Tuesday 8 September 2015

မော်ဒိုဗာပြည်သူများ ကန်ဒေါ်လာ တစ်ဘီလီယံ လိမ်လည်မှုကို ဆန့်ကျင်ဆန္ဒပြ


အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် "Dignity and Truth" (DA) က ဦးဆောင်ပြုလုပ်သော အစိုးရဆန့်ကျင်ရေးချီတက်ပွဲတွင် မော်ဒိုဗာနိုင်ငံတော်အလံများလွှင့်ထူကာ ပါဝင်သည့် ဆန္ဒပြသူများကို အလယ်ပိုင်း ချီဆင်နုမြို့တွင် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (Valery Korchmar/Reuters)
 လူနေထိုင်မှုအဆင့်အ တန်းများကို ထိခိုက်စေခဲ့သော ကန်ဒေါ်လာ တစ်ဘီလီယံတန်ဖိုး ရှိ ဘဏ်လိမ်လည်မှုနှင့် ပတ်သက် ၍ မြို့တော်ချီဆင်နုတွင် မော်ဒို ဗာနိုင်ငံသား ထောင်ပေါင်းများစွာ စုဝေးကာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဆန္ဒပြကြပြီး သမ္မတနုတ်ထွက်ပေးရန်နှင့် ရွေး ကောက်ပွဲစော၍ ကျင်းပရန် တောင်းဆိုခဲ့ကြသည်။

တူရကီကို ဂိုးပြတ်ရှုံးပြီးနောက် နယ်သာလန် ယူရိုခြေစစ်ပွဲအောင်ရန် မျှော်လင့်ချက်နည်းလာ


 ကမ္ဘာ့ထိပ်တန်းအသင်းအဖြစ်သတ်မှတ်ခံရသည့် နယ်သာလန်အသင်းသည် တူရကီအား ယူရို ၂၀၁၆ အုပ်စု (A) ပွဲစဉ်တွင် ၃-၀ ဂိုးပြတ်ဖြင့် ရှုံးခဲ့ရပြီး နောက် ခြေစစ်ပွဲအောင်ရန် မျှော် လင့်ချက်နည်းသလောက်ဖြစ် သွားကာ ယူရို ၉၆ တွင် အင်္ဂလန်ကို ၄-၁ ဂိုးပြတ်ဖြင့် ရှုံးပြီးနောက်ပိုင်း အဆိုးရွားဆုံးဖြစ်လာသည်။တူရကီမှာပွဲတွင် အိမ်ရှင်ဖြစ်ပြီး ယခုပွဲနိုင်ခဲ့လျှင် အိုက်စလန် နှင့်ချက်တို့ နောက်၌ တတိယနေရာရမည်ဖြစ်၍ အနိုင်ကစားသွား  သည်။  ထို့ကြောင့် အိုက်စလန်နှင့် ချက်တို့သည် ခြေစစ်ပွဲတိုက်ရိုက် အောင်သွားပြီး တူရကီမှာလည်း နယ်သာလန်ထက် နှစ်မှတ်သာကာ ၁၂ မှတ်ဖြင့် အကောင်းဆုံး တတိယဖြင့် အုပ်စုလက်ကျန်နှစ်ပွဲကစားရန် ပိုမိုအခြေအနေ ကောင်းသွားသည်။
နယ်သာလန်၏ အုပ်စုတက်ရေးကံကြမ္မာမှာလည်း တူရကီလက်ထဲသို့ ကျရောက်သွားသည်။

ဆောင်းစပါးစိုက်ပျိုးရာသီတွင် မိုးခေါင်ပြီး ပိုးမွှားကျနေခြင်းကြောင့် တောင်သူများစိုးရိမ်နေ

ဆောင်းစပါး စတင်စိုက်ပျိုးသည့် ဩဂုတ်မှစ၍ ယခုလ အထိ မိုးခေါင်ပြီး ပိုးမွှားများကျ ရောက်နေခြင်းကြောင့် လယ်စိုက် တောင်သူများ စိုးရိမ်မှု ဖြစ်ပေါ်နေ ကြောင်း ပုသိမ်ကြီးမြို့နယ်ရှိ လယ်စိုက်တောင်သူများထံမှ သတင်းရရှိသည်။

မော်ဒိုဗာပြည်သူများ ကန်ဒေါ်လာ တစ်ဘီလီယံ လိမ်လည်မှုကို ဆန့်ကျင်ဆန္ဒပြ

အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် "Dignity and Truth" (DA) က ဦးဆောင်ပြုလုပ်သော အစိုးရဆန့်ကျင်ရေးချီတက်ပွဲတွင် မော်ဒိုဗာနိုင်ငံတော်အလံများလွှင့်ထူကာ ပါဝင်သည့် ဆန္ဒပြသူများကို အလယ်ပိုင်း ချီဆင်နုမြို့တွင် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (Valery Korchmar/Reuters)
လူနေထိုင်မှုအဆင့်အ တန်းများကို ထိခိုက်စေခဲ့သော ကန်ဒေါ်လာ တစ်ဘီလီယံတန်ဖိုး ရှိ ဘဏ်လိမ်လည်မှုနှင့် ပတ်သက် ၍ မြို့တော်ချီဆင်နုတွင် မော်ဒို ဗာနိုင်ငံသား ထောင်ပေါင်းများစွာ စုဝေးကာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဆန္ဒပြကြပြီး သမ္မတနုတ်ထွက်ပေးရန်နှင့် ရွေး ကောက်ပွဲစော၍ ကျင်းပရန် တောင်းဆိုခဲ့ကြသည်။

သတ္တုတူးဖော်ရေးလုပ်ငန်းခွင်မှ မိုင်းခွဲမှုများကြောင့် ကျေးရွာအတွင်း ကျောက်ခဲများကျရောက်


 ကျောက်ဆည်မြို့နယ် ဘော်တောင်ဒေသ ဒဟတ်ရေး ကျေးရွာအနီးတွင် ရွှေဖူးအိမ် သတ္တုတူးဖော်ရေးကုမ္ပဏီက ရွာ အနီးကပ်လျက် ဖောက်ခွဲတူးဖော် နေမှုများကြောင့် လူနေအိမ်များ၊ လမ်းမများပေါ်တွင် မိုင်းစကျောက်ခဲကြီးငယ်များကျရောက်ကာ နေ အိမ်အမိုးအကာများထိမှန်ပေါက် ကွဲခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သ တင်းရရှိသည်။ယင်းကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာ ၇ ရက်တွင် ဒဟတ် ရေးကျေးရွာနေ ဒေသခံများနှင့် ကျောက်ဆည်မြို့နယ် ၈၈ (ငြိမ်း၊ ပွင့်)အဖွဲ့အစည်းတို့ ပူးပေါင်း၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို မန္တလေးမြို့ မီဒီယာစင်တာ၌ ပြုလုပ်ခဲ့သည်။ရွှေဖူးအိမ်ကုမ္ပဏီသည် တူး ဖော်ရေးလုပ်ငန်းများကို ၂၀၁၃ မှစ၍ ရွာအနီးတွင် လာရောက် လုပ်ကိုင်ခဲ့ပြီး ကျေးရွာအနီး၌ ဖောက်ခွဲရေးခဲယမ်းပစ္စည်းများအသုံးပြု၍ ဖောက်ခွဲတူးဖော်နေမှု ကြောင့် ရွာထဲသို့ မိုင်းစကျောက် ခဲကြီးငယ်များကျရောက်ပြီး နေ အိမ်များပျက်စီးရကြောင်း၊ ယင်းနှင့်ပတ်သက်၍ အုပ်ချုပ်ရေးအာဏာပိုင်များကို သွားရောက်တိုင်တန်း သော်လည်း အရေးယူမှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း သတင်းစာ ရှင်းပွဲတွင် ဒေသခံတောင်သူများ က ပြောသည်။

အနည်းဆုံး လုပ်ခလစာဂယက် ဘယ်အထိဆက်မလဲ


အနည်းဆုံး လုပ်ခလစာ အတည် ပြုသတ်မှတ်ပြီး ရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ စက်ရုံအလုပ်ရုံများ အကြား လှုပ်ခတ်မှုများ ဆက် တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ သည်။အလုပ်သမားတစ်ဦးအား အနိမ့်ဆုံး တစ်ရက်လုပ်အားခ ကျပ် ၃,၆၀၀ ပေးရန် ခက်ခဲသည် ဆိုသော အကြောင်းပြချက်ဖြင့် စက်ရုံဝင်ငွေထိန်းညှိရန် စက်ရုံ အခြေခံလုပ်သားအင်အားလျှော့ ချဖြေရှင်းလာခြင်းကြောင့်ဖြစ် သည်။
အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန စာရင်းများအရ သြဂုတ် ၂၄ ရက် က အင်းစိန်မြို့နယ်ရှိ အာရှနှင်းဆီအထည်ချုပ်စက်ရုံမှ အလုပ်သ မား ၁၉၆ ဦး၊ သြဂုတ် ၃၁ ရက်တွင်ဧရာဝတီဆေးဆိုးပန်းရိုက်စက်ရုံ မှ ၃၈ ဦး၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံမှ ၄၄၉ ဦးတို့ကို ဝန်ထမ်းလျှော့ချခဲ့ပြီး  စက်တင်ဘာ ၅ ရက်တွင် သာကေတမြို့ နယ်ရှိ ZYP ရှူးဖိနပ်စက်ရုံမှ ဝန်ထမ်း ၇၉ ဦးတို့ကို လုပ်သက်အ လိုက်လျော်ကြေးပေးကာ  လျှော့ချမှုများ    ပြုလုပ်ခဲ့သည်ဟုဆို သည်။

သရုပ်ဆောင် ပွင့်နှင့် စကားစမြည်


‘‘ပိန်သွားအောင် အဆီထုတ်တာမျိုးလုပ်ရင် လှမယ်ဆိုရင်တောင် အစ်မဘယ်တော့မှ လုပ်ဖြစ်မှာမဟုတ်ဘူး’’

သရုပ်ဆောင် ပွင့်နှင့် စကားစမြည်
Thursday, September 3, 2015

တီဗီကြော်ငြာများတွင် ပရိသတ် အကြိုက်ဖြစ်ခဲ့ပြီး ဟာသဇာတ် ရုပ်၌လည်း အံဝင်ခွင်ကျသရုပ် ဆောင်နိုင်သည့် ပြည်သူ့အချစ် တော် ပွင့်နှင့် လတ်တလောအနု ပညာလှုပ်ရှားမှုနှင့် အလှအပ အပေါ် သဘောထားတို့ကို မေး မြန်းဖြစ်ခဲ့ပါသည်။

လတ်တလော အစ်မရဲ့အနုပညာ လှုပ်ရှားမှုတွေ အခုနောက်ပိုင်း ဗီဒီယိုဇာတ်ကားတွေမှာ အတွေ့ ရနည်းလာတဲ့အပေါ် ပြောပြပါ ဦး။

မျိုးဆက်ဇာတ်ကားနဲ့ ပထမဆုရသွားတဲ့ ဘုဏ်းသိုက်


သူငယ်ချင်းများနှင့်မိသား စုဝင်များ တိုက်တွန်းသောကြောင့် ပြိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဘဝတွင် ပထမဆုံးရရှိသည့် ပထမဆုဖြစ် ကြောင်း ဘုဏ်းသိုက်ကပြော သည်။
‘‘ဆုရဖို့ဆိုတဲ့ရည်ရွယ်ချက် နဲ့ ဝင်ရိုက်တာမျိုးမဟုတ်ဘဲ ကိုယ် ဖန်တီးချင်တဲ့ဟာတစ်ခုကို ဒိုင် တွေအပါအဝင် အနုပညာခံစား တတ်သူတွေ ဒီထဲမှာ ကိုယ်ဘယ် လောက်ထိ အားထုတ်ထားတယ် ဆိုတာ မြင်ရရင် ကျေနပ်တယ် ဆိုတဲ့စိတ်နဲ့ဝင်ရိုက်တယ်။ ဒါပေ မဲ့ ဆုရခဲ့တဲ့အတွက် ပိုပြီးကျေနပ် တယ်’’ဟု Myanmar Youth Micro Film ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် ဘုဏ်းသိုက်ကပြော သည်။
ဘုဏ်းသိုက်သည် ယင်းပြိုင် ပွဲတွင် ‘မျိုးဆက်’ဟုအမည်ပေး ထားသော ငါးမိနစ်စာဇာတ်ကား ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ် ပြီး ပထမဆုအဖြစ် ဒေါ်လာတစ် သောင်းကျော်    ဆုကြေးငွေကို လည်းရရှိခဲ့သည်။

ရွေးကောက်ပွဲကာလတစ်လျှောက် ရခိုင်ပြည်နယ် မောင်တောနယ်စပ် တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုးမြှင့်ချထားမည်

ရွေးကောက် ပွဲကျင်းပမည့်အချိန်နှင့် မကျင်းပမီ အချိန်ကာများတွင် ရခိုင်ပြည်နယ် မောင်တောနယ်စပ်၌ လုံခြုံရေးတပ် ဖွဲ့ဝင်များကို တိုးမြှင့်ချထားရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည် နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဆောင်းစပါးစိုက်ပျိုးရာသီတွင် မိုးခေါင်ပြီး ပိုးမွှားကျနေခြင်းကြောင့် တောင်သူများစိုးရိမ်နေ

 ဆောင်းစပါး စတင်စိုက်ပျိုးသည့် ဩဂုတ်မှစ၍ ယခုလ အထိ မိုးခေါင်ပြီး ပိုးမွှားများကျ ရောက်နေခြင်းကြောင့် လယ်စိုက် တောင်သူများ စိုးရိမ်မှုဖြစ်ပေါ်နေ ကြောင်း ပုသိမ်ကြီးမြို့နယ်ရှိ လယ်စိုက်တောင်သူများထံမှ သတင်းရရှိသည်။မန္တလေးတိုင်းဒေသကြီးအ တွင်း တစ်နှစ်လျှင် နွေစပါးနှင့် ဆောင်းစပါးနှစ်မျိုးစိုက်ပျိုးပြီး ဒုတိယအကြိမ် စပါးစိုက်ရာသီ ၌ မိုးခေါင်နေကာ ပိုးမွှားများ ကျရောက်နေခြင်းကြောင့် တောင် သူများအခက်တွေ့နေခြင်းဖြစ် သည်။‘‘ဒီစပါးဆိုတဲ့အမျိုးက သဘာဝမိုးရေလေးသောက်ရမှ ပိုးမွှားတွေလည်း ကင်းစင်ပြီး စံချိန်မီစပါးက အထွက်တိုးတာ။ အခုမိုးက မရွာတော့ ပိုးမွှားတွေ ကျ။ ခါတိုင်းတစ်ကြိမ်ဖျန်းရင် အခုသုံးလေးခါဖျန်းနေရတယ်။ ဓာတ်မြေဩဇာကျွေး၊ ပိုးသတ် ဆေးတွေ ပိုဖျန်းရနဲ့။ စပါးကို သူ့ ရာသီနဲ့သူစိုက်မှ။  နောက်ကျစိုက် ရင် ဆောင်းအဝင်အအေးမိပြီး အထွက်နှုန်းတွေလျော့ကုန်ရော’’ ဟု ပုသိမ်ကြီးမြို့နယ်နေ စပါး စိုက်ပျိုးသော တောင်သူဦးမျိုးသန့် က ရှင်းပြသည်။

ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကျော် မြို့နယ်ခုနစ်မြို့နယ်မှ ကျေး ရွာပေါင်းနှစ်ရာကျော် ရေလွှမ်းခံနေရ၊ လူပေါင်းသောင်းချီ ကယ်ဆယ်ရေးစခန်းများသို့ရောက်

မော်လိုက်မြို့ ရေလွှမ်းနေမှုမြင်ကွင်း Photo: CNB
 ချင်းတွင်းမြစ်ရေစိုးရိမ်ရေမှတ်ကျော် လွန် နေသဖြင့် မြို့နယ်ခုနစ်မြို့နယ်ရှိ ကျေး ရွာပေါင်းနှစ်ရာကျော်ရေဖုံးလွှမ်းမှု များနှင့် ရင်ဆိုင်နေရပြီး လူပေါင်း သောင်းချီကာ ရေဘေးကယ်ဆယ်ရေး စခန်းများသို့ရောက်ရှိနေကြောင်း သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးများမှ စုံစမ်းသိရသည်။

လုပ်ငန်းခွင်အသွားအပြန် ဖယ်ရီခကို အလုပ်ရှင်က အကုန်အကျခံပေးသင့် ဟု အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးပြောကြား

အနည်း ဆုံးအခကြေးငွေဥပဒေပါ အခကြေး ငွေအဓိပ္ပာယ်ဖွင့်ဆိုချက်အရ ငွေကြေး အကျိုးခံစားခွင့်၌ ခရီးစရိတ်ကိုလုပ် သားအနေဖြင့် အကျိုးခံစားခွင့်မပါ ဝင်သော်လည်း လုပ်ငန်းခွင်အသွား အပြန်ဖယ်ရီခကို အလုပ်ရှင်အနေ ဖြင့် အကုန်အကျခံပေးသင့်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန် ကြီးဦးထင်အောင်ကပြောသည်။

သူရဦးရွှေမန်းကို ပါတီဝင်အဖြစ် လက်ခံနိုင်ကြောင်း NLD ဆို

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသို့ ကူးပြောင်းလာမည်ဆိုပါက ပါတီဝင်အဖြစ် လက်ခံနိုင်ကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

မွေးကင်းစကလေး မြေမြှုပ်စွန့်ပစ်မှု သံသယရှိသူ အမျိုးသမီးတစ်ဦးကို ခေါ်စစ်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကိုးတောင်ကျေးရွာအုပ်စု တောင်ငယ်လုံး ချောင်းအနီး သဲပြင်တွင် မွေးကင်းစ ကလေးတစ်ဦးကို အရှင်လတ်လတ် မြေမြှုပ်စွန့်ပစ်မှုနှင့် ပတ်သက်၍ မသင်္ကာဖွယ် အသက် ၃၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးကို စက်တင်ဘာလ ၆ ရက်နေ့တွင် ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း ဆိပ်ဖြူမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လေယာဉ်မစီးပဲ ကမ္ဘာအနှံ့ ခရီးမိုင်ပေါင်း ၁၃၀၀၀ ကျော်ကိုသွားခဲ့ကြတဲ့ မိသားစု

မိသားစုနဲ့အတူ ကမ္ဘာအနံ့ခရီးသွားဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စတစ်ခုပါ။ အဆိုးဆုံးကတော့ ကလေးတွေနဲ့ ခရီးသွားရခြင်းပါပဲ။ ခရီးသွားတဲ့အခါ ကလေးတွေပါတော့ မလွတ်လပ်သလို မိမိသွားလိုရာကိုလည်း မြန်မြန်မရောက်တဲ့အတွက် ဒီခရီးကို အမြန်ဆုံးအဆုံသတ်နိုင်စေမဲ့ ခရီးသွားဝန်ဆောင်မှု လုပ်ငန်း တွေနဲ့ ဆက်သွယ် ကြပါတယ်။ အကယ်၍ ကလေးတွေနဲ့ ခရီးသွားခဲ့မယ်ဆိုရင်လည်း ခရီးတိုလေးတွေကိုသာ ရွေးချယ်တတ်ကြပါတယ်။ ဒါပေမဲ့ ကနေဒါနိုင်ငံက မိသားစုတစ်စုကတော့ မိမိတို့သွားလိုတဲ့ နေရာမျိုးစုံကို လေယာဉ်မစီးပဲ သွားခဲ့ကြပါတယ်။

သမ္မတ၏ တရုတ်ခရီးစဉ်အတွင်း မြစ်ဆုံဆည်တည်ဆောက်မည့် CPI ကုမ္ပဏီနှင့် တွေ့ဆုံခဲ့သော်လည်း မြစ်ဆုံဆည်ကိစ္စ မဆွေးနွေးခဲ့ဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ကချင်ပြည်နယ် မြစ်ဆုံဒေသရှိ မြစ်ဆုံစီမံကိန်း လုပ်ငန်းခွင်အား မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းကြောင်း ကြေညာချက် မထုတ်ပြန်မီ ၂၀၁၁ ခုနှစ် စက်တင်ဘာ လအတွင်းက အမည်မဖော်လိုသူ လေယာဉ်မှူးကြီးတစ်ဦး ရိုက်ကူးထားသည့်ပုံ (source : Citizen Journalist)
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း မြစ်ဆုံဆည် တည်ဆောက်မည့် CPI ကုမ္ပဏီနှင့် တွေ့ဆုံခဲ့သော်လည်း မြစ်ဆုံဆည်ကိစ္စ မဆွေးနွေးခဲ့ ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ရက်မတိုင်မီ မဲဆွယ်စည်းရုံးမှုနှင့် ကော်မရှင်သို့ တိုင်ကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ရက်မတိုင်မီ မဲဆွယ်စည်းရုံးသည်ဟုဆိုကာ နေပြည်တော်ကောင်စီ (မန္တလေး) မဲဆန္ဒနယ် အမှတ် (၁၀) မှ တစ်သီပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးကျော်ဝင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားထားကြောင်း ဇမ္မူသီရိမြို့နယ် ကော်မရှင်ရုံးခွဲမှ ဥက္ကဋ္ဌ ဦးအောင်ထက်ကျော်က ပြောကြားသည်။

အလုပ်ခန့်ထားမှု စာချုပ်မချုပ်ပါက အလုပ်ရှင်နှင့် အလုပ်သမားများကို အရေးယူမည်

အလုပ်ခန့်ထားမှု သဘောတူစာချုပ်ကို စက်တင်ဘာလ ၃၀ ရက်နေ့အထိ ချုပ်ဆိုခြင်း မရှိသည့် အလုပ်ရှင်နှင့် အလုပ်သမားများကို စစ်ဆေးကာ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

မီဒီယာကောင်စီရွေးချယ်ပွဲ စည်းကမ်းချက် PEN Myanmar ကန့်ကွက်


မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ရဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ စက်တင်ဘာလ ၃ ရက်နေ့ကကျင်းပစဉ် Photo: Aung Thain Kha/RFA 
သတင်းမီဒီယာကောင်စီရွေးချယ်ပွဲကျင်းပဖို့ စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ရာမှာ သတင်းမီဒီယာသမားတွေ ရဲ့ သဘောထားဆန္ဒကိုမရယူဘဲ ထုတ်ပြန်ခဲ့တာကြောင့် စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ ရွေးချယ်တင်မြှောက်ရေး အဖွဲ့တွေကို ကန့်ကွက်ကြောင်း PEN Myanmar အဖွဲ့က မနေ့က ကြေညာချက်ထုတ်လိုက်ပါတယ်။

တစ်နိုင်ငံလုံးအပစ်ရပ်ကြောင်း အစိုးရက တစ်ဖက်သတ် ကြေညာပေးရန် တောင်းဆို

ပြည်တွင်းငြိမ်းချမ်းရေးအမြင်သဘောထားဖလှယ်ပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ − ဇေနွေထွန်း) 
အစိုးရက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို တစ် ဖက်သတ်ရပ်စဲကြောင်း ဦးစွာ ကြေညာပေးရန် တောင်းဆို ကြောင်း စက်တင်ဘာ ၇ ရက်က ပြည်တွင်းငြိမ်းချမ်းရေးအမြင် သ ဘောထားဖလှယ်ပွဲ သဘောထား ထုတ်ပြန်ချက်အဖြစ် ကြေညာသည်။

လစာပြည့်ဆေးခွင့်ပေးဖို့ အိုဘားမား အလုပ်သမားနေ့ကြေညာ

အမေရိကန်သမ္မတ ဘာရက် အိုဘားမားဟာ တနင်္လာနေ့မှာ ကျရောက်တဲ့ အလုပ်သမားနေ့ အားလပ်ရက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဗဟိုအစိုးရဆီမှာ ကန်ထရိုက်နဲ့ အလုပ်လုပ်နေတဲ့ ဝန်ထမ်းပေါင်း သုံးသိန်းအတွက် လစာအဖြတ်မခံရဘဲ ဆေးခွင့်ယူနိုင်မယ့်ခံစားခွင့်ကို အတည်ပြုပေးလိုက်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်တွင် ကောင်းကင်မှ ပြုတ်ကျလာသည့် အရာဝတ္ထုများကြောင့် ဒေသခံများထိတ်လန့်

ထိုင်း-မြန်မာနယ်စပ် တွင် စက်တင်ဘာ ၇ ရက်နံနက် က ဥက္ကာခဲ (သို့မဟုတ်) ဂြိုဟ်တု အပျက်အစီးဟု ယူဆရသော တောက်ပသည့် မီးလုံးကြီးများ ကောင်းကင်ထက်မှ ကျဆင်းလာ ၍ နှစ်နိုင်ငံနယ်စပ်ရှိ ဒေသခံများ ထိတ်လန့်နေကြောင်း သတင်းရရှိသည်။

သတင်းမီဒီယာကောင်စီ ရွေးချယ်မှုစည်းမျဉ်းအပေါ် ဝေဖန်မှုတိုး

စာနယ်ဇင်းကောင်စီ (ယာယီ) ကို မကြာမီပြောင်းလဲဖွဲ့စည်းဖို့စီစဉ်နေတဲ့ သတင်းမီဒီယာကောင်စီရွေးချယ်ရေးနဲ့ပတ်သက်ပြီး မြန်မာသတင်းသမားတွေအကြား အငြင်းပွားမှုတွေဖြစ်ပေါ်နေပါတယ်။ သတင်းမီဒီယာကောင်စီဝင်တွေ ရွေးချယ်မှုအတွက် နည်းဥပဒေမှာ ဖော်ပြထားတဲ့အချက်တွေနဲ့ ရွေးချယ်ရေးဆိုင်ရာ ကျင့်သုံးမယ့် လုပ်ထုံးလုပ်နည်းတွေအပေါ်မှာ ဝေဖန်မှုတွေထွက်ပေါ်ခဲ့ရာမှာ Pen Myanmar အဖွဲ့က မနေ့က ကန့်ကွက်လိုက်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းက မေခက သတင်းပေးပို့ထားပါတယ်။

အရှေ့အလယ်ပိုင်း ဒုက္ခသည်သောင်းချီ ပြင်သစ်နဲ့ ဗြိတိန်လက်ခံမည်

ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့မှာ ရွှေ့ပြောင်းဒုကခသည်တွေဝင်ရောက်လာစဉ်
စစ်ဘေးဒဏ်နဲ့ ရင်ဆိုင်နေရတဲ့ အရှေ့အလယ်ပိုင်းဒေသက ဒုက္ခသည်ပေါင်း သောင်းနဲ့ချီပြီး လက်ခံသွားမယ်လို့ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတို့က တနင်္လာနေ့မှာ သဘောတူလိုက်ပါတယ်။ ဒါပေမယ့် အခုရက်ပိုင်းတွေအတွင်း ဂျာမနီနိုင်ငံထဲကို အလုံးအရင်းနဲ့ ဝင်ရောက်နေကြတဲ့ ဒုက္ခသည်ဦးရေ ကြီးမားနေမှုကြောင့် သူတို့နှစ်နိုင်ငံက လက်ခံမယ့်အရေအတွက်ဟာ နည်းပါးတယ်လို့ ရှုမြင်ခံနေရပါတယ်။

ကမ္ဘောဒီးယားရောက် ရိုဟင်ဂျာ ဒုက္ခသည် မြန်မာပြည် ပြန်လို

သြစတြေးလျက လွှဲပြောင်းပေးလိုက်တဲ့ ဒုက္ခသည်လေးဦး ကမ္ဘောာဒီးယားနိုင်ငံ၊ ဖနွမ်းပင်လေဆိပ်ကို ရောက်ရှိလာစဉ်။ (ဇွန် ၄၊ ၂၀၁၅)
သြစတေးလျနိုင်ငံကို ရောက်လာကြတဲ့ ဒုက္ခသည်တွေကို ကမ္ဘောဒီးယားနိုင်ငံမှာ ပြောင်းရွှေ့ထားရှိရေး နှစ်နိုင်ငံအကြားရရှိထားတဲ့ အငြင်းပွားဖွယ် သဘောတူညီချက်အရ ကမ္ဘောဒီးယားနိုင်ငံမှာ အခြေချနေထိုင်ဖို့ လွန်ခဲ့တဲ့ ၃ လလောက်က ရောက်သွားခဲ့တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးဟာ အခု မြန်မာနိုင်ငံကို ပြန်သွားနိုင်ဖို့ ကြိုးစားနေတယ်လို့ ကမ္ဘောဒီးယားအရာရှိတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ ကမ္ဘောဒီးယားဌာနရဲ့သတင်းပေးပို့ချက်အပေါ် အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

နှစ်နိုင်ငံနယ်စပ်အနီးတွင် နာဂဒေသခံနှစ်ဦးကို အိန္ဒိယစစ်တပ်က ဖမ်းဆီး

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့နယ် ခွဲမှ ဒေသခံနှစ်ဦးကို အိန္ဒိယနယ် စပ်လုံခြုံရေးစစ်တပ်က ဖမ်းဆီး သွားကြောင်း သတင်းရရှိသည်။

မြန်မာနှင့် နယူးဇီလန် ရေဘေးရန်ပုံငွေဘောလုံးပွဲ သရေကျ ကွင်းဝင်ကြေးနှင့် အလှူငွေကျပ်သိန်း ၁,၆၀၀ ကျော်ရရှိ

မြန်မာအသင်းနှင့် နယူးဇီလန်အသင်းတို့ သုဝဏ္ဏအားကစားကွင်းတွင် အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ − နစ်ကီ)
 ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေ ပွဲအဖြစ် ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့ လက်ရွေးစင်အသင်းနှင့် နယူးဇီ လန်အသင်းတို့ပွဲတွင် တစ်ဖက် တစ်ဂိုးစီသရေဖြင့်ပြီးဆုံးခဲ့သည်။

သတ္တုတူးဖော်ရေးလုပ်ငန်းခွင်မှ မိုင်းခွဲမှုများကြောင့် ကျေးရွာအတွင်း ကျောက်ခဲများကျရောက်

ကျောက်မိုင်းမှကျောက်ခဲများကြောင့် နေအိမ်ခေါင်မိုးများ ပွင့်ထွက်နေသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ−ချမ်းဇော်အောင်)
 ကျောက်ဆည်မြို့နယ် ဘော်တောင်ဒေသ ဒဟတ်ရေး ကျေးရွာအနီးတွင် ရွှေဖူးအိမ် သတ္တုတူးဖော်ရေးကုမ္ပဏီက ရွာ အနီးကပ်လျက် ဖောက်ခွဲတူးဖော် နေမှုများကြောင့် လူနေအိမ်များ၊ လမ်းမများပေါ်တွင် မိုင်းစကျောက်ခဲကြီးငယ်များကျရောက်ကာ နေ အိမ်အမိုးအကာများထိမှန်ပေါက် ကွဲခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သ တင်းရရှိသည်။

တစ်သီးပုဂ္ဂလပြိုင်မည့် ဒေါက်တာညိုညိုသင်း ရွေးကောက်ပွဲ အောင်နိုင်ရေး ရုံးခန်းများဖွင့်မည်

ဗဟန်းမြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်မှ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်းအ ဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာညိုညိုသင်းက ရွေး ကောက်ပွဲအောင်နိုင်ရေးရုံးခန်း များကို စက်တင်ဘာ ၈ ရက်တွင် မြို့နယ်အတွင်း  စတင်ဖွင့်လှစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သစ်တောပြုန်းတီးမှုအများဆုံးနိုင်ငံစာရင်းတွင် မြန်မာ အဆင့် ၃ ချိတ်

သစ်တောများ ရှင်းပြောင်အောင်ခုတ်ထားသည့် ပဲခူးတိုင်းဒေသကြီး တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ) 
စက်တင်ဘာ ၇ ရက်က ထုတ်ပြန်သော ကမ္ဘာ့သစ်တော ပြုန်းတီးမှုအများဆုံးစာရင်းတွင် မြန်မာနိုင်ငံက အဆင့်(၃)နေရာ ၌ ရပ်တည်နေသည်။ ငါးနှစ်တာ အတွင်း မြန်မာနိုင်ငံ၌ သစ်တော ဟက်တာ ငါးသိန်းလေးသောင်းနှုန်း ဖြင့် နှစ်စဉ်ပြုန်းတီးလျက်ရှိသည်။

ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်လာသောကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ကျေးရွာများမှ နွားများကို ရွှေ့ပြောင်းနေရပြီး စပါးခင်းများသို့ ရေစတင်ဝင်ရောက်

စက်တင်ဘာ ၅ ရက်နေ့ ညပိုင်းမှစ၍ ၇ ရက်နေ့ နံနက်အထိ ဧရာဝတီမြစ်ရေ နှစ်ပေခန့် ပြန်လည်မြင့်တက် လာသောကြောင့် မကွေးတိုင်း ရေနံချောင်း၊ ပွင့်ဖြူမြို့နယ်များအတွင်း ပထမတစ်ကြိမ် ရေဘေးသင့်ခဲ့သော ကျေးရွာများမှ နွားများကို ကုန်းမြင့်ပိုင်းကျေး ရွာများသို့ ပြောင်းရွှေ့နေရပြီး မကြာမီကစိုက်ပျိုးထားသော စပါးခင်းများအတွင်း ရေစတင်ဝင်ရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။