ဘိုင်ယန်မြူးနစ်ကို အရေးနိမ့်ခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်အပြီးတွင်
မန်ချက်စတာ ယူနိုက်တက် အမှုဆောင် ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်သည် အသင်းနှင့်အတူ
အင်္ဂလန်သို့ ပြန်မလာဘဲ ဂျာမနီတွင် ချန်နေခဲ့ကြောင်း သိရ သည်။
Friday, 11 April 2014
လိင်ပြောင်းထားသူရဲ့ မပြောင်းလဲတဲ့ အချစ်

မန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဒီသချင်းလေးကတော့ အတော် ရေပန်းစားလူကြိုက် များနေပါ တယ်။ သီချင်းကို သရုပ်ဖော်ထားတာက ငယ်စဉ်က တိတ်တခိုး ကြိုက်ခဲ့ရတဲ့ သူငယ်ချင်းတယောက်ကို သူ့ရဲ့ ယောက်ျားဘဝ လိင်ကို စွန့်လွှတ်ပြီး အမျိုးသမီး လိင်အဖြစ် ပြောင်းလဲ ခွဲစိပ်ခဲ့ပြီး သူချစ်ရတဲ့သူ အတွက် သူ့အချစ်ကို ဖော်ပြထားတဲ့ သရုပ်ဖော် ဇာတ်လမ်းလည်းဖြစ်ပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေ အမြန်ပြန်လာနိုင်ရေး အမေရိကန်တိုက်တွန်း

ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ အပါအဝင် လူသားချင်း စာနာကူညီရေးဆိုင်ရာ
နိုင်ငံတကာ အဖွဲ့ အစည်းတွေ အမြန်ဆုံး ပြန်လည်လာရောက်လုပ်ကိုင်နိုင်ရေး
အားပေးကူညီဖို့ အာရှပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel က မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ ခြံဝင်းအတွင်း ဖမ်းဆီးရမိသည့် သစ်လုပ်ထုံးလုပ်နည်း ဖောက်ဖျက်မှုဖြင့် အရေးယူမည်
ကျောက်မဲခရိုင်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၏ ခြံဝင်းအတွင်း တရားမဝင်သစ်များ ဖမ်းမိခဲ့ ရာ ပြေ စာ အတိုင်း ပါရှိသည့် တန်ချိန်မှန် ကန်သည်ဆိုစေကာမူ လုပ်ထုံး လုပ်နည်း ဖောက်ဖျက်မှုဖြင့် အရေး ယူ မည်ဟု သစ်တောဦးစီးဌာန လက်ထောက်ညွှန်မှူး ကိုဥက္ကာက ပြောသည်။
ယဉ်ကျေးမှုနဲ့အညီ ဝတ်ဆင်ရေးလှုပ်ရှားမှု ရန်ကုန်မှာစတင်

သင်္ကြန်ကာလအတွင်း ယဉ်ကျေးမှုနဲ့အညီ ဝတ်စားဆင်ယဉ်ရေး အသိပညာပေး လှုပ်ရှားမှုတစ်ရပ်ကို လူငယ်အဖွဲ့ ၆ ဖွဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့မှာ မနေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြပါတယ်။
သင်္ကြန်မှာ အရက်တုတွေ ပိုပေါတယ်

နာမည်ကြီး အရက်တချို့နှင့် ၀ိုင်တချို့
သင်္ကြန်ကာလကို အရက်သေစာနဲ့အတူ ကြိုဆို ပျော်ပါးလိုသူတွေ အနေနဲ့ အရက်တုတွေရဲ့ အန္တရာယ်ကို စဉ်းစားကြဖို့ လိုတယ် ဆိုတဲ့အကြောင်း စားသုံးသူ ကာကွယ်ရေးအသင်းမှ ဦးဗအုပ်ခိုင်က သတိပေး ပြော ဆို ပါတယ်။
ကချင်ပြည်နယ်တွင် တိုက်ပွဲ ၂ ရက် ဆက်တိုက်ဖြစ်

ကချင်ပြည်နယ် မန်စီမြို.နယ် မန့်ဝိန်းကြီးဒေသတ၀ိုက်တွင် ဧပြီ ၁၀ ရက်နေ့မှ စတင်ကာ ဒီနေ့နံနက်ပိုင်း အထိ စစ်တပ်နဲ့ ကေအိုင်အေအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ကချင်ပြည်နယ် ငြိမ်း ချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွန်ဂျာက ဒီဗွီဘီကို ပြောပါတယ်။
မီတာခ တိုးမြှင့်ခြင်းဂယက် အင်တာနက်ဆိုင်အချို့ ဝန်ဆောင်ခတက်ရန်ပြင်
တာခတိုးမြှင့်လိုက်သည့်အတွက် အင်တာနက်ဆိုင်အချို့
ဝန်ဆောင်ခနှုန်းထားမြှင့်တင်ရန် စီစဉ်နေသည်ဟု အဆိုပါအသိုင်းအဝိုင်းမှ
သိရသည်။ ”ဝင်ငွေမကောင်းရတဲ့ အ ထဲ မီတာခထပ်တက်ပြီဆိုတော့
လက်ရှိပုံစံ အတိုင်းတော့ သွားလို့မရတော့ဘူး။ ဒီလ မီတာခအခြေ အနေကိုကြည့်ပြီး
ဈေး တက်ရင် တက်မှာပါ”ဟု ပုဇွန်တောင်မြို့နယ်မှ IT Link အင်တာနက်ဆိုင်ပိုင်ရှင်က ပြောသည်။
ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံတွေ့ဆုံပွဲကို ဧပြီလတွင် ထပ်မံ ပြုလုပ်မည်

ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံ တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၂၂ ရက် ကရင်ပြည် နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင် ကျေးရွာတွင် ကျင်းပမည်ဖြစ်သည်ဟု ဖလုံဆဝေါ် ပါတီ ဒုတိယ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက မဇ္ဈိမကို ပြောသည်။
အဆင်းရဲဆုံးကျေးရွာများအတွက် မြစိမ်းရောင်စီမံကိန်း အောင်မြင်ရန် အရေးကြီး
ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက
တစ်နိုင်ငံလုံးရှိ အဆင်းရဲ ဆုံးကျေးရွာ တစ်ထောင်ကျော် အား
မြစိမ်းရောင်စီမံကိန်းဖြင့် တစ်ရွာလျှင် ကျပ်သိန်း ၃၀၀ ထုတ်ချေးသွားမည်ဟု
သိရသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ ခြံဝင်းအတွင်း ဖမ်းဆီးရမိသည့် သစ်လုပ်ထုံးလုပ်နည်း ဖောက်ဖျက်မှုဖြင့် အရေးယူမည်
ကျောက်မဲရိုင်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၏ ခြံဝင်းအတွင်း
တရားမဝင်သစ်များ ဖမ်းမိခဲ့ ရာ ပြေစာ အတိုင်း ပါရှိသည့် တန်ချိန်မှန်
ကန်သည်ဆိုစေကာမူ လုပ်ထုံး လုပ်နည်း ဖောက်ဖျက်မှုဖြင့် အရေးယူမည်ဟု
သစ်တောဦးစီးဌာန လက်ထောက်ညွှန်မှူး ကိုဥက္ကာက ပြောသည်။
သင်္ကြန်ကာလအတွင်း အကြမ်းဖက်သမားများ ၀င်ရောက်လာနိုင် ဟု နိုင်ငံတကာရဲတပ်ဖွဲ့မှ သတင်းပေးပို့ထား

ရန်ကုန်၊ ဧပြီ ၁၀- ဘင်္ဂလားဒေရှ့်မှ အစွန်းရောက် အကြမ်းဖက်သမား တချို့ မြန်မာနိုင်ငံအတွင်းသို့ သင်္ကြန် ကာလအတွင်းဝင်ရောက် ရန်ကြိုး ပမ်း နေကြောင်း အင်တာပိုမှ သတင်းပေး ပို့ထားသည်ဟု နိုင်ငံတော် လုံခြုံရေး နှင့်ထောက်လှမ်းရေးဌာနမှအဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။
နှစ်သစ်သင်္ကြန်မှာ အသားအရေကို ဘယ်လိုထိန်းသိမ်းကာကွယ်မလဲ

မကြာခင်မှာ ကျရောက်တော့ မယ့် သင်္ကြန်မှာရေကစားရင်း နေ ရောင်ခြည် အပူဒဏ်ကြောင့် ဘယ်လို အသားအရေထိခိုက်မှုတွေ ရှိလာနိုင်ပြီး ဘယ်လိုကာကွယ်ရမယ် ဆိုတာကို ကြိုတင်သိရှိပြီး ကာ ကွယ်နိုင်အောင် အရေပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာကျော်ကျော် နဲ့ တွေ့ ဆုံ မေးမြန်းဖော်ပြပေး လိုက်ပါတယ်။
နိုင်ငံရေးဦးဆောင်မှုမှာ ပါဝင်ဖို့ ဒေါ်စုဆုံးဖြတ်ချက် ဂျာမန်ဝန်ကြီးချုပ် ဝမ်းမြောက်

ဂျာမနီ ဝန်ကြီးချုပ် Angela Merkelနဲ့ ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနိုင်ငံ ဘာလင်မှာ တွေ့ဆုံ
မြန်မာနိုင်ငံဟာ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်သလို စစ်မှန်တဲ့ ဒီမိုကရေစီ နည်းကျ စုဝေးနေထိုင်လိုတဲ့ ဆန္ဒတွေရှိတာမို့ အချင်းချင်းကြား မတူကွဲပြားမှုတွေကို တနေ့မှာ ကျော်လွှား နိုင်မယ်လို့ ယုံကြည်ကြောင်းဂျာမနီနိုင်ငံကို ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက် ပါတယ်။ ဂျာမနီနိုင်ငံ ကို ၃ ရက်ကြာ ခရီးရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးချုပ် Angela Merkel နဲ့ တွေ့ဆုံစဉ် အခုလိုပြောကြား လိုက်တာပါ။ အပြည့်အစုံ ကိုတော့ ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
ယူကရိန်း နယ်စပ်အနီး ရုရှားစစ်အင်အားဖြန့်ကျက်

ရုရှားအစိုးရရဲ့အမိန့်ကို ရုရှစစ်ကားတွေ စောင့်ဆိုင်းနေ တဲ့ပုံ နေတိုး မဟာမိတ်တပ်ဖွဲ့ရဲ့ ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံတွေမှာ ဖေါ်ပြ
ရုရှားတပ်သား လေးသောင်းလောက်ဟာ ယူကရိန်း နယ်စပ်နားမှာ ရှိနေပြီး သူတို့ဟာ သံချပ်ကာ ကားတွေ ၊ လေယာဉ်တွေ၊ တခြားစစ်လက်နက်ပစ္စည်းတွေနဲ့ ရုရှားအစိုးရရဲ့အမိန့်ကို စောင့်ဆိုင်းနေ တဲ့ပုံ နေတိုး မဟာ မိတ် တပ်ဖွဲ့ ရဲ့ ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံတွေမှာ ဖေါ်ပြနေကြောင်း နေတိုးတပ်ဖွဲ့က သတင်း ထုတ်ပြန် လိုက်ပါတယ်။
ရေဒီယို၊ ရုပ်သံမီဒီယာကဏ္ဍ သတင်းလွတ်လပ်ခွင့်နဲ့ ဝေးကွာဆဲ

MRTV-4 ရုပ်သံလိုင်းမှ ကင်မရာသမားများ ဘောလုံးပွဲတစ်ပွဲတွင် ရိုက်ကူးရေး ဆောင်ရွက်နေသည်ကို တွေ့ရစဉ်
နိုင်ငံအတွင်းက ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်တွေကို ကြည့်ကာ ကြိုတင်စိစစ်မှု လုံးဝ မရှိတော့ဘဲ သတင်း လွတ် လပ်ခွင့် တိုးတက်နေပြီလို့ ကောက်ချက်ချစရာ ဖြစ်ပေမယ့် ရေဒီယိုနဲ့ ရုပ်မြင်သံကြားမီဒီယာကဏ္ဍ မှာတော့ သတင်းလွတ်လပ်ခွင့် လုံးဝပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ဗြိတိန်က ရခိုင်အရေး ပြောကြားမှု ပြည်တွင်းရေးကို စွက်ဖက်ခြင်းသာဖြစ်

ရခိုင်ပြည်နယ်တွင် ရဲတပ်ဖွဲ့အစောင့်အရှောက်ဖြင့် သန်းခေါင် စာရင်းကောက်ယူနေမှုကို တွေ့ရစဉ်
ဗြိတိန်အစိုးရက မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းအား ဆင့်ခေါ်ကာ ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် လက်ရှိ သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာလူမျိုး အမည်ကို အသိအမှတ်ပြုရေး တိုက်တွန်းချက် များ သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်ခြင်းသာဖြစ်ကြောင်း သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အစည်းအဝေးများကို မေလမှစ၍ ဆက်တိုက်ပြုလုပ်နိုင်ရန် စီစဉ်ထား

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဆန္ဒဖော်ထုတ်နေကြစဉ်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အစည်းအဝေးများကို မေလမှစ၍ ဆက်တိုက်ပြုလုပ်နိုင်ရန် စီစဉ် ထားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဧပြီ ၉ ရက်တွင် ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လွှတ်တော်တွင်းနှင့် ပြင်ပ၌ ပြင်ဆင်ရန် မလွယ်ကူသောကြောင့် သွေးထွက်သံယိုမရှိဘဲ ပြုပြင်ပြောင်းလဲနိုင်ရန် အုပ်ချုပ်ရေးနှင့် တပ်မတော်ခေါင်းဆောင်များ တာဝန်ရှိဟု UNA ခေါင်းဆောင် ပြောကြား

UNA အဖွဲ့နှင့် NCCT အဖွဲ့မှ ခေါင်းဆောင်များကို ရန်ကုန်မြို့၌ ဧပြီ ၉ ရက်က တွေ့ရစဉ်
လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်းနှင့် လွှတ်တော်ပြင်ပတို့၌ ပြင်ဆင်ရန် မလွယ် ကူသောကြောင့် သွေးထွက်သံယို မရှိဘဲ ပြောင်းလဲနိုင်ရန် အုပ်ချုပ်ရေးနှင့် တပ်မတော် ခေါင်းဆောင် များတွင် တာဝန်အရှိဆုံးဟု ညီညွတ်သော တိုင်းရင်းသားလူမျိုး မဟာမိတ်အဖွဲ့ (UNA) ခေါင်းဆောင် ဦးအေးသာအောင်က ဧပြီ ၉ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ Café 47 ၌ ပြုလုပ်သော UNA နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားသည်။
နေရပ်ပြန် မြန်မာလုပ်သားများအား တင်ဆောင်လာသည့် ခရီးသည် ယာဉ် ဒေါနတောင်ပေါ်တွင် ချောက်ထဲကျ၊ လူငါးဦး သေဆုံးပြီး ၄၀ ဦး ဒဏ်ရာရ

ချောက်ထဲထိုးကျနေသော ခရီးသည်တင်ယာဉ်နှင့် ဒဏ်ရာရရှိသူများ ဆေးကုသမှုခံယူနေစဉ်
နှစ်သစ်ကူးသင်္ကြန်ပွဲတော်အမီ နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများ လိုက်ပါစီးနင်းလာသော အိုအေ စစ် မှန်လုံခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်သည် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကုန် သွယ်လမ်း၌ ဘရိတ်ပေါက်ပြီး ချောက်ထဲသို့ ထိုးဆင်းသွားသောကြောင့် ခရီးသည်ငါးဦး သေဆုံးကာ ၄၀ ဦး ဒဏ်ရာ ရှိသွားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းထောက်များနှင့် မီဒီယာများအား ဖိနှိပ်ချုပ်ချယ်မှုအပေါ် ကန့်ကွက်သည့်အနေဖြင့် သတင်းစာ၊ ဂျာနယ်အချို့တွင် အနက်ရောင်မျက်နှာဖုံး (Black Cover) များ ပြုလုပ်ဖော်ပြ

ထောင်ဒဏ် တစ်နှစ်ချမှတ်ခံခဲ့ရသော DVB သတင်းထောက်
ကိုဇော်ဖေ (ခေါ်) ကိုသူရသက်တင်အား အမြန်ဆုံး ပြန် လွှတ်ပေးရေး အတွက် DVB
သတင်းထောက်များ အင်္ကျီဆင်တူဝတ်ဆင်ကာ ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းတွင်
ရန်ကုန်မြို့ ဆူးလေစေတီ၌ ဆုတောင်းနေကြစဉ်
သတင်းထောက်များနှင့် သတင်းမီဒီယာများအား ဖိနှိပ်ချုပ်ချယ်မှုအပေါ် ကန့်ကွက်သည့်အနေဖြင့် အနက်ေ ရာင် မျက်နှာဖုံး (Black Cover) များဖြင့် သတင်းစာနှင့် ဂျာနယ်အချို့တွင် ကန့်ကွက်ဖော်ပြမှုများ ပြုလုပ်ခဲ့ကြ သည်။
Subscribe to:
Posts (Atom)