
ယခုလက်ရှိ လွှတ်တော်တွင် အမျိုးသမီးကိုယ်စားလှယ် ပါဝင်မှု လေးရာခိုင်နှုန်းသာ ရှိသော်လည်း လာမည့် လွှတ်တော်အသစ်တွင်မူ ၁၂ ရာခိုင်နှုန်းခန့် ရှိလာမည် ဖြစ်သည့်အတွက် လွှတ်တော် တွင် အမျိုးသမီးကိုယ်စားလှယ်ပါဝင်မှု သုံးဆခန့် မြင့် တက်လာသည်ဟု Gender and Development Institute မှ ပြုလုပ်သည့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် အမျိုးသမီးပါဝင်မှု စစ်တမ်းတွေ့ရှိချက်တွင် ဖော်ပြထား သည်။