Thursday 31 January 2013

အေစီမီလန်ရောက် မာရီယို ဘာလော့တယ်လီ

 အင်္ဂလန်ပရီးမီးယားလိဂ်မှ မန်ချက်စတာစီးတီးအသင်းတိုက်စစ်မှူး မာရီယို ဘာလော့တယ်လီသည် ပေါင်စတာလင်သန်း ၂၀ ဖြင့် အီတလီ စီးရီးအေ ဘောလုံးကလပ် အသင်း အေစီမီလန် သို့ ပြောင်းရွှေ့ သွားသည်။

ဂျာမနီမှ တွဲလောင်းသွားသော ရထားလမ်းပို့ဆောင်ရေး

ဂျာမနီမှ တွဲလောင်းသွားသော ရထားလမ်းပို့ဆောင်ရေး
Thursday, January 31, 2013 

ကမ္ဘာ့ရှေ့ အကျဆုံး၊ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ရထား၊ တွဲလောင်းရထားအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ဂျာမနီနိုင်ငံ Wuppertal မြို့ က ရထားလမ်း ဖြစ် ပါတယ်။

Wuppertal မြစ်ကိုရော ဖြတ်သန်းရပြီး တွဲလောင်းသွားတဲ့ခရီးက ၈ မိုင်ကျော် ရှိပါတယ်။ ခရီးစဉ်တောက်လျှောက်မှာ ဘူတာ အခု ၂၁ ရှိပါတယ်။ ၁၉၀၁ ခုနှစ် မတ်လ ၁ ရက်နေ့က စတင်ပြေးဆွဲပြီး ၂၀၀၈ ခုနှစ်အထိ စီးနှင်း သူပေါင်း ၂၈ သန်း ရှိသွားပြီလို့ ဆိုပါတယ်။ နေ့စဉ် စီးနှင်းသူဦးရေ ၈၂၀၀၀ ကျော် ရှိပါတယ်။ မြေပြင်အပေါ် အထက် ၃၉ ပေခွဲနီးပါး မြင့်ပြီး ခရီးစဉ် အစအဆုံးက မိနစ် ၃၀ ကြာမြင့်ပါတယ်။

ဘာလင်မြို့ မှာ တပ်ဆင်ဖို့ စိတ်ကူးခဲ့ပေမယ့် Wuppertal မြို့ မှာတင် တပ်ဆင် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့တိုင် ပြေးဆွဲလျက် ရှိပြီး ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းခြင်း အဆင့်မြင့်တင်ခြင်း များ ပြုလုပ်ပါတယ်။

အပျော်ခရီးအနေနဲ့ စီးချင်သူရော၊ လုပ်ငန်းသုံးအတွက်ရော ပြေးဆွဲနေတဲ့ Wuppertal မြို့ က တွဲလောင်းရထားဟာ ဂျာမနီနိုင်ငံ၊ Wuppertal မြို့ မှာ အထင်ကရ တစ်ခုအနေနဲ့ တည်ရှိလျက် ရှိကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_1344.html

--
ကမ္ဘာ့ရှေ့ အကျဆုံး၊ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ရထား၊ တွဲလောင်း ရထား အဖြစ် အသိအမှတ်ပြုခံထားရတဲ့ ဂျာမနီနိုင်ငံ Wuppertal မြို့ ကရထား လမ်း ဖြစ်ပါတယ်။
Wuppertal မြစ်ကိုရော ဖြတ်သန်းရပြီး တွဲလောင်းသွားတဲ့ခရီးက ၈ မိုင်ကျော် ရှိပါတယ်။ ခရီးစဉ်တောက်လျှောက်မှာ ဘူတာ အခု ၂၁

ဒေါ်အောင်ဆန်းစုကြည် ဂွမ်ဂျူး လူ့အခွင့်အရေးဆု လက်ခံရယူ

တောင်ကိုရီယားနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းက ဂွမ်ဂျူးမြို့မှာရှိတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေရဲ့ ဗိမာန်တွေကို ပန်းစည်းချ ဂါရဝပြုခဲ့ပါတယ်။

ကချင်ပြည်နယ်တွင် အစိုးရနှင့် KIA တပ်များအကြား စစ်ပွဲ ငြိမ်သက်


ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်ပြည်နယ် ဖားကန့်နှင့် လိုင်ဇာဌာနချုပ် အနီးတဝိုက်တွင် မြန်မာအစိုးရနှင့် ကချင် လွတ်လပ်ရေး KIO တပ်ဖွဲ့တို့ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားမှု နေသည်ဟု KIO နှင့် ကျောင်းသား တပ်မတော်က ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့တွင်နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုလိုင်းများမှ မိန့်ခွန်းပြောကြားမည်

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ရေဒီယိုမှတစ်ဆင့် မိန့် ခွန်းပြောကြားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး နိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့်ရပုဂိုလ် ဦးရဲထွဋ်၏ ကိုယ်ပိုင် facebook စာမျက်နှာ တွင်ဖော်ပြထားသည်ကိုတွေ့ရသည်။

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ရန် ငြမ်းဆင်စဉ် ကျိုက်ထီးရိုးစေတီတော်မြတ်ရောင်ခြည်တော်ကွန့်မြူး

 
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန် အ တွက် ငြမ်းဆင်နေစဉ် ရောင်ခြည်တော် ကွန့်မြူး ခဲ့ကြောင်း သိရှိရသည်။
ပြင်ဦးလွင်မှဘုရားဖူးအဖွဲ့မှ ကားဆရာများဖြစ် သည့် ကိုအောင်ကိုကိုဦးနှင့် ကိုကျော်ဇေယျာလွင် တို့နှစ်ဦးမှာ ငြမ်းဆင်နေသည့် ကျိုက်ထီးရိုး ဆံတော်ရှင် မြတ်ပုံတော်အား ဖုန်းဖြင့် ဓာတ် ပုံရိုက်ရာမှ ရောင်ခြည်တော်ကွန့်မြူးနေသည့် ပုံတော်အား ရိုက်ကူးဖူးမျှော်မိခြင်းဖြစ်သည်။
 

ဇေကမ္ဘာမှ ရောင်းချခဲ့သော ပီစီအိုဖုန်းများအား ဆက်သွယ်ရေးမှ တစ်လခွဲခန့် လိုင်းပိတ်ထားမှု ဖြစ်ပေါ်

Photo: ဇေကမ္ဘာမှ ရောင်းချခဲ့သော ပီစီအိုဖုန်းများအား ဆက်သွယ်ရေးမှ
တစ်လခွဲခန့် လိုင်းပိတ်ထားမှု ဖြစ်ပေါ်
Thursday, 31 January 2013

ဇေကမ္ဘာကုမ္ပဏီမှ ကော့မှူးမြို့နယ် ၀ါးဘလောက်သောက်
ကျေးရွာတွင် ငွေအကျေချေပြီးရောင်းချခဲ့သော ပီစီအိုဖုန်း
များကို လက်ကျန်ငွေ ကျပ် တစ်သိန်းသွင်းရန် ကျန်ရှိနေ
သေးသည်ဟုဆိုကာ ဆက်သွယ်ရေးမှ ၁လခွဲခန့် လိုင်းပိတ် ခဲ့မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့ နယ်တွင် ဇေကမ္ဘာကုမ္ပဏီမှရောင်းချခဲ့သော ပီစီအိုဖုန်းများထဲမှ ငွေအကျေချေပြီး ဝယ်ယူခဲ့သော၂၂လုံးကို
ငွေကျပ် တစ်သိန်း သွင်းရန် ကျန်ရှိနေသေးသည် ဟုဆိုကာ
လိုင်းပိတ်ခဲ့ရာ လိုင်းပိတ်ခံရသူများမှ မြန်မာ့ဆက်သွယ်ရေးကို တိုင်ကြားခဲ့သဖြင့် ဇေကမ္ဘာကုမ္ပဏီမှ လာရောက်ဖြေရှင်းခဲ့သော
ကြောင့် ဇန်န၀ါရီ ၃၀ရက်နေ့တွင် ဖုန်းလိုင်းများ ပြန်ဖွင့်ပေးခဲ့
ကြောင်း ပီစီအိုဖုန်းဝယ်ယူခဲ့သူ ကိုအောင်နေမျိုးက ပြော
ကြားသည်။

“မနေ့က ဇေကမ္ဘာကနေ လာရှင်းသွားပါပြီ။ ဖုန်းလိုင်းတွေ လည်း ပြန်ဖွင့်ပေးလိုက်ပါပြီ။ကြိုတင်ငွေသွင်းတာ တစ်သိန်းနဲ့
နှစ်သိန်းကို မှားသွား တာပါ”ဟု မြန်မာ့ဆက်သွယ်ရေးမှ စီမံရေးရာရုံးအုပ် ဒေါ် အေးငွေက မြန်မာ့ခေတ်သို့
ပြောကြားသည်။

ဇေကမ္ဘာမှ သွားရောက်ဖြေရှင်းရာတွင် ပါဝင်ခဲ့သော
ဗိုလ်မှူးကျော်လွင် က “မနေ့ကဆက်သွယ်ရေးမှာ သွားရှင်း
ခဲ့တာက ပိုက်ဆံသွားသွင်း ပေးတာ မဟုတ်ပါဘူး။ လိုင်းပိတ်
ခံရတဲ့လူတွေရဲ့ ဖုန်းတွေကို ပြန်ဖွင့်ပေးဖို့ ညှိနှိုင်းပြီး
မေတ္တာရပ်ခံပေးခဲ့တာပါ”ဟု မြန်မာ့ခေတ်သို့ ပြောကြားသည်။

ဖုန်းလိုင်းအပိတ်ခံရသူများမှာ ဇေကမ္ဘာကုမ္ပဏီကို ပေးသွင်း
ရမည့် ငွေကျပ် ၄သိန်း ၁သောင်း ၅ထောင်ကျပ်ကို ဇေကမ္ဘာ
ကုမ္ပဏီမှ ဦးကျော်ဦး ဆိုသူထံသို့ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ
၁ရက်နေ့မှ စတင်ပြီး အကျေပေးချေခဲ့ပြီးဖြစ်ကြောင်း နိုဝင်ဘာ
၁၄ ရက်နေ့တွင် ငွေကျပ် ၁သိန်း ပေးသွင်း ရန် ကျန်ရှိနေသေး
သည်ဟူသော အကြောင်းကြားစာများ ရောက်လာပြီး ဒီဇင်ဘာ ၂၀ရက်နေ့တွင် ဖုန်းလိုင်းများ အပိတ်ခံခဲ့ရခြင်းဖြစ်ကြောင်း
သိရသည်။

ဇေကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇေသီဟကပြောကြားရာတွင်
ကော့မှူးမြို့နယ်သို့ ရောင်းချေပေးခဲ့သော ပီစီအိုဖုန်းအလုံး ၂၀၀
တွင် ၂၂လုံး မှာ ထိုကဲ့သို့ လိုင်းပိတ်ခံခဲ့ရပြီး ဖုန်းလိုင်းများ
ပြန်ပွင့်စေရန် ဆက်သွယ်ရေးနှင့် ညှိနှိုင်းဆောင်ရွက်ပေး မည် ဖြစ်ပြီးအဖြစ်မှန်ကို စုံစမ်းသွားမည် ဖြစ်ကြောင်း
ပြောကြားသည်။

ဆုဝေ
The Myanma Age
ဇေကမ္ဘာကုမ္ပဏီမှ ကော့မှူးမြို့နယ် ၀ါးဘလောက်သောက် ကျေးရွာ တွင် ငွေအကျေချေပြီးရောင်းချခဲ့သော ပီစီအိုဖုန်းများကို လက်ကျန်ငွေ ကျပ် တစ်သိန်းသွင်းရန် ကျန်ရှိနေ သေးသည်ဟုဆိုကာ ဆက် သွယ်ရေးမှ ၁လခွဲခန့် လိုင်းပိတ် ခဲ့မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့ နယ်တွင် ဇေကမ္ဘာကုမ္ပဏီမှရောင်းချခဲ့သော ပီစီအိုဖုန်းများ ထဲမှ ငွေအကျေချေပြီး ဝယ်ယူခဲ့သော၂၂လုံးကိုငွေကျပ် တစ်သိန်း သွင်း ရန် ကျန်ရှိနေသေးသည် ဟုဆိုကာလိုင်းပိတ်ခဲ့ရာ လိုင်းပိတ် ခံရ သူများ

ကမ္ဘာအတွက်အန္တရာယ်များ၊ တရုတ်စီးပွားရေးအလားအလာနဲ့ ယူရိုဇုံအခြေအနေ

စီးပွားရေးအားနည်းတာနဲ့ သဘာဝ ပတ်ဝန်းကျင်ရေးရာ အကျပ် အတည်းတွေဟာ ကမ္ဘာလုံးဆိုင်ရာ အန္တရာယ် တွေထဲ ထိပ်ဆုံး မှာရှိနေ တယ်ဆိုတာကို ဂျီနီဗာအခြေစိုက် ကမ္ဘာ့စီးပွားရေးဖိုရမ် WEF က ထုတ်ပြန်လိုက်တဲ့ လေ့လာချက်အသစ်တခုမှာ ဖော်ပြထားပါတယ်။ ဒီလိုအခြေအနေအောက်မှာပဲဒီနှစ်အတွက် တရုတ်နိုင်ငံရဲ့ စီးပွားရေး

မူဆိုလီနီသည် ခေါင်းဆောင်ကောင်း တစ်ဦးဟု ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ ကာကွယ်ပြောဆို

(မီလန်၊ ဇန်နဝါရီ ၂၈)
အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီသည် ဖက် ဆစ် ခေါင်းဆောင်မူဆိုလီနီအား ခေါင်းဆောင်ကောင်းဟုကာ ကွယ်ပြောဆိုမှု လုပ်ခဲ့သော ကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ သည်။

ဗြောင်လိမ်ဗြောင်စား တရုတ်နှင့် ကျွန်တော်သိသမျှ ၎င်းတို့၏ တပည့်များအကြောင်း

Photo: ဗြောင်လိမ်ဗြောင်စား တရုတ်နှင့် ကျွန်တော်သိသမျှ ၎င်းတို့၏ တပည့်များအကြောင်း
Thursday January 31, 2013

ကချင်စစ်ပွဲအတွင်း ယခုရက်ပိုင်းတွင် Internet တွင်တွေ့ရှိလာရသည့်
သတင်းများ၊ ဓာတ်ပုံများနှင့်ပတ်သက်ပြီး ဤစာအားရေးသား
ရခြင်းဖြစ်ပါတယ်။

အစိုးရတပ်နှင့် KIA စစ်ပွဲဖြစ်ပွားတဲ့နေရာမှ KIA အဖွဲ့က ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့တွေကို လိုင်ဇာကိုဖိတ်ခေါ်ပြီး KIA တပ်ဖွဲ့တွေရဲ့လှုပ်ရှားမှု
တွေကို ဓာတ်ပုံမှတ်တမ်းတင်ရိုက်ကူးပြီး ကမ္ဘာကိုပြသခဲ့တာကို
တွေ့ရပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့သတိထားမိတာကတော့ KIA သူပုန်လို့ခေါ်တဲ့ KIA သောင်းကျန်းသူတွေဟာ ယခုနောက်ပိုင်း ခေတ်မီစစ်လက်နက်
ပစ္စည်းတွေကိုအသုံးပြုလာကြတာကို ပြည်တွင်း ပြည်ပ Media တွေက
တစ်ဆင့်တွေ့မြင်လာရပါတယ်။

အသစ်စက်စက် ကျည်ကာဦးထုပ်တွေ၊ ကျည်ကာအင်္ကျီတွေ၊
လေယာဉ်ပစ်သေနတ်တွေဟာ မိုးပေါ်ကကျလာတာတော့မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံးသူပုန်လို့ ပြောလို့ရအောင်ကိုမှ KIA အဖွဲ့တွေပြည့်စုံနေပါတယ်။

အချို့နိုင်ငံကစစ်တပ်တွေတောင် မတပ်ဆင်ပေးနိုင်တဲ့ ကျည် ကာအင်္ကျီတွေ၊ ကျည်ကာဦးထုပ်တွေအသုံးပြုနိုင်တာ ဒါတွေကို ဘယ်ကရတာလဲဆိုတာ စဉ်းစားစရာပါ။

ကျွန်တော်တို့ရဲ့ ၈၈ ကျောင်းသားခေါင်းဆောင်ကြီး ကိုမြအေး လိုင်ဇာကိုရောက်တုန်းက KIA တပ်ဖွဲ့ဝင်တွေ ကိုင် ဆောင်ထားတဲ့ လက်နက်တွေနဲ့ အသုံးပြုသောခဲယမ်းများအားလုံး တရုတ်စစ်တပ်က
သုံးတဲ့လက်နက်ခဲယမ်းတွေနဲ့ အတူတူပဲဖြစ်ပါတယ်။

ဒါ့အပြင် သူက လိုင်ဇာကို ဒုတိယအကြိမ်ရောက်တဲ့အချိန်မှာ KIA အဖွဲ့တွေဟာ လက်နက် အသစ်တွေ ကိုင်ဆောင်ထားပြီး ကျည်ကာအင်္ကျီ နဲ့ ကျည်ကာဦးထုပ်တွေကို အသုံးပြုနေတာကို တွေ့ရတယ်လို့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုသွားပါတယ်။

Internet သတင်းဓာတ်ပုံများမှာ တွေ့ရှိရတဲ့အစိုးရတပ်များမှ KIA ထံက သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ၊ လက်ပစ်ဗုံးများ၊ မိုင်းများ
အားလုံးမှာ တရုတ်နိုင်ငံမှ ထုတ်လုပ်သောပစ္စည်းများဖြစ်ပါတယ်။
တရုတ်တို့အနေဖြင့် ယခုအစိုးရသစ်တက်ပြီးနောက်ပိုင်းမှာ UWSA အဖွဲ့နှင့် KIA အဖွဲ့တို့ကို လက်နက်ခဲယမ်းများကို ထောက်ပံ့ပေးလာကြောင်း၊ ၂၀၁၂ ခုနှစ်ထုတ် James Intelligence Review စာစောင်တွင် ဖော်ပြထားပါတယ်။

၎င်း စာစောင်မှာ တရုတ်တို့မှ UWSA အဖွဲ့အား သံချပ်ကာကားများ၊ ပုခုံးထမ်းလေယာဉ်ပစ်လက်နက်များအား ရောင်းချ ပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံမှ ငြင်းဆိုထားသော်လည်း Internet သတင်းမှာ တရုတ်သံချပ်ကာကားများနဲ့ “၀”စစ်သားများ
ဓာတ်ပုံများ ပျံ့နှံ့နေတာကိုတွေ့မြင်နေရပါတယ်။

တရုတ်တို့အနေနဲ့ မြန်မာနယ်စပ်ရှိ တိုင်းရင်းသားသူပုန်များကို လက်နက်ထောက်ပံ့မှုမှာ ယခုအချိန်မှသာမဟုတ်ဘဲ ၂၀၀၄၊ ၂၀၀၅ ခုနှစ်ကတည်းကစပြီးတော့ ကိုးကန့်ဒေသမှာ လက်နက်စက်ရုံများကို တရုတ်တို့အကူအညီနဲ့ တည် ဆောက်ပေးခဲ့တယ်ဆိုတာ အားလုံး
သိပြီးသားဖြစ်မှာပါ။

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းစမှာ နိုင်ငံတကာမှ အံ့အားသင့်လောက်အောင် အပေါင်းလက္ခဏာ တိုးတက်မှုများ
တွေ့မြင်နေရပေမယ့် အနုတ်လက္ခဏာလို့ဆိုရမယ့် ပြဿနာအခက်
အခဲများကိုလည်း တွေ့ရှိရပါ တယ်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ၊ လက်ပံတောင်းတောင်ကိစ္စနှင့် ကချင်ပြည်နယ်အတွင်း KIA နှင့် တပ်မတော် တို့၏ စစ်ရေးကိစ္စရပ်များဟာ ဆက်တိုက်ဆိုသလိုဖြစ်နေတဲ့အတွက် ၎င်းဖြစ်စဉ်ဖြစ်ရပ်များ၏
နောက်ကွယ်မှာ တရားခံမည်သူဖြစ်သည်ကို ရှာနေစရာမလိုဘဲ သာဓကတွေကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

တရုတ်နိုင်ငံဟာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးလို့ အော်နေပေမယ့် ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် ကျွန်တော်တို့ နိုင်ငံကိုပင် စစ်ရေး၊
နိုင်ငံရေးမတည်မငြိမ်ဖြစ်ရန် နောက်ကွယ်မှ ကြိုးကိုင်မှုများပြုလုပ်
လာကြောင်း သက်သေအထောက်အထား များစွာ တွေ့ရှိရပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ စစ်တပ်က ထုတ်ဖော်ပြောဆိုတာ ခုချိန်ထိမရှိဘူး ဆိုတာက ကျေးဇူးခံကျေးဇူးစားတွေ ရှိနေလို့သာ အားနာနေလို့လားမသိပါဘူး။

တရုတ်ဗဟိုအစိုးရအနေနဲ့လည်း တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဟာ အလွန်ကောင်းမွန်နေတယ်လို့ ဗန်းပြဆက် ဆံနေသော်လည်း ယူနန်ပြည်နယ်အစိုးရက တရုတ်ကုန်သည်ပွဲစားများရဲ့ လွှမ်းမိုးမှုကို အကာအကွယ်ယူပြီး တရုတ် -မြန်မာနယ်စပ်ဒေသရှိ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်းများကို စစ်ရေးဖြင့် ကူညီမှု စနစ်တကျ
ဆောင်ရွက် လာကြောင်း တွေ့ရှိရပါတယ်။

အထက်ပါများကို ခြုံ၍သုံးသပ်ရလျှင် ရန်ကုန်မြို့ရှိ တရုတ်သံရုံးမှ ထုတ်ပြန်ကြေညာချက်တွင် ပါဝင်သည့် မြန်မာ နိုင်ငံရှိ လက်နက်ကိုင်
အဖွဲ့များအား လက်နက်များထောက်ပံ့ပေးခြင်းမရှိပါဟူသော
ကြေညာချက်သည် ဗြောင်လိမ် ဗြောင်စားလုပ်ရပ်တစ်ခုသာ ဖြစ်နေသဖြင့် ၎င်းထုတ်ပြန်ချက်အပေါ်ဖြေရှင်းမှုအသစ်တစ်ရပ်လိုအပ်နေကြောင်းကို ပြည်တွင်း၊ ပြည်ပရှိ အမှန်တရားကို လိုလားသူများမှ စောင့်ဆိုင်းတောင်းဆို
နေသည်မှာ ဧကန်မလွဲဖြစ်နေကြောင်း ပြောလိုက်ပါရစေ။

၈၈ကျာင်းသားဟောင်းတစ်ဦး

Irrwaddy ကချင်စစ်ပွဲအတွင်း ယခုရက်ပိုင်းတွင် Internet တွင်တွေ့ရှိလာရသည့်
သတင်းများ၊ ဓာတ်ပုံများနှင့်ပတ်သက်ပြီး ဤစာအားရေးသား ရခြင်းဖြစ် ပါတယ်။အစိုးရတပ်နှင့် KIA စစ်ပွဲဖြစ်ပွားတဲ့နေရာမှ KIA အဖွဲ့က ပြည် တွင်းပြည်ပ မီဒီယာအဖွဲ့တွေကို လိုင်ဇာကိုဖိတ်ခေါ်ပြီး KIA တပ်ဖွဲ့တွေ ရဲ့လှုပ်ရှားမှုတွေကို ဓာတ်ပုံမှတ်တမ်းတင်ရိုက်ကူးပြီး ကမ္ဘာကိုပြသ

Microsoft မှဖန်တီးသော ခန္ဓာကိုယ် ကို စမတ်ဖုန်းလို သုံးနိုင်မည့် နည်းပညာ

Photo: Microsoft မှဖန်တီးသော ခန္ဓာကိုယ် ကို စမတ်ဖုန်းလို သုံးနိုင်မည့် 
နည်းပညာ
Thursday January 31, 2013

၂၀၁၀ ခုနှစ်က ပြသပြီး ကမ္ဘာ့နည်းပညာလောကတစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လက်ကို ထိတွေ့မျက်နှာပြင်အဖြစ် အသုံးပြုခြင်း ကို လက်တွေ့ပြသခဲ့လို့ ဆုများလည်း ရရှိပါတယ်။ ယခု ယင်းနည်းပညာ ကို ပြန်လည် Upgrade လုပ်နေပါပြီ။ နောက်ဆိုရင် လူတိုင်း လက်မှာကိုင်ရ တဲ့ ဖုန်း၊ စားပွဲပေါ် တင်ရတဲ့ ကွန်ပြူတာ၊ လပ်တော့နဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းနေရာ အတော်များများမှာ လွမ်းမိုး လာမယ့်လို့ ယုံကြည်ထားကြပါတယ်။ ယင်းနည်းပညာ ဘယ်လိုအလုပ်လုပ် မလဲဆိုတာ လူတိုင်းစိတ်ဝင်စားပါတယ်။ သူ့ရဲ့  အလုပ်လုပ်ပုံက ဒီလို ဖြစ်ပါတယ်။

လက်မောင်းမှာ ဥပမာ ပေးပြပါတယ်။ ခန္ဓာကိုယ် အရေအပြားကို တစ်ခုခုနဲ့ ထိခိုက်လိုက်တဲ့အခါ အသံလှိုင်း၊ တုန်ခါမှုများဖြစ်ပေါ်စေပါတယ်။ ဥပမာ - ငြိမ်နေတဲ့ ရေကန်ထဲကို ခဲလုံး ပစ်ချသကဲ့သို့ ဖြစ်ပြီး လက်မောင်း တစ်နေရာကို လက်ညိုးနဲ့ အသာလေး တောက်တဲ့အခါ သူ့ကြောင့် Sound Wave နဲ့ Vibration ဟာ ပြန့်နှံ့သွားပါမယ်။ ဒီတော့ ကိုယ်မှာ ယင်း အသံလှိုင်းနဲ့ တုန်ခါမှုကို ခြေရာခံမယ့် စက်သေးသေးလေး တစ်ခုတော့ ကပ်ထား၊ ပတ်ထားဖို့လိုပါမယ်။ 28 MHz လို့လို Frequency ကိုတောင် ခြေရာခံပြီး respond လုပ်မှာ ဖြစ်ပါတယ်။

ဒီတော့ အသားအရေကို Projector မျက်နှာပြင်လို အသုံးပြုမှာမို့ အလင်းရောင်သက်သက်ပဲ ဖြစ်ပါတယ်။ ဘာလေဆာ ရောင်ခြည်မှမပါပါဘူး။ ယင်း ပရိုဂျက်တာထိုးထားတဲ့ အလင်းရောင် နေရမှာ အသံလိုင်း Frequency အနိမ့်အမြင့် မျိုးစုံ ပေးစွမ်းခြင်းဖြင့် Body user interface တစ်ခု ဖြစ်ပေါ် လာ စေဖို့ ဖြစ်ပါတယ်။

အထက်ပါ ရှင်းလင်းပြသမှုက အကြမ်းဖျင်းပဲ ရှိပါတယ်။ ဒါကို မိုက်ခရိုဆော့ဖ်မှ နက်နက်နဲနဲကို လေ့လာသုသေတနပြုလုပ်လို့ ဖန်တီးနေပါတယ်။ မိုက်ခရိုဆော့ဖ်ဆိုပေမယ့် အပြင်က အင်ဂျင်နေယာများ ဖြစ်ပြီး မိုက်ခရိုဆော့ရဲ့  ဓာတ်ခွဲခန်းကို အသုံြး့ပုခြင်း မျှသာ ဖြစ်ပါတယ်။ ဒီတော့ ထွက်လာမယ့် ထုတ်ကုန်ပစ္စည်းက Microsoft နဲ့တော့ တိုက်ရိုက်ဆက်စပ်နေပါတယ်။

အနာဂတ်မှာ အသုံးပြုရမယ့် အိုင်တီ Gadget များဟာ ရုပ်ရှင်တွေထဲကလိုပဲ လက်ဖဝါးတွေ၊ လက်မောင်းတွေ နဲ့ အခြား ခန္ဓာကိုယ် အရေအပြားနေရာ များမှာသာ ဖြစ်တော့မှာဆိုတော့ နည်းပညာလောကသားတိုင်း စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိကြောင်း သိရပါတယ်။
--
Ref: mircosoft,wiki
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/01/microsoft.html

--
TechSpace Journal
၂၀၁၀ ခုနှစ်က ပြသပြီး ကမ္ဘာ့နည်းပညာလောကတစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လက်ကိုထိတွေ့မျက်နှာပြင်အဖြစ် အ သုံးပြုခြင်းကို လက်တွေ့ပြသခဲ့လို့ဆုများလည်း ရရှိပါတယ်။ ယခု ယင်းနည်းပညာကို ပြန်လည် Upgrade လုပ်နေပါပြီ။ နောက်ဆိုရင် လူတိုင်း လက်မှာကိုင်ရတဲ့ ဖုန်း၊ စားပွဲပေါ်တင်ရတဲ့ ကွန်ပြူတာ၊ လပ်တော့နဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းနေရာ အတော် များများမှာ လွမ်းမိုးလာမယ့်လို့ ယုံကြည်ထားကြပါတယ်။ ယင်းနည်း

ဒီကေဘီအေမှ ရယူခဲ့သောမြေများကို ရွာသားများက ပြန်တောင်းဆို

 ဒီကေဘီအေမှ အဖွဲ့ဝင်များ နေထိုင်ရန် ရယူခဲ့သော ကရင်ပြည်နယ်၊ ကတိုင်တိကျေးရွာမှ မြေများကို တရားဝင် ပြန်လည် ရယူလိုကြောင်း ရွာသားများက ပြန်လည်တောင်းဆိုမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။
လွန်ခဲ့သော ၁၈ နှစ်ကျော်က လက်နက်နှင့် ငြိမ်းချမ်းရေးလဲရာတွင် ဒီကေဘီအေ အဖွဲ့ဝင်များ ခေတ္တနေ ထိုင်ရန် အိမ်ဝိုင်းများကို ၃ ရက်အတွင်းဖယ်ခိုင်းသောကြောင့် အိမ်ပိုင်ရှင်များက

တောင်ကိုရီးယား နိုင်ငံ၏ တတိယ မြောက် ဒုံးပျံ လွှတ်တင်

တောင်ကိုရီးယား နိုင်ငံ၏ တတိယ မြောက် ဒုံးပျံ လွှတ်တင်

တောင်ကိုရီးယား နိုင်ငံသည် ၄င်းတို့၏ တတိယမြောက် ကြိုးပမ်းမှု တစ်ရပ်အဖြစ် Korea Space Launch Vehicle-1 (KSLV-1)  အမည်ရှိ  ဂြိုဟ်တုတစ်စင်း တင်ဆောင်ထားသော ဒုံးပျံ တစ်စင်းကို ဇန်နဝါရီ ၃ဝ ရက်တွင် အာကာသပတ် လမ်းအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

တန် ၁၄ဝ အလေးချိန် ရှိသော Naro အမည်ရှိ ဒုံးပျံကို တောင်ကိုရီးယား နိုင်ငံ တောင်ဘက် ကမ်းရိုးတန်း ဒေသရှိ Naro အာကာသ စခန်းမှ လွှတ်တင်ခဲ့သည်။ Naro အမည်ရှိ ဒုံးပျံ၏ အစိတ်အပိုင်း အချို့ကို တောင်ကိုရီးယား နိုင်ငံက တည်ဆောက်ခဲ့ပြီး ကျန်အစိတ်အပိုင်း အချို့ကို ရုရှား နိုင်ငံက တည်ဆောက် ခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ ဂြိုဟ်တု တစ်စင်းကို အာကာသ ပတ်လမ်း အတွင်း၌ ထားရှိရန် ဒုံးပျံ တစ်စင်းကို ၂ဝဝ၉ ခုနှစ်က လွှတ်တင်ခဲ့ရာ အောင်မြင်မှု ရှိခဲ့သော်လည်း ဂြိုဟ်တုအား ပတ်လမ်းနှင့် ချိတ်ဆက်ရန် ကြိုးပမ်းရာ တွင် အောင်မြင်မှု မရှိခဲ့ကြောင်း၊ ထို့ကြောင့် ၂ဝ၁ဝ ပြည့်နှစ်က ထပ်မံ လွှတ်တင်ရန် ကြိုးပမ်းခဲ့ရာ ဒုံးပျံ လွှတ်တင်ပြီးနောက် စက္ကန့်ပိုင်း အကြာတွင် ထိုဒုံးပျံမှာ ပေါက်ကွဲသွား ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယခုတစ်ကြိမ် ထပ်မံ လွှတ်တင်မှုသည် အောင်မြင်မှု မရှိခဲ့ပါက တောင်ကိုရီးယား နိုင်ငံသည် ရုရှားနိုင်ငံနှင့်  ဆက်လက် လုပ်ဆောင်မည် မဟုတ်ကြောင်း၊ အခြား နိုင်ငံများ နှင့်သာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၃ဝ ရက်တွင် ရာသီဥတု အခြေအနေသည် သာယာမှု မရှိသော်လည်း တောင်ကို ရီးယား နိုင်ငံသည် ၎င်းတို့၏ ဒုံးပျံ လွှတ်တင်မှု အစီအစဉ်ကို ရပ်တန့်ခဲ့ခြင်း မရှိကြောင်း သိရသည်။

http://bit.ly/VxdCnj
တောင်ကိုရီးယား နိုင်ငံသည်၎င်းတို့၏ တတိယမြောက် ကြိုးပမ်းမှု တစ်ရပ်အဖြစ် Korea Space Launch Vehicle-1 (KSLV-1) အမည်ရှိ ဂြိုဟ်တုတစ်စင်း တင်ဆောင်ထားသော ဒုံးပျံ တစ်စင်းကို ဇန်နဝါရီ ၃ဝ ရက်တွင် အာကာသပတ်လမ်းအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း အင်

၂၀၁၄အခြေခံမူလတန်းကျောင်းမှ အလယ်တန်းအထိ ဘာသာရပ်အသစ်ထပ်တိုး

၂၀၁၄အခြေခံမူလတန်းကျောင်းမှ အလယ်တန်းအထိ
ဘာသာရပ်အသစ်ထပ်တိုး
Thursday, 31 January 2013

အခြေခံပညာမူလတန်းမှ အလယ်တန်းအထိသင်ကြားလျက်ရှိသော လက်ရှိဘာသာရပ်များ အပြင် နောက်တိုးဘာသာရပ်အဖြစ်  စိုက်ပျိုးရေးနည်းပညာဘာသာရပ်   အသစ်တစ်ခုအား အခြေခံပညာ  မူလတန်းမှအလယ်တန်းအထိ ထည့်သွင်းသင်ကြားတော့မည်ဖြစ် ကြောင်း သိရသည်။

အဆိုပါကဲ့သို့သော ဘာသာ ရပ်အသစ်တစ်ခုထည့်သွင်းသင် ကြားနေသည့်အပေါ်ကျောင်းဆရာ  Bio ဦးဝင်းမြင့်ကပြောကြားရာ တွင် ““အခု ဒီစိုက်ပျိုးရေးနည်းပညာ  ဘာသာရပ်ကိုအချို့ကျောင်းတွေ ကတော့ သင်နေပြီအချို့ကျောင်း တွေမှာတော့မသင်သေးဘူး။ကျောင်းတိုင်းလိုလို
တော့ သင်ရတယ်။ဒီစာအုပ်ရဲ့သင်ကြားချိန်က လည်း ၇၂နာရီရှိတယ်။
အခုလာ မယ့် နှစ်ဆိုရင်တော့ အကုန်လုံး  သင်ကြားနိုင်မှာပါ အခုကျောင်း တိုင်းမှာ မသင်ကြားနိုင်သေးဘူး ဆိုတာ ဆရာမတွေဆီမှာ စာအုပ်မလုံလောက်လို့ မသင်ကြားနိုင်သေး တာပါ။အခုလို
သင်ကြားတာ ကောင်းပါတယ်။ ဒါကလည်းနိုင်ငံတော်သမ္မတကြီးရဲ့
လမ်းညွှန်ချက် နဲ့ပဲ အဲဒီအကျိုး ကျေးဇူးတွေကို  ပြောပြရင်
အရမ်းကောင်းပါတယ်။ ငယ်ငယ်လေးထဲက (၁)တန်းကလေး၊ အပင်ရဲ့အကြောင်းနားလည်မယ်။ (၂)တန်းကလေးက အပင်ရဲ့အကြောင်းကိုသိလာ၊(၃)တန်းကလေး က အဲဒီအပင်ရဲ့အသီးက
မစားကောင်းတဲ့အသီးလား၊စားကောင်းတဲ့အသီးလားဆိုတာသိလာမယ်။  ကလေးတွေက အခြေခံရသွား မယ်။ အဲလိုအခြေခံရသွားတဲ့ အတွက် ငါတို့နိုင်ငံကစားသုံးသူ  တွေအားလုံးရဲ့ကျန်းမာရေးနဲ့ညီ ညွတ်မယ်။
နောက်ပိုင်းဆိုရင်လူတွေ ကို ဆိုးကျိုးပေးတဲ့ဓာတုပစ္စည်း တွေပပျောက်
သွားနိုင်တယ်။ဒီလို  လမ်းညွှန်ချက်ပေးတဲ့အတွက်””ဟု ပြောကြားခဲ့သည်။

အခြေခံပညာအလယ်တန်း တွင် သင်ကြားလျက်ရှိသော ကျောင်းဆရာ
တစ်ဦးကပြောကြား ရာတွင်လည်း ““အခုဆရာမတို့ လက်ထဲမှာ  ဒီစာအုပ်ကရှိနေပြီ   ကျောင်းသား/ကျောင်းသူတွေရဲ့  လက်ထဲမှာတော့ မရှိသေးဘူး။ ဒီ  ဘာသာရပ်ကိုတော့ ဆရာမတို့က တော့ မသင်ကြားဘူး ဘာလို့လည်း  ဆိုတော့ ဆရာမတို့ဆီမှာ စာအုပ်  မလုံလောက်ဘူး””
ဟုပြောကြားခဲ့သည်။

ဖြိုးအောင်
The Hot News
အခြေခံပညာမူလတန်းမှ အလယ်တန်းအထိသင်ကြားလျက်ရှိသော လက်ရှိ ဘာသာရပ်များ အပြင် နောက်တိုးဘာသာရပ်အဖြစ် စိုက်ပျိုးရေး နည်းပညာ ဘာသာရပ်အသစ်တစ်ခုအား အခြေခံပညာ မူလတန်းမှအလယ်တန်းအထိ ထည့်သွင်းသင်ကြားတော့မည်ဖြစ် ကြောင်း သိရသည်။

ABSDF ဘာကြောင့် KIA နဲ့ပေါင်းသလဲ?

Photo: ABSDF ဘာကြောင့် KIA နဲ့ပေါင်းသလဲ?
=======================

၁။  တစ်ချိန်က ABSDF လို့အမည်တပ်ထားတဲ့  နာမည်သေကျောင်းသားတပ်မတော်ရဲ့ အဖွဲ့ဝင်အချင်းချင်းရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာတွေကို ABSDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ABSDF မြောက်ပိုင်းလူသတ်မှုများ၊ မြောက်ပိုင်းမှ အရိုးသွန်သံများဆိုတဲ့ ဖွင့်ဖောက်ချမှုကနေ ပြည်သူတွေသိခွင့်ရခဲ့ကြတယ်။

၂။ နိုင်အောင်၊ အောင်နိုင်၊ မိုးသီးဖွန် ဆိုတဲ့ ကောင်တွေရဲ့ မှားယွင်းတဲ့ အယူဝါဒ၊ ခေါင်းဆောင်မှုနဲ့ တယူသန်ဝါဒတွေရဲ့အောက်မှာ တပ်ဖွဲ့ဝင်အချင်းချင်း အစိုးရ ထောက်လှမ်းရေးသူလျှိုဆိုပြီးစွပ်စွဲ၊ရက်ရက်စက်စက်လည်ပင်းကို ၀ါးကြောနဲ့လှီး၊ပေါင်းကိုခွဲ ဆားသိပ်၊ အမျိုးသမီးဆိုရင် မိန်မအင်္ဂါကို တံစို့ကိုမီးရဲရဲကင်ပြိးထိုးသတ် ဒီလိုလုပ်ရပ်တွေကို ပြည်သူတွေသိရှခဲ့လို့ ABSDF ကို အော့နှလုံးနာခဲ့ကြတယ်။

၃။ တပ်မတော်အစိုးရကနေ လက်ရှိ ဒီမိုကရေစီအစိုးရအဖြစ် နိုင်ငံရဲ့အုပ်ချုပ်ရေးကို အသွင်ပြောင်လဲလိုက်တဲ့အချိန်မှာ နယ်ပယ်အသီးသီးကိုလဲ မူဝါဒနဲ့ အသွင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာချိန်မှာတော့ ပြည်ပကနေ ယခင်အစိုးရကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်နေကြသူတွေကို နဂိုကဘာတွေဘဲလုပ်ခဲ့လုပ်ခဲ့ ဒါတွေကို ပြည်ဖုံးကားချပြီး ပြည်တွင်းကို ၀င်ရောက်လာနိုင်ဖို့အတွက် ဖိတ်ခေါ်မှုတွေပြုလု့ပ်ခဲ့တယ်။

၎။ ဒီလိုအခွင့်အရေးရမဲ့အချိန်ကို စောင့်နေတဲ့ ABSDF ကကောင်တွေ သူတို့ရဲ့ နာမည်သေ ABSDF ကို အသက်သွင်းဖို့အတွက် နည်းလမ်းရှာပါတော့တယ်။ ABSDF ဆိုတဲ့ နာမည်နဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလို နေရာရဖို့ကြိုးစားခဲ့တယ်။

၅။ ပထမဆုံး နည်းလမ်းအဖြစ် မိုးသီးဖွန်မြန်မာပြည်ပြန်လာပြီး ပြည်သူ့မေတ္တာဘွဲ့များရမလားဆိုပြီး စမ်းကြည့်တယ်။ မီသီးဖွန်တို့ ချွေးနဲ့ပေးဆပ်နေပါပြီဆိုပြီ ဆန်အိတ်တွေဘာတွေတောင် ထမ်းပြလိုက်သေးတယ်။ ABSDF ရဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ တဲ့ မြောက်ပိုင်းလူသတ်မှုတွေရယ်၊ မလေရှားမှာ ကုလားတွေနဲ့ပေါင်းပြိး Rohingya ဆိုတဲ့ ကုလားတွေကို မြန်မာတိုင်းရင်းသားဖြစ်အောင် နိုင်ငံခြားသတင်းဌာနတွေနဲ့ လက်ဝါချင်းရိုက်လိမ်ခဲ့တာတွေရယ်ကြောင့် ABSDF ခေါင်းဆောင် တစ်ယောက် မြောက်ပိုင်း လူသတ်မှုတွေကြောင့်တရားစွဲခံရမှာလဲကြောက်၊သူ့ကိုယ်သူ  ပြည်သူ့အော့နှလုံးနာကြီးဆိုတာလဲသိတော့ ပြန်ပြေးရှာပါတော့တယ်။

၆။ ဒါနဲ့တင်ရပ်သလားဆိုတော့ မရပ်ပါဘူး၊ ABSDF နည်းလမ်းရှာ ပါပြီ၊ ပြောင်ပြောင်တင်းတင်းပါဘဲ၊ဘာမဆိုင် ညာမဆိုင် KIA ဆီကို ပြေးကပ်ပြိး ABSDF ကို အသက်သွင်းဖို့ကြိုးစားပြန်ပါတယ်။ KIA ကတပ်မတော်ကို ခြုံခိုတိုက်တဲ့အခါ၊KIA က အသာစီးရနိုင်တဲ့တိုက်ပွဲတွေ မှာ Movies ဖိုင်တွေ ဓာတ်ပုံတွေရိုက်၊ တရုတ် Internet လိုင်းကိုသုံးပြီး နိုင်ငံခြားသတင်းဌာန၊ အစိုးရကိုကန့်လန့်တိုက်နေတဲ့ သတင်းဌာနတွေ၊ Social Network တွေပေါ်ကိုတင်ပြီး KIA ဘက်ကကူသယောင်နဲ့ ABSDF ကို နာမည်ရအောင်လုပ်တယ်။ တိုက်ပွဲ movies ဖိုင်တွေမှာ ABSDF ဆိုတဲ့နာမည်ကို ပါအောင်သုံးတယ်။

၇။ လက်ရှိအခြေအနေမှာ တိုက်ပွဲကာလကြာလာတာနဲ့အမျှ KIA ရဲ့ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွတ်လိုတဲ့ မူဝါဒ၊ ကချင်ပြည်နယ်က သံယံဇာတတွေကို ယခင်ကလိုဘဲ လက်ပါကြီးအုပ်၊ လိုင်ဇာကနေ တရုတ်ကိုခိုးထုတ်ပြီး အမြတ်ကြီးစားဘဲ ဆက်လုပ်ချင်နေတာပါ ဆိုတဲ့ ရုပ်လုံးကလည်းပေါ်လာ၊ KIA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကို ပြည်သူတွေ ကလည်း ပြင်းပြင်းထန်ထန်ရှုံချ၊ စစ်ရေးအရလဲ KIA ဌာနချုပ်ကလွဲလို့ စခန်းတွေအားလုံးကျပြိး ရှုံ့နိမ့်တော့မဲ့ အခြေအနေကို ရောက်နေပြီဆိုတော့ ABSDF အတွက် ကျင်းထဲကြပ်ထဲကိုရောက်နေပါပြီ။

၈။ ABSDF အတွက် ဒုတိယနည်းလည်းကလည်းအဆင်မပြေပြန်ပါဘူး။ ပြည်သူကလည်း ဘယ်လိုနည်းနဲ့မှလက်ခံမှာမဟုတ်ဘူးဆိုတာ သိသွားပါတယ်။ဒီတော့ တစ်ဘက်လှည့်နဲ့ ၀င်ဖို့ ကြိုးစားပါလိမ့်မယ်။ ဥပမာ ( KIA ရဲ့တပ်စခန်းတွေ၊ လက်နက်၊အင်အား၊ တည်နေရာတွေ) ကို အစိုးရကို သတင်းပေးတဲ့ နည်းလမ်း သုံးပြီး အစိုးရကိုကပ်ဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ABSDF အတွက် နောက်ဆုံးထွက်ပေါက်ရှာမဲ့နည်းလမ်းဖြစ်ပါတယ်။


၉။ KIO/KIA တွေသိဖို့က ABSDF ဆိုတာ KIA ကိုချစ်လွန်းလို့ လာပူပေါင်းတောမဟုတ်ဘူး။ ABSDF ဆိုတဲ့ နာမည်သေတစ်လုံးကို အသက်သွင်းချင်လို့ KIA ဆိုကိုရောက်နေတယ်ဆိုတာပါဘဲ။

JingHpaw Land
၁။ တစ်ချိန်က ABSDF လို့အမည်တပ်ထားတဲ့ နာမည်သေကျောင်းသား တပ်မတော်ရဲ့ အဖွဲ့ဝင်အချင်းချင်းရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာတွေကို ABSDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ABSDF မြောက်ပိုင်းလူသတ်မှုများ၊ မြောက်ပိုင်းမှ အရိုးသွန်သံများဆိုတဲ့ ဖွင့်ဖောက်ချမှုကနေ ပြည်သူတွေသိခွင့်ရခဲ့ကြတယ်။

နိုင်ငံခြားဧည့် မြဝတီနယ်စပ်ဂိတ်မှ ပြည်တွင်းသို့ ဆိုင်ကယ်ဖြင့် ဝင်ရောက် လည်ပတ်ခွင့်ပြု

နိုင်ငံခြားဧည့် မြဝတီနယ်စပ်ဂိတ်မှ ပြည်တွင်းသို့ ဆိုင်ကယ်ဖြင့်
ဝင်ရောက် လည်ပတ်ခွင့်ပြု


ခရီးသွားဧည့်များအား မြဝတီနယ်စပ်ဂိတ်မှ ဆိုင်ကယ်စီး၍ တိုက်ရိုက်လည်ပတ်ခွင့်ပြုလိုက်ခြင်းကြောင့် ပိုပြီး သွားလာရ
အဆင်ပြေလာကြောင်း ခရီးသွားလုပ်ငန်းရှင်များ ထံမှ သိရသည်။

“ မြဝတီ၊ ကော့ကရိတ်၊ ဘား အံလမ်းကြောင်းက လမ်းမကောင်း ဘူးဆိုပေမယ့် သွားလို့ ရနေတာ ပေါ့နော်။ မော်လမြိုင်ဘက် ရောက် ရင် လမ်းကောင်းသွားပြီး သွားရတာ ချောမွေ့တယ်” ဟု All Asia Exclusive မှ ဦးဖြိုးဝေရာဇာက ပြောသည်။

မြဝတီ နယ်စပ်ဂိတ်မှ မြန်မာ ပြည်တွင်းသို့ တိုက်ရိုက်ဝင်ရောက် ၍ လည်ပတ်နိုင်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ ယခုလတွင် တရားဝင် သွား လာခွင့် ပြုလိုက်ခြင်းဖြစ်ပြီး ယင်း
လမ်းကြောင်းမှာ အမြန်လမ်းပေါ် ချက်ချင်းရောက်၍ လုံခြုံရေးလည်း အဆင်ပြေကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် ဟိုတယ်/ခရီးဝန်ကြီးနှင့် ခရီးသွားလုပ်ငန်းရှင်များ တွေ့ဆုံ ပွဲတွင် ပြောသည်။

လက်ရှိတွင် မြဝတီ နယ်စပ် ဂိတ်အပြင် လွိုင်ကော်ဘက်မှလည်း ဂိတ်ပေါက်ဖွင့်ရန် ဖြစ်နိုင်ခြေရှိပြီး အဆိုပါ ဂိတ်တစ်ပေါက် ထပ်မံဖွင့် ဖြစ်ပါက လွိုင်ကော်မှ အင်းလေး၊ နေပြည်တော် စသဖြင့် ခရီးစဉ်များ သွားလာနိုင်ပြီး ဆိုင်ကယ်စီးစွန့် စား၍ ခရီးသွားလိုသူများအတွက် အဆင်ပြေမည့်
လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း ဦးဖြိုးဝေ ရာဇာက သုံးသပ်သည်။

“ မြဝတီက အခုဝင်လို့ရပြီ ဆိုတာ နယ်စပ်ဝင်ပေါက် တစ်ခုအဖြစ် သတ်သတ်မှတ်မှတ်လေး ရှိနေပြီ။ လွိုင်ကော်က စဖွင့်ဖို့ ကြိုးစားနေတာ
ဆိုတော့ ဘယ်လိုအခြေအနေ ရှိသေးလဲ ဆိုတာတော့ မသိသေးဘူး” ဟု ၄င်းက ဆက်ပြောသည်။

မြဝတီဂိတ်နှင့် လွိုင်ကော် ဂိတ် နှစ်ခုစလုံး ဖွင့်မည်ဆိုပါက လွိုင်ကော်ဂိတ်မှာ လမ်းကောင်း သည့် ဂိတ်ဖြစ်သဖြင့် ဝင်ရလွယ်ကူမည် ဆိုသော်လည်း
နိုင်ငံခြား ခရီးသွားများ အတွက် ပြည်တွင်းသို့ ဝင်ရောက်ရန် လူဝင်မှု
ကြီးကြပ် ရေးမှလည်း စည်းမျဉ်းများ ဖြေ လျှော့ခြင်း၊ ခွင့်ပြုခြင်းများ
ပြုလုပ် ပေးမည်ဆိုလျှင် လွိုင်ကော်ဂိတ်မှ ဝင်ရောက်ရန် ပိုအဆင်ပြေမည်
ဖြစ်ကြောင်း သိရသည်။

မြဝတီဂိတ်မှ ဆိုင်ကယ်စီးခရီးသွားများ ဝင်ရောက်မည်ဆိုပါက မြဝတီမှ တစ်ဆင့် မော်လမြိုင်၊ ကျိုက်ထို၊ ကျိုက်ထီးရိုး၊ ပဲခူးနှင့် ဘားအံမြို့များသို့ သွားရောက် လည်ပတ် နိုင်ပြီး လွိုင်ကော်ဂိတ်ဖွင့်မည်ဆိုလျှင် လွိုင်ကော်မှ တစ်ဆင့် ကယားပြည်နယ်သို့ ချိတ်ဆက်သွားလာရန် ခရီးစဉ်သစ်များ တိုးချဲ့သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ သို့ နယ်စပ်ဂိတ်မှ ဝင်ရောက် လည်ပတ်သူ
နိုင်ငံခြားသား ဧည့် အရေအတွက်မှာ ၄၅၄၉၄၂ ဦးရှိ ကြောင်း သိရသည်။

ခိုင်နွယ်ဦး

အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ခရီးသွားဧည့်များအား မြဝတီနယ်စပ်ဂိတ်မှ ဆိုင်ကယ်စီး၍ တိုက်ရိုက် လည်ပတ်ခွင့်ပြုလိုက်ခြင်းကြောင့် ပိုပြီး သွားလာရအဆင်ပြေ လာကြောင်း ခရီးသွားလုပ်ငန်းရှင်များ ထံမှ သိရသည်။
“ မြဝတီ၊ ကော့ကရိတ်၊ ဘားအံလမ်းကြောင်းက လမ်းမကောင်း ဘူး ဆိုပေမယ့် သွားလို့ ရနေတာ ပေါ့နော်။ မော်လမြိုင်ဘက် ရောက်ရင်

ယာဉ်ထိန်းရဲများ လာဘ်ပေး လာဘ်ယူ ပြုလုပ်ပါက တိုင်ကြားနိုင်

ယာဉ်ထိန်းရဲများ လာဘ်ပေး လာဘ်ယူ ပြုလုပ်ပါက တိုင်ကြားနိုင်
Thursday January 31, 2013

ရန်ကုန်တိုင်း ဒေသကြီးရှိ ယာဉ်ထိန်းရဲများ လာဘ်ပေး လာဘ်ယူ
ပြုလုပ်ပါက တိုင်ကြားနိုင် တယ်လို့ ယခုလ အတွင်းက ရန်ကုန်မြို့တော် ခန်းမမှာ ပြုလုပ်ခဲ့တဲ့

သတင်းစာ ရှင်းလင်းပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ လက်ရှိ မှာတော့ အဆိုပါ လာဘ်ပေး လာဘ်ယူမှုများနဲ့ ပတ်သက်ပြီး တိုင်ကြားမှုများ မရှိ တဲ့အတွက် တိုင်ကြား လိုသူတွေမှ တိုင်ကြား နိုင်ဖို့ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ အတွက် တိုင်းကြားချက် တွေရှိခဲ့ရင် ပြစ်မှုဆိုင်ရာ ဥပဒေ၊ ရဲလက်စွဲ ဥပဒေများ အရ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသည်တင် ကားများမှ ပိုက်ဆံများ ပစ်ချပေး ရင်တော့ အဆိုပါ ခရီးသည်တင် ကားများကိုပါ အရေးယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ယာဉ်ထိန်း ရဲတပ်ဖွဲ့ကို ဖွဲ့စည်းပုံ အသစ်နဲ့ ဆောင်ရွက်
နေပြီး စည်ပင် သာယာ နယ်နိမိတ် ၃၁ မြို့နယ်မှာ တစ်မြို့နယ် တပ်ဖွဲ့တစ်စုနဲ့ စည်ပင် သာယာ နယ်နိမိတ်ပြင်ပ ၁၄ မြို့နယ်ကို နှစ်မြို့နယ် တပ်ဖွဲ့စု တစ်ဖွဲ့စီနဲ့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ တပ်ဖွဲ့စု တစ်စု မှာတော့ ဒုရဲမှူး အဆင့်ရှိသူ တစ်ဦး၊ ရဲအုပ် ၄ ဦး၊ ဒုရဲအုပ် ၃ ဦးနဲ့ အခြားအဆင့် ၂၈ ဦး စုစုပေါင်း ၃၆ ဦး ပါဝင်ဖွဲ့စည်း ထားတယ်လို့ သိရပါတယ်။

Mrtv - 4
ဓာတ်ပုံ - Popular Myanmar News Journal
ရန်ကုန်တိုင်း ဒေသကြီးရှိ ယာဉ်ထိန်းရဲများ လာဘ်ပေး လာဘ်ယူ ပြု လုပ်ပါက တိုင်ကြားနိုင်တယ်လို့ ယခုလအတွင်းက ရန်ကုန်မြို့တော် ခန်းမမှာ ပြုလုပ်ခဲ့တဲ့သတင်းစာ ရှင်းလင်းပွဲမှတာဝန်ရှိသူတစ်ဦး ရဲ့ ပြောပြချက်အရသိရပါတယ်။ လက်ရှိမှာတော့ အဆိုပါလာဘ်ပေး လာဘ်ယူမှုများနဲ့ ပတ်သက်ပြီးတိုင်ကြားမှုများမရှိတဲ့အတွက် တိုင်ကြား

ဘာမြူဒါ တြိဂံ



ဘာမြူဒါ တြိဂံ (Bermuda Triangle) သည် အတ္တလန်တစ် (Atlantic) သမုဒ္ဒရာ၏ အနောက်မြောက်အရပ်တွင် တည်ရှိသော နေရာ တဝိုက်ဖြစ်ပြီး ထိုနေရာမှာ သင်္ဘော၊ လေယာဉ် များ ပျောက်ဆုံး သွား သည်ဟု နာမည်ကြီးသော နေရာဖြစ်သည်။ ဘာမြူဒါတြိဂံဟု ခေါ် ရခြင်းမှာ
ထိုနေရာတည်နေပုံသည် တြိဂံပုံထွက်နေသောကြောင့်ဖြစ် သည်။ အကြမ်းဖျင်းအားဖြင့် မက္ကဆီကို ပင်လယ်ကွေ့၊ ဖလော်ရီ ဒါ ပြည်နယ်၏ အစွန်းနှင့် ကာရီဘီယံကျွန်းများ အနီးတစ်ဝိုက်ဖြစ်သည်။

ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင်

Gas pipeline at Sipaw သီပေါမြို့နယ်အတွင်းဖြတ်သန်းသော ဂက်စ်ပိုက်လိုင်း (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)
ရခိုင်ကမ်းလွန်မှဂက်စ်နှင့်ရေနံစိမ်းများကို မေလ ၁ ရက်နေ့ တရုတ်ပြည် သို့စတင်လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသည့် အပေါ်  မြန်မာ- တရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ မှ ဂက်စ် ပိုက်လိုင်းဖြတ်သန်းသည့်မြို့ရွာမှ ဒေသခံများထံမှ စစ်တမ်းကောက် ယူကာ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင် ကန့်ကွက် မည်ဟုဆိုပါသည်။

UWSA ၏ စစ်ရေးလေ့ကျင့်ရေးမှူး ကွယ်လွန်

li wen -gift-exchange4 ဒီဇင်ဘာလ ဆွေးနွေးပွဲက RCSS/SSA အား လက်ဆောင် ပစ္စည်း များပေးနေသော Li Wen
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အမှတ် ၁၇၁ စစ်ဒေသ စစ်ရေးလေ့ကျင့်ရေးမှူး Li Wen ၏ ဈာပနအခမ်းအနားအား မြို့တော် ပန်ဆန်း၌ ကျင်းပခဲ့ကြောင်း နီးစပ်သည့်သတင်းရပ်ကွက်က ဆိုပါသည်။
အသက် ၆၀ ရှိ Li Wen သည် သွေးတိုးရောဂါဖြင့် ယခုလ ၂၆

မီဒီယာ သမားတွေ ကြောင့် KIA စစ်ရှုံးခဲ့သလော

ကေအိုင်အေတွေရဲ့  ခံစစ်နေရာယူပုံ
ပြည်ထောင်စု တပ်မတော် နဲ့  ကေအိုင်အေတို့တိုက်ပွဲတွေ ဖြစ် ပွားနေစဉ်မှာ ကေအိုင်အေအဖွဲ့တွေက မီဒီယာသမားတွေကို လိုင် ဇာနဲ့ ရှေ့တန်း စစ်ပြေပြင်ကို ခေါ်ယူပြီး သူတို့စစ်တိုက်တာ မှန် သယောင် ခေါ်ပြခဲ့ကြပါတယ်အထူးသဖြင့် ယခင်အစိုးရလက် ထက် က တပ်မတော်ကို အစဉ်အမြဲဆန့်ကျင်ဘက်အမြင်နဲ့ ရေးခဲ့တဲ့ ဧရာဝတီ သတင်းထောက်တွေကိုပါ။  (အခုလဲ  သတင်းထောက်

နိုင်ငံခြားရေးဝန်ကြီးသစ် အဖြစ် John Kerry ကို လွှတ်တော်အတည်ပြု

အမေရိကန် အထက်လွှတ်တော်အမတ် John Kerry ကို နိုင်ငံခြားရေး ၀န်ကြီးအဖြစ် ခန့်အပ်ဖို့ အထက်လွှတ်တော်ကနေ မဲခွဲ အတည်ပြုပေး လိုက်ပါပြီ။ အထက်လွှတ်တော် အမတ် John Kerry နိုင်ငံခြားရေး ၀န်ကြီးဖြစ်လာရင် မြန်မာနိုင်ငံရေးအပေါ် အမေရိကန်မူဝါဒ သက်ရောက်မှုတွေ ဘယ်လိုရှိလာနိုင်ပါသလဲ။ ကိုသားညွန့်ဦး စုံ စမ်းမေးမြန်းထားပါတယ်။