Thursday 24 September 2015

NLD ကို မဲမပေးရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် စည်းရုံးမှုက ဆင်ခြင်ဥာဏ်မဲ့ လုပ်ရပ်ဟု NLDအမတ် တုံ့ပြန်

 ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)ပါတီသည် အစိုးရအဖွဲ့ကို အကြပ်အတည်းတွေ့အောင် လုပ်သည့်ပါတီဟုဆိုကာ မဲမပေးရန် ပြောဆိုမှုသည် ဆင်ခြင်ဥာဏ်မဲ့ စည်းရုံးမှုသာ ဖြစ်သည်ဟု အင်န်အယ်လ်ဒီ၏ ရေကြည်မြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက မဇ္ဈိမကို ပြောသည်။
"ဝန်ကြီးချုပ်ဟာ ကိုယ်စားလှယ်လောင်းဂုဏ်သိက္ခာမဲ့၊ ပညာမဲ့၊ ဆင်ခြင်ဥာဏ်မဲ့စည်းရုံး မဲဆွယ်တာ၊ ဒီလိုလူတွေ တိုင်းဒေသကြီး အမြင့်ဆုံးနေရာရခဲ့တယ်။ ၅ နှစ် ဘယ်လောက် အန္တရာယ်ကြီးလဲ" ဟု ဒေါက်တာလှမြတ်သွေးက ပြောသည်။ဝန်ကြီးချုပ်က စက်တက်ဘာလ ၁၉ရက်က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ရွေးကောက်ပွဲ လုံခြုံရေးတွေ့ဆုံပွဲတွင် အင်န်အယ်လ်ဒီကို မဲမပေးရန် တက်ရောက်လာသူများအား ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခံနေရစဉ် ညှဉ်းပန်းနှိပ်စက်ခံရသည်ဟု တရုတ်ရှေ့နေပြောကြား


 တရုတ်နိုင်ငံ၏ အထင်ကရ အစိုးရကို ဝေဖန်သူနှင့် လူ့အခွင့်အရေး ရပ်ခံအရေးဆိုသူ ရှေ့နေဖြစ်သည့် ကောက်ကျီရှန်းက ၄င်းအား ဖမ်းဆီးထိန်းသိမ်းထားစဉ် တစ်ကိုယ်တည်း တိုက်ပိတ်ထားပြီး ညှဉ်းပန်း နှိပ်စက်ခံခဲ့ရကြောင်းကို ဖွင့်ဟပြောကြားလာခဲ့သည်။ အသက် ၅၁နှစ်အရွယ်ရှိ ကောက်ကို ၂၀၁၄ခုနှစ် သြဂုတ်လက အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည်။ဖမ်းဆီးထိန်းသိမ်းခံရစဉ်က နိုဘဲငြိမ်းချမ်းရေးဆုအတွက် လျာထားခံရသူ မစ္စတာကောက်မှာ ခံစားမှုမဲ့နေခဲ့ပြီး၊ အခြခံအားဖြင့် သိစိတ်လည်းကင်းလွတ်နေကာ အာဟာရချို့တဲ့မှုကြောင့် သွားများလည်း ကျိုးပဲ့ကုန်ခဲ့သည်ဟု ၄င်း၏ ရှေ့နေက ပြောကြားခဲ့သည်။
မစ္စတာကောက်က ၅နှစ်အတွင် ပထမဆုံးအင်တာဗျူးတွင် အေပီသတင်းဌာနအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်းပင် ဖြစ်သည်။မျက်နှာကို လျှပ်စစ်တုတ်ဖြင့် နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရပြီး သုံးနှစ်တိုင်တိုင် တစ်ကိုယ်တည်း တိုက်ပိတ်ခံထားခဲ့ရသည်ဟု ဆိုသည်။ မစ္စတာကောက်မှာ Falun Gong လှုပ်ရှားမှု အဖွဲ့ဝင်များနှင့် တရုတ်ခရစ်ယာန်များကို ရပ်ခံကာကွယ်မှုဖြင့် လူသိများသည်။

အသတ်ခံရသည့် ဇာဘုရင် နီကိုလတ်နှင့် မိဖုရားတို့၏ အရိုးများကို ရုရှ ပြန်လည်တူးဖော်


၁၉၁၈ ခုနှစ်က ဇာဘုရင်နှင့် မိသားစုများကို သတ်ဖြတ်မှုကို ပြန်လည်စစ်ဆေးနေသောကြောင့် ရုရှ စုံစမ်းစစ်ဆေးရေးမှူးများက နောက်ဆုံးဇာဘုရင်နှင့် မိဖုရားတို့၏ ရုပ်ကလာပ်အကြွင်းအကျန်များကို ပြန်လည်တူးဖော်ခဲ့ကြသည်ဟု ဆိုသည်။
ဇာဘုရင် ဒုတိယမြောက်နီကိုလတ်နှင့် မိဖုရားတို့၏ ကြွင်းရစ်သော ရုပ်ကလာပ်များမှာ နမူနာများကို ရယူခဲ့ကြပြီး၊ ၁၈၈၁ခုနှစ်က အသတ်ခံခဲ့ရသည့် နီကိုလတ်၏ အဖိုး ဒုတိယမြောက် အလက်ဆန်းဒါး၏ သွေးစွန်းနေသော ယူနီဖောင်းမှလည်း နမူနာများ ရယူခဲ့ကြသည်ဟု ဆိုသည်။
တော်လှန်ရေးသမား ဘော်ရှီဗစ်များ၏ သတ်ဖြတ်မှုခံခဲ့ရသည့် ရိုမန်နော့မိသားစုဝင်များကို စိန့်ပီတာစဘာ့ ဘုရားကျောင်းတွင် မြှုပ်နှံထားခဲ့သည်။ အခြားအလားတူနေရာများတွင် မြှုပ်နှံထားသည့် အခြားဆွေမျိုးများနှင့် အချိတ်အဆက်ကို အတည်ပြုရန်အတွက် အော်သိုဒေါ့စ်ဘုရားကျောင်းကလည်း ကြွင်းရစ်သော ရုပ်ကလာပ်များကို ပြန်လည် စစ်ဆေးစေလိုသည်။

စက်တင်ဘာလကုန် NCA လက်ရေးထိုးလိမ့်မည်ဟု ကာချုပ်ပြော


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို စက်တင်ဘာလကုန်ပိုင်းတွင် ရေးထိုးနိုင်လိမ့်မည်ဟု တပ်မတ်ေကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာလ ၂၃ ရက်က လွိုင်ကော်မြို့တော် ခန်းမတွင် ပြောဆိုလိုက်သည်။“ကျနော်တို့ မကြာခင်မှာလည်း တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ထားပါတယ်။ ဒီလကုန်လောက်မှာ နိုင်ငံတော်ကို သတင်းကောင်းတစ်ခုပေးနိုင်လိမ့်မယ်။” ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကယားပြည်နယ်ခရီးစဉ်တွင် လွိုင်ကော်မြို့တော်ခန်းမ၌ ကျောင်းသုံးပစ္စည်းများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အလှူငွေပေးအပ်သည့် အခမ်းအနားတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။NCA လက်မှတ်ထိုးရန် ကိစ္စတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အားလုံး ပါဝင်မှသာလျှင် လက်မှတ်ရေးထိုးမည်ဟု လွိုင်ကော် KNPP ဆက်ဆံရေးရုံးတာဝန်ခံ ခူညေးရယ်က ပြောသည်။

အိုဘားမားမှာ ခရစ်ယာန်တစ်ယောက်ဖြစ်သယောင် ဟန်ဆောင်နေသည်ဟု အာကင်ဆတ်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မိုက်ဟက္ကာဘီပြောကြား


ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ပထမဆုံး အမေရိကန် အလည်အပတ်ခရီးကို သမ္မတ၏ ကိုင်တွယ်ပုံကို ဝေဖန်ထိုးနှက်ရာတွင် အာကင်ဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မိုက်ဟက္ကာဘီက သမ္မတ ဘားရက်အိုဘားမားသည် ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်သယောင် ဟန်ဆောင်နေသည်ဟု ပြောကြားလိုက်သည်။စက်တင်ဘာ ၂၂ရက်နေ့က Newsmax ရုပ်သံ၏ The Hard Line အစီအစဉ်တွင် မွတ်စလင်တစ်ယောက်မှာ အမေရိကန်ပြည်ထောင်စု၏ သမ္မတမဖြစ်သင့်ဟူသော ဘင်ကာဆန်၏ မှတ်ချက်စကားအပေါ် ထင်မြင်ချက်ကို မေးမြန်းရာတွင် မိုက် ဟက္ကာဘီက သမ္မတရာထူးအတွက် ဘာသာရေးဆိုင်ရာ စစ်ဆေးမှုမရှိကြောင်း ပြောကြားရင်း အိုဘားမားနှင့် ပတ်သက်သော မှတ်ချက်အကြောင်းသို့ ရောက်ရှိသွားခဲ့ သည်။

သာပေါင်းမြို့ ဒီချုပ်ပါတီ၏ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ် ဖျက်ဆီးခံရ


လာမည့်ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဧရာ ၀တီတိုင်းဒေသကြီး သာပေါင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းများပုံပါရှိသည့် မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်တစ်ခု စက်တင်ဘာ၂၂ ရက် ညက ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။
သာပေါင်းမြို့ အမှတ်(၁)ရပ် ကွက် ကညင်ချောင်းရပ်ရှိ ဘုန်း ကြီးကျောင်းရှေ့တွင် ဆိုင်းဘုတ် စိုက်ထူထားပြီး ယင်းနေ့ ည ၁၀နာရီခန့်က ပိုစတာအား ဆုတ်ဖြဲကာ စိုက်ထူထားသည့်တိုင်များ တစ်စစီဖြစ်သည်အထိ ဖျက်ဆီး ခဲ့သည်ဟု သာပေါင်းမြို့နယ် ဒီချုပ်ပါတီအတွင်းရေးမှူး၊     မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်အမတ်လောင်းဦးအောင်အောင်ဦးက ပြောသည်။
‘‘ဒါဟာ ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်ပါတယ်။ ကျွန်တော် တို့ ဥပဒေအတိုင်းပဲ ဆက်လုပ် သွားပါမယ်’’ဟု ဦးအောင်အောင် ဦးကပြောသည်။

နမ့်စန်မြို့နယ်တွင် ဒီချုပ်ဆိုင်းဘုတ် ၂၆ ခု ဖျက်ဆီးခဲ့သူများ နှစ်လကျော်ကြာသည့်တိုင် ဖမ်းမမိသေး


ရှမ်းပြည်နယ်တောင် ပိုင်း နမ့်စန်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေး ဆိုင်းဘုတ်များ ဖျက်ဆီးခဲ့သူလေး ဦးနှင့် ခိုင်းစေညွှန်ကြားခဲ့သူကို နှစ်လကျော်ကြာသည်အထိ ဖမ်း ဆီးရမိခြင်းမရှိသေးကြောင်း နမ့် စန်မြို့နယ် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ သတင်းရရှိသည်။
နမ့်စန်မြို့နယ် တရားရုံးတွင် နမ့်စန်မြို့နယ် ဒီချုပ်ဥက္ကဋ္ဌ ဦးနေ ဇော်နိုင်က တရားလိုပြုလုပ်ပြီး ပုဒ်မ ၄၂၇ အကျိုးဖျက်ဆီးမှုဖြင့် တရားစွဲဆိုရန် တရားရုံး၌ ဦး  တိုက်လျှောက်ထားခဲ့ပြီး ဆိုင်း ဘုတ်ဖျက်ဆီးသူလေးဦးနှင့် ခိုင်း စေညွှန်ကြားသူဟုဆိုသူ ဦး အောင်သန်းကို သြဂုတ် ၃ ရက် တွင် တရားရုံးသို့ ဆင့်ခေါ်ထားခဲ့ သည်။သို့သော် သြဂုတ် ၂၁ ရက် ရုံးချိန်းအထိ လာရောက်ခြင်းမရှိ၍ တရားရုံးက တရားခံပြေးအဖြစ် ကြေညာစာထုတ်ပေးခဲ့သော်လည်း ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ဒီချုပ်ဥက္ကဋ္ဌ ဦးနေဇော်နိုင်က ပြောသည်။‘‘စက်တင်ဘာ ၂၂ ရက်ဆို နှစ်လပြည့်ပြီ။ တရားခံတွေ ဘယ် နေရာမှာရှိတယ်ဆိုတာကိုလည်း သိနေပြီးတော့ ဖမ်းဆီးရမိတာမရှိ သေးဘူး။ တရားဥပဒေစိုးမိုးမှု ညံ့ ဖျင်းတယ်’’ဟု ၎င်းကပြောသည်။

မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်များ အချိန်ပြောင်းပြေးဆွဲမည်


မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်များကို စက်တင်ဘာ၂၆ ရက်မှစတင်၍ အချိန်ဇယား အသစ်ဖြင့် ပြောင်းလဲပြေးဆွဲမည် ဖြစ်ပြီး အိပ်စင်ပါသော ရထားတွဲ များကိုမူ တစ်ရက်ခြားတစ်ကြိမ် သာ ပြေးဆွဲတော့မည်ဟု မန္တလေး ဘူတာကြီးရုံပိုင်ရုံးမှ သတင်းရရှိ သည်။
မန္တလေး-မြစ်ကြီးနားရထား လမ်းပိုင်းအချို့ ရေကြီးနစ်မြုပ်ကာ ပျက်စီးခဲ့၍ ပြန်လည်ပြင်ဆင်ထားရပြီး လမ်း၏ခံနိုင်ဝန်အရ ရထားများ မိုင်နှုန်းအရှိန်လျှော့မောင်းရသဖြင့် လမ်းခရီးကြန့်ကြာမှုများဖြစ်နေသောကြောင့် ရထားအချိန်ဇယားအသစ်ဖြင့် ပြန်လည်ပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၂၆ ရက်မှစ၍ မန္တလေး-မြစ်ကြီးနားရထားခရီး စဉ်များကို အချိန်ဇယားအသစ် ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး အမှတ် (၃၃) အဆန်ရထားနှင့် (၃၄) အစုန်ရထားဖြစ်သော အိပ်စင်ပါသည့် ရထားအတွဲများကို တစ်ရက်ခြား တစ်ကြိမ်သာ ပြေးဆွဲတော့မည် ဖြစ်သည်။

ပါတီမရွေးကြုံနေရသည့် ခြိမ်းခြောက်နှောင့်ယှက်မှု အန္တရာယ်


ရွေးကောက်ပွဲကျင်းပရန် တစ်လခွဲခန့်သာလိုတော့သည်။
ရွေးကောက်ပွဲနီးလာတိုင်း ဖြစ်လေ့ဖြစ်ထရှိသော မဲမသမာမှု များ၊ မဲပေးရမည့်စာရင်းတွင်မပါ ၀င်မှုများအကြောင်း လူအများက စိတ်ဝင်တစားဝေဖန်နေကြသော် လည်း မြန်မာ့ရွေးကောက်ပွဲ၌ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စတစ်ခု ကိုတော့ မေ့နေကြဆဲ ဖြစ်သည်။
ယင်းမှာ နိုင်ငံရေးပြိုင်ဘက်များကို လုပ်ကြံသတ်ဖြတ်မှုပင်။
နိုင်ငံရေးပြိုင်ဘက်များကို အ ပြတ်ရှင်းခြင်း (သို့မဟုတ်) အသက်မသေသည့်တိုင် နိုင်ငံရေးလောက မှ ထွက်ခွာသွားအောင် ခြိမ်းခြောက်နှောင့်ယှက်သည့် ဓလေ့က မြန်မာ နိုင်ငံ၏ ရွေးကောက်ပွဲသမိုင်းတွင် အမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့်က ကျင်းပသည့် ၁၉၅၆ ရွေး ကောက်ပွဲနှင့်  ပတ်သက်၍  ဖြစ် ပွားခဲ့သည့် မင်းလှလေးလောင်း ပြိုင်လူသတ်မှု၊ ရှမ်းပြည်နယ်မှ လွှတ်တော်အမတ်ဦးအောင်သာ သတ်ဖြတ်ခံရမှုတို့သည် လက်သည် တရားခံမပေါ်ဘဲ ပြီးပြတ်ခဲ့ရသည်။

နေပြည်တော် ကောင်စီနယ်မြေမှ ကိုယ်စားလှယ်လောင်းများ သန့်သန့်ရှင်းရှင်း မဲဆွယ်နေကြဟုဆို


 နေပြည်တော် ကောင်စီနယ်မြေရှိ မဲဆန္ဒနယ်များ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံးရာ၌ ပြဿနာ တစ်စုံတစ်ရာမရှိဘဲ သန့်သန့် ရှင်းရှင်း မဲဆွယ်နေကြကြောင်း ပြည်ထောင်စုနယ်မြေ ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ထံမှ သတင်းရရှိသည်။
စက်တင်ဘာ ၈ ရက်မှစတင် ကာ မဲဆွယ်စည်းရုံးခွင့်ကို တရား ဝင်ပြုထားပြီး ၂၃ ရက်အထိ မဲဆွယ်စည်းရုံးခွင့်နှင့်ပတ်သက်၍ တိုင်ကြားခြင်း လုံးဝမရှိသေးဟု ပြည်ထောင်စုနယ်မြေ ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးအောင်စိုးဝင်းက အ တည်ပြုပြောကြားသည်။
‘‘အခုချိန်ထိတော့ တိုင်ကြား ထားတာလည်းမရှိသေးဘူး။ မဲ ဆွယ်တဲ့ကာလအတွင်းမှာတော့ ပစ္စည်းပေးတာတွေမရှိဘူး။ ထူး ခြားမှုလည်းမရှိဘူး’’ဟု ဦးအောင် စိုးဝင်းက ပြောသည်။
တရားဝင်မဲဆွယ်ခွင့်မရမီ ကာလများတွင် နေပြည်တော် ကောင်စီနယ်မြေရှိ ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စားလှယ်လောင်း အချို့သည် မိမိသက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် အလှူများ ပြုလုပ်ခြင်း၊ ပစ္စည်းများပေးဝေ ခြင်းတို့ ပြုလုပ်ခဲ့သည်။