Wednesday 3 July 2013

ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင် ရဟန်းများအတွက် ၀တ္ထုပစ္စည်းများကို မြန်မာနိုင်ငံမှ အဓိကမှာယူ နေရသော်လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဖမ်းဆီး

Photo: ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင် ရဟန်းများအတွက် ၀တ္ထုပစ္စည်းများကို မြန်မာနိုင်ငံမှ အဓိကမှာယူ နေရသော်လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဖမ်းဆီး

ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင် ရဟန်းတော်များအတွက် ၀တ္ထုပစ္စည်းများကို မြန်မာနိုင်ငံမှ အဓိက မှာယူနေရသော်လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ မောင်တောနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ တင်သွင်းသည့် ဗုဒ္ဓရုပ်ပွားတော် ၅၈ ဆူကို ဘင်္ဂလားဒေ့ရှ်နယ်စပ် အာဏာပိုင်များက ဇွန် ၂၉ ရက်က တက်ကနက် နယ်စပ်မြို့တွင် ဖမ်းဆီးလိုက်ကြောင်း Cox’s bazaar News သတင်းစာတွင် ဖော်ပြပါရှိသည်။

ရုပ်ပွားတော် ၅၈ ဆူ၏ တန်ဖိုးမှာ တာကာငွေ ၄၃၉၀၀ (မြန်မာငွေ ကျပ် ၄၃၉၀၀၀) ရှိပြီး သစ်သားဖြင့် ပြုလုပ်ထားသော ရုပ်တုတော်များ ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ မောင်တောနယ်စပ် ကုန်သွယ်ရေး တာဝန်ရှိသူ တစ်ဦးက "ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရဟန်းသံဃာတွေအတွက် လိုအပ်တဲ့ ၀တ္ထုပစ္စည်းတွေကို မောင်တောနယ်စပ် ကုန်သွယ်ရေးနဲ့ တင်ပို့တာ မဟုတ်ပါဘူး။ 

အဲဒီပစ္စည်းတွေကို တင်ပို့ဖို့ လိုင်စင်ခွင့်ပြု ထားတာလည်း မရှိပါဘူး။ ဒါပေမဲ့ သံဃာ့အသုံးအဆောင် ၀တ္ထုပစ္စည်းတွေကို မောင်တောကနေ ဈေးသည်တွေ ၀ယ်သွားတာ ဖြစ်နိုင်ပါတယ်။ မြန်မာဘက်ကနေ ဖမ်းဆီးတာတွေတော့ မရှိပါဘူး" ဟု ဆိုသည်။

"ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားဆင်းတု၊ သင်္ကန်း၊ ကြေးစည်၊ သပိတ် စတာတွေကို ဒီဘက်က မှာဝယ်ယူတာ ဖြစ်ပါတယ်။ ရှင်ပြုမယ် ဆိုရင်လည်း လိုအပ်တဲ့ ပရိက္ခရာတွေကို မောင်တောကိုလာပြီး ဈေးလာဝယ်ကြတယ်။ 

ဒီဘက်မှာတော့ ဘာပြဿနာမှ မရှိပါဘူး" ဟု မောင်တောမြို့မှ ပရိက္ခရာ အရောင်းဆိုင်မှ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ပစ္စည်းများကို တင်သွင်းခွင့်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ ဆောင်ရွက်မှုမျိုး မရှိသေးသဖြင့် ဘင်္ဂလားဒေ့ရှ်ရှိ ဗုဒ္ဓဘာသာဝင်များအဖို့ အခက်အခဲ ရှိနေကြောင်း သိရသည်။

 ယင်းအပြင် ဘင်္ဂလားဒေ့ရှ်ရှိ ဗုဒ္ဓဘာသာဝင်များအား ခွဲခြားဆက်ဆံခြင်းနှင့် တချို့ဒေသများတွင် အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် မြန်မာ တိုင်းရင်းသား မျိုးယ်စုများမှာ မြန်မာနိုင်ငံသို့ ၀င်ရောက်လျက် ရှိနေကြောင်း သိရသည်။

Eleven Media Group
ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင် ရဟန်းတော်များအတွက် ၀တ္ထုပစ္စည်းများ ကို မြန်မာနိုင်ငံမှ အဓိက မှာယူနေရသော်လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဖမ်းဆီးနေကြောင်း

ဒုက္ခသည် စခန်းတွင် ထင်း အခက်ခဲကြောင့် ဒေသခံ များနှင့် စကား အခြေ အတင်ဖြစ်ပွား

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေထဲရှိ ဖုန်လွမ်ယန် (Hpunglum Yang) ဒုက္ခသည် စခန်းတွင် ဇူလိုင် လဆန်းပိုင်းမှပို၍ ထင်းမီး မလုံလောက်သည့်အခက်ခဲကြောင့် ဒေသခံများနှင့် ဒုက္ခသည်များ ကြား မကြာခဏ စကားအခြေအတင်ဖြစ်ပွားနေကြောင်း သိရသည်။

ငြိမ်းချမ်းရေးအတွက် ပြည်ပထောက်ပံ့ငွေကို အဓိကမထားဖို့ ဆုံးဖြတ်

Photo: ငြိမ်းချမ်းရေးအတွက် ပြည်ပထောက်ပံ့ငွေကို အဓိကမထားဖို့ ဆုံးဖြတ်
Wednesday, July 03, 2013

မနေ့ကကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကနေ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ နိုင်ငံတကာရဲ့ ငွေကြေးအထောက်အပံ့ကို အဓိကမထားဘဲ ပြည်သူ့ဘဏ္ဍာ၊ နိုင်ငံဘဏ္ဍာငွေကိုပဲ ခွဲဝေသုံးစွဲသွားဖို့ သဘောတူခဲ့တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။

အဲဒီအစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းက အခုလို ပြောကြားခဲ့တာပါ။

"ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ ငွေကြေးပစ္စည်း အထောက်အပံ့များ လိုအပ်မှာဖြစ်ပါတယ်၊ အဲလိုဆောင်ရွက်တဲ့အခါမှာ ပြည်ပနိုင်ငံ ပြည်ပအဖွဲ့အစည်းများက ပေးလိမ့်မည်ဆိုတဲ့ဟာကို အဓိကမထားပဲ ပြည်သူများရဲ့ဘဏ္ဍာ၊ နိုင်ငံဘဏ္ဍာ ငွေကြေးများကိုသုံစွဲပြီး၊ ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ဖို့လည်း သဘောတူကြပါတယ်၊ ငြိမ်းချမ်းရေးရအောင် တည်ဆောက်တဲ့အခါမှာ ဥပဒေနဲ့အညီ ပြည်သူများရဲ့ဘဝလုံခြုံရေးကို ထိပါးလာလျှင် သို့မဟုတ် ပြည်သူများရဲ့ ဘဝလုံခြုံရေးကို အကာအကွယ်မပေးနိုင်တဲ့ ဖြစ်စဉ်ဖြစ်ရပ်မျိုးဖြစ်လာလို့ရှိရင် မကောင်းတဲ့ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာခြင်းကို ကြိုတင်လေ့လာသုံးသပ်ပြီး ဆောင်ရွက်ဖို့လည်း စဉ်းစားဆုံးဖြတ်ကြပါတယ်"

ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ ဥပဒေနဲ့မညီတာမျိုး၊ ပြည်သူ့ဘဝလုံခြုံရေးကို ထိပါးလာတာမျိုး၊ ပြည်သူလူထုရဲ့ ဘဝလုံခြုံရေးကို အကာအကွယ် မပေးနိုင်တာမျိုးစတဲ့ မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာမှာတွေကို ကြိုတင်လေ့လာသုံးသပ်ဖို့ သဘောတူဆုံးဖြတ်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ပြန်လည်ခေါ်ယူပေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဇွန်လ ၂၅ ရက်နေ့က သဝဏ်လွှာ ပေးပို့တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီကောင်စီမှာ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်အပါအဝင် အဖွဲ့ဝင် ၁၁ ဦး ပါဝင်ပြီးပြီး ၂ဝ၁၁ ခုနှစ် ဧပြီလမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒီအတောအတွင်း ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
RFA
မနေ့ကကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကနေ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ နိုင်ငံတကာရဲ့ ငွေကြေးအထောက်အပံ့ကို အဓိကမထား ဘဲ ပြည်သူ

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲ၍ ဆောင်ရွက်သွားရန် ကာ/လုံ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

Photo: ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲ၍ ဆောင်ရွက်သွားရန် ကာ/လုံ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Wednesday, July 03, 2013

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲ၍ ဆောင်ရွက်သွားမည်ဟု ဇူလိုင် ၁ ရက်တွင်ပြုလုပ်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင်ဖြစ်သူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင်၂ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများနှင့် ဆွေးနွေးရာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရာ၌ ငွေကြေးအထောက်အပံ့များ လိုအပ်မည် ဖြစ်သော်လည်း ပြည်ပအကူအညီကို မျှော်လင့်မနေဘဲ ပြည်သူ့ဘဏ္ဍာငွေဖြင့်သာ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်ဟု သူရဦးရွှေမန်းက ပြောကြားသည်။
ယင်းငွေများမှာ သမ္မတဦးသိန်းစိန်၏ အထူးသုံးစွဲရန် သတ်မှတ်ပေးထားသော ဘတ်ဂျက်တွင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် ခေါင်းစဉ်တစ်ခု အနေနှင့် ပါဝင်ပြီး ဖြစ်သောကြောင့် ယင်းထဲမှ သုံးစွဲသွားမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက သတင်းထောက်များကို ပြောကြားသည်။

"ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ ငွေကြေးပစ္စည်းနဲ့ အထောက်အပံ့များ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့ အခါမှာ ပြင်ပနိုင်ငံ၊ ပြင်ပအဖွဲ့အစည်းများ ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် အဓိကမထားဘဲ ပြည်သူများရဲ့ဘဏ္ဍာ၊ နိုင်ငံရဲ့ဘဏ္ဍာ ငွေကြေးများကို သုံးစွဲပြီး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ဖို့လည်း သဘောတူကြပါတယ်။ ဆုံးဖြတ်ကြပါတယ်။ ဒီနေရာမှာ ဘေးထွက်ဆိုးကျိုးဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး မိမိတို့ နားလည်လက်ခံထားတဲ့ အချက်က ငြိမ်းချမ်းရေးရအောင် တည်ဆောက်တဲ့ အခါမှာ ဥပဒေနဲ့ မညီရင်၊ ပြည်သူများရဲ့ ဘ၀လုံခြုံရေးကို ထိပါးလာရင် သို့မဟုတ် ပြည်သူများရဲ့ ဘ၀လုံခြုံရေးကို အကာအကွယ် မပေးနိုင်တဲ့ ဖြစ်စဉ်များ ဖြစ်ရပ်မျိုးများ ဖြစ်လာရင် မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာခြင်းကို ကြိုတင်လေ့လာ သုံးသပ်ပြီး ဆောင်ရွက်ဖို့လည်း စဉ်းစားသုံးသပ်ကြပါတယ်" ဟု အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရလဒ်ကောင်းများ ထွက်ပေါ်ရန်အတွက် အားလုံးပါဝင်သော နိုင်ငံရေးနှင့် စနစ်တကျ၊ နည်းလမ်းတကျ ဆောင်ရွက်ရန်လည်း ဆုံးဖြတ်ခဲ့ကြသည်ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး စသည်ဖြင့် ဖွဲ့စည်းထားသည်။
http://news-eleven.com/
ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲ၍ ဆောင်ရွက်သွားမည်ဟု ဇူလိုင် ၁ ရက်တွင်ပြုလုပ်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

အလုံမြို့နယ်တွင် အနုကြမ်းစီးပြီး ရွှေထည်ပစ္စည်းများ လုယူသူ သုံးဦးအား အခင်းဖြစ်ပွားပြီး လေးနာရီအတွင်း ဖမ်းမိ

အလုံမြို့နယ်၊ စက်တွင်းလမ်း၊ အမှတ် ၆၀ (ခြောက်လွှာ) ရှိ တိုက်ခန်းတစ်ခုတွင် ဇူလိုင် ၁ ရက်ည ၈ နာရီ ခွဲခန့်က အနုကြမ်းစီးပြီး လက်ဝတ်လက်စားများနှင့် ငွေကြေးတို့ကို ယူဆောင်သွားသူ သုံးဦးအား အခင်းဖြစ်ပွားပြီး လေးနာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။