ့ စာတစ်စောင် ပေးပို့လာပါတယ်။ သူ့စာထဲမှာ ရေးထားတာကတော့ သူဟာ ကုမ္ပဏီဝမ် ထမ်း တစ်ဦးဖြစ်ပြီး ဘယ်ပါတီဝင်မှ မဟုတ်ပေမယ့် NLD ပါတီက အများဆုံး အနိုင်ရသွားတဲ့အတွက် နိုင်ငံမှာ အပြောင်းအလဲ တော့ ဖြစ်ပြီဆိုပြီး ဝမ်းသာမိတာကို ဦးစွာရေးသားလိုပါတယ်။

မြန်မာ့နိုင်ငံရေးခေါင်းဆောင်များအားလုံး အတူလက်တွဲလုပ်ကြရန် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာ ၂၄ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ − U.S. Embassy Rangoon)
မြန်မာ့နိုင်ငံရေးခေါင်းဆောင်များအားလုံး အတူတကွလက်တွဲလုပ်ဆောင်ကြရန် မြန်မာနိုင်ငံသို့ ရောက်ရှိ နေသည့် ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက သမ္မတဦးသိန်းစိန်အား နိုဝင်ဘာ ၂၄ ရက်တွင် တိုက် တွန်းခဲ့သည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် ဂျန်းရှင်းစကွဲ တတိယထပ် သုံးရက်ပိတ်

မီးလောင်မှုဖြစ်ပွားခဲ့သည့် ဂျန်းရှင်းစကွဲ ဈေးဝယ်စင်တာ တတိယထပ်ကို ပြင်ဆင်မှုများ ပြန်လည်ပြုလုပ် နေ၍ သုံးရက်ခန့် ပိတ်ထားမည်ဖြစ်ကြောင်း စင်တာမှ တာဝန်ရှိသူကပြောသည်။

ရန်ကုန်-ပုဂံ ရထားပေါ်တွင် ရထားစားပွဲထိုးက နိုင်ငံခြားသူကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုဖြစ်

ပုဂံသို့ အလည်လာသည့် ဟောင်ကောင်သူတစ်ဦးကို ရန်ကုန်-ပုဂံရထားပေါ်တွင် ရထားစားသောက်ဆိုင် စားပွဲထိုးတစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေးသည့်အပေါ် အခြေခံ၍ ပြန်လည်ဆွေးနွေး ရန် ပြင်ဆင်ထားဟု တပ်ချုပ်ပြောကြား

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမှုပါက သူမဘက်က ဆွေးနွေးသည့်အပေါ်တွင်သာ ပြန်လည် ဆွေးနွေး ရန် ပြင်ဆင်ထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၀ါရှင်တန် ပို့စ် သတင်းစာအား ဖြေကြားခဲ့သည်။

ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံစာရင်းမှ လွတ်မြောက်ရေး မြန်မာကြိုးပမ်းမည်

 မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး နိုင်ငံများအဖွဲ့မှ လွတ်မြောက်နိုင်ရန် ကုလသမဂ္ဂထံ တင်ပြ ထား ပြီး ၂၀၁၈ ခန့်တွင် ကုလ၏ စစ်ဆေးမှုကိုခံယူရမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။

အာဆီယံ နည်းပညာ ထူးချွန်ဆု မြန်မာ MIT ကုမ္ပဏီ ပထမဆုံး ဆွတ်ခူး

အာဆီယံနည်းပညာထူးချွန်ဆု (eASEAN)ကို မြန်မာနိုင်ငံ ကိုယ်စားပြု၍ မြန်မာသတင်းအချက်အလက်နှင့် နည်းပညာ ကုမ္ပဏီ(MIT)က ပထမဆုံးအ ကြိမ်ရရှိခဲ့ကြောင်း သတင်းရရှိ သည်။

ကျေးသီးမြို့ရှိ စစ်ရှောင်စခန်းတွင် ဒုက္ခသည်အချို့ ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွား

ရှမ်းပြည်နယ်ကျေးသီးမြို့ စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်အချို့ (ဓာတ်ပုံ - တင်ဦး)
ရှမ်းပြည်နယ်တောင် ပိုင်း ကျေးသီးမြို့နယ် ၀မ့်ဝ စစ် ဘေးရှောင်ဒုက္ခသည်စခန်းရှိ စစ်ဘေးဒုက္ခသည်အချို့ ၀မ်းပျက်၊၀မ်းလျှောရောဂါများ ဖြစ်ပွားနေ ကြောင်း သတင်းရရှိသည်။

ကျောက်ဖြူအထူးစီးပွားရေး ရင်းနှီးတည်ထောင်သူကို ယခုအစိုးရလက်ထက် အပြီးရွေးချယ်မည်

ရခိုင်ပြည်နယ် ကျောက် ဖြူအထူးစီးပွားရေး ရင်းနှီးတည်ထောင်သူ (Developer)အဖြစ်လုပ်ပိုင်ခွင့်ရမည့် ကုမ္ပဏီစာရင်းကို လက်ရှိအစိုးရသက်တမ်းတွင် အပြီးသတ် ရွေးချယ်မည်ဖြစ်ကြောင်း စိစစ်ရွေးချယ်ရေး အဖွဲ့ ကပြောသည်။

ပြည်တွင်းစစ်ရပ်ရန် မန္တလေးမြို့ရှိ ရှမ်းတိုင်းရင်းသားများဦးဆောင်ဆန္ဒထုတ်ဖော်


စစ်ပွဲများ ရပ်တန့်ရန် ဆန္ဒဖော်ထုတ်နေရကြစဉ် (ဓာတ်ပုံ − ညီညီဇော်)
ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်များအမြန် ဆုံးရပ်တန့်ရန် မန္တလေးမြို့ရှိ ရှမ်းတိုင်းရင်းသားများက ဦးဆောင် ၍ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ ကြောင်းသတင်းရရှိသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ခါးပိုက်နှိုက်သတိထားရန် နေ့စဉ်သတိပေးနေရ

တောင်ကြီးမြို့ မီးပုံးပျံပွဲတော် ကျင်းပနေစဉ် (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)
တောင်ကြီးတန် ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲကာလအတွင်း တောင်ကြီးမြို့၊ မြို့မဈေးကြီး၌ပွဲတော်သို့ လာ ရောက်လည် ပတ်သည့်ဧည့်သည်များပြားနေ၍ ခါးပိုက်နှိုက်အန္တရာယ်သတိပြုရန် အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေး နေကြောင်း မြို့မဈေးကြီးတာဝန်ခံ ဦးခင်အေးက ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး ကော်မတီ စတင်ဖွဲ့စည်း

ငြိမ်းချမ်းရေးဆွေးနွေးပွဲမြင်ကွင်းတစ်ခု (ဓာတ်ပုံ − ကျော်ဇင်သန်း)
 နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး ကော်မတီကို အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် နိုင်ငံရေး ပါတီတို့မှ ကိုယ် စားလှယ် ရှစ်ဦးစီဖြင့် နိုဝင်ဘာ ၂၄ ရက်တွင် ဖွဲ့စည်းလိုက်သည်။

မိုင်းရှူးတွင် ဗုံးပေါက်ကွဲ နှစ်ဦးဒဏ်ရာရ

မိုင်းရှူးမြို့နယ် ခိုစုံကျေးရွာတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး  အမျိုးသားနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည် နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အရောင်းအ၀ယ် အေးနေသော်လည်း ကားဈေးများ ကျဆင်းခြင်းမရှိ

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ ယာဉ်ရောင်းဝယ်ရေးစခန်း၌ ရပ်နားပြသထားသော ကားများ(ဓာတ်ပုံ-နစ်ကီ)
ရွေးကောက်ပွဲကာလပြီး နောက် ကားတင်သွင်းမှု လျော့နည်းလာပြီး အရောင်းအ၀ယ် အေးနေသော်လည်း ကားဈေးနှုန်းကျဆင်းခြင်းမရှိကြောင်း မော်တော်ယာဉ်အရောင်းအ၀ယ်လုပ်ကိုင်သူများက ပြောသည်။

စာသင်ကျောင်းနှင့် ကျေးရွာလမ်း အဆင့်မြှင့်ရန် ဂျပန်အစိုးရက ကန်ဒေါ်လာ လေးသိန်းကျော် ကူညီမည်

တိုင်းဒေသကြီးသုံးခုတွင် စာသင်ကျောင်းများဆောက်လုပ်ရေးနှင့် ကျေးရွာလမ်းမြှင့်တင် ရေးစီမံကိန်းသုံးခု အတွက် ဂျပန်နိုင်ငံက မြန်မာအစိုးရအား အမေရိကန်ဒေါ်လာ လေးသိန်းကျော် ထောက်ပံ့ကူညီမည် ဖြစ် ကြောင်း ဂျပန်သံရုံးက သတင်းထုတ်ပြန်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ၀ါရှင်တန်ပို့စ်သတင်းစာမှ Elizabeth Weymouth တို့၏ အင်တာဗျူး မေး/ဖြေ

မေး - အာဏာလွှဲပြောင်းပေးရေး ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်အချိန် တွေ့မှာပါလဲ။
ဖြေ - ဒီဇင်ဘာလထဲမှာပါ။ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပြီးဆုံးတဲ့အခါ ကျွန်တော်တို့ တွေ့ဆုံမှာပါ။

ညှဉ်းပန်းနှိပ်စက်ခံရသော ကလေးငယ်၏မိသားစုအား ကျပ်သိန်း ၁၀၀ ပေး၍ အမှုပိတ်ခဲ့သည်ဆိုခြင်းမှာ မဟုတ်ဟုဆို

အွန်လိုင်းပေါ်တွင် ပျံ့နှံ့ နေသကဲ့သို့ ‘အမျိုးသားလွှတ် တော် တပ်မတော်သားကိုယ်စား လှယ်၏ နေအိမ်မှ ညှဉ်းပန်းနှိပ် စက်ခံရသော ကလေးငယ်၏မိခင် အား ကျပ်သိန်း ၁၀၀ ပေးကာ အမှုပိတ်သိမ်းခဲ့သည် ဆိုခြင်း မှာ မ ဟုတ်မှန်ကြောင်း အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကျော် ထွဋ်က ပြောသည်။

Monday 23 November 2015

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအား အာရှနိုင်ငံများနှင့် အဓိက ဆောင်ရွက်နေပြီး ဥရောပ၊ အမေရိက နိုင်ငံများနှင့် ကုန်သွယ်မှု နည်းပါးနေ

အီးယူအသိအမှတ်ပြု ရေထွက်ပစ္စည်းစက်ရုံတစ်ရုံမှ ပြည်ပတင်ပို့မည့် ရေထွက်ပစ္စည်းများကို ပြုပြင် ထုတ် လုပ်နေသည်ကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအား အာရှနိုင်ငံများနှင့် အဓိကဆောင်ရွက်နေပြီး ဥရောပနိုင်ငံများ၊ အမေရိကနိုင်ငံများနှင့် ကုန်သွယ်မှုမှာ နည်းပါးနေသေးကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ရန်ကုန်မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်မောင်း၊ နောက်လိုက်များအား ခရီးသွားများနှင့် ခိုက်ရန်ဖြစ်ပွားမှု လုံးဝ မပြုလုပ်ရန် အသိပေး ညွှန်ကြားထား

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်တစ်စီးအား တွေ့ရစဉ်
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ခရီးသည်တင်များနှင့် ခိုက်ရန်ဖြစ်ပွားမှု လုံးဝ မပြုလုပ်ရန် သတိပေး ညွှန်ကြားထားကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်၏ ပြောကြားချက်အရ သိရသည်။

အစိုးရသစ် အမျိုးသားရေး ရပ်တည်ချက်ကို စောင့်ကြည့်ရန် ဒေါ်ခင်ဝိုင်းကြည် တိုက်တွန်း

အမျိုးသားရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်များတွင် နောင်တက်လာမည် အစိုးရအသစ်၏ ရပ်တည်၍ ဦးတည် ချက်များကို လုပ်ဆောင်ချက်များကို ပြည်သူများ အနေဖြင့် ဒေါ်င်ဝိုင်းကြည်က ယမန်နေ့က ပြုလုပ် သော အစည်းအဝေးပွဲတွင် ပြောသည်။

ခြိမ်းခြောက်၍ ရွှေပါဗြုံးများ ခိုးယူမှုဖြင့် ရွာသား (၁၀၀) ကျော်အား အမှုဖွင့်

မန္တလေးတိုင်း ဒေသကြီး၊ သပိတ်ကျင်း မြို့နယ်၊ ရေထွက်ကျေးရွာရှိ ရွာသူ/သား (၁၀၀) ကျော်အား တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သတ္တုတွင်း အင်ဂျင်နီယာရုံး၊ ငါးမိုင်ကျေးရွာမှ ပြန်လည် လုပ်ကိုင်ခွင့်ပြုမိန့် ရရှိထားသည့် မြန်မာရူဘီ အင်တာပရိုက် ကုမဏီ၏ လုပ်ကွက် အတွင်းရှိ ရွှေပါဗြုံးမြေများအား တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ခြိမ်းခြောက်၍ သယ်ဆောင်ခိုးယူမှုဖြင့် အမှုဖွင့် အရေးယူမှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်တပ်ဖွဲ့မူးရုံးက သိရသည်။

IS အကြမ်းဖက်အဖွဲ့အား အချိန်တိုအတွင်း အနိုင်ရရှိရန် မဖြစ်နိုင်ဟုဆို

အစ္စလာမ်နိုင်ငံတော်(IS) အကြမ်းဖက် အဖွဲ့အပေါ် မြန်မြန်ဆန်ဆန်နှင့် အောင်ပွဲခံနိုင်မည် မဟုတ်ကြောင်း ပြင်သစ်စစ်ဦးစီးချုပ် ပီရီဒီဗီလီယာစ်က တနင်္ဂနွေနေ့တွင် ပြောဆိုခဲ့သည်။

ကိုယ်နဲ့ ပြတ်သွားတဲ့ ရည်းစားဟောင်းကို ဘလော့စရာမလိုဘဲ ရှောင်နိုင်မယ့် tool အသစ်တွေကို Facebook စတင်မိတ်ဆက်

နိုဝင်ဘာ ၁၉ ရက်နေ့ ၊ ကြာသပတေးနေ့ မှာ Facebook ဟာ ကိုယ်နဲ့ ပြတ်သွားပြီးတဲ့ ရည်းစားဟောင်းကို Facebook ပေါ်မှာရှောင်နိုင်မယ့် tool အသစ်တွေကို စတင်ကြေငြာခဲ့ပါတယ်။

အာရဘီစကားပြောလို့ လေယာဉ်ပေါ်တက်ခွင့် ပိတ်ပင်ခံရ

အမေရိကန် ပြည်ထောင်စု၌ အမျိုးသားနှစ်ဦးသည် လေဆိပ်တွင် အာရဗီဘာသာ စကားဖြင့် အပြန်အလှန် ပြောဆိုခဲ့မှုကြောင့် ရှီကာဂိုမှ ဖီလာဒယ်ဖီယာသို့ ထွက်ခွာမည့် လေယာဉ်ပေါ်သို့ တက်ခွင့်မရရှိခဲ့ကြောင်း သိရသည်။

လိင်တူချစ်သူတစ်ဦး ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရ

တာင်ကိုရီးယားနိုင်ငံရှိ ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်သော ဆိုးလ်အမျိုးသား တက္ကသိုလ်ရှိ ကျောင်းသား သမဂ္ဂ၏ဥက္ကဋ္ဌအဖြစ် လိင်တူချစ်သူ တစ်ဦးကို ရွေးကောက် တင်မြှောက်ခဲ့ကြောင်း သိရသည်။

အမျိုးသားတစ်ဦး ချစ်သူမိန်းကလေး၏ အရိုးပြာနှင့် လက်ထပ်ထိမ်းမြား

ထိုင်ဝမ်ကျွန်း ဆင်ချူကျေးရွာ၌ အမျိုးသားတစ်ဦးသည် ချစ်သူမိန်းကလေး၏ အရိုးပြာနှင့် လက်ထပ် ထိမ်းမြားမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

သက်ကြီးရွယ်အိုများ အထီးမကျန်စေဖို့ စက်ရုပ်ကြောင်ကို ထုတ်လုပ်

တစ်ဦးတည်းနေသော သက်ကြီးရွယ်အိုများ ရောဂါများတတ်ကြောင်း လေ့လာမှုများတွင် ဖော်ပြထားသည်။

NLD ထုတ်ပြန်ထားသည့် အလုပ်သမားကိစ္စများနှင့် ပတ်သက်၍ သမဂ္ဂမှ စောင့်ကြည့်မည်

NLD ပါတီအစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ပါက ထုတ်ပြန်ထားသည့် အလုပ်သမားကိစ္စများအား အမှန်တကယ် ဆောင်ရွက်ခြင်းရှိ မရှိ စောင့်ကြည့်လေ့လာ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂ အဖွဲ့ ချုပ်မှ အတွင်းရေးမှူး ဒေါ်မျိုးမျိုးအေးက ပြောသည်။

ဟားခါး၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွား

ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ သီတာလမ်း၊ အိမ်အမှတ်(၃၉၅) ဦးယောနသန်နေအိမ်တွင် နိုဝင်ဘာ ၂၂ ရက် ည ၁၀း၄၀ ချိန်က ပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားကာ လူ ၅ ဦးသေဆုံး၍ဒဏ်ရာရရှိသူ (၇)ဦးအား ပြည်နယ် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိ ကြောင်း၊ အခင်းဖြစ်ပွားသည့် နေအိမ်ပိုင်ရှင် ဦးယောနသန်၏ ဟိုင်မွာလ်ဂျစ်ကား ယာဉ် အမှတ်(၇ခ/၂၂၀၁) တစ်စီး Kung Long အမျိုးအစားယာဉ် CHN/1F-9435 တစ်စီး နှင့် မော်တော်ဆိုင်ကယ်တစ်စီးပျက်စီးခဲ့ပြီး ၄င်းအိမ်၏ ဝဲဘက်ရှိ ဒေါ်နုထောင်းပိုင် အုတ်ညှပ် နှစ်ထပ်၊ မျက်နှာချင်းဆိုင်ရှိ ဦးနှီာရ်ဘိခ်ပိုင် ပျဉ်ထောင်(၂)ထပ်၊ လက်ဝဲဘက်ရှိ ဦးရာလ်အွယ်ပိုင် ပျဉ်ထောင်(၂)ထပ် ပျက်စီးကာ သေဆုံးသူများမှာ အခင်းဖြစ်သည့် ဦးယောနသန်နေအိမ် အောက်ထပ် ငှားရမ်းသူများဖြစ်ကြောင်း သိရသည်။

အာဆီယံ ထိပ်သီးညီလာခံ မြန်မာသမ္မတကိုချီးကျူး

၂၇ ကြိမ်မြောက် ASEAN ထိပ်သီးညီလာခံမှာ တွေ့ရတဲ့ ခေါင်းဆောင်များ
၂၇ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံကြီး တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပပြီးစီးသွားခဲ့ပါပြီ။ ဒီထိပ်သီးညီလာခံမှာ စည်းလုံးညီညွတ်တဲ့ အာဆီယံစီးပွားရေး အသိုက်အဝန်း တရပ်ကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင် ခဲ့တဲ့ မြန်မာသမ္မတဦးသိန်းစိန်ကိုလဲ ချီးကျူးခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေး ပါမယ်။

Facebook မိတ်ဆွေ များပြားသောဆယ်ကျော်သက်များ စိတ်ဖိစီးမှုကိုပိုခံစား

ကမ္ဘာပေါ်တွင် လူသုံးအများဆုံး လူမှုကွန်ရက်တစ်ခုဖြစ်သည့် Facebook ကို အသုံးပြုခြင်းဖြင့် ဆယ်ကျော် သက် များအနေဖြင့် သူငယ်ချင်းအပေါင်းအသင်းများနှင့် မပြတ်ဆက်သွယ်နိုင်ခြင်း၊ ဝေးကွာနေသော မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေ့ ခြင်း၊ မျက်မှောက်ကမ္ဘာတွင်ဖြစ်ပျက်နေသော သတင်းအချက် အလက်နှင့် အပြောင်းအလဲများ ကို လက်လှမ်းမီနိုင်ခြင်းကဲ့သို့  အကျိုးကျေးဇူးများရှိရာဝယ် ကျား၊မကိစ္စ ချစ်တင်းနှီးနှောရန်ရည်ရွယ်သော Friend များပြားလာခြင်းကြောင့် ဆယ်ကျော်သက်အရွယ်များ၊ အထူးသဖြင့် မိန်းကလေးများတွင် Screen Stress ဟုခေါ် သော Facebook အသုံးပြုချိန်တွင် များပြား လှသော Friend များကို စိတ်ကျေနပ်အောင် ပြောဆိုဆက်ဆံပေးရန် အခက်တွေ့ ကာ စိတ်ဖိစီးမှုကို ဆိုးဆိုး ရွားရွားခံစားနေရကြောင်း ကနေဒါနိုင်ငံ၊ မွန်ထရီယယ်တက္ကသိုလ်သုတေသီ များက ပြောသည်။ 

အစိုးရအဖွဲ့အမည်စာရင်း လျာထားခြင်း မရှိသေးဟု ဒီချုပ်ဆို

အစိုးရ အဖွဲ့အမည်စာရင်းကို လျာထားခြင်းမရှိသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ပြောရေးဆို ခွင့်ရှိ သူပါတီ ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင် ဦးဝင်းမြင့်ကပြောသည်။

အာဖဂန်နစ္စတန်မြောက်ပိုင်းတွင် အင်အား မဂ္ဂနီကျု ၅ ဒဿမ ၉ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်

ဒေသတွင်းသတင်းများ၏အဆိုအရ တနင်္ဂနွေနေ့တွင် အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီနှင့် ပါကစ္စတန်နိုင်ငံ နေရာအချို့တွင်ပါ သက်ရောက်မှုရှိခဲ့သော အင်အား ၅.၉ မဂ္ဂနီကျုအဆင့်ရှိ ငလျင်တစ်ခု အာဖဂန်နစ္စတန် မြောက်ပိုင်း တွင် လှုပ်ခတ်ခဲ့ ကြောင်း အမေရိကန်ဘူမိတိုင်းတာရေး ဌာနကပြောသည်။ 

KIA ရဲ့ ရက်စက်ယုတ်မာမှုတွေကို ကမ္ဘာကသိအောင် ရှမ်းတိုင်းရင်းသားတို့ ဆန္ဒဖော်ထုတ်လိုက်ကြပြီ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်မှာ နိုဝင်ဘာ ၂၁ ရက်နေ့ မနက် ၁၀ နာရီလောက်ကစပြီး ရှမ်း တိုင်းရင်းသားများစုပေါင်းကာ KIO/KIA အဖွဲ့ရဲ့ ရက်စက်ယုတ်မာမှုတွေကို ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါ တယ်။ ရှမ်းတိုင်းရင်းသားတိုင်းရင်းသူထောင်ပေါင်းများစွာဟာ “ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ KIA အလိုမရှိ” နမ့်မှော်ကျေးရွာနေ ဦးစိုးထွန်းလွင်နှင့် ဟွေခါးကျေးရွာနေ ဦးစိုင်းတံဆက်တို့အား လက်နက်အားကိုးအနိုင်ကျင့် သတ်ဖြတ်ခြင်းတို့ရှုတ်ချပါသည်” စတဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားတွေအပေါ်နှစ်ရှည်လများ အမျိုးမျိုး အနိုင်ကျင့်နှိပ်စက်ခဲ့တဲ့ KIO/KIA အဖွဲ့ရဲ့ လုပ်ရပ်တွေအပေါ် မြန်မာပြည်သူတစ်ရပ်လုံးကလည်း ရွံရှာမိတာအမှန်ပါပဲ၊ တိုင်းရင်းသားအချင်းချင်းအပေါ် လုပ်ကြံသတ်ဖြတ်အနိုင်ကျင့်ရဲတဲ့ KIO/KIA ခေါင်းဆောင်တွေဟာ လုံးဝခွင့်လွှတ်ဖို့မထိုက်တန်တဲ့လူတွေလို့မြင် ပါတယ်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံ၏ စုစုပေါင်း အသုံးစရိတ်များထဲမှ ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ထမ်း ကဏ္ဍများအတွက် အသုံးစရိတ် ၁၀ ဒသမ ၅၁ ရာခိုင်နှုန်း သုံးထား

ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသူအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအရ စုစုပေါင်း အသုံးစရိတ်ထဲမှ ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ထမ်းအတွက် အသုံးစရိတ် ၁၀ ဒသမ ၅၁ ရာခိုင်နှုန်း အသုံးပြုထားကြောင်း သိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၀၀ ခန့် ၀င်ရောက်ယှဉ်ပြိုင်ရာ လွှတ်တော် သုံးရပ်ပေါင်းတွင် ၁၄၀ ကျော် အနိုင်ရရှိ

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၀၀ ခန့် ၀င်ရောက်ယှဉ်ပြိုင်ရာ လွှတ်တော်အသီးသီးတွင် ၁၄၀ ကျော် အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ စာရင်းတွင် ဖော်ပြထားချက်အရ သိရသည်။

Saturday 21 November 2015

ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်း ဆိုင်းငံ့ရန် အမျိုးသား လွှတ်တော် ဆုံးဖြတ်

ပညာရေး ၀န်ကြီးဌာနမှ တင်သွင်းထားသည့် ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းကို အမျိုးသား လွှတ်တော် အစည်းအဝေးတွင် လက်ခံဆွေးနွေးခြင်း မရှိဘဲ ဆိုင်းငံ့ထားရန် အမျိုးသား လွှတ်တော်မှ ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့၊ ပထမအကြိမ်၊(၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အမျိုးသား လွှတ်တော်မှ ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းကို ဆိုင်းငံ့ရန် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ဆန္ဒဖြင့် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းက သူနဲ့ဆက်နွှယ်နေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေနဲ့ ညီညွတ်မှုမရှိလို့ ဆိုင်ငံ့ထားဖို့ တင်ပြတာပါ””ဟု အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးဝင်းမောင်က ပြောသည်။