Friday 21 September 2012

ဆိုက်ဘေးရီးယားဒေသ ဥက္ကာချိုင့်ဝှမ်းအတွင်း ဧရာမစိန်သိုက်ကြီးတစ်ခု တည်ရှိ


Friday 21st September 2012


ဆိုဗီယက်ပြည်ထောင်စု ခေတ်ကာလအတွင်း ဆိုက်ဘေးရီးယားဒေသရှိ ဥက္ကာချိုင့်ဝှမ်းတစ်ခု၌ ရှာဖွေတွေ့ရှိခဲ့ရသော စက်မှုလုပ်ငန်းသုံး စိန်သယံဇာတသိုက်သည် စက်မှုနည်းပညာ နယ်ပယ်ကို တော်လှန်ပြောင်းလဲ မှုများ ပေါ်ပေါက်စေနိုင်ကြောင်း ရုရှားသိပ္ပံပညာရှင်များက စက်တင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

လူ ၁၆ ဦးသေဆုံးခဲ့သည့် ပါကစ္စတန်မှ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှု


Friday 21st September 2012


ပါကစ္စတန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများအတွင်း အဓိကရုဏ်းများကြောင့် လူ ၁၆ ဦးသေဆုံးပြီး
၁၉၅ ဦးဒဏ်ရာရရှိကြောင်းတာဝန်ရှိသူများက ပြောကြားသည်။

အဆင့်မြင့်ထောက်လှမ်းရေးအရာရှိများနှင့် နိုင်ငံရေးအကျဉ်းသားအများစု လွတ်မြောက်ရန်ကျန်ရှိ




ပြီးခဲ့သည့် ရက်ပိုင်းက နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာသူများတွင် နိုင်ငံရေး အကျဉ်းသား(၈၉) ဦးခန့်သာပါဝင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားအများစုနှင့် ထောက်လှမ်းရေး အရာရှိဟောင်း(၂၀)၀န်းကျင်မှာ အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသေးကြောင်း သိရှိရသည်။

ဆက်သွယ်ရေးနှင့် အင်တာနက် လုပ်ငန်း ၀န်ဆောင်မှုအတွက် အဖွဲ့အစည်း ၅ ခုအား ပဏာမ ထပ်မံ ရွေးချယ်

Friday, 21 September 2012


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်းရဲ့ ဆက်သွယ်ရေးနဲ့ အင်တာနက် လုပ်ငန်းများ ဆောင်ရွက်ဖို့
အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကို တင်ဒါ ခေါ်ယူထားရာ မှာ တင်ဒါ တင်သွင်းတဲ့ အဖွဲ့အစည်း ၅ ခုကို ပဏာမ ထပ်မံရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပဏာမ ရွေးချယ် ထားတဲ့ အဖွဲ့အစည်း ၅ ခုဟာ ပြည်ပမှ နိုင်ငံတကာ အတွေ့အကြုံ ရှိတဲ့ အဖွဲ့အစည်းများ ဖြစ်တယ်လို့ သိရပါတယ်။

ဦးကျော်မောင်ချေကို သတ်ဖြတ်သူ တရားခံ နှစ်ဦး ကျောက်တော် ရဲစခန်း အချုပ်ခန်း ဖောက်ထွက်ပြေး

Friday, 21 September 2012

ဦးကျော်မောင်ချေကို သတ်ဖြတ်သူ တရားခံ နှစ်ဦးသည် ယနေ့ (စက်တင်္ဘာလ ၂၁ ) ရက်နေ့ နံနက်က အချုပ်ခန်းကို ဖေါက်ပြီး ထွက်ပြေး လွှတ်မြောက်သွားကြောင်း သတင်း ရရှိသည်။ ဦးကျော်မောင်ချေအား သတ်ဖြတ်သည့် စွပ်စွဲချက်ဖြင့် ကျောက်တော် မွတ်ဆလင် ပိုက်သည်ရပ်မှ ဖမ်းဆီးခံထားရသူ (၇) ဦး ရှိရာ ထိုအထဲမှ (၂) ဦး ထွက်ပြေး လွှတ်မြောက်သွားခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်သူများကို လိုက်ဖမ်းနေပြီ

Friday, 21 September 2012

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့တွင် ဥပဒေအရ ခွင့်ပြုချက်မရဘဲ ဆန္ဒပြလမ်းလျှောက်ပွဲ ကျင်းပပြုလုပ် သူများနှင့် ပါဝင်သူများကို မြို့နယ်ရဲတပ်ဖွဲ့စခန်း ၁၀ ခုက အမှုဖွင့်လိုက်ပြီ ဖြစ်ပြီး ဆန္ဒပြပွဲ ဦးဆောင်သူများကို ယခုညနေပိုင်းတွင် လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တော်တွင် ယနေ့ ပြုလုပ်ခဲ့သော စီတန်းလှည့်လည်မှုများ ပြီးဆုံးချိန်တွင် ကြေညာချက် ငါးချက် ထုတ်ပြန်ခဲ့

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တော်တွင် ယနေ့ ပြုလုပ်ခဲ့သော စီတန်းလှည့်လည်မှုများ ပြီးဆုံးချိန်တွင် ကြေညာချက် ငါးချက် ထုတ်ပြန်ခဲ့ရာ

၁။တစ်နိုင်ငံလုံးရှိ စစ်ပွဲများချွင်းချက်မရှိ ရပ်တန့်ရန်။

၂၊စစ်ပွဲများရပ်တန့်ရေးအတွက် နိုင်ငံတော်သမ္မတက လက်တွေ့တာဝန်ခံဆောင်ရွက်ရန်။

၃။စစ်ပွဲများရပ်တန့်ရန် လွတ်တော်အရပ်ရပ် မှ သဘောထားကြေငြာချက်ထုတ်ပြန်ပေးရန်။

၎။ကာကွယ်ရေးဦးစီးချုပ်မှ စတင
်ပြီးစစ်ပွဲများရပ်တန့်စေရေးအမိန့်ထုတ်ပြန်ရန်နှင့် သက်ဆိုင်ရာလူမျိုးစု
လက်နက်ကိုင် ခေါင်းဆောင် များမှလည်း စစ်ပွဲရပ် အမိန့်ထုတ်ပြန်ပေးရန်။

၅။တရားရေးနယ်ပယ်မှ စစ်ပွဲဒေသများတွင် တရားဥပဒေစိုးမိုးရေးတွင်
ပါဝင်ဆောင်ရွက်ရန်တို့ဖြစ်သည်။

ငြိမ်းချမ်းရေးနေ့ လှုပ်ရှားခဲ့သူများကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဦးစီး(၂)မှ ရဲမှူးမြင့်ထွေး

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင်းစုပေါင်း လမ်းလျှောက် ဆန္ဒထုတ်ေ ဖ်ာမှု ပြုလုပ် ခဲ့ခြင်း သည် ခွင့်ပြုချက်နှင့် ပြုလုပ်ခဲ့ခြင်း မဟုတ်သည့်အတွက် ဦးဆောင်ပြုလုပ်သူများကို တရားဥပဒေအရ အရေးယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဦးစီး(၂)မှ ရဲမှူးမြင့်ထွေးက ယနေ့ ညနေ ၅ နာရီအချိန်တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။

ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုဦးဆောင်သူများအားအရေးယူမည်ဟု ရဲမှူးမြင့်ထွေးကပြောကြား

Friday, 21 September 2012



Eleven Media Group

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင်း
စုပေါင်း လမ်းလျှောက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ခြင်းသည် ခွင့်ပြုချက်နှင့် ပြုလုပ်ခဲ့ခြင်း မဟုတ်သည့်အတွက် ဦးဆောင်ပြုလုပ်သူများကို တရားဥပဒေအရ အရေးယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဦးစီး(၂)မှ ရဲမှူးမြင့်ထွေးက ယနေ့ ညနေ ၅ နာရီအချိန်တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။

ခွင့်ပြုချက်မရဘဲ ပြည်တွင်းစစ်ပွဲများရပ်တန့်ရေး လမ်းလျောက်ဆန္ဒဖော်ထုတ်သူများကို စခန်း ၁၀ ခုတွင်အမှုဖွင့်

ရန်ကုန်၊ စက်တင်ဘာ-၂၁



ပြည်တွင်းစစ်ပွဲများရပ်တန့်ရေးအတွက် ယနေ့ လမ်းလျောက်ဆန္ဒဖော်ထုတ်ခဲ့ကြသူများအား ၄င်းတို့ဖြတ်လျောက်ရာလမ်းတစ်လျောက်ရှိ မြို့နယ်ရဲစခန်း ၁၀ ခုတွင်အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေက ပြောကြားသည်။

"လမ်းလျောက်ဖို့အတွက်တင်တဲ့လျောက်လွှာထဲမှာပါတဲ့ ခေါင်းဆောင်တွေ ပြီးတော့နောက်ထပ်ဘယ်သူတွေပါမလဲဆိုတာကတော့ သူတို့ကိုစစ်ဆေးပြီးမှသိပါမယ်။ လျောက်လွှာတင်တုန်းက ၂၀၀ ခုတော့ တစ်ထောင်ကျော်သွားပါတယ်" ဟု ဦးမြင့်ဆွေက သတင်းထောက်များသို့ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ရန်ကုန်၊ အင်းလျားကန်စောင်း၌ ကျောက်တိုင်စိုက်ထူ

Friday, 21 September 2012

မြန်မာနိုင်ငံ၏ အကြီးဆုံး ကားပြပွဲများ ကျင်းပမည်

Friday, September 21, 2012



အခုနှစ် ပွင့်လင်းရာသီမှာ အောက်တိုဘာလကစပြီး ဒီဇင်ဘာလအထိ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကားပြပွဲကြီးများကို ဆက်တိုက်ကျင်းပသွားမယ်လို့ သိရတယ်။ သည်ပြပွဲကြီးမှာ အိမ်သုံး၊ လုပ်ငန်းသုံး မော်တော်ယာဉ်များ၊ မီးစက်ကြီးများနဲ့ အခြားစက်ပစ္စည်းများကို အထူးလျှော့ဈေးနဲ့ ရောင်းချခြင်း၊ အရစ်ကျ ငွေချေးစနစ်နဲ့ ရောင်းချခြင်း၊ အင်တာနက်မှ တိုက်ရိုက်လေလံဆွဲပေးခြင်း၊ ဘဏ်နဲ့ ချိတ်ဆက်ပြီး ချေးငွေစနစ်နဲ့ ရောင်းချခြင်းအပြင် အိမ်တိုင်ရာရောက် မှာယူတင်သွင်း ရောင်းချပေးခြင်းတို့ ပြုလုပ်သွားမှာ ဖြစ်တယ်။

မေဇွန် ကိစ္စ ကြေးမုံဖော်ပြမှု ဒု ၀န်ကြီး ဖြေရှင်းချက်တောင်း


Friday, September 21, 2012

 သရုပ်ဆောင် မေဇွန်၊  ဓာတ်ပုံ-Beautiful model world.com
မကြာသေးမီက လူအများ စိတ်ဝင်စားမှု အရှိဆုံး သတင်းတခုဖြစ်တဲ့ အိမ်ဖော် မိန်းကလေး တဦး သေဆုံး မှု ဖြစ်ရာမှ မူလ က လူသေမှုအဖြစ်ကနေ လူသတ်မှုနဲ့ MRTV4 ရုပ်သံ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင် ဖို့ ရွေးချယ်ခံထားရတဲ့ မေဇွန် ခေါ် မျိုးဇာနည်ဇွန် ဆိုတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေးတယောက်ကို ရဲက တရားစွဲဆိုခဲ့တဲ့ ဖြစ်ရပ်ကို သတိထားမိ ကြလိမ့်မယ်။ 

ကရင်ပြည်နယ်က ငြိမ်းချမ်းရေးနေ့ အခမ်းအနား(ဓါတ်ပုံ)သတင်း



Friday, September 21, 2012
 

မြ၀တီမြို့ပြင်တွင် ကျင်းပသည့် ငြိမ်းချမ်းရေးနေ့ မြင်ကွင်း (ဓာတ်ပုံများ - ဧရာဝတီ)

 မြ၀တီမြို့နယ် ချောင်းဆုံရွာတွင် ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အစီအစဉ်ကို ရန်ကုန်မြို့နှင့် မတူခြားနားစွာ ကျင်းပခဲ့ကြသည်။

ယနေ့ နေ့လည်အင်းယားကန်ရောက်ပုံရိမ်များ

21 Sep 2012 

မန်းတွင် အပြည်ပြည်ဆိုင်ရာ မီဒီယာကျင့်ဝတ်နေ့ အထိမ်းအမှတ်အဖြစ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မန္တလေး-စက်တင်ဘာ၂၁


အပြည်ပြည်ဆိုင်ရာ မီဒီယာကျင့်ဝတ်နေ့ အထိမ်းအမှတ်အဖြစ် အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ၂၁ရက်နေလည်၁နာရီတွင် မန္တလေးမြို့ Oriental Houseတွင်ကျင်းပရာ စာရေးဆရာဆူးငှက် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူ စာရေးဆရာများက လည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ ဖားကန့်မြို့ ရေကြီးရေလျှံမှုမြင်ကွင်းများ

Friday, 21 September 2012

၁၁၅ ကြိမ်မြောက် ပေါင်းတည်ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲကျင်းပတော့မည်

21 Sep 2012


ပေါင်းတည်မြို့တွင် (၁၁၅) နှစ်ပြည့် ဗုဒ္ဓမြတ်စွယ်တော်လှည့် လည်အပူဇော်ခံပွဲတော်ကြီးကို စက်တင်ဘာ(၂၇)ရက်နေ့မှ အောက်တို ဘာ(၁)ရက် (တော် သလင်းလဆန်း၊(၁၂)ရက်မှ လ ပြည့်ကျော်(၁)ရက်နေ့အထိ ရှေး မူမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ရခိုင် လူထု စည်းဝေးပွဲ ကန့်သတ်မှုများ ပယ်ဖျက်

September 21, 2012



ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ပြုလုပ်မည့် ရခိုင်ပြည်လုံးကျွတ် လူထုစည်းဝေးပွဲ ကန့်သတ်မှုကို အာဏာပိုင်များက ပယ်ဖျက် ပေး လိုက်သည့် အတွက် စာတမ်းပေါင်း ၃၀ ၀န်းကျင် ဖတ်ကြား၍ ကျင်းပသွားမည်ဟု သိရသည်။စက်တင်ဘာ၂၅ နှင့် ၂၆ ရက်နေ့တွင် ကျင်းပမည့် လူထုစည်းဝေးပွဲကို လူဦးရေကန့်သတ်ခြင်း၊ စာတမ်း ဖတ်ကြားမည့် ပုဂ္ဂိုလ် စာရင်း လျှော့ချခြင်း၊ ရက် ကန့်သတ်ခြင်း တို့ကို ဒေသဆိုင်ရာ အာဏာပိုင်များက ပြုလုပ်ခဲ့ကြောင်း၊ သို့သော် ယနေ့တွင် ပြေ လည်မှု ရရှိသွားပြီဖြစ်ကြောင်း စည်းဝေး ပွဲ ဖြစ်မြောက်ရေး ကော်မတီ ၏ ပြန်ကြားရေး တာဝန်ခံ ဦးကိုကိုမောင် က ဧရာဝတီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းချက်



21 စက်တင်ဘာ 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်ရောက် မြန်မာမိသားစုတွေ မနေ့ ၀ါရှင်တန် ဒီစီမြို့ အမေရိကန် ယူနီဗာစတီ ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီဗွီဘီ သတင်းထောက် မရွှေစင် က တွေ့ဆုံမေးမြန်းထားပါတယ်။

အင်လျားကန်ဘောင်တွင် ခွင့်ပြုချက်မရှိသော်လည်းမူလအစီအစဉ်များအတိုင်း ငြိမ်းချမ်းရေး ကျောက်တိုင် စိုက်ထူမည်

Friday, 21 September 2012

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင်း စုပေါင်း လမ်းလျှောက် ဆန္ဒထုတ်ဖော်သူများသည် အင်လျားကန်ဘောင်သို့ ရောက်ရှိခဲ့ပြီ။ အင်လျားကန်ဘောင်တွင် ခွင့်ပြုချက်မရှိသော်လည်းမူလအစီအစဉ်များအတိုင်း ငြိမ်းချမ်းရေး ကျောက်တိုင် စိုက်ထူမည်ဟု သိရပါသည်။

ငြိမ်းချမ်းရေးနေ့ စုပေါင်းလမ်းလျှောက်သူများအင်းယားကန်သို့ရောက်ရှိ

Friday, 21 September 2012

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့ အထိန်းအမှတ်ဖြစ် စစ်ပွဲများရပ်တန့်ရန် ငြိမ်းချမ်းစွာ တောင်းဆို စုပေါင်းလမ်းလျှောက်နေသူများ ရန်ကုန်မြို့ အင်းယားကန်သို့ စတင်ရောက်ရှိလာစဉ်။
CJM – 088

ယနေ့ငြိမ်းချမ်းရေးနေ့လှုပ်ရှားမှုစုပေါင်းဓါတ်ပုံ

Friday, September 21, 2012 


ရခိုင်ပြည်ကို တစ်ဖက်နိုင်ငံ၏ လောင်းရိပ်အောက်ကို ဆွဲသွင်းပါက လုံးဝသည်းခံမည် မဟုတ်ဟု ဒေါက်တာအေးမောင် သတိပေး

Friday, 21 September 2012


 
 
ရင်းသားများ အနေဖြင့် လုံးဝ သည်းခံမည်မဟုတ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင်က အမျိုးသားရေး လက္ခဏာနှင့် နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် သတိေ ပးပြောကြားလိုက်သည်။

“ ABC Extra Stout ပုလင်းပုံစံသစ် တွင် စင်္ကာပူလည်ပတ်ခွင့်နှင့် i phone 5 ဆုမဲများပါဝင်”

Friday, 21 September 2012


ုမြန်မာဘရူဝါရီကုမ္ပဏီလီမိတက်မှထုတ်လုပ်သော ABC Extra Stout ပုလင်းပုံစံသစ် မိတ်ဆက် ပွဲကိုစက်တင်ဘာလ ၂၀ရက်နေ့ညနေတွင် စိမ်းလမ်းစိုပြေပန်းခြံတွင် ကျင်းပခဲ့သည်။ မူလအရည်အသွေးနှင့် အရသာ မပြောင်းလဲဘဲ ပုလင်းပုံစံအသစ်ဖြင့်

လမ်းတန်းလမ်းဆုံသို့ ဆက်လက်သွားရောက်ရန် လုံခြုံရေးတပ်ဖွဲ့က ပိတ်ဆို့ထားသဖြင့် ဗဟိုလမ်း၊ ကန်လမ်းမှ တစ်ဆင့် အင်းလျားလမ်းဆုံသို့ သွားရောက်မည်ဖြစ်ကြောင်း

 
ယနေ့ မွန်းတည့်၂နာရီ ခွဲအချိန်တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့ လမ်းလျှောက် လှုပ်ရှားသူ များသည် လှည်းတန်းဘူတာ ရထားဂုံးကျော်တံတားသို့ ရောက်ရှိနေပြီး လမ်းတန်းလမ်းဆုံသို့ ဆက်လက်သွားရောက်ရန် လုံခြုံရေးတပ်ဖွဲ့က ပိတ်ဆို့ထားသဖြင့် ဗဟိုလမ်း၊ ကန်လမ်းမှ တစ်ဆင့် အင်းလျားလမ်းဆုံသို့ သွားရောက်မည်ဖြစ်ကြောင်းThe Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ရသေ့တောင် လူထုအစည်းအဝေးအား အစိုးရကန့်သတ်မှုရှိသော်လည်း ကျင်းပ ပြုလုပ်မည်

Friday, 21 September 2012

DSCN0982 copy

ရခိုင်လူထုအစည်းအဝေးပွဲအား အမျိုးသားရေးအမြင်ဖြင့် ပြုလုပ်သည်ဖြစ်ရာ ကန့်သတ်မှုများရှိနေသော်လည်း ကျင်းပသွားမည်ဖြစ်ကြောင်းကို ရခိုင်လူထုအစည်းအဝေးပွဲ ကျင်းပရေးကော်တီ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးကိုကိုမောင်က ပြောသည်။

ငြိမ်းချမ်းရေးတောင်းဆိုမှာကို အစိုးရကြောက်နေသလား

Friday, 21 September 2012

 အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီး ဦးမျိုးအောင် က နေပြည်တော်ကို မတက်ကြဖို့ သတိပေးနေတာပါ၊ ဓာတ်ပုံ- ကျော်ခ/ ဧရာဝတီ

"ကျော်ခ"

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်ရေးနေ့မှာ ရန်ကုန်မှာရှိတဲ့ လူမှုကွန်ရက် အဖွဲ့အစည်းတွေ က ပြည်တွင်းစစ်ရပ်စဲဖို့ အတွက် ချီတက်လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ပွဲတွေ နေပြည်နော်နဲ့ ရန်ကုန်မှာ လုပ်ဖို့ ခွင့်တောင်းတာကို နေပြည်တော်နဲ့ ရန်ကုန်က အာဏာပိုင်တွေက ခွင့်မပြုပါဘူး။ 

အင်းယား ကန်ဘောင်ပေါ်တွင် ထူခြားမှုများ မတွေ့ရသေး

Friday, September 21, 2012
Photo: ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေးလိုလားတောင်းဆိုသူများသည် အင်းလျားကန်ဘောင်သို့ စတင်ချီတက် လမ်းလျှောက်နေကြပြီဖြစ်ပြီး အင်းလျားကန်ဘောင်သို့ မရောက်ရှိသေးသော်လည်း ယခု သတင်းတင်ဆက်ချိန် ၁ နာရီခွဲတွင် အင်းယားကန်ဘောင်ပေါ်တွင် ထူခြားမှုများ မတွေ့ရသေးပဲ ရဲကားလေးစီးဖြင့် လုံခြုံရေးရဲတပ်ဖွဲဝင်များသာ ရောက်ရှိစောင့်ကြပ်နေကြောင်း CJ တစ်ဦးမှ သတင်းပေးပို့ထားသည်။ 

ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေးလိုလားတောင်းဆိုသူများသည် အင်းလျားကန်ဘောင်သို့ စတင်ချီတက် လမ်းလျှောက်နေကြပြီဖြစ်ပြီး အင်းလျားကန်ဘောင်သို့ မရောက်ရှိသေးသော်လည်း ယခု သတင်းတင်ဆက်ချိန် ၁ နာရီခွဲတွင် အင်းယား ကန်ဘောင်ပေါ်တွင် ထူခြားမှုများ မတွေ့ရသေးပဲ ရဲကားလေးစီးဖြင့် လုံခြုံရေးရဲတပ်ဖွဲ ဝင်များ သာ ရောက်ရှိစောင့်ကြပ်နေကြောင်း CJ တစ်ဦးမှ သတင်းပေးပို့ထားသည်။

အပြည်ပြည်ဆိုင် ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှု (ရွှေတိဂုန်ဘုရာသို့သွာရောက်နေစဉ်)


Friday, 21 September 2012

အချိန် - ၁၂နာရီ

ကချင်ပြည်နယ်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များနှင့်အတူတွေ့ရသော ကိုမင်းကိုနိုင်နှင့်အဖွဲ့

Friday, 21 September 2012

၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့အဖွဲ့ဟာလည်း ကချင်ပြည်နယ်မှာ သွားရောက်လှုပ်ရှားနေကြောင်း သတင်းရရှိပါတယ်-

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းေ၇းကို ဂုဏ်ပြုသောအားဖြင့် ရွှေတိဂုံဘုရားသို့ ငြိမ်းချမ်းစွာချီတက်လှည့်လည်ကြနေစဉ်

Friday, 21 September 2012

ယနေ့ မွန်းတည့် ၁၂နာရီ အချိန်တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့ လမ်းလျောက် လှုပ်ရှားသူ ၅၀၀၀ ခန့်သည် တာမွေအ၀ိုင်းထိပ်သို့ ရောက်ရှိနေပြီး ယင်းမှ မြေနီကုန်းသို့ ဆက်လက် သွားရောက်လျက်ရှိကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။


Friday, 21 September 2012

ကေအိုင်အို ဗဟိုဒေသအတွင်းမှာ တိုက်ပွဲဖြစ် ၂ဖက် ကျဆုံးမှုတွေရှိ

21 Sep 2012 (RFA)

Photo: ကေအိုင်အို ဗဟိုဒေသအတွင်းမှာ တိုက်ပွဲဖြစ် ၂ဖက် ကျဆုံးမှုတွေရှိ

21 Sep 2012 (RFA)

ကေအိုင်အိုလိုင်ဇာဌာနချုပ်နဲ့ ၇ မိုင်လောက်သာဝေးတဲ့ ကေအိုင်အို တပ်မဟာ ၅ဗဟိုဒေသအတွင်းကို အစိုးရတပ်တွေ အင်အားဖြည့်တင်း
လှုပ်ရှားလာတာကြောင့် အခုရက်ပိုင်းအတွင်း တိုက
်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့သိရပါတယ်။

မနေ့က ကေအိုင်အို တပ်မဟာ ၅ လက်အောက်ရှိ တပ်ရင်း ၂၄ ဒေသမှာ အစိုးရမြောက်ပိုင်းတိုင်းလက်အောက်ခံတပ်နဲ့ ကေအိုင်အို တပ်တွေ တိုက်ပွဲဖြစ်ခဲ့တာကို ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြောပါတယ်။

"မနေ့ကတော့ တပ်မဟာ ၅ ကျနော်တို့ရဲ့ ၂၄ ဂွင် နှစ်ကြိမ် သုံးကြိမ်လောက် တော့ ရှိသွားတယ်။ ကျနော်တို့ကတော့ ၃၈၈ လို့ခန့်မှန်းတယ် ဒါပေမဲ့ သူတို့က တပ်ရင်း သုံးလေးခုများပေါင်းထား
လားမသိဘူး။ အင်အား ၁၀၀ ပါတ်ဝန်းကျင်လောက်ရှိတယ်။ အဲဒါကြောင့် ကျနော်ထင်တာက အင်အားဖြည့်တာလဲပါမယ်။ နောက်ပြီးတော့ သူတို့ရဲ့ လက်နက်ခဲယမ်း နောက်ပီးတော့ ရိက္ခာတွေ လာပို့တာလဲ ဖြစ်နိုင်တယ်။"

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ဒိန်ဂါကျေးရွာမှာ တပ်စွဲထားတဲ့ ခလရ ၁၄၂ တပ်နဲ့ ကေအိုင်အို တပ်ရင်း ၂၄ တပ်တို့ ဒီလ ၁၇ ရက်နေ့က တိုက်ပွဲဖြစ်တာမှာလည်း အစိုးရတပ်က ၃ဦးသေဆုံးပီး ၆ ဦးဒဏ်ရာရသွားတယ်လို့ ကချင်သတင်းရပ်ကွက်အဆိုအရ သိရပါတယ်။ ဒီကျဆုံးမှုနဲ့ပတ်သက်လို့ rfa က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

စက်တင်ဘာ ၁၈ ရက်နေ့ညကလဲ ကေအိုင်အိုနဲ့ ပူးတွဲလှုပ်ရှားနေတဲ့ ABSDF မြောက်ပိုင်း တပ်တွေရှိရာ လက်ဂျားယန်ကျေးရွာအနီးရှိ တပ်စခန်းမှာ အစိုးရစကခ ၃ လက်အောက်ခံတပ်တွေတက်လာလို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကျောင်းသားတပ်မှုး ကိုအောင်ဆွေဦးက
ပြောပါတယ်။

"ညက ၁၂ နာရီနဲ့ ၅ နာရီကြားလုံးဝ မအိပ်လိုက်ရပါဘူး။ တညလုံး လယ်ကွင်းဘက်ကနေ တက်လာလို့ ကေအိုင်အေ ဘက်ကလဲ ခန့်မှန်းပြီးမှ ပစ်နေရတော့တာ ဘာမှလဲ မမြင်ရဘူး။ မဲမှောင်ပြီးတော့ ဒီနေ့မနက်ကျတော့ ၁၀ နာရီကျော်လောက်ကနေ လက်နက်ကြီးနဲ့ ပိတ်ထုနေတော့တာ ဒီဘက်က အကျအဆုံးမရှိဘူး။ ညဆိုတော့ သိပ်ပြီ၊းမှ သဲသဲကွဲကွဲမမြင်ရဘူး။ ရည်မှန်းချက်က တပ်အင်အားထပ်ဖြည့်တဲ့ပုံစံပါပဲ ထိုးစစ်လုပ်ဖို့လား။ ဒါမှ မဟုတ် လက်ဂျားယန်တပ်စခန်းကို ပြန်သိမ်းဖို့လား ညက တက်လာတဲ့ ပုံစံအတိုင်းဆိုရင် အနည်းဆုံး ၁၀၀ ၀န်ကျင်တော့ ရှိမယ်ထင်တယ်။ တိုက်ပွဲကတော့ နဲနဲစိတ်မဲ့သဘောရှိတယ်။ သူတို့ရဲ့ တပ်အင်အားဖြည့်
တဲ့ပုံကြည့်ရတာ ဒီလထဲမှာ နဲနဲများမဲ့ပုံရှိတယ်"

ဒီလ ၁၇ ရက်နေ့ကလည်း လက်ဂျားယန်တပ်စခန်းကို အစိုးရတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ပြီး တက်လာလို့ ABSDF မြောက်ပိုင်းကျောင်းသား
တပ်က တစ်ယောက် လက်နက်ကြီးထိမှန်ပြီး ကျဆုံးခဲ့ပါတယ်။ ဒီနေ့လည်း ဒေါ့ဖုန်းယန်ဒေသဘက်ကနေ လက်ဂျားယန်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ကေအိုင်အိုလိုင်ဇာဌာနချုပ်နဲ့ ၇ မိုင်လောက်သာဝေးတဲ့ ကေအိုင်အို တပ်မဟာ ၅ဗဟိုဒေသအတွင်းကို အစိုးရတပ်တွေ အင်အားဖြည့်တင်း လှုပ်ရှားလာတာကြောင့် အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက် တိုက်ဖြစ်နေ တယ်လို့သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနား ကို ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ စောရန်ပိုင် (အနောက်) ရပ်ကွက်၊ နွယ်နီလမ်းတွင် ကျင်းပပြုလုပ်နေကြောင်း သိရ

Friday, 21 September 2012


အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနား ကို ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ စောရန်ပိုင် (အနောက်) ရပ်ကွက်၊ နွယ်နီလမ်းတွင် ကျင်းပပြုလုပ်နေကြောင်း သိရသည်။ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဖြစ်ပေါ်လာပုံ

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့ အထိမ်းအမှတ် အဖြစ် ဆန္ဒ ထုတ်ဖော်သည့် အဖွဲ့ များသည် နံနက် ၁၀နာရီ ခွဲတွင် ပုဇွန်တောင် မြို့ နယ် သို့ ရောက်ရှိပြီးတာမွေမြို့ နယ်သို့ ဆက်လက်ချီ တက်နေကြောင်း သိရသည်(သတင်းဓါတ်ပုံ)

Friday, 21 September 2012

Photo: အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့ အထိမ်းအမှတ် အဖြစ် ဆန္ဒ ထုတ်ဖော်သည့် အဖွဲ့ များသည် နံနက် ၁၀နာရီ ခွဲတွင် ပုဇွန်တောင် မြို့ နယ် သို့ ရောက်ရှိပြီးတာမွေမြို့ နယ်သို့ ဆက်လက်ချီ
တက်နေကြောင်း သိရသည်။

"စင်ကာပူနဲ့ မြန်မာ အသင်း တို့ရဲ့ ခြေစမ်းပွဲ ကို ကွင်းထဲ အထိ လာရောက် အားပေးခဲ့ကြတဲ့ အနုပညာရှင် တို့ရဲ့အသံ"

Friday, 21 September 2012

Photo: "စင်ကာပူနဲ့ မြန်မာ အသင်း တို့ရဲ့ ခြေစမ်းပွဲ ကို ကွင်းထဲ အထိ လာရောက် အားပေးခဲ့ကြတဲ့ အနုပညာရှင် တို့ရဲ့အသံ"

အာဆီယံ ဆူဇူကီး ဖလား ခြေစစ်ပွဲ ဝင်ဖို့အတွက် ပြင်ဆင်နေ တဲ့ မြန်မာ့ လက်ရွေးစင် အသင်း ဟာ ပထမဆုံး နိုင်ငံ တကာ ခြေစမ်းပွဲ အနေနဲ့ စင် ကာပူ အသင်းနဲ့ စက်တင်ဘာလ ၁၁ရက်နေ့ ညနေ ၄နာရီ က ရန် ကုန်မြို့ သုဝဏ္ဏ ကွင်းမှာ ခြေစမ်း ကစား ခဲ့ပါတယ်။ ဒီပွဲ ကစား ဖို့ မြန်မာ အသင်း ဟာ ပြင်ဆင်ချိန် ၂ရက်သာ ရရှိခဲ့ပြီး နည်းပြချုပ် ကိုရီးယား လူမျိုး ပတ်ေ ဆာင်ဟွာက လည်း ပြင်ဆင်ချိန် နည်းပါးလို့ ကစား သမား တွေ ကို နည်း ဗျူဟာ မသင်ကြားနိုင်ဘဲ စိတ်ဓာတ် ပိုင်းကို သာ မြှင့်တင်ပေးထား တယ်လို့ ပြောပါတယ်။
မြန်မာ ပရိသတ် တွေက လည်း ကိုယ့်မြေ၊ ကိုယ်ရေမှာ ကစား တာမို့ အိမ်ရှင် ဂုဏ်မရိုင်း စေဘဲ မျှမျှ တတနဲ့ စည်းကမ်း ရှိရှိ အားပေးခဲ့ ကြပါ တယ်။ စင်ကာပူ အသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာစီး နဲ့ ကစား ခဲ့ပြီး ပထမ ပိုင်းက တော့ ဂိုးမရှိ သရေ ရလဒ် နဲ့သာပြီးဆုံး ခဲ့ပါ တယ်။ ဒုတိယ ပိုင်း ၅၃မိနစ် မှာ မြန်မာ နောက်ခံ လူအမှား ကနေ အဂူးကတ် ရှ်မီးယားက စင်ကာပူ အသင်း အတွက် ဦးဆောင် ဂိုးသွင်း ပေးခဲ့ ပါတယ် ။ကြည်လင်း
၊မိုးဝင်း၊ သိန်းသန်း လင်း၊နိုင်လင်းဦး ၊ရာဇာ ဝင်းသိန်းတို့ ဝင်လာ ချိန် မှာတော့ မြန်မာ အသင်း အသာ ရရှိခဲ့ ပြီး စင်ကာပူ အသင်း ကိုမြန်မာ အသင်း ကို ဖိအားပေး ကစားနိုင် ခဲ့ပါတယ်။ ပွဲချိန် မိနစ်၈ဝ မှာ သိန်းသန်း ဝင်း ရဲ့ဘယ် တောင်ပံဖြတ်တင်ဘော ကို ဒေးဗစ်ဒန်း က လှလှ ပ ပ ဒေါင့် ဖြတ်မြေ မကျ ကန်သွင်း ကာ အိမ်ရှင် ဂုဏ်ပြန် ဆယ် ခဲ့ပါတယ်။ ပွဲအပြီး မှာတော့ နှစ်သင်း စလုံးက မျှတတဲ့ ရလဒ် အနေနဲ့ တစ်ဖက် တစ်ဂိုး ဆီ သရေ ရလဒ်နဲ့ပဲ ပွဲပြီးဆုံး ခဲ့ပါတယ်။မြန်မာ့ လက်ရွေးစင် အသင်း အနေနဲ့ ဆူဇူကီး ဖလား ခြေစစ်ပွဲ မဝင်ခင် ဂျပန်နိုင်ငံ ကိုသွား ပြီး ခြေစမ်း ပွဲတွေ ကစားမှာ ဖြစ်တယ် လို့ သိရ ပါတယ်။ မြန်မာ့ လက်ရွေးစင် အသင်း ရဲ့ ဆူဇူကီး ဖလားခြေစစ်ပွဲ အကြို စင်ကာပူ အသင်း နဲ့ ခြေစမ်းပွဲ ကို အနု ပညာရှင် များလည်း လာရောက် အားပေး ခဲ့ကြပါ တယ်။ မြန်မာ အသင်း နဲ့ ပတ်သက်ပြီး ကျော်ကျော်ဗို က " အရှေ့ တောင် အာရှ အသင်း အချင်း ချင်း ကန်ကြတာ ဆိုတော့ ဒီလို ပါပဲ။ လိုအပ်ချက် လေးတွေတော့ ရှိကောင်း ရှိဦးမှာပါပဲ။ ဒါပေမဲ့ တဖြည်း ဖြည်းတော့ ဖြစ်လာမှာ ပါ။ပြိုင်ပွဲက ဘယ်လို ခေါ်မလဲ အကုန်လုံး ပတ်သက်တဲ့ ပွဲပဲလေ။ ချစ်ကြည်ရေး ပွဲဖြစ်နေတော့ မဆိုးပါ ဘူး။ မျှော်လင့်တာ ကတော့ အများကြီး ပဲပေါ့။ ပြိုင် သမျှ အသင်းတိုင်း ကို နိုင်စေချင် တာပေါ့။ ကမ္ဘာ့ ဖလားတောင် ရစေ ချင်တယ် လို့ပြောပါတယ်။
မြန်မာ အသင်းရဲ့ခြေစွမ်း ကို အားမရဘူး တစ်ခုခု လိုနေ သလိုပဲ ဆိုတဲ့ မင်းသွေး ကလည်း "ပရိသတ် တစ်ယောက် အနေနဲ့ ပြောပြတာ ပါ။ မြန်မာ အသင်း ကလည်း အစွမ်းကုန် ကစား သွား တယ်။ မြန်မာ ဆိုတာ ကတော့ အရင် ကတည်းက မြန်မာ အသင်း တွေကို အားပေး ရင်တောင် ရင် တစ်ထိတ်ထိတ် နဲ့လေ။ အဲဒီလို ဆိုတော့ ဒီထက် ပို ပြီးကောင်းစေချင် ပါတယ်။ ဒီထက် ပိုပြီးတော့ လည်း အောင်မြင်မှုတွေ ရစေချင် ပါတယ်" လို့ ပြောပါတယ်။
ခင်လေးနွယ် ကလည်း " ဘောလုံးပွဲတွေ အများကြီး မကြည့်ဖြစ် ပါ ဘူး။ အဲဒီ နေ့က ကစား တာတော့ ကောင်းပါတယ်။ ကြိုးစား အားထုတ်မှု မရှိ ပေမယ့် လေ့ကျင့်ချိန် နည်းတာ ကြောင့်လို့ ထင်ပါတယ်" လို့ပြောပါ တယ်။ ဆူဇူကီး ဖလားခြေစစ်ပွဲ ဝင်မယ့် မြန်မာ့ အသင်းကို ညီညီညွတ်ညွ တ် နဲ့ ကြိုးစားအား ထုတ်ပြီး ဆုဖလား ရရှိစေ လိုတယ် " လို့ လည်း အားပေးစကားပြောပြပါတယ်။

သီဟ၊သိမ့်သိမ့်

အာဆီယံ ဆူဇူကီး ဖလား ခြေစစ်ပွဲ ဝင်ဖို့အတွက် ပြင်ဆင်နေ တဲ့ မြန်မာ့ လက်ရွေးစင် အသင်း ဟာ ပထမဆုံး နိုင်ငံ တကာ ခြေစမ်းပွဲ အနေနဲ့ စင် ကာပူ အသင်းနဲ့ စက်တင်ဘာလ ၁၁ရက်နေ့ ညနေ ၄နာရီ က ရန် ကုန်မြို့ သုဝဏ္ဏ ကွင်းမှာ ခြေစမ်း ကစား ခဲ့ပါတယ်။ ဒီပွဲ ကစား ဖို့ မြန်မာ အသင်း ဟာ ပြင်ဆင်ချိန် ၂ရက်သာ ရရှိခဲ့ပြီး နည်းပြချုပ် ကိုရီးယား လူမျိုး ပတ်ေ ဆာင်ဟွာက လည်း ပြင်ဆင်ချိန် နည်းပါးလို့ ကစား သမား တွေ ကို နည်း ဗျူဟာ မသင်ကြားနိုင်ဘဲ စိတ်ဓာတ် ပိုင်းကို သာ မြှင့်တင်ပေးထား တယ်လို့ ပြောပါတယ်။

အခွင့်အရေးနှင့်ထိန်းချုပ်မှုပါဝင်သည့် လိင်လုပ်သားဆိုင်ရာ ဥပဒေပြင်ဆင်ပြဋ္ဌာန်းရန်လို

Friday, September 21, 2012
မြန်မာလိင်လုပ်သားများအတွက် အခွင့်အရေးနှင့်ထိန်းချုပ်မှုများ ပါဝင်သည့် လိင်လုပ်သားဆိုင်ရာ ဥပဒေ များ အား ပြင်ဆင်ပြဋ္ဌာန်းရန်လိုအပ်လျက်ရှိကြောင်း လိင်လုပ်သားများ အရေးဆောင်ရွက်ပေးနေသူ များ ထံက သိရှိရသည်။

စစ်ပွဲရပ်တန့်ရေး လမ်းလျောက်ဆန္ဒဖော်ထုတ်သူများ ရွှေဂုံတိုင်သို့ဦးတည်နေ

ရန်ကုန်၊ စက်တင်ဘာ-၂၁

ပြည်တွင်းစစ်ပွဲ ရပ်တန့်ရေးအတွက်လမ်းလျှောက်ဆန္ဒဖော်ထုတ်နေသော အဖွဲ့သည် ယခု တာမွေမြို့ နယ်ကျောက်မြောင်းအနီးရောက်ရှိနေပြီဖြစ်ကာ ရွှေဂုံတိုင်သို့ဦး တည်သွားနေကြောင်းသတင်းရရှိသည်။
ပြည်တွင်းစစ်ပွဲ ရပ်တန့်ရေးအတွက် လူမှုရေး အဖွဲ့အစည်းပေါင်းစုံ လမ်းလျှောက်ဆန္ဒဖော်ထုတ်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က ဆူးလေမြို့တော်ခန်းမရှေ့စုရပ်မှ တီရှပ်အပြာရောင် ('တစ်နိုင်ငံလုံး စစ်ပွဲရပ်'ဆိုသော စာတမ်းပါ တီရှပ်)များ ၀တ်ထားကြသည်။

သားအမိနှစ်ဦးကို ကားဖြင့် တိုက်မိခဲ့သူအား ဖမ်းဆီးနိုင်ခြင်း မရှိသေး

ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်း ပေါ်တွင် စက်တင်ဘာ ၉ ရက်နေ့ည ၉နာရီ ၃၀မိနစ်တွင် သားအမိနှစ်ဦးအား တိုက်မိခဲ့သော ယာဉ်မောင်းနှင့် မော်တော်ယာဉ်အားအား ၁၀ရက်ကြာ သည် အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ယင်းအမျိုးသမီး၏ ဖခင်ဖြစ်သူ ဦးစိန်ထွန်းက The Voice Weekly သို့ပြောကြားသည်။

ငြင်းပယ်ခံခဲ့ရသော်လည်း ကချင်ငြိမ်းချမ်းရေးကွန်ယက်က ဆန္ဒထုတ်ဖော်မည်

Friday, 21 September 2012


စက်တင်ဘာလ (၂၁)ရက်နေ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် တောင်းခံစာကို နေပြည်တော် ဥတ္တရသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ငြင်းပယ်ခဲ့ကြောင်း သိရသည်။

မြန်မာ အဓိကရုဏ်းပုံများ ဝဘ်ဆိုက်တင်၍ အိန္ဒိယ ကျောင်းဆရာတဦး ဖမ်းဆီးခံရ

Friday, 21 September 2012


နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယ အရှေ့မြောက် ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာစေရန် လံှု့ဆော်မှု ဖြစ်စေခဲ့သည့် “၂ဝ၁၂ မြန်မာပြည် အဓိကရုဏ်း ရင်ဖိုဖွယ် ပုံများ” Burma Riots Thrilling Pictures 2012 အား အင်တာနက် ဝဘ်ဆိုက်တခုပေါ် လုပ်ကြံဖန်တီး၍ တင်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် အိန္ဒိယနိုင်ငံ၊ မုံဘိုင်းအခြေစိုက် ကျောင်းဆရာ တဦးအား အိန္ဒိယ သတင်းဆက်သွယ်ရေးဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

ဒေါ်စုရဲ့ အစိုးရနှင့်ပူးပေါင်းဆောင်ရွက်မှု အိုဘားမားထောက်ခံ

Friday, 21 September 2012

 

အမေရိကန်ပြည်ထောင်စုရောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတအို ဘားမားနဲ့ အိမ်ဖြူတော်မှာ ဗုဒ္ဓဟူးနေ့က သီးသန့်တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံခဲ့ပြီးတဲ့နောက် သမ္မတအို ဘားမားက ထုတ်ပြန်တဲ့ကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၁၂ နှစ်တာ နေအိမ်အကျယ်ချုပ် ကျခံနေထိုင်ခဲ့ပြီးတော့ အနစ်နာခံ ကြိုးပမ်းခဲ့မှုတွေအပေါ် လေးစား ဂုဏ်ယူကြောင်း ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေးနေ့ မနက်ခင်း သတင်းမြင်ကွင်း

၂၁ စက်တင်ဘာ ၂၀၁၂
Photo: ငြိမ်းချမ်းရေးနေ့ မနက်ခင်း သတင်းမြင်ကွင်း

၂၁ စက်တင်ဘာ ၂၀၁၂

 ဒီနေ့မနက် ၃ နာရီက နေပြည်တော်ကိုထွက်ဖို့စုရပ်အဖြစ်လုပ်ထားတဲ့ ရန်ကုန်မြို့၊မြေနီကုန်းမှာရှိတဲ့ ဒဂုံစင်တာမှာ နေပြည်တော်သို့ထွက်ခွါမယ့်ကားတွေကို အာဏာပိုင်တွေက ဖိအားပေးခဲ့တဲ့အတွက် ကားသမားတွေက သတင်းထောက်တွေအပြင် ကချင်တိုင်းရင်းသားတွေကိုထားရစ်ခဲ့ပြီး ကားတွေကို နောက်ကြောင်းပြန်မောင်းသွားခဲ့ကြအပြီးမှာ စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ နေပြည်တော်ကိုသွားကြမယ့် ကချင်တိုင်းရင်းသားတွေကြား စကားအခြေအတင်ပြောဆိုမှုတွေ ဖြစ်ခဲ့ပါတယ်။ နေပြည်တော်ကိုမသွားဖြစ်တော့တဲ့ ကချင်တိုင်းရင်းသားတွေဟာ ဒဂုံစင်တာကနေ ပြည်သူ့ရင်ပြင်ကိုငြိမ်းချမ်းစွာလမ်းလျှောက်ကြဖို့ကြိုးစားကြရာမှာလည်း ရဲတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့တဲ့အတွက် လမ်းတစ်ဝက်မှာရပ်တန့်ခဲ့ရပြီး ခရစ်ယန်ဘာသာအရ ဆုတောင်းမှုတွေ ပြုကြပြီး ဓမ္မတေးများသီဆိုကာ လူစုခွဲပြီး ၁၀ နာရီခွဲမှာ စတင်ကြမယ့် မြို့တော်ခန်းမရှေ့ကို ဆက်လက်ထွက်ခွါခဲံ့ကြပါတယ်။(ရိုက်ကူး - ဗိုဗိုသီဟ+လှလှဝင်း) — in Yangon.

ဒီနေ့မနက် ၃ နာရီက နေပြည်တော်ကိုထွက်ဖို့စုရပ်အဖြစ်လုပ်ထားတဲ့ ရန်ကုန်မြို့၊မြေနီကုန်းမှာရှိတဲ့ ဒဂုံစင်တာမှာ နေပြည်တော်သို့ထွက်ခွါမယ့်ကားတွေကို အာဏာပိုင်တွေက ဖိအားပေးခဲ့တဲ့အတွက် ကား
သမားတွေက သတင်းထောက်တွေအပြင် ကချင်တိုင်းရင်းသားတွေကိုထားရစ်ခဲ့ပြီး

အနုပညာကိုဗန်းပြပြီး လိမ်လည်သူများ ရှိနေသည်ဟု အစည်းအရုံးဥက္ကဋ္ဌပြော



ရုပ်ရှင်၊ ဗီဒီယိုလောကထဲတွင် အနု ပညာလုပ်ငန်းကို ဗန်းပြကာ လိမ်လည် ငွေတောင်းနေသည့် ဒါရိုက် တာများ ရှိနေသည်ဟု မြန်မာ နိုင်ငံရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌမှ ပြောသည်။ လိမ်လည်သူများသည် သရုပ်ဆောင် ဖြစ်လိုသူများကို ပညာပေးဇာတ်လမ်းများ ရိုက်ကူး ပေးမည်ဟုဆိုပြီး ဆွဲဆောင် ခဲ့ကြခြင်းဖြစ် သည်ဟု ဦးဇင်ဝိုင်းမှ ပြောသည်။

သမ္မတ အဖွဲ့နဲ့ ခွန်ထွန်းဦး လိုက်ပါ



ဒီမိုကရေစီ ဆု လက်ခံဖို့ အမေရိက ရောက်နေတဲ့ ရှမ်း နိုင်ငံရေး သမား ခွန်ထွန်းဦးကို သမ္မတ ရဲ့ ကုလ သမဂ္ဂ ကိုယ်စားလှယ် အဖွဲ့မှာ ထည့်ထားတယ်လို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး စိုင်းညွန့်လွင်က ပြောပါတယ်။

မန္တလေးဈေးချိုတွင် ဓာတ်ဆီထုပ် မီးရှို့ချထားခဲ့သူအား ဖမ်းဆီးရမိ

စက်တင်ဘာလ ၁၉ရက်နေ့က နံနက် ၆ နာရီ အချိန်က မန္တလေး ဈေးချိုအမှတ်(၇)ရုံ မြောက်ဘက်၊ ဆင်နှစ်ကောင် အိမ်သာအနီးတွင် မီးလောင်မှုဖြစ်ပွားစေရန် တမင်ကြံစည်ထားသည့် ပုံစံအမျိုးမျိုးနှင့် ထည့်ထားသော ဓာတ်ဆီထုပ်များအား မီးရှို့ချထားခဲ့သူအား စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

CDMA 800 MHz ဖုန်းများ ရောင်းချပေးရန် မဖြစ်နိုင်ဟု ဒုညွှန်မှုး ဦးသိန်းထွန်းအောင် ပြော

မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း (MEC) ကုမ္ပဏီမှ တန်ဖိုးနည်း CDMA 800 MHz ဖုန်းများ ရောင်းချပေး မည် ဆိုခြင်း အား ဖြစ်နိုင်ဖွယ် မရှိကြော င်းနှင့် ရောင်းချပိုင် ခွင့်မပေးကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်း ထွန်းအောင် က ပြောသည်။

ကချင်ငြိမ်းချမ်းရေးကွန်ယက် လှုပ်ရှားမှု သတင်းများ

ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ အဖွဲ့ဝင် ၁၀၀ ကျော်ခန့် ပြည်သူ့ရင်ပြင်သို့ သွားရာတွင် စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ စခန်းမှုး ဦးအောင်သိန်းက စမ်းချောင်းမြို့နယ်အတွင်း စီတန်းလှည့်လည်မှု မပြုရန် ဟန့်တားမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ လက်ရှိအချိန်တွင် စခန်းမှုးမှ လိုက်လံ တားမြစ်နေသော်လည်း ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့ဝင်များက ဝတ်ဆင်ထားသော ကွန်ရက်အဖွဲ့ဝင် အကျီင်္များအားချွတ်၍ သာမာန်ဝတ်စုံများဖြင့် ပြည်သူ့ရင်ပြင်သို့ ဦးတည်သွားလာနေကြောင်း သိရှိရသည်။

ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့များ မြေနီကုန်း မှတ်တိုင်မှ ကျော်လွန်မသွားရန် တားမြစ်

အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှုးကြီး ဦးမျိုးအောင်နှင့် ဒဂုံမြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ကချင်ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့ဝင်များအား မြေနီကုန်းကားမှတ်တိုင်ရှေ့မှ ကျော်လွန်၍ သွားလာခွင့်လုံးဝမပြုရန် တားမြစ် လိုက်ပြီး သာမန်လမ်းလျှောက်သူများကိုပါ အဆိုပါတားမြစ်သည့်နေရာမှ ကျော်လွန်၍ မသွားရန် ဒုရဲမှုးကြီး ဦးမျိုးအောင်မှ ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။