Thursday 3 October 2013

ပင်လယ်ထဲ မျောပါခဲ့သော ရေလုပ်သားများ ပြန်လည် ရောက်ရှိလာပြီဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်းရှိ ရေလုပ်သားအချို့သည် ပြီးခဲ့သည့်သြဂုတ် လ နော က် ဆုံးပတ်အတွင်းက ပင်လယ်တွင်း မုန်တိုင်းမိပြီး မျောနေခဲ့ရာ ပျောက်ဆုံး နေသည့် ရေလုပ် သား များ အနက် ကျန်ရှိသည့် ခြောက်ဦးပြန်လည် ရောက်ရှိလာပြီ ဖြစ် သည်ဟု ရေလုပ်သား များ အရေး ကူညီ ဆောင် ရွက်နေသော ဧရာဝတီတိုင်း ၊ တောင်သူလယ်သမား သမဂ္ဂ အတွင်းရေးမှုး ဦးသန့်ဇော်ဦး က မဇ္စျိမကို အောက်တိုဘာ ၃ ရက်တွင် ပြောသည်။

ဆီးဂိမ်းပြိုင်ပွဲမိုလ်ဘိုင်းသီချင်းသံစဉ်များအခမဲ့ရယူနိုင်

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ ဆီးဂိမ်းသီချင်းသံများကို မိုဘိုင်းဖုန်းအတွင်း အခမဲ့ ရယူနိုင်တော့မည်ဖြစ်ကြောင်း Bagan Innovation Technology မှ သိရသည်။

အသက်(၁၂)နှစ်အရွယ် အိမ်အကူကို အဓမ္မပြုကျင့်

ဒဂုံဆပ်ကမ်းမြို့နယ်၊ (၈၇)ရပ်ကွက်တွင် အောက်တိုဘာလ (၁)ရက်နေ့က အသက်(၁၂)နှစ်အရွယ် အိမ် အကူ အမျိုးသမီးကို အိမ်ရှင်ဖြစ်သူက အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေ သကြီး ရဲမှတ်တမ်းများအရ သိရသည်။

တောင်သူလယ်သမား အကျိုးစီးပွားဥပဒေကို အတည်ပြု

Photo: တောင်သူလယ်သမား အကျိုးစီးပွားဥပဒေကို အတည်ပြု 
Thursday, October 3, 2013

 သမ္မတက ပေးပို့တဲ့ သဘောထား မှတ်ချက်တွေကို ပယ်ချပြီး   တောင်သူ လယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ ကို  ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။

အောက်တိုဘာလ ၃ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ယခင်ပြဋ္ဌာန်း ထားတဲ့ အတိုင်းပဲ   အတည်ပြုလိုက်တာပါ။ ဒီ ဥပဒေနဲ့ ပတ်သက်လို့ သမ္မတနဲ့ လွှတ်တော် သဘောထား ကွဲတဲ့ အချက်တချို့ကို ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ခုလို ပြောပါ တယ်။

“လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းတဲ့ လုပ်ငန်းတာဝန် သတ် မှတ် တာနဲ့ ပတ်သက်ပြီး ဦးဆောင်အဖွဲ့ ဖွဲ့မယ်။ ဖွဲ့တာနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပြည်နယ်အစိုးရ အဖွဲ့ရယ်၊ ပြည်ထောင်စု နယ်မြေက အုပ်ချုပ်မှုအဖွဲ့ အဲဒီမှ သင့်တော်တဲ့ ပုဂ္ဂိုလ်တွေနဲ့ အခြားလုပ်ငန်း ဆိုင်ရာ အတွေ့အကြုံသူတွေနဲ့ ဖွဲ့စည်းပေးပြီးတော့မှ ဒါကို အတည်ပြုရ တာပေါ့။ အခု သမ္မတဆီက လာတဲ့ ဟာကြတော့ ဦးဆောင်အဖွဲ့လိုအပ် ပါက လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းပြီး လုပ်ငန်းတန်ဖိုး သတ် မှတ်နိုင်ပြီဆိုပြီး ပြန်လာတဲ့အခါကျတော့ ကျနော်တို့ဆီက နဂို ပြည်ထောင် စု လွှတ်တော်ရဲ့ အတည်ပြုချက် အတိုင်းပဲ အတည်ပြုလိုက်တာပေါ့။”

ဒီဥပဒေအတည်ပြုလုပ်တဲ့အတွက် တောင်သူတွေ ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေနဲ့ပတ်သက်ပြီး ဦးဝင်းမြင့်က အခုလို ပြောပါတယ်။

“တောင်သူလယ်သမားတွေ စိုက်ပျိုးစရိတ်တွေရမယ်။ နောက်တခုက သီးနှံဈေးနှုန်းတွေက မှန်မှန်ကန်ကုန် မျှမျှတတ ရမယ်။ တကယ်လို့ ကုန်သည်တွေက သီးနှံဈေးနှုန်းတွေကို နှိမ့်ချပြီး ၀ယ်မယ်ဆိုရင် အဖွဲ့ကနေ ၀င်ရောက်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိုင်ငံတော်က သတ်မှတ်ဈေး နှုန်း ပေါက်ဈေး အတိုင်း ၀ယ်ပြီး ထိန်းထားတဲ့ဟာမျိုးတွေ ဖြစ်လာ မယ်ဆိုတော့ ဒါကတော့ ကောင်းတဲ့ အလားအလာပါပဲ။”

တောင်သူလယ်သမားအခွင့်အရေး ဥပဒေကို ပြီးခဲ့တဲ့ လွှတ်တော် မှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပေမယ့် သမ္မတက သဘောထားမှတ်ချက် ၅ ခုနဲ့ လွှတ်တော်ကို ပြန်ပို့တဲ့အတွက် ခု လွှတ်တော်မှာ   ပြန်ဆွေးနွေးပြီး အခုလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

တောင်သူ လယ်သမားအခွင့်အရေးဥပဒေကြမ်းအပြင် ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း၊ ဆက်သွယ်ရေး ဥပဒေကြမ်းတွေကိုလည်း သမ္မတက သဘောထား မှတ်ချက်တွေနဲ့  လွှတ်တော်ထံ ပြန်ပို့ထားတာ ဖြစ်ပါတယ်။

မြန်မာတနိုင်ငံလုံးမှာ စပါးစိုက်ဧက ၁၃ သန်းရှိပြီး စပါးစိုက် လယ် သမားပေါင်း ၄ သန်းခွဲလောက် ရှိပါတယ်။

ရွှေအောင် (ဒီဗွီဘီ)
သမ္မတက ပေးပို့တဲ့ သဘောထား မှတ်ချက်တွေကို ပယ်ချပြီး   တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို  ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက် ပါတယ်။

အပစ်ရပ် လက်မှတ်ထိုးရန် မသေချာသေးဟု ကေအိုင်အေ ပြော

Photo: အပစ်ရပ် လက်မှတ်ထိုးရန် မသေချာသေးဟု ကေအိုင်အေ ပြော 
Thursday, October 3, 2013

 အောက်တိုဘာ ၈ ရက်ကနေ ၁၀ အထိ ကျင်းပဖို့ရှိတဲ့ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲမှာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးဖို့ မသေချာသေး ဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က ပြောဆို လိုက်ပါတယ်။

ပြည်ထောင်စုအဆင့်အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက်  ကေအိုင်အေ  ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းအဖွဲ့နဲ့   အစိုးရ ပြည်ထောင် စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက လုပ်ငန်းအဖွဲ့တွေ  မြစ်ကြီးနားမှာ ဒီကနေ့ ဆွေးနွေးပွဲအပြီး ပြောဆို လိုက်တာပါ။

ကေအိုင်အေ လုပ်ငန်းကော်မတီအဖွဲ့ရဲ့   ပြောခွင့်ရသူ ဦးဒေါင်ခါးက “လက်မှတ်ထိုးနိုင်တဲ့အဆင့်ဆိုတာ ဒီလို ကျနော်ရှင်းရှင်းလင်း လင်းပြောချင်တယ်။ ကျနော်တို့က အစည်းအဝေးတိုင်းမှာ အမြဲတမ်း လက်မှတ်ထိုးတာတော့ရှိတယ်။ ဒါပေမယ့် အပစ်အခတ် ရပ်စဲရေး သဘာတူညီချက်ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘူး။ ဒီတခေါက်လည်း အဲဒီအပိုင်းတော့ ဆွေးနွေးကောင်း ဆွေးနွေးမယ်။ လက်မှတ်ထိုးမယ်၊ မထိုးဘူးဆိုတဲ့ဟာက သဘောတရားက လုပ်နေကြဆိုရင် အစည်းအဝေး မှတ်တမ်းမှာ ကျနော်တို့ အမြဲလက်မှတ်ထိုးတယ်။ ဒါပေမယ့် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဆိုတာမျိုးတော့ အစိုးရကလည်း ကြေညာထားပြီး သားပဲ။ ဒါက အားလုံးပါတဲ့ အခြေအနေ မှာမှ  လုပ်ကြမယ်။”

အောက်တိုဘာ ၂ ရက်နဲ့ ၃ ရက်နေ့က အစိုးရနဲ့အေအိုင်အေ လုပ်ငန်း အဖွဲ့တွေရဲ့  ၂ ရက်တာ ဆွေးနွေးပွဲမှာ ပြည်တွင်းကချင် အိုင်ဒီပီ ဒုက္ခသည် ကိစ္စနဲ့ ပတ်သက်ပြီး မူတခု ကျတဲ့အထိ ဆွေးနွေးဖို့၊ တပ်ပိုင်းဆိုရာ ကိစ္စတွေဆွေးနွေး ဖို့၊ နိုင်ငံရေးဆိုင်ရာ စတာတွေ  ဆွေးနွေး ညှိနှိုင်း ခဲ့ကြတာပါ။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့ ကြိုးစားနေမှုဟာ အစိုးရရဲ့ တိုင်းရင်း သားတွေ အပေါ်ထားတဲ့  သဘောထားပေါ်မူတည်ပြီး  ဖြစ်ပေါ် လာနိုင် တယ် လို့ ဦးဒေါင်ခါးက ပြောပါတယ်။

“အလုပ်အဖွဲ့အနေနဲ့ ကျနော်ပြောမယ်ဆိုရင် အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်) ဆိုတဲ့ဟာက နိုင်ငံတော်ရဲ့ လုပ်သွားရမယ့် လုပ်ငန်းစဉ်တွေဖြစ် တယ်။ ဆိုတော့ အနှေးနဲ့ အမြန်ဆိုဟာက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုနဲ့ အစိုးရကြား ဘယ်လောက်အထိ ယုံကြည်မှု တည်ဆောက်လို့ ရလဲ။ အကောင်အထည် ဖော်သွားမယ့် နိုင်ငံရေးလုပ်ငန်းစဉ်၊ ဖြေရှင်း သွားမယ့် လုပ်ငန်းစဉ်တွေ ဘယ်လောက်အထိ ပွင့်လင်းမြင်သာပြီးတော့ ရိုးသားမှုရှိလဲ။ နှစ်ဘက်ယုံကြည်မှု ဘယ်လောက်အတိုင်းအတာအထိ တည်ဆောက်လို့ရတယ်ဆိုတဲ့အပေါ်မှာ အခြေခံသွားမှာပါ။ အဓိကတော့ ကျနော်တို့ ဦးတည်ချက်ချင်းတူတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေအားလုံးကလည်း ငြိမ်းချမ်းရေးဦးတည်ချင်တယ်။ နိုင်ငံရေးအရ ဖြေရှင်းချင်တဲ့ သဘောထားတွေ အမြဲတမ်း ဖော်ပြလျက်ရှိ တယ်။ အစိုးရကော ဒီဘက်ကော ဖော်ပြနေတဲ့ အပိုင်းတွေ အများကြီးတွေ့ရပါတယ်။ အနှေးနဲ့ အမြန်တော့ ဖြစ်သွားမှာပါ။”

ဦးအောင်မင်းခေါင်းဆောင်တဲ့  အစိုးရကိုယ်စားလှယ်တွေနဲ့ ကေအိုင် အို ခေါင်းဆောင်တွေ တက်ရောက်မယ့်   ပြည်ထောင်စုအဆင့် ငြိမ်း ချမ်းရေးဆွေးနွေး ပွဲတွေကို  အောက်တိုဘာလ ၈ ရက်ကနေ ၁၀ အထိ မြစ်ကြီးနားမှာ ကျင်းပဖို့လည်း အခုအစည်းအဝေးမှာ အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။

ကေအိုင်အေဟာ  ၁၉၉၄ ခုနှစ်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခဲ့ပြီးနောက် အစိုးရက  ကေအိုင်အေကို နယ်ခြားစောင့်တပ် အသွင်ပြောင်း ဖို့ ဖိအားအပေးခဲ့တဲ့အတွက်  ၂၀၁၁ ခုနှစ် ဇွန်လမှာ တိုက် ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာပါ။

၂၀၁၃ မေလမှာတော့  ကေအိုင်အိုနဲ့ အစိုးရအကြား  ငြိမ်းချမ်းရေး ဆွေးေ နွး ပွဲပြုလုပ်ခဲ့ပြီး  နိုင်ငံရေးဆွေးနွေးမှုတွေ ဆက်လုပ်ဖို့၊  နှစ်ဖက်တပ်တွေ ပစ်ခတ်မှုတွေ လျှော့ချဖို့၊ တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းဖို့၊ နှစ်ဖက်ကိုယ်စားလှယ်တွေပါဝင်တဲ့ စောင်ကြပ်ကြည့်ရှု ရေးအဖွဲ့ဖွဲ့ဖို့၊  နေရပ်စွန့်ခွာ ရွှေ့ပြောင်းသူတွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ဖို့ စတဲ့ အချက် ၇ နှစ်ချက်ကို သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။

နော်နိုရင်း  (ဒီဗွီဘီ)
အောက်တိုဘာ ၈ ရက်ကနေ ၁၀ အထိ ကျင်းပဖို့ရှိတဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာ အပစ်ခတ် ရပ်စဲရေးလက်မှတ်ထိုးဖို့ မသေချာသေး ဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)က ပြောဆို လိုက်ပါတယ်။

ကေအိုင်အိုနဲ့ အစိုးရ ငြိမ်းချမ်ရေးဆွေးနွေးပွဲ လူမျိုးစုတွေကိုပါ ဖိတ်မည်

Photo: ကေအိုင်အိုနဲ့ အစိုးရ ငြိမ်းချမ်ရေးဆွေးနွေးပွဲ လူမျိုးစုတွေကိုပါ ဖိတ်မည်
Thursday, October 3, 2013

လာမယ့် အောက်တိုဘာလ ၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရတို့ရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကချင်ပြည်နယ်က နိုင်ငံရေးပါတီတွေအပြင် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားဖို့ သဘောတူ လိုက်ကြပါတယ်။

ကချင်ပြည်နယ်က နိုင်ငံရေးပါတီ ၉ ပါတီက ကိုယ်စားလှယ်တွေနဲ့ ရဝမ်၊ လီဆူးစတဲ့ ကချင်မျိုးနွယ်စုတွေ အပါအဝင် ရှမ်းတိုင်းရင်းသား ကိုယ်စား လှယ်တွေ ကိုလည်း လေ့လာသူတွေအဖြစ် ဖိတ်ကြားမှာဖြစ်ကြောင်း ကေ အိုင်အို နည်းပညာအကြံပေးအလုပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး ကပြောပါတယ်။

"ဒီလေ့လာသူတွေကိုဖိတ်ဖို့ ကျနော်တို့နှစ်ဖက် သဘောတူထားတယ်၊ လွန်ခဲ့တဲ့အချိန်မှာက ကျနော်တို့ပြည်သူတွေမပါဘူး၊ အရပ်ဖက် အဖွဲ့အစည်းတွေ မပါဘူး၊ နှစ်ဦးနှစ်ဖက်ပဲတွေ့ခဲ့တယ်၊ ပြဿနာက မရှင်းဘူး၊ ပြန်ဖြစ်တယ်၊ ပြီးရင်လူထုက ပြန်နစ်နာတယ်၊ နိုင်ငံတော် တစ်ခုလုံး နစ်နာတယ်၊ ကချင်ပြည်နယ်အတွင်းရှိ တရားဝင်နိုင်ငံရေးပါတီ ၉ ဖွဲ့ရှိတယ်၊ သူတို့ကိုဖိတ်မယ်၊ ကျနော်တို့လက်နက်ကိုင် မဟာမိတ် အဖွဲ့အစည်းတွေကို ဖိတ်မယ်"

အခုလ ၈ ရက်ကနေ ၁၀ ရက်နေ့အထိ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲမှာ နှစ်ဖက်တပ်ပိုင်းဆိုင်ရာကိစ္စတွေ၊ စစ်ဘေးဒုက္ခသည်ကိစ္စတွေကို အဓိက ထားဆွေးနွေးမယ်လို့ သိရပါတယ်။

RFA Burmese
လာမယ့် အောက်တိုဘာလ ၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရတို့ရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကချင်ပြည်နယ်က နိုင်ငံရေးပါတီတွေအပြင် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားဖို့ သဘောတူ လိုက်ကြပါတယ်။

ဆရာသင်ကြားမှု မကောင်းပါက လဲလှယ်ပေးရန် မိဘများ တောင်းဆိုခွင့် ရှိဟုဆို

Photo: ဆရာသင်ကြားမှု မကောင်းပါက လဲလှယ်ပေးရန် မိဘများ တောင်းဆိုခွင့် ရှိဟုဆို 
Thursday, October 3, 2013

အခြေခံပညာသင် ကျောင်းများတွင် ဆရာများ ကျောင်းသားများအပေါ် သင်ကြားမှု မကောင်းပါက ဆရာလဲလှယ်ပေးရန် ကျောင်းသား မိဘ များက တောင်းဆိုခွင့် ရှိကြာင်း ကျိုင်းတုံမြို့ ဝမ်လင်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင့်က The Voice သို့ ပြောကြားသည်။ “ဘယ် ဆရာကို မကြိုက်ဘူး။ အသင်အပြ မကောင်း လို့ လဲပေးပါလို့ ကျောင်းသားမိဘတွေ ပြန်ပြောပိုင်ခွင့် ရှိပြီ” ဟု ၎င်းက ဆိုသည်။

အဆိုပါ အကြောင်းအရာကို အောက်တိုဘာလ ၂ ရက်နေ့က ပြုလုပ်သော ပညာရေးဝန်ကြီးဌာနနှင့် UNICEF တို့ ပူးပေါင်း၍ အရည်အသွေးရှိ အခြေခံ ပညာ စီမံချက်အဖြစ် ကလေးပျော်ကျောင်းများ ဖြစ်လာစေရန် မိဘဆရာ အသင်းများ စွမ်းဆောင်ရည် မြင့်မားရေး လုပ်ငန်းဆွေး နွေးပွဲတွင် ယင်းကျောင်း အုပ်ကြီး က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကလေးတွေ ကို ဆရာကရိုက်နှက်နေရင် အဲဒီဆရာကို ကြောက်ပြီး ကလေးပျော်ကျောင်း ဖြစ်လာမှာ မဟုတ်တော့ဘူး” ဟုလည်း ၎င်းကထပ်လောင်းဆိုသည်။

ကျိုင်းတုံမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၆၀ မှ ကျောင်း အုပ်ကြီးများကို ကလေးပျော် ကျောင်းများ ဖြစ်လာစေရန် စွမ်းဆောင် ရည် မြင့်မားရေးအတွက် သင်တန်း ငါးရက်ကြာ ပို့ချထားပြီး ယင်းကျောင်း ၆၀ ကို နယ်မြေ ရှစ်အုပ်စုခွဲကာ မိဘဆရာ စွမ်းဆောင် ရည် မြင့်မားရေး လုပ်ငန်း ဆွေးနွေးပွဲများ ကျင်းပခြင်း ဖြစ်ကြောင်း ယင်းမြို့နယ် ပညာရေး မှူးရုံးမှ သိရသည်။

The Voice Weekly
အခြေခံပညာသင် ကျောင်းများတွင် ဆရာများ ကျောင်းသားများအပေါ် သင်ကြားမှု မကောင်းပါက ဆရာ လဲလှယ်ပေးရန် ကျောင်းသားမိဘများက တောင်းဆိုခွင့်ရှိကြာင်း ကျိုင်းတုံမြို့ ဝမ်လင်ကျေးရွာ အခြေခံ ပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင့်က The Voice သို့ ပြောကြားသည်။ “ဘယ် ဆရာကို မကြိုက်ဘူး။ အသင်အပြ မကောင်းလို့လဲပေးပါလို့ ကျောင်းသား မိဘတွေ ပြန်ပြောပိုင်ခွင့် ရှိပြီ” ဟု ၎င်းက ဆိုသည်။

ဖက်ဒရယ်ဆိုပြီး နားလှည့်ပါးရိုက်မလုပ်ပါနဲ့

Photo: ဖက်ဒရယ်ဆိုပြီး နားလှည့်ပါးရိုက်မလုပ်ပါနဲ့
Thursday, October 3, 2013

ယနေ့မီဒီယာပေါ်တွင် ဖက်ဒရယ်နဲ့ပတ်သက်ပြီး ပွက်လောရိုက်နေပါတယ်။ ကျွန်တော်လည်း ဖက်ဒရယ်ကို လက်ခံပါတယ်။ ဘာကြောင့်လက်ခံရလဲ ဆိုရင် ကျွန်တော်တို့နိုင်ငံတွင် လူမျိုး၊ ဓလေ့ထုံးစံမတူသည့် တိုင်းရင်းသား များနှင့် ဖွဲ့စည်းထားသည့်နိုင်ငံဖြစ်လို့ ဖက်ဒရယ်ကိုလက်ခံရခြင်းဖြစ် ပါတယ်။ ဖက်ဒရယ်မှာ ပြည်ထောင်စုစစ်စစ် နိုင်ငံနဲ့ တစ်ပြည်ထောင် စနစ်နဲ့တူသော ပြည်ထောင်စုနိုင်ငံဆိုပြီး (၂) မျိုးရှိ ပါတယ်။ ကျွန်တော် တို့နိုင်ငံက ဗဟို အစိုးရကနေ ချုပ်ကိုင်ထားတဲ့အာဏာတွေ များသည့် အပြင် ကြွင်းကျန်သည့်အာဏာ (Residure Power) ကိုလည်း ဗဟိုအစိုးရ မှာပဲထားသည့်အတွက် တစ်ပြည်ထောင်စနစ်နဲ့တူသော ပြည်ထောင် စုနိုင်ငံ လိုမျိုး ဖြစ်ပါတယ်။ အာဏာ ရှင်စနစ်ကနေ ဖက်ဒရယ်နိုင်ငံ စနစ် ကို ပြောင်းလဲတာဖြစ်သည့်အတွက် ဒီလိုအနေအထားကို စတင်ပြောင်းလဲ တာ တော့ ပြည်သူတွေအနေနဲ့ လက်ခံကြမယ် ထင်ပါတယ်။ 
အမေရိ ကန် လို ပြည်ထောင်စုစစ်စစ်နိုင်ငံမျိုးသွားဖို့တော့ အချိန်ယူရ ပါဦးမယ်။ ဒီမိုကရေစီစနစ်ဖြင့် နှစ်ပေါင်း ရာချီပြီးလျှောက်လှမ်းပြီးမှ ယနေ့အမေရိကန်နိုင်ငံဖြစ်လာတာပါ။ ဒီလိုနိုင်ငံမျိုးမှာတောင် ကာကွယ်ရေး နဲ့ နိုင်ငံရေး စသည့်အာဏာတွေကို ဗဟိုအစိုးရကပဲ ချုပ်ကိုင် ထားတာပါ။ ကျွန်တော်တို့နိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ကို လျှောက်လှမ်း တာ ၃ နှစ်သားတောင် မပြည့်သေးပါဘူး။ ယနေ့ အမေရိကန်လို ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်လိုမျိုး တောင်းဆိုနေတာတွေကိုကြည့်ပြီးတော့ အတွေးတစ်ချက်ဝင်မိပါတယ်။ ၃ နှစ်သားကလေးကို (၁၀)တန်း စာမေးပွဲ ဖြေခိုင်းသလိုဖြစ်နေပါတယ်။ ဖြစ်နိုင်သမျှကိုပဲတောင်းဆိုသင့်တယ်လို့ ယူဆပါတယ်။ ဒါမှသာ ပြည်သူတွေလိုလားတဲ့ ဖက်ဒရယ်မူ နဲ့ ပြည်ထောင် စု စစ်စစ်နိုင်ငံ တည်ဆောက်သွားနိုင်မှာပါ။ ဒီမိုကရေစီရဲ့ အလေ့အထတွေဖြစ်သည့် တာဝန်ယူမှု၊ တာဝန်သိမှုဆိုတာတွေသည် အစိုးရအုပ်ချုပ်သူများတွင်သာ မဟုတ်ပါဘူး။ ဒီမိုကရေစီနိုင်ငံ ထူထောင် ချင်သည့် ပြည်သူပြည်သားအားလုံးမှာပါ ရှိရပါမည်။ ၀ဲကြီးကျေးရွာတွင် ရဲကို ရွာသားကဖမ်းဆီးတဲ့ကိစ္စတွေ၊ မိတ္ထီလာပဋိပက္ခတွေ စသည့်ဖြစ်စဉ် များသည် ပြည်သူပြည်သားအားလုံး ဒီမိုကရေစီရဲ့ အလေ့အထတွေနဲ့ မယဉ်ပါး သေးဘူးဆိုတာ သက်သေပြနေတာပဲ ဖြစ်ပါတယ်။ တဖြေးဖြေး နဲ့ ပြုပြင် သွား ရ မှာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက် ကိုင်တွေ အနေနဲ့ ကလည်း ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်မူကိုလည်းသွားချင်တယ်၊ ကာကွယ်ရေးနဲ့ နိုင်ငံရေးကိုလည်း လက်ထဲမှာဆုပ်ကိုင်ထားချင် တယ်။ ပြည်နယ် အလိုက် ကိုယ်ပိုင်လက်နက်ကိုင် တပ်တွေ ထားချင်တယ်။ လက်နက်ကိုင်တပ်တွေကိုလည်း ပြည်နယ်အုပ်ချုပ်မှုအောက်မှာပဲ ထားချင်တယ်။ ပြည်ထောင်စုကြီးက ဘယ်တော့မှခွဲမထွက်ပါဘူး ဆိုပြီးပြောတယ်။ သို့သော်လည်းတောင်းဆိုနေတာတွေကခွဲထွက်ဖို့ လမ်းကြောင်းကိုဦးတည်နေတာတွေ ဖြစ်နေတယ်။ တပ်မတော်ဘက်က ယုံကြည်စရာအကြောင်း ရှိပါ့မလား စဉ်းစား စေချင်တယ်။ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေအနေနဲ့ ပြန်ဆန်းစစ်စေချင်ပါတယ်။ တကယ် တမ်း ငြိမ်းချမ်းရေးနဲ့ ပြည်သူတွေအကျိုးအတွက်လား၊ မိမိတို့မိသားစုတွေ ကောင်းစားဖို့လားဆိုတာစဉ်းစားပါ။ ငြိမ်းချမ်းရေး နဲ့ ပြည်သူ့အကျိုးအတွက်ဆိုရင်တော့ ဖက်ဒရယ်ကိုယူပြီး လက်နက်တွေကို စွန့်ပစ်ဖို့လိုပါတယ်။ ဖက်ဒရယ် ပြည်ထောင်စုစစ်စစ်မူကိုလည်း လိုချင်တယ်၊ လက်နက်တွေလည်း မစွန့်လွှတ်ချင်ဘူး ဆိုရင်တော့ သီးခြား လွတ်လပ်သော နိုင်ငံထူထောင်မယ်လို့သာ ပြောလိုက်ပါ။ ပြည်သူတွေကို မလှည့်စားပါတော့နဲ့။ အမေရိကန်လို နိုင်ငံမျိုးတောင် အင်္ဂလိပ် လက်အောက် မှ လွတ်လပ်ရေးရရှိချိန်မှာ(၁၃)ပြည်နယ်ရှိပြီး တစ်ပြည်ထောင် ချင်း အစိုးရ တစ်ခုစီသွားနေပါက နွားကွဲရင် ကျားဆွဲမှာ စိုးလို့ ဖက်ဒရယ်မူနဲ့သွားတာပါ။ ပြည်နယ်အလိုက် လက်နက်ကိုင်တပ်တွေ မရှိပါဘူး။ ဗဟိုအစိုးရကပဲ ချုပ်ကိုင်တာပါ။ တိုင်းရင်းသားလက်နက် ကိုင် ခေါင်းဆောင်တွေအနေနဲ့ ဒီနေ့ခေတ် ပြည်သူတွေသည် မညံ့တော့ပါ ဘူး။ လက်နက်မစွန့်ချင်သည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် များအနေဖြင့် ဖက်ဒရယ်ဆိုတဲ့ အမည်လှလှလေးသုံးပြီး နားလှည့် ပါးရိုက်တော့ မလုပ်ပါနဲ့လို့ ရေးသားလိုက်ရပါတယ်။

အောင်ဝင်း
ယနေ့မီဒီယာပေါ်တွင် ဖက်ဒရယ်နဲ့ပတ်သက်ပြီး ပွက်လောရိုက်နေပါတယ်။ ကျွန်တော်လည်း ဖက်ဒရယ်ကို လက်ခံပါတယ်။

ပခုံးနှင့်မမျှအောင် လေးသော်လည်း ဘဝသည်ပျစ်ချ၍မရ

Photo: ပခုံးနှင့်မမျှအောင် လေးသော်လည်း ဘဝသည်ပျစ်ချ၍မရ 
Thursday, October 3, 2013

 ”ဘေးဖယ်၊ ဘေးဖယ်”ဟူသည့် အသံနှင့် အတူ ထိုနေရာ၌ လူတစ်စု ခြေသံခပ်ပြင်းပြင်းဖြင့် ဒုန်းစိုင်းသွားနေကြသည်။ နက်ပြာရောင်တီရှပ် လက်ရှည်နှ င့် ဘောင်း ဘီရှည် များကို ညီတူဝတ်ဆင် ထားသည့် ထိုသူများတွင် ခန္ဓာကိုယ်တောင့်တင်းသူ မရှိသလောက် ရှားသည်။ သို့သော် ၎င်းတို့သည် ကိုယ်ခန္ဓာနှင့် မမျှသည့် အထုပ် အပိုးကြီး များကို ထမ်းပိုးရင်း အပြေးအလွှားသွားလာနေသည်။

နေရာမှာ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့ရှိ မော်တင်ဆိပ်ကမ်း၊ တူညီဝတ်စုံဝတ် ဆင်ထားသော အလုပ်သမားများသည် ဆိပ်ကမ်း သို့လာရောက်ကပ်သော သင်္ဘော၊ စက်လှေများပေါ် သို့ ကုန်ပစ္စည်းအမျိုးမျိုးကို အတင်းအချပြုလုပ် နေခြင်းဖြစ်ပြီး ထိုသူများထဲ၌ အသက် ၂ဝ ခန့် လူငယ်များနှင့် အသက် ၅ဝ ကျော်လူကြီးပိုင်းများ ကိုလည်း တွေ့မြင်ရသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မှော်ဘီ၊ ထောက်ကြန့်အစရှိသည့်မြို့နယ်များ၌ စိုက်ပျိုးသည့် ဂေါ်ဖီထုပ်များ ခန့်မှန်းခြေအားဖြင့် ဂေါ်ဖီထုပ် ၃ဝ ခန့် ထည့် သွင်းထားသည့် ဆာလာအိတ်များကို ထမ်းပိုး၍ ဧရာဝတီတိုင်းသို့သွားရောက်သည့်သင်္ဘော ပေါ်သို့ တင်ဆောင်ပြီး မြိတ်၊ ကော့သောင်းသို့ သွားမည့် စက်လှေ များပေါ်သို့လည်း သံပီပါများကို တွန်းတင်နေကြသည်။

လေးပင်သောကုန်ပစ္စည်းများကို ထမ်းပိုးနေရ သော်လည်း ၎င်းတို့၏ မျက်နှာများကမူ အပြုံးမပျက်၊ အုပ်စုလိုက် စနောက်၍ပင် ကုန်ကားပေါ်ရှိ ပစ္စည်းများ သတ်မှတ်ရာ သင်္ဘော၊ စက်လှေပေါ်သို့ အမြန်ဆုံးရောက်ရှိရေးကို ခပ်သုတ်သုတ်လုပ်ဆောင် နေကြသည်။ မော်တင်ဆိပ်ကမ်း၌ ကွန်ကရစ်လမ်းမှ ရေ ပြင်ကျယ်ဆီသို့ တံတားလေး ငါးစင်းအပြိုင်ထိုးထား သည်။ သွပ်မိုးဖြင့် တံတားများရှိသကဲ့သို့ အမိုးမ ပါရှိသည့်တံတားများလည်းရှိရာ ရာသီဥတုဒဏ်ကို ၎င်းတို့အပြည့်အဝခံစားရမည်မှာ မလွဲ။

မိုးရာသီဖြစ်သဖြင့် နေသာနေရာမှ ရုတ်တ ရက် မိုးကရွာချလိုက်ရာ မြစ်ကိုဖြတ်စဉ်တိုက်သော လေနှင့်အတူ မိုးစက်မိုးပေါက်များက တံတား၏ နေရာအနှံ့စိုရွှဲသွားသည်။ အပြေးအလွှားသွားလာ နေသော ထိုလုပ်သားများကျဲသွားပြီး ငှက်လေးများ နားနေသလိုပင်တံတား၏အမိုးနှင့်နီးကပ်နေသည့် အမြင့်ဆုံးတန်း(ထုပ်တန်း)ပေါ်၌ အစီအရီ ထိုင်၍ မိုးခိုနေကြပြီ။ သူ့ အရပ်နှင့် သူ့ဇာတ်က အကိုက်။ မိုးရေစက်များကိုသုတ်ရင်း ထုပ်တန်းပေါ်မှ ဆင်းလာသူက”နေပူမိုးရွာဒီ လိုပဲ။ တော်ရုံနေမေ ကာင်း ဖြစ် တာ၊ ကိုက်ခဲတာလောက်ကတော့ ဆေးတစ်လုံး သောက်ပြီးအလုပ်လာဆင်းရတာပဲ” ဟုပြောသည်။

၎င်းသည်အသက် ၃ဝ ကျော်မှ စတင်၍ ယင်းအလုပ်ကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ၅၂ နှစ်သို့ရောက်ရှိပြီဖြစ်ကာ အသက် ၆ဝ ပြည့်ပါ ကလုပ်ငန်းခွင် မှနုတ်ထွက် ရမည် ဖြစ်သည်။ သို့ သော် ၎င်းတို့အနေဖြင့် အခြားအစိုးရ ဝန်ထမ်းများ ကဲ့သို့ ပင်စင်အကျိုးခံစားခွင့်မရှိ။ နေ့စဉ်ရရှိသည့် လုပ်အားခမှ လူမှုဖူလုံရေး ကြေး ၂ ရာခိုင်နှုန်း၊ ကရုဏာကြေး ၆ ရာခိုင်နှုန်း ဖယ်ထားခံရပြီး နာမကျန်းဖြစ်ပါက လူမှုဖူလုံရေး ထည့်သွင်းငွေဖြင့် လူမှုဖူလုံရေးဆေးခန်းများ၌ ကုသ မှုခံယူနိုင်ခြင်းနှင့် အလုပ်ထွက်ပါက ကရု ဏာကြေး ထည့်သွင်းထားငွေကို ပြန်လည်ထုတ်နိုင်ခြင်းစသည့် ငါးကြင်းဆီနှင့်ငါးကြင်းကြော်သည့် အကျိုးအမြတ် ရလဒ်သာ ၎င်းတို့အတွက်ရှိသည်ဟု လုပ်သားများ က ပြောသည်။

”ကရုဏာကြေး ခံစားခွင့်ကလည်းဗျာ လုပ် သက် ၅ နှစ်မှရတာပါ။ လုပ်သက်နည်းတဲ့သူဆိုမပေး ဘူး။ ၅ နှစ်ဆို တစ်သိန်းကျော်လောက်ပဲရတာ။ ဒါက ထွက်တော့ တစ်ခါ ပဲပေးတယ်”ဟု လုပ်သက် ၅နှစ်ပြည့်လုနီး ကုန်တင်ကုန်ချအလုပ်သမားတစ်ဦး က ၎င်းတို့ခံစားချက်ကိုပြောရင်းထိုအချက်မှာ မဖြစ်သင့်ကြောင်း ရင်ဖွင့်သည်။ သို့သော် အလုပ်အကိုင်ရှားပါးမှုနှင့် ပညာ အရည်အချင်းနည်းပါးမှုတို့ကြောင့် ရရာအလုပ် လုပ်ကိုင်နေရသည့်အပေါ် ၎င်းတို့အနေဖြင့် စော ဒကတက်ရဲသည့် အခြေအနေမရှိ။ ၎င်းတို့ မှာ အစိုးရဌာနတစ်ခုဖြစ်သည့် အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန လက်အောက် မှ အလုပ်သမားများဖြစ်သဖြင့် အခြားအစိုးရ ဝန် ထမ်းများ ကဲ့သို့ ပင်စင်ခံစားခွင့်နှင့် အစိုးရမှ မြေ ကွက်ချထားပေးလာရန်မှာ သူတို့၏ အတောင့်တ ဆုံးအိပ်မက်ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ကုန်တင်ကုန်ချအ လုပ်သမားဥပဒေကို ယခုနှစ်၊ စက်တင်ဘာလ ၂ဝ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအေ ဝးတွင်အတည်ပြုလိုက်သည်။ အတည်ပြုလိုက်သော ဥပဒေတွင် ထိုလုပ်သားများ ၏ အိပ်မက် အသက်ဝင်မှု မရှိခဲ့။ သို့သော်ဥပဒေကြမ်းရေးဆွဲမှုတွင် တိုင်းကော် မတီဖွဲ့ စည်းရာ၌ အလုပ်သမားကိုယ်စားလှယ်များ ပါဝင်မှုမရှိခဲ့ဘဲ ဥပဒေအတည်ပြုချိန်၌ ဥပဒေကြမ်း စိစစ်ရေးကော်မတီ၏ ထောက်ပြမှုဖြင့် ရွေးကောက် ခံအလုပ်သမား ကိုယ် စားလှယ် ၃ ဦးအဖွဲ့ဝင်အဖြစ် ပါဝင်ရန် ဖြစ်လာခဲ့သည်။

အတည်ပြုလိုက်သော ကုန်တင် ကုန်ချဥပဒေ ၌ အခန်း ၁၃ ခန်းနှင့် ပုဒ်မ ၃၈ ခုပါဝင်သည်။ အခန်း ၄၊ ပုဒ်မ ၇ ၊ အပိုဒ်ခွဲ (င) တွင် လုပ်သားများ အား ဒေသန္တ ရကုန်ေ ဈးနှုန်းနှင့်အညီ လိုက်လျော ညီထွေရှိမည့် လုပ်ခနှုန်းထားများပေးဆောင်ရန် အချက်ပါဝင်သည်။ သို့သော်ယင်းကို ဒေသဆိုင်ရာ အာဏာပိုင်များ ၏ခွင့်ပြုချက်ဖြင့် သာညှိနှို င်းဆောင် ရွက်၍ အတည်ပြုရမည်ဟု ဥပဒေ၌ ထပ်ပိုး၍သတ် မှတ်ထားသည်။ ခေတ်ကာလနှင့်အညီ ပြောင်းလဲ လာသော ငွေကြေးစနစ်အပေါ် လုံလောက် သည့် လုပ် အားခမဖြစ်မနေ ပေးဆောင်ရန်ဟု ဥပဒေ၌ အတိအလင်း ထည့်သွင်းထားမှု မရှိပေ။ မော်တင်ဆိပ်ကမ်း၌ပင် ဧရာဝတီတိုင်းဒေသကြီးမြစ်ဝကျွန်းပေါ်သို့သွားသော သင်္ဘော များနှင့် မြိတ်၊ ကော့သောင်းသို့သွားသော ကမ်းရိုးတန်းသွား စက်လှေများပေါ်သို့ ကုန်တင်ကုန်ချပြုလုပ်၍ရသော ကုန်ပစ္စည်းများအတွက် ရရှိသော တန်ဆာခမှာ မတူညီ။

မြစ်ဝကျွန်းပေါ်ပို့မည့် အရက်ဖာအကြီးအတွက် တန်ဆာခ ၁၇ဝ ကျပ်ရရှိသော်လည်း ကမ်းရိုးတန်း သို့သွားမည့် စက်လှေများပေါ်သို့ တင်ဆောင်ခမှာ ငွေကျပ် ၇ဝခန့် သာရ ရှိသဖြင့် ဈေးနှုန်း ညီတူ သတ်မှတ်ပေးရေးကို ကမ်းရိုးတန်းသွား စက်လှေ များ၌ ကုန်တင်ကုန်ချပြုလုပ်နေသည့် လုပ်သားများ ကအရေးဆိုထားသည်ဟု ကြားသိရ သည်။ သို့သော် ညီတူခံစားခွင့်ကိုယနေ့အထိမရရှိသေးပေ။

ယင်းဖြစ်ရပ်ကို ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးအောင်က အစိုးရအနေဖြင့် လုပ်သားများအတွက် တန်းတူဝန်ဆောင်ခ သတ် မှတ်ပေးနိုင်ရေး ရှိမရှိကို (ပြီးခဲ့သည့် စက်တင်ဘာ၌ ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး)တွင် မေးမြန်းခဲ့ရာ ၂ဝ၁၂ ခုနှစ် တွင် သတ်မှတ်ထားသောနှုန်းထားထက် ၂ဝ ရာ ခိုင်နှုန်းထပ်မံ တိုးမြှင့်ထားပြီး နှစ်စဉ်တစ်နှစ်လျှင် တစ်ကြိမ် တန်ဆာခများတိုးမြှင့် သတ်မှတ်သွားရန် စိုက်ပျိုးရေးနှ င့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက ကတိပြုခဲ့သည်။ သို့သော်ဝန်ကြီး၏အဆိုအရ မြစ်ဝကျွန်းပေါ် နှင့် ကမ်းရိုးတန်းသွားရေယာဉ်များပေါ်သို့ တင် ဆောင်ရသော ကုန်ပစ္စည်း များအတွက် ဝန်ဆောင်ခ ညီတူသတ်မှတ်နိုင်ရေးမှာ အကောင်အထည်ပေါ် လာနိုင်သည့် အခြေအနေမရှိသေးပေ။

ကမ်းရိုးတန်းသွား စက်လှေများမှာ ကုန်တန် ချိန်အများအပြားကို ကုန်သည်အနည်းငယ်မှ တင် ဆောင်ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းသွား သင်္ဘောများ ၌ ကုန်တန်ချိန် အနည်း ငယ်သာပါဝင်သော်လည်း ကုန်သည်ဦးရေအများအပြားမှ တင်ဆောင်ခြင်းဖြစ် သဖြင့် တန်ဆာခဈေးနှုန်းကို ညီတူထားရှိရေး ညှိ နှိုင်း၍မရနိုင်ဟု ဝန်ကြီးက ဆို သည် ။ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်သား ၃၄ဝဝ ကျော်ရှိသည့် ကုန်တင်ကုန်ချအလုပ်သမား များသည် လခစားဝန်ထမ်းများမဟုတ်၊ နေ့စားလုပ် သားများဖြစ်ပြီး ကုန်တင် ကားများအကျနည်း သည့်ရက်များ၌ လက်ဗလာဖြင့်သာ အိမ်ပြန်ကြရ သူများဖြစ်သည်။”ကျွန်တော်တို့က လမ်းမတော်မြို့နယ် ကုန် တင်ကုန်ချဌာနခွဲ ၂လေ၊ လုပ်သားက ၂ဝဝလောက် ရှိတယ်။ ၁၆ယောက်ကို တစ်ဂိုဏ်းဖွဲ့ထားတော့ ၁ဝဂိုဏ်းလောက်ရှိတယ်”ဟု ဦးထွန်းလင်း (အမည် လွှဲ)က ပြောသည်။

မော်တင်ဆိပ်ကမ်းသို့ လာရောက်လုပ်ကိုင် သော ကုန်တင်ကုန်ချ အလုပ်သမားများမှာ မြို့ စွန်များမှ လာရောက်မှုများပြီး နံနက် ၈ နာရီအ ရောက်ကော်မတီရုံးသို့ လာရ သည်။ ရုံးသို့ ရောက် ရှိပါက အလုပ်ခန့်အပ်စဉ်က ဝန်ထမ်းများအားပေး ထားသည့် နံပါတ်ပြားများကိုထပ်၍ မဲစနစ်ဖြင့် အုပ်စု(ဂိုဏ်း) ခွဲရေးစတင်သည်။ ကံကောင်းပါက နံ ပါတ်စဉ်စောသည့် အသုတ်ထဲသို့ပါပြီး ကံခေ သည့်နေ့များတွင် နောက်ဆုံး နံပါတ်များရရှိသည် ဟု ဦးထွန်းလင်းက ဆိုသည်။

နောက်ဆုံးနံပါတ်ကျရောက်ပြီး ကုန်ကားအ ကျနည်းပါက ကုန်ထမ်းရန် အခြေအနေမပေးတော့ ဘဲ ရှေ့ဂိုဏ်းများဖြင့်လုပ် ငန်းပြတ်သွား သဖြင့် ရေ သောက် ၍ ပြန်ရ သည့်နေ့ရက်များကလည်း ၎င်း၏လုပ်သက်နှစ် ၂ဝ အတွင်း ရက်ပေါင်းမနည်းတော့ဟု ပြောပြသည်။

”အသွားအပြန် ကားခကုန်ရုံပေါ့။ ဒီအလုပ် ကြမ်းကို အာဟာရမရှိရင် မလုပ်နိုင်ဘူးဆိုတော့ အပေါင်းအသင်းတွေဆီက ၅ဝဝ လောက်ချေးငှား ပြီး ထမင်းစားရတဲ့ အခါ လည်းရှိတယ်။ ပညာမ တတ်တဲ့အခါကျတော့ ဒီအလုပ်ကိုပဲ ရေရှည်လုပ် လာတာ။ သားသမီးလေးယောက်ရှိတယ်။ သူတို့ ကျောင်းစရိတ်ကို အဓိကရှာရတော့ ဝမ်းရေး ကို တော့ ရှက်ရှက်နဲ့ပြောရရင် ချဉ်ပေါင်ဟင်းတစ် လှည့် ကန်စွန်းရွက်ကြော်တစ်လှည့်နဲ့ ဖြေရှင်းလာ တာ”ဟုဦးထွန်းလင်းက ရင်ဖွင့်သည်။ ၎င်းစတင်လုပ် ကိုင်ခဲ့ သည့် ၁၉၉ဝကျော်ခုနှစ် များကို ပြန်ကြည့်လျှင် ယခုထက်တော့ အတန်အ သင့်ပြေလည်ခဲ့သည်ဟု ဆိုသည်။ တစ်နေ့ ၂၅ဝဝ၊ ၃ဝဝဝဖြင့် မိသားစုစား ဝတ်နေရေး ဖြေရှင်း၍ ရ သည်။ လုပ်ငန်းသဘောအရ တန်ဆာခခွဲဝေရာတွင် ဘောတိုင်မှူး (လုပ်သားများအား ကြီးကြပ်ကွပ်ကဲ ပေးသူ) သို့ ပေးဆောင်ရ သည့်ဝေစုမှာလည်း ယခု ထက်နည်း သည်ဟု ၎င်းက ပြောပြသည်။

”အလုပ်သမားမှူးဖြစ်သွားရင်တော့ လုပ် သားတစ်ဦး (၅ဝဝဝ)ဆိုရင် အလုပ်သမားမှူးက ၃ဝဝဝဝ လောက်ရတယ်။ ဒါပေမဲ့ အလုပ်သမားမှူး တွေက ခေါ်ဖို့မရှိပါဘူး။ ၁၉၉၂ ခုနှစ်တုန်းကတော့ ခေါ်တယ်။ ဒါပေမဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း တွေပဲရခဲ့တာပါ။ သာမန်လူကတော့ ဘယ်လောက် ပဲ အစွမ်းထက်နေနေ မှူးဖြစ်မလာပါဘူး”ဟု လုပ် သက်ကြာမြင့်သော်လည်းဒုံရင်းဘဝမှ တက်မလာ သည့်၎င်း၏အဖြစ်ကို ပြောပြသည်။ ကုန်တင်ကုန်ချ လုပ်ငန်းအတွက် အသက် အရွယ်မရွေးလုပ်ငန်း လုပ်ကို င်ခွင့် ရှိပြီး အသက် ၂ဝကျော်မှ ၆ဝခန့် အထိလုပ်သားများ လုပ်ကိုင်မှုရှိ ကြောင်း၊ လုပ်သားခေါ်ယူမှုမှာ ရှားပါးပြီး နှစ်အ တန်ကြာမှသာ တစ်ကြိမ် ခေါ် ယူလေ့ရှိသည် ဟု လုပ် သားများထံမှ သိရသည်။

”လွန်ခဲ့တဲ့ တစ်လ၊နှစ်လလောက်ကပဲ လူ ၅ဝ လောက်ခေါ်တယ်။ မခေါ်တာ ၄၊ ၅ နှစ်ရှိပြီ။ ထွက်တဲ့လူတွေများသွားလို့ခေါ်တာ။ များသော အားဖြင့် ဒီအလုပ် မှာ နှစ်ရှည် လုပ်တဲ့ သူတွေ များပါတယ်” ဟု လုပ်သက် ၅ နှစ်ရှိ ကုန်တင် ကုန် ချ အလုပ်သမား ဦးစိန်သောင်း (အမည်လွှဲ) က ပြော သည်။ ၎င်းသည် အဆိုပါလုပ်ငန်းတွင် လုပ်သက်နု လုပ်သား တစ်ဦးပင် ဖြစ်သည်။ သူ၏ကနဦးအသက် မွေးလုပ်ငန်းမှာ နာရီပြင်ခြင်းဖြစ်ပြီး အိမ်ခန်းငှား ကာ ဆိုင်ဖွင့်ခဲ့သည်ဟု ဆိုသည်။ အိမ်ခန်းငှား ခများ ဈေး တက်လာ သဖြင့် အလီလီပြောင်းရွှေ့ခဲ့ရပြီး ¤င်း၏ ဆိုင်ပါ ပျောက်ချင်းမလှပျောက်ကာ အ ထမ်းသမားဘဝသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

”အခုတော့ လေးလလောက်ရှိပြီ။ အိမ်ငှားခ ပူစရာမလိုတော့ဘူး”ဟု ပြောသော သူ၏မျက်နှာ တွင် စိတ်အမောပြေသွားသည့်ဟန်ကို တွေ့လိုက်ရ သည်။အိမ်ငှားခမပူ ပင် ရတော့သည်မှာ ၎င်းတို့၏ အလုပ်မှရရှိသည့်အခွင့်အရေးမဟုတ်။ သန်လျင် မြို့နယ်ရှိ သဘာဝ တရားရိပ်သာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီး ဦးဥတ္တမ က နေ ထိုင်စရာအ ခက်အခဲရှိသူများ ၎င်းကျောင်း၌ ၁၅ ရက်တရား လာထိုင်ပါက ၁၅ ပေပတ်လည် မြေကွက်တစ်ကွက် ပေးသည်ဟု ကြားသိရသည့်အပေါ် ၎င်းက ကြိုး စားအား ထုတ်ခဲ့ခြင်းဖြစ် ဖြစ်သည်။

”အဲဒီတုန်းက (သတင်းကြားတုန်းက) လှိုင် သာယာမှာငှားနေတာ။ လှိုင်သာယာကနေ မနက် ၅ နာရီလောက် သန်လျင်ကိုသွား ဟိုရောက်ရင် တစ်နာရီခွဲလောက် တရား ထိုင်၊ ပြီးရင် လမ်းမတော် အလုပ်လာဆင်း၊ ၁၅ ရက်နေတော့ ဦးဇင်းက တကယ်မြေကွက်ပေးတယ်။ ရောင်းစား/ပေါင်စား လို့တော့မရဘူး။ စည်းကမ်းသတ် မှတ်ထား တယ်။ ရ ရချင်းမဆောက်နိုင်သေးဘူး။ ဝါးခင်းဓနိမိုး ကိုတောင် တစ်သိန်းခွဲနှစ်သိန်းလောက်ကုန်ခဲ့တာ”ဟု ၎င်း၏ အဖြစ်ကို ပြောသည်။ ၎င်းနေထိုင်ရာ သန်လျင်မြို့နယ် ၁၈ ကုန်း အနီး သဘာဝတရားရိပ်သာ စေတနာရွာတွင် ၎င်းနှင့်ဘဝတူ အိမ်ထောင်စုတစ်ထောင်ခန့်ရှိနေပြီဖြစ်ကာ ဆရာတော်၏ စေတနာဖြင့် ၎င်းတို့ ဘဝတွင်အပူ အပင် များတစ်ဝက်ခန့် ငြိမ်းအေးသွား ပြီဟု ၎င်းကပြောသည်။

”ဆရာတော်ကတော့ မသေမချင်း နေလို့ရ တယ်ပြောထားတယ်။ မိသားစုဝင် တစ်ယောက် တရားထိုင်ရုံနဲ့ တစ်မိသားစုလုံးနေလို့ရတယ်”လို့ ၎င်းက ဆက်လက်ပြော သည်။ လောကီနှင့်ဝေးရာ ခရီးဆက်နေကြသည့် ပုဂ္ဂိုလ်များပင် ပုထုဇဉ်လူသားတို့၏ နေထိုင်ရေးအ ခက်အခဲကို ကာကွယ်စောင့်ရှောက် မှု ပေးနေ ရ ခြင်း သည် ပြည် သူဗ ဟိုပြုစနစ်ဖြင့် ရှေ့ဆက်မည်ဟု ကြွေးကြော်နေသော အစိုးရ၏ အားနည်းချက်နှင့် မျက်ကွယ်ပြုမှုကို မီးမောင်းထိုးပြနေသကဲ့သို့ရှိရာ လူထုအနာ ဂတ်ဘာလဲ … ဘယ် လဲဟု မေးရန်မှ တစ်ပါး …။

ဝေမာထွန်း
Popular Myanmar News Journal
”ဘေးဖယ်၊ ဘေးဖယ်”ဟူသည့် အသံနှင့်အတူ ထိုနေရာ၌ လူတစ်စု ခြေသံခပ်ပြင်းပြင်းဖြင့် ဒုန်းစိုင်း သွားနေကြသည်။

ဓာတ်ဆီဖြင့် မီးမွှေးရာမှ လင်မယားနှစ်ဦးမီးလောင် တစ်ဦးသေဆုံး

တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ အလုပ်သွားလုပ်သော ပလောင်လူမျိုးဇနီးမောင်နှံနှစ်ဦး မီးမွှေးစဉ် ဓာတ်ဆီဘူး မီးလောင်ရာမှ ကိုယ်ခန္ဓာအနှံ့ လောင်ကျွမ်းခဲ့ပြီး အမျိုးသမီးသေဆုံးသွားကြောင်း မူဆယ်မြို့နယ်ဆေးရုံကြီး မှ သတင်းရရှိ သည်။

သံတွဲတွင် ဖမ်းဆီးခံရသူ များပြား


“ ကျွန်တော်တို့ RNDP ဥက္ကဌ ဦးမောင်ပုကို ၁၀ နာရီ ၄၅ မိနစ်လောက်မှာ ဖမ်းတယ်။ နောက်ပြီးတော့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့က ပုဂ္ဂိုလ်နှစ်ဦးကိုလည်း ဖမ်းတယ်။ နောက်ထပ် သုံးေ ယာက်ေ လာက် လည်း အဖမ်းခံရတယ်လို့ ကျွန်တော်တို့ သတင်းရပါတယ်” ဟု ၎င်းက ဆိုသည်။

ဘဝတစ်လျှောက်လုံး ဉာဏ်ထက်မြက် နေရလေအောင်

Photo: ဘဝတစ်လျှောက်လုံး ဉာဏ်ထက်မြက် နေရလေအောင် 
Thursday, October 3, 2013

အရွယ် ရလာတာနဲ့ အမျှ အတွေးအခေါ် ကောင်းတွေ၊ မှတ်ဉာဏ် တွေဟာ ကျဆင်း သွားတယ် ဆိုတာ မဟုတ်ပါဘူး။

ဦးနှောက်အတွက် အာဟာရ ပြည့်ဝနေရင် အသက်ကြီး လာပေမယ့် ဦးနှောက်တွင်းမှ Gray Matter တွေဟာ အဆက်မပြတ် ပြန်လည် တည်ဆောက်နေတတ်ပြီး Neurones တွေ တစ်ခုနဲ့တစ်ခု ဆက်သွယ်မှုအားတွေလည်း ကောင်းနေတယ်လို့ ဆိုပါတယ်။ အောက်ပါ ဦးနှောက်စွမ်းအားကောင်းတဲ့ အာဟာရတွေနဲ့ ဉာဏ်ထက်မြက် နေအောင် ပြုလုပ်ပါ။

မှတ်ဉာဏ်ကောင်းအောင် ငါးစားပါ

ပင်လယ်စာကို တစ်ပတ်နှစ်ကြိမ် စားပေးတာဟာ ဦးနှောက်အတွက် အကျိုး ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့မှာ ပါဝင်တဲ့ Omega-3 အဆီတွေဟာ မှတ်ဉာဏ် ဆုတ်ယုတ် စေတတ်တဲ့ ဦးနှောက်အတွင်း ရောင်ရမ်းမှုတွေကို လျှော့ချနိုင်လို့ပါ။ ငါးစားလို့ရတဲ့ အကျိုးကျေးဇူးဟာ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ အပတ်စဉ် ငါးဟင်း များများ စားတာကြောင့် မှတ်ဉာဏ်ပြဿနာ ၆၀ ရာခိုင်နှုန်း လျှော့ချ နိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။

အာရုံစူးစိုက်မှု ပိုကောင်းအောင် အသားစားပါ

ပစ်မှတ်အပေါ် အာရုံစိုက်မှု ကောင်းအောင် ကူညီနိုင်တဲ့ dopamine ခေါ်တဲ့ Neurotransmitter ဦးနှောက်မှ တိုင်ရိုစင်းနဲ့ ဖီနိုင်လမင်းခေါ်တဲ့ အမိုင်နို အက်စစ်တွေ ရရှိနေဖို့ လိုအပ်ပါတယ်။ တိုင်ရိုဆင်းနဲ့ ဖီနိုင်လမင်းခေါ်တဲ့ Amino Acid ရရှိဖို့ နေ့စဉ် အမဲသား၊ ဝက်သား၊ ကြက်သား ဒါမှမဟုတ် နို့ထွက်ပစ္စည်း သုံးအောင်စ စားဖို့ လိုအပ်ပါတယ်။ အကယ်၍ သင်ဟာ သက်သတ်လွတ်စားသူ ဖြစ်နေရင် ဥအမျိုးမျိုးနဲ့ နွားနို့မှာ တိုင်ရိုစင်းနဲ့ ဖီနိုင်လမင်း အများအပြား ပါဝင်ပါတယ်။

သင်ယူမှု ပိုကောင်းအောင် သစ်သီးစားပါ

သကြား ပါဝင်မှုများတဲ့ ကိတ်မုန့်၊ ကွတ်ကီးနဲ့ သကြားလုံးတွေ စားတာကြောင့် ဦးနှောက်တွင်းမှ မှတ်ဉာဏ်နဲ့ သင်ယူမှုဌာန ဖြစ်တဲ့ Hippocampus နေရာ ကျုံ့သွားတတ်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများစွာ ပါဝင်တဲ့ ဘယ်ရီသီး၊ ဖရဲသီးနဲ့ မက်မွန်သီးလိုမျိုး သစ်သီးတွေ စားတာကြောင့် ဦးနှောက် cell တွေ ပြန်လည် တည်ဆောက်နိုင်ကာ ပြန်လည် ကြီးထွားလာနိုင်တယ်လို့ သိရပါတယ်။

ဦးနှောက် cells တွေ ပျက်စီးမှုမှ ကာကွယ်နိုင်အောင် အရက်အနည်းငယ် သောက်ပါ

ဝိုင် ဒါမှမဟုတ် ဘီယာကို အသင့်အတင့် သောက်သူတွေဟာ အသက်ကြီး လာရင် မှတ်ဉာဏ်ပြဿနာ ဖြစ်နိုင်ခြေ ၄၂ ရာခိုင်နှုန်း လျော့နည်းသွားတယ် လို့ ဆိုပါတယ်။ ဝိုင်အရက်မှာ ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းကြောင့်လို့ ဆိုပါတယ်။ အရက်ကို ခန္ဓာကိုယ်မှ စုပ်ယူတာ မြန်ဆန်မှုမရှိအောင် အရက်နဲ့ အတူတူ အစာပါ တွဲစားပေးပါ။ အရက် စုပ်ယူမှုမြန်ရင် ဦးနှောက် cell တွေ ထာဝရ ပျက်စီးသွားနိုင်ပါတယ်။ အမျိုးသမီးတွေအတွက် ဘီယာတစ်ဘူး ဒါမှမဟုတ် ဝိုင် ၅ အောင်စသာ သောက်ပေးပါ။ အမျိုးသားတွေမှာမူ အမျိုးသမီး တွေထက် နှစ်ဆ ပိုသောက်လို့ ရပါတယ်။

ဒေါက်တာခင်မိုးမိုး
Credit: Myawady
အရွယ်ရလာတာနဲ့အမျှ အတွေးအခေါ်ကောင်းတွေ၊ မှတ်ဉာဏ်တွေဟာ ကျဆင်းသွားတယ်ဆိုတာ မဟုတ် ပါဘူး။

ကလေးငယ်များတွင် အရေးကြီးသည့် ရောဂါလက္ခဏာများ

Photo: ကလေးငယ်များတွင် အရေးကြီးသည့် ရောဂါလက္ခဏာများ 
Thursday, October 3, 2013

(၁) နှုတ်ခမ်းပြာခြင်း (cyanosis)
ပါးစပ်နှင့်နှုတ်ခမ်းများပြာခြင်းသည် ကလေးငယ်၌ အောက်စီဂျင် ကောင်းစွာမရသောကြောင့်ဖြစ် သည်။ အောက်စီဂျင်ရှူစက်ရှိနိုင်မည့် နီးစပ်ရာဆေးရုံ၊ဆေးခန်းသို့အမြန် သွားပါ။

(၂) အသက်ရှူရခက်ခြင်း
ကလေးငယ်အသက်ရှူရခက် ခြင်း၊ အသက်ရှူမြန်ခြင်း၊ အသက်ရှူ နိုင်ရန် ရင်ပတ်နှင့်လည်ပင်းကြက် သားများ အားပြုရသောကြောင့် နံရိုး များအကြား ရင်ပတ်ချိုင့်ဝင်ခြင်း၊ လည်ပင်းကြွက်သားများ ထိုးထိုး ထောင်ထောင်ဖြစ်လာခြင်း၊ အသက် ရှူစဉ် တရွှီးရွှီးမြည်ခြင်းတို့ဖြစ်လာပါက ဆေးရုံသို့အမြန်သွားပါ။

(၃) မွေးကင်းစကလေးများ၌ အဖျားကြီးခြင်း
မွေးကင်းစ နှစ်လအောက် ကလေးများ၌ အဖျားတိုင်းသည့်အခါ စအိုတွင်းသို့ သာမိုမီတာထည့် တိုင်းပါ။ အဖျား ၁၀၀.၄ ဒီဂရီဖာရင် ဟိုက် ကျော်ပါက ဆရာဝန်နှင့်ပြပါ။ မွေးကင်းစအဖျားသည် အအေးမိခြင်း မှ ဦးနှောက်အမြှေးရောင်ခြင်းအထိ ဖြစ်နိုင်ပြီး အခြားအရွယ်ကလေးများ ထက် ပိုမိုဂရုစိုက်ကုသရလေ့ရှိသည်။

(၄) အသားဝါခြင်း
မွေးကင်းစ အသားဝါလျှင် အလင်းကုထုံး (phototherapy) ပေး၍ကုသရလေ့ရှိသည်။ အသားဝါ စေသည့် ဘီလီရူဘင်ဓါတ် (bilirubin) အလွန်အမင်းမြင့်တက်လာပါက ကလေးငယ်၏ဦးနှောက်ကိုထိ ခိုက်စေပြီး ဉာဏ်ရည်မမီ သည်အထိ ဖြစ်စေသည်။

(၅) အစိမ်းရောင်၊ အညိုရောင် အန်ခြင်း
ကလေးငယ်များသည် မကြာခဏ အန်တတ်သူများဖြစ်သော်လည်း အစိမ်းရောင်၊ အညိုရောင်များ အန်ပါကဂရုစိုက်သင့်သည်။ အူလမ်း ကြောင်းပိတ်ခြင်းကြောင့် အစိမ်းရောင်အန်တတ်ပြီး ၀မ်းတွင်းသွေး ထွက်ခြင်းကြောင့် ကော်ဖီအနှစ်အညို မည်းရောင် (ကော်ဖီရည် အညို ဖျော့ရောင်မဟုတ်) အန်တတ်သည်။ ကလေးငယ်ဦးခေါင်းကို ထိခိုက်မှု ဖြစ်ပြီးနောက်အန်ပါကလည်း အရေး တကြီး စောင့်ရှောက်သင့်သည်။

သီဟ
Source:WebMD
Health Updates Journal Vol.2, No.37
(၁) နှုတ်ခမ်းပြာခြင်း (cyanosis)
ပါးစပ်နှင့်နှုတ်ခမ်းများပြာခြင်းသည် ကလေးငယ်၌ အောက်စီဂျင် ကောင်းစွာမရသောကြောင့်ဖြစ် သည်။ အောက်စီဂျင်ရှူစက်ရှိနိုင်မည့် နီးစပ်ရာဆေးရုံ၊ဆေးခန်းသို့အမြန် သွားပါ။

စံပယ်ရနံ့ လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ


စံပယ်ရနံ့ လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေး အကျိုးကျေးဇူးများစံပယ်ရနံ့ လက်ဖက်ရည်ကြမ်း (Jasmine Tea) ကို တရုတ်နိုင်ငံမှာ နှစ်ပေါင်း ၇၀ဝ နီးပါး ကတည်းက ထုတ်လုပ်ခဲ့ပြီး ရေပန်းအစားဆုံး ပန်းရနံ့ လက်ဖက်ရည် ကြမ်း ဖြစ်ပါတယ်။

မိုက်ကယ် ဂျက်ဆင် မိသားစု အမှုရှုံး


ကွယ်လွန်သူ ပေါ့ပ် အဆိုတော် မိုက်ကယ် ဂျက်ဆင်ဟာ မသေသင့်ပဲ သေခဲ့ရတာဆိုပြီး သူ့ရဲ့ နောက်ဆုံး လှည့်လည် ဖျော်ဖြေပွဲ စီစဉ်သူ AEG Live ကုမ္ပဏီအပေါ် မိုက်ကယ် ဂျက်ဆင်ရဲ့ ကျန်ရစ်သူ မိသားစုက တရားစွဲ ဆိုထားတာ အမှုရှုံးသွားပြီ ဖြစ်ပါတယ်။

ဂျပန်ချေးငွေဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို မကြာမီ အဆင့်မြှင့် မည်

ဂျပန်ချေးငွေဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို မကြာမီ ပြင်ဆင် သွားမည် ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားသည်။

အိန္ဒိယနိုင်ငံတွင် ကွယ်လွန်ခဲ့သည့် ကမ္ဘာကျော် ၀ိပဿနာ တရားပြ ဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို မြန်မာနိုင်ငံသို့ သယ်ဆောင်ပြီး ဧရာဝတီမြစ်အတွင်း မျှောမည်

Photo: အိန္ဒိယနိုင်ငံတွင် ကွယ်လွန်ခဲ့သည့် ကမ္ဘာကျော် ၀ိပဿနာ တရားပြ ဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို မြန်မာနိုင်ငံသို့ သယ်ဆောင်ပြီး ဧရာဝတီမြစ်အတွင်း မျှောမည်
Thursday, October 3, 2013

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၌ စက်တင်ဘာ ၂၉ ရက်က ကွယ်လွန်ခဲ့သော အသက် ၉၀ အရွယ်ရှိ ကမ္ဘာကျော် ၀ိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်ပြီး ဧရာဝတီမြစ်အတွင်း မျှောရန် စီစဉ်ထားကြောင်း သိရသည်။

''ဆရာကြီးရဲ့ ဈာပနကို အောက်တိုဘာ ၁ ရက် အိန္ဒိယနိုင်ငံ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှာ ပြုလုပ်ခဲ့ပါတယ်။ သံဃာငါးရာကျော်နဲ့ လူပရိသတ် တစ်သိန်းကျော် လိုက်ပါပို့ဆောင်ပြီး နိုင်ငံတော် ဈာပနအနေနဲ့ ပြုလုပ်ခဲ့တာပါ။ အခုချိန်မှာတော့ ဆရာကြီးရဲ့ အရိုးပြာကို မွန်ဘိုင်းမြို့က ကမ္ဘာ့ဝိပဿနာ စေတီတော်ကြီး (Global Vipas-sana Pagoda) မှာ ထားရှိပါတယ်။ အောက်တိုဘာ ၇ ရက်မှာ ဆရာကြီးရဲ့ အရိုးပြာကို မြန်မာနိုင်ငံကို ပြန်သယ်လာမှာ ဖြစ်ပါတယ်''ဟု ရန်ကုန်မြို့၊ ဓမ္မဇောတိရိပ်သာမှ တရားပြဆရာ ဦးစန်းဝင်းက The Daily Eleven သို့ ပြောကြားသည်။

ထိုသို့ သယ်ယူလာခဲ့ပြီးနောက် သီတဂူဆရာတော် ဦးဉာဏိဿရ၏ သြ၀ါဒအရ မြစ်ကြီးနား၊ ရွှေဘို၊ မန္တလေး နေရာသုံးနေရာခွဲ၍ အရိုးပြာကို ဧရာဝတီမြစ်အတွင်းသို့ တစ်ပြိုင်နက်တည်း မျှောချရန် စီစဉ်ထားကြောင်း သိရသည်။

ဆရာကြီး ဦးဂိုအင်ကာသည် 'ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ' အမည်ဖြင့် ဟောပြောပွဲ တစ်ခုကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက် နှင့် ၂၃ ရက်နေ့များတွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ပြု လုပ် ကျင်းပခဲ့သည်။ ထိုဟောပြောပွဲတွင် ၁၉၅၀ ပြည့်နှစ်အချိန်က ဆရာကြီးရေးသားခဲ့သည့် 'ဧရာဝတီ' ကဗျာကိုလည်း ဖတ်ကြားခဲ့ပါသည်။

ဦးဂိုအင်ကာ၏ အဘိုးဖြစ်သူ သီရိဘာဆာရာလာ လာဂိုအင်ဂါသည် အိန္ဒိယနိုင်ငံ၊ ဗီကာရ်နေပြည်နယ်၊ ကျူရုမြို့မှ မြန်မာနိုင်ငံသို့ ၁၈၇၇ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ စက်မှုလုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့သည့် ဦးဂိုအင်ဂါသည် ဆရာကြီး ဦးဘခင်ထံတွင် ၀ိပဿနာ တရားတော်များကို ၁၄ နှစ်ကြာ သင်ယူလေ့ကျင့်ပြီးနောက် အိန္ဒိယနိုင်ငံသို့ ပြန်လည်နေထိုင်ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ၀ိပဿနာ တရားတော်များ ပို့ချခဲ့သည်။

၁၉၇၆ ခုနှစ်၌ အိန္ဒိယနိုင်ငံ၊ မဟာရက်ရှထရာပြည်နယ် နာရှစ်ခရိုင်၊ အီဂတ်ပူရီမြို့တွင် ကမ္မဋ္ဌာန်းရိပ်သာတစ်ခုကို စတင်ထူထောင်ခဲ့ပြီး ကမ္ဘာအနှံ့တွင် ၀ိပဿနာ ရိပ်သာပေါင်း ၁၇၂ ခုအထိ ဖွင့်လှစ်ထားခဲ့သည်။ ဆရာကြီးသည် ၀ိပဿနာ နည်းပြဆရာပေါင်း ၈၀၀ ခန့်ကို မွေးထုတ်ပေးခဲ့ပြီး ၎င်းဦးဆောင်သည့် ၀ိပဿနာ တရားစခန်းများသို့ ၀င်ရောက်အားထုတ်သူ အရေအတွက် နှစ်စဉ် တစ်သိန်းခန့်ရှိကြောင်း သိရသည်။

ဆရာကြီး ဦးဂိုအင်ကာသည် အိန္ဒိယ နိုင်ငံအနောက်ပိုင်း မွမ်ဘိုင်းမြို့တွင် အာရေဗျပင်လယ်ကို မေးတင်လျှက် ရွှေတိဂုံစေတီတော် ပုံတူ ကမ္ဘာ့ဝိပဿနာစေတီတော်မြတ် (Global Vipassana Pagoda) တစ်ဆူကိုလည်း ၂၀၀၉ ခုနှစ်တွင် အောင်မြင်စွာ တည်ထားပြီး ထီးတော်တင်ခဲ့သည်။

အောက်တိုဘာ ၁ ရက်က ဆရာကြီး ကွယ်လွန်ခြင်းကို ရည်စူးပြီး ရန်ကုန်မြို့ရှိ ဓမ္မဇောတိရိပ်သာ၌ သံဃာတော်များကို ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ပြီး နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကိုယ်တိုင် တက်ရောက်ခဲ့ပါသည်။ ထို့နောက် ယောဂီများက တစ်နာရီကြာ မေတ္တာပို့ အမျှဝေခဲ့ပြီး မြန်မာနိုင်ငံ အနှံ့အပြားရှိ ဓမ္မဂီရိ ရိပ်သာအသီးသီးတွင်လည်း စုပေါင်းတရားထိုင်ပြီး မေတ္တာပို့ အမျှဝေခြင်းများကို တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Elevan Media Group

ဆရာကြီး ဦးဂိုအင်ကာ၏ ဈာပနကို နိုင်ငံတော် ဈာပနအနေဖြင့် အောက်တိုဘာ ၁ ရက်က အိန္ဒိယနိုင်ငံ၌ ပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ- Vipassana Facebook)
ဆရာကြီး ဦးဂိုအင်ကာ၏ ဈာပနကို နိုင်ငံတော် ဈာပနအနေဖြင့် အောက်တိုဘာ ၁ ရက်က အိန္ဒိယနိုင်ငံ၌ ပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ- Vipassana Facebook)
အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၌ စက်တင်ဘာ ၂၉ ရက်က ကွယ်လွန်ခဲ့သော အသက် ၉၀ အရွယ်ရှိ ကမ္ဘာကျော် ၀ိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်ပြီး ဧရာ ၀တီမြစ် အတွင်း မျှောရန် စီစဉ်ထားကြောင်း သိရသည်။

ပဋိပက္ခများဖြစ်ပွားခြင်းသည် ရခိုင်ပြည်နယ် အတွက်သာမက နိုင်ငံအတွက် ပါ ထိခိုက်ရခြင်း ဖြစ်သည်ဟု သံတွဲမြို့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အစိုးရ သတင်းထုတ်ပြန်

နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်မှုအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားရခြင်းသည် ရခိုင်ပြည်နယ်အတွက် သာမ က နိုင်ငံအတွက်ပါ ထိခိုက်ဆုံးရှုံးရခြင်း ဖြစ်သည်ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေးအဖွဲ့က အောက်တိုဘာ ၂ ရက်ညပိုင်း က မြန်မာ့ရုပ်မြင်သံကြားမှတစ်ဆင့် သတင်း ထုတ်ပြန်ခဲ့သည်။

မန္တလေးမြို့ ၊ ဗိုလ်ချုပ်ရွာ (၆၉) လမ်းနှင့် ရွှေနှင်းဆီလမ်းထောင့်ရှိ ဂိုဒေါင်တွင် လုံခြုံရေးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သတ်ပြီး ဖောက်ထွင်းမှုဖြစ်ပွား

k.3.10.2013.5
အခင်းဖြစ်ပွားခဲ့သော Panasonic ဂိုထောင်အား တွေ့ရစဉ်
အောက်တိုဘာ ၁ ရက်ညပိုင်းက မန္တလေးမြို့၊ ဗိုလ်ချုပ်ရွာ(၆၉) လမ်းနှင့် ရွှေနှင်းဆီ လမ်းထောင့်ရှိ Panasonic ဘက်ထရီဂိုဒေါင်တွင် လုံခြုံရေးအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သတ်ပြီး ရုံးခန်းတွင်းရှိ မီးခံသေတ္တာကို ဖောက်ထွင်းခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆိုင်းငံ့ထားခြင်းမပြုတော့ဘဲ ဆက်လက်ဆွေးနွေးရန် ကန့်ကွက်သူမရှိ အတည်ပြု

လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေး ရန် အောက်တိုဘာ ၂ ရက်က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်သူမရှိ ပြန် လည် အတည်ပြုခဲ့ကြောင်း သိရသည်။

သံတွဲ ပဋိပက္ခဖြစ်စဉ်ကြောင့် ခြောက်ဦးသေဆုံးကာ ဒဏ်ရာရရှိသူလေးဦး ဆေးရုံတွင် ကုသနေ

w1-2-5
ဖြစ်စဉ်အတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မြင်ကွင်း
စက်တင်ဘာ စတုတ္ထပတ်မှ စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် သံတွဲမြို့ ပဋိပက္ခ ဖြစ်စဉ် အတွင်း အောက် တိုဘာ ၂ ရက် ညနေပိုင်းအထိ သေဆုံးသူ ခြောက်ဦးအထိရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ တာ ၀န်ရှိသူတစ်ဦးက အောက်တိုဘာ ၂ ရက် ညနေပိုင်းက ပြောကြားသည်။

အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အကြိုဆွေးနွေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကေအိုင်အိုဆက်ဆံရေးရုံးဟောင်းတွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) နှင့် ကေအိုင်အို ကိုယ်စားပြု အလုပ်အဖွဲ့တို့ အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တွေ့ဆုံခဲ့ပြီး လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ခေါင်းစဉ်ငါးခုကို ဆွေးနွေးခဲ့သည်။

မလေးရှားရောက် မြန်မာနိုင်ငံသားများအား လူမျိုးဘာသာမခွဲခြားဘဲ ကာကွယ်စောင့်ရှောက်ပေးရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြော ကြား



မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို လူမျိုးဘာသာ မခွဲခြားဘဲ အကာအကွယ်ပေး ရန် စောင့်ရှောက်ရန် လိုအပ်ကြောင်းနှင့် နိုင်ငံသား များ၏ လိုအပ်ချက်ကို ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မလေးရှားနိုင်ငံ သို့ ရောက်ရှိစဉ် ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၂ ရက် ညပိုင်းက မြန်မာ့ ရုပ်မြင်သံကြား သတင်း ဖော်ပြချက် အရ သိရသည်။