Tuesday 5 January 2016

ယာဉ်အိုဟောင်းအစားထိုးတင်သွင်းမည့် (စလစ်ကပ်)ယာဉ်များအား ၂၀၁၃ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်မှ ၂၀၀၆ မှ ၂၀၁၁ ခုနှစ်သို့ ပြောင်းလဲသတ်မှတ်ပေးမည်

မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း
ယာဉ်အိုယာဉ် ဟောင်းအစားထိုးတင်သွင်းမည့် (စ လစ်ကပ်)ယာဉ်များအား ၂၀၀၆ မှ ၂၀၁၃ ခုနှစ်မိုဒယ်အစား ၂၀၀၆ မှ ၂၀၁၁ ခုနှစ်သို့ ပြောင်းလဲသတ် မှတ်ပေးသွားမည့်အပြင် ဖရီးပါမစ် ဖြင့်တင်သွင်း သည့် မော်တော်ယာဉ် များအတွက် ဘယ်မောင်းယာဉ်များ သာ တင်သွင်းခွင့်ရမည့်အချက်အား ဖြေလျှော့ပေးရန် မော်တော်ယာဉ်ကြီး ကြပ်ရေးကော်မတီနှင့် သဘောတူညီမှုရရှိထားကြောင်း မြန်မာ နိုင်ငံ မော်တော်ယာဉ် တင်သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများ အသင်းဥက္က ဋ္ဌ ဒေါက်တာစိုးထွန်းပြောကြားချက် အရ သိရသည်။

တရုတ်နိုင်ငံသားတစ်ဦး မြေမြှုပ်မိုင်းထိပြီးနောက် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး အလေးထားရန် မြန်မာကို တရုတ်တိုက်တွန်း

မြန်မာ-တရုတ်နယ်စပ်ဒေသတွင် တရုတ်နိုင်ငံသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိသဖြင့် ထိခိုက်ဒဏ်ရာရရှိပြီးနောက် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်မှုကို မြန်မာနိုင်ငံဘက်မှ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ HuaChunying က တိုက်တွန်းပြောကြားသည်။

အဆိုတော်စိုးသူရဲ့ ရှေ့နေမှ ကြေညာချက်တစောင် ထုတ်ပြန်

မန္တလေးတွင်ပြုလုပ်ခဲ့သည့် တကိုယ်တော်ဖျော်ဖြေပွဲမှ အဆိုတော်စိုသူ(ဓာတ်ပုံ – တေဇလှိုင်/ The Irrawaddy)
လတ်တလော ဖေ့ဘုတ်စာမျက်နှာထက်တွင် သရုပ်ဆောင် အဆိုတော် စိုးသူရဲ့ရှေ့နေမှ သူ့အမှုသည်နဲ့ ပတ်သက်လို့ ကြေညာချက်တစောင်ကို ဇန်န၀ါရီ ၁ ရက်နေ့က နိုင်ငံပိုင်သတင်းစာမှတဆင့် ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

ဧရာဝတီမြစ်အတွင်းသွား စက်လှေများကို လူ ၁၀ ဦးကျော်ပါ အဖွဲ့က ဓားပြတိုက်

လုံခြုံရေးအားနည်းမှုများကြောင့် လက်နက်ကိုင်ဆောင် လုယက်မှုများ မြင့်တက်နေသော ဧရာဝတီမြစ်အထက်ပိုင်းတွင် ဇန်နဝါရီလ ၂ ရက်နေ့ညပိုင်းက လှေအခွံများတင်ဆောင်၍ လူခြောက်ဦးမောင်းနှင်လာသော စက်လှေခြောက်စီးကို ဓားနှင့်လေးခွများကိုင်ဆောင်သော လူ၁၂ ဦးခန့်ပါဝင်သောအဖွဲ့က တံတားဦးမြို့နယ် ပေါက်မြိုင်ကျေးရွာအနီးတွင် ဓားပြတိုက်၍စက်လှေလုယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရဲမီးတန်းယာဉ်သစ်သုံးစီး ဆင့်တိုက်၊ ရဲတပ်ကြပ်ကြီး တစ်ဦး သေဆုံး

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကမှ စတင်အသုံးပြုခဲ့သည့် ရဲတပ်ဖွဲ့သုံးမီးတန်းယာဉ်သစ်များ တိုက်မိမှုသည် ဒဂုံမြို့နယ်ရှိ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ယာဉ်ရပ်နားဝင်းတွင် ဇန်နဝါရီလ ၃ ရက် နံနက် ၈ နာရီခွဲက ဖြစ်ပွားခဲ့ကြောင်း ဒဂုံမြို့မရဲစခန်းထံမှ သိရသည်။