Monday 18 February 2013

နိုင်ငံရေး ဆွေးနွေးမှုများ အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည်



ချင်းမိုင်(မဇ္စျိမ)။   ။ သမ္မတ ဦးသိန်းစိန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း
ကော်မတီအနေနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေး ဆွေးနွေးမှုများကို အဆင့် သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်သူ ဦးညိုအုန်းမြင့် က ပြောသည်။

ကင်တာနား၏ တပ်မတော်သား ၂၅ ရာခိုင်နှုန်းအားလွှတ်တော် တက်ရောက်ခွင့် ပေးထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်ကို ပြင်ဆင် သင့်ကြောင်း ပြောကြားခဲ့ မှု့ကို ပြည်သူများ နှင့် လွှတ်တော် ကိုယ်စားလှယ်များဝေဖန်

ကင်တားနားကို ဘင်္ဂလီ လူမျိုးအချို့နှင့် အတူတွေ့ရပုံ

  တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော် တက်ရောက်ခွင့် ပေးထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်ကို ပြင်ဆင် သင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် သောမတ်စ် အိုဟေး ကင်တာနားက မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖေဖော်ဝါရီ လ ၁၆ရက် နေ့က ပြောကြားခဲ့မှု့နှင့် ပတ်သက်၍ ပြည်သူများနှင့်  လွှတ်တော် ကိုယ်းစားလှယ်များမှ  ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြောင်း သိရသည်။

ကချင် ဒုက္ခသည် များ အတွက် ဂီတ ပဒေသ ကပွဲ ကျင်းပမည်



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မြန်မာ တပ်မတော်နှင့် ကေအိုင်အေ တို့ တိုက်ပွဲ များကြောင့် သွားလာမှု ခက်ခဲသော ဒုက္ခသည် စခန်း များတွင် ခိုလှုံ နေရသည့် ဒုက္ခသည် များ အတွက် ဂီတ ပဒေသာ ကပွဲ ပြုလုပ်ပြီး ရရှိ လာသော ရန်ပုံငွေ များကို သွားရောက် ကူညီမည် ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး ကွန်ရက် အဖွဲ့၏ ဒေါ်ခွန်ဂျာက ပြောကြား သည်။

မြန်မာ လီဗာပူးလ် ပရိသတ်များ အဖွဲ့ Liverpool FC တရားဝင် အသိအမှတ်ပြု


မြန်မာနိုင်ငံမှ လီဗာပူးလ် ပရိသတ်များ စုဖွဲ့ထားသည့် အဖွဲ့အား Liverpool FC ၏ တရားဝင် အသိအမှတ် ပြုခြင်းခံရသည့် Official Liverpool Supporters Club (OLSC) အဖြစ် ရွေးချယ် သတ်မှတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်၊ အသစ်ရေးဆွဲရန်တို့နှင့် ပတ်သတ်သည်များကို တရားလွှတ်တော် ရှေ့နေများ ဆွေးနွေး

2.18.1
                           ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆွေးနွေးပွဲအခမ်းအနား ကျင်းပနေစဉ်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်၊ အသစ်ရေးဆွဲရန်တို့နှင့် ပတ်သက်သည်များကို ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေးပွဲအမှတ်စဉ် (၂) တွင် တရားလွှတ်တော် ရှေ့နေများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။