Monday 1 September 2014

UNFC ကြောင့် ငြိမ်းချမ်းရေး အလှမ်းဝေးနေရအုံးမှာလား

သြဂုတ်လ (၂၆) ရက်နေ့မှ ယနေ့ထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဒွိုင်စကစ်မြို့နယ်၊ ၀မ်ထမ်ဟိုတယ်တွင် ကျင်းပပြုလုပ်နေသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ နှင့် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးပါတီ အင်အားစုများ တွေ့ဆုံဆွေးနွေးပွဲအား ငြိမ်းချမ်းရေးကိုစိတ်ဝင်စားသည့်သူတိုင်းသိကြလိမ့် မည် ထင်ပါသည်။ ငြိမ်းချမ်းရေး ဟူသော ခေါင်းစဉ် အောက်တွင် နိုင်ငံရေးအဖွဲ့စည်းပေါင်းများစွာ၊ ကော်မတီပေါင်းများစွာ၊ အသင်းအဖွဲ့ပေါင်း များစွာ ပေါ်ပေါက် လာခဲ့ရာမှ ၄င်းအဖွဲ့စည်း ပေါင်းများစွာ ထဲတွင်တိုင်းရင်းသား လူမျိုးများကို ကိုယ်စား ပြုသည် ဟု ကြွေးကြော် ထားသော UNFC-( United Nationalities Federal Council) ၏အကြောင်းကို ကျွန်ပ် အနေဖြင့် အနည်းငယ် ရေးသားလိုပါသည်။

ဂိုလန်ကုန်းမြင့်တွင် ဝေဟင်ပိုင်နက် ကျူးကျော်လာသည့် မောင်းသူမဲ့ လေယာဉ် တစ်စီးကို အစ္စရေးပစ်ချ

Photo: ဂိုလန်ကုန်းမြင့်တွင် ဝေဟင်ပိုင်နက် ကျူးကျော်လာသည့် မောင်းသူမဲ့ လေယာဉ် တစ်စီးကို အစ္စရေးပစ်ချ
Monday, September 1, 2014

ဆီးရီးယားနှင့် နယ်စပ်ဒေသကို ဖြတ်ကျော်ကာ အစ္စရေး ထိန်းချုပ်ထားသည့် ဂိုလန်ကုန်းပြင်မြင့် ဧရိယာဘက်သို့ ကျူးကျော်လာသည့် မောင်းသူမဲ့ လေယာဉ်တစ်စီးကို အစ္စရေး စစ်တပ်က ပစ်ချခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်(၃၁)ရက်တွင် ဆီးရီးယားဘက်မှ လွှတ်တင်လိုက်သည်ဟု ယူဆရသည့် အဆိုပါ လေယာဉ်သည် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များ စောင့်ကြပ်နေသော ဒေသကို ကျော်ဖြတ်ပြီး အစ္စရေး ထိန်းချုပ်ထားသည့် ဂိုလန်ကုန်းမြင့်ဘက် ပျံသန်းလာခဲ့ခြင်း ဖြစ်သည်။ အစ္စရေး လေကြောင်းကာကွယ်ရေး တပ်ဖွဲ့က အချက်အခြာကျသည့် နယ်ခြားဒေသတွင် ဝေဟင်ပိုင်နက် ကျူးကျော်လာသော အဆိုပါ လေယာဉ်ကို အောင်မြင်စွာ ကြားဖြတ် ပစ်ချခဲ့ကြောင်း ကြေညာသည်။

“မောင်းသူမဲ့ လေယာဉ်တစ်စီးဟာ ဆီးရီးယားနဲ့ နယ်ခြားဒေသမှာ အစ္စရေး ဝေဟင်ပိုင်နက်ဘက် ကျူးကျော်လာပါတယ်။ ဒါကို အောင်အောင်မြင်မြင် ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်။ ကျွန်တော်တို့ အကြိမ်ကြိမ် ပြောပြီးပါပြီ။ အစ္စရေးဟာ အချုပ်အခြာအာဏာနဲ့ ပိုင်နက်ကို ထိပါးလာတဲ့ ဘယ်လိုကျူးကျော်မှုကိုမဆို လက်တုံ့ပြန်သွားမှာပါ”ဟု လေတပ်မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။

ဆီးရီးယားတွင် သမ္မတ ဘာရှာအာဆက်ဒ်၏ တပ်ဖွဲ့များနှင့် သူပုန်တပ်များကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေပြီး အဆိုပါ ပဋိပက္ခသည် အစ္စရေး ထိန်းချုပ်ထားသည့် ဂိုလန်ကုန်းမြင့် ဒေသအနီးထိ ကူးစက်လာသည်။ မကြာသေးမီက ယင်းဒေသတွင် လုံခြုံရေးယူ စောင့်ကြပ်နေသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များကို ဆီးရီးယား သူပုန်တပ်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဖိလစ်ပိုင်မှ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာကို သူပုန်တပ်များက ထရပ်ကားများဖြင့် ဝင်တိုက်ကာ ချိုးဖျက်ကျူးကျော်ရန် ကြိုးစားခဲ့သော်လည်း စစ်သည်များက တောင့်ခံနိုင်ခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အစ္စရေးသည် ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသ ဧရိယာများနှင့် နယ်နိမိတ် ထိစပ်နေသည့် ကူနက်ထရာ နယ်ခြားဖြတ်ကျော် စခန်းကို အထူးဂရုပြု စောင့်ကြည့်လျက် ရှိသည်။ ပြီးခဲ့သည့် သီတင်းပတ်က ဆီးရီးယားဘက်မှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်အချို့ အစ္စရေးပိုင်နက်ဘက် ကျရောက် ပေါက်ကွဲခဲ့ပြီး အသေအပျောက် အထိအခိုက် မရှိခဲ့ကြောင်းလည်း သိရှိရသည်။

အစ္စရေးသည် ဂိုလန်ကုန်းမြင့် ဒေသ၏ (၁၂၀၀) စတုရန်း ကီလိုမီတာမျှ ကျယ်ဝန်းသော အစိတ်အပိုင်းကို (၁၉၆၇)ခုနှစ်က ဖြစ်ပွားသည့် (၆)ရက်စစ်ပွဲတွင် သိမ်းယူခဲ့ပြီး (၁၉၈၁)ခုနှစ်တွင် နိုင်ငံတကာ ဖိအားပေးမှုများကို ဆန့်ကျင်ကာ ၎င်းတို့၏ ပိုင်နက်အဖြစ် သိမ်းသွင်းခဲ့သည်။

Ref: Channelnewsasia
7Day DAILY

ဂိုလန်ကုန်းမြင့်အား စောင့်ကြည့်နေသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်နှစ်ဦးကို တွေ့ရစဉ်
ဂိုလန်ကုန်းမြင့်အားစောင့်ကြည့်နေသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်နှစ်ဦးကို တွေ့ရစဉ်
ဆီးရီးယားနှင့် နယ်စပ်ဒေသကို ဖြတ်ကျော်ကာ အစ္စရေး ထိန်းချုပ်ထားသည့် ဂိုလန်ကုန်းပြင်မြင့် ဧရိယာဘက်သို့ ကျူးကျော်လာသည့် မောင်းသူမဲ့ လေယာဉ်တစ်စီးကို အစ္စရေး စစ်တပ်က ပစ်ချခဲ့ကြောင်း သိရှိရသည်။

IS အဖွဲ့အတွက် လူသစ်စုဆောင်းပေးသူဟု ယူဆရသည့် အမျိုးသားတစ်ဦးကို ပြင်သစ်တွင်ဖမ်းမိ

Photo: IS အဖွဲ့အတွက် လူသစ်စုဆောင်းပေးသူဟု ယူဆရသည့် အမျိုးသားတစ်ဦးကို ပြင်သစ်တွင်ဖမ်းမိ
Monday, September 1, 2014

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့အတွက် လူသစ်များ စုဆောင်းပေးနေသည်ဟု ယူဆရသူ တစ်ဦးကို ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အသက်(၂၂)နှစ် အရွယ်ရှိ အမျိုးသားသည် IS တို့အတွက် အဖွဲ့ဝင်သစ်များ ရရှိလာအောင် လှည့်လည် စည်းရုံးနေသူ တစ်ဦးဖြစ်ကြောင်း ဩဂုတ် (၃၁)ရက်တွင် ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ချီချန်ဒေသဖွား တစ်ဦးဖြစ်သည့် အမျိုးသားသည် ဩဂုတ်(၃၀)ရက်က နိုက်စ်လေဆိပ်တွင် အာဏာပိုင်များ၏ တားဆီးမှုကို ခံရပြီး ယခုအခါ ၎င်းကို ထိန်းသိမ်းထားလိုက်သည်။ ၎င်းသည် အသက်(၁၆)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို တူရကီသို့ သွားရောက်စေပြီး ထိုမှတစ်ဆင့် ဆီးရီးယားရှိ IS အဖွဲ့နှင့် သွားရောက်ပူးပေါင်းရန် ငွေကြေး ထောက်ပံ့ခဲ့သည်ဟု ယူဆရကြောင်း ပြည်ထဲရေးဝန်ကြီး ဘားနတ်ဒ် ကာဇီနူဗီက ပြောကြားခဲ့သည်။

မိန်းကလေးက သူမသည် အီစတန်ဘူလ်ရှိ အဖွားဖြစ်သူထံ သွားရောက်ရန် စီစဉ်ခဲ့ခြင်းဟု ပြောကြားသော်လည်း မသင်္ကာဖွယ် အခြေအနေများကြောင့် တူရကီ လေကြောင်းလိုင်းက ပြင်သစ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သည်။ ထိုမှတစ်ဆင့် ပြင်သစ်လုံခြုံရေး အေဂျင်စီက မိန်းကလေး၏ ဖခင်ထံ ဖုန်းဆက်စုံစမ်းရာ မိမိတို့၏ မျိုးနွယ်ဆက်များ တူရကီတွင် ရှိမနေကြောင်း ၎င်းက အသိပေးခဲ့သည်။

ထို့နောက်တွင်မူ ပြင်သစ်လုံခြုံရေး အေးဂျင့်များက လျင်လျင်မြန်မြန် စုံစမ်းပြီး IS အဖွဲ့အတွက် လူသစ်စုဆောင်းသူကို ဖမ်းဆီးနိုင်ခဲ့ခြင်းဟု သိရသည်။ နိုက်စ်တွင် နေထိုင်သည့် မိန်းကလေး၏ မိသားစုမှာ သူမ၏ လုပ်ရပ်အတွက် အလွန် အံ့ဩတုန်လှုပ်နေကြောင်း နီးစပ်သူများက ဆိုသည်။

ဥရောပနိုင်ငံအချို့နည်းတူ ပြင်သစ်သည်လည်း ဆယ်ကျော်သက် လူငယ်လူရွယ်များကို အီရတ်နှင့် ဆီးရီးယားရှိ စစ်သွေးကြွများက စည်းရုံးပြီး နိုင်ငံအတွင်းမှ ခေါ်ထုတ်သွားမည့် အခြေအနေများအတွက် စိုးရိမ်နေရသည်။ ထို့အပြင် အဆိုပါ လူငယ်များသည် နိုင်ငံသို့ ပြန်လည် ရောက်ရှိလာပါက လုံခြုံရေးအတွက် ခြိမ်းခြောက်မှုများ ဖြစ်လာနိုင်သည်။

တရားဝင် သတင်းထုတ်ပြန်ချက်များအရ အမျိုးသမီးအချို့ အပါအဝင် ပြင်သစ်နိုင်ငံသားများနှင့် နိုင်ငံအတွင်း နေထိုင်ခွင့်ရသူ (၈၀၀)ခန့်သည် ဆီးရီးယားသို့ သွားရောက်ခဲ့ကြပြီး ပြင်သစ်သို့ ပြန်လည် ရောက်ရှိလာကြောင်း သိရှိရသည်။

_Ref: Channelnewsasia
7Day DAILY

ပြင်သစ်နိုင်ငံ နိုက်စ်မြို့ရှိ နိုင်ငံတကာလေဆိပ်ကို တွေ့ရစဉ်
ပြင်သစ်နိုင်ငံ နိုက်စ်မြို့ရှိ နိုင်ငံတကာလေဆိပ်ကို တွေ့ရစဉ်
အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့အတွက် လူသစ်များ စုဆောင်းပေးနေသည်ဟု ယူဆရသူ တစ်ဦးကို ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဆွီဒင်တွင် အီဘိုလာ သံသယလူနာ တစ်ဦးကို တွေ့ရှိ

Photo: ဆွီဒင်တွင် အီဘိုလာ သံသယလူနာ တစ်ဦးကို တွေ့ရှိ
Monday, September 1, 2014

ဆွီဒင်နိုင်ငံတွင် အီဘိုလာရောဂါ ကူးစက်ခံရသည်ဟု ယူဆရသည့် သံသယလူနာတစ်ဦးကို တွေ့ရှိခဲ့ကြောင်း နိုင်ငံ၏ ကျန်းမာရေးဌာန အရာရှိများက ပြောကြားခဲ့သည်။

စတော့ခ်ဟုမ်း မြို့တော်တွင် အီဘိုလာ ရောဂါသည် တွေ့ရှိသည်ဆိုသော သတင်းကို သက်ဆိုင်ရာ အရာရှိတစ်ဦးက ငြင်းဆိုပြီး “အတည်ပြုနိုင်ဖို့ အဝေးကြီးပါ။ ဒါဟာ သံသယဝင်စရာအဆင့်မျိုးလောက်သာ ဖြစ်ပါတယ်”ဟု AFP သို့ ဖြေရှင်းချက် ပေးခဲ့သည်။ သို့သော်လည်း ၎င်းက အသေးစိတ် အချက်အလက်များကို ပြောကြားခဲ့ခြင်း မရှိချေ။

အီဘိုလာရောဂါ ကူးစက်ခံရသည်ဟု သံသယရှိသော လူနာသည် အီဘိုလာရောဂါ ကူးစက်နေသည့် ဒေသတစ်ခုသို့ သွားရောက်လည်ပတ်ခဲ့ပြီး နာမကျန်း ဖြစ်လာခြင်းဟု ဆိုသည်။ ၎င်းကို လတ်တလောတွင် သီးခြားခွဲထားကြောင်း သိရသည်။ အဆိုပါလူနာ မည်သည့်ဒေသသို့ သွားရောက်ခဲ့သည် ဆိုခြင်းကိုမူ ဆွီဒင် အာဏာပိုင်များက သတင်း မထုတ်ပြန်ခဲ့ချေ။

စတော့ခ်ဟုမ်းရှိ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနမှ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သော အေကီ အော့စ်ကွစ်ဗ်က ဆွီဒင်နိုင်ငံတွင် အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားနိုင်ခြေ အလွန်နည်းပါးကြောင်း မှတ်ချက်ပေးခဲ့သည်။ “ဒီဗိုင်းရပ်စ်က လေထဲက ကူးစက်တာမျိုးမှ မဟုတ်တာ။ လူအချင်းချင်း ထိတွေ့မှုကနေ တိုက်ရိုက်ဖြစ်စေ၊ သွေးနဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကဖြစ်စေပဲ ကူးစက်တတ်တာပါ”ဟု ၎င်းက ဆိုသည်။

ယခုနှစ်အတွင်း အနောက်အာဖရိက ဒေသတွင် ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေသည့် အီဘိုလာ ကူးစက်မှုများကြောင့် ဩဂုတ်(၂၆)ရက်ထိ စာရင်းအရ သေဆုံးသူ အရေအတွက်သည် (၁၅၅၂)ဦး ရှိနေခဲ့ပြီးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာထားသည်။

Ref: Channelnewsasia
7Day DAILY
ဆွီဒင်နိုင်ငံတွင် အီဘိုလာရောဂါ ကူးစက်ခံရသည်ဟု ယူဆရသည့် သံသယလူနာတစ်ဦးကို တွေ့ရှိခဲ့ကြောင်း နိုင်ငံ၏ ကျန်းမာရေးဌာန အရာရှိများက ပြောကြားခဲ့သည်။

အလုပ်လက်မဲ့တွေနေတဲ့ စီမံကိန်းမြို့

Photo: ရွှေဘိုတွင် ရေကာတာကျိုး၍ မျိုးစပါးတင်း တစ်ထောင်နီးပါး ပျက်စီး
Monday, September 1, 2014

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အရှေ့မြောက်ဘက်ရှိ ဆင်းကွတ်ဆည် ရေကာတာသည် သြဂုတ်လ ၃၀ ရက်၊ နံနက်ပိုင်းက ကျိုးပျက်ခဲ့သဖြင့် ရွာသုံးရွာမှ မိုးစပါး စိုက်ပျိုးရန် ချန်ထားသော မျိုးစပါးတင်း တစ်ထောင်ခန့် ပျက်စီးခဲ့ကြောင်း အဆိုပါကျေးရွာမှ ဒေသခံများက ပြောကြားသည်။

ရေကာတာ ကျိုးပျက်၍ ဆင်းကွတ်ကျေးရွာ၊ မင်းကျောင်းကျေးရွာနှင့် ပဂိုးကုန်းကျေးရွာများ ရေနစ်မြုပ်ခဲ့ပြီး မျိုးစပါးတင်း တစ်ထောင်နီးပါးခန့် ရေဝင်၍ ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း မင်းကျောင်းနှင့် ပဂိုးကုန်းကျေးရွာမှ ဒေသခံများက ပြောကြားသည်။

“ရေဝင်တဲ့အချိန်က မနက်ပိုင်း ဆိုပေမယ့် ရေစီးအားက အတင်းသန်တယ်။ စပါးကျီထဲက မျိုးစပါးတွေ ဆွဲထုတ်ဖို့ မပြောနဲ့ အိမ်ပေါ်က ပစ္စည်းတွေတောင် မသယ်လိုက်နိုင်ဘူး။ မင်းကျောင်းကတော့ တစ်ရွာလုံးနီးပါး ပဲမျိုးစပါးတွေ အကုန်ပျက်စီးသွားတယ်။ အခုထိ စပါးကျီထဲမှာပဲ မထုတ်ရသေးဘူး အားလုံး ရေစိုပြီး ပျက်ဆီးကုန်ပြီ၊ ကြိတ်လို့လဲ မရတော့ဘူး” ဟု မင်းကျောင်းကျေးရွာနေ တောင်သူ ဦးမျိုးဆွေက ဆိုသည်။

သြဂုတ်လ ၃၀ ရက် နံနက်ပိုင်းက ရေဝင်ရောက်ခဲ့ပြီး သြဂုတ်လ ၃၁ ရက်တွင် ရေပြန်ကျသွားခဲ့သော်လည်း ရွာအတွင်း ပျက်စီးမှုများ ရှိသည့်အတွက် ရွာထဲတွင် မနေနိုင်သေးဘဲ ရွှေဘို-ကျောက်မြောင်း ကားလမ်းမကြီးပေါ်တွင် နေထိုင်နေရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ရေကျတယ် ဆိုပေမယ့် နှစ်ရက် သုံးရက် ဒါမှမဟုတ် တစ်ပတ်နေမှ ရွာထဲ ပြန်နေလို့ရမယ်။ တချို့အိမ်မြင့်တဲ့ သူတွေတော့ ပြန်နေတာ ရှိတယ်။ ဒီလိုပဲ ရေထဲဖြတ်ပြီး သွားရတာပေါ့။ ရွာအဝင်မှာကို ရေက လူကြီးရင် ခေါင်းလောက်တော့ မြုပ်သေးတယ်၊ ဒီနေ့ထိ” ဟု မင်းကျောင်းရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ဝင်ရောက်လာသည့် ရေမျိုးမင်းကျောင်း ကျေးရွာတွင် နေထိုင်စဉ် မကြုံဖူးသေးဘဲ ယခင်က မိုးကြီးချိန် ရေဝင်မှု ရှိသော်လည်း ယခုကဲ့သို့ အလုံးအရင်း ဝင်ရောက်လာခြင်း မဟုတ်ကြောင်း၊ ယခုရေဝင်မှုကြောင့် မျိုးစပါးများအပြင် စားသုံးရန် စုဆောင်းထားသည့် ဆန်များပါ ရေမြုပ်ပျက်စီးခဲ့ကြောင်း မင်းကျောင်းရွာမှ ဦးလှမော်က ပြောကြားသည်။

မင်းကျောင်းရွာမှာ မြေနိမ့်ပိုင်းတွင် ရှိသောကြောင့် ပျက်စီးဆုံးရှုံးမှု ပိုများခဲ့ရပြီး ဆင်းကွက်ရွာနှင့် ပဂိုးကုန်းရွာတို့တွင်လည်း ပျက်စီးဆုံးရှုံးမှုများ ရှိကာ မင်းကျောင်းရွာ တစ်ရွာတည်းတွင်ပင် မျိုးစပါးတင်း ခုနစ်ရာနီးပါး ပျက်စီးခဲ့ကြောင်း ကောက်ခံရရှိထားသည့် စာရင်းများပေါ် မူတည်၍ မင်းကျောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ဆင်းကွတ်ဆည် ရေကာတာမှ ရှပ်တန်း ကျိုးကျခဲ့ခြင်းကြောင့် ရွှေဘိုမြို့နယ် အတွင်းရှိ ကျေးရွာသုံးရွာတွင် သြဂုတ်လ ၃၀ ရက်မှစ၍ ရေဝင်ရောက်မှုများ ရှိခဲ့ပြီး အိမ်ခြေပေါင်း လေးရာကျော် ရေဝင်ရောက်ခဲ့ပြီး လူဦးရေ နှစ်ထောင်ကျော်ခန့် ရေဘေးသင့်ခဲ့ကြောင်း ကယ်ဆယ်ရေး စခန်းများ၏ စာရင်းများအရ သိရသည်။

လက်ရှိ ရေဝင်ခဲ့သော ကျေးရွာများကို အနီးပတ်ဝန်းကျင် ကျေးရွာများနှင့် ရွှေဘိုမြို့ပေါ်ရှိ ပရဟိတအသင်းများမှ ထမင်းထုပ်များ ရေသန့်ဘူးများ လာရောက်ပို့ဆောင် လှူဒါန်းလျက် ရှိသည်။

The Voice Weekly
တောင်ဆင်းလမ်းအတိုင်း ကြည့်လိုက်လျှင် ရေနစ်မြုပ်ခြင်းမှ ကင်းလွတ် သည့် တောင်ကုန်း တောင် တန်းလေး များပေါ်တွင် ကျေးရွာသစ်များကို ဖော်ဆောင်ပေးထားသည်ကို မြင်ရမည်ဖြစ်သည်။

ရှေ့ပြေးလူဦးရေစာရင်းတွင် နိုင်ငံခြားရောက်နေသူများမပါ၍ ပင်မစာရင်းထုတ်ပြန်လျှင် စာရင်းကွာဟမည်

အစိုးရက ထုတ်ပြန်သောရှေ့ပြေးလူဦးရေစာရင်းတွင် နိုင်ငံ ခြားရောက်ရှိနေသူ များမပါရှိ သောကြောင့် ၂၀၁၅ နှစ် ဆန်း ပိုင်းတွင် ထုတ်ပြန်မည့် ပင်မလူဦး ရေစာရင်းနှင့် ကွာဟမှုရှိနိုင် ကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကပြော သည်။

ရွှေဘိုတွင် ရေကာတာကျိုး၍ မျိုးစပါးတင်း တစ်ထောင်နီးပါး ပျက်စီး

Photo: ရွှေဘိုတွင် ရေကာတာကျိုး၍ မျိုးစပါးတင်း တစ်ထောင်နီးပါး ပျက်စီး
Monday, September 1, 2014

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အရှေ့မြောက်ဘက်ရှိ ဆင်းကွတ်ဆည် ရေကာတာသည် သြဂုတ်လ ၃၀ ရက်၊ နံနက်ပိုင်းက ကျိုးပျက်ခဲ့သဖြင့် ရွာသုံးရွာမှ မိုးစပါး စိုက်ပျိုးရန် ချန်ထားသော မျိုးစပါးတင်း တစ်ထောင်ခန့် ပျက်စီးခဲ့ကြောင်း အဆိုပါကျေးရွာမှ ဒေသခံများက ပြောကြားသည်။

ရေကာတာ ကျိုးပျက်၍ ဆင်းကွတ်ကျေးရွာ၊ မင်းကျောင်းကျေးရွာနှင့် ပဂိုးကုန်းကျေးရွာများ ရေနစ်မြုပ်ခဲ့ပြီး မျိုးစပါးတင်း တစ်ထောင်နီးပါးခန့် ရေဝင်၍ ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း မင်းကျောင်းနှင့် ပဂိုးကုန်းကျေးရွာမှ ဒေသခံများက ပြောကြားသည်။

“ရေဝင်တဲ့အချိန်က မနက်ပိုင်း ဆိုပေမယ့် ရေစီးအားက အတင်းသန်တယ်။ စပါးကျီထဲက မျိုးစပါးတွေ ဆွဲထုတ်ဖို့ မပြောနဲ့ အိမ်ပေါ်က ပစ္စည်းတွေတောင် မသယ်လိုက်နိုင်ဘူး။ မင်းကျောင်းကတော့ တစ်ရွာလုံးနီးပါး ပဲမျိုးစပါးတွေ အကုန်ပျက်စီးသွားတယ်။ အခုထိ စပါးကျီထဲမှာပဲ မထုတ်ရသေးဘူး အားလုံး ရေစိုပြီး ပျက်ဆီးကုန်ပြီ၊ ကြိတ်လို့လဲ မရတော့ဘူး” ဟု မင်းကျောင်းကျေးရွာနေ တောင်သူ ဦးမျိုးဆွေက ဆိုသည်။

သြဂုတ်လ ၃၀ ရက် နံနက်ပိုင်းက ရေဝင်ရောက်ခဲ့ပြီး သြဂုတ်လ ၃၁ ရက်တွင် ရေပြန်ကျသွားခဲ့သော်လည်း ရွာအတွင်း ပျက်စီးမှုများ ရှိသည့်အတွက် ရွာထဲတွင် မနေနိုင်သေးဘဲ ရွှေဘို-ကျောက်မြောင်း ကားလမ်းမကြီးပေါ်တွင် နေထိုင်နေရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ရေကျတယ် ဆိုပေမယ့် နှစ်ရက် သုံးရက် ဒါမှမဟုတ် တစ်ပတ်နေမှ ရွာထဲ ပြန်နေလို့ရမယ်။ တချို့အိမ်မြင့်တဲ့ သူတွေတော့ ပြန်နေတာ ရှိတယ်။ ဒီလိုပဲ ရေထဲဖြတ်ပြီး သွားရတာပေါ့။ ရွာအဝင်မှာကို ရေက လူကြီးရင် ခေါင်းလောက်တော့ မြုပ်သေးတယ်၊ ဒီနေ့ထိ” ဟု မင်းကျောင်းရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ဝင်ရောက်လာသည့် ရေမျိုးမင်းကျောင်း ကျေးရွာတွင် နေထိုင်စဉ် မကြုံဖူးသေးဘဲ ယခင်က မိုးကြီးချိန် ရေဝင်မှု ရှိသော်လည်း ယခုကဲ့သို့ အလုံးအရင်း ဝင်ရောက်လာခြင်း မဟုတ်ကြောင်း၊ ယခုရေဝင်မှုကြောင့် မျိုးစပါးများအပြင် စားသုံးရန် စုဆောင်းထားသည့် ဆန်များပါ ရေမြုပ်ပျက်စီးခဲ့ကြောင်း မင်းကျောင်းရွာမှ ဦးလှမော်က ပြောကြားသည်။

မင်းကျောင်းရွာမှာ မြေနိမ့်ပိုင်းတွင် ရှိသောကြောင့် ပျက်စီးဆုံးရှုံးမှု ပိုများခဲ့ရပြီး ဆင်းကွက်ရွာနှင့် ပဂိုးကုန်းရွာတို့တွင်လည်း ပျက်စီးဆုံးရှုံးမှုများ ရှိကာ မင်းကျောင်းရွာ တစ်ရွာတည်းတွင်ပင် မျိုးစပါးတင်း ခုနစ်ရာနီးပါး ပျက်စီးခဲ့ကြောင်း ကောက်ခံရရှိထားသည့် စာရင်းများပေါ် မူတည်၍ မင်းကျောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ဆင်းကွတ်ဆည် ရေကာတာမှ ရှပ်တန်း ကျိုးကျခဲ့ခြင်းကြောင့် ရွှေဘိုမြို့နယ် အတွင်းရှိ ကျေးရွာသုံးရွာတွင် သြဂုတ်လ ၃၀ ရက်မှစ၍ ရေဝင်ရောက်မှုများ ရှိခဲ့ပြီး အိမ်ခြေပေါင်း လေးရာကျော် ရေဝင်ရောက်ခဲ့ပြီး လူဦးရေ နှစ်ထောင်ကျော်ခန့် ရေဘေးသင့်ခဲ့ကြောင်း ကယ်ဆယ်ရေး စခန်းများ၏ စာရင်းများအရ သိရသည်။

လက်ရှိ ရေဝင်ခဲ့သော ကျေးရွာများကို အနီးပတ်ဝန်းကျင် ကျေးရွာများနှင့် ရွှေဘိုမြို့ပေါ်ရှိ ပရဟိတအသင်းများမှ ထမင်းထုပ်များ ရေသန့်ဘူးများ လာရောက်ပို့ဆောင် လှူဒါန်းလျက် ရှိသည်။

The Voice Weekly
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အရှေ့မြောက်ဘက်ရှိ ဆင်းကွတ်ဆည် ရေကာတာသည် သြဂုတ်လ ၃၀ ရက်၊ နံနက်ပိုင်းက ကျိုးပျက်ခဲ့သဖြင့် ရွာသုံးရွာမှ မိုးစပါး စိုက်ပျိုးရန် ချန်ထားသော မျိုးစပါးတင်း တစ်ထောင် ခန့် ပျက်စီးခဲ့ကြောင်း အဆိုပါကျေးရွာမှ ဒေသခံများက ပြောကြားသည်။

သစ်ပင်အောက် မိုးခိုနေသော ကျောင်းသားနှစ်ဦး မိုးကြိုးပစ်၍ သေဆုံး

ရှမ်းပြည်နယ်၊ ရပ်စောက်မှ ကျောင်းသားငယ်ငါးဦး ကျောင်းအပြန်မိုးရွာသဖြင့် အရိပ် အောက်တွင် မိုးခိုနေ စဉ် မတ်တတ် ရပ်နေသော ကျောင်းသားနှစ်ဦး မိုးကြိုးထိမှန်၍ သေဆုံးခဲ့ကြောင်း  သတင်းရရှိသည်။

အလုပ်မှာ နောက်ကျမှ နေ့လည်စာစားရတဲ့အခါ လွယ်ကူပြီး အာဟာရဖြစ်စေမယ့် အစားအစာ(၃)မျိုး

Photo: အလုပ်မှာ နောက်ကျမှ နေ့လည်စာစားရတဲ့အခါ လွယ်ကူပြီး အာဟာရဖြစ်စေမယ့် အစားအစာ(၃)မျိုး
Monday, Setember 1, 2014

ရုံးမှာ လုပ်စရာတွေကလည်းများ။ အစည်းအဝေးပွဲတွေကတစ်မျိုး၊ အပြီးသတ်လုပ်ဆောင်ရမယ့် အလုပ်တွေကလည်း ရှိနေတယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ စားကောင်းတဲ့ နေ့လည်စာကို မြန်မြန်စားပြီး အလုပ်ဆက်လုပ်ဖို့ စိတ်ဆန္ဒတွေ ဖြစ်မိနေပါလိမ့်မယ်။ လွယ်ကူပေမယ့် နေ့လည်စာအတွက် အာဟာရပြည့်ဝတဲ့အစားအစာတော့ ဖြစ်ဖို့ လိုပါလိမ့်မယ်။ ဘယ်လိုနေ့လည်စာမျိုးတွေက သင့်အတွက် အဆင်ပြေစေနိုင်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ အသားညှပ်ပေါင်မုန့်
အိမ်ကအလွယ်တကူ ထည့်ယူလာတဲ့ ပေါင်မုန့်ကို ကိုယ့်စိတ်ကြိုက် ကြက်ဥချောင်း၊ ကြက်ဥစတာတွေနဲ့ တွဲစားလိုက်ရုံပေါ့။ ဒါမှမဟုတ်လည်း အသားညှပ်ပေါင်မုန့်သပ်သပ် ၀ယ်စားရင်လည်း ကရိကထနည်းပြီး အရသာရှိတဲ့ နေ့လည်စာကို စားရမှာပါ။

၂။အသင့်စား ငါးသေတ္တာဟင်း
နောက်ထပ် အလွယ်တကူ သယ်ယူပြီး အချိန်ပေးစရာမလိုတဲ့ ဟင်းကတော့ ငါးသေတ္တာဟင်းပါ။ ငါးအစားအခြား ကြက်သားကို စည်သွပ်ဗူးနဲ့ ထည့်ထားတာမျိးတွေလည်းရှိပါတယ်။ ဒီတော့ ကိုယ့်စိတ်ကြိုက် ပေါင်မုန့်၊ ထမင်းဖြူစတာတွေနဲ့ တွဲဖက်စားလိုက်ရင်ကို အဆင်ပြေနေပါပြီ။

၃။အသီးအနှံနဲ့ အရွက်သုပ်
အရွက်စုံသုတ်တွေ၊ ခရမ်းချဉ်သီးသုပ် စတဲ့ အသုပ်မျိုးတွေကို စားသုံးပေးခြင်းဟာ သင့်အတွက် ကျန်းမာစေသလို အဆီလည်းကျစေပါတယ်။ ဒါ့အပြင် အသီးအနှံတွေကိုစားပေးရင်း ဗိုက်မတင်းဘူးဆိုရင် အဆီလွတ် ဒိန်ချဉ်၊ တစ်ခြား ထောပတ်သီးစတာတွေနဲ့ တွဲသုံးဆောင်ပေးနိုင်ပါတယ်။ နေ့ခင်းနေ့လည် ဒီအတိုင်း စားပေးမယ်ဆိုရင် ဒါဟာ အချိန်ကုန်သက်သာစေသလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတယ်ဆိုတာ မယုံမရှိပါနဲ့။

Ref:womenshealthmag.com
Trend Myanmar
ရုံးမှာ လုပ်စရာတွေကလည်းများ။ အစည်းအဝေးပွဲတွေကတစ်မျိုး၊ အပြီးသတ်လုပ်ဆောင်ရမယ့် အလုပ်တွေ ကလည်း ရှိနေတယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ စားကောင်းတဲ့ နေ့လည်စာကို မြန်မြန်စားပြီး အလုပ် ဆက်လုပ်ဖို့ စိတ်ဆန္ဒတွေ ဖြစ်မိနေပါလိမ့်မယ်။ လွယ်ကူပေမယ့် နေ့လည်စာအတွက် အာဟာရပြည့်ဝတဲ့ အစားအစာတော့ ဖြစ်ဖို့ လိုပါလိမ့်မယ်။ ဘယ်လိုနေ့လည်စာမျိုးတွေက သင့်အတွက် အဆင်ပြေစေနိုင် သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

အိမ်အကူလုပ်သားပြည်ပစေလွှတ်မှု ပြန်လည်ခွင့်ပြုရန်မရှိသေးဟု ၀န်ကြီးပြော

Photo: အိမ်အကူလုပ်သားပြည်ပစေလွှတ်မှု ပြန်လည်ခွင့်ပြုရန်မရှိသေးဟု ၀န်ကြီးပြော
Monday, September 1, 2014

ပြည်ပသို့ မြန်မာအိမ် အကူအမျိုးသမီးအလုပ်သမားစေ လွှတ်မှုပြန်လည်ခွင့်ပြုရန် အစီအ စဉ်မရှိသေးကြောင်း အလုပ်သ မား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအေးမြင့်က ပြောသည်။

ပြီးခဲ့သည့် မေလပိုင်းမှစ၍ စင်ကာပူနိုင်ငံတွင် မြန်မာအိမ်အ ကူလုပ်သားပြဿနာများဖြစ်ပေါ် ခဲ့ပြီးနောက် ပြည်ပသို့ မြန်မာအိမ် အကူတရားဝင်စေလွှတ်မှုကို ခေ တ္တရပ်ဆိုင်းခဲ့သည်။ ယခင်ကနှစ် နိုင်ငံသဘောတူစာချုပ် (MOU) လက်မှတ်ရေးထိုးထားခြင်းမရှိ သော်လည်း ယခုအခါ နှစ်နိုင်ငံ အေဂျင်စီအသင်းချုပ်ချင်း သဘောတူ စာချုပ်လက်မှတ်ရေးထိုးနိုင်ရန် မြန်မာဘက်က ညှိနှိုင်းဆွေးနွေး လျက်ရှိသည်။

‘‘အိမ်အကူလုပ်သားလွှတ်ဖို့ သိပ်စိတ်မ၀င်စားဘူး။ နောက် ထပ်လည်း လွှတ်ဖို့ကမရှိဘူး။ အ ရင်က ဒီအတိုင်းသွားနေတာ။ နောက်ဆိုရင် အေဂျင်စီအဖွဲ့ချုပ် အချင်းချင်း စာချုပ်စာတမ်းထိုးပြီး မှပဲ စဉ်းစားမယ်။ အခုလောလော ဆယ်တော့ အိမ်အကူအလုပ်သ မားတွေလွှတ်ဖို့ လုံးဝမစဉ်းစား ဘူး။ ဘယ်နိုင်ငံမှ မလွှတ်ဘူး’’ဟု ဦးအေးမြင့်က ပြောသည်။

ထို့အပြင် စင်ကာပူသို့ မြန် မာအိမ်အကူလုပ်သားစေလွှတ်မှု နှင့်ပတ်သက်ပြီး ပထမဆုံးချုပ်ဆို မည့် MOU စာချုပ်တွင် လုပ်သား အခွင့်အရေးပိုင်းနှင့် ပတ်သက်ပြီး အကြံပြုတင်ပြနိုင်ရန် စင်ကာပူ နိုင်ငံအခြေစိုက် HOME အဖွဲ့က ရန်ကုန်မြို့ရှိ လုပ်သားအဖွဲ့အ  စည်းများနှင့် ၈၈ မျိုးဆက်အဖွဲ့အ စည်းတို့ဖြင့် လာရောက်ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ထို့ နောက် အကြံပြုချက်အချက်(၁၂) ချက်ထွက်ရှိခဲ့ပြီး နှစ်နိုင်ငံအစိုးရ ထံသို့တင်ပြသွားမည် ဖြစ်သည်။

နှစ်နိုင်ငံဘာသာစကားဖြင့် ချုပ်ရန်၊ အိမ်ရှင်မှ သင့်တင့်သော အစားအစာကျွေးရန်၊ အခြေခံကျ ကျလုပ်ငန်းခွင် အကြိုသင်တန်း ပေးရန်၊ အလုပ်ခန့်ထားမှုသဘော တူစာချုပ်တွင် ခွင့်ရက်အပြည့် အ၀ပေးရန်၊ ဖုန်းအသုံးပြုခွင့် လွတ်လပ်စွာပေးရန်၊ ပိတ်ရက် တွင် မည်သည့်အလုပ်မခိုင်းစေ ရန်၊ အလုပ်ဆက်လက်မလုပ်ကိုင်လိုပါက အလုပ်ရှင်၊ အလုပ်သမားမှ တစ်လကြိုတင်အသိပေးရန်နှင့် မြန်မာအစိုးရဘက်မှ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုသည့် စမတ် ကတ်ပါမှ စင်ကာပူအစိုးရဘက်မှ လုပ်ကိုင်ခွင့်ပြုရန်စသည့် အချက် များပါဝင်ဆွေးနွေးခဲ့သည်။

‘‘အခု ဆွေးနွေးချက်တွေကို မြန်မာအစိုးရဘက်ရော စင်ကာ ပူအစိုးရဘက်ကရော ဒီအခက်အခဲတွေ တင်ပြမယ်။ MOU မထိုးခင် ဒီအချက်တွေ ထည့်သွင်းဖို့။ မပါခဲ့ရင်လည်း နောက်တစ်ကြိမ်မှာပါဖို့အတွက် တိုက်တွန်းသွားမယ်’’ဟု HOME အဖွဲ့ ဒါရိုက်တာ ဦးသိန်းသန်းဝင်းက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှစ၍ ယခုနှစ် ဇူလိုင်အထိ စင်ကာပူနိုင်ငံရှိ နိုင်ငံခြားသား အိမ်အကူလုပ်သားများထံ ဒေတာ စာရင်းကောက်ခံမှုများ လကြာ ကောက်ယူခဲ့သည်။ အဆိုပါ ကောက်ခံမှုတွင် အိမ်အကူလုပ် သား ၇၆၀ ကျော်ကောက်ယူခဲ့ သည့်အနက် မြန်မာအိမ်အကူ လုပ်သား ၁၀၄ ဦးသာကောက်ယူ ရရှိခဲ့သည်။ ယင်းကောက်ယူမှုကို စင်ကာပူနိုင်ငံ ပနီဆူလာပလာဇာ နှင့် HOME သင်တန်းကျောင်းတို့ တွင် စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါစစ်တမ်းကောက်ယူ မှုတွင် မြန်မာအိမ်အကူလုပ်သား များမှာ ပညာအရည်အချင်းအား ဖြင့် အခြားနိုင်ငံခြားသားအိမ်အ ကူ လုပ်သားများနှင့် နှိုင်းယှဉ်ပါ က ပညာအရေးနိမ့်မှုမရှိသော် လည်း ဘာသာစကားကျွမ်းကျင် အားနည်းမှုတို့ရှိကြောင်း တွေ့ရ သည်။ ထို့အပြင် မြန်မာအိမ်အကူ လုပ်သားများသည် အခြားနိုင်ငံ ခြားသားအိမ်အကူလုပ်သားများ ထက် လုပ်ခလစာလျော့နည်းစွာ ရရှိကြပြီး အလုပ်နားရက်ရရှိမှုကို နှိုင်းယှဉ်ပါက တစ်လလျှင် တစ် ပတ်နားရက်ရရှိမှုနည်းကြောင်း တွေ့ရသည်။ လက်ရှိသွားရောက် လုပ်ကိုင်သူများသည် အိမ်ရှင်နှစ် ဦးထံ လုပ်ကိုင်ရသူများပြီး ၅၄ ရာခိုင်နှုန်းခန့်သာ အဆင်ပြေပြေ စားသောက်ရကြောင်း လေ့လာ တွေ့ရှိခဲ့သည်။

7Day DAILY 

သြဂုတ် ၃၀ ရက်တွင်ပြုလုပ်ခဲ့သည့် သင်တန်းဖွင့်ပွဲ၌ ၀န်ကြီးဦးအေးမြင့် စကားပြောကြားစဉ်(ဓာတ်ပုံ − အေးမြတ်သူ)
သြဂုတ် ၃၀ ရက်တွင်ပြုလုပ်ခဲ့သည့် သင်တန်းဖွင့်ပွဲ၌ ၀န်ကြီးဦးအေးမြင့် စကားပြောကြားစဉ်
ပြည်ပသို့ မြန်မာအိမ် အကူအမျိုးသမီးအလုပ်သမားစေ လွှတ်မှုပြန်လည်ခွင့်ပြုရန် အစီအစဉ် မရှိသေးကြော င်းအလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်က ပြော သည်။

နိုင်ငံတော်သမ္မတ ပြောကြားသည့် ရေဒီယိုမိန့်ခွန်း

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများ ထံ ရေဒီယိုမှ တစ်ဆင့် အသိပေးပြော ကြား နေကျဖြစ်တဲ့အတိုင်း ဩဂုတ်လ အတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများ ကို ပြောကြား ရခြင်းဖြစ် ပါတယ်။

ဓမ္မစေတီခေါင်းလောင်း ရှာဖွေဆယ်ယူရာသို့ လာရောက်ကြည့်ရှုသူ ဦးရေ လျော့ကျ သွားဟုဆို

Photo: ဓမ္မစေတီခေါင်းလောင်း ရှာဖွေဆယ်ယူရာသို့ လာရောက်ကြည့်ရှုသူ ဦးရေ လျော့ကျ သွားဟုဆို
Monday, September 1, 2014

ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေဆယ်ယူမှုကို စိတ်ဝင်စားစွာဖြင့် နေ့စဉ်ရက်ဆက် လာရောက်ကြည့်ရှုကြသူများ ရှိသကဲ့ သို့ ယခုအခါ ထူးခြားမှုတစ်စုံတစ်ရာ မရှိသေးသည့်အတွက် စိတ်ဝင်စားမှု လျော့ကျကာ လာရောက်ကြည့်ရှုသူ လူဦးရေ လျော့ကျသွားကြောင်း သိရ သည်။

ယခင်အပတ် တနင်္ဂနွေနေ့က ဆိုလျှင် လာရောက်ကြည့်ရှုသူဦးရေ သုံးရာခန့်ရှိခဲ့ပြီး ပြည်သူလူထု၏ စိတ် ဝင်စားမှု အမြင့်မားဆုံးအခြေအနေ သို့ ရောက်ရှိခဲ့သော်လည်း ယခု သြ ဂုတ် ၃၁ရက် တနင်္ဂနွေနေ့တွင် ခေါင်း လောင်း ရှာဖွေဆယ်ယူသည့် ၂၃ရက် မြောက်နေ့၌ လာရောက်ကြည့်ရှုသူ မှာ အတော်လျော့ကျသွားကာ လူဦး ရေ ၈ဝခန့်ရှိကြောင်း သိရသည်။

''လာတာကတော့ နေ့တိုင်းပဲ။ လှိုင်မြို့နယ် ကျောင်းကွေ့က လာတာ။ စာစောင်တွေကလဲ ရေးနေကြတာပဲ။ ထူးခြားတာတော့ မကြားသေးဘူး။ နေ့တိုင်းတော့ ရောက်ဖြစ်တယ်''ဟု လှိုင်မြို့နယ်မှ လာရောက်ကြည့်ရှု သူ ကိုမင်းမင်းက ပြောသည်။

ခေါင်းလောင်းဆယ်ယူမှုမှာ တွေ့ရှိပြီဆိုသည့်သတင်းထုတ်ပြန် ချက်တစ်ခုကိုသာ သိရှိထားပြီးလာ ရောက် ကြည့်ရှုသော်လည်း ထူးခြား မှုတစ်စုံတစ်ရာမရှိဘဲ သောင်တူးစက် တူးဖော်ခြင်းကိုသာ မြင်တွေ့ခဲ့ရ ကြောင်း ကုန်းပေါ်ရောက်ရှိမှသာ အဖြေပေါ်မည်ဖြစ်ကြောင်း စမ်း ချောင်းမြို့နယ်မှ လာရောက်ကြည့် ရှုသူ ဒေါ်ခင်ခင်ဝင်းက ပြောသည်။

မွန်ဓမ္မစေတီခေါင်းလောင်း တော် ဆယ်ယူရေးအထောက်အကူ ပြု ဆပ်ကော်မတီမှနေ့လယ် ၁၂နာရီ တွင် အေးရှားပွိုင့်ဘိုးလိန်းကမ်းနား တွင် လာရောက်ကြည့်ရှုသူများကို စတု ဒိသာ မုန့်များ ကျွေးမွေးခဲ့ကာ သောက် ရေသန့်ဘူးများကို လာရောက်လှူဒါန်း သူများရှိကြောင်းလည်း သိရသည်။

''မနက်ကကမ်းနားမှာ ဖာလူဒါ တိုက်ပါတယ်။ ဆုတောင်းပွဲမလုပ် ဖြစ်ဘူး''ဟုမွန်ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေး အထောက်အကူပြုအဖွဲ့ မှ ဒုတိယဥက္ကဋ္ဌ ဦးနိုင်မင်းအောင်က ပြောသည်။
သြဂုတ်လ ၃၁ရက်တွင် ခေါင်း လောင်းဆယ်ယူရေးအတွက် သောင် တူးခြင်းကို နံနက်၉နာရီတွင် စတင် လုပ်ကိုင်နေကြောင်း သမ္ဗန်သမား ကို ထက်အောင်လှိုင်က ပြောသည်။

''သောင်တူးစက်က မနက် ကတည်းက အလုပ်လုပ်တာ တွေ့ တယ်။ မွန်းလွဲ ၁နာရီခွဲလောက်မှာ သောင်တူးစက်ရပ်ပြီး ရေငုပ်သမ္ဗန် နဲ့ ရေငုပ်တာတွေ့တယ်'' ဟု ယင်းက ဆက်လက်ပြောသည်။

ရေငုပ်သမ္ဗန်၏ ဘေးပတ်လည် တွင် လုံခြုံရေးရဲတပ်ဖွဲ့ကလဲ သင်္ဘော ဖြင့်စောင့်ကြပ်ပေးနေကာသွားရောက် ကြည့်ရှုသူများကို လုပ်ငန်းလုပ် ကိုင်ရာ အနီးသို့မလာရန်သတိပေး ကြေညာခြင်းများကို လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

ခေါင်းလောင်းရှာဖွေမှုကိုကြည့် ရှုနိုင်သည့် အေးရှားပွိုင့်ဘိုးလိန်းဝင်း အတွင်း အစားအစာရောင်းချသူ များအပြင်၊ ကွမ်းယာရောင်းချသူများ ဆေးဝါးရောင်းချသူများရှိကြောင်း သိရသည်။

''ကျွန်တော်ကတော့ အောင်မြင် မယ်လို့ယုံကြည်တယ်။ အနားကိုသွား ကြည့်တာတော့ သဲစုပ်နေတာကို တွေ့ ခဲ့တယ်။ အောင်မြင်မယ်ဆိုရင်တော့ သာသနာအတွက် မှတ်ကျောက်တစ်ခု ပဲ။ ဦးစံလင်းတို့လုပ်တာမှန်တယ်လို့ ထင်တယ်''ဟု လှိုင်မြို့နယ်မှ လာ ရောက်ကြည့်ရှုသူ ကိုသန့်ဇင်က ပြော သည်။

ခေါင်းလောင်းတော် ဆယ်ယူ ခြင်းအတွက် အမျိုးမျိုးသော ဝေဖန်မှု များရှိသော်လည်း မေတ္တာတရားဖြင့် ခေတ္တစောင့်ကြည့်ပေးစေလိုကြောင်း ပြန်ကြားရေးအဖွဲ့မှ ဦးကြည်ဝင်းက သြဂုတ် ၃ဝရက်က ပြောသည်။

MTZ
Yangon Media Group
ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေဆယ်ယူမှုကို စိတ်ဝင်စားစွာဖြင့် နေ့စဉ်ရက်ဆက် လာရောက်ကြည့်ရှုကြသူ များ ရှိသကဲ့သို့ ယခုအခါ ထူးခြားမှုတစ်စုံတစ်ရာ မရှိသေးသည့်အတွက် စိတ်ဝင်စားမှု လျော့ကျကာ လာရောက်ကြည့်ရှုသူ လူဦးရေ လျော့ကျသွားကြောင်း သိရ သည်။

သာကေတ၌ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ရိုက်နှက်မှု တွင် သေနတ်ပစ်ဖောက်ခဲ့ခြင်း မရှိဟု ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်

သာကေတမြို့နယ်၌ ဖြစ် ပွားခဲ့သော အုပ်စုဖွဲ့ရိုက်နှက်မှုတွင် သေနတ်ပစ် ဖောက်ခဲ့ခြင်းမရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရ သိရသည်။

လာမည့်ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရရေး ဆောင်ရွက် မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Photo: လာမည့်ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရရေး ဆောင်ရွက် မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Monday, September 1, 2014

လာမည့်ရွေး ကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မြို့နယ်အလိုက် လွှတ် တော်ကိုယ်စားလှယ်ရရှိရေး ဆောင်ရွက် သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၃ဝ ရက်တွင် ကော့မှူးမြို့နယ် ဒေ သခံများနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

''ကျွန်မတို့အနေနဲ့ လာမယ့် ရွေးကောက်ပွဲတိုင်းမှာ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်အနေနဲ့ မြို့နယ်တိုင်းမှာ လွှတ် တော်ကိုယ်စားလှယ်ရရှိရေး ဆောင်ရွက် မယ်။ အဲဒီလို လွှတ်တော်ကိုယ်စားလှယ် တွေရှိမှ တောင်သူတွေရဲ့ အခက်အခဲကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်မှာပါ။ လူထုအနေနဲ့လဲ လာမယ့်ရွေးကောက်ပွဲ တိုင်းမှာ ကျွန်မတို့ပါတီကို မဲပေးကြပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ယင်းတွေ့ ဆုံပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါတောင်သူများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲတွင် ဒေသခံ တောင်သူ ၂ဝဝ ခန့် တက်ရောက် ၍ ၄င်းတို့၏ အခက်အခဲများကို တင်ပြခဲ့ သည်။ တောင်သူများသည် မိမိတို့အနေ ဖြင့် ဘိုးဘွားပိုင် လယ်ယာမြေများကို တန် ဖိုးထားသော်လည်း လက်ရှိအချိန် စိုက် ပျိုးစရိတ် အခက်အခဲများ ရှိနေသည့်အ တွက်ကြောင့် လယ်ယာမြေများ ကို ပေါင် နှံ၊ ရောင်းချခြင်းများ ပြုလုပ်နေရကြောင်း အဆိုပါတွေ့ ဆုံပွဲတွင် ဒေါ်အောင်ဆန်းစု ကြည်ကို တင်ပြခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က ''မိမိ ပိုင် လယ်ယာမြေတွေကို တောင်သူတွေ အနေနဲ့ မရောင်းချကြပါနဲ့။ တောင်သူတွေ ရဲ့ လယ်ယာမြေစိုက်ပျိုးရေးမှာ စိုက်ပျိုး စရိတ်၊ စက်ကိရိယာတွေ အခက်အခဲရှိ တယ်ဆိုရင် ကျွန်မတို့အဖွဲ့ကို လာတိုင်ပင် ပါ။ အခု ကျွန်မအနေဖြင့် တောင်သူတွေ ကို လောက်ငတဲ့ စိုက်ပျိုးစရိတ်ရရှိဖို့ရယ် လယ်ယာသုံး စက်ကိရိယာတွေ တောင် သူတွေကိုချပေးနိုင်ဖို့ ဆောင်ရွက်နေပါ တယ်''ဟု ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက် ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာကို ဝင်ရောက်ယှဉ်ပြိုင်ရာ ၄၃ နေရာအနိုင် ရရှိခဲ့သော ပါတီတစ်ခုလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ၍ ရွေးကောက်ပွဲများတွင် မိမိတို့ ကိုယ်စားလှယ်များ မဲအနိုင်ရရှိရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လူထုအ နေဖြင့် မိမိတို့ပါတီကို မဲပေးကြရန် ကော့ မှူးဒေသခံ တောင်သူများကို ပြောကြား သွားခဲ့သည်။

Yangaon Media Group
လာမည့်ရွေး ကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မြို့နယ်အလိုက် လွှတ် တော် ကိုယ် စားလှယ် ရရှိရေး ဆောင်ရွက် သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က သြဂုတ် ၃ဝ ရက်တွင် ကော့မှူးမြို့နယ် ဒေ သခံများနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

ဓမ္မစေတီခေါင်းလောင်း ရှာဖွေဆယ်ယူရာသို့ လာရောက်ကြည့်ရှုသူ ဦးရေ လျော့ကျသွားဟုဆို

Photo: ဓမ္မစေတီခေါင်းလောင်း ရှာဖွေဆယ်ယူရာသို့ လာရောက်ကြည့်ရှုသူ ဦးရေ လျော့ကျသွားဟုဆို
Monday, September 1, 2014

ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေဆယ်ယူမှုကို စိတ်ဝင်စားစွာဖြင့် နေ့စဉ်ရက်ဆက် လာရောက်ကြည့်ရှုကြသူများ ရှိသကဲ့ သို့ ယခုအခါ ထူးခြားမှုတစ်စုံတစ်ရာ မရှိသေးသည့်အတွက် စိတ်ဝင်စားမှု လျော့ကျကာ လာရောက်ကြည့်ရှုသူ လူဦးရေ လျော့ကျသွားကြောင်း သိရ သည်။

ယခင်အပတ် တနင်္ဂနွေနေ့က ဆိုလျှင် လာရောက်ကြည့်ရှုသူဦးရေ သုံးရာခန့်ရှိခဲ့ပြီး ပြည်သူလူထု၏ စိတ် ဝင်စားမှု အမြင့်မားဆုံးအခြေအနေ သို့ ရောက်ရှိခဲ့သော်လည်း ယခု သြ ဂုတ် ၃၁ရက် တနင်္ဂနွေနေ့တွင် ခေါင်း လောင်း ရှာဖွေဆယ်ယူသည့် ၂၃ရက် မြောက်နေ့၌ လာရောက်ကြည့်ရှုသူ မှာ အတော်လျော့ကျသွားကာ လူဦး ရေ ၈ဝခန့်ရှိကြောင်း သိရသည်။

''လာတာကတော့ နေ့တိုင်းပဲ။ လှိုင်မြို့နယ် ကျောင်းကွေ့က လာတာ။ စာစောင်တွေကလဲ ရေးနေကြတာပဲ။ ထူးခြားတာတော့ မကြားသေးဘူး။ နေ့တိုင်းတော့ ရောက်ဖြစ်တယ်''ဟု လှိုင်မြို့နယ်မှ လာရောက်ကြည့်ရှု သူ ကိုမင်းမင်းက ပြောသည်။

ခေါင်းလောင်းဆယ်ယူမှုမှာ တွေ့ရှိပြီဆိုသည့်သတင်းထုတ်ပြန် ချက်တစ်ခုကိုသာ သိရှိထားပြီးလာ ရောက် ကြည့်ရှုသော်လည်း ထူးခြား မှုတစ်စုံတစ်ရာမရှိဘဲ သောင်တူးစက် တူးဖော်ခြင်းကိုသာ မြင်တွေ့ခဲ့ရ ကြောင်း ကုန်းပေါ်ရောက်ရှိမှသာ အဖြေပေါ်မည်ဖြစ်ကြောင်း စမ်း ချောင်းမြို့နယ်မှ လာရောက်ကြည့် ရှုသူ ဒေါ်ခင်ခင်ဝင်းက ပြောသည်။

မွန်ဓမ္မစေတီခေါင်းလောင်း တော် ဆယ်ယူရေးအထောက်အကူ ပြု ဆပ်ကော်မတီမှနေ့လယ် ၁၂နာရီ တွင် အေးရှားပွိုင့်ဘိုးလိန်းကမ်းနား တွင် လာရောက်ကြည့်ရှုသူများကို စတု ဒိသာ မုန့်များ ကျွေးမွေးခဲ့ကာ သောက် ရေသန့်ဘူးများကို လာရောက်လှူဒါန်း သူများရှိကြောင်းလည်း သိရသည်။

''မနက်ကကမ်းနားမှာ ဖာလူဒါ တိုက်ပါတယ်။ ဆုတောင်းပွဲမလုပ် ဖြစ်ဘူး''ဟုမွန်ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေး အထောက်အကူပြုအဖွဲ့ မှ ဒုတိယဥက္ကဋ္ဌ ဦးနိုင်မင်းအောင်က ပြောသည်။
သြဂုတ်လ ၃၁ရက်တွင် ခေါင်း လောင်းဆယ်ယူရေးအတွက် သောင် တူးခြင်းကို နံနက်၉နာရီတွင် စတင် လုပ်ကိုင်နေကြောင်း သမ္ဗန်သမား ကို ထက်အောင်လှိုင်က ပြောသည်။

''သောင်တူးစက်က မနက် ကတည်းက အလုပ်လုပ်တာ တွေ့ တယ်။ မွန်းလွဲ ၁နာရီခွဲလောက်မှာ သောင်တူးစက်ရပ်ပြီး ရေငုပ်သမ္ဗန် နဲ့ ရေငုပ်တာတွေ့တယ်'' ဟု ယင်းက ဆက်လက်ပြောသည်။

ရေငုပ်သမ္ဗန်၏ ဘေးပတ်လည် တွင် လုံခြုံရေးရဲတပ်ဖွဲ့ကလဲ သင်္ဘော ဖြင့်စောင့်ကြပ်ပေးနေကာသွားရောက် ကြည့်ရှုသူများကို လုပ်ငန်းလုပ် ကိုင်ရာ အနီးသို့မလာရန်သတိပေး ကြေညာခြင်းများကို လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

ခေါင်းလောင်းရှာဖွေမှုကိုကြည့် ရှုနိုင်သည့် အေးရှားပွိုင့်ဘိုးလိန်းဝင်း အတွင်း အစားအစာရောင်းချသူ များအပြင်၊ ကွမ်းယာရောင်းချသူများ ဆေးဝါးရောင်းချသူများရှိကြောင်း သိရသည်။

''ကျွန်တော်ကတော့ အောင်မြင် မယ်လို့ယုံကြည်တယ်။ အနားကိုသွား ကြည့်တာတော့ သဲစုပ်နေတာကို တွေ့ ခဲ့တယ်။ အောင်မြင်မယ်ဆိုရင်တော့ သာသနာအတွက် မှတ်ကျောက်တစ်ခု ပဲ။ ဦးစံလင်းတို့လုပ်တာမှန်တယ်လို့ ထင်တယ်''ဟု လှိုင်မြို့နယ်မှ လာ ရောက်ကြည့်ရှုသူ ကိုသန့်ဇင်က ပြော သည်။

ခေါင်းလောင်းတော် ဆယ်ယူ ခြင်းအတွက် အမျိုးမျိုးသော ဝေဖန်မှု များရှိသော်လည်း မေတ္တာတရားဖြင့် ခေတ္တစောင့်ကြည့်ပေးစေလိုကြောင်း ပြန်ကြားရေးအဖွဲ့မှ ဦးကြည်ဝင်းက သြဂုတ် ၃ဝရက်က ပြောသည်။

MTZ
Yangon Media Group
ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေဆယ်ယူမှုကို စိတ်ဝင်စားစွာဖြင့် နေ့စဉ်ရက်ဆက် လာရောက်ကြည့် ရှုကြသူများ ရှိသကဲ့ သို့ ယခုအခါ ထူးခြားမှုတစ်စုံတစ်ရာ မရှိသေးသည့်အတွက် စိတ်ဝင်စားမှု လျော့ကျကာ လာရောက်ကြည့်ရှုသူ လူဦးရေ လျော့ကျသွားကြောင်း သိရ သည်။

အခြေခံပညာဦးစီးဌာန အားလုံး ဖွဲ့စည်းပုံစနစ် ပြောင်းလဲမည်

Photo: အခြေခံပညာဦးစီးဌာန အားလုံး ဖွဲ့စည်းပုံစနစ် ပြောင်းလဲမည်
Monday, September 1, 2014

ပညာရေး ဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာဦးစီးဌာန အားလုံးကို ဖွဲ့စည်းပုံစနစ် ပြောင်းလဲရန် ဆွေးနွေးပွဲများ စတင်နေပြီး ဝန်ကြီးဌာန အတည်ပြုပြီးပါက တရားဝင် ကြေညာမည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က The Voice သို့ ပြောကြားသည်။

လက်ရှိ အခြေခံပညာကျောင်းများကို မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့် ပညာရေးမှူးရုံးက အဆင့်ဆင့်ကွပ်ကဲပြီး တိုင်းပညာရေးမှူး ရုံးများကို အခြေခံပညာဦးစီးဌာနက ကြီးကြပ်ကွပ်ကဲလျက် ရှိကြောင်း၊ ပြောင်းလဲရန် စီစဉ်နေသော ဖွဲ့စည်းပုံစနစ်သည် အခြေခံပညာ ဦးစီးဌာနများကိုသာ ဦးတည်ကြောင်း ၎င်းက ရှင်းပြသည်။

ပညာရေး ဝန်ကြီးဌာနက ဦးစီးဌာန အားလုံးကို ပြောင်းလဲရန် စီမံချက်အရ ရေးဆွဲခြင်း ဖြစ်ပြီး ဖွဲ့စည်းပုံ စနစ်သစ်နှင့် ပတ်သက်၍ အသေးစိတ် မထုတ်ပြန်နိုင်သေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဖွဲ့စည်းပုံက ဆွဲနေတုန်းပဲ ရှိသေးတယ်။ အခြေအနေ အတိအကျ ဖြစ်လာရင် အားလုံး ဖြေပေးပါမယ်” ဟု ဦးမင်းဇော်က The Voice သို့ ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးမှအပ အခြေခံပညာ ဦးစီးဌာနများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူး ရုံးကို စီမံကွပ်ကဲ၍ ရန်ကုန်တိုင်းအတွက် အမှတ် (၃) အခြေခံပညာ ဦးစီးဌာနကသာ တိုက်ရိုက်အုပ်ချုပ်ကြောင်း၊ ယင်းကြောင့် အမှတ် (၃) အခြေခံပညာဦးစီးဌာန အုပ်ချုပ်ရေးပုံစံကို ပြင်ဆင်ပြောင်းလဲရန် သိရကြောင်း မူလတန်း ကျောင်းအုပ်ဆရာတစ်ဦးက The Voice သို့ ပြောဆိုသည်။

အခြေခံပညာရေး ဦးစီးဌာနများ ပြုပြင်ခြင်းကို ပညာရေး ဝန်ကြီးဌာနက ဦးဆောင် စတင်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြီးသော အမျိုးသားပညာရေး ဥပဒေတွင်လည်း အခြေခံပညာအဆင့် ကျောင်းများ၏ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနကို လုပ်ကိုင်ခွင့် ပြုထားသည်။

လက်ရှိတွင် ပညာရေး ဝန်ကြီးဌာနက အောက်မြန်မာပြည် အခြေခံပညာ ကျောင်းများအတွက် အမှတ် (၁) အခြေခံပညာဦးစီးဌာန၊ အထက်မြန်မာပြည် ကျောင်းများအတွက် အမှတ် (၂) အခြေခံပညာဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အတွက် အမှတ် (၃) အခြေခံပညာ ဦးစီးဌာန ဟူ၍ စီမံကွပ်ကဲလျက် ရှိသည်။

The Voice Weekly
ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာဦးစီးဌာန အားလုံးကို ဖွဲ့စည်းပုံစနစ် ပြောင်းလဲ ရန် ဆွေးနွေး ပွဲများ စတင်နေပြီး ဝန်ကြီးဌာန အတည်ပြုပြီးပါက တရားဝင် ကြေညာမည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က The Voice သို့ ပြောကြားသည်။

UNFC နှင့် ပြည်တွင်းအင်အားစုများ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းမည်

Photo: UNFC နှင့် ပြည်တွင်းအင်အားစုများ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းမည်
Monday, September 1, 2014

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ပြည်တွင်း ဒီမိုကရေစီအင်အားစုအဖွဲ့အစည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပြန်အလှန်ဆက်စပ်မှု ရှိ/မရှိ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးမှုအပြီး သြဂုတ် ၃၀ ရက်တွင် ကြေညာချက်ထုတ် ပြန်လိုက်သည်။

ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်ရေးနှင့် ဒီမိုကရက်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် မိမိတို့ အင်အားစုများအကြား အပြန်အလှန်ဆက်စပ်မှု ရှိ၊ မရှိ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဆုံးဖြတ်ချက်အနေနဲ့ လွန်ခဲ့တဲ့ ဇူလိုင် ၃ ရက်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ထားတယ်။ အဲဒါကို ထပ်မံ အတည်ပြုဆုံးဖြတ်တယ်။ ဒီလုပ်ငန်းစဉ်တွေကို လူထုပိုမိုပါဝင် နားလည်မှုရှိအောင် ထပ်မံပြီး ဒီလိုတွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်သွားဖို့ အဆင်ပြေတဲ့နေရာ ဆက်လုပ်သွားဖို့ ချမှတ်ထားတယ်”ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၃ ရက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ UNFC နှင့် ပြည်တွင်းဒီမိုကရေစီအင်အားစုများ တွေ့ဆုံဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရာ နိုင်ငံရေးဆွေးနွေးမှုအတွက် တိကျသည့် အာမခံချက်ရှိရန်၊ ပင်လုံစိတ်ဓာတ်ကို အခြေခံသော ပြည်ထောင်စုညီလာခံကြီးတစ်ရပ် ကျင်းပရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်အတူ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြည်သူလူထုပါဝင်မှုကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားရန်တို့ အပါအ၀င်အချက် ငါးချက် သဘောတူချမှတ်ခဲ့ခြင်းဖြစ်သည်။

“ဆွေးနွေးပွဲက အားရတယ်။ ကနေ့ တစ်ဆို့နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ပြည်တွင်းမှာ လွှတ်တော်ထဲကနေ ပြင်ဆင်တဲ့နည်းက သိပ်လက်တွေ့မကျဘူး။ အကောင်အထည်ဖော်မှု မလွယ်ဘူး။ အဲဒါကြောင့် အစိုးရနဲ့ တိုင်းရင်းသားတွေ တွေ့ဆုံဆွေးနွေးမှုကနေ နိုင်ငံရေးအပြောင်းအလဲကိုဖြစ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံကို ဆွေးနွေးရင်းနဲ့ပြင်သွားဖို့ တိုင်းရင်းသားအားလုံး လက်ခံနိုင်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းတိုးတက်တဲ့ နိုင်ငံကို အကောင်အထည်ဖော်နိုင်မယ်ဆိုတာကို အားလုံးရှုမြင်ကြတယ်”ဟု နိုင်ဟံသာက ပြောသည်။

ထို့ပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးပေါ်ပေါက်လာရေး ပူးပေါင်းကြိုးပမ်းသွားရန်၊ သုံးပွင့်ဆိုင်ပါဝင နိုင်ရေး ထိုက်သင့်သည့် ပုဂ်္ဂိုလ်များပါဝင်နိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်လာရန်၊ အနာဂတ်တွင် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးတို့အတွက် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ကြိုးပမ်းသွားရန် မှတ်တမ်းအဖြစ် သဘောတူချမှတ်ထားသည်ဟုလည်း နိုင်ဟံသာက ပြောသည်။

ယခုဆွေးနွေးမှုတွင် ပြီးခဲ့သည် ဇူလိုင်လအတွင်း UNFC နှင့် ပြည်တွင်း ဒီမိုကရက်တစ်အင်အားစုများ တွေ့ဆုံဆွေးနွေးမှု ဆုံးဖြတ်ချက်များကို ထပ်မံအတည်ပြုခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးနှင့် ပြည်တွင်း နိုင်ငံရေးအခြေအနေနှင့် လက်တွေ့ဆောင်ရွက်ရမည့် အလားအလာများ ဆွေးနွေးနိုင်ခဲ့သဖြင့် များစွာ အကျိုးရှိသည်ဟု ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီမှ ဦးကိုကိုကြီးက ပြောသည်။

“ဆုံးဖြတ်ချက်ဆိုတာထက်ကို အမြင်သဘောထားတွေ ဖလှယ်နိုင်ခဲ့တယ်။ ဒီမိုကရက်တစ် ပြည်ထောင်စု တည်ထောင်ရေးဆိုတဲ့ ကိစ္စက ဒါက အရေးပါတဲ့ မဟာဗျူဟာမြောက် ဦးတည်ချက်ပဲ”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ် ၂၉ရက်နှင့် ၃၀ရက်များတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် အင်အားစုအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကြီး ပေါ်ပေါက်ရေးအပါအ၀င် လက်ရှိနိုင်ငံရေးအခြေအနေများကို ဆွေးနွေး၍ အမြင်ဖလှယ်ခဲ့ကြခြင်းဖြစ်သည်။

Mizzima - News in Burmese 

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ပြည် တွင်း ဒီမိုကရေစီအင်အားစု အဖွဲ့အစည်း ငါးဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ် ၂၉ ရက်က တွေ့ဆုံဆွေးနွေးစဉ်
ဓါတ်ပုံ - ဖနိဒါ၊ မဇ္ဈိမ
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ပြည် တွင်း ဒီမိုကရေစီအင်အားစု အဖွဲ့အစည်း ငါးဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ် ၂၉ ရက်က တွေ့ဆုံဆွေးနွေးစဉ်
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ပြည်တွင်း ဒီမိုကရေစီအင်အားစု အဖွဲ့အစည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပြန်အလှန်ဆက်စပ်မှု ရှိ/မရှိ ပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးမှုအပြီး သြဂုတ် ၃၀ ရက်တွင် ကြေညာချက် ထုတ် ပြန်လိုက်သည်။

နိုင်ငံလူဦးရေအချိုးတွင် ပိုများလာသည့် အမျိုးသမီးတို့အတွက် မူဝါဒများ ချမှတ်ရန်လို

 
၂၀၁၄ ခုနှစ်၊ မတ်လ ၁၆ ရက်က အားကစားဝန်ကြီးဌာနနှင့် အမျိုးသမီးများအားဆေးဖြစ်သည့် Ferrovit တို့ ဦးဆောင်ကျင်းပသော အမျိုးသမီးများ လမ်းလျှောက်ပွဲတွင် ပါဝင်လမ်းလျှောက်ကြသည့် အမျိုးသမီးများ အင်းလျားကန်ပေါင်မှ ပြည်သူ့ဥယျာဉ်သို့ လမ်းလျှောက်နေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ (ရာမည)
မြန်မာနိုင်ငံတွင် အမျိုးသားများထက် အမျိုးသမီးဦးရေ ၁၈ သိန်းခန့် ပိုသည့်အတွက် အမျိုးသမီးများအား နည်း မျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW)အရ မူဝါဒနှင့် ဆုံးဖြတ်ချက် ချမှတ်သည့်နေရာတွင် အမျိုးသမီးများ မဖြစ်မနေပါဝင်နိုင်ရေး မူဝါဒချမှတ်ရန် လိုအပ်ပြီဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။

ကျပ်သန်း နှစ်သောင်းရှစ်ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးမှုမှ ဖမ်းမိသူများ၏ ပိုင်ဆိုင်မှုကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ စုံစမ်းမည်

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် သြဂုတ်လ ၂၉ ရက်နေ့က ဖမ်းဆီးရမိခဲ့သည့် ငွေကျပ် ၂၈ ဘီလီယံကျော် တန်ဖိုးရှိ (ကျပ်သန်း နှစ်သောင်းရှစ်ထောင်) မူးယစ်ဆေးဝါးများ၊ လက်နက်များနှင့်အတူ ဖမ်းမိသော အမျိုး သမီး၏ခင်ပွန်းမှာ ပြည်တွင်းကုမ္ပဏီတစ်ခု၏ လုပ်ငန်းရှင် ဖြစ်သောကြောင့် ၎င်းတို့၏ ပိုင်ဆိုင်မှု များကို မြန် မာနိုင်ငံ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

၁၅၀၀ တန် ဆင်းမ်ကတ် ခုနစ်သိန်းကျော် ယနေ့ စရောင်းမည်ဟု MPT ဆို

Photo: ၁၅၀၀ တန် ဆင်းမ်ကတ် ခုနစ်သိန်းကျော် ယနေ့ စရောင်းမည်ဟု MPT ဆို 
Monday, September 1, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က မြန်မာတစ်နိုင်ငံလုံးတွင် လွတ်လပ်စွာ စတင်ရောင်းချမည့် ၁၅၀၀ တန် WCDMA 3G ဆင်းမ်ကတ်များကို ပထမ အသုတ် အနေနှင့် ဆင်းမ်ကတ်ပေါင်း ခုနစ်သိန်းကျော်ကို ယနေ့ (စက်တင်ဘာလ ၁ ရက်) တွင် စတင်ရောင်းချမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (နေပြည်တော်) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဆင်းမ်ကတ် ၇ သိန်းကျော်ကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံးတွင် မဲဖောက်ပေးသည့် စနစ်အစား လွတ်လပ်စွာ ဝယ်ယူနိုင်သော စနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT က ကြေညာထားသည်။ 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၁၅၀၀ ကျပ်ဖြင့် ရောင်းချမည့် WCDMA 3G ဆင်းမ်ကတ်များကို အရောင်းကိုယ်စားလှယ် ယူထားသော Elite မိုဘိုင်းလ် အရောင်းဆိုင်၊ လူကြီးမင်း မိုဘိုင်းလ်၊ Best One၊ Any Call၊ KMD၊ ဆမ်ဆောင်း အရောင်းဆိုင်များ၊ ABC စတိုး အစရှိသော မိုဘိုင်းလ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်း အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ ဆင်းမ်ကတ်များကို မိမိနေထိုင်ရာ မြို့နယ်အလိုက် အရောင်း ကိုယ်စားလှယ် ဆိုင်များတွင် မှတ်ပုံတင်မူရင်း ပါရှိမှသာ ဝယ်ယူရရှိနိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

တန်ဖိုးနည်း ဆင်းမ်ကတ်များကို အကန့်အသတ်မရှိ ရောင်းချနိုင်သော်လည်း ကွန်ရက်များကို တိုးချဲ့ရာတွင် အခက်အခဲများ ရှိခြင်း၊ ဖုန်းလိုင်းများ အကျပ် အတည်းများ ကြုံတွေ့နိုင်ခြင်းကြောင့် ယခုကဲ့သို့ ရောင်းချရခြင်း ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အကြံပေး ဦးကျော်စိုးဝင်းက ပြောဆိုသည်။ 

အဆိုပါ ရောင်းချမည့် ဆင်းမ်ကတ် နံပါတ်များမှာ ၄ နှင့်စသော နံပါတ်များနှင့် ၂ နှင့်စသော နံပါတ်များ ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဖုန်းဆိုတဲ့အရာက လူတွေအများကြီး အသုံးပြုနိုင်မှ တန်ဖိုး ပိုရှိတာလေ။ ဒီလိုရောင်းချလာတာ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ဖုန်းတွေချဲ့ပြီး ရောင်းလာသလို ကွန်ရက်တွေလည်း တိုးဖို့၊ ကောင်းဖို့ လိုတယ်။ ဟိုနေရာမမိ ဒီနေရာမရ ဆိုရင်တော့ အဆင်မပြေနိုင်ဘူး” ဟု မန္တလေး ကွန်ပျူတာ လုပ်ငန်းရှင်များအသင်း နာယက ဦးရဲမြတ်သူက ဆိုသည်။

နေပြည်တော် အပါအဝင် ပြည်နယ်နှင့်တိုင်း ၁၄ ခု အတွင်းရှိ မြို့များမှ လက်လီအရောင်းဆိုင်များတွင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း ကြေညာထားပြီး တယ်လီဖုန်း ခေါ်ဆိုမှု နှုန်းထားများကို ယခင်အတိုင်းသာ ကောက်ခံ မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုန်ပြန်ထားသည်။

The Voice Weekly
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က မြန်မာတစ်နိုင်ငံလုံးတွင် လွတ်လပ်စွာ စတင်ရောင်းချမည့် ၁၅၀၀ တန် WCDMA 3G ဆင်းမ်ကတ်များကို ပထမအသုတ် အနေနှင့် ဆင်းမ်ကတ်ပေါင်း ခုနစ်သိန်းကျော်ကို ယနေ့ (စက်တင်ဘာလ ၁ ရက်) တွင် စတင်ရောင်းချမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (နေပြည်တော်) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့သို့ တရုတ်နိုင်ငံသားဝင်ရောက်မှု သိသာစွာမြင့်တက်လာပြီး အိမ်ခြံမြေဈေးကွက်တွင် အဆမတန် ဈေးပေးဝယ်နေသူများ၌ ၎င်းတို့ ပါဝင်နေမှုအပေါ် ဒေသခံများစိုးရိမ်နေ


တရုတ်စာဆိုင်းဘုတ် အများအပြား မြင်တွေ့နေရသော မန္တလေးမြို့လယ် မြင်ကွင်းတစ်နေရာ
မန္တလေးမြို့သို့ တရုတ်နိုင်ငံသားဝင်ရောက်မှု သိသာစွာမြင့်တက်လာကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဌာန၏ စာရင်းဇယားများအရ သိရသည်။

အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်ဆောင်မှု ခရီးမပေါက်ဟု ဒုတိယသမ္မတ ပြော

Photo: အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်ဆောင်မှု ခရီးမပေါက်ဟု ဒုတိယသမ္မတ ပြော
Monday, September 1, 2014

မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်မှုများမှာ မျှော်မှန်းသလောက် ခရီးမပေါက်ဘဲ စိန်ခေါ်ချက်များနှင့် ရင်ဆိုင်မှုများစွာ ကြုံတွေ့နေရသည်ဟု အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉဏ်ထွန်းက ပြောသည်။

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် လုပ်ငန်းကော်မတီ အစည်းအဝေး၌ ပြောသည်ဟု သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့ပြင် အာဆီယံအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း မူဝါဒညွှန်းကိန်းများ ၂၀၁၄  (ASEAN SMEs Policy Index ၂၀၁၄)တွင်လည်း အကောင်းဆုံးနိုင်ငံများ၏ ရမှတ်မှာ ၅ ဒသမ ၄ ရှိနေသော်လည်း မြန်မာနိုင်ငံအနေက ၂ ဒသမ ၉ ရာခိုင်နှုန်းသာရှိနေခြင်းဖြစ်ရာ မြန်မာ့အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးတိုးတက်မှု ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးသွားရန် အထူးလိုအပ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“မူဝါဒ လမ်းညွှန်ချက်များအတိုင်း အကောင်အထည်ဖော်ရန် မူဝါဒ၊ ဥပဒေ၊ ဆက်စပ်ဥပဒေများ ပြုစုရေးဆွဲရေး၊ လုပ်ငန်းစတင်ရေး ၊ ငွေကြေးအရင်းအနှီးလွယ်ကူစေရေး၊ လူ့အရင်းအမြစ် တိုးတက်ရေး၊ နည်းပညာ မြှင့်တင်မှု စံချိန်စံညွှန်းများ သတ်မှတ်ရေး ၊ သတင်းအချက်အလက်နှင့် သုတေသနများလုပ်ဆောင်ရေး၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ဈေးကွက်မြှင့်တင်ရေး၊ စောင့်ကြည့်အကဲဖြတ်ရေးနှင့် လုပ်ငန်းအစုအဖွဲ့များ ဖွဲ့စည်းလုပ်နေသော်လည်း မျှော်မှန်းသလောက် ခရီးမပေါက်ဘဲ SMEs ဖွံ့ဖြိုးမှုများအတွက် လိုအပ်ချက်နှင့် စိန်ခေါ်ချက်များ ရင်ဆိုင်နေရတယ်”ဟု ဒုတိယသမ္မတ ဦးဉဏ်ထွန်းက ပြောသည်။

သို့ဖြစ်ရာ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ နည်းပညာအကူအညီများနှင့် ပူးပေါင်း ဆောင်ရွက်မှုများရယူခြင်း၊ အစိုးရကလည်း စီးပွားရေးလုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ ကောင်းကျိုးဆိုးကျိုး သက်ရောက်မှုများကို တာဝန်ခံမှု ( Regulatory Inpact Analysis - RIA) ပိုမိုတိုးတက်လာစေရန် စနစ်တကျဆောင်ရွက်ရေးတို့အတွက် ၎င်းက တိုက်တွန်းသည်။

ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များကမူ မြန်မာနိုင်ငံသည် စီးပွားရေးတိုးတက်မှုဆိုင်ရာ အကောင်အထည် ဖော်ဆောင်ရာတွင် မူဝါဒ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကိုသာ ဆောင်ရွက်နေသော်လည်း သက်ဆိုင်ရာ ၀န်ကြီးဌာန တာဝန်ရှိသူများက အောက်ခြေသို့ ဆင်းကြည့်ကာ လိုအပ်သည်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းလျက်ရှိသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က မီဒီယာများကို ပြောထားသည်။

စီးပွာရေးပညာရှင် ဦးလှမောင်က “SMEs တစ်ခုတည်း မဟုတ်ပါဘူး စီးပွားရေး တိုးတက်မှုတွေကို လုပ်တဲ့ နေရာမှာ မူတွေ၊ ဥပဒေတွေ ထုတ်ပြန်နေရုံနဲ့မပြီးဘူး တကယ်အကောင်အထည်ပေါ်လာဖို့ ဘာတွေလုပ်ရမယ်ဆိုတာကို လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း လိုအပ်တယ်။ ဒီအပိုင်းတွေက ဟိုးအရင်ကတည်းက အားနည်းသလို အခုလည်း အားနည်းတုန်းပါပဲ”ဟု မဇ်္ဈိမကို ပြောသည်။

အာဆီယံအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း မူဝါဒညွှန်းကိန်းများ ၂၀၁၄(ASEAN SME Policy Index ၂၀၁၄) ကိုမူ အရှေ့အာရှစီးပွားရေးသုတေသနအဖွဲ့ (Economic Reserch Institute of ASEAN and East Asia-ERIA) က ပြုစုထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ယင်းမှတ်တမ်းတွင်မူ အကောင်းဆုံးနိုင်ငံ၏ ညွှန်းကိန်းရမှတ်ကို ၅ ဒသမ ၄ နှင့် ပျမ်းမျှညွှန်းကိန်းရမှတ်ကို ၃ ဒသမ ၇ ရာခိုင်နှုန်းသတ်မှတ်ခဲ့ခြင်းဖြစ်ရာ မြန်မာနိုင်ငံသည် ပျမ်းမျှရမှတ်အောက်သို့ ကျဆင်းခြင်းဖြစ်သည်။

Mizzima - News in Burmese 

နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးတွင် အမှာစကားပြောနေသည့် ဒုတိယသမ္မတ ဦးးဉဏ်ထွန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - သမ္မတရုံး
နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် အသေးစားနှင့် အလတ်စား စီး ပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးတွင် အမှာစကားပြောနေသည့် ဒုတိယ သမ္မတ ဦးးဉဏ်ထွန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - သမ္မတရုံး
မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်မှု များမှာ မျှော်မှန်းသလောက် ခရီးမပေါက်ဘဲ စိန်ခေါ်ချက်များနှင့် ရင်ဆိုင်မှုများစွာ ကြုံတွေ့နေရသည်ဟု အသေး စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြန်မာနိုင် ငံတော် ဒုတိယသမ္မတ ဦးဉဏ်ထွန်းက ပြောသည်။

လူမျိုးစုအရေး အငြင်းပွားမှု ဖြေရှင်းရန် ညီလာခံကျင်းပမည်

 Photo: လူမျိုးစုအရေး အငြင်းပွားမှု ဖြေရှင်းရန် ညီလာခံကျင်းပမည်
Monday, September 1, 2014

ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် လူမျိုးစု သတ်မှတ်ချက် အငြင်းပွားမှု များ ဖြေရှင်းရန် တိုင်းရင်းသားအားလုံး ပါဝင်သည့် ညီလာခံတစ်ရပ် ၂၀၁၅ ခုနှစ်၊ မေလအတွင်း ပြုလုပ်မည်ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင် အတွင်းရေးမှူး ဦးမြင့်ကြိုင်က မဇ္ဈိမကို ပြောသည်။

“မေလမှာ စလုပ်မှာဖြစ်တဲ့အတွက် ၂၀၁၅၊ မေလမှာ ထုတ်ပြန်မယ့် စာရင်း (မူလစီစဉ်ထားသည့် အပြည့်အစုံပါသည့် သန်ခေါင်စာရင်း) မှာ လူမျိုးစာရင်းပါမှာ မဟုတ်ဘူး။ တိုင်းရင်းသားအဖွဲ့တွေကြား ကျေနပ်မှုရှိတဲ့အထိ ဆွေးနွေးမှာဖြစ်တယ်။ အဲဒီအတွက် ပြီးတဲ့အချိန်မှ ထုတ်ပြန်မယ်”ဟု ၎င်းက ပြောသည်။

ယင်းညီလာခံတွင် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၊ တိုင်းရင်းသားရေးရာ သန်းခေါင်စာရင်းကော်မတီများ၊ လွှတ်တော်တို့၏ တိုင်းရင်းသားရေးရာ ကော်မတီများ၊ ယဉ်ကျေးမှုပညာရှင်၊ သက်ဆိုင်ရာ လူမျိုးစုခေါင်းဆောင်များ အားလုံးပါဝင်ရန် စီစဉ်မည်ဖြစ်ပြီး အားလုံးလက်ခံသည့် စာရင်းရရန် ကြိုးပမ်းခြင်းဖြစ်သည်။

တိုင်းရင်းသားအချို့ကမူ ၁၉၈၃ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံအပြီး ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုများကို နမူနာယူ၍ ယခုတစ်ကြိမ် သတ်မှတ်ရာတွင် သင့်လျော်မည့် နည်းလမ်းရွေးချယ်ရန်လိုသည်ဟု ထောက်ပြသည်။

“မျိုးနွယ်စုတွေခွဲတဲ့အခါကျတော့ အရင်တိုင်းရင်းသားတွေရဲ့ စည်းလုံးမှုက လျော့လာတယ်။ ၁၉၈၃ သန်းခေါင်စာရင်းကို အခြေခံပြီးတော့ ပလောင်၊ ဓနု၊ ပအိုဝ်းတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းသွားတာ ရှမ်းပြည်ကြီးက အရင်ကထက် ပိုပြီး အစိတ်စိတ်ကွဲသွားသလို၊ ကျန်တဲ့သူတွေနဲ့ သူတို့ကြားထဲမှာလည်း ရန်စောင်မှုတွေတောင် ရှိလာခဲ့သလို ဖြစ်ခဲ့ကြတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

၎င်းက သန်းခေါင်စာရင်းရလဒ်အပေါ် အခြေခံ၍ နိုင်ငံရေးအသုံးချမှုများဖြစ်ပေါ်လာနိုင်ခြင်းကို ရှောင်လွှဲနိုင်ရေး နည်းလမ်းရှာရန် အကြံပြုခြင်းဖြစ်သည်။ ယင်းကို ရခိုင်အမျိုးသားပါတီခေါင်းဆောင် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင်ကလည်း ထောက်ခံခဲ့ပြီး အတိတ်သင်ခန်းစာများကို သုံးသပ်သင့်သည်ဟု ပြောသည်။

လက်ရှိဖွဲ့စည်းပုံအရ တိုင်း၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ/တိုင်းတစ်ခုချင်းစီတွင် လူမျိုးစုတစ်ခုသည် စုစုပေါင်းလူဦးရေ၏ ၀ ဒသမ ၁ ရာခိုင်နှုန်း အထက်ရှိပါက အစိုးရအဖွဲ့အတွင်း တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း သက်ဆိုင်ရာ လူမျိုးစုကို ကိုယ်စားပြုခွင့်ရယူနိုင်သည်၊ ထို့ကြောင့် လူမျိုးစုများအကြား အငြင်းပွားမှုများ ဖြစ်လာမည်ကို အချို့က စိုးရိမ်နေကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့ကတော့ ၈၃ တုန်းကဟာရယ် အခုကောက်လို့ရတဲ့ တိုင်းရင်းသား အင်အားရှိသလောက် တင်ပေးမယ် နိုင်ငံရေးအရ ဖြေရှင်းသင့်တာကိုတော့ နိုင်ငံခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကပဲ ရှင်းကြမှာပါ”ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင် အတွင်းရေးမှူးဦးမြင့်ကြိုင်က ပြောသည်။

တိုင်းရင်းသားရေးရာ သန်းခေါင်စာရင်းကော်မတီများ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းအိုက်ဇက်ခင်ကမူ ကောက်ယူပြီးခဲ့သည့် ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် ဦးနေ၀င်းအစိုးရလက်ထက် သတ်မှတ်ထားသည့် ၁၃၅ မျိုးသော မျိုးနွယ်စုများကိုသာ အခြေခံထားခြင်း၊ စာလုံးပေါင်းသတ်ပုံလွဲမှားခြင်းတို့ကြောင့် ပြည့်စုံမှုမရှိဟု သုံးသပ်သည်။

“လွှတ်တော်တိုင်းရင်းသားရေးရာကော်မတီက သန်းခေါင်စာရင်းမှာ တိုင်းရင်းသားမျိုးနွယ်စုတွေ အကျပ်အတည်းဖြစ်နေတာကို ဘယ်လောက်ပါဝင်ပြောခဲ့တာရှိလဲ။ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေကရော တိုင်းရင်းသားရေး ကိုယ်စားပြုတာ ဘယ်လောက်ရှိသလဲ။ တိုင်းရင်းသားအမတ်တွေကရော ဘယ်လောက် ဆောင်ရွက်ပေးတာရှိလဲ ဒါတွေက စဉ်းစားစရာတွေပါ”ဟု ၎င်းက ဆိုသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီးဦးခင်ရီက ညီလာခံတွင် တိုင်းရင်းသားရေးရာကော်မတီများ ပါဝင်မည်ဖြစ်သော်လည်း လွှတ်တော်၏ အခန်းကဏ္ဍကို မဆုံးဖြတ်ရသေးဟု သြဂုတ် ၃၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူအပြီးတွင် လူမျိုးစု ၁၇၀ ကျော်အထိ အကြမ်းဖျင်းတွေ့ရှိထားသည်ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင် အတွင်းရေးမှူး ဦးမြင့်ကြိုင်က ဆိုထားသည်။ ထုတ်ပြန်ပြီးသည့် ရှေ့ပြေးသန်းခေါင်စာရင်းတွင် မြန်မာနိုင်ငံ လူဦးရေ ၅၁ သန်းကျော် ရှိသည်။

Mizzima - News in Burmese 

ရှမ်းဘာသာရေးပွဲတခုသို့ တက်ရောက်လာကြသည့် ပလောင်အမျိုးသမီး များအား မေလ ၂၀၁၃ ခုနှစ် က တွေ့ရစဉ်။ ဓာတ်ပုံ - AFP
ရှမ်းဘာသာရေးပွဲတခုသို့ တက်ရောက်လာကြသည့် ပလောင်အမျိုးသမီးများအား မေလ ၂၀၁၃ ခုနှစ် က တွေ့ရစဉ်။ ဓာတ်ပုံ - AFP
ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် လူမျိုးစု သတ်မှတ်ချက် အငြင်းပွားမှုများ ဖြေရှင်းရန် တိုင်းရင်းသား အားလုံး ပါဝင်သည့် ညီလာခံတစ်ရပ် ၂၀၁၅ ခုနှစ်၊ မေလအတွင်း ပြုလုပ်မည်ဟု ဗဟိုသန်းခေါင် စာရင်းကော် မရှင် အတွင်းရေးမှူး ဦးမြင့်ကြိုင်က မဇ္ဈိမကို ပြောသည်။

ဓမ္မစေတီခေါင်းလောင်းဟုယူဆရသည်ကို သံမဏိကြိုးများဖြင့် ချည်နှောင်နေပြီဟုဆို

Photo: ဓမ္မစေတီခေါင်းလောင်းဟုယူဆရသည်ကို သံမဏိကြိုးများဖြင့် ချည်နှောင်နေပြီဟုဆို
Monday, September 1, 2014

ဓမ္မစေတီခေါင်းလောင်း တွေ့ရှိထားပြီဟု ကြေညာအပြီး ခြောက်ရက်မြောက်နေ့တွင် ဓမ္မ စေတီခေါင်းလောင်းကြီးဟုယူဆ ရသောအရာကို သံမဏိကြိုးများဖြင့် ချည်တုပ်နေပြီး ဆက်လက်ကြိုးစားနေကြောင်း ပြန်ကြားရေးအဖွဲ့ဝင်  ဦးကြည်ဝင်းကပြောသည်။

  ဓမ္မစေတီခေါင်းလောင်း စတင်ဆယ်ယူရန်ကြိုးပမ်းမှု ၂၃ ရက်ပြည့်မြောက်ပြီဖြစ်ပြီး ကုန်း ပေါ်ရောက်မှသာ ဓမ္မစေတီခေါင်း လောင်းအစစ်ဟုတ်၊ မဟုတ် သမိုင်းပညာရှင်များက  စစ်ဆေး ကြမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

 ‘‘ဦးစံလင်းက ဖုန်းဆက် တယ်။ ကျန်းကျန်းမာမာရှိတယ်။ ပြည်သူတွေကို မေတ္တာနဲ့ခဏ စောင့်ပေးပါလို့ပြောတယ်’’ဟု ဦးကြည်ဝင်းက ရှင်းပြသည်။

ဓမ္မစေတီခေါင်းလောင်းကြီး ဟု ယူဆရသည့်အရာကို သံမဏိကြိုးများဖြင့် ချည်နှောင်နေပြီး ကုန်းပေါ်သို့တင်၍ သက်သေပြရန်ကြိုးစားနေကြောင်း၊ ဆလုံရေငုပ်သမားများတွေ့ရှိသည့် အရာမှာ ဗော်ယာများဟု သတင်းထွက်ပေါ်နေခြင်းမှာ မဟုတ်မှန်ကြောင်း ပြန်ကြားရေးအဖွဲ့က ပြောသည်။

‘‘ဒုတိယကမ္ဘာစစ်မတိုင်မီက သင်္ဘောချည်တဲ့ ဗော်ယာတွေ ရန်ကုန်မြစ်ထဲမှာ သူ့အဆင့်နဲ့သူ အများကြီးရှိတယ်။ ပင်လယ်ကူး သင်္ဘောတွေချည်တဲ့ ဗော်ယာဆို ရင် A Class သတ်မှတ်ထား တယ်။ အချင်းက ၁၀ ပေလောက် ရှိတယ်။ အဲဒါမျိုးတွေ ရေဝင်ပြီး တော့ မြုပ်သွားတာတွေ၊ မဆယ် နိုင်တော့လို့ နုန်းအောက်ရောက် သွားတာတွေ အများကြီးရှိတယ်။ ဒီဗော်ယာကြီးတွေက  ခေါင်း လောင်းကြီးနဲ့  ထုထည်တူနိုင် တယ်။ အလေးချိန်ကတော့တူမှာ မဟုတ်ဘူး။  ဘာကြောင့်လဲဆို တော့  ဒီဗော်ယာကြီးတွေက အထဲက  ဘာမှမပါဘူး။ အပေါ်မှာ ချည်တဲ့ကွင်းပါတယ်။ ဒါကြောင့် အခုခေါင်းလောင်းရှာတဲ့ ရေငုပ် သမားတွေအနေနဲ့ ဒီဗော်ယာ အဟောင်းတွေကို ကြိုးသိုင်းပြီး တွေ့ပြီလို့ပြောနေတယ်လို့ထင် တယ်’’ဟု ရေကြောင်းအရာရှိချုပ် ဟောင်း စည်သူဦးကျော်သိန်းလွင် က ဧရာဝတီသတင်းဌာနနှင့် အင် တာဗျူးတွင် ဖြေကြားထားသည်။

မြစ်ရေအောက်ကြမ်းပြင် အောက် ၁၇ ပေခန့်အထိ သောင် တူးစက်ဖြင့်တူးနေပြီး အကျယ် ပေ ၈၀ နှင့် ပေ ၁၀၀ ပတ်လည် တူးနေခြင်းဖြစ်နိုင်ကြောင်း၊ သောင်တူးစက်က ယင်းနေရာ တစ်ဝိုက်ကိုသာနေ့စဉ်  ရှေ့တိုး နောက်ဆုတ်တူးနေခြင်းဖြစ်ကြောင်း လုံခြုံရေးတာဝန်ယူထားသူများနှင့် လှေသမ္ဗန်သမားအချို့ ထံမှ သိရသည်။

‘‘အတိအကျလုပ်နေတာ။ တစ်နေရာတည်းလုပ်နေတာ။ ဒီ တစ်နေရာတည်း ရှေ့တိုးနောက် ဆုတ်လှည့်တူးနေတာ။ ဟိုနေရာ စမ်းစမ်း၊ ဒီနေရာစမ်းစမ်းတူးတာ မဟုတ်ဘူး။ တစ်နေရာတည်းလှဲ့ တူးနေတာ’’ဟု လှေသမ္ဗန်သမား ဦးဇင်ဘိုက ဆိုသည်။

7Day DAILY 

ဓမ္မစေတီခေါင်းလောင်း ရေငုပ်ရှာဖွေပြီး ပြန်တက်လာသူတစ်ဦးကို ဆွဲတင်နေစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
ဓမ္မစေတီခေါင်းလောင်း ရေငုပ်ရှာဖွေပြီး ပြန်တက်လာသူတစ်ဦးကို ဆွဲတင်နေစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
ဓမ္မစေတီခေါင်းလောင်း တွေ့ရှိထားပြီဟု ကြေညာအပြီး ခြောက်ရက်မြောက်နေ့တွင် ဓမ္မစေတီခေါင်းေ လာင်း ကြီးဟုယူဆရသောအရာကို သံမဏိကြိုးများဖြင့် ချည်တုပ်နေပြီး ဆက်လက်ကြိုး စားနေကြော င်း ပြန်ကြားရေးအဖွဲ့ဝင်  ဦးကြည်ဝင်းကပြောသည်။

တိုင်းရင်းသားလူမျိုးစုများ၏ အရေအတွက် ၂၀၁၅ နှစ်ကုန်တွင် ကြေညာနိုင်ဖွယ်ရှိ

တိုင်းရင်းသားလူမျိုးဆိုင်ရာအငြင်းပွားမှုများကို ညီလာခံ အဆင့်ဖြေရှင်းပြီးမှသာ လူမျိုးအ ရေအတွက် ထုတ်ပြန် မည်ဖြစ်၍ ၂၀၁၅ နှစ်ဆန်းတွင် ထုတ်ပြန်  မည့် သန်းခေါင်စာရင်း လူဦးရေ အသေးစိတ်စာရင်း တွင် လူမျိုးစု များ၏ အရေအတွက်ထည့်သွင်း ကြေညာမည်မဟုတ်ဟု ပြည်သူ့ အင်အားဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးမြင့်ကြိုင် က ပြောသည်။လူမျိုးအမည်နာမများနှင့် လူမျိုးစုမဟုတ်ဘဲ သီးသန့်လူမျိုးဖြစ်သည် ဟု အငြင်းပွားနေသည့် လူမျိုးအရေအတွက် ၁၀၀ ရှိနေပြီးအဆိုပါပြဿနာများနှင့် ပတ်သက်၍ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ အကြံပြုချက် များ ပေးပို့ထားသည်ဟု သိရသည်။

ဘူဆန်ရေဘေးဒုက္ခသည်တွေအတွက် ကိုရီးယားဝမ်သန်းတစ်ရာလှူဒါန်းတဲ့ ပတ်ဟယ်ဂျင်း

 တောင်ကိုရီးယားသရုပ် ဆောင်မင်းသားပတ်ဟယ်ဂျင်း သည် ဘူဆန်ရေဘေးဒုက္ခသည် များအတွက် ကိုရီးယားဝမ်သန်း ၁၀၀ (အမေရိကန်ဒေါ်လာတစ် သိန်းခန့်)လှူဒါန်းခဲ့သည်။

သဘာဝခေါ်သံဖောင်ဒေးရှင်း တောင်တက်အဖွဲ့ ခါကာဘိုရာဇီရေခဲတောင် သို့ အောင်မြင်စွာတက်ရောက်

မန်မာနိုင်ငံတွင် အမြင့် ဆုံးအဖြစ် သတ်မှတ်ထားသည့်  ခါကာဘိုရာဇီ ရေခဲတောင် တက်နေသော တက္ကသိုလ်ခြေ လျင်နှင့် တောင်တက်အသင်း (သဘာဝ ခေါ်သံဖောင်ဒေးရှင်း)မှ တောင် တက်သမား များ  တောင် ထိပ် သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းရင်းသားလူမျိုးစုများ၏ အရေအတွက် ၂၀၁၅ နှစ်ကုန်တွင် ကြေညာနိုင်ဖွယ်ရှိ

တိုင်းရင်းသားလူမျိုးဆိုင်ရာအငြင်းပွားမှုများကို ညီလာခံ အဆင့်ဖြေရှင်းပြီးမှသာ လူမျိုးအ ရေအတွက် ထုတ်ပြန် မည်ဖြစ်၍ ၂၀၁၅ နှစ်ဆန်းတွင် ထုတ်ပြန် မည့် သန်းခေါင်စာရင်း လူဦးရေ အသေးစိတ်စာရင်း တွင် လူမျိုးစု များ၏ အရေအတွက်ထည့်သွင်း ကြေညာမည်မဟုတ်ဟု ပြည်သူ့ အင်အားဦးစီး ဌာန ညွှန် ကြားရေး မှူးချုပ် ဦးမြင့်ကြိုင် က ပြောသည်။လူမျိုးအမည်နာမများနှင့် လူမျိုးစုမဟုတ်ဘဲ သီးသန့်လူမျိုးဖြစ်သည် ဟု အငြင်းပွားနေသည့် လူမျိုးအရေ အတွက် ၁၀၀ ရှိနေပြီးအဆိုပါပြဿနာများနှင့် ပတ်သက်၍ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနသို့ အကြံပြုချက် များ ပေးပို့ထားသည်ဟု သိရသည်။

မေမြတ်နိုးအား မီဒီယာရှေ့တွင် တောင်းပန်ခိုင်းပြီး သရဖူပြန်အပ်ရန် တောင်းဆို

Photo: မေမြတ်နိုးအား မီဒီယာရှေ့တွင် တောင်းပန်ခိုင်းပြီး သရဖူပြန်အပ်ရန် တောင်းဆို
Monday, September 1, 2014

မီဒီယာရှေ့တွင်တောင်း ပန်ပြီး  သရဖူပြန်အပ်ရန်မေမြတ် နိုးအား Miss Asia Pacific World Organization၏ ကိုရီးယားနှင့်အ ရှေ့တောင်အာရှပိုင်း   တာဝန် ယူထားသောဥက္ကဋ္ဌမစ္စတာချွိုင် ဂျင်းကပြောသည်။

‘‘မေမြတ်နိုးက မီဒီယာတွေ ရှေ့မှာ တောင်းပန်ပေးမယ်ဆိုရင် သရဖူသိမ်းတဲ့ကိစ္စတွေကိုကူညီ ပေးနိုင်တယ်။ ဒီအရာက မြန်မာနဲ့ ကိုရီးယားအတွက်လည်း အ ကောင်းဆုံးအရာဖြစ်ပြီး မေမြတ် နိုးအတွက်လည်းအကောင်းဆုံး အရာဖြစ်မှာပါ’’ဟု မစ္စတာချွိုင် ဂျင်းကပြောသည်။

မေမြတ်နိုးကိုလည်း လာ ရောက်တောင်းပန်ပြီးပါက ရှေ့ ဆက်အလုပ်များလုပ်ဆောင်သွား လိုသည်ဟု၎င်းကပြောသည်။

ရင်သားခွဲစိတ်မှုကို ၎င်းတို့ အဖွဲ့အစည်းတစ်ခုတည်း၏ဆုံး ဖြတ်ချက်အရ လုပ်ဆောင်ခြင်းမ ဟုတ်ဘဲ မေမြတ်နိုးနှင့်၎င်း၏မိ ခင်တို့၏ သဘောတူညီမှုအရလုပ် ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟုဆို သည်။

‘‘သူရော  သူ့အမေပါ လက် မှတ်ထိုးခဲ့ပြီးပါပြီ။ အော်ပရေးရှင်း လုပ်တဲ့အခါမှာ လက်မှတ်မထိုးဘဲ  ဘယ်အော်ပရေးရှင်းမှ ကိုရီးယား မှာမလုပ်ပေးဘူး’’ဟု မစ္စတာချွိုင်း ဂျင်းကပြောသည်။

တောင်ကိုရီးယားနိုင်ငံတွင် ရုပ်ရှင်ကြယ်ပွင့်များသည် ခွဲစိတ်မှုများလုပ်ဆောင်လေ့ရှိသဖြင့် မေမြတ်နိုးကိုမည်သည့်အစိတ်အပိုင်းခွဲစိတ်လိုသနည်းဟု မေးမြန်းပြီးမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

အဖွဲ့အစည်း၏ အစီအစဉ် အချိန်ဇယားများကိုအလုပ်မလုပ် ခြင်း၊ အဖွဲ့အစည်း၏စကားကိုမ လိုက်နာခြင်း၊ ချုပ်ဆိုထားသော စာချုပ်စည်းကမ်းများကိုမလိုက် နာခြင်းကြောင့် သရဖူကိုရုပ်သိမ်း ခဲ့ခြင်းဖြစ်သည်ဟု မစ္စတာချွိုင်ဂျင်းကပြောသည်။

မေမြတ်နိုး၏မိခင်ကို ကိုရီး ယားသို့ နှစ်ပတ်လိုက်ပါခွင့်ရရန် မေမြတ်နိုးကတောင်းဆိုခဲ့၍ စီစဉ် ပေးခဲ့ခြင်းသာဖြစ်ပြီး ၎င်း၏မိခင် က သမီးနှင့်အတူ သုံးလနေထိုင် ခွင့်ရရန်ကြိုးစားခဲ့ကြောင်း သိရသည်။ သရဖူအသိမ်းခံရသည့် ကိစ္စနှင့်  ပတ်သက်၍ မေမြတ်နိုးသည် စက်တင်ဘာ ၂ရက်တွင်သတင်းစာရှင်းလင်းပွဲ   ပြုလုပ်မည်ဖြစ်သည်။

7Day DAILY
မီဒီယာရှေ့တွင်တောင်းပန်ပြီး  သရဖူပြန်အပ်ရန်မေမြတ်နိုးအား MissAsia Pacific World Organization၏ ကိုရီးယားနှင့်အ ရှေ့တောင်အာရှပိုင်း   တာဝန် ယူထားသောဥက္ကဋ္ဌမစ္စတာချွိုင် ဂျင်းကပြောသည်။

အောင်လံဒေသထွက်ပြောင်းများ ရန်ကုန်ဈေးကွက်သို့ တင်ပို့မှုများလာ

Photo: အောင်လံဒေသထွက်ပြောင်းများ ရန်ကုန်ဈေးကွက်သို့ တင်ပို့မှုများလာ
Monday, September 1, 2014

 အောင်လံဒေသတွင် ပြောင်းဖူးများ လှိုင်လှိုင်ပေါ်ချိန်ပြောင်းစိုက်တောင်သူ များကိုယ် တိုင်ရန်ကုန်ဈေးကွက်သို့ကိုယ်တိုင် တင်ပို့မှုများလာကြောင်း ပြောင်း ဈေး ကွက်မှ သတင်းရရှိသည်။

‘‘ပြီးခဲ့တဲ့နှစ်ကတော့အခင်း ပြတ်ရောင်းလိုက်တာ။ ဒီနှစ်က တော့ ကိုယ်တိုင်ရန်ကုန်ပို့တယ်။ ဒုက္ခတော့များတယ်’’ဟု မိုး ကောင်း နယ်မှ ပြောင်းစိုက်တောင် သူတစ်ဦးကပြောသည်။

ရန်ကုန်ဒိုင်ဝယ်ယူဈေးကျပ် ၁၈၀၊၂၀၀ရေရှိပြီး ကျေးရွာအ ရောက် ပြောင်းကုန်သည်ဝယ်ဈေး မှာအဖူးလှလျှင် ၁၀၀ကျပ်ဈေးသာ ပေးသဖြင့် ကိုယ်တိုင်တင်ပို့ကြ ခြင်းဖြစ်သည်။ ကားခပျမ်းမျှတစ် ဖူးလျှင်သုံးဆယ်ဝန်းကျင်သာကုန် ကျပြီး ကိုယ်တိုင်ပြောင်းချိုး၊ ကိုယ် တိုင်လှည်းတိုက်၊ ကိုယ်တိုင်ကား တင်ပြုလုပ်သောကြောင့်သာ တွက်ခြေကိုက်ခြင်းဖြစ်ကြောင်း ပြောင်းစိုက်တောင်သူကိုသာထူးကပြောသည်။

ချိုးပြီးစ လတ်လတ်ဆတ် ဆတ်ပြောင်းများကို စိုက်ခင်းမှ ကားလမ်းအရောက် နွားလှည်း များဖြင့်အမြန်တင်ကြရပြီး အဖူးအကြီးရွေး၍ ဈေးကွက်အကြိုက် ပြောင်းဖူးအစိမ်းရောင်မပျောက် မီ အမြန်တင်ပို့နိုင်ပါက ဈေး ကောင်းရသည်ဟု တောင်သူများ ကပြောသည်။

ပြောင်းခွံအ၀ါရောင်ပေါက် နေပြီး ပြောင်းချိုးရက်ကြာသော ပြောင်းကိုမူ ရန်ကုန်ဒိုင်ကြီးများအ ကြိုက်နည်းပြီး လမ်းခရီးတွင် ကြာမြင့်ကာ ပြောင်းခွံဝါသွားပါက ဈေးနှိမ်ခံရသည်ဟုဆိုသည်။

ပန်ပြောင်းအမျိုးအစားအ နေဖြင့် ရက်၇၀သာ စိုက်ပျိုးရသည်။ ပြုစုစောင့်ရှောက်ရမှု ပိုသော် လည်း ပြောင်းဖူးလှပြီးဝယ်လက် ကြိုက်သောကြောင့် ပြလို့ပြောင်း ဟုနာမည်ကျော်သည်။ အောင် လံနယ်တွင် ဒေသမျိုးရင်းဗမာ ပြောင်းထက် ပန်ပြောင်းကိုသာအများစု စိုက်ပျိုးနေကြသည်။ ပန်ပြောင်းအဖြူ၊ အ၀ါနှစ်မျိုးစလုံး စိုက်ပျိုးကြပြီး အ၀ါပြောင်းမှာ လူကြိုက်ပိုများသည်။

ယခုရက်ပိုင်းအတွင်းအောင် လံနယ်အစုံမှ ရန်ကုန်ဈေးကွက်သို့ ဆယ်ဘီးကား၊ ခြောက်ဘီးကားများဖြင့်တစ်နေ့လျင် ပျှမ်းမျှခြောက်စီးဝန်းကျင်ခန့်ပုံမှန်တင်ပို့နေကြကြောင်းလည်း အောင်လံကုန် တင်ကားဂိတ်များကပြောသည်။

7Day DAILY 

ပြောင်းဖူးများကားတင်ရန် စိုက်ခင်းမှလမ်းဘေးသို့သယ်ယူစုပုံထားစဉ်(ဓာတ်ပုံ − လင်းသက်နိုင်)
ပြောင်းဖူးများကားတင်ရန် စိုက်ခင်းမှလမ်းဘေးသို့သယ်ယူစုပုံထားစဉ်(ဓာတ်ပုံ − လင်းသက်နိုင်)
 အောင်လံဒေသတွင် ပြောင်းဖူးများ လှိုင်လှိုင်ပေါ်ချိန်ပြောင်းစိုက်တောင်သူ များကိုယ် တိုင်ရန်ကုန်ဈေးကွက် သို့ ကိုယ်တိုင် တင်ပို့မှုများလာကြောင်း ပြောင်း ဈေး ကွက်မှ သတင်းရရှိသည်။

ကျောက်မဲလက်ဖက် ဈေးတက်

Photo: ကျောက်မဲလက်ဖက် ဈေးတက်
Monday, September 1, 2014

ကျောက်မဲမြို့ လက်ဖက်ဈေးကွက်တွင် လက်ဖက်ဈေးနှုန်း များ ယခင်နှစ် ကထက် မြင့်တက်နေကြောင်း ကျောက်မဲမြို့ လက်ဖက်ကုန်သည်များထံမှ သိရသည်။

‘‘ဒီနှစ် ရွှေဖီချိန်မှာ လက်ဖက်အထွက်နည်းခဲ့တယ်။ လက်ဖက် ခူးတဲ့သူတွေလည်း လာတာနည်း လို့ လက်ဖက်ရရှိမှုလည်း နည်း တယ်။ အရင်နှစ်ကလက်ဖက် လက်ကျန်တွေလည်း မရှိသလောက် ဖြစ်သွားတာကြောင့် အခုချိန်မှာ လက်ဖက်ဈေးနှုန်း က အရင်နှစ်ထက် တစ်ပိဿာကို တစ်ထောင် လောက်တက်သွားတယ်’’ ဟု နှစ်ပေါင်းလေးဆယ်ကျော် လက်ဖက်လုပ်ငန်း လုပ်ကိုင်နေသည့် ကျောက်မဲမြို့မှ ပွဲစားကြီးဦးစိုင်းကျော်ထင်က ပြောသည်။

 သြဂုတ်နှင့် စက်တင်ဘာလ သည် လက်ဖက်အရောင်းအ၀ယ်အေးသည့် ကာလဖြစ်သော်လည်း ပုံမှန်အရောင်းအ၀ယ် ဖြစ်နေ ကြောင်း သိရသည်။ ကုန်သည်များထံတွင် ယခင်နှစ်ကလက်ဖက် လက်ကျန်ကုန်သလောက်ဖြစ်နေ ကာ မိုးတွင်းကာလခါးကန်လက် ဖက်ခူးရာသီလက်ဖက်ရရှိမှုမှာ လည်း နည်းပါးခဲ့ကြောင်း ကုန် သည်အချို့က ပြောသည်။

လက်ဖက်ဈေးနှုန်းရရှိမှု နည်း ပါး၍ အိမ်နီးချင်းနိုင်ငံများသို့ သွား ရောက်အလုပ်လုပ်ကိုင်ကြသဖြင့် ယခင်နှစ်ထက် လက်ဖက်ခူးသူ ခေါ်ယူမရခြင်းနှင့် နယ်မြေမတည်ငြိမ်မှုကြောင့် လက်ဖက်ခူးသူများလာရောက်မှုနည်းပါးသဖြင့် လက်ဖက်ရရှိမှု နည်းပါးခဲ့ခြင်း ဖြစ်သည်။

လက်ဖက်အထွက်နှုန်းနည်း ပါးခဲ့၍ လက်ဖက်အစိုဈေးနှုန်း လည်း မြင့်တက်ခဲ့ကြောင်း ကုန် သည်အချို့က ပြောသည်။ လက် ဖက်အစိုဈေးကွက်တွင် ဈေးနှုန်း သက်သာသည့် လက်ဖက်သား များ အဓိကအရောင်းအ၀ယ်ဖြစ် နေပြီး တစ်ပိဿာလျှင် ကျပ်နှစ်ရာခန့် ဈေးမြင့်တက်ခဲ့သည်။

လက်ရှိကျောက်မဲမြို့ လက် ဖက်ပေါက်ဈေးမှာ လက်ဖက် ခြောက်အနေအထားပေါ်မူတည် ၍ ယခင်နှစ်ပေါက်ဈေးထက် ကျပ်တစ်ထောင်ပိုကာ တစ်ပိဿာ လျှင် ကျပ်ငါးထောင်ဈေးရှိနေပြီး လက်ဖက်အစိုမှာ အနိမ့်ဆုံးကျပ် ရှစ်ရာမှ တစ်ထောင့်ခြောက်ရာ ဈေးနှုန်းအထိ ရှိနေကြောင်း ကျောက်မဲမြို့ လက်ဖက်ကုန် သည်များထံမှ သတင်းရရှိသည်။

7Day DAILY 

လက်ဖက်ပွဲရုံတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ − ကံသာ)
လက်ဖက်ပွဲရုံတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ − ကံသာ)
ကျောက်မဲမြို့ လက်ဖက်ဈေးကွက်တွင် လက်ဖက်ဈေးနှုန်းများ ယခင်နှစ် ကထက် မြင့် တက်နေကြော င်း ကျောက် မဲ မြို့ လက်ဖက်ကုန်သည်များထံမှ သိရသည်။

မြန်မာ့လက်ဖက်စိုနှင့် လက်ဖက်ခြောက် ပြည်ပဈေးကွက်ရရှိရေး ငါးနှစ်အတွင်း လုပ်ဆောင်မည်

မြန်မာနိုင်ငံမှ ထွက်ရှိ သော လက်ဖက်စိုနှင့် လက်ဖက် ခြောက်ကို လာမည့် ငါးနှစ် အတွင်း ပြည်ပဈေးကွက် ရရှိရေး ရည်မှန်းချက်ထား လုပ်ဆောင်သွားမည်ဟု သတင်းရရှိသည်။

ဧရာဝတီတိုင်းမှ တောင်သူလယ်သမား ခြောက်ရာကျော် လယ်ယာမြေပြန်လည်ရရှိရေး ဆန္ဒပြ


ဧရာဝတီတိုင်းဒေသကြီး မအူပင်၊ ကျိုက်လတ်၊ ကျောင်းကုန်း၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ လပွတ္တာ၊ ငပုတောမြို့နယ် အတွင်းရှိ လယ်ယာမြေသိမ်းဆည်းခံရသော လယ်သမားခြောက်ရာကျော် မအူပင်မြို့တွင် စုပေါင်း၍ သိမ်းဆည်းခံလယ်မြေများပြန်လည်ရရှိရန် ဆန္ဒပြနေစဉ် (ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ))
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်မှ လယ်ယာ မြေသိမ်းဆည်းခံရသော တောင်သူ လယ် သမား ခြောက်ရာကျော်သည် လယ်ယာမြေများပြန်လည်ရရှိရန် မအူပင်မြို့၌ စုပေါင်းဆန္ဒပြ တောင်းဆို ခဲ့ကြသည်။

အသစ်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာများ မြေတန်ဖိုးထည့်မတွက်ရန် သမ္မတညွှန်ကြား

အစိုးရက မြို့ကြီးငါးမြို့ တွင် တည်ဆောက်မည့် တန်ဖိုး နည်းအိမ်ရာစီမံကိန်းများ၌ မြေ တန်ဖိုးကို တွက်ချက် ထည့်သွင်း မတည်ဆောက်ဘဲ ဈေးသက်သာ စွာ ရောင်းချရန် နိုင်ငံတော်သမ္မ တက ညွှန်ကြားထားကြောင်း မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးကပြော သည်။

ပြည်ဘူတာကြီးမှ ရထားဖြင့်ခရီးသွားသူနည်းလာ

Photo: ပြည်ဘူတာကြီးမှ ရထားဖြင့်ခရီးသွားသူနည်းလာ
Monday, September 1, 2014

ပြည်မြို့တွင် ရထားဖြင့် ခရီးသွားသူနည်းပါးလာကြောင်း ပြည်ဘူတာကြီးမှ သတင်း ရရှိ သည်။

‘‘မီးရထားတွေပြေးဆွဲချိန် တွေပြောင်းလိုက်တာရယ်။ လက် မှတ် ခတွေဈေးမြှင့်ပြီး ဈေးနှုန်း ပြောင်းလဲလိုက်တဲ့အချိန်တွေက စပြီးခရီးသွားတွေ တဖြည်းဖြည်း လျော့လာတယ်။အခုဆို သိသိသာသာကို နည်းသွားတယ်’’ဟု ပြည်ဘူတာလက်မှတ်အရောင်းဌာနမှ ၀န်ထမ်းတစ်ဦးကပြောသည်။

ရန်ကုန်-ပြည် ရထားခရီး စဉ်တွင် ၂၀၁၁ခုနှစ်မှစတင်ကာ ရထားလက်မှတ်ခများတိုးမြှင့်ခဲ့ ပြီး ပြည်ဘူတာကြီးမှ မီးရထား ထွက်ခွာချိန်များကိုလည်းပြောင်း လဲခဲ့ရာ ယင်းနောက်ပိုင်းမှစတင် ၍ရထားဖြင့် ခရီးသွားသူလျော့ နည်းလာခဲ့ခြင်းဖြစ်သည်။

ယခင်က ပြည်ဘူတာကြီးမှ စာပို့ရထားထွက်ခွာချိန်တွင်ခရီး သည်တစ်ရာကျော် လိုက်ပါခဲ့ သော်လည်း ယခုအခါ နှစ်ဆယ် ခန့်သာရှိကြောင်း၊ အမြန်ရထား ထွက်ခွာချိန်တွင်လည်း ယခင်က ခရီးသည် နှစ်ရာကျော်လိုက်ပါ သော်လည်း ယခုအခါတစ်ရာ ကျော်သာရှိကြောင်း၊ ကားရထား မှာယခင်ကတစ်ရာကျော်လိုက်ပါ ခဲ့သော်လည်းယခုအခါ ၆၀ခန့် သာရှိကြောင်းသိရသည်။

ယခင်က စာပို့ရထားသည် ပြည်ဘူတာကြီးမှ နံနက် ၆နာရီ တွင် ထွက်ခွာခဲ့သော်လည်းယခု အခါ ည ၁နာရီခွဲတွင်ထွက်ခွာ ကြောင်း အမြန်ရထားမှာ ယခင် က ည ၁၀နာရီတွင်ထွက်ခွာပြီးယခု ည၁၁နာရီခွဲတွင်ထွက်ခွာကာ အ မြန်ရထားမှာ ယခင်ကပြည်-ရန် ကုန်ရိုးရိုးတန်း ၆၅၀ကျပ်ဖြစ်ပြီး ယခု ၁၉၅၀ကျပ်၊အထက်တန်းမှာ ယခင် ၁၃၉၀ကျပ်ဖြစ်ပြီး ယခု ၃၉၀၀ကျပ်ဖြစ်သည်။

‘‘လက်မှတ်ခတွေတက်တာ ကြောင့် ခရီးသည်တွေနည်းသွား တာလို့ အဓိကပြောလို့မရဘူး။ ခရီးသွားဝန်ဆောင်မှု ကောင်း ကောင်းမပေးနိုင်တာ။ ရထားထွက်ခွာချိန်တွေနဲ့လည်းဆိုင်သလို အဓိကရထားတွဲတွေ၊ သံလမ်းတွေ မကောင်းဘူး၊ ရထားစီးရင်အချိန်ပေးရသလို သက်ဆိုင်ရာလူကြီးတွေ ရန်ကုန်-ပြည်မီးရထားကို လိုက်စီးကြည့်ပါ။ ရထားခုန်လို့ထိုင်ခုံကနေ တစ်ပေလောက်မြောက်တက်မသွားဘူးဆိုရင် ကြိုက်သလိုပြော။ အရသာသိသွား မယ်’’ဟု ပြည်မြို့ခံမီးရထားဖြင့် ခရီးသွားသူတစ်ဦးက ပြောသည်။

 ရန်ကုန်-ပြည် ရထားလမ်း သည် မြန်မာနိုင်ငံတွင် ပထမ ဦးဆုံးသော ရထားလမ်းဖြစ်ပြီး နှစ်ပေါင်းတစ်ရာကျော်ခဲ့ပြီဖြစ်  သည်။ ပြေးဆွဲနေသောရထားများ ရှိ တွဲများကြံ့ခိုင်မှုအားနည်းခြင်း၊ သံလမ်းများ ပျက်စီးလာခြင်းတို့ ကြောင့် ရထားခုတ်မောင်းရချိန် ကြာမြင့်လာသလို ဘူတာများသို့ ၀င်ချိန်မမှန်ခြင်း၊ ထွက်ခွာချိန် မ မှန်ခြင်းစသည့်အကြောင်းအရာ များကြောင့် ခရီးသည်များအသုံး ပြုမှုနည်းပါးလာခဲ့ရပြီး လမ်းတို ခရီးသည်အချို့သာ အသုံးပြုမှုရှိ တော့ကြောင်းမီးရထားဝန်ထမ်း တစ်ဦးကသုံးသပ်သည်။

‘‘အမြန်မီးရထား အထက် တန်းလက်မှတ်ခနဲ့ ပြည်-ရန်ကုန် ကားလက်မှတ်ခကလည်း တစ် ထောင်ပဲကွာတယ်။ ခရီးသွားအ ဆင်ပြေတာချင်းယှဉ်စီးကြမှာပဲ။  ပြည်ဘူတာကြီးဟာ ဂိတ်စ၊ဂိတ် ဆုံးဘူတာကြီးဖြစ်တဲ့အတွက် အဆင်သင့် ရထားတစ်စီးရှိရင် ပိုကောင်းတာပေါ့။ အခုတော့ ရန် ကုန်ကလာတဲ့ ရထားကိုစောင့်ပြီး ပြန်ထွက်နေရတော့ ၀င်တာ နောက်ကျရင် ပြန်ထွက်တာရော နောက်ကျမယ်’’ဟု ပြည်ဒေသခံ တစ်ဦးကပြောသည်။

ပြည်ဘူတာကြီးမှ နေ့စဉ် ရန်ကုန်-ပြည်အစုန်၊ အဆန်အ မြန်ရထား၊ ပြည်-ကြည့်မြင် တိုင် စာပို့ရထား၊ ပြည်-နေပြည်တော် ရထား၊ လက်ပံတန်း-ပြည်ကား ရထားစသည်တို့ ပြေးဆွဲနေပြီး ပြည်-ပေါက်ခေါင်းရထားလမ်း မှာ သံလမ်းအခြေအနေမကောင်း သောကြောင့် ရပ်နားထားရ ကြောင်း သိရသည်။

7Day DAILY 

ရထားစောင့်ဆိုင်းနေသော ခရီးသွားအချို့ကိုတွေ့ရစဉ်(ဓာတ်ပုံ − ဇော်မင်းထိုက်)
ရထားစောင့်ဆိုင်းနေသော ခရီးသွားအချို့ကိုတွေ့ရစဉ်(ဓာတ်ပုံ − ဇော်မင်းထိုက်)
ပြည်မြို့တွင် ရထားဖြင့် ခရီးသွားသူနည်းပါးလာကြောင်း ပြည်ဘူတာကြီးမှ သတင်းရရှိ သည်။

တံတားဦး ဟိုတယ်ဇုန်စီမံကိန်း လပိုင်းအတွင်း အကောင်အထည်ဖော်မည်

မန္တလေးမြို့အနီးမြေ ဧက ငါးထောင်ကျော်တွင် တည်ဆောက်ရန် လျာထားသည့် တံတားဦးဟိုတယ်ဇုန် စီမံ ကိန်းကို မကြာမီလပိုင်းအတွင်း စတင်အ ကောင်အထည်ဖော် တည်ဆောက်တော့မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

The Voice သီချင်းပြိုင်ပွဲမှာ အကြံပေးအဖြစ်ဆောင်ရွက်မယ့် တေလာဆွစ်ဖ်

 Photo: The Voice သီချင်းပြိုင်ပွဲမှာ အကြံပေးအဖြစ်ဆောင်ရွက်မယ့် တေလာဆွစ်ဖ်
Monday, September 1, 2014

 အမေရိကန် နိုင်ငံကျော်အဆိုတော် တေလာ ဆွစ်ဖ်သည် အမေရိကန်နိုင်ငံ၏ နာမည်ကျော်ကြားသော ပြိုင်ပွဲတစ်ပွဲဖြစ်သည့် NBC ရုပ်သံလိုင်း၏ The Voice သီချင်းဆိုပြိုင်ပွဲ Season 7 တွင် အကြံပေးတစ်ဦးအဖြစ်ဆောင်ရွက်မည်ဟု Us Weekly မဂ္ဂဇင်းကဖော်ပြသည်။

တေလာဆွစ်ဖ်သည် ပြီးခဲ့ သည့် Season 6 ပြိုင်ပွဲ၌ အဆို တော်ခရစ်မာတင် တာဝန်ယူခဲ့ သည့်အတိုင်း အဖွဲ့များအားလုံးမှ ပြိုင်ပွဲဝင်များအား အကြံဉာဏ် များပေးသွားမည်ဟု Us Weekly ကဖော်ပြသည်။

The Voice သီချင်းဆိုပြိုင်ပွဲ ၏ထုံးစံအရ ပြိုင်ပွဲဝင်များအားလုံး ကို အကြံပေးသူ အပြင် အဖွဲ့တစ် ဖွဲ့စီ၌ ကိုယ်ပိုင်အကြံပေးလည်းရှိ မည်ဖြစ်သည်။ ဒိုင်လူကြီး ဘလိတ်ရှယ်တန်၏အဖွဲ့ကို Little Big Town အဖွဲ့က အကူအညီပေး၍ အဒမ်လက်ဗင်း၏ အဖွဲ့ကို စတိဗ်နစ်က အကြံပေးမည်ဖြစ်သည်။ ဂွန်းစတက်ဖနီ၏ အဖွဲ့ကို ဂဗင်ရော့စ်ဒဲလ်ကအကြံဉာဏ်ပေးကာ ဖာရယ်ဝီလီယမ်၏အဖွဲ့ကို အယ်လစ်စီယာကီးစ်က ကူညီမည်ဖြစ် သည်။

The Voice ပြိုင်ပွဲအကြံပေးအဖြစ် တေလာဆွစ်ဖ် ဆောင် ရွက်မည့်သတင်းကို တာဝန်ရှိသူ များက ယခုချိန်အထိ မည်သည့် မှတ်ချက်မျှမပေးသေးပေ။ The Voice သီချင်းဆိုပြိုင်ပွဲ Season 7 ကို စက်တင်ဘာ ၂၂ ရက်တွင် တင်ဆက် မည်ဖြစ်သည်။

7Day DAILY
အမေရိကန် နိုင်ငံကျော်အဆိုတော် တေလာ ဆွစ်ဖ်သည် အမေရိကန်နိုင်ငံ၏ နာမည်ကျော်ကြားသော ပြိုင်ပွဲတစ်ပွဲဖြစ်သည့် NBC ရုပ်သံလိုင်း၏ The Voice သီချင်းဆိုပြိုင်ပွဲ Season 7 တွင် အကြံပေးတစ်ဦး အဖြစ်ဆောင်ရွက်မည်ဟု Us Weekly မဂ္ဂဇင်းကဖော်ပြသည်။

ဆည်ရေတံခါး ကျိုးပျက်သဖြင့် ရွှေဘိုတွင် ရေနစ်မြုပ်မှုများ ဖြစ်ပွား

Photo: ဆည်ရေတံခါး ကျိုးပျက်သဖြင့် ရွှေဘိုတွင် ရေနစ်မြုပ်မှုများ ဖြစ်ပွား
Monday, September 1, 2014

 ရွှေဘိုမြို့တွင် ဆည်ရေ တံခါးကျိုးမှုကြောင့် ကျေးရွာ ရှစ် ရွာခန့် ရေနစ်မြုပ်ခဲ့ပြီး လူနေအိမ် အချို့နှင့် ဘုန်းကြီးကျောင်းအချို့ ပျက်စီးကာ မျိုးစပါးများ၊ ပျိုး ထောင်ထားသော စပါးများ ပျက် စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိ သည်။

ရွှေဘိုမြို့နယ် မင်းကျောင်း ရွာတွင် သြဂုတ် ၃၀ ရက်က ဆည်ရေ၀င်ရောက် မှုကြောင့် စပါးတင်း ၇၀၀ ကျော် ပျက်စီးဆုံး ရှုံးခဲ့သည်။ ထို့အပြင် ပဂိုးကုန်း ကျေးရွာမှ မဟာဝိဇယဘုန်းကြီး ကျောင်း အုတ်တံတိုင်းဆယ်ခန်း ပျက်စီးခဲ့ပြီး ယင်းရွာရှိ ဓမ္မရက္ခိတ ကျောင်း ကျောက်ကြားလမ်းနှင့် အုတ်တံတားမှာလည်း ပျက်စီးခဲ့ သည်။ မင်းကျောင်းရွာမှပင် မဟာအောင်မြေ    သိဒ္ဓိကျောင်း အုတ်တံတိုင်းအခန်း ၄၀ ပြိုကျ ပျက်စီးခဲ့ကြောင်း ထရံကာ ထရံ မိုး အိမ်နှစ်အိမ်နှင့် မီးဖိုချောင် တစ်ခုလည်း ပြိုကျပျက်စီးခဲ့ ကြောင်း ရွှေဘိုမြို့နယ် မီးသတ် ဦးစီးဌာနနှင့် ယင်းကျေးရွာအုပ်ချုပ်ရေးမှူးများက ပြောသည်။

ဆင်းကွတ်ရွာမှာ ထိခိုက်မှု မရှိဘဲ မင်းကျောင်းရွာနှင့် ပဂိုးကုန်းကျေးရွာနှစ်ပေါင်း အိမ်ခြေ ၃၀၅ အိမ်  ရေနစ်မြုပ်ခဲ့ပြီး  လူပေါင်း ၁,၇၇၇ ဦး ရေဘေးဒုက္ခကြုံတွေ့ခဲ့ ရကြောင်း မင်းကျောင်းကျေးရွာ အုပ်ချုပ်ရေးမှူး   ဦးညွန့်ဝေက ပြောသည်။

‘‘ပျက်စီးဆုံးရှုံးမှု စာရင်းက တော့   ကောက်နေတုန်းပါပဲ။ စပါးတွေက ကြဲမယ့်တန်းလန်း မျိုးစပါးတွေပါသွားတာ။ လူနဲ့ တိရစ္ဆာန်တွေတော့ ထိခိုက်မှု မရှိ ပါဘူး’’ ၎င်းက ပြောသည်။

အဆိုပါ ကျေးရွာများအပြင် ကျားရွာ၊ မြောင်းကြီးကျေးရွာ၊ ခွန်တောင်းကြီးကျေး ရွာ၊ နှမစား ရစ်ရွာနှင့် အခြားကျေးရွာများတွင် လည်း ဆည်ရေ၀င်ရောက် မှု ဖြစ် ပေါ်ခဲ့ပြီး အချို့ရွာများရှိ လယ် များတွင် စပါးပျိုးခင်းများရှိသည့် အတွက် ပျက်စီးနိုင်ကြောင်း ဒေသခံများက ပြောသည်။

‘‘နှစ်ငါးဆယ်အတွင်း တစ် ခါမှမကြုံဖူးဘူး။ ရေအနက်ကိုကလေးပေခွဲ ၊ငါးပေလောက် ရှိတယ်။ ရေကျသွားလို့ တော်သေးတယ်’’ ဟု မင်းကျောင်းကျေးရွာမှ ဒေသ ခံတောင်သူတစ်ဦးက ပြောသည်။

ရွှေဘိုတက္ကသိုလ်နှင့် ကျောင်းဝန်းကျင် ရပ်ကွက်များ၊ ရွှေဘို နည်းပညာကောလိပ် ၀င်း အတွင်းတို့တွင်လည်း ရေ၀င် ရောက်မှုများ ဖြစ်ပေါ် ခဲ့သည်။ ရွှေဘိုမြစ်ကြီးနားကားလမ်းရှိ ကိုး ပင်ချောင်းတံတား ချဉ်းကပ်လမ်း မှာ ပေ ၂၀ ခန့် ပျက်စီးခဲ့ပြီး ခေတ္တ လမ်းပိတ်ထားမှုကြောင့် ကုန်တင် ကားကြီးများ စောင့်ဆိုင်းနေကြရ သည်။

ရေဘေးကြုံတွေ့နေရသည့် ကျေးရွာများသို့ အစိုးရဌာနဆိုင် ရာဝန်ထမ်း များ၊ ရွှေဘိုမြို့ရှိ ပရ ဟိတအဖွဲ့အစည်းများက ထမင်း ထုပ်များဝေငှခြင်း၊ ဆေးခန်း များ ဖွင့်လှစ်ကုသပေးခြင်း၊ သောက် ရေသန့်များ ထားပေးခြင်းများ ပြုလုပ်ပေးနေ သည်။   ရေပြန်ကျ သွားချိန်တွင်လည်း ကျေးရွာအ တွင်း သန့်ရှင်းရေးများ  ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ် ကြောင်း   ရွှေဘိုမြို့နယ်   အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာန  ဒုတိယဦးစီးမှူး  ဦးနေမင်းထွန်းက ပြောကြားသည်။

7Day DAILY 

ရွှေဘိုတက္ကသိုလ်အနီးရပ်ကွက်တွင် ဆည်ရေကြောင့် ကျိုးသွားသည့် တံတားတစ်စင်း (ဓာတ်ပုံ−ညီညီဇော်)
ရွှေဘိုတက္ကသိုလ်အနီးရပ်ကွက်တွင် ဆည်ရေကြောင့် ကျိုးသွားသည့်တံတားတစ်စင်း (ဓာတ်ပုံ−ညီညီဇော်)
 ရွှေဘိုမြို့တွင် ဆည်ရေ တံခါးကျိုးမှုကြောင့် ကျေးရွာ ရှစ် ရွာခန့် ရေနစ်မြုပ်ခဲ့ပြီး လူနေအိမ် အချို့နှင့် ဘုန်းကြီးကျောင်းအချို့ ပျက်စီးကာ မျိုးစပါးများ၊ ပျိုး ထောင်ထားသော စပါးများ ပျက် စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိ သည်။

အချစ်သစ်ကို ဘုရားဆီမှာ တောင်းထားတဲ့ နောနော်

Photo: အချစ်သစ်ကို ဘုရားဆီမှာ တောင်းထားတဲ့ နောနော်
Monday, September 1, 2014

အဆိုတော်ချစ်သူနှင့် မကြာသေးမီက လမ်းခွဲလိုက် သော ရော့ခ် အဆိုတော် နောနော် က အချစ်သစ်ကို ဘုရားထံတွင် တောင်းနေသည်ဟု ဆိုသည်။

‘‘အဲ့ဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ နောက်ထပ်အချစ် ရေးနဲ့ ပတ်သက်လို့ ဘုရားဆီမှာ တောင်းထားတယ်’’ဟု နောနော် က ပြောသည်။

နောနော်၏ လက်ရှိဖက်ရှင် ပုံစံသည်  ပရိသတ်မျက်စိ  အ မြင်စွဲနေသော ဆံပင်ရှည်ရှည်နှင့် မဟုတ်တော့ဘဲ သပ်သပ်ရပ်ရပ် ၀တ်စားကာ ဆံပင်ပုံစံပြောင်းလဲ ထားသည်ကို တွေ့မြင်ခဲ့ရသည်။

‘‘ဘယ်လိုကြောင့် ပြောင်း သွားလဲဆိုတော့ နည်းနည်းအိုက် လို့လေ၊ အိုက်တာနဲ့ ညှပ်လိုက် တာ’’ဟု နောနော်က ပြောသည်။

နောနော်သည် တစ်နှစ်တစ် ကြိမ် တစ်ကိုယ်တော်ရှိုးပွဲပြုလုပ် သွားမည့် ရည်ရွယ်ချက်အတိုင်း ယခုနှစ် ဒီဇင်ဘာတွင် တစ်ကိုယ် တော်ရှိုးပွဲထပ်မံပြုလုပ်မည်ဖြစ် ကြောင်း ပြောသည်။

ဘာသာရေးပွဲများအတွက် အမေရိကန်တွင် နှစ်လကြာသွား ရောက် သီဆိုပေးခဲ့ပြီး ရန်ကုန်သို့ ပြန်ရောက်ချိန်တွင် ငါးခွေမြောက်အခွေသစ်အတွက် စတင်စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

7Day DAILY
အဆိုတော်ချစ်သူနှင့် မကြာသေးမီက လမ်းခွဲလိုက် သော ရော့ခ် အဆိုတော် နောနော် က အချစ်သစ်ကို ဘုရားထံတွင် တောင်းနေသည်ဟု ဆိုသည်။

မြင်းခြံဒေသတွင် မိုးနှစ်ရက်ခန့် ရွာသွန်းခဲ့သောကြောင့် တောင်သူအချို့ ကျွဲနွားစာနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးရန်အတွက် ထွန်ယက်မှု စတင်

 Photo: မြင်းခြံဒေသတွင် မိုးနှစ်ရက်ခန့် ရွာသွန်းခဲ့သောကြောင့် တောင်သူအချို့ ကျွဲနွားစာနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးရန်အတွက် ထွန်ယက်မှု စတင်
Monday, September 1, 2014 

မြင်းခြံဒေသတွင် သြဂုတ်လနောက်ဆုံးအပတ်မှစ၍ နှစ်ရက်ခန့် မိုးရွာသွန်း ခဲ့သဖြင့် တောင်သူအချို့ ကျွဲနွားစာနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးရန်အတွက် လယ်ယာမြေများအား ထွန်ယက်မှုများ စတင်ပြုလုပ်နေကြောင်း သိရသည်။

ယခုနှစ်အတွင်း မိုးခေါင်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ကန်ရေချောင်းရေများ ခန်းခြောက်ခဲ့ကာ ဒေသအတွင်းစိုက်ပျိုးရေနှင့် သောက်သုံးရေရှားပါးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် အခြားသီးနှံမျိုးစုံ စိုက်ပျိုးနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

သို့ရာတွင် သြဂုတ် ၂၈ ရက်နှင့် ၂၉ ရက်များတွင် မြင်းခြံဒေသ အတွင်းရှိ ကျေးရွာ များတွင် မိုးရွာသွန်းခဲ့သဖြင့် ဒေသခံတောင်သူအချို့သည် ရာသီပေါ်သီးနှံ များဖြစ်သော ခရမ်းချဉ်သီး၊ ငရုတ်သီးနှင့် နွားစာပြောင်းများကို စတင်စိုက်ပျိုးလျက်ရှိကြောင်း ဒေသခံတောင်သူများက ဆိုသည်။

“ဒီနှစ်မိုးခေါင်တော့ ဘာသီးနှံမှ မစိုက်ပျိုးနိုင်ခဲ့ပါဘူး။ မိုးမခေါင်ဘဲ စိုက်ပျိုးရေသာ ရမယ်ဆိုရင် ဒီအချိန်မှာ တောင်သူတွေ မြေပဲနဲ့ပဲမျိုးစုံ ရိတ်သိမ်းနေရမယ့်အချိန် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ မိုးအနည်းငယ်ရွာခဲ့တော့ ထွန်ယက်ပြီး နွားစာပြောင်းတွေ ပက်ကြဲထားပါတယ်။ တောင်သူအတွက် သီးနှံမရခဲ့ပေမယ့် ကျွဲနွားစာအတွက်တော့ ပြောင်းအချို့ စတင်စိုက်ပျိုးနေပါပြီ” သဲဖြူဝကျေးရွာမှ တောင်သူတစ်ဦးဖြစ်သူ ဦးဝင်းမောင်က ဆိုသည်။

“မိုးနှစ်ရက်လောက်ရွာလိုက်တော့ မြေယာတွေ စတင်ထွန်ယက်မှု ပြုလုပ်နေပါပြီ။ ရာသီပေါ်သီးနှံမျိုးစုံ မစိုက်ပျိုးနိုင်ခဲ့ပေမယ့် ခရမ်းချဉ်သီးနဲ့ ငရုတ်စိုက်ပျိုးဖို့အတွက် ထွန်ယက်ပြီး မျိုးစေ့ပက်ကြဲထားပါတယ်။ မြေပဲစိုက်ပျိုးချင်ပေမယ့် မိုးရွာဖို့ မသေချာတော့တဲ့အချိန်ကို ရောက်နေပြီဖြစ်တဲ့အတွက် မိုးထပ်မရွာရင်တော့ စိုက်ပျိုးစရိတ်နဲ့ မျိုးစေ့ဖိုးတွေ ရှုံးမှာဖြစ်တဲ့ ကျနော်တို့ဒေသက တောင်သူတွေ စိုက်ပျိုးမှာ မဟုတ်တော့ပါဘူး။ မိုးမရွာရင် တောင်သူတွေအတွက် အခက်ကြုံရပါတယ်” ဟု ဆားခါးကျေးရွာမှ တောင်သူတစ်ဦးဖြစ်သူ ဦးရဲမြင့်က ဆိုသည်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခုနှစ်အတွင်း မိုးခေါင်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် တောင်သူများ သီးနှံမျိုးစုံ စိုက်ပျိုးနိုင်ခြင်းမရှိဘဲ ယခုရက်ပိုင်းအတွင်း နှစ်ရက်ခန့် မိုးရွာသွန်းခဲ့သောကြောင့် ကုန်းတောင်သူများ စတင်ထွန်ယက်လျက်ရှိသော်လည်း ကျွန်းတောင်သူများမှာ ဧရာဝတီမြစ်ရေ တိုးမြင့်လာသဖြင့် စိုက်ပျိုးမြေများတွင် မြစ်ရေ၀င်ရောက်နေသည့်အတွက် ရာသီပေါ်သီးနှံများ စိုက်ပျိုးနိုင်ခြင်းမရှိကြောင်း သိရသည်။

Eleven Media Group 

မြင်းခြံဒေသရှိတောင်သူများ ရာသီပေါ်သီးနှံများ စိုက်ပျိုးရန် ထွန်ယက်နေကြစဉ်
မြင်းခြံဒေသရှိတောင်သူများ ရာသီပေါ်သီးနှံများ စိုက်ပျိုးရန် ထွန်ယက်နေကြစဉ်
မြင်းခြံဒေသတွင် သြဂုတ်လနောက်ဆုံးအပတ်မှစ၍ နှစ်ရက်ခန့် မိုးရွာသွန်း ခဲ့သဖြင့် တောင်သူအချို့ ကျွဲနွား စာနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးရန်အတွက် လယ်ယာမြေများအား ထွန်ယက်မှုများ စတင်ပြု လုပ်နေကြောင်း သိရသည်။

မိုးတွင်းကာလအတွင်း ဟုမ္မလင်း-နောင်ပိုအောင်-နမ့်တောကားလမ်းများ သွားလာမှုခက်ခဲသောကြောင့် ရေလမ်းခရီးဖြင့်သာ သွားလာနေကြရ

Photo: မိုးတွင်းကာလအတွင်း ဟုမ္မလင်း-နောင်ပိုအောင်-နမ့်တောကားလမ်းများ သွားလာမှုခက်ခဲသောကြောင့် ရေလမ်းခရီးဖြင့်သာ သွားလာနေကြရ
Monday, September 1, 2014 

မိုးတွင်းကာလအတွင်း ဟုမ္မလင်း-နောင်ပိုအောင်-နန်တောကားလမ်းများသည် သွားလာမှုခက်ခဲလာသောကြောင့် ခရီးသည်များအနေဖြင့် ရေလမ်းခရီးကိုသာ အဓိကအားထား သွားလာနေရကြောင်း သိရပါသည်။

“ဟုမ္မလင်း-နောင်ပိုအောင်လမ်းမှာက လမ်းကတအားဆိုးတယ်။ ရာဘာခင်းတွေရှိတဲ့ နေရာမှာဆို ပိုဆိုးတယ်၊ လမ်းတွေက ကားတွေဆိုင်ကယ်တွေ တော်တော်မောင်းယူရတယ်၊ နောင်ပိုအောင်-နမ့်တောလမ်းမှာဆိုရင် ကားတွေက မသွားသလောက်ပဲ လမ်းမှာ ကချောင်းကို ဖောင်နဲ့ကူးရသေးတယ်။ နမ့်တောကနေပြီး တစ်ခါတစ်ခါ ကားနဲ့ထွက်လာရင် အခုအချိန်ဆိုရင် ကားကို စုတ်ပြတ်သတ်နေတာပဲ။ အခုဆိုရင် ခရီးသည်တွေ တော်တော်များများက ရေလမ်းက ရှော်တယ်တွေနဲ့ပဲ သွားကြတယ်။ ခရီးသည်တစ်ဦးကို ရှော်တယ်စီးခက ၇၀၀၀-၈၀၀၀ ကနေ အထူးတန်းဆိုရင် ၁၂၀၀၀ လောက်ရှိတယ်” ဟု ဟုမ္မလင်းမြို့ နယ်ခံကိုမိုးယံက ပြောပြသည်။ ဟုမ္မလင်း-နောင်ပိုအောင်-နန်တောလမ်းသည် ရွှေမှော်များသို့သွားရာ အဓိကလမ်းမကြီးဖြစ်ပြီး ဥရုမြစ်ဘေးရှိ ကျေးရွာများနှင့် အဓိကချိတ်ဆက်သော လမ်းမကြီးလည်းဖြစ်သည်” ဟုသိရှိရပါသည်။ “ဟုမ္မလင်း-နောင်ပိုအောင်-နမ့်တောကားလမ်းက အခုလို မိုးများနေတဲ့ အချိန်ဆိုရင် မသွားကြဘဲ နားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လမ်းပိုင်းမှာရှိတဲ့ တချို့နေရာတွေမှာ ရေကျော်နေလို့ပါ။ နေပူမှ ပြန်သွားကြတာပေါ့။ မသွားမဖြစ် သွားရတော့မယ်ဆိုရင်တော့ စက်လှေနဲ့ဖြစ်ဖြစ်၊ ဆိုင်ကယ်နဲ့ ဖြစ်ဖြစ် သွားကြရတာပေါ့။ အများစုကတော့ စက်လှေနဲ့ သွားကြပါတယ်။ ကိုယ်ပိုင်ကားရှိတဲ့သူတွေကတော့ ပါဂျဲရိုးကားနဲ့ဆို ချောင်းရေကျတယ်ဆိုလည်း ခဏစောင့်ပြီး သွားကြတယ်” ဟု နောင်ပိုအောင်ကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

Eleven Media Group 

ဟုမ္မလင်း-နောင်ပိုအောင်-နမ့်တောလမ်းပေါ်ရှိ ကွမ်းတောင်းရွာနှင့် နောင် ပိုအောင် ကျေးရွာကြားတွင် လမ်းပျက်စီးနေမှုကို တွေ့ရစဉ်
ဟုမ္မလင်း-နောင်ပိုအောင်-နမ့်တောလမ်းပေါ်ရှိ ကွမ်းတောင်းရွာနှင့် နောင်ပိုအောင် ကျေးရွာကြားတွင် လမ်း ပျက်စီးနေမှုကို တွေ့ရစဉ်
မိုးတွင်းကာလအတွင်း ဟုမ္မလင်း-နောင်ပိုအောင်-နန်တောကားလမ်းများသည် သွားလာမှုခက်ခဲလာသောေ ကြာ င့် ခရီးသည်များ အနေဖြင့် ရေလမ်းခရီးကိုသာ အဓိကအားထား သွားလာနေရကြောင်း သိရပါသည်။

နာရေးကူညီမှုအသင်းနှင့် လူမှုအဖွဲ့အစည်းများမှ အင်းလျားကန်ပေါင်တွင် စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိုက်များအား ကောက်ယူ

Photo: နာရေးကူညီမှုအသင်းနှင့် လူမှုအဖွဲ့အစည်းများမှ အင်းလျားကန်ပေါင်တွင် စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိုက်များအား ကောက်ယူ
Monday, September 1, 2014 

နာရေးကူညီမှုအသင်းနှင့် လူမှုအဖွဲ့အစည်းများမှ အင်းလျားကန်ပေါင်တွင် စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိုက်များအား သြဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် ကောက်ယူခဲ့ကြောင်း သိရသည်။

ထို့သို့ အင်းလျားကန်ပေါင်တွင် အမှိုက်ကောက်ရာတွင် နာရေးကူညီမှုအသင်း အပါအ၀င် အခြားလူမှုရေး အသင်းအဖွဲ့များမှ လူငယ်များပါဝင်ကြပြီး စုစုပေါင်းလူဦးရေ ၇၀ ခန့်မှ ကောက်ယူကြခြင်းဖြစ်သည်။

“ကျွန်တော်တို့ သင်္ဘောဆိပ်တွေမှာ ပထမဆုံးကောက်ခဲ့တယ်။ နောက်တော့ မဟာဗန္ဓုလလမ်းမှာကောက်နေတုန်း စည်ပင်ကလာတားတယ်။ အခုနောက်ပိုင်း နာရေးကူညီမှု အသင်းရှိတဲ့ မြောက်ဒဂုံ ၄၂ ရပ်ကွက်မှာ တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက်ဖြစ်ပါတယ်။ ဒီကန်ပေါင်မှာ စနေ၊ တနင်္ဂနွေနေ့တွေမှာဆို လာတဲ့လူတွေ ပိုများတယ်။ အဲဒီလူတွေချခဲ့တဲ့ အမှိုက်တွေကို ကျွန်တော်တို့ လာကောက်တာပါ။ ရန်ကုန်မြို့ကြီး အမှိုက်တွေကင်းသွားအောင် မြို့နယ်တွေ တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် ကောက်သင့်ပါတယ်။ ပြီးတော့ အမှိုက်ကောက်တဲ့သူကကောက်ရင် အခြားလူတွေကလည်း အမှိုက်မချတော့ရင် မကြာခင် အမှိုက်တွေ ကင်းစင်လာမှာပါ” ဟု နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောကြားသည်။

နာရေးကူညီမှုအသင်းက ဦးဆောင်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မြောက်ဒဂုံ (၄၂) ရပ်ကွက်တွင် အမှိုက်များ ကောက်ယူလျက်ရှိပြီး အခြားလူမှု အဖွဲ့အစည်းများမှလည်း ပူးပေါင်းပါဝင်ကြကြောင်း သိရသည်။     

Eleven Media Group 

အင်းလျားကန်ပေါင်တွင် နာရေးကူညီမှုအသင်းနှင့် လူမှုအဖွဲ့အစည်းများက စည်းကမ်းမဲ့စွန့်ပစ်ထားသည့် အမှိုက်များကို ရှင်းလင်းနေစဉ်
အင်းလျားကန်ပေါင်တွင် နာရေးကူညီမှုအသင်းနှင့် လူမှုအဖွဲ့အစည်းများက စည်းကမ်းမဲ့စွန့်ပစ်ထားသည့် အမှိုက်များကို ရှင်းလင်းနေစဉ်
နာရေးကူညီမှုအသင်းနှင့် လူမှုအဖွဲ့အစည်းများမှ အင်းလျားကန်ပေါင်တွင် စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိုက် များအား သြဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် ကောက်ယူခဲ့ကြောင်း သိရသည်။

သီလ၀ါအထူးစီးပွားရေးဇုန် ဟက်တာ ၂၀၀၀ အတွင်း ပါဝင်သူများအနေဖြင့် မိမိတို့ရရှိမည့် လျော်ကြေးများနှင့် ပတ်သက်၍ တိတိကျကျ ထုတ်ပြန်ပေးရန် တောင်းဆိုထား

Photo: သီလ၀ါအထူးစီးပွားရေးဇုန် ဟက်တာ ၂၀၀၀ အတွင်း ပါဝင်သူများအနေဖြင့် မိမိတို့ရရှိမည့် လျော်ကြေးများနှင့် ပတ်သက်၍ တိတိကျကျ ထုတ်ပြန်ပေးရန် တောင်းဆိုထား
Monday, September 1, 2014 

သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်
သီလ၀ါအထူးစီးပွားရေးဇုန် ဒုတိယအဆင့် ဟက်တာ ၂၀၀၀ အတွင်း ပါဝင်သူများအနေဖြင့် စီမံကိန်းကြောင့် ဒေသခံများအနေဖြင့် လက်ရှိလုပ်ကိုင်စားသောက်ရာ နေရာများမှ ရွှေ့ပြောင်းပေးရပါက ယင်းတို့ရရှိမည့် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး စသည်တို့နှင့် ပတ်သက်၍ တိတိကျကျ ထုတ်ပြန်ပေးရန် တောင်းဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။

သီလ၀ါအထူးစီးပွားရေးဇုန် ဟက်တာ ၂၀၀၀ အတွင်း ပါဝင်သည့် ဒေသခံများနှင့် သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ၊ JICA မှ တာဝန်ရှိသူများသည် ဩဂုတ် ၂၅ ရက်က သန်လျင်မြို့နယ် မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနရုံး၌ တွေ့ဆုံပွဲကျင်းပရာတွင် ဒေသခံများက အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့က ဟက်တာ ၂ဝဝဝ ထဲမှာပါတဲ့ ဒေသခံတွေပါ။ ဒေသခံတွေနဲ့ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရယ် JICA က တာဝန်ရှိသူတွေရယ် ဩဂုတ် ၂၅ ရက်က တွေ့တုန်းက ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရမယ့် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး၊ ကြက်တစ်ကောင်၊ ဝက်တစ်ကောင်တို့ရဲ့ စသဖြင့်ပေါ့ တိတိကျကျ သိချင်ပါတယ်လို့ တောင်းဆိုခဲ့တယ်။ ဘာလို့လဲဆိုတော့ ဟက်တာ ၄ဝဝ မှာတုန်းက မြေယာလျော်ကြေးမပေးတဲ့ လယ်သမားတွေကို သီးနှံလျော်ကြေးကို ခြောက်နှစ်စာဆိုပြီး တွက်ပေးတယ်။ ပြောင်းရွှေ့ပေးရတဲ့သူတွေကို သူတို့ပြန်ပေးတဲ့ နေရာကလည်း အဲဒီကြက်တွေ ဝက်တွေကို မွေးထားလို့ မရတဲ့အတွက် ဒေသခံတွေ အတော်ဒုက္ခရောက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့လျော်ကြေးနဲ့ ပတ်သက်ပြီး တိတိကျကျ သိချင်ပါတယ်ဆိုပြီး တောင်းဆိုထားပါတယ” ဟု ဟက်တာ ၂ဝဝဝ စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် သရက်သီတာမြိုင်မှ ဦးအေးဋ္ဌေးက ပြောပြသည်။

သီလဝါ အထူးစီးပွားရေးဇုန် ဟက်တာ ၂ဝဝဝ အကောင်အထည်ဖော်နိုင်ရေးအတွက် ဒေသခံများနှင့် စီမံကိန်းနှင့်ပတ်သက်သည့် တာဝန်ရှိသူများအနေဖြင့် တစ်လလျှင်တစ်ကြိမ် တွေ့ဆုံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အလားတူ အဆိုပါ ဒုတိယအဆင့် စီမံကိန်းနှင့် ပတ်သက်၍ စီမံကိန်း အကောင်အထည်ဖော်နိုင်ရန်အတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်း(Strategic Environmental Assessment-SEA) နှင့်ပတ်သက်၍ stakeholder meeting ကို ၂ဝ၁၄ ခုနှစ် ဇွန် ၃ဝ ရက်က မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန မြေယာရုံးခွဲ(၂)၊ သန်လျင်မြို့နယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းတွင် စုစုပေါင်းဧရိယာ ၂၃၄၂ ဟက်တာ (၅၇၈၇ ဒသမ ၁၇၈ ဧက) ရှိပြီး ပထမအဆင့်အပိုင်း(က) ဧရိယာတွင် ၃၉၆ ဒသမ ဝ၆၂ ဟက်တာ (၉၇၈ ဒသမ ၆၉၁ ဧက)ရှိကာ ဒုတိယအဆင့်တွင်မူ ဟက်တာ ၂ဝဝဝ ပါဝင်ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

Eleven Media Group
သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်
သီလ၀ါအထူးစီးပွားရေးဇုန် ဒုတိယအဆင့် ဟက်တာ ၂၀၀၀ အတွင်း ပါဝင်သူများအနေဖြင့် စီမံကိန်းကြောင့် ဒေသခံများအနေဖြင့် လက်ရှိလုပ်ကိုင်စားသောက်ရာ နေရာများမှ ရွှေ့ပြောင်းပေးရပါက ယင်းတို့ရရှိမည့် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး စသည်တို့နှင့် ပတ်သက်၍ တိတိကျကျ ထုတ်ပြန်ပေး ရန် တောင်းဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။

လူ့အခွင့်အရေး မြှင့်တင်ရေးအတွက် များစွာအထောက်အကူဖြစ်စေ ၍ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး အမြန်ဆုံးဖြစ်လာရန် မျှော် လင့်ကြောင်း မြန် မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား

Photo: လူ့အခွင့်အရေး မြှင့်တင်ရေးအတွက် များစွာအထောက်အကူဖြစ်စေ ၍ နိုင်ငံလုံး ဆိုင်ရာ အပစ်ရပ်စဲရေး အမြန်ဆုံးဖြစ်လာရန် မျှော် လင့်ကြောင်း မြန် မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Monday, September 1, 2014 

အပစ်ရပ်စဲပြီး ငြိမ်းချမ်းရေးရပါက လူ့အခွင့်အရေး မြှင့်တင်ရေးအတွက် များစွာအထောက်အကူဖြစ်စေ၍ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညှိနှိုင်းဆောင်ရွက်နေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အမြန်ဆုံးဖြစ်လာရန် မျှော်လင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောကြားသည်။

မြန်မာပြည်၌ လွတ်လပ်ရေးရပြီးကာလနောက်ပိုင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒုက္ခရောက်ခဲ့ကြရသည့် ပြည်သူများစွာရှိနေပြီး လက်ရှိအစိုးရလက်ထက်တွင် ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများကြောင့် ကချင်ဒေသတွင် စစ်ဘေးဒုက္ခသည်ပြည်သူ သိန်းချီရှိနေသေးပြီး စားဝတ်နေရေးများစွာ အခက်အခဲဖြစ်နေကာ ကျန်းမာရေး၊ ပညာရေးမှာလည်း များစွာနိမ့်ကျလျက်ရှိသည်။

ဦးဝင်းမြက “ကျွန်တော်တို့ကတော့ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ပြောရမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေး ရရှိသွားခြင်းအားဖြင့် လူသားတွေအတွက် ခံစားမှုတွေက အများကြီးရရှိလာမှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ဒီအပစ်အခတ်ရပ်စဲရေး အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ပါစေလို့ပဲ ကျွန်တော်တို့ကနေ မျှော်လင့်တယ်။ အားပေးတယ်။ တိုက်တွန်းတယ်။

တကယ့်လုပ်ငန်းစဉ်ကတော့ သက်ဆိုင်တဲ့သူတွေက ဆောင်ရွက်နေကြတာပေါ့။ ဒါရလာခြင်းအားဖြင့် ဒေသမှာရှိနေတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ အကျိုးခံစားရမှာ ဖြစ်တဲ့အတွက်ကြောင့် ရရှိမယ်ဆိုရင် အထူးပဲဝမ်းသာမယ်လို့ ပြောချင်ပါတယ်။ အမြန်ဆုံး ဖြစ်လာပါစေလို့ မျှော်လင့်တယ်။ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရသွားမယ် ဆိုရင်တော့ လူ့အခွင့်အရေး မြှင့်တင်တိုးမြှင့်ရေးအတွက် အများကြီးအထောက်အကူ ဖြစ်စေမှာ။ ဒါကြောင့်မို့လို့ အဲဒီရှုထောင့်ကနေ ကျွန်တော်ကြိုဆိုတယ်လို့ ပြောခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များသည် ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ပြီး စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေသူများကို အကူအညီပေးရန်နှင့် ကချင်ပြည်နယ် ပဋိပက္ခသည် လူတို့၏ အသက်အိုးအိမ် စည်းစိမ်အပေါ်တွင် လည်းကောင်း၊ နိုင်ငံတော်၏ ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းအားထုတ်မှုအပေါ်တွင် လည်းကောင်း ထိခိုက်မှုများရှိနေ၍ နှစ်ဖက်လက်ခံနိုင်သော အခြေအနေတစ်ခုကို အမြန်ဆုံးရရှိရေး အားထုတ်ရန်လည်း တိုက်တွန်းထားသည်။

“ကျွန်တော့်အမြင် ပြောရရင်တော့ အပစ်အခတ်ရပ်စဲရေးရရုံ သက်သက်နဲ့တော့ မဟုတ်သေးဘူးပေါ့။ ငြိမ်းချမ်းရေးဆိုတာ အပစ်အခတ်ရပ်စဲရေးက ပထမအဆင့်ပဲ ရှိတာပဲ။ ကျန်တာတွေလည်း အများကြီးလုပ်ပေးရမှာ ပညာရေးတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးတွေ အများကြီးဆိုင်နေပါတယ်။ ကိုယ့်နိုင်ငံမှာ ဖြစ်နေတဲ့ ဒီပြဿနာကြီး အမြန်ဆုံးပြီးအောင် ဆွေးနွေးနေတဲ့ဟာကို အားပေးတာကလွဲလို့ ဘာလုပ်နိုင်မှာလဲ။ အောင်မြင်ပါစေလို့တော့ အားပေးတာပေါ့” ဟု ဦးဝင်းမြက ပြောကြားသည်။

အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ပြီးမှသာ နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်သည့် ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်ရဦးမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း ပဋိပက္ခဖြစ်နေသည့် ဒေသများတွင် ငြိမ်းချမ်းရေးရရန် အပစ်အခတ်ရပ်စဲရေးသည် ပထမဆုံးလိုအပ်သည့် အချက်ဖြစ်နေ၍ အမြန်ဆုံးဖြစ်လာစေရန် မျှော်လင့်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

Eleven Media Group 

ကချင်ပြည်နယ် လိုင်ဇာဒေသရှိ စစ်ဘေးဒုက္ခသည်စခန်းမှ ကလေးငယ်များအား ဇူလိုင် ၂၇ ရက် က တွေ့ရ စဉ် (ဓာတ်ပုံ- အောင်ဇော်ထွန်း)
ကချင်ပြည်နယ် လိုင်ဇာဒေသရှိ စစ်ဘေးဒုက္ခသည်စခန်းမှ ကလေးငယ်များအား ဇူလိုင် ၂၇ ရက် က တွေ့ရ စဉ် (ဓာတ်ပုံ- အောင်ဇော်ထွန်း)
အပစ်ရပ်စဲပြီး ငြိမ်းချမ်းရေးရပါက လူ့အခွင့်အရေး မြှင့်တင်ရေးအတွက် များစွာအထောက်အကူဖြစ်စေ၍ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညှိနှိုင်းဆောင်ရွက်နေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး အမြန်ဆုံးဖြစ်လာရန် မျှော်လင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ က ပြောကြားသည်။

ဘက်စုံမြင်ကွင်းကုမ္ပဏီကို ခွင့်ပြုခဲ့သည့် အမြန်ဘတ်စ်ကားလိုင်းစနစ် သုံးလအတွင်း စတင်ပြေးဆွဲမည်ဟု သိရ

Photo: ဘက်စုံမြင်ကွင်းကုမ္ပဏီကို ခွင့်ပြုခဲ့သည့် အမြန်ဘတ်စ်ကားလိုင်းစနစ် သုံးလအတွင်း စတင်ပြေးဆွဲမည်ဟု သိရ
Monday, September 1, 2014 

ဘက်စုံမြင်ကွင်းကုမ္ပဏီကို စမ်းသပ်ပြေးဆွဲခွင့်ပြုလိုက်သည့် အမြန်ဘတ်စ်ကားလိုင်းစနစ်အား ဝေဇယန္တာလမ်းပေါ်တွင် သုံးလအတွင်း စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ယင်းစနစ်ကို ဘတ်စ်ကားလုံးဝပြေးဆွဲခြင်းမရှိသည့် ဝေဇယန္တာလမ်းပေါ် တွင် ပြေးဆွဲရန် လက်ရှိမေတ္တာလှိုင်း ယာဉ်လိုင်းများပြေးဆွဲနေသော ဘက်စုံမြင် ကွင်း ကုမ္ပဏီကို စမ်းသပ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

“ဝေဇယန္တာလမ်းမကြီးမှာ အမြန်ဘတ်စ်ကားလိုင်းစနစ် စမ်းသပ်ပြေးဆွဲရန် ခွင့်ပြုပြီးဖြစ်ပါတယ်။ မကြာတော့မယ့် အချိန်သုံးလအတွင်း ပြေးဆွဲပေးနိုင်ဖို့ စီစဉ်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ခရီးသွားပြည်သူများ အနေဖြင့် လမ်းပေါ်တွင်သာ အချိန်များစွာ ကုန်ဆုံးနေရခြင်းကြောင့် ယင်းအချိန်များကို လျှော့ချနိုင်ရန်အတွက် အမြန်ဘတ်စ်ကားလိုင်း စနစ်ကို ပြေးဆွဲရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အမြန်ဘတ်စ်ကားလိုင်း စတင်ပြေးဆွဲရန် စီစဉ်ခဲ့စဉ်ကတည်းက ဘက်စုံမြင်ကွင်းကုမ္ပဏီ က ပြေးဆွဲခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အဆိုပါစနစ်အတွက် ရင်းနှီးမြှပ်နှံမှုများစွာ ပြုလုပ်မည်ဖြစ်၍ ယင်းကုမ္ပဏီကို စမ်းသပ်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ပြေးဆွဲမှုအောင်မြင်ပါက အခြားကုမ္ပဏီများကို ထပ်မံပြေးဆွဲခွင့်ပြုသွားမည်ဟု ဆိုသည်။

အမြန်ဘတ်စ်ကားလိုင်းစနစ်တွင် ဘတ်စ်ကားအသစ်များနှင့် အဲကွန်းစနစ်များပါဝင်မည့် အားသာချက်များရှိသော်လည်း ယင်းစနစ်ပြေးဆွဲရန်အတွက် ဝေဇယန္တာလမ်းတွင် အသွားအပြန် သီးသန့်လမ်းကြောင်း ပေးရမည်ဖြစ်ခြင်းကြောင့် လက်ရှိလမ်းအနေအထားများအရ မဖြစ်နိုင်သေးကြောင်းနှင့် မအောင်မြင်နိုင်ကြောင်း ရန်ကုန်မြို့ပြစီမံကိန်း ပညာရှင်တစ်ဦးက သုံးသပ်သည်။ ထို့ကြောင့် ယင်းစနစ်ပြေးဆွဲလိုက်မှ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဖြစ်ပွားနိုင်သည့် အခြေအနေဟု ယာဉ်မောင်းများနှင့် ခရီးသွားများက သုံးသပ်နေကြသည်။
ယခုကဲ့သို့ ရန်ကုန်မြို့နေ ပြည်သူများနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်သော အမြန်ဘတ်စ်ကားလိုင်းပြေးဆွဲရေးကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးအတည်ပြုချက် ရယူခြင်းမရှိဘဲ ပွင့်လင်းမြင်သာမှုမရှိဘဲ တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သုံးသပ်သည်။

Eleven Media Group 

ဝေဇယန္တာ လမ်းမပေါ်တစ်နေရာ၌ ယာဉ်ကြောပိတ်ဆို့နေသည်ကို တွေ့ရစဉ်
ဝေဇယန္တာ လမ်းမပေါ်တစ်နေရာ၌ ယာဉ်ကြောပိတ်ဆို့နေသည်ကို တွေ့ရစဉ်
ဘက်စုံမြင်ကွင်းကုမ္ပဏီကို စမ်းသပ်ပြေးဆွဲခွင့်ပြုလိုက်သည့် အမြန်ဘတ်စ်ကားလိုင်းစနစ် အား ဝေဇယန္တာ လမ်းပေါ်တွင် သုံးလအတွင်း စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ယူကရိန်းကင်းလှည့်သင်္ဘောကို ခွဲထွက်ရေးအဖွဲ့တွေ တိုက်ခိုက်

Photo: ယူကရိန်းကင်းလှည့်သင်္ဘောကို ခွဲထွက်ရေးအဖွဲ့တွေ တိုက်ခိုက်
Monday, September 1, 2014

ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေက Azov ပင်လယ်အတွင်းမှာရှိတဲ့ ယူကရိန်းနိုင်ငံပိုင် နယ်စပ် ကင်းလှည့်သင်္ဘောကို တနင်္ဂနွေနေ့က ပစ်ခတ်ခဲ့ပါတယ်။ 

အမြောက်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်းနဲ့ ကင်းလှည့်သင်္ဘော ထိခိုက်ပျက်စီးသွားကြောင်း ယူကရိန်းပြောခွင့်ရသူက ပြောဆိုပါတယ်။ သင်္ဘော ဘယ်လောက်အထိ ပျက်စီးသွားတယ်ဆိုတဲ့ အခြေအနေနဲ့ လူတွေကို ထိခိုက်မှုရှိသေးသလား ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒါပေမယ့် အခုဖြစ်ရပ်ဟာ ယူကရိန်းရေတပ်အတွက် ပထမဦးဆုံးအရှုံး ဖြစ်တယ်လို့ ခွဲထွက်ရေးသမားတွေရဲ့ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်ဟောင်းက ပြောဆိုလိုက်ပါတယ်။

Azov ပင်လယ်နယ်စပ်ဟာ ယူကရိန်းနိုင်ငံရဲ့ အရှေ့တောင်ဖက် ကမ်းရိုးတမ်းမှာတည်ရှိပြီး ယူကရိန်းအစိုးရတပ်တွေဟာ အဲဒီနေရာတ၀ိုက်ကို ခွဲထွက်ရေးသမားတွေထံကနေ ပြန်ပြီး ထိန်းချုပ်နိုင်အောင် ကြိုးပမ်းနေကြရပါတယ်။

ရုရှားသမ္မတ Vladimir Putin က ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းက နိုင်ငံပိုင်ဆိုင်မှုအခြေအနေ နဲ့ပတ်သက်ပြီး အမြန်ဆုံး ထိထိရောက်ရောက် ဆွေးနွေးကြဖို့ တောင်းဆိုလိုက်ပါတယ်။ 

မစ္စတာပူတင်က နိုင်ငံပိုင် ရုပ်သံကနေ တနင်္ဂနွေနေ့ စကားပြောဆိုရာမှာ ဒီဒေသမှာနေထိုင်သူတွေရဲ့ တရားဝင် အကျိုးစီးပွားကို အကာအကွယ် ပေးဖို့အတွက် အဲဒီလိုလုပ်ဖို့ လိုအပ်နေပြီလို့ ပြောဆိုပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ယူကရိန်းနိုင်ငံ၊ Ilovaysk မြို့အတွင်းက အမြောက်ထိပြီး ပျက်စီးနေတဲ့ ယာဉ်တစီးကို မြင်ရစဉ်။ (သြဂုတ် ၃၁၊ ၂၀၁၄)
ယူကရိန်းနိုင်ငံ၊ Ilovaysk မြို့အတွင်းက အမြောက်ထိပြီး ပျက်စီးနေတဲ့ ယာဉ်တစီးကို မြင်ရစဉ်။ (သြဂုတ် ၃၁၊ ၂၀၁၄) 
ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေက Azov ပင်လယ်အတွင်းမှာရှိတဲ့ ယူကရိန်းနိုင်ငံပိုင် နယ်စပ် ကင်းလှည့်သင်္ဘောကို တနင်္ဂနွေနေ့က ပစ်ခတ်ခဲ့ပါတယ်။