
စက်မှုဇုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ၌ လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ရှင်းလင်းပြောကြားနေစဉ်
လျှပ်စစ်ဓာတ်အားခ နှုန်းထားနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၏
ဆုံးဖြတ်ချက်အတိုင်း နာခံလိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက နိုဝင်ဘာ
၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့တွင်
စက်မှုဇုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။