Saturday 4 August 2012

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေ

ဘင်္ဂလားပင်လယ်အော်အခြေအနေ

ယနေ့  မြန်မာစံတော်ချိန် (၁၅း၃၀) နာရီအချိန်တိုင်းထွာချက်များအရ ယမန်နေ့ က ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေခဲ့သော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပါသည်။

မြန်မာ့စက်မှုဆိပ်ကမ်း စီမံခန့်ခွဲသော ကုမ္ပဏီ ကမ်းနားလမ်းပေါ်ရှိ အစိုးရပိုင်မြေ ၁၇ ဧကကျော်ကို နှစ် ၃၀ ငှားရမ်းခွင့်ရ

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က မြန်မာ့အဏ္ဏ၀ါစွမ်းအားရှင်ဂရု(ပ်) အက်(စ်)ကုမ္ပဏီသို့ ရန်ကုန်မြို့ ကမ်းနားလမ်းမပေါ်ရှိ ဌာနပိုင်မြေ ၁၇ ဒသမ ၃၆ ဧကအား ဆိပ်ခံတံတားသုံးစင်းနှင့် ကုန်သေတ္တာလွင်ပြင် သိုလှောင်စခန်း တည်ဆောက်နိုင်ရန် B.O.T စနစ်ဖြင့် နှစ် ၃၀ ငှားရမ်းလုပ်ကိုင်ခွင့်ပေး သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ယုနေ့ကျင်းပသော ထိုကုမ္ပဏီနှင့် မြေငှားစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောသည်။

(၄.၈.၂၀၁၂) ညပိုင်း သတင်းများ

မီဒီယာ လွတ်လပ်ခွင့်အတွက် တီရှပ် ၀တ်ဆင်ကာ လက်မှတ်စုဆောင်းသည့် လှုပ်ရှားမှု စတင် 

ဂျာနယ်များ ပိတ်ပင်မှုကို ဆန့်ကျင်ကြောင်း သမ္မတထံ စာပို့မည်

သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ၀ိုင်းဝန်ကာကွယ် စောင့်ရှောက်ကြ

ကလေးစစ်သား ပပျောက်ရေး KNPP လက်မှတ်ထို 

စားကျက်မြေများ၊ အင်းများနှင့် သင်္ချိုင်းမြေကိုပါ စတီးလ်စတုန်းကုမ္မဏီမှ သိမ်းယူ

အိမ်မပြန်နိုင်သေးသည့် ဘားအံမြို့ ရေဘေးဒုက္ခသည်များ ကျန်းမာရေးကောင်းမွန်

ခြစားမှုဖြင့် နာမည်ကြီး ငွေချမ်းသာလာနေသူ မူဆလင်တဦးအား မျိုးချစ်များက ထုတ်ဖေါ်ပြောဆို

 

 

 

 

 

တကျော့ပြန်ဆင်ဆာကြောင့် သတင်းလွတ်လပ်ခွင့် နောက်ကြောင်းပြန်တော့မှာလား

သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေကြောင်း နိုင်ငံတကာမှ ချီးမြှောက်နေချိန်မှာပဲ စိစစ်ရေး တကျော့ပြန်လာပြီဆိုတဲ့ စိုးရိမ်ချက်နဲ့ ပြည်တွင်း အပတ်စဉ်ထုတ် ပုဂ္ဂလိကပိုင် သတင်းဂျာနယ်တွေ ကတော့ ယခင်ကထက်ပိုပြီး သတိထား ဆင်ခြင်နေရပါတယ်။

နည်းပညာ အားနည်းချက်ကြောင့် ဟိုင်ဒြိုဂျင် ပါရောက်ဆိုဒ် စက်ရုံပေါက်ကွဲမှုဖြစ်ရဟု စက်ရုံမှူးပြော

ဝါဆိုလပြည့်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်း ချောက်မြို့နှင့် စလေမြို့အကြားရှိ စက်မှုဝန်ကြီး
ဋ္ဌာနပိုင် အိမ်သုံးပစ္စည်းစက်ရုံ  မှ ဓါတုပစ္စည်း ပေါက်ကွဲမီးလောင်ကျွမ်းခဲ့ရခြင်းမှာ တရုတ် ကုမ္ပဏီမှ တည်ဆောက်သည့် စက်ရုံ၏ နည်းပညာဆိုင်ရာ အားနည်းမှုကြောင့် ဟု စက်ရုံမှူးက သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana သည်   မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို သြဂုတ်လ ၄ ရက်နေ့ ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြုလုပ်ခဲ့သည်။ 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၄ပါတီတို့ တွေ့ဆုံခဲ့ပြီး နိုင်ငံ၏ စီးပွားရေး၊ တိုင်းရင်းသား အရေးနှင့် မီဒီယာကိစ္စရပ်များ ဆွေးနွေးခဲ့

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်  နိုင်ငံရေးပါတီ ၁၄ပါတီတို့သည် သြဂုတ်လ ၄ရက်နေ့က
 နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံ၏ စီးပွားရေး၊ တိုင်းရင်းသား အရေးနှင့် မီဒီယာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

မီဒီယာ ဖိနှိပ်မှု ရပ်တန့်ရေး လက်မှတ် ရေးထိုးလှုပ်ရှားမှု ၌ ၈၈ မျိုးဆက် ကျောင်းသားများ ပူးပေါင်း ပါဝင်မှုနှင့် ပတ်သက်၍ သဘောထား အမြင်များ(၁)

ရှစ်လေးလုံး အရေးအခင်းမှာ ဒီမိုကရေစီ လူ့ဘောင်စနစ်သို့ သွားရန် အရေးကြီးသည့် အလှည့်ပြောင်း တစ်ခု ဖြစ်သည်မှာ အမှန်ပင် ဖြစ်ကြောင်း၊ သို့သော် လက်ရှိ အပြောင်းအလဲကို အဓိက ဦးဆောင်သည့် ပြည်ခိုင်ဖြိုး ပါတီအနေနှင့်မူ ရှစ်လေးလုံးကို ပြည်သူ အများစု အသိအမှတ်ပြုသကဲ့သို့ အသိအမှတ် ပြုနိုင်မည်မထင်ကြောင်း၊ သို့ဖြစ်၍ ဘုံသဘောတူညီမှု မရှိသည့် ၂၄ နှစ်ပြည့် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ကို အကြီးအကျယ်မပြုလုပ်သင့်ဟု ၎င်းအနေနှင့် ယူဆကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်သည်။

ပုဂ္ဂလိကကုမ္ပဏီများ ငွေစချေးရန် ကမ္ဘာ့ဘဏ်စိတ်ဝင်စား

ကမ္ဘာ့ဘဏ်အဖွဲ့ဝင်ဖြစ်ပြီး ပုဂ္ဂလိကပိုင်းကို ငွေကြေးချေးငှားပံ့ပိုးသည့် နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်း International Finance Corporation (IFC) သည် မကြာခင်က မြန်မာနိုင်ငံတွင် ရုံးဖွင့်ပြီးနောက် အသေးစားငွေကြေးလုပ်ငန်းများကို ဦးစားပေးမည် ဖြစ်သကဲ့သို့ စွမ်းအင်၊ တယ်လီဖုန်း နှင့် လမ်းတံတားပိုင်းဆောင်ရွက်နေသည့် ကုမ္ပဏီများကို ထောက်ပံ့ပေးသွားရန် စိတ်ဝင်စားနေသည်။
အသေးစားငွေကြေးလုပ်ငန်းများကို ငွေထုတ်ချေးရန် ကမ္ဘာ့ဘဏ်က စိတ်ဝင်စားနေပြီ (ဓာတ်ပုံ- Reuters)


မြစ်ကြီးနားမြို့တွင် မိုးအဆက်မပြတ်ရွာသွန်း ရပ်ကွက်အချို့ ရေဝပ်ပိတ်ဆို့နေ

မြစ်ကြီးနားမြို့အတွင်း ဇူလိုင်လတွင် မိုးအဆက်မပြတ် ရွာသွန်းထားမှုကြောင့် မြေနိမ့်ရပ်ကွက်အချို့နှင့်   ရေဝပ်နေသည့်နေရာများမှ ရေများကိုနည်းအမျိုးမျိုးဖြင့် မြောင်းဖောက်ခြင်း၊ ပိတ်ဆို့ရေမြောင်းများ ဖယ်ရှား ရှင်းလင်းခြင်းတို့ဖြင့် ရေဝပ်ခြင်းကင်းစင်စေရန် ဆောင်ရွက်လျက်ရှိသည်။ ခရစ်ယာန်ဘုရားကျောင်းဝင်းရှိ လူငယ်ဘောလုံးအား ကစားကွင်းအတွင်းသို့ ရေများဝင်ရောက်မှုအား ရပ်ကွက်ပိုင်မီးသတ်ယာဉ်ဖြင့် စုပ်ထုတ်စွန့်ပစ် ခြင်းလုပ်ငန်းကို သြဂုတ် ၁ ရက်က စတင်ဆောင်ရွက်လျက်ရှိသည်။
 
 

မီဒီယာကိစ္စပြေလည်မည်ဟု သမ္မတပြောကြားဟုဆို

ရန်ကုန်၊ သြဂုတ် - ၎

မီဒီယာများက တာဝန်ယူမှု၊ တာဝန်ရှိမှု ရှိရန်နှင့် တည်ငြိမ်မှုမထိခိုက်စေဘဲ ဆောင်ရွက်ရန် လိုကြောင်းလည်း သမ္မတကပြောသည်ဟုဆိုသည်။

မီဒီယာကိစ္စပြေလည်သွားမည်ဟု နိုင်ငံတော်သမ္မတက ယနေ့ (သြဂုတ် ၄ ရက်) ပါတီ ၁၄ ပါတီမှ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဂျာနယ်အချို့ ထုတ်ဝေခွင့် အပိတ်ခံရခြင်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးသိန်းညွန့်၏ အမေးကို ဖြေကြားစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း ဦးသိန်းညွန့်ကပြောသည်။

အမေရိကန်တွင် ရောင်းချခဲ့သည့် RAV4 ကား ၇ သိန်းကို တိုယိုတာတို့ ပြန်သိမ်း

ဂျပန် နိုင်ငံရှိ တိုယိုတာ ကုမ္ပဏီမှာ ကမ္ဘာ အနှံ့ရှိ RAV4 မော်တော်ကားများကို ပြန်လည် သိမ်းဆည်းနေကာ အမေရိကန်တွင် အစီးရေ ၇သိန်း ၆ သောင်းကျော် ရှိပြီးယင်းမှာ တိုယိုတာ ကုမ္ပဏီ၏ အကြီးဆုံး
 နိုင်ငံခြား ဈေးကွက်ရှိသည့် နိုင်ငံတစ်ခု ဖြစ်သည်။

နိုင်ငံတော် သမ္မတနှင့် နိုင်ငံရေး ၁၄ ပါတီ တွေ့ဆုံ

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၄ပါတီတို့ ယနေ့(သြဂုတ်၎ရက်) နံနက်၉နာရီမှ မွန်းလွဲ ၁နာရီ၁၅မိနစ်ထိ လေးနာရီကျော်ကြာ သမ္မတကြီး၏ လယ်တောရိပ်သာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ သမ္မတနှင့်တွေ့ဆုံခဲ့သော ပါတီ၁၄ခုတွင် ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီအချို့လည်း ပါဝင်ပြီး ပါတီ၁၄ပါတီမှ ခေါင်းဆောင်၁၆ဦး တက်ရောက်ခဲ့သည်။ နိုင်ငံတော်သမ္မတသည် ဇူလိုင်၁၈ရက်ကလည်း လယ်တောရိပ်သာမှာပင် ဒီမိုကရေစီမိတ်ဆွေ၁၀ပါတီမှ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။
 

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် KNU တို့ မဲဆောက်တွင် အလွတ်သဘောတွေ့ဆုံမည်

မဲဆောက်။သြဂုတ် ၎

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့်ကရင်အမျိုးသားအစည်းအရုံး KNU တို့ နှစ်ဘက် ကိုယ်စားလှယ်များ မနက်ဖြန်တွင် ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့တွင် အလွတ်သဘာ

တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းအသွင်ပြောင်းနိုင်ဟုဆို

ရန်ကုန်၊ သြဂုတ် - ၎

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းအဖြစ် အသွင်ကူးပြောင်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးချစ်ကျော်ကပြောသည်။

အစိုးရ၀န်ထမ်းများအတွက် အရစ်ကျဖုန်း ငွေသွင်းရသောပုံစံပြောင်းလဲ

ရန်ကုန်၊ သြဂုတ် -၎

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် အရစ်ကျစနစ်ဖြင့် မိုဘိုင်းဖုန်း ၀ယ်ယူထားကြသည့် အစိုးရ၀န်ထမ်းများ အတွက် လစဉ် ငွေသွင်းရမည့်ပုံစံကို သြဂုတ်လကုန်မှစ၍ ပြောင်းလဲလိုက်ပြီဖြစ်သည်။

ဦးအောင်သိန်းလင်း တာဝန်မှ ရပ်စဲခံရ



ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး စည်းရုံးရေး တာဝန်ခံ ဦးအောင်သိန်းလင်း နေရာတွင် ယခင် အစိုးရလက်ထက် က မွေး/ရေဝန်ကြီးဟောင်းဦးမောင်မောင်သိမ်း အား ပြောင်းလဲ တာဝန်ပေးအပ်လိုက် ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင် တစ်ဦးထံမှ သိရသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ

၎.၈.၂၀၁၂ မနက်(၇)နာရီအချိန် ထုတ်ပြန်ချက်

ယနေ့  မြန်မာစံတော်ချိန် (၀၆း၃၀) နာရီ အချိန်တိုင်းထွာချက်များ အရ ယမန်နေ့က ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက် တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင်မုတ်သုံလေအား အလွန် ကောင်းနေပါသည်။

Soruce : မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန
ref:thevoiceweekly

ဆူပူအကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် နှစ်လခန့်အကြာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရခိုင်ပြည်နယ်သို့သွားရောက်

မောင်တော၊ သြဂုတ် - ၃

ရခိုင်ပြည်နယ်တွင် ဇွန်လ ၈ ရက်က ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် နှစ်လခန့်အကြာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုဝန်ကြီးများ သြဂုတ်လ ၃ ရက်တွင် ရခိုင်ပြည်နယ်သို့သွားရောက်ခဲ့သည်။

မြစ်ရေကြီးမှု သတိပေးချက်



- သံလွင်မြစ်ရေစိုးရိမ်ရေမှတ်အထက်ဆက်ရှိနိုင်။
သံလွင်မြစ်ရေသည် ယနေ့ မွန်းလွဲ ( သြဂုတ် ၃ ) ၁၂း ၃ဝ တိုင်းထွာချက်များအရ ဘားအံမြို့ တွင် ၈၈၁ စင်တင်မီတာ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ် အထက် ၁၃၁ စင်တီ ( ၄ . ၃ ပေ )ခန့်ကျော်လွန်နေသည်။
 နောက် ၃ ရက်အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ် ၇၅ဝ စင်တင်မီတာအထက်တွင်ဆက်လက်
တည်ရှိနိုင်သည်။

ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်

မန်နေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင် လယ်အော်အနောက်မြောက်ပိုင်း ၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ် ပေါ်နေသည်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပြင်ပ မူဆလင်နိုင်ငံများတွင်ရေးသားဖော်ပြမှုများ အဖြစ်မှန်ထက် ပုံကြီးချဲ့  ကားထားနေကြောင်း The Christian Science Monitor သတင်းစာဖော်ပြ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပြင်ပ မူဆလင်နိုင်ငံများတွင် ရေးသားမှူများ နှင့်၊ ဆန္ဒပြပွဲများတွင် ကြွေးးကြော်နေမှူများ အင်တာနက် သတင်းများတွင် ဖော်ပြနေမှူများ သည် အဖြစ်မှန်ထက် ပုံကြီးချဲ့ထားမှူ များက ပိုပြီး များပြားနေကြောင်း The Christian Science Monitor သတင်းဌာနက ဩဂုတ်လ၃ ရက်နေ့ က ရေးသားဖော်ပြလိုက်သည်။

သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ) နေရာခြောက်နေရာခွဲ၍ လက်မှတ်ရေးထိုး လှုပ်ရှားမှုလုပ်မည်

ရန်ကုန်၊ သြဂုတ် ၎

သတင်းလွတ်လပ်ခွင့်ကော်မတီ (ယာယီ)၏ တောင်းဆိုချက်များအပေါ် အရေးယူဆောင်ရွက်ပေးရန် လက်မှတ်ရေးထိုး လှုပ်ရှားမှုကို ယနေ့နံနက်ပိုင်း မှစတင်၍ နေရာ ခြောက်နေရာ ခွဲ၍ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း ယင်းကော်မတီ၏ သတင်းပြန်ကြားရေး တာဝန်ခံ ကပြောကြားသည်။

ရခိုင်တိုင်းရင်းသားများ UNHCR ရုံးရှေ့တွင် ယနေ့ ဆန္ဒဖော်ထုတ်မည်

ရန်ကုန်၊ သြဂုတ် ၎

နိုင်ငံတော် သမ္မတကြီး၏ ရိုဟင်ဂျာအရေး သဘောထားထုတ်ပြန်ချက် ထောက်ခံသော ရခိုင်တိုင်းရင်းသား များ အပါအ၀င် ပြည်သူ ၂၀၀ကျော် ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့တွင် ယနေ့ ဆန္ဒဖော်ထုတ်မည် ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက   ပြေကြားသည်။

FEC ကို တစ်နှစ်အတွင်း (သို့မဟုတ်) ယခုနှစ်အတွင်း ရုတ်သိမ်းနိုင်သော အခြေအနေရှိ

FEC ကို တစ်နှစ်အတွင်း (သို့မဟုတ်) ယခုနှစ်အတွင်း ရုတ်သိမ်းနိုင်သော အခြေအနေရှိသည်ဟု
 မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ၁-၈-၂၀၁၂ရက်နေ့တွင် ကျင်းပသော ဘဏ္ဍာအခွန်ဝန်ကြီးနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် တရားဝင်ပြောကြားခဲ့ပါတယ်။

မြေသားတမံကျိုးပေါက် လယ်ဧက ၅ ထောင်ကျော် နစ်မြုပ်

သြဂုတ် ၄၊ ၂၀၁၂

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်မှုကြောင့် ဧရာဝတီတိုင်း ဒါးကမြို့ မန္တလေး မြေသားတာတမံ သြဂုတ်လ ၁ ရက်နေ့ နံနက် ၅နာရီက ပေ ၅၀ ၀န်းကျင်ကျိုးပေါက်သွားပြီးနောက် လယ်မြေဧက ၅ ထောင်ခန့်ရေ နစ်မြုပ်နေကြောင်း ယင်းကျေးရွာသားများက ပြောသည်။


ပုဂံဇုန်တွင် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု ၄ဝ% ကျော်မြင့်တက်

ဇူလိုင်လတွင် မြန်မာနိုင်ငံ၏ ခရီးသွားဇုန်တစ်ခုဖြစ်သော ပုဂံဇုန်၌နိုင်ငံခြားသားခရီးသွားဦးရေဇွန်လကထက် ၄ဝ% နှုန်းကျော်မြင့်တက်လာကြောင်း ဟိုတည်နှင့်ခရီးညွှန်ကြားမှုဦးစီးဌာနက သိရှိရသည်။

မလေးရှားရှိ ရခိုင်အမျိုးသားပိုင် မြန်မာ စားသောက်ဆိုင်ကို ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီအုပ်စု တိုက်ခိုက်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရှိ ရခိုင်အမျိုးသားပိုင် မြန်မာ ဥယျာဉ် စားသောက်ဆိုင်ကို ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီ လူအုပ်စု တစ်ခုက သောကြာနေ့ညနေပိုင်းက ၀င်ရောက် တိုက်ခိုက်သွားခဲ့သည်။

လန်ဒန် အိုလံပစ်ပြိုင်ပွဲ ဆုတံဆိပ် ရရှိမှု အခြေအနေ (၃.၈.၂၀၁၂)


မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့ မှာ ဆန္ဒပြ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံက မြန်မာသံရုံးရှေ့မှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အတိုက်အခံ ပါတီဝင်တွေနဲ့ မလေးရှားရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ ရာဂဏန်းလောက် မနေ့က စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

သွားလာရေးအခက်အခဲ ဖြေရှင်းပေးဖို့ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားများ အရေးဆို

ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားတွေက သူတို့ သွားလာရေး အခက်အခဲ ကြုံနေရတာ  ဖြေရှင်းပေးဖို့ ကျောင်းသား အယောက် ၂၀၀ ကျော် လက်မှတ်ထိုးပြီး ပါမောက္ခချုပ်ကို သွားရောက် အရေးဆိုကြတယ်လို့ သတင်းရရှိပါတယ်။