Monday 9 June 2014

တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန် ကြေညာ အောင်ချက် အကောင်းဆုံး အဖြစ် မွန်ပြည်နယ် ပထမ ရရှိ

၂ဝ၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာ အထက်တန်း ကျောင်းများ၌ တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။

မြန်မာ့တပ်မတော်ကို အမေရိကန်အစိုးရ သင်တန်းပေးမည်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွင် တပ်မတော်၏ အခန်းကဏ္ဍ လိုက်လျော ညီထွေမှု ရှိစေရေးအတွက် အရည်အချင်းမြှင့် သင်တန်းများ ပံ့ပိုးပေးရန် အမေရိကန်အစိုးရက အစီအစဉ် ရေးဆွဲလျက် ရှိကြောင်း ဇွန်လ ၈ ရက်နေ့တွင် အာရှပစိဖိတ် ဒေသတွင်းဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr.Daniel Russel က ပြောကြားသည်။ 

သုတ်ရည်တွင် ချို့ယွင်းချက် ရှိသော အမျိုးသားများ ငယ်ငယ်ရွယ်ရွယ် နှင့် သေဆုံးနိုင်

Photo: သုတ်ရည်တွင် ချို့ယွင်းချက် ရှိသော အမျိုးသားများ ငယ်ငယ်ရွယ်ရွယ် နှင့် သေဆုံးနိုင်
Monday, June 9, 2014

 သုတ်ရည် ချို့ယွင်းချက်ကြောင့် ကလေး မရနိုင်တဲ့ အမျိုးသားတွေမှာ သက်တမ်း တိုနိုင်တယ်လို့ လေ့လာမှုအသစ်အရ ထုတ်ဖော်ထားပါတယ်။ အမေရိကန်နိုင်ငံမှ ကလေးမရရှိတဲ့ စုံတွဲပေါင်း ၇ ဒဿမ ၃ သန်းရှိသည့် အနက် ၄၀ ရာခိုင်နှုန်းဟာ အမျိုးသားတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားတွေ မြံနိုင်တဲ့ အကြောင်းမျိုးစုံ ရှိပေမယ့် သုတ်ထုတ်လုပ်တာ ဒါမှမဟုတ် သုတ်လုပ်ငန်း ပုံမမှန် ဖြစ်တာတွေက အဓိက အကြောင်းအချက်ပါ။ မျိုးရိုးဗီဇ ချို့ယွင်းတာ၊ ဆီးချိုရောဂါ ဖြစ်တာ၊ အမျိုးသား အင်္ဂါအတွင်း သွေးပြန်ကြောတွေ ကြီးမားနေတာနဲ့ ကပ်ပယ်အိတ်ထဲ ဝှေးစေ့ မဆင်းတာလိုမျိုး အပါအ၀င် ကျန်းမာရေး ပြဿနာမျိုးစုံကြောင့် သုတ်ပိုးထုတ်လုပ်တဲ့ လုပ်ငန်းမှာ ပုံမမှန် ဖြစ်တတ်ပါတယ်။

သုတ်ရည်အတွင်း နှစ်မျိုး ဒါမှမဟုတ် နှစ်မျိုးထက်ပိုပြီး ပုံမမှန်ဖြစ်ရင် သုတ်ရည်မှာ ချို့ယွင်းချက် မရှိသူတွေထက် ရှစ်နှစ် အတွင်း ငယ်ငယ်ရွယ်ရွယ် နဲ့ သေဆုံးနိုင်ခြေ နှစ်ဆပိုများပါတယ်။ ကလေးမရနိုင်တာဟာ သူ့မှာ ရှိတဲ့ ကျန်းမာရေး ပြဿနာတွေကြောင့် ဖြစ်တာမို့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးတာဟာ မျိုးမအောင်တာထက် ကျန်းမာရေး ပြဿနာကြောင့် ဖြစ်တာ ပိုများပါတယ်။ ဒါ့အပြင် သုတ်လုံးဝမရှိတဲ့ အမျိုးသားတွေ အနေနဲ့ သုတ်ရည် ပမာဏရှိတဲ့ သူတွေနဲ့ နှိုင်းယှဉ်ရင် ကင်ဆာဖြစ်နိုင်ခြေ ပိုများတယ်လို့လည်း ထပ်မံတွေ့ရှိခဲ့ပါတယ်။

Health Digest Journal

 သုတ်ရည် ချို့ယွင်းချက်ကြောင့် ကလေး မရနိုင်တဲ့ အမျိုးသားတွေမှာ သက်တမ်း တိုနိုင်တယ်လို့ လေ့လာမှုအသစ်အရ ထုတ်ဖော်ထားပါတယ်။ အမေရိကန်နိုင်ငံမှ ကလေးမရရှိတဲ့ စုံတွဲပေါင်း ၇ ဒဿမ ၃ သန်းရှိသည့် အနက် ၄၀ ရာခိုင်နှုန်းဟာ အမျိုးသားတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဥပဒေပြုရေး နှင့်‌တရားဥပဒေ စိုးမိုး ရေး ဆိုင်ရာ လုပ်ငန်းများအတွက် အထောက်အကူပြုစေမည့် တွေ့ဆုံ ဆွေး နွေးပွဲသို့ တက်ရောက်အမှာ စကားပြောကြား

ဥပဒေပညာရပ်သည် လူတိုင်းသိအပ်၊ တတ်အပ်သော ပညာရပ် ဖြစ်ပြီး မတတ်လျင် အညာခံရ၊ အလှည့်စား ခံရမည် ဖြစ်ပါကြောင်း၊ ဥပဒေ မတတ်လျင် မှန်သည်ထင်သော အမှားများ ပြုလုပ်မိပြီး မှားသည် ထင်သော အမှန်များ ကိုလည်း မျက်ကွယ်ပြု၊ လျစ်လျူပြုခြင်းများ ဖြစ်နိုင်ကြောင်းဖြင့်‌ယနေ့မွန်းလွဲ (၁)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး

ပြင်သစ်အိုပင်းဖလား Nadal ၉ ကြိမ်မြောက် စံချိန်တင်

Photo: ပြင်သစ်အိုပင်းဖလား Nadal ၉ ကြိမ်မြောက် စံချိန်တင်
Monday, June 9, 2014

ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့  ပြင်သစ် OPEN တင်းနစ်ပြိုင်ပွဲမှာ စပိန်နိုင်ငံသား နဒါးလ်က ဗိုလ်စွဲပြီး ၉ ကြိမ်မြောက် စံချိန်တင်လိုက်ပါတယ်။ ပြင်သစ် OPEN တင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးချင်းဖိုင်နယ်ကို တနင်္ဂနွေနေ့က ကစားခဲ့တာမှာ ကမ္ဘာ့အဆင့် ၁ ရာဖဲလ် နဒါလ်း (Rafael Nadal) နဲ့ အဆင့် ၂ နိုဘက် ဂျိုကိုဗစ်ခ်ျ (Novak Djokovic) ကို ၃-၆ ၊ ၇-၅၊ ၆-၂၊ ၆-၄ နဲ့ အနိုင်ရပြီးတော့ ချန်ပီယံဖြစ်သွားတာပါ။

ဒါဟာ နဒါးလ်အတွက်တော့ ပြင်သစ်OPENကို ၉ ကြိမ်မြောက် အနိုင်ရခဲ့တာဖြစ်ပြီး ဂရန်းစလမ်း (Grand Slam) ဆုဖလား စုစုပေါင်း ၁၄ ကြိမ် ရသွားခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ် OPEN ကို အခုလို နိုင်လိုက်တဲ့အတွက် သူဟာ အမျိုးသားဘက်မှာ ဂရန်းစလမ်းပြိုင်ပွဲရဲ့ ပြိုင်ပွဲ အမျိုးအစား တခုတည်းမှာ ၉ ကြိမ်ဗိုလ်စွဲပြီး ၊ အများဆုံးစံချိန်တင်လိုက်နိုင်ပါတယ်။

ဒီလိုပွဲမျိုးမှာ အချိန်တိုင်း အရေးကြီးပါတယ်။ ဂျိုကိုဗစ်ခ်ျ နဲ့ ကစားရတာဟာ တကယ့်စိန်ခေါ်မှုကြီးပါ။ သူနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၄ ကြိမ်စလုံး ကျနော်ရှုံးခဲ့တယ် ။ ဒီနေ့ သူရှုံးသွားတဲ့အတွက် စိတ်မကောင်းပါဘူး။ ဒီပြိုင်ပွဲကို သူနိုင်ဖို့ထိုက်တန်ပါတယ်လို့ နှစ်သိမ့်စကားပြောသွားပါတယ်။ 

ဂျိုကိုဗစ်ခ်ျကတော သြစတြေးလျ၊ ၀င်ဘယ်လ်ဒန် နဲ့ အမေရိကန်OPEN ဂရန်းစလမ်းတွေကို အနိုင်ရဖူးပေမယ့်၊ ပြင်သစ်OPEN ကိုတော့ အခုချိန်ထိ ဗိုလ်မစွဲဖူးသေးပါဘူး။

ဗွီအိုအေ (မြန်မာဌာန)

စပိန် တင်းနစ် ချံပီယံRafael Nadal ၂၀၁၄ ခုနှစ် ပြင်သစ် Open ဆု ရရှိ သွားစဉ်
စပိန် တင်းနစ် ချံပီယံRafael Nadal ၂၀၁၄ ခုနှစ် ပြင်သစ် Open ဆု ရရှိ သွားစဉ်
ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့  ပြင်သစ် OPEN တင်းနစ်ပြိုင်ပွဲမှာ စပိန်နိုင်ငံသား နဒါးလ်က ဗိုလ်စွဲပြီး ၉ ကြိမ်မြောက် စံချိန်တင်လိုက်ပါတယ်။ ပြင်သစ် OPEN တင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးချင်းဖိုင်နယ်ကို တနင်္ဂနွေနေ့က ကစားခဲ့တာမှာ ကမ္ဘာ့အဆင့် ၁ ရာဖဲလ် နဒါလ်း (Rafael Nadal) နဲ့ အဆင့် ၂ နိုဘက် ဂျိုကိုဗစ်ခ်ျ (Novak Djokovic) ကို ၃-၆ ၊ ၇-၅၊ ၆-၂၊ ၆-၄ နဲ့ အနိုင်ရပြီးတော့ ချန်ပီယံဖြစ်သွားတာပါ။

မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ၁ ဒသမ ၇ သန်းရှိလာ

Photo: မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ၁ ဒသမ ၇ သန်းရှိလာ
Monday, June 9, 2014

မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်အသုံးပြုသူပေါင်း ၁ ဒသမ ၇ သန်းကျော်ရှိနေပြီဖြစ်ပြီး အသုံးပြုသူအမျိုးသားဦးရေမှာ အမျိုးသမီးဦးရေထက် နှစ်ဆပိုမိုများပြားကြောင်း သတင်းရရှိသည်။

ဖေ့စ်ဘွတ်ခ်တွင်ဖော်ပြသောညွှန်းကိန်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူပေါင်း တစ်သန်းခုနစ်သိန်းနှစ်သောင်းရှိနေပြီး အသုံးပြုသူများတွင် အမျိုးသမီးဦးရေခြောက် သိန်းရှစ်သောင်းနှင့် အမျိုးသားဦး ရေ တစ်သန်းလေးသောင်းရှိနေ ကြောင်းသိရှိရသည်။

လူပျို၊ အပျို (Single)အနေ ဖြင့်အသုံးပြုသူမှာ အမျိုးသားဦး ရေ တစ်သိန်းခြောက်သောင်းရှိပြီး အမျိုးသမီးဦးရေမှာတစ်သိန်းခန့် ရှိရာ အိမ်ထောင်သည် (Married) အဖြစ် စာရင်းသွင်းအသုံးပြုသူ စုစုပေါင်းကိုးသောင်းလေးထောင် ရှိပြီး အမျိုးသားမှာငါးသောင်းနှင့် အမျိုးသမီးမှာလေးသောင်းလေး ထောင်ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

သမီးရည်စားရှိသူ (In a Re-lationship) အနေဖြင့်အသုံးပြု နေသူ ခုနစ်သောင်းနှစ်ထောင် ကျော်ရှိရာ အမျိုးသားသုံးသောင်း ရှစ်ထောင်နှင့် အမျိုးသမီးသုံး သောင်းလေးထောင်အသုံးပြုနေ ပြီး စေ့စပ် (Engaged)ထားခြင်း အဖြစ်အသုံးပြုသူဦးရေမှာ ရှစ် ထောင်ခန့် ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ အိမ်ထောင်ကွဲအဖြစ် စာရင်းပေးသွင်းပြီး အသုံးပြုသူမှာမူ တစ်ထောင်ကျော်ရှိကြောင်း ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားသည့်ညွှန်ကိန်းများအရသိရသည်။

‘‘ဖေ့စ်ဘွတ်ခ်ကတော့ တစ် ယောက်တည်းကိုပဲ နှစ်ခု၊ သုံးခု ဖွင့်ထားတာတွေကရှိတယ်။ တချို့ကျတော့လည်း Single ဖြစ်ပြီးEngaged လုပ်ထားတာမျိုးတွေလည်းရှိတယ်။ သုံးစွဲတဲ့သူဦးရေနဲ့တော့ အတိအကျမဖြစ်နိုင်ဘူး’’ဟု ကွန်ပျူတာကျွမ်းကျင်သူ တစ်ဦးကပြောသည်။

လက်ရှိမြန်မာ့ဆက်သွယ် ရေးလုပ်ငန်းက ရောင်းချပေးခဲ့ သည့် မိုဘိုင်းတယ်လီဖုန်းပေါင်း ရှစ်သန်းကျော်တွင် မေလအထိ စာရင်းများအရ အင်တာနက် လျှောက်ထားအသုံးပြုသူမှာ ၂ ဒသမ ၄ သန်းခန့်ရှိနေပြီဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှသိရသည်။

ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
7Day Daily
မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်အသုံးပြုသူပေါင်း ၁ ဒသမ ၇ သန်းကျော်ရှိနေပြီဖြစ်ပြီး အသုံးပြုသူအမျိုးသား ဦးရေမှာ အမျိုးသမီးဦးရေထက် နှစ်ဆပိုမိုများပြားကြောင်း သတင်းရရှိသည်။

ပါကစ္စတန် ကရာချီလေဆိပ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား

Photo: ကရာချိ လေဆိပ်ကို သေနတ်သမားတွေ တိုက်ခိုက်
Monday, June 9, 2014 

 ပါကစ္စတန် နိုင်ငံရဲ့ အဓိက ဆိပ်ကမ်းမြို့ကြီး ဖြစ်တဲ့ ကရာချိ လေဆိပ်ကို သေနတ်သမား တွေက တိုက်ခိုက် လို့ အနည်းဆုံး လူ ၉ ယောက် သေဆုံးသွား ပါတယ်။

သေနတ်သမား ၃ ယောက်ကိုလဲ အသေ ပစ်သတ် နိုင်ခဲ့ပါတယ်။

သေနတ်သမား တွေက လက်ပစ်ဗုံးတွေနဲ့ လုံခြုံရေး တွေကို တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲသံကြီး ၂ ခု ကြားခဲ့ရပြီး ကုန်စည် အတင်အချ နဲ့ အထူး ဧည့်သည်တွေ အတက်အဆင်း လုပ်ဖို့ သုံးတဲ့ လေဆိပ် ဝင်ပေါက် အဆောက်အအုံ ကနေ မီးခိုးတွေ ထွက်နေတာကို ရုပ်သံက ပြသ ခဲ့ပါတယ်။

ဒီလေဆိပ် ဝင်ပေါက်ကို အထူး ဧည့်သည် အဝင်အထွက် လုပ်ဖို့လဲ သုံးတယ် လို့ သိရပါတယ်။

ရုပ်သံမှာတော့ လေဆိပ် အဆောက်အအုံ တွေက မီးခိုးလုံးတွေ တက်လာတဲ့ ပုံတွေ တွေ့နေ ရပါတယ်။

လေဆိပ် အဆောက်အအုံ ထဲမှာ ပိတ်မိနေတဲ့ ခရီးသည်တွေနဲ့ လေကြောင်း ဝန်ထမ်းတွေကို ဘေးကင်းရာကို ရွှေ့ပြောင်း ပေးနိုင်ခဲ့ပါတယ်။

စစ်သားနဲ့ ရဲတွေက လေဆိပ်ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးစား နေကြပြီး လေကြောင်း ခရီးစဉ်တွေ တခြား လေဆိပ် တွေကို ရွှေ့ပြောင်း ဆင်းသက် ခဲ့ရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
အကြမ်းဖက်သမာေးတွ ဝင်ရောက် စီးနင်းတိုက်ခိုက်ခံခဲ့ရတဲ့ ပါကစ္စတန်နိုင်ငံ၊ Jinnah Iနိုင်ငံတကာလေဆိပ်မှာ ပါကစ္စန်စစ်သား တဦး လုံခြုံရေးယူနေစဉ် 
ပါကစ္စတန်နိုင်ငံ ကရာချိမြို့လေဆိပ်အတွင်းက VIP တွေအသုံးပြုတဲ့ လေဆိပ်ခန်းမကို လက်နက်ကြီးတွေ ကိုင်ဆောင်ပြီး ၀င်ရောက် တိုက်ခိုက်တဲ့ သေနတ်သမား ၇ ဦးကို ၀ိုင်းမိထားပြီလို့ ပါကစ္စတန် အထူးတပ်ဖွဲ့ဝင် တွေက ပြောပါတယ်။ ၀င်ရောက်တိုက်ခိုက်သူ အနည်းဆုံး ၆ ဦးနဲ့ လေဆိပ်လုံခြုံရေး ၆ ဦးတို့လည်း သေဆုံး ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ကရာချိ လေဆိပ်ကို သေနတ်သမားတွေ တိုက်ခိုက်

Photo: ကရာချိ လေဆိပ်ကို သေနတ်သမားတွေ တိုက်ခိုက်
Monday, June 9, 2014 

 ပါကစ္စတန် နိုင်ငံရဲ့ အဓိက ဆိပ်ကမ်းမြို့ကြီး ဖြစ်တဲ့ ကရာချိ လေဆိပ်ကို သေနတ်သမား တွေက တိုက်ခိုက် လို့ အနည်းဆုံး လူ ၉ ယောက် သေဆုံးသွား ပါတယ်။

သေနတ်သမား ၃ ယောက်ကိုလဲ အသေ ပစ်သတ် နိုင်ခဲ့ပါတယ်။

သေနတ်သမား တွေက လက်ပစ်ဗုံးတွေနဲ့ လုံခြုံရေး တွေကို တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲသံကြီး ၂ ခု ကြားခဲ့ရပြီး ကုန်စည် အတင်အချ နဲ့ အထူး ဧည့်သည်တွေ အတက်အဆင်း လုပ်ဖို့ သုံးတဲ့ လေဆိပ် ဝင်ပေါက် အဆောက်အအုံ ကနေ မီးခိုးတွေ ထွက်နေတာကို ရုပ်သံက ပြသ ခဲ့ပါတယ်။

ဒီလေဆိပ် ဝင်ပေါက်ကို အထူး ဧည့်သည် အဝင်အထွက် လုပ်ဖို့လဲ သုံးတယ် လို့ သိရပါတယ်။

ရုပ်သံမှာတော့ လေဆိပ် အဆောက်အအုံ တွေက မီးခိုးလုံးတွေ တက်လာတဲ့ ပုံတွေ တွေ့နေ ရပါတယ်။

လေဆိပ် အဆောက်အအုံ ထဲမှာ ပိတ်မိနေတဲ့ ခရီးသည်တွေနဲ့ လေကြောင်း ဝန်ထမ်းတွေကို ဘေးကင်းရာကို ရွှေ့ပြောင်း ပေးနိုင်ခဲ့ပါတယ်။

စစ်သားနဲ့ ရဲတွေက လေဆိပ်ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးစား နေကြပြီး လေကြောင်း ခရီးစဉ်တွေ တခြား လေဆိပ် တွေကို ရွှေ့ပြောင်း ဆင်းသက် ခဲ့ရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ပါကစ္စတန် နိုင်ငံရဲ့ အဓိက ဆိပ်ကမ်းမြို့ကြီး ဖြစ်တဲ့ ကရာချိ လေဆိပ်ကို သေနတ်သမား တွေက တိုက်ခိုက် လို့ အနည်းဆုံး လူ ၉ ယောက် သေဆုံးသွား ပါတယ်။

ယာဘ ငွေလွှဲပေးသူ ဖမ်းမိ

 မူးယစ်ဆေးနဲ့ ပတ်သက်တယ် ဆိုတဲ့ မြန်မာ ကုမ္ပဏီ တခုကို ထိုင်းက ငွေလွှဲ ပေးနေတဲ့ ကွင်းဆက် တခု ကို ထိုင်း မူးယစ်ဆေး နှိမ်နင်းရေး ဌာနက မဲဆောက်မြို့မှာ ဖော်ထုတ် ဖမ်းဆီး လိုက်ပါတယ်။

ရန်ကင်းမြို့နယ်ရှိ ပြင်သစ်နိုင်ငံသားတစ်ဦး နေထိုင်သည့် နေအိမ် နေ့ခင်းဘက်၌ပင် ဖောက်ထွင်းခံရ

Photo: ရန်ကင်းမြို့နယ်ရှိ ပြင်သစ်နိုင်ငံသားတစ်ဦး နေထိုင်သည့် နေအိမ် နေ့ခင်းဘက်၌ပင် ဖောက်ထွင်းခံရ
Monday, June 9, 2014 

ရန်ကင်းမြို့နယ်တွင် ပြင်သစ်နိုင်ငံသားတစ်ဦး နေထိုင်သည့် နေအိမ်တစ်အိမ် မှာ နေ့ခင်းဘက်၌ပင် ဖောက်ထွင်းခံခဲ့ရကြောင်း သိရသည်။

ဇွန် ၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ်၊ ၁၃ ရပ်ကွက်၊ မဂ္ဂလမ်းရှိ ပြင်သစ်နိုင်ငံသားတစ်ဦး နေထိုင်သည့် နေအိမ်တစ်အိမ်အား အသက် ၂၀ ၀န်းကျင်ရှိ အမျိုးသားသုံးဦးက ဖောက်ထွင်းမှု ပြုလုပ်ခဲ့ကြောင်း သိရပြီး ရတနာပစ္စည်းများ၊ ဒေါ်လာများနှင့် ကျပ်ငွေများ ဖောက်ထွင်းခိုးယူ ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖောက်ထွင်းခိုးယူ ခံရချိန်၌ အိမ်တွင် မည်သူမျှမရှိဘဲ ဖောက်ထွင်းသည့် အမျိုးသားသုံးဦးက နေအိမ်အတွင်းမှ အထုပ်များပိုက်၍ ခိုးယူသွားသည့် လမ်းထိပ်တွင်ဖွင့်ထားသည့် ကွမ်းယာဆိုင်မှ မြင်လိုက်ကြောင်း သိရသည်။

“ကျွန်တော် အိမ်ကိုပြန်ရောက်တဲ့အခါ လမ်းထိပ်ကွမ်းယာဆိုင်က သူတို့မြင်တာကို ပြောပြလို့ ခိုးယူသူတွေရဲ့နောက်ကို လိုက်ကြည့်ခဲ့တယ်။ သူတို့က ကျွန်တော့်ကိုမြင်တော့ တခြားရပ်ကွက်ထဲသို့ ပြေးဝင်တယ်။ ကျွန်တော်က အဆက်မပြတ်လိုက်တယ်။ နောက်တော့ ရပ်ကွက်ထဲမှာ ရှိတဲ့သူတွေ ပူးပေါင်းပါဝင်ပြီး ၀ိုင်းဝန်းဖမ်းဆီးမိခဲ့တယ်။ ကျူးလွန်သူတွေက ကျွန်တော့်အိမ်က ခွေးလေးကိုတောင် ဓားနဲ့ထိုးသွားခဲ့တယ်။ သူတို့ကိုတော့ တစ်ခါမှ မမြင်ဖူးပါဘူး” ဟု အိမ်ရှင်ဖြစ်သူ ပြစ်သစ်နိုင်ငံသားက ရဲတပ်ဖွဲ့ဝင်များအား အခင်းဖြစ်နေရာကို လိုက်လံပြသနေစဉ် Eleven Media ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

ထို့သို့ ကျူးလွန်သူများကို ရန်ကင်းမြို့နယ် ၁၅ ရပ်ကွက် နေထိုင်သူများက ၀ိုင်းဝန်းဖမ်းဆီးခဲ့သော်လည်း သုံးဦးအနက် တစ်ဦးမှာ လွတ်မြောက်သွားခဲ့ပြီး ကျန်နှစ်ဦးကို ၁၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် ရန်ကင်းမြို့မ ရဲစခန်းသို့ အပ်နှံခဲ့သည်။

“ကျွန်တော်တို့က ရပ်ကွက်ထဲမှ သူငယ်ချင်းတွေစုပြီး စကားပြောနေတယ်။ အဲဒီအချိန်မှာ လူသုံးဦးက ရှေ့ကပြေးပြီး ပစ္စည်းတွေကို လမ်းဘေးကို ပစ်ချတာမျိုးတွေ လုပ်တာကို တွေ့တယ်။ ပြီးတော့ နိုင်ငံခြားသားတစ်ဦး နောက်ကနေ ဖိနပ်မပါဘဲ ပြေးလိုက်နေတာကို တွေ့တယ်။ အဲဒီတော့ ကျွန်တော်တို့လည်း မသင်္ကာတဲ့ လူသုံးဦးကို ၀ိုင်းဝန်းဖမ်းဆီးခဲ့တယ်။ ဒါပေမဲ့ တစ်ဦးတော့ လွတ်သွားတယ်” ဟု ၀ိုင်းဝန်းဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ၁၅ ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပြခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးအား မေးမြန်းခဲ့ရာ “ဖောက်ထွင်းခံရတဲ့ ပစ္စည်းတွေထဲမှာ ဒေါ်လာတွေရယ်၊ ရတနာပစ္စည်းတွေရယ် တော်တော်များများ ပါသွားတယ်။ လွတ်သွားတဲ့ ကျူးလွန်သူတစ်ဦးကို အမြန်ဆုံး ဖမ်းမိဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေ ချိတ်ဆက်ဆောင်ရွက်နေတယ်” ဟု ဇွန် ၈ ရက် ညပိုင်းတွင် ဖြေကြားခဲ့သည်။

Eleven Media Group 

၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဖမ်းဆီးရမိခဲ့သော ကျူးလွန်သူ အမျိုးသား နှစ်ဦး ကို တွေ့ရစ ဉ်(ဓာတ်ပုံ-ဝေလင်းအောင်)
၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဖမ်းဆီးရမိခဲ့သော ကျူးလွန်သူ အမျိုးသား နှစ်ဦး ကို တွေ့ရစ ဉ်(ဓာတ်ပုံ-ဝေလင်းအောင်) 
ရန်ကင်းမြို့နယ်တွင် ပြင်သစ်နိုင်ငံသားတစ်ဦး နေထိုင်သည့် နေအိမ်တစ်အိမ်မှာ နေ့ခင်းဘက်၌ပင် ဖောက် ထွင်း ခံခဲ့ရကြောင်း သိရသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ရင်းနှီးမြှုပ်နှံ တည်ဆောက်သူအား ဇူလိုင်လတွင် ခေါ်ယူမည်

Photo: ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ရင်းနှီးမြှုပ်နှံ တည်ဆောက်သူ အား ဇူလိုင်လတွင် ခေါ်ယူမည်
Monday, June 9, 2014

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ရင်းနှီးမြှုပ်နှံ တည်ဆောက်သူ (Developers) အား ၂၀၁၄ ခုနှစ်၊ ဇူလိုင်လကုန်တွင် ခေါ်ယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“အကြံပေးကုမ္ပဏီနဲ့ စာချုပ်ချုပ်အပြီးမှာ တာဝန်ရှိသူတွေ ကျောက်ဖြူမြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး Master Plan အပြီးသတ်ရေးဆွဲဖို့ အချက်လက်တွေ ပြုစုခဲ့ပါတယ်။ Master Plan အပြီးသတ်ရေးဆွဲပြီး ၂၀၁၄ ခုနှစ်၊ ဇူလိုင်လကုန်မှာ (Developers) စတင်ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်” ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေး ကော်မတီမှ အဖွဲ့ဝင်ဖြစ်သူ ဦးဘရွှေက ပြောကြားခဲ့သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ရင်းနှီးမြှုပ်နှံ တည်ဆောက်သူ (Developers) ခေါ်ယူရာတွင် ဆိပ်ကမ်း၊ စက်မှုဇုန်နှင့် လူနေဇုန်ဟူ၍ ကဏ္ဍသုံးခုခွဲ၍ ခေါ်ယူမည်ဖြစ်သည်။

ယခင်က ကျောက်ဖြူအထူးစီးပွားဇုန် စီမံကိန်းတည်ဆောက်မည့် ရင်းနှီးမြှုပ်နှံ တည်ဆောက်သူအား နိုင်ငံတကာ တင်ဒါခေါ်ယူပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီတစ်ခုတည်းကိုသာ ရွေးချယ်မည်ဟု ဆုံးဖြတ်ထားခဲ့သော်လည်း လက်ရှိတွင် အကြံပေးကုမ္ပဏီ၏ အကြံပေးချက်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၏ သဘောတူ ဆုံးဖြတ်ချက်အရ ယခုကဲ့သို့ ကဏ္ဍသုံးခုခွဲ၍ ရင်းနှီးမြှုပ်နှံ တည်ဆောက်မည့် ကုမ္ပဏီသုံးခုအား ခေါ်ယူသွားရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအား ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် ဆိပ်ကမ်းဆိုင်ရာ ကျွမ်းကျင်ကုမ္ပဏီ၊ စက်မှုဇုန်တည်ဆောက်မည့် ကုမ္ပဏီနှင့် လူနေအိမ်နှင့် အခြေခံအဆောက်ဦများ ပါဝင်သည့် လူနေဇုန်အား တည်ဆောက်မည့် ကုမ္ပဏီသုံးခုအား နိုင်ငံတကာ တင်ဒါပုံစံဖြင့် ခေါ်ယူရွေးချယ်သွားမည်ဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ (Developers) ခေါ်ယူရန် အကြံပေးကုမ္ပဏီအဖြစ် စင်ကာပူအခြေစိုက် CPG အကြံပေးကုမ္ပဏီအုပ်စုအား ရွေးချယ်ခဲ့ပြီး အဆိုပါကုမ္ပဏီအား အကြံပေးကုမ္ပဏီ ငှားရမ်းသည့် စာချုပ်အား ၂၀၁၄ ခုနှစ် မေလ ၂၆ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။    

Eleven Media Group 

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သည့် ဆိပ်ကမ်း တစ်နေရာ ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သည့် ဆိပ်ကမ်း တစ်နေရာ ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ရင်းနှီးမြှုပ်နှံ တည်ဆောက်သူ (Developers) အား ၂၀၁၄ ခုနှစ်၊ ဇူလိုင်လကုန်တွင် ခေါ်ယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။