Tuesday 14 October 2014

လွတ်ငြိမ်းခွင့် ပါလာသူများကို လူဆိုးစာရင်းသွင်းပြီး သေဆုံးချိန်အထိ စောင့်ကြည့်သွားမည်

လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် အကျဉ်းထောင်မှ လွတ် မြောက်လာသူများအား ထောင် ကြွေးကျန်လူဆိုးစာရင်းသွင်းထား ပြီး သေဆုံးသည့်အချိန်အထိ ရဲ တပ်ဖွဲ့က စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး မြင့်ထွေး က ပြောသည်။
နိုင်ငံတော်သမ္မတက ပြစ် ဒဏ်လွတ်ငြိမ်းသက်သာခွင့်များ ပေးသဖြင့် အကျဉ်းထောင်များမှ လွတ်မြောက်လာသူများကို ပြစ် ဒဏ်ကြွေးကျန်ရှိနေသူများအဖြစ် သတ်မှတ်ပြီး ပြင်ပတွင် ကောင်း မွန်စွာ နေထိုင်ကြမည်ဆိုသော ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ အပိုဒ် (၁)ကို ကတိပြုလက် မှတ်ရေးထိုးထားကြရသည်။

အတွင်းဝန်ရာထူးများ ခန့်အပ်ရန် အစီအစဉ် ယခုအစိုးရသက်တမ်းအတွင်း မဖြစ်နိုင်

အတွင်းဝန်နှင့် လက်ထောက်အတွင်းဝန် ရာထူးများကို ယခုအစိုးရ သက်တမ်း အတွင်း ခန့်အပ်ထားနိုင်ဖွယ် မရှိတော့ဘဲဖွဲ့ စည်းပုံရေးဆွဲခြင်းများ ရပ်နားထားရန် ဝန်ကြီးဌာနများသို့ အကြောင်းကြားထားကြောင်း သတင်း ရရှိသည်။

ကားမူဝါဒပြောင်းပြီး သုံးရက်အတွင်း အခွန်ငွေကျပ် ဘီလီယံ ၉၀၀ ကျော် ရရှိ

မြန်မာနိုင်ငံတွင် ကား တင်သွင်းမှုမူဝါဒ ပြောင်းလဲအပြီး သုံးနှစ်အတွင်း အခွန်ငွေကျပ်ဘီ လီယံ ၉၀၀ ကျော်ရရှိထားပြီဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည် ထောင်စုဝန်ကြီး  ဦးဝင်းမြင့်က ပြောကြားသည်။

ခိုတောင်ကျွန်း လူသတ်မှုစုံစမ်းရန် မြန်မာ၊ ဗြိတိန်၊ ထိုင်း သုံးပွင့်ဆိုင် တွေ့မည်

ခိုတောင်ကျွန်းလူသတ်မှုတွင် စွပ်စွဲခံမြန်မာနှစ်ဦးအား မှားယွင်း အရေးယူမှုမရှိစေရေးနှင့် မှန်ကန်မျှတသော စုံစမ်းစစ်ဆေးမှုများ ဖြစ်ပေါ်စေရန် ဘန်ကောက်ရှိ မြန်မာသံရုံး၊ ဗြိတိန်သံရုံးတာဝန်ရှိသူများနှင့် ထိုင်းဘုရင့် ရဲတပ်ဖွဲ့တို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်းရရှိသည်။

မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးအတွက် နာမည်ကြီး ထိုင်းရှေ့နေ အမှုလိုက်ပေးမည်

Photo: မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးအတွက် နာမည်ကြီး ထိုင်းရှေ့နေ အမှုလိုက်ပေးမည်
Tuesday, October 14, 2014

ခိုတောင်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့်သံသယ တရားခံမြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးအတွက် ရှေ့နေအကူအညီပေးရန် ထိုင်းရှေ့နေများကောင်စီက အောက်တိုဘာ ၁၃ ရက်တွင် လက်ခံလိုက်သည်။

ထိုင်းရှေ့နေများကောင်စီ၏ ဆုံးဖြတ်ချက်အရ မြန်မာရွှေ့ ပြောင်းအလုပ်သမားဘက်မှ နာ မည်ကြီးထိုင်းရှေ့နေက အမှုလိုက်ပေးမည်ဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ ကော့စမွီ ခရိုင် တရားရုံးသို့တင်သွင်းပြီး အမှုဖြစ် စဉ် အမှုမှတ်တမ်းများ၊ စုံစမ်းစစ် ဆေးမှုများကို တရားရုံးတွင်အမှု စစ်ပေးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုဖြင့် အဖမ်းခံထားရ သည့် မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးဖြစ်သူ ဝင်းနှင့်ဇော်ကို လက် ရှိတွင် ကော့စမွီအကျဉ်းထောင် တွင်ထိန်းသိမ်းထားသည်။ ၎င်းတို့ သည် လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ခိုးမှုတို့ကိုကျူးလွန်ခဲ့သူများဖြစ်၍ အပြစ်ဒဏ်ကျခံရတော့မည်ဖြစ် ကြောင်း ထိုင်းရဲတပ်ဖွဲ့ကဆိုထား သည်။

တစ်ချိန်တည်းမှာပင် လူ့ အခွင့်အရေး လှုပ်ရှားသည့်ကွန် ရက်တစ်ခုဖြစ်သော Cross-Cul tural Foundation (CrCF)က လည်း ထင်ပေါ်ကျော်ကြားသည့် ထိုင်းရှေ့နေ Nakhon Chomph− uchat ကို သံသယတရားခံမြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်ဦးဘက်မှ ရှေ့နေလိုက်ပေးရန်တောင်းဆို ထားမှုရှိသည်။

ဝင်းနှင့်ဇော်အပေါ် ရဲတပ်ဖွဲ့ ၏စစ်မေးပုံ၊ ဆက်ဆံပုံအပေါ် လူ့ အခွင့်အရေးအဖွဲ့အများအပြား က စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော် ပြောကြားနေကြသည်။   ထို့အတွက် အမှုသည်များဖြစ်သူ ဝင်းနှင့်ဇော်တို့၏ အခြေအနေကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ရှေ့နေ Mr.Nakhon က ပြောကြား ထားသည်။

သံသယတရားခံ နှစ်ဦး အပြစ် ဝန်ခံဖြောင့်ချက်ပေးစေရန် ထိုင်းရဲတပ်ဖွဲ့က နှိပ်စက်ညှဉ်းပန်းမှုပြုခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့ကြီးဖြစ်သော Amnesty Inter-national က တင်ပြထားမှုလည်းရှိနေသည်။

သံသယတရားခံများကို ရှေ့ နေမပါဝင်ဘဲ အကြိမ်ပေါင်းများ စွာမေးခွန်းမေးမြန်းမှုပြုခဲ့သည်ဟု နာမည်ကျော်ထိုင်းရှေ့နေကဆို သည်။ သံသယ တရားခံများက ရှေ့နေငှားရန် ငြင်းဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောနေခဲ့ကြောင်း လည်း ၎င်းကထပ်လောင်းပြော ကြားခဲ့သည်။ ဤအမှုတွင်ပါဝင် ရန် ဆုံးဖြတ်လျှင် ရှေ့နေများ ကောင်စီနှင့်အတူ ၎င်းနှင့်အတူအဖွဲ့က လက်တွဲဆောင်ရွက်သွား မည်ဟု Mr.Nakhon က ပြော ကြောင်း အောက်တိုဘာ ၁၃ အစောပိုင်းတွင် ဘန်ကောက်ပို့စ် ကဖော်ပြထားသည်။ တစ်ဖက် တွင်လည်း ထိုင်းရဲတပ်ဖွဲ့က ၎င်း တို့၏စုံစမ်းစစ်ဆေးမှုသည် တရား မျှတမှုရှိကြောင်း စွဲစွဲမြဲမြဲ ပြော ကြားနေပြီး ဖြောင့်ချက်ပေး ဝန်ခံရန် သံသယ တရားခံများကို နှိပ်စက်ညှဉ်းပန်းခဲ့သည်ဆိုသော အစီရင်ခံစာများကို ငြင်းပယ်ခဲ့သည်။

ဤအမှုအတွက် မြန်မာသံရုံး မှဖွဲ့စည်းလိုက်သည့် အထူးအဖွဲ့ က သံသယတရားခံနှစ်ဦးကို အင်တာဗျူးရန် ရှေ့နေတစ်ဦးကို ခန့်အပ်ထားမှုရှိသည်။ သို့သော် အမှုတရားရုံးတွင် စစ်ဆေးခြင်း အဆင့်သို့ရောက်သည့်အခါ ၎င်းကအကူအညီပေးမည်၊ မပေး မည်ကိုမူ မသိရှိရသေးပေ။

7Day DAILY 

အမှုသရုပ်ပြနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး (reuters)
အမှုသရုပ်ပြနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး (reuters)
ခိုတောင်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့်သံသယ တရားခံမြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦး အတွက် ရှေ့နေအကူအညီပေးရန် ထိုင်းရှေ့နေများကောင်စီက အောက်တိုဘာ ၁၃ ရက်တွင် လက်ခံ လိုက်သည်။

ရဲဘက်စခန်းရှိ အကျဉ်းသားများ သေဆုံးရခြင်းမှာ အစာရေစာမလုံလောက်ခြင်းနှင့် ဆေးဝါးကုသခွင့်မရခြင်းကြောင့်မဟုတ်ဟု ပြည်ထဲရေးဒုဝန်ကြီးပြော

ရဲဘက်စခန်းများ တွင် အကျဉ်းသားများ သေဆုံးရ ခြင်းမှာ အစာရေစာ မလုံလောက် မှု၊ ရေချိုးရန် အခက် အခဲဖြစ်မှု၊ ဆေးဝါးကုသခွင့်မရမှုတို့ကြောင့်  မဟုတ်ကြောင်း ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော် ကျော်ထွန်း ကပြောသည်။

ရည်းစားဟောင်းဘန်အက်ဖလက် ပါဝင်တဲ့ ဇာတ်ကားသစ်ကို သွားရောက်အားပေးခဲ့တဲ့ ဂျေလို

Photo: ရည်းစားဟောင်းဘန်အက်ဖလက် ပါဝင်တဲ့ ဇာတ်ကားသစ်ကို သွားရောက်အားပေးခဲ့တဲ့ ဂျေလို
Tuesday, October 14, 2014

အမေရိကန် အဆိုတော်ဂျနီဖာလိုပက်ဇ်သည် ၎င်း၏ ရည်းစားဟောင်းဘန်အက် ဖလက်ပါဝင်သရုပ်ဆောင်ထား သည့် Gone Girl ဇာတ်ကားကို ပြီးခဲ့သည့် စနေနေ့က လော့စ်အန် ဂျလိစ်မြို့ရှိ ရုပ်ရှင်ရုံတစ်ရုံ၌ သွားရောက်အားပေးခဲ့သည်။

ဟောလိဝုဒ်သရုပ်ဆောင် မင်းသားဘန်အက်ဖလက်နှင့် အဆိုတော် ဂျနီဖာလိုပက်ဇ်တို့ သည် ၂၀၀၂ မှ ၂၀၀၄ ခုနှစ်အထိ စေ့စပ်ပြီး အတူနေထိုင်ခဲ့ကြသူ များဖြစ်သည်။ ဂျနီဖာလိုပက်ဇ် သည် ဘန်အက်ဖလက်နှင့်မင်္ဂလာ ပွဲမတိုင်မီ နာရီပိုင်းအလိုတွင် ယင်း မင်္ဂလာပွဲကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သူဖြစ်သည်။

ဂျနီဖာလိုပက်ဇ်က ရည်း စားဟောင်းဘန်အက်ဖလက် ပါဝင်သရုပ်ဆောင်ထားသည့် Gone Girl ဇာတ်ကားကြည့်နေ ကြောင်း ၎င်း၏ Instagram စာမျက်နှာတွင် ဓာတ်ပုံနှင့်အတူ ဖော်ပြခဲ့သည်။ ဂျေလိုက ၎င်း၏ ရည်းစားဟောင်းများနှင့် ကောင်း မွန်သော ဆက်ဆံရေးရှိသည်ဟု လည်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ဘန်အက်ဖလက် အဓိက ပါဝင်သရုပ်ဆောင်ထားသော Gone Girl လျှို့ဝှက်သည်းဖိုဇာတ် ကားသည် သီတင်းနှစ်ပတ်ဆက် တိုက်ကြည့်ရှုသူအများဆုံးရုပ်ရှင် ဇာတ်ကားဖြစ်နေသည်။

Ref: US Magazine 
7Day DAILY
အမေရိကန် အဆိုတော်ဂျနီဖာလိုပက်ဇ်သည် ၎င်း၏ ရည်းစားဟောင်းဘန်အက် ဖလက်ပါဝင် သရုပ်ဆောင် ထားသည့် Gone Girl ဇာတ်ကားကို ပြီးခဲ့သည့် စနေနေ့က လော့စ်အန်ဂျလိစ်မြို့ရှိ ရုပ်ရှင်ရုံတစ်ရုံ၌ သွား ရောက် အားပေးခဲ့သည်။