Wednesday 27 February 2013

မြန်မာ နိုင်ငံ သမ္မတကို မြန်မာ နိုင်ငံ မရောက်ဖူးတဲ့ နော်ဝေ နိုင်ငံသား မြန်မာ မျိုးနွယ်ဝင် အမျိုးသမီး ဦးဆောင်သည့် ဆန္ဒပြပွဲ

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေလေးနာရီခွဲကျော်မှာ နိုင်ငံတော်သမ္မတကြီး ဟာ နော်ေ၀၀န်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးအပြီး တည်းခိုတဲ့ The Continental Hotel ကို ပြန်လာပါတယ်။

ကျွန်တော်တို့ ယာဉ်တန်းဟိုတယ်ရှေ့ရောက်တော့ လမ်းတစ်ဖက်မှာ လူသုံးဆယ်၊ လေးဆယ်လောက် ဆိုင်းဘုတ်များထောင်ပြီး ဆန္ဒပြနေတာ ကို တွေ့ရပါတယ်။

၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရရှိမည့်အမွေများထဲမှ ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း"

Photo: ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရရှိမည့်အမွေများထဲမှ ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း"====================================ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။လှူဒါန်းခဲ့သူ မန်းမြို့တော် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား မောင်ဘုန်းရှင်က ''သံဃာတော်တွေကို ဆက်လက်စောင့်ရှောက်ချင်တယ်။ ဖားအောက်တောရ အဓွန့်ရှည်ပြီး သာသနာဆက်လက် ပြန့်ပွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်''ဟု ပြောသည်။ထို့အပြင် ၎င်းက ယနေ့လူငယ်များအနေဖြင့် သောက်စား ပျော်ပါး နေမှုများသည်ဟု ပြောဆိုနေကြမှု များရှိနေကြရာ ယခု အလှူဒါနမှာ မှန်ကန်သည့်ဘက်ကို ရပ်တည်ပြ လိုက်ခြင်းဖြစ်သည်ဟုဆက်ပြောသည်။မန်းမြို့တော်ပေါက်စီ ပိုင်ရှင် ဦးအောင်မြင့်က ၎င်း၏သားမှာ တစ်ဦးတည်းသောသားဖြစ်သဖြင့် ရှာဖွေထားသော ပစ္စည်းဥစ္စာတို့မှာ ၎င်းကွယ်လွန်လျှင် မောင်ဘုန်းရှင်တစ်ဦးတည်းခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သား၏သဘောဆန္ဒအရ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။ဦးမြင့်အောင်၏ လှူဒါန်းမှုကို ဖားအောက်တောရမှ ဆရာတော် ကိုယ်တိုင်လက်ခံရယူပြီး မန်းမြို့ တော်ပေါက်စီက ပဒေသာပင်စိုက် ထူလှူဒါန်းခြင်းဖြစ်သည်ဟု ပြော သည်။အဆိုပါ လှူဒါန်းမှုပြုခဲ့သည့် မောင်ဘုန်းရှင်မှာ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအဆင့်မြင့် စီမံခန့်ခွဲမှုဒီ ပလိုမာကို တက်ရောက်နေသူ ဖြစ်သည်။PN-051Photo: "၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရရှိမည့်အမွေများထဲမှ ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း" ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။ ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း ၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ လှူဒါန်းခဲ့သူ မန်းမြို့တော် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား မောင်ဘုန်းရှင်က ''သံဃာတော်တွေကို ဆက်လက်စောင့်ရှောက်ချင်တယ်။ ဖားအောက်တောရ အဓွန့်ရှည်ပြီး သာသနာဆက်လက် ပြန့်ပွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်''ဟု ပြောသည်။ ထို့အပြင် ၎င်းက ယနေ့လူငယ်များအနေဖြင့် သောက်စား ပျော်ပါး နေမှုများသည်ဟု ပြောဆိုနေကြမှု များရှိနေကြရာ ယခု အလှူဒါနမှာ မှန်ကန်သည့်ဘက်ကို ရပ်တည်ပြ လိုက်ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။ မန်းမြို့တော်ပေါက်စီ ပိုင်ရှင် ဦးအောင်မြင့်က ၎င်း၏သားမှာ တစ်ဦးတည်းသောသားဖြစ်သဖြင့် ရှာဖွေထားသော ပစ္စည်းဥစ္စာတို့မှာ ၎င်းကွယ်လွန်လျှင် မောင်ဘုန်းရှင် တစ်ဦးတည်းခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သား၏သဘောဆန္ဒအရ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။ဦးမြင့်အောင်၏ လှူဒါန်းမှုကို ဖားအောက်တောရမှ ဆရာတော် ကိုယ်တိုင်လက်ခံရယူပြီး မန်းမြို့ တော်ပေါက်စီက ပဒေသာပင်စိုက် ထူလှူဒါန်းခြင်းဖြစ်သည်ဟု ပြော သည်။ အဆိုပါ လှူဒါန်းမှုပြုခဲ့သည့် မောင်ဘုန်းရှင်မှာ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအဆင့်မြင့် စီမံခန့်ခွဲမှုဒီ ပလိုမာကို တက်ရောက်နေသူ ဖြစ်သည်။ PN-051popular

မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း

မြန်မာ့ကျောက်မျက်ထွက်ကုန်များ တင်သွင်းမှု ပိတ်ပင်ထားခြင်း ရုပ်သိမ်းရန် အမေရိကန်စတင်ညှိနှိုင်း

မြန်မာ့ကျောက်မျက်ထွက်ကုန်များ တင်သွင်းမှု ပိတ်ပင်ထားခြင်း 
ရုပ်သိမ်းရန် အမေရိကန်စတင်ညှိနှိုင်း
Wednesday, February 27, 2013

မြန်မာနိုင်ငံမှ ကျောက်စိမ်း ကျောက်မျက် တင်ပို့မှုကို တားမြစ်ပိတ်ဆို့
ထားသော အမေရိကန်အစိုးရက ယင်းပိတ်ပင်ထားမှုကို ရုပ်သိမ်းရန်
ခြေလှမ်းတစ်ခုအ နေဖြင့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတရေးရာ ကော်မတီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ စွမ်းအင်ရေးရာ အထူးသံတမန်နှင့် ညှိနှိုင်းရေးမှူးဖြစ်သူ H.E Mr. Carlos Pascual နှင့် လွှတ်တော်ကော်မတီမှ တာဝန်ရှိသူများ တစ်နာရီကျော်ကြာ တွေ့ဆုံ
ဆွေးနွေးခဲ့ပြီး အထက်ပါ အကြောင်းအရာအတွက် ဆွေးနွေးခဲ့ကြောင်း
ကော်မတီအတွင်းရေးမှူး ဦးလှဆွေ (မကွေး-၁၂) က ပြောကြားသည်။

“ဒီပိတ်ဆို့ထားမှုကို ရုပ်သိမ်းရေးအတွက် သမ္မတကို သူတင်ပြပါမယ်တဲ့။ ဥပဒေရှိနေတော့ သမ္မတမှာ လုပ်ရကိုင်ရ ခက်နေတယ်။ ဒါကြောင့် မစ္စတာအိုဘားမားအနေနဲ့ ဥပဒေကို ပြုပြင်ဖို့ တင်ပြပေးမယ်လို့ သူ
(မစ္စတာ Carlos) က ပြောသွားပါတယ်။ ဒါကလည်း ကော်မတီအနေနဲ့ ဒီလွှတ်တော်မှာ တိုက်တွန်းခဲ့မှုရဲ့ ရလဒ်ပဲလို့ သုံးသပ်ပါတယ်” ဟု ဦးလှဆွေက ပြောကြားသည်။

အမေရိကန်အနေဖြင့် မြန်မာနိုင်ငံတွင် ကျောက်စိမ်း၊ ကျောက်မျက်အပြင် ရေနံ၊ သဘာဝဓာတ်ငွေ့စသည့် သယံဇာတများကို လာရောက်လုပ်ကိုင်လိုပြီး နည်းပညာ အထောက်အပံ့များလည်းပေးလိုကာ အထူးသဖြင့် ပိုက်လိုင်း
ဆက်သွယ်ခြင်းနှင့် သတ္တုတူးဖော်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းစေမည့် နည်းပညာများ ထောက်ပံ့လိုကြောင်း မစ္စတာ
Carlos က ပြောခဲ့ကြောင်း သတင်းရရှိသည်။

သို့သော်လည်း အမေရိကန်ကုမ္ပဏီများ လာရောက်လုပ်ကိုင် ခြင်းမပြုမီ ပိတ်ဆို့ထားမှုများ ရုပ်သိမ်းပေးရန် ကော်မတီက တိုက်တွန်းခဲ့ကြောင်း ဦးလှဆွေက ပြောသည်။ ယင်းပိတ်ဆို့မှုကြောင့် ကျောက်မျက်နှင့် သတ္တုလုပ်ငန်းများ၊ ဘိန်းစိုက်ပျိုးမှုဆီ ကူးပြောင်းသွားခြင်းဖြစ်ကြောင်း၊
ကျောက်မျက်လုပ်ငန်း ဖွံ့ဖြိုးလာလျှင် ဘိန်းစိုက်ပျိုးမှု လျော့နည်း
သွားနိုင်ကြောင်း ၎င်းက ဆိုသည်။

မစ္စတာ Carlos ကလည်း ပိတ်ဆို့မှု ရုပ်သိမ်းရန်အတွက် လုပ်ငန်း
အတော်များများ လုပ်ဆောင်ထားပြီးဖြစ်ကာ ဥပဒေအရ ကြေညာရန် တစ်ခုလောက်သာ ကျန်ရှိတော့ကြောင်း ပြောကြားခဲ့သည်ဟု ဦးနေ၀င်းထွန်းက ဆက်လက်ပြောသည်။

လက်ရှိအချိန်တွင် ပိတ်ဆို့ထားမှုများ ရှိနေသော်လည်း မြန်မာ့ကျောက်စိမ်း၊
ကျောက်မျက်များသည် မှောင်ခိုလမ်းကြောင်း များမှတစ်ဆင့်
ပြည်ပရောက်ကာ "Made in China, Made in Thailand" ဟူသည့် တံဆိပ်များဖြင့် ကမ္ဘာ့ဈေးကွက်သို့ ရောက်ရှိနေရသည်။

ယနေ့ လာရောက်သော အထူးသံတမန်နှင့် ညှိနှိုင်းရေးမှူးဖြစ်သူ 
မစ္စတာ Carlos Pascual သည် လာမည့် နိုဝင်ဘာတွင် မြန်မာနိုင်ငံသို့ 
ရောက်လာမည်ဖြစ်ပြီး ကော်မတီနှင့် ထပ်မံ တွေ့ဆုံမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ကော်မတီအဖွဲ့ဝင်များကိုလည်း အမေရိကန်သို့ လေ့လာရေး
ခရီးအဖြစ် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန်အစိုးရမှ ကျောက်မျက်ထွက်ကုန်များ ပိတ်ပင်ထားမှုကို ရုပ်သိမ်းရန် မြန်မာ့ကျောက်မျက်အသင်းထိပ်ပိုင်းတွင် တာဝန်ယူထားသော ခရိုနီများ ရာထူးစွန့်လွှတ်သင့်ကြောင်း တိုက်တွန်းသည့် အဆိုကို ဦးလှဆွေ (ကော်မတီအတွင်းရေးမှူး) က ယခုဆဋ္ဌမအကြိမ် အမျိုးသားလွှတ်တော် ပထမနေ့တွင် တင်သွင်းခဲ့သည်။

7Day News Journal

မြန်မာနိုင်ငံမှ ကျောက်စိမ်း ကျောက်မျက် တင်ပို့မှုကို တားမြစ်ပိတ်ဆို့ ထားသော အမေရိကန်အစိုးရက ယင်းပိတ်ပင်ထားမှုကို ရုပ်သိမ်း ရန်ခြေလှမ်းတစ်ခုအ နေဖြင့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမျိုးသားလွှတ်တော် သတ္တုနှင့် သယံ ဇာတရေးရာ ကော် မတီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မိုဘိုင်းဖုန်း လိုင်းတစ်သန်း ကျော်ကို မြန်မာ့ ဆက်သွယ်ရေး ရောင်းချမည်ဖြစ်သော်လည်း ဈေးနှုန်းထုတ်ဖော် ပြောကြားနိုင်ခြင်း မရှိ

လာမည့် ၂၀၁၅ ခုနှစ်တွင် လူဦးရေ သန်း ၆၀ နီးပါးရှိသည့် အနက် လူဦးရေ ထက်ဝက်ကျော် မိုဘိုင်းဖုန်း ကိုင်ဆောင် နိုင်ရန် ဆောင်ရွက်ပေးမည်
ဖြစ်ကြောင်း  ချင်းပြည်နယ် မင်းတပ်မြို့နယ် တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ “လာမယ့် ၂၀၁၅ ခုနှစ်မှာ လူဦးရေ ရာခိုင်နှုန်း ၅၀ လောက်ကို မိုဘိုင်းဖုန်း ကိုင်နိုင်အောင် လုပ်ပေး သွားမယ်” ဟု သမ္မတ ဦးသိန်းစိန် က ပြောသည်။ ယခုနှစ် နှစ်ဆန်းပိုင်းတွင် ကျပ်တစ်သိန်း ဝန်းကျင် တန်ဖိုးနည်း ဖုန်းများကို ရောင်းချပေး နိုင်ရန် စီစဉ် ထားသော်လည်း နိုင်ငံတော် သမ္မတမှ ယင်းဈေးနှုန်း ထက် လျော့နည်း သည့် နှုန်းထားဖြင့် ရောင်းချစေရန် ညွှန်ကြား ခဲ့သောကြောင့် ဈေးနှုန်းများ ပြင်ဆင် သတ်မှတ် ခဲ့ရကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်၍ ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “ရောင်းချမယ့် မိုဘိုင်းဖုန်းဈေး တွေကိုတော့ သတ်မှတ် ပြီးပါပြီ။ ဘယ်လောက် ဆိုတာတော့ ပြောခွင့် မရှိသေးပါဘူး။ ဒါပေမဲ့ အများပြည် သူ ဝယ်ယူနိုင်တဲ့ ဈေးနှုန်းတော့ ဖြစ်မှာပါ” ဟု ပြောသည်။

 ဧပြီ ၁ ရက်တွင် မိုဘိုင်းဖုန်း လိုင်းတစ်သန်း ကျော်ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချ ပေးတော့မည် ဖြစ်ပြီး ရောင်းချမည့် ဈေးနှုန်းကိုမူ အတိအကျ ထုတ်ဖော် ပြောကြားနိုင်ခြင်း မရှိကြောင်း သိရသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည့် ရတနာပုံ တယ်လီပို့မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက “မိုဘိုင်းဖုန်း ရောင်းချဖို့ ကိုတော့ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင် နေပါတယ်။ ရောင်းချဖို့ နောက်ကျရတဲ့ အကြောင်းက ဈေးနှုန်းတွေ ပြင်ဆင်သတ်မှတ် နေရလို့ပါ။ ရောင်းမယ့်ဈေး ကိုတော့ ပြောခွင့် မရှိသေးပါဘူး” ဟု ပြောသည်။ ဆက်သွယ်ရေး ကဏ္ဍ၌ ကျေးလက်နေ ပြည်သူများ အတွက် မိုဘိုင်း တယ်လီဖုန်းများ တိုးချဲ့ တပ်ဆင်ပေး နိုင်သည်နှင့် အမျှ နိုင်ငံတော ကဏ္ဍ အသီးသီး၏ တိုးတက် ဖွံ့ဖြိုးရေးတွင် အထောက် အကူ ဖြစ်လာ နိုင်သည်ဟု သိရသည်။

မိုဘိုင်းဖုန်း ဖြန့်ဖြူးမည့် အစီအစဉ်နှင့် ပတ်သက်၍ Elite Tech မှ တာဝန်ရှိသူ တစ်ဦးက “အခုချပေးမယ့် လိုင်းတစ်သန်းကျော် ဆိုတာက များတဲ့ ပမာဏပါ။ ဖုန်းတွေကို အပြင်ဆိုင် တွေမှာပါ လွတ်လွတ် လပ်လပ် ဝယ်လို့ ရမှာပါ။ ဖြန့်ဖြူးမယ့် အပိုင်းကိုတော့ ကုမ္ပဏီ ၁၃ ခုက တာဝန် ယူထားတယ်” ဟု ပြောသည်။ မြန်မာ နိုင်ငံတွင် လူဦးရေ သန်း ၆၀ နီးပါးရှိသည့် အနက် လေးသန်းခန့်သာ မိုဘိုင်းဖုန်း သုံးစွဲနိုင်ပြီး မိုဘိုင်းဖုန်းမှ တစ်ဆင့် အင်တာနက် သုံးစွဲသူ နှစ်သိန်းကျော် ရှိကာ ၂၀၁၄-၁၅ ခုနှစ်တွင် ဆက်သွယ်ရေး ကဏ္ဍကို ရာခိုင်နှုန်း ၈၀ အထိ တိုးမြှင့် ရန် မျှော်မှန်း ထားကြောင်း သိရသည်။

ဖူးပွင့်သော်

From : Yatanarpon
လာမည့် ၂၀၁၅ ခုနှစ်တွင် လူဦးရေ သန်း ၆၀ နီးပါးရှိသည့် အနက် လူဦးရေ ထက်ဝက်ကျော် မိုဘိုင်းဖုန်း ကိုင်ဆောင် နိုင် ရန် ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ချင်းပြည်နယ် မင်းတပ်မြို့နယ် တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ “လာမယ့် ၂၀၁၅ ခုနှစ်မှာ လူဦးရေ ရာခိုင်နှုန်း ၅၀ လောက်ကို မိုဘိုင်းဖုန်း ကိုင်နိုင်အောင် လုပ်ပေး သွားမယ်” ဟု သမ္မတ ဦးသိန်းစိန် က ပြောသည်။ ယခုနှစ် နှစ်ဆန်းပိုင်းတွင် ကျပ်တစ်သိန်းဝန်းကျင် တန်ဖိုးနည်းဖုန်း

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ် ယက်မ ကျေးရွာ အနီး သစ်ပါးလွှာ စက်ရုံတွင် အစာ အဆိပ်သင့်မှု ဖြစ်ရာ အလုပ်သမား (၆) ဦး သေဆုံး

Photo: စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ် ယက်မ ကျေးရွာ အနီး
သစ်ပါးလွှာ စက်ရုံတွင် အစာ အဆိပ်သင့်မှု ဖြစ်ရာ အလုပ်သမား (၆)
ဦး သေဆုံး
Wednesday, February 27, 2013

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လ ၂၆ ရက်နေ့ ၁၁ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် 
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ် ယက်မ ကျေးရွာ အနီး
လပြည့်နဂါး ကုမ္ပဏီ၊ သစ်ပါးလွှာ စက်ရုံတွင် အလုပ်သမား  ကျား (၁၈) ဦး
နှင့် မ (၁၅) ဦး စုစုပေါင်း အလုပ်သမား (၃၃) ဦးတို့ နေ့လည်စာအား
ဆတ်သားခြောက်ချက် ၊ ဘူးသီး ဟင်းချိုရည်၊ ပဲနှပ်တို့ နှင့် စားသုံးခဲ့ရာ 
အစာအဆိပ်သင့်သဖြင့် နေ့လည် ၁ နာရီ ၃၀ မိနစ် အချိန် ခန့်တွင် ထမံသီ တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရှိရသည်။ 

အစာအဆိပ်သင့်မှုကြောင့် နေ့လည် ၂ နာရီ မှ ည ၅ နာရီ အတွင်း မုံရွာမြို့ နယ် နှင့် ဟုမ္မလင်း မြို့ နယ် များမှ လာရောက် အလုပ်လုပ်ကိုင်နေသော
ကျောက်ဒိုး (၁၉) နှစ်၊ စိုးနိုင်ထွန်း (၂၉) နှစ်၊ ဖိုးလပြည့် (၁၉)နှစ်၊
ပြည့်စုံဖြိုး (၁၈) နှစ် ၊ ကျော်မျိုးအောင် (၁၈) နှစ်၊ စည်သူ (၂၅) နှစ် အလုပ်သမား ကျား (၆) ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

သတင်း အပြည့်အစုံအား ဆက်လက် ဖော်ပြပါမည်။
 
 ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လ ၂၆ ရက်နေ့ ၁၁ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ် ယက်မ ကျေး ရွာ အနီးလပြည့်နဂါး ကုမ္ပဏီ၊ သစ်ပါးလွှာ စက်ရုံတွင် အလုပ်သမား ကျား (၁၈) ဦးနှင့် မ (၁၅) ဦး စုစုပေါင်း အလုပ်သမား (၃၃) ဦးတို့ နေ့ လည်စာအားဆတ်သားခြောက်ချက် ၊ ဘူးသီး ဟင်းချိုရည်၊ ပဲနှပ်တို့ နှင့် စားသုံးခဲ့ရာ အစာအဆိပ်သင့်သဖြင့် နေ့လည် ၁ နာရီ ၃၀ မိနစ် အချိန် ခန့်တွင် ထမံသီ တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရှိရသည်။

ကွမ်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြပါတယ်။ လတ်တလော လေ့လာမှုတွေအရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေပါဝင် နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကောဆိုတဲ့ ဖီနောဓာတ်ဟာ အစွမ်းထက် ပိုးသတ်အာနိသင် ရှိပါ တယ်။ ကွမ်းရွက်မှာ အောက်ပါ ဆေးဖက်ဝင် အစွမ်း သတ္တိတွေ ပါဝင်နေပါတယ်။

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

တကယ့် ပေါက်ပေါက် ရှာရှာ ဆေးပညာ ရှင်တို့ လေ့ လာ တွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။
လေ့လာတွေ့ ရှိချက် ကတော့ ဆေးလိပ် သောက်ခြင်းရဲ့ ဆိုးကျိုးတစ်ချက်ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဆေးလိပ်က အဆုပ်ကိုပဲ ထိခိုက် စေတာ မဟုတ်ပါဘူး။ ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက် အယှက် ပေးပါတယ်။ အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထားတတ်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှ ဘလက်ဟော့ခ် အမျိုးအစား ရဟတ်ယာဉ်များကို အင်ဒိုနီးရှား ဝယ်ယူမည်

အမေရိကန် ပြည်ထောင်စုမှ ဘလက်ဟော့ခ် အမျိုးအစား 
ရဟတ်ယာဉ်များကို အင်ဒိုနီးရှား ဝယ်ယူမည်
Tuesday, 26 February 2013

အင်ဒိုနီးရှား တပ်မတော်သည် အမေရိကန် ပြည်ထောင်စုမှ ဘလက်ဟော့ခ် အမျိုးအစား ရဟတ်ယာဉ် များကို ဝယ်ယူသွားမည် ဖြစ်ကြောင်း အင်ဒိုနီးရှား စစ်ဘက် အရာရှိ တစ်ဦးက ဖေဖော်ဝါရီလ ၂၅ ရက် နေ့ တွင် ပြောကြားခဲ့ ပါသည်။

ယခုကဲ့သို့ ရဟတ်ယာဉ်များ ဝယ်ယူမည့် အစီအစဉ်သည် အင်ဒိုနီးရှား တပ်မတော်အား ခေတ်မီ စစ်လက်နက် ပစ္စည်းများ တပ်ဆင်ရန် ကြိုးပမ်း ဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါ သည်။ 

ဘလက်ဟော့ခ် ရဟတ်ယာဉ်များ ဝယ်ယူရန် ရွေးချယ်မှုသည် ကောင်းမွန် မှန်ကန်သည့် လုပ်ရပ် ဖြစ်ကြောင်း အင်ဒိုနီးရှား ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာမိုနို အက်ဒီက ဝယ်ယူမှု ဆိုင်ရာ သဘောတူ ညီချက် စာချုပ် လက်မှတ်ရေး ထိုးအပြီးတွင် ပြောကြားခဲ့ပါသည်။ 

ကာကွယ်ရေး ဝန်ကြီး ပါနိုမိုရပ်(စ်) ဂီယန်တိုယိုက ပြောကြားရာတွင် ကမ္ဘာ့ အကြီးဆုံး ကျွန်းစုနိုင်ငံ တစ်ခုဖြစ်သော အင်ဒိုနီးရှား နိုင်ငံ၏ လုံခြုံ စိတ်ချရမှု အတွက် စစ်ဘက် ရဟတ်ယာဉ်များ ယခုထက် ပိုမို လိုအပ်ကြောင်း
ပြောကြား ခဲ့သည်ဟု သိရှိရ ပါသည်။

http://bit.ly/13Q6sZz
မြ၀တီ
အင်ဒိုနီးရှား တပ်မတော်သည် အမေရိကန် ပြည်ထောင်စုမှ ဘလက်ဟော့ခ် အမျိုးအစားရဟတ်ယာဉ်များကို ဝယ်ယူသွား မည် ဖြစ်ကြောင်း အင်ဒိုနီးရှား စစ်ဘက်အရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၂၅ ရက် နေ့ တွင် ပြောကြားခဲ့ ပါသည်။

မအူပင်မြို့နယ်တွင်းတွင် ဒေသခံရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်သဖြင့် ၂၀ကျော် ဒဏ်ရာရ


မအူပင်မြို့နယ်တွင်းတွင် ဒေသခံရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်သဖြင့် ၂၀ကျော် ဒဏ်ရာရ
Tuesday, 26 February 2013

လယ်သိမ်းခံရသော ကျေးရွာသားများက နွေစပါးစိုက်ပျိုးရန်အော့ချတ်ဒ် ကုမ္ပဏီပိုင်ငါးမွေးကန်ပေါင်အား ဖျက် ကာရေဖွင့်ချ၍ကျုပင်များအား မီးရှို့သောကြောင့် မအူပင်ခရိုင်အုပ်ချုပ်ရေးမှုးမှပုဒ်မ၁၄၄ ထုတ်ပြန်
ထားစဉ် ဒေသခံကျေးရွာသားများနှင့်အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ အကြားထိပ်တိုက်တွေ့ဆုံ...ကာ နှစ်ဘက်စလုံးမှ စုစုပေါင်း လူ၂၀ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ယခုအချိန်အထိ ဒေသခံကျေးရွာသားလေးဦး ဒဏ်ရာဖြင့် မအူပင်ဆေးရုံတွင် တင်ထားရပြီး ရဲတပ်ဖွဲ့ဝင် ၁၉ ဦးတွင်လည်းဒဏ်ရာရရှိကာ၎ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်းတိုင်းရဲတပ်ဖွဲ့မှတာဝန်ရှိသူကို မေးမြန်းထားသော မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင် ၁၉ဦး ဒဏ်ရာရရှိခဲ့ကြောင်းမအူပင် ခရိုင်အုပ်ချုပ်ရေးမှူးဦးအေးသောင်းကပြောသည်။ သို့သော် ဒေသခံများ ဒဏ်ရာရသော အရေအတွက်ကို အမျိုးမျိုးပြောဆိုမှုများရှိနေသော်လည်း အရေအတွက် အတိအကျကို 7 Day News မှ အတည်ပြုချက်
မရနိုင်သေးပါ။

အလားတူ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံရာတွင် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပြန်လည်ပစ်ခတ်သည်ဟု ဒေသခံများက ပြောဆိုနေကြ သော်လည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းရှိ မရှိ အတည်အပြုနိုင်သေးပေ။

အခင်းဖြစ်ပွားပုံမှာ မအူပင်မြို့နယ်တွင်းရှိပလောင်ရွာ၊ ကွန်ဒိုင်းလေးရွာနှင့် အဒိတ်ကျေးရွာများမှ နွေစပါးစိုက်ပျိုးရန် ကုမ္ပဏီ ပိုင်မွေးမြူရေးငါးကန်၏ ကန်ပေါင်တာရိုးကို လယ်သိမ်းခံခဲ့ရသည်ဟု ဆိုသော ကျေးရွာသားများ ကဖေဖေါ်ဝါရီ ၂၁ ရက်တွင် ချိုးဖျက်ကာ ရေများဖေါက်ချပြီးကျုတော နှင့် ၀ါးပင်များအား မီးရှို့ဖျက်ဆီးခဲ့သည်။

ဒေသခံကျေးရွာသားများဘက်မှ အဆိုပါငါးကန်များသည်ယခုလို နွေရာသီတွင် ၎င်းတို့၏ စပါးစိုက်ပျိုးရာမြေများဖြစ်ပြီး ၁၉၉၆ခုနှစ်တွင် ကုမ္ပဏီ၏ သိမ်းပိုက်ခြင်းခံခဲ့ရကြောင်းပြောသည်။

ကုမ္ပဏီမှ တာဝန်ရှိသူကပြောရာတွင် ၁၉၉၄ ခုနှစ်မှ စတင်ကာ တရားဝင် ပိုင်ဆိုင်ခွင့်ရယူ၍ရေနက်ကွင်းများအား တာပတ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

အဆိုပါကျေးရွာများ တစ်ဝိုက်တွင် ဖေဖေါ်ဝါရီ ၂၆ ရက်(ယနေ့)တွင် ပုဒ်မ ၁၄၄ထုတ်ပြန်ခဲ့သည်။ထို့နောက် အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့များ ချထားပြီး ညနေ ၃ နာရီတွင် ပြသနာဖြစ်နေသည့် လယ်ယာမြေများ အနီးစုဝေးနေသောဒေသခံ ၃၀၀ ခန့်အား လူစုမခွဲပါက ဖြိုခွဲတော့မည် ဖြစ်ကြောင်းအသံချဲ့စက်ဖြင့်သတိပေးပြီးနောက် လူစုမခွဲဘဲ ကျေးရွာသား အချို့က တားဆီးထားသော အတားအဆီးများကို ဖယ်ရှားဖြတ်ကျော် လာသဖြင့်ညနေ ၅ နာရီကျော်တွင် ထိပ်တိုက်တွေ့ဆုံကာ ပြသနာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

“ကျွန်တော်တို့လည်း ကြားဝင်ညှိနှိုင်းပေးနေတဲ့ကြားက အခုလို ဖြစ်သွားတာပဲ၊ နှစ်ဘက်စလုံးဒဏ်ရာရကြတယ်သေဆုံးတာတော့ အတိအကျမသိရသေးပါဘူး၊”ဟုမအူပင်မြို့နယ်NLDပါတီရုံးအဖွဲ့ဝင်က ပြောသည်။

ယနေ့နေ့လည် ၃နာရီကျော်တွင် ဒေသခံကျေးရွာသားများ၊ NLDပါတီမှ တာဝန်ရှိသူများ၊ မအူပင်ခရိုင်ငါးလုပ်ငန်း ဦးစီးမှုးဦးစိန်သောင်း၊ ရဲတပ်ဖွဲ့မှုးဦးထွန်းမင်းနှင့် မအူပင်ခရိုင် အုပ်ချုပ်ရေးမှုးဦးအေးသောင်း တို့ ညှိနှိုင်းပေးအပြီး ပြန်သွားပြီးနောက်တွင် နှစ်ဘက်တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်းကြောင်းသတင်းရရှိသည်။

“တို့တစ်တွေ ညှိနှိုင်းတုန်းကတော့သဘောတူတယ်၊သူတို့တွေအချင်းချင်း သွားညှိတော့မှ သဘောမတူဖြစ်ကြ တာ၊ သူတို့ဘက်ကစခုတ်တာ၊ သူတို့သေတယ်ဆိုတာ မဖြစ်လောက်ပါဘူး၊ ဒဏ်ရာရတယ်ဆိုလည်း ဆေးကု ပေးမလို့ ဆက်သွယ်လို့မရဘူး၊ ရဲတွေကတော့ ၁၉ ယောက် ဒဏ်ရာရတယ်၊”ဟု မအူပင်ခရိုင် အုပ်ချုပ်ရေးမှုး ဦးအေးသောင်း က ပြောသည်။

ဒေသခံများ သေဆုံးမှုများရှိခဲ့သည်ဟု သတင်းများထွက်ပေါ်သဖြင့် ဆက်သွယ်မေးမြန်းရာထိုသို့ပြန်လည်ဖြေကြားသည်။

“ကျွန်တော်တို့တစ်တွေ အလုပ်လက်မဲ့ဖြစ်နေလို့ပါ၊ နွေစပါးစိုက်ချင်လို့ လယ်တိုးတာပါ၊ တောရိုင်းဖြစ်နေလို့ လယ်ယာကွက်ဖေါ်တာပါ၊ အဲဒါကိုမီးရှို့တယ်၊ ၀ါးခုတ်တယ်၊ ကန်ဖေါက်တယ်ဆိုပြီး တရားစွဲတယ်လို့ ကြားပါ တယ်၊အကြမ်းမဖက်ပါဘူး၊ သူတို့က ငါးရိုင်းမွေးတယ်ဆိုပြီး ဒီအတိုင်းပစ်ထားတာပါ၊ကျွန်တော်တို လယ်တွေ ကို လွန်ခဲ့တဲ့ ဆယ့်ခုနှစ်နှစ် ကတည်းကသိမ်းထားတာပါ၊”ဟု ပလောင်ကျေးရွာသား ဦးကျော်မင်းက အခင်းမဖြစ်ပွားမီ ယနေ့ နေ့လယ်ခင်းကပြောသည်။

ဆက်လက်ရရှိသော သတင်းများကို ထပ်မံဖော်ပြပေးပါမည်။

7Day News Journal

"photo  Maythit Sar

လယ်သိမ်းခံရသော ကျေးရွာသားများက နွေစပါးစိုက်ပျိုးရန်အော့ချတ်ဒ် ကုမ္ပဏီပိုင်ငါးမွေးကန်ပေါင်အား ဖျက်ကာရေဖွင့်ချ၍ ကျုပင်များအား မီးရှို့သောကြောင့် မအူပင်ခရိုင်အုပ်ချုပ်ရေးမှုးမှပုဒ်မ၁၄၄ ထုတ်ပြန် ထားစဉ် ဒေသခံကျေးရွာသားများနှင့်အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ အကြားထိပ်တိုက်တွေ့ဆုံ...ကာ နှစ်ဘက်စလုံးမှ စုစုပေါင်း လူ၂၀ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။