Wednesday 24 December 2014

မကွေးတွင် မြို့ပြစီမံကိန်းကြောင့် ယာမြေဧကသုံးသောင်းကျော်ဆုံးရှုံးနိုင်ဖွယ်ရှိ

Photo: မကွေးတွင် မြို့ပြစီမံကိန်းကြောင့် ယာမြေဧကသုံးသောင်းကျော်ဆုံးရှုံးနိုင်ဖွယ်ရှိ
Wednesday, December 24, 2014

 မကွေးမြို့ပြစီမံကိန်းအ ကောင်အထည်ဖော်ခြင်းနှင့် ပတ် သက်၍ မကွေးမြို့နယ်၊ ကျေးရွာ အုပ်စု ၁၃ စုမှ တောင်သူများ ၏သဘောထားဆန္ဒကို မေးမြန်းခဲ့ ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၀ ရက်က ကျေး ရွာအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိ သူ၊ မြေစာရင်းဦးစီးဌာန  တာဝန် ရှိသူများနှင့် တောင်သူများတွေ့ ဆုံခဲ့ပြီး မကွေးမြို့၊ မြို့ပြစီမံကိန်း အတွက် တောင်သူများ၏ ယာမြေများကို ကာလပေါက်ဈေးပေး၍ သိမ်းယူခဲ့ပါက တောင်သူများ၏ ဆန္ဒသဘောထားမည်သို့ရှိမည် ကို မေးမြန်းခဲ့ကြောင်း သတင်းရရှိ သည်။

ထိုကိစ္စနှင့်ပတ်သက်၍ တောင်သူအများစုက  ၎င်းတို့ ၏ ယာမြေများကို စွန့်လွှတ်မည်မဟုတ် ကြောင်း ကန့်ကွက်ခဲ့ပြီး စီမံကိန်း အကောင်အထည်ဖော်ပါက ကျေးရွာအုပ်စု ၁၃စုရှိ ယာမြေအားလုံးဆုံးရှုံးမည်ဖြစ်သည်။

‘‘တောင်သူလယ်သမားကို လယ်ယာမြေတွေ သိမ်းလိုက်ရင် တောင်သူလယ်သမားတွေ ဘာ လုပ်ကိုင်စားမလဲ၊ မြို့ပေါ်တက်ပြီးတော့လည်း လုပ်ကိုင်မစားတတ်ဘူး။ တိုင်းပြည်အတွက် ဒီဒေသဆိုရင် ဆီအိုးကြီးလို့ တင်စားခေါ်ဝေါ်တာရှိတယ်။ ခုလို ယာမြေတွေ အကုန်ဆုံးရှုံးရရင်တော့ ဆီအိုးကြီးကွဲပြီလို့တောင် ပြောရ မှာပဲ’’ဟု မကျီးကန်အုပ်စု မကျီးကန်ကျေးရွာနေ တောင်သူဦးထွန်းစိန်က ပြောသည်။

မကျီးကန်ကျေးရွာအုပ်စုတွင်ရွာလေးရွာရှိပြီး      စီမံကိန်းနှင့် ပတ်သက်၍ ခေါ်ယူတွေ့ဆုံရာ၌ တောင်သူများအနေဖြင့် ကာလ ပေါက်ဈေးပေးမည်ဆိုလျှင်လည်း ယာမြေများကို မစွန့်လွှတ်နိုင် ကြောင်း၊ အခြားအလုပ်များလည်း မလုပ်ကိုင်တတ်သောကြောင့် ၎င်းတို့၏ သားစဉ် မြေးဆက်အထိ စားဝတ်နေရေးအတွက် ယာမြေများမှာ အရေးကြီးကြောင်း ပြောသည်။

‘‘ကျွန်တော်တို့ကို အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာနက Town Plan ချပေးပါတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ တာဝန်က အသေး စိတ်မြေစာရင်းကို ဆွဲထုတ်ပေးရ တယ်’’ဟု မြို့နယ်မြေစာရင်းဦးစီး ဌာနတာဝန်ရှိသူက ပြောသည်။

ကျေးရွာအုပ်စု ၁၃ စုတွင် ကျေးရွာပေါင်း ၂၀ကျော်ရှိပြီး မြို့မြေတိုးချဲ့ရန်မှာ နှစ် ၃၀စီမံ ကိန်းဖြစ်၍    ယာမြေများသိမ်း ဆည်းဝယ်ယူခြင်း၊ မြို့ပြစီမံကိန်းအကောင်အထည်ဖော်ခြင်း ကိစ္စ ရပ်များမှာ ပြည်ထဲရေးက တာဝန် ယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘Town Plan ကို နေပြည် တော်က ဆွဲပေးတာပါ။ ကျန်တဲ့ မြေယာတွေကို စီမံခန့်ခွဲတာကို ထွေအုပ်က လုပ်ပါတယ်။ အသေးစိတ်မြေစာရင်းတွေကို မြေစာရင်း ဌာနက လုပ်ရပါတယ်’’ဟု မကွေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန   တာဝန်ရှိသူ က ပြောသည်။

အဆိုပါစီမံကိန်းနှင့် ပတ် သက်၍ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ကျေးရွာအုပ်စု အများစုက ကန့်ကွက်ခဲ့ကြသည်။ မြို့ပြစီမံကိန်းပြုလုပ်ပါက နှစ်၃၀ စီမံကိန်းဖြစ်ပြီး    ကျေးရွာနှစ် ဆယ်ကျော်ရှိ ယာမြေဧကပေါင်း သုံးသောင်းကျော်အသုံးပြုရမည် ဖြစ်ကြောင်း မြေစာရင်းဦးစီးဌာန က ခန့်မှန်းပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တောင်သူများအနေဖြင့် စိုးရိမ်ပူ ပန်မှုများရှိနေပြီး မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးက မည် သည့်အတည်ပြုထုတ်ပြန်ကြေ ညာချက်မျိုးမှ မရှိကြောင်း ပြော ကြားသည်။

7Day DAILY 

လယ်ယာလုပ်ငန်းခွင်တစ်ခု
လယ်ယာလုပ်ငန်းခွင်တစ်ခု
 မကွေးမြို့ပြစီမံကိန်းအ ကောင်အထည်ဖော်ခြင်းနှင့် ပတ် သက်၍ မကွေးမြို့နယ်၊ ကျေးရွာ အုပ်စု ၁၃ စုမှ တောင်သူများ ၏သဘောထားဆန္ဒကို မေးမြန်းခဲ့ ကြောင်း သတင်းရရှိသည်။

တနိုင်ငံလုံး အပစ်ရပ် စာချုပ်အတွက် ထပ်မံညှိနှိုင်းရန် အချက် ၃ ချက်သာ ကျန်ရှိဟု ဆို

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန် ထပ်မံညှိနှိုင်းရမည့် အချက် ၃ ချက်သာ ကျန်တော့ ကြောင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များက ပြောဆိုသည်။

ကျိုက်ထိုတွင် ကမ္ဘာလှည့်ခရီးသွားတစ်ဦးအား အဓမ္မပြုကျင့်မှုဖြစ်ပွား

မွန်ပြည်နယ် ကျိုက်ထိုတွင်ဒီဇင်ဘာ ၂၀ ရက်နေ့က ကမ်္ဘာလှည့် ခရီးသွား တစ်ဦးအား အဓမ်္မပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းကျိုက်ထိုနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းပဋိပက္ခကို တာဝန်ရှိသူများ အမြန်ဆုံး တာဝန်ယူဖြေရှင်းပေးရန် တောင်းဆို

လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းပဋိပက္ခ ကို တာဝန်ရှိသည့် အာဏာပိုင်အဖွဲ့ အစည်းအဆင့်ဆင့်နှင့် နိုင်ငံတော် အ စိုးရအဖွဲ့တို့မှ အမြန်ဆုံးတာဝန်ယူ ဖြေရှင်းပေးရန် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနှင့် လူ့ဘောင်သစ် လူငယ်တို့က တိုက်တွန်းတောင်းဆို လိုက်ကြောင်း သိရသည်။

သမ္မတဟောင်းဘွတ်ရှ် အရေးပေါ်ဆေးရုံတက်

Photo: သမ္မတဟောင်းဘွတ်ရှ် အရေးပေါ်ဆေးရုံတက်
Wednesday, December 24, 2014 

အမေရိကန် သမ္မတဟောင်း ဂျော့အိတ်ခ်ျဒဗလျူဘွတ်ရှ် သည် အသက်ရှုမ၀သည့်အတွက် ကြိုတင်ကာကွယ်သည့် အနေဖြင့် ၄င်းအား ဟူစတန်ဆေးရုံသို့ အင်္ဂါနေ့ညနေတွင် အရေးပေါ် တင်ခဲ့ရကြောင်း သိရှိရသည်။

ကူဝိတ်စစ်ပွဲကို တိုက်ခဲ့သော အသက် ၉၀ ရွယ် သမ္မတဟောင်း ဘွတ်ရှ်၏ အခြေအနေအားစောင့်ကြည့်ရန် ဆေးရုံတွင် ဆက်လက်ထားရှိမည်ဖြစ်သည်။

၁၉၂၄ ခုနှစ်တွင် မွေးဖွားသော အမေရိကန်နိုင်ငံ၏ ၄၁ ယောက်မြောက် သမ္မတဖြစ်သူ ဘွတ်ရှ်သည် တက္ကဆက်ပြည်နယ်တွင် နေထိုင်ပြီး၊ လွန်ခဲ့သည့် ဇွန်လက ကျရောက်ခဲ့သော ၄င်း၏ မွေးနေ့အတွက် ကောင်းကင်တွင် လေဟုန်စီးပြုလုပ်ခဲ့သည်။

၎င်း၏ သားဖြစ်သူမှာ ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲအား ဆင်နွှဲခဲ့သော ဂျော့ဒဗလျူဘွတ်ရှ်ဖြစ်သည်။

The Yangon Globe
အမေရိကန်သမ္မတဟောင်း ဂျော့အိတ်ခ်ျဒဗလျူဘွတ်ရှ်သည် အသက်ရှုမ၀သည့်အတွက် ကြိုတင်ကာကွယ် သည့် အနေဖြင့် ၄င်းအား ဟူစတန်ဆေးရုံသို့ အင်္ဂါနေ့ညနေတွင် အရေးပေါ် တင်ခဲ့ရကြောင်း သိရှိရသည်။

လျှပ်စစ် ရှော့တိုက်သည်ဟု စွပ်စွဲချက်ကို အင်းသူကြီး ငြင်းဆို

မန္တလေးမြို့ အမရပူရ မြို့နယ် တောင်သမန် အင်းအတွင်း ကြေးနန်းကြိုးများ ချထား၍ ငါးဖမ်းခြင်းကို လျှပ်စစ် ရှော့တိုက်သည်ဟု ဒေသခံ တံငါသည် များက အင်းသူကြီးအား စွပ်စွဲ ထားပြီး အင်းသူကြီးမှ အဆိုပါ စွပ်စွဲချက်များကို ငြင်းဆို လိုက်သည်။

ယီမင်နိုင်ငံတွင် ဗုံး ၅ လုံး ဆက်တိုက်ပေါက်ကွဲ

Photo: ယီမင်နိုင်ငံတွင် ဗုံး ၅ လုံး ဆက်တိုက်ပေါက်ကွဲ
Wednesday, December 24, 2014

ယီမင်နိုင်ငံရဲ့မြို့တော် ဆာနာက ရှီးယားမွတ်စလင် အယ်လ်ဟူသီအုပ်စုတွေ နေထိုင်ရာ ရင်ပြင်ဟောင်းမှာ ဒီဇင်ဘာ ၂၃ ရက်နေ့က ဗုံး ၅ လုံး ပေါက်ကွဲလို့ လူ ၁ ဦး သေဆုံးပြီး တချို့ ဒဏ်ရာရတယ်လို့ ယီမင် လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

ဒေသခံတဦးက “ဒီတိုက်ခိုက်မှုအတွက် ဘယ်သူကမှ တာဝန်မခံသေးပါဘူး။ မျက်မြင်သက်သေတွေကတော့ မနက်အစောပိုင်း ပေါက်ကွဲမှုဖြစ်ချိန်မှာ လမ်းပေါ်မှာ လူနည်းနည်းပဲ ရှိနေခဲ့တယ်။ ဗုံးတလုံးကို ဟူသီပြည်သူ့စစ်တယောက်က ဖြုတ်ဖို့ ကြိုးစားနေတုန်း ပေါက်ကွဲခဲ့တာပါ”လို့ ပြောပါတယ်။

ပေါက်ကွဲမှုတွေကြောင့် အိမ်အတော်များများနဲ့ တချို့ကားတွေ ပျက်စီးခဲ့ပါတယ်။ သေနတ်သမားတွေက ဆာနာမြို့ကို စက်တင်ဘာက သိမ်းပိုက်ခဲ့အပြီး ကာလကြာရှည် လာဘ်စားနေတယ်လို့ သူတို့ကမြင်တဲ့ အစိုးရကို အတင်း နုတ်ထွက်ခိုင်းခဲ့ပြီးတည်းက ဟူသီတွေဟာ ဆွန်နီမွတ်စလင် စစ်သွေးကြွ အယ်လ်ကိုင်းဒါးအုပ်စုနဲ့ မဟာမိတ်တိုင်းရင်းသားတွေကို တိုက်နေခဲ့တာပါ။

ယီမင်နိုင်ငံဟာ ၂၀၁၁ ခုနှစ် အာရပ်နွေဦးတော်လှန်ရေးအစမှာ ကာလကြာရှည်အုပ်ချုပ်ခဲ့တဲ့ သမ္မတ အလီ အဗ်ဒူလာ ဆာလေးကို ရာထူးက ဆင်းပေးဖို့ လူထုဆန္ဒပြမှုပြီးကတည်းက နိုင်ငံရေးမုန်တိုင်း ထန်ခဲ့ပါတယ်။

စက်တင်ဘာလက ဆာနာမြို့တော်ကို ဟူသီတပ်တွေက သိမ်းယူအပြီး တင်းမာမှုတွေ တိုးလာခဲ့ပါတယ်။ 

ဒီဗွီဘီ
ယီမင်နိုင်ငံရဲ့မြို့တော် ဆာနာက ရှီးယားမွတ်စလင် အယ်လ်ဟူသီအုပ်စုတွေ နေထိုင်ရာ ရင်ပြင်ဟောင်းမှာ ဒီဇင်ဘာ ၂၃ ရက်နေ့က ဗုံး ၅ လုံး ပေါက်ကွဲလို့ လူ ၁ ဦး သေဆုံးပြီး တချို့ ဒဏ်ရာရတယ်လို့ ယီမင် လုံခြုံရေး အရာရှိတွေက ပြောပါတယ်။

လက်ပံတောင်းတောင်ပဋိပက္ခနှင့်ပတ်သက်ပြီး သမ္မတရုံးနှင့် NLD တို့မှ ထုတ်ပြန်ချက်မှာ အတုအယောင်ထုတ်ပြန်ချက်များသာဖြစ်သည်ဟု တာဝန်ရှိသူများပြောကြား

လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းနယ် နိမိတ်ကြောင့် ဒေသခံများနှင့်ရဲတပ် ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပွား ရခြင်းနှင့် ပတ်သက်ပြီး သမ္မတရုံးနှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တို့မှ သဘော ထားထုတ်ပြန်သည်မှာ မဟုတ်မှန် ကြောင်း နှစ်ဖက်တာဝန်ရှိသူများက ငြင်းဆိုလိုက်သည်။

လာမည့်ဘဏ္ဍဍာနှစ် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရေးကိစ္စ အသေးစိတ်တွက်ချက် ဆောင်ရွက် လျက် ရှိကြောင်း နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးလှထွန်း ပြောကြား

Photo: လာမည့်ဘဏ္ဍဍာနှစ် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရေးကိစ္စ အသေးစိတ် တွက်ချက် ဆောင်ရွက် လျက် ရှိကြောင်း နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ဝန်ကြီးဦးလှထွန်း ပြောကြား
Wednesday, December 24, 2014

နိုင်ငံ့ ဝန်ထမ်းများလစာတိုးမြှင့်ရေးကိစ္စကို လာမည့်ဘဏ္ဍဍာရေးနှစ်မှစတင်ပြီး အကောင် အထည်ဖော်ဆောင် ရွက် ပေးနိုင်ရန် အသေးစိတ် တွက်ချက် ဆောင် ရွက် လျက်ရှိကြောင်း သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း က ယနေ့နံနက်ပိုင်းက နေပြည်တော် မြို့တော်ခန်းမ အစည်း အဝေးခန်းမတွင် နိုင်ငံ့ဝန်ထမ်းများ တွေ့ ဆုံပွဲ၌ ပြောကြား ခဲ့ သည်။

''နိုင်ငံ့ဝန်ထမ်းတွေအတွက် လ စာတိုးမြှင့်ခြင်းကိစ္စကို လာမယ့်ဘဏ္ဍဍာ ရေးနှစ်ကစပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ဖို့ အသေးစိတ်တွက် ချက် ဆောင် ရွက်နေပါ တယ်။ ဒီလို နိုင်ငံ့ဝန်ထမ်းလစာများ တိုးမြှင့်ပေး တဲ့အခါတိုင်းမှာ အခြေခံစားကုန် များအပါအဝင် ကုန်ဈေးနှုန်းများမြင့် တက်ခဲ့တာတွေ့ရပါတယ်။ နိုင်ငံ့ဝန် ထမ်း များ ဟာ ပုံမှန်ဝင်ငွေရရှိသူများ ဖြစ်ပြီး ဘဝနောင်ရေးအတွက် အငြိမ်း စားလစာကို မှီခိုအားထားနေရသူများ ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေ လစာ တိုးပေးမယ့် အသံ ထွက် လာတိုင်း ကုန်ဈေးနှုန်းက အရင်ခုန်တက်နေတာ တွေ့ရပါတယ်။ တကယ်တမ်းပြန်ကြည့် မယ်ဆိုရင် နိုင်ငံ့ဝန်ထမ်းအင်အားဟာ တစ်တိုင်းပြည်လုံး ရဲ့ နှစ်ရာ ခိုင်နှုန်း သာ ရှိပြီး ကျန် ၉၈ရာခိုင်နှုန်းက ပြည်သူ များဖြစ်တဲ့အတွက် ကုန်ဈေးနှုန်းတက် ရင်ခံစားရမယ့်သူတွေက ပြည်သူ များ ဖြစ်တဲ့ အတွက် စာနာဖို့လို ပါတယ်။ ပြည်သူကို အလုပ် အကျွေး ပြုမယ့်သူ တွေဟာ ပြည်သူအတွက် ဒုက္ခဖြစ်စေ မယ့် ကိစ္စတွေကို သတိကြီးစွာထားရှိဆောင်ရွက်ဖို့လိုမှာဖြစ်ပါတယ်''ဟု သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးက ပြောသည်။

ပြည်ထောင်စုဝန်ကြီးက ''ပုဂ္ဂလိ ကဝန်ထမ်းတွေအနေနဲ့လဲ အငြိမ်းစား လစာ မရတာကလွဲလို့ ပုံမှန်ဝင်ငွေရ ရှိသူများဖြစ်ပါတယ်။ ဝန်ထမ်းမဟုတ် တဲ့ လယ်သမား၊  အလုပ်သမား၊ ဈေး ရောင်း၊ လက်လုပ် လက်စားစတဲ့အခြေခံ လူတန်းစားအမျိုးမျိုးဟာလဲ နေ့စဉ် ရှာဖွေလုပ်ကိုင်နိုင်မှုအပေါ် မူတည်ပြီး ဝင်ငွေခြိုးခြံချွေတာသုံးစွဲနေရတဲ့အ တွက် အခြေခံစားသောက်ကုန်ဈေး နှုန်း များ မြင့်တက် လာ မှုဒဏ်ကို ခံ နိုင် ရည်ရှိရန်ကိစ္စမှာ လွန်စွာခန့်မှန်း ရခက်ပါတယ်။ ဒါကြောင့် ပုဂ္ဂလိက ကဏ္ဍဍမှာရှိတဲ့လုပ်ခလစာအခြေအနေ အပြင် ပြည်သူ လူထုတစ်ဦးချင်းရဲ့ ပျမ်းမျှဝင်ငွေဟာ ဖြစ်ပေါ် လာမယ့် အခြေအနေနဲ့ လိုက်လျောညီထွေရှိ ရန်ကိုလဲ ထည့်သွင်းစဉ်း စားဖို့လို တယ်'' ဟု ဆက်လက်ပြောသည်။

နိုင်ငံတော်အစိုး ရအနေဖြင့် နိုင်ငံ့ ဝန်ထမ်းများအတွက် ကူညီပံ့ပိုးပေးရေး ဆိုင်ရာအစီအမံများကို အကောင် ထည်ဖော်ပေးသည့်နေရာ တွင် လစာ တိုးမြှင့်ခြင်းနည်းလမ်းတစ်ခုတည်း မဟုတ်ဘဲ နောင်ရေး အထောက်အ ကူပြုနိုင်မည့်အစီအစဉ်အဖြစ် နိုင်ငံ တကာ မှာ အောင်မြင်စွာ ကျင့်သုံးနေ သည့် ပုံစံများနှင့်အတွေ့အကြုံများ အပေါ် အခြေခံပြီး ပြည်သူတို့ရဲ့အကျိုး စီးပွားကို ဘေးထွက်ဆိုး ကျိုး သက် ရောက်မှုအနည်းဆုံးဖြစ်စေမည့် ဝင် ငွေစုဆောင်းတဲ့ ရန်ပုံငွေစနစ်တစ်ခု ကိုထူထောင်သွားမှာဖြစ်ကြောင်း၊ ယင်း  ရန်ပုံငွေ စနစ် သည် မြန်မာနိုင်ငံဆိုင် ရာလူတစ်ဦးချင်း ဝင်ငွေစု ဆောင်း တဲ့ စနစ် (Myanmar Provident Fund) ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစား ယူချိန်တွင် ကိုယ်ပိုင်အိမ်ရာဖြင့် နေနိုင်ရေးကို ဦးတည်အကောင် အထည်ဖော်ဆောင်ရွက်ပေးရန် စီစဉ် လျက် ရှိကြောင်း၊ အကျိုးဆက်အနေ ဖြင့် ဝန်ထမ်းများသည် နိုင်ငံတော်ရဲ့ ထောက်ပံ့မှုကို ပြည့်ဝစွာခံစားနိုင်မှာ ဖြစ်ပြီး ယင်းစုဆောင်းငွေနှင့်ပင် နေ ရေး အတွက် ပူပင်စရာမလိုဘဲ ရင် သွေးငယ်များ အတွက် ပညာရေး၊ ကျန်းမာရေးစတဲ့ကိစ္စရပ်များအတွက် စိတ်ချမ်းမြေ့ဖွယ် လူမှုပတ်ဝန်းကျင် တစ်ခုကို ဖန်တီးဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ထပ်မံပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းများလစာနှင့်ပတ် သက်၍ ယခုအစိုးရသစ်လက်ထက် တွင် ၂၀၁၁ ခုနှစ် ဇူလိုင် ၁ရက်နေ့ မှာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများတိုးမြှင့်ခြင်း၊ ၂၀၁၂ ခုနှစ် ဧပြီ ၁ရက်မှာ နိုင်ငံ့ဝန်ထမ်း များအား အပိုထောက်ပံ့ကြေးခွင့်ပြု ခြင်း၊ ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်နှင့် ၂၀၁၄ ခုနှစ် ဧပြီ ၁ရက်တို့တွင် နိုင်ငံ့ဝန်ထမ်း များ၏ လစာနှုန်းထားများကို ပြင် ဆင်တိုး မြှင့် သတ်မှတ်ပေးခဲ့သည်။

ယင်းအခမ်းအနားတွင် သမ္မတ ရုံးဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းမိန့်ခွန်းပြောကြားခြင်းနှင့် ဘဏ္ဍဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း၊ ပညာ ရေးဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးသန့် ရှင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါက်တာဒေါ်သိန်းသိန်းဌေး၊ အလုပ်သမားအလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း တို့က သက်ဆိုင်ရာ ကဏ္ဍဍအလိုက် ရှင်းလင်းပြောကြားကြ ပြီး နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်း ၇၀ဝ ကျော် တက်ရောက်ခဲ့ကြသည်။

MO
Democracytoday

နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးလှထွန်း
နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးလှထွန်း
နိုင်ငံ့ဝန်ထမ်းများလစာတိုးမြှင့်ရေးကိစ္စကို လာမည့်ဘဏ္ဍဍာရေးနှစ်မှစတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် အသေးစိတ်တွက်ချက် ဆောင်ရွက်လျက်ရှိကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း က ယနေ့နံနက်ပိုင်းက နေပြည်တော် မြို့တော်ခန်းမ အစည်း အဝေးခန်းမ တွင် နိုင်ငံ့ဝန်ထမ်းများ တွေ့ ဆုံပွဲ၌ ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအား အကြည်အညိုပျက်အောင်လုပ်သည်ဟု စွပ်စွဲချက်ဖြင့် အမျိုးသားရေးနိုင်နိုင် ဖမ်းဆီးခံရ

Photo: ရခိုင်ပြည်နယ်အစိုးရအား အကြည်အညိုပျက်အောင်လုပ်သည်ဟု စွပ်စွဲချက်ဖြင့် အမျိုးသားရေးနိုင်နိုင် ဖမ်းဆီးခံရ
Wednesday, December 24, 2014

ရခိုင်ပြည်နယ် အရေးကို တက်ကြွစွာ လှုပ်ရှားနေသူ တစ်ဦးဖြစ်သည့် အမျိုးသားရေးနိုင်နိုင်အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို အများပြည်သူ အကြည်ညိုပျက်စေအောင် ပြုလုပ်သည်ဟု စွပ်စွဲကာ အာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

သူ့အား ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၇ နာရီ ၀န်းကျင်က ရဲတပ်ဖွဲ့မှ စစ်ဆေးစရာရှိသည်ဟု ဆိုကာ ခေါ်ယူသွားခဲ့သည်ဟု သိရသည်။

စစ်တွေ အမှတ် (၁) ရဲစခန်းသို့ ဆက်သွယ်ရာ အများပြည်သူကို အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း မြို့မရဲစခန်း ရဲအုပ် ဦးအောင်မြင့်ဦးက နိရဉ္စရာသတင်းဌာသို့ အတည်ပြုပြောကြားသည်။

“ကိုနိုင်နိုင်အဖမ်းခံတာမှန်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို အများပြည်သူ အကြည်အညို ပျက်စေအောင် လုပ်မှု ၅၀၅ (ခ) နဲ့ဖမ်းတာပါ။ ပြည်နယ်ပညာရေးမှူး ကျောင်းရှေ့၊ ကျောင်းနံရံတွေမှာ ပြည်နယ်အစိုးရအဖွဲ့ကို အရေးယူဖို့ ဖြန့်စာတွေ လိုက်ကပ်ပါတယ်။ ဒါကို ပြည်နယ်ပညာရေးမှူးက တိုင်ကြားလို့ ဖမ်းတာပါ။ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဖမ်းတာပါ။ ကျွန်တော် အပြင်တစ်နေရာ ရောက်နေတော့ အချိန်အတိအကျကို မပြောနိုင်ပါဘူး”ဟု ရဲအုပ် ဦးအောင်မြင့်ဦးက ပြောသည်။

အမျိုးသားရေး နိုင်နိုင်အား ဒီဇင်ဘာလ ၂၃ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အာမခံ မပေးဘဲ ရခိုင်ပြည်နယ် အစိုးရအား အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တရားစွဲတင်ခဲ့သည်ဟု အမျိုးသမီး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်ကျော့စိန်က ပြောကြားသည်။

အမျိုးသားရေးနိုင်နိုင်သည် ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် အတိုက်အခံ ဘ၀ဖြင့် နှစ်ပေါင်းများ စွာ ရည်တည်လူပ်ရှားနေခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဘင်္ဂလားဒေ့ခ်ျ-မြန်မာ နယ်စပ်မှ တဆင့် ရခိုင်ပြည်နယ်ထဲသို့ ပြန်လည် ၀င်ရောက်လာခဲ့သည်။

ကိုနိုင်နိုင်သည် ရခိုင်အမျိုးသားရေးကို တက်တက်ကြွကြွ လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး အရက် တိုက်ဖျက်ရေးနှင့် ရခိုင်အမျိုးသားရေးလုပ်ငန်းများကို တစ်ကိုယ်တော် လုပ်ဆောင် နေသူတစ်ယောက် ဖြစ်ကြောင်းသိရသည်။

ကိုနိုင်နိုင်အဖမ်းမခံရသည်မှာ ဒီဇင်ဘာလ ၁၈ ရက် နေ့စွဲ ဖြင့် ထုတ်ပြန်သော ကျေညာချက် တစ်စောင်ကြောင့် ဖြစ်ကြောင်း ဒေါ်ကျော့စိန်က ပြောသည်။

ယင်းစာတွင် “ ရခိုင်ပြည်နယ် စစ်တွေမြို့သည် တစ်ချိန်က ပညာရေးတွင် အလွန်တရာမှ အောင်ချက် ကောင်းသော မြို့တစ်မြို့ဖြစ်ခဲ့ပြီး၊ ယခုအချိန်အခါ ပညာရေးမှာ အလွန်တရာ ကျဆင်းနေသည့် အချိန် ဖြစ်သဖြင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း အနေဖြင့် ပွဲတော်များတွင် အလွန်တရာ ပင်ပန်း၊ အလွန်တရာကျောင်းပျက် ခံကာ စာမသင်ရပဲ အကများဖြင့် ဖြေဖျော်နေရသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှ ကျောင်းသား ကျောင်းသူများ ပညာမတတ်၊ စာမတတ်ဖြစ်အောင် လုပ်ဆောင်နေသည်နှင့် တူသည့်အတွက် နောက်နောင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပွဲတော်များနှင့် တခြားပွဲတော်များတွင် ကျောင်းသူကျောင်းသားများကို အသုံချပြီး ကပွဲများမပြုလုပ်ပါရန် ကျွန်တော်ကျောင်းဆရာတစ်ဦးအနေဖြင့် စာရေးအကြောင်းကြား တောင်းဆိုပါသည်”ဟု ပါရှိသည်ဟု သိရသည်။

ယင်းစာကို ၀န်ကြီးချုပ်ထံသို့တိုက်ရိုက်ပေးပို့သည့်အပြင် စစ်တွေမြို့ နေရာအနှံ့အပြားတွင် လိုက်လံ ဖြန့်ဝေခဲ့မှုသည့် အပြင် ပြည်နယ်ပညာရေးမှူးရုံး ကျောင်းဝင်း နံရံများတွင် စတေကာ ကပ်မှုများ ပြုလုပ်ခဲ့သဖြင့် တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း သိရသည်။

 နိရဉ္စရာ
ရခိုင်ပြည်နယ် အရေးကို တက်ကြွစွာ လှုပ်ရှားနေသူ တစ်ဦးဖြစ်သည့် အမျိုးသားရေးနိုင်နိုင်အား ရခိုင်ပြည် နယ် အစိုးရအဖွဲ့ကို အများပြည်သူ အကြည်ညိုပျက်စေအောင် ပြုလုပ်သည်ဟု စွပ်စွဲကာ အာဏာပိုင် များက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

တစ်လအတွင်း ကြည့်ရှုသူဦးရေ (၂၁)သန်းထိ ဖြစ်သွားခဲ့တဲ့ GD နဲ့ Taeyang ရဲ့ Good Boy မြူးဇစ်ဗီဒီယို

Kpop ရဲ့ လွှမ်းမိုးမှုကို တစ်ကမ္ဘာလုံးခံနေရတယ်လို့ဆိုရင် ပြန်ငြင်းဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ ခု လည်း G Dragon နဲ့ Taeyang တို့ရဲ့ Good Boy မြူးဇစ်ဗီဒီယိုဟာ တစ်လအတွင်းမှာ ကြည့်ရှုသူ ၂၄သန်း ရှိသွားခဲ့ပါပြီ။ နိုဝင်ဘာ ၂၁ရက်ကမှ Youtube ပေါ်ရောက်ခဲ့တဲ့ ဒီသီချင်းဟာ တစ်လအတွင်းမှာ လူကြည့် များသွားခဲ့တာပါ။

တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ကို လာမည့်ပြည်ထောင်စုနေ့ မတိုင်မီ လက်မှတ်ရေး ထိုးနိုင်ရန် ကြိုးစားနေဟု နှစ်ဖက်တာဝန်ရှိသူများဆို

Photo: တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ကို လာမည့်ပြည်ထောင်စုနေ့ မတိုင်မီ လက်မှတ်ရေး ထိုးနိုင်ရန် ကြိုးစားနေဟု နှစ်ဖက်တာဝန်ရှိသူများဆို
Wednesday, December 24, 2014

ရန်ကုန်၊ ဒီဇင်ဘာ ၂၃-တစ်နိုင်ငံ လုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာ ချုပ်(NCA)ကို လာမည့် ဖေဖော်ဝါရီ ၁၂ရက် (ပြည်ထောင်စုနေ့) မတိုင်မီ လက်မှတ်ရေးထိုးနိုင် ရန်ကြိုးစားနေ ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့နှင့် တစ် နိုင်ငံလုံးအဆင့်အပစ်အခတ်ရပ်စဲ ရေးညှိနှိုင်းရေးအဖွဲ့တာဝန်ရှိသူများ က ပြောကြားလိုက်သည်။

ဒီဇင်ဘာ ၂၃ ရက်က မြန်မာ နိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင် ရေး လုပ်ငန်းဗဟို ဌာန(MPC)တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးသဘောတူညီချက် စာချုပ်ရေးထိုးနိုင်ရေးတွေ့ဆုံဆွေးနွေး မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အပြီးတွင် မီဒီယာများ ကို နှစ်ဖက် အဖွဲ့အစည်းတာဝန်ရှိသူများက ပြော ကြားကြခြင်း ဖြစ်သည်။

''ပြည်ထောင်စုနေ့ စတင်ပေါက် ဖွားလာတဲ့ ဖေဖော်ဝါရီ ၁၂ မှာ ကျွန်တော်တို့ လက်မှတ် ထိုးနိုင်မယ် ဆိုရင် ကျွန်တော်တို့တိုင်းပြည်အနာ ဂတ်အတွက် ဂုဏ်ရှိတဲ့၊ မွန်မြတ်တဲ့ နေ့ရက်တစ်ရက်ဖြစ်မယ်လို့ မျှော် လင့်တယ်။ ဒီအတွက်ကြိုးစားနေကြ ပါတယ်''ဟု တစ်နိုင်ငံလုံး အဆင့် အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)ဒုတိယ အဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက ပြောကြား ခဲ့သည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ တွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ရည်မှန်းချက်ထားပြီး ကြိုးစားနေသ လို ထိုသို့လက်မှတ်ရေးထိုးနိုင်ပါက လည်း စာချုပ်ပါစည်းကမ်းချက်များ အတိုင်း လက်မှတ်ထိုးပြီး ရက်ပေါင်း ခြောက်ဆယ်အတွင်း နိုင်ငံရေး ဆွေး နွေးပွဲ မူဘောင် အစည်းအဝေး ရက် ပေါင်း ကိုးဆယ်အတွင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေး ပွဲများကို ပြုလုပ် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေး လုပ် ငန်းဗဟိုဌာန(M PC) အကြီးတန်း အကြံပေး ဦးလှမောင်ရွှေ က ပြော ကြားခဲ့သည်။

''လက်တွေ့ဘဝမှာ မမျှော်လင့် တဲ့အခက်အခဲတွေမရှိ ဘူးဆိုရင် ဒါက ဖြစ်နိုင်ပါ တယ်''ဟု ယင်းကဆိုသည်။ သို့ဖြစ်ရာ နှစ် ဖက် ယုံကြည် မှု တည်ဆောက်ပြီးNCA စာချုပ်အ ပေါ်ဆွေးနွေးညှိနှိုင်းနေစဉ်ကာလအ တွင်း မလိုလားအပ်သော ကိစ္စရပ်များ ထပ်မံမပေါ်ပေါက်စေရေးပူးတွဲ ဖြေ ရှင်းဆောင်ရွက် သွားကြရန်ကို လည်း နှစ်ဖက် သဘောတူညီကြောင်း ဒီဇင် ဘာ ၂၃ ရက်အစည်းအဝေးအပြီး တွင် သတင်း ထုတ်ပြန်ခဲ့ကြ သည်။

အဆိုပါသတင်းထုတ်ပြန်ချက် တွင် သတ္တမအကြိမ်မြောက်ပြုလုပ် မည့် NCA ရေးထိုး နိုင်ရေးဆွေးနွေး ပွဲကို လာမည့်ဇန်နဝါရီလ လယ်ပိုင်းတွင် ပြန်လည်တွေ့ဆုံ မည်ဆို သည့် အ ချက်အပါအဝင် အချက်ငါးချက် ပါ ဝင်သည်။

''အပစ်အခတ်ရပ်စဲရေးမြန်မြန် လုပ်နိုင်လေ နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲကို မြန်မြန် လုပ်နိုင်တာပေါ့''ဟု ပဒိုစော ကွယ်ထူးဝင်း က ပြောကြားသည်။

ပြည်သူလူထု တစ်ရပ်လုံး မျှော် လင့်စောင့်စားနေကြသည့် ငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်ကို တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာသဘောတူညီချက် ရယူရေးလုပ်ငန်း၊ နိုင်ငံရေးဆွေးနွေး ပွဲဆိုင်ရာမူဘောင်ရေးဆွဲရေး လုပ် ငန်း၊ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်း လုပ်ငန်းများမှတစ်ဆင့် အမြန်ဆုံး အောင်မြင်ပြီးမြောက်အောင် ဆောင် ရွက်ကြ မည်ဖြစ်ကြောင်း နှစ်ဖက် သ ဘောတူ သည်ဆို သည့် အချက်ကို လည်း ယင်းထုတ်ပြန်ချက်တွင်တွေ့ ရသည်။

NTDW
Democracytoday
တစ်နိုင်ငံ လုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာ ချုပ်(NCA)ကို လာမည့် ဖေဖော်ဝါရီ ၁၂ရက် (ပြည်ထောင်စု နေ့) မတိုင်မီ လက်မှတ်ရေးထိုးနိုင် ရန်ကြိုးစားနေကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့နှင့် တစ်နိုင်ငံလုံးအဆင့်အပစ်အခတ်ရပ်စဲ ရေးညှိနှိုင်းရေးအဖွဲ့တာဝန်ရှိသူများ က ပြောကြား လိုက်သည်။

လက်ပံတောင်းပဋိပက္ခတွင် ဒေသခံအမျိုးသမီး ဦးခေါင်းဒဏ်ရာ အား သေနတ် ကျည်ဆန်ဒဏ်ရာဟု တိုင်းရဲမှူး အတည် မပြုနိုင်ကြောင်းပြောဆို

Photo: လက်ပံတောင်းပဋိပက္ခတွင် ဒေသခံအမျိုးသမီး ဦးခေါင်းဒဏ်ရာ အား သေနတ် ကျည်ဆန်ဒဏ်ရာဟု တိုင်းရဲမှူး အတည် မပြုနိုင်ကြောင်းပြော ဆို
Wednesday, December 24, 2014

လက်ပံ တောင်းတောင် ပဋိပက္ခတွင် ဒေသခံ မိုးကြိုးပြင်ရွာမှ မခင်ဝင်း၏ နဖူး တည့်တည့်ရှိ သေနတ်ဒဏ်ရာအား အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ပစ်လိုက်သော သေနတ်ကျည်ဆန် ဒဏ်ရာဟု အတည်ပြုပြောဆိုနိုင် ခြင်း မရှိသေးကြောင်း စစ်ကိုင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးဦးနေ ထွန်းက ပြောသည်။

''ဆေးရုံမှာ အလောင်းကို PM လုပ်ကြည့်ချင်တယ်။ အလောင်း မမြင်ရဘဲ၊ မသိဘဲနဲ့ မပြောနိုင်ဘူး။သိဖို့လိုတယ်။ ရဲတပ်ဖွဲ့ကပစ်ခတ်မှု ကြောင့် ဟုတ်မဟုတ်ဒဏ်ရာအပေါ် မူတည်တယ်။ ဒီဒဏ်ရာနဲ့သေဆုံး မှုကို ကျွမ်းကျင်တဲ့သူနဲ့စစ်မှသိမယ်'' ဟု တိုင်းရဲမှူးက ပြောသည်။

ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်း က လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းခြံစည်းရိုးခတ်မှုကို တားမြစ် ရာမှ လုံခြုံရေးရဲတပ်ဖွဲ့နှင့် ဒေသခံ များအကြား ထိပ်တိုက်တွေ့ဆုံမှုမှ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သော်လည်း အမျိုးသမီးတစ်ဦး၏ ဦးခေါင်းသေ နတ်ထိမှန်သေဆုံးမှုမှာ ပထမဆုံး ဖြစ်စဉ်ဖြစ်သည်။

သေဆုံးသူ မခင်ဝင်း၏ မောင် ဖြစ်သူ ဦးသောင်းဌေးမှ ''အစ်ကို တစ်ဝမ်းကွဲကိုမှိုင်းက ဘယ်ဘက် ပေါင်ကို ကျည်မှန်တာ၊ အမလေး ဆိုပြီးအသံကြားလို့ နောက်ပြန်ကြည့် လိုက်တော့ အစ်မကလဲ တုံးလုံး လဲနေတာတွေ့တယ်၊ ရဲတွေက တက် လာသေးတယ် လူသေမှန်းသိမှပြန် ဆုတ်သွားတာ''ဟု မိုးကြိုးပြင်အလယ် ရွာရှိ မခင်ဝင်းနာရေးတွင် မီဒီယာ များသို့ ပြောသည်။

သေနတ်ဒဏ်ရာဖြင့် ဦးခေါင်း ပွင့်၍ ဦးနှောက်များထွက်၍ သေ ဆုံးခဲ့သူ မခင်ဝင်း၏ အသုဘအခမ်း အနားပြုလုပ်မည့်ရက်အား အတိ အကျမသိသေးဘဲ ၈၈ မျိုးဆက်အဖွဲ့ နှင့်လိုက်ပါလာသော ဆရာဝန်များ လာကြည့်မည်ဖြစ်ကြောင်း၊ အစိုးရ ဘက်မှလည်း အလောင်းအား လာ ရောက်တောင်းခံထားခြင်း မရှိသေး ကြောင်း သိရသည်။

KTS
Democracytoday
လက်ပံတောင်းတောင်ပဋိပက္ခတွင် ဒေသခံ မိုးကြိုးပြင်ရွာမှ မခင်ဝင်း၏ နဖူး တည့်တည့်ရှိ သေနတ်ဒဏ်ရာ အား အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ပစ်လိုက်သော သေနတ်ကျည်ဆန် ဒဏ်ရာဟု အတည်ပြုပြော ဆိုနိုင် ခြင်း မရှိသေးကြောင်း စစ်ကိုင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးဦးနေထွန်းက ပြောသည်။

လက်ပံတောင်း အကြမ်းဖက်ဖြိုခွင်းခံရမှု ၈၈ မျိုးဆက် ကန့်ကွက်ရှုတ်ချ

Photo: လက်ပံတောင်း အကြမ်းဖက်ဖြိုခွင်းခံရမှု ၈၈ မျိုးဆက် ကန့်ကွက်ရှုတ်ချ
Wednesday, December 24, 2014

လက်ပံတောင်းတောင် ဒေသခံတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းလို့ ဒေါ်ခင်ဝင်း သေဆုံးပြီး ရွာသားတွေ ဒဏ်ရာရတယ်ဆိုတဲ့သတင်းကြောင့် တုန်လှုပ်ဝမ်းနည်းရတဲ့ အကြောင်းနဲ့  ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

အရင်ကလည်း ဒီ စီမံကိန်းကို ကန့်ကွက်တဲ့ ရွာသားတွေ ဖမ်းဆီးခံရ၊ ရဲတပ်ဖွဲ့က ရွာသားတွေနဲ့ ရဟန်းသံဃာတော်တွေကို  မီးလောင်ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့ပြီး အခုအခါမှာ အသက်ဆုံးရှုံးတဲ့ ဖြစ်လာတာဟာ ဆိုးရွားလွန်းတဲ့ အခြေအနေကို ဖြစ်တယ်လို့ ကြေညာချက်က  ဆိုပါတယ်။

စစ်အစိုးရလက်ထက်က စပြီး အကောင်အထည် ဆောင်ရွက်နေတဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ စီမံကိန်းကြောင့် ဒေသခံတွေဟာ ဘိုးဘွားစဉ်ဆက်ပိုင် မြေယာတွေ လက်လွှတ်ဆုံးရှုံးပြီး ဘ၀နေထိုင်မှု ပုံစံတွေ ပျက်ယွင်းနိမ့်ကျခဲ့ရတယ်။

အစိုးရတရပ်ဟာ နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်နဲ့ ဘ၀လုံခြုံမှု၊ အသက်မွေးဝမ်းကြောင်းမှုကို အကာအကွယ်ပေးဖို့ တာဝန်တယ်လို့ ဖော်ပြထားပါတယ်။ လက်ပံတောင်းတောင်အရေးအခင်းမှာ ရဲတပ်ဖွဲ့က အင်အား အလွန်အကျွံသုံးတဲ့လုပ်ရပ်ကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကလည်း အပြစ်တင်ရှုတ်ချလိုက်ပြီး ဒေါ်ခင်ဝင်း သေဆုံးမှုကို စုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒီဗွီဘီကို တရားဝင်ပေးပို့ထားတဲ့ ၀မ်ပေါင်ရဲ့ ကြေညာချက်မှာ ဒီအဖြစ်အပျက်အတွက် အလွန်အမင်း ၀မ်းနည်းရတဲ့အကြောင်းနဲ့ ရဲအဖွဲ့က ဒီလို ကိုင်တွယ်မယ်ဆိုတာကို ၀မ်းပေါင်က ကြိုတင်မသိခဲ့ရသလို၊ အကြမ်းဖက်နည်းလမ်းတွေကိုသုံးပေးဖို့ ရဲအဖွဲ့ကို တောင်းဆိုခဲ့တာ မရှိဘူးလို့ ဖော်ပြထားပါတယ်။

အစိုးရဘက်ကတော့ ခြံစည်းရိုးတိုင်စိုက်တာကို ရွာသားတွေ တားဆီးနှောင့်ယှက်တဲ့ အတွက် အဓိကရုဏ်းနှိမ်နင်းရေး ၁၂ ဗို့သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဖြေရှင်းထားပါတယ်။ မျက်မြင်တွေက သေနတ်ကျည်ဆံဟာ ဒေါ်ခင်ဝင်းရဲ့ နဖူးကို ဖောက်ပြီး နောက်စေ့ပွင့်ထွက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်ခင်ဝင်း သေနတ်ဒဏ်ရာ ထိမှန်သေဆုံးမှုနဲ့ပတ်သက်လို့ သေမှုသေခင်း ဖွင့်တာကို ရဲက တိုင်ကြားချက်ကို မနေ့ ညဦးပိုင်းမှာ ရဲက လက်ခံလိုက်ပြီး အလောင်းကို ဆေးရုံကို သယ်ဆောင် စစ်ဆေးမှာဖြစ်ပါတယ်။

ဒီဗွီဘီ
လက်ပံတောင်းတောင် ဒေသခံတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းလို့ ဒေါ်ခင်ဝင်း သေဆုံးပြီး ရွာသား တွေ ဒဏ်ရာရတယ်ဆိုတဲ့သတင်းကြောင့် တုန်လှုပ်ဝမ်းနည်းရတဲ့ အကြောင်းနဲ့  ဒါဟာလူ့အခွင့်အရေး ချိုး ဖောက်မှုဖြစ်တယ်လို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)က ကန့်ကွက်ရှုတ်ချလိုက် ပါတယ်။

ယာဉ်တင် သွင်းမှုပါမစ် လျှောက်ထားရက် တိုးမြှင့်ရန် တောင်းဆို ပါမစ်မကပ် ရသေးသော ဆိပ်ကမ်းရောက်ပြီး ကားများ အသိမ်းခံ ရဖွယ်ရှိနေ

Photo: လက်ပံတောင်းတောင်စီမံကိန်း ရပ်ဆိုင်းပေးရန် တရုတ်သံရုံးရှေ့ ဆန္ဒထုတ်ဖော်
Wednesday, December 24, 2014

တရုတ်နိုင်ငံပိုင် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ လုပ်ကိုင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းပေးရန် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေက ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်းရှိ တရုတ်နိုင်ငံ သံရုံးရှေ့တွင် တက်ကြွလှုပ်ရှားသူများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒဂုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆန္ဒပြသူ ၁၂ ဦး ပါဝင်သော ယင်းအဖွဲ့သည် လက်ပံတောင်းတောင် စီမံကိန်း ရုပ်သိမ်းရေးတို့အရေး၊ သခင်မျိုးဟေ့ တို့ဗမာ၊ ဒီအာဏာရှင် တရုတ်တွေနဲ့ ပေါင်းလုပ်ရင် ဘာနိုင်ငံဖြစ်မလဲ စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုအတွက် တရားဝင်ခွင့်ပြုမိန့် တင်ထားခြင်း မရှိကြောင်း၊ သို့သော်လည်း အရေးယူ ဆောင်ရွက်ရန် ရှိ မရှိကိုမူ ညှိနှိုင်း ဆောင်ရွက်နေဆဲ ဖြစ်သဖြင့် မပြောနိုင်ကြောင်း ဒဂုံမြို့မရဲစခန်းက ထုတ်ပြန်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုး နယ်နိမိတ် အနီးတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့က ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများက မြေကော်စက်၊ ဘက်ဖိုးများဖြင့် လုပ်ငန်း ဆောင်ရွက်နေချိန်တွင် စီမံကိန်း နယ်မြေအတွင်းရှိ လိပ်ခွံတောင် အနီးတွင် ဒေသခံများနှင့် ရဲတပ်ဖွဲ့များ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုအတွင်း မိုးကြိုးပြင်ရွာမှ အသက် ၅၆ နှစ်အရွယ် တောင်သူ ဒေါ်ခင်ဝင်း ဦးခေါင်းကို သေနတ်ထိမှန်ကာ သေဆုံးခဲ့ပြီး ကိုးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

မုံရွာမြို့ အနောက်ဘက်ကမ်း လက်ပံတောင်း ကြေးနီ စီမံကိန်းဒေသရှိ ဒေသခံ ဆန္ဒပြသူများကို နှိမ်နင်းမှုတွင် မြန်မာရဲတပ်ဖွဲ့၏ နှိမ်နင်းပုံသည် ဥပဒေနှင့် မညီကြောင်း၊ ဆက်လက်ဖြစ်ပွားလာမည့် အခြေအနေများကို အမေရိကန် ပြည်ထောင်စု အနေနှင့် စိုးရိမ်မိကြောင်း၊ မြန်မာအစိုးရ အနေနှင့် စုံစမ်းစစ်ဆေးပေးရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။

မြန်မာအစိုးရပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းရပ်တန့်ရေး ဆန္ဒပြသည့် ဒေသခံများနှင့် သံဃာတော်များကို ၂၀၁၂ ခုနှစ် အောက်တိုဘာလကလည်း မီးလောင်ဗုံးဖြင့် အင်အားသုံး ဖြိုခွဲခဲ့ဖူးပြီး ဦးဆောင် သံဃာတော်များနှင့် ပြည်သူအချို့ ဒဏ်ရာ အပြင်းအထန် ရခဲ့သည်။

The Voice Weekly
တင်သွင်းမော်တော်ယာဉ်များထားရှိသော သီလ၀ါဆိပ်ကမ်းအတွင်းမြင်ကွင်းကို တွေ့ရစဉ်။ ရန်ကုန် ဆိပ်ကမ်း ရောက်ရှိပြီး ဒီဇင်ဘာ ၃၁ ရက်အထိ တင်သွင်းခွင့် ပါမစ်မပြနိုင်သောကားများကို နိုင်ငံပိုင် အဖြစ် သိမ်းယူမည်ဟု ထုတ်ပြန်ထားသည်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည) 
ယခု ၂၀၁၄ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်လျှောက် လွှာများကို ဒီဇင်ဘာ ၂၄ရက် နောက် ဆုံးထားလျှောက်ထား ရန်သတ်မှတ် ထားခြင်းကို ရက်တိုးမြှင့်ပေးရေး တင်ပြထား သော်လည်း အကျိုးသက် ရောက်မှုမ ရှိသဖြင့် အခက် အခဲများစွာ ရှိနေသည် ဟုမြန်မာနိုင်ငံမော် တော်ယာဉ် ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူး ရောင်းချသူများအသင်း တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

ငါးပိ၊ ငါးခြောက် ပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းကြောင်း ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အာမခံ ပေးမည်

ဈေးကွက် အတွင်း ရောင်းချလျက် ရှိသော ငါးပိ၊ ငါးခြောက်၊ ငံပြာရည်များ ထုတ်လုပ်မှုကို စနစ်တကျ ပြန်လည် စစ်ဆေး မွမ်းမံ၍ ဘေးအန္တရာယ် ကင်းရှင်းကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အာမခံပေး သွားမည် ဖြစ်ကြောင်း ယင်း အဖွဲ့ချုပ် ထံမှ သိရ သည်။ ယင်းကဲ့သို့ တာဝန်ယူ အာမခံ ပေးရာတွင် ပထမအဆင့် အနေဖြင့် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ ညီနောင်အသင်းဝင် ဖြစ်သော ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ် ရောင်းဝယ် သူများ အသင်းဝင် လုပ်ငန်းစု များကို စတင် တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ပြီး အသင်းဝင် မဟုတ်သည့် လုပ်ငန်းစုများ ကိုမူ ဒုတိယ အဆင့် အနေဖြင့် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ပံတောင်းတောင်စီမံကိန်း ရပ်ဆိုင်းပေးရန် တရုတ်သံရုံးရှေ့ ဆန္ဒထုတ်ဖော်

Photo: လက်ပံတောင်းတောင်စီမံကိန်း ရပ်ဆိုင်းပေးရန် တရုတ်သံရုံးရှေ့ ဆန္ဒထုတ်ဖော်
Wednesday, December 24, 2014

တရုတ်နိုင်ငံပိုင် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ လုပ်ကိုင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းပေးရန် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေက ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်းရှိ တရုတ်နိုင်ငံ သံရုံးရှေ့တွင် တက်ကြွလှုပ်ရှားသူများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒဂုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆန္ဒပြသူ ၁၂ ဦး ပါဝင်သော ယင်းအဖွဲ့သည် လက်ပံတောင်းတောင် စီမံကိန်း ရုပ်သိမ်းရေးတို့အရေး၊ သခင်မျိုးဟေ့ တို့ဗမာ၊ ဒီအာဏာရှင် တရုတ်တွေနဲ့ ပေါင်းလုပ်ရင် ဘာနိုင်ငံဖြစ်မလဲ စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုအတွက် တရားဝင်ခွင့်ပြုမိန့် တင်ထားခြင်း မရှိကြောင်း၊ သို့သော်လည်း အရေးယူ ဆောင်ရွက်ရန် ရှိ မရှိကိုမူ ညှိနှိုင်း ဆောင်ရွက်နေဆဲ ဖြစ်သဖြင့် မပြောနိုင်ကြောင်း ဒဂုံမြို့မရဲစခန်းက ထုတ်ပြန်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုး နယ်နိမိတ် အနီးတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့က ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများက မြေကော်စက်၊ ဘက်ဖိုးများဖြင့် လုပ်ငန်း ဆောင်ရွက်နေချိန်တွင် စီမံကိန်း နယ်မြေအတွင်းရှိ လိပ်ခွံတောင် အနီးတွင် ဒေသခံများနှင့် ရဲတပ်ဖွဲ့များ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုအတွင်း မိုးကြိုးပြင်ရွာမှ အသက် ၅၆ နှစ်အရွယ် တောင်သူ ဒေါ်ခင်ဝင်း ဦးခေါင်းကို သေနတ်ထိမှန်ကာ သေဆုံးခဲ့ပြီး ကိုးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

မုံရွာမြို့ အနောက်ဘက်ကမ်း လက်ပံတောင်း ကြေးနီ စီမံကိန်းဒေသရှိ ဒေသခံ ဆန္ဒပြသူများကို နှိမ်နင်းမှုတွင် မြန်မာရဲတပ်ဖွဲ့၏ နှိမ်နင်းပုံသည် ဥပဒေနှင့် မညီကြောင်း၊ ဆက်လက်ဖြစ်ပွားလာမည့် အခြေအနေများကို အမေရိကန် ပြည်ထောင်စု အနေနှင့် စိုးရိမ်မိကြောင်း၊ မြန်မာအစိုးရ အနေနှင့် စုံစမ်းစစ်ဆေးပေးရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။

မြန်မာအစိုးရပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းရပ်တန့်ရေး ဆန္ဒပြသည့် ဒေသခံများနှင့် သံဃာတော်များကို ၂၀၁၂ ခုနှစ် အောက်တိုဘာလကလည်း မီးလောင်ဗုံးဖြင့် အင်အားသုံး ဖြိုခွဲခဲ့ဖူးပြီး ဦးဆောင် သံဃာတော်များနှင့် ပြည်သူအချို့ ဒဏ်ရာ အပြင်းအထန် ရခဲ့သည်။

The Voice Weekly
တရုတ်နိုင်ငံပိုင် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ လုပ်ကိုင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်း ပေးရန် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေက ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်းရှိ တရုတ်နိုင်ငံ သံရုံးရှေ့ တွင် တက်ကြွလှုပ်ရှားသူများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒဂုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

လာမည့်နှစ်တွင် လျှပ်စစ် ဓာတ်အား (၅၀) ရာခိုင်နှုန်း ရရှိအောင် ဆောင်ရွက်မည်

၂၀၁၅  ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ် ဓာတ်အား (၅၀) ရာခိုင်နှုန်းအထိ တိုးမြှင့် သုံးစွဲ နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ သတင်း ရရှိသည်။ လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ် ဓာတ်အား (၃၀) ရာခိုင်နှုန်းသာ အသုံးပြု နိုင်သေးသည်။

လက်ပံတောင်းတောင် အကြမ်းဖက်မှုသည် ၂၀၁၅ အတွက် သတိထားစရာဟု ရွှေည၀ါ ဆရာတော် မိန့်ကြား

Photo: လက်ပံတောင်းတောင် အကြမ်းဖက်မှုသည် ၂၀၁၅ အတွက် သတိထားစရာဟု ရွှေည၀ါ ဆရာတော် မိန့်ကြား 
Wednesday, December 24, 2014

ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လက်ပံတောင်း ပဋိပက္ခနှင့် ပစ်ခတ်မှု များသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် သတိထား စရာ ပြယုဂ် တစ်ခု ဖြစ်ကြောင်း ရွှေည၀ါ ဆရာတော်က မိန့်ကြားခဲ့သည်။  ရွှေည၀ါ ဆရာတော်ကြီးသည် မန္တလေးမြို့သို့ တရားပွဲ ကြွရောက်ရင်း လက်ပံ တောင်း တောင်ဒေသ အကြမ်းဖက်မှု များကို ကြားသိရ၍ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ဒေသခံ များထံ သွားရောက် အားပေးစဉ် ယခု ကဲ့သို့ မိန့်ကြား ခဲ့ခြင်း ဖြစ်သည်။ အကြမ်းဖက် တာတော့ မကောင်းဘူး ပေါ့။ ဒီမိုကရေစီ အစိုးရဆိုရင် ပြည်သူ တွေကို ဒီလောက် လုပ်ဖို့ အမိန့်ပေးစရာ မလိုပါဘူး။ အဖြေ က ရှင်းနေပါတယ်။ ပြည်သူတွေ အုံကြွလာရင် အခုလို ပစ်ခတ်မယ် ဆိုတာကို သတိပေးလိုက် သလိုပဲ။ ၂၀၁၅ ကလည်း မကြာမီ လာတော့မယ် ဆိုတော့ အဲဒီ အတွက် ရင်လေး စရာပဲ။ သတိပေးလိုက် သလိုပဲ။ ၂၀၁၅ မှာ အုံကြွမှုတွေ ဖြစ်ရင် မင်းတို့ တစ်တွေကို ပစ်သတ်မယ်လို့ ဆိုလိုက် တာပဲ။ ပြည်သူတွေ လည်း သတိထား ရမယ့် အခြေအနေ ဖြစ်နေပါပြီ။

တခြားဒီမိုကရေစီ တိုင်းပြည်တွေမှာ လယ်သမား အလုပ်သမားတွေကို မြေတောင် မြှောက်ပေးပြီး မြှင့်တင် နေတယ်။ ကျုပ်တို့ တိုင်းပြည် မှာတော့ အသေသတ် နေတယ်။ လက်ပံတောင်း ဒေသခံ တွေကို နမူနာယူပြီး ကြည့်ကြပါ ဟု တုံကျေးရွာထိပ်တွင် ဒေသခံများနှင့် တွေ့ဆုံစဉ် ရွှေည၀ါ ဆရာတော် ဦးပညာသီဟက The Messenger Media သို့ မိန့်ကြားခဲ့သည်။

ယင်းသို့ ဒေသခံ များအား သေနတ်များဖြင့် ပစ်ခတ် အကြမ်းဖက်မှု များသည် မဖြစ်သင့်၊ မလုပ်သင့်သည့် ကိစ္စများ ဖြစ်ကြောင်း၊ ခြံစည်းရိုး ခတ်လိုပါက ဒေသခံ များနှင့် အကျေအလည် ဆွေးနွေး ညှိနှိုင်းခြင်း ဖြင့်သာ အဖြေရှာ သင့်ကြောင်းလည်း ဆရာတော်က ထည့်သွင်း မိန့်ကြား ခဲ့သည်။ ရဲတပ်ဖွဲ့ ကိုလည်း အပြစ်ပြောလို့ မရပါဘူး။ အထက်က အမိန့်ပေးတော့ တပ်ဖွဲ့ ဝင် တစ်ယောက် အနေနဲ့ လုပ်လိုက်ရ တာပါ။ အခုလို လူ တစ်ယောက်ရဲ့ အသက် ကိုတော့ မတိုက်ခိုက်သင့် ပါဘူး။ ကိုယ့်မိဘ ဆွေမျိုး သားသမီးတွေနဲ့ နှိုင်းယှဉ်ပြီး ခံစားလိုက်ပါ ဟု ဆရာတော်က ဆက်လက် မိန့်ကြား ခဲ့သည်။ သေဆုံးသွားခဲ့ ရသူ အမျိုးသမီးနှင့် ဒဏ်ရာ ရရှိခဲ့သော ဒေသခံ မိသားစုဝင် များအား တတ်နိုင်သရွေ့ ကူညီ ဖြည့်ဆည်းပေး သွားမည် ဖြစ်ကြောင်းလည်း ရွှေည၀ါ ဆရာတော်က ထပ်ဆင့် မိန့်ကြားခဲ့သည်။

Messenger News Journal
ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လက်ပံတောင်း ပဋိပက္ခနှင့် ပစ်ခတ်မှု များသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် သတိထား စရာ ပြယုဂ် တစ်ခု ဖြစ်ကြောင်း ရွှေည၀ါ ဆရာတော်က မိန့်ကြားခဲ့သည်။  ရွှေည၀ါ ဆရာတော်ကြီးသည် မန္တလေးမြို့သို့ တရားပွဲ ကြွရောက်ရင်း လက်ပံ တောင်း တောင်ဒေသ အကြမ်းဖက်မှု များကို ကြားသိရ၍ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ဒေသခံ များထံ သွားရောက် အားပေးစဉ် ယခု ကဲ့သို့ မိန့်ကြား ခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂါလီမှ ကမန် လူမျိုး အဖြစ် ပြောင်းထားသူ များကို အဆင့်ဆင့် စစ်ဆေးကာ ဗဟိုမှ ဆုံးဖြတ်မည်

လာမည့် ဇန်န၀ါရီလ (၁) ရက်နေ့မှ စ၍ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူမျိုး များကို နိုင်ငံသား စိစစ်ခြင်း စတင်မည် ဖြစ်ကာ ဘင်္ဂါလီ လူမျိုး ဖြစ်သော်လည်း ကမန် တိုင်းရင်းသား ဟူ၍ နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားသူ များကို အဆင့်ဆင့် စစ်ဆေး၍ ဗဟို အဆင့်မှ ဆုံးဖြတ်မည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။

တိုက်စစ်မှူး ရော်နယ်ဒို ရုပ်တု ဇာတိမြို့တွင် ဖွင့်လှစ်

Photo: တိုက်စစ်မှူး ရော်နယ်ဒို ရုပ်တု ဇာတိမြို့တွင် ဖွင့်လှစ်
Wednesday, December 24, 2014 

ပေါ်တူဂီအသင်နဲ့ ရီးရဲလ် မက်ဒရစ်အသင်း တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ရုပ်တုကို သူ့ရဲ့ ဇာတိ ဖန်ချယ်လ် မြို့မှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။

ရုပ်တုရဲ့ ကိုယ်နေဟန်အရ ရော်နယ်ဒိုရဲ့ အမှတ်အသား ဖြစ်တဲ့ ဖရီးကစ် ကန်တော့မယ့် ပုံစံမျိုး ထုလုပ်ထားတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့ အစောပိုင်းမှာပဲ ရော်နယ်ဒိုကို ဒေသလွှတ်တော်က အမြင့်ဆုံး ဆုတံဆိပ်ကို ချီးမြှင့်ခဲ့ပါတယ်။

ဖန်ချယ်လ်မြို့ဟာ ရော်နယ်ဒိုရဲ့ ဇာတိမြို့ဖြစ်လို့ လူသိများတာအပြင် ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းနဲ့လည်း ကျော်ကြားပါတယ်။

မာဒိုင်ရာ ကျွန်းပေါ်မှာ တည်ရှိပြီး ဒီကျွန်းဟာ ဇီဝမျိုးစိတ်တွေ ပေါကြွယ်ဝတာနဲ့ အရသာထူးတဲ့ ငှက်ပျောသီးနဲ့ ၀ိုင်ကောင်းကောင်း ရတဲ့  မြို့အဖြစ် ထင်ရှားပါတယ်။

ဒီဗွီဘီ 

ဓာတ်ပုံ – sportsmole.co.uk
ဓာတ်ပုံ – sportsmole.co.uk  
ပေါ်တူဂီအသင်နဲ့ ရီးရဲလ် မက်ဒရစ်အသင်း တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ရုပ်တုကို သူ့ရဲ့ ဇာတိ ဖန်ချယ်လ်မြို့ မှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။

လက်ပံတောင်းပဋိပက္ခနှင့်ပတ်သက်၍အစိုးရအနေဖြင့်တောင်းပန်ရန်နှင့် တာဝန်ယူဖြေရှင်းပေးရန်ဗကသ ကျောင်းသားများ တောင်းဆိုဆန္ဒပြ

Photo: လက်ပံတောင်းပဋိပက္ခနှင့်ပတ်သက်၍အစိုးရအနေဖြင့်တောင်းပန်ရန်နှင့်
တာဝန်ယူဖြေရှင်းပေးရန်ဗကသ ကျောင်းသားများ တောင်းဆိုဆန္ဒပြ
Wednesday, December 24, 2014  

အမျိုးသားပညာရေးဥပဒေကိုကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့သော
ဗကသ အဖွဲ့ဝင် ကျောင်းသား/သူ အင်အား ၃၀ ခန့်က လက်ပံတောင်းဒေသတွင် ဒီဇင်ဘာ ၂၂ ရက်ကဖြစ်ပွားခဲ့သော ပဋိပက္ခတွင် အမျိုးဦးတစ်ဦးသေဆုံး ခဲ့ခြင်းနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂၃ ရက် ညနေ ၆နာရီက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်အနီးတွင် ဆုတောင်းဆန္ဒဖော်ထုတ်ခဲ့ကြသည်။ 

ဆန္ဒဖော်ထုတ်သောကျောင်းသား/သူများက ဒီဇင်ဘာ ၂၂ ရက်က လက်ပံတောင်းဒေသတွင် သေနတ်ထိမှန်မှုကြောင့်သေဆုံးခဲ့ရသော ဒေါ်ခင်ဝင်းအတွက် အထူးဝမ်းနည်းကြောင်းနှင့် ယခုလုပ်ရပ်အား
ကန့်ကွက်ရှုချကြောင်းနှင့် သေဆုံးခဲ့သူအတွက် ၀မ်းနည်းခြင်းအားဖြင့် တစ်မိနစ်ငြိမ်သက်ခဲ့ပြီး ဖယောင်းတိုင်မီးများ ထွန်းညှိခဲ့ကြသည်။

ထို့နောက် ဆန္ဒဖော်ထုတ်သူကျောင်းသား/သူများသည် ဖယောင်းတိုင်မီးများကိုကိုင်ဆောင်ကာ မဟာဗန္ဓုပန်းခြံမှထွက်ခွာလာခဲ့ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့သို့ချီတက်ကာ ယင်းခန်းမရှေ့တွင် ကျောင်းသားအလံအားဖြန့်ခင်းကိုင်ဆောင်ပြီး လက်ပံတောင်းဒေသတွင်ဖြစ်ပွားခဲ့သောပဋိပက္ခတွင် သက်ဆိုင်ရာ၏ကိုင်တွယ်ပုံအားရှုတ်ချကန့်ကွက်ကြောင်းနှင့် အစိုးအနေဖြင့်ယခုကိစ္စအားတောင်းပန်ဖြေရှင်းပေးရန်တောင်းဆိုခဲ့ကြသည်။
၎င်းတို့ဆန္ဒဖော်ထုတ်မှုကို သက်ဆိုင်ရာမှတစ်စုံတစ်ရာလာရောက်တားဆီးခြင်းမပြုခဲ့သော်လည်း
ဥပဒေအရစစ်ဆေးအရေးယူသွားမည်ဟု ကျောက်တံတားမြို့နယ်ရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြည်မြန်မာ၏မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့သည်။

Pyimyanmar
အမျိုးသားပညာရေးဥပဒေကိုကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့သော ဗကသ အဖွဲ့ဝင် ကျောင်းသား/သူ အင်အား ၃၀ ခန့်က လက်ပံတောင်းဒေသတွင် ဒီဇင်ဘာ ၂၂ ရက်ကဖြစ်ပွားခဲ့သော ပဋိပက္ခတွင် အမျိုးဦးတစ်ဦး သေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂၃ ရက် ညနေ ၆နာရီက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ် လပ်ရေး ကျောက်တိုင်အနီးတွင် ဆုတောင်းဆန္ဒဖော်ထုတ်ခဲ့ကြသည်။ 

တရုတ်သို့ ရေနံပို့လွှတ်ရန် ကျောက်ဖြူရေနက်ဆိပ်ကမ်းအသင့်ဖြစ်ပြီ ရခိုင်ကမ်းရိုး တန်းနှင့် ရေလုပ်ငန်းထိခိုက်မည်ကို ဒေသခံစိုးရိမ်

ကျောက်ဖြူရေနက် ဆိပ်ကမ်းတွင် တန်ချိန်တစ်သိန်းထိ တင်ဆောင်နိုင်သောရေနံ တင်သင်္ဘော များလာ မည့် ဇန်န၀ါရီလ တွင်စတင် ဆိုက် ကပ်တော့ မည်ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သစ်တောနှင့် သတ္တုတွင်း ၀န်ကြီး ဦးကျော်ခင် ကပြောသည်။

အကြမ်းဖက် သမားများ အပေါ် ပါကစ္စတန်၏ သည်းခံမှု ကုန်ဆုံး

Photo: အကြမ်းဖက် သမားများ အပေါ် ပါကစ္စတန်၏ သည်းခံမှု ကုန်ဆုံး 
Wednesday, December 24, 2014 

ခြောက်နှစ်ကြာ ရပ်ဆိုင်းထားသည့် သေဒဏ်ကို ပြန်သုံးကာ အကြမ်းဖက်သမား ၅၀၀ ကိုကွပ်မျက်မည်။

ပါကစ္စတန်နိုင်ငံ ပတ်ရှ်ဝါမြို့ ရှိ စစ်တပ်ပိုင် စာသင်ကျောင်း၌ တာလီဘန်တို့က လူအစုလိုက် သတ်ဖြတ် မှုကြီး ပြုလုပ်ပြီးနောက်တွင် အစိုးရ၏ အကြမ်းဖက်သမားများ အပေါ် သည်ခံမှု ကုန်ဆုံးသွားခဲ့ကာ သေဒဏ်ပေး ခြင်းကို ပြန်လည် ကျင့်သုံးပြီး လာမည့် သီတင်းပတ်များ အတွင်း အကြမ်းဖက် စစ်သွေးကြွ ၅၀၀ ကို ကွပ်မျက် တော့မည်ဟု တာဝန်ရှိသူများက ဒီဇင်ဘာ ၂၂ရက်တွင် ပြောကြားသည်။

ပတ်ရှ်ဝါမြို့ စာသင်ကျောင်း တိုက်ခိုက်ခံရမှုတွင် ကလေး ၁၃၃ ဦးအပါအဝင် လူပေါင်း ၁၄၉ ဦး သေဆုံးခဲ့ရမှုနှင့် ပတ်သက်ပြီး လူထုဒေါသ များ မြင့်တက်လာခဲ့ သဖြင့် ဒီဇင်ဘာ ၁၉ ရက်မှ စတင်ကာ ကြိုးပေး သေဒဏ်ပေးခဲ့သူ စစ်သွေးကြွ ခြောက်ဦး ရှိပြီဖြစ်သည်။ ပါကစ္စတန် နိုင်ငံသည် သေမိန့်ပေးခြင်းကို ရပ်ဆိုင်းထားသည့် နိုင်ငံဖြစ် သော်လည်း သမိုင်းတွင် လူအသေအပျောက် အများဆုံး စာသင်ကျောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်မှုနှင့် ဆက်စပ် ပတ်သက်သူများအား ပစ်ဒဏ်ခတ်ရန် ၀န်ကြီးချုပ် နာဝတ်ဇ်ရှာရစ်က ခြောက်နှစ်ကြာ ရပ်ဆိုင်းထားသည့် သေမိန့်ပေးခြင်းကို ပြန်လည် ကျင့်သုံးတော့မည် ဖြစ်သည်။

"အကြမ်းဖက် တရားခံ ၅၀၀ကို အယူခံလည်း ပလပ်ခဲ့တယ်။ သမ္မတဆီ အသနားခံစာ တင်ရာမှာလည်း ပယ်ချခံလိုက်ရတယ်။ ဒါကြောင့် လာမယ့်သီတင်းပတ် တွေမှာ သူတို့ ကို သေဒဏ်ပေး ကွပ်မျက်သွားမှာ ဖြစ်ပါတယ်။"ဟု အစိုးရ အကြီးတန်း အရာရှိတစ်ဦးက အမည် ထုတ်ဖော်ခြင်း မပြုဘဲ အေအက်ဖ်ပီ သတင်းဌာနသို့ ပြောခဲ့သည်။ အဆိုပါသတင်းနှင့်ပတ်သက်ပြီး အခြားအရာရှိ တစ်ဦး ကလည်း ခိုင်မာကြောင်း အတည်ပြုချက်ပေးသည်။ သေဒဏ်အမိန့် ပြန်လည် ကျင့်သုံးခြင်းကို  အလျှင်စလို မပြုလုပ်ပဲ ပြန်လည် သုံးသပ်ပါရန် ကုလသမဂ္ဂက တိုက်တွန်းထားပြီး လူအခွင့်အရေး အဖွဲ့ များ ကလည်း ဝေဖန်ထား ကြသည်။

"ပတ်ရှ်ဝါ တိုက်ခိုက်မှု အပေါ် ပြင်းထန်သည့် နိုင်ငံရေးအရ တုံ့ ပြန်မှုတစ်ရပ်" ဟု သေဒဏ် ပြန်လည် ကျင့်သုံးမည့် ကိစ္စနှင့် ပတ်သက်၍ လူ့ အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ က ပြောဆိုကာ နောက်ထပ် ကြိုးပေးခြင်းများ မလုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။

ပါကစ္စတန် နိုင်ငံသည် အရပ်သားများအား သေဒဏ်ပေး ကွပ်မျက်ခြင်းကို ၂၀၀၈ ခုနှစ်က စတင်၍ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သော်လည်း ဥပဒေ ပုဒ်မများတွင် ကြိုးဒဏ်က ဆက်လက် ရှိနေဆဲ ဖြစ်ကာ တရားသူကြီးများ အနေဖြင့် သေဒဏ်စီရင်ချက် ချမှတ် နိုင်သေးသည့် နိုင်ငံဖြစ်သည်။

Ref: AFP
Mizzima - News in Burmese
ခြောက်နှစ်ကြာ ရပ်ဆိုင်းထားသည့် သေဒဏ်ကို ပြန်သုံးကာ အကြမ်းဖက်သမား ၅၀၀ ကိုကွပ်မျက်မည်။
ပါကစ္စတန်နိုင်ငံ ပတ်ရှ်ဝါမြို့ ရှိ စစ်တပ်ပိုင် စာသင်ကျောင်း၌ တာလီဘန်တို့က လူအစုလိုက် သတ်ဖြတ် မှုကြီး ပြုလုပ်ပြီးနောက်တွင် အစိုးရ၏ အကြမ်းဖက်သမားများ အပေါ် သည်ခံမှု ကုန်ဆုံးသွားခဲ့ကာ သေဒဏ်ပေး ခြင်းကို ပြန်လည် ကျင့်သုံးပြီး လာမည့် သီတင်းပတ်များ အတွင်း အကြမ်းဖက် စစ်သွေးကြွ ၅၀၀ ကို ကွပ်မျက် တော့မည်ဟု တာဝန်ရှိသူများက ဒီဇင်ဘာ ၂၂ရက်တွင် ပြောကြားသည်။

စာပေဟောပြောပွဲများကို တားမြစ်ခြင်း လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ပိတ်ပင်ဟုဆို

စာပေဟောပြောပွဲများနှင့် ဟောပြောသူ စာရေးဆရာများကို တားမြစ်ခြင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့် ကိုပိတ်ပင် ရာကျ သည်ဟု  Pen Myanmar က ဒီဇင်ဘာ ၂၃ ရက်တွင် ထုတ်ပြန် လိုက်သည်။

စီးပွားရေးကပ် ဆိုက်မယ့်အန္တရာယ် ရုရှားဝန်ကြီးချုပ်သတိပေး

Photo: စီးပွားရေးကပ် ဆိုက်မယ့်အန္တရာယ် ရုရှားဝန်ကြီးချုပ်သတိပေး
Wednesday, December 24, 2014

ရုရှားအစိုးရအနေနဲ့ သုံးစွဲဖို့ စီစဉ်ထားမှုတွေကို ဖျက်သိမ်းလိုက်မယ်ဆိုရင် တိုင်းပြည်ဟာ ဆိုးရွားတဲ့ စီးပွားရေးကျဆင်းမှုနဲ့ ကြုံရနိုင်တယ်လို့ ရုရှားဝန်ကြီးချုပ် Dmitry Medvedev က ပြောဆိုလိုက်ပါတယ်။

ဒီလိုစီးပွားပျက်တာမျိုးနဲ့ မကြုံရအောင် ရှောင်ရှားနိုင်စေဖို့ အစိုးရအနေနဲ့ ရည်ရွယ်ထားပြီးသား ဗျူဟာနဲ့ လူမှုရေးအသုံးစရိတ်ကို ဆက်ပြီး အာရုံစိုက် လုပ်ဆောင်သွားရလိမ့်မယ်လို့ မစ္စတာ Medvedev က မော်စကိုမြို့မှာ ကျင်းပတဲ့ ပါတီအစည်းဝေးမှာ ပြောဆိုလိုက်ပါတယ်။

မစ္စတာ Medvedev က နိုင်ငံရပ်ခြားက စီးပွားရေးအရ အရေးယူပိတ်ဆို့မှု ပြုလုပ်တာတွေအပေါ် အပြစ်တင်ပြောဆိုလိုက်ပြီး နိုင်ငံရဲ့ စီးပွားရေးအခြေနေဟာ ၂၀၀၈ ခုနှစ်ကထက် ပိုမို ဆိုးရွားကြောင်း ဘာကြောင့်လဲဆိုတော့ ရုရှားရဲ့ဖွံ့ဖြိုးမှုကို နိုင်ငံတော်တော်များများက ထိထိရောက်ရောက် အဟန့်အတား ပြုလုပ်ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

ရေနံဈေးနှုန်း တဟုတ်ထိုးကျဆင်းတာကြောင့် ရုရှားရဲ့စီးပွားရေးအပေါ် အကြီးအကျယ် ထိခိုက်ရသလို၊ ရှေ့လာမည့်နှစ်ထဲမှာ စီးပွားရေးကျဆင်းတဲ့ အခြေအနေမျိုးကို ရောက်သွားနိုင်တယ်လို့ ခန့်မှန်းနေကြတာပါ။

သတိပေးတဲ့ လက္ခဏာတခုအဖြစ် မှတ်ယူနိုင်တာကတော့ ရုရှားနိုင်ငံသုံး ရူဘဲငွေကြေး ထိုးကျသွားခဲ့ရတဲ့ ဖြစ်စဉ်ပါ။ ဒီနှစ်အတွင်း အဆိုးရွားဆုံး ငွေကြေးဖြစ်ပြီး ယူကရိန်းနိုင်ငံသုံးငွေနဲ့အတူ ကျဆင်းသွားတာဖြစ်ပါတယ်။ ငွေချေးငှားနိုင်မှုကို စောင့်ကြည့်အကဲခတ်အဖွဲ့ဖြစ်တဲ့ S&P က ရုရှားကို အနှုတ်လက္ခဏာအဖြစ် အင်္ဂါနေ့မှာ သတ်မှတ်လိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း) 

ရုရှားဝန်ကြီးချုပ် Dmitry Medvedev
ရုရှားဝန်ကြီးချုပ် Dmitry Medvedev
ရုရှားအစိုးရအနေနဲ့ သုံးစွဲဖို့ စီစဉ်ထားမှုတွေကို ဖျက်သိမ်းလိုက်မယ်ဆိုရင် တိုင်းပြည်ဟာ ဆိုးရွားတဲ့ စီးပွားရေး ကျဆင်းမှုနဲ့ ကြုံရနိုင်တယ်လို့ ရုရှားဝန်ကြီးချုပ် Dmitry Medvedev က ပြောဆိုလိုက်ပါတယ်။

လက်ပန်းတောင်းအကြမ်းဖက်မှု အစိုးရထုတ်ပြန်ချက် ဒေသခံတွေပယ်ချ

Photo: လက်ပန်းတောင်းအကြမ်းဖက်မှု အစိုးရထုတ်ပြန်ချက် ဒေသခံတွေပယ်ချ
Wednesday, December 24, 2014 

နှစ်ဘက်တင်းမာမှုတွေဖြစ်ပြီး ပစ်ခတ်မှုတွေကြောင့် လူ ၁ ဦးသေဆုံး၊ ဒါဇင်နဲ့ချီ ဒဏ်ရာတွေရခဲ့တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်မှုနဲ့ပတ်သက်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ရာမှာ ခြံစည်းရိုးတိုးချဲ့ကာရံရေး ဆောင်ရွက်မှု တားဆီးနှောင့်ယှက်ခံရကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး အလုပ်သမားတွေကို တားဆီးပိတ်ဆို့ထားတဲ့အတွက် အဓိကရုဏ်းနှိမ်နင်းရေး သေနတ်သုံးရကြောင်း ပြောဆိုမှုကို လက်ပန်းတောင်းဒေသခံတွေက ပယ်ချခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေတဲ့ ဒေသခံတွေနဲ့ မြန်မာအာဏာပိုင်တွေကြား ပဋိပက္ခတွေဖြစ်အပြီး  မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်ရာမှာ ကြေးနီစီမံကိန်းကို တိုးချဲ့ကာရံရေးမှာ တားဆီးနှောင့်ယှက်ခံရတယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။ ဒီထဲမှာ ဒေသခံတွေက ရဲတွေကို  တိုက်ခိုက်ပြီး အလုပ်သမားတွေကို တားဆီးပိတ်ဆို့တာကြောင့် အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ဖြစ်တဲ့ ၁၂ ဗို့ ပြောင်းချောသေနတ်သုံးကြောင်း ရေးသားထားပါတယ်။ ဒီထဲမှာ လူတဦးသေဆုံးပြီး ရွာသားတချို့နဲ့ ရဲတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ဖော်ပြထားပါတယ်။ လက်ပန်းတောင်းတောင် စန်းမြ၀တီကျောင်းတိုက်က ဆရာတော် ဦးအာလော ကတော့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ကို ပယ်ချခဲ့ပါတယ်။

“မရှိပါဘူးဗျာ။ ထိန်းသိမ်းတယ်ဆိုလို့ရှိရင် သူတို့ဝန်ထမ်းတွေက လက်နက်တွေနဲ့လေ။ တချို့ဆိုရင် ဂွရှင်ကြီးတွေပါတယ်။ တချို့ဆိုရင် ခလုတ်ဓားတွေတောင်ပါတယ် တရုတ်တွေဆိုရင်။ တူတွေလည်းပါတယ်ဗျာ။ ရဲဆိုရင်တော့ ပြောမနေနဲ့။ ဒိုင်းတွေပါတယ်၊ သေနတ်တွေလည်းပါတယ်။ ဘယ်လိုလုပ်ရွာသားတွေက ထိန်းသိမ်းဖို့ဆိုတာ စဉ်းစားကြည့်စမ်းပါ။ မဖြစ်နိုင်တဲ့အရာပဲဖြစ်ပါတယ်။ သူတို့ဘက်ကတော့ သတင်းအရ ကာတဲ့သဘောပေါ့ဗျာ။”

အလားတူးပဲ မြန်မာဝမ်ပေါင်ကုမ္ပဏီက သတင်းထုတ်ပြန်ရာမှာ နိုင်ငံရေးသွေးထိုးလှုံ့ဆော်သူတွေနဲ့ ဒေသခံတွေက ၀မ်ပေါင်ကုမ္ပဏီနဲ့ ရဲဝန်ထမ်းတွေကို တိုက်ခိုက်ခဲ့တာလို့ အင်္ဂါနေ့ညနေက သတင်းထုတ်ပြန်ချက်ခဲ့ပါတယ်။ အင်္ဂါနေ့မှာတော့ ရွှေည၀ါဆရာတော်နဲ့အတူ မန္တလေးက သံဃာတော်တွေ ပရဟိတလုပ်နေတဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့  ၈၈ မျိုးဆက် ကျောင်းသူကျောင်းသားတွေ လက်ပန်းတောင်းတောင် ဆည်တဲရွာ မိုးကြိုးပြင်ရွာ၊ တုံရွာတွေကို သွားရောက်ပြီး ဒေသခံတွေနဲ့ အားပေးပြီး ဆေးကုသမှုတွေ လုပ်ပေးခဲ့တာပါ။ သေဆုံးသူ တောင်သူ ဒေါ်ခင်ဝင်းနဲ့ ပတ်သက်လို့ ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ သေမှုသေခင်း အမှုဖွင့်ခဲ့ပါတယ်။ အမှုကို ရဲစခန်းက လက်ခံပြီးတဲ့နောက် အလောင်းကို ခွဲစိတ်စစ်ဆေးဖို့အတွက် ညပိုင်းမှာ ဆားလင်းကြီး ဆေးရုံကို ယူဆောင်လာကြောင်း ၈၈ မျိုးဆက် ကျောင်းသူ မနန်းစောက ပြောပါတယ်။

“တရားစွဲတာ၊ သက်ဆိုင်ရာကတော့ အမှုဖွင့်ပြီးတော့မှ အလောင်းသယ်တာရှင့်။ အလောင်းကို ဆားလင်းကြီးဆေးရုံမှာ ရင်ခွဲရုံမှာ ပို့လိုက်ပြီရှင့်။ သူတို့မိသားစုတွေနဲ့ မန္တလေးက သံဃာတွေပါတယ်ရှင့်။ ခွဲမယ့်စိပ်မယ့်အချိန် သူတို့စစ်ဆေးမယ့် အချိန် ဘာညာ ဆေးရုံမှာပဲ စကားတွေက ပြောနေရတော့လေ တောက်လျှောက်။”

ည ၁၀ နာရီကျော်အချိန်ထိ လက်ပန်းတောင်းတောင် ဆည်တဲရွာဘက်မှာတော့ မြန်မာဝမ်ပေါင်ကုမ္ပဏီကလည်း စီမံကိန်းအတွက် ခြံစည်းရိုးတွေ ဆက်တိုက်ခတ်နေသလို ရွာသားတွေလည်း စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ပဲ၊ နှမ်း၊ ဆန်နဲ့ စားစရာတွေ ပြောင်းရွှေ့နေရတယ်လို့ ဆရာတော် ဦးအာလောက က ဆက်မိန့်ပါတယ်။

“အခုဆိုရင် တဂုံးဂုံး တဂွမ်ဂွမ်နဲ့ အခုချိန်ထိတောင်မှ ဘာလုပ်မှန်းမသိဘူး။ လာပြီးတော့ စက်ယန္တရားကြီးတွေ ကျောင်းရဲ့မြောက်ဘက်မှာ အသံကြားနေရတယ်။ နောက်တခုက ဒီရွာတွေမှာ အခုအချိန်မှာ တော်တော် စိုးရိမ်ကြောင့်ကြမှုတွေက ဖြစ်နေတာ။ ဘာဖြစ်တာလဲဆိုတော့ သူတို့က မီးတွေရှို့မယ် ဘာညာနဲ့ အသံက အဲ့လိုထိတောင် ကြားနေတဲ့အတွက် အခုရွာတွေမှာဆိုရင် ရွာထဲရှိတဲ့ တောင်သူလေးတွေ သိမ်းထားတဲ့ နှမ်းတွေပေါ့လေ။ တချို့က နှမ်းတွေရောင်းပြီး ကိုယ်ဝယ်ထားတဲ့ဟာလေးတွေ တခြားရွာတွေကို အခုအချိန်ထိ လှည်းတွေနဲ့ ပို့နေကြတာ။ ပြောရမယ်ဆိုရင်တော့ စိုးရိမ်စိတ်တထိတ်ထိတ်နဲ့ပေါ့ဗျာ နေလို့သာနေနေရတာ။ ကျီးလန့်စာစား သဘောမျိုးနဲ့ နေကြရတာ။”

လက်ပန်းတောင်းတောင်မှာ တနင်္လာနေ့နဲ့ အင်္ဂါနေ့ ၂ ရက်ဆက်တိုက် ပစ်ခတ်မှုတွေ လုပ်ခဲ့ပြီးတဲ့နောက် အကြမ်းဖက် ဖြေရှင်းမှုကို မလိုလားတာကြောင့်ဆိုပြီး ဗကသများအဖွဲ့ချုပ်ကလည်း ၃ ရက်ဆက်တိုက် ဆန္ဒပြမယ်လို့ ကြေညာထားပါတယ်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး ရန်ကုန်မြို့မှာ အင်္ကျီအမဲများဝတ်ဆင်ပြီး ဖယောင်းတိုင်မီးထွန်း ဆန္ဒပြခဲ့ပါတယ်။ ဒါ့အပြင် တရုတ်သံရုံးရှေ့မှာလည်း တက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာဝမ်ပေါင်ကုမ္ပဏီကတော့ မြန်မာအစိုးရရဲ့လမ်းညွန်ချက်နဲ့ သဘောတူခွင့်ပြုချက်အရ ကြေးနီစီမံကိန်းကို လုပ်ဆောင်နေတာဖြစ်ကြောင်းနဲ့ ဒီစီမံကိန်းကို ဒေသခံအများစုက လက်ခံတယ်ဆိုပြီး သူတို့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထာတာပါ။ ရာနဲ့ချီရှိတဲ့ ဒေသခံတွေ မကြာခနဆိုသလို ကန့်ကွက် ဆန္ဒပြတာကတော့ ၃ နှစ်ကျော် ကြာခဲ့ပြီ ဖြစ်ပါတယ်။

VOA 

ဘော်ဒိုဇာကားရှေ့မှာ မှောက်အိပ်ပြီး တောင်းပန်နေတဲ့ ဒေသခံတောင်သူများ
ဘော်ဒိုဇာကားရှေ့မှာ မှောက်အိပ်ပြီး တောင်းပန်နေတဲ့ ဒေသခံတောင်သူများ
နှစ်ဘက်တင်းမာမှုတွေဖြစ်ပြီး ပစ်ခတ်မှုတွေကြောင့် လူ ၁ ဦးသေဆုံး၊ ဒါဇင်နဲ့ချီ ဒဏ်ရာတွေရခဲ့တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်မှုနဲ့ပတ်သက်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန် ရာမှာ ခြံစည်းရိုးတိုးချဲ့ကာရံရေး ဆောင်ရွက်မှု တားဆီးနှောင့်ယှက်ခံရကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး အလုပ်သမားတွေကို တားဆီးပိတ်ဆို့ထားတဲ့အတွက် အဓိကရုဏ်းနှိမ်နင်းရေး သေနတ်သုံးရကြောင်း ပြောဆိုမှုကို လက်ပန်းတောင်းဒေသခံတွေက ပယ်ချခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

Kim Jong Un ရုပ်ရှင် ခရစ္စမတ်အမီ ရုံတင်ဖို့ Sony ဆုံးဖြတ်

Photo: Kim Jong Un ရုပ်ရှင် ခရစ္စမတ်အမီ ရုံတင်ဖို့ Sony ဆုံးဖြတ်
Wednesday, December 24, 2014

အမေရိကန်ပြည်ထောင်စုအခြေစိုက် ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးကနေ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း အကြောင်းရိုက်ကူးတင်ပြထားတဲ့ သူတို့ရုပ်ရှင်ကားကို ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

Kim Jong Un ကို လုပ်ကြံသတ်ဖြတ်တဲ့အကြောင်း ရိုက်ကူးထားတဲ့ The Interview ဇာတ်ကားကို လာမယ့် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ရုပ်ရှင်ရုံတချို့မှာ ပြသမယ်လို့ ဆိုနီထုတ်လုပ်ရေးက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဒီဇာတ်ကားကို ရုပ်ရှင်ရုံတွေမှာ ပြသမှာမဟုတ်ဘူးလို့ ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးက ကြေညာခဲ့တာပါ။ သူတို့ရဲ့ ကွန်ပျူတာတွေကို အမည်မသိ အင်တာနက်ဆိုက်ဘာ တိုက်ခိုက်သူတွေက ဖောက်ထွင်းဝင်ရောက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အီးမေးလ်တွေနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အင်တာနက်ပေါ်မှာ ဖြန့်ဝေခဲ့တဲ့အပြင် တကယ်လို့များ ဒီရုပ်ရှင်ဇာတ်ကားကို သတ်မှတ်ထားတဲ့ရက်မှာ ရုံတင်ပြသမယ်ဆိုရင် အခြေအနေတွေ ဒီထက်ပိုဆိုးရွားသွားစေမယ်လို့ ခြိမ်းခြောက်ထားခဲ့တာပါ။

တက္ကဆက်ပြည်နယ် အော်စတင်မြို့က The Alamo Drafthouse ရုပ်ရှင်ရုံနဲ့ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့က the Plaza စတဲ့ နေရာနှစ်နေရာမှာ The Interview ဇာတ်ကားကိုပြသဖို့ စီစဉ်ထားကြောင်း တာဝန်ရှိသူတွေက ကြေညာထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အမေရိကန်ပြည်ထောင်စုအခြေစိုက် ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးကနေ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း အကြောင်းရိုက်ကူးတင်ပြထားတဲ့ သူတို့ရုပ်ရှင်ကားကို ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ ပြောဆို လိုက်ပါတယ်။

လက်ပံတောင်းစီမံကိန်း ခြံစည်းရိုးခတ်မြဲ

Photo: လက်ပံတောင်းစီမံကိန်း ခြံစည်းရိုးခတ်မြဲ
Wednesday, December 24, 2014

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေ၌ ခြံစည်းရိုးကာရံခြင်းမှ အဓိကရုဏ်းဖြစ်ပွားပြီး လူတစ်ဦးသေဆုံးခဲ့သော်လည်း ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများကို ရပ်ဆိုင်းခြင်းမရှိဘဲ ဒီဇင်ဘာ၂၃ ရက်တွင်ဆက်လက် လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၂ ရက်က လက်ပံတောင်းကြေးနီစီမံကိန်းအတွင်း မိုးကြိုးပြင်အလယ်ကျေးရွာအ ရှေ့ဘက်လိပ်ခွံတောင်အနီးရှိ လျော်ကြေးရယူခြင်းမရှိသော လယ်ယာမြေများပေါ်တွင် မြန်မာဝမ် ပေါင်ကုမ္ပဏီက ခြံစည်းရိုးကာရံ သည်ကို ဒေသခံများက တားဆီးခဲ့ ရာ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး တောင်သူအမျိုးသမီးတစ်ဦး ဦး ခေါင်းတွင် ကျည်ထိမှန်သေဆုံး သွားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများအကြား နှစ်ဖက်တင်းမာမှုကြောင့် ပဋိပက္ခ အသွင်ဆောင်လာကာ ပစ်ခတ်မှု များကြောင့် ဒီဇင်ဘာလ ၂၂ ရက် နေ့ မွန်းလွဲတွင် မိုးကြိုးပြင်အ လယ်ကျေးရွာနေ ဒေါ်ခင်ဝင်းသေ ဆုံးခဲ့ပြီး လက်ပံတောင်းတောင် ဒေသခံ ကိုးဦးဒဏ်ရာရရှိ ခဲ့သည်။

မြေယာနစ်နာကြေးနှင့်ပတ် သက်၍ နှစ်ဖက်ညှိနှိုင်းမှုများ ဆောင်ရွက်ပြီးစီးမှသာ ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများ ဆောင် ရွက်ကြရန် ဒေသခံတောင်သူများ လိုလားသော်လည်း လုံခြုံရေး အင်အားသုံး၍ ခြံစည်းရိုးကာရံကြောင်းဒေသခံများက ပြောသည်။

‘‘ကိုယ်ပိုင်တဲ့ မြေကလေး အတွက် တားမိပါတယ်။ ဒါကို သေနတ်နဲ့ပစ်လို့ လူသေတဲ့အထိ ဖြစ် ခဲ့ရတယ်။ လူသေဆုံးတာနဲ့ ပတ် သက်ပြီး ဘယ်တာဝန်ရှိသူမှ လာ မမေးပါဘူး။ ဒီနေ့လည်း ခြံစည်း ရိုးဆက်လက်ကာနေပါသေး တယ်’’ဟု မိုးကြိုးပြင်အလယ်ရွာ ဒေသခံတောင်သူတစ်ဦးက ပြောခဲ့သည်။

အဓိကရုဏ်းအတွင်း ကျည် ထိမှန် လူသေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ‘‘လောလောဆယ် တော့ ဘာကြောင့်သေတာလဲဆို တော့ မသိရသေးဘူး။ အလောင်းကို မမြင်ဘဲနဲ့ ဘာဒဏ်ရာကြောင့် သေတာလဲဆိုတာကို သက် ဆိုင်ရာက စစ်ဆေးချက်များရမှ သိရမှာပါ’’ဟု ပြန်လည်ဖြေကြား ခဲ့သည်။

ခြံစည်းရိုး တိုးချဲ့ ကာရံ ရေး ဆောင်ရွက်မှုများကို တားဆီး နှောင့်ယှက်ခြင်း ခံရပြီး၊ လုပ်သား ၁၀ ဦးကို ထိန်းသိမ်းခြင်းခံရကာ ခြံစည်းရိုးမကာဘဲ ယန္တရားများ ပြန်ဆုတ်ရန် ဒေသခံများက တောင်းဆိုသည်ဟု အစိုးရက ဒီဇင်ဘာ ၂၃ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသည်။ အခြေအနေ တင်းမာမှုများဖြစ်စဉ် အဓိကရုန်းနှိမ်နင်းရေးလက်နက် ဖြစ်သော ၁၂ ဗို့ ပြောင်းချော သေ

နတ်ဖြင့်သာ စုစုပေါင်း ၁၅ ချက် ပစ်၍ လူစုခွဲခဲ့သည်ဟု ထုတ်ပြန် ထားသည်။

လက်ပံတောင်းတောင် ခြံ စည်းရိုးကာရံခြင်းလုပ်ငန်းများ အား ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ နံနက် တွင် ဆည်တည်းကျေးရွာအနီး၌ ခြံစည်းရိုးကာရံခြင်းအား ဒေသခံများက ကန့်ကွက်တားမြစ်ခဲ့ သဖြင့် ရုန်းရင်းဆန်ခတ် ထပ်မံ ဖြစ်ပွားခဲ့သည်။

ရုန်းရင်းဆန်ခတ်ထပ်မံဖြစ် ပွားမှုကြောင့် ဆည်းတည်းကျေး ရွာနေ ကိုအောင်နိုင်နှင့် ကိုဌေးဝင်းတို့နှစ်ဦး ရော်ဘာကျည်ထိမှန်ခဲ့သ ဖြင့် အနည်းငယ်စီဒဏ်ရာရရှိခဲ့ ကြောင်း ဆည်းတည်းကျေးရွာ ဒေသခံများ ပြောကြားချက်အရ သိရှိရသည်။

ဆည်းတည်းကျေးရွာအ၀င် လမ်းအချို့အား ခြံစည်းရိုးကာရံ ပိတ်ဆို့ခဲ့သဖြင့် ဆည်းတည်းကျေး ရွာအတွင်းနေအိမ်များမှ ပစ္စည်း များအား နွားလှည်းများဖြင့် ပြောင်းရွှေ့သယ်ယူနေကြကြောင်းလည်း သတင်းရရှိသည်။

‘‘ဆည်းတည်းကျေးရွာကို မနေ့ ည (ဒီဇင်ဘာ ၂၂ ရက်)က ရွာပြောင်းရမယ်လို့ လာပြောတယ်။မပြောင်းလျှင် ရွာမီးရှို့မယ်လို့ သတင်းတွေထွက်နေတဲ့အတွက် ရွာထဲက ပစ္စည်းတွေကို အနီးပတ် ၀န်းကျင်ရွာက နွားလှည်းတွေနဲ့ ဒီနေ့ မနက် ၇ နာရီလောက်ကတည်းက ၀ိုင်းသယ်နေကြတယ်။ ရွာထဲ မှာ လူတွေပဲရှိတော့တယ်။ ပစ္စည်းတော်တော်များများက ဆွေမျိုးရှိ တဲ့ ပတ်ဝန်းကျင်ရွာတွေကို ရွေ့ နေကြတယ်’’ဟု ဆည်းတည်းကျေးရွာမှ ပစ္စည်းများအား ၀ိုင်းဝန်းသယ်ဆောင်ခဲ့သော တုံအလယ်တောကျေးရွာမှ ကိုသိန်းဇော်က ပြောသည်။

ဆည်တည်းကျေးရွာ၊ လယ် တီကျေးရွာ၊ တုံကျေးရွာအနီးတစ် ၀ိုက် လက်ပံတောင်းတောင်ကြီး ၏ အရှေ့တောင်ဘက်တစ်ဝိုက် တွင် ခြံစည်းရိုးကာရံခြင်းလုပ် ငန်းများအား ယန္တရားများဖြင့် ဆောင်ရွက်နေပြီး ဒေသခံတောင် သူအချို့ လယ်ယာမြေဆုံးရှုံးခြင်း ကြောင့် ငိုကြွေးသံများ၊ မကျေမ နပ်ပြောဆိုသံများဖြင့် ဆူညံလျက် ရှိသည်။ တုံကျေးရွာအနီး ခြံစည်း ရိုးကရံခြင်းလုပ်ငန်းများ ဆောင်ရွက်ချိန်တွင် ၈၈ မျိုးဆက်သစ်လူ ငယ်များအဖွဲ့မှ မမီးမီးနှင့် မနီလာ သိန်းတို့ ဦးဆောင်သော လူငယ် များ၊ ဆရာတော်သံဃာတော်များ ရောက်ရှိလာပြီး ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပစ်ခတ်သည်အထိ ဖြစ်ပွားခြင်း မပြုလုပ်ရန် သက်ဆိုင်ရာတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးခဲ့သည်။

7Day DAILY 

မြန်မာဝမ်ပေါင်ကုမ္ပဏီမှ တရုတ်ဝန်ထမ်းများက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ခြံစည်းရိုးများ ကာရံနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ−မျိုးမင်းဦး)
မြန်မာဝမ်ပေါင်ကုမ္ပဏီမှ တရုတ်ဝန်ထမ်းများက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ခြံစည်းရိုးများ ကာရံနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ−မျိုးမင်းဦး)  
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေ၌ ခြံစည်းရိုးကာရံခြင်းမှ အဓိကရုဏ်းဖြစ်ပွားပြီး လူတစ်ဦးသေဆုံးခဲ့သော်လည်း ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများကို ရပ်ဆိုင်းခြင်းမရှိဘဲ ဒီဇင်ဘာ၂၃ ရက်တွင်ဆက်လက် လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

အရမ်းချစ်တတ်ပြီး အရမ်းအူတိုတတ်တယ်လို့ ပြောတဲ့ သဉ္ဖာနွယ်ဝင်းက သဲသဲလှုပ်ချစ်တဲ့အကြောင်း ဖွင့်ဟတာမျိုးတော့ မလုပ်တတ်ဘူးလို့ဆို

Photo: အရမ်းချစ်တတ်ပြီး အရမ်းအူတိုတတ်တယ်လို့ ပြောတဲ့ သဉ္ဖာနွယ်ဝင်းက သဲသဲလှုပ်ချစ်တဲ့အကြောင်း ဖွင့်ဟတာမျိုးတော့ မလုပ်တတ်ဘူးလို့ဆို
Wednesday, December 24, 2014

မကြာခင်မှာ တစ်ကိုယ်တော်ခွေ အလန်းစားထွက်ရှိတော့မဲ့ နှုတ်ခမ်းနီမလေး တွေရဲ့ အသည်းစွဲ နာမည် သုံးလုံးပိုင်ရှင် အဆိုတော် လူငယ်လေးတစ်ဦးနဲ့ သတင်းတွေကြီးနေတဲ့ မော်ဒယ်လ် သရုပ်ဆောင် သဉ္ဖာနွယ်ဝင်းက လက်ရှိ သူမရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး “အချစ်နဲ့ပတ်သက်လာရင် ကိုယ်ထားတဲ့ဘဲက စော်ကြည်ဘဲဖြစ်နေတဲ့အခါ မိန်းကလေးတွေနဲ့ရောရော ရောရော ဆို မိန်းမ သဘာဝ အူတိုတာမျိုးရှိတယ်။ သဉ္ဖာက အရမ်းသတိုတတ်တဲ့ သူထဲမှာပါတယ်။ အရမ်းအချစ်ကြီးတယ်။ အရမ်းလဲ ချစ်တတ်သလို ပါးစပ်ကနေ ထုတ်ပြောတာ မျိုး ကျတော့ ရှားလိမ့်မယ်။ ခက်ခဲလိမ့်မယ်။ ကိုယ်ကို ထားပြစ်ခံရမှာ ကြောက်တဲ့ အတွက်လဲ ပါပါတယ်”လို့ ဆိုသွားပါတယ်။လာမယ့် ၂၀၁၄ New Year ကို ဘယ်လိုဖြတ်သန်းဖြစ်မယ်ဆိုတာကိုတော့ သူမက “New Year ဆိုရင် နှစ်တိုင်း ဘယ်မှမသွားရဘူး။ အိမ်ကလဲ စိတ်မချဘူး။ New Year ဆိုပိုဆိုးတာပေါ့။ လူရှုပ်တယ် ဆိုတော့ ဘယ်မှတော့ ထွက်လို့မရပါဘူး။ ပြီးတော့ အဲ့ဒီညဆို အိမ်က အန္တရယ်များတယ်၊ မထွက်ရဘူးလို့ ပြောထားတယ်”တဲ့။

လက်ရှိမှာ သဉ္ဖာနွယ်ဝင်းဟာ ဒါရိုက်တာသည်ခေတ်နေ ရိုက်ကူးတဲ့ ကမ္ဘာဦး မှတ်ပုံတင် ဇာတ်ကားမှာ မြင့်မြတ်နဲ့အတူ သရုပ်ဆောင်ထားတယ်လို့ သိရပြီး ဒီနှစ်အကယ်ဒမီပေးပွဲကိုတော့ ပိုးထည် အင်ကြင်းခိုင်၊ ဒီဇိုင်နာ မဌေးဌေးတင် တို့ရဲ့ ဖန်တီးမှုတွေနဲ့ တက်ဖြစ်မယ်လို့ ဖွင့်ဟသွားပါတယ်။

ခင်ဆွေသက်
Trend Myanmar
မကြာခင်မှာ တစ်ကိုယ်တော်ခွေ အလန်းစားထွက်ရှိတော့မဲ့ နှုတ်ခမ်းနီမလေး တွေရဲ့ အသည်းစွဲ နာမည် သုံးလုံးပိုင်ရှင် အဆိုတော် လူငယ်လေးတစ်ဦးနဲ့ သတင်းတွေကြီးနေတဲ့ မော်ဒယ်လ် သရုပ်ဆောင် သဉ္ဖာနွယ်ဝင်းက လက်ရှိ သူမရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး “အချစ်နဲ့ပတ်သက်လာရင် ကိုယ်ထားတဲ့ဘဲက စော်ကြည်ဘဲဖြစ်နေတဲ့အခါ မိန်းကလေးတွေနဲ့ရောရော ရောရော ဆို မိန်းမ သဘာဝ အူတိုတာမျိုးရှိတယ်။ သဉ္ဖာက အရမ်းသတိုတတ်တဲ့ သူထဲမှာပါတယ်။ အရမ်းအချစ်ကြီးတယ်။

ဒူးဆစ်ရောင်နာပျောက်လိုသော

Photo: ဒူးဆစ်ရောင်နာပျောက်လိုသော
Wednesday, December 24, 2014

ဒူးဆစ်ရောင်ဝေဒနာသည် လူလတ်ပိုင်းနှင့် သက်ကြီးရွယ်အိုတို့ကို ဒုက္ခပေးတတ် သော နာတာရှည်ရောင်ရမ်းနာ ဝေဒနာတစ်မျိုးဖြစ်ပါသည်။ ဝဖြိုးသည့် သက် ကြီး ရွယ်အို အမျိုးသမီးတို့သည် ဒူးဆစ်ရောင် ဝေဒနာပို၍ စွဲကပ်တတ်ပါသည်။

အောက်ဖော်ပြပါ နှိပ်နယ်နည်းများမှာ ဒူးဆစ်ရောင်ဝေဒနာအား သက်သာ စေနိုင်ပါသည်။

၁။ လက်ဖဝါးဖြင့် ခုံညင်းရိုးအား နှိပ်နယ်ပေးခြင်း
ခုတင်ပေါ်တွင် ခြေဆန့်၍ ထိုင်ပြီး သို့မဟုတ် ထိုင်ခုံပေါ်ထိုင်ပြီး ခုံညင်းရိုး (ဒူးခေါင်းရိုး) ပေါ်လက်ဖဝါးထားကာ လက်ယာရစ်၍ နှိပ်ပေးပါ။ နှစ်မိနစ်မှ သုံးမိနစ်ထိ တဖြည်းဖြည်းနှင့် အားစိုက်၍ နှိပ်ပေးပါ။

၂။ ဒူးဆစ်အနီးတစ်ဝိုက် အာရုံကြော အချက်အချာနေရာများအား နှိပ်နယ် ပေးခြင်း
ထိုင်ခုံပေါ်တွင် ထိုင်၍ လက်မထိပ်ပိုင်းဖြင့် အပြင်ဘက် ဒူးဆစ်ချိုင့်ခွက်တို့ကို နှိပ်နယ်ပေးပါ။ ထို့ပြင် တံကျင်ရိုး (Fibula) ထိပ်ပိုင်းရှိ ချိုင့်ခွက်နှင့် ညို့သကျည်း ရိုး ထိပ်ပိုင်းရှိ ချိုင့်ခွက်တို့ကိုလည်း နှိပ်နယ်ပေးပါ။

ဒူးခေါင်းရိုးနာကျင်သည့်နေရာကိုလည်း လက်မထိပ်ပိုင်းဖြင့် နှိပ်နယ်ပေးနိုင် ပါသည်။ အဆိုပါ အာရုံကြောအချက်အချာနေရာများကို တစ်မိနစ်စီ နှိပ်နယ် ပေးပါ။ တဖြည်းဖြည်းအားစိုက်၍ နှိပ်နယ်ပေးပါ။ ထုံလာ၊ ကျဉ်လာ၊ နာလာ၊ တောင့်တင်းလာသည်အထိ နှိပ်နယ်ပေးသွားပါ။ ဒူးဆစ်ရောနာ ဝေဒနာ မုချပျောက်ကင်းသွားပါလိမ့်မည်။

Mg Mandalay
ဒူးဆစ်ရောင်ဝေဒနာသည် လူလတ်ပိုင်းနှင့် သက်ကြီးရွယ်အိုတို့ကို ဒုက္ခပေးတတ်သော နာတာရှည် ရောင်ရမ်းနာ ဝေဒနာတစ်မျိုးဖြစ်ပါသည်။ ဝဖြိုးသည့် သက်ကြီးရွယ်အို အမျိုးသမီးတို့သည် ဒူးဆစ်ရောင် ဝေဒနာပို၍ စွဲကပ်တတ်ပါသည်။

ကျူနီးရှား လွှတ်တော်ဥက္ကဋ္ဌဟောင်း သမ္မတရွေးကောက်ပွဲ အနိုင်ရ

Photo: ကျူနီးရှား လွှတ်တော်ဥက္ကဋ္ဌဟောင်း သမ္မတရွေးကောက်ပွဲ အနိုင်ရ
Wednesday, December 24, 2014

တနင်္ဂနွေနေ့က ကျူနီးရှားနိုင်ငံမှာ ပထမဆုံး လွတ်လွတ်လပ်လပ်ကျင်းပခွင့်ရတဲ့ သမ္မတရွေးကောက်ပွဲမှာ အာဏာရှင်ဘင်အာလီလက်ထက်က လွှတ်တော် ဥက္ကဋ္ဌဟောင်းက အနိုင်ရရှိသွားပါတယ်။

အသက် ၈၈ နှစ်အရွယ် အက်စပ်စီ က မဲရလဒ် ၅၅.၆၈ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့ပြီး ပြိုင်ဖက် ယာယီသမတ မာဇူကီ ကတော့ မဲရလဒ် ၄၄.၃၂ ရာခိုင်နှုန်း ရရှိခဲ့တာပါ။

နိုင်ငံတောင်ပိုင်းက ဟမ်မာမြို့မှာတော့ ရွေးကောက်ပွဲမဲရလဒ်ကို လက်မခံတဲ့ ဒေသခံတွေရဲ့ အဓိကရုန်းတွေ ဖြစ်ပွားခဲ့ပါသေးတယ်။ အရင် အာဏာရှင် ဘင်အာလီလက်ထက်က လက်ဟောင်းခေါင်းဆောင်က အနိုင်ရရှိခဲ့တာဆိုပြီး စွပ်စွဲခဲ့ကြတာပါ။

အက်စပ်စီ ကတော့ သူအနိုင်ရခဲ့တာဟာ အရင်အာဏာရှင်စနစ်ဆီ ပြန်လှည့်သွား လိမ့်မယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ငြင်းဆန်ခဲ့ပါတယ်။ သူဟာ အာဏာရှစ်စနစ် နှစ်ပေါင်း ၃၀ အတွင်း ပျက်စီးယိုယွင်းသွားတဲ့ ကျူးနီးရှားနိုင်ငံက လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးသမားလို့ ပြောဆိုတာပါ။

ကျူနီးရှားနိုင်ငံဟာ ၂၀၁၁ ခုနှစ်က အာဖရိကမြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ အာရပ်နွေဦးတော်လှန်ရေး ပထမဆုံး ဖြစ်ပွားခဲ့တဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။

ဒီဗွီဘီ
တနင်္ဂနွေနေ့က ကျူနီးရှားနိုင်ငံမှာ ပထမဆုံး လွတ်လွတ်လပ်လပ်ကျင်းပခွင့်ရတဲ့ သမ္မတရွေးကောက်ပွဲမှာ အာဏာရှင်ဘင်အာလီလက်ထက်က လွှတ်တော် ဥက္ကဋ္ဌဟောင်းက အနိုင်ရရှိသွားပါတယ်။

အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းများ

Photo: အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းများ
Wednesday, December 24, 2014

ဆရာကြီး ဒေါက်တာမောင်မောင်ညို က ပြောသည်မှာ လူအပါအ၀င် သတ္တ၀ါအားလုံးအတွက် မရှိမဖြစ်လိုအပ်သော မရှောင်လွှဲနိုင်သော အလုပ်သုံးခုမှာ စားခြင်း၊ အိပ်ခြင်းနှင့် မေထုန်မှီဝဲခြင်းတို့ ဖြစ်သည်။ လူ့ခန္ဓာကိုယ်အတွက် အခြေခံလိုအပ်ချက်များဟူ၍လည်း သိပ္ပံပညာရှင်များနှင့် လူမှုရေးပညာရှင်များက ပြောဆိုကြသည်။

ထိုမရှောင်လွှဲနိုင်သော အလုပ် ၃-ခုအနက် စားခြင်းမှာ တခါတရံ ထိန်းသိမ်း၍ရ၏။ မေထုန်မှီဝဲခြင်းမှာလည်း ရှောင်လွှဲ၍ရ၏။ အိပ်ခြင်းကိုမူ မည်သူမျှ အကြာကြီး ရှောင်၍မရပေ။လူတို့သည် အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်ဖြစ်နိုင်၏။ အိပ်မရဖြစ်နိုင်၏။ ထိုအခါ အိပ်မရသော် အိပ်ဆေးများ သုံးလာကြသည်။

အမေရိကန်နိုင်ငံ၌ တနှစ်လျှင် အိပ်ဆေးတန်ချိန် ၆၀၀-ကျော်မျှ ရောင်းချရ၏။ အမေရိကန်လူမျိုး သန်း ၅၀-ကျော်သည် အိပ်ဆေးမစားရပါက အိပ်၍မရဟု သိရသည်။ အိပ်ပျော်စေရန် သုံးသော ဆေးများမှာ ကမ္ဘာပေါ်တွင် လူသုံးအများဆုံးဆေးများ ဖြစ်ပါသည်။

အောက်ပါလုပ်ဆောင်ချက်များသည် အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းများ ဖြစ်ပါသည်။

(၁) အိပ်ရာမ၀င်မီ ရေချိုးခြင်း။
အိပ်ရာမ၀င်မီ ရေချိုးခြင်းမှာ လူကို လန်းဆန်း၍ သန့်စင်စေသလို အိပ်ရာဝင်သောအခါ၌ အိပ်ပျော်စေ၏။ ပူအိုက်သောရာသီတွင် ရိုးရိုးရေကို ချိုး၍, ချမ်းအေးသောရာသီတွင် ရေနွေးဖြင့်စပ်၍ ချိုးပါက အရေပြားသို့ သွေးအရောက်များပြီး အိပ်ပျော်စေနိုင်ပါသည်။

(၂) အိပ်ရာမ၀င်မီ တူရိယာဂီတ နားထောင်ခြင်း။
အိပ်ရာမ၀င်မီ ငြိမ့်ညောင်းသာယာသော ဂီတသံများ နားထောင်ခြင်း၊ ပျော်ရွှင်ဖွယ်၊ စိတ်ငြိမ်းချမ်းဖွယ် ရုပ်ရှင်၊ တယ်လီဗေးရှင်းဇာတ်လမ်းများ ကြည့်ရှုခြင်းမှာ စိတ်ကို လန်းဆန်း၍ လူကို အိပ်ပျော်စေပါသည်။

(၃) စာဖတ်ခြင်း။
အိပ်ရာမ၀င်မီ မိမိစွဲမက်သော ၀တ္ထုစာအုပ်များကို ဖတ်၍ အိပ်ပါက အိပ်၍ပျော်စေပါသည်။

(၄) စိတ်လျော့ခြင်း။
မအိပ်မီ စိတ်လျော့ခြင်း၊ တရားထိုင်ခြင်း၊ အနင်းအနှိပ် ခံခြင်းများသည်လည်း အိပ်၍ပျော်စေပါသည်။

(၅) နွားနို့ပူပူသောက်ခြင်း။
အိပ်ရာမ၀င်မီ နွားနို့(သို့) အိုဗာတင်း၊ မိုင်လို စသည်တို့ကို ခပ်ပူပူ ခပ်နွေးနွေး တခွက်သောက်ပါက အိပ်ပျော်စေသည်။ ဗိုက်လည်းပြည့်၊ သွေးလည်ပတ်မှုနှင့်လည်းညီ၊ အာဟာရလည်းရသဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပေသည်။

(၆) ကခုန်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း။
အိပ်ရာမ၀င်မီ နာရီဝက်၊ တနာရီခန့် ကခုန်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် လူ၏ကြွက်သားများကို ပျော့ပျောင်းစေပြီး သွေးလည်ပတ်မှုကို ကောင်းစေသည်။ ကိုယ်ခန္ဓာမှ အညစ်အကြေးများကိုလည်း ထွက်စေသည်။ ထိုသို့ပြုလုပ်ပြီးနောက် ရေချိုးပြီး အိပ်ရာဝင်ပါက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါသည်။

Mg Mandalay
ဆရာကြီး ဒေါက်တာမောင်မောင်ညိုက ပြောသည်မှာ လူအပါအ၀င် သတ္တ၀ါအားလုံးအတွက် မရှိမဖြစ်လို အပ် သော မရှောင်လွှဲနိုင်သော အလုပ်သုံးခုမှာ စားခြင်း၊ အိပ်ခြင်းနှင့် မေထုန်မှီဝဲခြင်းတို့ ဖြစ်သည်။ လူ့ခန္ဓာ ကိုယ်အတွက် အခြေခံလိုအပ်ချက်များဟူ၍လည်း သိပ္ပံပညာရှင်များနှင့် လူမှုရေးပညာရှင်များက ပြောဆို ကြသည်။

မြို့တော်ခန်းမရှေ့ ဆန္ဒပြသူများ ဖယ်ရှားပြီး ၁၄ ဦးကို တရားစွဲ

Photo: မြို့တော်ခန်းမရှေ့ ဆန္ဒပြသူများ ဖယ်ရှားပြီး ၁၄ ဦးကို တရားစွဲ
Wednesday, December 24, 2014

သိမ်းဆည်းခံမြေယာပြန် ရရှိရန် မြို့တော်ခန်းမရှေ့ပိတ်ဆို့ ဆန္ဒပြနေသော မိကျောင်းကန် ပြည်သူများကို စည်ပင်နှင့် ရဲတပ် ဖွဲ့က ဆန္ဒပြမှု ၁၀ ရက်အကြာတွင်ဖယ်ရှားခဲ့ပြီး ဆန္ဒပြသူ ၁၄ ဦးကို  ဖမ်းဆီးကာ ပုဒ်မသုံးခုဖြင့် အမှု ဖွင့်တရားစွဲဆိုထားသည်။

ဒီဇင်ဘာ ၂၃ ရက် နံနက် ၅ နာရီခွဲတွင် မြို့တော်ခန်းမရှေ့ ပိတ်ဆို့ဆန္ဒပြနေသော မိကျောင်းပြည်သူများကို စည် ပင်နှင့် ရဲတပ်ဖွဲ့က အင်အား ၅၀ ခန့်အသုံးပြုကာ ဖယ်ရှားခဲ့သည်။ ဆန္ဒပြနေသူများထဲမှ အမျိုးသမီး ၁၁ ဦးနှင့် အမျိုးသားသုံးဦးကို ဖမ်း ဆီးကာ ပုဒ်မ ၃၄၁၊ ပုဒ်မ ၁၈ နှစ် မှုဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး နေ့ လယ်တွင် ကျောက်တံတားမြို့ နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ သည်။

မိကျောင်းကန်မှ ၁၄ ဦး သည် မြို့တော်ခန်းမရှေ့တွင် ပိတ်ဆို့တားဆီးမှု ပုဒ်မ ၃၄၁၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် သပိတ်စခန်းဖွင့်ဆန္ဒပြမှု ပုဒ်မ ၁၈ နှင့် ထပ်မံ၍ မြို့တော်ခန်း မရှေ့တွင် ဆန္ဒပြမှုပုဒ်မ ၁၈ စသည်တို့ဖြင့် အရေးယူခဲ့ခြင်း ဖြစ်သည်။

 ‘‘ဖယ်ရှားတယ်ဆိုလည်း ဘယ်သူမှ ထိခိုက်ဒဏ်ရာမရရှိပါ ဘူး။ ဥပဒေအတိုင်း ဖယ်ရှားခဲ့ တာပါ။ ဆန္ဒပြတဲ့ ၁၄ ဦးကိုတော့  အမှုဖွင့် အရေးယူထားပါတယ်’’ ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ၀င်းကြည်ကပြော ကြားသည်။

‘‘မနက်အစောကြီးကျွန်မတို့ ကို ရဲမေတွေက ကားပေါ်ဆွဲတင် တာပါ။ ကျွန်မတို့လည်းကားပေါ် ရောက်ရော ကျွန်မတို့ တဲကို ဖျက်ဆီးတာပါပဲ။ အခုကျွန်မတို့ မိကျောင်းကန်က ပုဒ်မတွေနဲ့ အရေးယူခံထားရတာ မနည်း တော့ဘူး။ မြေယာ ပြန်မရတဲ့ အပြင် အကုန်လုံးထောင်ထဲမှာ နေရတော့မယ်’’ဟု မြို့တော်ခန်းမရှေ့ပိတ်ဆို့ဆန္ဒပြမှုကြောင့် ပုဒ်မ သုံးခုဖြင့် ဖမ်းဆီးခံရသူ ဒေါ်အေးမိကပြောသည်။

တရားစွဲဆိုခံရသူ ၁၄ ဦးကို ရုံးထုတ်စစ်ဆေးခဲ့ပြီး ကိုယ်တိုင် ခံဝန်ဖြင့် အာမခံပေးကာ ပြန်လွှတ်ပေးထားသည်။ ၎င်းတို့ကို ၂၀၁၅ ဇန်န၀ါရီ ၆ ရက်တွင် ထပ်မံရုံး ချိန်းလိုက်ကြောင်း သတင်းရရှိ သည်။

မိကျောင်းကန်ပြည်သူများ နှင့် အစိုးရကြား စေ့စပ်ညှိနှိုင်းရေး ရရှိရန်ဟုဆိုကာ မိကျောင်းကန် ပြည်သူများထံ ရောက်ရှိပြီး အတူ နေထိုင်သော ကိုဝေဠုကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က ဖမ်း ဆီးထားသည်။

ကိုဝေဠုကို ဒီဇင်ဘာ ၁၈ ရက် ညတွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်ပြီး နိုင်ငံတော်အစိုးရကိုဖြစ် စေ၊ တစ်ဦးတစ်ယောက်ကိုဖြစ် စေ ဆူပူအုံကြွအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ဖမ်းဆီးလိုက် ခြင်းဖြစ်သည်။

သိမ်းဆည်းခံမြေယာပြန်ရရှိ ရန် မဟာဗန္ဓုလပန်းခြံဘေးတွင်ဆန္ဒပြသပိတ်စခန်း ဖွင့်နေသော မိကျောင်းကန်ပြည်သူများသည် ဆန္ဒပြသည့် ၂၆၄ ရက်မြောက်တွင် မြို့တော်ခန်းမရှေ့သို့သွားရောက် ကာ ပိတ်ဆို့ဆန္ဒပြခဲ့ခြင်း ဖြစ် သည်။

7Day DAILY 

မိကျောင်းကန်သပိတ်မှောက်သူအချို့နှင့် ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ− နစ်ကီ)
မိကျောင်းကန်သပိတ်မှောက်သူအချို့နှင့် ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ− နစ်ကီ)
သိမ်းဆည်းခံမြေယာပြန် ရရှိရန် မြို့တော်ခန်းမရှေ့ပိတ်ဆို့ ဆန္ဒပြနေသော မိကျောင်းကန် ပြည်သူများကို စည်ပင်နှင့် ရဲတပ် ဖွဲ့က ဆန္ဒပြမှု ၁၀ ရက်အကြာတွင်ဖယ်ရှားခဲ့ပြီး ဆန္ဒပြသူ ၁၄ ဦးကို  ဖမ်းဆီးကာ ပုဒ်မသုံးခုဖြင့် အမှု ဖွင့်တရားစွဲဆိုထားသည်။

ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြည်ဝင်ခွင့်ဗီဇာကြေး လျော့ချ

Photo: ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြည်ဝင်ခွင့်ဗီဇာကြေး လျော့ချ
Wednesday, December 24, 2014

ထိုင်းနိုင်ငံရောက် မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေ တရားဝင်အလုပ်သမားမှတ်ပုံတင်လုပ်ဆောင်ရာမှာ ပိုမို လွယ်ကူသက်သာစေဖို့အတွက် ပြည်ဝင်ခွင့် ဗီဇာကြေး ၁ ဦးကို ဘတ် ၂၀၀၀ ကနေ ဘတ် ၅၀၀ ထိ လျော့ချပေးလိုက်တယ်လို့ ထိုင်းဝန်ကြီးများရုံးက ထုတ်ပြန် ကြေညာကြောင်း ဒီဇင်ဘာလ ၂၃ ရက်နေ့ထုတ် မတိချွန်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

ဒါဟာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက အဆိုပြုတင်ပြထားချက်ကို ထိုင်း အမျိုးသား ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီ (စစ်ကောင်စီ)အနေနဲ့ အတည်ပြုပေးလိုက်တာ ဖြစ်ကြောင်း၊ အခုလို ဗီဇာကြေးကို လျော့ပေး လိုက်ခြင်းအားဖြင့် ရွှေ့ပြောင်းအလုပ်သမား တွေ တရားဝင်မှတ်ပုံတင်ရေး ပိုမို လွယ်ကူစေပြီး တရားမ၀င် ၀င်ရောက်မှုကို ပိုမို ထိန်းချုပ်ကာကွယ်နိုင်မယ်လို့ ထိုင်းဝန်ကြီးများရုံးရဲ့ ဒုတိယပြောခွင့်ရ ဗိုလ်မှူး ဆန်ဆရင်ကျောဝ့်ကမ်နုတ်က ကြေညာသွားပါတယ်။

ဒီဗွီဘီ
ထိုင်းနိုင်ငံရောက် မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေ တရားဝင် အလုပ်သမားမှတ်ပုံတင်လုပ်ဆောင်ရာမှာ ပိုမို လွယ်ကူသက်သာစေဖို့အတွက် ပြည်ဝင်ခွင့် ဗီဇာကြေး ၁ ဦး ကို ဘတ် ၂၀၀၀ ကနေ ဘတ် ၅၀၀ ထိ လျော့ချပေးလိုက်တယ်လို့ ထိုင်းဝန်ကြီးများရုံးက ထုတ်ပြန် ကြေညာကြောင်း ဒီဇင်ဘာလ ၂၃ ရက်နေ့ထုတ် မတိချွန်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

ဓာတ်တိုင်ကို ခရီးသည်တင်ဒိုင်နာကား ၀င်တိုက်ခြင်းကြောင့် ရပ်ကွက်အချို့ လျှပ်စစ်မီးပြတ်

Photo: ဓာတ်တိုင်ကို ခရီးသည်တင်ဒိုင်နာကား ၀င်တိုက်ခြင်းကြောင့် ရပ်ကွက်အချို့ လျှပ်စစ်မီးပြတ်
Wednesday, December 24, 2014

ကမ္ဘာအေးဘုရားလမ်းစာတိုက်မှတ်တိုင်တွင် ခရီးသည်တင်ဒိုင်နာ ယာဉ်တစ်စီးက လမ်းဘေးရှိ ဓာတ်တိုင်ကို ဝင်ရောက်တိုက်ခဲ့ရာ ဓာတ်တိုင် နှစ်တိုင်ပျက်စီးခဲ့သောကြောင့် မရမ်းကုန်းမြို့နယ်အတွင်း ရပ်ကွက်အချို့ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သည်။

‘‘တိုက်မိတဲ့ဓာတ်တိုင်နဲ့ ဆိုင် တဲ့(၇ ၊၈ ၊ ၉၊ ၁၀)အဲဒီရပ်ကွက်တွေ တော့မီးပြတ်နေတယ်။ ကျန်တဲ့ ဘက်တွေတော့ မီးပြန်ရတယ်။ 616 ကျောက်မျက်လည်းပါသွား တယ်။ ခုလည်းလုပ်နေတယ်။ တိုင်အကြီးတွေဆိုတော့ တိုင်တည် ဆောက်ရေးအဖွဲ့တွေပါခေါ်ပြီး လုပ်နေတယ်’’ ဟု မရမ်းကုန်းမြို့နယ် လျှပ်စစ်မှ သတင်းရရှိသည်။

ဒီဇင်ဘာ ၂၃ ရက်နံနက် ၁၀ နာရီ ဝန်းကျင်တွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စာတိုက်မှတ်တိုင်အနီးရှိ ဓာတ်တိုင်ကို ဝင်တိုက်ခဲ့ရာ ယင်းတိုင်အပါအဝင် ဓာတ်တိုင် နှစ်တိုင် လဲကျပျက်စီးခဲ့ပြီး ယာဉ်တိုက်မှုကြောင့် တစ်ဦးဒဏ် ရာရရှိခဲ့သည်။

‘‘ဒိုင်နာပေါ်မှာပါတဲ့သူတွေတော့ ကြီးကြီးမားမားဒဏ်ရာမရပါဘူး။ တစ်ယောက်ကတော့ နည်းနည်း ပွန်းပဲ့ဒဏ်ရာတွေရ သွားတယ်’’ဟု ယင်းဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသည့်အမျိုးသမီးတစ်ဦးကဆိုသည်။

ယင်းဒိုင်နာယာဉ်မှာ နဝဒေး မှတ်တိုင်ဘက်မှ ယင်းမာပင်မှတ်တိုင်ဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး ကားချင်းပြိုင်၍ မောင်းနှင် ရာမှ ဖြစ်ပွားခဲ့သည်ဟု အမျိုးသားတစ်ဦးကဆိုသည်။

‘‘စဖြစ်ဖြစ်ချင်းမှာ ခွဲရုံမှာ လိုင်းတွေ တန်းကျသွားတယ်။ ၁၁ နာရီလောက်မှာတော့ ဒီလိုင်းနဲ့ မဆိုင်တဲ့လိုင်းတွေကို မီးပြန်ပေးထားပါတယ်’’ဟု ယင်းနေရာ တွင် လာရောက်ပြုပြင်နေသည့် လျှပ်စစ်ဝန်ကြီးဌာန အင်ဂျင် နီယာတစ်ဦးကပြောသည်။

နံနက် ၁၀ နာရီကျော်ကတည်းက မီးပြတ်နေပြီး ညနေ ၆ နာရီခန့်အထိ မီးပြန်မလာသေးကြောင်း ကမ္ဘာအေး (၉) ရပ်ကွက်တွင်နေထိုင်သူတစ်ဦးက ပြောသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒိုင်နာယာဉ်မောင်းကို မရမ်းကုန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိ သည်။

7Day DAILY 

ဓာတ်တိုင်ကို ၀င်တိုက်မိသော ဒိုင်နာယာဉ်အား ကရိန်းဖြင့် ဆွဲနေစဉ် (ဓာတ်ပုံ− ဇွဲဉာဏ်)
ဓာတ်တိုင်ကို ၀င်တိုက်မိသော ဒိုင်နာယာဉ်အား ကရိန်းဖြင့် ဆွဲနေစဉ် (ဓာတ်ပုံ− ဇွဲဉာဏ်)
ကမ္ဘာအေးဘုရားလမ်းစာတိုက်မှတ်တိုင်တွင် ခရီးသည်တင်ဒိုင်နာ ယာဉ်တစ်စီးက လမ်းဘေးရှိ ဓာတ်တိုင်ကို ဝင်ရောက်တိုက်ခဲ့ရာ ဓာတ်တိုင် နှစ်တိုင်ပျက်စီးခဲ့သောကြောင့် မရမ်းကုန်းမြို့နယ်အတွင်း ရပ်ကွက် အချို့ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သည်။

အခွန်ဦးစီးဌာနက ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်းအပြင် ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း တည်ထောင်သည့် ACE အပါအ၀င် ခရိုနီကုမ္ပဏီများ၏ အခွန်ဆောင်မှုစာရင်းကို ထပ်မံထုတ်ပြန်

၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် စည်းကမ်းအတိုင်း အချိန်မီတရားဝင်ပေးဆောင်သည့် ထိပ်တန်း အခွန်ထမ်း ၁ဝဝဝ စာရင်းအပြင် ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း တည်ထောင်ပိုင်ဆိုင်လုပ်ကိုင်ခဲ့သော ACE ကုမ္ပဏီအပါ အဝင် ခရိုနီကုမ္ပဏီအချို့ပါသော အခွန်ပေးဆောင်မှုစာရင်းကိုလည်း ပြည်တွင်း အခွန်ဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

လက်ပံတောင်းတောင်အရေး အကြမ်းဖက်နှိမ်နင်းမှု ဗကသ ကျောင်းသားများ ကန့်ကွက် ဆန္ဒပြ

Photo: လက်ပံတောင်းတောင်အရေး အကြမ်းဖက်နှိမ်နင်းမှု ဗကသ ကျောင်းသားများ ကန့်ကွက် ဆန္ဒပြ
Wednesday, December 24, 2014

ဗမာနိုင်ငံလုံး ဆိုင် ရာ ကျောင်းသားများအဖွဲ့ဝင် ၂၀ခန့် သည် လက်ပံတောင်းတောင် အရေး ရဲတပ်ဖွဲ့က  အကြမ်းဖက်နှိမ်နင်းမှုကို ကန့်ကွက်ကြောင်း ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဖယောင်းတိုင်များ ထွန်းကာ Black Campaign (အမည်းရောင်လှုပ်ရှားမှု)  အမည်ရ လှုပ်ရှားမှုတစ်ခု ပြုလုပ် ခဲ့သည်။

ဒီဇင်ဘာ၂၃ရက် ညနေ ၅ နာရီခွဲတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ဝင် ၂၀ခန့် သည် မဟာဗန္ဓုလပန်းခြံထဲရှိ လွတ်လပ်ရေးကျောက်တိုင်ကို အလေးပြုကာ ငြိမ်းချမ်းရေးသီ ချင်းတစ်ပုဒ်သီဆိုခဲ့ပြီး ဖယောင်းတိုင်များထွန်းကာ  နာရီ ဝက်ကြာ အဆိုပါလှုပ်ရှားမှုကို ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။ အဆိုပါ လှုပ်ရှားမှု သည် ဒီမိုကရေစီခေတ်တွင် ပြည် သူများကို ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းခြင်း ကို ကန့်ကွက် သောကြောင့် ပြုလုပ်ခြင်းဖြစ်ပြီး ယင်းပြုလုပ်မှုကို သုံးရက်တိုင်ပြု လုပ်သွားမည်ဟု ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများအဖွဲ့မှ ကျော်ကိုကိုက ပြောသည်။

အသက်သေဆုံးသည်အ ထိ လုပ်ရပ်အပေါ် ဗကသ က ပြင်းထန်စွာ ရှုတ်ချပြီး တရားမျှတ မှုအတွက် တစ်နိုင်ငံလုံးရှိ အင် အားစုအသီးသီးက ၎င်းတို့နှင့် ပူး ပေါင်းရန် ဗကသ က ဒီဇင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်သော ကြေ ညာချက်၌ ဖော်ပြထားသည်။

7Day DAILY 

ဗကသ ကျောင်းသားအချို့က အမည်းရောင်လှုပ်ရှားမှု ပြုလုပ်နေကြစဉ် (ဓာတ်ပုံ − မင်းမင်းဇော်)
ဗကသ ကျောင်းသားအချို့က အမည်းရောင်လှုပ်ရှားမှု ပြုလုပ်နေကြစဉ် (ဓာတ်ပုံ − မင်းမင်းဇော်)
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ဝင် ၂၀ခန့် သည် လက်ပံတောင်းတောင်အရေး ရဲတပ်ဖွဲ့က  အကြမ်းဖက်နှိမ်နင်းမှုကို ကန့်ကွက်ကြောင်း ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဖယောင်းတိုင်များ ထွန်းကာ Black Campaign (အမည်းရောင်လှုပ်ရှားမှု)  အမည်ရ လှုပ်ရှားမှုတစ်ခု ပြုလုပ် ခဲ့သည်။

နှုတ်ခမ်းသားမည်းညစ်ခြင်း ကင်းဝေးရအောင်

Photo: နှုတ်ခမ်းသားမည်းညစ်ခြင်း ကင်းဝေးရအောင်
Wednesday, December 24, 2014 

နှုတ်ခမ်းတစ်စုံရဲ့ လှပမှုဟာ အမျိုးသမီးတွေအတွက် မရှိမဖြစ်ပါ။

ဒါကြောင့်လည်း အမျိုးသမီးတိုင်းလိုလိုမှာ အနဲဆုံး နှုတ်ခမ်းဆိုး ဆေးအရောင် ၃-မျိုးလောက်ရှိတတ်ကြပြီး၊ အပြင်သွားခါနီးတိုင်း မိမိဝတ်ဆင်မယ့် အ၀တ်အစား
အရောင်နဲ့  အနီစပ်ဆုံး နှုတ်ခမ်း နီဗူးလေးကို ထုတ်ဆိုးလေ့ရှိကြပါတယ်။
ဘယ်လိုပင် နှုတ်ခမ်းဆိုးဆေး အကူအညီသုံးပြီး လှပနေပါစေ မိမိရဲ့ နှုတ်ခမ်းသား
အရောင်ကို ပန်းဆီရောင်လေးသဖွယ် သဘာဝအတိုင်းလှနေချင်တာ မိန်းကလေး တိုင်းရဲ့ ဆန္ဒပါ။

အမျိုးသားတွေလဲ ထို့ အတူပါဘဲ နှုတ်ခမ်းမည်းမည်းကြီး မဖြစ်ချင်ကြပါဘူး။
အချို့  အမျိုးသား/အမျိုးသမီးတွေမှာ အရွယ်မတိုင်မီ နှုတ်ခမ်းသားတွေ မည်းလာ တတ်ကြပါတယ်။

အကြောင်းရင်းကတော့ ကော်ဖီ၊ လ္ဘက်ရည်၊ ဆေးလိပ်လွန်စွာ သောက် သုံးခြင်းကြောင့် ကဖိန်းဓာတ်ရဲ့ ဘေးထွက်ဆိုးကျိုးများ၊ နေပူထဲ အထွက်များ ၍နေလောင်ခြင်း၊ ရေနွေး၊ ဟင်းချို စတဲ့အရည်ပူပူတွေကို ခွက်ပူပူထဲ ကနေ စုပ် ယူသောက်လေ့ရှိခြင်း၊ ခဲဓာတ်များတဲ့ နှုမ်းခမ်းဆိုးဆေး အန္တရာယ၊် ရောဂါ တစ်ခုခုကြောင့်သောက်သုံးနေရတဲ့ ပဋိဇီဝဆေးတွေရဲ့ တန်ပြန်သက်ရောက်မှု စတာတွေကြောင့် နှုတ်ခမ်းသားကို မည်းလာစေပါတယ်။ အဲဒီအတွက် စိတ်မညစ်ကြ ပါနဲ့ ။ ဒီမှာ ရိုးရှင်းလွယ်ကူပြီး ငွေကုန်ကြေးကျ မများတဲ့ နည်းလမ်းကောင်းလေးတွေ
ရှိပါတယ်။

သကြား ( Sugar )
သကြားနဲ့ ပွတ်ပါ နှုတ်ခမ်းမည်းမည်းတွေအတွက် သကြားက အကောင်းဆုံးဆေး ပါဘဲ။ လ္ဘက်ရည်ဇွန်း ၃-ဇွန်းစာပမာဏရှိတဲ့ သကြားမှုန့်  ဖြူဖြူလေးတွေကို ထောပတ်နဲ့ ရောပြီးနောက်၊ ရလာတဲ့အနှစ်ကို နှုတ်ခမ်းပေါ် လိမ်းပေးပါ။ ထောပတ်က နှုတ်ခမ်း သား အစိုဓာတ်ကိုထိန်းပေးသလို၊ သကြားက နှုတ်ခမ်းပေါ်ရှိ ဆဲလ် အသေတွေကို ဖယ်ရှားပေးပါတယ်။

မုန်လာဥနီ ( Beetroot )
မုန်လာဥနီအလုံး (ခေါ်)သကြားမုန်လာ ( Beetroot ) ကိုသုံးပါ သွေးကြည်ရောင် လို ရဲရဲနီတဲ့ သကြားမုန်လာဥတွေက အရေပြားပေါ်ရှိ ဆဲလ်အသေတွေကို ကောင်းစွာဖယ်ရှားပေးနိုင်ပြီးတော့၊ နှုတ်ခမ်းသာ မည်းခြင်းကို တဖြည်းဖြည်းလျော့ ပါးသွားစေပါ တယ်။

သံလွင်ဆီ ( Olive Oil )
သံလွင်ဆီလိမ်းပါ။ အသားအရေကိုကောင်းကျိုးပြုကာ အာဟာရ တန်ဖိုးမြောက်များ စွာပါတဲ့ သံလွင်ဆီကို နှုတ်ခမ်းပေါ်မှာ အစက်ကလေးတွေ ချပြီးတော့ နှုတ်ခမ်းသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ။

နှင်းဆီ (Rose)
နှင်းဆီပွင့်ချပ်လေးတွေသုံးပါ။ နှင်းဆီပွင့်ချပ်လေးတွေကို ထောပတ်နဲ့ ရောထောင်းပြီးတော့ ရလာတဲ့ အနှစ်တွေကို နှုတ်ခမ်းပေါ် အုံတင်ထားပေးပါ။
အဲဒီလို ရက်သတ္တ ၁-ပတ်မှာ ၂-ကြိမ်လောက် လုပ်ပေးခြင်းဖြင့် မည်းနေတဲ့နှုတ် ခမ်းသားတွေ တဖြည်းဖြည်း အရောင် ဖျော့သွားလာပါလိမ့်မယ်။

စတော်ဘယ်ရီ ( Strawberry )
စတော်ဘယ်ရီသီးတွေနဲ့ ပွတ်ပါ။ စတော်ဘယ်ရီသီးတွေကလည်း နှုတ်ခမ်းသား
မည်းခြင်းအတွက် အကောင်းဆုံး သဘာဝဆေး လေးတွေပါဘဲ။ အဲဒီအသီး မှည့်မှည့်တွေကို ရှာစောင်းလက်ပပ်ဂျယ်လီ၊ ပျားရည်တို့ နဲ့ ရောပြီး နှုတ်ခမ်းသား ကိုပွတ်တိုက်ပေးပါ။ ၁၀-မိနစ်ခန့် အကြာမှာ ရေအေးဖြင့်ဆေးပါ (ရေခဲရေမဟုတ်ပါ)

သလဲသီး ( Pomegranate )
သလဲသီးသုံးပါ။သလဲသီးကိုအစေ့ဖယ်ပြီးနောက်ရလာတဲ့အသားဖတ်လေးတွေကို ထောပတ်နဲ့ နယ်၍၊ နှုတ်ခမ်းသားတွေကို သုတ် လိမ်း ပေးပါ။ ညအိပ်ယာ ၀င်ခါးနီးတိုင်း လုပ်ပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်းမှာပင် နှုတ်ခမ်းသားလေး သိသိသာသာ ပန်းရောင် ပြောင်းလာနိုင်ပါတယ်။

ဆား ( Salt )
ဆားနဲ့ ပွတ်ပါ။ အိမ်သုံးဆားမှုန်လေးတွေကို နွားနို့  နဲ့ ရောပြီးတော့၊ ရလာတဲ့ အနှစ် ပျစ်ပျစ်တွေကို နှုတ်ခမ်းသားပေါ် ခပ်ဖွဖွ ပွတ်တိုက်ပေးပါ။ ၁၅-မိနစ်ခန့်အကြာ ရေအေးဖြင့်ဆေးပါ (ရေခဲရေမဟုတ်ပါ)

ရှားစောင်းလက်ပတ် ( Aloe )
ရှားစောင်းလက်ပတ်ဂျယ်လီသုံးပါ။ မည်းညစ်နေတဲ့ နှုတ်ခမ်းသားကို မူလ အရောင်ပြန်ရစေဖို့ အတွက် ရှားစောင်းလက်ပတ်ဂျယ်လီ က အကောင်းဆုံး သမားတော်ဖြစ်ပါတယ်။ အဲဒီအပင်ထဲက အနှစ်တွေကိုညှစ်ချပြီးတော့ နှုတ်ခမ်း သားပေါ်တင်ပြီး ပွတ်လိမ်း လိုက်ရုံပါဘဲ။

ငှက်ပျောသီး ( Banana )

ငှက်ပျောသီးသုံးပါ။ ဌက်ပျောသီးမှည့်မှည့်ကို နွားနို့ ၊ ပျားရည်တို့ ဖြင့် သမအောင်ရော နယ်ပြီးတော့ နေ့ စဉ်လိမ်းပေးပါ။ ရက် အနည်းအတွင်းမှာပင် ထူးခြားတဲ့ အာနိသင်ကို လက်တွေ့ ခံစားရပါလိမ့်မယ်။

Credit: ပေါက်ပေါက်
မြ၀တီ
နှုတ်ခမ်းတစ်စုံရဲ့ လှပမှုဟာ အမျိုးသမီးတွေအတွက် မရှိမဖြစ်ပါ။
ဒါကြောင့်လည်း အမျိုးသမီးတိုင်းလိုလိုမှာ အနဲဆုံး နှုတ်ခမ်းဆိုး ဆေးအရောင် ၃-မျိုးလောက်ရှိတတ်ကြပြီး၊ အပြင်သွားခါနီးတိုင်း မိမိဝတ်ဆင်မယ့် အ၀တ်အစား အရောင်နဲ့  အနီစပ်ဆုံး နှုတ်ခမ်း နီဗူးလေးကို ထုတ်ဆိုးလေ့ ရှိကြပါတယ်။ ဘယ်လိုပင် နှုတ်ခမ်းဆိုးဆေး အကူအညီသုံးပြီး လှပနေပါစေ မိမိရဲ့ နှုတ်ခမ်း သား အရောင်ကို ပန်းဆီရောင်လေးသဖွယ် သဘာဝအတိုင်းလှနေချင်တာ မိန်းကလေး တိုင်းရဲ့ ဆန္ဒပါ။

လယ်ယာမြေပြဿနာများ ပြီးပြတ်အောင် မဆောင်ရွက်နိုင်ခြင်းမှာ အစိုးရနှင့် လွှတ်တော် အပေါ် ပြည်သူများယုံကြည်မှု ကျဆင်းစေနိုင်ဟု သူရဦးရွှေမန်းပြော

ရပ်ကျေးအဆင့်ရှိ မြေ ယာစီမံခန့်ခွဲရေး တာဝန်ရှိသူများက လယ်ယာမြေ ပြဿနာများကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်မှုမရှိခြင်းမှာ အစိုးရအဖွဲ့နှင့် လွှတ်တော်အပေါ် ပြည်သူများ၏ ယုံကြည်မှု၊ အားထားမှု လျော့ နည်းလာသည့် အကြောင်းရင်းတစ်ရ ပ်ဖြစ်လာနိုင်ကြောင်း ရပ်ကျေးအဆင့်ရှိ အုပ်ချုပ်ရေး တာဝန်ရှိသူ များအား သူရဦးရွှေမန်း က တိုက်တွန်းပြောကြားလိုက်သည်။

ကညွတ်စားသုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

ကညွတ်တွင် Vitamin A ,Vitamin B-Complex, Vitamin C, Vitamin E , Manganese , Selenium စသည်ဖြင့် အဖိုးထိုက်တန်သော ဗီတာမင်များနှင့် သတ္တုဓာတ်များစွာပါဝင်ပါတယ်။ကညွတ်မြစ်ဟာ စိတ်ကျရောဂါကို တိုက်ဖျက် ပေးနိုင်စွမ်းပြီး စိတ်ခံစားမှုစွမ်းအားကို တိုးတက်ကောင်းမွန်စေပါတယ်။

မလေးရှားနှင့် တရုတ်နိုင်ငံတို့ ပထမဆုံးအကြိမ် ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်

Photo: မလေးရှားနှင့် တရုတ်နိုင်ငံတို့ ပထမဆုံးအကြိမ် ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်
Wednesday, December 24, 2014 

မလေးရှားစစ်တပ်နှင့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA)တို့သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် ၄၀ ပြည့် အထိမ်းအမှတ်အဖြစ် ပထမဆုံးအကြိမ် နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဒီဇင်ဘာ၂၂ရက်က စတင်ခဲ့သည်။

မလေးရှား စစ်တပ်၏ ပူးတွဲ စစ်ဆင်ရေး လေ့ကျင့်မှု စင်တာ(Pesama)တွင် ငါးရက်ကြာပြုလုပ်မည့် စားပွဲတင်စစ်ရေး လေ့ကျင့်မှုတွင် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ နှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်မှုစစ်ဆင်ရေးများ အတွက် နှစ်ဖက်စလုံးနှင့် ဆိုင်သည့် မူဘောင်တစ်ခုကို ချမှတ်ရန် မလေးရှား အရာရှိ ၂၀ဦးနှင့် PLA မှ ၂၁ ဦးပါ ကိုယ်စားလှယ် အဖွဲ့တို့က ၎င်းတို့၏ ကျွမ်းကျင်မှုများကို ပူးပေါင်း ကာ လေ့ကျင့်မည် ဖြစ်သည်။

စစ်ရေး လေ့ကျင့်မှုကို မလေးရှားစစ်တပ် အကြီးအကဲ ဂျဲတန်ဆရီဇူလ်ကီ ဖေလီမို့ဒ်ဇင်က ဖွင့်လှစ်ပေး ခဲ့ပြီး ပူးတွဲစစ်ရေး လေ့ကျင့်မှု များစွာကို စတင် လုပ်ဆောင်သွားမည် ဖြစ်ကာ လာမည့်နှစ်တွင် နည်းဗျူဟာ ဆိုင်ရာ ကွင်းဆင်း လေ့ကျင့်မှု လုပ်ဆောင်ရန် မျှော်မှန်းထားသည်။.

“ကျွန်တော်တို့အနေနဲ့ နှစ်နိုင်ငံတပ်ဖွဲ့ဝင်တွေကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကြိုးပမ်း သွားမှာ ဖြစ်ပါတယ်။ အထူး သဖြင် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းတွေ နဲ့ ပင်လယ်ပြင်တွင် သင်္ဘောပြန်ပေးဆွဲမှု တိုက်ဖျက်ရေး တွေကို လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်”ဂျဲင်ဇူလ်ကီဖေလီက သတင်းထောက်များကို ပြောကြားသည်။ PLAအဖွဲ့ကို စစ်ဆင်ရေးဌာန ဒုတိယ ညွန်ကြားရေး မှူးချုပ် အကြီးတန်း ကပ္ပတိန် (ရေတပ်) ကျန်ကေက ဦးဆောင်သည်။

“ပူးတွဲစစ်ရေး လေ့ကျင့်မှု တွေကို လက်ရှိထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အခြေခံအားဖြင့် စစ်ပွဲမဟုတ်တဲ့ ဆက်စပ် စစ်ဆင်ရေး တွေကို လုပ်ဆောင်သွားမှာပါ”ဟု ပူးတွဲ စစ်ရေး လေ့ကျင့်မှု များကို ထိုးစစ်ဆင် တိုက်ခိုက်မှု ပုံစံ စစ်ဆင်ရေးများ အဖြစ်သို့ ပြောင်းလဲသွား နိုင်ခြင်း ရှိမရှိနှင့် စပ်လျဉ်း၍ မေးမြန်သောအခါ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုသည် နှစ်ဘက် စစ်တပ်အတွက် သမိုင်းဝင်ကာလတစ်ခုဖြစ်ပြီး မလေးရှားနှင့် တရုတ် နိုင်ငံတို့၏ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ခြင်း သင်္ကေတ တစ်ခုဖြစ်ကြောင်း ထိပ်တန်းအရာရှိကျန်က ပြေကြားသည်။ ၂၀၀၅ စက်တင်ဘာလက မလေးရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာကို ပထမဆုံးအကြိမ် လက်မှတ် ရေးထိုးခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

မလေးရှားစစ်တပ် အကြီးအကဲ ဂျဲတန်ဆရီဇူလ်ကီ နှင့် တရုပ်စစ်တပ်မှ စစ်ဆင် ရေး ဌာန ဒုတိယ ညွန်ကြားရေး မှူးချုပ် အကြီးတန်း ကပ္ပတိန် ကျန်ကေ (ရေတပ်) တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - thestar.com
မလေးရှားစစ်တပ် အကြီးအကဲ ဂျဲတန်ဆရီဇူလ်ကီ နှင့် တရုပ်စစ်တပ်မှ စစ်ဆင်ရေးဌာန ဒုတိယ ညွန်ကြား ရေးမှူးချုပ် အကြီးတန်း ကပ္ပတိန် ကျန်ကေ (ရေတပ်) တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - thestar.com
မလေးရှားစစ်တပ်နှင့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA)တို့သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် ၄၀ ပြည့် အထိမ်းအမှတ်အဖြစ် ပထမဆုံးအကြိမ် နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဒီဇင်ဘာ၂၂ရက်က စတင်ခဲ့သည်။

အပစ်ရပ်ရေး ပြည်ထောင်စုနေ့ လက်မှတ်ထိုးဖို့ ရည်မှန်း

Photo: အပစ်ရပ်ရေး ပြည်ထောင်စုနေ့ လက်မှတ်ထိုးဖို့ ရည်မှန်း
Wednesday, December 24, 2014

နောက်နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းတွေအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ တစ်နိုင်ငံ လုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ကိုယ် စားလှယ်တွေက ဒီနေ့ ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော် မတီ UPWC နဲ့ NCCT အဖွဲ့တွေ ၂ရက်ကြာ တွေ့ ဆုံဆွေးနွေးပြီးနောက် ရရှိလာတဲ့ သဘောတူညီ ချက်တွေကို နှစ်ဖက်အဖွဲ့တွေကြား ပြန်လည်ဆွေးနွေး ပြီး ရှေ့လာမယ့် ဇန်န၀ါရီလလယ်ပိုင်း ပြန်ကျင်းပမယ့် အစည်းဝေးတွေမှာ ဆက်လက်ဆွေးနွေးမယ် လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC ရဲ့ ဒုဥက္ကဌ၀န်ကြီး ဦးအောင်မင်းက RFA ကိုပြောပါတယ်၊

"အခုနောက်ဆုံးကျန်တာကတော့ ၁၂၂ တို့ ဘာတို့ပြောတာ တကယ်တော့ အဲ့ဒါတွေ လျော့လိုက်တိုးလိုက်နဲ့ ၁ဝ၃ ချက်ပဲ ကျန်တယ်ဗျ၊ အဲဒီ့ ၁ဝ၂ ချက်ထဲမှာ ဆက်လက်ဆွေးနွေးရန် ကျန်တာက ၈ ချက် ဖြစ်ပါတယ်ခင်ဗျ၊ အဲ့ ၈ ချက်ကို ကျနော်တို့ဒီမှာ ဆက်ပြီးဆွေးနွေးပါတယ်၊ အဲဒီ့ ၈ ချက်စလုံးကို ဆွေးနွေးနိုင်ခဲ့တယ်၊ နှစ်ဖက်ညှိပြီးတော့မှ သဘောတူညီချက်တစ်ခု ကျနော်တို့လုပ်ခဲ့တယ်၊ သို့သော်လည်းပဲ ဒါတွေအားလုံးကို ကျနော်တို့ပြန်ယူသွားမယ်၊ သူတို့ကလည်းပဲ သူတို့လူကြီးတွေ တင်ပြမယ်၊ ကျနော်တို့ကလည်း ကျနော်တို့လူကြီးတွေ တင်ပြမယ်၊ အဲ့တင်ပြ တာကို နှစ်ဖက်က အတည်ပြုလိုက်မယ်ဆိုရင်တော့ ဒီစာချုပ်ကြီးက ပြီးသွားမယ့် အနေအထားဖြစ်ပါတယ်"

NCCT ဒုတိယ အဖွဲ့ ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း ကတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှာ အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ကြောင်း ဒီကနေ့ ညနေပိုင်းမှာပြူလုပ်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်၊

"ကျနော်တို့ဖြစ်စေချင်တဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မယ့်နေ့ရက်ကို ဖေဖော်ဝါရီလ ၁၂ ရက်က ကျနော်တို့ ပြည်ထောင်စုနေ့မှာ လက်မှတ်ရေးထိုးနိုင်မယ်ဆိုလို့ရှိရင် ကျနော်တို့ တိုင်းပြည်အနာဂါတ် အတွက် တကယ့်ကိုဂုဏ်ရှိတဲ့ မွန်မြတ်တဲ့နေ့ရက်တစ်ရက်ဖြစ်လို့ ကျနော်တို့က အဲ့လိုဖြစ်စေချင်တာ၊ ကျနော်တို့ နှစ်ဖက်ကတော့ အဲ့နေ့ရက်ကို လက်မှတ်ထိုးနိုင်အောင် ကြိုးစားနေပါတယ်"

NCCT နဲ့ UPWC တို့ရဲ့ နောက်တစ်ကြိမ် ဆွေးနွေးပွဲမတိုင်ခင် လိုင်ဇာစစ်သင်တန်းကျောင်းကို အစိုးရစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး နှစ်ဖက်ဆွေးနွေးသွားဖို့ ညိုနှိုင်းနေတယ်လို့လည်း နှစ် ဖက်ခေါင်းဆောင်တွေက ပြောပါတယ်။

နောက်တစ်ကြိမ်ဆွေးနွေးပွဲကို လာမယ့်နှစ် ဇန်န၀ါရီလ လလယ်လောက်မှာ ထပ်မံတွေ့ဆုံဆွေးနွေးကြဖို့ သဘောတူညီချက်ရခဲ့ကြပါတယ်။

UPWC နဲ့ NCCT အဖွဲ့တွေရဲ့ ၂ ရက်ကြာလုပ်ငန်းဆွေးနွေးပွဲကို အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနဲ့ NCCT ဘက်က ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ တက်ရောက်ခဲ့ပါတယ်။

RFA
နောက်နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ကိုယ် စားလှယ်တွေက ဒီနေ့ ပြောပါတယ်။

လက်ပံတောင်း မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်း သေဆုံးမှု အမှုဖွင့်

Photo: လက်ပံတောင်း မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်း သေဆုံးမှု အမှုဖွင့်
Wednesday, December 24, 2014

စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အဓိကရုဏ်းမှာ  မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ဒဏ်ရာ ထိမှန်သေဆုံးမှုနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးနဲ့ မနီလာသိန်းနဲ့ မတင်ဇာခိုင်တို့အဖွဲ့ဟာ ဆားလင်းကြီးမြို့ ရဲစခန်းမှာ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ သေမှုသေခင်းဖွင့်လှစ်ရာမှာ ရဲက ချက်ခြင်းလက်မခံလို့ စောင့်ဆိုင်းနေကြပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ခင်းပိုင်းက သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်းရဲ့အလောင်းကို မိုးကြိုးပြင်အလယ်ရွာက သူမနေအိမ်မှာ ထားရာက မုံရွာဆေးရုံကို ပို့ဆောင် စစ်ဆေးပေးဖို့နဲ့ ရင်ခွဲရုံပို့ပေးဖို့ သေမှုသေခင်းဖွင့်တာလို့ ပြန်ကြာရေးတာဝန်ခံ မတင်ဇာခိုင်က ပြောပါတယ်။

ညနေ ၅ နာရီခွဲခန့်ကနေ ၁ နာရီနီးပါးကြာထိ ရဲက အမှုဖွင့်တာ လက်မခံသေး ဘူးလို့ သူက ပြောပါတယ်။

“အခုမှ ကျမတို့က အမှုဖွင့်နေတုန်းပဲရှိသေးတယ်။ လက်မခံရဲသေးဘူး၊ သူတို့ အထက်ကို မေးထားတယ် ပြောပါတယ်။ စောင့်နေပါတယ်ရှင့်။ သူတို့ဘက်က အမှုလက်ခံမခံကို မသိသေးပါဘူး။ သူတို့လည်း အထက်ကိုမေးထားတဲ့အတွက် ကျမတို့လည်း ထိုင်စောင့်နေရပါတယ်။ သူတို့ဘက်က ဒီမှာ ရှိနေတဲ့အဆင့်နဲ့ လက်ခံလို့မရဘူး ဒီအမှုက အဲလိုမျိုးဖြစ်နေတယ်။

အလောင်းက ၂ ရက်ကူးလာပြီဆိုတော့ ကျမတို့က ညတွင်းချင်း သယ်ချင်တယ်။ အလောင်းကို စစ်ချင်တယ်။ သူတို့က ဝေ့လည်ကြောင်ပတ်လုပ်နေတုန်းပဲ။ တိတိကျကျ အဖြေကို မပေးနိုင်သေးဘူး” လို့ ပြောပါတယ်။

ဒေါ်ခင်ဝင်းရဲ့ နဖူးနဲ့ နောက်စေ့ပွင့်ထွက်သေဆုံးခဲ့ပေမယ့် အစိုးရဘက်ကတော့ ခြံစည်းရိုးတိုင်စိုက်တာကို ရွာသားတွေ တားဆီးနှောင့်ယှက်တဲ့အတွက် အဓိက ရုဏ်းနှိမ်နင်းရေး ၁၂ ဗို့သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဖြေရှင်းထားပါတယ်။

DVB
စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အဓိကရုဏ်းမှာ မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ဒဏ်ရာ ထိမှန်သေဆုံးမှုနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးနဲ့ မနီလာသိန်းနဲ့ မတင်ဇာခိုင်တို့အဖွဲ့ဟာ ဆားလင်းကြီးမြို့ ရဲစခန်းမှာ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ သေမှုသေခင်းဖွင့်လှစ်ရာမှာ ရဲက ချက်ခြင်းလက်မခံလို့ စောင့်ဆိုင်းနေကြပါတယ်။

ကိုယ်ဝန်ဖျက်ချပြီးမှ ကလေးလိုချင်လာ၍ ကိုယ်ဝန်ဆောင် ဗိုက်အတွင်းမှ ကလေးကို ထုတ်ယူ

Photo: ကိုယ်ဝန်ဖျက်ချပြီးမှ ကလေးလိုချင်လာ၍ ကိုယ်ဝန်ဆောင် ဗိုက်အတွင်းမှ ကလေးကို ထုတ်ယူ
Wednesday, December 24, 2014

ကိုယ်ဝန်ရှိချိန်တွင် အသက်မပြည့် သောကြောင့် ကိုယ်ဝန်ဖျက်ချခဲ့သည့် ဆယ်ကျော်သက် မိန်းကလေး တစ်ဦးက နောင်တရ ပူဆွေး နေရာမှ သူ ဖျက်ချ မိသည့် ကလေး နေရာတွင် အစားထိုးရန် ကိုယ်ဝန်သည် တစ်ဦးကို သတ်ကာ ဗိုက်တွင်းမှ မမွေးသေးသည့် ကလေးကို ထုတ်ယူခဲ့မှု မက္ကဆီကို နိုင်ငံတွင် ဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ ကိုယ်ဝန်အရင့်အမာ ရှိနေပြီ ဖြစ်သည့် အသက် ၂၀ အရွယ် နက်တလီ ကားတက်စ် လီယွန်ဆိုသည့် အမျိုးသမီးသည် ကလေးထိန်း တစ်ဦးကို ဖေ့ဘုတ်တွင် ရှာဖွေခဲ့ရာ အသက် ၁၇ နှစ် အရွယ် ဆယ်လီနက်စ် ဟာနန်ဒက်ဇ်နှင့် ဆက်သွယ်မိ ခဲ့သည်။ အွန်လိုင်းတွင် ထိုသို့ တွေ့ ဆုံပြီးနောက်တွင် ကိုယ်ဝန်ရှစ်လ ရှိသူ နက်တလီက ဟာနန်ဒက်ဇ် အိမ်သို့ အလည်သွား ခဲ့သည်။ နက်တလီက ဟာနန်ဒက်ဇ် အိမ်တွင်းသို့ လှမ်းဝင်ရောက်ရှိလျှင် ရောက်ရှိချင်းပင် ဟာနန်ဒက်ဇ်က နက်တလီ၏ ခေါင်းအား တုံးသည့် အရာဝတ္ထုဖြင့် ရိုက်ပစ်သည်ဟု ဆိုသည်။ အကြိမ်များစွာလည်း ထိုးကြိတ်ကန်ကျောက် ခဲ့သည်ဟု သိရသည်။ ဆိုးဆိုးဝါးဝါး ဝေဒနာ များဖြင့် နက်တလီ သေ ဆုံး ခဲ့ပြီးနောက် ဗိုက်တွင်းမှ ကလေးကို  ခွဲထုတ်ယူခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်သည် တမ်မူလီပတ်စ် ပြည်နယ် ရေနိုဆာမြို့  တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တစ်နိုင်ငံလုံး အတွက် တုန်လှုပ်သွား ရသည့် မှုခင်းလည်း ဖြစ်သည်။

အစပိုင်းတွင် နက်တလီ ပျောက်ဆုံးမှု သတင်းများသာ ထွက်နေခဲ့ပြီးမှ ဟာနန်ဒက်ဇ်က ကလေးအသေ မွေးပါသည်ဟု ငိုယိုကာ ဆေးရုံ သို့ ရောက်ရှိလာ ခဲ့ရာမှ လူသတ်မှု ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ ဟာနန်ဒက်ဇ်က ကလေးအသေလေး မွေးသည်ဟု တတွတ်တွတ် ပြောနေ သော်လည်း ဆရာဝန်များက သူသည် ကလေးမိခင် မဟုတ်ကြောင်း ချက်ချင်းပင် ရိပ်မိခဲ့သည်။

ကလေးသည် သဘာဝအလျှောက် သေဆုံးခြင်း မဟုတ်ကြောင်း၊ မိခင်ဖြစ်သူ သေဆုံး၍ ဗိုက်တွင်း မွန်းကျပ် သေဆုံးခြင်းသာ ဖြစ်ကြောင်း ဆရာဝန်များက ပြောသည်။ ရဲများက ဟာနန်ဒက်ဇ်အား စစ်ဆေး မေးမြန်း ချိန်တွင်မှ ကလေးမိခင်ကို ပြီးခဲ့သည့် ရက်အတွင်းက သတ်ဖြတ် ခဲ့သည်ဟု ဝန်ခံလိုက်ခြင်း ဖြစ်သည်။ ဟာနန်ဒက်ဇ် အိမ်သို့ ရဲများ သွားရောက်ရှာဖွေရာ ရုပ်ဆင်း ပျက်နေသည့် လူသေလောင်း တစ်လောင်း ကို တွေ့ ရှိခဲ့သည်။

ဟာနန်ဒက်ဇ်သည် ရည်းစားဖြစ်သူနှင့် လွန်ကျူးခဲ့ပြီးမှ ကိုယ်ဝန်ရလာချိန်တွင် အသက်မပြည့် သေးသောကြောင့် ကြောက်လန့်ကာ ကိုယ်ဝန် ကို ဖျက်ချခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်တွင်မူ ဖျက်ချလိုက်သည့် ရင်သွေးအတွက် အကြီးအကျယ် နောက်တရကာ စိတ်ထိခိုက်ပြီး ယခုကဲ့သို့ အသိစိတ်မဲ့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲများက ပြောခဲ့သည်။

Ref: Mirror
Mizzima - News in Burmese  

သတ်ဖြတ်ခံလိုက် ရသည့် ကိုယ်ဝန်ဆောင် မိခင် နတ်တလီ

သတ်ဖြတ်ခံလိုက် ရသည့် ကိုယ်ဝန်ဆောင် မိခင် နတ်တလီ
ကိုယ်ဝန်ရှိချိန်တွင် အသက်မပြည့် သောကြောင့် ကိုယ်ဝန်ဖျက်ချခဲ့သည့် ဆယ်ကျော်သက် မိန်းကလေး တစ်ဦးက နောင်တရ ပူဆွေး နေရာမှ သူ ဖျက်ချ မိသည့် ကလေး နေရာတွင် အစားထိုးရန် ကိုယ်ဝန်သည် တစ်ဦးကို သတ်ကာ ဗိုက်တွင်းမှ မမွေးသေးသည့် ကလေးကို ထုတ်ယူခဲ့မှု မက္ကဆီကို နိုင်ငံတွင် ဖြစ်ပွား ခဲ့သည်။