Sunday 29 November 2015

ဘုတလင်နှင့် ကနီတွင် ငလျင်ကြောင့် စေတီပုထိုး အများစုပျက်စီးခဲ့

စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း လှုပ်ခတ်ခဲ့သည့် ငလျင် ကြောင့် မုံရွာခရိုင် ဘုတလင်မြို့နှင့် ယင်းမာပင်ခရိုင် ကနီမြို့တို့တွင် စေတီပုထိုးများနှင့် လူနေအ ဆောက်အအုံအချို့ ပျက်စီးဆုံးရှုံး ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိ သည်။

မန္တလေးမြို့ မြေငလျင်တိုင်း တာရေးစခန်း၏ အနောက်မြောက် ဘက် မိုင် ၉၀ ခန့်အကွာ၊ မုံရွာမြို့ ၏ အနောက်မြောက်ဘက် ၃၅ မိုင်ခန့်အကွာ ပြည်တွင်းကို ဗဟို ပြု၍ နိုဝင်ဘာ ၂၇ ရက်က ရစ်ခ်ျတာစကေး ၅ ဒသမ ၄ အဆင့်ရှ်ငလျင်လှုပ်ခတ်သွားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရုံးမှ သိရသည်။

‘‘ကနီနဲ့ ဘုတလင်မြို့နယ်အ တွင်းက စေတီတွေ အပျက်အစီး များတယ်။ ကနီမြို့နယ်အတွင်းက စာသင်ကျောင်း၊ လူနေအဆောက် အအုံတချို့ အက်ကြောင်းတွေ ဖြစ်တာတော့ ရှိပါတယ်’’ဟု စစ် ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ငလျင်လှုပ်ခတ်မှုကြောင့် မုံရွာခရိုင် ဘုတလင်မြို့နယ် မောင်းထောင်ကျေးရွာ မာန် အောင်မြင်ဘုရားအတွင်း စေတီ တော်တစ်ဆူမှာ ထီးတော်ကျိုးကျ ၍ စိန်ဖူးတော်မြေခသွားပြီး ကျန် စေတီတစ်ဆူမှာလည်း ထီးတော် ယိုင်သွားခဲ့သည်။ မောင်းထောင် ကျေးရွာရှိ ကံစုံစေတီမှာလည်းထက်ဝက်ခန့်ပြိုကျ၍ထီးတော် မြေခခဲ့သည်။

ယင်းမာပင်ခရိုင် ကနီမြို့ နယ် အမှတ် (၁)ရပ်ကွက်ရှိ သီတာဦးစေတီမှာလည်း ထက်ဝက်ခန့်ပျက်ကျ၍ ထီးတော်မြေခပြီး အမှတ် (၂)ရပ်ကွက် ရွှေမြင်းဖြူဘုရား အရံစေတီတစ်ဆူ ထီးတော်မှ အောက်ခြေအထိ အက်ကွဲခဲ့ သည်။

ကနီမြို့နယ်ရှိ ကျေးရွာအုပ် စုများမှ စေတီတော်များစွာမှာ စိန်ဖူးတော်မြေခခြင်း၊ ကြာလန် ကြာမှောက်များ အက်ကွဲပျက်စီး ခြင်း၊ စေတီအတွင်းရှိ အဆောက်အအုံအချို့ နံရံများ အက်ကွဲပျက် စီးခြင်း၊ စေတီအနီးရှိ ဘုန်းတော်ကြီးကျောင်း အချို့နံရံများအက် ကွဲပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့သည်။

ကနီမြို့နယ်အတွင်းရှိ စာ သင်ကျောင်းနှင့် လူနေအိမ်အချို့ အပါအဝင် စီးပွားရေးလုပ်ငန်း ဆိုင်ရာ အဆောက်အအုံအချို့ လည်း ထိခိုက်ပျက်စီးမှုနှင့် ပြိုကျ မှုများ ဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန် များ သေကျေ ထိခိုက်ဒဏ်ရာရရှိ ခြင်းမရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရ သည်။

‘‘ဝက်လူးအိုင်ရွာက ကျောက် မဲကျောင်းတိုက်အတွင်းက ရှေး ဟောင်းကုန်းပေါ်ဘုရား၊ မြင်သာ ကျောင်းက ဘုရားနှစ်ဆူ၊ ဝါးကြီး တောရကျောင်းက ဘုရားတစ်ဆူ စိန်ဖူးတော်မြေခပြီး ပျက်စီးခဲ့ တယ်။ ကျောက်မဲကျောင်းတိုက် အတွင်းက အောင်စည်းခုံစေတီနဲ့ ရွှေစည်းခုံစေတီ၊ ဝါးကြီးတောရ ကျောင်းက စေတီတစ်ဆူ အက် ကွဲပျက်စီးတာရှိပါတယ်’’ဟု ၀က်လူးအိုင်ကျေးရွာ ကျောက်မဲကျောင်းတိုက် နာယကဆရာတော် ဦးဝါယမိန္ဒက မိန့်ကြားသည်။
7 day

No comments:

Post a Comment