Wednesday 22 August 2012

ကြွက်ကြောင့် ပြောင်းခင်း ဧက (၅၀) ခန့် ပျက်စီး

ဧရာဝတီ မြစ်အရှေ့ဖက်ခြမ်းမှ အနောက်ဖက်ခြမ်းသို့ ဖြတ်ကူးလာသည့် ကြွက်များ ဖျက်ဆီးမှုကြောင့် ကချင်ပြည်နယ် ဆင်ဘို မြို့နယ်ခွဲအတွင်းရှိ ကျေးရွာများမှ ပြောင်းဖူး စိုက်ခင်း ဧက (၅၀) ခန့် ပျက်စီးဆုံးရှုံးနိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုသည်။
မြစ်အနောက်ဖက်ခြမ်းရှိ ဆင်ဘို၊ မြင်သာ၊ ရေနား၊ ပင်လုံ စသည့် ကျေးရွာတလျောက်သို့ လွန်ခဲ့သည့် (၆) ရက်ခန့်က စတင် ဖြတ်သန်းခဲ့ပြီး မြစ်တလျောက် စိုက်ပျိုးထားသည့် ပြောင်းခင်းများ ပျက်စီးသွားကြောင်း ဆင်ဘို မြို့ခံတဦးက အခုလို ပြောသည်။
“မနေ့က ညနေပိုင်းမှာတော့ ပြောင်းခင်းတွေကို စပြီး ဖျက်ဆီးလာတယ်။ ပြောင်းခင်းကို စပြီးဖျက်ဆီးတာက ကျနော်တို့ မြို့နယ်ခွဲ တခုလုံးရဲ့ အနေအထားနဲ့ဆိုရင် ဧက (၅၀) အနည်းဆုံးလို့ ခန့်မှန်းရတယ်ဗျ။”

တပ်စခန်းတခု ဆုတ်ခွာရန် SSA မြောက်ပိုင်းကို အစိုးရတပ် ဖိအားပေး

ရှမ်းပြည်မြောက်ပိုင်း ဒေသများသို့ အစိုးရတပ်များ အင်အားဖြည့် တင်းနေသလို တိုင်းရင်းသား တပ်ဖွဲ့များ၏ အခြေစိုက် စခန်းများအား ဆုတ်ခွာခိုင်းနေခြင်းသည် ငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်စေကြောင်း SSPP ကပြောသည်။

SSPP ၏ စစ်ရေး ပဋ္ဋိပက္ခ အခြေအနေ မှန်ကို လွှတ်တော်သို့ ဦးအောင်မင်း တလွှဲတင်ပြ

SSPP_03_334221ဆက်ဆံရေးရုံး မရှိသေးခြင်း၊ တပ်နေရာ ချထားခြင်း မရှိသေးသည့်အတွက် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နှင့် ပစ်ခတ် မှုများ ဖြစ်နေရကြောင်း ၀န်ကြီး ဦးအောင်မင်း၏ လွှတ်တော်သို့ တင်ပြချက်သည် အခြေအမြစ်မရှိဟု SSPP ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။

"သွေးထိုးလှုံ့ဆော်မှုများကို ရပ်တန့်သင့်ပြီ"

ရခိုင်ဒေသဖြစ်စဉ်များနဲ့ ပတ်သက်ပြီး မှားယွင်းပြောဆိုရေးသားမှုများ ရပ်တန့်ကြဖို့ တိုက်တွန်းထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက် ဒီကနေ့ သတင်းစာများမှာ ဖော်ပြထားပါတယ်။

"ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် အုပ်စုချင်း အပြန်အလှန် လက်တုံ့ပြန်အကြမ်းဖက်မှုများသာဖြစ်"


"မြန်မာအစိုးရအနေဖြင့် မူစလင်ဘာသာဝင်တို့အပေါ် အကြမ်းဖက်မှု မူဝါဒများ မည်သည့်ကာလတွင်းမှ ကျင့်သုံးခြင်းမရှိခဲ့ပါ။ အစိုးရအနေဖြင့် ဤသို့သော မူဝါဒမျိုး ကျင့်သုံးကြောင်းဖြင့် အဖွဲ့အစည်းအချို့မှ စွပ်စွဲရေးသားမှုများကို လုံးဝပယ်ချပါသည်"

နိုင်ငံခြားရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ပြည်ပသတင်းဌာန များနှင့် ပြင်ပအဖွဲ့အစည်းအချို့၏ မဟုတ်မမှန် ချဲ့ထွင်၍ လုပ်ကြံထုတ်လွှင့်နေသည့် သတင်းအမှားများကို အခြေခံပြီး ပြည်ပမှ လူပုဂ္ဂိုလ်တစ်ဦးချင်းက လည်းကောင်း၊ အဖွဲ့အစည်းအချို့ကသော်လည်းကောင်း သဘောထားထုတ်ပြန်မှုများ ပြုလုပ်လျက်ရှိနေပါသည်။

စောနေစိုးမြ နဲ့ ငြိမ်းချမ်းရေးကြော်ငြာ

"စစ်မှန်သောငြိမ်းချမ်းရေးလိုလားသူ စောနေစိုးမြ" လို့ မြန်မာဘာသာနဲ့ ရေးထားတဲ့ ကားတစီးကို မြ၀တီ ၊ ကော့ကရိတ် ဘက်မှာ တွေ့ကြမှာပါ။

(ဓာတ်ပုံများ - ဧရာဝတီ)

အဲဒါက စောနေစိုးမြရဲ့ကား ဖြစ်ပါတယ်။ သူက သူ့ကားမှာသာမက သူ့အင်္ကျီမှာပါ အဲဒီစာတန်း ထိုးထားပါတယ်။ ငြိမ်းချမ်းရေးကား၊ ငြိမ်းချမ်းရေးအင်္ကျီနဲ့ စောနေစိုးမြကို မနေ့ကမြ၀တီမြို့မှာကျင်းပ တဲ့ နယ်ခြားစောင့်တပ် အခမ်းအနားတခုမှာ တွေ့ကြရပါတယ်။

လွှတ်တော်တာဝန်ရှိသူများနဲ့ ပြည်တွင်း NGO များ ဆွေးနွေးပွဲ

ဓာတ်ပုံ- Arkar Boh

ပြည်သူ့လွှတ်တော်မှ ဦးမောင်မောင်ဆွေ အပါအ၀င် လွှတ်တော်ရေးရာ ကော်မတီများ၊ ကော်မရှင်များ၊ ဌာန ဆိုင်ရာ တာဝန် ရှိသူ တချို့နှင့် မြန်မာနိုင်ငံတွင်းက NGO များဖြစ်ကြသည့် လူထု အခြေပြု လူ့အဖွဲ့အစည်းက သူတွေနဲ့တွေ့ဆုံဆွေးနွေးမှု တခု ကို ယနေ့ သြဂုတ်လ ၂၂ ရက် ညနေ ၅ နာရီ ခန့်က စတင်ပြီး နေပြည်တော်ရှိ၊ သင်္ဂဟ ဟော်တယ်၊ အစည်းအဝေးခမ်းမ တခုတွင် ကျင်းပ ပြုလုပ်ပါတယ်။

ရန်ကုန်တွင် ပထမဆုံး လူရွှင်တော်ည ကျင်းပမည်

ရန်ကုန်၊ သြဂုတ် ၂၂ လူဦးရေ ခြောက်သန်းခန့် နေထိုင်သည့် ရန်ကုန်မြို့တော်တွင် ရယ်မောခြင်းကို နှစ်သက်သူများ အတွက် မြန်မာနိုင်ငံ၏ ပထမဆုံး လူရွှင်တော်ည( STAND – UP COMEDIAN ) အစီစဉ်ကို သြဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း Home ( House of Media & Entertainment ) ၏ တာဝန် ရှိသူ ဦးဇော်သက်ထွေး က ပြောကြားသည်။ အဆိုပါ Home တွင် ပြုလုပ်မည့် မြန်မာနိုင်ငံ၏ ပထ မဆုံး လူရွှင်တော်ညတွင် လူရွှင်တော် ဦးဇာဂနာ၏တပည့်များ ဖြစ်ကြသည့် ဟာသ လူရွှင်တော် ဗူးခါး၊ ကျေးကျေး၊ သားချို၊ ဆူးဆူး နှင့် ၀ါဝါတို့ က လာရောက် ကြည့်ရှုသော ပရိသတ်ကို ရယ်စရာများဖြင့် ဖျော်ဖြေမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် မှ နည်းမျိုးစုံ သုံးပြီး နိုင်ငံသား ဖြစ်အောင် လုပ်ဆောင်တာကို ကာကွယ်ရေးဆွေးနွေးခဲ့

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ တရားဥပဒေ စိုးမိုးရေး နဲ့ တည်ငြိမ် အေးချမ်းရေး ဆိုင်ရာ လွှတ်တော် ကော်မတီဟာ ဝန်ကြီးဌာနတွေက ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ ညနေပိုင်းမှာတွေ့ဆုံ ခဲ့ပါတယ်။

မြေယာသိမ်းခံရမှု မွန်ပါတီ အကောင်အထည်ဖော်တော့မည်

မွန်ပြည်နယ်ရှိ တနင်္သာရီတိုင်း ရေဖြူမြို့နယ် အတွင်း မြို့နယ်တ ချို့နှင့်  ဖြစ်ပွားနေ သည့် မြေယာ သိမ်းဆည်းမှု ကိစ္စနှင့် ပတ်သက်ပြီး မွန်နိုင်ငံရေး ပါတီတို့က အကောင် အထည်ဖော် ဆောင် ရွက် တော့ မည်ဖြစ်သည်။

ရခိုင်ပြည်နယ် အဓိကရုဏ်း ဦးသိန်းစိန်၏ အင်တာဗျူးအပေါ် သုံးသပ်ချက် - အပိုင်း (၁) မှ (၄) အထိ

ရခိုင်ပြည်နယ် အဓိကရုဏ်း ဦးသိန်းစိန်၏ အင်တာဗျူးအပေါ် သုံးသပ်ချက်
အောင်ထူး (ရှေ့နေ)

အပိုင်း (၁)

၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ဦးသိန်းစိန်က ဗွီအိုအေမှ ဦးသန်းလွင်ထွန်း ၏ မေးခွန်းများ အား ဖြေကြားသွားခဲ့သည်။ စစ်အစိုးရ၏ သမ္မတပင် ဖြစ်စေဦး၊ လွတ်လပ်သော သတင်းဌာနများကို တန်ဖိုးထားကြောင်း ပြသပြီး မေးခွန်းများကို တလေးတစား ဖြေကြားသွားခဲ့သည့်အပေါ် အသိအမှတ်ပြုရမည် ဖြစ်သည်။ ထို့အပြင် ဦးသိန်းစိန်ကိုယ်တိုင်၏ နှုတ်ဖျားမှနေ၍ “လူသားအမြင်မျိုး ရှိလာအောင် လူ့အခွင့်အရေးကို ရှေ့တန်းကနေတင်ပြီး စဉ်းစားတတ်လာအောင် အချိန်ယူပြီး လုပ်သွားရမယ်” ဟု ထုတ်ဖော် ပြောဆိုလာသည်ကို ကြိုဆိုရမည်လည်းဖြစ်သည်။

မဲဆွယ်လူပ်ရှားမူ ရန်ပုံငွေ Romney အသာစီးရ


အမေရိကန်ပြည်ထောင်စုမှာ ရီပတ်ဘလီကန်ပါတီဘက်က သမ္မတကိုယ်စားလှယ်လောင်းဖြစ်မယ်လို့ ယူဆရတဲ့ မစ်တ် ရွမ်မ်နီ (Mitt Romney) ရဲ့ မဲဆွယ်စည်းရုံးမှု ဟာ ငွေကြေး နဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် ဒီမိုကရက်သမ္မတ ဘရာ့ခ် အိုဘားမား (Barack Obama) ရဲ့ မဲဆွယ်စည်းရုံးမှုထက် အများကြီး ပိုကြီးပါတယ်။

Republican ဒု သမ္မတလောင်းကို ပြိုင်ဘက်ကောင်းအဖြစ် အိုဘားမားကြို

ရီပတ်ဘလီကင်သမ္မတကိုယ်စားလှယ်လောင်း Mitt Romney (ဝဲ) နဲ့ ဒု-သမ္မတလောင်း Paul Ryan(ယာ)
 
ရှေးရိုးစွဲဝါဒီတွေ ကျောထောက်နောက်ခံပေးထားတဲ့ လွှတ်တော်အမတ် Paul Ryan ကို ရီပတ်ဘလီကဲန်ပါတီရဲ့ သမ္မတလောင်း Mitt Romney က ရွေးချယ် ကြေညာခဲ့ပါပြီ။ Paul Ryan ဟာ အသက် ၂၈ နှစ်ကတည်းက အောက်လွှတ်တော်အမတ်ဖြစ်လာခဲ့ပြီး ၇ ကြိမ်ဆက်တိုက် အရွေးခံထားရသူ (၁၄) နှစ်ကြာ ဝါရင့် နိုင်ငံရေးသမားဖြစ်သလို လက်ရှိမှာလည်း အောက်လွှတ်တော်ရဲ့ ရ/သုံးမှန်းခြေငွေစာရင်း ကော်မီတီရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ ငယ်ရွယ်ထက်မြက်သူ Paul Ryan ကို သမ္မတ Obama က ယှဉ်ပြိုင်ဘက်ကောင်းတယောက်အဖြစ် ကြိုဆိုကြောင်းပြောပါတယ်။

ရှမ်းလက်နက်ကိုင်တွေ နဲ့ မြန်မာ စစ်တပ်ကြား တင်းမာမှုတွေကြီးထွား

အပစ်အခတ်ရပ်ထားတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းက တပ်စခန်းကို အစိုးရတပ်တွေက ထပ်ရုပ်ခိုင်းတဲ့အတွက် နှစ်ဘက် စစ်ရေးတင်းမာမူရှိနေ။

 အပစ်အခတ်ရပ်ထားတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရဲ့ ရှေ့တန်းတပ်စခန်းတခုကို အစိုးရတပ်ဖက်က ဒီရက်ပိုင်းအတွင်း ထပ်မံရုပ်သိမ်းခိုင်းနေတဲ့အပေါ် လက်မခံရာက စစ်ရေးအရ တင်းမာ မှုတွေ ပေါ်ပေါက်နေပါတယ်။ ရှမ်းတိုင်းရင်းသား နောက်ထပ် လက်နက်ကိုင် တပ်ဖွဲ့တခုဖြစ်တဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့တွေဟာလည်း ၀တပ်ဖွဲ့တွေနဲ့ နယ်မြေသတ်မှတ်ရေးကိစ္စ အချေအတင် ဖြစ်စရာတွေ ကြုံနေရတာပါ။ ရှမ်းပြည်နယ်တွင်းက စစ်ရိပ်စစ်ယောင်သန်းနေတဲ့ အခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဆင်ဆာသတင်း တရုတ်ကို ဂယက်ရိုက်

မြန်မာက စာနယ်ဇင်း လွတ်လပ်ခွင့်မှာ တရုတ်ထက် သာသွားပြီလို့ တရုတ်သတင်းစာသမားတွေက ထင်မြင်နေကြပါတယ် (ဓာတ်ပုံ- Reuters)

မြန်မာပြည်က ဆင်ဆာ ဖျက်သိမ်းတဲ့သတင်းဟာ တရုတ်ပြည် မီဒီယာတွေမှာ ထောင့်ပေါင်းစုံနဲ့ တင်ပြရေး သားနေကြပြီး အွန်လိုင်းဖိုရမ်တချို့မှာဆို တရုတ်ပြည်ကရော မြန်မာလို လိုက်မလုပ်သင့်ဘူး လားလို့ မေး ခွန်းတွေတောင် ထုတ်လာကြပါတယ်။

တပ်စခန်းတခု ဆုတ်ခွာရန် SSA မြောက်ပိုင်းကို အစိုးရတပ် ဖိအားပေး

ကင်းစခန်းတခုရှိ ရှမ်းပြည်တပ်မတော်မှ စစ်သည်တဦး (ဓာတ်ပုံ – Reuters)

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ၏ တာဆမ်းဖူး တပ်စခန်းတခုကို ထပ်မံ ဆုတ်ခွာပေးရန် အစိုးရတပ်က ညွှန်ကြားထားရာ စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေသည်။

သမ္မတ ဦးသိန်းစိန်နှင့် NESAC တွေ့ဆုံဆွေးနွေး

သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ (NESAC) အဖွဲ့ဝင်များ သြဂုတ်လ ၂၁ ရက်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ – president-office.gov.mm)

သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ (NESAC) အဖွဲ့ဝင်များ ယမန်နေ့က တွေ့ဆုံပြီး လယ်ယာကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးရာ တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ လွယ်ကူချောမွေ့စွာ ပြန်လာနိုင်ရေးကိုလည်း ပါဝင်ကြောင်းသိရသည်။

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီအဖြစ် Apple Inc. ရပ်တည်

apple Apple Inc. ၏ ရှယ်ယာဈေးနှုန်းမှာ တနင်္လာနေ့က စံချိန်တင်ပမာဏသို့ ရောက်ရှိခဲ့ပြီးနောက် ယခုအခါ Apple သည် ဈေးကွက်တန်ဖိုး ၆၂၃ ဒသမ ၅ ဘီလျံဖြင့် ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဖြစ်လာခဲ့သည်။ Apple ၏ ရှယ်ယာဈေးနှုန်း မှာ တနင်္လာနေ့က ၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရှယ်ယာတစ်ခု လျှင် ၆၆၅ ဒသမ ၁၅ ဒေါ်လာဖြစ်သည်။

ဥပဒေ အထက် မှာရှိတဲ့အာဏာ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်သစ် အကွက် အမှတ်(၅၃၇)ပေါ်တွင် ကျူးကျော်အဖြစ်နေထိုင် သူများအား အောင် ပင်လယ် ရဲစခန်းမှ ဖယ်ရှင်းရာ၌ အင်အားသုံး အကြမ်းဖက်ဖြိုခွင်းမှု များပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။

ပိုင်ဆိုင်မှုစာရင်းများ သမ္မတထံ ချိတ်ပိတ်တင်ပြ


အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွား ထုတ်ဖော်ရေး အဆိုသည် လွှတ်တော်တွင် အရေးနိမ့်ခဲ့သော်လည်း အစိုးရ၀န်ကြီးများ၊ တရားသူကြီးချုပ် များနှင့် အစိုးရ ထိပ်တန်း တာဝန်ရှိသူများ၏ ပိုင်ဆိုင်မှုများအားလုံးကို စာရင်းပြုစုပြီး သမ္မတဦးသိန်းစိန်ထံသို့ လျှို့ဝှက် ချိတ်ပိတ် တင်ပြရကြောင်း သတင်းရရှိသည်။

ဝန်ကြီးဌာနများ၏ ဆိုက်ဘာ လုံခြုံရေးတိုးမြှင့်ရန် သတိပေး

ပြည်ပဟက်ကာအဖွဲ့များ၏ ဆိုက်ဘာတိုက်ခိုက်မှုများ ထပ်မံမခံ ရစေရေးအတွက် အစိုးရဝန်ကြီးဌာနများအား အင်တာနက် ကွန်ရက် လိုင်းများအား လုံခြုံရေးစနစ် တိုးမြှင့်ထားရန်နှင့် တိုက်ခိုက်ခံရမှုမှ ကာကွယ်နိုင်မည့် နည်းလမ်းများအား မြန်မာနိုင်ငံ အမျိုးသားဆိုက်ဘာ လုံခြုံရေးကော်မတီမှ ဝန်ကြီးဌာန အသီးသီးသို့ အသိပေး အကြောင်းကြား ထားကြောင်းလူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပန်လည်နေရာချ ထားရေး ဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူ တစ်ဦးက ပြော သည်။

အင်ဒို ဒု-သမ္မတဟောင်း ရခိုင်ပြည် နယ်အရေး လာဦးမည်

အင်ဒိုနီးရှားနိုင်ငံ ဒုတိယ သမ္မတဟောင်း ဂျူဆုဖ် ကာလာ Jusuf Kalla သည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူထုအဖွဲ့ပဋိပက္ခများနှင့်ပတ်သက်၍ အကူအညီပေးရန် အထူးကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံသို့ စက်တင်္ဘာလ အတွင်း ထပ်မံလာရောက်မည် ဖြစ်သည်။

ပုဂ္ဂလိက လေကြောင်းလိုင်းသစ်နှစ်ခု ပျံသန်းရန်စီစဉ်

ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုက မြန်မာနိုင်ငံတွင် လေကြောင်းလိုင်း အသစ်နှစ်ခု ကို ပြေးဆွဲရန် စီစဉ်နေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ လေကြောင်းလိုင်းများမှာ Golden Myanmar နှင့် တနင်္သာရီလေကြောင်းလိုင်းများဖြစ်ပြီး ပျံသန်းရန် စီစဉ်ညှိနှိုင်းဆဲ အခြေအနေသာ ရှိသေးကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

ဘီအို စီခေတ်က ရေနံတွင် ပေါက် ကွဲမှုဖြစ်ပွား

ဘီအိုစီခေတ်က ရေနံတွင်းဟောင်းကို ခိုးယူတူးဖော်ရာက ပေါက်ကွဲမှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျောက်ဆောင်းကျေးရွာ၏ မြောက်ဘက် လေးဖာလုံခန့် အကွာတွင် ၁၃-၈-၂၀၁၂ ရက်မွန်းလွဲ ၂ နာရီ ၃၅ မိနစ် အချိန်ခန့်က မပည( Fu ၈၈၉၂၅၈) ရှိ ဘီအိုစီခေတ်မှ အနက်ပေ ၈၀ နှင့် အဝကျယ် လေးပေအချင်းရှိ ရေနံတွင်းဟောင်းကို ခိုးယူတူးဖော်ရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ် ဦးစီးဌာန၏ မှတ်တမ်းများ အရ ၁၅-၈-၂၀၁၂ ရက်က သိရသည်။ ဖြစ်စဉ်မှာ ကျောက်ဆောင်းကျေးရွာနေ တောင်ယာ လုပ်ကိုင်သူများ ဖြစ်သော သိန်းဌေး(၃၂နှစ်)၊ ဝင်းကို(၃၈နှစ်)၊ နိုင်လင်းဦး (၂၈နှစ်) တို့က ရေနံတွင်းဟောင်းကို ခိုးယူတူးဖော်စဉ် တွင်းဟောင်းမှ လေ(Gas) ကန်၍ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် နိုင်လင်းဦးသည် တွင်းဝတွင် သေဆုံးသွားခဲ့ပြီး သိန်းဌေးနှင့် ဝင်းကို တို့နှစ်ဦးမှာ တွင်းဟောင်းအတွင်း ပိတ်မိလျက်ရှိကြောင်း သိရသည်။ အဆိုပါ ရေနံတွင်း ပေါက်ကွဲ သံကြောင့် ကျောက်ဆောင်းကျေးရွာနေ ဦးလှအေး (၄၀နှစ်)၊ သန်းဇော် (၂၈နှစ်)၊ အရာတော်ကျေးရွာနေ ခင်မောင်ဝင်း (၄၇နှစ်)၊ ဖိုးထောင်(၂၀နှစ်) တို့က ယင်းရေနံတွင်းဟောင်းရှိရာသို့ ကယ်ဆယ်ရေး သွားရောက် လုပ်ကိုင်နေစဉ် မိနစ် ၃၀ ခန့်အကြာ ဒုတိယအကြိမ် ထပ်မံပေါက်ကွဲခဲ့သောကြောင့် ၎င်းတို့လေးဦးမှာ မီးလောင်ဒဏ်ရာ၊ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် သက်ဆိုင်ရာက ညောင်ဦးဆေးရုံသို့ တင်ပို့ခဲ့ကြောင်း၊ ယင်းထိခိုက်ဒဏ်ရာရရှိသူ လေးဦးအနက် ဦးခင်မောင်ဝင်းသည် ယာခြေသလုံးကျိုး ဒဏ်ရာ၊ ဖိုးထောင်မှာ ယာဘက်ညှပ်ရိုး ထိခိုက်မိသဖြင့် ပခုက္ကူဆေးရုံသို့ ပြောင်းရွှေ့ကုသပေးခဲ့ကြောင်း သိရသည်။ ရေနံတွင်းဟောင်းမှာ လက်ရှိအခြေအနေတွင် ထပ်မံ မီးလောင်ပေါက်ကွဲမှု မရှိသော်လည်း ထပ်မံတူးဖော်ပါက ပေါက်ကွဲနိုင်သည့် အန္တရာယ်ရှိသည့်အတွက် တွင်းအတွင်း ပိတ်မိနေသည့် သိန်းဌေးနှင့် ဝင်းကိုတို့ကို ကယ်ဆယ်နိုင်ခြင်း မရှိသေးကြောင်း၊ အခင်းဖြစ်ပွားရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာနမှူးနှင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ၁၀ ဦး သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့နယ်၊  ကျောက်ဆောင်းကျေးရွာ ၏ မြောက်ဘက် လေးဖာလုံခန့် အကွာတွင် ၁၃-၈-၂၀၁၂ ရက်မွန်းလွဲ ၂ နာရီ ၃၅ မိနစ် အချိန်ခန့်က မပည( Fu ၈၈၉၂၅၈) ရှိ ဘီအိုစီခေတ်မှ အနက်ပေ ၈၀ နှင့် အဝကျယ် လေးပေအချင်းရှိ ရေနံတွင်းဟောင်းကို ခိုးယူတူးဖော်ရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မကွေးတိုင်းဒေသကြီး

ဘင်္ဂါလီ၊ ဝါဟာဘီ နှင့် တံခါးဖျက်ဝင်သူများ

 
လတ်တလော ရခိုင်ပြည်မှာဖြစ်ခဲ့တဲ့ ပြဿနာတွေ ကို ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေနဲ့ ရခိုင်တိုင်းရင်း သား တွေကြား ပဋိပက္ခ အဖြစ် အားလုံးလိုလိုက သတ်မှတ်ထားပေမဲ့ ခိုးဝင်လာသူတွေဟာ ဘင်္ဂါလီ အစစ် မဟုတ်ဘဲ ဘင်္ဂါလီမျိုးနွယ်ဝင် စစ်တကောင်း သားတွေ ဖြစ်ပါတယ်။

တိုရန်တိုမြို့ ရိုဟင်ဂျာ ဆန္ဒပြပွဲ


သြဂုတ်လ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က လူအင်အား ၅၀ ခန့်ပါဝင်သော လူတစုက ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့၊ CBC (Canadian Broadcasting Commission) သတင်းဌာနရှေ့တွင် ရိုဟင်ဂျာကိစ္စကို ဆန္ဒပြခဲ့ကြသည်။ မြို့ခံရဲများ၏ တားဆီးမှုကြောင့် ၁၅ မိနစ်ခန့်သာ စာရွက်များဖြန့်ဝေခြင်း၊ဆိုင်းဘုတ် များထောင်ခြင်း တို့ကို ပြုလုပ်ပြီး CITY တီဗီ အသံလွင့်ငှာနဘက်သို့ ချီတက်သွားကြသည်။ ထို့နောက် တိုရန်တို မြို့တော်ခန်းမအရှေ့မှဖြတ်ကာ မြို့လယ်နေရာ Dundas Square တွင် ဆက်လက် ဆန္ဒပြကြ သည်ဟု သိရှိရသည်။

မြန်မာပြည် စစ်ပြန်ကြီး Jack Osborne ကွယ်လွန်

တတိယ ကမ္ဘာစစ်ကာလအတွင်းက မြန်မာနိုင်ငံမှာ စစ်မှုထမ်းခဲ့ဖူးတဲ့ Burma Star ဗြိတိသျှ စစ်ပြန်ကြီး Jack Osborne ဟာ အသက် ၁၀၃ နှစ်အရွယ်မှာပဲ ယမန်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။

သူဟာ Burma Star Accociation BSA မှာ တာဝန်ထမ်းဆောင် ခဲ့သူလည်းဖြစ်ပါတယ်။ BSA မှာပါဝင်သူတွေ က ၁၉၄၁- ၁၉၄၅ ခု နှစ် ကာလ ဂျပန်ဆန့်ကျင်ရေး Burma Campaign အတွက် တိုက်ပွဲ ၀င် တာဝန်ထမ်းရွက် ခဲ့ရတာ ဖြစ်ပါတယ်။

ဂျပန်အမျိုးသမီး ဂျာနယ်လစ် တစ်ဦး စစ်သတင်း လိုက်ရင်း ဆီးရီးယားတွင် အသတ်ခံရ


ဆီးရီးယား နိုင်ငံတွင် အစိုးရနှင့် အတိုက်အခံ အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသော အလတ် ပိုဆိပ်ကမ်းမြို့ ၌ ဂျပန် အမျိုးသမီး ဂျာနယ်လစ် တစ်ဦး သတင်းလိုက်ရင်း အသတ်ခံ ခဲ့ရကြောင်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး BBC သတင်းတွင် ဖော်ပြထားသည်။

မီဒီယာဆင်ဆာဖြတ်သည့်လုပ်ငန်းစဉ် အဆုံးသတ်မှုကို အမေရိကန်ပြည်ထောင်စု ကြိုဆို


မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၈ နှစ်ကြာမျှကျင့်သုံးခဲ့သော စာပေစိစစ်ရေးလုပ်ငန်းစဉ် သြဂုတ်လ ၂၀ ရက်နေ့ တွင် တရားဝင်အဆုံးသတ်သွားမှုကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်သည်။

စားသောက်ကုန်များတွင် အန္တရာယ်ဖြစ်စေသည့် ဇီဝပိုးများပါဝင်နေ

စားသောက်ကုန်များတွင် အန္တရာယ်ဖြစ်စေသည့် ဇီဝပိုးများပါဝင်နေ
ပြည်တွင်းထုတ်ကုန်နှင့် ပြည်ပမှ တင်သွင်းသည့် စားသောက်ကုန် ပစ္စည်းများတွင် လူကို အန္တရယ်ဖြစ်စေနိုင်သည့် အဏုဇီဝပိုးများ ပါဝင်သည် ကိုတွေ့ရှိရကြောင်း မြန်မာနိုင်ငံ စိုက်ပျိုးရေးအခြေခံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချ သူများ အသင်း ဒုတိယဥက္ကဋ္ဌ ဦးစိန်သောင်းဦး ကပြော သည်။ ပြည်တွင်းထုတ်လုပ်သည့် စားသောက်ကုန် ပစ္စည်း ၁၃၅ မျိုးကို နမူနာအဖြစ် စမ်းသပ်စစ်ဆေးရာ တွင် အန္တရာယ်ဖြစ်စေသည့် အဏုဇီဝပိုးမွှားပစ္စည်း ၂၂ မျိုးတွင် ပါဝင်သည်ကိုတွေ့ရှိရပြီး ရာခိုင်နှုန်းအားဖြင့် ၁၆ ဒသမ ၃ ပါဝင်ကြောင်း ၎င်းကပြောသည်။

အဝလွန်ခြင်းနှင့်သွေးတိုးကြောင့် အသက်ကြီးလာချိန်တွင် မှတ်ဥာဏ်ဆုံးရှုံးပိုဖြစ်နိုင်

အဝလွန်ခြင်းနှင့် သွေးတိုးရောဂါများသည် အသက်အရွယ် ကြီးရင့်လာချိန်တွင် မှတ်ဥာဏ်ဆုံးရှုံးမှုကို ပိုမိုလျင်မြန် ဆိုးရွားစေကြောင်း သိရှိရသည်။ အသက်(၅၀)အထက် လူပုဂ္ဂိုလ်များတွင် သွေးတိုးနှင့် အဝလွန်သည့် အခြေအနေများ ရှိပါက မှတ်ဥာဏ် ပျက်သုဉ်းမှုသည် သာမန်ထက် လျင်မြန်လေ့ရှိကြောင်း သုတေသန စစ်တမ်းတစ်ခုက ဖော်ထုတ် တွေ့ရှိခဲ့သည်။

အဝလွန်ခြင်းနှင့် သွေးတိုးရောဂါများသည် အသက်အရွယ် ကြီးရင့်လာချိန်တွင် မှတ်ဥာဏ်ဆုံးရှုံးမှုကို ပိုမိုလျင်မြန် ဆိုးရွားစေကြောင်း သိရှိရသည်။ အသက်(၅၀)အထက် လူပုဂ္ဂိုလ်များတွင် သွေးတိုးနှင့် အဝလွန်သည့် အခြေအနေများ ရှိပါက မှတ်ဥာဏ် ပျက်သုဉ်းမှုသည် သာမန်ထက် လျင်မြန်လေ့ရှိကြောင်း သုတေသန စစ်တမ်းတစ်ခုက ဖော်ထုတ် တွေ့ရှိခဲ့သည်။

ဆန်တာကလော့စ်အလှမယ် ဖြစ်သွားသည့် မီရန်ဒါကားရ်

 
မီရန်ဒါကားရ်  တစ်ယောက် ဆန်တာကလော့စ် အလှမယ်လေး တစ်ဦးအဖြစ် အသွင်ပြောင်းသွား ခဲ့ကြောင်း သိရှိရသည်။ Victoria's Secret၏ နာမည်ကျော် ဩစတြေးလျသူ အလှမယ် သည် ကြော်ငြာတစ်ခုအတွက် ဓာတ်ပုံ အရိုက်ခံ ခဲ့ရာ အဝါရောင် ဆန်တာကလော့စ် ဝတ်စုံတိုလေး ကို ဆွဲဆောင်မှုရှိအောင် ဝတ်ဆင်ထားခဲ့သည်။ အဆိုပါ ဓာတ်ပုံများကို Lipton Japan လက်ဖက် ရည်အတွက် ကြော်ငြာရန် ရိုက်ကူး ထားခြင်း  ဖြစ်သည်။

တူရကီ ကားဗုံးပေါက်ကွဲမှု ၎င်းတို့နှင့်မသက်ဆိုင်ကြောင်း PKK အဖွဲ့ပြောကြား

တူရကီနိုင်ငံ အရှေ့တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုသည် မိမိတို့နှင့် မသက်ဆိုင်ကြောင်း PKK သူပုန်အဖွဲ့က ပြောကြားလိုက်သည်။ PKK (ကာဒစ်ရှ် အလုပ်သမား ပါတီ) သူပုန်များသည် ယခင်က တူရကီ အစိုးရ စစ်တပ်ကို ချောင်းမြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသော်လည်း ယခု တစ်ကြိမ် ကားဗုံးပေါက်ကွဲမှုတွင်မူ တာဝန်မ ရှိကြောင်း ငြင်းဆန်ခဲ့သည်။

နျူရီဆာဟင်ကို အငှားခေါ်ယူရန် အာဆင်နယ် သဘောတူညီမှုရ

အာဆင်နယ် အသင်းသည် ရီးယဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား နျူရီဆာဟင်ကို အငှားခေါ် ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။ အသက်(၂၃)နှစ်ရှိ တူရကီ လက်ရွေးစင်အား ရာသီကုန်ထိ ခ်ါယူရန်အတွက် အာဆင်နယ် က ပေါင်စတာလင် (၂)သန်း ပေးချေရမည်ဟု သတင်းများက ဖော်ပြခဲ့သည်။ သို့သော်လည်း ဆာဟင်ကို ရာသီကုန်တွင် အပြီးသတ် ဝယ်ယူရန် အတွက်မူ အာဆင်နယ် အနေဖြင့် စပိန်လာလီဂါ ချန်ပီယံ အသင်းနှင့် သီးခြား ညှိနှိုင်းမှုများ ပြုလုပ် ရမည် ဖြစ်သည်။

ဈေးကွက်မပိတ်မီ ဘရာဇီးလ်တိုက်စစ်အတွဲကို ခေါ်ယူနိုင်ရန် တော့တင်ဟမ်ကြိုးပမ်း

တော့တင်ဟမ် ဟော့စပါး အသင်းသည် ဈေးကွက်မပိတ်မီ ဘရာဇီးလ် တိုက်စစ်အတွဲသစ်ကို ခေါ်ယူနိုင်ရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။ ယူကရိန်း ချန်ပီယံ ရှက်တာဒိုးနက်ခ် အသင်းမှ ကွင်းလယ်တိုက်စစ်သမား ဝီလျံကို စပါးက ပေါင်စတာလင် သန်း(၂၀)ဖြင့် ခေါ်ယူနိုင်ရန် ကြိုးပမ်းမှုမှာ အထမြောက် အောင်မြင်ရန် နီးစပ်နေကြောင်း သတင်းများက ဆိုသည်။
 
(ရှက်တာဒိုးနက်ခ် ကွင်းလယ်တိုက်စစ်သမား ဝီလျံ [အင်္ကျီလိမ္မော်ရောင်နှင့်])

ရန်ကုန်အပါအဝင် တိုင်းဒေသကြီး ၅ ခုတွင် လျှပ်စစ်မီးပြတ်တောက်မည်

ပဲခူးတိုင်းဒေသကြီးအတွက် ဓာတ်အားတိုးချဲ့ ဖြန့်ဖြူးနိုင်ရန် မဟာ ဓာတ်အားလိုင်းနှင့် ပင်မဓာတ်အားခွဲရုံချိတ်ဆက်ခြင်း လုပ်ငန်း များဆောင်ရွက်မည်ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ခုရှိ မြို့နယ် အချို့တွင် ဓာတ်အား ဖြတ်တောက်မှု များပြု လုပ် မည်ဖြစ်ကြောင်းအမှတ် (၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာန မှ သတင်း ထုတ်ပြန်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း လွတ်လပ်ခွင့် အပြည့်မရသေးကြောင်း စာနယ်ဇင်းသမားများ ဝေဖန်


မီဒီယာလွတ်လပ်ခွင့် အတွက် သတင်းထောက်များ လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြစဉ် 

စာနယ်ဇင်းများအား စိစစ်ဖြတ်တောက်မှုမရှိဘဲ ထုတ်ဝေခွင့်ရရှိခြင်းကို ကြိုဆိုသော်လည်း မီဒီယာ လွတ်လပ်ခွင့် အပြည့်အ၀ရရှိပြီ ဟု မဆိုနိုင်သေးကြောင်း ပြည်တွင်း စာနယ်ဇင်းသမားများ က ပြောဆို ဝေဖန်လိုက်သည်။

အောင်စိန်ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံ အလုပ်သမား ၁၀၀ ကျော် ဆန္ဒပြ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန် မန္တလေး ကားလမ်းနံဘေးက ရတနာပုံ တက္ကသိုလ် လမ်း မှာရှိတဲ့ အောင်စိန်ချည်မျှင် နဲ့ ဆေးဆိုးစက်ရုံ အလုပ်သမား (၁၀၀) ကျော်ဟာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ခေါင်းဆောင် ၁၀ ဦးကို အလုပ်ပြန် ခန့်ပြီး စက်ရုံမှာအရင်လို နေထိုင် စားသောက် ခွင့်ပေးဖို့ ဒီကနေ့ တောင်းဆို ဆန္ဒပြခဲ့ကြတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူ ကိုတိုးက RFA ကိုပြောပါတယ်။

၂၀၃၀ မှာ မြန်မာတွေ သူဌေးဖြစ်မည်

တိုးတက်မှုကို ကန့်ထားနိုင်သည့် စိန်ခေါ်မှုများကို မြန်မာနိုင်ငံအနေဖြင့် ရင်ဆိုင်နေရဆဲပင် (ဓာတ်ပုံ- Reuters)
မြန်မာပြည်အနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို မှန်မှန်ကန်ကန် ဆောင်ရွက်သွားပါက နှစ်စဉ် စီးပွားတိုးတက်နှုန်း ၈ ရာခိုင်နှုန်းထိ ရောက်နိုင်ပြီး သက္ကရာဇ် ၂၀၃၀ ခုနှစ်ရောက်လျင် ပျမ်းမျှ တဦးချင်း ဝင်ငွေ အမေရိကန် ဒေါ်လာ ၃၀၀၀ (ကျပ်ငွေ နှစ်သန်းငါးသိန်းရှစ်သောင်း) အထိ ဖြစ်လာနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် Asia Development Bank (ADB) က ထုတ်ပြန်လိုက်သည်။

ဆင်ဆာ မရှိတော့သော်လည်း လွတ်လပ်မှု မရှိသေး

မြန်မာနိုင်ငံတွင် ထုတ်ဝေခဲ့သည့် စာအုပ်၊ စာပေ၊ စာနယ်ဇင်း များကို ၄၈ နှစ်ကြာ စိစစ်ဖြတ်တောက် ခဲ့သည့် စာပေစိစစ်ရေး လုပ်ငန်းစဉ်တရပ် ယမန်နေ့က အဆုံးသတ်သွားပြီဟု ဆိုသော်လည်း တင်ထုတ် စနစ်မှ ထုတ်တင် စနစ်ကို စတင်ပြောင်း လဲ ကျင့်သုံးလိုက်ရုံဖြင့် သတင်းလွတ်လပ်ခွင့် အပြည့်အဝ ရရှိပြီလားဆိုသည့် မေးခွန်း တခု မေး စရာ ကျန်ရှိ နေသေးသည်။

ဖူကူယားမားရဲ့ ဟောပြောပွဲများ ရန်ကုန်၊ နေပြည်တော်မှာ လုပ်မည်


ရန်ကုန် (မဇ္ဈိမ) ။       ။ ကမ္ဘာကျော် ‘သမိုင်းနိဂုံးချုပ်ပြီ’ ၏ မူရင်းစာအုပ် ‘The End of History and the Last Man’ စာအုပ်ရေးသားသူ ဒေါက်တာ ဖရန်စစ် ဖူကူယားမား Francis Fukuyama က စီးပွားရေး လုပ်ငန်းနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ပတ်သက်သည်များကို ဟောပြောရန်အတွက် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များနှင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်မည် ဖြစ်သည်။

ဘဘဦးကြည်မောင်ကွယ်လွန်ခြင်း၈နှစ်ပြည့်အခန်းအနားအမှတ်တရပွဲအကြောင်း

ဂျူနီယာဝင်း၊ သြဂုတ် ၂၂၊ ၂၀၁၂
ကျွန်မတို့မိသားစုက ဘဘဦးကြည်မောင်မိသားစုနဲ့ အလွန်ရင်းနှီးပါတယ်။ အဲသည်အမှတ်တရ ပွဲဖိတ်စာ ၃ စောင်တောင် ရပါတယ်။ ကျွန်မဖေဖေကလည်း အစီအစဉ်မှာစကားပြောရမှာဆိုတော့ လိုက်နားထောင်ဖြစ်ခဲ့တဲ့ ပွဲလေးတစ်ခုအကြောင်းပေါ့။

ခုံရုံးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ရဲ့ကံကြမ္မာ (Tu Maung Nyo)

ခုံရုံးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ရဲ့ကံကြမ္မာ
တူမောင်ညို။ သြဂုတ် ၂၂၊ ၂၀၁၂
 (နဝတ-နအဖ) စစ်အစိုးရကာလမှာတုန်းက စစ်အုပ်စုတွင်း အာဏာစားခွက်လုမှုတွေနဲ့ ပတ်သက်ပြီး  ဘယ်သူကိုတော့ ဖြုတ် လိုက်ပြီ/ ထုတ်လိုက်ပြီဆိုတဲ့ ကောလဟလဆန်ဆန်သတင်း စတင်ထွက်ပေါ်လာတတ်ပါတယ်။ အဲဒီနောက်မှာ ဘယ်သူတော့ဖြင့် ပြုတ် သွားပြီဆိုတာကို ကျနော် တို့ပြည်သူတွေသိခဲ့ကြရတာပါ။

နေပြည်တော်မှာ Mitsubishi ရုံးဖွင့်မည်

ဂျပန်နိုင်ငံရဲ့ နံမည်ကြီး ကုမ္ပဏီကြီး တခုဖြစ်တဲ့ မစ်ဆုဘိရှီ ( Mitsubishi) ကော်ပိုရေးရှင်းကြီးဟာ ဟာ မြန်မာနိုင်ငံ မြို့တော်သစ် နေပြည်တော်မှာ လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ ရုံးခန်းသစ် တခု တည်ထောင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

အိုဘားမားသတိပေးချက် ဆီးရီးယားပယ်ချ

မနေ့က သြဂက်လ ၂၁ ရက်နေ့က၊ ဆီးရီးယား ဒုဝန်ကြီးချုပ် ကွာဒရီဂျမေးလ် (Qadri Jamil) က၊ အနောက်နိုင်ငံတွေဟာ ဆီးရီးယားနိုင်ငံကို စစ်ရေးအရ ကျူးကျော်ဝင်ရောက်ဖို့ အကြောင်းပြ ချက် တစ်ရပ်ကို ရှာနေကြတယ်လို့ စွပ်စွဲလိုက်ပြီး၊ဒီလိုလုပ်လို့ မရနိုင်ဘူးလို့လည်း သူကဆိုလိုက်ပါတယ်။

မပြီးဆုံးသေးတဲ့  ဆာဟင် နဲ့  အာဆင်နယ် ရဲ့  အခြေအနေ

 
အာဆင်နယ်အသင်း က ကောက်ကောက်ပါအောင် လိုက်နေတဲ့  ရီးယဲမက်ဒရစ်ကွင်းလယ်လူ  နူရီဆာဟင်  ကို ခေါ်ယူဖို့  ကိစ္စဟာ ရုတ်တရက် ကြန့် ကြာနေပါတယ်။ The Daily Mail သတင်းဌါန ကတော့  အာဆင်နယ်အသင်း ဟာ ရီးယဲကွင်းလယ်လူကို အသင်းက သတ်မှတ်ထားတဲ့ အတိုင်း အဌါးဘဲခေါ်ယူမယ်လို့  ဖော်ပြထားပါတယ်။ အာဆင်ဝင်းဂါးဟာ အသင်းကအလယ်တန်းလူ ဆောင်း  နေရာ မှာ အစားထိုး ဖို့  အသက်(၂၃)နှစ်အရွယ် ရီးယဲကွင်းလယ်လူ ဆာဟင် ကို တနှစ်အဌါး ခေါ်ပြီး နောက် လာမဲ့ နှစ်မှာတော့  အသင်း ကို ပြင်ဆင်ဖို့  ရီးယဲ အသင်းနဲ့ စေ့စပ် ညှိနှိုင်းပြီး တရားဝင်စာချုပ်ဖို့  လိုလားနေ ပါတယ်။ လီဗာပူး အသင်း ကလဲ ဆာဟင် ကို စိတ်ဝင်စားနေပေမဲ့  ချန်ပီယံလိဂ် ကန်ခွင့် ရထားတဲ့  အာဆင်နယ်ကတော့  အခွင့် အရေး ပိုရှိနေတယ် လို့  သိရပါတယ်။

Goddess of Democracy နဲ့ အမေရိကမှာ သွားတွေ့မယ့် မြန်မာ ၅ ဦး

အမေရိကန် အထက်လွှတ်တော် အောက်လွှတ်တော် နှစ်ရပ်ပေါင်း ချီးမြှင့်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆုကိုလက်ခံရယူဖို့ __

1. ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊
2. ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး နဲ့
3. နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူတို့ ၃ ယောက်စက်တင်ဘာလ ဒုတိယပါတ် အတွင်း အမေရိကန် နိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။

ဒီဆုကို အမေရိကန် လွှတ်တော်နှစ်ရပ်ပေါင်း ဖွဲ့စည်းထားတဲ့ National Endowment for Democracy NED က ပေးအပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဆုရသူတွေထဲမှာ ပြည်တွင်းက ၃ ယောက်အပြင်

4. မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင် နဲ့
5. US Campaign For Burma က ဦးအောင်ဒင် တို့လည်း ပါဝင်မှာဖြစ်ပါတယ်။ (DVB)

ဆု အနေနဲ့ ပေးအပ်တဲ့ အထိမ်းအမှတ် ရုပ်တု လေး သမိုင်းကလည်း အမိုက်စားပါ ..။ အံ့သြစရာ တရုတ် တိန်အန်မင် အရေးအခင်းမှာ တင့်ကား နဲ့ အဖြိုခံခဲ့ရတဲ့ တရုတ် အနုပညာ အကယ်ဒမီက ဆန္ဒပြကျောင်းသား
တွေ တည်ဆောက်တဲ့ Goddess of Democracy ရုပ်တု ပုံစံကို ပွားယူပြီး 1991 က စလို့ National Endowment for Democracy ဆု ရုပ်တုလေးတွေ အနေနဲ့ နှစ်စဉ် ပေးအပ်ခဲ့တာဖြစ်ပါတယ် ..။

မီဒီယာ ကျင့်ဝတ်နှင့် မညီသော မဇ္ဈိမသတင်းဌာန၏ ကလိမ်ကကျစ်ရေးသားချက် (ပေးစာ)

အိန္ဒိယအခြေစိုက် မဇ္ဈိမသတင်းဌာန၏ အင်္ဂလိပ်ကဏ္ဍတွင် “Anti-Rohingya demonstration held in Rangoon” (ရိုဟင်ဂျာ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ရန်ကုန်၌ ပြုလုပ်) ဟူသော ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ကို သြဂုတ်လ ၂၀ ရက်စွဲဖြင့် မဇ္ဈိမက ရေးသားခဲ့သည်။
အဆိုပါ သတင်းတွင် မဇ္ဈိမ မှ သတင်းကျင့်ဝတ်များနှင့် မညီပဲ အော က် ပါ အ တိုင်း ကောက် ကျစ် လိမ်လည်ကာ ရေးသားထားသည်ကို တွေ့ရသည်။

သာကေတ တံတားသစ် တစ်စင်း ထပ်မံ ဆောက်လုပ်မည်

ငမိုးရိပ်ချောင်းကို ဖြတ်ကျော်၍ ပုဇွန်တောင် မြို့နယ်နှင့်ဒေါပုံမြို့နယ်တို့ကို ဆက်သွယ် ဆောက်လုပ် ထားသည့် သာကေတ သံပေါင်တံတား အစား တံတားတစ်စင်း ထပ်မံ အစားထိုးသွားရန် အစီအစဉ် ရှိကြောင်း ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေး မှူး ဦးကျော်လင်းက ယနေ့ပြုလုပ်သော လမ်းတံတား အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။