အစ္စလာမ် ဘာသာမှ ခရစ်ယာန် ဘာသာသို့ ကူးပြောင်းကိုးကွယ်မှုအတွက် သေဒဏ်ချမှတ်ခံရပြီး ယင်းပြစ်ဒဏ်မှ လွတ်မြောက်လာသည့် ဆူဒန်အမျိုးသမီးသည် နောက်ထပ်ပြစ်မှု တစ်ခုဖြင့် အဖမ်းခံထားရကြောင်း သိရှိရသည်။အသက်(၂၆)နှစ်ရှိ မာရီယမ် ယာယာအီဘရာဟင်အီရှက်သည် ခရစ်ယာန် ဘာသာဝင် တစ်ဦးနှင့် လက်ထပ်ပြီးနောက် ဘာသာကူးပြောင်း ကိုးကွယ်သဖြင့် အဖမ်းခံရပြီး ဆူဒန်တရားရုံးတစ်ခုက သူမကို သေဒဏ်ချမှတ်ခဲ့သည်။ အီရှက်သည် အဖမ်းခံရချိန်တွင် ဒုတိယကိုယ်ဝန်ကို လွယ်ထားပြီး မေလ(၂၇)ရက်နေ့က အကျဉ်းထောင်ထဲတွင် သမီးလေး တစ်ဦး ဖွားမြင်ခဲ့သည်။

