Monday 16 November 2015

ပဲရစ်မြို့ တိုက်ခိုက်မှုများအပြီး U2 နှင့် Foo Fighters အဖွဲ့တို့၏ ဖျော်ဖြေ ပွဲများကို ဖျက်သိမ်းခဲ့

U2 နှင့် Foo Fighters အဖွဲ့တို့သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ညပိုင်းတွင် ပဲရစ်မြို့၌ ဖြစ်ပွားခဲ့သော တိုက်ခိုက် မှုများကြောင့် စီစဉ်ထားသည့် ဖျော်ဖြေပွဲများကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားသို့ ဘန်ကီမွန်း သွားရောက်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း အနေဖြင့် မြောက်ကိုရီးယားသို့ သွားရောက်ဖြစ်လိမ့် မည် ဟု သတင်းများ ထွက်ပေါ်လာသည်။

တရုတ် အရှေ့ပိုင်းတွင် မြေပြိုမှုများ ဖြစ်ပွားပြီး လူ ၂၁ ဦးထက်မနည်း သေဆုံး

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၁ ဦးမျှ အသက်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေးကို ကုန်ပစ္စည်းလို ဈေးဆစ်လာပြန်တဲ့ TNLA

TNLA က နောက်တက်လာမယ့် NLD အစိုးရနဲ့ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် အသင့်ဖြစ်နေပြီလို့ ထုတ်ဖော် ပြောဆိုလိုက်တာဟာ နားဝမှာခါးသလို ခံစားရပါတယ်။ ရွေးကောက်ပွဲမှာ NLD ပါတီနိုင်ပြီိဖြစ်တဲ့ အတွက် အစိုးရဖြစ်တော့မယ်ဆိုတဲ့ပုံစံနဲ့ TNLA ရေလာမြောင်းပေးလုပ်လာတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲအပြီး ဖားကန့်တွင် ကျောက်မျက်ကုမ္ပဏီ လုပ်ငန်းများ အားလုံးနီးပါး လုပ်ကိုင်နေကြပြီ ဖြစ်သော်လည်း ပြင်ပဈေးကွက်တွင် ကျောက်စိမ်းများ ရှားပါးနေဆဲ

ဖားကန့်ဒေသတွင် ရွေးကောက်ပွဲအပြီး ကာလ၌ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများ အားလုံးနီးပါး လုပ်ငန်း ပြန်လည် လုပ်ကိုင်နေကြပြီိ ဖြစ်သော်လည်း ပြင်ပကျောက်ဈေးကွက်မှာ အေးနေဆဲဖြစ်ပြီး ကျောက်စိမ်း ရှားပါးနေဆဲဖြစ်ကြောင်း သိရသည်။

ပြည်မြို့တစ်ဖက်ကမ်း ပရဟိတတောင်ကုန်းတွင် ဘာသာပေါင်းစုံငြိမ်းချမ်းရေးကျောက်စာတိုင် စိုက်ထူ


ငြိမ်းချမ်းရေးကျောက်စာတိုင်စိုက်ထူ ဖွင့်လှစ်ပွဲကို တွေ့မြင်ရစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)
ပြည်မြို့တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ် ရွှေဘုံသာ ကျေးရွာအုပ်စုရှိ ပရဟိတတောင် ကုန်းပေါ်တွင် နိုဝင်ဘာ ၁၅  ရက်က ဘာသာပေါင်းစုံငြိမ်းချမ်းရေး ပရဟိတကျောက်စာတိုင် စိုက်ထူခဲ့ကြောင်း သတင်းရရှိ သည်။

အစာငတ်ခံဆန္ဒပြအကျဉ်းသားများကို နှိပ်စက်မှု အရေးယူပေးရန် အေအေပီပီတောင်းဆို

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် မြင်းခြံထောင် အတွင်း အစာငတ်ခံ ဆန္ဒပြနေ သည့် ကိုစည်သူမြတ် နှင့် ကိုစိုးလှိုင်တို့အား အကြမ်းဖက် ရိုက်နှက်ခြင်း၊ ရေဖြတ်ခြင်းတို့ ပြုလုပ်သ ဖြင့် အရေးယူပေးရန်နှင့် ၎င်းတို့ ၏ ကျန်းမာရေးကို ဂရုပြုဆောင်ရွက်ပေးရန် အေအေပီပီက တောင်းဆိုလိုက်သည်။

ကျုံးရေပြင်တွင် ကျပ်သန်း ၃၀၀ ကျော်ကျခံ၍ ရေပန်းအလှတပ်ဆင်မည်ဟု မန္တလေးစည်ပင်ပြော

ကျုံးရေပြင်တွင်အလှတပ်ဆင်မည့် ရေပန်းနမူနာ (ဓာတ်ပုံ−MOI) 
မန္တလေးနန်းမြို့ ကျုံးရေ ပြင်တွင် ကျပ်သန်း ၃၀၀ ကျော် အကုန်အကျခံ၍ ရေပန်းအလှ တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးမြို့ တော် စည်ပင်သာယာရေးကော် မတီမှ သတင်းရရှိ သည်။

သမ္မတအထက်၌ တစ်စုံတစ်ယောက် ရှိနေရန် အခြေခံဥပဒေက ခွင့်ပြုထားခြင်းမရှိဟု ဆို

မြန်မာနိုင်ငံတွင် သမ္မတအထက်၌ တစ်စုံတစ်ယောက် ရှိနေရန် အခြေခံဥပဒေက ခွင့်ပြုထားခြင်းမရှိဟု ရွေးကောက်ပွဲ ရှုံးနိမ့်သွားသည့် ပြည်ခိုင်ဖြိုးပါတီမှ တွဲဖက်ဥက္ကဌ ဦးဌေးဦး က ပြောကြားလိုက်သည်။

ပါရီပစ်ခတ်မှုတွင် သေဆုံးသွားသူများအတွက် ၀မ်းနည်းဆုတောင်းပွဲ ပြုလုပ်

ပါရီပစ်ခတ်မှုမှာ သေဆုံးသွားသူတွေအတွက် ၀မ်းနည်းဆုတောင်းပွဲတခုကို နိုဝင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ပါတယ်။

ပါရီအကြမ်းဖက်မှုအပြီး လွတ်မြောက်နေသည့် သံသယ တရားခံများကို ခြေရာခံ ရှာဖွေနေ


ပြင်သစ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည့် သံသယ တရားခံ အက်ဘ်ဒီဆာလမ်၏ ဓာတ်ပုံ
ပါရီတွင် လူပေါင်း ၁၀၀ ကျော် သေဆုံးစေခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုကြီးနှင့် ပတ်သက်၍ သံသယ တရားခံများကို ပြင်သစ်လုံခြုံရေး တပ်ဖွဲ့က အပြင်းအထန် ခြေရာခံ ရှာဖွေလျက် ရှိသည်။

KIA က အစိုးရသစ် နဲ့ ငြိမ်းချမ်းရေးဆွေးနွေးချင်သတဲ့လား?

ကချင်ပြည်နယ်မှာ အခြေစိုက်တဲ့ KIO/KIA တို့ဟာ ဒီနေ့ ဒီအချိန်ထိ အပစ်အခတ်ရပ်စဲရေး ကိုဘာ့ကြောင့် မျက်ကွယ်ပြုခဲ့ သလဲဆိုတာ ပြောချင်ပါတယ်။ KIO/KIA ခေါင်းဆောင် ကြီးတွေက သူတို့လိုချင်တဲ့ ၀မ်ပေါင် နိုင်ငံ ထူထောင်ရေး၊ ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေး မရမချင်း အပစ်ရပ်လက်မှတ် မထိုးဘူးဆိုတဲ့ သန္နိဋ္ဌာန် ချထားပါတယ်။အခု နောက်တက်လာမယ့် NLDအစိုးရ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အသင့်ဖြစ်နေ ဖြစ် နေပြီလို့ KIA ဒုခေါင်းဆောင် ဂွမ်မော်က မီဒီယာတွေကို ထုတ် ဖော် ပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။

အိုင်အက်စ် ဌာနချုပ်ရှိရာ ရက္ကာမြို့တွင် ပြင်သစ် တိုက်လေယာဉ်များ ဗုံးကြဲ

ပြင်သစ်လေတပ်၏ Rafale တိုက်လေယာဉ်များ
ပါရီ အကြမ်းဖက်မှုကြီး ဖြစ်ပွားပြီး နှစ်ရက်အကြာ နိုဝင်ဘာ ၁၅ ရက်တွင် ပြင်သစ် ဂျက်တိုက်လေယာဉ် များက ဆီးရီးယားနိုင်ငံ၊ ရက္ကာမြို့ရှိ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်ရေးပစ်မှတ်များကို ပြင်းပြင်းထန်ထန် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြည်မြို့တစ်ဖက်ကမ်း ပရဟိတတောင်ကုန်းတွင် ဘာသာပေါင်းစုံငြိမ်းချမ်းရေးကျောက်စာတိုင် စိုက်ထူ

ပြည်မြို့တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ် ရွှေဘုံသာ ကျေးရွာအုပ်စုရှိ ပရဟိတတောင် ကုန်းပေါ်တွင် နိုဝင်ဘာ ၁၅ ရက်က ဘာသာပေါင်းစုံငြိမ်းချမ်းရေး ပရဟိတကျောက်စာတိုင် စိုက်ထူခဲ့ကြောင်း သတင်းရရှိသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ငြိမ်းချမ်းစွာနေနိုင်ရေးအတွက် ရည်ရွယ်ပြီး နာရေးကူညီမှုအသင်း ရန်ကုန်ဥက္ကဋ္ဌ ဦးကျော်သူတည် ထားကိုးကွယ်သည့် မဟာပဏ္ဍိတ ပရဟိတ အောင်တော်မူစေတီ တော်မြတ်ကြီး၏ တောင်ဘက်ရှိ အောင်မြေ၌ ဘာသာပေါင်းစုံနှင့် ပရဟိတအသင်းအဖွဲ့များတက် ရောက်ဖွင့်လှစ်စိုက်ထူခဲ့ခြင်း ဖြစ် သည်။

‘‘မြန်မာနိုင်ငံတင်မကပါဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးက လူတွေဟာ ဗြဟ္မစိုရ်တရားတွေ ကင်းမဲ့ကြ တယ်။ စစ်ပွဲတွေ၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေဖြစ်ကြတယ်။ ဒါတွေ ငြိမ်းချမ်းဖို့အတွက် ကျောက်စာတိုင်လုပ်ဖို့ စဉ်းစားမိတယ်။ ဘုရားသခင်တိုင်းက ငြိမ်းချမ်းရေး ကို ချစ်တယ်။ လိုလားတယ်။ ဒါ ကြောင့် ဘာသာကြီးလေးမျိုးက ဘုရားသခင်တွေရဲ့ စကားကိုလိုက်နာပြီး ငြိမ်းချမ်းရေး ကျောက်စာတိုင်စိုက်ထူတာဖြစ်တယ်’’ဟု ဦးကျော်သူက ဆက်လက်ပြော ကြားသည်။

အိုင်အက်စ် ဌာနချုပ်ရှိရာ ရက္ကာမြို့တွင် ပြင်သစ် တိုက်လေယာဉ်များ ဗုံးကြဲ

ပါရီ အကြမ်းဖက်မှုကြီး ဖြစ်ပွားပြီး နှစ်ရက်အကြာ နိုဝင်ဘာ ၁၅ ရက်တွင် ပြင်သစ် ဂျက်တိုက်လေယာဉ်များက ဆီးရီးယားနိုင်ငံ၊ ရက္ကာမြို့ရှိ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်ရေးပစ်မှတ်များကို ပြင်းပြင်းထန်ထန် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လူပေါင်း ၁၂၉ ဦး သေဆုံးခဲ့သည့် ပါရီ အကြမ်းဖက်မှုကြီးကို မိမိတို့ ကြိုးကိုင် စီမံခဲ့ကြောင်း အိုင်အက်စ်တို့က ကြေညာခဲ့ပြီးနောက် ပြင်သစ် လေတပ်က ဗုံးမိုးရွာပြီး လက်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ ပြင်သစ် သမ္မတ
ဖရန်ဆွာဟော်လန်းက ပါရီကို အကြမ်းဖက် တိုက်ခိုက်မှုသည် မိမိတို့ကို စစ်ကြေညာခြင်းဟု ယူဆကြောင်း ကြေညာထားသည်။
ရက္ကာမြို့သည် အိုင်အက်စ်တို့ သိမ်းပိုက်ထားသည့် နယ်မြေများကို စုစည်းပြီး ကိုယ်ပိုင်နိုင်ငံ ထူထောင်ထားရာတွင် မြို့တော်အဖြစ် သတ်မှတ်ထားသည့် နေရာဖြစ်ပြီး ဂျီဟတ်ဝါဒီ အကြမ်းဖက် အဖွဲ့၏ အဓိက အကျဆုံး ခြေကုပ်စခန်း နေရာလည်း ဖြစ်သည်။ ရက္ကာကို ပြင်သစ် လေတပ်က ဗုံးကြဲခဲ့ရာတွင် ကွပ်ကဲရေး စခန်းတစ်ခု၊ လူသစ် စုဆောင်းရေးစခန်း၊ လက်နက်သိုလှောင်ရုံ၊ စစ်သင်တန်းကျောင်း တစ်ခုတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပြင်သစ် ကာကွယ်ရေး ဝန်ကြီးဌာနမှ အကြံပေး အရာရှိ မစ်ခေးလ် ဆိုရီရာက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၁၅ ရက် တိုက်ခိုက်မှုတွင် တိုက်လေယာဉ် ၁၀ စီး အပါအဝင် လေယာဉ် ၁၂ စီးကို အသုံးပြုခဲ့ကြောင်းလည်း ဆိုရီရာက ဆိုသည်။ စစ်ဆင်ရေးတွင် ဗုံးအလုံးပေါင်း ၂၀ ကို ကြဲချခဲ့ပြီး ရည်စူးပစ်မှတ်အားလုံးကို ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း သိရသည်။

ပါရီအကြမ်းဖက်မှုအပြီး လွတ်မြောက်နေသည့် သံသယ တရားခံများကို ခြေရာခံ ရှာဖွေနေ

ပါရီတွင် လူပေါင်း ၁၀၀ ကျော် သေဆုံးစေခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုကြီးနှင့် ပတ်သက်၍ သံသယ တရားခံများကို ပြင်သစ်လုံခြုံရေး တပ်ဖွဲ့က အပြင်းအထန် ခြေရာခံ ရှာဖွေလျက် ရှိသည်။

နိုဝင်ဘာ ၁၃ ရက် ညပိုင်းက ပါရီရှိ နေရာအတော်များများတွင် အကြမ်းဖက်သမားများက ကွန်မန်ဒိုဆန်ဆန် အသေခံ စီးနင်းတိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၂၉ ဦး အသက်ဆုံးရှုံးခဲ့သည်။ အစောပိုင်းက အသေအပျောက် ပမာဏ ၁၅၀ ကျော် ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ၁၂၉ ဦး သေဆုံးကြောင်း ပြင်သစ် အစိုးရက အတည်ပြုခဲ့သည်။

ပြင်သစ် ရဲတပ်ဖွဲ့သည် အသက် ၂၆ နှစ်အရွယ် ဆာလား အက်ဘ်ဒီဆာလမ်ကို ယခု အကြမ်းဖက်မှု၏ အဓိက တရားခံအဖြစ် အစောပိုင်းက ယူဆခဲ့သည်။ တိုက်ခိုက်မှု ဖြစ်ပွားပြီး နာရီအနည်းငယ်အကြာ နိုဝင်ဘာ ၁၄ ရက်တွင် ၎င်းကို ကားတစ်စီးထဲတွင် ရဲတပ်ဖွဲ့က ရှာဖွေ တွေ့ရှိခဲ့သော်လည်း နောက်ပိုင်းတွင် လွတ်မြောက်သွားခဲ့သည်။

သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၉ ရက်တွင် တွေ့ဆုံဆွေးနွေးမည်

သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့စဉ်က (ဓာတ်ပုံ - စိုးဇေယျာထွန်း/ရိုက်တာ)
အမျိုးသားပြန်လည်သင့် မြတ်ရေးသဘောထားကို အခြေခံ သည့်တွေ့ဆုံဆွေးနွေးမှုကို ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့ နိုဝင်ဘာ ၁၉ ရက် နံနက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယ က သူရဦးရွှေမန်းက သတင်းထုတ် ပြန်သည်။ 

တာမိုးညဲမှ ရွေးကောက်ပွဲအနိုင်ရ ပြည်ခိုင်ဖြိုးအမတ်လောင်း ပိုင်ဆိုင်သော ကား သေနတ်ဖြင့် ပစ်ခတ်ခံရ

ရှမ်းပြည်နယ်မြောက် ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲ မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်အတွက် လုံ ခြုံရေး လိုက် ပါ လာသည့် ယာဉ် နိုဝင်ဘာ ၁၄ ရက်က သေနတ်နှင့်ပစ်ခံရ၍ ယာဉ်ပေါ် ပါပြည်သူ့ စစ်နှစ်ဦး၏ ခါးအောက်ပိုင်းတွင် ပြင်းထန်သော ဒဏ်ရာများအသီး သီးရရှိခဲ့သည်။