Friday 6 September 2013

အတူတကွ သေနေသော စုံတွဲအရိုးစု တွေ့ရှိ

အီတလီ နိုင်ငံက ရှေးဟောင်း သုတေသီတွေဟာ စုံတွဲ သေဆုံးနေသော အရိုးစုကို တွေ့ရှိခဲ့ကြပါတယ်။ ၎င်း အရိုးစုတွေဟာ နှစ်ပေါင်း ၁၅၀၀ ခန့် လောက် ရှိပြီလို့ ဆိုပါတယ်။

ဒိုင်းမွန်းပလာဇာငါးလွှာမှ ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ခုန်ချသေဆုံး

မန္တလေးလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီ ရပ်ကွက် ၃၃x၃၄ လမ်းကြား၊ ၇၇x၇၈ လမ်းကြားတွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁ နာရီခန့်က အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဒိုင်းမွန်းပလာဇာ ငါးလွှာအထပ်မှ ခုန်ချ သေဆုံးသွားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်း များအရ သိရသည်။

တစ်နှစ်ကျော်ကြာ သိန်း ၁၅၀၀ လာမထုတ်သည့် ထီကံထူးရှင်ရှိနေ

တစ်နှစ်ကြာသည်အထိ လာမထုတ်သော ကျပ်သိန်း ၁၅၀၀ ထီပေါက်သည့် ကံထူးရှင်ရှိနေပြီး ၎င်းမှာပြီးခဲ့သည့် နှစ် စက်တင်ဘာလတွင် ပေါက်ခဲ့သည့် ထီနံပါတ်ဖြစ်ကာ တစ်နှစ်ကြာ ယခုလကုန်အထိ လာရောက် ထုတ်ယူ မှုမရှိပါက ယင်းငွေကြေးကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ်သိမ်းမည်ဖြစ် သည်ဟု ပြည်တွင်း အခွန်များ ဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲမှ အကြီးတန်းအရာရှိတစ်ဦးက မဇ္ဈိမကိုပြောသည်။

နေ့စဉ်လူဦးရေ တစ်သိန်းကျော် အသုံးပြုလာသည့် မြို့ပတ်ရထား အစင်း ၂၀၀ တွင် ၁၀ ရာခိုင်နှုန်းခန့်မှာ အချိန်မှန် မထွက်နိုင်

8.1.1
ရန်ကုန်ဘူတာကြီးသို့ ဆိုက်ရောက်နေသော မြို့ပတ်ရထား တစ်စင်းအား တွေ့ရစဉ်
နေ့စဉ် လူဦးရေ တစ်သိန်းကျော် အသုံးပြုလာသည့် ရန်ကုန်မြို့ပတ်ရထား အစင်း ၂၀၀ တွင် ၁၀ ရာခိုင်နှုန်းခန့်မှာ အချိန်မှန် မထွက်နိုင်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။