Thursday 14 February 2013

ရဲဗိုလ်ချုပ်ကြီး ခန့်အပ်မှုမှာ မှန်ကန်မှုမရှိကြောင်း ဒုရဲချုပ်မှပြောကြား

လတ်တလော ထွက်ပေါ်နေသော သတင်းများအရ မြန်မာနိုင်ငံ ရဲဌာနချုပ်တွင် ရဲဗိုလ်ချုပ်ကြီး ခန့်အပ်မှုမှာ မှန်ကန်မှုမရှိကြောင်း မြန်မာနိုင်ငံ ရဲဌာနချုပ်မှ ဒုတိယရဲချုပ်ဖြစ်သူ ဇော်ဝင်းမှ Eleven Media Group သို့ ပြောကြားခဲ့သည်။

ဧရာဝတီမြစ်တွင် ရေထိန်းတံခါး ၁၂ ခု တည်ဆောက်၍ လျှပ်စစ်ထုတ်ယူရန် ဖြစ်နိုင်ခြေလေ့လာမည်

ဧရာဝတီမြစ်တွင်း ရေထိန်းတမံ အနိမ့်များနှင့် ရေထိန်းတံခါး ၁၂ ခု တည်ဆောက်ရန်အတွက် ဘယ်ဂျီယံပညာရှင်များက ဖြစ်နိုင်ခြေလေ့လာမှုများကို လာမည့် မတ်လမှစတင်၍ ခြောက်လအတွင်း ဆောင်ရွက်သွားမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်ကပြောကြားသည်။

အမျိုးသား ၇ ဦးခန့်က ကားပစ္စည်းဂိုထောင်စောင့်အား ရိုက်နှက်ပြီး ဆယ်သိန်းကျော်တန်ဖိုးရှိ ပစ္စည်းများအား လုယက်

ဒဂုံတောင်မြို့နယ်တွင်  အမျိုးသား ၇ ဦးခန့်က ကားပစ္စည်း ဂိုထောင်စောင့်အား ရိုက်နှက်ပြီး ဂိုထောင်အတွင်းမှ ဆယ်သိန်းကျော်တန်ဖိုးရှိ ပစ္စည်းများအား လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် မနက် ၅ နာရီအချိန်တွင် ဒေါ်အေးမိမိခိုင် (၃၇) နှစ်၊ ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ ဧရာဝတီပါဝါကုမ္ပဏီ (ကားလေလံဆွဲကုမ္ပဏီ)

ပြည်တွင်းကုမ္ပဏီကြီးများ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်ရန်စီစဉ်


ပြည်တွင်းရှိ အင်အားကြီးစီးပွားရေးလုပ်ငန်းရှင်အချို့သည် ရေနံ နှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများတွင် နိုင်ငံတကာ ကုမ္ပဏီကြီးများနှင့် ပူးပေါင်းလုပ်ကိုင်ရန် စွမ်းအင်စီမံရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားကြောင်း သတင်းရရှိသည်။

“ဝယ်ယူထားသောကုန်ပစ္စည်းအား အမှိုက်စွန့်နိုင်သော အိတ်ဖြင့် ထည့်ပေးရန် တောင်းခံနိုင်”


ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်းရှိ မည်သည့်ဈေးဆိုင်များတွင်မဆို ကုန်ပစ္စည်းဝယ်ယူပါက အမှိုက်စွန့်ပစ် နိုင်သောအိတ်ဖြင့်ထည့်ပေးရန် တောင်းခံနိုင်ကြောင်း ရန်ကုန် စည်ပင်မှ သိရသည်။
ပြည်သူများအနေဖြင့် အမှိုက် ခွဲခြားစွန့်ပစ်အိတ်များအား သီးသန့် ဝယ်ယူသုံးစွဲရခြင်း မရှိစေရန်အတွက် ရန်ကုန်စည်ပင်မှ စီစဉ်ထားခြင်းဖြစ်ပြီး အမှိုက်စွန့်ပစ်အိတ်အဖြစ် အသုံးပြုရန် သတ်မှတ်ထားသော