Wednesday 11 November 2015

နေ့သစ်များဆီ ဦးတည်လာသည့် တရုတ်-တိုင်ပေ ဆက်ဆံရေး

နှစ်နိုင်ငံ သမ္မတတို့ လက်ဆွဲ နှုတ်ဆက် လိုက်သည့် အချိန် ပိုင်းသည် သမိုင်းဝင်အခိုက်အတန့် ဖြစ်ခဲ့သည်။ ယင်းသည် ၁၉၄၉ နောက်ပိုင်း တရုတ်သမ္မတ တစ် ဦးနှင့် တိုင်ပေသမ္မတ တစ်ဦးတို့ ပထမဆုံးအကြိမ် မျက်နှာချင်း ဆိုင်တွေ့ဆုံမှုလည်း ဖြစ်လာသည်။နိုဝင်ဘာ ၇ ရက်က တရုတ် သမ္မတ စီကျင်းပင်နှင့် တိုင်ပေ သမ္မတ မာယင်ကျောင်းတို့သည် ကြားနိုင်ငံ တစ်ခုဖြစ်သည့် စင်ကာပူတွင် တွေ့ဆုံခဲ့ကြသည်။ ခေါင်းဆောင် နှစ်ဦးစလုံးက အဆို ပါ တွေ့ဆုံမှုကို အလွန်အမင်း အ ရေးမပါလေဟန် သတိကြီးစွာ စီ စဉ်ခဲ့သည့်တိုင် ခါးသီးလှသည့် အတိတ်သမိုင်း ရှိခဲ့သည့် နိုင်ငံများ ကြား ဆက်ဆံရေးသည် နေ့သစ် များဆီ အစပြု ဦးတည်လာပြီဟု နိုင်ငံတကာက မှတ်ယူခဲ့ကြသည်။

ကမ္ဘောဇအက်ဖ်စီအသင်းကို ရှမ်းယူနိုက်တက်အမည် ပြောင်းလဲယှဉ်ပြိုင်မည်

ရှမ်းပြည်နယ်ကိုယ်စားပြု မြန်မာနေရှင်နယ်လိဂ် ထိပ်တန်းကလပ် ကမ္ဘောဇအက်ဖ်စီအသင်းသည် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်တွင် ရှမ်းယူနိုက်တက်အသင်းဟု အမည်ပြောင်းလဲ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း
သတင်း ရရှိသည်။‘‘လက်ရှိအသင်းအမည်က ကုမ္ပဏီကို ကိုယ်စားပြုထားသလို ဖြစ်နေတယ်။ ကျွန်တော်တို့အ သင်းက ရှမ်းပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုတဲ့အသင်းပါ။ ဒါ ကြောင့် အသင်းအမည်ကို ပြောင်း လဲလိုက်တာပါ’’ဟု အသင်းအမှု ဆောင် အရာရှိချုပ် ဦးဝင်းမြင့်ဦး ကပြောသည်။
ထို့အပြင် ကမ္ဘောဇအသင်း သည် လာမည့်နှစ်တွင် မြန်မာ့ထိပ် တန်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ကိုဝင်းတစ်ဦးတည်း ပိုင် ဆိုင်သည့် အသင်းအဖြစ်မှ ရှမ်း ပြည်နယ်မှ အခြားစီးပွားရေးလုပ် ငန်းရှင်သုံးဦးနှင့် ပူးတွဲပိုင်ဆိုင် သည့် အသင်းအဖြစ်သို့ ပြောင်းလဲ မည်ဖြစ်ကြောင်း ဦးဝင်းမြင့်ဦးက ဆိုသည်။

ပင်နီဆီလင်ဆေးနှင့်ဓာတ်မတည့်ဟု ဆိုကြသူအများစုမှာ အမှန်တကယ် ဓာတ်မတည့်ခြင်းမဟုတ်

ပင်နီဆီလင်ဆေးနှင့်ပတ်သက်၍ ဆိုးကျိုးတုံ့ပြန်မှုတစ်ခုဖြစ်ပြီး နောက် ဆရာဝန်တစ်ဦး၏ ထင်မြင်ယူဆချက်အပေါ် အခြေခံ၍ ယင်းဆေးနှင့်ဓာတ်မတည့်ဟု ယူဆသူ အများစုသည် အမှန်တကယ်ဓာတ်မတည့်ခြင်းမဟုတ်ဟုသုတေသနအသစ်တစ်ရပ်က ဆိုထားသည်။ လူအများစုသည် ပင်နီဆီလင်ဆေးနှင့်မတည့်ပါက ထပ်မသုံးတော့ဘဲ အန္တရာယ်ပိုများသော ပိုးသတ်ဆေးများနှင့် ကုသမှုခံယူပြီး မလိုအပ်သောအန္တရာယ်နှင့် ကြုံတွေ့စေသည်ဟု အမေရိကန်သုတေသနပညာရှင်များက ပြောသည်။အမေရိကန် ၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြားသည် ပင်နီဆီလင်ဆေးနှင့်ဓာတ်မတည့်ကြောင်း၊ သို့ရာတွင် ပင်နီဆီလင်ဆေးကြောင့် ပြင်းထန်သောတုံ့ပြန်မှု ရှိသည်ဟုဆိုသော လူ ၉၀ ရာခိုင်နှုန်းခန့်မှာ ၎င်းတို့ဘဝတစ်လျှောက်လုံး ဓာတ်မတည့်ခြင်းမဟုတ်ကြောင်း အမေရိကန်ရောဂါထိန်း ချုပ်တားဆီးရေးဌာန(CDC)က ပြောသည်။ သုတေသနပညာရှင်များသည် ပင်နီဆီလင်ဆေးနှင့် ဓာတ်မတည့်ဟုဆိုသော လူနာ
၁၅ ဦး ဆေးမှတ်တမ်းများကို လေ့လာခဲ့ကြသည်။ လူနာအားလုံးမှာ ဆေးဓာတ်မတည့်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိပြီး ပင်နီဆီလင်အကြောဆေးကို ဘေးအန္တရာယ်ကင်းစွာ အသုံးပြုနိုင်သည်ဟု သုတေသနပညာရှင်များက လေ့လာတွေ့ရှိသည်။