Friday 31 October 2014

ရေငုပ်သင်္ဘောဒုံးကျည် စမ်းသပ်မှု အောင်မြင်ဟု ရုရှားပြော

Photo: ရေငုပ်သင်္ဘောဒုံးကျည် စမ်းသပ်မှု အောင်မြင်ဟု ရုရှားပြော
Friday, October 31, 2014

ရုရှားအစိုးရဟာ ရေငုပ်သင်္ဘောမှာ တပ်ဆင်သုံးနိုင်တဲ့ ဗူလာဗာဒုံးကျည် SLBM ကို အောက်တိုဘာ ၂၉ ရက်နေ့က အောင်အောင် မြင်မြင် စမ်းသပ်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

Russiaရုရှားရဲ့ ကမ်ချတ်ကာ ကျွန်းဆွယ်  ကုရပစ်ကွင်းဆီကို ချိန်ရွယ်ပြီး ဘာရန့်စ်ပင်လယ်အတွင်း ဘိုရေးအဆင့် ယူရီ ဒေါ်ဂိုရုကီ (Yury Dolgoruky) နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောမှာ တပ်ဆင်ပစ်ခတ် စမ်းသပ်ခဲ့တာပါ။

၁၂ မီတာ ရှည်တဲ့ ဗူလာဗာဒုံးကျည်နဲ့ ပစ်မှတ် အတော်များများကို ပစ်ခတ်ခဲ့ပြီး တချို့က အောင်မြင်တယ်လို့ ဆိုပါတယ်။

ဒီရေငုပ်သင်္ဘောတပ် ဒုံးကျည်ဟာ ၁၉၄၅ ဟီရိုရှီးမားမြို့ကို ပြာချခဲ့တဲ့ အနုမြူဗုံးထက် အဆတရာ သက်ရောက်နိုင်စွမ်း ရှိပါတယ်။

တန်ချိန် ၃၆.၈ တန်လေးပြီး မိုင်ငါးထောင်အကွာကို ပစ်ခတ်နိုင်စွမ်း ရှိပါတယ်။ နျူကလီးယားထိပ်ဖူး ၆ ခုကနေ ၁၀ ခုထိ တပ်ဆင်နိုင်စွမ်းလည်း ရှိပါတယ်။

ရုရှားဟာ သူရဲ့ထုံးတမ်းစဉ်လာ သြဇာလွှမ်းမိုးခံ နိုင်ငံလို့ ယူဆထားတဲ့ ယူကရိန်းအရှေ့ ပဋိပက္ခ စတင်ကတည်းက လက်နက်ကိုင်တပ်တွေရဲ့ စစ်သင်တန်းတွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေကိုလည်း စမ်းသပ်ချက်တွေကို တိုးမြှင့်နေတယ်လို့ မီဒီယာတွေက သုံးသပ် အစီရင်ခံထားပါတယ်။

ဒီဗွီဘီ
ရုရှားအစိုးရဟာ ရေငုပ်သင်္ဘောမှာ တပ်ဆင်သုံးနိုင်တဲ့ ဗူလာဗာဒုံးကျည် SLBM ကို အောက်တိုဘာ ၂၉ ရက်နေ့က အောင်အောင် မြင်မြင် စမ်းသပ်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာ ယူ ၁၉ အသင်းအား ရုပ်ရှင်နှင့်ဂီတ အနုပညာရှင်များ ဂုဏ်ပြုဖျော်ဖြေပွဲပြုလုပ်မည်

နိုဝင်ဘာ ၂ ရက်နေ့ ညနေ ၆ နာရီတွင် သုဝဏ္ဏမိုးလုံလေလုံအားကစားပြိုင်ပွဲရုံ ၁ တွင် မြန်မာ ယူ ၁၉ အသင်းအား ဂုဏ်ပြုသည့်အနေဖြင့် ဖျော်ဖြေပွဲ ကျင်းပမည်ဟု သိရသည်။

ငါးပိ၊ ငါးခြောက်များ၌ ဓာတုဆိုးဆေးအသုံးမပြုစေရေး အသိပညာပေးမည်

Photo: ငါးပိ၊ ငါးခြောက်များ၌ ဓာတုဆိုးဆေးအသုံးမပြုစေရေး အသိပညာပေးမည်
Friday, October 31, 2014

ငါး ပိ၊ ငါးခြောက် ထုတ်လုပ်ရောင်းဝယ် သူများအနေဖြင့် အန္တရာယ်ဖြစ်စေ သည့် ဓာတုဆိုးဆေးများအသုံးမပြု ရန် အသင်းဝင်အားလုံးကို အသိ ပညာပေး၊ ဟောပြောပွဲများ ပြုလုပ် သွားမည်ဟု မြန်မာနိုင်ငံငါးပိ၊ ငါး ခြောက် ထုတ်လုပ်ရောင်းဝယ်သူ များအသင်းမှ သိရသည်။

ငါးပိ၊ ငါးခြောက်ထုတ်လုပ် ရောင်းဝယ်သူများအသင်းသည် လူ မှုရေးအသင်း ဖြစ်သည့်အတွက် ကြောင့် အရေးယူမှုများ မပြုလုပ် နိုင်သော်လည်း စည်းရုံးမှုများပြုလုပ် ပြီး အန္တရာယ်ဖြစ်စေသည့် ဓာတုဆိုး ဆေးများ မသုံးရန် အသိပညာပေး လှုံ့ဆော်မှုများ ပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက် ထုတ် လုပ်ရောင်းဝယ်သူများအသင်းမှ အတွင်းရေးမှူး ဦးထွန်းစိန်က ပြော ပြသည်။

''ငါးပိ၊ ငါးခြောက်ထုတ်လုပ်တဲ့ သူတွေကို အန္တရာယ်ဖြစ်စေတဲ့ ကြာ ရှည်ခံပစ္စည်းတွေ၊ ဆိုးဆေးတွေမသုံး ဖို့ အသင်းကနေ အသင်းသား အား လုံးကို အသိပညာပေးဖို့၊ ဟောပြောပွဲ တွေလုပ်ဖို့၊ အသိပညာပေးစာစောင်တွေ ထုတ်ပေးဖို့ အသင်းကနေ လုပ်ဖို့ ရှိပါတယ်။ ကျွန်တော်တို့ အသင်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ အန္တရာယ်ရှိတဲ့ အစားအစာကို ဘယ်တော့မှ မထုတ် ဖို့၊ အာဟာရဖြစ်တဲ့ အစားအစာကို ထုတ်ရမယ့် ရည်ရွယ်ချက်အတိုင်း လုပ်သွားမှာပါ''ဟု ၄င်းက ပြောသည်။

စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနတွင် ငါးပိ၊ ငါး ခြောက်ထုတ်လုပ်သူများနှင့် စား သုံးသူ ကာကွယ်ရေးအသင်းတို့ အောက်တိုဘာ ၁၆ရက်တွင် ငါးပိ၊ ငါးခြောက်များတွင် အန္တရာယ်ရှိ ဆိုး ဆေးများ၊ ကြာရှည်ခံပစ္စည်းများ အသုံးမပြုရန် ဆွေးနွေးခဲ့ကြသည်။

''ငါးပိထဲမှာ ဆိုးဆေးပါတယ်။ ကြာရှည်ခံပစ္စည်းတွေထည့်တယ်လို့ သတင်းတွေထွက်လာတယ်။ ဒါ ကြောင့် ငါးပိ၊ ငါးခြောက် ရောင်း ဝယ်သူတွေကို ပညာပေးမှုတွေလုပ် ဖို့လိုတယ်။ ဟောပြေပွဲတွေလုပ်ပေး ဖို့လိုတယ်။ ကိုယ်ကျိုးစီးပွားမ ကြည့်ဘဲ အများအကျိုးကြည့်ဖို့လဲ လိုမယ်'' ဟု ချောင်းသာကမ်းခြေတွင် ငါးပိလုပ်ငန်းလုပ်ကိုင်နေသည့် ဒေါ် သိန်းဌေးက ပြောသည်။

တောင်ဒဂုံစက်မှုဇုန်တွင် ငါး ခြောက်လုပ်ငန်းကို ဇုန်(၁)၊ (၂)တို့၌ ပြုလုပ်ပြီး ငါးပိလုပ်ငန်းကို ဇုန်(၃)တွင် ပြုလုပ်လျက်ရှိသည်။

မိုးတွင်းကာလများတွင် ငါးနီတူ ခြောက်တစ်ပိဿာလျှင် ကျပ် ၇ဝဝဝ ဝန်းကျင်ခန့်ရှိပြီး အရည်ကျိုငါးပိ တစ်ပိဿာလျှင် ကျပ် ၅ဝဝဝ ဝန်း ကျင်ခန့်ရှိကာ အကောင်းစား၊ အညံ့ စားပေါ် မူတည်၍ ဈေးနှုန်းများ အတက်အကျရှိကြောင်းသိရသည်။

ရခိုင်မှထွက်ရှိသည့် မျှင်ငါးပိ တစ်ပိဿာလျှင် ကျပ် ၈ဝဝဝ ဝန်း ကျင်ခန့်ဈေးရှိနေပြီး ပွင့်လင်းရာ သီတွင် ဈေးပြန်လည်ကျနိုင်ကြောင်း ငါးပိ၊ ငါးခြောက်လုပ်ငန်း လုပ်ကိုင် သူများထံမှ သိရသည်။

ရေချိုငါးပိတွင် ဓာတ်မြေသြဇာ (ယူရီးယား)များပါဝင်နေသည်ဟု မြန် မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ၂ဝ၁၃ ခုနှစ်အတွင်း ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် ရေချိုငါးပိကို ရိုးရာအစားအစာအဖြစ် စားသုံးလေ့ ရှိပြီး နေရာဒေသပေါ်မူတည်၍ စား သုံးသူ အနည်းအများကွာခြားလျက် ရှိကာ ရေချိုငါးပိများမှာ ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီးမှ အများ ဆုံးထွက်ရှိ၍ ရန်ကုန်တိုင်းဒေသကြီး သရက်ပင်ချောင်ကို ငါးပိ၊ ငါးခြောက် နှင့် ငံပြာရည်လုပ်ငန်းများ သိုလှောင်၊ ဖြန့်ဖြူးရန် သတ်မှတ်ပေးထားသည်။

CN(MMK)
Yangon Media Group
ငါး ပိ၊ ငါးခြောက် ထုတ်လုပ်ရောင်းဝယ် သူများအနေဖြင့် အန္တရာယ်ဖြစ်စေ သည့် ဓာတုဆိုးဆေးများ အသုံးမပြုရန် အသင်းဝင်အားလုံးကို အသိပညာပေး၊ ဟောပြောပွဲများ ပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံငါးပိ၊ ငါး ခြောက် ထုတ်လုပ်ရောင်းဝယ်သူ များအသင်းမှ သိရသည်။

Facebook သုံးတဲ့ ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ရှိတဲ့ ပြသနာများ

Photo: Facebook သုံးတဲ့ ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ရှိတဲ့ ပြသနာများ
Friday, October 31, 2014

ချစ်သူစုံတွဲတွေ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook မှာ စုံတွဲဓာတ်ပုံတွေ တင်ကြတယ်၊ relationship status တင်ပြီး တစ်ဦးနဲ့တစ်ဦး ဘယ်လောက် ချစ်တယ်ဆိုတဲ့အကြောင်းကိုလည်း စတေးတပ်စ်တွေ တင်ကြတယ်။ ဒါပေမယ့် သူတို့ကြားမှာ facebook ကြောင့် တက်တဲ့ ပြသနာတွေ အနည်းအများတော့ ရှိတတ်ကြပါတယ်။ တစ်ချို့သ၀န်တိုတတ်တဲ့ ချစ်သူတွေဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ်။ facebook ကြောင့် ကွဲသွားတဲ့ ချစ်သူစုံတွေတွေလည်း ခုဆို တော်တော်များလာပြီလို့ စစ်တမ်းတွေအရ သိရပါတယ်။ ဒီတော့ ချစ်သူစုံတွဲ တွေကြား facebook ကြောင့် ဘယ်လိုပြသနာလေးတွေ ဖြစ်တတ်သလဲဆိုတာ ကြည့်ရအောင်။

၁။ကိုယ့်ချစ်သူကို လာ add တဲ့သူ ဘယ်သူတွေလဲဆိုပြီး သိချင်ကြတယ်။ ပြသနာရှာကြတယ်။

နှစ်ယောက်စလုံး facebook သုံးနေတဲ့အချိန် ကိုယ့်ချစ်သူကို ဘယ်သူတွေ လာပြီး fri request ပို့ထားသလဲ။ ကိုယ့်အသိတွေလား။ အီစီကလီလုပ်မယ့်သူ တွေလား စသဖြင့် သိချင်ကြပါတယ်။ တစ်ချို့ဆိုရင် မိန်းကလေးဆိုလက်မခံနဲ့၊ ယောင်္ကျားလေးဆို လက်မခံရဘူး ဆိုပြီး ကိုယ့်ချစ်သူကို တားမြစ်ထားတာတွေ တောင်ရှိလာပါတယ်။

၂။ကိုယ့်ချစ်သူရဲ့ account ထဲမှာ သူ့ရဲ့အရင်ရည်းစားဟောင်းတွေ ရှိနေသေးလား၊ သူတို့အဆက်အသွယ်ရှိနေသေးသလား ဆိုပြီး ပြသနာရှာကြတယ်။

ရည်းစားဟောင်းနဲ့ ဘာမှမဟုတ်တော့ဘူး။ သူငယ်ချင်းလိုပဲ ပြန်ခင်မင်နေတယ် ဆိုတာမျိုး လက်ခံပေးနိုင်တဲ့ ရည်းစားရှားပါတယ်။ အရင်ရည်းစားကိုယ့် account ထဲမှာရှိနေရင် သူဘာတွေလုပ်နေလဲ ဆိုတာလောက်တော့ နည်းနည်းပါးပါး သိချင်ကြတာရှိတတ်ပါတယ်။ ဒါ့အပြင် ကိုယ့်ချစ်သူရဲ့ရည်းစား ဟောင်းက ကိုယ့်ချစ်သူကို ပြန်လာပတ်သက်မှာ စိုးရိမ်တာမျိုးတွေလည်း ရှိပါတယ်။ တကယ်လို့ ကိုယ့်ချစ်သူရဲ့ ဓာတ်ပုံမှာသာ သူ့ရည်းစားဟောင်းရဲ့ Like လေးတစ်ချက် တွေ့လိုက်ရင် ခေါင်းမီးတောက်ပြီး နှစ်ဦးသား ပြသနာတက်ပြီသာ မှတ်ပါတော့။

၃။chat ထဲမှာ ဘယ်သူတွေနဲ့ ဘာတွေပြောနေသလဲ သိချင်ကြတယ်။

တစ်ခါတစ်လေ ကိုယ့်အလုပ်၊ ကိုယ့်ကျောင်း၊ ကိုယ်ဝါသနာပါရာ ကိစ္စရပ် တစ်ချို့ကြောင့် ကိုယ့်ကို မိတ်ဆွေလာဖွဲ့တာ၊ မေးမြန်းတာမျိုးတွေရှိနိုင်ပေမယ့် တစ်ချို့လူတွေကျတော့လည်း ဒီအတိုင်းရောချင်တာမျိုးတွေ ရှိပါတယ်။ ဒါကို ပြန်ပြောသင့်၊ မပြောသင့်ဆိုတာ ကိုယ်တိုင်သာ ဆုံးဖြတ်ရမှာပါ။ ကိုယ့်ချစ်သူကတော့ မမြင်ကွယ်ရာမှာ သူစိမ်းတစ်ယောက်နဲ့ chat နေတာမျိုးသိရင် စိတ်ပူကောင်း စိတ်ပူပါလိမ့်မယ်။ ဒါဆိုရင် ဘာ့ကြောင့် chat ရတယ် ဆိုတာ၊ အကြောင်းကိစ္စရှိလို့ chat ရတယ်ဆိုတာ သူနားလည်အောင် ရှင်းပြပါ။ လာ hi တဲ့သူတိုင်းနဲ့တော့ စကားပြန်မပြောမိပါစေနဲ့။ သူ့ယုံကြည်မှုတွေလည်း မဆုံးရှုံးပါစေနဲ့။

၎။ကိုယ့်စတေးတပ်စ်၊ ဓာတ်ပုံတွေမှာ ကိုယ့်ချစ်သူရဲ့ Like မရှိတာနဲ့ ပတ်သက်ပြီး ပြသနာတက်ကြတယ်။

မိန်းကလေးအများစုဟာ ကိုယ်တင်လိုက်တဲ့ပုံလေးတွေ၊ စတေးတပ်ပ်လေးတွေမှာ ကိုယ်ချစ်သူက ၀င်လက်မထောင်တာမျိုး လိုချင်ကြပါတယ်။ သူတို့ထောက်ခံအားပေးတာကိုလည်း လိုချင်ပါတယ်။ အဲ့ဒီလိုမဟုတ်ပဲ သူ့ဘာသာသူသာ သပ်သပ်ကြီးနေပြီး လုပ်ချင်တဲ့ စတေးတပ်စ်တစ်ခုလောက်ကျမှ Like ကလစ်လေး လာနှိပ်တာမျိုးဆိုရင်တော့ သူတို့ စိတ်ကောက်ကြပါလိမ့်မယ်။ အထူးသဖြင့် ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်ကြောင်း ရေသားထားတဲ့ စတေးတပ်စ်မျိုးမှာပေါ့။

၅။နှစ်ဦးသားရဲ့ထူးခြားတဲ့နေ့တွေမှာ တစ်ဦးရဲ့wall မှာ တစ်ဦးက အမှတ်တရပို့စ်တစ်ခုခု မလုပ်တာနဲ့ပတ်သက်ပြီး ပြသနာတက်ကြတယ်။

facebook ပေါ်မှာ တစ်ခြားသော အတွဲပေါင်းများစွာက သူတို့ရဲ့အမှတ်တရဖြစ် တဲ့ နေ့လေးတွေမှာ တစ်ယောက်ရဲ့ wall တစ်ယောက်ဝင်ကြည့်၊ ပို့စ်လေးတွေ လုပ်တတ်ကြပါတယ်။ ဒီရေစီးကြောင်းထဲရောက်ပြီးလို့ကတော့ ပြန်ထွက်ဖို့ ခက်ခဲသွားပါပြီ။ ချစ်စခင်စ ကြင်နာစအချိန်တွေတုန်းက ခုလိုတွေလုပ်ခဲ့ပေမယ့် နောက်ပိုင်းခုလို လုပ်ဖို့ ပျက်ကွက်လာမယ်ဆိုရင်တော့ နှစ်ဦးသား အချစ်တွေလျော့သွားပြီလားဆိုပြီး ပြသနာရှာတတ်ကြပါတယ်။

၆။ကိုယ့်ချစ်သူကို တစ်ခြားသူတွေရဲ့ အလှဓာတ်ပုံမှာ tag လုပ်ထားတာမျိုး မကျေမနပ်ဖြစ်တတ်ကြတယ်။

တစ်ခါတစ်လေ ကောင်မလေးတွေက သူတို့ရဲ့အလှဓာတ်ပုံတိုင်းမှာ ကိုယ့်ချစ်သူကောင်လေးကို tag ပေးထားပြီး Like လုပ်ဖို့ပြောထားတာမျိုး တစ်ခါ၊ နှစ်ခါ မဟုတ် အကြိမ်ပေါင်းများစွာ မြင်တွေ့လာရပြီဆိုရင် ကိုယ့်ချစ်သူကောင်လေးကိုရော၊ အဲ့ဒီကောင်မလေးတွေကိုပါ ဒေါသထွက်လာရပါပြီ။ ကိုယ့်ကောင်လေးအနေနဲ့လည်း သူတို့ရဲ့ဓာတ်ပုံမှာ tag မလုပ်ဖို့ သူတို့ကို ပြတ်ပြတ်သားသား ပြောဖို့လိုလာပြီ ကိုယ့်ဘက်က ဖွင့်ဟလာရပါပြီ။

၇။ကိုယ်အမြင်မကြည်တဲ့သူရဲ့ပို့စ်၊ ဓာတ်ပုံအောက်မှာ ကိုယ့်ချစ်သူရဲ့ Like တွေကို တွေ့လို့ ဒေါသဖြစ်ကြတယ်။

လူမှုကွန်ယက်မှာ ကိုယ်နဲ့ချစ်သူ ၊ ခင်သူတွေ ရှိသလို ကိုယ်ကြည့်မရတဲ့၊ ကိုယ်နဲ့လုံးဝအဆင်မပြေတဲ့သူတွေ ရှိတတ်ကြပါတယ်။ ဒါကို block လို့လည်းမရ၊ unfriend လုပ်လို့မကောင်းတာမို့ ဆက်ထားနေရပေမယ့် သူတို့တင်တဲ့ပို့စ်တွေ၊ ဓာတ်ပုံတွေကိုတော့ ကိုယ့်အနေနဲ့ Like မလုပ်ဖြစ်တော့တဲ့အခါ ကိုယ့်ချစ်သူ ကိုပါ ကိုယ့်လိုဖြစ်စေချင်ကြပါတယ်။ အဲ့ဒီလိုမဟုတ်ပဲ ကိုယ့်ချစ်သူကတော့ Like တွေ၊ comment တွေ ၀င်ရေးနေမယ်ဆို နှစ်ဦးသား ပြသနာတက်ပြီလို့သာ မှတ်လိုက်ပါတော့။

Ref:yourtango, cosmopolitan.com
Trend Myanmar
ချစ်သူစုံတွဲတွေ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook မှာ စုံတွဲဓာတ်ပုံတွေ တင်ကြတယ်၊ relationship status တင်ပြီး တစ်ဦးနဲ့တစ်ဦး ဘယ်လောက် ချစ်တယ်ဆိုတဲ့အကြောင်းကိုလည်း စတေးတပ်စ်တွေ တင်ကြတယ်။ ဒါပေမယ့် သူတို့ကြားမှာ facebook ကြောင့် တက်တဲ့ ပြသနာတွေ အနည်းအများတော့ ရှိတတ်ကြပါတယ်။ တစ်ချို့သ၀န်တိုတတ်တဲ့ ချစ်သူတွေဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ်။ facebook ကြောင့် ကွဲသွားတဲ့ ချစ်သူစုံတွေတွေလည်း ခုဆို တော်တော်များလာပြီလို့ စစ်တမ်းတွေအရ သိရပါတယ်။ ဒီတော့ ချစ်သူစုံတွဲ တွေကြား facebook ကြောင့် ဘယ်လိုပြသနာလေးတွေ ဖြစ်တတ်သလဲဆိုတာ ကြည့်ရအောင်။

တောင်ကျရေကြောင့် သဲဖုံးလွှမ်းပြီး အိမ်များပျက်စီးခဲ့သည့် ဒေသခံများ၏ တောင်းဆိုချက်များကို ဆောင်ရွက်ပေးခြင်းမရှိပါက ဆန္ဒထုတ်ဖော်မည်ဟုဆို

Photo: တောင်ကျရေကြောင့် သဲဖုံးလွှမ်းပြီး အိမ်များပျက်စီးခဲ့သည့် ဒေသခံများ၏ တောင်းဆိုချက်များကို ဆောင်ရွက်ပေးခြင်းမရှိပါက ဆန္ဒထုတ်ဖော်မည်ဟုဆို
Friday, October 31, 2014

မန္တ လေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ရေမျက်ကျေးရွာတွင် စက်တင်ဘာ ၁၈ရက်က တောင်ကျရေကြောင့် နေ အိမ်များ သဲဖုံးလွှမ်းခြင်း၊ မျောပါ ပျက်စီးခြင်း၊ ဒေသခံကျေးရွာသား တချို့သေဆုံး၊ ပျောက်ဆုံးခဲ့ရခြင်း များ ဖြစ်ပေါ်ခဲ့မှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ ယနေ့အ ချိန်ထိ စစ်ဆေးအရေးယူခြင်း၊ ညှိ နှိုင်းဆောင်ရွက်ခြင်းများ မပြုလုပ် ပေးသေးခြင်းကြောင့် နိုဝင်ဘာလ တွင် ထိုင်သပိတ်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

စဥ့်ကူးမြို့နယ်အတွင်းရှိ ရွှေ တူးဖော်ရေးကုမ္ပဏီများမှ ချောင်း နက်ချောင်းအား ပိတ်ဆို့ကာ ရေ ကာတာတမံများပြုလုပ်၍ ရွှေတူး ဖော်ခြင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့ ခြင်းကြောင့် အဆိုပါဖြစ်စဉ်များဖြစ် ပေါ်ခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံ များက ပြောသည်။

''သဲဖုံးလွှမ်းမှုဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သက်ပြီး အခုအချိန်ထိ ဘာမှလာ ရောက်ညှိနှိုင်းပေးတာ မရှိသေးဘူး။ အစိုးရကပေးတယ်ဆိုတဲ့ မြေနေရာ က ကျောက်ကုန်းတွင်းတောင် တူး လို့မရဘူး။ အပြင်က ပရဟိတအ သင်းတွေနဲ့ လူမှုရေးအဖွဲ့တွေရဲ့ ကူ ညီထောက်ပံ့မှုပဲရှိတယ်။ မိုးရွာသွန်း တာနဲ့ ဒီလို ဘေးအန္တရာယ်ကြီးတစ်ခု ဖြစ်စရာအကြောင်းမရှိပါဘူး။ စီး နေတဲ့ချောင်းကို ရေကာတာလုပ် ပြီး ပိတ်လုပ်လို့ အခုလို ဖြစ်တာပဲ။ ရေကလှောင်သလိုဖြစ်ပြီး မိုးများ တော့ တာကျိုးပြီး အခုလို ဖြစ် တာပါ။ ရေကာတာလုပ်စဉ်ကလဲ ကျေးရွာက မလုပ်ဖို့ သွားတား တယ်။ မရဘူး၊ သူတို့က ဆက်လုပ် တယ်။ တာဝန်ခံမှု တာဝန်ယူမှုမရှိ တဲ့ ကုမ္ပဏီတွေကိုလဲ အရေးယူဖို့ တောင်းဆိုသွားမယ်'' ဟု ရေမျက် ကျေးရွာသားတစ်ဦးက ပြောသည်။

ရေမျက်ကျေးရွာတွင် အိမ်ခြေ ၉၆လုံးရှိပြီး နေအိမ် ၈၂လုံး သဲဖုံး လွှမ်းခံခဲ့ရကာ လူသုံးဦးသေဆုံး၍ တစ်ဦးပျောက်ဆုံးခဲ့ကာ ပျောက်ဆုံး နေသူ ကိုယ်ဝန်ဆောင်မိခင်တစ် ဦး၏ ရုပ်အလောင်းကို ယနေ့အချိန် ထိ ပြန်လည်ရှာဖွေတွေ့ရှိခြင်းမရှိ သေးကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များဖြစ်ပွားခဲ့ ပြီးနောက် စဥ့်ကူးမြို့နယ်အတွင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်းများမှာ ပုံ မှန်အတိုင်း ဆက်လက်လုပ်ကိုင် လျက်ရှိနေပြီး ဒေသခံများထံ လာ ရောက်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ဖြေရှင်းပေးခြင်း မရှိသည့်အတွက် ဒေသခံများတောင်းဆိုသော တောင်း ဆိုချက် ခုနစ်ချက်ကို အောက်တိုဘာ လကုန်ထိ ဆောင်ရွက်ပေးခြင်းမရှိ ပါက နိုဝင်ဘာလအတွင်း ထိုင်သ ပိတ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

AXE
Yangon Media Group
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ရေမျက်ကျေးရွာတွင် စက်တင်ဘာ ၁၈ရက်က တောင်ကျရေ ကြောင့် နေ အိမ်များ သဲဖုံးလွှမ်းခြင်း၊ မျောပါ ပျက်စီးခြင်း၊ ဒေသခံကျေးရွာသား တချို့သေဆုံး၊ ပျောက်ဆုံးခဲ့ရခြင်း များ ဖြစ်ပေါ်ခဲ့မှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ ယနေ့အ ချိန်ထိ စစ်ဆေး အရေးယူခြင်း၊ ညှိ နှိုင်းဆောင်ရွက်ခြင်းများ မပြုလုပ် ပေးသေးခြင်းကြောင့် နိုဝင်ဘာလ တွင် ထိုင်သပိတ် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် မြို့တော်ခန်းမ တည်ဆောက်လျှင် ကန့်ကွက်မည်ဟုဆို

Photo: မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် မြို့တော်ခန်းမ တည်ဆောက်လျှင် ကန့်ကွက်မည်ဟုဆို
Friday, October 31, 2014

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ရှေးဟောင်းယဉ်ကျေးမှုဇုန်တွင် မြို့တော်ခန်းမ တည်ဆောက်လျှင် ကန့်ကွက်မည်ဖြစ်ကြောင်း မြောက်ဦး ရခိုင်လူမှုကွန်ရက်က အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် ရှစ်သောင်းပုထိုးတော် အနီးရှိ ရာဇာ့သင်္ချိုင်းနေရာ၌ မြောက်ဦးမြို့ မြို့တော်ခန်းမ တည်ဆောက်ရန် အစိုးရက စီစဉ်ခဲ့ပြီး မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က တင်ပြသည့်အတွက် လက်ရှိတွင် ရပ်ဆိုင်းထားကြောင်း မြောက်ဦး ရခိုင်လူမှုကွန်ရက် ဒုတိယဥက္ကဋ္ဌ ဦးဇော်သိန်းထွန်းက ပြောကြားသည်။

မြောက်ဦးမြို့တွင် အခမ်းအနားများ၊ လူထုစည်းဝေးပွဲများ၊ စာပေဟောပြောပွဲများ၊ သင်တန်းများ စနစ်တကျ ပြုလုပ်ရန် မြို့တော်ခန်းမတစ်ခု လိုအပ်နေသော်လည်း မြောက်ဦးမြို့၏ ရှေးဟောင်းအမွေအနှစ်များကို တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမည် ဆိုပါက ဆန့်ကျင်ကန့်ကွက်မည် ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်များ စာရင်းဝင်ရန် သတ်မှတ်ထားသော စံချိန်စံညွန်းများနှင့် ကိုက်ညီမှု မရှိခြင်း ထိခိုက်ပျက်စီးစေခြင်း၊ ရခိုင်ပြည်နယ် အစိုးရက ပြဋ္ဌာန်းထားသော ရခိုင်ပြည်နယ် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး ဥပဒေပါ ပြဋ္ဌာန်းချက်များ ဆန့်ကျင်နေပါက ကန့်ကွက်မည် ဖြစ်ကြောင်း ဦးဇော်သိန်းထွန်းက ဆိုသည်။

ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းအမွေအနှစ်များကို ဖျက်ဆီးပါက ထောင်ဒဏ် ခုနစ်နှစ်နှင့် ငွေဒဏ် ကျပ် ၇ သိန်း ချမှတ်နိုင်သည့် ရခိုင်ပြည်နယ် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး ဥပဒေကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော်တွင် အတည်ပြုခဲ့သည်။

အဆိုပါဥပဒေ ပုဒ်မ ၂၅ တွင် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ မူလရှေးဟောင်း ပုံသဏ္ဌာန်ကို ဖြစ်စေ၊ မူလရှေးဟောင်း လက်ရာကိုဖြစ်စေ ပြောင်းလဲစေရန် တမင်ပြုလုပ်ခြင်း စသည်တို့ကို ကျူးလွန်ပါက ထောင်ဒဏ် ခုနစ်နှစ်ဖြစ်စေ၊ ငွေဒဏ် ၇ သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

The Voice Weekly
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ရှေးဟောင်းယဉ်ကျေးမှုဇုန်တွင် မြို့တော်ခန်းမ တည်ဆောက်လျှင် ကန့်ကွက်မည်ဖြစ်ကြောင်း မြောက်ဦး ရခိုင်လူမှုကွန်ရက်က အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကြေညာ ချက် ထုတ်ပြန်လိုက်သည်။

အခြေခံပညာပြီးဆုံးကြောင်း စစ်ဆေးသည့် စာမေးပွဲနှင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများကို သီးခြားစီကျင်းပရန် ဆွေးနွေးလျက်ရှိ

အခြေခံပညာပြီးဆုံးကြောင်း စစ်ဆေးသည့် စာမေးပွဲနှင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို သီးခြားစီ ကျင်းပ ရန် ဆွေးနွေးလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။

ကြက်ဥကို စားသင့်တဲ့ အကြောင်းများ

Photo: ကြက်ဥကို စားသင့်တဲ့ အကြောင်းများ
Friday, October 31, 2014

ကြက်ဥဟာ လူတိုင်းနီးပါး စားသုံးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါကြောင့် ကြက်ဥနဲ့ ပက်သက်ပြီး သိသင့်တဲ့ အရာလေးတွေကို စာဖတ်သူများ အတွက်ရေး သားလိုက် ရပါတယ်။

ကြက်ဥဟာ မျက်လုံးအတွက် ကောင်းမွန်သော အစားအစာ ဖြစ်ရုံသာ မကဘဲ ခန္ဓာကိုယ် အတွက် ခွန်အားကိုပါ ရရှိနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကြွက်သားများကို သန်စွမ်းစေသော ဂုဏ်သတ္တိ ပါဝင်တာကြောင့် အမျိုးသားများ အတွက် စားသင့်သော အစားအစာ တစ်ခုလို့ ဆိုရမှာပေါ့။

ဒါ့တင်မက သေးပါဘူး ကြက်ဥကို မနက်စာ အဖြစ် စားမယ်ဆိုရင် ဝိတ်ကို ကျစေနိုင်လို့ အရမ်းဝနေသော အမျိုးသား (သို့) အမျိုးသမီးများ ကြက်ဥကို မနက်စာ အဖြစ် စားသုံးပါလို့ အကြံပြု ပါရစေ။

ဒါ့အပြင် ခြေသည်း လက်သည်းများ အတွက်လည်း ကောင်းမွန်ပြီး အမျိုးသမီး ရင်သား ကင်ဆာ ကိုတောင် ကြက်ဥမှ ကာကွယ်ပေးနိုင်လို့ အမျိုးသမီးများ စားသင့် ပါတယ်။

ရိုးရာလေး
ကြက်ဥဟာ လူတိုင်းနီးပါး စားသုံးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါကြောင့် ကြက်ဥနဲ့ ပက်သက်ပြီး သိသင့် တဲ့ အရာလေးတွေကို စာဖတ်သူများ အတွက်ရေး သားလိုက် ရပါတယ်။

ငွေမည်းဖြင့် အိမ်ခြံမြေ ဈေးကစားပါက ထောင် ၁ဝ နှစ် ဒဏ်ငွေ ကျပ် သန်း ၅ဝဝ ချနိုင်


၂ဝ၁၄ ခုနှစ် ငွေကြေးခဝါချမှု တိုက် ဖျက်ရေး ဥပဒေအရ ငွေမည်းဖြင့် အိမ်၊ ခြံ၊ မြေဈေးကစားပါက ထောင်ဒဏ် ၁ဝ နှစ်အထိသော်လည်းကောင်း၊ ဒဏ်ငွေ ကျပ်သန်းငါး ရာအထိလည်းကောင်း ချ မှတ်နိုင် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် က အောက်တိုဘာ ၂၇ ရက်တွင် ပြောသည်။

ထိပ်သီးခေါင်းဆောင် ၁၄ ဦး ဆွေးနွေးပွဲ အားလုံးတက်ရောက်ပြီး ကိုးနာရီခွဲတွင် စတင်ဆွေးနွေး

မြန်မာ့နိုင်ငံရေးမှ ထိပ်သီးခေါင်းဆောင် ၁၄ ဦး ဆွေးနွေးပွဲကို နိုင်ငံတော် သမ္မတ အိမ်တော် ငုရွှေဝါခန်းမ တွင် ယနေ့နံနက် ၉ နာရီခွဲမှ စတင်၍ကျင်း ပနေပြီဖြစ် သည်။

ဂျပန်မှမြန်မာသို့လှူဒါန်းသည့် ကူးတို့သင်္ဘောသုံးစီးရောက်ရှိ

Photo: ဂျပန်မှမြန်မာသို့လှူဒါန်းသည့် ကူးတို့သင်္ဘောသုံးစီးရောက်ရှိ
Friday, October 31, 2014 

ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ကူးတို့သင်္ဘောသစ်သုံးစီးကို တင်ဆောင်လာသော သင်္ဘောကြီးတစ်စီး မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း NHK သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါသင်္ဘောများအား ရန်ကုန်မြစ်အတွင်း ရေချရန် အလုပ်သမားများက ကြီးမားသည့် ၀န်ချီစက်ကြီးများ အသုံးပြုခဲ့ရသည်ဟု ဆိုသည်။

ကူးတို့သင်္ဘောတစ်စီးလျှင် တန်ချိန် ၂၉၀ အလေးချိန်ရှိသည်။ အဆိုပါ သင်္ဘောများကို ဂျပန်နိုင်ငံတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဖွံ့ဖြိုးတိုး တက်မှုစီမံကိန်း တရားဝင် သဘောတူညီချက်အရ မြန်မာနိုင်ငံသို့ ပေးအပ်ခြင်း ဖြစ်ကြောင်း NHK တွင် ဆိုထားသည်။

အဆိုပါသင်္ဘောများအား လက်ရှိအသုံးပြုနေသည့် နှစ် ၇၀ သက်တမ်းရှိ သင်္ဘောများ နေရာတွင် အစားထိုးသွားမည်ဟု သိရသည်။

အဆိုပါသင်္ဘောသုံးစီးကို မြန်မာနိုင်ငံသို့မောင်းနှင်လာရန် စဉ်းစားမိခဲ့သော်လည်း တိုင်ဖွန်းမုန်တိုင်းရာသီကြောင့် သင်္ဘောကြီးတစ်စီးဖြင့် တင်ဆောင်လာရခြင်းဖြစ် ကြောင်း ဂျပန်သင်္ဘောကုမဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဂျပန်မှ မြန်မာသို့ရောက်ရှိရန် ရေကြောင်း ခရီးဖြင့် ကိုးရက်ကြာမြင့်ခဲ့ ကြောင်း သိရသည်။

Ref:NHK 
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ကူးတို့သင်္ဘောသစ်သုံးစီးကို တင်ဆောင်လာသော သင်္ဘောကြီးတစ်စီး မြန်မာ နိုင်ငံ သို့ ရောက်ရှိလာပြီဖြစ်ကြောင်း NHK သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ISIS တို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ထပ်မံကျူးလွန်ပြန်


အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက် အနောက်ဘက်ရှိ ထင်ရှားသော မြို့တစ်မြို့ဖြစ်သော ဟစ် မြို့တွင် ISIS တို့ကို တွန်းလှန်တိုက်ခိုက်ရာတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့သူ လူ ၃၀ ခန့်ကို ISIS တို့က မြို့၏ လူစည်ကားသော လမ်းမကြီးတွင် သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ဆေးလ်ဗား၏ ဒဏ်ရာ အခြေအနေကို စောင့်ကြည့်နေသည့် မန်စီးတီး

Photo: ဆေးလ်ဗား၏ ဒဏ်ရာ အခြေအနေကို စောင့်ကြည့်နေသည့် မန်စီးတီး
Friday, October 31, 2014

မန်ချက်စတာ စီးတီးအနေဖြင့် ကွင်းလယ် ကစားသမား ဒေးဗစ်ဆေးလ်ဗား၏ ဒဏ်ရာအတွက် စိုးရိမ်တကြီး စောင့်ကြည့်နေကြောင်း သိရသည်။

စပိန်လက်ရွေးစင် ဆေးလ်ဗားသည် နယူးကာဆယ်လ် ယူနိုက်တက်ကို (၂-၀)ဖြင့် အရေးနိမ့်သည့် Capital One ပွဲစဉ်တွင် ဒဏ်ရာကြောင့် ကွင်းထဲမှ ထွက်ခွာခဲ့ရသည်။ ၎င်း၏ ဒူးဒဏ်ရာ ပြင်းထန်မှု အခြေအနေကို တိတိကျကျ မသိရသေးဘဲ တနင်္ဂနွေနေ့တွင် ကစားမည့် မန်ချက်စတာ ယူနိုက်တက်နှင့် ဒါဘီပွဲစဉ်အတွက် မရေမရာ ဖြစ်နေသည်။ ထို့ကြောင့် အင်္ဂလန် ချန်ပီယံ အသင်းအနေဖြင့် ဆေးလ်ဗား၏ ဒဏ်ရာအတွက် Scanဖတ် စစ်ဆေးမှုကို စိတ်မောစွာ စောင့်ဆိုင်းနေရခြင်း ဖြစ်သည်။

Goal.comက ဆေးလ်ဗား၏ ဒဏ်ရာကို ကြာသပတေးနေ့က Scanဖတ် စစ်ဆေးထားပြီး (၂၄)နာရီမျှ အချိန်ယူပြီးမှ ရလဒ် ထွက်ပေါ်မည်ဟု ခန့်မှန်းထားသည်။ အဆိုပါ Scan ရလဒ်က မန်ချက်စတာ ဒါဘီပွဲစဉ်တွင် ဆေးလ်ဗား ပါဝင်နိုင်ခြင်း ရှိမရှိ အဆုံးအဖြတ် ပေးမည်ဖြစ်သည်။ မန်စီးတီး၏ အခြားသော ကွင်းလယ်လူ တစ်ဦးဖြစ်သည့် ယာယာတိုရေးသည်လည်း နယူးကာဆယ်လ်နှင့်ပွဲတွင် လူစားလဲခံရပြီး ၎င်းတွင် ပေါင်ခြံဒဏ်ရာပြဿနာ ရှိနေကြောင်း မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက ဝန်ခံထားသည်။

မန်စီးတီးသည် လတ်တလောတွင် အမှတ်ပေးဇယား တတိယ နေရာ၌ ရှိနေပြီး အကယ်၍ မန်ချက်စတာ ဒါဘီတွင် ၎င်းတို့ အရေးနိမ့်ပြီး ချယ်လ်ဆီးက QPRကို အနိုင်ရရှိသွားပါက (၉)မှတ်ထိ ကွာဟသွားမည်ဖြစ်သည်။

Soccer Myanmar
မန်ချက်စတာ စီးတီးအနေဖြင့် ကွင်းလယ် ကစားသမား ဒေးဗစ်ဆေးလ်ဗား၏ ဒဏ်ရာအတွက် စိုးရိမ်တကြီး စောင့်ကြည့်နေကြောင်း သိရသည်။

ထိပ်သီးဆွေးနွေးပွဲမှာ နိုင်ငံရေးအကျပ်အတည်းကြောင့် မဟုတ်ဘဲ ဘုံသဘောတူညီချက်ရှာရန်ဖြစ်ဟု သမ္မတပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ပြော

သမ္မတက တပ်မတော်၊ လွှတ်တော်နှင့် နိုင်ငံရေးထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံမှုမှာ လတ် တလော နိုင်ငံရေးအကျပ်အ တည်းများကြောင့် ပြုလုပ်ခြင်းမ ဟုတ်ဘဲ နိုင်ငံအတွက် ရှေ့ဆက်မည့် နည်း လမ်းများတွင် ဘုံသဘောတူညီမှုရရှိရန် တွေ့ဆုံခြင်းဖြစ်ပြီး နောက်ထပ်တွေ့ဆုံမှုများလည်း မကြာခဏ ပြုလုပ်သွားမည်ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ သွားမည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်သည် လာမည့် ဒီဇင်ဘာ အတွင်း တရုတ် နိုင်ငံ သို့ ပထမ ဆုံးအကြိမ် သွားရောက်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်နှင့်နီးစပ်သည့် အသိုင်း အဝိုင်းမှ သတင်းရရှိသည်။

ဘူကီနာဖာဆိုနိုင်ငံ ဆန္ဒပြသူများ အစိုးရအဆောက်အဦများကို သိမ်းပိုက်မီးရှို့

Photo: ဘူကီနာဖာဆိုနိုင်ငံ ဆန္ဒပြသူများ အစိုးရအဆောက်အဦများကို သိမ်းပိုက်မီးရှို့
Friday, October 31, 2014 

အာဖရိကအနောက်ပိုင်းက ဘူကီနာဖာဆိုနိုင်ငံမှာ ဆန္ဒပြသူတွေ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က မြို့တော်က အစိုးရဌာန၊ ပါလီမန်နဲ့ တခြား အရေးကြီးအဆောက်အဦတွေကို သိမ်းပိုက် မီးရှို့ခဲ့ကြပါတယ်။

Burkinaလက်ရှိ သမ္မတ ပါလေ့ကွန်ပိုးရေ နောက်ထပ် သမ္မတသက်တမ်းထပ်ယူဖို့ ပြင်ဆင်တာကို မကျေနပ်လို့ ပြည်သူတွေက ဆန္ဒပြခဲ့ကြတာပါ။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဘူကီနာဖာဆိုနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့အရေးအခင်းတွေနဲ့ လုံခြုံရေးအခြေအနေကို အလွန်အမင်း စိုးရိမ်ပြီး အထူးသံတမန်တဦးကို စေလွှတ်မယ်လို့ ပြောဆိုပါတယ်။

လက်ရှိသမ္မတ ပါလေ့ကွန်ပိုးရေဟာ သမ္မတအာဏာ ရယူထားတာ ၂၇ နှစ်ရှိပြီ ဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲတွေကြောင့် သူ အာဏာကို ဆက်လက် ချုပ်ကိုင်ထားဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က အတိုက်အခံတွေရဲ့ ဦးဆောင်မှုနဲ့ ပြည်သူတွေ လမ်းမပေါ်တက် ဆန္ဒပြပွဲ စတင်ခဲ့တာပါ။ ဆန္ဒပြလူထုက ပါလီမန်ကို  ၀င်ရောက်သိမ်းပိုက်ဖို့ ကြိုးစားချိန်မှာ ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး ဆန္ဒပြသူ ရာနဲ့ချီပြီး အဖမ်းခံခဲ့ရပါတယ်။

ပါလီမန်ဝန်းထဲကို ၀င်ရောက်သွားနိုင်သူတွေက ပါလီမန်ကို မီးတင်ရှို့ခဲ့ကြပါတယ်။ လက်ရှိ အာဏာရပါတီရဲ့ ဌာနချုပ်ကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့ကြ ပါတယ်။

၁၉၅၀ မှာ မွေးဖွားခဲ့တဲ့ လက်ရှိ သမ္မတ ပါလေ့ကွန်ပိုးရေဟာ  မော်ရိုကိုနဲ့ ကင်မရွန်းနိုင်ငံတွေမှာ စစ်သင်တန်း တက်ရောက်ခဲ့သူ ဖြစ်ပြီး ၁၉၈၇ ခုနှစ်မှာ တိုင်းပြည်အာဏာ သိမ်းပြီး သမ္မတ ဖြစ်လာခဲ့သူပါ။

ဒီဗွီဘီ
အာဖရိကအနောက်ပိုင်းက ဘူကီနာဖာဆိုနိုင်ငံမှာ ဆန္ဒပြသူတွေ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က မြို့တော်က အစိုးရဌာန၊ ပါလီမန်နဲ့ တခြား အရေးကြီးအဆောက်အဦတွေကို သိမ်းပိုက် မီးရှို့ခဲ့ကြပါတယ်။

IS တွေ​ရဲ့ အစု​လိုက် အပြုံ​လိုက် အသတ် ခံထား​ရ​တဲ့ ကျင်း ၂ ကျင်း အီ​ရတ်​မှာ တွေ့

Photo: IS တွေရဲ့ အစုလိုက် အပြုံလိုက် အသတ် ခံထားရတဲ့ ကျင်း ၂ ကျင်း အီရတ်မှာ တွေ့
Friday, October 31, 2014 

အီရတ် အနောက်ပိုင်း အဲန်ဘာ ဒေသ ဟစ်ထ်ဆိုတဲ့ မြို့မှာ လူတွေ အစုလိုက် အပြုံလိုက် အသတ် ခံရပြီးနောက် မြှုပ်နှံ ထားခဲ့တဲ့ ကျင်းကြီး ၂ကျင်း ကို တွေ့ရပါတယ်။

အစွန်းရောက် အဖွဲ့ IS တွေကို ဆန့်ကျင် တဲ့ ဆွန်နီ တိုက်ခိုက်ရေး သမားတွေကို IS တွေက အနီးကပ် သေနတ်နဲ့ ပစ်သတ်ပြီး မြှုပ်နှံ ထားခဲ့တာ လို့ ယူဆ ရပါတယ်။

တချို့ သတင်းတွေ အရ ရုပ်အလောင်း ၄၆ လောင်း တွေ့ရတယ် လို့ ဆိုပေမယ့်၊ အလောင်း ၂၂၀ လောက်ထိ များတယ် လို့ ပြောနေတဲ့ သတင်းတွေ လည်း ထွက်ပေါ် နေပါတယ်။

အသတ် ခံခဲ့ရ သူတွေဟာ ဆွန်နီ ဘာသာဝင် အယ်လ်ဘူနီမား မျိုးနွယ်စုက ဖြစ်ပြီး၊ အီရတ် အစိုးရနဲ့ မဟာမိတ်ပြုကာ သူတို့နယ်ကို IS တွေ သိမ်းပိုက်စဉ် တွန်းလှန် ခဲ့ကြတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
အီရတ် အနောက်ပိုင်း အဲန်ဘာဒေသ ဟစ်ထ်ဆိုတဲ့မြို့မှာ လူတွေအစုလိုက်အပြုံလိုက် အသတ် ခံရပြီးနောက် မြှုပ်နှံ ထားခဲ့တဲ့ ကျင်းကြီး ၂ကျင်း ကို တွေ့ရပါတယ်။

အမည်မသိ အမေရိကန် အရာရှိ တစ်ဦး၏ ဝေဖန် ထိုးနှက် မှုအား ဘင်ဂျမင် နေတန်ယာဟု ဒေါသ တကြီး တုံ့ပြန်

Photo: အမည်မသိ အမေရိကန် အရာရှိ တစ်ဦး၏ ဝေဖန် ထိုးနှက် မှုအား ဘင်ဂျမင် နေတန်ယာဟု ဒေါသ တကြီး တုံ့ပြန်
Friday, October 31, 2014 

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် သူရဲဘောကြောင်သူ တစ်ဦးဖြစ်သည်ဟူသော အမည်မသိ အမေရိကန် အရာရှိတစ်ဦး၏ ပြောကြားချက်နှင့် ပတ်သက်၍ အဆိုပါ ဝန်ကြီးချုပ်က ဒေါသ တကြီးဖြင့် တုံ့ပြန် ခဲ့သည်ဟု သိရသည်။ အစ္စရေး အစိုးရအဖွဲ့အနေဖြင့် ပုဂ္ဂိုလ်ရေးအရ ထိုးနှက်တိုက်ခိုက်မှု ပြုလုပ်နေသည့် အမေရိကန် အရာရှိများ၏ ပြောကြား ချက်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေရန် မလိုအပ်ကြောင်း၊ အစ္စရေးပြည်သူများနှင့် အစိုးရအဖွဲ့၏ အကျိုးစီးပွားများကို ကာကွယ်နေသည့် မိမိ၏ လုပ်ရပ်များကြောင့် ယခုကဲ့သို့ ထိုးနှက်ခံရခြင်း ဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက်ကပြုလုပ်ခဲ့ သော လွှတ်တော် အစည်းအဝေး တွင် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားသည်။

နေတန်ယာဟု၏ အဆိုပါ ဒေါသတကြီး တုံ့ပြန်မှုသည် Atlantic မဂ္ဂဇင်းတွင် အမည်မဖော်လိုသူ အမေရိကန်အရာရှိ တစ်ဦး က အစ္စရေး ဝန်ကြီးချုပ်သည် သတ္တိမရှိသည့် သူရဲဘောကြောင်သူ တစ်ဦးဖြစ်သည် ဟူသော ရေးသားဖော်ပြချက် ထွက်ပေါ် လာပြီးနောက်တွင် နေတန်ယာဟုက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အစ္စရေးဝန်ကြီးချုပ် စိတ်ဝင်စားသည့် တစ်ခုတည်း သောအရာမှာ နိုင်ငံရေးအရ ရှုံးနိမ့်မှုမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်ဖြစ် ပြီး ပါလက်စတိုင်း ပြည်သူများနှင့် သဘော တူညီ မှုရရှိအောင်လည်း မလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ၎င်းသည် သတ္တိမရှိသည့် သူရဲဘောကြောင်သူ တစ်ဦးဖြစ်ကြောင်း အမည် မဖော်လိုသူ အရာရှိက အဆိုပါ မဂ္ဂဇင်း ၌ ရေးသား ဖော်ပြထားသည်။

မြ၀တီ
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် သူရဲဘောကြောင်သူ တစ်ဦးဖြစ်သည်ဟူသော အမည် မသိ အမေရိကန် အရာရှိတစ်ဦး၏ ပြောကြားချက်နှင့် ပတ်သက်၍ အဆိုပါ ဝန်ကြီးချုပ်က ဒေါသ တကြီးဖြင့် တုံ့ပြန်ခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံတွင် လေထု ညစ်ညမ်း မှုကို ဖြစ်စေသည့် စက်ရုံ ၃၇၅ ရုံကို ပိတ်ပစ်

Photo: တရုတ်နိုင်ငံတွင် လေထု ညစ်ညမ်း မှုကို ဖြစ်စေသည့် စက်ရုံ ၃၇၅ ရုံကို ပိတ်ပစ်
Friday, October 31, 2014  

တရုတ်နိုင်ငံတွင် ၂ဝ၁၃-၂ဝ၁၇ ပတ်ဝန်းကျင် လေထုသန့်ရှင်းရေး အစီအစဉ်၏ တစ်စိတ် တစ်ဒေသအဖြစ် ၎င်းနိုင်ငံ အတွင်းရှိ လေထုညစ်ညမ်းမှုကို ဖြစ်စေသော စက်ရုံ ၃၇၅ ရုံကို အစိုးရက ယခုနှစ်အတွင်း ပိတ်ပစ်ခဲ့ ကြောင်း ဆင်ဟွာ သတင်းဌာနက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ပေကျင်းမြို့၌ လာမည့်လတွင် ကျင်းပမည့် Asia-Pacific Economic Cooperation (APEC) ထိပ်သီးဆွေးနွေး ပွဲမတိုင်မီ အဆိုပါ စက်ရုံများကို ပိတ်ပစ်ခဲ့ခြင်းဖြစ်ပြီး ၎င်းဆွေးနွေးပွဲသို့ အမေရိ ကန် သမ္မတ ဘားရက်အိုဘားမားနှင့် အခြားနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ကြမည် ဖြစ်သည်ဟု သိရသည်။

အပိတ်ခံရသော စက်ရုံများတွင် သံရည်ကျိုစက်ရုံ၊ ပန်းကန်စက်ရုံ၊ ဆောက်လုပ်ရေး ပစ္စည်းစက်ရုံ၊ ကြွေထည်မြေထည် စက်ရုံ၊ ဖန်ချက်စက်ရုံ၊ ပရိဘောဂစက်ရုံနှင့် ဆေးဆိုးပန်းရိုက် စက်ရုံတို့ပါဝင်ကြောင်း ပေကျင်းမြို့ရှိ စီးပွားရေးကော်မရှင်နှင့် သတင်း အချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ တရုတ်အစိုးရသည် ၂ဝ၁၃ ခုနှစ်က လည်း နိုင်ငံအတွင်းရှိ စက်ရုံ ၆၆၃ ရုံကို ပိတ်ပစ်ခဲ့ကြောင်း၊ ၂ဝ၁၆ ခုနှစ်တွင် စက်ရုံ စုစုပေါင်း ၁၂ဝဝ ကို ထပ်မံပိတ်ပစ်ရန် စီစဉ်ထားကြောင်း စီးပွားရေးကော်မရှင်၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။

မြ၀တီ
တရုတ်နိုင်ငံတွင် ၂ဝ၁၃-၂ဝ၁၇ ပတ်ဝန်းကျင် လေထုသန့်ရှင်းရေး အစီအစဉ်၏ တစ်စိတ် တစ်ဒေသအဖြစ် ၎င်းနိုင်ငံ အတွင်းရှိ လေထုညစ်ညမ်းမှုကို ဖြစ်စေသော စက်ရုံ ၃၇၅ ရုံကို အစိုးရက ယခုနှစ်အတွင်း ပိတ်ပစ်ခဲ့ ကြောင်း ဆင်ဟွာ သတင်းဌာနက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ပေကျင်းမြို့၌ လာမည့်လတွင် ကျင်းပမည့် Asia-Pacific Economic Cooperation (APEC) ထိပ်သီးဆွေးနွေး ပွဲမတိုင်မီ အဆိုပါ စက်ရုံများကို ပိတ်ပစ်ခဲ့ခြင်းဖြစ်ပြီး ၎င်းဆွေးနွေးပွဲသို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် အခြားနိုင်ငံ များမှ ခေါင်းဆောင်များ တက်ရောက်ကြမည် ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံသား ဒါရိုက်တာ ရိုက်ကူးသည့် ရုပ်ရှင်ကား ထိုင်ဝမ်တွင် အရောင်းစံချိန်တင်

Photo: မြန်မာနိုင်ငံသား ဒါရိုက်တာ ရိုက်ကူးသည့် ရုပ်ရှင်ကား ထိုင်ဝမ်တွင် အရောင်းစံချိန်တင်
Friday, October 31, 2014 

ထိုင်ဝမ်ဦးစီးကျင်းပတဲ့ ၅၁ ကြိမ်မြောက် Golden Horse Awards ရုပ်ရှင်အကယ်ဒမီဆုမှာ ဒါရိုက်တာ Midi Z ရဲ့ “Ice Poison” ရုပ်ရှင်ကားဟာ အကောင်းဆုံး ဒါရိုက်တာ ဆုအဖြစ် ဇကာတင် ရွေးချယ်ခံ ထားရ ပါတယ်။

အသက် ၃၁ နှစ် ရှိပြီဖြစ်တဲ့ Midi Z ဟာ မြန်မာပြည်ဖွား လားရှိုးသားဖြစ်ပြီး ၁၆ နှစ် အရွယ်တည်းက ထိုင်ဝမ်မှာ ကျောင်းသွား တက်ခဲ့ တယ်လို့ သိရပါတယ်။

အကောင်းဆုံး ဒါရိုက်တာအဖြစ် ဇကာတင်ရွေး ချယ်ခံထားရတဲ့ Ice Poison ရုပ်ရှင်ကားကို မြန်မာ-တရုတ်နယ်စပ်မှာ သူသွားရောက် ရိုက်ကူး ခဲ့တယ်လို့ သိရပါတယ်။

ရုပ်ရှင်ပါ အကြောင်းအရာက တောရွာနေ တောင်သူတဦးက သူ့ဘဝတိုးတက်ရာ တိုးတက်ကြောင်းကို ရှာဖွေရင်း နောက်ဆုံးမှာ မရှုမလှ ဘဝဇာတ်သိမ်းရတဲ့ အကြောင်းပါ။

ဒါရိုက်တာကတော့ ဒါဟာ အချစ်ကား ၁ ကားအဖြစ် ရိုက်ခဲ့တာပါလို့ ပြောပါတယ်။ ထိုင်ဝမ်မှာရုံတင်တော့ လက်မှတ် ၁ သန်းကျော် အရောင်း စံချိန်တင်ခဲ့ တယ်လို့ သိရပါတယ်။

ဒီဗွီဘီ
ထိုင်ဝမ်ဦးစီးကျင်းပတဲ့ ၅၁ ကြိမ်မြောက် Golden Horse Awards ရုပ်ရှင်အကယ်ဒမီဆုမှာ ဒါရိုက်တာ Midi Z ရဲ့ “Ice Poison” ရုပ်ရှင်ကားဟာ အကောင်းဆုံး ဒါရိုက်တာ ဆုအဖြစ် ဇကာတင် ရွေးချယ်ခံ ထားရ ပါတယ်။

ကမ္ဘာ့အလှဆုံးမြို့ တွေထဲက နော်ဝေမှ Alesund

Photo: ကမ္ဘာ့အလှဆုံးမြို့ တွေထဲက နော်ဝေမှ Alesund
Friday, October 31, 2014

ကမ္ဘာ့ သမိုင်းဝင်မြို့ အနေနဲ့ရော၊ ကမ္ဘာ့အလှဆုံးစားရင်ဝင်မြို့ အနေနဲ့ရော၊ နော်ဝေနိုင်ငံရဲ့  အလှပဆုံး၊ အသန်ရှင်းဆုံး မြို့ အနေနဲ့ရော အသိမှတ်ပြု ဆုပေါင်းများစွာ ရရှိထားတဲ့ မြို့ လေး ဖြစ်ပြီး Alesund လို့ အမည်ရပါတယ်။

နော်ဝေနိုင်ငံ အနောက်ဘက်ခြမ်းက ပင်လယ်ကမ်းခြေမြို့  တစ်ခုလည်း ဖြစ် ပါတယ်။ လူဦးရေ ၅ သောင်းဝန်းကျင်သာရှိပြီး သဘာဝပတ်ဝန်းကျင် နဲ့ နေအိမ်များကို ယခုလို လှလှပပ မြင်တွေ့ ရပါတယ်။ ကမ္ဘာ့လှည့်ခရီးသည် များ သွားရောက်လည်ပတ်လေ့ရှိတဲ့ ဒေသတစ်ခု လည်း ဖြစ်တဲ့အတွက် မြို့ ရဲ့  အဓိက စီးပွားရေး လုပ်ငန်းက Tourism ဖြစ် သွားပါတယ်။

လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ယနေ့တိုင် ပုံစံမပျက် ထိန်းသိမ်းထားတဲ့ သမိုင်းဝင် ဘုရားကျောင်းများ၊ တိုက်တာ အဆောက်အအုံများ အမြောက်အများ တည်ရှိနေကြောင်း သိရပါတယ်။

Ref: wiki
အောင်ခမ်း (ရိုားလေး)
ကမ္ဘာ့သမိုင်းဝင်မြို့ အနေနဲ့ရော၊ ကမ္ဘာ့အလှဆုံးစားရင်ဝင်မြို့ အနေနဲ့ရော၊ နော်ဝေနိုင်ငံရဲ့  အလှပဆုံး၊ အသန်ရှင်းဆုံး မြို့ အနေနဲ့ရော အသိမှတ်ပြု ဆုပေါင်းများစွာရရှိထားတဲ့ မြို့ လေးဖြစ်ပြီး Alesund လို့ အမည်ရ ပါတယ်။

အဝေးပြေး ခရီးသည်တင်ယာဉ်များ နိုဝင်ဘာလအတွင်း GPS စနစ် တပ်ဆင်ရမည်

ရန်ကုန်-မန္တလေး အမြန်လမ်း အသုံးပြုသည့် အဝေးပြေး ခရီးသည်တင်ယာဉ်များ အနေနှင့် GPS (Global Positioning System) ဂြိုဟ်တုအသုံးပြု ခြေရာခံစနစ်ကို နိုဝင်ဘာလအတွင်း တပ်ဆင်အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း အဆိုပါစနစ်ကို တာဝန်ယူ တပ်ဆင်ပေးမည့် B-Smart ကုမ္ပဏီ၊ အမှုဆောင် အရာရှိ ချုပ် ဦးအောင်ညီညီမော်က ပြောကြားသည်။

ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွင် ခွင့်ပြုချက်မရဘဲ သယ်သည့် ထိုင်းဘတ်ငွေ ၂ သန်း ဖမ်းမိ



Photo: ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွင် ခွင့်ပြုချက်မရဘဲ သယ်သည့် ထိုင်းဘတ်ငွေ ၂ သန်း ဖမ်းမိ
Friday, October 31, 2014

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်နဲ့ တာချီလိတ်ကြား ချစ်ကြည်ရေးတံတားဂိတ်မှာ ခွင့်ပြုချက်မရဘဲ သယ်ဆောင်တဲ့ ဘတ်ငွေ ၂ သန်း ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။

အကောက်ခွန်ဌာနကို အကြောင်းမကြားဘဲ သယ်ဆောင်ခဲ့တဲ့ အဲဒီငွေတွေကို အောက်တိုဘာ ၃၀ ရက်နေ့က ခရီးသည်တဦးဆီကနေ ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်အကောက်ခွန် ဦးစီးမှူး  နိုင်းဆုန်း လစ်ပူဆရားက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းနိုင်ငံအကောက်ခွန်ဥပဒေအရ  ပြည်တွင်းကငွေ ပြည်ပကို သယ်ဆောင်ခွင့်  ဘတ်  ၄ သိန်း ၅ သောင်းအထိပဲ ခွင့်ပြုထားကြောင်း၊ အဲဒီထက်ကျော်တဲ့ ငွေတွေ သယ်ဆောင်လိုရင် အကောက်ခွန်ဌာနကို အကြောင်းကြားရမှာဖြစ်သလို ထိုင်းနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ထောက်ခံစာပါ လိုအပ်တယ်လို့ အကောက်ခွန်မှူးက ဆက်ပြောပါတယ်။

ဖမ်းဆီးခံထားရသူမှာ ထိုင်းနိုင်ငံသား  နိုင်းဒေးဗစ် ခမ်းနွဲ့ ဆိုသူဖြစ်ပြီး တာချီလိတ်မြို့  Allure Resort အော်ရိုရာ ရီးဆော့တ် (တည်းခိုခန်း) နဲ့ ကာစီနိုကစားဝိုင်းရုံက ငွေစာရင်းဝန်ထမ်း ဖြစ်ကြောင်း၊ အဲဒီငွေတွေဟာလည်း တည်းခိုခန်းပိုင်ဖြစ်ပြီး သူ့အနေနဲ့ ငွေသည်ဆောင်ခွင့် ဥပဒေကို မသိပါကြောင်း၊ ငွေတွေကို ထိုင်းကော်မာရှယ်ဘဏ်ကနေ ထုတ်ခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူ တွေကို ဖွင့်ဆိုခဲ့တယ်လို့  သတင်းမှာ ဖော်ပြသွားပါတယ်။

ဒီဗွီဘီ

ဓာတ်ပုံ – maesainewsonline.com
ဓာတ်ပုံ – maesainewsonline.com

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်နဲ့ တာချီလိတ်ကြား ချစ်ကြည်ရေးတံတားဂိတ်မှာ ခွင့်ပြုချက်မရဘဲ သယ်ဆောင် တဲ့ ဘတ်ငွေ ၂ သန်း ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။

ကော်သူးလေ တပ်မတော် ထဲသို့ မ၀င်ရန် KNU ဆုံးဖြတ်

Photo: ကော်သူးလေ တပ်မတော် ထဲသို့ မ၀င်ရန် KNU ဆုံးဖြတ်
Friday, October 31, 2014

ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ လေးဖွဲ့ ပူးပေါင်း ဖွဲ့စည်း ထားသည့် ကော်သူးလေ တပ်မတော် ထဲသို့ မ၀င်ရောက်ရန် ယမန်နေ့က ကျင်းပ ပြီးစီးခဲ့သည့် ကရင် အမျိုးသား အစည်းအရုံး (KNU) ဗဟို ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။ သို့ရာတွင် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် (၁၆) ကြိမ်မြောက် KNU ကွန်ကရက် တွင်သာ အတည်ပြု ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း KNU မှ သတင်း ရရှိသည်။ ယခု လ (၂၃) ရက်နေ့မှ စတင်၍ ကရင် အမျိုးအစည်း အရုံး (KNU) ဗဟို ကော်မတီ အစည်းအဝေးကို KNU ဌာနချုပ် ရှိရာ လေးဝါးတွင် ပြုလုပ် ခဲ့ပြီး၊ ယင်း အစည်းအဝေး ပွဲတွင် KNU သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တွင် ဆက်လက် ပါဝင် သင့်ကြောင်းနှင့် ကော်သူးလေ တပ်မတော်ထဲသို့ ၀င်ရောက်သင့် မ၀င်ရောက်သင့် အဓိကထား ဆွေးနွေးခဲ့ကြောင်း KNU ထံမှ သိရသည်။

ကော်သူးလေ တပ်မတော်ကို မ၀င်ရောက်ဖို့ ဆုံးဖြတ်တယ်။ ဒါပေမဲ့ ကရင် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲတွေ မဖြစ်ဖို့ ဗိုလ်ချုပ်ကြီး ဂျော်နီ ဦးဆောင်တဲ့ အဖွဲ့က တာဝန်ယူ သွားမယ် ဟု KNU ဗဟို အလုပ်မှုဆောင် တစ်ဦးက The Messenger Media သို့ ပြောသည်။ ယခုလ (၂၈)ရက် နေ့က ပြုလုပ်သော KNU ဗဟို ကော်မတီ အစည်းအဝေးတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် အဖြစ်မှ ယာယီ ထပ်မံ နုတ်ထွက်ထားရန် ဆုံးဖြတ်ခဲ့ကြောင်း KNU မှ သိရသည်။

ကျွန်တော်တို့ ကတော့ ကရင် တိုင်းရင်းသား လက်နက်ကိုင်တွေ အချင်းချင်း ညီညွတ်စေ ချင်တယ်။ တစ်ပေါင်းတည်း ဖြစ်စေ ချင်တယ်။ ကရင် ပြည်နယ် အကျိုးအတွက် ကရင် တိုင်းရင်းသား လက်နက်ကိုင်တွေ စည်းလုံးစေ ချင်တယ်။ ဗိုလ်ချုပ်ကြီး ဂျော်နီ ခေါင်းဆောင်တဲ့ အဖွဲ့ကိုလည်း ကြိုဆို တယ်။ ကရင် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေရင် လူကြားလို့ ဘယ်ကောင်းမလဲ ဟု KNU/KNLA-PC ဗဟို တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စောနဂါးလေးက The Messenger Media သို့ ပြောသည်။

ကော်သူးလေ တပ်မတော်အား ယခုလ (၁၃) ရက်နေ့တွင် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း (KNDO)၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ) KNU/KNLA-PC တို့မှ ထိပ်ပိုင်း ခေါင်းဆောင်များက ပူးပေါင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း လေးဖွဲ့က ကော်သူးလေ တပ်မတော် အဖြစ် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ကချင် အမျိုးသား အစည်းအရုံး (KKNO) က လေးစား ဂုဏ်ယူမိကြောင်း ယခုလ (၁၅) ရက်နေ့ တွင် ကြေညာ ချက် တစ်စောင် ထုတ်ပြန် ကြေညာခဲ့ပြီး၊ ကရင်လူမှု အဖွဲ့ အစည်းများ ကလည်း ကြိုဆိုကြောင်း ဖော်ပြခဲ့ ကြသည်။ သို့ရာတွင် KNLA နှင့်KNDO တို့မှ စစ်ဦးစီးချုပ်နှင့် ဒုတိယ စစ်ဦးစီးချုပ် တို့၏ သဘောထားမှာ ၎င်းတို့၏ ကိုယ်ပိုင် သဘောထားများ ဖြစ်ပြီး၊ KNU တစ်ဖွဲ့လုံး၏ သဘောထား မဟုတ်ကြောင်း ကရင် အမျိုးသား အစည်းအရုံး (KNU) က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

Messenger News Journal
ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ လေးဖွဲ့ ပူးပေါင်း ဖွဲ့စည်း ထားသည့် ကော်သူးလေ တပ်မတော် ထဲသို့ မ၀င်ရောက်ရန် ယမန်နေ့က ကျင်းပ ပြီးစီးခဲ့သည့် ကရင် အမျိုးသား အစည်းအရုံး (KNU) ဗဟို ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။ သို့ရာတွင် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် (၁၆) ကြိမ်မြောက် KNU ကွန်ကရက် တွင်သာ အတည်ပြု ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း KNU မှ သတင်း ရရှိသည်။ ယခု လ (၂၃) ရက်နေ့မှ စတင်၍ ကရင် အမျိုးအစည်း အရုံး (KNU) ဗဟို ကော်မတီ အစည်းအဝေးကို KNU ဌာနချုပ် ရှိရာ လေးဝါးတွင် ပြုလုပ် ခဲ့ပြီး၊ ယင်း အစည်းအဝေး ပွဲတွင် KNU သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တွင် ဆက်လက် ပါဝင် သင့်ကြောင်းနှင့် ကော်သူးလေ တပ်မတော်ထဲသို့ ၀င်ရောက်သင့် မ၀င်ရောက်သင့် အဓိကထား ဆွေးနွေးခဲ့ကြောင်း KNU ထံမှ သိရသည်။

ကမ္ဘောဒီယား-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မည်

Photo: ကမ္ဘောဒီယား-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မည်
Friday, October 31, 2014

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို မြို့တော်ဖနွမ်ပင်က ငြိမ်းချမ်းရေးရုံးမှာ အောက်တိုဘာ ၃၀ ရက်နေ့က ကြိုဆိုရေးအခမ်းအနားနဲ့ ကြိုဆိုပါတယ်။

Thai-Cambodiaဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရကတော့ ဒီတရားဝင် အလည်အပတ်ခရီးစဉ်ကို သမိုင်းဝင်လို့ သုံးနှုန်းပါတယ်။

ကမ္ဘောဒီးယားဟာ အတိတ်က ပဋိပက္ခတွေကို လျော့ချမေ့ထားပြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက် သွားမယ်လို့လည်း ပြောပါတယ်။

၂ နိုင်ငံဆက်ဆံရေး အားဖြည့်ဖို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ၂ ရက်ကြာ အလည်အပတ် ခရီးစဉ်အတွင်း ခေါင်းဆောင်၂ ယောက်ဟာ နယ်စပ်အငြင်းပွားမှု၊ နယ်စပ်ဖြတ်ကျော်စီးပွားရေးနဲ့ စွမ်းအင်ရေးရာပူးပေါင်း ဆောင်ရွက်ရေး တရားမဝင်လူကုန်ကူးမှု ရပ်တန့်ရေးတွေအတွက် ပူးပေါင်းလုပ်ဆောင်ရေးဆွေးနွေးဖို့ မျှော်လင့်ခံထားရပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ ရှေးဟောင်းသမိုင်းဝင် ဖရာ့ဗီဟာရ ဘုရားကျောင်း ဝန်းကျင်က မြေအတွက် ဆယ်စုနှစ်ချီ ပိုင်နက်အငြင်းပွားခဲ့တာပါ။

၂၀၁၃ ခုနှစ်ကတော့ ဘုရားကျောင်းဝန်းကျင်က မြေအတွက် အချုပ်အခြာပိုင်ဆိုင်မှုကို ကမ္ဘောဒီးယားပိုင်အဖြစ် နိုင်ငံတကာ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဗွီဘီ
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို မြို့တော်ဖနွမ်ပင်က ငြိမ်းချမ်း ရေးရုံးမှာ အောက်တိုဘာ ၃၀ ရက်နေ့က ကြိုဆိုရေးအခမ်းအနားနဲ့ ကြိုဆိုပါတယ်။

ဗြိတိန်စုံတွဲအသတ်ခံရမှုတွင် သံသယရှိခြင်းခံရသူ ခိုတောင်ကျွန်းသူကြီး သား၏ ဒီအင်န်အေ စစ်ဆေးမှုပြုလုပ်

Photo: ဗြိတိန်စုံတွဲအသတ်ခံရမှုတွင် သံသယရှိခြင်းခံရသူ ခိုတောင်ကျွန်းသူကြီး သား၏ ဒီအင်န်အေ စစ်ဆေးမှုပြုလုပ်
Friday, October 31, 2014

လိပ်ကျွန်း၌ ဗြိတိန်စုံတွဲအသတ်ခံရ မှုတွင် ထိုင်းနိုင်ငံသားများနှင့်ရွှေ့ ပြောင်း အလုပ်သမားများမှလူသတ် တရားခံအဖြစ် သံသယရှိခြင်းခံရသူ လိပ်ကျွန်းရှိ (AC) ဘားပိုင်ရှင်ကျွန်း သူကြီးသား၏ ဒီအင်န် အေစစ်ဆေး မှုကို အောက်တိုဘာ ၃ဝ ရက်က ဘန်ကောက်ရှိ တော်ဝင်ထိုင်းရဲဌာန ချုပ်တွင် စစ်ဆေးခဲ့ကြောင်း ဘန် ကောက်ပိုစ့်သတင်းဌာနတွင်ဖော် ပြထားသည်။

အဆိုပါ စစ်ဆေးမှုကို ဘန် ကောက်ခရိုင်ရှိ ဆီရီရတ်ဆေးရုံ၊ ချူ လာလောင်ကွန်းဆေးရုံ၊ ရာမာအဓိ ပတိဆေးရုံမှ ဝန်ထမ်းများနှင့် ရဲ ဆေးရုံ မှုခင်းဆေးသိပ္ပံဌာနမှ ဝန် ထမ်းများရှေ့တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး စစ်ဆေးမှုရလဒ်သည် ၂၄ နာရီအတွင်း ရရှိမည်ဖြစ်ကာ ၄င်း၏ (DNA) စစ်ချက်နှင့် အသတ်ခံရ ၍သေဆုံးသူဗြိတိန်နိုင်ငံသူ Hannah Witheridge ၏ခန္ဒာကိုယ်တွင်တွေ့ ရှိထားသည့် (DNA) နမူနာနှင့်နှိုင်းယှဉ် သွားမည် ဖြစ်ကြောင်း ဘန်ကောက် ပို့စ်သတင်းဌာနတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံအခြေစိုက် (MAT)မှကိုစောမောင်က'' လိပ်ကျွန်းသူ ကြီးသားကို ဒီနေ့ (DNA)စစ်ပြီးပါ ပြီ သာမန်ဆို(DNA)စစ်ဆေးချက် ရလဒ်က တစ်လနီးပါးလောက်ကြာ တတ်ပေမယ့် ခု ၂၄နာရီအတွင်း အဖြေ ရမယ်လို့တော့ ဆေးစစ်တဲ့ ကျန်းမာ ရေးဝန်ထမ်းတွေက သတင်းဌာန တွေမှာ ပြောထားကျတယ်။ ခုဖမ်းဆီး ခံထားရတဲ့ မြန်မာနှစ်ဦးကိုတော့ ဘယ်တော့ စစ်မလဲဆိုတာတော့ မသိ ရသေးဘူး''ဟု ပြောသည်။

အဆိုပါ (DNA) စစ်ဆေးမှုနှင့် ပတ်သက်၍လည်း ယခင်က(မှုခင်း ဖြစ်ပွားစဉ်) ကျွန်းသူကြီးသားမှအဆို ပါလူသတ်မှု ဖြစ်ပွားရာနေရာ အနီး အနားတွင်ရှိသည်ဟု သက်သေမရှိခဲ့ သည့်အတွက် ၄င်း၏ (DNA)စစ်ဆေးရန် မခေါ်ယူခဲ့ကြောင်းလည်း ထိုင်းရဲချုပ်မှ အောက်တိုဘာ ၃ဝ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ဖော်ပြထားသည်။

လိပ်ကျွန်းသူကြီးမှလည်း ယင်း၏သားအနေဖြင့်လည်း ယခုကဲ့သို့ သံသ ယရှိသူအဖြစ် ထင်မြင်ခံနေရခြင်း ကြောင့် ယင်းတို့မိသားစုဂုဏ်သိက္ခာ ထိခိုက်မှုရှိသည့်အတွက် ၄င်းတို့ကို စွပ်စွဲပြောဆိုမှုများကို ၄င်းတို့၏ရှေ့နေ ဖြင့် တိုင်ပင်ကာ ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း လိပ်ကျွန်းသူကြီးမှ သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သွားကြောင်း ဘန်ကောက်ပို့စ်သတင်း ဌာနတွင် ဖော်ပြထားသည်။

ZCH
Yangon Media Group
လိပ်ကျွန်း၌ ဗြိတိန်စုံတွဲအသတ်ခံရ မှုတွင် ထိုင်းနိုင်ငံသားများနှင့်ရွှေ့ ပြောင်း အလုပ်သမားများမှလူသတ် တရားခံအဖြစ် သံသယရှိခြင်းခံရသူ လိပ်ကျွန်းရှိ (AC) ဘားပိုင်ရှင်ကျွန်း သူကြီးသား၏ ဒီအင်န်အေ စစ်ဆေးမှုကို အောက်တိုဘာ ၃ဝ ရက်က ဘန်ကောက်ရှိ တော်ဝင်ထိုင်းရဲဌာနချုပ်တွင် စစ်ဆေးခဲ့ကြောင်း ဘန်ကောက်ပိုစ့်သတင်းဌာနတွင်ဖော် ပြထားသည်။

လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်ပြရန်ကိစ္စနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

Photo: လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်ပြရန်ကိစ္စနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
Friday, October 31, 2014

၁။ ကေကေအို စောဆန်းအောင် အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် သေဆုံးမှုနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို အောက်တိုဘာလ ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်း ဖော်ပြခဲ့ကြောင်း တွေ့ရှိရပါသည်။

၂။ ယင်းပုဂ္ဂိုလ် သေဆုံးမှုဖြစ်စဉ်အပေါ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စုံစမ်းစစ်ဆေး၍ လူ့အခွင့်အရေးကိစ္စနှင့် စပ်လျဉ်းသည့် အထူးအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ ဆောလျင်စွာ တင်ပြရန် နိုင်ငံတော်သမ္မတရုံး က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ ညွှန်ကြားထားကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

From : Hmuu Zaw Facebook
၁။ ကေကေအို စောဆန်းအောင် အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် သေဆုံးမှုနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို အောက်တိုဘာလ ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်း ဖော်ပြခဲ့ကြောင်း တွေ့ရှိရပါသည်။

နိုင်ငံတော်သမ္မတကြီး နဲ့ ဒေါ်စုကို သမ္မတ အိုဘားမား ဆက်သွယ် စကားပြော

Photo: နိုင်ငံတော်သမ္မတကြီး နဲ့ ဒေါ်စုကို သမ္မတ အိုဘားမား ဆက်သွယ် စကားပြော
Friday, October 31, 2014

အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ကြာသာပတေးနေ့က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တဦးချင်းထံကို သီးခြားစီခွဲပြီး တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့တယ်လို့ ၀ါရှင်တန် သမ္မတ အိမ်ဖြူတော် ကပြောဆိုပါတယ်။

သမ္မတဦးသိန်းစိန်က ဒီကနေ့ သောကြာနေ့မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် အပါဝင် စစ်တပ် ကိုယ်စားလှယ်တွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထိပ်တန်း နိုင်ငံရေးပါတီကြီး ၆ ခုက ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေကို အစိုးရ ရုံးစိုက်ရာ နေပြည်တော် မှာ တွေ့ဆုံဆွေးနွေး စကားပြောကြဖို့ စီစဉ်ထားပါတယ်။

မစ္စတာအိုဘားမား ဟာ သမ္မတ တစ်ဦး အနေနဲ့ မြန်မာနိုင်ငံကို ဒုတိယအကြိမ် အဖြစ် ရှေ့လမှာ သွားရောက်ဖို့ စီစဉ် ထားပါတယ်။ ခရီးစဉ်အတွင်းမှာ အရှေ့အာရှ ထိပ်သီး အစည်းအဝေးနဲ့ အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲတွေကို တက်ရောက်မှာလည်း ဖြစ်ပါတယ်။

သမ္မတအိုဘားမားက ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်မှုတွေကို ကြိုဆိုကြောင်း ပြောကြားခဲ့တာပါ။ ဒါ့အပြင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရာမှာ နိုင်ငံတကာက အသိမှတ်ပြုလက်ခံတဲ့ လုပ်ဆောင်မှုဖြစ်ဖို့ လိုအပ်ကြောင်းနဲ့ မြန်မာအစိုးရဘက်က ရေးဆွဲထားတဲ့ ရခိုင် Action Plan ကို ပြန်လည် သုံးသပ်ဖို့အပါအဝင် ရခိုင်ပြည်နယ်တွင်း လူ့အခွင့် အရေးဆိုင်ရာ ကိစ္စရပ်တွေကို တိုးမြှင့်ဆောင်ရွက်ဖို့ အရေးကြီးကြောင်း သမ္မတ ဦးသိန်းစိန်ကို ပြောကြားခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ကြာသာပတေးနေ့က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတိုက်အခံ ခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တဦးချင်းထံကို သီးခြားစီခွဲပြီး တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့တယ်လို့ ၀ါရှင်တန် သမ္မတ အိမ်ဖြူတော် ကပြော ဆိုပါတယ်။

ချိန်ခါမဟုတ် မိုးကြီးနိုင်ကြောင်း ဒေါက်တာထွန်းလွင် သတိပေး

အိန္ဒိယနိုင်ငံကို အခုရက်ပိုင်း ၀င်ရောက်ဖွယ်ရှိတဲ့ ဆိုက်ကလုန်း မုန်တိုင်းကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်း နိုင်တဲ့ အတွက် စပါးရိတ်သိမ်းနေကြတဲ့ လယ်သမားတွေ သတိထားကြဖို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထားပါတယ်။

Burkina Faso ဆန္ဒပြသူတွေ လွှတ်တော်ကို မီးရှို့

Photo: Burkina Faso ဆန္ဒပြသူတွေ လွှတ်တော်ကို မီးရှို့
Friday, October 31, 2014

အနောက်အာဖရိကမှာ ရှိတဲ့ Burkina Faso နိုင်ငံမှာ သမ္မတကို မကျေမနပ်ဖြစ်ရာက ဆန္ဒပြသူတွေက လွှတ်တော်အဆောက်အဦးနဲ့ နိုင်ငံပိုင် ရုပ်မြင်သံကြား ရုံးချုပ်ကိုလည်း မီးရှိုးဖျက်ဆီးခဲ့ပါတယ်။

Burkina Faso နိုင်ငံကို ၂၇ နှစ်ကြာ အုပ်ချုပ်လာတဲ့ သမ္မတက သူ့ရဲ့ သမ္မတ သက်တမ်း ထပ်မံ တိုးဖို့ ကြိုးစားနေတာကို မကျေနပ်တဲ့အတွက် ဆန္ဒပြသမား ရာနဲ့ချီက လွှတ်တော်ထဲဝင်ပြီး အကြမ်းဖက်ခဲ့ ကြတာပါ။

သမ္မတ သက်တမ်းကို တိုးသင့်မသင့် ဆုံးဖြတ်မှု မလုပ်ခင်မှာပဲ ဆန္ဒပြမှု ဖြစ်ပွားခဲ့တာပါ။

ဆန္ဒပြသူတွေက ကွန်ပြူတာတွေ၊ ရုပ်မြင်သံကြားတွေ ယူဆောင်ကြသလို ရဲတွေ သုံးတဲ့ ဆိုင်ကယ်တွေကိုလည်း ယူဆောင်ပြီး ပါလီမန်ကို မီးရှို့ခဲ့ကြတာလို့ ရိုက်တာ သတင်းမှာ ဖြော်ပထားပါတယ်။

အစိုးရရဲ့ ရဟတ်ယာဉ် တစ်စင်းကတော့ မိုးပေါ်ကနေပြီး မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ရပါတယ်။

အဲဒီလို အကြမ်းဖက် ဆန္ဒပြမှု ဖြစ်ပေါ်ပြီးနောက်  အစိုးရကို ဖျက်သိမ်းကြောင်းနဲ့ အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီဖြစ်ကြောင်း သမ္မတက ကြေညာလိုက်သလို ဒီအချိန်ကစပြီး ဆုံးဖြတ်ချက်တွေကို စစ်တပ်ရဲ့ လက်ထဲ လွဲအပ်ပြီလို့ သမ္မတက ကြေညာခဲ့ပါတယ်။

ဒါ့အပြင် အတိုက်အခံအဖွဲ့နဲ့ ဆွေးနွေးမှု လုပ်မယ်လို့လည်း ပြောလိုက်ပါတယ်။

ဆန္ဒပြသူတွေကတော့ ၂၇ နှစ်ကြာ အုပ်ချုပ်လာတဲ့ သမ္မတကို နောက်ထပ် မလိုလားတဲ့အတွက် အခုလို လုပ်ဆောင်ရတာလို့ ပြောပါတယ်။

Burkina Faso ဟာ အနောက်အာဖရိကမှာ တည်ရှိပြီး အိမ်နီးချင်းနိုင်ငံတွေကတော့ နီဂျဲ၊ မာလီ၊ ဂါနာ အစရှိတဲ့ နိုင်ငံတွေ ပါဝင်ပြီး လူဦးရေ ၂၇ သန်းလောက် ရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။

ABC Radio Australia

ပါလီမန်ကို ဝင်ရောက် စီးနှင်းကြတဲ့ ဆန္ဒပြသူများ (Credit: AFP)
ပါလီမန်ကို ဝင်ရောက် စီးနှင်းကြတဲ့ ဆန္ဒပြသူများ (Credit: AFP)
အနောက်အာဖရိကမှာ ​ရှိတဲ့ ​Burkina ​Faso ​နိုင်ငံမှာ ​သမ္မတကို ​မကျေမနပ်ဖြစ်ရာက ​ဆန္ဒပြသူတွေက ​လွှတ်တော်အဆောက်အဦးနဲ့ ​နိုင်ငံပိုင် ​ရုပ်မြင်သံကြား ​ရုံးချုပ်ကိုလည်း ​မီးရှိုးဖျက်ဆီးခဲ့ပါတယ်။

လူသတ်မှု စွပ်စွဲခံရသူ မြန်မာ ၂ ယောက်ကို ထိုင်းရှေ့နေတွေ အမှုလိုက်မယ်

Photo: လူသတ်မှု စွပ်စွဲခံရသူ မြန်မာ ၂ ယောက်ကို ထိုင်းရှေ့နေတွေ အမှုလိုက်မယ်
Friday, October 31, 2014

ထိုင်းနိုင်ငံ တောင်ပိုင်း ကော်တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ယောက် အသတ်ခံရမှုမှာ စွပ်စွဲ ခံထားရတဲ့ မြန်မာ အလုပ်သမား နှစ်ယောက် အတွက် ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေတွေက အခမဲ့ လိုက်ပါ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

ဒီအမှုကို လိုက်ပေးဖို့ ထိုင်းရှေ့နေများ ကောင်စီက အယောက် ၂၀ ပါတဲ့ ကော်မတီ တစ်ရပ်ဖွဲ့စည်း ထားပြီး အဲဒီ ကော်မတီမှာ ဥက္ကဌနဲ့ အကြံပေး ပုဂ္ဂိုလ်က ၈ ယောက်၊ ရှေ့နေ ၁၂ ယောက် ပါဝင်ပြီး ခရီးစရိတ်ကအစ ရှေ့နေများ ကောင်စီကပဲ အကုန်အကျခံမယ်လို့ အဲဒီ ကော်မတီမှာပါတဲ့ ရှေ့နေ စူရဖုန်း ကောင်းကျန်ထွတ် က ပြောပါတယ်။

မြန်မာ အလုပ်သမား နှစ်ယောက် အတွက် အကျိုးဆောင်ပေးဖို့ မြန်မာ သံအမတ်က အပ်နှံတယ်လို့လည်း သူက ပြောပါတယ်။

လောလောဆယ်မှာ စွပ်စွဲခံ ထားရတဲ့ မြန်မာ နှစ်ယောက်က သူတို့ သတ်တာ မဟုတ်ဘူးလို့ ပြောတာကို အစိုးရ ရှေ့နေချုပ်ရုံးဆီ ကို စာပေးပို့ထားပြီး ရှေ့နေချုပ်ရုံးက တရားရုံးကို ဆက်တင်မတင် စောင့်ကြည့်နေတယ်လို့ ရှေ့နေ စူရဖုန်း ကောင်းကျန်ထွတ် က ပြောပါတယ်။

ဒီအမှုဟာ ထိုင်းနဲ့ မြန်မာ နိုင်ငံရဲ့ ဆက်ဆံရေး အဆင့်အထိ အရေးကြီးပြီး တရားမျှတ မှန်ကန်အောင် လုပ်ဆောင်ရမှာဖြစ်တယ် လို့လည်း သူက ဆိုပါတယ်။

နောက်ဆုံး အဖြေ ဘယ်လိုပဲထွက်လာ ထွက်လာ သင်းခန်းစာ ယူရမယ့် အမှု တစ်ခုအဖြစ် လူတွေကြားမှာ မှတ်တမ်းတင် ကျန်ရစ်လိမ့်မယ်လို့ ရှေ့နေ့စူရာ့ဖုန်းက ပြောပါတယ်။

အဲ့ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး ကော်တောင်ကျွန်းက ရွာလူကြီးသားကို အွန်လိုင်း လူမှု ကွန်ရက်မှာ စွပ်စွဲ ဝေဖန် ပြောဆိုနေတာ တွေကြောင့် ရွာလူကြီးသားက ဒီကနေ့ပဲ ဒီအန်အေ အစစ် ခံခဲ့ပါတယ်။

ဆေးရုံ ၃ ရုံက သီးခြားစီ စစ်ဆေးမှာဖြစ်ပါတယ်။

ဗြိတိန် နိုင်ငံသား နှစ်ယောက် အသတ်ခံခဲ့ရမှုနဲ့ ပတ်သက်လို့ ဆိုရှယ် မီဒီယာ လူမှုကွန်ရက်မှာ ထင်ကြေးပေး ပြောဆိုသူ ဘယ်သူမဆို အရေးယူခံရနိုင်ပြီး ထောင်ဒဏ် ၅ နှစ် အထိပြစ်ဒဏ် ချခံရနိုင်တယ်လို့ ထိုင်း ရဲချုပ်က သတိပေးထား ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ထိုင်းနိုင်ငံ တောင်ပိုင်း ကော်တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ယောက် အသတ်ခံရမှုမှာ စွပ်စွဲ ခံထား ရတဲ့ မြန်မာ အလုပ်သမား နှစ်ယောက် အတွက် ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေတွေက အခမဲ့ လိုက်ပါ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

မြန်မာလူငယ်နှစ်ဦးကို သံရုံးကိုယ်စားလှယ်အဖွဲ့ ထပ်မံသွားရောက်တွေ့ဆုံမည်

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံရမှုနဲ့ စွပ်စွဲ ဖမ်းဆီး ခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို မြန်မာသံရုံး ဒုတိယစစ်သံမှူး ဦးဆောင်တဲ့ အထူး ကိုယ်စားလှယ် အဖွဲ့က မနက်ဖြန် ကော့စမွီ အကျဉ်းထောင်မှာ တတိယ အကြိမ်မြောက် သွားရောက် တွေ့ဆုံမယ်လို့ သိရပါတယ်။

ရီးရဲလ်ဂန္ထ၀င် ရာအူးလ်ကို နယူးယောက်အသင်း ခေါ်ယူ

ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ဟောင်းနှင့် ဂန္ထဝင်ကစားသမား ရာအူးလ်ကို နှစ်ရှည်စာချုပ် ချုပ်ဆိုလိုက်သည်ဟု မြောက်အမေရိက ဘောလုံးအဖွဲ့ချုပ် နယူးယောက်ကော့စမော့စ်အသင်းက ကြေညာသည်။

ဘာစီလိုနာအကောင်းဆုံးကစားသမားဆု မက်ဆီကိုကျော်ဖြတ်၍ မာရှေယာနိုရရှိ

Photo: ဘာစီလိုနာအကောင်းဆုံးကစားသမားဆု မက်ဆီကိုကျော်ဖြတ်၍ မာရှေယာနိုရရှိ
Friday, October 31, 2014

 ၂၀၁၃-၁၄ ရာသီအတွက် ဘာစီလိုနာ တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် ဇာဗီယာမာရှေယာနိုကို သတ်မှတ်လိုက် ကြောင်း သိရသည်။

ပြီးခဲ့သည့်လေးရာသီအတွင်း  ယင်းဆုကို မက်ဆီက သုံးကြိမ်ရရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင် အာဂျင်တီးနားအသင်းဖော်က ၎င်းကိုကျော်လွန်၍ ရယူသွားခြင်းဖြစ်သည်။ မာရှေယာနိုမှာ ဘာစီလိုနာ ကြီးကြီးမားမားဖလားတစ်လုံးမှမရရှိခဲ့သောရာသီတွင် နောက်တန်းခံစစ်၌ အကောင်းဆုံးခြေစွမ်း ပြသခဲ့သည်။

‘‘ဒီဆုကိုရရှိဖို့ မဲပေးခဲ့တဲ့လူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်’’ဟု မာရှေယာနိုက ကလပ်၏ တရားဝင်ဝက်ဘ်ဆိုက်တွင်ပြောသည်။ယခုအချိန်ထိ အကောင်းဆုံး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ကလပ်အတွက် အကောင်းဆုံးပေးဆပ်သွားမည်ဖြစ်ကြောင်း မာရှေယာနိုက ပြောသည်။ ဘာစီလိုနာအသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုမှာ ၂၀၀၉ ခုနှစ်က အဖြစ်ဆိုးဖြင့် သေဆုံးခဲ့သော ဘာကာအသင်း အဖွဲ့ဝင် Aldo Rovira ကို ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်သည်။    

Ref: Goal
 ၂၀၁၃-၁၄ ရာသီအတွက် ဘာစီလိုနာ တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် ဇာဗီယာမာရှေ ယာနို ကို သတ်မှတ်လိုက် ကြောင်း သိရသည်။

သတင်းမီဒီယာလောကအပေါ် ဖိနှိပ်ချုပ်ချယ်မှုများအားရပ်တန့်ပေးရန် မီဒီယာသမားများ နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒ ထုတ်ဖော်မည်

သတင်းမီဒီယာလောကအပေါ် ဖိနှိပ်ကန့်သတ်ချုပ်ချယ်မှုများအား ရပ်တန့်စေရန် မီဒီယာသမားများက အာဏာပိုင်အဖွဲ့အစည်းများအား ဆန္ဒပြတောင်းဆိုမှုကို နိုဝင်ဘာ ၂ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ တော် ခန်းမရှေ့၌ ပြုလုပ်သွားမည်ဖြစ်သည်။

ဆိုးရွားသည့်အခွန်ရှောင်တိမ်းမှုများကို ပြန်လည်စစ်ဆေးတွေ့ရှိပါက ရာခိုင်နှုန်း ၁၀၀ အထိ ဒဏ်ကြေးတပ်ရိုက်အရေးယူမည်

ဆိုးရွားသည့်အခွန်ရှောင်တိမ်းမှုများကို ပြန်လည်စစ်ဆေးတွေ့ရှိပါက ကျသင့်အခွန်၏ ၁၀၀ ရာခိုင်နှုန်းအထိ ဒဏ်ကြေးတပ်ရိုက် အရေးယူသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

လယ်ယာသုံးစက်ကိရိယာများ ကိုရီးယားချေးငွေဖြင့်ဝယ်ရန် လွှတ်တော်တွင် မဲခွဲရာ ထောက်ခံသူများ၍ အတည်ဖြစ်

Photo: လယ်ယာသုံးစက်ကိရိယာများ ကိုရီးယားချေးငွေဖြင့်ဝယ်ရန် လွှတ်တော်တွင် မဲခွဲရာ ထောက်ခံသူများ၍ အတည်ဖြစ်
Friday, October 31, 2014

 စက်ခလုတ်နှိပ် မဲ ပေးသော်လည်း မည်သည့်ကိုယ် စားလှယ်က ထောက်ခံ၊ကန့်ကွက်သည်ကို သိနိုင်သည့် Open Votingစနစ်ဖြင့် လယ်ယာသုံးစက်ကိရိ ယာများဝယ်ယူရန် ကိုရီးယားနိုင်ငံမှ ချေးငွေဒေါ်လာသန်း ၁၀၀ ရယူ မည့် အစီအစဉ်ကို ပြည်ထောင်စု လွှတ်တော်တွင် ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲအများစုဖြင့် အနိုင်ရရှိ ခဲ့သည်။

အဆိုပါချေးငွေဖြင့် ကိုရီး ယားနိုင်ငံ Daedong ကုမ္ပဏီမှ လယ်ယာသုံးစက်ကိရိယာပစ္စည်း များကို အရစ်ကျငွေချေစနစ်ဖြင့် ၀ယ်ယူမည်ဖြစ်သော်လည်း လွှတ် တော်၏ အတည်ပြုချက်မရမီ ၀န် ကြီးဌာနက ဆောင်ရွက်ခဲ့သည့် အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ် စားလှယ်များနှင့် တိုင်းရင်းသားပါ တီများမှ ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သည်။

ထို့အပြင် လယ်ယာသုံး စက်ကိရိယာများဖြန့်ဖြူးပေးမည့် ၀န်ကြီးဌာနသည် သမ၀ါယမ၀န် ကြီးဌာနဖြစ်နေသဖြင့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနသို့ လွှဲပြောင်းပေးရန် လည်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်နန်းဝါနုကပြော ကြားခဲ့သည်။

သို့သော်လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သည် ဒေသတိုင်းတွင် ရုံးမရှိခြင်း နှင့် အဆိုပါစက်ပစ္စည်းကိရိယာ များသည် လယ်သမားများထံသို့ပင် ရောင်းချပြီးဖြစ်နေသည့်အ တွက် ချေးငွေရယူရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်များက ထောက်ခံခဲ့ကြ ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့က တောင်သူ လယ်သမားတွေ အဆင်ပြေစေဖို့ အတွက် လုပ်ရပ်ကို ကန့်ကွက် တာ မဟုတ်ဘူး။ လုပ်နည်းလုပ် ဟန်ကို ကန့်ကွက်တာ၊ ပထမ တစ်ခါလည်း လွှတ်တော်က ဆုံး ဖြတ်ပြီးသားကို နောက်တစ်ခါ ထပ်ပို့တယ်။ အခုသူက လုပ်ချင် တာလုပ်တယ်၊ လုပ်ပြီးတော့မှ လွှတ်တော်ကိုတင်ပြတယ်’’ဟု သမ၀ါယမ၀န်ကြီးဌာနက စက် များကို မှာယူရောင်းချပြီးမှသာ လွှတ်တော်အတည်ပြုချက်ရယူ နေခြင်းအပေါ် ဒေါက်တာအောင် မိုးညိုကပြောသည်။

သမ္မတ၏ ချေးငွေရယူရန် အတည်ပြုချက်တောင်းသည့်ကိစ္စအပေါ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ထောက်ခံမဲ ၄၂၇ မဲဖြင့် အတည်ပြုလိုက်ခြင်း ဖြစ်၍ Open Voting စနစ်ဖြင့် မဲရေတွက်ခြင်းဖြစ်ရာ ပျောက်ဆုံး မဲ ၁၈ မဲနှင့် ကန့်ကွက်မဲပေးသူ များတွင်  မည်သည့်ပါတီများမှ ကိုယ်စားလှယ်များပါဝင်သည်ကို လည်း တွေ့မြင်ရသည်။

ယင်းသို့မဲခွဲဆုံးဖြတ်သည့် စနစ်သည် မည်သူက ပြည်သူ အတွက် ရပ်တည်ပြီး မည်သူက တိုင်းပြည်အတွက် ရပ်တည်သည် ဆိုသည်ကို သိနိုင်မည်ဖြစ်ပြီး အချိန်ကုန်ပါကလည်း ဆောင် ရွက်သွားမည်ဟု သူရဦးရွှေမန်းက ပြောကြားသွားသည်။

7Day DAILY 

လယ်ထွန်စက်ဖြင့် ထွန်ယက်နေသည့် လယ်ယာလုပ်ငန်းခွင်တစ်ခု-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

လယ်ထွန်စက်ဖြင့် ထွန်ယက်နေသည့် လယ်ယာလုပ်ငန်းခွင်တစ်ခု-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

 စက်ခလုတ်နှိပ် မဲ ပေးသော်လည်း မည်သည့်ကိုယ် စားလှယ်က ထောက်ခံ၊ကန့်ကွက်သည်ကို သိနိုင်သည့် Open Votingစနစ်ဖြင့် လယ်ယာသုံးစက်ကိရိ ယာများဝယ်ယူရန် ကိုရီးယားနိုင်ငံမှ ချေးငွေဒေါ်လာသန်း ၁၀၀ ရယူ မည့် အစီအစဉ်ကို ပြည်ထောင်စု လွှတ်တော်တွင် ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲအများစုဖြင့် အနိုင်ရရှိ ခဲ့သည်။

တရားရေးနယ်ပယ်သည် လာဘ်ပေးလာဘ်ယူ ယဉ်ကျေးမှုတွင် ပျော်မွေ့နေဟု သူရဦးအောင်ကိုပြော

တရားရေးနယ် ပယ်သည် လာဘ်ပေးလာဘ်ယူ ယဉ်ကျေးမှုထဲ၌ ပျော်မွေ့ နေခြင်း နှင့် တရားရုံးအဆင့်ဆင့် အပြန် အလှန်ကာကွယ်ပေးနေခြင်းတို့ ကြောင့် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ စိစစ် ရေး ကော်မတီ၏လုပ်ငန်းများ  ၉၀  ရာခိုင်နှုန်းမအောင်မြင်ဖြစ် နေရကြောင်း ကော်မတီဥက္ကဋ္ဌ သူရ ဦးအောင်ကိုက ပြောကြား လိုက်သည်။

မန္တလေးတွင် ခြင်းလုံးသင်တန်းကျောင်း ဖွင့်မည်

မန္တလေးမြို့အထွက်ရှိ တံတားဦးစကားအင်းအ၀ိုင်းအနီးတွင် သင်တန်းသား ရာချီလက်ခံ သင်ကြားပေးနိုင် မည့် ခြင်းလုံးသင် တန်းကျောင်း ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

မျိုးစောင့်ဥပဒေအမြန်ဆုံးပြဋ္ဌာန်းပေးရန် မန္တလေးမြို့တွင် ရဟန်းရှင်လူအင်အား ထောင်ချီဆန္ဒထုတ်ဖော်

Photo: မျိုးစောင့်ဥပဒေအမြန်ဆုံးပြဋ္ဌာန်းပေးရန် မန္တလေးမြို့တွင် ရဟန်းရှင်လူအင်အား ထောင်ချီဆန္ဒထုတ်ဖော်
Friday, October 31, 2014

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(အထက် မြန်မာပြည်) မန္တလေးတိုင်းဒေသ ကြီးမှ ဦးဆောင်ကာ မျိုးစောင့် ဥပဒေအမြန်ဆုံး ပြဋ္ဌာန်းပေးရန် အောက်တိုဘာ ၃၀ ရက် နေ့လယ် က မန္တလေးမြို့တွင် ရဟန်းရှင်လူ အင်အားထောင်ချီကာ ဆန္ဒထုတ် ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

မျိုးစောင့်ဥပဒေအမြန်ဆုံး ပြဋ္ဌာန်းပေးရန် မန္တလေးခရိုင် အတွင်းရှိ သံဃာတော်များနှင့် လူထုများအပါအ၀င် မိတ္ထီလာ၊ နေပြည်တော်၊ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်ဆည်စသည့် မြို့ရွာများ မှ သံဃာတော်များ၊ သီလရှင် ဆရာလေးများနှင့် လူပုဂ္ဂိုလ်များ ပါဝင်ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ ပြီး ဆန္ဒပြပွဲစီစဉ်သည့် မဘသ ဆရာတော်များက အင်အား တစ် သိန်းကျော်ဆန္ဒထုတ်ဖော်မည်ဟု သတင်းထုတ်ပြန်ပြီး ဆန္ဒပြပွဲ လာရောက်ကြည့်ရှုသူ မြို့ခံအချို့ က အင်အားသုံးသောင်းဝန်းကျင် ရှိမည်ဟု ခန့်မှန်းပြောဆိုကြ သည်။

နေ့လယ် ၁ နာရီမှ ၄ နာရီ အထိ မန္တလေးမြို့ ချမ်းအေးသာ စံမြို့နယ် ၈၅ လမ်းနှင့် ၃၅ လမ်း ထောင့်မှ အိမ်တော်ရာဘုရား အထိ ၃၅ လမ်းတစ်လျှောက် ကြွေးကြော်သံများဖြင့် လမ်း လျှောက်ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ပြီး အိမ်တော်ရာဘုရားဝင်း အတွင်း ၁၄ ခန်းဓမ္မာရုံတွင် မျိုး စောင့်ဥပဒေဆိုင်ရာ လူထုဟော ပြောပွဲပြုလုပ်ခဲ့သည်။

အမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်းနှင့် ဘာသာကူး ပြောင်းရာတွင် အခြားဘာသာဝင် များအနေဖြင့် ၎င်းတို့ကိုးကွယ် သည့် ဘာသာအလိုက် အကာ အကွယ်ပေးထားသည့် ဥပဒေများ ရှိသည့်အတွက် ဗုဒ္ဓဘာသာအမျိုး သမီးများအနေဖြင့်လည်း ယင်းသို့ ဥပဒေအရ အကာအကွယ်ရစေ ရန်အတွက်   မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရန်   တောင်းဆိုခြင်း ဖြစ်ကြောင်း မဘသ(အထက် မြန်မာပြည်) မန္တလေးတိုင်းဒေသ ကြီးအတွင်းရေးမှူး ဦးဣန္ဒြာစက္က က မိန့်ကြားသည်။

မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး မှာ လူ့အခွင့်အရေးကို တားမြစ် ပိတ်ပင်ခြင်းမဟုတ်ဘဲ ဗုဒ္ဓဘာ သာအတွက် တရားနည်းလမ်း အရ အခွင့်အရေးတောင်းဆို ခြင်းသာဖြစ်သည်ဟု စာရေးဆရာ မယဉ်ယဉ်နုက   အိမ်တော်ရာ ဘုရား လူထုဟောပြောပွဲတွင် ပြောသည်။

မဘသဆရာတော်များက မျိုးစောင့်ဥပဒေအား အမြန်ဆုံး ပြဋ္ဌာန်းပေးရန် လွှတ်တော်ကိုယ် စားလှယ်များကို တောင်းဆိုခဲ့ပြီး ယင်းဥပဒေနှင့် ပတ်သက်၍ ကန့် ကွက်ရှုတ်ချနေသူများကိုလည်း လာရောက်ဆွေးနွေးရန် ဖိတ်ခေါ် ကြောင်း ဆန္ဒပြပွဲအပြီး ထုတ်ပြန် သေ အချက်သုံးချက်ပါကြေညာ ချက်တွင် ဖော်ပြထားသည်။

မျိုးစောင့်ဥပဒေမပြဋ္ဌာန်း နိုင်သေးသရွေ့ နိုင်ငံအတွင်းရှိ အခြားမြို့ရွာများ တွင်လည်း ဆန္ဒ ထုတ်ဖော်တောင်းဆိုပွဲများ ဆက် လက်ပြုလုပ်သွားမည်ဟု မဘသ ဆရာတော်များကမိန့်သည်။

7Day DAILY 

မျိုးစောင့်ဥပဒေပြဋ္ဌာန်းရန် မန္တလေးတွင် ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ−မောင်တာ)
မျိုးစောင့်ဥပဒေပြဋ္ဌာန်းရန် မန္တလေးတွင် ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ−မောင်တာ)
 အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(အထက် မြန်မာပြည်) မန္တလေးတိုင်းဒေသကြီးမှ ဦးဆောင် ကာ မျိုးစောင့် ဥပဒေအမြန်ဆုံးပြဋ္ဌာန်းပေးရန် အောက်တိုဘာ ၃၀ ရက် နေ့လယ်က မန္တလေးမြို့တွင် ရဟန်းရှင်လူ အင်အားထောင်ချီကာ ဆန္ဒထုတ် ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

တောင်သမန်အင်းနှင့် ဦးပိန်တံတားထိန်းသိမ်းရန်အဖွဲ့ ဖွဲ့စည်းမည်

တောင်သမန်အင်းနှင့် ဦးပိန်တံတားရေရှည်တည်တံ့စေ ရေးအတွက် မြို့မိမြို့ဖများ၊ ဌာန ဆိုင်ရာများ ပါဝင် သည့် အဖွဲ့ တစ်ဖွဲ့ဖွဲ့စည်းကာ ထိန်းသိမ်း စောင့်ရှောက်သွားမည်   ဖြစ် ကြောင်း သတင်းရရှိသည်။

ကော်သူးလေ တပ်မတော်ကို စောဘဦးကြီး၏ မူလေးချက်ပေါ်တွင် ရပ်တည်ဖွဲ့စည်းမည်

ကော်သူးလေတပ်မတော် (KAF) ဖွဲ့စည်းခြင်း အစည်းအ ဝေးအပြီးတွင် KAF ကို ကရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးပါဝင်သော ဦးဆောင်မှုဖြင့် တည်ဆောက်သွား ကြရန်နှင့် ကရင် အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ မူ လေးချက်ပေါ်တွင် ရပ်တည်ဖွဲ့ စည်းသွားကြမည်ဖြစ်ကြောင်း သ ဘောတူညီမှု ရရှိခဲ့သည်။

အားလုံးစောင့်ကြည့်နေသော ထိပ်သီးဆွေးနွေးပွဲ

Photo: အားလုံးစောင့်ကြည့်နေသော ထိပ်သီးဆွေးနွေးပွဲ
Friday, October 31, 2014

လက်ရှိအစိုးရလက်ထက် တွင်    ပထမဆုံးအ ကြိမ်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် မြန်မာ့နိုင်ငံရေး    ထိပ်သီးခေါင်းဆောင် ၁၄ ဦး သမ္မတ အိမ်တော် တွင် ယနေ့နံနက်၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်တော့မည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် လေးနှစ်ခန့်သို့ ချဉ်း နင်းဝင်ရောက် လာချိန် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများ ရှေ့ မတိုးနိုင်ဘဲ အကျပ်တွေ့နေစဉ် အိုဘားမားအပါအဝင် ကမ္ဘာ့အင် အားကြီးနိုင်ငံများမှခေါင်းဆောင်များ တက် ရောက်မည့် အာဆီယံ ထိပ်သီးအစည်းအဝေးများမတိုင် မီ ယခုကဲ့သို့တွေ့ဆုံ ဆွေးနွေးမှု များပြုလုပ်ခြင်းဖြစ်သည်။ ထို့ ကြောင့် အစိုးရအတွက် နိုင်ငံရေး အကျပ်အတည်းမှ ရုံးထွက်နိုင်ရန် နိုင်ငံတကာတွင် ပြယုဂ်ကောင်း စေရန်သက်သက်ပြုလုပ်သော ဆွေးနွေးပွဲတစ်ခုဖြစ်လာနိုင်သည် ဟု သုံးသပ်သူများလည်းရှိသည်။

‘‘အိုဘားမားအပါအဝင် ထိပ်သီးခေါင်းဆောင်တွေလာခါ နီး၊ နိုင်ငံတကာအစည်းအဝေးတွေ လုပ်ခါနီးမှာ ဖိအားနဲ့စိုးရိမ်မှုတွေ လျှော့ချနိုင်ဖို့ ယောင်ပြလုပ်တဲ့ အစည်းအဝေးဖြစ်နိုင်တဲ့ အနေ အထားမျိုးဖြစ်နေတယ်’’ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ် သူ ဒေါက်တာရန်မျိုးသိမ်းက သုံး သပ်ပြောဆိုသည်။

‘‘သူတို့မှာ အကျပ်အတည်း တစ်ခုကြုံနေပြီဆိုတာပဲ။ အဲဒါက စဉ်းစားရမယ့်အချက်ပါ။ ဖွဲ့စည်း ပုံပြင်ဆင်ရေးအကျပ်အတည်း ဖြစ်နိုင်တယ်။ ဘယ်လိုပြင်ကြ မလဲဆိုတာ သူတို့အတွက် စိုးရိမ် စရာဖြစ်နိုင်တယ်။ အဲဒါကြောင့် ခေါ်တွေ့တာဖြစ်ဖို့များပါတယ်’’ ဟု ရှမ်းတိုင်းရင်းသားများဒီမို ကရေစီအဖွဲ့ချုပ် (SNLD)မှ အတွင်းရေးမှူးဦးစိုင်းညွန့်လွင်က ဆိုသည်။

ယခုကဲ့သို့ တွေ့ဆုံဆွေးနွေး ပွဲပြုလုပ်ချိန်သည် နိုင်ငံအတွက် အရေးပါသောဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးအရှိန်မြင့်တက်နေ ချိန်ဖြစ်ပြီး ပြင်ဆင်ရေးကိစ္စတွင် အရေးပါသော   ပုဒ်မအချို့ကို လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်း ပါဝင်နေသည့် တပ်မတော်အနေ ဖြင့် ပြင်ဆင်ခြင်းမပြုလိုကြောင်း လွှတ်တော်သို့ တင်ပြထားချိန် လည်းဖြစ်သည်။

‘‘ဖွဲ့စည်းပုံပြင်ဖို့ဆိုတာ လွှတ်တော်ထဲမှာအရင်ဆွေးနွေး တာထက် ပြင်ပမှာအဓိကခေါင်း ဆောင်တွေလေးပွင့်ဆိုင်သဘော မျိုးဆွေးနွေးပြီးမှ ပြင်နိုင်ရင် ပို အကျိုးရှိမယ်။ ဒီလိုတွေ့ဆုံမှု မလုပ်ဘဲ လွှတ်တော်ထဲမှာဆွေး နွေးနေရင်တော့   ငြင်းခုံနေတာပဲ အဖတ်တင်မယ်’’ဟု   ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲ ထွန်းက သူ၏အမြင်ကိုပြော သည်။

အခြေခံဥပဒေပြင်ဆင်ရေး သည် လက်ရှိဖွဲ့စည်းပုံအရ တပ် မတော်မပါဝင်က မဖြစ်နိုင်သည့် အနေအထားဖြစ်နေ၍ တပ်မတော်က ထိုကဲ့သို့ပြင်ဆင်ခြင်းမပြုလိုဘဲ တင်းခံနေပါက နိုင်ငံရေးအကျပ် အတည်းတစ်ခုသို့ ဆိုက်ရောက် သွားနိုင်ကြောင်း ဝေဖန်မှုများရှိ လာချိန်တွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ပါ ပါဝင်လာ မည့်ဆွေးနွေးပွဲတစ်ခုကို နိုင်ငံ တော်သမ္မတဘက်က ဖန်တီးလာ ခဲ့ခြင်းဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် အဓိက အားဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ကိစ္စများ သည် အဓိကထားဆွေးနွေးသင့် သည့်အချက်များဖြစ်ပြီး လတ် တလောနိုင်ငံရေးအခြေအနေ အရ အကျပ်အတည်းတစ်ခုပေါ် ပေါက်လာစေနိုင်သောရွေး ကောက်ပွဲစနစ်ပြောင်းလဲရေး ကိစ္စသည်လည်း ထည့်သွင်းဆွေး နွေးသင့်သောအချက်တစ်ခုဖြစ် ကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူများကဆိုသည်။

ထိုကဲ့သို့သုံးသပ်မှုများရှိနေ သော်လည်း ဆွေးနွေးပွဲတွင် အဓိ ကပါဝင်သင့်သူများထက် လူဦး ရေများပြားစွာပါဝင်လာခြင်း သည် အစိုးရဘက်မှ အချိန်ဆွဲပြု လုပ်နိုင်မည့် နည်းဗျူဟာတစ်ရပ် ကို ရေးဆွဲခြင်းကလည်းဖြစ်နိုင် ကြောင်း နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဦးထင်လင်းဦး (Wisdom Villa)ကဆိုသည်။

‘‘အခုအစိုးရသက်တမ်းကုန် ခါနီးမှ တွေ့မယ်လုပ်တယ်။ တွေ့ မယ့်တွေ့တော့လည်း လေးပွင့် ဆိုင်မဟုတ်တော့ ပါမယ့်သူတွေ က တော်တော်များတယ်။ လူများ တော့ တွေ့ဆုံမှုမှာ စကားတွေ အများကြီးပြောရမယ်။ ဆိုလိုတာ က ဆွေးနွေးစရာတွေများလာ မယ်။ ဒီအခါကျရင် ဆွေးနွေးတာ တွေကမပြတ်ဘူး။ ဒီအတွက် အချိန်ထပ်ယူရမယ်။ အချိန်ရွှေ့ တာတွေလုပ်လာမယ်။ ဒါအဓိက သူတို့လိုချင်တဲ့အချက်ပဲ’’ဟု ဦးထင်လင်းဦးကဆိုသည်။

ဆွေးနွေးပွဲတွင်ပါဝင်ရန် ဖိတ်ကြားထားမှုများတွင် အစိုးရ ဘက်မှ သမ္မတနှင့်ဒုသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ ကာကွယ် ရေးဦးစီးချုပ်နှင့်ဒုကာချုပ်၊ ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နိုင်ငံ ရေးခေါင်းဆောင်များဘက်တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ဦးဌေးဦး၊ ဦးခင် မောင်ဆွေ စသဖြင့် မြန်မာနိုင်ငံရေးမှ ထိပ်သီးပုဂ္ဂိုလ် ၁၄ ဦး ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။ သို့သော် ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းကိုမူ ဖိတ်ကြားခဲ့ခြင်းမရှိ ပေ။

‘‘ဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ကျွန်တော်အနေနဲ့ ဘာမှတ်ချက်မှ မပေးလိုပါဘူး။ ကျွန်တော်တို့ကို မဖိတ်ကြားတဲ့အတွက်လည်း ဘာ မှမပြောလိုပါဘူး’’ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးဂျင်မီကပြောသည်။

ပြုပြင်ပြောင်းလဲရေးပြုလုပ် သောနိုင်ငံတစ်ခုတွင် နိုင်ငံရေး အကျပ်အတည်းတစ်ခုတွေ့ကြုံ လာပါက တွေ့ဆုံဆွေးနွေးမှုများ ဖြင့်သာ အဖြေရှာရလေ့ရှိပြီး ထင်ရှားသောသာဓကတစ်ခုမှာ တောင်အာဖရိကနိုင်ငံရှိ လူထု ခေါင်းဆောင်နယ်လ်ဆင်မင်ဒဲ လားနှင့် ထိုစဉ်က အာဏာလက် ဝယ်ရှိသူဒီကလပ်တို့ အကြိမ်ကြိမ် တွေ့ဆုံမှုမှတစ်ဆင့် ဘုံသဘော တူညီချက်များရှာဖွေနိုင်ကာ ကောင်းမွန်သောဒီမိုကရေစီပြု ပြင်ပြောင်းလဲမှုကို ဖော်ဆောင်နိုင် ခြင်းသည် သာဓကဖြစ်ကြောင်း ၈၈ မျိုးဆက်မှ ခေါင်းဆောင်တစ် ဦးဖြစ်သူ ဦးကိုကိုကြီးက ပြည် တွင်းဆွေးနွေးပွဲတစ်ခု၌   ပြော ကြားထားသည်။

အကျပ်အတည်းများကို ဆွေးနွေးပွဲဖြင့်အဖြေရှာသင့်သည် ဆိုသော်လည်း ယခုပြုလုပ်မည့် ဆွေးနွေးပွဲသည်   တိုင်းပြည် အတွက်   လက်ရှိအာဏာလက် ဝယ်ရှိသူများမှ လိုက်လျောပေးလို ၍   ခေါ်ယူတွေ့ဆုံမှုမျိုးဖြစ်လာ ရန် ဖြစ်နိုင်ခြေနည်းပါးကြောင်း ဦးစိုင်းညွန့်လွင်ကသုံးသပ်သည်။

‘‘အရင်ကတည်းက တွေ့ဆုံ ဖို့တောင်းဆိုတယ်။ ဘာမှဂရုစိုက် တာမရှိခဲ့ဘူးလေ။ ဒါတွေက အဓိ ကသာဓကတွေပါပဲ။ အဲဒီတော့ တိုင်းပြည်အတွက် စေတနာရှိမှ တွေ့ဆုံမှုကအလုပ်ဖြစ်ပါလိမ့် မယ်။ အဓိကအချက်ကတော့ တစ်ကြိမ်တည်းတွေ့ရုံနဲ့တော့ အဖြေမရနိုင်ပါဘူး’’ဟုဆိုသည်။

ယခင်နဝတအစိုးရလက် ထက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် တပ်မတော်ထိပ်တန်း ခေါင်းဆောင်အချို့နှင့် ဒေါ် အောင်ဆန်းစုကြည်တို့   တွေ့ဆုံမှုများရှိခဲ့သော်လည်း    ထိရောက် သောပြောင်းလဲမှုများ   ဖြစ်ပေါ် လာခြင်းမရှိခဲ့ပေ။

လွတ်လပ်ရေးရပြီးချိန်မှ ယနေ့အထိထိုကဲ့သို့ အစိုးရနှင့် နိုင်ငံရေးထိပ်သီးခေါင်းဆောင် များတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်းမျိုးမရှိဘဲ ယခုပြုလုပ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဖဆပလခေတ်မှ ယနေ့အထိနိုင်ငံ ရေးလောကကို   ဖြတ်သန်းခဲ့သူ ဝါရင့်နိုင်ငံရေးသမားကြီးဦးသုဝေ ကပြောသည်။

‘‘ဟိုအရင်အစိုးရလက်ထက် တွေတုန်းကတော့ ငြိမ်းချမ်းရေး အတွက်   နှစ်ဖက်ခေါင်းဆောင် တွေတွေ့တာမျိုးတော့ရှိတယ်။ အခုလိုမျိုး ထိပ်သီးခေါင်းဆောင် တွေ    အများကြီးပါလာတာမျိုး တော့မရှိဘူး။ ပြီးတော့ အရင်တုန်းကတွေ့တာကလည်း အခြေ အနေချင်းတွေ၊   ခေတ်စနစ်ချင်း တွေ မတူတော့ဘူး’’ဟု ၎င်းက ပြောသည်။

မည်သည့်ရည်ရွယ်ချက်ဖြင့် ယခုဆွေးနွေးပွဲကိုပြုလုပ်သည် ဖြစ်စေ နိုင်ငံအတွက် ရေရှည် အကျိုးရှိနိုင်ပြီး လက်တွေ့အကျပ် အတည်းများကို ကျော်လွှားနိုင် မည့် ဆွေးနွေးပွဲတစ်ခုဖြစ်လာစေ လိုကြောင်း နိုင်ငံရေးအသိုင်း အဝိုင်းမှ ပုဂ္ဂိုလ်များကဆိုသည်။

  ‘‘လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး   အကျပ်အတည်းတွေကို လက်တွေ့ကျကျဖြေရှင်းနိုင်ဖို့ လွတ်လပ်ပွင့်လင်းပြီး ရေရှည် အမြင်ပေါ်မှာရပ်တည်ဖို့လိုတယ်။ လက်ရှိစီစဉ်ထားပုံအရ အဖြေ တစ်ခုထွက်ဖို့ အလားအလာနည်း ပေမယ့် လမ်းပြမြေပုံသစ်တစ်ခု ရေးဖို့လုပ်နိုင်ရင်တော့ တိုင်းပြည် အတွက်ကောင်းမယ်’’ဟု ဒေါက် တာရန်မျိုးသိမ်းကပြောသည်။

ထို့ပြင် တွေ့ဆုံဆွေးနွေးမှု များသည် တစ်ကြိမ်တည်းဖြင့် ပြီး ပြတ်မှုမရှိဘဲ တွေ့ဆုံဆွေးနွေးမှု များဆက်တိုက်ပြုလုပ်သွားမှသာ အခက်အခဲများကိုဖြေရှင်းနိုင် မည်။ အဖြေတစ်ရပ်ကိုရှာဖွေ တွေ့ရှိနိုင်မည်ဖြစ်ကြောင်း ဦးသုဝေကဆိုသည်။

‘‘ငြိမ်းချမ်းရေးနဲ့ပတ်သက် ပြီး အဓိကဦးစားပေးဆွေးနွေး သွားမယ်။ စီးပွားရေးကိစ္စက လည်းဆွေးနွေးမှာပါ။ သမ္မတက ဘယ်လိုဆွေးနွေးမယ်ဆိုတာ မသိရသေးလို့ ဆွေးနွေးမယ့် အကြောင်းအရာကိုတော့ ဆွေး နွေးပွဲရောက်မှပဲသိပါလိမ့်မယ်။ ကော်မရှင်ဥက္ကဋ္ဌလည်းပါတယ် ဆိုတော့ ရွေးကောက်ပွဲနဲ့ပတ် သက်လို့ ဆွေးနွေးဖြစ်မယ့်အနေ အထားရှိနိုင်ပါတယ်။ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့တော့ ဒါကိုဆွေးနွေး တဲ့သူရှိရင် ပါဝင်ဆွေးနွေးသွားမှာ ပါ’’ဟု ဦးခင်မောင်ဆွေ (ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ)ကပြောသည်။

‘‘ဘာဆွေးနွေးဖြစ်မယ်ဆို တာကတော့ အတိအကျပြောလို့ မဖြစ်သေးပါဘူး။ ဒါပေမဲ့မှန်းထားတာကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ရွေးကောက် ပွဲစနစ်ဖြစ်မယ်။ ဖွဲ့စည်းပုံမှာပြင် သင့်တယ်ထင်တဲ့အချက်တွေကို ပြင်ဖို့ပြောမယ်။ ဥပမာ တိုင်းရင်း သားတွေ တန်းတူညီမျှမှုရအောင် ပြင်ရမယ့်အချက်တွေပေါ့။ ပြည် နယ်တွေကိုလုပ်ပိုင်ခွင့်တွေပိုပေးဖို့၊ အခုဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့်တွေ မရသေးဘူး။ အဲဒါကိုပြောမယ်လို့ စဉ်းစားထားတယ်။ နောက်တစ်ခု ကတော့ ရွေးကောက်ပွဲစနစ်ပေါ့။ ပီအာရ်ကို တိုင်းရင်းသားတွေက လက်မခံဘူးပေါ့ ပြည်နယ်တွေမှာ သုံးတာကိုမကြိုက်ကြဘူး။ အဲဒီ အချက်တွေပါလာမှာပါ’’ဟု ဦးစိုင်းအိုက်ပေါင်း(ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ)က လည်းပြောသည်။

ပထမဆုံးအကြိမ်တွေ့ဆုံ ကြမည့် လက်ရှိအာဏာလက်ဝယ် ရှိသူများနှင့် နိုင်ငံရေးထိပ်သီး ခေါင်းဆောင်များတွေ့ဆုံပွဲတွင် မည်သည့်အကြောင်းအရာများ ဆွေးနွေးမည်ကို ခေါင်းစဉ်တပ် ကြေညာထားခြင်းမရှိသော်လည်း အဆိုပါတွေ့ဆုံပွဲမှတစ်ဆင့် လတ်တလောဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေးအကျပ်အတည်း များကိုဖြေရှင်းနိုင်မည့်နည်းလမ်း များနှင့် အမျိုးသားပြန်လည်ရင် ကြားစေ့ရေး ပြည်တွင်းငြိမ်းချမ်း ရေးတို့ကို ပေါ်ထွက်လာစေမည့် ဆွေးနွေးပွဲတစ်ရပ်ဖြစ်ပေါ်လာစေ ရန် လေ့လာစောင့်ကြည့်သူများက ဆန္ဒရှိနေကြသည်။

7Day DAILY 

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

လက်ရှိအစိုးရလက်ထက် တွင်    ပထမဆုံးအ ကြိမ်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် မြန်မာ့ နိုင်ငံရေး    ထိပ်သီးခေါင်းဆောင် ၁၄ ဦး သမ္မတအိမ်တော်တွင် ယနေ့နံနက်၌ တွေ့ဆုံဆွေးနွေးမှုပြု လုပ် တော့ မည်ဖြစ်သည်။

ကမ္ဘာ့သားရဲတိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့ မြန်မာနိုင်ငံတွင် တရားဝင်ရုံးခွဲဖွင့်မည်

ကမ္ဘာတွင် အထင်ကရ ရှိသည့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ အဖွဲ့အစည်းဖြစ် သော ကမ္ဘာ့သားရဲ တိရစ္ဆာန်များရန်ပုံငွေ(WWF)အဖွဲ့သည် မြန်မာနိုင်ငံ၌တရားဝင်ရုံးခွဲ လာရောက်ဖွင့်လှစ်မည်ဟု   သတင်း ရရှိသည်။

ဒေသအချို့တွင် မိုးတိမ်တောင် အန္တရာယ်ရှိနေ

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံဖြစ် နေပြီး လေထု မငြိမ်မသက်ဖြစ်မှုကြောင့် နိုဝင်ဘာအတွင်း မြန်မာ နိုင်ငံဒေသအချို့တွင် မိုးတိမ် တောင်အန္တရာယ်ရှိနေ ကြောင်း ဒေါက်တာထွန်းလွင်က ပြော သည်။

Thursday 30 October 2014

ကေအိုင်အေ တပ်ရင်း ၆ ဖယ်ရှားပေးရန် အကြောင်းကြားခြင်း ကောလဟလသာဖြစ်ဟု ဝန်ကြီးချုပ်ပြော

Photo: ကေအိုင်အေ တပ်ရင်း ၆ ဖယ်ရှားပေးရန် အကြောင်းကြားခြင်း ကောလဟလသာဖြစ်ဟု ဝန်ကြီးချုပ်ပြော
Thursday, October 30, 2014

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကင်ဆီဆိုင်းရာဒေသ အောင်ဘာလီ ကျေးရွာအနီး တပ်စွဲထားသော KIA တပ်မဟာ
၂ လက်အောက်ရှိ တပ်ရင်း ၆ ကို ဖယ်ရှားပေးရန် အစိုးရတပ်ဖက်က နုတ်ဖြင့်အကြောင်းကြားသည့် ကိစ္စမှာ ကောလာဟလသာ
ဖြစ်သည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းကပြောသည်။

ဥရုမြစ် အရှေ့ဘက်ခြမ်းရှိ အောင်ဘာလီ ကျေးရွာအနီး
တပ်စွဲထားသော KIA တပ်ရင်း ၆ကို ဖယ်ရှားရန်
အစိုးရတပ် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတစ်ခုက
အောက်တိုဘာလ ၁၄ ရက်မှစကာ ၁၇ရက်ထိ နုတ်ဖြင့်ရော၊
စာဖြင့်ပါ အကြိမ်ကြိမ် အကြောင်းကြားခဲ့သည်ဟု
ကေအိုင်အေနှင့် ဒေသခံများက ပြောခဲ့သော်လည်း
ယင်းမှာ ကောလဟလသာ ဖြစ်သည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

ဝန်ကြီးချုပ်က “နောက်ဆုံးအဖြေကတော့ တပ်ပိုင်းဆိုင်ရာ
ခေါင်းဆောင်တွေက အမိန့်ထုတ်ပြန်ထားတာမရှိဘူး၊ ကောလာဟလ သာဖြစ်တယ်လို့ တာဝန်ရှိသူတွေကို ရှင်းပြထားပြီးဖြစ်ပါတယ်” ဟု ပြောသည်။

တပ်များဖယ်ရှားခိုင်းသည့် သတင်းနှင့် ပတ်သက်၍ KIA က အစိုးရတပ်ဘက်မှ ပဋိပက္ခညှိနှိုင်းရေး ခေါင်းဆောင်ဖြစ်သည့် ဗိုလ်မှူးသန်းအောင်ထံ စာရေးအကြောင်းလာပြီး ၎င်းမှတစ်ဆင့် ဝန်ကြီးချုပ်ထံ တင်ပြခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ လိုအပ်သလို စီစဉ်ဆောင်ရွက်ရန် ဆက်လက်တင်ပြထားခြင်း ဖြစ်သည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းက “ကျွန်တော်တို့ ကချင်ပြည်သူတွေကလည်း ငြိမ်းချမ်းရေးအရသာကို ၁၇ နှစ်လုံးလုံးခံစားလာခဲ့ရတော့ တစ်ခုခုဖြစ်လိုက်ပြီဆို အရမ်းစိုးရိမ်တယ်။ မှန်တယ် မှားတယ်ဆိုတာ ဒုတိယအဆင့်မှာပဲ ရှိပါတယ်။ သတင်းတစ်ခုခုဖြစ်လာပြီဆိုရင် စိုးရိမ်ကြောင့်ကြမှုတွေက အရင်ဖြစ်ပါတယ်” ဟု ဆိုသည်။

အောင်ဘာလီကျေးရွာသို့  သွားရောက်နိုင်သည့် လမ်းမှာ တစ်လမ်းသာရှိပြီး တပ်များဆုတ်ခိုင်းသည့် သတင်းများ ထွက်ပေါ်လာသည့် အခါ
KIA နှင့် အစိုးရတပ်အကြား ပိတ်မိနေသကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရသည့်အတွက် စိုးရိမ်စိတ်ကြီးထွားလာခြင်းဖြစ်ကြောင်း
ဒေသခံအချို့က ပြောသည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ အောင်ဘာလီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပေါ်သည့် အခြေအနေ မရှိတော့ဘဲ ဒေသခံများလည်း ထွက်ပြေးမှု မရှိတော့ကြောင်း တအာင်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီ (ဖားကန့်  မော်ရှန်ပလောင်ရုံး)မှ ဒု- ဥက္ကဌ ဦးဝင်းအောင် က ပြောသည်။

မဇ္ဈိမ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကင်ဆီဆိုင်းရာဒေသ အောင်ဘာလီ ကျေးရွာအနီး တပ်စွဲထားသော KIA တပ်မဟာ ၂ လက်အောက်ရှိ တပ်ရင်း ၆ ကို ဖယ်ရှားပေးရန် အစိုးရတပ်ဖက်က နုတ်ဖြင့်အကြောင်းကြား သည့် ကိစ္စမှာ ကောလာဟလသာ ဖြစ်သည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းကပြောသည်။

တရုတ်တွင် တောင်ပြို၊ သတ္တုတူးဖော်ရေးလုပ်သားများ ပျောက်ဆုံးနေ

Photo: တရုတ်တွင် တောင်ပြို၊ သတ္တုတူးဖော်ရေးလုပ်သားများ ပျောက်ဆုံးနေ
Thursday, October 30, 2014

Chinaတရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ အောက်တိုဘာ ၂၈ ရက်နေ့က တောင်ပြိုကျခဲ့လို့ ကြေးနီသတ္တုထူးဖော်ရေးလုပ်သား ၉ ဦး ပျောက်ဆုံးနေပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့က ကယ်ဆယ်ရေးဝန်ထမ်း အယောက် ၄၀၀ ကျော် နေ့ညမဆိုင်း ရှာဖွေနေကြပေမယ့်လည်း မတွေ့ကြသေးပါဘူး။ မိုးဆက် လက်ရွာ သွန်းနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရတယ်လို့လည်း စီစီတီဗွီသတင်းက ဖော်ပြပါတယ်။

မိုးရက်ဆက် အသည်းအသန်ရွာ သွန်းခဲ့ပြီး တောင်ခြေက သတ္တုတူးဖော်ရေး အလုပ်ရုံပေါ် တောင်ပြိုကျခဲ့တာလို့ သိရပါတယ်။

ဒီဗွီဘီ
Chinaတရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ အောက်တိုဘာ ၂၈ ရက်နေ့က တောင်ပြိုကျခဲ့လို့ ကြေးနီသတ္တု ထူးဖော်ရေး လုပ်သား ၉ ဦး ပျောက်ဆုံးနေပါတယ်။

ကွယ်ပျောက်မှာ စိုးရိမ်ရတဲ့ ကမ္ဘာ့အလှဆုံး အက္ခရာ ၅ ခု/မျိုး


Photo: ကွယ်ပျောက်မှာ စိုးရိမ်ရတဲ့ ကမ္ဘာ့အလှဆုံး အက္ခရာ ၅ ခု/မျိုး
Thursday, October 30, 2014

ဘီစီ ၂၀၀၀ လောက်ကတည်းက အရှေ့ဘက်တိုင်းမှာ ကဗျည်းအက္ခရာ စာရေးသားနည်းစနစ်တွေ ပေါ်ပေါက်လို့ နေပါပြီ။ ထိုစဉ်မှစ၍ ဘာသာစကား၊ ယဉ်ကျေးမှုများစွား ပေါ်ထွန်းလိုက် ပျောက်ကွယ်လိုက် ဖြစ်ခဲ့သည်။ ထိုသို့ ပေါ်လိုက်ပျောက်လိုက်ဖြစ်ခဲ့ရသော ယဉ်ကျေးမှုတခုကို ဥပမာတခုဆောင်ပါဆိုလျှင် အလွန်တရာ အဆင့်အတန်းမြင့်မားသော ရှေးဟောင်း အီဂျစ်ယဉ်ကျေးမှုနှင့် ၎င်းယဉ်ကျေးမှု၏ အမွေအနှစ်အဖြစ် hieroglyphic ဟုလူသိများသော ရုပ်ပုံသဏ္ဍာန်များဖြင့် ရေးသည့် စာရေးသားစနစ်ကို ပြရမည်ဖြစ်သည်။ အဆိုပါစာရေးပုံစနစ်ကို အီဂျစ်ယဉ်ကျေးမှု၏ လက်ကျန်အမွေအနှစ်ဟု သိကြသော်ငြား ယနေ့ခေတ်တွင် ကျွန်ုပ်တို့အနေနှင့် အပြည့်အ၀ နားလည်နိုင်စွမ်း မရှိတော့ပြီ။

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ခန့်မှစ၍ လက်တင်ကဗျည်းအက္ခရာသည် အသုံးအများဆုံး အက္ခရာတခုဖြစ်ခဲ့ရာ တချိန်က ရိုမန်တို့၏ အုပ်စိုးခံ လူမျိုးများ၏ စာရေးသားပုံစနစ်တို့ကို လွှမ်းမိုးသွားခဲ့သည်။
ယနေ့ကမ္ဘာပေါ်တွင် အနုဆုံး၊ အယဉ်ဆုံး၊ အလှဆုံးနှင့် ကွယ်ပျောက်မည်ကို စိုးရိမ်ရသော ကဗျည်းအက္ခရာ ၅ မျိုးကို အောက်တွင် ဖော်ပြလိုက်ပါသည်။

၁-မြန်မာစာ
မြန်မာအက္ခရာသည် “၀”ကို အခြေခံ၍ ညာရစ်ဝိုင်း ရေးရသော ပုံသဏ္ဍာများဖြင့် ဖွဲ့စည်းထားသည်။ မြင်ရသူကို ညှိယူနိုင်စွမ်းရှိသည့် မြန်မာစာအက္ခရာသည် အလှသက်သက်အတွက် ထိုသို့ရေးသားခြင်းမဟုတ်ပါ။
“၀”အခြေခံရေးသားရခြင်းမှာ အကြောင်းရှိပါသည်။ ရှေးက ပေစာများ ရေးသားကြရာ မျဉ်းဖြောင့်ဆွဲပါက ပေရွက် အလွယ်တကူ စုပ်ပြဲနိုင်သောကြောင့် ဖြစ်သည်။

မြန်မာစာ ရေးသားနည်းစနစ်သည် ပျောက်ကွယ်သွာမည့်အန္တရာယ် မရှိလှသော်လည်း လက်တင်၊ ဟင်ဒီ စာရေးသားနည်းစနစ်များ လွှမ်းမိုးစ ပြုလာပြီဖြစ်သည်။ မြန်မာနိုင်ငံသည် မကြာသေးမီကာလအထိ နိုင်ငံခြားခရီးသွားလုပ်ငန်းကို ထိန်းချုပ်ထားခဲ့သေးရာမှ ယခုတွင်မူ တံခါးဖွင့်လိုက်ပြီ ဖြစ်ပြီး Coca Cola ကိုကာကိုလာဆိုင်းဘုတ် မတွေ့မမြင်ရသော မြောက်ကိုရီးယား၊ ကျုးဘားစသော အထီးကျန်နိုင်ငံများအုပ်စုမှ စွန့်ခွာခဲ့လေပြီ။

၂-စင်ဟာလိ(စ်)(သီရိလင်္ကာ)
စင်ဟာလိ(စ်)စာသည် လွန်စွာကျယ်ပျံ့သော ကဗျည်းအက္ခရာများဖြင့် ဖွဲ့စည်းထားပြီး သံတူကြောင်းကွဲပေါင်း ၅၀ခန့်ရှိ၍ ၃၈ခုမှာ ယနေ့ ခေတ်ပြိုင်စာအရေးအသားတွင် တွေ့မြင်ရလေ့ရှိသည်။
သီရိလင်္ကာနိုင်ငံ၏ ပထ၀ီမြေအနေအထားသည်ပင် ၎င်းတို့ ဘာသာ၊ စာရေးစနစ်အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှု ဖြစ်နေပေသည်။ ကျွန်းနိုင်ငံဖြစ်သောကြောင့် စင်ဟာလီ(စ်)စာသည် ပျံ့နှံ့မှု နည်းပါးပြီး နေ့စဉ်နှင့်အမျှ အသုံးနည်းပါလာသော်ငြား အမြန်အဆန် ပျောက်ကွယ်မှုတော့ ဖြစ်ပေါ်ဦးမည် မဟုတ်ပေ။

၃-ဂျော်ဂျီယန်(ဂျော်ဂျီယာ)
တူရကီနှင့်ရုရှား ၂နိုင်ငံအကြား၌ ညပ်နေသည့် ဂျော်ဂျီယာနိုင်ငံတွင် ကိုယ်ပိုင် ဘာသာစကားနှင့် ကိုယ်ပိုင် အက္ခရာများ ရှိပြီး ၎င်းတို့သည် ရုရှားလွှမ်းမိုးလာခြင်း၏ ခြိမ်းခြောက်မှုကို ခံနေရသည်။ လွန်ခဲ့သော ရာစုနှစ်အတွင်း ရုရှား၏ နယ်ချဲ့ပေါ်လစီများကြောင့် ဂျော်ဂျီယာနိုင်ငံ မူလအကျယ်အ၀န်း၏ ထက်ဝက်ခန့်သည် ရုရှားနိုင်ငံတွင်းသို့ သွပ်သွင်းခံခဲ့ရသည်။ ထို့အပြင် ဂျော်ဂျီယာနိုင်ငံအနေနှင့် ဆက်လက်ဖြစ်ပေါ်နေသော နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများကြောင့် နိုင်ငံ၏ ပိုင်နက်အချို့ ထပ်မံဆုံးရှုံးရမည့်အခြေအနေဖြစ်လျက်ရှိရာ ယင်းဒေသများတွင်း ရုးရှားစာနှင့် စလဗ်စာများက ဂျော်ဂျီယန်ဘာသာနေရာကို ၀င်ယူလာသည်။ ၎င်းတို့၏ မိခင်ဘာသာစကား အသုံးပြုသော ကောကေးရှန်းအရေအတွက် တစတစ နည်းပါးလာနေသည်။ ရုရှားသည် ဂျော်ဂျီယာနိုင်ငံကိုဖြတ်၍ သွယ်တန်းထားသော ရေနံပိုက်လိုင်များအား အပြည့်အ၀ချုပ်ကိုင်လိုမှုသည်ဖြစ်ရာ ဂျော်ဂျီယန်တို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများအတွက်ပင် စိုးရိမ်ဖွယ်ရာဖြစ်သည်။
ဂျော်ဂျီယန်အက္ခရာသည် လှပကြော့ရှင်းသည်။ မျဉ်းကွေများဖြင့် ရေးသားကြပြီး ကလေးငယ်တဦးကဲ့သို့ပင် ရိုးရှင်းသည်။

၎-တာဂါလော့ဂ်(ဖိလစ်ပိုင်)
အင်ဒို-ဥရောပစာရေးစနစ်မှ ဆင်းသက်လာသော တာဂါလော့ဂ်စာကို ဖိလစ်ပိုင်နိုင်ငံ စပိန်ကိုလိုနီဘ၀မရောက်ခင်ကာလအထိ အဓိက အသုံးပြုကြသည်။ စပိန်ကိုလိုနီဘ၀အစပိုင်းတွင် အောက်မှအထက်သို့ ရေးသားလေ့ရှိသော တာဂါလော့ဂ်အက္ခရာအား ၉၀ ဒီဂရီလှည့်၍ ၀ဲမှယာသို့ ရေးသားခြင်း စသည့် ပြောင်းလဲမှုမျိုးသာရှိခဲ့သော်လည်း နောက်ပိုင်းတွင် စပိန်ဘာသာစကားအား ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းလိုက်ရာ အင်မတန်အသုံးနည်းနေပြီဖြစ်သော တာဂါလော့ဂ်စာ၊ တာဂါလော့ဂ်စကား ကွယ်ပျောက်စေမည့် အကြောင်းရင်းတရပ် ဖြစ်သည်။
၁၉၇၃ ခုနှစ်တွင် ရှိရင်းစွဲဘာသာစကားများနှင့် စပိန်ဘာသာစကားအာ ပေါက်းစပ်ထားသော ဖိလစ်ပင်နိုအား ရုံးသုံးဘာသာအဖြစ်ပြဌာန်းခဲ့သော်လည်း လက်တင်အက္ခရာများဖြင့်သာ ရေးသားကြတော့သည်။ တာဝန်ရှိသူများ၏အဆိုအရ တာဂါလော့ဂ်ဘာသာစကား ရှင်သန်နေဆဲဖြစ်သော်လည်း တကယ့်လက်တွေ့တွင်မူ ကွယ်ပျောက်သွားခဲ့ပြီးဖြစ်သော ဖိလစ်ပိုင်တိုင်ရင်းသားဘာသာစကား အမျိုးပေါင်း ၂၀၀ ကျော်တို့ကဲ့သို့ပင် ပျောက်ကွယ်နိုင်ခြေရှိနေသည်။

၅-ဟာနာကာရက(အင်ဒိုနီးရှား)
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း၌ စတင်ပေါ်ထွန်းခဲ့ပြီး နီးစပ်ရာကျွန်းများပေါ်သို့ တဖြည်းဖြည်းချင်း ပျံ့နှံ့သွားခဲ့ရာ ဟာနာကာရက ဘာသာစကားသည် ဒေသအလိုက် အနည်းငယ်မျှကွဲပြားမှုရှိသည်။ ယင်းနောက် ၁၉ ရာစုနှင့် ၂၀ ရာစုအတွင်း သတင်းစာလုပ်ငန်းဖွံ့ဖြိုးတိုးတတ်လာခြင်းနှင့်အတူ ဟာနာကာရကဘာသာအား တပြေးညီစံတခုသတ်မှတ်ရန်ကြိုးပမ်းခဲ့ကြသည်။ သို့သော် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လက်အောက်ကျရောက်ခဲ့စဉ်က ဟာနာကာရကဘာသာအသုံးပြုမှုကို တားမြစ်ထားခဲ့ရာ အဆိုပါကြိုးပမ်းမှုများသည်လည်း ရပ်ဆိုင်းသွားခဲ့သည်။
ထိုစဉ်က စ၍ ယာဉ်ကြောလမ်းညွှန်ဆိုင်းဘုတ်များတွင် ဟာနာကာရကဘာသာအသုံးပြုခြင်း၊ အစိုးရကျောင်းများတွင် ဟာနာကာရကဘာသာ သင်ကြားပေးရမည်ဆိုသော အာဏာပိုင်များ၏ ညွှန်ကြားမှုများရှိနေသော်လည်း လက်တင်အက္ခရာအသုံးပြုရေးသားသည့် စနစ်က နေရာယူလာခဲ့သည်။

Felipe Sant’ana Pereira ၏ 5 of the World’s most beautiful(and endangered) alphabets ကို ပြန်ဆိုသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ဘီစီ ၂၀၀၀ လောက်ကတည်းက အရှေ့ဘက်တိုင်းမှာ ကဗျည်းအက္ခရာ စာရေးသားနည်းစနစ်တွေ ပေါ်ပေါက် လို့ နေပါပြီ။ ထိုစဉ်မှစ၍ ဘာသာစကား၊ ယဉ်ကျေးမှုများစွား ပေါ်ထွန်းလိုက် ပျောက်ကွယ်လိုက် ဖြစ်ခဲ့သည်။ ထိုသို့ ပေါ်လိုက်ပျောက်လိုက်ဖြစ်ခဲ့ရသော ယဉ်ကျေးမှုတခုကို ဥပမာတခုဆောင်ပါဆိုလျှင် အလွန်တရာ အဆင့်အတန်းမြင့်မားသော ရှေးဟောင်း အီဂျစ်ယဉ်ကျေးမှုနှင့် ၎င်းယဉ်ကျေးမှု၏ အမွေအနှစ်အဖြစ် hieroglyphic ဟုလူသိများသော ရုပ်ပုံသဏ္ဍာန်များဖြင့် ရေးသည့် စာရေးသားစနစ်ကို ပြရမည်ဖြစ်သည်။ အဆိုပါစာရေးပုံစနစ်ကို အီဂျစ်ယဉ်ကျေးမှု၏ လက်ကျန်အမွေအနှစ်ဟု သိကြသော်ငြား ယနေ့ခေတ်တွင် ကျွန်ုပ်တို့အနေနှင့် အပြည့်အ၀ နားလည်နိုင်စွမ်း မရှိတော့ပြီ။

အီဘိုလာစိုးရိမ်မှုများရှိသော်လည်း ကလပ်ကမ္ဘာ့ဖလားကို မော်ရိုကိုတွင်သာ ကျင်းပမည်

Photo: အီဘိုလာစိုးရိမ်မှုများရှိသော်လည်း ကလပ်ကမ္ဘာ့ဖလားကို မော်ရိုကိုတွင်သာ ကျင်းပမည်
Thursday, October 30, 2014

လာမည့် ဒီဇင်ဘာတွင် အာဖရိကတိုက် မော်ရိုကိုနိုင်ငံ၌ ကျင်းပမည့် ဖီဖာ၏ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲများကို အီဘိုလာရောဂါပြန့်ပွားမှု စိုးရိမ်မှုများ ရှိနေသော်လည်း စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်ဟု ဖီဖာက ထုတ်ပြန်သည်။

ဆယ်ရက်တာကျင်းပမည့် ထိုနှစ်စဉ်ပြိုင်ပွဲတွင် ဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ်အပါအဝင် တိုက်ကြီးများအလိုက် ချန်ပီယံကလပ်များ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကာ ဒီဇင်ဘာ ၁၀ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ ဖီဖာက ၎င်းတို့သည် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် မော်ရိုကိုအာဏာပိုင်များနှင့် အဆက်မပြတ် ဆက်သွယ်မှုရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံမှလည်း အကြံဉာဏ်များ ရယူထားကြောင်းဆိုသည်။

မော်ရိုကိုသည် ကလပ်ကမ္ဘာ့ ဖလားအပြင် အာဖရိကနိုင်ငံများ ဖလားပွဲကိုလည်း ၂၀၁၅ ဇန်နဝါရီလတွင် ကျင်းပနိုင်ရန် စီစဉ်ထား သည်။

‘‘ကစားသမားတွေ၊ ပွဲတာဝန်ရှိသူတွေနဲ့ ပရိသတ်တွေရဲ့ ကျန်းမာရေးဟာ အခြားမည်သည့် ဖီဖာပြိုင်ပွဲမှာမဆိုလိုပဲ မိမိတို့ရဲ့ အမြင့်ဆုံး ဦးစားပေးလုပ်ငန်းနေရာမှာ ရှိနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အဆိုအရလည်း လက်ရှိမှာ မော်ရိုကိုမှာ အီဘိုလာရောဂါဖြစ်ပွားမှု လုံးဝမရှိသေးပါဘူး။ ဒါကြောင့် စီစဉ်ထားတဲ့အတိုင်း ပွဲကျင်းပဖို့ ပြင်ဆင်မှုတွေကို ဆက်လုပ်သွားမှာပါ’’ဟု ဖီဖာ၏ ကြေညာချက်တွင် ဖော်ပြသည်။

Ref: BBC
လာမည့် ဒီဇင်ဘာတွင် အာဖရိကတိုက် မော်ရိုကိုနိုင်ငံ၌ ကျင်းပမည့် ဖီဖာ၏ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ များကို အီဘိုလာရောဂါပြန့်ပွားမှု စိုးရိမ်မှုများ ရှိနေသော်လည်း စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်ဟု ဖီဖာက ထုတ်ပြန်သည်။

ဖီဖာဘလွန်းဒီအောဆု ရော်နယ်ဒို ရေပန်းစား

Photo: ဖီဖာဘလွန်းဒီအောဆု ရော်နယ်ဒို ရေပန်းစား
Thursday, October 30, 2014

 ပြီးခဲ့သည့်နှစ်က ဖီဖာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့သော ရော်နယ်ဒိုမှာ ယခုနှစ် တွင်လည်း ယင်းဆုအတွက် ရေ ပန်းအစားဆုံးဖြစ်နေပြီး ဘာစီလို နာမှ လီယွန်နယ်မက်ဆီမှာ ဒုတိယလိုက်နေသည်။

၂၀၁၄ ခုနှစ်အတွင်း ရော် နယ်ဒို ချိုးဖျက်ခဲ့သော စံချိန်စာရင်းမှာ ရှည်လျားပြီး ယင်းအတွက်ကြောင့် ဘလွန်းဒီအောဆု ဆက်လက်ထိန်းသိမ်းရန် ရေပန်းစားနေခြင်းဖြစ်သည်။

ရီးရဲလ်မက်ဒရစ်အသင်းကို ဒသမမြောက်  ချန်ပီယံဖလားရရှိ ရန် ကူညီပေးခဲ့ချိန်တွင် ရော်နယ်ဒိုသည် ၁၇ ဂိုး သွင်းယူခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက်  မည်သည့်ကစားသမားမှ ထိုမျှ ဂိုးမသွင်းနိုင်ခဲ့ပေ။

ဥရောပထိပ်သီး ဂိုးသွင်းရှင် မှာ လာလီဂါတွင် ဂိုးအများဆုံး သွင်းယူထားသူဖြစ်ပြီး ယခုနှစ် လာလီဂါပြိုင်ပွဲ   ရှစ်ပွဲ၌  ခုနစ်ပွဲသာ ပါဝင်ကစားခဲ့သော်လည်း ၁၅ ဂိုးအထိ သွင်းယူထားရာ ယင်းသို့ သွင်းယူနိုင်သည့် ပထမဆုံးသော ကစားသမားဖြစ်လာသည်။

လောင်းကစားကုမ္ပဏီ Pad-dy Power က ရော်နယ်ဒို ကမ္ဘာ့အကောင်းဆုံးဆု ထပ်မံရရှိရန် ၁/၆ (တစ်လေး၊ ခြောက်လေး) ပေးထားကာ မက်ဆီကို ၈/၁ (ရှစ်လေး၊ တစ်လေး)၊ သောမတ်စ်မူ လာ (၁၆/၁)၊ နူအာ (၂၅/၁)၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ် (၄၀/၁)လေးဖြင့် အသီးသီး အလေးပေးထား ကြသည်။      

Ref: Goal
 ပြီးခဲ့သည့်နှစ်က ဖီဖာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့သော ရော်နယ်ဒိုမှာ ယခုနှစ် တွင်လည်း ယင်းဆုအတွက် ရေ ပန်းအစားဆုံးဖြစ်နေပြီး ဘာစီလို နာမှ လီယွန်နယ်မက်ဆီမှာ ဒုတိယလိုက်နေသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၁၀၂၀ အထိ အမြင့်ဆုံးတက်လာ

Photo: နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၁၀၂၀ အထိ အမြင့်ဆုံးတက်လာ
Thursday, October 30, 2014

အောက်တိုဘာ ၂၉ ရက် ပြင်ပ နိုင်ငံခြား ငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာ တန်ဖိုး ကျပ် ၁ဝ၂ဝ ဝန်းကျင်အထိ အမြင့်ဆုံး စံချိန်တင်မြင့်တက်လာကြောင်း ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိထားသော နိုင်ငံခြား ငွေကြေးလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် ပြင်ပဈေးကွက် အသိုင်းအဝိုင်းမှ သိရသည်။

အောက်တိုဘာ ၂၉ ရက်တွင် ဖြစ်ပေါ်နေသော တစ်ဒေါ်လာတန်ဖိုးမှာ သိမ်ဖြူငွေလဲကောင်တာ၌ ရောင်းဈေး ၁ဝဝ၈ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁ဝဝဝ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပငွေလဲနှုန်း နံနက်ပိုင်း အဖွင့်ဈေးတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေးကျပ် ၁ဝ၁၃ ဝန်းကျင်၊ ဝယ်ဈေး ၁ဝဝဝ ကျပ်ဝန်းကျင်တွင် ရှိနေခဲ့ပြီး ညနေအပိတ်ဈေးတွင် ရောင်းဈေး ၁ဝ၁၄ ကျပ်အထိ ဆက်တိုက်တက်လာခဲ့သည်။

ယခုရက်ပိုင်းအတွင်း တစ်ရက်လျှင် လေးကျပ်နှုန်းတိုး၍ သတ်မှတ်လာသော ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းနှင့်အတူ ပို့ကုန်ရငွေတန်ဖိုးမှာ အောက်တိုဘာ ၂၉ ရက်တွင် တစ်ဒေါ်လာလျှင် ၁ဝ၂ဝ ကျပ်အထိ အမြင့်ဆုံးမြင့်တက် လာခဲ့ကြောင်း သိရသည်။

ထို့အတူ အောက်တိုဘာ ၂၉ ရက် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်း ၁ဝဝ၆ ကျပ်နှင့် သိမ်ဖြူနိုင်ငံခြား ငွေလဲကောင်တာ၏ ရောင်းဈေး ၁ဝဝ၈ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁ဝဝဝ ကျပ်ဝန်းကျင်တို့မှာ ငွေလဲနှုန်း နှုန်းရှင်သတ်မှတ်ခဲ့သည့် ၂ဝ၁၂ ခုနှစ် ဧပြီ ၂ ရက်မှစ၍ နှစ်နှစ်ကျော်အတွင်း စံချိန်တင်ဈေးနှုန်းများသို့ ပထမဦးဆုံး စတင်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အောက်တိုဘာ ဒုတိယပတ် သိမ်ဖြူငွေလဲကောင်တာတွင် ရောင်းဈေး ၉၉၃ ကျပ်၊ ဝယ်ဈေး ၉၈၇ ကျပ်ဝန်းကျင်တွင် ရှိနေ၍ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ တန်ဖိုးမှာရောင်းဈေး ၉၉၂ ကျပ်၊ ဝယ်ဈေး ၉၈၈ ကျပ်တွင် ရှိနေခဲ့သည်။

အောက်တိုဘာ တတိယပတ်တွင် တစ်ဒေါ်လာတန်ဖိုး ကျပ် ၁ဝဝဝ ဝန်းကျင်သို့ မြင့်တက်ခဲ့ပြီး အောက်တိုဘာ နောက်ဆုံးပတ် ၂၇ ရက်မှစ၍ တစ်ရက်လျှင် လေးကျပ်နှုန်းဝန်းကျင်အထိ သိသာစွာ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ယနေ့ဈေးနှုန်းသည် ၂ဝ၁၄ ခုနှစ် အတွင်း အမြင့်ဆုံး ဒေါ်လာတန်ဖိုး ရောက်ရှိခဲ့သော စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ကျပ် ၁ဝဝဝ ဝန်းကျင်ထက် ၁ဝ ကျပ်ဝန်းကျင်အထိ တစ်လခန့်အတွင်း စံချိန်တင် မြင့်ခဲ့ခြင်း ဖြစ်သည်။

Eleven Media Group 

ငွေလဲလှယ်နေသူ အချို့အား တွေ့ရစဉ်
ငွေလဲလှယ်နေသူ အချို့အား တွေ့ရစဉ်
အောက်တိုဘာ ၂၉ ရက် ပြင်ပ နိုင်ငံခြား ငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာ တန်ဖိုး ကျပ် ၁ဝ၂ဝ ဝန်းကျင်အထိ အမြင့်ဆုံး စံချိန်တင်မြင့်တက်လာကြောင်း ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိထားသော နိုင်ငံခြား ငွေကြေးလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် ပြင်ပဈေးကွက် အသိုင်းအဝိုင်းမှ သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးနည်းပြ ကူမာဒါနှင့် ဘောလုံး အဖွဲ့ချုပ် လမ်းခွဲ

မြန်မာ့လက်ရွေးစင် အမျိုးသမီး နည်းပြချုပ် ကူမာဒါ နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်တို့နှစ်ဦး နှစ်ဖက် သဘောတူ ညီမှုဖြင့် လမ်းခွဲခဲ့ကြောင်း သတင်းရရှိသည်။

ရွေးကောက်ပွဲစနစ်ကို လူထုဆန္ဒအတိုင်း ရွေးချယ်ရန် တပ်မတော်သားအမတ်များပြော

နိုင်ငံ၏ ပကတိအခြေ အနေနှင့် အနာဂတ်အတွက် ရေ ရှည်အကျိုးရှိမည့် ရွေးကောက်ပွဲ စနစ်ကို ပြည်သူ လူထုအား ရှင်းလင်းပြ၍ လူထုဆန္ဒအတိုင်း ရွေးချယ်အ သုံးပြုသင့်သည်ဟု တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် များက ပြည်သူ့လွှတ်တော်တွင် ပြောကြားလိုက်သည်။

နိုဝင်ဘာလဆန်းမှာ Good Night ချစ်သူဒီဗီဒီထွက်မယ့် ရတနာမိုင်

Photo: နိုဝင်ဘာလဆန်းမှာ Good Night ချစ်သူဒီဗီဒီထွက်မယ့် ရတနာမိုင်
Thursday, October 30, 2014

တတိယတစ်ကိုယ်တော် စီးရီး၏ ဒီဗီဒီကို နိုဝင်ဘာလဆန်းအတွင်း၌ ဖြန့်ချိပေးမည်ဖြစ်ပြီး ပရိ သတ်အားပေးမှုရရှိခဲ့သည့် Good Nightချစ်သူ  သီချင်းကို  စီးရီးခေါင်းစဉ်ပြောင်းပြီး ဖြန့်ချိမည်ဟု ရတနာမိုင်ကပြောသည်။

‘‘မိုင်လေးရဲ့ တတိယတစ် ကိုယ်တော်ခွေဒီဗီဒီကို Good Nightချစ်သူ(ပုံရိပ်များ)ဆိုတဲ့ နာ မည်နဲ့ ဖြန့်ပေးမှာပါ။ Good Night   ချစ်သူသီချင်းက စီဒီထွက်တုန်းက ပရိသတ်တွေသဘောကျတဲ့ သီ ချင်းတစ်ပုဒ်ဖြစ်လို့ပြောင်းဖြစ်တာ ပါ’’ဟု ရတနာမိုင်ကပြောသည်။

ယင်းအခွေကို နိုဝင်ဘာ ၇ ရက်မှစတင်၍ နယ်မြို့များတွင် စတင်ဖြန့်ချိပေးမည်ဖြစ်ပြီး ရန် ကုန်မြို့တွင်  နိုဝင်ဘာ ၁၄ရက် ၌ စတင်ဖြန့်ချိမည်ဖြစ်သည်။

‘‘ပရိုမိုးရှင်းပွဲတွေကိုတော့ နို ၀င်ဘာ ၁၆ရက်မှာ Happy World နဲ့ လှိုင်သာယာဗစ်တိုးရီးယားမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်’’ဟု ၎င်းကပြောသည်။

စီဒီထွက်ရှိစဉ်က ပါဝင်ခဲ့ သော သီချင်းနှစ်ပုဒ်ကို အမ်တီဗီ မရိုက်ဖြစ်ဘဲ ယင်းသီချင်းနှစ်ပုဒ် နေရာတွင် အောင်လရေးပေးထား သည့် ‘‘မဆိုင်တဲ့လူ’’သီချင်းနှင့်  ယုန်လေးရေးပေးကာ မိစန္ဒီနှင့်သီ ဆိုထားသည့်‘‘မျက်ခွက်ပြောင်သ လားကွာ’’ဆိုသည့် သီချင်းများကို အစားထည့်ပေးထားကြောင်း ရ တနာမိုင်ကပြောသည်။

‘‘မလွမ်းပို’’သီချင်းရိုက်ကူး ရာတွင် မိခင်ဖြစ်သူ မိုင်ကိုယ်တိုင် ပါဝင်သရုပ်ဆောင် ထားကာ မလွမ်းပို၏ ငယ်စဉ်ဘ၀မှစ၍  ကြည်နူးစရာကောင်းအောင် ရိုက်ကူး ထားသည်ဟုဆိုသည်။

‘‘သီချင်းနှစ်ပုဒ်ဖြုတ်လိုက် ပေမယ့် နှစ်ပုဒ်ပြန်ဖြည့်ပေးထား တာဆိုတော့ စီဒီတုန်းကလို ၁၄ ပုဒ်ပါပဲ။ မိုင်လေးကိုယ်တိုင်သရုပ် ဆောင်ထားတာက ၆ပုဒ်လောက် ပါပါတယ်။ ကျန်တဲ့သီချင်းတွေကို တော့ မင်းသား၊ မင်းသမီးတွေနဲ့ ရိုက်ကူးထားပါတယ်’’ဟု ရတနာ မိုင်ကပြောသည်။

လတ်တလောအနုပညာ လှုပ်ရှားမှုအနေဖြင့် နယ်ဖျော်ဖြေ ပွဲများသွားရောက် ဖြစ်ပြီး မကြာမီပုသိမ်၊ နေပြည်တော်မြို့များသို့ သွားရောက်ဖျော်ဖြေရန် အစီအ စဉ်ရှိကြောင်း  ၎င်းကဆိုသည်။

7Day DAILY
တတိယတစ်ကိုယ်တော်စီးရီး၏ ဒီဗီဒီကို နိုဝင်ဘာလဆန်းအတွင်း၌ ဖြန့်ချိပေးမည်ဖြစ်ပြီး ပရိသတ် အားပေးမှု ရရှိခဲ့သည့် Good Nightချစ်သူ  သီချင်းကို  စီးရီးခေါင်းစဉ်ပြောင်းပြီး ဖြန့်ချိမည်ဟု ရတနာမိုင်က ပြောသည်။

စိတ်ပူပန်ခြင်းပြေပျောက်စေရန် ရိုးရှင်းသောနည်းလမ်းများ


ကျွန်ုပ်တို့အားလုံး စိတ်ပူပန်မှုကို တစ်ချိန်မဟုတ် တစ်ချိန် ခံစားကြရသည်။ အလုပ်တွင်ဖြစ်စေ၊ အိမ်တွင် ဖြစ်စေ အချို့အခြေအနေများကြောင့် စိတ်ပူပန်သောကရောက်ရခြင်းများ ဖြစ်ပေါ်လာပြီး ရုတ်တရက်လည်း ပျောက်မသွားတတ်ပေ။ သို့သော် ယင်း ပူပန်သောကများ သင့်ဘ၀ကို လွှမ်းမိုးမသွားပါစေနှင့်။ အောက်ပါ ရိုးရှင်းသော နည်းလမ်းများဖြင့် ကိုင်တွယ်နိုင်ပါသည်။

တောင်ဒဂုံရှိ လယ်မြေပေါ်တွင် ယာဉ်ရပ်နားဝင်း တည်ဆောက်မှု လယ်သမားများကန့်ကွက်၍ ရပ်ဆိုင်းထား


ရန်ကုန်မြို့ တောင်ဒဂုံ မြို့နယ်ရှိ လယ်သမားများပိုင် ၁၅ ဧကအကျယ်ရှိ မြေကွက်ပေါ် တွင် မြို့နယ်စည်ပင် သာယာ က ကားရပ်နားဝင်းဆောက်လုပ်နေ ခြင်းကို လယ်သမားများလက်မခံရာမှ မြို့နယ်စည်ပင် ဝန်ထမ်း များ နှင့် လယ်သမားထိပ်တိုက်တွေ့ဆုံ ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိ သည်။

သမ္မတ ပြည်ခိုင်ဖြိုး ထိပ်ပိုင်းခေါင်းဆောင်များနှင့်တွေ့မည်

Photo: သမ္မတ ပြည်ခိုင်ဖြိုး ထိပ်ပိုင်းခေါင်းဆောင်များနှင့်တွေ့မည်
Thursday, October 30, 2014

နိုင်ငံတော်သမ္မတဦး သိန်းစိန်သည် ပြည်ခိုင်ဖြိုးပါတီထိပ်ပိုင်းခေါင်းဆောင် များနှင့် အောက် တိုဘာ ၃၁ရက်တွင် နိုင်ငံတော် သမ္မတရုံး၌ တွေ့ဆုံမည်ဖြစ် ကြောင်းသတင်းရရှိသည်။

‘‘သောကြာနေ့(အောက်တို ဘာ ၃၁ရက်)မှာတွေ့ပါမယ်။ဘာ အရေးကြီးကိစ္စ ရှိလဲတော့ မသိ ဘူး’’ဟု ပြည်ခိုင်ဖြိုးပါတီပြည်သူ့ လွှတ်တော်အမတ်ဦးဝင်းဦးက အ တည်ပြုပြောကြားသည်။

ထိုနေ့တွင် နိုင်ငံတော်သမ္မ တနှင့် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်၊ဦးခွန်ထွန်းဦးအပါအ၀င် ပါတီ ခေါင်းဆောင်အချို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ နိုင်ငံတော်သမ္မတနှင့် ပြည် ခိုင်ဖြိုးပါတီ ခေါင်းဆောင် များ တွေ့ဆုံမှုသည် ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်သည့် ကိစ္စဆွေးနွေးရန်ဖြစ်နိုင် ကြောင်း နိုင်ငံရေးလေ့လာသူများ က သုံးသပ်ကြသည်။

ပြည်ခိုင်ဖြိုးပါတီတွင် ဗဟို ကော်မတီဝင် စုစုပေါင်း ၃၈ဦးရှိ ပြီး ၎င်းတို့ အနက် ခေါင်းဆောင် ၁၇ဦးနှင့် တွေ့ဆုံမည်ဖြစ်ကြောင်းသတင်းရရှိသည်။

7Day DAILY 

နိုင်ငံတော်သမ္မတဦးသိန်းစိန် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

နိုင်ငံတော်သမ္မတဦးသိန်းစိန် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

နိုင်ငံတော်သမ္မတဦး သိန်းစိန်သည် ပြည်ခိုင်ဖြိုးပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် အောက်တိုဘာ ၃၁ ရက် တွင် နိုင်ငံတော် သမ္မတရုံး၌ တွေ့ဆုံမည်ဖြစ် ကြောင်းသတင်းရရှိသည်။

Wednesday 29 October 2014

မိမိကိုယ်ကိုယ် မီးရှို့မည်ဆိုသည့်သတင်း တိုက်ခိုက်မှုဟု ဦးဝီရသူပြော

Photo: မိမိကိုယ်ကိုယ် မီးရှို့မည်ဆိုသည့်သတင်း တိုက်ခိုက်မှုဟု ဦးဝီရသူပြော
Wednesday, october 29, 2014

မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်း မပေးရင် မိမိကိုယ်ကိုယ် မီးရှို့ ဆန္ဒပြမယ်လို့ ဦးဝီရသူက မိန့်ကြားကြောင်း လူမှုရေးကွန်ရက် အင်တာနက် စာမျက်နှာပေါ်မှာ ပျံ့နှံနေတာဟာ တိုက်ခိုက်မှုသာ ဖြစ်တယ်လို့ ကာယကံရှင်ဦးဝီရသူက ပြောပါတယ်။

Wirathuအောက်တိုဘာ ၂၇ ရက်နေ့က မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှာ အထက်ဗမာပြည် အမျိုး ဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ စတုတ္တအကြိမ် စုပေါင်း စုံညီတွေ့ဆုံပွဲမှာ မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးကို နိုဝင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး မပြဋ္ဌာန်းပေးရင် ဒီဇင်ဘာ ၂ ရက်နေ့မှာ မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့ဆန္ဒဖော်ထုတ်သွားမယ်လို့ ဦးဝီရသူက မိန့်ကြားတယ်ဆိုတဲ့ ရေးသားချက်တွေ လူမှုရေးကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

“ပြောတာလည်း မဟုတ်ပါဘူး။ ရေးတာလည်း မဟုတ်ပါဘူး။ မဟုတ်တဲ့အကြောင်းကို သူတို့သတင်းက ရေးလာတာနဲ့ တပြိုင်နက် ဦးဇင်းအကောင့်ကနေ ပြန်ချေပထားပါတယ်” လို့ ဦးဝီရသူက မိန့်ကြားပါတယ်။

အရင်က သုံးခဲ့တဲ့လူမှုရေးအကောင့်တွေက တိုက်ခိုက်ခံထားရတဲ့အတွက် မြန်မာလို ၀ီရသူ (မစိုးရိမ်) ဆိုပြီး အကောင့်တခုနဲ့ ထပ်မံဖွင့်ထားပြီး အဲဒီမှာ ရှင်းလင်းထားတယ်လို့ သူက ပြောပါတယ်။

 ဒီဗွီဘီ
မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်း မပေးရင် မိမိကိုယ်ကိုယ် မီးရှို့ ဆန္ဒပြမယ်လို့ ဦးဝီရသူက မိန့်ကြားကြောင်း လူမှု ရေးကွန်ရက် အင်တာနက်စာမျက်နှာပေါ်မှာ ပျံ့နှံနေတာဟာ တိုက်ခိုက်မှုသာ ဖြစ်တယ်လို့ ကာယကံရှင် ဦးဝီရသူ က ပြောပါတယ်။

သိုလှောင်ရုံ အာမခံစနစ်ဖြင့် ဖော်ဆောင်မှုရှိနေသော်လည်း စပါးဈေး ဆက်လက်ကျဆင်းနေ

Photo: သိုလှောင်ရုံ အာမခံစနစ်ဖြင့် ဖော်ဆောင်မှုရှိနေသော်လည်း စပါးဈေး ဆက်လက်ကျဆင်းနေ
Wednesday, october 29, 2014

သိုလှောင်ရုံ အာမခံစနစ်ဖြင့် ဘဏ်ချေးငွေရယူကာ စပါးဈေးကျဆင်းမှုကို ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်နေသော်လည်း ယခုနှစ် မိုးစပါးပေါ်ချိန် စပါးဈေး ကျဆင်းနေဆဲဖြစ်ကြောင်း လယ်သမားများက ပြောသည်။

လက်ရှိတွင် စပါးတင်း ၁၀ဝ ကို ကျပ်သုံးသိန်းဈေးအထိ ကျဆင်းနေသည်။

အဆိုပါစနစ် အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်နှင့် သမဝါယမဘဏ်တို့နှင့် ပူးပေါင်းလုပ်ဆောင်နေသော်လည်း စပါးတင်း ၁၀၀ ပေါက်ဈေးမှာ ကျပ် သုံးသိန်းအထိ ထပ်မံကျဆင်းနေသည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်မှ လယ်သမား ဦးသိန်းအောင်က ပြောသည်။

“စပါးဈေး တော်တော်လေးကျနေတယ်။ ကားလမ်းနီးရင် တင်း ၁၀၀ ကျပ်သုံးသိန်း နှစ်သောင်း၊ နည်းနည်းဝေးရင် ကျပ်သုံးသိန်းလောက်ပဲ ရှိတယ်။ အရင်နှစ် ဒီအချိန်မှာ ကျပ်လေးသိန်းကို ဘယ်အချိန်ရောင်းရောင်း ရတယ်”ဟု ဆိုသည်။

ယခုနှစ် စက်တင်ဘာလလယ်အထိ စပါး တင်း ၁၀၀ လျှင် ကျပ်လေးသိန်းကျော် အနိမ့်ဆုံးရှိခဲ့သော်လည်း အောက်တိုဘာလ ဆန်းပိုင်း ကောက်စောစပါး စတင်ပေါ်ချိန်၌ ပြန်လည်ကျဆင်းလာကြောင်း၊ မကြာမီ မိုးစပါး နယ်စုံထွက်ရှိလာမှုကြောင့် စပါးဈေး ကျပ်သုံးသိန်းအောက်အထိ ရောက်ရှိ နိုင်သည်ဟု ၎င်းက ထပ်မံပြောသည်။

စပါးဈေး ထပ်မံကျဆင်းမည်ကို စိုးရိမ် နေခြင်းကြောင့် ဒေသအခြေစိုက် ဆန်စက် လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်များ လှောင်လက် စပါးများကိုပါ ထုတ်ရောင်းနေ ခြင်းကြောင့် စပါးဈေး ပိုမိုကျဆင်းနိုင်ကြောင်း လယ်သမားများက ပြောသည်။

မြန်မာနိုင်ငံ၏ဆန် ပြည်ပတင်ပို့မှုပမာဏ၏ ၇၀ ရာခိုင်နှုန်းကို ဝယ်ယူနေသည့် တရုတ် ဘက်ကလည်း ဆန်တင်ဝယ်မှု ရပ်ဆိုင်းနေသည့် အတွက် စပါးဈေးကျဆင်းခြင်းဖြစ်သည်ဟု ဆန်ကုန်သည်များက ပြော သည်။

ဝါးတန်းဆန်ကုန်စည်ဒိုင်မှ ဆန်ကုန်သည် ဦးထွန်းထွန်းဦးက “လယ်သမားတွေ ကတော့ ကုန်သည်ဈေး နှိမ်တယ်လို့ ထင်နေတယ်။ ကျွန်တော်တို့ကလည်း မူဆယ်လိုင်း မကောင်းရင် ဈေးမပေးနိုင်သေးဘူး။ အခု ဆန်စပါးအသင်းချုပ်က ဈေးထိန်းနိုင်အောင် တော့ လုပ်ပေးနေတယ်လို့ ပြောတယ်”ဟု ဆိုသည်။

မိုးစပါး တစ်ဧက စိုက်စရိတ်မှာ ကျပ် နှစ်သိန်းသုံးသောင်းဝန်းကျင်အထိ ရင်းနှီးထားရခြင်းကြောင့် စပါးဈေး ကျပ်သုံးသိန်းအောက်အထိ ကျဆင်းလာပါက စိုက်ဘဏ်ချေးငွေ ပြန်လည်ပေးဆပ်ရန် အခက်အခဲ ထပ်မံ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေသည်ဟုလည်း လယ်သမားများက ပြောသည်။

သိုလှောင်ရုံစနစ်သည် စပါးဈေးကျချိန်တွင် ဘဏ်ချေးငွေရယူကာ စပါးသိုလှောင် ထားနိုင်ရန်ဆောင်ရွက် ခြင်းဖြစ်သည်။

Mizzima - News in Burmese 

ရိပ်သိမ်းပြီးစပါးများ ခြွေလှေ့နေသည်ကို နေပြည်တော်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ရဲမင်း၊ မဇ္ဈိမ)

ရိပ်သိမ်းပြီးစပါးများ ခြွေလှေ့နေသည်ကို နေပြည်တော်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ရဲမင်း၊ မဇ္ဈိမ)

သိုလှောင်ရုံ အာမခံစနစ်ဖြင့် ဘဏ်ချေးငွေရယူကာ စပါးဈေးကျဆင်းမှုကို ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်နေသော်လည်း ယခုနှစ် မိုးစပါးပေါ်ချိန် စပါးဈေး ကျဆင်းနေဆဲဖြစ်ကြောင်း လယ်သမားများက ပြောသည်။

နိုင်ငံခြားငွေလဲနှုန်း ဆက်လက်မြင့်တက်လျက်ရှိပြီး ပို့ကုန်ရငွေ တစ်ဒေါ်လာ ၁,၀၁၂ ကျပ်အထိ ရောက်ရှိ

Photo: နိုင်ငံခြားငွေလဲနှုန်း ဆက်လက်မြင့်တက်လျက်ရှိပြီး ပို့ကုန်ရငွေ တစ်ဒေါ်လာ ၁,၀၁၂ ကျပ်အထိ ရောက်ရှိ
Wednesday, october 29, 2014

ပြင်ပဈေးကွက်အတွင်း အောက်တိုဘာ ၂၇ ရက်၌ ၁çဝ၀၃ ကျပ်အထိ မြင့်တက် ခဲ့ပြီး အောက်တိုဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် ၁,ဝ၀၇ ကျပ်အထိ မြင့်တက်လာ သည်။

ရန်ကုန် (မဇ္ဈိမ)။ ။ နိုင်ငံခြားငွေလဲနှုန်း ဆက်လက်မြင့်တက်လျက်ရှိပြီး ပို့ကုန်ရငွေ (Earning) တစ်ဒေါ် လာလျှင် ၁,၀၁၂ ကျပ်အထိ ရောက်ရှိလာသည်ဟု ရန်ကုန်မြို့အခြေစိုက် ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း ရောင်းဝယ် နေကြသူများက ပြောသည်။

ပြီးခဲ့သည့်အပတ်မှ တရိပ်ရိပ်တက်လာ သော နိုင်ငံခြားငွေလဲနှုန်းသည် အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ အတက်ကြမ်းလာခြင်း ဖြစ်သည်။ အောက်တိုဘာ ၂၂ ရက် က ကန်တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၉၇ ကျပ်ခန့် ဖြစ်ပေါ်နေရာမှ အောက်တို ဘာ ၂၇ ရက်တွင် ၁,၀၀၃ ကျပ်အထိ မြင့် တက်ခဲ့ပြီး အောက်တိုဘာ ၂၈ ရက် မွန်းလွဲ ပိုင်းတွင် ၁,၀၀၇ ကျပ်အထိ ဆက်လက် မြင့်တက်ခဲ့သည်။

တရားဝင်ဘဏ်ငွေလဲကောင်တာများတွင်လည်း ငွေလဲနှုန်း ဆက်လက်မြင့်တက်နေပြီး အောက်တိုဘာ ၂၈ ရက်က ကန်တစ်ဒေါ်လာလျှင် ၀ယ်ဈေး ကျပ် ၁,၀၀၀၊ ရောင်းဈေး ကျပ် ၁,၀၁၀ ၀န်းကျင်ဖြစ်ပေါ် နေကာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ ကန်တစ်ဒေါ်လာ ၁,၀၀၄ကျပ်ဖြစ်သည်။

ပို့ကုန်လုပ်ငန်းရှင်များ ကုန်သွယ်ရာတွင် အသုံးပြုသော စင်ကာပူနိုင်ငံမှတစ်ဆင့် အခြားနိုင်ငံများသို့ ငွေလွှဲ ပေါက်ဈေးသည် အောက်တိုဘာ ၂၈ ရက်တွင် ကန်တစ် ဒေါ်လာလျှင် အ၀ယ် ၁,၀၁၄ ကျပ် ဖြစ်ပေါ်နေပြီး အရောင်း ၁,၀၁၅ ကျပ်ခန့် ဖြစ်ပေါ် နေသည်။

“ပို့ကုန်ရငွေဈေးရော၊ စင်ကာပူဘဏ်လွှဲနှုန်းရော ဈေးဆက်တက်နေပါတယ်။ သွင်းကုန် အဆွဲများတာရယ်၊ နိုင်ငံတကာမှာ ဒေါ်လာဈေးတက်ပြီး ရွှေဈေးပြန်ကျတာ ရယ်ကြောင့်ပါ။ ရက်ပိုင်းလောက် ဈေးလှုပ်ဦးမှာ ပါ။ စိုးရိမ်စရာတော့ မရှိပါဘူး”ဟု ဈေးကွက်အတွင်း နေ့စဉ် ဒေါ်လာသိန်းချီ ရောင်းဝယ်နေသူတစ်ဦးက ပြောသည်။

ကန်ဒေါ်လာဈေး ဆက်လက်မြင့်တက်မှုနှင့်အတူ ရွှေဈေးမှာလည်း ဆက်လက် ကျဆင်းခဲ့သည်။ အောက်တို ဘာ ၂၈ ရက်တွင် မြန်မာ့ရွှေဈေးသည် ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၆၅၈,၀၀၀ ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာ့ ရွှေဈေးသည် တစ်အောင်စလျှင် ကန်ဒေါ်လာ ၁,၂၂၇ ဖြစ်လာကာ အောက်တိုဘာ ၂၇ ရက်ထက် ကန် သုံးဒေါ်လာကျဆင်းခဲ့သည်။

ယခုငွေဈေးနှုန်းသည် ၂၀၁၂ ခုနှစ် ဧပြီ လတွင် စတင်ခဲ့သော ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲနှုန်း စနစ်သို့ ပြောင်းလဲခဲ့ သည့် နောက်ပိုင်းအမြင့်ဆုံး ဖြစ်သည်။ မြန်မာငွေဈေးနှုန်းသည် ၂၀၁၀ ပြည့်နှစ် ဇူလိုင် လလယ်၌ ကျပ် ၁,၀၀၀ အောက်သို့ စတင်ကျဆင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အမြင့်ဆုံးငွေလဲနှုန်းမှာ ကန်တစ်ဒေါ်လာ ၁,၃၆၅ ကျပ်ဖြစ်ပြီး ၂၀၀၇ ခုနှစ် ဇူလိုင် ၁ ရက်တွင် ဖြစ်ပေါ်ခဲ့သည်။ အနိမ့်ဆုံး ငွေလဲနှုန်းမှာ ၇၂၅ ကျပ်ဖြစ်ပြီး ၂၀၁၁ခုနှစ် သြဂုတ် ၁၈ ရက်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese 

ပြည်တွင်းကျပ်ငွေနှင့် ကန်ဒေါ်လာ လဲလှယ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ပြည်တွင်းကျပ်ငွေနှင့် ကန်ဒေါ်လာ လဲလှယ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ပြင်ပဈေးကွက်အတွင်း အောက်တိုဘာ ၂၇ ရက်၌ ၁çဝ၀၃ ကျပ်အထိ မြင့်တက်ခဲ့ပြီး အောက်တိုဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် ၁,ဝ၀၇ ကျပ်အထိ မြင့်တက်လာသည်။

ဘာကြောင့် အစိုးရ၀န်ထမ်းအလုပ် ရေပန်းမစားတော့တာလဲ

ကမ္ဘာ့မျက်နှာစာတွင် နိုင်ငံ့အရေး၊ ပြည်သူဝန်ဆောင်မှုအရေးတို့ကို စီမံခန့်ခွဲ ရသည့် ရာထူးများ၌ မျိုးဆက် သစ် လူငယ်နှင့် လူလတ်ပိုင်းခေါင်းဆောင်များ၊ ခေတ်ပညာတတ်အရပ်သားပညာရှင်များ နေရာယူလာချိန် မြန်မာနိုင်ငံ၏ အစိုးရယန္တရားတွင်တော့ ခေတ်ပညာတတ်လူငယ်အများစုမှာ ဌာနဆိုင်ရာ အဆင့်မြင့်ရာထူး ရာခံများနှင့် အလှမ်းဝေးနေဆဲ ဖြစ်ပါသည်။

မျက်ကွင်းညိုတာကိုသက်သာစေဖို့

Photo: မျက်ကွင်းညိုတာကိုသက်သာစေဖို့
Wednesday, october 29, 2014

၁။ အာလူးကို အခွံနွှာကြိတ်ချေပြီးရလာသော အနှစ်ကိုမျက်ကွင်းတ၀ိုက် လိမ်း အိပ်ပါ။ ဤနည်းဖြင့် ရက်သတ္တ ၁-ပတ်လျှင် ၃-ကြိမ်လုပ်ပေးပါ။
၂။ သခွားသီပါးပါးလှီးပြီး၊ မျက်ခွံနှင့်မျက်လုံးတ၀ိုက် ၁၅-မိနစ်လောက်ကပ်ထားပါ။ မျက်ကွင်းညိုခြင်းကို သက်သာစေသည့် အပြင်၊ ဖောင်းအစ်၍ မျက်လုံးပင်ပန်းနွမ်းနယ်မှုကိုပါ သက်သာစေပါတယ်။
၃။ နံက်အိပ်ယာထ ၁၀-မိနစ်လောက် လဲလျောင်းပြီး၊ အေးမြသော လ္ဘက်ခြောက်ထုပ်(green tea bag) ၂-ထုပ်ကို မျက်လုံး ရဲ့  တစ်ဖက်စီပေါ်တင်ပေးပါ။ လ္ဘက်စိမ်းထဲတွင် ပါရှိသော tannin ဓာတ်က အရေပြားကို အားသစ်လောင်း လန်းဆန်းစေပြီး၊ မျက်ကွင်းညြိုခင်းကို သက်သာလာစေပါတယ်။
၎။ ဗာဒံစေ့အဆီကို မျက်ကွင်းတ၀ိုက်လိမ်း၍အိပ်ပါ။ ရက်သတ္တ ၂-ပတ်တိတိ ညစဉ်လိမ်းပေးပါက အကျိုးထူးခံစားရပါလိမ့်မယ်။
၅။ စိတ်ဖိစီးခြင်းကလည်း မျက်ကွင်းကိုညိုစေတတ်၏။ ယောဂ ကျင့်စဉ်မှ pranayama (ခေါ်) အသက်ရှုလေ့ကျင့်ခဏ်း သည် စိတ်ဖိစီးမှုများကို ထိန်းချုပ်ပေးနိုင်သဖြင့် တစ်နေ့ လျှင်အနည်းဆုံး ၅ မိနစ်မျှ လေ့ကျင့်ခဏ်းလုပ်ပါ။
၆။ ချေထားသော ပူဒီနာရွက်(ပူစီနံရွက်) ကို မျက်လုံးတ၀ိုက်ကပ်ပေးပါ။ ပူစီနံ ရဲ့ အေးမြတဲ့အစွမ်းက မျက်လုံးပင်ပန်းမှုကို ဖြေလျော့ပေး ပါတယ်။
၇။ ရေဓာတ်အလုံအလောက်ရရှိခြင်းကလည်း မျက်ကွင်းညိုခြင်းကို သက် သာစေ လို့ ရေများများသောက်ပေးပါ။
၈။ အထူးသဖြင့် ဗီတာမင်ကေ နှင့် ဗီတာမင် B12 ပါသော လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ များများစား ပေးပါ။
၉။ လုံလောက်စွာ မအိပ်စက်နိုင်ခြင်းက သွေးလည်ပတ်မှုမကောင်းစေတော့ဘဲ၊ မျက်လုံးတ၀ိုက်ညိုလာစေတတ်၍ အိပ်ရေး ၀၀ အိပ်ပါ။ အထူးသဖြင့် မကြာခဏမျက်ကွင်းညိုသူများ တစ်ညလျှင် ၇ နာရီမှ ၉ နာရီအထိ အိပ်စက်သင့်ပါတယ်။
၁၀။ ခရမ်းချဉ်သီးအနှစ်တွင် သံပုရာရည်ရောစပ်ပြီး၊ မျက်ကွင်းတ၀ိုက် တစ်နေ့ ၂ ကြိမ်မျှ လိမ်းပေးပါ။ (မျက်လုံးထဲ ထိုအရော အနှောများ မ၀င်အောင်သတိထားပါ)
၁၁။ အချို့ သောသူများမှာ အစားအစာတွင်ဓာတ်မတည့်မှုဖြစ်ပြီး၊ မျက်ကွင်းညိုလာတတ်၍ သတိဖြင့်ဆင်ခြင်သုံးသပ်ပါ။ ကျန်း မာရေးကြောင့် အသုံးပြုရသော ပိဋိဇီဝဆေးအချို့ ဖြင့် ဓာတ်မတည့်ခြင်းအတွက် မျက်ကွင်းညိုလာတဲ့အခါ ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင်ပါ။ လိုအပ်လျှင် အရေပြားရောဂါအထူးကဆရာဝန်ဖြင့် ကုသမှုခံယူပါ။
၁၂။ မျက်ကွင်းညိုခြင်းကို ကောင်းကျိုးပြုစေသော ပျားရည်၊ ထောပတ်သီး၊ jojoba အဆီ၊ သိုးထောပတ်ဆီ၊ ဗီတာမင်ကေ၊ ဗီတာမင်အေ စသည်တို့ ဖြင့် ပြုလုပ်ထားသည့် မျက်လုံးတ၀ိုက်လိမ်းရသော ကရင်မ်များကိုရွေးချယ်ပါ။
၁၃။ ဆေးလိပ်သောက်ခြင်းသည် ကျမ္မာရေးထိခိုက်စေရုံသာမက၊ ခန္ဓာကိုယ်ထဲ ဗီတာမင်စီဆုံးရှုံးစေပြီး အရေပြားအိုမင်းကာ၊ အရေပြားအောက်ရှိ သွေးလွှတ်ကြောများ အပြာရောင်ဘက်သန်း၍ မျက်ကွင်းညိုစေလာပါတယ်။ ဒါ့ပြင် စီးကရက်မီးခိုး ငွေ့များဟာ မျက်လုံးသွေးခြေဥရောင်ကိုင်းစေတတ်သဖြင့် မျက်ကွင်းညိုသူများ ဆေးလိပ်ဖြတ်ပါ။ (သို့ မဟုတ်) ဆေး လိပ်သောက်သူနှင့် ဝေးဝေးနေပါ။
၁၄။ နာနတ်သီးအနှစ်ကို နနွင်းနည်းနည်းထဲ့ပြီး မျက်ကွင်းတ၀ိုက်လိမ်းပေးပါ။ (မျက်လုံးထဲ ထိုအရောအနှောများ မ၀င်အောင်သတိ ထားပါ)
၁၅။ နေရောင်ခြည်ထဲမှ ပါလာသော ခရမ်းလွန်ရောင်ခြည်များဟာ အရေပြားတွန့် ပြီး မျက်နှာပေါ်အမဲစက်ပြောက်များ ဖြစ်စေကာ၊ ထိုအမဲစက်များပြန့် နှံ့ လာပြီး မျက်ကွင်းညိုစေပါတယ်။ နေရောင်ခြည်တိုက်ရိုက်မထိတွေ့ နိုင်အောင် နေကာ မျက်မှန်တပ်ပြီး၊ SPF 30 (သို့ မဟုတ်) ၄င်းထက်ပိုသော နေရောင်ခံမျက်နာလိမ်းကရင်မ် လိမ်းပြီးမှ နေပူထဲတွက်ပါ။
၁၆။ စိတ်ဖိစီးမှုများခြင်း နှင့် စိတ်ဝေဒနာများကလည်း မျက်ကွင်းညိုစေတတ်ပါတယ်။ ရေကူးခြင်း၊ မျက်စေ့မှိတ် လဲလျောင်းပြီး သီချင်းနားထောင်ခြင်း (သို့ မဟုတ်) သီချင်းဆိုခြင်းဖြင့်  စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ။
၁၇။ မျက်ကွင်းညိုခြင်းရဲ့ အဓိကတရားခံဟာ ဆား စားသုံးမှုလွန်ကဲခြင်းကြောင့်လို့ ဆိုပါတယ်။ ဆား (၀ါ) ဆိုဒီယမ် ကြွယ်ဝသော အစားအစာများ လျော့စားပေးပါ။ 

Credit- Good Health
၁။ အာလူးကို အခွံနွှာကြိတ်ချေပြီးရလာသော အနှစ်ကိုမျက်ကွင်းတ၀ိုက် လိမ်း အိပ်ပါ။ ဤနည်းဖြင့် ရက်သတ္တ ၁-ပတ်လျှင် ၃-ကြိမ်လုပ်ပေးပါ။