Sunday 27 January 2013

ကျူရှင်ဆရာကို ကျောင်းသားတစ်ဦးနှင့် သူငယ်ချင်းနှစ်ယောက်က ရိုက်နှက်

ကျူရှင်ဆရာကို ကျောင်းသားတစ်ဦးနှင့် သူငယ်ချင်းနှစ်ယောက်က 
ရိုက်နှက်
Sunday, January 27, 2013

မလေးရှားနိုင်ငံတွင် အသက် ၁၆ နှစ်သားဖြစ်သူက သူငယ်ချင်း
နှစ်ယောက်နှင့်အတူ ကျူရှင်ဆရာကို ဝိုင်းရိုက်သည့်ပြစ်မှုတစ်ခု
ဖြစ်ပွားခဲ့သည်။ 

ထိုဆရာက သူ့ကို အတန်းအတွင်း အခြားကျောင်းသားများကို အနှောင့်အယှက်မပေးရန် ဆုံးမသည်ကို မခံချင်သဖြင့် ရိုက်ခဲ့ခြင်း
ဖြစ်သည်ဟုဆိုသည်။

စင်ချူးနေ့စဉ်သတင်းစာတွင် ဖော်ပြချက်အရ ဖြစ်ပွားမှုကို သိသိချင်း ဖခင်ဖြစ်သူသည် ကျောင်းသို့လိုက်လာကာ သားဖြစ်သူကို ခေါ်ပြီး ဆရာအားတောင်းပန်ခိုင်းကြောင်း၊ အသက် ၂၁ နှစ်အရွယ်ရှိ ဆရာကလည်း တောင်းပန်မှုကို လက်ခံပြီး ကြေအေးလိုက်သည်ဟု သိရသည်။

အခင်းဖြစ်ပွားသည့်အချိန်မှာ ညနေ ၆ နာရီအချိန်တွင်ဖြစ်ပြီး ကျူရှင်ခေါ်သင်သည့်နေရာတွင် ဖြစ်ပွားခြင်းဖြစ် သဖြင့် ဆရာကလည်း ပြဿနာမဖြစ်စေလိုသောကြောင့် ကျေအေး
လိုက်ခြင်းဖြစ်မည်ဟု ယူဆရသည်။
    
ရွှေမောင်
မလေးရှားနိုင်ငံတွင် အသက် ၁၆ နှစ်သားဖြစ်သူက သူငယ် ချင်း နှစ်ယောက်နှင့်အတူ ကျူရှင်ဆရာကို ဝိုင်းရိုက်သည့်ပြစ်မှု တစ်ခုဖြစ်ပွားခဲ့သည်။
ထိုဆရာက သူ့ကိုအတန်းအတွင်း အခြားကျောင်းသားများကို အနှောင့် အယှက်မပေးရန်ဆုံးမသည်ကို မခံချင်သဖြင့် ရိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။

အသက်မပြည့်သေးသူ မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ကျောင်းစုတိုက်နယ် ကန်းစွန်းခင်းကျေးရွာအုပ်စု ကွင်းကောက် ရွာ(ဆင်ဖြူတော်) “သိန်းတန်မြ” ဆန်စက်တွင် ၂၁-၁-၂၀၁၃ နေ့က အသက်မပြည့်သေးသော မိန်းကလေး ငယ်အား အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဦးစိုးသိန်း+ဒေါ်သောင်းကြည် တို့ပိုင်ဆိုင်သော “သိန်းတန်မြ” ဆန်စက်၏ မေဆရာ ဦးငြိမ်းငြိမ်း မှ ဆန်နမူနာယူသော စတီးကလောင်ကို ကိုင်၍ အသက် (၁၆)နှစ် (၁၀)လရှိ ဆန်ထမ်းအလုပ်သမ မ……… ကို ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။

ဘရာဇီးလ်နိုက်ကလပ်မီးလောင်မှု သေဆုံးအရေအတွက် ၂၄၅ ဦးအထိ မြင့်တက်လာ

ဘရာဇီးလ်နိုက်ကလပ်မီးလောင်မှု သေဆုံးအရေအတွက် ၂၄၅ ဦးအထိ မြင့်တက်လာ
Sunday, January 27, 2013

ဘရာဇီးလ်နိုင်ငံတောင်ပိုင်း ဆန်တာမာရီယာမြို့ရှိ Kiss နိုက်ကလပ်
မီးလောင်မှု ဖြစ်ပွားရာ အနည်းဆုံး လူ ၂၄၅ ဦးသေဆုံးကြောင်း 
NBC News က ပြောကြားသည်။

နိုက်ကလပ်အတွင်း မီးရှုးမီးပန်းများ အလှပြပစ်ဖောက်ရာမှာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုက်ကလပ်အတွင်းရှိနေသူများမှာ
ကြောက်လန့်တကြား ထွက်ပြေးကြသော်လည်း အရေးပေါ်ထွက်ပေါက်ကို ရှာမတွေ့ဖြစ်ခဲ့သည်။ သေဆုံးသူဦရေမှာ ဆက်လက် မြင့်တက်လာနိုင်ဖွယ် ရှိနေကြောင်း သိရှိရသည်။

Photo: NBC News
Planet Myanmar Network
ဘရာဇီးလ်နိုင်ငံတောင်ပိုင်း ဆန်တာမာရီယာမြို့ရှိ Kiss နိုက်ကလပ် မီးလောင်မှု ဖြစ်ပွားရာ အနည်းဆုံး လူ ၂၄၅ ဦးသေဆုံးကြောင်း NBC News က ပြောကြားသည်။

ပူတာအိုမှာ ဆန်၊ လောင်စာဆီ နဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်း ထိုးတက်နေ

ပူတာအိုမှာ ဆန်၊ လောင်စာဆီ နဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်း ထိုးတက်နေ 
Sunday, January 27, 2013

မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲမှာ ဒေသ မတည်ငြိမ်တဲ့အတွက် ယခုရက်ပိုင်းအတွင်း အခြေခံစားကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ ရှားပါးပြတ်လတ်နေပြီး ဈေးနှုန်းတွေလည်း အဆမတန် ကြီးမြင့်နေပါတယ်။

ပူတာအိုဖက်ကို အဓိကကုန်ပစ္စည်း သယ်ယူပို့ဆောင်နေတဲ့ လမ်းကြောင်းဖြစ်တဲ့ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်းဟာ အခုသီတင်းပတ်တွေအတွင်း လုံခြုံရေး အခြေအနေကြောင့် အသွားအလာ နည်းလာရာမှာ ပူတာအိုဖက်မှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာပါ။

အခုရက်ပိုင်းအတွင်း ပူတာအိုမှာ ကြက်သွန်နီ တစ်ပိဿာကို ကျပ် နှစ်ထောင်ကနေ ရှစ်ထောင်အထိ ခုန်တက်သွားခဲ့တဲ့ အပြင် အခြားလူသုံးပစ္စည်းတွေလည်း အဆမတန်ဈေးကြီးမြင့်နေတယ်လို့ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်ရဲ့ကချင် ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ဦးချန်တန်ခင်က RFA ကိုပြောပြပါတယ်။

အရင်က မြစ်ကြီးနားကနေ ပူတာအိုဘက်ကိုကုန်ကားတွေနဲ့ ကုန်စည်သယ်ယူပို့ဆောင်တဲ့အခါ သုံး၊ လေးရက်နဲ့ ရောက်နိုင်ပေမဲ့ အခုလိုတိုက်ပွဲ တွေ ဖြစ်နေတဲ့ကာလမှာအနည်းဆုံးတစ်လ ကျော်ကြာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလော လုံခြုံရေးအခြေအနေတွေအရ ကမ္ဘာလှည့်ခရီးသည်တွေကို ပူတာအိုဘက်ကို သွားရောက်လည်ပတ်ခွင့် တားမြစ်ထားပါတယ်။

RFA Burmese
မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲမှာ ဒေသ မတည်ငြိမ်တဲ့အတွက် ယခုရက်ပိုင်းအတွင်း အခြေခံစားကုန်နဲ့ လူသုံး ကုန်ပစ္စည်းတွေ ရှားပါးပြတ်လတ်နေပြီး ဈေးနှုန်းတွေလည်း အဆ မတန် ကြီးမြင့်နေပါတယ်။

နှစ်ဖက်တပ်များကျွံနေသည့်အတွက်တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်

Photo: နှစ်ဖက်တပ်များကျွံနေသည့်အတွက်တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်
Sunday, January 27, 2013

ကချင်ပြည်နယ်တွင်ယခုလ ၁၉ ရက်နေ.မှစတင်ကာသမ္မတက
ထိုးစစ်ဆင်မူများရပ်ဆိုင်းရန် ထုတ်ပြန်ထားပြီး လက်ရှိတိုက်ပွဲများ
ဖြစ်ပွားနေခြင်းမှာ နှစ်ဖက်တပ်များကျွံနေသည့်အတွက် ဖြစ်ကြောင်း
ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကပြောကြားသည်။

"တိုက်ပွဲတွေဖြစ်တာကတပ်က အမိန်.မနာခံလို.မဟုတ်ဘူး၊ရှေ.တန်းမှာ
သူ.ဘက်ကိုယ့်ဘက် တပ်တွေကကျွံနေတယ်၊ကျင်းတူးပြီး
ဝပ်နေရတယ်၊ခေါင်းဖော်တာနဲ. ပစ်တာပေါ့၊ဥပမာလက်ဝှေ.
ကြိုးဝိုင်းမှာဒိုင်ကတော်ခိုင်းပေမယ့် အရှိန်မထိန်းနိုင်လို.ဆက်ထိုးနေတဲ့
သဘောပဲ"ဟုဝန်ကြီးကဆိုသည်။

ဦးအောင်မင်းကယနေ.နံနက်ပိုင်း Myanmar Peace Center တွင်
ကျင်းပသောပြည်ထောင်စုဝန်ကြီး၃ဦးနှင့်အရပ်ဘက်လူ့အဖွဲ့အစည်း 
၉၀ကျော်တို.၏တွေ.ဆုံပွဲတွင် တက်ရောက်လာသူတစ်ဦး၏
မေးမြန်းမူကိုဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကဆက်လက်ပြီး ကချင်လွတ်မြောက်ရေး
တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမူအောင်မြင်ရန်မှာ အလွန်နီးကပ်
နေပြီးမကြာမီအချိန်တွင်လိုင်ဇာမြို.သို. သွားရောက်ရန်ရှိကြောင်း
ပြောကြားခဲ့သည်။

Venus News Weekly
ကချင်ပြည်နယ်တွင်ယခုလ ၁၉ ရက်နေ.မှစတင်ကာသမ္မတက ထိုးစစ် ဆင်မူများရပ်ဆိုင်းရန် ထုတ်ပြန်ထားပြီး လက်ရှိတိုက်ပွဲများ ဖြစ် ပွားနေခြင်းမှာ နှစ်ဖက်တပ်များ ကျွံနေသည့် အတွက် ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်း  ကပြောကြား သည်။

ကရင်တိုင်းရင်းသား ညီလာခံကို ဖေဖော်ဝါရီလလယ်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့၌ ပြုလုပ်မည်

ကရင်တိုင်းရင်းသား ညီလာခံကို ဖေဖော်ဝါရီလလယ်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံ မြို့၌ ပြုလုပ် မည်ဖြစ်ကြောင်းသမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

NLD ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအားတာဝန်မှ ရပ်စဲနိုင်ရေး တံတားဦးမြို့ နယ် NLD ပါတီဝင်များ လူထု မျက်နှာ စုံညီ အစည်းအဝေး ကျင်းပ ပြုလုပ်

NLD ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအားတာဝန်မှ 
ရပ်စဲနိုင်ရေး တံတားဦးမြို့ နယ် NLD ပါတီဝင်များ လူထု မျက်နှာ စုံညီ 
အစည်းအဝေး ကျင်းပ ပြုလုပ်
Sunday, January 27, 2013

၂၀၁၃ ခုနှစ် ဇန်နဝါရီ လ ၂၅ ရက်နေ့  နံနက် ၁၀ နာရီ အချိန်တွင် 
တံတားဦးမြို့ နယ် အမှတ် (၂ ) ရပ်ကွက် ရေလည်ရပ် တာဘောင်လမ်းရှိ NLD ပါတီ ရုံးခန်း၌ တံတားဦး NLD ပါတီဝင်များ ဦးစီး၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာအား တာဝန်မှ ရပ်ဆဲနိုင်ရေး အတွက် လူထု မျက်နှာစုံညီ အစည်းအဝေး တစ်ခု ကျင်းပခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးတွင် NLD ပါတီ သဘာပတိ အဖွဲ့ဝင်များ ဖြစ်သော ဦးကိုလေး (အင်းဝ ဂုဏ်ရည်) ၊ ဦးဝင်းဖေ ၊ ဦးခင်မောင်တင့်နှင့် ဦးဝင်းထိုက် ၊ မြို့ နယ် 
ညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဌ ဦးဘိုဖြိုး၊ကျောက်ဆည်ခရိုင် ညီလာခံ
ကျင်းပရေး ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ အောင်စိုးမြင့် အပါအဝင်  
ပါတီဝင် (၁၂၀) ဦးတို့  တတ်ရောက်ခဲ့ကြောင်း သိရှိရသည်။

၎င်း အစည်းအဝေးတွင်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာ သည် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ အရည်အချင်းနှင့် မပြည့်စုံသူ တစ်ဦးဖြစ်ကြောင်း၊ မိမိ ကိုယ်ကျိုးသာ ကြည့်သူ တစ်ဦးဖြစ်ကြောင်း မြို့ နယ် 
ညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဌ ဦးဘိုဖြိုးမှ ပြောကြားခဲ့သည်။
ခရိုင်ညီလာခံကျင်းပရေး ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ အောင်စိုးမြင့် မှ ရပ်/ကျေး ရွေးကောက်ပွဲများတွင် ဒေါ်ခင်သန္တာမှ မဲမသမာမှု ပြုလုပ်
ခဲ့မှုများ၊ ရွေးကောက်ပွဲ အသုံးစရိတ်ဆိုင်ရာ အငြင်းပွားမှုများအား ရှင်းလင်း 
ပြောကြားခဲ့ပြီး တံတားဦးမြို့ နယ် NLD ပါတီဝင် ဦးမြင့်ကို မှ ဒေါ်ခင်သန္တာ သည် တံတားဦးမြို့ နယ်နှင့် ပတ်သက်၍ ပြည်သူများ၏ လိုအပ်ချက်များအား 
ယနေ့တိုင် တင်ပြခြင်း အလျဉ်းမရှိ ၊ ဒေါ်ခင်သန္တာအား ပါတီဝင်များနှင့်  
ပြည်သူများမှ လိုလားမှုမရှိကြောင်းပြောကြားခဲ့သည်။ 

အစည်းအဝေးသို့ တတ်ရောက်လာသော ပါတီဝင်များမှ ပြည်သူ့ လွှတ်တော် 
ကိုယ်စားလှယ် ဒေါ်ခင်သန္တာအား တာဝန်မှ ရပ်စဲရန် စုပေါင်း လက်မှတ်ရေး ထိုးခဲ့ပြီး အစည်းအဝေးအား ၁၁၃၀ နာရီ အချိန်ခန့်တွင် ရုတ်သိမ်းခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာ၏ ရပ်/ကျေး ရွေးကောက်ပွဲ
တွင် မဲမသမာမှု ပြုလုပ်ခဲ့မှုများ၊ ရွေးကောက်ပွဲ အသုံးစရိတ်ဆိုင်ရာ အငြင်းပွား
မှုများ၊ ရပ်ကွက် လူမှုရေး အသင်းတွင် ဖြစ်ပွားခဲ့သော ပြဿနာများအား အစည်းအဝေးတတ်ရောက်လာသော သတင်းထောက်များမှ မေးမြန်းမှုကို ခရိုင်ညီလာခံ ကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာ အောင်စိုးမြင့် မှ အသေးစိတ် ပြန်လည် ဖြေကြားခဲ့ကြောင်း သိရှိရသည်။

Khin Maung Facebook
၂၀၁၃ ခုနှစ် ဇန်နဝါရီ လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် တံတားဦးမြို့ နယ်အမှတ် (၂ )ရပ်ကွက် ရေလည်ရပ်တာဘောင်လမ်းရှိ NLD ပါတီရုံးခန်း၌ တံတားဦး NLD ပါတီဝင်များ ဦးစီး၍ ပြည်သူ့  လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာအားတာဝန်မှရပ်ဆဲနိုင်ရေး အတွက် လူထုမျက်နှာစုံညီအစည်းအဝေးတစ်ခုကျင်းပခဲ့ကြောင်း သိရှိရ သည်။

ကချင်အရေး အမေရိကန် ကြားဝင်ရန် တောင်းဆို


ကချင်ပြည်နယ်တွင် စစ်မှန်သောငြိမ်းချမ်းရေးရရှိရေးအတွက် အမေရိကန်အစိုးရက ကူညီ ဆောင် ရွက် ပေးရန်အချက် (၅)ချက်ပါဝင်သော တောင်းဆိုစာတစ်စောင်ကို ထိုင်းနိုင်ငံချင်းမိုင် မြို့ ရှိ ကချင် တိုင်း ရင်းသားများက တောင်းဆိုလိုက်သည်။

နိုင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများအနေဖြင့် တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်သည်ဟု ယုံကြည်ရန် အကြောင်းရှိခြင်းနှင့် တိုင်ကြားခြင်းများကြောင့် စောင့်ကြည့်စစ်ဆေး ထောက်လှမ်းမှုများ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

နိုင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများအနေဖြင့် တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်သည်ဟု ယုံကြည်ရန် အကြောင်းရှိခြင်းနှင့်တိုင်ကြားခြင်းများကြောင့် စောင့်ကြည့်စစ်ဆေး ထောက်လှမ်းမှုများ လုပ် လျှင် ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က Eleven Media ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါသည်။

ကမ္ဘာ့အကြီးဆုံး မြေပေါ် စက်တပ်ယာဉ်

ကမ္ဘာ့အကြီးဆုံး မြေပေါ် စက်တပ်ယာဉ်

နာဆာက ဂြိုလ်တုနဲ့ ဒုံးပျံသယ်တဲ့ အကြီးဆုံး ယာဉ်တွေထက်တောင် ပိုကြီး လို့ Bagger 288 ကို ကမ္ဘာ့အကြီးဆုံး Land Vehicle လို့ အသိအမှတ်ပြုထား ပါတယ်။

ဂျာမနီနိုင်ငံ၊ Tagebau Hambach ဒေသက ကျောက်မီးသွေးတွင်းမှာ အသုံးပြုဖို့အတွက် ဂျာမနီ Krupp ကုမ္မဏီမှ တည်ဆောက်လိုက်ခြင်း ဖြစ် ပါတယ်။ စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှိပါ တယ်။ ပြီးတော့ နေရာတစ်နေရာကနေ တစ်နေရာ ရွှေ့ ပြောင်းခကလည်း အနည်းဆုံး ဂျာမနီ ငွေကြေး Mark ၁၅ သန်း မက ကုန်ကျပါတယ်။

၁၉၇၈ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့ပါတယ်။ အစိတ်အပိုင်း အားလုံးကို ဒီဇိုင်းချ ဖန်တီးဖို့ ၅ နှစ်ကြာပြီး အပြီးအစီး တည်ဆောက်ဖို့ နောက်ထပ် ၅ နှစ်ကြာပါတယ်။ ဒါကြောင့် စုစုပေါင်း ၁၀ နှစ်တောင် အချိန်ယူပြီး တည်ဆောက်ရတဲ့ မိုင်းတွင်းတူးစက်ကြီး ဖြစ်ပါတယ်။

အမြင့် ၃၁၁ ပေ၊ အရှည် ၅၀၇ ပေ အရွယ်အစားရှိပြီး စုစုပေါင်း တန်ချိန် ၁၃၅၀၀ တန် ဝိတ်လေးပါတယ်။ ကျောက်မီးသွေးရယ်လို့မဟုတ်ပဲ တွင်းရဲ့  အပြင်ကျောက်တောင်ကို ဖြိုဖို့အတွက် ပိုမို အသုံးဝင်တဲ့ စက် ဖြစ်ပါတယ်။ သူ့ရဲ့  တစ်ရက်တူးနိုင်တဲ့ ကျောက်မီးသွေးပမာဏက တန်ပေါင်း ၂ သိန်း ၄ သောင်း ရှိပြီး ဘောလုံးကွင်း တစ်ကွင်းထဲက မြေ အနက် ၉၈ ပေ တူးတဲ့ ပမာဏနဲ့အတူတူပဲ ဖြစ်ပါတယ်။ သူတစ်ရက်တူးစာက ဝက်ဂွန်ကားကြီး အစီး ၂၄၀၀ တင်စာ ပမာဏနဲ့ အတူတူပါပဲ။ တော်တော်ကို အလုပ်တွင်တဲ့ စက် ဖြစ်ပါတယ်။

တစ်နေရာကနေ တစ်နေရာကိုရွှေဖို့လို့လည်းရပါတယ်။ သူ့ရဲ့  သွားနှုန်းက တစ်မိနစ်ကို ၃၃ ပေ (တစ်နာရီ ၀.၆ ကီလိုမီတာ) ပဲ ရှိပါတယ်။ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလက ၂၄ မိုင်ကွာဝေးတဲ့ နောက်ထပ် ကျောက်မီးသွေး တစ်တွင်းကိုရွှေ့ ပြောင်း လုပ်သားအင်အား ၇၀ နဲ့ အခြားစက်ကြီးများလည်း အသုံးပြုရပါတယ်။ မြစ်ကိုဖြတ်ကူးဖို့အတွက် အောက်မှာ ဧရာမစတီးချောင်း များစွာ ခင်းပေးရပြီး ပြောင်းရွှေ့ စရိတ် စုစုပေါင်းက ဂျာမနီ Mark ၁၅ သန်း ကုန်ကျခဲ့ပါတယ်။ ဒါကြောင့် ထိုင်နေရုံမက ခရီးသွားရင်လည်း အတော် ဈေးကြီးတဲ့ စက်ဖြစ်ပါတယ်။

သူ့အတွက် တစ်ရက်အသုံးပြုဖို့ လျှပ်စစ်ဓာတ်အားက ၁၆.၅၆ မီဂါဝတ် လိုအပ်ပါတယ်။ လျှပ်စစ်မော်တာကြီးများနဲ့လည်ပတ်တဲ့ စက်ပဲ ဖြစ်ပါတယ်။ Bagger 288 ဟာ အခြားသော Bagger များနဲ့ စီးရီးအလိုက် ထွက်ရှိ ထားမှု ဖြစ်ပြီး လက်ရှိမှာ သူဟာ ကမ္ဘာ့အကြီးဆုံး မြေပေါ် စက်တပ် ယာဉ် ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_2286.html

အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
နာဆာက ဂြိုလ်တုနဲ့ ဒုံးပျံသယ်တဲ့ အကြီးဆုံး ယာဉ်တွေထက်တောင် ပိုကြီး လို့ Bagger 288 ကို ကမ္ဘာ့အကြီးဆုံး Land Vehicle လို့ အသိ အမှတ်ပြုထားပါတယ်။

ကျိုက်ထီးရိုးစေတီတော်မြတ် ကျောက်လုံးတော်ကြီးအား လုံးတော်ပြည်ရွှေသင်္ကန်းကပ်လှူမည်

ကျိုက်ထီးရိုးစေတီတော်မြတ် ကျောက်လုံးတော်ကြီးအား
 လုံးတော်ပြည်ရွှေသင်္ကန်းကပ်လှူမည်

မွန်-ဇန်န၀ါရီ၂ရ
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်
 ကျောက်လုံးတော်ကြီးအား လုံးတော်ပြည်ရွှေသင်္ကန်းကပ်လှူပွဲကို 
ဖေဖော်ဝါရီ၁၅ရက်တွင် ရင်ပြင်တော်၌စည်ကားစွာကျင်းပမည်ဟုဘဏ္ဏာ တော်ထိန်းဂေါပကအဖွဲ
ကကြေညာထားသည်။
 ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ် ကျောက်လုံးတော်ကြီးအား 
လုံးတော်ပြည်ရွှေသင်္ကန်းကပ်လှူခြင်းကိုသုံးနှစ်တစ်ကြိမ် ကပ်လှူခြင်းဖြစ်သည်။t
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်
ကျောက်လုံးတော်ကြီးအား လုံးတော်ပြည်ရွှေသင်္ကန်းကပ်လှူပွဲကိုဖေဖော်ဝါရီ၁၅ရက်တွင် ရင်ပြင်တော်၌စည်ကားစွာကျင်းပမည်ဟု ဘဏ္ဏာ တော်ထိန်းဂေါပကအဖွဲကကြေညာထားသည်။

မန်းတွင် တိုင်းရင်သားလူမျိုးစုများ စုပေါင်းဈေးရောင်းပွဲတော် ကျင်းပမည်


၆၆နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် တိုင်းရင်းသားလူမျိုးများ စုပေါင်းဈေး ရောင်းပွဲတော် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။အဆိုပါဈေးရောင်းပွဲတော်ကို မန်းမြို့ ၃၅လမ်း၊ ၆၆- ၆၇လမ်းကြားရှိ ရှမ်းတိုင်းရင်းသားအသင်းတိုက်တွင် ဖေဖော်ဝါရီလ ၉ရက်နေ့မှ ၁၁ရက်နေ့အထိ နံနက် ၉နာရီမှ ည ၉နာရီ အထိ နေ့စဉ်ကျင်းပမည်ဖြစ်ပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်ကျင်းပ ခြင်းဖြစ်ကြောင်းသိရသည်။

ဖန်ပြွန်သန္ဓေသားအန္တရာယ်

ဖန်ပြွန်သန္ဓေသားအန္တရာယ်

ဖန်ပြွန်သန္ဓေသားနည်းပညာ (Invitro Fertilization – IVF) နှင့်ကိုယ်ဝန်ဆောင်သူ အမျိုးသမီးများ တွင် အသက်အန္တရာယ်ဖြစ်စေသည့် သွေးခဲများဖြစ်ပေါ်တတ်ကြောင်း သိပ္ပံ ပညာရှင်များကဆိုသည်။
သဘာဝအတိုင်းကိုယ်ဝန်ဆောင် သူအမျိုးသမီးများထက် သွေးခဲပိတ်ဆို့နိုင်ချေ ငါးဆပိုများကြောင်း သုတေသီ များကတွေ့ရှိခဲ့သည်။
ဖန်ပြွန်သန္ဓေသားကိုယ်ဝန်ဆောင်ခြင်းသည် အဆုတ်သွေးလွှတ်ကြော မကြီးတွင်သွေးခဲပိတ်ဆို့သော ပြဿနာနှင့် သွေးပြန်ကြောတွင်း သွေးခဲပိတ်ဆို့သော ပြဿနာများကဲ့သို့ အသက်အန္တရာယ်ရှိဝေဒနာများနှင့် ဆက်စပ်နေသည်။
ဖန်ပြွန်သန္ဓေသား ကိုယ်ဝန်ကြောင့် သွေးခဲပိတ်ဆို့ပြီးသေဆုံးနှုန်းမှာ ကြီးမားသည့်ပမာဏသို့ မရောက်သေးသော်လည်း မိခင်များသေဆုံးသည့် အဓိကအကြောင်းရင်းမှာအဆုတ်သွေးခဲ ပိတ်ဆို့ခြင်းဖြစ်၍ ဆရာဝန်များအနေနှင့်ဖန်ပြွန်သန္ဓေသားဝန်ဆောင်မှု ရယူလိုသူ မိခင်များကို ဘေးထွက်ဆိုးကျိုးများ အသိပေးထားသင့်ကြောင်း သုတေသီများကဆိုသည်။
ဖန်ပြွန်သန္ဓေသားဝန်ဆောင်မှု တွင်သုံးသည့်ဆေးဝါးများမှာ မိခင်၏ အီစထရိုဂျင်ဟော်မုန်းများ မြင့်တက်စေပြီး ကိုယ်ဝန်ရင့်မှသာ ပုံမှန်ပမာဏ သို့ပြန်လည်ရောက်ရှိသည်။
အမျိုးသမီးသားဥအိမ်ကိုလှုံ့ဆော်၍ မမျိုးဥ (၁၅) လုံးခန့်မှည့်ကြွေ ရန်လိုအပ်သောကြောင့် မိခင်အားဟော် မုန်းဆေးအများအပြားပေးရလေ့ရှိသည်။
ဟော်မုန်းဆေးများကြောင့် ကိုယ်ဝန်ဆောင်စဉ်သွေးခဲသည့် ပြဿနာများဖြစ်ပေါ်တတ်ပြီး ကိုယ်ဝန်ပထမ သုံးလပတ်အတွင်းအဖြစ်အများဆုံးဖြစ်သည်။
“ဖန်ပြွန်သန္ဓေသားကုသမှုဖြစ် စဉ်မှာ မမျိုးဥများရင့်မှည့်ဖို့ ဟော်မုန်း ဆေးအများအပြားပေးရပါတယ်။ ဒါကြောင့် အီစထရိုဂျင်ဟော်မုန်း ဆယ်ဆမှ အဆတစ်ရာအထိတက်လာပြီး ခန္ဓာကိုယ်တွင်းသွေးခဲများ ဖြစ်ပေါ်စေပါတယ်။ ပထမသုံးလပတ် မှာ အန္တရာယ်အရှိဆုံးဖြစ်ပြီး ကိုယ်ဝန်ဆောင် မိခင်တစ်ဦးရဲ့ ပုံမှန်အီစရို ဂျင်ဟော်မုန်းပမာဏကို တဖြည်း ဖြည်းပြန်ရောက်လာမှသာ အန္တရာယ်နည်းလာမှာဖြစ်ပါတယ်” ဟု လေ့လာ မှုကိုဦးဆောင်သူ ပီတာဟန်နရစ်က ဆိုသည်။

သီဟ
Source : PTI

http://on.fb.me/UWRK0Q

အေးချမ်းမွန်မှ  လမင်းမောင် တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဖန်ပြွန်သန္ဓေသားနည်းပညာ (Invitro Fertilization – IVF) နှင့် ကိုယ် ၀န်ဆောင်သူ အမျိုးသမီးများတွင် အသက်အန္တရာယ်ဖြစ်စေ သည့် သွေးခဲများဖြစ်ပေါ်တတ်ကြောင်း သိပ္ပံပညာရှင်များကဆိုသည်။
သဘာဝအတိုင်းကိုယ်ဝန်ဆောင် သူအမျိုးသမီးများထက် သွေးခဲပိတ် ဆို့နိုင်ချေ ငါးဆပိုများကြောင်း သုတေသီများကတွေ့ရှိခဲ့သည်။

မီးလို့စ် ဇေမန်း ချက် သမ္မတ ဖြစ်လာ


သမ္မတအဖြစ် အရွေးခံရတဲ့ မီးလို့စ် ဇေမန်းချက်သမ္မတ နိုင်ငံမှာ ပထမဆုံး အကြိမ်အဖြစ် တိုက်ရိုက် ရွေးကောက် တင်မြှောက်တဲ့ သမ္မတ ရွေးကောက်ပွဲမှာတော့ အရင်ဆိုရှယ်လစ်ဝန်ကြီးချုပ်ဟောင်း မီးလို့စ်ဇေမန်းက အနိုင်ရရှိ သွားပါတယ်။

မကွေးပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခ အား နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ လူဝတ်လဲခိုင်း

မကွေးပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခ အား နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ လူဝတ်လဲခိုင်းလိုက်ပြီဖြစ်သည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇန်န၀ါရီ ၂၇ ရက်၊ တနဂ်နွေနေ့လည် ၂ နာရီတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ မကွေးပရိယတ္တိစာသင်တိုက်တွင်ဆရာတော်မှ ပြုလုပ် မည်ဖြစ်ကြောင်း အင်တာနတ်သတင်းစဉ်မှ သတင်းရရှိသည်။ 

ဆရာတော်ဦးပါမောက္ခသည် OIC ရုံးခွဲ မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ် မည့်အစီအစဉ်ကိုကန့်ကွက်ခြင်း၊ လက်ပံတောင်းတောင် အရေးကိစ္စကို ကန့်ကွက်ခြင်း စသည်တို့အတွက်ဆန္ဒဖော်ထုတ်ပွဲများပြုလုပ်ရာ တွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့သည့် သံဃာတော်တစ်ပါးဖြစ်သည်။ 

ဦးပါမောက္ခအား တာဝန်ယူထားသည့် သံဃာ့အဖွဲ့အစည်းရာထူးများမှလည်း ထုတ်ပယ်လိုက်ပြီဖြစ်သည်။ 

သတင်းနှင့် ဓာတ်ပုံ- အင်တာနတ်သတင်းစဉ် (ပုံမှာ စာရွက်ဖတ်နေသော ဦးပါမောက္ခနှင့်
ယခုအခါ လူဝတ်လဲပြီးသွားသော ဦးဂမ္ဘီရတို့ကို တွေ့ရစဉ်)
မကွေးပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခ အား နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ လူဝတ်လဲခိုင်းလိုက် ပြီဖြစ် သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇန်န၀ါရီ ၂၇ ရက်၊ တနဂ်နွေနေ့လည် ၂ နာရီတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ မကွေး

ကမ္ဘာ့ဒုတိယအကောင်းဆုံး social networking အဖြစ် Google+ ရပ်တည်...

ကမ္ဘာ့ဒုတိယအကောင်းဆုံး social networking အဖြစ် Google+ ရပ်တည်...

လက်ရှိအခြေအနေအရ Facebook ကို အသုံးပြုသူ active user ပေါင်း သန်း၇၀၀ ကျော်ရှိပြီး ပထမနေရာမှရပ်တည်နေပါတယ်။ Google+ ကတော့ဒုတိယနေရာကနေ အသုံးပြုသူ active user ပေါင်း သန်း၃၄၀ကျော်ရှိနေပြီဖြစ်ပါတယ်။ ဒီအခြေအနေတိုင်းဆက်သွားမယ်ဆိုရင် Google+ အသုံးပြုသူများ တစ်နေ့တစ်ခြားတိုးပွားလာဖို့ရှိတယ်လို့ ခန့်မှန်းချက်တွေအရသိရပါတယ်။

Ref: ZDNET

အေးချမ်းမွန်မှ  Info Tech For Myanmar (IT4M) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
 
 လက်ရှိအခြေအနေအရ Facebook ကို အသုံးပြုသူ active user ပေါင်း သန်း၇၀၀ ကျော်ရှိပြီး ပထမနေရာမှရပ်တည်နေပါတယ်။ Google+ ကတော့ဒုတိယနေရာကနေ အသုံးပြုသူ active user ပေါင်း သန်း၃၄၀ကျော်ရှိနေပြီဖြစ်ပါတယ်။

ဧရာဝတီ အနောက်ဘက်ခြမ်း ဘဏ်များ အပြိုင်အဆိုင် ဖွင့်လှစ် ဒေသခံ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ပိုမို ရရှိလာ

ဧရာဝတီ အနောက်ဘက်ခြမ်း ဘဏ်များ အပြိုင်အဆိုင် ဖွင့်လှစ် ဒေသခံ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ပိုမို ရရှိလာ

ဧရာဝတီမြစ် အနောက်ခြမ်း ဒေသတစ်ခွင် ပခုက္ကူ ကျောထောက် နောက်ခံ ဒေသများ ဖြစ်သည့် ယောနယ်၊ ချင်းပြည်နယ်၊ ကလေး၊ တမူးတို့တွင် သွားလာမှု လွယ်ကူ၍ သစ်တောထွက် ပစ္စည်းများ၊ လယ်ယာမြေထွက် သီးနှံမျိုးစုံများ၊ ရေနံ အပါအဝင် သယံဇာတ များပါ ထွက်ရှိသောကြောင့်
စီးပွားရေး ကြွယ်ဝ လာမှုနှင့် အတူ တံခါးဝ မြို့တော်ဖြစ်သည့် ပခုက္ကူမြို့သို့ ဘဏ် လုပ်ငန်းရှင် များမှ ဘဏ်ခွဲများ အပြိုင် အဆိုင် ဖွင့်လှစ် လုပ်ကိုင်လာသည်။

ပခုက္ကူမြို့တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင် ငံတော်၏ စီးပွားရေး ဘဏ်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များ ဖြစ်ကြသော ဧရာဝတီဘဏ်၊ ရိုးမဘဏ်၊ ပထမ ပုဂ္ဂလိက ဘဏ်၊ ကမ္ဘောဇဘဏ်၊ မွေး/ရေဘဏ်၊ အင်းဝဘဏ်၊ မြန်မာ့ စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်၊ မြဝတီဘဏ်နှင့် ယခု United Amara Bank (ပခုက္ကူဘဏ်ခွဲ) ဖွင့်လှစ် ထားရှိပြီး ဖြစ်သည်။ ပခုက္ကူမြို့သို့ ဘဏ်လုပ်ငန်း ရှင်ကြီးများမှ စီးပွားရေး အသွင်တစ်ရပ် အဖြစ် ဘဏ်များဖွင့်လှစ် လုပ်ကိုင်လာခြင်းကြောင့် လူငယ်များ အလုပ်အကိုင် အခွင့် အလမ်းများ ရရှိလာပြီး ပခုက္ကူ ဒေသတစ်ခွင် လူမှုစီးပွားရေး အခြေအနေများ မြင့်မားတိုးတက် လာကြောင်း သိရသည်။


http://www.myawady.net.mm/allnews/local/item/5415-2013-01-26-11-08-51#.UQSIRp28B8E

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဧရာဝတီမြစ် အနောက်ခြမ်း ဒေသတစ်ခွင် ပခုက္ကူ ကျောထောက် နောက်ခံ ဒေသများဖြစ်သည့် ယောနယ်၊ ချင်းပြည်နယ်၊ ကလေး၊ တမူးတို့တွင် သွားလာမှု လွယ်ကူ၍ သစ်တော ထွက်ပစ္စည်းများ၊ လယ်ယာမြေထွက် သီးနှံမျိုးစုံများ၊ ရေနံအပါအဝင် သယံဇာတများပါထွက်ရှိသောကြောင့်စီးပွားရေး ကြွယ်ဝလာမှုနှင့်အတူ တံခါးဝမြို့တော်ဖြစ်သည့် ပခုက္ကူမြို့သို့ ဘဏ်လုပ်ငန်းရှင်များမှ ဘဏ်ခွဲ များ အပြိုင်အဆိုင် ဖွင့်လှစ်လုပ်ကိုင်လာသည်။

သက်တမ်းလွန်ယာဉ်များကို သက်တမ်းတိုးပေးနေဟု ဝန်ကြီးပြော

Photo: သက်တမ်းလွန်ယာဉ်များကို သက်တမ်းတိုးပေးနေဟု ဝန်ကြီးပြော
Saturday, January 26, 2013

မှတ်ပုံတင်သက်တမ်း တဆက်တည်း ၅ နှစ် မကျော်သည့် သက်တမ်းလွန် ယာဉ်များကို သက်တမ်းတိုးပေးနေသည်ဟု ဝန်ကြီးက ဆိုသည်။

“မှတ်ပုံတင်သက်တမ်း သက်တမ်း တဆက်တည်း ၅ နှစ် မကျော်လွန်တဲ့ ယာဉ်တွေကိုသာ ယာဉ်စစ်ဆေးပြီး မှတ်တမ်း မှန်ကန်ပါက သက်တမ်း
တိုးခြင်း၊ ပိုင်ရှင်ဆန္ဒအရ ယာဉ်ဟောင်း အပ်နှံဖျက်သိမ်းခြင်းနှင့် အစားထိုးယာဉ် တင်သွင်းခြင်းတွေကို စီမံချက် စတင်ချိန်မှ စပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ဇန်နဝါရီလ ၂၅ ရက်
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရထားပို့ဆောင်ရေး ဝန်ကြီး ဦးဇေယျာအောင် က ပြောကြားခဲ့သည်။

၁၉၈၉ ခုနှစ်၊ မော်တော်ယာဉ် နည်းဥပဒေများတွင် မှတ်ပုံတင်သက်တမ်း တဆက်တည်း ၅ နှစ်ကျော် ပျက်နေသော ယာဉ်များသည် မှတ်ပုံတင် အလိုအလျောက် ပျက်ပျယ်စေရမည်၊ မှတ်ပုံတင်ခြင်းကို ဖျက်သိမ်းရမည် စသည်ဖြင့် ပြဋ္ဌာန်းပါရှိသည်ဟု ဆိုသည်။

မြန်မာတနိုင်ငံလုံးတွင် ၁၉၄၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ မှတ်ပုံတင်သက်တမ်း ၅ နှစ်ကျော် နှစ်ပြတ်သဖြင့် မှတ်ပုံတင် ဖျက်သိမ်းပြီးယာဉ် ၁၂,၂၆၈ စီး ရှိပြီးဖြစ်ကြောင်း သိရသည်။

ခင်မျိုးသွယ်
မဇ္ဈိမ
မှတ်ပုံတင်သက်တမ်း တဆက်တည်း ၅ နှစ် မကျော်သည့် သက်တမ်း လွန်ယာဉ်များကို သက်တမ်းတိုးပေးနေသည်ဟု ဝန်ကြီးကဆိုသည်။
“မှတ်ပုံတင်သက်တမ်း သက်တမ်း တဆက်တည်း ၅ နှစ် မကျော် လွန် တဲ့ ယာဉ်တွေကိုသာ ယာဉ်စစ်ဆေးပြီး မှတ်တမ်း မှန်ကန်ပါက သက်တမ်းတိုးခြင်း၊ ပိုင်ရှင်ဆန္ဒအရ ယာဉ်ဟောင်း အပ်နှံ ဖျက် သိမ်းခြင်းနှင့် အစားထိုးယာဉ် တင်သွင်းခြင်းတွေကို စီမံချက်စတင်ချိန်မှ