Tuesday 3 March 2015

ရဟန်းသံဃာတော်များ၊ အမျိုးသားရေးအသင်းအဖွဲ့များနှင့် ကျောင်းသားမိဘများစုဝေး၍ ကျောင်းသားသပိတ်စစ်ကြောင်း အဆုံးသတ်ပေးရန် ယနေ့တွင် သွားရောက် မေတ္တာရပ်ခံကြမည်

ရဟန်းသံဃာ တော်များ၊ အမျိုးသားရေးအသင်းအ ဖွဲ့များနှင့် ကျောင်းသား မိဘများ စု ဝေး၍ ကျောင်းသားသပိတ်စစ် ကြောင်းအား အဆုံးသတ်ပေးရန် မတ် ၃ရက်တွင်သွားရောက် မေတ္တာ ရပ်ခံကြမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသားသပိတ် ရန်ကုန် သို့ ချီတက်လာလျှင် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲရက်အတွင်း မလိုလားအပ်သော အဓိကရုဏ်းများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်၍ မတ်၂ ရက်၌ ရွှေတိဂုံဘုရား အနောက်ဘက် မုခ်တွင် ရဟန်း သံဃာတော်များ၊ အမျိုး သားရေးအသင်းအဖွဲ့များနှင့် ကျောင်း သားမိဘများက စုဝေးတိုင်ပင်၍ ယင်း ကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ချောင်းသာကမ်းခြေတွင် ကားတစီးရေနစ်

ဧရာဝတီတိုင်းဒေသကြီးအတွင်းက ချောင်းသာကမ်းခြေမှာ ဇိမ်ခံကားတစီး ပင်လယ်ထဲကျပြီး ရေနစ်သွားတဲ့ဖြစ်ရပ် မနေ့က ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်ကတော့ ထိုင်ဝမ်နိုင်ငံသား ၃ ဦးနဲ့ မြန်မာနိုင်ငံသား ဒရိုင်ဘာ ၁ ဦးတို့ဟာ သူတို့ စီးနင်းလာခဲ့တဲ့ကား (၆ယ/ ၃၉၂၃) ကို မနေ့က မနက်အစောပိုင်းမှာ ချောင်းသာကမ်းခြေတလျှောက် လှည့်ပတ်မှောင်းနှင်ရင်း ကားဘီးက သဲထဲကျွံကျပြီး နစ်သွားတာပါ။
သဲနစ်ပြီးတဲ့နောက်ပိုင်း ကားဆက်မောင်းလို့မရတော့တဲ့အချိန်မှာ ပင်လယ်ဒီရေ တက်လာခဲ့တော့ ကားသမားနဲ့ ထိုင်ဝမ်နိုင်ငံသား ၃ ဦးတို့ဟာ သူတို့အထုပ်အပိုးတွေကို ကားပေါ်က ဆွဲယူပြီး သောင်ပြင်ပေါ်မှာထိုင်ကာ သူတို့ကား ရေနစ်သွားတာကို ထိုင်ကြည့်ခဲ့ရတယ်လို့ ချောင်းသာ ကမ်းခြေက ဒေသခံတွေက ဧရာဝတီကို ပြောပါတယ်။

သံဃာနှင့် ကျောင်းသားများ အစာငတ်ခံဆန္ဒပြမည်

လက်ပံတန်းမှ ရန်ကုန်သို့ချီတက်ရန် ကြိုးစားသည့် ကျောင်းသားများကို ရဲများက လမ်းပိတ်ကာ တားဆီးသည့်အတွက် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီေးနာက် သံဃာနှင့် ကျောင်းသား အစာငတ်ခံ ဆန္ဒပြမှု စတင်မည်ဟု သိရသည်။သံဃာနှင့် ကျောင်းသား ပူးပေါင်းအင် အား ၅၀၀ခန့်ကို ရဲတပ်ဖွဲ ၂၀၀၀

ငါးထောင်ကျပ်တန် ငွေစက္ကူအတုများ သယ်ဆောင်လာသော မလေးရှားနိုင်ငံသားကို CID စစ်ဆေး

တာမွေမြို့နယ် လေးထောင့်ကန်လမ်းရှိ ဟိုတယ်တစ်လုံးတွင် တည်းခိုနေသော အသက် ၃၁ နှစ် အရွယ်ရှိ မလေးရှားနိုင်ငံသားထံမှ ပြည်ပမှ ယူဆောင်လာသည့် ကျပ်ငါးထောင်တန် ငွေစက္ကူ အတုများ သိမ်းဆည်းရမိခဲ့သောကြောင့် ယင်းအမျိုးသားကို မှုခင်းတပ်ဖွဲ့ (CID) က စစ်ဆေးလျက်ရှိကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်မြက ပြောကြားသည်။
အဆိုပါ နိုင်ငံခြားသားမှာ ရန်ကုန်မြို့တော်သို့ အလည်အပတ် ဗီဇာဖြင့် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တာမွေမြို့နယ်ရှိ စိမ်းမြဒီပါ ဟိုတယ်တွင် လာရောက်တည်းခိုသော မလေးရှားနိုင်ငံသား ခုနစ်ဦးက တည်းခိုခန်းခ ငွေပေးချေစဉ် ငွေစက္ကူအတု ၅၀၀၀ ကျပ်တန် ၁၉ ရွက်ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းနောက် ရဲတပ်ဖွဲ့က ၎င်းတို့တည်းခိုသည့် အခန်းများကို ဝင်ရောက်ရှာဖွေခဲ့ရာ ငွေစက္ကူအတု ၅၀၀၀ ကျပ်တန် လေးရွက်ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း တာမွေမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။