Monday 21 July 2014

ကမ္ဘာ့ သြဇာအရှိဆုံး အယောက် ၁၀၀ စာရင်းတွင် ဒေါ်စု မပါဝင်တော့သော် လည်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ ထပ်မံရွေးချယ်ခံရ

Photo: ကမ္ဘာ့ သြဇာအရှိဆုံး အယောက် ၁၀၀ စာရင်းတွင် ဒေါ်စု မပါဝင်တော့သော် လည်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ ထပ်မံရွေးချယ်ခံရ
Monday, July 21, 2014

Time မဂ္ဂဇင်းမှ နှစ်စဉ်နှစ်တိုင်းကြေညာပေးသော ကမ္ဘာ့သြဇာ အရှိဆုံး အယောက် (၁၀၀)တွင် ယမန်နှစ်က မြန်မာနိုင်ငံမှ သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ပါဝင်ခဲ့သည်။သို့သော် နောက်ဆုံးစာရင်းပိတ်မဲစာရင်းများ အရ ဒေါ်အောင်ဆန်းစုကြည်မှာ လုံးဝပါဝင်ခြင်းမရှိတော့ ဘဲ ထုတ်ပယ်ခံလိုက်ရကြောင်း တွေ့ရှိရသည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကတော့ ယခုအချိန်ထိ ကမ္ဘာ့သြဇာ အရှိဆုံး အယောက် (၁၀၀) ထဲတွင် ဆက်လက်တည်ရှိနေပါသည်။

The World's 100 Most Influential People
Full List

TIME 100: The List
Jeremy Lin
Christian Marclay
Viola Davis
Salman Khan
Tim Tebow
E.L. James
Louis CK
Rihanna
Marco Rubio
Ali Ferzat
René Redzepi
Kristen Wiig
Anthony Kennedy
Novak Djokovic
Ben Rattray
Jessica Chastain
Yani Tseng
Raphael Saadiq
Elinor Ostrom
Samira Ibrahim
José Andrés
Ann Patchett
Dulce Matuz
Henrik Schärfe
Freeman Hrabowski
Maryam Durani
Manal al-Sharif
Anjali Gopalan
Rached Ghannouchi
Barbara Van Dahlen
Ron Fouchier
Donald Sadoway
Hans Rosling
Asghar Farhadi
Sarah Burton
Anonymous
Pete Cashmore
Cami Anderson
Ali Babacan and Ahmet Davutoglu
Ai-jen Poo
Marc Andreessen
Preet Bharara
Robert Grant
Andrew Lo
Sharmeen Obaid-Chinoy
Alexei Navalny
Ray Dalio
Hamad bin Jassim bin Jaber al-Thani
Chelsea Handler
Harvey Weinstein
Chen Lihua
Warren Buffett
Alice Walton
Harold Hamm
Sheryl Sandberg
Sara Blakely
Tim Cook
Eike Batista
Daniel Ek
Virginia Rometty
Barack Obama
Goodluck Jonathan
Xi Jinping
Fatou Bensouda
Christine Lagarde
Mario Draghi

U Thein Sein

Ayatullah Ali Khamenei
Mitt Romney
Juan Manuel Santos
Timothy Dolan
Portia Simpson Miller
Mario Monti
Wang Yang
Maria das Graças Silva Foster
Andrew Cuomo
Iftikhar Chaudhry
Mamata Banerjee
Walter Isaacson
Ron Paul
Benjamin Netanyahu
Dilma Rousseff
Erik Martin
Cecile Richards
Angela Merkel
Lionel Messi
Tilda Swinton
Hillary Clinton
Catherine, Duchess of Cambridge, and Pippa Middleton
Adele
Matt Lauer by Howard Stern
Oscar Pistorius
Claire Danes
Stephen Colbert
Rogues
Kim Jong Un
Mullah Mohammed Omar and Sheik Moktar Ali Zubeyr
Bashar Assad
Joel Stein Essay
From 100 to Eternity
The All-Time TIME 100 of All Time
Editor's Letter

လင်းနိုင် ဇင်
Time မဂ္ဂဇင်းမှ နှစ်စဉ်နှစ်တိုင်းကြေညာပေးသော ကမ္ဘာ့သြဇာ အရှိဆုံး အယောက် (၁၀၀)တွင် ယမန်နှစ် က မြန်မာနိုင်ငံမှ သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ပါဝင်ခဲ့သည်။သို့သော် နောက်ဆုံးစာရင်းပိတ်မဲစာရင်းများ အရ ဒေါ်အောင်ဆန်းစုကြည်မှာ လုံးဝ ပါဝင်ခြင်း မရှိတော့ ဘဲ ထုတ်ပယ်ခံလိုက်ရကြောင်း တွေ့ရှိရသည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကတော့ ယခုအချိန်ထိ ကမ္ဘာ့သြဇာ အရှိဆုံး အယောက် (၁၀၀) ထဲတွင် ဆက်လက်တည်ရှိနေပါသည်။

မြန်မာက ရုရှား၊ သီရိလင်္ကာ၊ နီပေါတို့နှင့် ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မည်

တရုတ်နိုင်ငံမကာအိုတွင် ဇူလိုင် ၁၅ ရက်မှ ၁၈ ရက် အထိ ပြုလုပ်ခဲ့သော (၁၇) ကြိမ် မြောက်အာရှ-ပစိဖိတ်ငွေကြေး ခ၀ါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG) ၏ အစည်းအဝေး၌ မြန်မာနိုင်ငံကရုရှား၊ သိရီလင်္ကာ၊ နီပေါနိုင်ငံတို့နှင့် ငွေကြေးခ၀ါချမှုစုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့ချင်းပူးပေါင်းလုပ်ဆောင်ရန် သဘောတူ စာချုပ်များ ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိသည်။

ကမ္ဘာ့ ညို့အား အပြင်းဆုံး အိုင်တီ စွန့်ဦးတီထွင်သူ ဖြစ်လာတဲ့ Lucy

Photo: ကမ္ဘာ့ ညို့အား အပြင်းဆုံး အိုင်တီ စွန့်ဦးတီထွင်သူ ဖြစ်လာတဲ့ Lucy
Monday, July 21, 2014 

Lucy Harrold လို့ အမည်ရတဲ့ အသက် ၂၅ နှစ် အရွယ် အင်္ဂလန်က မော်ဒယ် မလေး တစ်ဦး ဖြစ်ပါတယ်။ သူဟာ BirminghamLove.co.uk လို့ အမည်ရတဲ့ Dating ဝဘ်ဆိုဒ်ကို ပူးတွဲ တည်ထောင်သူ (Co-founder) ဖြစ်ပါတယ်။

သူမမှာ ချစ်သူ မရှိသေး ပါဘူး။ ယခင်က Rugby ဘောလုံး အားကစား သမား Danny Care နဲ့ ချစ်သူ ဖြစ်ခဲ့ဖူး ပေမယ့် နားလည်မှု မရှိလို့ လမ်းခွဲ ခဲ့ပြီး ဖြစ်ကြောင်း ဆိုပါတယ်။ သူမဟာ အင်္ဂလန်နိုင်ငံ ဘာမင်ဂန်မှာ နေထိုင်တဲ့ နာမည်ကျော် မော်ဒယ်မလေး တစ်ဦး ဖြစ်ပါတယ်။ အမျိုးသားများအတွက် သီးသန့် ထုတ် မဂ္ဂဇင်း တွေမှာ ပါဝင်တဲ့ မော်ဒယ်ပါ။ သူမဟာ Single ဖြစ်ကြောင်း၊ ချစ်သူ မရှိကြောင်း လို့ ပြောရင်တောင် ယုံတဲ့သူ နည်းပါတယ်။ သိုပေမယ့် ဒါဟာ အမှန် ဖြစ်ကြောင်း သူမက ဆိုပါတယ်။ ဒါကြောင့်မို့ သူကိုယ်တိုင်လည်း ချစ်သူ ရှာဖို့ အတွက် သူမ လိုပဲ ချစ်သူ မရှိသေးတဲ့ သူတွေ ရှာဖို့ အတွက် ဆိုပြီးတော့ Dating ဝဘ်ဆိုဒ် တစ်ခု ကို ထောင်ဖို့ စိတ်ကူးခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူမရဲ့ သူငယ်ချင်း တစ်ဦးနဲ့ BirminghamLove.co.uk အမည်ရ ဝဘ်ဆိုဒ်ကို တည်ထောင်ခဲ့ ပါတယ်။

လောလောဆယ် ကတော့ ဘာမင်ဂန်က အပျို၊ လူပျို များအတွက်သာ ဝန်ဆောင်မှု ပေးသေး သတဲ့။ နောက်ဆိုရင် ဗြိတိန် တစ်နိုင်ငံ လုံး ကနေ ကမ္ဘာအထိ ချဲ့ထွင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါကြောင့်မို့ Lucy ကို ညို့အားအပြင်းဆုံး Entrepreneur အဖြစ် ပြောစမှတ်ပြုလာခြင်း ဖြစ်ပါတယ်။ သူမရဲ့ ဓာတ်ပုံ များကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://www.dailymail.co.uk/femail/article-2699043/People-dont-believe-I-tell-I-date-Unlucky-love-glamour-model-sets-dating-website-hope-finding-man-dreams.html

အောင်ခမ်း (ရိုးရာလေး)
Lucy Harrold လို့ အမည်ရတဲ့ အသက် ၂၅ နှစ် အရွယ် အင်္ဂလန်က မော်ဒယ် မလေး တစ်ဦး ဖြစ်ပါတယ်။ သူဟာ BirminghamLove.co.uk လို့ အမည်ရတဲ့ Dating ဝဘ်ဆိုဒ်ကို ပူးတွဲ တည်ထောင်သူ (Co-founder) ဖြစ်ပါတယ်။

ရေဓာတ်ခန်းခြောက်သွားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဒီလိုသိသာတဲ့ပြောင်းလဲမှုတွေ ဖြစ်လာ

Photo: ရေဓာတ်ခန်းခြောက်သွားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဒီလိုသိသာတဲ့ပြောင်းလဲမှုတွေ ဖြစ်လာ
Monday, July 21, 2014

အသားအရေခမ်းခြောက်နေမှ ရေဓါတ်လိုအပ်နေပြီဆိုပြီးတော့ အကဲဖြတ်ပေးတဲ့သူတွေအများကြီးပါ။ တချို့နေရာမှာ မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါပေမယ့် ရေဓါတ်ခမ်းခြောက်လို့ သိသိသာသာပြောင်းလဲလာတဲ့ ခန္ဓာကိုယ်မှာ ဘယ်လိုဖြစ်လာလဲဆိုတာကို စုစည်းပေးထားပါတယ်။

သင်ခေါင်းကိုက်နေမှာဖြစ်ပါတယ်။
သင့်ခန္ဓာကိုယ်ရေဆုံးရှုံးမှုများလေ သွေးဓါတ်ပြုမှုပြောင်းလဲလေ ဖြစ်လာပြီး သင့်ဦးနှောက်သို့အောက်ဂျီဂျင်စီးဆင်းနှုန်း နည်းလာမှာဖြစ်ပါတယ်။ သွေးကြောပိုကျယ်ပြန့်လာစေတဲ့အတွက် ခေါင်းပိုကိုက်လာစေပါတယ်။ သင်ရေဓါတ်ခမ်းခြောက်လေ ခေါင်းကိုက်ဝေဒနာပိုခံစားရလေဖြစ်နိုင်ပါတယ်။

ဆီးအရောင် ပိုပြီးဝါမှာဖြစ်ပါတယ်။
သင့်ဆီးဟာ ခန္ဓာကိုယ်အညစ်အကြေးတွေနဲ့ လွန်ကဲစွာအရည်ပျော်ထားတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ အရည်လုံလုံလောက်လောက်မရှိဘူးဆိုရင်တော့ အညစ်အကြေးတွေဟာ လွယ်လွယ်နဲ့ထွက်လာနိုင်မှာ မဟုတ်တဲ့အတွက် သင့်အထဲမှာပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။

ဝမ်းချုပ်နေမှာဖြစ်ပါတယ်။
သင့်စအိုကနေ အပြင်ကို အညစ်အကြေးတွေထုတ်ပေးဖို့ ရေကပဲ ကူညီပေးတာဖြစ်ပါတယ်။ အစပျိုးဖို့ ရေမရှိတော့ဘူးဆိုရင်တော့ စားထားတဲ့ အညစ်အကြေးတွေဟာ ဘယ်လိုထွက်နိုင်တော့မှာလဲ။

Ref:womenshealthmag.com
Trend Myanmar
အသားအရေခမ်းခြောက်နေမှ ရေဓါတ်လိုအပ်နေပြီဆိုပြီးတော့ အကဲဖြတ်ပေးတဲ့သူတွေအများကြီးပါ။ တချို့နေရာမှာ မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါပေမယ့် ရေဓါတ်ခမ်းခြောက်လို့ သိသိသာသာပြောင်းလဲလာတဲ့ ခန္ဓာကိုယ်မှာ ဘယ်လိုဖြစ်လာလဲဆိုတာကို စုစည်းပေးထားပါတယ်။

မုတ္တမပင်လယ်ကွေ့ကို ထိန်းသိမ်းရန် မြေဧရိယာသတ်မှတ်ခြင်းအပေါ် ဒေသခံတချို့စိုးရိမ်မှုဖြစ်ပေါ်၊ မြေယာသိမ်းဆည်းခြင်း မဟုတ်ဟုဆို

မုတ္တမပင်လယ် ကွေ့အားထိန်းသိမ်းရန် မြေဧရိယာ သတ်မှတ်ခြင်းအား မြေယာသိမ်းဆည်းသည်ဟု ထင် ကာ ဒေ သ ခံ တချို့စိုးရိမ် နေကြကြောင်း သိရသည်။

ခေါင်းဖြတ်လူသတ်မှုကြောင့် သေဒဏ်ချမှတ်ခံခဲ့ရသူသုံးဦး တရားလွှတ်တော်ရုံးချုပ်သို့ အယူခံဝင်

တွံတေးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ခေါင်းဖြတ်လူ သတ်မှုတွင် ပြစ်မှုကျူးလွန်သူသုံး ဦးကို တောင်ပိုင်း ခရိုင် တရားရုံးက သေဒဏ်ချမှတ်ခဲ့၍ နေပြည်တော် တရားလွှတ်တော်ချုပ်ရုံးသို့  အယူခံဝင် ထားကြောင်းတောင်ပိုင်း ခရိုင်တရားရုံးမှ ဒုခရိုင်တရားသူကြီးတစ်ဦးက ပြောသည်။

ရှမ်းမြောက်တွင် အစိုးရတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားရာ TNLA ဘက်မှ ထိခိုက်ကျဆုံးမှုများပြား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ မန်ပူးကျေးရွာအနီးတွင် ဇူလိုင် ၂၀ ရက် နံနက် ၅ နာရီခွဲခန့်၌ အစိုရတပ်နှင့် TNLA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ TNLA ဘက်မှ ထိခိုက်ကျဆုံးမှုများပြားကြောင်း အရှေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထိပ်တန်းအရာရှိကြီးတစ်ဦးက ပြောသည်။

ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်ရွေးရန် ငပလီတွင် ညီလာခံ ကျင်းပမည်

ရခိုင်အင်အားကြီး နိုင်ငံရေးပါတီ နှစ်ခုကို ပူးပေါင်းထားသည့် ရခိုင်အမျိုးသားပါတီ (ANP) ခေါင်းဆောင် ရွေးချယ်ရန် ညီလာခံကို စက်တင်ဘာလတွင် ငပလီကမ်းခြေတွင် ကျင်းပမည် ဖြစ်ကြောင်း ANP ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဦးလှစောက ပြောကြားသည်။

မန္တလေးပဋိပက္ခဖြစ်ပွားစေခဲ့သည့် အဓမ္မပြုကျင့်မှုကို စသုံးလုံးနှင့် စီအိုင်ဒီတို့ ပူးပေါင်းဖော်ထုတ်ဟုဆို

Photo: မန္တလေးပဋိပက္ခဖြစ်ပွားစေခဲ့သည့် အဓမ္မပြုကျင့်မှုကို စသုံးလုံးနှင့် စီအိုင်ဒီတို့ ပူးပေါင်းဖော်ထုတ်ဟုဆို
Monday, July 21, 2014

မန္တလေးပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် အဓမ္မပြုကျင့်မှုကို စသုံးလုံးနှင့် စီအိုင်ဒီတို့ ပူးပေါင်းဖော်ထုတ်ခဲ့ကြကြောင်း မန္တလေးခရိုင်ဒုတိယရဲမှူးကြီး စိန်ထွန်းက မဇ္ဈိမကို ပြောသည်။

“ပျဉ်းမနားရဲစခန်းက စစ်ဆေးမှုပြုလုပ်ပြီးတော့ စသုံးလုံး၊ စီအိုင်ဒီတို့နဲ့ ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။ မန္တလေးခရိုင်အနေနဲ့ကတော့ ဖြစ်စဉ်အတွက် လိုအပ်တာတွေ လုပ်ဆောင်ပေးပါတယ်။ ဖမ်းဆီး အရေးယူမှု ချက်ချင်း မလုပ်ဆောင်တာက နှစ်ဖက်ဖြစ်တယ်။ တစ်ဖက်ကလည်း ဗုဒ္ဓဘာသာဖြစ်တယ်။ တစ်ဖက်ကလည်း အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်။ အဲဒါကနေ လူမျိုးရေးပဋိပက္ခမဖြစ်အောင် ထိန်းရင်းထိန်းရင်းကနေ လူစုလူဝေး ဖြစ်သွားတာပါ။ အခုဖြစ်စဉ်မှာ လိမ်လည်တိုင်တန်းတယ်လို့ စစ်ဆေးတွေ့ရှိထားပါတယ်” ဟု မန္တလေးခရိုင်ဒုတိယ ရဲမှူးကြီးစိန်ထွန်းက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဆိုပါဖြစ်စဉ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ လိမ်လည်တိုင်ကြားခဲ့သူ ဖြူဖြူမင်း(ခ) ကတုံးမက ဇူလိုင် ၉ရက်တွင် ပျဉ်းမနားမြို့နယ် တရားရုံး၌ အမှုဖြစ်စဉ်ကို ဖြောင့်ချက်ပေးခဲ့သည်ဟုဆိုသည်။

ထို့ပြင် ပျဉ်းမနားနှင့် ပြင်ဦးလွင်တို့တွင် တိုင်ကြားခဲ့သည့် သားမယားအဖြစ် ပြုကျင့်မှုများမှာ ဟေမာကျော်၏ ဦးလေးတော်စပ်သူ ခင်မောင်ဌေး(ခ)ကိုထွေးနှင့် ဆက်စပ်သက်သေ ဇင်မင်းထွန်း(ခ)ဇင်လေးနှင့် ဖိုးခွား(ခ) ပြားကြီး(ခ)တင်မင်းထက်တို့ကလည်း ယင်းအမှုများသည် လိမ်လည်တိုင်တန်းခဲ့ခြင်းသာဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် တရားရုံး၌ ကြိုတင်ထွက်ဆိုချက်များပေးခဲ့သည်ဟု ဆိုသည်။

“လိမ်လည်တိုင်တန်းတဲ့ ကိစ္စတစ်ခုက ဒီလောက်အထိဖြစ်သွားတာတော့ မကောင်းဘူး။ ဥပဒေဘက်တော်သားတွေလည်း လျင်လျင်မြန်မြန်လုပ်ဖို့ လိုတယ်။ ဖြစ်စဉ်မှာ ဘေးတီးတဲ့သူတွေကို ဖော်ထုတ်ဖို့လည်း လိုတယ်။ မန္တလေးမြို့ လက်ရှိအနေအထားကလည်း ငြိမ်းချမ်းတဲ့အဆင့်တော့ မရောက်သေးပါဘူး။ တည်ငြိမ်တဲ့ အဆင့်ပဲရှိပါတယ်။ ဘာလို့လဲဆိုတော့ ညမထွက်ရ အမိန့်ရှိတဲ့အတွက်ပါ။ ညမထွက်ရအမိန့် ရုပ်သိမ်းပြီး စောင့်ကြည့်ဖို့လိုပါသေးတယ်”မန္တလေး မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါကိစ္စ ကိုနေ ကဖေးနှင့် ဆန်း ကဖေးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။ ဖြူဖြူမင်း(ခ)ကတုံးမ လိမ်လည်တိုင်ကြား ခဲ့ခြင်းအပေါ် ပျဉ်းမနားမြို့မ ရဲစခန်း က(ပ)၂၉၃/၂၀၁၄ ပြစ်မှု ဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ အမှုကို ဇူလိုင်လ ၁၇ ရက်တွင် ပိတ်သိမ်းခဲ့သည်ဟုဆိုသည်။ လိမ်လည် တိုင်တန်းသူ ဖြူဖြူမင်းနှင့် ညွှန်ကြားစီစဉ်သူ မနုနုမြတ်တို့ကို ဖမ်းဆီးထားပြီး ရဲထွဋ် (ခ) သူရရဲထွဋ်မှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

7Day DAILY
မန္တလေးပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် အဓမ္မပြုကျင့်မှုကို စသုံးလုံးနှင့် စီအိုင်ဒီတို့ ပူးပေါင်းဖော်ထုတ်ခဲ့ ကြကြောင်း မန္တလေးခရိုင်ဒုတိယရဲမှူးကြီး စိန်ထွန်းက မဇ္ဈိမကို ပြောသည်။

ကင်ဆာရောဂါကြောင့် သေဆုံးသူ၏ ဇနီးအား ဒေါ်လာ ၂၃ ဘီလီယံကျော် ကုမ္ပဏီလျော်ကြေးပေးရန် တရားရုံးဆုံးဖြတ်

Photo: ကင်ဆာရောဂါကြောင့် သေဆုံးသူ၏ ဇနီးအား ဒေါ်လာ ၂၃ ဘီလီယံကျော် ကုမ္ပဏီလျော်ကြေးပေးရန် တရားရုံးဆုံးဖြတ်
Monday, July 21, 2014

အော်လန်ဒို−အမေရိကန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆေးလိပ်နှင့် ဆေးရွက်ကြီး ကုမ္ပဏီ RJ Rey-nolds အနေဖြင့် အဆုတ်ကင် ဆာရောဂါဖြင့် သေဆုံးသွားခဲ့ သော ဆေးလိပ်သောက်သူတစ် ဦး၏ ဇနီးသည်အား ကန်ဒေါ်လာ ၂၃ ဒသမ ၆ ဘီလီယံ ပေးရမည် ဟု ဖလော်ရီဒါ တရားရုံးက အမိန့် ချမှတ်လိုက်သည်။

စင်သီယာ ရော်ဘင်ဆန် သည် ၂၀၀၈ ခုနှစ်တွင် RJ Rey-nolds ကုမ္ပဏီအပေါ် တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။

စင်သီယာရော်ဘင်ဆန်က ၎င်း၏ ခင်ပွန်းဖြစ်သူသည် ၁၉၉၆ ခုနှစ်က အသက် (၃၆) နှစ်အရွယ် တွင် အဆုတ်ကင်ဆာဖြင့် ကွယ် လွန်ခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူ သည် အသက် (၁၃) နှစ်အရွယ် မှစ၍ နှစ် ၂၀ ကျော်ကြာအောင် တစ်နေ့လျှင် ဆေးလိပ်တစ်ဘူးမှ သုံးဘူးအထိ သောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ကုမ္ပဏီသည် ၎င်းကုန်ပစ္စည်း ၏ စွဲစေတတ်သော သဘာဝနှင့် ကျန်းမာရေး အန္တရာယ်များကို မှန်မှန်ကန်ကန် ထုတ်ဖော်ပြော ကြားခြင်း မရှိဘဲ ဖုံးကွယ်ထား သည်ဟု မစ္စစ်ရော် ဘင်ဆန်၏ ရှေ့နေများက ပြောကြားခဲ့သည်။

မစ္စစ်ရော်ဘင်ဆန်၏ ခင် ပွန်းဖြစ်သူသည် ဆေးလိပ်ဖြတ် ၍ မရဘဲ သေဆုံးသည့်နေ့အထိ ဆေးလိပ်သောက်နေခဲ့သည်ဟု တရားလို ရှေ့နေများက ပြော သည်။

ယင်းကုမ္ပဏီသည် တရားရုံး ၏ ဆုံးဖြတ်ချက်ကို အယူခံဝင် သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဂျက်ဖရီရာဘွန်းက ပြောသည်။

မစ္စစ်ရော်ဘင်ဆန်အား ပေး ရန် ဆုံးဖြတ်လိုက်သည့် ဒဏ်ငွေ ပမာဏသည် ဖလော်ရီဒါ ပြည် နယ်သမိုင်းတွင် အများဆုံးဖြစ် သည်။

Ref: BBC
7Day News Journal
အော်လန်ဒို−အမေရိကန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆေးလိပ်နှင့် ဆေးရွက်ကြီး ကုမ္ပဏီ RJ Rey-nolds အနေဖြင့် အဆုတ်ကင် ဆာရောဂါဖြင့် သေဆုံးသွားခဲ့ သော ဆေးလိပ်သောက်သူတစ် ဦး၏ ဇနီးသည်အား ကန်ဒေါ်လာ ၂၃ ဒသမ ၆ ဘီလီယံ ပေးရမည် ဟု ဖလော်ရီဒါ တရားရုံးက အမိန့် ချမှတ်လိုက်သည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက် ပြန်ပြင်ဆင်ရန် စဉ်းစားမည်ဟု ကော်မရှင်ဆို

နိုင်ငံရေးပါတီများ၏ အကြံပြုချက်များကို ထည့်သွင်း ဖြည့်စွက်ခြင်း မရှိဘဲ အတည်ပြု ထုတ်ပြန်ထားသော ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ညွန်ကြားလွှာကို နိုင်ငံရေး ပါတီများက ကန့်ကွက်နေသောကြောင့် ပြန်လည်ပြင်ဆင်ပေးရန် စဉ်းစားသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် မြန်မာမိခင်နှင့် မွေးကင်းစသားငယ်တို့ မီးခိုးမွန်း၍ သေဆုံး

ပရာချွပ်စီရီခန်ဒေသ၊ မူအန် ခရိုင်တွင် အိပ်နေကြစဉ် မြန်မာအမျိုး သမီးတစ်ဦးနှင့် သူမ၏ မွေးကင်းစ သားငယ်တို့ သေဆုံးပြီး တခြားသူ သုံးဦးတို့မှာ ပြင်းပြင်းထန်ထန်ဝေဒနာ ခံစားရကြောင်း ထိုအဖြစ် အပျက်မှာ ဇူလိုင် ၂ဝ ရက် နံနက်ပိုင်း၌ဖြစ် ပွားခဲ့ကြောင်း ထိုင်းရတ်သ်အွန်လိုင်း က ဖော်ပြသည်။

ဗီယက်နမ်ခရီးသွားလေးဦးပုဂံတွင် လုယက်ခံရ

Photo: ဗီယက်နမ်ခရီးသွားလေးဦးပုဂံတွင် လုယက်ခံရ
Monday, July 21, 2014

ပုဂံရွာဟောင်းကြီးဘုရားအ နီးလှည့်လည်နေသော ဗီယက်နမ် နိုင်ငံသူလေးဦးပစ္စည်းလုယက်ခံရ ကြောင်းသတင်းရရှိသည်။

ဇူလိုင်လ ၁၉ရက် မွန်းလွဲ ၂ နာရီတွင် ဆိုင်ကယ်စီးသူတစ်ဦးက စက်ဘီးဖြင့်လှည်လည် နေသော ဗီယက်နမ်နိုင်ငံသူလေးဦးထံမှ ပစ္စည်းများ လုယူသွားခြင်းဖြစ်သည်။

ယခုအကြိမ်လုယက်ခံရခြင်းသည် ၂၀၁၄ခုနှစ်အတွင်း ဒု တိယအကြိမ်လုယူခံရခြင်းဖြစ် သည်။ ၂၀၁၃ခုနှစ်အတွင်းက ကမ္ဘာလှည့်ခရီးသွားများကိုးကြိမ် တိတိလုယူခံခဲ့ရသည်။

ဗီယက်နမ်နိုင်ငံသူလေးဦးထံမှ Samsung Latop တစ်လုံး၊ Canonကင်မရာတစ်လုံး၊ Note Bookတစ်ခုစသည်တို့လုယူခံရကြောင်း ပစ္စည်းလုယူခံရသည့် ဗီယက်နမ်နိုင်ငံသူ မစ္စလီသီသူဟက 7Day Dailyအား ပြောသည်။

7Day DAILY
ပုဂံရွာဟောင်းကြီးဘုရားအ နီးလှည့်လည်နေသော ဗီယက်နမ် နိုင်ငံသူလေးဦးပစ္စည်းလုယက်ခံရ ကြောင်း သတင်း ရရှိသည်။

အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ကုသိုလ်ပြုခြင်းဖြစ်သလို ခေါင်းဆောင်ကြီးများချမှတ်ခဲ့သည့် မူဝါဒ လမ်းစဉ် များကို ဆက်လက် အကောင်အထည်ဖော်ရန် အားသစ်လောင်းခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းပြောကြား

Photo: အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ကုသိုလ်ပြုခြင်းဖြစ်သလို ခေါင်းဆောင်ကြီး များချမှတ်ခဲ့သည့်မူဝါဒလမ်းစဉ်များကို
ဆက်လက်အကောင်အထည်ဖော်ရန် အားသစ်လောင်းခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းပြောကြား
Monday, July 21, 2014

(၆၇)နှစ်မြောက်အာဇာနည်နေ့၌ ခေါင်းဆောင်ကြီးများကိုရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းပွဲကျင်းပရခြင်း သည် အာဇာနည်ခေါင်းဆောင်ကြီး များအတွက် ကုသိုလ်ပြုခြင်းဖြစ် သလို ခေါင်းဆောင်ကြီးများချမှတ် ခဲ့သည့်မူဝါဒလမ်းစဉ်များကို ဆက် လက်အကောင်အထည်ဖော်ရန် အားသစ်လောင်းခြင်းလည်းဖြစ် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောသည်။
(၆၇)နှစ်မြောက်အာဇာနည်နေ့ တွင် အာဇာနည်ခေါင်းဆောင်ကြီး များကိုရည်စူး၍ ရန်ကုန်မြို့ရှိ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးချုပ်၌ ဆွမ်းဆက်ကပ်လှူ ဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို မီဒီယာကမေးမြန်းရာတွင် ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

''အဓိကရည်ရွယ်ချက်ကတော့ အာဇာနည်ခေါင်းဆောင်ကြီးတွေကမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် မူဝါဒတွေ၊ လမ်းစဉ်တွေ ချမှတ်ခဲ့ တယ်။ ပြောဆိုခဲ့တဲ့စကားတွေရှိ တယ်။ အဲဒီမူဝါဒလမ်းစဉ်၊ ပြောဆို တဲ့စကားတွေအရ မိမိတို့နိုင်ငံကောင်း အောင်၊ မိမိတို့ပြည်ထောင်စုကြီး ကောင်းအောင် ဆက်လက်လုပ် ဆောင်ဖို့တာဝန်ရှိတယ်၊ အဲဒီလို တာဝန်ရှိတာနဲ့အညီ မိမိတို့နဲ့အတူ ပြည်သူတွေ ပူးပေါင်းပြီးမှ မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တိုင်းရင်းသားပြည်သူများနဲ့ ပါဝင် ဆောင်ရွက်နိုင်ဖို့အတွက် ပိုမိုပြီး သတိရစေဖို့ ဒီလိုပွဲကြီးကို ကျင်းပ တာဖြစ်တယ်၊ အဲဒီလိုကျင်းပတဲ့ နေရာမှာ ကျဆုံးလေပြီးတဲ့အာဇာနည် ခေါင်းဆောင်ကြီးများအတွက် ကုသိုလ်တွေရတဲ့အပြင် အလှူပြုတဲ့ မိမိတို့တွေလဲ ကုသိုလ်ရသလို မိမိ တို့နိုင်ငံကို ထူထောင်တဲ့နေရာမှာ ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့တဲ့ မူဝါဒ၊ လမ်းစဉ်များကို ဆက်လက် အကောင်အထည် ဖော်နိုင်ဖို့အတွက် အားသစ်လောင်းတဲ့အခမ်းအနားလဲ ဖြစ်တယ်။ အလှူဒါနလဲ ဖြစ်ပါ တယ်''ဟုပြည်ထောင်စု လွှတ် တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

အစိုးရသစ် လက်ထက်တွင် (၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့်တရားစီရင်ရေး မဏ္ဍိုင်မှ အကြီးအကဲများ တက် ရောက်ဂါရဝပြုခဲ့ကြသည်။ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၌ အာဇာနည်ခေါင်းဆောင် ကြီးများအားရည်စူး၍ နှစ်စဉ်နှစ် တိုင်းဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

The Union Daily
(၆၇)နှစ်မြောက်အာဇာနည်နေ့၌ ခေါင်းဆောင်ကြီးများကိုရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းပွဲကျင်းပရခြင်း သည် အာဇာနည်ခေါင်းဆောင်ကြီး များအတွက် ကုသိုလ်ပြုခြင်းဖြစ် သလို ခေါင်းဆောင်ကြီးများချမှတ် ခဲ့သည့်မူဝါဒလမ်းစဉ်များကို ဆက် လက်အကောင်အထည်ဖော်ရန် အားသစ်လောင်းခြင်းလည်းဖြစ် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောသည်။

မန္တလေးပဋိပက္ခဖြစ်ပွားခဲ့သည့်ကိစ္စနောက်ကွယ်မှ အမှုဖွင့် လီဆယ်တိုင်ကြားသူ ငါးဦးအား နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိပါးနှောင့်ယှက်ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်ခြင်း ဥပဒေပုဒ်မဖြင့် အမှုဖွင့်တရားစွဲဆိုသွားရန် စီစဉ်ဆောင်ရွက်နေဟုဆို

ရန်ကုန်၊ ဇူလိုင် ၂ဝ-မန္တလေး ပဋိပက္ခဖြစ်ပွားခဲ့သည့်ကိစ္စ နောက်ကွယ် မှ အမှုဖွင့်လီဆယ်တိုင်ကြားသူ ငါး ဦးအား နိုင်ငံတော်ငြိမ်ဝပ်ပိပြား ရေးကို ထိပါးနှောင့်ယှက်ဖျက်ဆီး သူများ၏ ဘေးအန္တရာယ်မှ ကာကွယ် ခြင်းဥပဒေပုဒ်မဖြင့် အမှုဖွင့်ကာ တရားစွဲဆိုသွားရန် စီစဉ်ဆောင် ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦး က ဒီမိုကရေစီတူဒေးသို့ အတည်ပြု ပြောကြားသည်။

ကြက်ဟင်းခါး သီး၏ ကျန်းမာရေး စွမ်းပကား

Photo: ကြက်ဟင်းခါး သီး၏ ကျန်းမာရေး စွမ်းပကား
Monday,July 21, 2014  

ကြက်ဟင်းခါးသီး၏ စွမ်းပကား ခါးသက်သက် အရသာရှိတဲ့ ကြက်ဟင်းခါးသီးဟာ အပူပိုင်း စိုစွတ်တဲ့ရာသီမှာ ပေါက်လေ့ရှိပြီး အဓိကအားဖြင့် အာရှတိုင်းပြည်တွေနဲ့ တောင်အမေရိကတွေ မှာ တွေ့ရပါတယ်။ အရသာက ခါးသက်တယ်ဆိုပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။

အာဟာရတန်ဖိုး

ကြက်ဟင်းခါးသီးမှာ ကယ်လိုရီပါ ဝင်မှု အလွန်လျော့နည်းပါတယ်။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ အာဟာရဓာတ်တွေ အများ အပြား ပါဝင်ပါတယ်။ ဗီတာမင် B1 ၊ B2 နဲ့ B3၊ ဗီတာမင် စီ၊ မဂ္ဂနီဆီယမ်၊ ဖော လစ်အက်စစ်၊ ဇင့်(သွပ်)၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့ ကောင်းစွာ ပါ ဝင်နေပါတယ်။ သံဓာတ်ပါဝင်မှု များပြီး ဘီတာကယ်ရိုတင်းပါဝင်မှုဟာ ပန်းဂေါ်ဖီ စိမ်းထက် နှစ်ဆ၊ ကယ်လ်စီယမ် ပါဝင် မှုက ဟင်းနုနယ်ရွက်ထက် နှစ်ဆနဲ့ ပို တက်စီယမ်ပါဝင်မှုက ငှက်ပျောသီးထက် နှစ်ဆ အသီးသီး ပါဝင်နေပါတယ်။ ကြက် ဟင်းခါးသီးမှာ သွေးတွင်း သကြားဓာတ် ကို ကျစေတဲ့ အာနိသင်ရှိသလို Polypeptide P လို့ခေါ်တဲ့ အင်ဆူလင်လို ဒြပ် ပေါင်းတစ်မျိုးလည်း ပါဝင်တာကြောင့် ဆီး ချိုရောဂါရှိသူတချို့အတွက် ကောင်းကျိုး ရှိကြောင်း လေ့လာသူတွေက ဆိုပါတယ်။

ကျန်းမာရေး အကျိုးကျေးဇူးများ

(၁) သွေးပြဿနာများ ကြက်ဟင်းခါးသီးအရည်ဟာ သွေး ဆိပ်သင့်တာကြောင့်ဖြစ်တဲ့ အနာနဲ့ ယား ယံမှုတွေကို ကုသရာမှာ အလွန်အကျိုး ကျေးဇူးများပါတယ်။ လတ်ဆတ်တဲ့ ကြက် ဟင်းခါးသီးအရည်ကို သံပရာရည်နဲ့ ရောကာ အစာမရှိချိန် ဖြည်းဖြည်းချင်း ငုံပြီး နေ့စဉ်သောက်ပေးရင် ၄-၆လ အကြာမှာ သိသာတဲ့ တိုးတက်မှုကို တွေ့ရပါ တယ်။

(၂) ကာလဝမ်းးရောဂါ ကာလဝမ်းရောဂါ အစောပိုင်းအ ဆင့်မှာ ကြိတ်ခြေထားတဲ့ ကြက်ဟင်းခါး ရွက် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက် သွန်နီအရည် လက်ဖက်စားဇွန်း နှစ်ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်း တစ်ဇွန်း တို့ကို ဆတူရောပြီး နေ့စဉ် သောက်ပေး ပါ။

(၃) ဆီးးချိုရောဂါ ကြက်ဟင်းခါးသီးမှာ ပါတဲ့ အပင် ထွက်အင်ဆူလင်ဟာ ဆီးနဲ့ သွေးထဲက သကြားဓာတ်ကို လျော့ကျစေတဲ့ အကျိုး ကျေးဇူး ရှိပါတယ်။ ကြက်ဟင်းခါးသီးဟာ သွေးတွင်း အင်ဆူ လင်အဆင့်ကို တိုးစေ တာမျိုး မရှိဘဲ ဂလူးကို့စ်ခံနိုင်ရည်ရှိမှုကို သိသိသာသာ ကောင်းမွန်စေတာ ဖြစ်ပါ တယ်။

(၄) စွမ်းအင် ကြက်ဟင်းခါးသီး အရည်ကို ပုံမှန် သောက်ပေးတာကြောင့် စွမ်းအင်နဲ့ သက် လုံကို ကောင်းမွန်စေပါတယ်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

(၅) မျက်စိပြဿနာများ ကြက်ဟင်းခါးသီးမှာ ဘီတာကယ်ရို တင်းနဲ့ တခြားအာနိသင်တွေ ပါဝင်မှု မြင့် မားတာကြောင့် မျက်စိပြဿနာတွေကို ကင်းဝေးစေပြီး အမြင်အာရုံကို တိုးတက် ကောင်း မွန်စေပါတယ်။

(၆) အရက်နာကျခြင်း ကြက်ဟင်းခါးသီးအရည်ဟာ အ ရက်နာကျတဲ့ ဝေဒနာကို ကုသရာမှာ ကောင်းကျိုး ရှိပါတယ်။ အရက်သောက် တာကြောင့်ဖြစ်တဲ့ အသည်းဝေဒနာ တွေကို ပြုပြင်ပေးပြီး အသည်းကို သန့် စင်စေပါတယ်။

(၇) ကိုယ်ခံစွမ်းအား ကောင်းမွန်ခြင်း ကြက်ဟင်းခါးသီးအရည်ဟာ ကိုယ် ခံစွမ်းအားစနစ်ကို ကောင်းမွန်အောင် တည်ဆောက်ပေးပြီး ခန္ဓာကိုယ်ရဲ့ ရောဂါ တွန်းလှန်နိုင်စွမ်း ကို ကောင်းမွန်စေ ပါတယ်။

(၈) လိပ်ခေါင်း ကြက်ဟင်းခါးရွက်ကရတဲ့ အရည် လက်ဖက်စားဇွန်း သုံးဇွန်းကို ထောပတ်၊ နို့ တစ်ဖန်ခွက်နဲ့ ရောကာ နံနက်တိုင်း အစာမရှိချိန်မှာ သောက်ပေးရင် တစ်လအကြာမှာ သက်သာသွား ပါလိမ့်မယ်။ လိပ်ခေါင်းက နာကျင်နေရင် ကြက်ဟင်းခါးပင်ရဲ့ အမြစ်ကို စေးပျစ်အောင် ကြိတ်ပြီး လိပ်ခေါင်းပေါ်မှာ အုပ်ပေးပါ။

(၉) ဆိုးရီးယေးစစ်အရေပြားအနာ ကြက်ဟင်းခါးရွက်အရည်ကို ပုံမှန် သောက်ပေးရင် ဆိုးရီးယေးစစ်နဲ့ တခြား ဖန်းဂပ်စ်မှိုစွဲတဲ့ အရေပြားအနာတွေကို သက်သာစေပါတယ်။

(၁၀) အသက်ရှူလမ်းကြောင်း ပြဿနာများ လတ်ဆတ်တဲ့ ကြက်ဟင်းခါးသီး အရည် နှစ်အောင်စနဲ့ ရေရောထားတဲ့ ပျားရည်တစ်ခွက်ကို ရောသောက်ပေးရင် ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာ စတဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။ သတိပြုရန် ဆီးချိုကုသဆေးသောက်နေတဲ့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကြက်ဟင်းခါးအရည် မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကြက်ဟင်းခါးသီးကို အလွန်အမင်း စားသောက်တာမျိုး ရှောင်သင့်ပါတယ်။

Good Health

ကြက်ဟင်းခါးသီး၏ စွမ်းပကား ခါးသက်သက် အရသာရှိတဲ့ ကြက်ဟင်းခါးသီးဟာ အပူပိုင်း စိုစွတ်တဲ့ရာသီမှာ ပေါက်လေ့ရှိပြီး အဓိကအားဖြင့် အာရှတိုင်းပြည်တွေနဲ့ တောင်အမေရိကတွေ မှာ တွေ့ရပါတယ်။ အရသာက ခါးသက်တယ်ဆိုပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။

မန္တလေးကျုံးဘေး လမ်းတစ်လျှောက်ရှိ အဆောက်အအုံများ ၄၆ ပေ အမြင့်ထိသာ ဆောက်လုပ် ခွင့် ပြုမည်

Photo: မန္တလေးကျုံးဘေး လမ်းတစ်လျှောက်ရှိ အဆောက်အအုံများ ၄၆ ပေ အမြင့်ထိသာ ဆောက်လုပ် ခွင့် ပြုမည်
Monday,July 21, 2014 

မန္တလေးမြို့ ကျုံးဘေးလမ်း တစ်လျှောက် ရှိ အဆောက်အအုံများ အမြင့်ဆုံး ထားရှိနိုင်မည့် အမြင့်ကို သတ်မှတ်နိုင်ရန် အတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး၌ ဇူလိုင် တတိယပတ် အတွင်းက ဆွေးနွေး ညှိနှိုင်းခဲ့ရာ ကျုံးမြို့ရိုးဘေးရှိ မြေပြင်အမြင့် BM (ညွှန်းကိန်း)ကို ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှအမြင့် (MSL) ၂၅၂ ပေရှိသည့် အရပ်များမှ ၁၄ ဒီဂရီ တိုင်းတာ သတ်မှတ်ခဲ့သည်။

ထိုသို့ သတ်မှတ်သဖြင့် ကျုံးရှေ့ လမ်းဘေးကပ်လျက် အဆောက်အအုံများသည် ၄၆ ပေ အမြင့်အထိ ဆောက်လုပ်နိုင်မည် ဖြစ်ပြီး ၎င်းနောက်ပိုင်းရှိ အဆောက်အအုံများသည် အချိုးကျ မြင့်တက် ဆောက်လုပ်နိုင်မည် ဖြစ်သည်။ ထိုသို့ တွက်ချက်မှုများသည် ပညာရှင်များ ပါဝင်သော အဖွဲ့၏ လေ့လာ သုံးသပ်ချက်များအပေါ် အခြေခံ သတ်မှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ
မန္တလေးမြို့ ကျုံးဘေးလမ်း တစ်လျှောက် ရှိ အဆောက်အအုံများ အမြင့်ဆုံး ထားရှိနိုင်မည့် အမြင့်ကို သတ်မှ တ်နိုင်ရန် အတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး၌ ဇူလိုင် တတိယပတ် အတွင်းက ဆွေးနွေး ညှိနှိုင်းခဲ့ရာ ကျုံးမြို့ရိုးဘေးရှိ မြေပြင်အမြင့် BM (ညွှန်းကိန်း)ကို ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှ အမြင့် (MSL) ၂၅၂ ပေရှိသည့် အရပ်များမှ ၁၄ ဒီဂရီ တိုင်းတာ သတ်မှတ်ခဲ့သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မြန်မာရွှေ့ပြောင်း လုပ်သားများ သတင်းပို့ ကောင်တာ ဖွင့်လှစ်

Photo: ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မြန်မာရွှေ့ပြောင်း လုပ်သားများ သတင်းပို့ ကောင်တာ ဖွင့်လှစ်
Monday,July 21, 2014  

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ရှိ Lobby ပြည်ပထွက်ခွာခန်းမ (Departure)နှင့် ပြည်ပဆိုက် ရောက်ခန်း မArrival Lobby) တို့တွင် မြန်မာရွှေ့ပြောင်းလုပ်သားများ သတင်းပို့ကောင်တာ(Myanmar Migrant Workers' Reporting Counter) တစ်ခုစီအား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဖွင့်လှစ်ခဲ့သည်။

''မြန်မာရွှေ့ပြောင်း လုပ်သားတွေ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်မှု လျော့နည်း ပပျောက်စေဖို့နဲ့ ရွှေ့ပြောင်းလုပ်သား များရဲ့ အခွင့်အရေးအပြည့် အဝရရှိဖို့ဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်စောင့်ရှောက်မှုကို တိုးမြှင့်ပေးနိုင်ရေးနဲ့ ပြည်ပထွက်ခွာနဲ့ ဆိုက်ရောက် တွေမှာနေ့စဉ် ဝင်ထွက်သွားလာ နေတဲ့လုပ်သား ကျား/မစာရင်းကို အတိအကျဖို့နဲ့ အခြား သတင်း အချက်အလက်တွေကို စုဆောင်းနိုင်ဖို့ ဖြစ်ပါတယ်''ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူတစ်ဦး ကပြော ကြားသည်။

အဆိုပါ သတင်းပို့ကောင်တာတွင် အလုပ် သမားများသိသင့်သည့် အချက်အလက်များ အား ရှင်းလင်း ဆွေးနွေးခြင်းနှင့် ရွှေ့ပြောင်း လုပ်သားများ၏ အလုပ်အကိုင်နှင့် ပတ်သက်သည့် အချက်အလက်များ၊ နိုင်ငံများ၊ သက်ဆိုင်ရာ နိုင်ငံများ၏ ခေါ်စာနှင့်ဆက်သွယ်ရ မည့်လိပ်စာ များအား အချက်အလက်ပြည့်စုံစွာ သတင်းပို့ခြင်းနှင့် ဖောင်ပုံစံများအား ဖြည့်စွက် ရမည် ဖြစ်သည်။ ထို့ပြင် ကောင်တာမှ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံး ဖုန်းနံပါတ်များ၊ သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ ဥပဒေနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ဆောင်ရန်၊ ရှောင်ရန်များနှင့် ထွက်ခွာမည့်ရွှေ့ပြောင်း လုပ်သားများ၏ သက်ဆိုင်ရာ အလုပ်သမား သံအရာရှိ ဖုန်းနံပါတ်များနှင့် သတိပေးလက် ကမ်းစာစောင်များကို ဖြန့်ဝေပေးသွားမည် ဖြစ်သည်။

အဆိုပါ ဖွင့်ပွဲသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဦးအေးမြင့်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဒုတိယဝန်ကြီး၊ ပြည်ပ အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေး ကော်မတီဝင်များ၊ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ILO, IOM World Visionတို့မှ ကိုယ်စားလှယ်များနှင် HRD Korea မှ ဌာနေ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ထိုဖွင့်ပွဲနှင့်အတူ အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ ကိုရီးယား သမ္မတနိုင်ငံသို့ မြန်မာ ရွှေ့ပြောင်းလုပ်သား ၃၉ ဦးအား စေလွှတ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်နှင့် အဖွဲ့ဝင်များက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်းသိရသည်။

မောင်မျိုး(ဧရာဝတီ)
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ရှိ Lobby ပြည်ပထွက်ခွာခန်းမ (Departure)နှင့် ပြည်ပဆိုက်ရောက်ခန်းမ Arrival Lobby) တို့တွင် မြန် မာရွှေ့ပြောင်း လုပ်သားများ သတင်းပို့ကောင်တာ(Myanmar Migrant Workers' Reporting Counter) တစ်ခုစီအား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဖွင့်လှစ်ခဲ့သည်။

ပီနန်ဆရာတော်ကြီး ကိုယ်တိုင် သက်သေခံစာ တင်သွင်းမှ လက်ခံမည်ဆိုသဖြင့် တရားရုံး စစ်ဆေးမှု ရပ်ဆိုင်း တောင်းဆို

Photo: ပီနန်ဆရာတော်ကြီး ကိုယ်တိုင် သက်သေခံစာ တင်သွင်းမှ လက်ခံမည်ဆိုသဖြင့် တရားရုံး စစ်ဆေးမှု ရပ်ဆိုင်း တောင်းဆို
Monday,July 21, 2014 

ပိုင်ဆိုင်မှု အငြင်းပွားနေသော သန္တိသုခကျောင်းတိုက် ကိစ္စနှင့် ပတ်သတ်ပြီး ပီနန်ဆရာတော်ကြီး ကိုယ်တိုင် သက်သေခံစာ တင်သွင်းမှ လက်ခံမည် ဆိုသဖြင့် တရားရုံး စစ်ဆေးမှုကို ရပ်ဆိုင်းရန် အကျိုးဆောင်ရှေ့နေက တောင်းဆိုခဲ့ကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

တာမွေမြို့နယ် တရားရုံးတွင် ဇူလိုင် ၁၈ ရက်နေ့က ပြုလုပ်သော ပဉ္စမအကြိမ် ရုံးချိန်းတွင် ပီနန်ဆရာတော်၏ လက်မှတ်ပါ သက်သေခံ တင်သွင်းသည့် စာကို စာအဖြစ် လက်ခံသော်လည်း မိတ္တူများ ဖြစ်နေသည့်အတွက် ပီနန်ဆရာတော် ကိုယ်တိုင် လာရောက်တင်သွင်းမှ လက်ခံရန် တရားလို အကျိုးဆောင်ရှေ့နေက ကန့်ကွက်ခဲ့ပြီး တရားရုံးက မိတ္တူဖြစ်သည့်အတွက် ပယ်ချသဖြင့် တရားစွဲဆိုခံ ဆရာတော်များ၏ ဥပဒေ အကျိုးဆောင်ရှေ့နေ ဦးသန်းထွန်းအောင်က တရားမမျှ၍ တရားရုံး စစ်ဆေးမှုကို ရပ်ဆိုင်းရန် တောင်းဆိုခဲ့၍ တရားရုံး စစ်ဆေးမှုကို ရပ်ဆိုင်းခဲ့ပြီး သြဂုတ် ၁ ရက်နေ့ကို ချိန်းဆိုခဲ့ကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

ယင်းကဲ့သို့ အချေအတင် ဖြစ်ခဲ့သော သက်သေခံစာများကို ခရိုင်တရားရုံးသို့ တင်ပြပြီး ပြန်လည်စစ်ဆေး ညွန်ကြားလျှင် ပြန်လည် စစ်ဆေးရမည် ဖြစ်သဖြင့် သြဂုတ်လ ၁ ရက်ကို တရားရုံးချိန်း သက်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း တရားစွဲဆိုခံ ဆရာတော်များ၏ ဥပဒေအကျိုးဆောင် ဦးသန်းထွန်းအောင်က ပြောကြားသည်။

“ပီနန်ဆရာတော်ဘုရားကြီး လက်မှတ်ထိုးထားတာကို သက်သေခံ တင်တယ်။ သက်သေခံ တင်တဲ့အတွက် တရားသူကြီးရဲ့ ပမာဒလေခကြောင့် လက်မှတ်ထိုးတာကို သတိမမူမိဘဲနဲ့ ငြင်းလိုက်တယ်။ သက်သေခံ မဝင်ဘူး။ အဲဒီအတွက် မကျေနပ်ဘူး။ ဆက်စပ် သံဃာတော် တရားခံတွေကိုပါ နစ်နာတဲ့အတွက် တရားစီရင်ရေးကို ရပ်ပေးပါ။ အထက်ရုံးကို တက်မယ်လို့ ပြောတဲ့အတွက် တရားစီရင်ရေး ရပ်ဆိုင်းလိုက်ပါတယ်။ သြဂုတ် ၁ ရက်ကို ချိန်းလိုက်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

သန္တိသုခကျောင်းတိုက်သည် ယခင်ကတည်းက သံဃိကပစ္စည်း ဖြစ်ပြီး မဟန ပိုင်ဆိုင်ကြောင်း ကြေညာထားပြီး ဖြစ်သည်ဟု သာသနာရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးထွန်းညွန့်က ဆိုသည်။

“မဟန ဆရာတော်တွေကို သက်သေအဖြစ် တင်မယ်လို့တော့ မကြားမိသေးပါဘူး။ ကိုယ်တို့ဘက်ကတော့ တင်ဖို့ မရှိပါဘူး။ မဟန ဆရာတော်တွေက ဝိနစ္စခုံရုံး မဟုတ်တဲ့အတွက် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်တွေနဲ့ မပတ်သက်ပါဘူး ညီလေးရယ်။ အရပ်ဘက် တရားရုံးမှာလည်း စွဲဆိုလို့ မရပါဘူး” ဟု ၎င်းက ပြောကြားသည်။

သက်သေခံများကို စစ်ဆေးရာတွင် နိုင်ငံတော် သံဃမဟာနာယကမှ အမိန့်ချ ဆရာတော်များ၊ တွဲဖက်အကျိုးတော်ဆောင်နှင့် တိုင်းဥက္ကဋ္ဌ ဆရာတော်များ မပါဝင်ဘဲ ပီနန်ဆရာတော်ကြီး ကိုယ်တိုင် လာရောက် သက်သေခံ တင်ပြမှ လက်ခံမည် ဆိုလျှင် နစ်နာကြောင်း လန်ဒန်ဆရာတော်က မိန့်ကြားသည်။

နိုင်ငံတော် သံဃမဟာနာယကက ပီနန်ဆရာတော်ထံ သန္တိသုခကျောင်းတိုက်မှ ထွက်ခွာပေးရန် မတ်လကုန်တွင် စာပို့ အကြောင်းကြားခဲ့သဖြင့် ပီနန်ဆရာတော်က ကျောင်းကို မိမိပိုင်ဆိုင်သဖြင့် ထွက်မသွားနိုင်ကြောင်း ပြန်လည် အကြောင်းကြားသည့် စာကို တရားစွဲဆိုခံ ဆရာတော် ဦးတေဇိန္ဒက ဇူလိုင် ၁၈ ရက် ရုံးချိန်းတွင် သက်သေခံစာအဖြစ် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

လန်ဒန်ဆရာတော် ဦးဥတ္တရ တိုင်းသံဃဥက္ကဋ္ဌ အပါအဝင် သံဃာအပါး ၂၀ ကို မတရား ဖမ်းဆီးချုပ်နှောင်မှုဖြင့် ပြန်လည်တရားစွဲဆိုရန် ဗဟန်းတရားရုံးသို့ အမှုဖွင့်ခဲ့သော်လည်း ဗဟန်းတရားရုံးက လက်မခံကြောင်း သိရသည်။

သန္တိသုခကျောင်းတိုက်ကို နိုင်ငံတော် သံဃမဟာနာယကက ပိုင်ဆိုင်သည် ဆိုကာ ပီနန်ဆရာတော် ပြည်ပခရီးစဉ် ကြွနေချိန် ဇွန်လ ၁၀ ရက် ညလယ်ချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် သံဃာတော်များ ပူးပေါင်းကာ ကျောင်းတိုက်ကို ချိပ်ပိတ်ခဲ့ပြီး လန်ဒန်ဆရာတော် ဦးဥတ္တရ၊ ဦးတေဇိန္ဒ၊ ဦးသုန္ဒရ၊ ဦးနန္ဒိယနှင့် ဦးပညာဝရတို့ကို ၂၀/၉၀ နှင့် ပုဒ်မ ၂၉၅ (က) ဖြင့် ရန်ကုန်တိုင်း သာသနာရေးမှူး ဦးစိန်မော်က တရားလိုအဖြစ် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

The Vocie Weekly
ပိုင်ဆိုင်မှု အငြင်းပွားနေသော သန္တိသုခကျောင်းတိုက် ကိစ္စနှင့် ပတ်သတ်ပြီး ပီနန်ဆရာတော်ကြီး ကိုယ်တိုင် သက်သေခံစာ တင်သွင်းမှ လက်ခံမည် ဆိုသဖြင့် တရားရုံး စစ်ဆေးမှုကို ရပ်ဆိုင်းရန် အကျိုးဆော င်ရှေ့နေ က တောင်းဆိုခဲ့ကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

အာဇာနည်နေ့တွင် စက်ရုံမပိတ်ဘဲ အချိန်ပိုဆင်းခိုင်းသော စက်ရုံနှစ်ရုံကို တရားစွဲ

အာဇာနည်နေ့တွင် စက်ရုံမပိတ်ဘဲ အချိန်ပိုဆင်းခိုင်း သော စက်ရုံရှစ်ရုံစစ်ဆေးတွေ့ရှိ ၍ အထည်ချုပ်စက်ရုံနှစ်ရုံကို တရားစွဲဆိုထားကြောင်း အလုပ် ရုံနှင့် အလုပ်သမားဥပဒေစိစစ် ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးဝင်းရှိန်ကပြောသည်။

ဖေ့စ်ဘွတ်ခ်သုံးစွဲမှု လုံခြုံရေးအတွက် မိုဘိုင်းဖုန်းနံပါတ်ဖြင့် SMS ပေးပို့ကာ အကောင့်ပြုလုပ်နိုင်ရန် ပြည်တွင်းတွင် ဆာဗာထားရှိပေးနိုင်ရေး ဖေ့စ်ဘွတ်ခ်ကုမ္ပဏီနှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက် သွားမည်

ရန်ကုန်၊ ဇူလိုင် ၂ဝ- ဖေ့စ်ဘွတ်ခ်သုံးစွဲမှု လုံခြုံမှုရှိစေရန်အတွက် မိုဘိုင်း ဖုန်းနံပါတ်ဖြင့် အကောင့်ပြုလုပ်၍ SMS ပေးပို့သည့်စနစ်ဖြင့် ဖေ့စ်ဘွတ်ခ် အကောင့်ပြုလုပ်နိုင်ရန် ပြည်တွင်းတွင် ဆာဗာထားရှိပေးနိုင်ရေး ဖေ့စ်ဘွတ်ခ် ကုမ္ပဏီနှင့်ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန တို့ပူးပေါ င်းဆောင် ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

သမ္မတရုံးတာဝန်ရှိသူအချို့ပင် Hate Speech များ ဝေမျှခဲ့ခြင်းရှိဟု ဘလော့ဂါတစ်ဦးထောက်ပြ

Photo: သမ္မတရုံးတာဝန်ရှိသူအချို့ပင် Hate Speech များ ဝေမျှခဲ့ခြင်းရှိဟု ဘလော့ဂါတစ်ဦးထောက်ပြ
Monday,July 21, 2014 

လူမှုကွန်ရက်စာမျက်နှာ များတွင်အမုန်းစကား (Hate Speech) များနှင့် ပတ်သက်၍ ဝေမျှခြင်းများကို သမ္မတရုံးမှတာ ၀န်ရှိသူအချို့ကိုယ် တိုင်ပင်ပြော ခဲ့ဖူးသည်ကို တွေ့ခဲ့ရကြောင်း ‘‘တာဝန်ယူရဲသော၊ တာဝန်ခံမှုရှိ သော လူမှုကွန်ရက်မီဒီယာ’’ လူထုဆွေးနွေးပွဲစကားဝိုင်းတွင် ဘလော့ဂါ ကိုညီလင်းဆက်က ပြော သည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် စပ်လျဉ်း ၍ ဖြစ်စဉ်အား သေချာစွာ မသိရ သေးသည့်အချိန်တွင် သမ္မတရုံး မှတာဝန်ရှိသူအချို့သည် အမုန်း စကားအဖြစ် သက်ရောက်စေ သည့်စကားမျိုး ပြောကြားခဲ့သည် ကို လူမှုကွန်ရက်စာမျက်နှာတွင် တွေ့ခဲ့ရကြောင်း ကိုညီလင်းဆက် ကဆိုသည်။

‘‘အမုန်းစကားတွေနဲ့ ပတ် သက်ရင် သမ္မတရုံးကို၌ပင် တ ကယ့် Hate Speech ကိုပြောခဲ့ တာမျိုးတွေရှိတယ်။ သုံးရက် လောက်ကြာလို့ ကြည့်လိုက်တော့မရှိတော့ဘူး။ အကုန် Clean လုပ် လိုက်တယ်’’ဟု ကိုညီလင်းဆက် ကဆိုသည်။

လက်ရှိ လူမှုကွန်ရက်စာ မျက်နှာများတွင်  ပဋိပက္ခဖြစ်စေ သော စာသားများ၊ အမုန်းစကား များဖြင့် လှုံ့ဆော်ခြင်းနှင့်ပတ် သက်ပြီး စနစ်တကျစိစစ်လုပ် ဆောင်သွားရန် သမ္မတရုံးဝန်ကြီးဌာနမှ အဆိုပါဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင် ရွက်ရန် တရားဝင်ကမ်းလှမ်းမှု များပြုလုပ် ရန် လိုအပ်နေကြောင်း ကိုညီလင်းဆက်ကပြောသည်။

တာဝန်ခံမှုရှိသော လူမှုကွန် ရက်မီဒီယာတစ်ခုဖြစ်စေရန်အ တွက် အရပ်ဘက်အဖွဲ့အစည်း များအား အသိပညာပေးနေရုံဖြင့် မလုံလောက်ဘဲ အစိုးရဘက်ပိုင်း တွင်လည်း Awarness များစွာ ရှိရန်လိုအပ်နေပြီး အရေးပေါ်ကိစ္စ တစ်ခုခုကြုံလာပါ ဌာနဆိုင်ရာမှ မသိရှိလိုက်သည့် အခြေအနေများ အများကြီးရှိခဲ့ဖူးကြောင်း မြန်မာ အိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ (Admin & LogisticsManager) မရတနာထွန်းက ပြောသည်။

‘‘အရက်ဘက်အဖွဲ့အစည်း တွေကိုပဲ ပညာပေးမယ်ပြောနေ တယ်။ တကယ်တမ်းကျ အစိုးရ ကိုလည်း အရည်အချင်းပြည့်မီ လာဖို့အတွက် အသိပညာပေး တာတွေလုပ်ရဦးမယ်’’ဟု MIDO ၏ စီမံခန့်ခွဲရေးဒါရိုက်တာ ကိုနေ ဘုန်းလတ်ကပြောသည်။

လူမှုကွန်ရက်မီဒီယာများ သည် ပြည်တွင်း၌ရေးသားထုတ် ဝေနေသော သတင်းစာ၊ ဂျာနယ်များဖြစ်သည့် ပုံနှိပ်မီဒီယာများကဲ့သို့ တာဝန်ယူမည့်သူမရှိဘဲ ရေးသူကိုလည်း မသိရှိနိုင်သည့်အတွက် အဆိုပါရေးသားမှုများအား   ဖတ်မည်ဆိုပါက ကိုယ်တိုင်စိစစ်ဆုံး ဖြတ်၍ ဖတ်ရန်လိုအပ်ကြောင်း ကိုနေဘုန်းလတ်ကဆိုသည်။

အွန်လိုင်းပေါ်တွင် အမုန်း စကားများ ပြောကြားခြင်းနှင့် ပတ်သက်ပြီး လက်ရှိအချိန်အထိ အရေးယူခြင်းမျိုး မရှိသေးဘဲ လွတ်လပ်စွာ ပြောဆိုခွင့်အပေါ် ဆင်ဆာဖြတ်ခြင်း၊ အရေးယူခြင်းမျိုးထက် စနစ်တကျဖြင့်  မည်ကဲ့သို့ ကာကွယ်မည်ဆိုသည်ကို ပူးပေါင်းဆောင်ရွက်ပြီး အကောင် အထည်ဖော်သွားရန် စီစဉ်ထား ကြောင်း ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။

ဆွေးနွေးပွဲတွင် နိုင်ငံတကာ ထိပ်တန်းနည်းပညာကုမ္ပဏီများ ဖြစ်သည့် ဖေ့စ်ဘွတ်ခ်နှင့် ဂူးဂဲလ်တို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပြည် တွင်းမှ ပညာရှင်များ၊ အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ ဆွေးနွေးခဲ့ကြ သည်။

7Day DAILY 

တာဝန်ယူမှုရှိသော လူမှုကွန်ရက်မီဒီယာအမည်ဖြင့် ဆွေးနွေးပွဲစကားဝိုင်း ကိုကျင်းပနေစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)
တာဝန်ယူမှုရှိသော လူမှုကွန်ရက်မီဒီယာအမည်ဖြင့် ဆွေးနွေးပွဲစကားဝိုင်း ကိုကျင်းပနေစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)
လူမှုကွန်ရက်စာမျက်နှာ များတွင်အမုန်းစကား (Hate Speech) များနှင့် ပတ်သက်၍ ဝေမျှခြင်းများကို သမ္မတရုံးမှ တာ ၀န်ရှိသူအချို့ကိုယ် တိုင်ပင်ပြော ခဲ့ဖူးသည်ကို တွေ့ခဲ့ရကြောင်း ‘‘တာဝန်ယူရဲသော၊ တာဝန်ခံမှုရှိ သော လူမှုကွန်ရက်မီဒီယာ’’ လူထုဆွေးနွေးပွဲစကားဝိုင်းတွင် ဘလော့ဂါ ကိုညီလင်းဆက်က ပြော သည်။ 

အရပ်ပုသူများ အရပ်ရှည်သူများထက် ယုံကြည်မှု နိမ့်ပါးနိုင်ကြောင်း အောက်စဖို့ဒ် တက္ကသိုလ် သုတေသနဆို

အရပ်ပုသူများအနေဖြင့် မိမိကိုယ်ကို ယုံကြည်မှု နိမ့်ပါးနိုင်ကြောင်း၊ အောက်စဖို့ဒ် တက္ကသိုလ်သုတေသန တစ်ခုက မကြာသေးမီကဆိုခဲ့သည်ဟု မတ်လ ၄ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဂျပန်ကားများ လေလံဈေးကျ

Photo: ဂျပန်ကားများ လေလံဈေးကျ
Monday,July 21, 2014

လေလံဆွဲသူ များပြားခြင်းကြောင့် မြန်မာနိုင်ငံတွင် လူကြိုက်များသည့် ဂျပန် မော်တော်ယာဉ်အချို့ (အင်ဂျင်ပါဝါ ၁၃၀၀ စီစီနှင့်အောက်) ဇွန်လအတွင်းက ဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း စလစ်ဈေးနှုန်း ကျဆင်းသွား၍ ဂျပန်လေလံ ဈေးနှုန်းများလည်း ကျဆင်းသွားကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းမှ သိရသည်။

ယခုရက်ပိုင်းတွင် လေလံဆွဲလိုသည့် မော်တော်ယာဉ်များ အားလုံး လေလံဆွဲသူများ၏ ကြိုက်ဈေးအတိုင်း ရရှိကြောင်း ဂျပန်နိုင်ငံ လေလံဈေးကွက် အတွင်းမှ လေလံဆွဲ၍ ပြည်တွင်းတွင် ပြန်လည် ဝယ်ရောင်းပြုလုပ်သူ အချို့ထံမှ သိရသည်။

“အရင်က စလစ်ဈေးက အရမ်းမြင့်နေတော့ ဝယ်တဲ့လူတွေက Free Permit ကားတွေကိုပဲ အသည်းအသန် လိုက်ဆွဲနေတော့ ဈေးက တက်လာတာ။ အခုတော့ စလစ်ဈေးက ကျလာတော့ စလစ်ဘက်ကို အာရုံပြန်ရောက်လာတော Free Permit ကားတွေဘက် အာရုံစိုက်သူ နည်းပြီး ဂျပန် လေလံဈေးကွက်ထဲ မှာလည်း ဆွဲတဲ့သူ နည်းပြီး ဈေးနှုန်းတွေ ကျလာတာပါ” ဟု မော်တော်ယာဉ် ဝယ်ရောင်း ဦးမြတ်မင်းချစ်က ပြောကြားသည်။

ဂျပန် လေလံဈေးကွက်အတွင်း လူကြိုက်များသည့် အိမ်စီးမော်တော်ယာဉ် အများစု လေလံဈေးနှုန်းများ ကျဆင်းလာပြီး ဂျပန်ယန်း ငါးသောင်းမှ တစ်သိန်းအထိ ဈေးနှုန်းကျဆင်းကာ ပြည်တွင်း မော်တော်ယာဉ် ဈေးကွက်တွင်လည်း မူလအောက် ကျပ် ၅ သိန်းခန့် ဈေးနှုန်း ကျဆင်းကြောင်း ၎င်းကဆိုသည်။

လတ်တလော ဂျပန်လေလံ ဈေးနှုန်းများမှာ ဘယ်လ်တာ (၂၀၀၉ မော်ဒယ်လ်) တစ်စီးလျှင် ဂျပန်ယန်း ၆၃၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆၃,၀၀၀)ခန့်၊ ဟွန်ဒါဖစ် (၂၀၀၉ မော်ဒယ်လ်) တစ်စီးလျှင် ယန်း ၄၄၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄၄,၀၀၀) နှင့် ဆူဇူကီး ကယ်ရီထရပ် (၂၀၀၆ မော်ဒယ်လ်) တစ်စီးလျှင် ယန်း ၃၂၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃၂,၀၀၀) ခန့်ဖြင့် လေလံအောင်ကြောင်း ဂျပန်လေလံ ဈေးကွက်အတွင်းမှ သိရသည်။

The Voice Weekly
လေလံဆွဲသူ များပြားခြင်းကြောင့် မြန်မာနိုင်ငံတွင် လူကြိုက်များသည့် ဂျပန် မော်တော်ယာဉ်အချို့ (အင်ဂျင် ပါဝါ ၁၃၀၀ စီစီနှင့်အောက်) ဇွန်လအတွင်းက ဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း စလစ်ဈေးနှုန်း ကျဆင်းသွား၍ ဂျပန်လေလံ ဈေးနှုန်းများလည်း ကျဆင်းသွားကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းမှ သိရသည်။

"အလိုရှိသည် ဆုငွေ ဘတ် ၅၀၀၀၀ "

ကြေညာချက် ။ သတိထားရန် ။ ထိုင်းရောက် မြန်မာနိုင်ငံသား(ရှမ်းလူမျိုး) လိမ်လည်ပြီး အန္တရယ်ပေးနေ သည့် (တိုရင်း ခေါ် စိုင်းကျွန်)

၂၀၁၅ မတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲ စတင်ဆွေးနွေးလိုဟု သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းပြောကြား

၂၀၁၅ ခုနှစ် မတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲ စတင် ဆွေးနွေး လိုဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် လွှတ်တော်အခန်းကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တွင် ပြောဆိုခဲ့ ကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ပြည်သူ့လွှတ် တော် ကိုယ်စား လှယ် ဒေါ်နန်းဝါနု ကဒီမို ကရေစီတူဒေးသို့ ပြောသည်။

မန္တလေးတွင် လွတ်လပ်သော သတင်းသမားများသမဂ္ဂ ဖွဲ့စည်းမည်

Photo: မန္တလေးတွင် လွတ်လပ်သော သတင်းသမားများသမဂ္ဂ ဖွဲ့စည်းမည်
Monday, July 21, 2014

အထက်မြန်မာပြည် သတင်းမီဒီယာလုပ်ငန်း အခြေစိုက်ရာ မြို့ကြီးဖြစ်သော မန္တလေးမြို့တော်တွင် သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သည့် သတင်းသမားများအရေး ဆောင်ရွက်ရန် လွတ်လပ်သော သတင်းသမားများသမဂ္ဂ အဖွဲ့ကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း မန္တလေးမြို့ အခြေစိုက် သတင်းသမားများထံမှ သိရှိရသည်။

အဆိုပါသမဂ္ဂကို သတင်းမီဒီယာအပေါ် ဖိနှိပ်မှုရပ်တန့်ရေး၊ သတင်းလွတ်လပ်ခွင့် ရရှိရေး၊ သတင်းသမားများ အကျိုးစီးပွား ကာကွယ်ရေး စသည့် အချက်များဖြင့် ဖွဲ့စည်းရန် ရည်ရွယ်ကြောင်း ယင်းသမဂ္ဂ ဖွဲ့စည်းရေး ကော်မတီထံမှ သိရှိရသည်။

ယင်းသမဂ္ဂကို ဖွဲ့စည်းရေးအတွက် မန္တလေးမြို့ခံ သတင်းသမားများ အများစု ပါဝင်သော ဆွေးနွေးပွဲအရ ရွေးချယ်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း မန္တလေးခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးမင်းဒင်က ပြောကြားသည်။

အဆိုပါ လွတ်လပ်သော သတင်းသမားများသမဂ္ဂ ဖွဲ့စည်းရေးကော်မတီကို ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံတက္ကသိုလ် လမ်းပေါ်ရှိ ဗေဒါသင်တန်းကျောင်း၌ ဖွဲ့စည်းခဲ့ပြီး မန္တလေးအခြေစိုက် BBC၊ DVB၊ မန္တလေးခေတ်၊ ပဲ့တင်သံ၊ မြန်မာတိုင်းမ်၊ မဇ္ဈိမ၊ အဓိပတိ၊ The Voice၊ True News နှင့် ဧရာဝတီ သတင်းဌာနတို့မှ သတင်းထောက်များ တက်ရောက် ဖွဲ့စည်းခဲ့ကြသည်။

ယင်းမြို့တွင်ပင် မန္တလေးမြို့တော် မဟာအောင်မြေမြို့နယ် ၄၂ လမ်း မနော်ယမံကွင်းရှိ ပြည်သူ့ဟစ်တိုင်ကွင်း၌ နံနက် ၉ နာရီမှ ၁၁ နာရီ ၃၀ မိနစ်အထိ ပြုလုပ်သော မီဒီယာဖိနှိပ်မှု ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်ပွဲလည်း ပြုလုပ်ခဲ့ပြီး မြို့ခံသတင်းထောက် တစ်ဦးသည် ကင်မရာကိုင်ပေါက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း မြို့ခံသတင်းသမားများထံမှ သိရှိရသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် မန္တလေး၊ မုံရွာ၊ ပခုက္ကူမြို့တို့မှ သတင်းသမား ၄၀ ဦးခန့် တက်ရောက်ခဲ့ပြီး ယူနတီဂျာနယ်မှ သတင်းထောက်များကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။

The Voice Weekly
အထက်မြန်မာပြည် သတင်းမီဒီယာလုပ်ငန်း အခြေစိုက်ရာ မြို့ကြီးဖြစ်သော မန္တလေးမြို့တော်တွင် သတင်း မီဒီယာ လုပ်ငန်း လုပ်ကိုင်သည့် သတင်းသမားများအရေး ဆောင်ရွက်ရန် လွတ်လပ်သော သတင်း သမားများ သမဂ္ဂ အဖွဲ့ကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း မန္တလေးမြို့ အခြေစိုက် သတင်းသမားများထံမှ သိရှိရ သည်။

မိုင်းလင်းဒေသ ရွှေတူးဖော်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရန်ညွှန်ကြား

ရှမ်းပြည်နယ်အရှေ့ပိုင်း ရှိ မိုင်းလင်းရွှေတူးဖော်ရေးလုပ် ငန်းများကို  လယ်သမားများ တိုင်ကြားမှုကြောင့် လုပ်ငန်းများ ရပ်ဆိုင်ထားရန် ရှမ်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီးဦးစိုင်း အိုက်ပေါင်းက ညွှန်ကြားထား ကြောင်း သတင်းရရှိသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကြိုတင်မဲပေးခွင့် ရှိသူများ စာရင်း ရွေးကောက်ပွဲ မတိုင်မီ ထုတ်ပြန်မည်ဟုဆို

ယခင် ရွေးကောက်ပွဲများတွင် ကြိုတင် ကြေညာပေးလေ့ မရှိသော ကြိုတင်မဲပေးနိုင်သူများ စာရင်းကို ဒီဇင် ဘာလ အတွင်း ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ တိတိကျကျ ထုတ်ပြန် ကြေညာပေး သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးညွန့်တင်က ပြောကြားသည်။

ခွင့်ပြုချက်မရသေးဘဲ ရွှေတူးဖော်သည့် KNU ၊ KNLA ရုံးခန်းကို ဒေသခံများ ၀င်ရောက်မီးရှို့

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် လေးမိုင် ကျေးရွာအနီးရှိ ခလိုင်း ကျစ်ဒေသ တွင် ရွှေ တူးဖော်ရေး လုပ်ငန်း လုပ်ကိုင်နေသော ကရင်အမျိုး သားအစည်း အရုံး၊ ကရင်လွတ် မြောက်ရေး တပ်မတော် (ငြိမ်းချမ်း ရေးကောင်စီ) အမည်ခံကုမ္ပဏီ ရုံးခန်း၏ လူနေတဲများကို ဒေသခံရွာသားများက ၀င်ရောက်မီးရှို့ဖျက်ဆီးမှု ဇူလိုင် ၁၆ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

လိုင်ဇာညီလာခံတက်မည့် တိုင်းရင်းသားအဖွဲ့များကို အစိုးရအစီအစဉ်ဖြင့် ပို့ဆောင်မည်

လိုင်ဇာညီလာခံသို့ တက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များကို အစိုးရ အစီအစဉ်ဖြင့် လမ်းကြောင်းသုံးနေရာမှ ပို့ ဆောင်ပေးနေကြောင်း သတင်းရရှိသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တပ် မ တော် ကာ ကွယ် ရေး ဦး စီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဇာနည်နေ့ အထိမ်းအမှတ် ရည်စူးကုသိုလ် အမျှ ပေးဝေခြင်း အခမ်း အနားသို့ တက်ရောက်

(၆၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ရည်စူးကုသိုလ် အမျှပေးဝေခြင်း အခမ်းအနားကို ယနေ့ နံနက် ၁ဝနာရီတွင် နေပြည်တော် ကောင်စီ နယ်မြေ ဇမ္ဗူ သီရိမြို့နယ် နေပြည်တော် ကောင်စီရုံး ဇမ္ဗူသီရိ ခန်းမဆောင်၌ ကျင်းပသည်။

ခရီးသည် ရုပ်အလောင်းတွေ ကီးယက်ဗ်ကိုသယ်မယ်

Photo: ခရီးသည် ရုပ်အလောင်းတွေ ကီးယက်ဗ်ကိုသယ်မယ်
Monday,July 21, 2014  

 ယူကရိန်း နိုင်ငံ အရှေ့ဘက်ခြမ်း က၊ ခွဲထွက်ရေး သူပုန်တွေ ရဲ့ ပြောခွင့်ရသူ က၊ ပျက်ကျခဲ့တဲ့ မလေး လေယာဉ်ပျံ ရဲ့ ခရီးသည် ရုပ်အလောင်း ၂၀ဝ နီးပါးကို၊ တောရက်ဇ် မြို့ အနီးမှာ ရှိတဲ့၊ အအေးခန်း ရထားတွဲတွေ ထဲ၊ ရွှေ့ပြောင်း တင်ထားတယ် လို့ ပြောပါတယ်။

ဥရောပ လုံခြုံရေး ဆိုင်ရာ စောင့်ကြည့် လေ့လာရေး OSCE အဖွဲ့က လည်း၊ အဆိုပါ ရထားတွဲတွေ ပေါ်မှာ၊ ရုပ် အလောင်းထည့် တဲ့ အိတ်တွေ အများအပြား မြင်ခဲ့ရတယ် လို့ ဆိုပါတယ်။

ဒီ ရထားတွဲတွေ အေးနေအောင်၊ ဖွင့်ထားရတဲ့ အင်ဂျင်အတွက် ဆီတွေ ကုန်ကာနီး ဖြစ်နေပြီ လို့၊ သူပုန်တွေဘက် က ပြောကြောင်း၊ အဲဒီ့မှာ ရောက်နေတဲ့၊ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

ယူကရိန်းနိုင်ငံ မြို့တော်ကီးယက်ဗ် ကို ရောက်နေတဲ့ မလေးရှား ပို့ဆောင်ရေး ဝန်ကြီး လျောင် တိယော်န် လိုင်း က၊ အလောင်းတွေ ကို တင်ဆောင်ထား တဲ့ ရထားတွဲတွေ ဟာ၊ ကီးယက်ဗ်ကို လာလိမ့်မယ် ဆိုပြီး ပြောပါတယ်။

ဒီအချိန်မှာပဲ၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက၊ မလေးလေယာဉ်ကို ပစ်ချခဲ့တဲ့ ဒုံးကျည် စနစ်ကို၊ သူပုန်တွေဆီ ရုရှားက ထောက်ပံ့ ပေးခဲ့တာ ဖြစ်တယ် လို့ စွပ်စွဲ ခဲ့ပါတယ်။

လေယာဉ် ပျက်ကျရာ အရပ်မှာ လည်း သူပုန်တွေကြောင့်၊ ခြေရာလက်ရာတွေ အကုန် ပျက်နေတဲ့ အပေါ်ကို မစ္စတာ ကယ်ရီက ဝေဖန်ခဲ့ပါ တယ်။

အခုဆို ပြင်သစ်၊ ဗြိတိန် နဲ့ ဂျာမဏီ နိုင်ငံတွေကနေ၊ ရုရှား သမ္မတ ပူတင်ကို၊ သူပုန်တွေ အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း နဲ့ အတူ လက်တွဲလုပ် ဖို့ ၊ ဖြောင့်ဖြပေးပါရန်၊ တိုက်တွန်း ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

 အလောင်းတွေ တင်ထားတဲ့ ရထား အအေးခန်း အတွဲများ
အလောင်းတွေ တင်ထားတဲ့ ရထား အအေးခန်း အတွဲများ
ယူကရိန်း နိုင်ငံ အရှေ့ဘက်ခြမ်း က၊ ခွဲထွက်ရေး သူပုန်တွေ ရဲ့ ပြောခွင့်ရသူ က၊ ပျက်ကျခဲ့တဲ့ မလေး လေ ယာဉ်ပျံ ရဲ့ ခရီးသည် ရုပ်အလောင်း ၂၀ဝ နီးပါးကို၊ တောရက်ဇ် မြို့ အနီးမှာ ရှိတဲ့၊ အအေးခန်း ရထားတွဲတွေ ထဲ၊ ရွှေ့ပြောင်း တင်ထားတယ် လို့ ပြောပါတယ်။

မလေးရှား လေကြောင်း ပျံသန်း အမှတ်စဉ်၊ အမ်အိတ်ခ်ျ- ၁၇ ပစ်ချ ခံရခြင်းနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ ထုတ်ပြန် ကြေညာချက်

အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လ ၁၇ရက်နေ့က မလေးရှား လေကြောင်း ပျံသန်း အမှတ်စဉ်၊ အမ်အိတ်ခ်ျ- ၁၇ ယူကရိန်း နိုင်ငံ အရှေ့ပိုင်းတွင် ပစ်ချ ခံရခြင်းနှင့် ပတ်သက်၍ ပြင်းထန်စွာ ပစ်တင် ရှုတ်ချသည်။ မိမိတို့ အနေဖြင့် ယင်းလေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် လူမျိုးစုံ ပါဝင်သည့် လူ ၂၉၈ ဦး ကြေကွဲဖွယ် သေဆုံးခဲ့ခြင်း အတွက် ထိတ်လန့် ချောက်ချားမှု ဖြစ်ပေါ်ကြောင်းကို ဖော်ပြလိုပါသည်။

၉ နှစ်သားနဲ့ ၆၂ နှစ်သူတို့ရဲ့ ဒုတိယမြောက် မင်္ဂလာလက်ထပ်ပွဲ

၉ နှစ်သား တောင်အာဖရိက လူငယ်လေးဟာ အသက် ၆၂ နှစ်ရှိတဲ့ အမျိုးသမီးကြီးတို့ရဲ့ ဒုတိယအကြိမ် မင်္ဂလာလက်ထပ်ပွဲကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့အကြောင်းပါ။ 

မိုးသည်းထန်မှုကြောင့် ရေကြီးမှုအခြေအနေ ဆိုးသည်ထက်ဆိုးလာနိုင်

Photo: မိုးသည်းထန်မှုကြောင့် ရေကြီးမှုအခြေအနေ ဆိုးသည်ထက်ဆိုးလာနိုင်
Monday,July 21, 2014

၂၀၁၃ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ရေကြီးမှုကြုံနေရသည့် ကျေးရွာတစ်ရွာအား တွေ့ရစဉ်။ ဓာတ်ပုံ- ဟောင်ဆာ

လာမည့်ရက် သတ္တတစ်ပတ်အတွင်း မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးပိုလာနိုင်ပြီး ရေကြီးမှုအခြေအနေများလည်း ဆိုးသည်ထက်ဆိုးလာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

“ရေကြီးမှုအခြေအနေတွေကတော့ ဆိုးသည်ထက် ဆိုးလာနိုင်တာကိုတော့ အထူးသတိပြုကြစေလိုပါတယ်”ဟုလည်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

တောင်အာရှဒေသများတွင်ရှိသည့် အာရေဘီယံပင်လယ်၊ ဘင်္ဂလားပင်လယ်အော်၊ တရုတ်ပင်လယ်များ၏ အရှေ့အနောက် ဆက်စပ်မှုများတွင် မိုးကြိုကာလ နှင်မိုးဦးကာလတွင် ဖြစ်တတ်သည့် အာရေဘီယံနှင့် ဘင်္ဂလားပင်လယ်အော်တို့၏ ဆက်စပ်မှု၊ မိုးနှောင်း၊ မိုးလွန်ကာလများတွင် ဖြစ်တတ်သည့် ဘင်္ဂလားပင်လယ်အော်နှင့်တရုတ်ပင်လယ်တို့၏ ဆက်စပ်မှုများ စိုးမိုးတတ်သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ဘင်္ဂလားပင်လယ်အော်နှင့် တရုတ်ပင်လယ်တို့၏ ဆက်စပ်မှုများ အားကောင်းနေချိန်ဖြစ်ပြီးလာမည့် သီတင်းပတ်အတွက် ထိုဘင်္ဂလားပင်လယ်အော်နှင့် တရုတ်ပင်လယ်တို့၏ ဆက်စပ်မှုများကြောင့် မြန်မာနိုင်ငံတွင် မိုးပိုလာနိုင်ကြောင်း ၎င်းက ဖော်ပြထားသည်။

“ရေကြီးတာကတော့ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်း ဒေသကြီးနဲ့ မွန်ပြည်နယ်မှာတော့ မိုးကြီးမယ်။ မိုးလယ်ကာလ မုတ်သုံမိုးကြောင့် မိုးပိုလာနိုင်တယ်” ၎င်းက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

ဇူလိုင်လ ၂၀ ရက် မွန်းလွဲ ၂ နာရီ အချိန် ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့၌ မုတ်သုံလေအား အလွန်ကောင်းနေသည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။ ထို့ပြင် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်သည် တစ်နာရီလျှင်မိုင် (၄၀) အထိ တိုက်ခတ်နိုင်သည် ဟုဆိုသည်။

ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ အချိန် တိုင်းထွာချက်များအရ လွန်ခဲ့သော၂၄ နာရီအတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့၌ နေရာ ကွက်ပြီး မိုးကြီးခဲ့သည်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား-ပူတာအို-ဆွမ်ပရာဘွမ်ကား လမ်းပျက်စီး၍ ခရီးသွားကြန့်ကြာမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ဇူလိုင် ၂၀ တွင် ပြောသည်။

“မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ်ကို အမှန်တကယ်က တစ်ရက်ခရီးပဲသွားရတယ်။ အခု လမ်းတွေ ပျက်စီးပြီး သုံးရက်လောက်သွားရတယ်”ဟု ဆိုသည်။

ပဲခူးဒေသခံ ဦးဝင်းမြင့်က “ပဲခူးမြို့ပေါ် ရပ်ကွက်တွေမှာတော့ အဲလောက် ရေမကြီးဘူး။ ဆင်ခြေဖုံးတွေ၊ ရေမြောင်းမရှိတဲ့ ရပ်ကွက်တွေ၊ ပဲခူးတိုင်းဒေသကြီးအနီးက ရွာတွေမှာတော့ ရေတွေလျှံကြတယ်”ဟု ပြောသည်။

Mizzima - News in Burmese 

၂၀၁၃ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ရေကြီးမှုကြုံနေရသည့် ကျေးရွာတစ်ရွာအား တွေ့ရစဉ်။ ဓာတ်ပုံ- ဟောင်ဆာ
၂၀၁၃ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ရေကြီးမှုကြုံနေရသည့် ကျေးရွာတစ်ရွာအား တွေ့ရစဉ်။ ဓာတ်ပုံ- ဟောင်ဆာ
လာမည့်ရက် သတ္တတစ်ပတ်အတွင်း မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးပိုလာနိုင်ပြီး ရေကြီးမှုအခြေ အနေများလည်း ဆိုးသည်ထက်ဆိုးလာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

ဝါဆိုမိုးဦးရဲ့ အသက် ၂ဝပြည့်မွေးနေ့ ဘယ်လောက်ခမ်းနားအောင် လုပ်ခဲ့လဲ

Photo: မိုးသည်းထန်မှုကြောင့် ရေကြီးမှုအခြေအနေ ဆိုးသည်ထက်ဆိုးလာနိုင်
Monday,July 21, 2014

၂၀၁၃ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ရေကြီးမှုကြုံနေရသည့် ကျေးရွာတစ်ရွာအား တွေ့ရစဉ်။ ဓာတ်ပုံ- ဟောင်ဆာ

လာမည့်ရက် သတ္တတစ်ပတ်အတွင်း မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးပိုလာနိုင်ပြီး ရေကြီးမှုအခြေအနေများလည်း ဆိုးသည်ထက်ဆိုးလာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

“ရေကြီးမှုအခြေအနေတွေကတော့ ဆိုးသည်ထက် ဆိုးလာနိုင်တာကိုတော့ အထူးသတိပြုကြစေလိုပါတယ်”ဟုလည်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

တောင်အာရှဒေသများတွင်ရှိသည့် အာရေဘီယံပင်လယ်၊ ဘင်္ဂလားပင်လယ်အော်၊ တရုတ်ပင်လယ်များ၏ အရှေ့အနောက် ဆက်စပ်မှုများတွင် မိုးကြိုကာလ နှင်မိုးဦးကာလတွင် ဖြစ်တတ်သည့် အာရေဘီယံနှင့် ဘင်္ဂလားပင်လယ်အော်တို့၏ ဆက်စပ်မှု၊ မိုးနှောင်း၊ မိုးလွန်ကာလများတွင် ဖြစ်တတ်သည့် ဘင်္ဂလားပင်လယ်အော်နှင့်တရုတ်ပင်လယ်တို့၏ ဆက်စပ်မှုများ စိုးမိုးတတ်သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ဘင်္ဂလားပင်လယ်အော်နှင့် တရုတ်ပင်လယ်တို့၏ ဆက်စပ်မှုများ အားကောင်းနေချိန်ဖြစ်ပြီးလာမည့် သီတင်းပတ်အတွက် ထိုဘင်္ဂလားပင်လယ်အော်နှင့် တရုတ်ပင်လယ်တို့၏ ဆက်စပ်မှုများကြောင့် မြန်မာနိုင်ငံတွင် မိုးပိုလာနိုင်ကြောင်း ၎င်းက ဖော်ပြထားသည်။

“ရေကြီးတာကတော့ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်း ဒေသကြီးနဲ့ မွန်ပြည်နယ်မှာတော့ မိုးကြီးမယ်။ မိုးလယ်ကာလ မုတ်သုံမိုးကြောင့် မိုးပိုလာနိုင်တယ်” ၎င်းက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

ဇူလိုင်လ ၂၀ ရက် မွန်းလွဲ ၂ နာရီ အချိန် ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့၌ မုတ်သုံလေအား အလွန်ကောင်းနေသည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။ ထို့ပြင် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်သည် တစ်နာရီလျှင်မိုင် (၄၀) အထိ တိုက်ခတ်နိုင်သည် ဟုဆိုသည်။

ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ အချိန် တိုင်းထွာချက်များအရ လွန်ခဲ့သော၂၄ နာရီအတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့၌ နေရာ ကွက်ပြီး မိုးကြီးခဲ့သည်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား-ပူတာအို-ဆွမ်ပရာဘွမ်ကား လမ်းပျက်စီး၍ ခရီးသွားကြန့်ကြာမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ဇူလိုင် ၂၀ တွင် ပြောသည်။

“မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ်ကို အမှန်တကယ်က တစ်ရက်ခရီးပဲသွားရတယ်။ အခု လမ်းတွေ ပျက်စီးပြီး သုံးရက်လောက်သွားရတယ်”ဟု ဆိုသည်။

ပဲခူးဒေသခံ ဦးဝင်းမြင့်က “ပဲခူးမြို့ပေါ် ရပ်ကွက်တွေမှာတော့ အဲလောက် ရေမကြီးဘူး။ ဆင်ခြေဖုံးတွေ၊ ရေမြောင်းမရှိတဲ့ ရပ်ကွက်တွေ၊ ပဲခူးတိုင်းဒေသကြီးအနီးက ရွာတွေမှာတော့ ရေတွေလျှံကြတယ်”ဟု ပြောသည်။

Mizzima - News in Burmese 

၂၀၁၃ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ရေကြီးမှုကြုံနေရသည့် ကျေးရွာတစ်ရွာအား တွေ့ရစဉ်။ ဓာတ်ပုံ- ဟောင်ဆာ 
အသက် ၂ဝပြည့်မွေးနေ့ကို မင်္ဂလာဆောင်အခမ်းအနားလောက်နီးနီး စီစဉ်ခဲ့တဲ့ ဝါဆိုမိုးဦးရဲ့ မွေးနေ့ပွဲကို ဇူလိုင် ၁၉ရက်နေ့က ဆီဒိုးနား ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အနုပညာလောကသားတွေ အများအပြား တက်ရောက် ခဲ့တဲ့ ဝါဆိုမိုးဦးရဲ့မွေးနေ့ ဘယ်လောက်ခမ်းနားကြီးကျယ်ခဲ့သလဲ။

ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် မွတ်ဆလင် ခေါင်းဆောင်များနဲ့တွေ့

ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ မွတ်ဆလင်ရပ်မိရပ်ဖတွေနဲ့ ဒီကနေ့ တွေ့ဆုံပြီး မွတ်ဆလင်တွေရဲ့ အခက်အခဲတွေ ကို မေးမြန်းခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီ ပထမအကြိမ် ညီလာခံ ငပလီတွင် ကျင်းပမည်

Photo: ရခိုင်အမျိုးသားပါတီ ပထမအကြိမ် ညီလာခံ ငပလီတွင် ကျင်းပမည်
Monday, July 21, 2014

ရခိုင်အမျိုးသားပါတီ၏ ပထမဆုံးအကြိမ်ပါတီညီလာခံကို လာမည့် ၂၀၁၄ စက်တင်ဘာလ နောက်ဆုံးပတ်တွင် သံတွဲမြို့နယ် ငပလီကမ်းခြေ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ပါတီ ခေါင်းဆောင်များက ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရခိုင်အမျိုးသားပါတီ ညီလာခံကို သံတွဲမြို့နယ် ငပလီကမ်းခြေတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာ(၂၅)ရက်မှ (၂၉)ရက်နေ့ထိ ငါးရက်ကြာ ကျင်းပပြုလုပ်သွားမည်ဟု ရန်ကုန်တွင် (၂) ရက်ကြာ ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

“ရခိုင်အမျိုးသားပါတီရဲ့ ပထမအကြိမ် ပါတီညီလာခံကို သံတွဲမြို့နယ် ငပလီမှာ ကျင်းပသွားမယ်။ ကျင်းပမယ့်ရက်ကတော့ စက်တင်ဘာ(၂၅)ရက်ကနေ (၂၉)ရက်နေ့ထိ ငါးရက်တိုင်တိုင် ကျင်းပသွားဖို့ ဆုံးဖြတ်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။

သို့သော် ငပလီတွင် ပုဒ်မ ၁၄၄ ရှိနေသေးသဖြင့် ညီလာခံကျင်းပရန် အဆင်မပြေပါက တောင်ကုတ်မြို့တွင် ကျင်းပရန် စီစဉ်မည်ဖြစ်ကြောင်း ဦးအေးသာအောင်က ဆက်ဆိုသည်။

“တကယ်လို့ ငပလီမှာလုပ်ဖို့ အဆင်မပြေခဲ့ရင် အရံသဘောနဲ့ တောင်ကုတ်မြို့ကို ရွေးချယ်ထားပါတယ်။ နေရာအတိအကျတော့ မသတ်မှတ်ရသေးဘူး” ဟုဆိုသည်။

အဆိုပါ ညီလာခံကျင်းပနိုင်ရေးအတွက် အဖွဲ့ဝင်(၁၂)ဦးပါဝင်သော လုပ်ငန်းကော်မတီ တစ်ရပ်ကို ဗဟိုကော်မတီအစည်းအဝေးတွင် ယနေ့ ဖွဲ့စည်းခဲ့ပြီး ညီလာခံကျင်းပရေး တာဝန်များကို ယင်းကော်မတီအား ပါတီမှ တာဝန်လွှဲအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် (၂၁)ဦးတက်ရောက်ခဲ့သည့် ဗဟိုကော်မတီဝင်အစည်းအဝေးကို ရန်ကုန်တွင် ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့ထိ  နှစ်ရက်တိုင်တိုင် ကျင်းပခဲ့ပြီး ထိုအစည်းအဝေးမှ
ညီလာခံ ကျင်းပရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကို အဓိကထား ချမှတ်ခဲ့ကြသည်။

ယင်းညီလာခံတွင် ပါတီ ဥက္ကဌ၊ ဒုဥက္ကဌနှင့် ပါတီ ထိပ်တန်းခေါင်းဆောင်များကို ရွှေးချယ်သွားမည် ဖြစ်ပြီး ပါတီဖွဲ့စည်းပုံနှင့် ပေါ်လစီပိုင်းဆိုင်ရာ ကိစ္စရပ်များ အပါအ၀င်၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီကိုယ်စားလှယ်များရွှေးချယ်ရေးအတွက်ကိုလည်း အလေးပေးဆွးနွေးသွားမည်ဟု သိရသည်။

နိရဉ္စရာ 

ယနေ့ ANP က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ (ဓာတ်ပုံ- နိရဉ္စရာ/ခိုင်ထူးမြတ်)
ယနေ့ ANP က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ (ဓာတ်ပုံ- နိရဉ္စရာ/ခိုင်ထူးမြတ်)
ရခိုင်အမျိုးသားပါတီ၏ ပထမဆုံးအကြိမ်ပါတီညီလာခံကို လာမည့် ၂၀၁၄ စက်တင်ဘာလ နောက်ဆုံးပတ် တွင် သံတွဲမြို့နယ် ငပလီကမ်းခြေ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ပါတီ ခေါင်းဆောင်များက ယနေ့ပြု လုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်းပေါ်၌ ပက်လက်လန်တိမ်းမှောက်

Photo: ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်းပေါ်၌ ပက်လက်လန်တိမ်းမှောက်
Monday, July 21, 2014

 ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၁၆/၃-၄)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သီးကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။

 စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီး တံခွန်မြို့နယ်၊ (က)ရပ်ကွက်နေ မျိုးမင်း(၅၃)နှစ်မောင်းနှင်ပြီး မန္တလေးမြို့၊ ကျွဲဆည်ကန်ကားကြီးဝင်းနေ ကျော်သိန်းစိုး(၃၆)နှစ်လိုက်ပါလာသည့် AA/xxxx ပရိုဘောက်အဖြူရောင်ယာဉ်မှာ ၀ဲဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိကာ ပက်လက်လန်တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိမ်းမှောက်မှုကြောင့် မျိုးမင်းတွင် ယာမျက်ခုံးပေါက်ပြဲ၊ ၀ဲလက်ကောက်ဝတ်ကျိုး၊ ယာတံတောင်စုတ်ပြဲ၊ ၀ဲ/ယာဒူးပွန်းပဲ့ဒဏ်ရာနှင့် ကျော်သိန်းစိုးတွင် နဖူး/အောက်နှုတ်ခမ်းပေါက်ပြဲ၊ ယာပါးပွန်း၊ ရင်ဘတ်အောင့်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် မိတ္ထီလာဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မှာ ရှေ့ခေါင်းပိုင်း/ဘော်ဒီ/အမိုးပိန်ချိုင့်၊ ရှေ့လေကာမှန်ကွဲ၍ တန်ဘိုးငွေကျပ်(၁၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ မျိုးမင်းအား သီးကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၁၆/၃-၄)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သီးကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။

တာဝန်ယူမှုရှိသော လူမှုကွန်ရက်မီဒီယာ ဆွေးနွေးပွဲကို ဇူလိုင် ၂၀ ရက်က ပထမဆုံးအကြိမ်အဖြစ် မြန်မာအင်ဖိုတက်ခ်တွင် ကျင်းပခဲ့ပြီး နယ်ပယ် အသီးသီးမှ ပါဝင်ဆွေးနွေး

Photo: တာဝန်ယူမှုရှိသော လူမှုကွန်ရက်မီဒီယာ ဆွေးနွေးပွဲကို ဇူလိုင် ၂၀ ရက်က ပထမဆုံးအကြိမ်အဖြစ် မြန်မာအင်ဖိုတက်ခ်တွင် ကျင်းပခဲ့ပြီး နယ်ပယ် အသီးသီးမှ ပါဝင်ဆွေးနွေး
Monday, July 21, 2014

တာဝန်ယူမှုရှိသော လူမှုကွန်ရက်မီဒီယာ ဆွေးနွေးပွဲကို ဇူလိုင် ၂ဝ ရက်က မြန်မာအင်ဖိုတက်ခ်၊ အစည်းအဝေးခန်းမတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပြီး နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ယင်းဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတရုံး၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ကွန်ပျူတာအသင်းများမှ တာဝန်ရှိသူများ၊ အိုင်တီပညာရှင်များ၊ Facebook, Google, Twitter, Deloitte စသည့်ကုမ္ပဏီတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

“အမုန်းစကားတွေ၊ မဟုတ်မမှန် လုပ်ကြံလွှင့်တင်တာမျိုးတွေကို တွေ့ရှိခဲ့ရင် Google ဆီကို Report လုပ်လို့ရတယ်။ မြန်မာစကား နားလည်တတ်ကျွမ်းတဲ့သူတွေရှိပြီး တုံ့ပြန်ဆောင်ရွက်သွားမှာပါ။ ဒီလိုမျိုး သတင်းပေးပို့မှုတွေ၊ အရေးယူ လုပ်ဆောင်ရတာမျိုးတွေတော့ မရှိခဲ့ပါဘူး။ အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ် ဆိုတာကလည်း ပူးပေါင်းပြီး စိစစ်ဖြတ်တောက် စောင့်ကြည့်မှုမျိုးတွေလုပ်ဖို့ မဟုတ်ပါဘူး” ဟု Google Asia Pacific မှ Policy and Government Affairs ၏ Country Lead ဖြစ်သူ Alexander Long က ပြောကြားခဲ့သည်။

“လူမှုကွန်ရက်ဆိုတာ လူမှုရေးအရ ချိတ်ဆက်ဆောင်ရွက်ဖို့ တီထွင်ခဲ့တာ။ ဒီမှာက သတင်းအမှောင်ချခဲ့တဲ့ ကာလတွေ ရှည်ကြာခဲ့တော့ သတင်းငတ်မွတ်မှုတွေ ရှိခဲ့တယ်။ ပွင့်လင်းလာတဲ့အချိန်မှာ ဒါတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်တယ်။ မြန်နှုန်းကလည်း အရမ်းမြင့်တော့ ဆင်ခြင်တုံတရား မဦးတော့ဘဲ ဉာဏ်နဲ့ဝေဖန်သုံးသပ်တာမျိုး မလုပ်နိုင်တော့ဘူး။ ဒါတွေကို ဖြေရှင်းတဲ့အခါ လွတ်လပ်စွာဖော်ပြခွင့်ကို ထိခိုက်မှာလည်း စိုးရိမ်မိတယ်။ လူမှုကွန်ရက်နဲ့ ပုံနှိပ်မီဒီယာတွေအကြားမှာ ကွာခြားချက်က တာဝန်ယူမှုပါ” ဟု MIDO မှ ကိုနေဘုန်းလတ်က ဆွေးနွေးခဲ့သည်။

“အမုန်းစကားပြဿနာကို နည်းပညာအရ ဖြေရှင်းနိုင်တယ်လို့ ထင်တယ်။ ကျွန်တော်ဆိုရင် အီးမေးလ်တစ်စောင်ကို ၁၅ နှစ်နဲ့ လေးစောင်ဆိုတော့ ထောင်နှစ် ၆ဝ ချတာ ခံခဲ့ရတယ်။ ဒေါက်တာဆိတ်ဖွားကိစ္စဆိုရင်လည်း ပျောက်ချင်တဲ့အချိန်မှာ ပျောက်သွားလို့ရတယ်။ ဖြစ်နေတဲ့ ပြဿနာတွေရဲ့ရင်းမြစ်က ဒီထက် ပိုကျယ်ပြန့်နိုင်ပြီး Facebook တစ်ခုတည်းကြောင့်လို့တော့ ပြောလို့မရဘူး” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောကြားခဲ့သည်။

Eleven Media Group 

တာဝန်ယူမှုရှိသော လူမှုကွန်ရက် ဆွေးနွေးပွဲမြင်ကွင်း
တာဝန်ယူမှုရှိသော လူမှုကွန်ရက် ဆွေးနွေးပွဲမြင်ကွင်း
တာဝန်ယူမှုရှိသော လူမှုကွန်ရက်မီဒီယာ ဆွေးနွေးပွဲကို ဇူလိုင် ၂ဝ ရက်က မြန်မာအင်ဖိုတက်ခ်၊ အစည်း အဝေး ခန်းမတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပြီး နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ ဟစ်တိုင်နေရာတွင် မြို့ခံသတင်းသမားများမှ သတင်းထောက်များ ခြိမ်းခြောက်၊ တရားစွဲ၊ ဖမ်းဆီးထောင်ချခံရခြင်းနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်

Photo: မန္တလေးမြို့ ဟစ်တိုင်နေရာတွင် မြို့ခံသတင်းသမားများမှ သတင်းထောက်များ ခြိမ်းခြောက်၊ တရားစွဲ၊ ဖမ်းဆီးထောင်ချခံရခြင်းနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်
Monday, July 21, 2014

မန္တလေးမြို့ ဟစ်တိုင်နေရာတွင် မြို့ခံသတင်းသမားများမှ သတင်းထောက်များ ခြိမ်းခြောက်၊ တရားစွဲ၊ ဖမ်းဆီးထောင်ချခြင်းနှင့် ပတ်သက်၍ ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို မဟာအောင်မြေမြို့နယ် မနော်ရမ္မံ ဥယျာဉ်အတွင်းရှိ ဟစ်တိုင်အဖြစ် ပြုလုပ်ပေးထားသည့်နေရာတွင် နံနက် ၉ နာရီမှ ၁၀ နာရီအထိ မြို့ခံသတင်းသမားများ စုပေါင်းကာ ယူနတီဂျာနယ်မှ သတင်းထောက်များကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်သည်။ အဆိုပါပြစ်ဒဏ် ချမှတ်ခြင်းအား ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုသည်။ သတင်းသမားများအား ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုထားခြင်းအပေါ် (လုံးဝ) ကန့်ကွက်ရှုတ်ချသည်။ မီဒီယာဖိနှိပ်မှုရပ် စသည့်စာတမ်းပါ ဗီနိုင်းများအား ကိုင်ဆိုင်ခြင်းနှင့်အတူ ပါးစပ်တွင် ကြက်ခြေခတ်ပြုလုပ်ကာ လက်နှစ်ဖက်အား သံကြိုးဖြင့် ချည်နှောင်ထားရှိမှု သရုပ်ပြမှုများဖြင့် ဆန္ဒထုတ်ဖော်မှု ပြုခဲ့ကြောင်း သိရသည်။

“အခုနောက်ပိုင်း မီဒီယာကိုဖိနှိပ်တဲ့ အခြေအနေမျိုးတွေ ဖြစ်လာတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ရတာပါ” ဟု ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သည့် မန္တလေးမြို့ခံ သတင်းထောက်တစ်ဦးက ပြောကြားသည်။

“၂၀၁၀ ရွေးကောက်ပွဲပြီးနောက်ပိုင်း သတင်းမီဒီယာတွေကို သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းတွေ၊ အာဏာပိုင်တွေက နည်းနည်းလေး အလျှော့ပေးလိုက်တယ်။ အဲဒီနောက်ပိုင်း သတင်းပေးအများစုက ဂျာနယ်လစ်တွေနဲ့ရောပြီး သတင်းမှတ်တမ်း ယူရာကနေ အခုဆိုရင် သတင်းဖြစ်တဲ့နေရာတွေမှာ သတင်းထောက်တွေကိုပါ ပေါ်တင်တစ်မျိုး၊ မသိမသာတစ်မျိုး မျက်နှာကိုတည့်တည့် ဓာတ်ပုံရိုက်တာ၊ ရုပ်သံမှတ်တမ်းယူတာတွေ၊ ကိုယ်ရေးအကျဉ်းမေးတာမျိုး လုပ်လာတာတွေက သတင်းထောက်တွေကို ထိန်းချုပ်ချင်တဲ့သဘောလို့ ယူဆလို့ရတယ်။ အဲဒီအခြေအနေတွေက သတင်းထောက်တွေအတွက် အရမ်းသတိထားစရာပါ” ဟု မြိုခံသတင်းထောက်တစ်ဦးက သူ့အမြင်ကို သုံးသပ်ပြောကြားသည်။

ဆန္ဒထုတ်ဖော်မှုတွင် မြိုခံသတင်းသမား ၄၀ နီးပါး ပါဝင်ခဲ့ပြီး ဆန္ဒထုတ်ဖော်နေစဉ်အတွင်း သတင်းသမားတစ်ဦးမှ ကင်မရာအား ထုခြေပေါက်ခွဲကာ သရုပ်ပြမှု ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် ဟစ်တိုင်အတွင်း စီတန်းလမ်းလျှောက်မှု ပြုလုပ်ကာ ဆန္ဒထုတ်ဖော်မှုအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

သတင်းထောက်များ ခြိမ်းခြောက်၊ တရားစွဲ၊ ဖမ်းဆီးထောင်ချခံရခြင်းနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုကို တရားဝင်စာတင်ခဲ့ခြင်းဖြစ်ပြီး ခွင့်ပြုချက်လည်း ရရှိခဲ့ကြောင်း သိရသည်။

Eleven Media Group 

သတင်းထောက်များ ခြိမ်းခြောက်၊ တရားစွဲ၊ ဖမ်းဆီးထောင်ချခံရခြင်းနှင့် ပတ်သက်ပြီး မန္တလေးမြို့ခံသတင်းသမားများ ဆန္ဒထုတ်ဖော်နေစဉ်
သတင်းထောက်များ ခြိမ်းခြောက်၊ တရားစွဲ၊ ဖမ်းဆီးထောင်ချခံရခြင်းနှင့် ပတ်သက်ပြီး မန္တလေးမြို့ခံ သတင်း သမားများ ဆန္ဒထုတ်ဖော်နေစဉ်
မန္တလေးမြို့ ဟစ်တိုင်နေရာတွင် မြို့ခံသတင်းသမားများမှ သတင်းထောက်များ ခြိမ်းခြောက်၊ တရားစွဲ၊ ဖမ်း ဆီးထောင်ချခြင်းနှင့် ပတ်သက်၍ ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သိရသည်။

မလေးရှားလေကြောင်းလိုင်း MH 17 ပစ်ချခံရပြီး လူ ၂၉၈ ဦး ကြေကွဲဖွယ်သေဆုံးမှုအပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သတင်းထုတ်ပြန်

Photo: မလေးရှားလေကြောင်းလိုင်း MH 17 ပစ်ချခံရပြီး လူ ၂၉၈ ဦး ကြေကွဲဖွယ်သေဆုံးမှုအပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သတင်းထုတ်ပြန်
Monday, July 21, 2014

၂ဝ၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများမှ ဇူလိုင် ၁၇ ရက်က မလေးရှားလေကြောင်းလိုင်း MH 17 ပစ်ချခံရပြီး လူ ၂၉၈ ဦး ကြေကွဲဖွယ်သေဆုံးခဲ့မှုအပေါ် သတင်းထုတ်ပြန်ချက်အား ဇူလိုင် ၂ဝ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ၂ဝ၁၄ ခုနှစ် ဇူလိုင် ၁၇ ရက်က မလေးရှားလေကြောင်း ပျံသန်းအမှတ်စဉ် MH 17 အား ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပစ်ချခံရခြင်းနှင့် ပတ်သက်၍ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် လူမျိုးစုံပါဝင်သော လူ ၂၉၈ ဦး ကြေကွဲဖွယ် သေဆုံးခဲ့ခြင်းအတွက် ထိတ်လန့်ချောက်ချားမှု ဖြစ်ပေါ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မလေးရှားလေကြောင်း ပျံသန်းအမှတ်စဉ် MH 17 သည် ကန့်သတ်ထားခြင်းမရှိသည့် နိုင်ငံတကာ မြို့ပြလေကြောင်းအဖွဲ့အစည်း (အိုင်စီအေအို) က ဘေးကင်းကြောင်းသတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း ပျံသန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပျံသန်းမှုလမ်းကြောင်းသည် အာရှနှင့် ဥရောပအကြား သွားလာနေသည့် နိုင်ငံတကာ လေကြောင်းလိုင်းများစွာမှ အသုံးပြုသည့် လမ်းကြောင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မလေးရှားလေကြောင်း ပျံသန်းအမှတ်စဉ် MH 17 အနေဖြင့် မည်သို့ဖြစ်ပွားခဲ့သည်ကို တိကျသေချာစွာ သိရှိနိုင်ရန် မလွဲမသွေ ဆောင်ရွက်ရမည်ဖြစ်သည်ကို အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် အလေးအနက်ထားကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုဖြစ်ပွားသည့် ကိစ္စအတွက် မြင်သာထင်သာရှိပြီး လွတ်လပ်မှုရှိသည့် အပြည့်အဝ စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်သွားရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ စုံစမ်းဆောင်ရွက်မှုများအား အတားအဆီးမရှိ ဆောင်ရွက်နိုင်ရမည်ကို အလေးအနက် ပြောလိုကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် MH 17 ပေါ်တွင် ပါရှိသွားကြသူများ၏ မိသားစုဝင်များ ချစ်ခင်နှစ်သက်သူများနှင့် ထပ်တူဝမ်းနည်း ကြေကွဲကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

Eleven Media Group 

ပစ်ချခံရသည့် မလေးရှားလေကြောင်းလိုင်း MH 17 ၏ အပျက်အစီးများအား တွေ့ရစဉ် (Photo:AFP)
ပစ်ချခံရသည့် မလေးရှားလေကြောင်းလိုင်း MH 17 ၏ အပျက်အစီးများအား တွေ့ရစဉ် (Photo:AFP)
၂ဝ၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီး များမှ ဇူလိုင် ၁၇ ရက်က မလေးရှားလေကြောင်းလိုင်း MH 17 ပစ်ချခံရပြီး လူ ၂၉၈ ဦး ကြေကွဲ ဖွယ်သေဆုံး ခဲ့မှုအပေါ် သတင်းထုတ်ပြန်ချက်အား ဇူလိုင် ၂ဝ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံပိုင် မြန်မာ့လေကြောင်း ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံများသို့ နိုင်ငံတကာခရီးစဉ် စတင်ပျံသန်းမည်

Photo: နိုင်ငံပိုင် မြန်မာ့လေကြောင်း ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံများသို့ နိုင်ငံတကာခရီးစဉ် စတင်ပျံသန်းမည်
Monday, July 21, 2014

နိုင်ငံပိုင် မြန်မာ့လေကြောင်းမှ ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံများသို့ နိုင်ငံတကာ ခရီးစဉ်များ စတင်ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် မြန်မာ့လေကြောင်းအနေဖြင့် ပြည်ပနိုင်ငံများသို့ ပုံမှန်ခရီးစဉ် ပျံသန်းနိုင်ရန် အမေရိကန်နိုင်ငံ (GECAS) ကုမ္ပဏီမှ (Avia solution) အကြံပေးအဖွဲ့အား ငှားရမ်းပေးထားပြီး မြန်မာ့လေကြောင်း တာဝန်ရှိသူများ၊ အမေရိကန်ကိုယ်စားလှယ်များ၊ အင်္ဂလန်နိုင်ငံမှ ကိုယ်စားလှယ်များပါဝင်သော ဆွေးနွေးပွဲ (Conference call) အား အပတ်စဉ် အွန်လိုင်းတွင် ပြုလုပ်လျက်ရှိသည်။

မြန်မာ့လေကြောင်းလိုင်းသည် ယင်းကဲ့သို့ နိုင်ငံတကာခရီးစဉ်များ ပျံသန်းရန် ပြင်သစ်နိုင်ငံ ATR လေယာဉ်ကုမ္ပဏီမှ လေယာဉ်ခြောက်စင်းနှင့် အမေရိကန်နိုင်ငံ GE Capital Aviation Services မှ ဘိုးရင်းလေယာဉ်သစ် ၁ဝ စင်းအား ဝယ်ယူထားပြီး အဆိုပါလေယာဉ်သစ်များမှာ ၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိမည်ဟု သိရသည်။

မြန်မာ့လေကြောင်းနှင့် General Electric (GE) ၏ လေယာဉ်ငှားရမ်းခြင်းနှင့် ဘဏ္ဍာငွေရှာခြင်း လုပ်ငန်းခွဲတစ်ခုဖြစ်သော GE Capital Aviation Services တို့သည် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က စင်ကာပူနိုင်ငံတွင် Boeing လေယာဉ်သစ် ၁ဝ စင်း ငှားရမ်းသည့် စာချုပ်အား ချုပ်ဆိုခဲ့သည်။

၁၉၄၈ ခုနှစ် စက်တင်ဘာလမှ စတင်ကာ တည်ထောင်ပျံသန်းခဲ့သည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းအား နိုင်ငံတကာသို့ National Flag Carrier အဖြစ် ပျံသန်းပြေးဆွဲနိုင်ရန် အမေရိကန်နိုင်ငံအခြေစိုက် GE Capital Aviation Services မှ ကူညီရန် ကမ်းလှမ်းသည့်အတွက် မြန်မာ့လေကြောင်းမှ Boeing Project အစီစဉ်အား ဆင့်ကဲတင်ပြပြီး နိုင်ငံတော်၏ ခွင့်ပြုချက်အရ အကောင်ထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစာချုပ်အရ GE Capital Aviation Services သည် Boeing 737-800 လေယာဉ်သစ်ခြောက်စင်းနှင့် Boeing 737 8 MAX model လေယာဉ်သစ်လေးစင်းအား ၂ဝ၁၅ ခုနှစ် ဇွန်လမှစတင်ကာ ၂ဝ၂ဝ ခုနှစ်အတွင်း ငှားရမ်းသွားမည်ဖြစ်သည်။

မြန်မာ့လေကြောင်းသည် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်မှစတင်ကာ နိုင်ငံတော်ဘတ်ဂျက်ပြင်ပတွင် ရပ်တည်ပြီး ဝင်ငွေရှာဖွေရခြင်းဖြစ်၍ ယခုငှားရမ်းမည့် ဘိုးရင်းလေယာဉ်များအား နိုင်ငံတော်ဘတ်ဂျက်ဖြင့် ငှားရမ်းခြင်းမဟုတ်ဘဲ ဌာနပိုင်ဝင်ငွေဖြင့်သာ ငှားရမ်းခြင်းဖြစ်ကြောင်း သိရသည်။  

Eleven Media Group 

မြန်မာ့လေကြောင်းမှ လေယာဉ်များအား ရန်ကုန်လေဆိပ်တွင် ဇွန်လအတွင်းက တွေ့ရစဉ်
မြန်မာ့လေကြောင်းမှ လေယာဉ်များအား ရန်ကုန်လေဆိပ်တွင် ဇွန်လအတွင်းက တွေ့ရစဉ် 
နိုင်ငံပိုင် မြန်မာ့လေကြောင်းမှ ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံများသို့ နိုင်ငံတကာ ခရီးစဉ်များ စတင်ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများတွင် သမာသမတ်ကျစွာ ပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ ပညာရှင်များပါဝင်သော ညီလာခံပြုလုပ်

Photo: ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများတွင် သမာသမတ်ကျစွာ ပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ ပညာရှင်များပါဝင်သော ညီလာခံပြုလုပ်
Monday, July 21, 2014

ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများတွင် သမာသမတ်ကျစွာ ပြုလုပ်နိုင်ရေးအတွက် အစိုးရ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ ပညာရှင်များပါဝင်သော ညီလာခံတစ်ရပ်ကို ဇူလိုင် ၂ဝ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါညီလာခံအား National Democratic Insitute နှင့် မိတ်ဖက်အဖွဲ့များဖြစ်သော IRI နှင့်  IFES တို့မှ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါညီလာခံသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးနှင့် ကော်မရှင်မှတာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသားပါတီများမှ ပုဂ္ဂိုလ်များနှင့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း ၁၅ဝ ကျော် တက်ရောက်ခဲ့ပြီး ၂ဝ၁၄ နှစ်ကုန်ပိုင်းတွင်ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂ဝ၁၅ ရွေးကောက်ပွဲများတွင် တရားမျှတမှုရှိရေးနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ဒေသတွင်း ကျင့်သုံးနေသည့် အချက်များနှင့် နည်းစနစ်များအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက “၂ဝ၁ဝ ဩဂုတ်မှာ ရွေးကောက်ပွဲကြီးလုပ်လိုက်တဲ့ အခါကျတော့ ကျွန်တော့်အမြင် ပြောကြေးဆိုရင် ရွေးကောက်ပွဲကော်မရှင်ကိုယ်၌က အချိန်ရှစ်လနီပါးလောက်စောပြီး နည်းဥပဒေတွေ၊ လမ်းညွှန်တွေချပေးတယ်။ ဒါ့ကြောင့် ခရိုင်အဆင့်တွေ ကျွမ်းချင်ကျွမ်းမယ်။ တိုင်းအဆင့်တွေ ကျွမ်းချင်ကျွမ်းမယ်။ ဒါပေမဲ့ တကယ်လက်တွေ့လုပ်ရမယ့် မြို့နယ်အဆင့်တွေ၊ ကျေးရွာအဆင့်တွေကတော့ voter training မကျွမ်းဘူး။ ဒီတော့ အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲတွေက ကျွမ်းကျင်မှု အားနည်းသလို ပါတီတွေကလည်း rules and relation တွေမသိ၊ ဒီအချိန်မှာ ရွေးကောက်ပွဲလုပ်လိုက်တာ ဖြစ်တယ်။ ယနေ့အခြေအနေကြီး ပေါ်လာတာဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရရော၊ နောက် ၂ဝ၁ဝ ရွေးကောက်ပွဲကြောင့်ပါ။ ဒါ့ကြောင့်မို့ ကျွန်တော်တို့ ရှေ့ဆက်သွားရမယ့် ငါးနှစ်တစ်ကြိမ်သွားရမယ့် ရွေးကောက်ပွဲတွေမှာ လွတ်လပ်တရားမျှတဖို့ လိုတယ်။ အဲဒီ ရွေးကောက်ပွဲတွေကို လွတ်လပ်တရားမျှတဖို့လိုတဲ့ ကိစ္စမှာ ကျွန်တော်တို့ကော်မရှင် အနေနဲ့ကတော့ ကျွန်တော်လုပ်ပေးမယ်လို့ ကျွန်တော်က ဆုံးဖြတ်တယ်” ဟု ပြောကြားသည်။

အဆိုပါညီလာခံမှ ရွေးကောက်ပွဲ သမာသမတ်ကျမှု တိုးတက်ရန်အတွက် မဲဆွယ်စည်းရုံးခြင်း၊ ဆန္ဒမဲပေးခြင်းနှင့် မဲရေတွက်ခြင်း၊ ဘက်မလိုက်သည့် လေ့လာစောင့်ကြည့်ခြင်း၊ နိုင်ငံရေးပါတီများမှ မဲရုံစောင့်ကြည့်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများအား ဖြေရှင်းခြင်းများနှင့် ပတ်သက်၍ အဖွဲ့များခွဲ၍ ဆွေးနွေးခဲ့ပြီး ရရှိသည့် အကြံပြုချက်များအား သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြသွားနိုင်ရန်လည်း ရည်ရွယ်ကြောင်း သိရသည်။

ထို့ပြင် ညီလာခံသို့ တက်ရောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မိုးညိုက “ကော်မရှင်က အခုထုတ်ပြန်ထားတာတွေထဲမှာ တချို့အချက်တွေက ပါတီတွေအနေနဲ့ လက်မခံနိုင်စရာလေးတွေ ရှိတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဒါတွေကို တင်ပြထားတာတွေ ရှိတယ်။ ကော်မရှင်ဥက္ကဋ္ဌအနေနဲ့ ပြောသွားတာတော့ တော်တော်လေးကို အားရဖို့ကောင်းပါတယ်။ သူ့အနေနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲကြီး ဖြစ်စေရမယ်လို့ ပြောပါတယ်” ဟု ပြောကြားသည်။   

Eleven Media Group 

ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ကျခြင်းတွင် နယ်ပယ်စုံမှ ပါဝင်နေကြသော အဖွဲ့အစည်းများ၏ ညီလာခံ ကျင်းပနေစဉ်
ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ကျခြင်းတွင် နယ်ပယ်စုံမှ ပါဝင်နေကြသော အဖွဲ့အစည်းများ၏ ညီလာခံ ကျင်းပနေစဉ်
ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများတွင် သမာသမတ်ကျစွာ ပြုလုပ်နိုင်ရေးအတွက် အစိုးရ၊ နိုင်ငံရေးပါတီများ၊ အရပ် ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ ပညာရှင်များပါဝင်သော ညီလာခံတစ်ရပ်ကို ဇူလိုင် ၂ဝ ရက် က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။