Tuesday 30 June 2015

မန္တလေးအ၀င် တရားမ၀င်ကုန်သွယ်မှုလမ်းကြောင်း လေးနေရာတွင် ဇူလိုင်မှစ၍ ရှောင်တခင်စစ်မည်

တရားမ၀င်ကုန်သွယ်မှုများ ဖြတ်သန်းနေသည်ဟုဆိုသည့် မန္တလေး-တောင်ကြီး ပြည်ထောင်စု လမ်းတစ် နေရာကို တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်) 
မန္တလေးမြို့သို့ဝင်ရောက် နိုင်မည့် တရားမ၀င်ကုန်သွယ်မှု လမ်းကြောင်းလေးနေရာတွင် ရွေ့လျား စစ်ဆေး ရေးအဖွဲ့ (Mo- bile Team)ဖြင့် ဇူလိုင် ၁ ရက်မှစ တင်ကာ ရှောင်တခင်စစ်ဆေးအ ရေးယူမှုများ ပြုလုပ်မည်ဟု သ တင်းရရှိသည်။

ငပုတော ရွာနှစ်ရွာကြားမှ အိမ် ၁၀၀ ကျော် တောင်ကျရေအတွင်း မျောပါ

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်း မြို့နယ်ခွဲရှိ ဝက်ကော်ရွာနှင့် သင်းကြောင်းရွာရှိ အိမ်ခြေ ၁၂၈ လုံးသည် မြစ်တစ်ရာချောင်း တောင်ကျရေအတွင်း မျောပါပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တအာင်း (ပလောင်) အမျိုးသားပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးကို ဖမ်းဆီးထားခြင်းမရှိဟု RCSS ဆို

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အောက်ခြေတပ်ဖွဲ့များကို စစ်ဆေးမှုအရ ရှမ်းပြည် နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ် တအာင်း (ပလောင်) အမျိုးသားပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို ဖမ်းဆီးထားခြင်း မရှိကြောင်း အဆိုပါအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှက ပြောကြားသည်။

မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၁၀၈ မြို့နယ်တွင် အကောင်အထည် ဖော်နေ သော စီမံကိန်းများကို လေ့လာကြည့်ပါက ပွင့်လင်းမြင်သာမှု အားနည်းပြီး စီမံကိန်း၏ ရာခိုင်နှုန်း ၂၀ ခန့်သာ ပြီးစီးအောင် အကောင်အထည် ဖော်နိုင်သည်ကို တွေ့ရကြောင်း ဘတ်ဂျက်လေ့လာ စောင့်ကြည့်ရေး အကြံပေးအဖွဲ့

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော် ဘတ်ဂျက်များကို စီမံကိန်းများအတွက် သုံးစွဲမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၁၀၈ မြို့နယ်ကို လေ့လာကြည့်ပါက ပွင့်လင်းမြင်သာမှု အားနည်း ပြီး ရာခိုင်နှုန်း ၂၀ လောက်သာ ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း ဘတ်ဂျက်လေ့လာ စောင့်ကြည့်ရေး အကြံပေးအဖွဲ့မှ ဇွန် ၂၉ ရက် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပသည့် ၂၀၁၄-၂၀၁၅ ဘတ်ဂျက်လေ့လာ စောင့်ကြည့်ရေး အစီရင်ခံစာအား ရှင်းလင်းတင်ပြ ဆွေးနွေးပွဲ အခမ်းအနားတွင် ပြောကြားသည်။

နေပြည်တော်နှင့် အူလန်ဘာတာမြို့ကို ညီအစ်မမြို့တော်အဖြစ် သတ်မှတ်

နိုင်ငံတော်သမ္မတဦးသိန်းစိန် အူလန်ဘာတာမြို့ Gandantegchinlen ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဘုရားဆင်း တုတော်ရှေ့တွင် ဆီမီးပူဇော်နေစဉ်။ Photo - CNB 
မြန်မာနိုင်ငံ ၏မြို့တော် နေပြည်တော်နှင့် မွန်ဂိုလီးယားနိုင်ငံအူလန်ဘာတာမြို့တို့ကို ညီအစ်မမြို့တော် (Sister City) အဖြစ်ဆောင်ရွက်ရန် သဘောတူလိုက်ကြောင်းသိရသည်။

“Yes” ဂီတအဖွဲ့မှ ဘေ့(စ်) ဂီတာသမား Chris Squire ကွယ်လွန်

၁၉၇၀ ပြည့်လွန်နှစ်များက နာမည်ကျော်ကြားခဲ့သော ဗြိတိသျှ ရော့(ခ်)ဂီတအဖွဲ့ “Yes” အား ပူးတွဲ တည်ထောင်ခဲ့သူ ဘေ့(စ်) ဂီတာသမား Chris Squire သည် ဇွန်လ ၂၇ ရက်နေ့တွင် ကွယ်လွန် သွားခဲ့ပြီ ဖြစ်ကြောင်း “Yes” ဂီတ အဖွဲ့သားများက ဆိုသည်။

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်နေတဲ့ ဂိုးကျော်ဇင်ဖြိုး သူ့ဇနီးနားလည်အောင် ဘယ်လိုရှင်းပြထားရသလဲ

U-23 မြန်မာ့လက်ရွေးစင် ဂိုးသမား ကျော်ဇင်ဖြိုးဟာ ဒီကနေ့မနက်ပိုင်းမှာ သူရဲ့ဇာတိဖြစ်တဲ့ ပဲခူးတိုင်း အနောက်ပိုင်း ရွှေတောင်မြို့ကို အလည်ပြန်လာခဲ့ပါတယ်။ သူ့ရဲ့ဇာတိမြို့က လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူ ဝမ်းမြောက် စွာ ကြိုဆိုခဲ့ကြပါတယ်။

မန္တလေးအ၀င် တရားမ၀င်ကုန်သွယ်မှုလမ်းကြောင်း လေးနေရာတွင် ဇူလိုင်မှစ၍ ရှောင်တခင်စစ်မည်

မန္တလေးမြို့သို့ဝင်ရောက်နိုင်မည့် တရားမ၀င်ကုန်သွယ်မှု လမ်းကြောင်းလေးနေရာတွင် ရွေ့လျားစစ်ဆေး ရေးအဖွဲ့ (Mo- bile Team)ဖြင့် ဇူလိုင် ၁ ရက်မှစတင်ကာ ရှောင်တခင်စစ်ဆေးအ ရေးယူမှုများ ပြုလုပ်မည်ဟု သ တင်းရရှိသည်။

ဖားကန့်ရွာသားများကို တိမ်းရှောင်ရန် အစိုးရတပ်မှ ခေါ်ယူသတိပေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ အစိုးရတပ်ကြား ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့ နောက်နှစ်ဘက်တပ်ကြားမှာရှိတဲ့ ရွာသားတွေကို ဒီကနေ့ နောက် ဆုံးထား တိမ်းရှောင်သွားဖို့ အစိုးရတပ်က ခေါ်ယူသတိပေး ခဲ့ပါတယ်။