Wednesday 19 March 2014

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာများစာရင်း စတင်ကောက်ယူ

လစ်လပ်နေသော မဲဆန္ဒနယ်များအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ပြုလုပ်ပါက မဲပေးနိုင်ရေးအတွက် ပြည်ပရောက် မြန်မာများ အရေအတွက် စာရင်းကို ကောက်ယူရန် နိုင်ငံတကာရှိ မြန်မာသံရုံးများသို့ အကြောင်း ကြားထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက The Voice သို့ ပြောကြားသည်။

ကရိုင်းမီးယားသည် ရုရှားပိုင် ဖြစ်လာမည်ဟု ပူတင်ပြော ယူကရိန်း အချုပ်အခြာအာဏာကိစ္စတွင် ရုရှားနှင့်တရုတ် သဘောထားကွဲလွဲ

Photo: ကရိုင်းမီးယားသည် ရုရှားပိုင် ဖြစ်လာမည်ဟု ပူတင်ပြော ယူကရိန်း အချုပ်အခြာအာဏာကိစ္စတွင် ရုရှားနှင့်တရုတ် သဘောထားကွဲလွဲ
Wednesday, March 19, 2014

ကရိုင်းမီးယားဒေသ ပါလီမန် လွှတ်တော်က လွတ်လပ်သော နိုင်ငံအဖြစ် ကြေညာလိုက်မှုအပေါ် ယူကရိန်းတွင် ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပေါ်ပြီး အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် ရုရှားနိုင်ငံ သမ္မတဗလာဒီမာပူတင်က ယင်းဒေသသည် ရုရှားပိုင် နယ်နိမိတ် ဖြစ်လာမည်ဟု ထုတ်ဖော် ပြောဆိုလိုက်ကြောင်း အနောက်မီဒီယာများက ရေးသားဖော်ပြသည်။

ရုရှားအနေနှင့် ယူကရိန်း၏ ကရိုင်းမီးယားဒေသကို သိမ်းပိုက် ရယူနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများဖြင့် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်္ဂါနေ့တွင် ထုတ်ဖော် ကြေညာသည်။

သမ္မတပူတင်သည် ရုရှားဖက်ဒရေးရှင်းထဲသို့ ကရိုင်းမီးယား ဝင်ရောက်ရေးနှင့် ပတ်သက်၍ ရုရှားနှင့် ကရိုင်းမီးယား ရီပတ်ဗလစ်အကြား ပဋိညာဉ် မူကြမ်းတစ်ရပ်ကို အတည်ပြုနိုင်ရေးအတွက် ဒီကရီတစ်ရပ်ကို အတည်ပြု လက်မှတ်ရေးထိုးပေးလိုက်ပြီ ဖြစ်သည်။

Reuters သတင်းဌာန၏ ရေးသား ဖော်ပြချက်တွင် အဆိုပါ အမိန့်ဒီကရီအရ သမ္မတပူတင်သည် ကရိုင်းမီးယားဒေသမှ ရုရှား လူမျိုးခေါင်းဆောင်နှင့် ပဋိညာဉ် တစ်ရပ်ကို လက်မှတ် ရေးထိုးမည်ဖြစ်ပြီး အဆိုပါ ခေါင်းဆောင်က ရုရှားထဲသို့ ကရိုင်းမီးယား ဝင်ရောက်ရေးအတွက် အဆိုပြုသွားဖွယ် ရှိသည်။

ယခုကဲ့သို့ ကရိုင်းမီးယားဒေသကို ရုရှားထဲသို့ သိမ်းပိုက်ရယူရန် ကြိုးပမ်းနေမှုနှင့် ပတ်သက်၍ ဝေဖန် ကန့်ကွက်သည့် နိုင်ငံများထဲတွင် အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများသာမက ရုရှား အစိုးရ၏ မိတ်ဖက်နိုင်ငံဖြစ်သော တရုတ်နိုင်ငံလည်း ပါဝင်ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။

တရုတ်နိုင်ငံသည် ဆီးရီးယား အာဏာရှင်သမ္မတ ဘာရှာအာဆတ် အစိုးရအဖွဲ့အပေါ် ပြင်းထန်သည့် ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်မည့် အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံတို့ စီစဉ်ခဲ့စဉ်က ရုရှားနှင့်အတူ လုံခြုံရေးကောင်စီတွင် ကန့်ကွက်ခဲ့ပြီး ဆီးရီးယား သူပုန်များအပေါ် လက်နက် ထောက်ပံ့မှုများသည် အချုပ်အခြာအာဏာ ကျူးကျော်မှု တစ်ရပ်အဖြစ် ပြစ်တင် ပြောဆိုခဲ့သည်။

သို့သော် ယခုယူကရိန်း၏ အချုပ်အခြာ အာဏာကိစ္စတွင် တရုတ်နှင့် ရုရှားတို့ သဘောထားချင်း တူညီမှု မရှိသည်ကို တွေ့ရသည်။
“တရုတ်နိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေ အားလုံးရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက် နယ်နိမိတ်အပေါ် အမြဲတစေ လေးစားခဲ့ပါတယ်။ ကရိုင်းမီးယားဒေသ အကျပ်အတည်းကို သတ်မှတ်ထားတဲ့ ဥပဒေ မူဘောင်ထဲကနေ နိုင်ငံရေးအရ ဖြေရှင်းသွားသင့်ပါတယ်။ နောက်ထပ် တင်းမာမှုတွေ မဖြစ်ပေါ်လာစေရေးအတွက် တည်ငြိမ်အေးချမ်းစွာ ဖြေရှင်းသွားကြဖို့ ကရိုင်းမီးယား အကျပ်အတည်းမှာ ပါဝင်တဲ့သူတွေ အားလုံးကို မေတ္တာရပ်ခံ လိုပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟောင်လိုင်းက ပြောကြားသည်။

တရုတ်တစ်ပြည်ထောင် မူဝါဒကျင့်သုံးသော ဘေဂျင်း အစိုးရသည် ထိုင်ဝမ်ကျွန်းနှင့် ပတ်သက်သည့် ၎င်း၏ ရပ်တည်ချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်း၏ ထောက်ပံ့မှု ရရှိရန် လိုအပ်နေသည်ဖြစ်ရာ လုံခြုံရေး ကောင်စီတွင် ကရိုင်းမီးယား ပြဿနာအတွက် ဆုံးဖြတ်ချက် မူကြမ်းတစ်ရပ်အား ရုရှားနိုင်ငံက ဗီတိုအာဏာသုံးကာ ပယ်ချခဲ့သော်လည်း တစ်စုံတစ်ရာမျှ တုံ့ပြန်ပြုမူခဲ့ခြင်း မရှိပေ။

ယူကရိန်းနိုင်ငံ၏ ကရိုင်းမီးယားဆိုင်ရာ ပြဿနာအတွက် လုပ်ဆောင်စရာ မြောက်မြားစွာ ရှိနေသည်ဟုသာ တရုတ်နိုင်ငံက ထုတ်ဖော် အသိပေးခဲ့သည်။

ယခုအခါတွင် အမေရိကန် အရာရှိကြီးများသည် ယူကရိန်း၏ ကရိုင်းမီးယား ပြဿနာတွင် ရုရှားအနေနှင့် နိုင်ငံတကာ ဥပဒေနှင့် စံသတ်မှတ်ချက်များကို ချိုးဖောက်ထားသည့် ပုံစံမျိုးဖြစ်အောင် ပုံဖော်ကာ ရုရှားအစိုးရကို အထီးကျန်ဖြစ်ရေးအတွက် ကြိုးပမ်းလျက် ရှိသလို တရုတ် အရာရှိကြီးများနှင့်လည်း အနီးကပ် တိုင်ပင် ညှိနှိုင်းလျက်ရှိသည်။

အမေရိကန် ပြည်ထောင်စုနှင့် အီးယူတို့၏ ပိတ်ဆို့အရေးယူမှု ခံထားရသူ ရုရှား နိုင်ငံရေးသမား လီယိုနစ်စလပ်စကီက ဒူးမားလွှတ်တော်၌ ပြောဆိုရာတွင် ကရိုင်းမီးယားဒေသနှင့် ပတ်သက်သည့် ရုရှား၏ ဆုံးဖြတ်ချက်သည် သမိုင်းဝင် ဆုံးဖြတ်ချက် ဖြစ်သည်ဟု ချီးမွမ်းပြီး တရားမျှတမှုနှင့် အမှန်တရားတို့ ပြန်လည် မွေးဖွား လာပြီ ဖြစ်ကြောင်း ပြောကြားသည်။

The Voice Weekly
ကရိုင်းမီးယားဒေသ ပါလီမန် လွှတ်တော်က လွတ်လပ်သော နိုင်ငံအဖြစ် ကြေညာလိုက်မှုအပေါ် ယူကရိန်း တွင် ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပေါ်ပြီး အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် ရုရှားနိုင်ငံ သမ္မတဗလာဒီမာပူတင်က ယင်းဒေသသည် ရုရှား ပိုင်နယ်နိမိတ် ဖြစ်လာမည်ဟု ထုတ်ဖော် ပြောဆိုလိုက်ကြောင်း အနောက်မီဒီယာများက ရေးသားဖော်ပြ သည်။

မလေးရှား လေယာဉ်သတင်း တိကျစွာ မထုတ်ပြန်ပါက အစာအငတ်ခံ ဆန္ဒပြမည်ဟု ခြိမ်းခြောက်

ပျောက်ဆုံးသွားသော မလေးရှားလေယာဉ်MH-370 နှင့် ပတ်သက်သည့် သတင်းများကို မလေးရှား အာ ဏာ ပိုင်များက တိကျစွာ မထုတ်ပြန်ပေးပါက အစာအငတ်ခံ ဆန္ဒပြမည်ဟု လေယာဉ်ပေါ်တွင် ပါသွားသည့် တရုတ်နိုင်ငံသားများ၏ ဆွေမျိုးများက ခြိမ်းခြောက်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ် ဧပြီမှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီအထိ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၃ သန်းကျော်ရှိခဲ့

၂၀၁၃ ခုနှစ် ဧပြီမှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီအထိ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်မှုပမာဏ အမေ ရိကန်ဒေါ်လာ ၄၃ ဒသမ  ၁၆၇ သန်းရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်း၏ မတ် ၁၈ ရက်ကပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားချက်အရ သိရသည်။

မီဒီယာတွေ ဘက်မလိုက်ဖို့ လိုပါတယ်

မြန်မာနိုင်ငံမှာ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်လို့မီဒီယာတွေက ဖော်ပြ နေမှုတွေဟာ ဘက်လိုက် မှုတွေ ရှိနေတယ်လို့ မန္တလေးတိုင်းက ကျောင်းထိုင်ဆရာတော်တစ်ပါးကမိန့်ကြား ပါတယ်။ ၂၀၀၈ ပြင်ဆင်ဖို့မှာကျန်တဲ့ အချက်တွေနဲ့ပတ်သက်လို့ ထူးထူးခြားခြားပြောစရာမရှိပေမယ့် ၅၉(စ)နဲ့ ပတ်သက်လို့တော့ ပြောစရာဖြစ်နေပါတယ်။ ၅၉(စ)ဟာ မြန်မာတစ်မျိုးသားလုံးပတ်သက်နေတာမို့ ဖြစ်နိုင်ရင် အသက်(၁၈)နှစ်ကျော်သူတိုင်းကိုတစ်ဦးချင်းရဲ့ ဆန္ဒသဘောထားကို ရယူသင့်တယ်လို့လည်းအဆိုပါ ဆရာတော် က မိန့်တော်မူပါတယ်။

မြန်မာသင်္ဘောသားရှစ်ဦးလိုက်ပါလာသည့် တောင်ကိုရီးယားသင်္ဘောနှင့် တရုတ်သင်္ဘောတို့ ဂျပန်ပင်လယ်အော်တွင် တိုက်မိ၍ တစ်ဦးသေ၊ ရှစ်ဦးပျောက်ဆုံးနေ

Photo: မြန်မာသင်္ဘောသားရှစ်ဦးလိုက်ပါလာသည့် တောင်ကိုရီးယားသင်္ဘောနှင့် တရုတ်သင်္ဘောတို့ ဂျပန်ပင်လယ်အော်တွင် တိုက်မိ၍ တစ်ဦးသေ၊ ရှစ်ဦးပျောက်ဆုံးနေ
Wednesday, March 19, 2014

တိုကျိုပင်လယ်ကွေ့အ၀င်တွင် မတ် ၁၈ ရက်အစောပိုင်းက ကုန်တင်သင်္ဘောနှစ်စင်း တိုက်မိမှုကြောင့် တရုတ်သင်္ဘောသားတစ်ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ရှစ်ဦးရှိကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
    
စတီးခွေများကို သယ်ဆောင်လာသော တန်ချိန် ၁၂၆၃၀ ရှိသည့် ပနားမားအလံလွှင့်ထူထားသည့် Beagle III သင်္ဘောသည် တောင်ကိုရီးယား မှတ်ပုံတင်ထားသော Pegasus Prime သင်္ဘောသည် Uraga ရေလမ်းကြောင်းတွင် တိုက်မိခဲ့ခြင်းဖြစ်သည်။ တန်ချိန် ၇၄၀၆ တန်ရှိသည့် Pegasus Prime သင်္ဘောပေါ်တွင်မူ တောင်ကိုရီးယား သင်္ဘောသားခြောက်ဦးနှင့် မြန်မာသင်္ဘောသားရှစ်ဦး ပါဝင်ကြောင်း သိရသည်။ ယင်းသင်္ဘောတွင် တောင်ကိုရီးယားနှစ်ဦး အနည်းငယ်ဒဏ်ရာရရှိခဲ့သည်မှလွဲပြီး ထိခိုက်မိသူ မရှိကြောင်းသိရသည်။ ထိုအချိန်က Beagle III သင်္ဘောပေါ်တွင် လိုက်ပါလာသော တရုတ်သင်္ဘောသား ၂၀ အနက် ၁၂ ဦးကို ကယ်တင်နိုင်ခဲ့ပြီး တစ်ဦးကိုမူသေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့၏ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အခြားပျောက်ဆုံးနေသူရှစ်ဦးကိုလည်း ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။
    
အခင်းဖြစ်ပွားရာနေရာသို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့မှ ရဟတ်ယာဉ်နှစ်စင်း၊ လေယာဉ်တစ်စင်းအပြင် ကင်းလှည့်သင်္ဘောတစ်စင်းတို့ကိုလည်း ပို့လွှတ်ခဲ့သည်။ သင်္ဘောနှစ်စင်းတိုက်မိချိန်က ပင်လယ်ပြင်အခြေအနေသည် ကြမ်းတမ်းနေဖွယ်မရှိဟု ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
    
တိုကျိုပင်လယ်အော်သည် ဂျပန်နိုင်ငံ၏ သွားလာမှုအများဆုံး ရေကြောင်းလမ်းဖြစ်ပြီး တစ်နေ့လျှင် ဖြတ်သန်းသွားသည့် သင်္ဘောစင်းရေ ၅၀၀ ရှိကြောင်း သိရသည်။

Eleven Media Group
တိုကျိုပင်လယ်ကွေ့အ၀င်တွင် မတ် ၁၈ ရက်အစောပိုင်းက ကုန်တင်သင်္ဘောနှစ်စင်း တိုက်မိမှုကြောင့် တရုတ်သင်္ဘောသားတစ်ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ရှစ်ဦးရှိကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။