Wednesday 22 October 2014

၂၀၁၅ ရွေးကောက်ပွဲတွင် လက်သည်းခွံ မင်တို့သည့်စနစ် စသုံးမည်

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တစ်ကြိမ်မဲပေးပြီး ထပ်မံမဲမပေးနိုင်ရန် မဲပေးပြီးသူများ၏ လက် သည်း ခွံတွင် မင်တို့ပြီး မှတ်သားသည့်စနစ် စတင်ကျင့်သုံးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

အချင်းချင်း မညီညွတ်မှုကြောင့် ရှေ့တိုးရမည့်ခြေလှမ်းများ တွန့်ဆုတ်နေရကြောင်း ကာကွယ်ရေးဦးစီးချုပ် ပြောကြား

Photo: အချင်းချင်း မညီညွတ်မှုကြောင့် ရှေ့တိုးရမည့်ခြေလှမ်းများ တွန့်ဆုတ်နေရကြောင်း ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Wednesday, October 22, 2014

လွတ်လပ်ရေး ရပြီးနောက် နိုင်ငံရေး အယူဝါဒ ကွဲပြားမှုကြောင့် အချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ပြီး လက်ရှိချိန်တွင်လည်း အချင်းချင်း မညီညွတ်မှုကြောင့် ရှေ့တိုးရမည့် ခြေလှမ်းများ တွန့်ဆုတ်နေရကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ မန္တလေးတိုင်းဒေသကြီး ရန်အောင်မြင် ခန်းမတွင် မန္တလေးတပ်နယ်မှ အရာရှိ စစ်သည် မိသားစုများကို တွေ့ဆုံ အမှာစကား ပြောကြားရာတွင် ၎င်းက ယင်းသို့ ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

ထို့အပြင် လက်နက်ကိုင် ပြဿနာများသည် တပ်မတော်၏ ငြိမ်းချမ်းရေးမူ ခြောက်ချက်နှင့်အညီ အေးချမ်းမှုရရန် လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချမှတ်ထားသော တပ်မတော်၏ ငြိမ်းချမ်းရေး အခြေခံမူဝါဒ ခြောက်ချက်မှာ ငြိမ်းချမ်းရေး ရယူရန် အမှန်တကယ် ဆန္ဒရှိရန်၊ သဘောတူ စာချုပ်များ၌ ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်များကို အမြတ်မထုတ်ရန်၊ ဒေသခံ ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်သည့် တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရများကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီကို လျှောက်လှမ်းရာတွင် လိုက်ပါဆောင်ရွက်ရန်တို့ ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

သို့သော်လည်း အဆိုပါ အချက်များအနက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီကို လျှောက်လှမ်းရာတွင် လိုက်ပါ ဆောင်ရွက်ရန် ဆိုသည့်အချက် အပါအဝင် အချို့အချက် များကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးရာ၌ အဟန့်အတား ဖြစ်နေစေသည်ဟု တိုင်းရင်းသား လက်နက်ကိုင်များဘက်က ဆိုကြသည်။

“ဘယ်သူမှ စစ်ကိုမလိုလားပါဘူး။ ပြည်သူတွေ မျက်နှာထောက်ပြီး ငြိမ်းချမ်းရေးကိုပဲ လိုချင်တာပေါ့။ တန်းတူရည်တူ နိုင်ငံတော် တည်ဆောက်ရေးထဲ ပါဝင်ချင်တာပေါ့။ ဒါပေမဲ့ အဲဒီ မူခြောက်ချက်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာရမယ်ဆိုတာ တော်တော်လေး ခက်ခဲစေတယ်။ ဘာလို့လဲဆို ကျွန်တော်တို့က အဲဒီအခြေခံဥပဒေထဲက အချက်တော်တော်များများကို လက်ခံလို့ကို မရဘူး။ တခြားတိုင်းရင်းသားတွေလည်း အဲဒီလိုပဲ” ဟု ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အထွေထွေ အတွင်းရေးမှူး ဦးစပ်ခွန်စိုင်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ပြီး လက်နက်ကိုင် ၁၄ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခဲ့သော်လည်း ကချင် လွတ်လပ်ရေးတပ်မတော် (KIO/KIA) နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့နှင့် သဘောတူ ရေးထိုးနိုင်ခြင်း မရှိပေ။

ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (NCCT) နှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ပါဝင်သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အလုပ်အဖွဲ့ (NCCT) တို့ ခြောက်ကြိမ်တိုင် တွေ့ဆုံထားသော်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ငြိမ်းချမ်းရေး မူခြောက်ချက် အပါအဝင် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ သဘောတူညီမှု မရှိခြင်းကြောင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးပေ။

သို့သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ တပ်မတော်၏ မူခြောက်ချက်ကို လိုတိုးပိုလျှော့လုပ်ရန် တပ်မတော်နှင့် သမ္မတထံတွေ့ဆုံ တင်ပြသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အောက်တိုဘာလ ပထမပတ်အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သော ရှမ်းနိုင်ငံရေး ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် ပြောကြားထားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှေ့တိုးရမည့် ခြေလှမ်းများ တွန့်ဆုတ်နေရကြောင်း ပြောကြားထားသော်လည်း အောက်တိုဘာလ ၁၇ ရက်နေ့ အီတလီနိုင်ငံ မီလန်မြို့ မီကိုကွန်ဖရင့်စင်တာ၌ ကျင်းပသည့် (၁၀) ကြိမ်မြောက် အာရှ-ဥရောပထိပ်သီး အစည်းအဝေး၏ သီးသန့် အစည်းအဝေး မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရန် အလွန်နီးစပ်နေပြီ ဖြစ်ကြောင်း ပြောကြားထားသည်။

The Voice Weekly
လွတ်လပ်ရေး ရပြီးနောက် နိုင်ငံရေး အယူဝါဒ ကွဲပြားမှုကြောင့် အချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ပြီး လက်ရှိချိန်တွင်လည်း အချင်းချင်း မညီညွတ်မှုကြောင့် ရှေ့တိုးရမည့် ခြေလှမ်းများ တွန့်ဆုတ်နေရကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အမေရိကန် နိုင်ငံသားကို မြောက်ကိုရီးယားလွှတ်ပေးလိုက်ပြီဟု အမေရိကန် ထုတ်ပြန်

Photo: အမေရိကန် နိုင်ငံသားကို မြောက်ကိုရီးယားလွှတ်ပေးလိုက်ပြီဟု အမေရိကန် ထုတ်ပြန်
Wednesday, October 22, 2014

မြောက်ကိုရီးယားက ထိန်းသိမ်းထားသော အမေရိကန် နိုင်ငံသား သုံးဦးအနက် တစ်ဦးကို ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းနှင့် ထိုသူမှာ အိမ်သို့ ပြန်လာနေပြီဖြစ်ကြောင်း အမေရိကန်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ လွှတ်ပေးကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး မာရီဟားဖ်က သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

အသက် ၅၆ အရွယ်ရှိ လွှတ်ပေးခံရသူ ဖောင်းလေသည် ခရီးစဉ်လမ်း ကြောင်း ပြောင်းလဲမှု နှင့် မြောက်ကိုရီးယား ခရီးသွား ဥပဒေ ချိုး ဖောက်မှုဖြင့် ဧပြီလ ၂၉ ရက်နေ့က ထိန်းသိမ်းခြင်း ခံခဲ့ရသူဖြစ်သည်။

ကျန်ရှိသော အမေရိကန်နိုင်ငံသား နှစ်ဦးအား အလုပ်ကြမ်းဖြင့် ထောင်ခြောက်နှစ် နှင့် ၁၅ နှစ် အသီးသီးချမှတ်ထားသည်။

Ref: Xinhua
Yangon Media Group 

Photo- Jeffrey Fowle
Photo- Jeffrey Fowle
မြောက်ကိုရီးယားက ထိန်းသိမ်းထားသော အမေရိကန် နိုင်ငံသား သုံးဦးအနက် တစ်ဦးကို ပြန်လည် လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းနှင့် ထိုသူမှာ အိမ်သို့ ပြန်လာနေပြီဖြစ်ကြောင်း အမေရိကန်က အောက်တိုဘာ ၂၁ ရက် တွင် ထုတ်ပြန်ခဲ့သည်။

ပြန်ကြားရေး ဝန်ကြီးဌာန ပြည် ထောင် စု ဝန် ကြီးနှင့် မြန်မာဂျာနယ်လစ် ကွန်ရက် MJN တို့ ဆွေးနွေးမှုများ ပြုလုပ်

Photo: ပြန်ကြားရေး ဝန်ကြီးဌာန ပြည် ထောင် စု ဝန် ကြီးနှင့် မြန်မာဂျာနယ်လစ် ကွန်ရက် MJN တို့ ဆွေးနွေးမှုများ ပြုလုပ်
Wednesday, October 22, 2014

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်နှင့် လူငယ် စာနယ်ဇင်း သမား အများစုဖြင့် ဖွဲ့စည်းထားသော မြန်မာဂျာနယ် လစ်ကွန်ရက် MJNတို့သည် ယနေ့ မွန်းလွဲ ၁နာရီတွင် ရန်ကုန်မြို့ရှိ MJN ရုံးခန်း၌ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး လတ်တလော ဖြစ်ပေါ်နေ သည့် သတင်းမီဒီယာ အရေးကိစ္စများ ကို အဖြေရှာရန် ဆွေးနွေးခဲ့သည်။

လတ်တလောတွင် ဥပဒေကြောင်းအရ တရား ရင်ဆိုင်နေရသည့် သတင်း မီဒီယာသမားများ အရေး ကိစ္စ၊ သတင်းမီဒီယာ သမားများ ဝန်ကြီးဌာန များ၌ သတင်း အချက် အလက်များ ရယူရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ ဖြေရှင်းရန်နှင့် သတင်းမီဒီယာ သမားများ၏ စွမ်းဆောင်ရည် မြှင့်တင်ရန် ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စများကို အဓိကထား ဆွေး နွေးခဲ့ကြသည်ဟုMJN ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးမြင့်ကျော်က ပြောသည်။

မကြာသေးမီအချိန်က Bi မွန်းတည့်နေ ဂျာနယ် သတင်းထောက် သုံးဦးနှင့် ပိုင်ရှင်တို့ ထောင်ဒဏ် နှစ်နှစ်စီ ပြစ်ဒဏ်ကျခံ ခဲ့ရသည့် ကိစ္စအပေါ် သတင်းမီဒီယာ သမားများ အနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက်MJN က တင်ပြ ဆွေးနွေးမှု များ ပြုလုပ်ခဲ့သည်။

Bi မွန်းတည့်နေဂျာနယ် ကိစ္စတွင် မီဒီယာများ၏ အမြင်၊ တရားစီရင်ရေး၏ အမြင် နှစ်ဖက် အမြင်များ၏ လွဲမှားမှုများအား ဆွေးနွေးခဲ့ပြီး ''ကောင်းတဲ့ရလဒ်တစ်ခု ရမယ်လို့ မျှော်လင့် ထားပါတယ်။ အဓိက ကတော့ သမ္မတကို တင်ပြပေးမယ်လို့ ဝန်ကြီးက ကတိပေး သွားတယ်''ဟု MJN၏ လူမှုရေး ကော်မတီ အဖွဲ့ဝင် ဒေါ်ရွှေမှုန် က ဆွေးနွေးမှု အပြီး မီဒီယာရှင်း လင်းပွဲတွင် ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ''တင်ပြတယ်ဆိုရာမှာ တရားစီရင်ရေးကိုတော့ ဝင်ရောက် စွက်ဖက်လို့ မရဘူးပေါ့။ တရားရုံး ကိစ္စတွေ ပြီးတဲ့အခါမှာတော့ ဒီကိစ္စတွေ ကို စဉ်းစား ပေးနိုင်တဲ့ အခွင့်အာဏာ သမ္မတမှာ ရှိတာပေါ့။ ဒီသတင်းစကား ကိုတော့ ကျွန်တော် သမ္မတကြီးကို ရှင်းပြပေးမှာပါ''ဟုပြောသည်။

ဝန်ကြီး ဌာနများတွင် သတင်းမီဒီယာ သမားများ သတင်းရယူရန် အခက်အခဲရှိပါက မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ) သို့မဟုတ် မြန်မာ ဂျာနယ်လစ် ကွန်ရက် MJN ကဲ့သို့သော အဖွဲ့အစည်းများမှ တစ်ဆင့် ပြန်ကြားရေး ဝန်ကြီးဌာနသို့ အကြောင်းကြားပါက ဝန်ကြီးဌာနမှ ဝင်ရောက် ညှိနှိုင်း ပေးမည်ဖြစ်သည်။ ထို့ပြင် ဌာနဆိုင် ရာ သတင်းများ ရယူနိုင်ရန်၊ ဌာနဆိုင်ရာ အလိုက် သတင်း ပြန်ကြားရေးရုံးများ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက် သွားမည်ဟု ဦးမြင့်ကျော်ထံက သိရသည်။

ဝန်ကြီးသက်တမ်း နှစ်လကျော်အတွင်း ၎င်း၏ ဆောင်ရွက်နိုင်မှုနှင့် ပတ်သက်၍ MJNနှင့် တွေ့ဆုံမှုအပြီး မေးခွန်းထုတ်ရာတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ''အစိုးရဌာန ဆိုင်ရာတွေနဲ့ စတုတ္ထ မဏ္ဍိုင် ချိတ်ဆက်ဖို့ ကြိုးစားတဲ့နေရာမှာ အခုလုပ်ခဲ့တဲ့ မဏ္ဍိုင်လေးရပ် ဆွေးနွေးပွဲရှိတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ စာနယ်ဇင်း ကောင်စီ(ယာယီ) ဆွေးနွေးတာတွေရှိတယ်။ နှစ်ဖက်လုံး ပြုပြင်ရမှာတွေ ရှိတယ်။

စာနယ်ဇင်းသမားတွေ ဘက်ကလည်း ပြုပြင် ရမှာတွေရှိတယ်ဆိုတာ လက်ခံတယ်။ ဝန်ကြီး ဌာနတွေဘက်ကလည်း သူတို့အနေနဲ့ ပြုပြင် ပြောင်းလဲရမှာ ဆိုတာတွေ လက်ခံတယ်။ ကျွန်တော် ဒီနေရာMJN ရုံးရောက်တာပဲ ကြည့်လေ''ဟု ပြန်လည် ဖြေကြားသည်။

ရဲခေါင်ညွန့်၊ မြတ်သန္တာမောင်
မြ၀တီ
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်နှင့် လူငယ် စာနယ်ဇင်း သမား အများစုဖြင့် ဖွဲ့စည်းထားသော မြန်မာဂျာနယ် လစ်ကွန်ရက် MJNတို့သည် ယနေ့ မွန်းလွဲ ၁နာရီတွင် ရန်ကုန်မြို့ရှိ MJN ရုံးခန်း၌ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး လတ်တလော ဖြစ်ပေါ်နေ သည့် သတင်းမီဒီယာ အရေးကိစ္စများ ကို အဖြေရှာရန် ဆွေးနွေးခဲ့သည်။

ခိုတောင်ကျွန်းလူသတ်မှု၌ စွပ်စွဲခံမြန်မာနှစ်ဦး၏မိဘများ ယနေ့ထိုင်းနိုင်ငံသို့ သွားရောက်မည်

ဗြိ တိန် စုံတွဲနှစ်ဦး အသတ်ခံရသည့် အမှုတွင် စွပ်စွဲခံရသည့်မြန်မာနိုင်ငံသားနှစ်ဦး၏ မိဘများယနေ့ထိုင်း နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး အောက်တိုဘာ ၂၄ရက်တွင် တရားခံ ဟုစွပ်စွဲခံနေရသည့် မြန်မာနှစ်ဦးနှင့် တွေ့ဆုံခွင့်ရနိုင်ဖွယ်ရှိကြောင်း အဆိုပါ ကိစ္စအတွက် ဖွဲ့စည်းထားသည့် သံရုံး အထူးကိုယ်စားလှယ် အဖွဲ့ဝင် ဦးကျော် သောင်းက ဒီမိုကရေစီတူဒေးသို့ပြော သည်။

၂၀၁၄ မေလကပြီးစီးသော မာန်အောင်မြို့နယ်က MPT တာဝါတိုင် ၆လ ကြာသော်လည်း အသုံးပြုမရ

Photo: ၂၀၁၄ မေလကပြီးစီးသော မာန်အောင်မြို့နယ်က MPT တာဝါတိုင် ၆လ ကြာသော်လည်း အသုံးပြုမရ
Wednesday, October 22, 2014

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မြန်မာ့ဆက်သွယ်ရေး MPT   မှ တည်ဆောက်နေသော တာဝါတိုင်မှာ ၂၀၁၄ ခုနှစ် မေလအတွင်းက ပြီးစီးခဲ့သော်လည်း ဆက်သွယ်ရေးပစ္စည်းများကို တပ်ဆင်မူမရှိသဖြင့် ယခုအချိန်ထိ အသုံးပြု၍ မရဘဲ ဖြစ်နေကြောင်း ဒေသခံများက ပြောကြားသည်။

ထိုသို့ အသုံးပြု၍ မရသဖြင့် ဒေသခံများအနေဖြင့် တယ်လီဖုံးဆက်သွယ်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့နေသည်ဟု မေဃ၀တီ လူမူကွန်ယက် အဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ MPT တာဝါတိုင်ကို ၂၀၁၃ခုနှစ်အောက်တိုဘာလ မှ စတင်တည်ဆောက်ပါတယ်။ ၂၀၁၄ ခုနှစ် မေလမှာ ပြီးပါတယ်။ ခုထက်ထိ ဘာစက်ပစ္စည်းမှ မတပ်ဆင်တဲ့ အတွက် ကျွန်တော်တို့ ဒေသက လူတွေ ဖုန်းဆက်သွယ်မရဘဲ ဖြစ်နေပါတယ်” ဟု ဆိုသည်။

မာန်အောင်မြို့နယ်တွင် ဆက်သွယ်ရေး တာဝါတိုင် တစ်ခုသာရှိသေးသဖြင့် မြို့ပေါ်နှင့် နီးစပ်သော ကျေးရွာများသာ တယ်လီဖုန်းကို အသုံးပြုနိုင်ပြီး ကျန်ကျေးရွာများ ဖုန်းဆက်သွယ်မူ အသုံး မပြုနိုင်သေးကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးမှ သစ်ပုံကျေးရွာနှင့်ဆားချက်ကျေးရွာတွင် တယ်လီဖုန်း MPT တာဝါတိုင် (၂) ခုကို တည်ဆောက်ခဲ့ကြောင်း၊ ပြီးစီးသည်မှာ ၆ လကြာမြှင့်ခဲ့ပြီ ဖြစ်သော်လည်း တယ်လီဖုန်း ဆက်သွယ်မူကို မလုပ်နိုင်သေးကြောင်း မေဃ၀တီ လူမူအဖွဲ့ဝင်က ဆက်ပြောသည်။

သို့အတွက် မြန်မာဆက်သွယ်ရေးကကြွေးကြော်နေသော “ မြန်မာပြည်ရှေ့သို့အရောက် လှမ်းချီမဲ့ MPT ဆိုတာ  ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအ၀င် ဗမာပြည် အလယ်တရိုး အတွက်  ဟုတ်ချင်ဟုတ်မှာပါ။ ကျနော်တို့လို တိုင်းရင်းသားဒေသတွေမှာ ယုံတမ်းစကားဖြစ်ပါ’ ဟု ၎င်းက ပြောကြားသည်။

နိရဉ္စရာ 

မာန်အောင်မြို့နယ်တွင် MPT မှ စိုက်ထူထားသော တာဝါတိုင် (ဓါတ်ပုံ- နိရဉ္စရာ)
မာန်အောင်မြို့နယ်တွင် MPT မှ စိုက်ထူထားသော တာဝါတိုင် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မြန်မာ့ဆက်သွယ်ရေး MPT မှ တည်ဆောက်နေသော တာဝါတိုင်မှာ ၂၀၁၄ ခုနှစ် မေလအတွင်းက ပြီးစီးခဲ့သော်လည်း ဆက်သွယ်ရေးပစ္စည်းများကို တပ်ဆင်မူမရှိသဖြင့် ယခု အချိန်ထိ အသုံးပြု၍ မရဘဲ ဖြစ်နေကြောင်း ဒေသခံများက ပြောကြားသည်။

သီရိလင်္ကာငါးဖမ်းသမား ၂၀ ဦး ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းဆီးခံရ

Photo: သီရိလင်္ကာငါးဖမ်းသမား ၂၀ ဦး ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းဆီးခံရ
Wednesday, October 22, 2014

ဤကျွန်းကို ဘင်္ဂလာဒေခ်ျ့က စိန့်မာတင်ဟု ခေါ်ပြီး ရခိုင်တို့က အုန်းကျွန်းဟု ခေါ်သည်။

ဘင်္ဂလာ ရေပိုင်နက်အတွင်း ၀င်ရောက်လာသည့် သီရိလင်္ကာနိုင်ငံသား ငါးဖမ်းသမား ၂၀ ဦးကို ငါးဖမ်းလှေ ၄ စီးနှင့်အတူ ဘင်္ဂလာဒေခ်ျ့ ရေတပ်မှ ဖမ်းဆီးလိုက်သည်။

အဆိုပါ သီရိလင်္ကာ ငါးဖမ်းသမားများကို မြန်မာနယ်စပ်အနီးရှိ စိန့်မာတင်ခေါ် (ရှင်မဖြူ) ကျွန်းအနီးတွင် လွန်ခဲ့သည့် သောကြာနေ့က ဖမ်းဆီးမိခြင်းဖြစ်သည်ဟု ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက သတင်းဌာနများသို့ ထုတ်ဖေါ် ပြောကြားသည်။

သူတို့အား ရေပိုင်နက်ကျူးကျော်ပြီး ငါးဖမ်းဆီးခြင်း ဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။

သီရိလင်္ကာနိုင်ငံသားများအား ယမန်နေ့ညနေက တက်ကနက်သို့ ယူဆောင်လာပြီး ရဲစခန်းတွင် ထိမ်းသိမ်းထားကြောင်း သိရသည်။

သူတို့နှင့် အတူဖမ်းမိသည့် စက်လှေများ၊ တခြား ငါးဖမ်းပစ္စည်းများကိုလည်း တက်ကနက်ဆိပ်ကမ်း အရာရှိများကို လွဲပြောင်းလိုက်ပြီ ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

တရားမ၀င် ရေပိုင်နက်ကျူးလွန်မှုဖြင့် သူတို့အား အမှုဖွင့် တရားစွဲဆိုမည်ဟု တက်ကနက် ရဲစခန်းမှ အရာရှိတစ်ဦးက ပြောဆိုသည်။

နိရဉ္စရာ
ဤကျွန်းကို ဘင်္ဂလာဒေခ်ျ့က စိန့်မာတင်ဟု ခေါ်ပြီး ရခိုင်တို့က အုန်းကျွန်းဟု ခေါ်သည်။

စုံတွဲတတွဲရဲ့ သ၀န်တိုမှုကနေ ရှောင်ထွက်ခဲ့သည့် သမ္မတအိုဘားမား

Photo: စုံတွဲတတွဲရဲ့ သ၀န်တိုမှုကနေ ရှောင်ထွက်ခဲ့သည့် သမ္မတအိုဘားမား
Wednesday, October 22, 2014

အမေရိကန်သမ္မတ ဘားရတ်အိုဘားမားဟာ ချီကာဂိုမြို့က သူအိမ်နားမှာ အောက်လွှတ်တော်ရွေးကောက်ပွဲအတွက် မဲကြိုပေးနေတုန်း ယောက်ျားလေးတယောက်ရဲ့ သူ့ရည်းစားကို သဝန်တိုမှုကနေ ကျင်ကျင်လည်လည် ရှောင်ထွက်ခဲ့ရပါတယ်။

အိုင်ယန်ကူးပါးဆိုသူ မိန်းကလေးနဲ့ ဘေးချင်းယှဉ်လျက် မဲပုံးဘေးမှာ ရပ်နေတုန်း သူ့မဲပြားကို ကိုင်ရင်း အနားက ဖြတ်သွားတဲ့ ယောက်ျားလေးက နောက်ပြောင်တဲ့အနေနဲ့ သမ္မတကြီး ကျနော် မိန်းကလေးကို မထိနဲ့နော်လို့ ပြောခဲ့တာပါ။ အိုဘားမားက စက္ကန့်မဆိုင်းဘဲ ကျနော် တကယ်ကို အစီအစဉ် မရှိပါဘူးလို့ ပြန်မော့မကြည့်ဘဲ တုံ့ပြန်ခဲ့ပါတယ်။ မိန်းကလေးကတော့ ရှက်ရယ် ရယ်ရင်း ခွင့်လွှတ်ဖို့ တောင်းပန်ခဲ့တာပါ။

အိုဘားမားကတော့ ယောက်ျားလေးရဲ့ နာမည်ကို မေးရင်း သူဟာ လူကောင်းလေး ဖြစ်ပုံရတယ်လို့လည်း ပြောပါတယ်။

မဲပေးအပြီးမှာတော့ အိုဘားမားက မိန်းကလေးကို နှုတ်ဆက်ရင်း အနောက် တိုင်းဓလေ့အရ ဆွေမျိုးသားချင်းအနမ်းကိုသာ ပေးဖို့ ပြောပါတယ်။ အဲဒီနောက် ခုတော့ သူတကယ် သဝန်တိုသွားပြီလို့ အရွှန်းဖောက်ခဲ့ပါတယ်။

ဒီဗွီဘီ 

အိုင်ယန်ကူးပါးဆိုသူ မိန်းကလေးနဲ့ ဘေးချင်းယှဉ်လျက် မဲပုံးဘေးမှာ တွေ့ရသည့် သမ္မတ အိုဘားမား
အိုင်ယန်ကူးပါးဆိုသူ မိန်းကလေးနဲ့ ဘေးချင်းယှဉ်လျက် မဲပုံးဘေးမှာ တွေ့ရသည့် သမ္မတ အိုဘားမား
အမေရိကန်သမ္မတ ဘားရတ်အိုဘားမားဟာ ချီကာဂိုမြို့က သူအိမ်နားမှာ အောက်လွှတ်တော်ရွေးကောက်ပွဲ အတွက် မဲကြိုပေးနေတုန်း ယောက်ျားလေးတယောက်ရဲ့ သူ့ရည်းစားကို သဝန်တိုမှုကနေ ကျင်ကျင် လည်လည် ရှောင်ထွက်ခဲ့ရပါတယ်။

ကိုယ့်ရဲ့ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ညှိုးနွမ်းအောင် စော်ကားတဲ့သူကို ဒီအတိုင်းကြည့်မနေဘူးလို့ ဆိုလိုက်တဲ့ လိမ္မော်သီး

Photo: ကိုယ့်ရဲ့ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ညှိုးနွမ်းအောင် စော်ကားတဲ့သူကို ဒီအတိုင်းကြည့်မနေဘူးလို့ ဆိုလိုက်တဲ့ လိမ္မော်သီး
Wednesday, October 22, 2014

Rock သီချင်းတွေနဲ့ ပရိသတ်ကြား နာမည်ရလာခဲ့တဲ့ အဆိုတော် လိမ္မော်သီးဟာ သူမရဲ့ ပထမအခွေ လိမ္မော်ရောင်စိတ်ကူးများ တစ်ကိုယ်တော်အခွေ ထွက်ရှိပြီးနောက် ဒုတိယတစ်ကိုယ်တော်အခွေ ဒဏ်ရာနှလုံးသား ကိုလာမယ့် ဒီဇင်ဘာလမှာ ထွက်ရှိဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ သူမဟာ လတ်တလောမှာ အိမ်ထောင်ရှိပြီးသား နာမည်ကြီး အဆိုတော်တစ်ဦးနဲ့ ချစ်ကြိုက်နေပါတယ်ဆိုတဲ့ ကောလာဟလနဲ့တွေ ထွက်ရှိနေခဲ့တာမို့ အဲ့ဒီအကြောင်းနဲ့အတူ သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေအကြောင်း မေးမြန်းကြည့်ဖြစ်တဲ့အခါ

လိမ္မော်သီးရဲ့ လတ်တလော အနုပညာအကြောင်းအရင်ပြောပြပေးပါ။

လတ်တလောမှာတော့ ညီမ ဓာတ်ပုံရိုက်ဖြစ်တယ်။ ပြီးတော့ညီမရဲ့ ဒုတိယ Solo Album လေးကို ၁၂လပိုင်းလောက် ထွက်ဖြစ်အောင် ကြိုးစားနေပါတယ်။ လာမယ့်၂၄က ညီမရဲ့ မွေးနေ့ဆိုတော့ မွေးနေ့ အတွက်လည်း ပြင်ဆင်နေပါတယ်။ ရှိုးဆိုဖို့လည်း ရှိပါတယ်။

ဒုတိယအခွေမှာရော ROCK သီချင်းပုံစံမျိုးတွေပဲဖြစ်မလား။ Owntune တွေချည်းပဲလား။

ROCK ပဲဆိုတာဆိုတော့ ROCK ပုံစံပါပဲ။ ဒါပေမယ့် ဒီအခွေမှာတော့ ပရိသတ်နဲ့ သဟဇာတပိုဖြစ်မယ့်၊ မိန်းကလေး ပရိသတ်အတွက်လည်း ရည်ရွယ်ပြီး Slow Rock လေးတွေ၊ မိန်းကလေး ခံစားချက် သီချင်းလေးတွေ၊ နည်းနည်းနားအေးမယ့် သီချင်းလေးတွေ ပိုဦးစားပေးပြီး ထည့်ထားတယ်။ တကယ့် Rock စစ်စစ်သမားတွေ အတွက်လည်း Rock သီချင်းစစ်တွေပါပါတယ်။ Owntune တွေချည်းပါပဲ။

အနုပညာခံယူချက်ကရောဘယ်လို သတ်မှတ်ထားသလဲ။

ကိုယ့်အလုပ်ကိုကိုယ် ကြိုးကြိုးစားစားနဲ့ အာရုံစိုက်ပြီးတော့ လုပ်နေမယ်ဆိုရင် တစ်နေ့မှာ ကိုယ်လိုချင်တဲ့ နေရာလေးတစ်နေရာ ရလာမယ်လို့ ထင်ပါတယ်။ အတိုင်းအတာတစ်ခု ကတော့ ရလာမှာပါ။ ကိုယ့်ဘက်က ကြိုးစားနေဖို့ပဲ လိုတယ်။ ပြီးတော့ ပရိသတ်ကို စေတနာ ထားဖို့လိုတယ်။ အဘက်ဘက်က ပြည့်စုံနေမယ်ဆိုရင် ကိုယ်ကြိုးစားနေမယ်ဆိုရင် နောင်တစ်ချိန်ချိန်မှာ ကြိုးစားမှု ရလဒ်ရလာမှာပါ။ ပရိသတ်ကိုအကောင်းဆုံးတွေပဲ ချပြဖို့ အမြဲစိတ်ကူးရှိပါတယ်။

လိမ္မော်သီးရဲ့အချစ်ရေးပြောပြပေးပါလား။

လိမ္မော်သီးမှာ ချစ်သူရှိပါတယ်။ ညီမရဲ့ ချစ်သူနဲ့ အေးအေးဆေးဆေး၊ သာသာယာယာရှိပါတယ်။

ကိုယ့်ရဲ့အိမ်ထောင်ဘက် အဖြစ် ဘယ်လိုလူမျိုးကို ရွေးချယ်သွားမယ်လို့ စိတ်ကူးထားလဲ။

ကိုယ့်ကိုတကယ်ချစ်တဲ့သူဖြစ်ရမယ်။ ပြီးတော့ကိုယ့်ရဲ့အနုပညာကို နားလည်ပေးနိုင်တဲ့သူဖြစ်ရမယ်။ ကိုယ်နဲ့အကျင့်စရိုက်တူတဲ့လူဖြစ်ရမယ်။ စိတ်တူကိုယ်တူ ရှိရမယ်ပေါ့နော်။ အဲဒီလိုလူမျိုးတော့ စိတ်ကူးထားတာပါပဲ။ ဒါပေမယ့်လည်း ဖူးစာဆိုတာ ဘာမှန်းပြောလို့ မရသေးပါဘူး။

အနုပညာရှင်မှန်ရင် ကောလဟလဆိုတာ အမြဲကြုံနေရတယ်၊ ကြားနေရတော့ အဲဒီ့ကောလဟလနဲ့ ပတ်သက်ပြီး လိမ္မော်သီးအနေနဲ့ ဘယ်လိုမြင်မိသလဲ။

ကောလဟလဆိုတာ အခြေအမြစ် မရှိတဲ့လူတွေရဲ့ပါးစပ်က ပြောကြတာပါ။ ဘယ်သူကပြောတာလဲ လို့မေးကြည့်လိုက်ရင်ဘယ်သူဘယ်ဝါဆိုတာ သေချာမပြောနိုင်ဘူး။ သူများအကြောင်းကို အခြေအမြစ်မရှိပဲ ပြောချင်တဲ့သူတွေက ပြောကြတာပေါ့။ ဒါပေမယ့် တစ်ခါတလေမှာ ဂုဏ်သိက္ခာပိုင်းကို ထိခိုက်လာအောင် ပြောလာတာမျိုး၊ နာမည်တပ်ပြီးတော့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်လာတာမျိုး၊ ပြောတဲ့သူဘယ်သူ လည်းဆိုတာလည်း ကိုယ်က တိုက်ရိုက်သိတဲ့ အခါမျိုးမှာ ဆိုရင်တော့ ဒါမျိုးက ကောလာဟလအစစ် မဟုတ်တော့ဘူး။ ကိုယ့်ကို ဂုဏ်သိက္ခာ ညှိုးနွမ်း စေနိုင်တာမျိုး ဖြစ်အောင် တမင်သက်သက်ကို စော်ကားတဲ့အဆင့်ပေါ့။ အဲဒါမျိုးဆိုရင်တော့ မိန်းကလေးတစ်ယောက် အနေနဲ့ ဂုဏ်သိက္ခာထိခိုက်တဲ့ အလျောက်မှာ ဘယ်သူပြောလဲဆိုတာ သိနေတဲ့ အနေအထားဆိုရင်ပေါ့။ ကိုယ့်ဘက်က ဂုဏ်သိက္ခာပိုင်းနဲ့ပတ်သက်လို့ ကာကွယ်လို့ ရတာတွေ အများကြီးရှိပါတယ်။ အဲဒါမျိုးဆိုရင်တော့ ပြန်လုပ်သင့်တယ်။ ဂုဏ်သိက္ခာထိခိုက်ရင်တော့ ကာကွယ်သင့်တယ်။ တော်ရုံတန်ရုံ ကောလာဟလကတော့ ပြန်ပြီး ဖြေရှင်းမနေပါဘူး။

လိမ္မော်သီးနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ကောလာဟလသတင်း အပေါ်မှာရော ဘာပြောချင်တာရှိလဲ။

ညီမပြန်ဖြေရှင်းတာမျိုး မလုပ်ဘူး။ မလုပ်ဘူးဆိုတာက ပရိသတ်က နှစ်မျိုးနှစ်စားရှိတယ်။ တစ်ချို့ပရိသတ်က ပြောတိုင်းရုံတယ်။ လူဆိုတာကတော့ အမျိုးမျိုးရှိတယ်။ တစ်ချို့က ပြောတိုင်းရုံတယ်။ တစ်ချို့က စဉ်းစားချင့်ချိန်ပြီးမှ ယုံတယ်။ ကိုယ့်ဦးနှောက် အသိဥာဏ်နဲ့ပဲ ဆိုင်တယ်။ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိပါးလာတယ်။ ညီမကို တိုက်ရိုက်စော်ကားတဲ့သူကို ညီမဘက်က ကာကွယ်သွားမှာဖြစ်တယ်။ ဖေ့ဘွတ်ပေါ်ကနေ လေနဲ့ဖြေရှင်းတာမျိုးတွေ မလုပ်ဘူး။ အဲဒီ့နည်းလမ်းက မထိရောက်ဘူး။ ညီမတို့လို အနုပညာရှင်သမားတွေ ဘက်မှာလည်း ဂုဏ်သိက္ခာကို ထိခိုက်လာရင် ကာကွယ်နိုင်တာမျိုး လုပ်သင့်တယ်။ အခုတော့ဘာမှမပြောချင်သေးဘူး။

လိမ္မော်သီးအနေနဲ့ ကိုယ့်ရဲ့ကောလာဟလသတင်းကြားလိုက်ရတော့ စိတ်အနှောင့်အယှက် ဖြစ်မိလား။

ညီမကြားကြားချင်း အံ့သြသွားတယ်။ ပြီးတော့မှ ကိုယ်မဟုတ်ပဲ ဘာလို့အဲဒီလိုတွေပြောရတာလဲပေါ့။ အခြေအမြစ် မရှိလိုက်တာပေါ့။ ကိုယ်က အပျိုလည်းဖြစ်တယ် လေ။ နောက်ပြီး အခုချိန်မှာ အောင်မြင်တဲ့ နေရာတစ်နေရာရဖို့ ကြိုးစားနေရတဲ့သူလည်းဖြစ်တယ်။ အဲဒီ့အပေါ်မှာ ဒေါသထွက်တာပေါ့။ နောက်တော့ ကိုယ့်ဘက်က ဘာလုပ်သင့်တယ်ဆိုတာကိုခေါင်းအေးအေးနဲ့  ပြန်စဉ်းစားမိတယ်။ တိုင်ပင်ဆွေးနွေးသင့်တဲ့ သူတွေနဲ့ တိုင်ပင်ဆွေးနွေးတယ်။ အဖြေထွက်လာတယ်။ အဲဒီ့ထွက်လာတဲ့ အဖြေအတိုင်းပဲ လုပ်သွားဖို့ စိတ်ကူးထားပါတယ်။

လိမ္မော်သီးအနေနဲ့ အခုလိုမျိုးကောလဟလထွက်ခဲ့ပြီဆိုတော့ ကိုယ့်ရဲ့အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး  ထိခိုက်သွားမှာ ကြောက်တာတို့၊ ပရိသတ်အားပေးမှုလျော့သွား မှာကြောက်တဲ့စိတ်မျိုး ဖြစ်သွားလား။

အဲဒါကတော့ပြောတိုင်းယုံတတ်တဲ့သူတွေကတော့ အားပေးချင်မှ အားပေးမှာပေါ့။ အခုဒီလိုဖြစ်တာ နှစ်ရက်လောက်ပဲ ရှိဦးမယ်။ ဒီနှစ်ရက်အတွင်းမှာ ဖြစ်တဲ့ သတင်းရဲ့အောက်မှာ ဝင်ပြီးရေးကြတဲ့ သူတွေအားလုံးကလည်း ညီမရဲ့ပရိသတ်တွေ မဟုတ်ဘူး။ ညီမရဲ့မူရင်းအခွေတောင် ဝယ်ပြီး အားပေးတဲ့သူ တစ်ယောက်မှမပါဘူး။ ညီမကိုသိတောင်မသိတဲ့ သူတွေပါတယ်။ အဲဒီလိုဖြစ်တော့မှ ဘယ်သူလဲ။ဘယ်သူလဲဆိုပြီးတော့ လိုက်ကြည့်နေတဲ့ သူတွေကများတယ်။ ဘုမသိဘမသိနဲ့ဝင်ရေးပြီး သံယောင်လိုက်နေကြတဲ့ သူတွေများပါတယ်။ ဒါတွေက ပရိသတ် မဟုတ်ပါဘူး။ ညီမ ပရိသတ်က ညီမဘက်မှာရှိနေမှာပါ။ တစ်ချိန်ချိန်မှာတော့ အဖြေမှန် ကိုသိသွားကြမှာပါ။ ညီမဘက်ကတော့ လုပ်စရာရှိတာကို လုပ်နေမှာပါပဲ။ အဖြေမှန်ကိုသိသွားတဲ့ တစ်နေ့ကျရင်တော့ ညီမရဲ့ ပရိသတ်ဖြစ်ချင်လည်း ဖြစ်လာမှာပေါ့။ ညီမရဲ့ပရိသတ်တွေကတော့ အမြဲအားပေးစကား ပြောပေးကြတယ်။

ပရိသတ်ကိုပြောချင်တဲ့စကားရှိရင်ပြော ပေးပါဦး။

ညီမဘက်က အခုထွက်နေတဲ့ ကောလဟလနဲ့ပတ်သက်ပြီးတော့ အခုချိန်မှာ ပြောချင်တာ ဘာမှမရှိပါဘူး။ တစ်ချက်တော့စောင့်ကြည့်ပေးပါ။ အချိန်နည်းနည်းပေးပါ။ အနုပညာအလုပ်တွေကို လုပ်နေကျအတိုင်းပဲ ဆက်လုပ်သွားပါမယ်။ ကြိုးစားနေကျအတိုင်း ဆက်လက်ကြိုးစားနေပါတယ်။ ပရိသတ်အားလုံးကျန်းမာ၊ ချမ်းသာကြပါစေ။

Trend Myanmar
Rock သီချင်းတွေနဲ့ ပရိသတ်ကြား နာမည်ရလာခဲ့တဲ့ အဆိုတော် လိမ္မော်သီးဟာ သူမရဲ့ ပထမအခွေ လိမ္မော်ရောင်စိတ်ကူးများ တစ်ကိုယ်တော်အခွေ ထွက်ရှိပြီးနောက် ဒုတိယတစ်ကိုယ်တော်အခွေ ဒဏ်ရာနှလုံးသား ကိုလာမယ့် ဒီဇင်ဘာလမှာ ထွက်ရှိဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ သူမဟာ လတ် တလောမှာ အိမ်ထောင်ရှိပြီးသား နာမည်ကြီး အဆိုတော်တစ်ဦးနဲ့ ချစ်ကြိုက်နေပါတယ်ဆိုတဲ့ ကောလာ ဟလနဲ့တွေ ထွက်ရှိနေခဲ့တာမို့ အဲ့ဒီအကြောင်းနဲ့အတူ သူမရဲ့ လတ်တလော အနုပညာလှုပ်ရှား မှုတွေ အကြောင်း မေးမြန်းကြည့်ဖြစ်တဲ့အခါ လိမ္မော်သီးရဲ့ လတ်တလော အနုပညာအကြောင်းအ ရင်ပြောပြပေးပါ။

လစဉ်ကြေးမပေး၍ ဖမ်းထားသည့် ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမား ၆ ဦးကို မြန်မာနယ်ခြားစောင့်တပ်က ပြန်လွတ်ဟုဆို

naf-river
မြန်မာရေပိုင်နက်အတွင်း တရားမ၀င် ငါးဖမ်းခွင့်ရရန် အတွက် လစဉ်ကြေး ပေးသွင်းရန် ပျက်ကွက်သော ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမား (၆) ဦးကို မြန်မာနယ်ခြားစောင့်တပ်မှ ဖမ်းဆီးပြီး တစ်ရက်အကြာတွင် ပြန်လည် လွတ်ပေးလိုက်သည်ဟု ကော့စ်ဘဇားခရိုင်ထုတ် ဘင်္ဂလီ သတင်းစာ အများအပြားတွင် ရေးသား ဖေါ်ပြသည်။

အီဘိုလာရောဂါ ကာကွယ်ဆေး နှစ်မျိုးကို WHO စမ်းသပ်နေ

Photo: အီဘိုလာရောဂါ ကာကွယ်ဆေး နှစ်မျိုးကို WHO စမ်းသပ်နေ
Wednesday, October 22, 2014

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က အီဘိုလာ ရောဂါ ကာကွယ်ဆေး နှစ်မျိုးကို စတင်စမ်းသပ် နေပြီလို့ ပြောပါတယ်။

Chimpanzee ကနေ ရထားတဲ့ ကာကွယ်ဆေးကို အမေရိကန်၊ ဗြိတိန်နဲ့ မာလီနိုင်ငံမှာ အနည်းငယ် စမ်းသပ်မှုလုပ်ပြီးနောက် ဒီလကုန်လောက်ကျရင် ဆွစ်ဇာလန်နိုင်ငံမှာ စမ်းသပ်မှု လုပ်မှာ ဖြစ်ပါတယ်။

VSV လို့ခေါ်တဲ့ ကာကွယ်ဆေး နောက်တစ်မျိုးကိုလည်း အမေရိကန်မှာ စမ်းသပ်မှုတွေ စတင်ပြုလုပ်နေပြီလို့ ပြောပါတယ်။

နိုင်ဂျီးရီးယားမှာ အီဘိုလာ ရောဂါ မရှိတော့ဘူး - WHO

နိုင်ဂျီးရီးယားနိုင်ငံမှာ အီဘိုလာ ရောဂါပိုး မရှိတော့ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာလိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၄၂ ရက်ကြား ဒါမှမဟုတ် ရောဂါပိုး ပျိုးတဲ့ ကာလ နှစ်ခုကို စောင့်ကြည့်ပြီးနောက် ရောဂါ ထပ်ဖြစ်တာ မတွေ့ရတဲ့အတွက် အခုလို ကြေညာတာ ဖြစ်ပါတယ်။

ဒါဟာ အင်မတန်ကောင်းမွန်တဲ့ ရလဒ်ဖြစ်ပြီး အီဘိုလာပိုးကို နှိမ်နင်းလို့ရတယ်ဆိုတာ ကမ္ဘာကို ပြသလိုက်တာပဲ ဖြစ်တယ်လို့ နိုင်ဂျီးရီးယားဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအကြီးအကဲ က ပြောပါတယ်။

ဒါပေမဲ့ ဒါဟာ တိုက်ပွဲငယ် တစ်ခုကို အောင်နိုင်ခြင်းသာ ဖြစ်ပြီး အာဖရိက ဒေသမှာ အီဘိုလာပိုး ရှိနေတဲ့ကာလအတွင်း စစ်ကြီးကို အောင်နိုင်ပြီလို့ မဆိုလိုနိုင်ကြောင်း ပြောပါတယ်။

အခုလောလောဆယ် အီဘိုလာ ပိုးဟာ ဂီနီ၊ လိုင်ဘေးရီးယားနဲ့ ဆီယာရာလီယွန်နိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေပြီး အဲဒီရောဂါကြောင့် လူပေါင်း ၄၅၀၀ ကျော် သေဆုံးရပြီ ဖြစ်ပါတယ်။

မြောက်အမေရိကတိုက်က နိုင်ငံတချို့နဲ့ Caribbean ကျွန်းဆွယ်ဒေသက နိုင်ငံတွေ ပူးပေါင်းပြီးတော့လည်း သူတို့နိုင်ငံမှာ အီဘိုလာ ရောဂါ ပျံ့နှံ့လာမယ်ဆိုရင် တစ်ဦးနဲ့ တစ်ဦး ဝိုင်းဝန်းကူညီ တိုက်ဖျက်သွားမယ်လို့ သဘောတူကြပါတယ်။

သြစတြေးလျကတော့ ငွေကြေးလျူဒါန်းမှုသာ လုပ်မယ်

အီဘိုလာ တိုက်ဖျက်ရေးအတွက် သြစတြေးလျက ဒေါ်လာ ၁၈ သန်း လျူဒါန်းခဲ့ပေမယ့် စစ်သားတွေ၊ ကျန်းမာရေး အမှုထမ်းတွေကို ပို့ဆောင်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

အီဘိုလာ ရောဂါ ကုသပေးရင်း တစ်ယောက်ယောက်က ရောဂါ ကူးစက်ခံရမယ်ဆိုရင် သြစတြေးလျနိုင်ငံကို ပြန်သယ်လာဖို့ ခက်ခဲတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

အနောက်အာဖရိကကနေ သြစတြေးလျကို ပြန်လာရတဲ့ ခရီးက ဝေးတဲ့အတွက် လုံခြုံစိတ်ချစွာ ကယ်ဆယ်နိုင်မယ့် အခြေအနေ မရှိတာကြောင့် သြစတြေးလျနိုင်ငံသားတွေကို မပို့နိုင်ဘူးလို့ သြစတြေးလျက ပြောပါတယ်။

အစိုးရက တားမြစ်တဲ့ကြားကပဲ အာဖရိကဒေသကို သွားရောက်မယ်ဆိုရင်လည်း မိမိ အလုပ်လုပ်တဲ့ အဖွဲ့အစည်းမှာ ရောဂါကူးစက်ခံရသူကို ဘယ်လို လုပ်ဆောင်ပေးသလဲ ဆိုတဲ့ စနစ် ရှိမရှိကို အရင်လေ့လာဖို့လည်း သတိပေးလိုက်ပါတယ်။

သြစတြေးလျ အစိုးရက အီဘိုလာတိုက်ဖျက်ရေးမှာ အလျူငွေထက်မက ပိုမို လုပ်ဆောင်သင့်တယ်လို့ International Crisis Group က ပြောပါတယ်။

သြစတြေးလျရဲ့ ငွေကြေးလျူဒါန်းမှုအပေါ် အထူးကျေးဇူးတင်ပေမယ့် အာဖရိက ဒေသမှာ အပြောင်းအလဲလုပ်နိုင်မယ့် လူတွေကို ပို့ဆောင်ဖို့ အရေးကြီးတဲ့အကြောင်း အဲဒီဒေသမှာ အခြေခံ အဆောက်အဦးတည်ဆောက်ရေးမှာ လိုအပ်ချက် အများအပြား ရှိသေးတဲ့အကြောင်း Jean-Marie Guehenno က ပြောသွားခဲ့ပါတယ်။

ABC Radio Australia
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အီဘိုလာ ရောဂါကာကွယ်ဆေး နှစ်မျိုးကို စတင်စမ်းသပ် နေပြီလို့ ပြောပါတယ်။

မြို့မဈေးတွင် ခရီးသည်များအတွက် ပစ္စည်းသယ်ပို့ရန် တွန်းလှည်းများ စီစဉ်ပေးထား

Photo: မြို့မဈေးတွင် ခရီးသည်များအတွက် ပစ္စည်းသယ်ပို့ရန် တွန်းလှည်းများ စီစဉ်ပေးထား
Wednesday, October 22, 2014

နေပြည်တော်မြို့မဈေး အရှေ့ကားဂိတ်ဝင်း အတွင်းနှင့်အပြင်ဘက် ကားရပ်နားစခန်းများတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ (ဈေးများဌာန) ၏ အစီအစဉ်ဖြင့် ခရီးသည်များ ပစ္စည်းသယ်ပိုးရာတွင် လွယ်ကူချောမွေ့စေရန် လက်တွန်းလှည်းများ ထားရှိပေးထားကြောင်း သိရသည်။

ယင်းကဲ့သို့ လက်တွန်းလှည်းများ ထားရှိပေးသည့်အတွက် ခရီးသည်များ ကားဂိတ်အတွင်းနှင့်အပြင်သို့ ပစ္စည်းများသယ်ယူရာတွင် ကိုယ်တိုင် တွန်းစနစ်ဖြင့် ပို့ဆောင်နိုင်ပြီး အသုံးပြုပြီးလျှင်လည်း တွန်းလှည်းအား မူလသတ်မှတ်နေရာသို့ ပြန်လည်ပို့ဆောင်ပေးရန် ဆိုင်းဘုတ်အနီရောင် တို့ဖြင့် ရေးသားပေးထားကြောင်း သိရသည်။

“တချို့ခရီးသည်တွေက တွန်းလှည်းအသုံးပြုပြီးရင် ပြီးခဲ့တဲ့နေရာမှာ ထားခဲ့ကြ တယ်။ ကျွန်တော်တို့က တစ်ခုချင်း လိုက်လံသိမ်းဆည်းရတယ်။ မူလနေရာ ကို ပြန်မပို့ကြဘူး။ လူအများနဲ့ဆိုတော့ အဲဒီလို အခက် အခဲလေးတွေရှိတယ” ဟု ယင်းနေရာတွင် တာဝန်ထမ်းဆောင်နေသည့် စည်ပင်သာယာ ဝန်ထမ်း တစ်ဦးက ပြောပြခဲ့သည်။

ခရီးသည်များဘက်မှလည်း တစ်ဦးချင်းစီ၏ အသိတရားဖြင့် နှစ်ဦးနှစ်ဖက် အဆင်ပြေစေရေးအတွက် အခမဲ့ သုံးစွဲရသည့် လက်တွန်းလှည်း ငယ်ကလေး များအားမူလသတ်မှတ်နေရာသို့ ပြန်လည်ထားရှိပေးစေလို ကြောင်း ပြောသည်။

MOI Webportal Myanmar
နေပြည်တော်မြို့မဈေး အရှေ့ကားဂိတ်ဝင်း အတွင်းနှင့်အပြင်ဘက် ကားရပ်နားစခန်းများတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ (ဈေးများဌာန) ၏ အစီအစဉ်ဖြင့် ခရီးသည်များ ပစ္စည်းသယ်ပိုးရာတွင် လွယ်ကူချောမွေ့စေရန် လက်တွန်းလှည်းများ ထားရှိပေးထားကြောင်း သိရသည်။

စွပ်စွဲခံ မြန်မာ ၂ဦး လူသတ်မှု ကျူးလွန်ကြောင်း ဝန်ခံခဲ့မှုကို ပြန်လည် ရုတ်သိမ်း

Photo: စွပ်စွဲခံ မြန်မာ ၂ဦး လူသတ်မှု ကျူးလွန်ကြောင်း ဝန်ခံခဲ့မှုကို ပြန်လည် ရုတ်သိမ်း
Wednesday, October 22, 2014

ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်မှုနဲ့ ထိုင်း နိုင်ငံ ကော်စမွီကျွန်း ထောင်မှာ စွပ်စွဲ ချုပ်နှောင် ခံထားရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့က သူတို့ အနေနဲ့ ပြစ်မှု မကျူးလွန် ခဲ့ဘူး ဆိုပြီး နှစ်ဦးလုံးက ပြောလိုက် ပါတယ်။

ထိုင်း ရှေ့နေများကောင်စီ နဲ့ မြန်မာသံရုံးက တာဝန် ပေးထားတဲ့ ထိုင်းရှေ့နေ ၃ ဦးဟာ အောက်တိုဘာ ၂၁ ရက် အင်္ဂ࿿ါနေ့ က သူတို့ ၂ ဦးနဲ့ ၆ နာရီကြာ သွားရောက် တွေ့ဆုံခဲ့စဉ် အတွင်း အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

စွပ်စွဲ ခံထား ရသူတွေ ရဲ့ အခုလို ပြောဆိုမှု အပေါ် ယုံကြည်မှု ရှိပြီး၊ ဥပဒေ အရ တရားမျှတမှု ရအောင် ကြိုးစား သွားမယ်လို့ ကိုယ်တိုင် တွေ့ဆုံခဲ့သူ တစ်ဦးဖြစ်တဲ့ ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေ ထနူး အောက်ချုပ်ခ် က ပြောပါတယ်။

ထိုင်းရဲစခန်း မှာ စစ်မေး ခံရစဉ်တုန်း က အရိုက်အနှက် ခံခဲ့ရတဲ့ အတွက် ကျူးလွန်ကြောင်း ဝန်ခံ ခဲ့ရတာ လို့ စွပ်စွဲ ခံထား ရသူတွေ က ပြောကြောင်းလည်း မစ္စတာ အောက်ချုပ်ခ် က ဆိုပါတယ်။

အခုဆိုရင် စွပ်စွဲ ခံထား ရသူတွေဟာ ကျူးလွန်ကြောင်း ဝန်ခံချက်ကို ပြန်လည် ရုပ်သိမ်း လိုက်ပြီ ဖြစ်ပါတယ်။

စွပ်စွဲ ခံထားရသူ ၂ ဦးရဲ့ မိဘ ဆွေမျိုးတွေဟာ အောက်တိုဘာ ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်လာမှာ ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ မိဘဆွေမျိုးတွေနဲ့ တွေ့ပြီးရင် ဖြစ်ရပ် မှန်တွေကို ပိုမို ပြော နိုင်လိမ့်မယ် လို့ ယူဆကြောင်း မစ္စတာ အောက်ချုတ်ခ် က ပြောပါတယ်။

ထိုင်း ရှေ့နေများ ကောင်စီဟာ ငွေကြေး မတတ်နိုင်သူတွေ နဲ့ ဥပဒေ အကာအကွယ် ရယူဖို့ အခက်အခဲ ရှိသူတွေကို ကူညီ အမှုလိုက်ပေးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

BBC
ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်မှုနဲ့ ထိုင်း နိုင်ငံ ကော်စမွီကျွန်း ထောင်မှာ စွပ်စွဲ ချုပ်နှောင် ခံထားရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့က သူတို့အနေနဲ့ ပြစ်မှု မကျူးလွန်ခဲ့ဘူးဆိုပြီး နှစ်ဦးလုံးက ပြောလိုက်ပါတယ်။

အိန္ဒိယသူဌေးတစ်ဦး ဝန်ထမ်းများကို ကားနှင့် လက်ဝတ်ရတနာများ ဆုချ

Photo: အိန္ဒိယသူဌေးတစ်ဦး ဝန်ထမ်းများကို ကားနှင့် လက်ဝတ်ရတနာများ ဆုချ
Wednesday, October 22, 2014

အိန္ဒိယနိုင်ငံအနောက်ပိုင်းမှ စိန်ကုန်သည် သူဌေးတစ်ဦးသည် အလုပ်သမား ၁၂၀၀ ကို လုပ်ငန်းအပေါ် သစ္စာရှိမှုအတွက် ကားများ၊ တိုက်ခန်းစပေါ်နှင့်  အမေရိကန်ဒေါ်လာ ထောင်ပေါင်းများစွာ တန်ကြေးရှိသော စိန်လက်ဝတ်ရတနာများကို ဆုလက်ဆောင်ချီးမြှင့်ခဲ့သည်။

ဆူရက်မြို့မှ စိန်ကုန်သည်သူဌေး ဆက်ဗ်ဂျက်ဟီ ဒိုဟိုလာကီ သည် ဟိန္ဒူဘာသာရေးပွဲတော် ဒေဝါဝလီပွဲတော်မတိုင်မီ အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သောအခမ်းအနားတွင် အလုပ်သမားများအား ယခုကဲ့သို့ ဆုလက်ဆောင်များ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဆုလက်ဆောင်များသည် အလုပ်သမားများ၏ဇနီးများအတွက်လည်း ပါဝင်ပြီး ဆက်ဗ်ဂျက်ဟီ၏ ကုမ္ပဏီအပါ် သစ္စာရှိသည့် အလုပ်သမားများကို ဆုချီးမြှင့်သည့် ရူးပီးသန်း ၅၀၀ တန်ဖိုးရှိသော ဆုချီးမြှင့်မှု အစီစဉ်၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။

"ကျွန်တော်တို့အနေနဲ့ ကုမ္ပဏီဖွံ့တိုးတတ်မှုအတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးခဲ့တဲ့ ၀န်ထမ်းတွေကို ဆုချီးမြှင့်ပေးခဲ့ပါတယ်။ ၀န်ထမ်းတွေဟာ မိသားစုဘ၀ကို မေ့ပစ်ထားပြီး ကုမ္ပဏီတိုးတတ်ဖို့ လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါကြောင့်သူတို့ကို ဆုချီးမြှင့်ထိုက်ပါတယ်" ဟု Hari Krishna Exports ကုမ္ပဏီ ဥက္ကဌ ဒိုဟိုလာကီက အောက်တိုဘာ၂၀ ရက်တွင် အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ အလုပ်သမား၂၀၇ ဦးကို ကားတွေ ဆုချခဲ့ပါတယ်။ ၅၀၀ ကိုတော့ လက်ဝတ်ရတနာတွေ ပေးခဲ့ပြီး အိမ်ပိုင်မရှိသေးတဲ့ အလုပ်သမားတွေကို တိုက်ခန်းအတွက် စပေါ်ငွေတွေ ပေးခဲ့ပါတယ်။ အိမ်ပိုင်ရှိပြီးသားအလုပ်သမားများကို ကားတွေပေးခဲ့ပါတယ်"ဟု ၎င်းကပြောကြားသည်။

တစ်စုံလျှင် အမြင့်ဆုံးတန်ဖိုး အမေရိကန်ဒေါ်လာ ၅,၈၆၀ ဒေါ်လာတန်ဖိုးရှိ လက်ဝတ်ရတနာများကိုလည်း ဝန်ထမ်းများ၏ ဇနီးများအတွက် ပေးအပ်ခဲ့ကြောင်းနှင့် ၎င်းတို့သည် ကုမ္ပဏီတိုးတတ်ရေးအတွက် သွယ်ဝိုက်သောနည်ဖြင့် ပါဝင်ခဲ့သောကြောင့် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒိုဟိုလာကီ၏ ကုမ္ပဏီသည် နိုင်ငံပေါင်း ၇၅ နိုင်ငံသို့ စိန်များ တင်ပို့ ရောင်းချနေသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

Mizzima - News in Burmese
အိန္ဒိယနိုင်ငံအနောက်ပိုင်းမှ စိန်ကုန်သည် သူဌေးတစ်ဦးသည် အလုပ်သမား ၁၂၀၀ ကို လုပ်ငန်းအပေါ် သစ္စာရှိမှုအတွက် ကားများ၊ တိုက်ခန်းစပေါ်နှင့်  အမေရိကန်ဒေါ်လာ ထောင်ပေါင်းများစွာ တန်ကြေးရှိသော စိန်လက်ဝတ်ရတနာများကို ဆုလက်ဆောင်ချီးမြှင့်ခဲ့သည်။

ဆားများတဲ့ အစားအသောက်တွေ စားတာက မနက်ခင်းမှာ မျက်နှာကို ဖောင်းအစ်နိုင်သလား

ဆားများတဲ့ အစားအသောက်တွေ စားတာက မနက်ခင်းမှာ မျက်နှာကို ဖောင်းအစ်နိုင်သလားဒါက ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ ကျန်းမာနေတဲ့ လူတွေမှာတော့ မဖြစ်နိုင်ပါ ဘူး။ လူတစ်ယောက်က ဆားကဲတဲ့ အစား အသောက်တွေကို စားပြီးချိန်မှာ ခန္ဓာကိုယ် ထဲ ဆိုဒီယမ်အဆင့် မြင့်တက် လာပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်ထဲမှာ ဆားဓာတ်နဲ့ ရေဓာတ်ဟန်ချက် ညီမျှစေဖို့ ရေဓာတ်ကို ပိုမိုစုပ်ယူ ရပါတော့တယ်။

ထိုင်းနိုင်ငံနှင့် ဗီဇာ ကင်းလွတ်ခွင့် ရရှိရေး ကြိုးပမ်းနေ

မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ၁၀ နိုင်ငံအနက် လေးနိုင်ငံနှင့် ဗီဇာ ကင်းလွတ်ခွင့် ရရှိရန် ကျန်ရှိလျက်ရှိရာ လောလောဆယ် ထိုင်းနိုင်ငံနှင့် ဗီဇာကင်းလွတ်ခွင့် ရရှိရန် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။

ဒု ဗိုလ်မှူးကြီး ဆန်းအောင်ကို DKBA က ထုတ်ပယ်

ဒု ဗိုလ်မှူးကြီးဆန်းအောင်ကို DKBA ( ကလိုထူးဘော တပ်ဖွဲ့) က တာဝန်က ရုပ်သိမ်းပြီး တပ်ဖွဲက ထုတ် ပယ် လိုက်တယ်လို့ အောက်တိုဘာလ ၂၁ ရက်နေ့စွဲနဲ့ ကြေညာချက် ထွက်လာပါတယ်။

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖြစ်ရေး ကြိုးပမ်းနေ

ရှမ်းပြည်နယ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲကို ကမ္ဘာ့ အမွေ အနှစ်စာရင်းဝင်ဖြစ်ရေး ယဉ်ကျေးမှု ၀န်ကြီးဌာနက ကြိုးပမ်း နေ ကြောင်း သိရပါတယ်။

မိခင်နှင့်မွေးကင်းစကလေးများ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ဆောင် ရွက်နိုင် ရန် ကမ္ဘာ့ဘဏ်က ချေးငွေဒေါ်လာသန်း ၁ဝဝ ကူညီမည်

မြန်မာနိုင်ငံရှိ မိခင်နှင့် မွေးကင်းစကလေးများ ကျန်းမာရေး စောင့်ရှောက်မှု တိုးမြှင့် ဆောင်ရွက်နိုင် ရန် ကမ္ဘာ့ဘဏ်အုပ်စု၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအသင်းမှ ချေးငွေ အမေရိကန် ဒေါ်လာသန်း၁ဝဝ ကူညီ သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ဒါရိုက်တာ ဘုတ်အဖွဲ့မှ အောက်တိုဘာ ၁၄ ရက်က အတည်ပြု လိုက်သည်။

အိန္ဒိယ အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့အဓမ္မကျင့်သူ ငါးဦး ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်ခံရ

Photo: အိန္ဒိယ အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့အဓမ္မကျင့်သူ ငါးဦး ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်ခံရ
Wednesday, October 22, 2014

အိန္ဒိယနိုင်ငံတွင် ၂၀၁၀ ခုနှစ်က ဖုန်းလက်ခံဖြေကြားသည့် ဌာနမှ အမျိုးသမီးဝန်ထမ်း တစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့သူ ငါးဦးအား အောက်တိုဘာ ၂၀ ရက်တွင် တရားရုံးတစ်ခုက ထောင်ဒဏ်တစ်သက်စီ ချမှတ်လိုက်သည်ဟု သိရသည်။

၂၀၁၀ ပြည့်နှစ်က အသက် ၃၀ အရွယ် အမျိုးသမီးသည် မြို့တော်နယူးဒေလီ အနောက်တောင်ပိုင်းတွင် ရုံးပြန်နောက်ကျသွားပြီး အိမ်သို့ အဖော်တစ်ဦးနှင့်အတူ လမ်းလျှောက်ပြန်လာကြစဉ် အမျိုးသားများက သေနတ်ထောက်၍ အဓမ္မခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု အိန္ဒိယ PTI သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

အဆိုပါ အမျိုးသားများက သူမကို ထရပ်ကားတစ်စီးဖြင့် တင်ခေါ်သွားကြပြီး ကားမောင်းနေစဉ် အမျိုးသားများက သူမအား တစ်လှည့်စီ မုဒိမ်းပြုကျင့်ခဲ့ကြပြီး သူမအား လူသူအရောက်အပေါက်နည်းသည့် နေရာတစ်ခုတွင် ထားသွားခဲ့ကြခြင်းဖြစ်သည်။

ယင်းအမှုတွင် အဓမ္မပြုကျင့်ခံရသူ အမျိုးသမီး၏ ထွက်ဆိုချက်နှင့် ဆေးစစ်ချက် အထောက်အထားများအပေါ် အခြေခံ၍ ကျူးလွန်သူ ငါးဦးကို အိန္ဒိယ
တရားရုံးတရားသူကြီး ဗီရမ်ဒါဘက်က ထောင်ဒဏ်တစ်သက်တစ်ကျွန်းစီ ချမှတ်လိုက်ခြင်းဖြစ်သည်။

“ ဒီအမှုမှာ ကျူးလွန်သူတွေအတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်းဆိုတာ ထိုက်တန်ပါတယ်။ဒါ့အပြင် ဒဏ်ငွေ ရူးပီး ၅၀,၀၀၀ ကိုလည်း သူတို့
ပေးဆောင်ရမှာပါ” ဟု တရားသူကြီး ဘက်၏ ပြောကြားမှုကို PTI သတင်းဌာနက ကိုးကားရေးသားခဲ့သည်။ ယခုကိစ္စတွင် ကျူးလွန်ခဲ့ကြသူများသည် အသက် ၂၄ နှစ်မှ ၂၉ အကြား လူငယ်များဖြစ်ကြပြီး တရားဥပဒေစိုးမိုးမှု အားနည်းနေသော မီဝက်ဒေသမှ နွားသူခိုးဂိုဏ်းတစ်ခု၏ အဖွဲ့သားများဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဖြစ်ပွားခြင်းကြောင့် နိုင်ငံရှိ  လုပ်ငန်းများတွင် ညပိုင်း အလုပ်ပြန်ချိန် နောက်ကျလေ့ရှိသောအမျိုးသမီး ဝန်ထမ်းများအတွက်
လုံခြုံရေးဆိုင်ရာ အစီအစဉ်များကို အိန္ဒိယအစိုးရက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းအဖြစ်အပျက် ဖြစ်ပွားပြီး ၂၀၁၂ ဒီဇင်ဘာလတွင်လည်း နယူးဒေလီ၌ ကျောင်းသူတစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရခြင်းကြောင့်
တစ်နိုင်ငံလုံးရှိ ပြည်သူများအမျက်ဒေါသထွက်ခဲ့ကြပြီးနောက် ထိုကဲ့သို့ နိုင်ငံတွင် အမျိုးသမီးများကို ရက်စက်စွာ ဆက်ဆံခံရမှုများအပေါ် ပြည်သူများက ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။

Mizzima - News in Burmese
အိန္ဒိယနိုင်ငံတွင် ၂၀၁၀ ခုနှစ်က ဖုန်းလက်ခံဖြေကြားသည့် ဌာနမှ အမျိုးသမီးဝန်ထမ်း တစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့သူ ငါးဦးအား အောက်တိုဘာ ၂၀ ရက်တွင် တရားရုံးတစ်ခုက ထောင်ဒဏ်တစ်သက်စီ ချမှတ်လိုက်သည်ဟု သိရသည်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်လိုသူများ ကော်မရှင်သို့ တိုက်ရိုက်လျှောက်ထားရမည်

ရန်ကုန်- ၂၀၁၅ ရွေးကောက်ပွဲကို ပြင်ပလေ့လာစောင့်ကြည့်ရေး အဖွဲ့များ လေ့လာစောင့် ကြည့်လိုပါက ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထား ရမည်ဖြစ်ပြီး စည်းကမ်းသတ်မှတ်ချက်များဖြင့် စိစစ်ခွင့်ပြု သွား မည်ဟု သတင်းရရှိသည်။

ကျောက်ကပ်ရောဂါအတွက် သဘာဝဆေးနည်း

Photo: ကျောက်ကပ်ရောဂါအတွက် သဘာဝဆေးနည်း
Wednesday, October 22, 2014

ကျောက်ကပ်ရောဂါဟာ အသက်အန္တရာယ်အတွက် အလွန်အရေးကြီးသည့် ရောဂါတစ်ခု ဖြစ်ပါတယ်။ ကျောက်ကပ်ဝေဒနာကို ကုသနေရသူများဟာ ငွေကြေးကုန်ကျမှုလည်း အလွန်များပြားလွန်းလှပါတယ်။

အနောက်တိုင်းသားများဟာလည်း ယခုဆိုလျှင် ဘေးထွက်ဆိုးကျိုးမရှိသည့် သစ်ဥ သစ်ဖုများနှင့် အသီးအနှံများဖြင့် သဘာဝကျကျ ဖော်စပ်ပြီး သုံးစွဲရသည့် သဘာဝဆေးနည်းများကို အားကိုပြီး သုံးစွဲလာနေကြပါပြီ။

ကျောက်ကပ်အတွက် သဘာဝဆေးနည်းကို မျှဝေပေးလိုက်ပါတယ်။

၁။ ကျောက်ဖရုံသီး ဟင်းချိုကို အသား၊ ငါးတို့မထည့်ပဲ မကြာခဏ ချက်ပြီး သောက်ပေးပါ။

၂။ တရုတ်နံနံပင်ကို (၅)ရွက်ခန့် ရေနွေးထဲ ထည့်စိမ်ပြီး သောက်ပါ။ အရွက်စိမ်း၊ အရွက်ခြောက်တို့ကို လက်ဖက်ခြောက်ခပ်သလို ခပ်၍ သောက်ပါ။ အဖတ်များကိုလည်း ၀ါးစားနိုင်ပါတယ်။ ညစာစားပြီး အိပ်ယာမ၀င်ခင် ည(၇) နာရီခန့်တွင် သောက်လျှင် အသင့်တော်ဆုံးပါ။

၃။ ကျောက်ကပ်ကြောင့် ဗိုက်အောင့်ဗိုက်နာနေလျှင် ကျောက်ဖရုံသီးကို ခွဲ၍ အူတိုင်ကို ထုတ်ပြီး အတွင်းသားဖြင့် ကျောက်ကပ်ရှိသည့်နေရာသို့ ကပ်၍ စည်းထားပါ။ တဖြေးဖြေး သက်သာလာပါလိမ့်မည်။

၎။ ရေပူစမ်းနှင့်နီးပါက တစ်ပါတ်တစ်ကြိမ် ချိုးပေးပါ။ ရေပူစမ်းမရှိပါက
ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။ ချွေးထုတ်ပါ။

၎င်းသဘာဝနည်းများကို ပြုလုပ်ပေးပါက (၃)လအတွင်း ကျောက်ကပ်ရောဂါ လုံးဝသိသာစွာ သက်သာလာပါလိမ့်မည်။

နေဆိုင် (ပူတာအို) ကျန်းမာရေးသတင်းများ
ကိုးကား ။ ။ Sandar Laynyuntmg
ကျောက်ကပ်ရောဂါဟာ အသက်အန္တရာယ်အတွက် အလွန်အရေးကြီးသည့် ရောဂါတစ်ခု ဖြစ်ပါတယ်။ ကျောက် ကပ်ဝေဒနာကို ကုသနေရသူများဟာ ငွေကြေးကုန်ကျမှုလည်း အလွန်များပြားလွန်းလှပါတယ်။

လိင်အသားပေးပြကွက် များလာမှုကြောင့် ထိန်းကျောင်းပေးခြင်းဖြစ်ဟုဆို

Photo: လိင်အသားပေးပြကွက် များလာမှုကြောင့် ထိန်းကျောင်းပေးခြင်းဖြစ်ဟုဆို
Wednesday, October 22, 2014

မြန်မာဗွီဒွီယိုဇာတ်ကားတွေကို ဆင်ဆာအဖွဲ့က ပြန်လည်စိစစ်ရတာက မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့နဲ့ မကိုက်ညီတဲ့ဇာတ်ကားတွေ များလာတာကြောင့် ထိန်းကြောင်းပေးတဲ့သဘောသာ ဖြစ်တဲ့အကြောင်း ဆင်ဆာဘုတ် အဖွဲ့ဝင်တဦးက ပြောဆိုလိုက်ပါတယ်။

မြန်မာ့ရုပ်ရှင်နဲ့ဗွီဒီယိုဇာတ်ကားတွေကို လာမယ့်ဒီဇင်ဘာလ ၁ ရက်ကစပြီး ဆင်ဆာအဖွဲ့ထံ တင်ပြပြီးမှ ထုတ်လုပ်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

ဆင်ဆာအဖွဲ့က အခုလိုပြန်လည် စိစစ်ရတာဟာ မြန်မာ့ရုပ်ရှင်လောကကို ထိန်းချုပ်လိုတာကြောင့် မဟုတ်ဘဲ ဗွီဒီယိုဇာတ်ကားတွေမှာ လိင်အသားပေးပြကွက်တွေ၊ သာသနာကို ညှိုးနွမ်းစေတဲ့ ပြကွက်တွေအပါအ၀င် မြန်မာ့ရိုးရာဓလေ့နဲ့ မကိုက်ညီတဲ့ ဇာတ်ဝင်ခန်းတွေ များလာတာကြောင့် ထိန်းကြောင်းပေးတဲ့သဘောသာ ဖြစ်တဲ့အကြောင်း ဇာတ်ကားအဆင့်အတန်း သတ်မှတ်စိစစ် အကဲဖြတ်အဖွဲ့ရဲ့ အဖွဲ့ဝင် ရှုမ၀ဦးတင်ငြိမ်းက ပြောပါတယ်။

မြန်မာဗွီဒီယိုဇတ်ကားတွေမှာ လိင်အသားပေး အခန်းတွေ များလာလို့ ဆင်ဆာပြန်တင်ခိုင်းတာကို လက်ခံနိုင်ပေမယ့် ဇာတ်ကားတကားလုံးပြီးမှ ဆင်ဆာဖြတ်မှာထက် ဇာတ်ညွှန်းကို အရင်တင်ပြီး ဖြုတ်တာမျိုးလုပ်ရင် ပိုအဆင်ပြေနိုင်မယ်လို့ ဒါရိုက်တာ ဦးသော်ကိုကိုကျော်က ပြောပါတယ်။

ဆင်ဆာအဖွဲ့ရဲ့ ထိန်းချုပ်မှုကြောင့် အနုပညာဖန်တီးမှုစွမ်းအားကို လျှော့ကျစေလို့ ဒါဟာ မြန်မာ့ရုပ်ရှင်လောကကို တိုးတက်သင့်သလောက်တိုးတက်မှု မရှိဘူးလို့ ဝေဖန်မှုတွေကလည်း အရင်က ရှိခဲ့တာပါ။

ဒါပေမယ့် ဆင်ဆာဖွင့်ပေးပြီး ၃ နှစ်နီးပါးလောက်အထိ ရုပ်ရှင်လောကမှာ ထူးခြားတဲ့ တိုးတက်မှုမျိုး မတွေ့ရပေမယ့် လိင်အသားပေး ပြကွက်တွေသာများလာပြီး မြန်မာဗွီဒီယို ဈေးကွက်ကလည်း အောက်ဆုံးအဆင့်ကို ရောက်နေတယ်လို့ ၀င်းရုပ်ရှင်ထုတ်လုပ်ရေး ဦးနေဒွေးဇော်က ဒီဗွီဘီကို ပြောပါတယ်။

DVB
မြန်မာဗွီဒွီယိုဇာတ်ကားတွေကို ဆင်ဆာအဖွဲ့က ပြန်လည်စိစစ်ရတာက မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့နဲ့ မကိုက်ညီတဲ့ဇာတ်ကားတွေ များလာတာကြောင့် ထိန်းကြောင်းပေးတဲ့သဘောသာ ဖြစ်တဲ့အကြောင်း ဆင်ဆာ ဘုတ် အဖွဲ့ဝင်တဦးက ပြောဆိုလိုက်ပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အင်ဒိုသမ္မတနှင့် အိန္ဒိယ၀န်ကြီးချုပ်တို့ သမ္မတဦးသိန်းစိန်နှင့် သီးသန့်တွေ့ဆုံဖွယ်ရှိ

ပြီးခဲ့သည့်လများအ တွင်း လွတ်လပ်သည့်ရွေးကောက် ပွဲဖြင့် အနိုင်ရခဲ့သော အင်ဒိုနီးရှား သမ္မတသစ် ဂျိုကိုဝီဒိုဒိုနှင့် အိန္ဒိယ၀န်ကြီးချုပ် နရင်ဒြာမိုဒီတို့ အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် မြန်မာနိုင်ငံ သို့ နိုဝင်ဘာ ၁၂ ရက်တွင် ပထမဆုံးအကြိမ်လာရောက်ပြီး သမ္မတဦးသိန်းစိန်နှင့် သီးသန့်တွေ့ဆုံဖွယ် ရှိကြောင်း သတင်းရရှိသည်။

မဲဆွယ်စည်းရုံးရေးတွင် ဘာသာရေး၊ လူမျိုးရေး ခုတုံးလုပ် စည်းရုံးခြင်းတို့ကို တားမြစ်မည်မဟုတ်

Photo: မဲဆွယ်စည်းရုံးရေးတွင် ဘာသာရေး၊ လူမျိုးရေး ခုတုံးလုပ် စည်းရုံးခြင်းတို့ကို တားမြစ်မည်မဟုတ်
Wednesday, October 22, 2014

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကာလတွင် ဘာသာရေးနှင့် လူမျိုးရေးကို ခုတုံးပြု ဟောပြောစည်းရုံး ခြင်းများကို တားမြစ်မည် မဟုတ်သော်လည်း ရွေးကောက်ပွဲအပြီးတွင် ရောက်ရှိလာသည့် ကန့်ကွက်လွှာများအတိုင်း အရေးယူသွားမည်ဟု ကော်မရှင်
ဥက္ကဋ္ဌ ဦးတင်အေးက အောက်တိုဘာ ၂၁ ရက်က ပန်ဒါဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်
နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ ဆိုင်ရာပူးပေါင်း ညှိနှိုင်းမှုအစည်းအဝေးတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

“လူမျိုးရေး ဘာမှမပြောဘူး။ ဘာသာရေးလည်း လုပ်ချင်လုပ် ဖွင့်ပေးမယ်၊ သိပ်ပေါ်တင်ကြီး ဖြစ်လာလို့ ရွေးကောက်ပွဲပြီး ကန့်ကွက်လွှာတင်တိုင်လာမှ ဥပဒေအရ အဆုံးဖြတ်ပေးမယ်။ ဒါကတော့ ကျွန်တော့် တို့ လက်ထဲရောက်လာပြီ။ ဥပဒေအတိုင်း လုပ်မှာပါ”ဟု ၎င်းက ပြောသည်။

နိုင်ငံရေးပါတီများ နှင့် ပါတီကိုယ်စား လှယ်လောင်းများသည် မဲဆွယ်စည်းရုံးခြင်းကို ရွေးကောက်ပွဲ ကာလ တွင် သတ်မှတ် စည်းမျဉ်းများအတိုင်း လှုပ်ရှားဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်းတို့၏ မဲဆွယ်စည်းရုံး ရေးလုပ် ဆောင်ချက်များကိုမူ အရပ်ဘက် အဖွဲ့အစည်များက လေ့လာစောင့်ကြည့်မည် ဖြစ်သည်ဟု ၎င်းကဆိုသည်။

ရခိုင်အမျိုးသားပါတီ ဒေါက်တာ အေးမောင်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ပြီးသည့်အချိန်တွင်မှ ပါတီအချင်းချင်း ပုဂ်္ဂိုလ်ရေးထိုးနှက်မှုများ၊ ဘာသာရေးခုတုံးလုပ်မှုများကို အရေးယူမည်ဟု ပြောကြားချက်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည့် ဟုပြောသည်။

၎င်းက “ကော်မရှင်က ရွေးကောက်ပွဲမှာ ဘာမှမပြောဘဲ ပွဲပြီးမှ ကျင့်ဝတ်နဲ့ ထိန်းမယ်၊ ကတွတ်ပေါက်က ဗျိုင်းစောင့်သလို အရေးယူတာတွေ ဖြစ်လာတော့မယ်”ဟု ပြောသည်။

ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးပါတီများဘက်မှ ကျင့်ဝတ်လိုက်နာရန် လိုအပ်သည့် တိုက်တွန်းပြော ကြားချက်အပေါ် ချင်းဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဦးဇိုဇမ်က “မြို့နယ်ဒိုင်တွေက သူ့လူ ကိုယ့်လူရှိနေတယ် လေ၊ ကော်မရှင်ဥက္ကဋ္ဌပြောတာကို ယုံပါတယ်။ သူ့ဘေးဒိုင်တွေကို မယုံဘူး။ဘေးဒိုင်ဖြစ်တဲ့ မြို့နယ်ကော်မ ရှင်တွေက အခရာ။ မြို့နယ်ကော်မရှင်တွေက ကျင့်ဝတ်လိုက်နာဖို့အရေးကြီးဆုံး။ ဒိုင်လူကြီး တွေဖြစ်တဲ့ ကော်မရှင်အဖွဲ့ခွဲတွေက မတရားဘူးဆိုရင် ဒီကစားပွဲက ဘယ်လိုမှ တရားမျှတမှာ မဟုတ်ဘူး။ဥပဒေ ဘောင်ပေါ်မှာ ခွပြီး ထိုင်နေတာ ကော်မရှင်ဖြစ်တယ်” ဟု ပြောသည်။

၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲနှင့် ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကာလများတွင် နိုင်ငံ ရေးပါတီအချို့၏ မသင့်လျော်သော မဲဆွယ်စည်းရုံးမှုများ၊ ပုဂိ္ဂုလ်ရေးထိုးနှက်မှုများကြောင့် ပဋိပက္ခ အသွင် ဆောင်သည့် ဖြစ်ရပ်အနည်းငယ်ရှိခဲ့ သည့်အတွက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ထပ်မံမဖြစ်စေ ရန် ပါတီ ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များသည် ကိုယ်တိုင်လိုက်နာရမည့် ကျင့်ဝတ် များကို ထိန်း သိမ်းကာ သိက္ခာရှိသော မဲဆွယ်စည်းရုံးမှုများရှိရန် လိုအပ်သည်ဟုလည်း ဦးတင်အေးက အသိပေးပြော ကြားခဲ့သည်။

မဇ္ဈိမ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၇ ရက်က ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို (Myanmar Peace Center) တွင်ပြုလုပ် ကျင်းပရာ ကော်မရှင် ဥက္ကဌ ဦးတင်အေးမှ ရှင်းလင်းနေ သည် ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၇ ရက်က ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို (Myanmar Peace Center) တွင်ပြုလုပ် ကျင်းပရာ ကော်မရှင် ဥက္ကဌ ဦးတင်အေးမှ ရှင်းလင်းနေ သည် ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကာလတွင် ဘာသာရေးနှင့် လူမျိုးရေးကို ခုတုံးပြု ဟောပြောစည်းရုံး ခြင်းများကို တားမြစ်မည် မဟုတ်သော်လည်း ရွေးကောက်ပွဲအပြီးတွင် ရောက်ရှိလာသည့် ကန့်ကွက်လွှာ များ အတိုင်း အရေးယူသွားမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အောက်တိုဘာ ၂၁ ရက်က ပန်ဒါဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက် ပွဲ ဆိုင်ရာပူးပေါင်း ညှိနှိုင်းမှုအစည်းအဝေးတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

Bi မွန်းတည့်နေအမှု သမ္မတထံ တင်ပြမည်ဟု ဦးရဲထွဋ်ပြော

Photo: Bi မွန်းတည့်နေအမှု သမ္မတထံ တင်ပြမည်ဟု ဦးရဲထွဋ်ပြော
Wednesday, October 22, 2014

Bi မွန်းတည့်နေအမှုနှင့် ပတ်သက်၍ တရားစီရင်ရေးအပိုင်း ပြီးစီးပါက သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် စဉ်းစား ဆောင်ရွက်ပေးနိုင်ရန် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သမ္မတထံ တင်ပြပေးသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၁ ရက်က မြန်မာဂျာနယ် လစ်ကွန်ရက်ရုံးခန်းတွင် မီဒီယာများသို့ ပြောကြားခဲ့သည်။

“တရားစီရင်ရေးကို ၀င်စွက်ဖက်လို့တော့ မရဘူး။ တရားစီရင်ရေးပြီးတဲ့အခါ သမ္မတမှာ ဒီကိစ္စတွေကို စဉ်း စားပေးနိုင်တဲ့ အခွင့်အာဏာရှိတယ်။ အဲ့ဒါကို ကျွန်တော်တို့က ဒီသတင်းစကားကို သမ္မတကြီးကို ရှင်းပြ ရမယ်။ သမ္မတကြီးကလည်း အမှုကို ပြည်ပခရီးစဉ်မှာကတည်းက ကျွန်တော် တရားစီရင်ရေးကိစ္စကို သတင်းပို့တော့ မေးပါတယ်”ဟု ဦးရဲထွဋ်က ပြောသည်။

ပန်းဘဲတန်းမြို့နယ် တရားရုံးက အောက်တိုဘာ ၁၆ ရက်တွင် Bi မွန်းတည့် နေဂျာနယ်အမှုမှ သတင်းမီဒီ ယာသမား ငါးဦးကို ပုဒ်မ ၅၀၅(ခ)/ ၃၄ အရ အမြင့် ဆုံးပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ်နှစ် နှစ်ကျခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးသီဟစောက “တရားရုံးနဲ့ ပတ်သက်ပြီး သမ္မတ လုပ်ပိုင်ခွင့်က တရားရေးအဆင့်ကုန်မှ နောက်ဆုံးအဆင့် တရားရေး ဆုံးဖြတ်ချက်ပြီးမှ သမ္မတကလုပ်ပိုင် ခွင့်ရှိ တာ။ သမ္မတအခွင့်အာဏာ ဆိုတာ လျှော့ပေါ့ခွင့်တို့၊လွတ်ငြိမ်းချမ်းသာခွင့်တို့ ပေးလို့ရတာမျိုးကို ပြောချင် တယ်လို့ ယူဆတယ်”ဟု ပြောသည်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နှင့် မြန်မာဂျာနယ်လစ်ကွန်ရက်တို့ တွေ့ဆုံဆွေးနွေးစဉ် Bi မွန်းတည့်နေ ဂျာ နယ် အမှုကိစ္စနှင့် ပတ်သက်၍ ထည့်သွင်း ဆွေးနွေးခဲ့သည်ဟု မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်ထံမှ သိရသည်။

" Bi မွန်းတည့်နေကိစ္စ မီဒီယာတွေ ဘက်ကဘယ်လိုမြင်တယ်။ တရားစီရင်ရေး ဘက်က ဘယ်လိုစိုးရိမ်ပူ ပန်မှုတွေ ရှိတယ် ဆိုတာကို ပြန်ပြောပြမယ်၊ ညှိနှိုင်းပေးမယ် လို့ပြောတယ်။ ၀န်ကြီးက သတင်းစကား ပါး ပေးမယ်လို့ပြောတယ်။ တရားစီရင်ရေး အောက်မှာ ဒီထက်ကောင်းအောင် ဘယ်လိုလုပ်နိုင် မလဲပြောကြ တယ်”ဟု ၎င်းက ပြောသည်။“

ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် ဂျာနယ်ပိုင်ရှင် ဦးဝင်းတင်နှင့် ပါဝင်ပတ်သက်သူ စွဲချက်တင်ခံ ထားရသူ ဦးယဉ်မင်းထွန်း၊ တာဝန်ခံ အယ်ဒီတာသူရအောင် (ခေါ်) အောင်သန့်၊ အမှုဆောင်အယ်ဒီတာ ဦးဝင်းတင်၊ သတင်းထောက်ကျော်ဇော် ဟိန်း(ခေါ်) မင်းဝဿန်တို့ကို စစ်ဆေးခဲ့ ခြင်းဖြစ်သည်

ယင်းအမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေဦးကျော်ဝင်းက ခရိုင်တရားရုံး သို့ အောက်တိုဘာလ တတိယပတ်အတွင်း အယူခံဝင်မည်ဖြစ်သည်ဟု ပြောသည်။

တရားရုံးက သြဂုတ်လ ၄ ရက်တွင် Bi မွန်းတည့်နေဂျာနယ်မှ ဂျာနယ်တာဝန်ခံအယ်ဒီတာ ကိုရဲမင်းအောင် ကို တရားရှင်လွတ်ခဲ့ပြီး ဂျာနယ်မှ ကျန်ငါးဦးကို အများပြည်သူ အထိတ်တလန့်ဖြစ်စေမှု၊ နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေရန် ကြံရွယ်မှုအရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ- ၅(ဃ)/ (ည)မှ နိုင်ငံ တော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)/ ၃၄ ပုဒ်မဖြင့် ပြောင်းစွဲဆိုခဲ့သည်။

ဇူလိုင်လ ၇ ရက်ထုတ် Bi မွန်းတည့်နေ အပတ်စဉ် ဂျာနယ်အတွဲ (၁) အမှတ် (၂၉) တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများအား ကြားဖြတ်အစိုးအရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF (ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အား စု)က ထုတ်ပြန်” ခေါင်းစဉ်ဖြင့် သတင်း ရေးသားဖော်ပြခဲ့သောကြောင့် အမှတ် (၂) သတင်းတပ်ဖွဲ့ခွဲ ဒုရဲမှူးသိန်းထွန်းက တရား လိုပြု၍အမှုဖွင့် တိုင် ကြားခဲ့ခြင်းဖြစ်သည်။

မဇ္ဈိမ

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နှင့် သတင်းမီဒီယာများ တွေ့ဆုံခြင်းကို အောက်တိုဘာလ ၂၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ MJN ရုံးခန်းတွင် ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နှင့် သတင်းမီဒီယာများ တွေ့ဆုံခြင်းကို အောက်တိုဘာလ ၂၁ ရက် မွန်းလွဲ ပိုင်းက ရန်ကုန်မြို့ MJN ရုံးခန်းတွင် ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
Bi မွန်းတည့်နေအမှုနှင့် ပတ်သက်၍ တရားစီရင်ရေးအပိုင်း ပြီးစီးပါက သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် စဉ်းစား ဆောင်ရွက်ပေးနိုင်ရန် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သမ္မတထံ တင်ပြပေးသွားမည်ဖြစ်ကြောင်း အောက် တိုဘာ ၂၁ ရက်က မြန်မာဂျာနယ် လစ်ကွန်ရက်ရုံးခန်းတွင် မီဒီယာများသို့ ပြောကြားခဲ့သည်။

ဟုမ္မလင်းမြို့နယ် တရားသူကြီးအား အဂတိလိုက်စားမှုဖြင့် ထောင်ဆယ်နှစ်ချ

အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် အမှုရင်ဆိုင်နေရသော ဟုမ္မလင်းမြို့နယ် တရားသူကြီးအား အဂတိ တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၆ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်၊ ဒဏ်ငွေ ကျပ်ငါး သောင်း (ဒဏ်ငွေ မပေးဆောင်ပါ က ထောင်ဒဏ် သုံးလ)ကျခံစေရန် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ်က အောက်တိုဘာ ၂၁ ရက် နံနက်တွင် အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ရော်နယ်ဒိုကို မလှောင်ပြောင်ရန် လီဗာပူးပရိသတ်များကို သတိပေး

Photo: ရော်နယ်ဒိုကို မလှောင်ပြောင်ရန် လီဗာပူးပရိသတ်များကို သတိပေး
Wednesday, October 22, 2014

ယနေ့ညဥ့်နက်ပိုင်းတွင် ကစားမည့် လီဗာပူးနှင့် ချန်ပီယံ လိဂ်ပွဲ၌ အိမ်ရှင်လီဗာပူး ပရိ သတ် များအနေဖြင့် မိမိတို့အသင်းမှ တိုက်စစ်မှူး    ရော်နယ်ဒိုအား လှောင်ပြောင် အော်ဟစ်ခြင်းမပြု ရန် ရီးရဲလ်နည်းပြ အန်ဆယ် လော့တီက သတိပေးပြောကြား လိုက်သည်။

လီဗာပူးမှာ ပရီးမီးယားလိဂ် တွင် ရော်နယ်ဒိုကစားခဲ့ဖူးသည့် မန်ယူနှင့် ပြိုင်ဘက်အသင်းဖြစ် နေပြီး ရော်နယ်ဒိုမှာလည်း ယခင်  လီဗာပူးနှင့်ဆုံတွေ့မှုငါးကြိမ်တွင် ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပေ။

သို့သော် ထိုအချက်ကို အန် ဆယ်လော့တီက ပယ်ချပြီး ရော် နယ်ဒိုမှာ ကြိုးစားကစားရန် အမြဲ တက်ကြွနေသူဖြစ်ကြောင်း ပြော ကြားသည်။

‘‘လီဗာပူးနဲ့ တွေ့ရလို့ ဆိုပြီး သူ့ ဘက်က စိတ်မတက်ကြွဘဲ ကြောက်နေမှာမဟုတ်ပါဘူး။ ခရစ်စတီယာနိုက အမြဲပဲ တက် ကြွနေတာပါ။ တကယ်လို့ ကွင်းထဲက အခြေအနေက သူ့ကိုရန် လိုနေရင် ပိုပြီးတော့တောင် တက် ကြွလာနိုင်ပါတယ်’’ ဟု အန် ဆယ်လော့တီက လီဗာပူး ပရိ သတ်များကို ရည်ညွှန်းသတိပေး သည်။  အန်ဆယ်လော့တီသည် ရိုးမားကစားသမားဘဝကလည်း  လီဗာပူးကို ဥရောပဖလားဗိုလ်လု ပွဲတွင် ရှုံးခဲ့ဖူးပြီး အေစီမီလန်ကို နည်းပြအဖြစ် ကိုင်တွယ်စဉ် ၂၀၀၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် လည်း ရှုံးနိမ့်ခဲ့ရာ ထိုအသင်းနှင့် တွေ့ ဆုံ ရမည့်ပွဲမှာ စိတ်လှုပ်ရှားစရာ ဖြစ်ကြောင်း ပြောကြားသည်။

Ref: ESPN
7Day DAILY
ယနေ့ညဥ့်နက်ပိုင်းတွင် ကစားမည့် လီဗာပူးနှင့် ချန်ပီယံ လိဂ်ပွဲ၌ အိမ်ရှင်လီဗာပူး ပရိ သတ် များအနေဖြင့် မိမိတို့အသင်းမှ တိုက်စစ်မှူး ရော်နယ်ဒိုအား လှောင်ပြောင် အော်ဟစ်ခြင်းမပြု ရန် ရီးရဲလ်နည်းပြ အန်ဆယ် လော့တီ က သတိပေးပြောကြား လိုက်သည်။

မြို့သစ်စီမံကိန်းမြေအလွဲသုံးထားသည်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကို သမ္မတထံတိုင်ကြား

မြို့သစ်စီမံကိန်းအ တွက်သိမ်းယူထားသော လယ်မြေများကို ရောင်းချပြီး ကျပ်သိန်း ၉၀၀ ကျော် အလွဲသုံးစားပြုလုပ်မှုဖြင့် ကန်ကြီးထောင့်မြို့နယ် အုပ်ချုပ် ရေးမှူးကို မြို့နယ်ရှိ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် မြို့နယ်အ ထောက်အကူပြု အဖွဲ့အစည်း များက သမ္မတထံ တိုင်ကြားထား ကြောင်း သတင်းရရှိသည်။

မော်တော်ယာဉ် လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်း ယခုလွှတ်တော်အမီ တင်ရန် စီစဉ်

မော်တော်ယာဉ်ဖျက် သိမ်းမှုအပါအ၀င် တင်သွင်းမှု  မူဝါဒများမကြာခဏ ပြောင်းလဲမှု မရှိစေရန် မော်တော် ယာဉ်လုပ် ငန်းဆိုင်ရာ   တိကျသောဥပဒေကြမ်းကို    ယခုကျင်းပနေသော လွှတ်တော်အမီ တင်သွင်းရန် စီစဉ်နေကြောင်း မြန်မာ့မော်တော် ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းရှင်များအ သင်းမှ သတင်းရရှိသည်။

မြန်မာ-ဘရူနိုင်းနှစ်နိုင်ငံကြား ဗီဇာမလိုဘဲ ခရီးသွားလာခွင့် စတင်အသက်ဝင်

Photo: မြန်မာ-ဘရူနိုင်းနှစ်နိုင်ငံကြား ဗီဇာမလိုဘဲ ခရီးသွားလာခွင့် စတင်အသက်ဝင်
Wednesday, October 22, 2014

 မြန်မာနိုင်ငံနှင့် ဘရူနိုင်း နိုင်ငံတို့ကြား ဗီဇာမလိုဘဲ နှစ်ပတ် ကြာ အပြန်အလှန်ခရီးသွားလာ ခွင့်ကို နှစ်နိုင်ငံသဘောတူလိုက် ပြီး စက်တင်ဘာ ၁ ရက်မှစ၍ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် အသက်ဝင်နေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ဘရူနိုင်းမှာ အာဆီယံဒေသ အတွင်း မြန်မာက ဗီဇာမလိုဘဲ နှစ်ပတ်ကြာ အပြန်အလှန်သွား လာခွင့်ရခဲ့သည့် ခြောက်ခုမြောက် နိုင်ငံဖြစ်ပြီး မြန်မာအလုပ်သမား အများဆုံးရှိနေသည့် စင်ကာပူ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့နှင့် သာ ညှိနှိုင်းရန် ကျန်ရှိတော့သည်။

‘‘ကျွန်တော်တို့ဘက်က ဆီး ဂိမ်းမတိုင်ခင်တည်းက ဗီဇာကင်း လွတ်ခွင့်အဆိုပြုချက် တင်ထား တာပါ။ အခုဘရူနိုင်းက သူတို့ရဲ့ ဘာသာရေးပွဲတော်ကာလနဲ့ တိုက်ဆိုင်နေလို့ သဘောတူကြောင်း စာကိုအောက်တိုဘာ ၁၉ ရက်မှာမှ မြန်မာအစိုးရကို အ ကြောင်းကြားလာတာပါ။ ဒါပေမဲ့ ဘရူနိုင်းအစိုးရလက်မှတ်ထိုးတာက စက်တင်ဘာ ၁ ရက်နေ့ ဖြစ်တဲ့အတွက် စက်တင်ဘာ ၁ ရက်ကစပြီး ဗီဇာကင်းလွတ်ခွင့် အသက်ဝင်နေပါပြီ’’ ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဦးက ပြောကြားသည်။

မြန်မာသည် လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်းတို့နှင့် ဗီဇာမလိုဘဲ ၁၄ ရက်ကြာ သွားလာခွင့်ရရှိထားပြီး ထိုင်းနိုင်ငံကမူ နိုင်ငံတကာလေဆိပ်ဝင် ပေါက်များမှသာ ၀င်ရောက်ခွင့်ပြုသည့်အတွက် ညှိနှိုင်းဆဲအနေအထားသာ ရှိသည်။ မလေးရှားနှင့် စင်ကာပူတို့ကလည်း မြန်မာလုပ်သားများစွာရှိ ၍ အချိန်ယူ စဉ်းစားနိုင်ဖွယ်ရှိကြောင်း ဦးစိန်ဦးက ပြောသည်။

‘‘အခုလာမယ့် နိုဝင်ဘာထိပ် သီးအစည်းအဝေးတွေမှာတော့ ဒီကျန်တဲ့သုံးနိုင်ငံထဲက အစိုးရ တစ်ဖွဲ့ဖွဲ့က ချက်ချင်းသဘောတူ ပြီး မြန်မာအစိုးရအဆိုပြုချက်ကို လက်ခံလိုက်ရင်လည်း ဗီဇာကိစ္စ ထူးခြားဖို့ ရှိမယ်’’ ဟု ၎င်းကဆို သည်။

အာဆီယံဒေသတွင်း ဗီဇာ မလိုဘဲ ခရီးသွားလာခွင့်ဇုန်ကို ၂၀၁၅ တွင် အကောင်အထည် ဖော်ရန်မှာ အာဆီယံ၏ရည်မှန်း ချက်များထဲမှ တစ်ခုဖြစ်ပြီး အဖွဲ့ ၀င်နိုင်ငံအားလုံးကြား (CommonVisa) ရရှိရေးမှာ အချိန်ယူညှိနှိုင်းရမည်ဖြစ်ကြောင်း အာဆီယံအစည်းအဝေး ကြေညာချက်များတွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂ ၂၆ နိုင်ငံတွင် အဖွဲ့ဝင်တစ်နိုင်ငံ၏ နိုင်ငံကူး လက်မှတ်ကိုင်ထားပါက ကျန် နိုင်ငံများသို့ ဗီဇာမလိုဘဲ သွား လာခွင့်ပြုထားပြီး ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတိုင်းတွင်လည်း ဥရောပသမဂ္ဂနိုင်ငံများအတွက် သီးသန့်ကောင်တာများ ထားရှိ ဆောင်ရွက်ပေးထားသည်။

7Day DAILY

ရန်ကုန်လေဆိပ်တွင် ဆိုက်ရောက်ဗီဇာထုတ်နေသည့် နိုင်ငံခြားသားများ (ဓာတ်ပုံ - အောင်သူရ)
ရန်ကုန်လေဆိပ်တွင် ဆိုက်ရောက်ဗီဇာထုတ်နေသည့် နိုင်ငံခြားသားများ (ဓာတ်ပုံ - အောင်သူရ)
 မြန်မာနိုင်ငံနှင့် ဘရူနိုင်း နိုင်ငံတို့ကြား ဗီဇာမလိုဘဲ နှစ်ပတ် ကြာ အပြန်အလှန်ခရီးသွားလာ ခွင့်ကို နှစ်နိုင်ငံ သဘောတူလိုက် ပြီး စက်တင်ဘာ ၁ ရက်မှစ၍ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် အသက်ဝင်နေ ပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ပါတီမှတ်ပုံတင် ဥပဒေသစ်အရ ပါတီဟောင်းများ ပြန်လည်ပြင်ဆင်ရန် ဇန်န၀ါရီ ၂၆ ရက်အထိ ခွင့်ပြု

ရန်ကုန်- နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ ယခင် မှတ်ပုံတင်ထားသော ပါတီများကို ဥပဒေသစ်နှင့် အညီ ပြန်လည်ပြင်ဆင်ရန် ၂၀၁၅ ဇန်န၀ါရီ ၂၆ ရက်ထိ ခွင့်ပြုသတ်မှတ်ပေးထားကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ သတင်း ရရှိသည်။

ရွေးကောက်ပွဲစနစ်အစီရင်ခံစာနှင့်ပတ်သက်၍ ဒီချုပ်အမတ် ၁၅ ဦးကျော် ၀င်ရောက်ဆွေးနွေးမည်

Photo: ရွေးကောက်ပွဲစနစ်အစီရင်ခံစာနှင့်ပတ်သက်၍ ဒီချုပ်အမတ် ၁၅ ဦးကျော် ၀င်ရောက်ဆွေးနွေးမည်
Wednesday, October 22, 2014

 ပြည်သူ့လွှတ် တော်သို့ တင်ပြသည့် ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်၏ ရွေးကောက်ပွဲ   စနစ်များတွင် ပီအာရ်စနစ်အပါအ၀င် ယင်းစနစ်နှင့် ရောနှောကျင့်သုံးမည့် ရွေး ကောက်ပွဲစနစ်အများစုပါဝင်နေ ကြောင်း အောက်တိုဘာ ၂၁ ရက် က ပြည်သူ့လွှတ်တော်သို့ တင် သွင်းသည့် ယင်းကော်မရှင်၏ အစီရင်ခံစာအရ သိရသည်။

အောက်တိုဘာ ၂၁ ရက်တွင်ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်သွင်းသည့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ စနစ်လေ့လာ သုံးသပ်ရေးကော်မ ရှင် အစီရင်ခံစာ၌ မြန်မာ နိုင်ငံနှင့် သင့်တော်မည့် ရွေး ကောက်ပွဲစနစ်ရှစ်မျိုးကို တင်ပြ ထားရာ   ပီအာရ်စနစ်ပါဝင် လာပြီး အခြားသော ရွေးကောက် ပွဲစနစ်များသည်လည်း ပီအာရ် စနစ်နှင့် ရောနှောကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်များဖြစ်နေ သည်။

‘‘သူတို့က ပီအာရ်စနစ်ကို ချည်းပဲ အားထည့်ထားတာပေါ့ လေ။ အများကတော့ ရှစ်ခုမှာ ပီအာရ်နဲ့ လွတ်တာဆိုလို့ တစ်ခုပဲ ပါတယ်။ ကျန်တဲ့ ခုနစ်ခုက အ ကုန်လုံးပီအာရ်ချည်းပဲ။ အများစု က ပီအာရ်နဲ့ပဲသွားဖို့ တင်ပြချက် ပဲ။ လွှတ်တော်မှာ အာဏာရပါတီ က မဖြစ်ဖြစ်အောင် လုပ်လိမ့် မယ်  ကျွန်တော်တို့ထင်တယ်’’ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပြည်သူ့လွှတ်တော်ရွေး ကောက်ပွဲစနစ် လေ့လာသုံးသပ် ရေးကော်မရှင်တွင် ပါဝင်သူ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းကပြောသည်။

  အဆိုပါ အစီရင်ခံစာကို လွှတ်တော်တွင် ဆွေးနွေးကြမည့် ကိုယ်စားလှယ်များ အမည်စာရင်း တောင်းခံထားပြီး  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးကျော်ဝင် ရောက်ဆွေးနွေးမည်ဖြစ်သည်။

အဆိုပါကော်မရှင်က ပြည် သူ့လွှတ်တော်သို့   တင်ပြထား သည့် မြန်မာနိုင်ငံနှင့် သင့်တော် မည့်ရွေးကောက်ပွဲစနစ်ရှစ်မျိုး တွင် မဲအများဆုံးရသူ အနိုင်ယူ စနစ်၊ စာရင်းလိုက်အချိုးကျကိုယ် စားပြုစနစ်၊ မဲအများဆုံးရသူ အနိုင်ယူစနစ်နှင့် အချိုးကျကိုယ် စားပြုစနစ်တို့ကို ပေါင်းစပ်ထား သော ရွေးကောက်ပွဲစနစ် (၅၀ ရာခိုင်နှုန်း အပေါင်းတစ်မဲမရရှိ သော ကိုယ်စားလှယ်များအား အခွင့်အရေးပေးသော စနစ်)၊ တိုင်းဒေသကြီးများတွင် အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးပြီး ပြည်နယ်များတွင် လက်ရှိမဲအများဆုံးရသူ အနိုင်ယူစနစ်ကို အပြိုင် ကျင့်သုံးမည့် စနစ်များပါဝင်နေ ခြင်းဖြစ်သည်။

အဆိုပါရွေးကောက်ပွဲစနစ် များတွင် မည်သည့်စနစ်ကို ကျင့် သုံးရမည်ဟု ကော်မရှင်က ဆုံး ဖြတ်ပေးထားခြင်းမဟုတ်ဘဲ မြန် မာနိုင်ငံနှင့် သင့်တော်မည့် ရွေး ကောက်ပွဲစနစ်များကို အကြံပြု တင်ပြထားခြင်းဖြစ်သဖြင့် လွှတ် တော်ကိုယ်စားလှယ်များကသာ ရွေးကောက်ပွဲစနစ်ရှစ်မျိုးတွင်  အသင့်တော်ဆုံးစနစ်ကို ဆွေးနွေး ဆုံးဖြတ်ရွေးချယ်ကြရမည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက် ပွဲစနစ်     လေ့လာသုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ပြည်  ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးတင်မောင်ဦးကပြော သည်။

ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီတို့မှ ဆွေးနွေးတင်ပြ ချက်များအရ မဲဆန္ဒရှင်များနှင့် ပါတီငယ်များအတွက် တရားမျှတမှုရှိစေရန် လိုအပ်ကြောင်း၊ အများစုသည် အုပ်ချုပ်ခွင့်ရှိပါ၏။ သို့ သော်ပြည်သူတစ်ရပ်လုံးသည် ကိုယ်စားပြုခွင့်ရှိရပါမည်ဟူသော ဆိုရိုးအတိုင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင်ရသော   မဲများနှင့် လွှတ်တော်ကိုယ်စား လှယ်များရရှိမှုအချိုးကျရန်လို အပ်ကြောင်း၊ ကိုယ်စားပြုခြင်း အတွက် တိုင်းရင်းသားလူမျိုး ပေါင်းစုံ၊ ပါတီစုံပါဝင်နိုင်ရန် လို အပ်ကြောင်း၊ ယင်းသို့ဖြစ်ပေါ် လာစေရန် ပြည်နယ် ခုနစ်ခုတွင်   မဲအများဆုံးရသူ အနိုင်ယူစနစ်၊  တိုင်းဒေသကြီး ခုနစ်ခုနှင့် နေပြည် တော်ကောင်စီနယ်မြေတို့တွင် စာရင်းလိုက်အချိုးကျကိုယ်စား ပြုစနစ်တို့ကို ပေါင်းစပ်ကာ ပူးတွဲ ယှဉ်ပြိုင်စနစ်ကျင့်သုံးသင့် ကြောင်း အကြံပြုထားသည်ဟု ကော်မရှင်ကလွှတ်တော်သို့ အစီ ရင်ခံစာ တင်သွင်းရာတွင် ထည့် သွင်းဖော်ပြသွားသည်။

သို့သော်အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အပါအ၀င် တိုင်း ရင်းသားနိုင်ငံရေး ပါတီများ၊ တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ်များကမူ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအရ လက်ရှိရွေး ကောက်ပွဲစနစ်   ပြောင်းလဲရန် အချိန်မသင့်သေးကြောင်းနှင့် ပီအာရ်စနစ်ကို ကျင့်သုံးမည်ဆိုပါ က မဲပေးရာတွင် မဲဆန္ဒရှင်ပြည်သူ များအတွက် ရှုပ်ထွေးမှုများဖြစ် ပေါ်လာနိုင်ကြောင်း   လွှတ်တော် တွင် ဆွေးနွေးပြောဆိုမှုများရှိခဲ့ သည်။

ယင်းအစီရင်ခံစာကို ပြည် သူ့လွှတ်တော်တွင် ဆွေးနွေးပြီး သည့်အခါ ကော်မရှင်က အကြံပြု ထားသည့် နည်းလမ်းရှစ်ခုအနက် အသင့်တော်ဆုံးနည်းလမ်းတစ်ခု အား လွှတ်တော်က ရွေးချယ်ရမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် သို့   ဆက်လက်တင်ပြသွားမည် ဖြစ်ကာ လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် ပွင့်လင်းမြင် သာစွာဖြင့် အပြုသဘောဆောင် သော ဆွေးနွေးချက်များဖြင့် ဆောင်ရွက်သွားစေလိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦး ရွှေမန်းကပြောသည်။

7Day DAILY 

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပနေစဉ်-ဓာတ်ပုံ−ဂျေမောင်မောင် (အမရပူရ)
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပနေစဉ်-ဓာတ်ပုံ−ဂျေမောင်မောင် (အမရပူရ)
 ပြည်သူ့လွှတ် တော်သို့ တင်ပြသည့် ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော် မရှင် ၏ ရွေးကောက်ပွဲ   စနစ်များတွင် ပီအာရ်စနစ်အပါအ၀င် ယင်းစနစ်နှင့် ရောနှောကျင့်သုံးမည့် ရွေး ကောက်ပွဲစနစ်အများစုပါဝင်နေ ကြောင်း အောက်တိုဘာ ၂၁ ရက် က ပြည်သူ့လွှတ်တော်သို့ တင် သွင်း သည့် ယင်းကော်မရှင်၏ အစီရင်ခံစာအရ သိရသည်။

အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နား စခန်းအနီးတွင် အော်တိုမိုဘိုင်း ကွန်းပလတ်စ် တည်ဆောက်မည်

ရန်ကုန်− မြောက်ဥက္ကလာပမြို့ နယ်အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းအနီးရှိ မြေဧက ၂၀၀ ကျော်တွင် မြန်မာနိုင်ငံ၌မရှိ သေးသည့် အော်တိုမိုဘိုင်းကွန်း ပလတ်စ်ကို ခြောက်လအတွင်း အမြန်ဆုံး အကောင်အထည်ဖော် သွားမည်ဟု မြန်မာ့မော်တော် ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချသူလုပ်ငန်း ရှင် များ အ သင်းမှ ဒေါက်တာစိုးထွန်းက ပြောသည်။

ကချင်ပြည်နယ်တွင် ကုန်သည်များက လှောင်ထားသည့် စိတ်ကြွဆေးပြားများကို ဈေးလျှော့ရောင်းနေ

ကချင်ပြည်နယ်တွင် မူး ယစ်စစ်ဆင်ရေးကောလာဟလ ကြောင့် မူးယစ်ဆေးကုန်သည်များက ၎င်းတို့ သိုလှောင်ထား သည့် စိတ်ကြွဆေးပြားများကို ဈေးလျှော့၍ ရောင်းနေကြောင်း သတင်းရရှိသည်။

အန်ဒါလက်နှင့်ပွဲတွင် အာဆင်နယ် လူငယ်ဂိုးသမား မာတီနက်ဇ်ကို သုံးဖွယ်ရှိ

ဘယ်လ်ဂျီယံအန်ဒါ လက်အသင်းနှင့် ကစားရမည့်  ယနေ့ညချန်ပီယံလိဂ်ပွဲတွင် အာ ဆင်နယ်သည် အဓိကဂိုးသမား နှစ်ဦးစလုံး မပါဝင်နိုင်၍ ဂိုးသမား အကျပ်အတည်းနှင့်ရင်ဆိုင် နေရပြီး လူငယ်ဂိုးသမား များမှ တစ်ဦးဖြစ်သည့် မာတီနက်ဇ်ကို သာ ပထမကစားသမားအဖြစ် ထုတ်သုံးရတော့မည်ဖြစ်သည်။

မြန်မာယူ-၁၉ အသင်းကို ဦးဇော်ဇော် ဂုဏ်ပြုပွဲလုပ်ပေးမည်

ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားသည့် မြန်မာယူ-၁၉ လက်ရွေး စင်အသင်းကို မြန်မာနိုင် ငံဘော လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ဂုဏ်ပြုပွဲပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိ သည်။

ကာတာဘက်သို့ မြန်မာဒုတိယဂိုးသွင်းယူအပြီး ပခုက္ကူမှပရိသတ်တစ်ဦး အောင်ပွဲခံစဉ် ကွမ်းသီး၍သေဆုံး

Photo: ကာတာဘက်သို့ မြန်မာဒုတိယဂိုးသွင်းယူအပြီး ပခုက္ကူမှပရိသတ်တစ်ဦး အောင်ပွဲခံစဉ် ကွမ်းသီး၍သေဆုံး
Wednesday, October 22, 2014

ကာတာအသင်းဘက်သို့ မြန်မာအသင်း ဒုတိယဂိုးသွင်းပြီး ချိန်တွင် ပခုက္ကူမြို့မှ မြန်မာပရိ သတ်တစ်ဦး အောင်ပွဲခံစဉ် ကွမ်း သီးပြီး ရုတ်တရက်ကွယ်လွန် သွားကြောင်း သတင်းရရှိသည်။

အာရှယူ-၁၉ ဘောလုံးပြိုင် ပွဲအကြို ဗိုလ်လုပွဲအဖြစ် မြန်မာ နှင့် ကာတာလူငယ်အသင်းတို့ သည် အောက်တိုဘာ ၂၀ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစား ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။

အာရှအင်အားကြီး ကာတာ လူငယ်အသင်းသည် ပထမပိုင်း ဦးဆောင်ဂိုးဖြင့် မြန်မာအသင်း ကို အနိုင်ရနေသော်လည်း တိုက် စစ်မှူးအောင်သူက ပွဲချိန် ၆၂ မိနစ်တွင် ချေပဂိုး သွင်းယူခဲ့ သည်။

အောင်သူ၏ ချေပဂိုးအ ပြီး နောက်ထပ်နှစ်မိနစ်အကြာ ပွဲချိန် ၆၄ မိနစ်တွင် ကွင်းလယ် ကစားသမား ငြိမ်းချမ်းအောင် ခေါင်းတိုက် ဂိုးသွင်းယူပြီးချိန် တွင် ယင်းပွဲကို ရုပ်သံမှကြည့်ရှု နေသူ ပခုက္ကူမြို့ရှိ ဘောလုံးပရိ သတ်တစ်ဦးသည် အောင်ပွဲခံရင်း ရုတ်တရက် ကွမ်းယာသီးကာ ကွယ်လွန်သွားကြောင်း သတင်း ရရှိသည်။

မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နယ် အမှတ်(၁၂)နေ အသက်(၅၃)နှစ်အရွယ် အဆိုပါ အမျိုးသားအားအရေးပေါ် ကျန်း မာရေးအကူအညီပေးရန် ကျန်းမာရေးဝန်ထမ်းများ ချက်ချင်း သွားရောက်ခဲ့သော်လည်း အ သက်မမီတော့ကြောင်း ပခုက္ကူ မြို့မှ သုဂတိစေတနာလူမှုကူ ညီ ရေးအသင်း အသင်းသားများက ပြောသည်။

‘‘ကျွန်တော်တို့ ရောက်တော့ အသက်မမီတော့ဘူး။ ၀မ်းသာ လွန်းလို့ အော်ရင်းနဲ့ ကွမ်းဖတ်က လည်ပင်းမှာ ကပ်သွားတာလို့ တော့ သိရတယ်’’ ဟု သုဂတိစေ တ နာလူမှုကူညီရေး အသင်းမှ ဦးသိန်းအေးက ပြောသည်။

အာရှယူ-၁၉ သမိုင်းတွင် ဒုတိယအောင်မြင်ဆုံးဖြစ်သည့် မြန်မာယူ-၁၉ အသင်းသည် ကာတာအသင်းကို နောက်ကျ ဂိုးများကြောင့် ၂-၃ ဂိုးဖြင့် ရှုံး နိမ့်ခဲ့ပြီး ၄၄ နှစ်အတွင်း ပထမ ဆုံးအကြိမ် ဗိုလ်လုပွဲကစားရ မည့်အခွင့်အရေးနှင့် လွဲချော်ခဲ့ သည်။

မြန်မာယူ-၁၉ အသင်းသည် အကြိုဗိုလ်လုပွဲတက်ရောက်ခဲ့ သည့် ကာတာ၊ ဥဇဘက်ကစ္စ တန်နှင့် မြောက်ကိုရီးယားအသင်း နှင့်အတူ ၂၀၁၅ မေလတွင် နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် အသက်(၂၀)နှစ်အောက် ကမ္ဘာ့ ဖလားပြိုင်ပွဲဝင်ခွင့်ရခဲ့သည်။

7Day DAILY 

အာရှ ယူ−၁၉ ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် မြန်မာက ကာတာအသင်းသို့ ဒုတိယဂိုး သွင်းယူလိုက်စဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
အာရှ ယူ−၁၉ ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် မြန်မာက ကာတာအသင်းသို့ ဒုတိယဂိုးသွင်းယူ လိုက် စဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ကာတာအသင်းဘက်သို့ မြန်မာအသင်း ဒုတိယဂိုးသွင်းပြီး ချိန်တွင် ပခုက္ကူမြို့မှ မြန်မာပရိ သတ်တစ်ဦး အောင်ပွဲ ခံစဉ် ကွမ်း သီးပြီး ရုတ်တရက်ကွယ်လွန် သွားကြောင်း သတင်းရရှိသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် လုပ်ငန်းရှင် အမတ်နှစ်ဦး လိပ်ကျွန်းအမှုအတွက် ကျပ်သိန်း ၃၀၀ လှူ

ထိုင်းနိုင်ငံ လိပ် ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ဖမ်းဆီးစစ်ဆေးခြင်းခံနေရသော မြန်မာနိုင်ငံသား လူင ယ်နှစ်ဦး၏ အမှုကိစ္စအတွက်သုံးစွဲရန် အမျိုးသားလွှတ်တော်ကိုယ်စား လွှတ် တော်ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် စီးပွားရေးလုပ်ငန်းရှင်နှစ်ဦး တို့က ငွေကျပ် သိန်းသုံးရာလှူဒါန်း လိုက်ကြောင်း သတင်းရရှိသည်။

တရားမ၀င် ၀င်ရောက်မှုများနှင့် သစ်တောထွက်ပစ္စည်း တရားမ၀င်သယ်ဆောင်ခြင်း စစ်ဆေးရန် စုပေါင်းဂိတ် ဖွင့်လှစ်

ကလေး− ချင်းပြည်နယ် တောင် ပိုင်း မင်းတပ်မြို့နယ်သို့ နယ်စပ် မှတစ်ဆင့်တရားမ၀င် ၀င်ရောက် မှုများ မရှိစေရန်နှင့် သစ်နှင့် သစ် တောထွက်ပစ္စည်းများ တရားမ၀င်သယ်ယူရောင်းဝယ်မှုမရှိစေရန် စုပေါင်း စစ်ဆေးရေးဂိတ်ကို အောက်တိုဘာအတွင်း စတင်ဖွင့် လှစ်ကာ စစ်ဆေးမှုများလုပ် ဆောင်နေပြီဖြစ်ကြောင်း မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့ မောင်ကပြောသည်။

ယူ-၁၉ ကစားသမားများအား ဆူဇူကီးဖလားပြိုင်ပွဲတွင် လက်ရွေးစင်အသင်းသို့ ခေါ်ယူမည်

Photo: ယူ-၁၉ ကစားသမားများအား ဆူဇူကီးဖလားပြိုင်ပွဲတွင် လက်ရွေးစင်အသင်းသို့ ခေါ်ယူမည်
Wednesday, October 22, 2014

၂၀၁၄ ခုနှစ် နိုဝင်ဘာ လတွင် စင်ကာပူနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် ဆူဇူ ကီးဖလားပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့် မြန်မာ့ လက်ရွေးစင် အသင်းတွင် ယူ-၁၉ အသင်းမှ ကစားသမားများကို ခေါ်ယူသွားမည်ဖြစ်ကြောင်း နည်းပြ ချုပ်အေဗရာမိုဗစ်ခ်ျက ပြောသည်။ ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာ့ လက်ရွေးစင်အသင်းသည် ခြေစစ်ပွဲမှတစ်ဆင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရပြီး လာအိုနိုင်ငံတွင် ခြေစစ်ပွဲယှဉ်ပြိုင်ခဲ့ရကာ အုပ်စု ပထမနေရာကို ရရှိခဲ့သည်။ ၎င်း ပြိုင်ပွဲတွင် မြန်မာအသင်းမှာ ထိုင်း၊ မလေးရှားနှင့် အိမ်ရှင် စင် ကာပူအသင်းတို့နှင့် တစ်အုပ်စု တည်းကျရောက်လျက်ရှိသည်။

‘‘အသင်းကို ပြောင်းလဲမှုတွေပြုလုပ်သွားဖို့ ရှိပါတယ်။ လက် ရွေးစင်အသင်းအောင်မြင်မှုရရှိဖို့ အတွက် အသင်းမှာ လိုအပ်နေတဲ့ ကစားသမားတွေကို ယူ-၁၉ အ သင်းကနေ ခေါ်ယူသွားမယ်။ အဓိက ခေါ်ယူချင်တာကတော့ ကွင်းလယ်ကစားသမားတွေပါ’’ ဟု ၎င်းက ပြောသည်။

 ယူ-၁၉ လက်ရွေးစင်အ သင်းမှ ကစားသမားများ၏ ခြေ စွမ်းကို ပြန်လည်ကြည့်ရှုကာ လက်ရွေးစင်အသင်းအတွက် ခေါ်ယူ အားဖြည့်သွားမည်ဖြစ်ကြောင်း အနည်းဆုံး ငါးဦးခန့်ခေါ်ယူသွား မည်ဖြစ်ကြောင်း ဆူဇူကီးဖလား ပြိုင်ပွဲတွင် အုပ်စုကျပ်ထဲ ကျ ရောက်နေသော်လည်း ပြိုင်ဘက် အသင်းများကို ကြောက်ရွံ့နေ မည်မဟုတ်ဘဲ အကောင်းဆုံးယှဉ် ပြိုင်သွားမည်ဖြစ်ကြောင်း လိုအပ် သည့် ပြင်ဆင်မှုများကို ပြုလုပ် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဆူဇူကီးဖလားပြိုင်ပွဲကို နိုဝင်ဘာလတွင် စင်ကာပူနိုင်ငံက အိမ် ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် ရလဒ် ကောင်းရရှိရန် ကြိုးစားသွားမည် ဖြစ်ကြောင်း အုပ်စုအဆင့်မှ ကျော်ဖြတ်ရန်အတွက် မျှော်မှန်းထား သော်လည်း ယခုအနေအထား တွင် ပြိုင်ပွဲနှင့် ပတ်သက်ပြီး မည် မျှအောင်မြင်မှုရရှိမည်ကို ပြောရန်စောလွန်းသေးကြောင်း ပြိုင်ပွဲ ရောက်မှသာ ပြိုင်ဘက်အသင်း များ၏ ခြေစွမ်းကို လေ့လာပြီး ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ၎င်း ကသည်။

ထို့ပြင် ယူ-၁၉ လက်ရွေးစင်အသင်းအောင်မြင်မှုရရှိခြင်းမှာ လက်ရွေးစင်အသင်းအတွက် များစွာအထောက်အကူပြုမည်ဖြစ် ကြောင်း ယူ-၁၉ အသင်း ကမ္ဘာ့ ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရှိခဲ့ခြင်းမှာလည်း လက်ရွေး စင်အသင်းကြီးအတွက် အား တက်စေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

7Day DAILY 

ဆူဇူကီးဖလားခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံး သမားများ(ဓာတ်ပုံ − နစ်ကီ)
ဆူဇူကီးဖလားခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံး သမားများ(ဓာတ်ပုံ − နစ်ကီ)
၂၀၁၄ ခုနှစ် နိုဝင်ဘာ လတွင် စင်ကာပူနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် ဆူဇူ ကီးဖလားပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့် မြန်မာ့ လက်ရွေးစင် အသင်းတွင် ယူ-၁၉ အသင်းမှ ကစားသမားများကို ခေါ်ယူသွားမည်ဖြစ်ကြောင်း နည်းပြ ချုပ်အေဗရာမိုဗစ်ခ်ျက ပြောသည်။ ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာ့ လက်ရွေး စင် အသင်းသည် ခြေစစ်ပွဲမှတစ်ဆင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရပြီး လာအိုနိုင်ငံတွင် ခြေစစ်ပွဲ ယှဉ်ပြိုင်ခဲ့ရကာ အုပ်စု ပထမနေရာကို ရရှိခဲ့သည်။ ၎င်း ပြိုင်ပွဲတွင် မြန်မာအသင်းမှာ ထိုင်း၊ မလေးရှားနှင့် အိမ်ရှင် စင် ကာပူအသင်းတို့နှင့် တစ်အုပ်စု တည်းကျရောက်လျက်ရှိသည်။

မီးတောင်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် တောင်သူများအတွက် ထောက်ပံ့ငွေများပေး

Photo: မီးတောင်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် တောင်သူများအတွက် ထောက်ပံ့ငွေများပေး
Wednesday, October 22, 2014

မောင်တော- ပြီးခဲ့သည့်ရက်က ကျောက်ဖြူမြို့နယ် သပြေကျေး ရွာအုပ်စု၊ ရှောက်ချောင်းကျေး ရွာအနီး ရွှံ့မီးတောင်ပေါက်ကွဲမှု ကြောင့် ပျက်စီးသွားသော လယ်  ယာမြေများအတွက်သက်ဆိုင် ရာက ထောက်ပံ့ငွေကျပ်တစ်သိန်းမှ ခြောက်သိန်းထိ ထောက်ပံ့ ပေးကြောင်းသတင်းရရှိသည်။

‘‘ကျောက်ဖြူခရိုင်အုပ်ချုပ် ရေးမှူးနဲ့ တာဝန်ရှိသူတွေ လာ ရောက်ပြီးတော့ မီးတောင်ပေါက် ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ တောင်သူတွေရဲ့ လယ်ယာမြေနဲ့ သီးနှံတွေအတွက်ထောက်ပံ့ငွေတွေလာပေးသွားတာ ဖြစ်ပါ တယ်။ ဆုံးရှုံးမှုအနည်းအများကို ကြည့်ပြီး ထောက်ပံ့ငွေတစ်သိန်း ကနေ ခြောက်သိန်းအထိ ရကြပါ တယ်။ အခုထောက်ပံ့ကြေးဟာ တောင်သူတွေဆုံးရှုံးသွားတဲ့လယ် ယာမြေနဲ့ သီးနှံအတွက်လျော်ကြေးမဟုတ်ဘူးလို့ပြောပါတယ်’’ ဟုရှောက်ချောင်းကျေးရွာမှ တောင်သူတစ်ဦးကပြောသည်။

  ထောက်ပံ့ကြေးများကို ရှောက်ချောင်းကျေးရွာ၊ ကြတ္တိန် ရွာနှင့် စည်မော်ရွာမှတောင်သူ  ၂၀ဦးပိုင်ဆိုင်သည့်လယ်မြေဧက  ၂၁ဧကအတွက်ရရှိခြင်းဖြစ်ပြီးရရှိ သည့် ထောက်ပံ့ငွေနှင့် ပျက်စီး သွားသည့် ဆုံးရှုံးမှုတန်ဖိုးမှာမမျှ တကြောင်း ကြတ္တိန်ကျေးရွာမှ  တောင်သူတစ်ဦးကပြောသည်။ ယခုပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မီးတောင်မှာနှစ်ပေါင်း ၄၀ ကျော်အတွင်းတစ်ကြိမ်မှပေါက် ကွဲမှုမရှိခဲ့ဖူးကြောင်းရွာခံလူကြီးများကပြောသည်။

7Day DAILY

ရွှံ့မီးတောင် ပေါက်ကွဲပြီး ချော်ရည်များ စီးဆင်းနေစဉ် (ဓာတ်ပုံ − ထွန်းထွန်းနိုင်)
ရွှံ့မီးတောင် ပေါက်ကွဲပြီး ချော်ရည်များ စီးဆင်းနေစဉ် (ဓာတ်ပုံ − ထွန်းထွန်းနိုင်)
မောင်တော- ပြီးခဲ့သည့်ရက်က ကျောက်ဖြူမြို့နယ် သပြေကျေး ရွာအုပ်စု၊ ရှောက်ချောင်းကျေး ရွာအနီး ရွှံ့မီးတောင်ပေါက်ကွဲမှု ကြောင့် ပျက်စီးသွားသော လယ်  ယာမြေများအတွက်သက်ဆိုင် ရာက ထောက်ပံ့ငွေကျပ်တစ်သိန်းမှ ခြောက်သိန်းထိ ထောက်ပံ့ ပေးကြောင်းသတင်းရရှိသည်။

(၂၀၁၅)ခုနှစ်အတွက် သွားရောက်လည်ပတ်ရန် အကောင်းဆုံး နိုင်ငံအဖြစ် စင်ကာပူကို Lonely Planet ရွေးချယ်

လာမည့်နှစ်အတွက် အလည်အပတ် ခရီးသွားရန် အကောင်းဆုံး နိုင်ငံအဖြစ် စင်ကာပူကို Lonely Planet က ရွေးချယ်လိုက်ကြောင်း သိရှိရသည်။

ဘယ်တော့မှ မတိမ်ကောနိုင်သည့် မင်းမှာသစ္စာ လူမှကတိ

အောက်တိုဘာ ၂၀ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဦးတင်အေးက ၂၀၁၅ ခုအတွင်း ကျင်းပရန်ရှိသည့် အထွေထွေရွေးကောက်ပွဲ ရွှေ့ဆိုင်းရန်မရှိ၊ သတ်မှတ်ချိန်အတိုင်း ကျင်းပမည် သာဖြစ်သည်ဟု သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုသွားခဲ့သည်။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲနှင့် ပတ်သက်ပြီး အများပြည်သူက စိတ်ဝင်စားနေကြစဉ်၊
စိတ်ပူပန်မှုရှိနေကြစဉ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌလုပ်သူကိုယ်တိုင်က ယခုလို ထုတ်ဖော် ပြောဆိုလိုက်သောအခါ
လူတိုင်းလိုလို အနည်း ငယ်စိတ်အေးသွားကြရသည်။ မင်္ဂလာရှိပြီး ကြိုဆိုကြရမည့်စကားဖြစ်သော်ငြားလည်း စဉ်းစားချင့် ချိန်စရာများလည်း မရှိမဟုတ် ရှိနေပြန်ပါသည်။

သတင်းထောက်ကိုပါကြီး ပျောက်ဆုံးမှု တိုင်ချက်ဖွင့်

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော်နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေဖြစ်နေစဉ် သတင်းသွားရောက်ယူခဲ့တဲ့ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးကို မြန်မာစစ်တပ်က ဖမ်းဆီးထားပြီး မိသားစုနဲ့ တွေခွင့်မပေးတဲ့အတွက် ဥပဒေအရ လုပ်ဆောင်သွားမယ်ဆိုပြီး မိသားစုက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။