Wednesday 30 April 2014

ဓာတုလက်နက်တားဆီးရေး မြန်မာအပြည့်အ၀ပူးပေါင်းဖို့ ကုလတိုက်တွန်း

Photo: ဓာတုလက်နက်တားဆီးရေး မြန်မာအပြည့်အ၀ပူးပေါင်းဖို့ ကုလတိုက်တွန်း
Wednesday, April 30, 2014

မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာပေါ်မှာ အနည်းအကျဉ်းသာ ကျန်တော့တဲ့ တိုင်းပြည်တွေအနေနဲ့ ဓာတုလက်နက် အသုံးပြုမှု တားဆီးရေး နိုင်ငံတကာ သဘောတူညီချက်အတိုင်း လိုက်နာကျင့်သုံးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။
 
မြန်မာ၊ မြောက်ကိုရီးယား၊ တောင်ဆူဒန်၊ အစ္စရေးလ်၊ အီဂျစ်နဲ့ အင်ဂိုလာ ၆ နိုင်ငံသာ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေဆဲ ဖြစ်တဲ့အကြောင်း ၁၉၉၇ ခုနှစ် နိုင်ငံတကာ သဘောတူညီချက် စတင်ကျင့်သုံးခဲ့တဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အမှာစကားပါးရာမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထည့်သွင်း ပြောဆိုခဲ့တာပါ။
 
ဓာတုလက်နက် အသုံးပြုမှုဆိုင်ရာ သဘောတူညီချက် ရေးဆွဲပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ၁၉၉၃ ခုနှစ်မှာ အတည်ပြု လက်မှတ်ရေးထိုးခဲ့ပေမဲ့ လက်တွေ့ လိုက်နာကျင့်သုံးတဲ့ အဖွဲ့ဝင်တိုင်းပြည် တခုတော့ ဖြစ်မလာခဲ့ပါဘူး။
 
ဒါပေမဲ့လည်း မကြာသေးခင် နှစ်တွေအတွင်း အပြောင်းအလဲတွေ လုပ်လာခဲ့ပြီး နောက်မှာတော့ မြန်မာနိုင်ငံအနေနဲ့ အပြည့်အ၀ လိုက်နာကျင့်သုံးဖို့ ရည်ရွယ်ထားတဲ့အကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောဆိုခဲ့ကြတာပါ။
 
သဘောတူညီချက်ကို လိုက်နာတဲ့ တိုင်းပြည်တခု ဖြစ်လာစေဖို့ တိုက်တွန်းနေတဲ့ ကုလသမဂ္ဂရဲ့ ဓာတုလက်နက် တားမြစ်ရေးအဖွဲ့ (OPCW) က ကျွမ်းကျင်သူ အဖွဲ့တဖွဲ့ဟာလည်း ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ကျွမ်းကျင်မှု အကူအညီတွေ ပေးအပ်ဖို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။
 
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အင်္ဂါနေ့က ကြေညာချက်မှာတော့ ဆီးရီးယားနိုင်ငံက ဓာတုလက်နက် အသုံးပြုမှုရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို သင်ခန်းစာယူပြီး လူသားထုကို ခြိမ်းခြောက်နေတဲ့ လက်နက်တွေကို မသုံးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာပေါ်မှာ အနည်းအကျဉ်းသာ ကျန်တော့တဲ့ တိုင်းပြည်တွေအနေနဲ့ ဓာတု လက်နက် အသုံးပြုမှု တားဆီးရေး နိုင်ငံတကာ သဘောတူညီချက်အတိုင်း လိုက်နာကျင့်သုံးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။

မြိတ်-ရန်ကုန် လမ်းပိုင်းရှိ မြိတ်မှ ပုလော ရှောင်ကွင်းလမ်းမှာ အသုံးပြုသူများ၍ လမ်းကြောင်း ချဲ့ထွင်ရန်လိုအပ်

Photo: မြိတ်-ရန်ကုန် လမ်းပိုင်းရှိ မြိတ်မှ ပုလော ရှောင်ကွင်းလမ်းမှာ အသုံးပြုသူများ၍ လမ်းကြောင်း ချဲ့ထွင်ရန်လိုအပ်
Wednesday, April 30, 2014

တနင်္သာရီတိုင်း ဒေသကြီး မြိတ်-ရန်ကုန်လမ်းပိုင်းရှိ မြိတ်မြို့မှ ပုလောမြို့သို့ သွားရာလမ်းတွင် ရှိသော ရှောင်ကွင်းလမ်းမှာ ရှည်လျားကွေ့ဝိုက်၍ သွားရသော်လည်း အသုံးပြုသွားလာမှု များပြားလာကြောင်း သိရသည်။

''ယခု လက်ရှိမှာတော့ သမုတ်မြစ်ကူး ကူးတို့ကို အမြန်လို အရေးကြီးတဲ့ ခရီးသည်တွေနဲ့ အနီးနားက ဒေသခံ အနည်းအကျဉ်းလောက်ပဲ အသုံးပြု သွားနေကြပါတယ်။ သာမန်အားဖြင့်တော့ ခရီးဝေးပေမယ့် ရှောင်ကွင်း လမ်းကိုပဲ အသုံးပြုကြတယ်။ ခရီးသည်တင် မှန်လုံကားကြီးတွေနဲ့ အခြား ကုန်တင်ကားကြီး၊ ကားလေး တွေလည်း လက်ရှိမှာ ရှောင်ကွင်းလမ်းကိုပဲ အဓိကထား သွားလာ နေကြပါတယ်။ သမုတ်မှ လော့လော့ကို သမုတ်မြစ်ကူးဖို့ ဇက်နှင့်ကူးရင်တော့ ဇက်ကူးခ သောင်းချီပြီး ကုန်ကျပါတယ်။ တံတား ထိုးလိုက်ရင်တော့ ခရီး အနေအထားရော၊ အချိန်ရော အများကြီး သက်သာသွားမှာ ဖြစ်ပေမယ့် ရှောင်ကွင်းလမ်းတွင် ကျေးရွာ တော်တော်များများ ရှိနေပါတယ်။ ရှောင်ကွင်းလမ်းတွင် ဘုတ်-ပပြင်း-ဒေါ အပိုင်း ၁၃ မိုင် ၄ ဖာလုံနှင့် ဒေါ-ပင်းအို-ကဘင်းအပိုင်း ၁၁ မိုင် ၄ ဖာလုံကို ကွေ့ဝိုက်၍ သွားရပြီး လမ်းကောင်းသော်လည်း ကျဉ်းမြောင်းသည့် အတွက် ကားနှစ်စီးဆုံရာ နေရာများတွင် သွားလာရန် အခက်တွေ့ နေပါတယ်'' ဟု ခရီးသွား ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ရှောင်ကွင်းလမ်းမကြီးကို တိုးချဲ့ဖောက်လုပ် ပေး ပါက ဒေသခံ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာ မည် ဖြစ်ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

မြ၀တီ
တနင်္သာရီတိုင်း ဒေသကြီး မြိတ်-ရန်ကုန်လမ်းပိုင်းရှိ မြိတ်မြို့မှ ပုလောမြို့သို့ သွားရာလမ်းတွင် ရှိသော ရှောင် ကွင်းလမ်းမှာ ရှည်လျားကွေ့ဝိုက်၍ သွားရသော်လည်း အသုံးပြုသွားလာမှု များပြား လာကြောင်း သိရသည်။

မိခင်ဖြစ်သူမှရေဆွဲချခဲ့တဲ့ မွေးကင်းစကလေးအား အိမ်သာထဲမှ ပြန်လည်ကယ်တင်ခဲ့ရ

Photo: မိခင်ဖြစ်သူမှရေဆွဲချခဲ့တဲ့ မွေးကင်းစကလေးအား အိမ်သာထဲမှ ပြန်လည်ကယ်တင်ခဲ့ရ
Wednesday, April 30, 2014

ရေဆွဲအိမ်သာကနေ မိခင်ဖြစ်သူက ရေဆွဲချဖို့ ကြိုးစားခဲ့တဲ့ မွေးကင်းစ ကလေးငယ်တစ်ဦးကို တရုတ်ဆေးရုံတစ်ခုမှာ ကယ်တင်ခဲ့ရတယ်လို့ ဧပြီလ ၂၈ ရက်နေ့မှာ DailyMail က ဖော်ပြခဲ့ပါတယ်။

ကိုယ်ဝန်ရှိနေကြောင်း ကိုယ့်ကိုကိုယ် မသိဘူးလို့ဆိုတဲ့ ထိုအမျိုးသမီးဟာ ဗိုက်နာတာကြောင့် ဆေးရုံကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
သူမအိမ်သာကို သွားတဲ့အချိန်မှာ ကလေးထွက်လာခဲ့တာ လို့ဆိုပါတယ်။

တာဝန်ကျ ဆရာဝန် Gao Yuwen ရဲ့အဆိုအရ မနက် ၁ နာရီလောက်မှာ ဝရံတာက တစ်စုံတစ်ယောက်ရဲ့ အော်သံကို ကြားရတယ်လို့ဆိုပါတယ်။

“ကျွန်တော်လည်း ပြေးသွားတော့ အိမ်သာအပြင်ဘက်မှာ လူတွေစုနေတာ တွေ့ရတယ်။ မိန်းမတစ်ယောက်က တံခါးကို အတင်းထုပြီး အထဲကနေ တံခါးဖွင့်ဖို့ နောက်မိန်းမတစ်ယောက်ကို ပြောနေတယ်”
“သူက အိမ်သာထဲဝင်ပြီး သူ့ကိုသူ အထဲက လော့ခ်ချထားတာ။ နည်းနည်းလောက်ကြာတော့ အထဲက ကလေးငိုသံကြားရတယ်။ ကျွန်တော်လည်း တံခါးခေါက်ရင်း အထဲမှာ အဆင်ပြေရဲ့လားလို့ မေးတယ်“ လို့ Gao Yuwen က ပြောကြားခဲ့ပါတယ်။

တံခါးဖွင့်ခိုင်းလို့မရတာကြောင့် လုံခြုံရေးတစ်ယောက်က ရိုက်ချိုးဖွင့်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒေါက်တာ Gao က “ကလေးက တအားကိုငိုရင်း အိမ်သာအိုးထဲမှာ နစ်နေတာကို ကျွန်တော်တွေ့တယ်။ အချင်းကလည်း သူ့အမေနဲ့ဆက်လျက်ကြီး” လို့ဆိုပါတယ်။

ကလေးရော၊အမေရော အခြေအနေကောင်းပါတယ်တဲ့။

Credit: ဖိုးသူတော် (www.phothutaw.com)
ရေဆွဲအိမ်သာကနေ မိခင်ဖြစ်သူက ရေဆွဲချဖို့ ကြိုးစားခဲ့တဲ့ မွေးကင်းစ ကလေးငယ်တစ်ဦးကို တရုတ်ဆေးရုံတစ်ခုမှာ ကယ်တင်ခဲ့ရတယ်လို့ ဧပြီလ ၂၈ ရက်နေ့မှာ DailyMail က ဖော်ပြခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ပွဲမှာ ပြန်လည်ပါဝင်လာမည့် " ဘေးလ် "

Photo: ဘိုင်ယန်မြူးနစ်နဲ့ ပွဲမှာ ပြန်လည်ပါဝင်လာမည့် " ဘေးလ် "
Wednesday, April 30, 2014

စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်း တောင်ပံကစားသမား " ဘေးလ် " ဟာ အဖျား ဝေဒနာမှ ပြန်လည်သက်သာလာတာကြောင့်
လာမယ့်ကြားရက်မှာ ယှဉ်ပြိုင်ကစားမယ့် ဘိုင်ယန် မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အသက် ၂၄ နှစ်အရွယ် ဝေးလ်လက်ရွေးစင် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့တစ်ပတ်ခန့်က အဖျားဝေဒနာ စတင်ခံစားခဲ့ရတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ပွဲချိန်ပြည့်ပါဝင်မကစားနိုင်ပဲ ဒုတိယပိုင်းမှ လူစားဝင်ရောက် ကစားခဲ့တာ ဖြစ်ပါတယ်။
 
ဒါ့အပြင် ယခုတစ်ပတ်က အိုဆာဆူနာအသင်းကို (၄)ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာလည်း အသင်းအတွက် ပါဝင်ကစားနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ " ဘေးလ် " ဟာ အဖျားဝေဒနာမှ ပြန်လည်သက်သာ လာတာကြောင့် ဘိုင်ယန် မြူးနစ်အသင်းနဲ့ ချန်ပိယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ပြန်ပါဝင်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ " ဘေးလ် " ဟာ ယခုနှစ် ရာသီရီးရဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၄၀) ပါဝင်ကစားထားပြီး ဂိုး(၂၀)ထိ သွင်းယူထားတာဖြစ်သလို ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လည်း (၅)ဂိုးထိ သွင်းယူထားတာဖြစ်ကြောင်း သိရပါတယ်။
 
ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခုနှစ် အပါအ၀င် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို နောက်ဆုံး(၄)နှစ်မှာ (၄) ကြိမ်စလုံး တက်ရောက်နိုင်ခဲ့တာ ဖြစ်သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၉)ကြိမ်ထိ စံချိန်တင်ဗိုလ်စွဲကာ ပြိုင်ပွဲ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ယခုနှစ် ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပထမအကျော့မှာလည်း(၁)ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ (၁၀)ကြိမ်မြောက် ချန်ပီယံဆုကို ရရှိဖို့ မျှော်လင့်နေတာဖြစ်ကြောင်း သတင်းရရှိပါသည်။

MRTV-4
စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်း တောင်ပံကစားသမား " ဘေးလ် " ဟာ အဖျား ဝေဒနာ မှ ပြန်လည်သက်သာလာတာကြောင့် လာမယ့်ကြားရက်မှာ ယှဉ်ပြိုင်ကစားမယ့် ဘိုင်ယန် မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အသက် ၂၄ နှစ် အရွယ် ဝေးလ် လက်ရွေးစင် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့တစ်ပတ်ခန့်က အဖျားဝေဒနာ စတင်ခံစား ခဲ့ ရ တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ပွဲချိန်ပြည့်ပါဝင် မကစားနိုင်ပဲ ဒုတိယပိုင်းမှ လူစားဝင်ရောက် ကစားခဲ့တာ ဖြစ်ပါတယ်။

မိုးစက်ဝိုင်ကို သံတမန်အဖြစ် ခန့်အပ်လိုက်သည့် ဘန်ကောက်အဲဝေးစ် လေကြောင်းလိုင်း

ဘန်ကောက်လေကြောင်းလိုင်းကနေပြီးတော့ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် သံတမန်အဖြစ် မိုးစက်ဝိုင် 
Miss Universe Myanmar 2013 ကို ခန့်အပ်တဲ့ပွဲကို ဧပြီလ(၂၈)ရက်နေ့က ပါ့ခ်ရွိုင်ရယ် ဟိုတယ် မှာ ပြုလုပ်ခဲ့ပါတယ်။ ဘန်ကောက် လေကြောင်းလိုင်းများထဲက လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Bangkok Airways လေကြောင်းလိုင်းဟာ ၂၀၀၄ ခုနှစ်က မြန်မာပြည် The Golden Land ကို ပျံသန်းပြေး ဆွဲမှု စတင် ခဲ့ပြီးတော့ ၂၀၁၃ ခုနှစ်တွင် ဘန်ကောက် Airways လေကြောင်းလိုင်းက ဘန်ကောက်မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကို တိုက်ရိုက်ပျံသန်းပြေးဆွဲမှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကေအိုင်အိုက အစိုးရနဲ့ သီးသန့်ဆွေးနွေးလိုကြောင်း စာပို့

Photo: ကေအိုင်အိုက အစိုးရနဲ့ သီးသန့်ဆွေးနွေးလိုကြောင်း စာပို့
Wednesday, April 30, 2014

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာအပြင် ငြိမ်းချမ်းရေးကိစ္စတွေကို မြစ်ကြီးနားမြို့မှာ အစိုးရနဲ့ သီးသန့်ဆွေးနွေးလိုကြောင်း ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ 

မြန်မာငြိမ်းချမ်းရေးစင်တာ အထူးအကြံပေး ဦးလှမောင်ရွှေက အဲဒီလိုကမ်းလှမ်းမှုကို လက်ခံလိုက်ပြီး ဆွေးနွေးမယ့်ရက်ကို ညှိနှိုင်းနေဆဲလို့ ပြောပါတယ်။ 

သီးသန့်ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ Vijay Nambiar ၊ တရုတ်နိုင်ငံဆိုင်ရာ အာဆီယံအထူးအရာရှိ မစ္စတာ ဝမ်ယင်ဖန်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNFC၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး NCCT အဖွဲ့တွေကို လေ့လာသူအနေနဲ့ တက်ရောက်ဖို့ ဖိတ်ကြားသွားမယ်လို့ ကေအိုင်အိုက ပေးပို့တဲ့စာမှာပါရှိတယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

RFA Burmese
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာအပြင် ငြိမ်းချမ်းရေး ကိစ္စတွေကို မြစ်ကြီးနားမြို့မှာ အစိုးရနဲ့ သီးသန့်ဆွေးနွေးလိုကြောင်း ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

မိုက်ခရိုဆော့ဖ် အင်တာနက် Browser IE ကို အသုံးမပြုရန် အမေရိကန်အစိုးရ သတိပေး

Photo: မိုက်ခရိုဆော့ဖ် အင်တာနက် Browser IE ကို အသုံးမပြုရန် အမေရိကန်အစိုးရ သတိပေး
Wednesday, April 30, 2014

အမေရိကန်ပြည်ထောင်စု အင်တာနက် လုံခြုံရေး စောင့်ကြည့်အဖွဲ့က နာမည်ကျော် ဆော့ဖ်ဝဲ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ ထုတ်လုပ်သည့် အင်တာနက် Browser တစ်ခု ဖြစ်သော IE (Internet Explorer) ကို လုံခြုံရေးအတွက် အားနည်းချက်များ ရှိနေပြီး ဟက်ကာများ တိုက်ခိုက်နိုင်သဖြင့် အသုံးပြုရန် မသင့်ကြောင်း သတိပေးထားသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

အစိုးရကွန်ပျူတာ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ှ- US-CERT (Com-puter Emergency Response Team) သည် IE browser ထုတ်လုပ်ခဲ့သည့် hf version 6 မှ version 11 အထိ လုံခြုံမှု မရှိသောကြောင့် သုံးစွဲသူများ သတိထားကြရန် နှိုးဆော်ထားသည်။

လုံခြုံရေး ဌာနကလည်း လက်ရှိ IE Browser ကို အသုံးပြုနေသူများသည် အကာအကွယ်များ ပြုလုပ်ထားသင့်ကြောင်း၊ သက်ဆိုင်ရာ ကုမ္ပဏီအနေနှင့် အဆင့်မြှင့်မှုများ ပြုလုပ်ပြီး လုံခြုံစိတ်ချရပြီ ဖြစ်ကြောင်း အာမ မခံမချင်း မသုံးစွဲသင့်သေးကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

IE ကို "Operation Clandes-tine Fox" အမည်ပေးထားသော ဗိုင်းရပ်စ်တစ်မျိုးဖြင့် ဟက်ကာများကို တိုက်ခိုက် နေကြကြောင်း အင်တာနက် လုံခြုံရေး ဝန်ဆောင်မှုများ လုပ်ဆောင်နေသည့် FireEye ကုမ္ပဏီကလည်း အတည်ပြု ပြောကြားသည်။

မိုက်ခရိုဆော့ဖ် ကုမ္ပဏီ အနေနှင့် ယခင်ထုတ်ခဲ့သော ကွန်ပျူတာ လည်ပတ်ရေး စနစ်ဟောင်း ဖြစ်သည့် Windows XP ကို အထောက်အပံ့ အကူအညီ မပေးတော့ကြောင်း ကြေညာပြီးသည့် နောက်တွင် ယခုပေါ်ပေါက်ခဲ့ရသည့် ပြဿနာမှာ အကြီးကျယ်ဆုံး ဖြစ်ပြီး ယင်းစနစ်ကို သုံးစွဲနေသူများထံမှ တစ်ဆင့် လုံခြုံရေး အားနည်းမှုအပေါ် အခွင့်ကောင်းယူကာ ဟက်ကာများ တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း မိုက်ခရိုဆော့ဖ်က ပြောကြားသည်။

The Voice Weekly
အမေရိကန်ပြည်ထောင်စု အင်တာနက် လုံခြုံရေး စောင့်ကြည့်အဖွဲ့က နာမည်ကျော် ဆော့ဖ်ဝဲ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ ထုတ်လုပ်သည့် အင်တာနက် Browser တစ်ခု ဖြစ်သော IE (Internet Explorer) ကို လုံခြုံရေးအတွက် အားနည်းချက်များ ရှိနေပြီး ဟက်ကာများ တိုက်ခိုက်နိုင်သဖြင့် အသုံးပြုရန် မသင့်ကြောင်း သတိပေးထားသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

"စာကြည့်တိုက်ကို ကလေးတွေ ခေါ်သွားသင့်တဲ့ အကြောင်းရင်း"

Photo: "စာကြည့်တိုက်ကို ကလေးတွေ ခေါ်သွားသင့်တဲ့ အကြောင်းရင်း"
Wednesday, April 30, 2014

စာကြည့်တိုက်သို့ ပုံမှန်သွားဖြစ် သော မိဘများ အနေဖြင့် သားသမီးများ အား စာကြည့်တိုက်သို့ အတူခေါ်ယူ သွားသင့်ကြောင်း ပညာရှင်တို့က သုံး သပ် အကြံပြု ထားပါ တယ်။ ကလေးငယ် များကို စာကြည့်တိုက် သို့ ခေါ်ဆောင် သွားသင့်ကြောင်းကို အချက် ၅ ချက်ဖြင့် အကျဉ်းချုံး တင်ပြ ထားပါတယ်။

၁။ စာကြည့်တိုက်သို့ ပုံမှန်သွားခြင်းဖြင့် စာပိုဖတ်ဖြစ်မည်မှာ မလွဲတမ်းရမယ့် အားသာချက်ပါ။

၂။ သားသမီးများကို စာကြည့်တိုက် ခေါ်သွားခြင်းဖြင့် သင်ဝယ်ယူနိုင်သည် ထက် ပိုများသော စာအုပ်၊ မဂ္ဂဇင်း များနှင့် သူတို့ကို ထိတွေ့ခွင့် ရစေပါ လိမ့်မယ်။

၃။ စာကြည့်တိုက်က စာကြည့်တိုက်မှူး ဟာ သင်မသိတဲ့ သင် မတွေးမိတဲ့၊ ကလေးငယ်တွေ အတွက် သင့်တော်တဲ့ စာအုပ်၊ စာဖတ် နည်းလမ်းတွေကို အကြံ ပြုပေးနိုင် ပါတယ်။ အသက်အရွယ် အလိုက်၊ စာဖတ်သက် အလိုက် စာပေ ရသစုံကို ဖတ်ရှု ခံစားစေခြင်းဖြင့် အသိ ဥာဏ်နှင့် ဝေါဟာရကို ကြွယ်ဝ လာစေပါ လိမ့်မယ်။

၎။ စာကြည့်တိုက် အချိန်ဟာ ပျင်းရိစရာ ကောင်းမနေတော့ပါဘူး။ ကလေးတွေ အတွက် စာကြည့်တိုက် ဆိုတာ စာဖတ် ရတဲ့ နေရာထက် ပိုပါတယ်။ စိတ်ဝင် စားစရာ အရုပ်တွေ၊ စာအုပ်တွေ နဲ့ ဆော့ လို့ရတဲ့ နေရာပါ။ သူတို့ ပျော်ရွှင် ရပါ လိမ့်မယ်။

၅။ စာကြည့်တိုက် အဖွဲ့ဝင် ကတ် လုပ် ပေးထား လိုက်တာဟာ သင့်ကလေး ငယ် ကို တာဝန်ယူစိတ် စမွေးမြူစေနိုင်ပါလိမ့် မယ်။ ကလေး တစ်ယောက် အတွက် စာ ကြည့်တိုက် ကတ်ဟာ ဘဝ မှတ်တိုင်တစ် ခု ဖြစ်နေပါလိမ့်မယ်။

KYL 
Ref: 5 good reason to take your kids to the Library today.
Popular Myanmar News Journal
စာကြည့်တိုက်သို့ ပုံမှန်သွားဖြစ် သော မိဘများ အနေဖြင့် သားသမီးများ အား စာကြည့်တိုက်သို့ အတူခေါ်ယူ သွားသင့်ကြောင်း ပညာရှင်တို့က သုံး သပ် အကြံပြု ထားပါ တယ်။ ကလေးငယ် များကို စာကြည့်တိုက် သို့ ခေါ်ဆောင် သွားသင့်ကြောင်းကို အချက် ၅ ချက်ဖြင့် အကျဉ်းချုံး တင်ပြ ထားပါတယ်။

အမျိုးသားဝတ်စုံဖြင့်ဗိုလ်ချုပ်ကြေးရုပ်သွန်းလုပ်မည်

ဗိုလ်ချုပ်အောင်ဆန်းပညာသင် ကြားခဲ့သော မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် အခြားဒေသ များ ၌တွေ့ ရသော ဗိုလ်ချုပ်ရုပ်တု များနှင့်မတူသည့် အမျိုးသားဝတ်စုံ ဖြင့် ဗိုလ်ချုပ်ကြေးသွန်းရုပ်တုကို ထုလုပ် ရန် စီစဉ်လျက်ရှိကြောင်း ဗိုလ်ချုပ်ကြေးရုပ်သွန်းလုပ်မည့် ကော်မတီဝင်တစ်ဦးကပြောသည်။

ရုရှား လိုလားသည့် ခွဲထွက်ရေးသမားတွေ အစိုးရ အဆောက်အအုံတချို့ကို သိမ်းပိုက်

Photo: ရုရှား လိုလားသည့် ခွဲထွက်ရေးသမားတွေ အစိုးရ အဆောက်အအုံတချို့ကို သိမ်းပိုက်
Wednesday, April 30, 2014

ရာနဲ့ချီတဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေက ယူကရိန်းနိုင်ငံ ပြည်နယ် မြို့တော်တွေထဲက တခုမှာ ရှိတဲ့ အစိုးရ အဆောက်အဦကို ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့က မွှေနှောက်ခဲ့ပြီး ဒေသတွင်း ဌာနချုပ်ထဲမှာ ခြေကုပ်ယူထားတဲ့ ရဲတွေကိုလည်း ပစ်ခတ်ခဲ့ပါတယ်။

Pro-Russian armed men take cover behind a car near the local police headquarters in Luhanskအနောက်နိုင်ငံတွေက ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုအသစ် လုပ်ခဲ့ပေမယ့် ဒါဟာ တော်လှန်ရေးအတွင်း အကြီးစား အရှိန်မြင့်မှုလည်း ဖြစ်ပါတယ်။

ယူကရိန်းအရှေ့ဖျားပိုင်းက ရုရှားနဲ့ နယ်နမိတ်ချင်းထိနေတဲ့ လူဟန့်စ်ခရိုင်မှာ ခရိုင်အစိုးရ ရုံးချုပ်ကို ဆန္ဒပြသူတွေက ၀င်စီးခဲ့ပြီး အဆောက်အဦထိပ်မှာ ခွဲထွက်ရေးသမားတွေရဲ့ အလံကို လွှင့်ထူခဲ့သလို ရဲတွေကတော့ မတားဆီးခဲ့ပါဘူး။

ညဘက်မှာ သူပုန်သေနတ်သမား အယောက် ၂၀ လောက်က ဒေသတွင်း ရဲဌာနချုပ်ကို အော်တိုမက်တစ်သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပြီး အထဲကလူတွေ လက်နက်ချဖို့ ဖိအားးပေးခဲ့တယ်လို့ အခင်းဖြစ်ရာနေရာက ရိုက်တာစ်သတင်းဌာန ဓာတ်ပုံသတင်းထောက်က ပြောပါတယ်။

သူပုန်တွေက တရားရုံးနဲ့ ရုပ်သံလွှင့်ဌာနကိုပါ သိမ်းပိုက်ခဲ့ပြီး ဒီခွဲထွက်ရေးသမားတွေဟာ ဒန်ညက်စ်ခရိုင်အနီးတ၀ိုက်ကို အများကြီး ထိန်းချုပ်ပြီးသား ဖြစ်ပါတယ်။

လွတ်လပ်သော ဒန်ညက်စ် ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ကြောင်းနဲ့ မေ ၁၁ ရက်နေ့မှာ လူထုဆန္ဒခံယူပွဲ လုပ်မယ်လို့လည်း ကြေညာခဲ့ပါတယ်။

ဒီဗွီဘီ
ရာနဲ့ချီတဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေက ယူကရိန်းနိုင်ငံ ပြည်နယ် မြို့တော်တွေထဲက တခုမှာ ရှိတဲ့ အစိုးရ အဆောက်အဦကို ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့က မွှေနှောက်ခဲ့ပြီး ဒေသတွင်း ဌာနချုပ်ထဲ မှာ ခြေ ကုပ်ယူထားတဲ့ ရဲတွေကိုလည်း ပစ်ခတ်ခဲ့ပါတယ်။

HIV/AIDS တိုက်ဖျက်ရေး ယခုဘဏ္ဍာနှစ် ကျပ်လေးဘီလီယံကျော် သုံးမည်

ကျန်းမာရေး ဝန်ကြီးဌာန၏ HIV/AIDS တိုက်ဖျက်ရေး စီမံချက်အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ်လေး ဘီလီယံကျော် အသုံးပြုမည် ဖြစ်ကြောင်း National AIDS Program ၏ စီမံကိန်း မန်နေ ဂျာ ဒေါက်တာမြင့်ရွှေက The Voice သို့ ပြောကြားသည်။

ရခိုင်လူထု၏ လုံခြုံရေး တာဝန်ယူရန် အဆင်သင့် ရှိနေသည်ဟု ရက္ခိုင့်တပ်မတော် ဒုစစ်ဦးစီးချုပ်ဆို

ရခိုင် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန် အမြဲတမ်း အဆင်သင့် ရှိနေကြောင်း ကျောက်ဖြူမြို့ ၌ ဧပြီလ ၂၉ ရက်နေ့တွင် ကျင်းပသည့် ရခိုင် အမျိုးသားညီလာခံတွင် ရက္ခိုင့် တပ်မတော် (Arakan Army) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ပြောကြား သည်။

ပြင်ဦးလွင်မြို့၌ ၂ဝ၁၄ ခုနှစ် ကင်းထောက် မောင်မယ်များ တွေ့ဆုံပွဲနှင့် ကတိခံယူပွဲ ကျင်းပ

Photo: ပြင်ဦးလွင်မြို့၌ ၂ဝ၁၄ ခုနှစ် ကင်းထောက် မောင်မယ်များ တွေ့ဆုံပွဲနှင့် ကတိခံယူပွဲ ကျင်းပ
Wednesday, April 30, 2014

၂ဝ၁၄ ခုနှစ် ကင်းထောက် မောင်မယ်များ တွေ့ဆုံပွဲနှင့် ကတိခံယူပွဲကို ပြင်ဦးလွင်မြို့ ကန်တော်ကြီး ဥယျာဉ် မျှော်စင်ကျွန်း၌

ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ကင်းထောက်ကြီးများ၊ ကင်းထောက် မောင်မယ် အမျိုးသား ၂၄၄ ဦး၊ အမျိုးသမီး ၂၄၅ ဦး စုစုပေါင်း ၄၈၉ ဦး၊ အုပ်ချုပ်သူ ခြောက်ဦး ကြီးကြပ်ဆရာ၊ ဆရာမ ၇၈ ဦးနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အမျိုးသား ကင်းထောက်အလံနှင့် အမျိုးသမီး ကင်းထောက် အလံများကို လွှင့်တင်ကြပြီး ကင်းထောက် မောင်မယ်များက ကင်းထောက် ကတိ(၃)ပါးကို ရွတ်ဆို ကတိပြုကြသည်။

ဆက်လက်ပြီး မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ''ယနေ့လူငယ် နောင်ဝယ်လူကြီး'' ဆိုသည့် စကားနှင့်အညီ အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်တည်တံ့ နိုင်ရေးအတွက် လူငယ်များကို ပြုစု ပျိုးထောင်ပေးခြင်း လုပ်ငန်းထက် ပို၍ အရေးကြီးသော လုပ်ငန်းမရှိနိုင်ဟု ယုံကြည် ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကင်းထောက်မောင်မယ်များ က ဂါရဝပြု လက်ဆောင် ပေးအပ်ပြီး ''ပြည်သူ့ အတွက် အစဉ်အသင့်'' သီချင်းဖြင့် သီဆို ဖျော်ဖြေသည်။ ယင်းနောက် ဝန်ကြီးချုပ်က ကင်းထောက်မောင်မယ် များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ကင်းထောက်မောင်မယ် များသည် ပြင်ဦးလွင်တွင် စခန်းချ နေထိုင်နေစဉ် အတွင်း ပြည်သူ့အကျိုးပြု လုပ်ငန်းများ အဖြစ် အုပ်စုများခွဲ၍ မဟာအံ့ထူးကံသာ ဘုရား ပရဝုဏ်သန့် ရှင်းရေး ဆောင်ရွက်ခြင်း၊ ဘိုးဘွားရိပ်သာ အတွင်းအပြင် သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ဘိုးဘွားများ အား ပြုစုခြင်း၊ မျက်မမြင် ကျောင်းအတွင်း အပြင် သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ရေငယ်ကျေးရွာ အ.လ.က ကျောင်း တွင် သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်း၊ ရေငယ်ကျေးရွာ အတွင်း သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခြင်း ပြုလုပ်ကြ မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
၂ဝ၁၄ ခုနှစ် ကင်းထောက် မောင်မယ်များ တွေ့ဆုံပွဲနှင့် ကတိခံယူပွဲကို ပြင်ဦးလွင်မြို့ ကန်တော်ကြီး ဥယျာဉ် မျှော်စင်ကျွန်း၌ ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ကင်းထောက်ကြီးများ၊ ကင်းထောက် မောင်မယ် အမျိုးသား ၂၄၄ ဦး၊ အမျိုးသမီး ၂၄၅ ဦး စုစုပေါင်း ၄၈၉ ဦး၊ အုပ်ချုပ်သူ ခြောက်ဦး ကြီးကြပ်ဆရာ၊ ဆရာမ ၇၈ ဦးနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

ကမ္ဘာ့ အရှည်ဆုံးငြိမ်းချမ်းရေး အရိပ်အရောင်

နှစ်ပေါင်း (၆၀) ကျော်ကြာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ စစ်မီးလျှံကြီး ငြိမ်းသတ်တော့ မှာလား။ ဒီအတိုင်း တစ်ကယ်ဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ တစ်ခု နိဂုံးချုပ်နိုင်တော့မယ်လို့ ကြိုတင်မြင်ယောင်မိလေသောအခါ လက်တွေ့မှာ ဘယ်လိုအခက် အခဲတွေ ရှိနေကြအုံးမှာလဲ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူမူကြမ်းတွေလဲ ထုတ်ပြန် ပြီးပါပြီ။ မကြာမီ မေလ တတိယအပတ်မှာ ကျင်းပပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲလဲ ပြုလုပ်မှာဖြစ်ပါတယ်။ ဒါ့ပြင် မြန်မာ့နိုင်ငံရေးသမားတွေ အပါ အဝင် နိုင်ငံတကာ အသိုင်းအဝိုင်းတွေက မြန်မာရဲ့နိုင်ငံရေးကို စောင့်ကြည့်ပြီး သုံးသပ်နေတာထက် ပိုပြီး ဝင်ရောက်ပူးပေါင်းလာတာမျိုး မတွေ့ရသေးဘူး။ ဒါကို အားမလိုအားမရ ဖြစ်ရမှာလား၊ ဝမ်းသာ ရမှာလား။ အချို့ကတော့ မြန်မာ့ပြည်တွင်းရေး ပြသနာဟာ နိုင်ငံတကာ အစိုးရက ဖိအားပေး ဖြေရှင်း စေခြင်းကို လက်မခံနိုင်ကြသလို၊ အချို့ကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ့နိုင်ငံရေး ဒုက္ခ တွေကို စာနာမှုမဲ့ကြောင်း ဝေဖန်ကြပါတယ်။

အဝေးပြေးကားဝင်းတွင် ခရီးသည်တစ်ဦးထံမှ စိတ်ကြွဆေးနှင့် သေနတ်ဖမ်းမိ

ဒဂုံဧရာ အဝေးပြေးကားဝင်းအတွင်း ခရီးသည်တစ်ဦးထံမှ ပစ္စတိုလေသေနတ်တစ်လက်နှင့် စိတ်ကြွဆေြး ပား များ ဖမ်းမိကြောင်း သတင်းရရှိသည်။

ပြည်သူ့ဆေးရုံများတွင် အခြေခံဆေးဝါး ဝယ်ယူရေးအတွက် ကျပ်ဘီလီယံ ၁၆၀ သုံးစွဲမည်

ကျန်းမာရေးဝန်ကြီးဌာန လက်အောက် ပြည်သူ့ဆေးရုံများတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း စရိတ် မျှပေး ကျန်းမာရေးစနစ်အတွက် အခြေခံဆေးဝါးများ ဝယ်ယူရန် ကျပ်ဘီလီယံ ၁၆၀ သုံးစွဲမည် ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (ဘဏ္ဍာရေး) ဦးဝင်းဦးက The Voice သို့ ပြောကြားသည်။

KIAမှ ရှမ်းမျိုးနွယ်စုများအပေါ် လူမျိုးရေးပြသနာနှင့်လူ့အခွင့်အရေးများ ဖန်တီးချိုးဖောက်နေ

Photo: KIAမှ ရှမ်းမျိုးနွယ်စုများအပေါ် လူမျိုးရေးပြသနာနှင့်လူ့အခွင့်အရေးများ ဖန်တီးချိုးဖောက်နေ
Wednesday, April 30, 2014

မြန်ပြည်မြောက်ပိုင်း၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ဆင်ဘိုဒေသရှိ ရှမ်းမျိုးနွယ်စုများသည် မိမိတို့၏ စားဝတ် နေရေးအတွက် လုပ်ကိုင်စားသောက်ရန် အခက်အခဲ အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

၂၈-၄-၂၀၁၄နေ့ ဆင်ဘိုမြို့နယ်ခွဲ၊ ဆင်ဘိုမြို့တွင် နေထိုင်သည့် ဦးအောင်ပိုက်နှင့်ဦးမြင့်ဦး -ဦးဆောင်သော အဖွဲ့(၁၁)ဦးသည် မိမိတို့စားဝတ်နေရေးအတွက် ၀မ်းစာအတွက် ရှာဖွေလုပ်ကိုင်စားသောက်ရန် ဆင်ဘိုဒေသ ခေါက်ဆာကွင်းသို့ သွားကြရာတွင် KIA တပ်ရင်း(၅)၊ တပ်ကြပ်ကြီး လဂတ်တူး ဆိုသူ ဦးဆောင်သောအဖွဲ့သည် ယင်းဦးအောင်ပိုက်နှင့်ဦးမြင့်ဦး- ဦးဆောင်သော(၁၁)ဦးပါအဖွဲ့အား ဤနေရာ၌ မင်းတို့ရှမ်းတွေကို လာရောက်လုပ်ကိုင် စားသောက်ခွင့်မပြုကြောင်း၊ လာရောက်လုပ်ကိုင်စားသောက်ပါက အသက်အန္တရာယ်တွက် တာဝန်မယူကြောင်း၊ ရှမ်းလူမျိုးများကို ဤနေရာတွင် လာရောက်လုပ်ကိုင်စားသောက်ခွင့်မပြုကြောင်း၊ ကချင်လူမျိုးများကိုသာ လုပ်ကိုင် စားသောက်ခွင့်ပြုထားကြောင်း လက်နက်အားကို ခြိမ်းခြောက် မောင်းထုတ်ခဲ့သည်။

ဤကဲ့သို့ KIA တို့ ပြုမူဆောင်ရွက်နေခြင်းသည် လူမျိုးရေးခွဲခြား ဆက်ဆံနေကြောင်း၊ လက်နက်အားကို အနိုင်ကျင့်နေခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုတို့၏ လုပ်ပိုင်ခွင့် ရပိုင်ခွင့် အခွင့်အရေးများကိုလည်း ချိုးဖောက်နေခြင်း ဖြစ်ကြောင်းနှင့် KIA ဗိုလ်ချုပ်ဂွမ်မော်-က ကချင်နှင့်ရှမ်း ညီရင်းအစ်ကိုလို အတူယှဉ်တွဲနေထိုင်ရေးမူ ရှိပါတယ်လို့ အကြိမ်ကြိမ် အော်ပြောနေသော်လည်း လက်တွေ့တွင် အောက်ခြေ၌ ဒေသခံရှမ်းလူမျိုးများအား ဖိနှိပ်ချုပ်ချယ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ဆက်ကြေးကောက်ခံလျက်ရှိခြင်း၊ တပ်သားသစ်များကို အဓမ္မဖမ်းဆီးလျှက်ရှိခြင်း၊ လူ့အခွင့်အရေးများ ချိုးဖောက်နေခြင်း စသည့်လုပ်ရပ်များကို ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း ယင်းဒေသခံများမှ ပြောကြားခဲ့သည်။

ဦးစိုင်းသာဇုံ
Credit To:ဧရာဝတီမြစ်ဖျားဆီက
မြန်ပြည်မြောက်ပိုင်း၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ဆင်ဘိုဒေသရှိ ရှမ်းမျိုးနွယ်စုများသည် မိမိတို့၏ စားဝတ် နေရေးအတွက် လုပ်ကိုင်စားသောက်ရန် အခက်အခဲ အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေကြ ရသည်။

အရှိန်မထိန်းနိုင်သောယာဉ် ချောက်ထဲသို့ထိုးကျတိမ်းမှောက်၍ ၁၃ ဦးသေ၊ ၂၂ ဦးဒဏ်ရာရ

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူ-မုံးကျွတ်- မုံးထသွား ကားလမ်းပေါ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်နေ ဖိုးဇော် (၂၉)နှစ်မောင်းနှင်လာသော ၈ဌ/xxxxxလေးလုံးထိုး ထော်လာဂျီယာဉ်သည် မုံးထ-မုံးကျွတ်မှ နားကောင်းမူ သို့ပြန်လာစဉ် ရေပူစမ်းအနီး၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် အနက်(၁၅)ပေရှိ ချောက် အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။

မြန်မာ - တရုတ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်မြင့်သည် တရုတ်ကွန်မြူ နစ်ပါတီ ယူနန်ပြည်နယ်ကော်မတီ ဒုတိယအတွင်းရေးမှူး H.E.Mr.Qiu He ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ဧပြီ ၂၈ ရက် ညနေ ၃ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏမှာ နှစ်စဉ်တိုးတက်နေကြောင်း၊ ယင်းကဲ့သို့တိုးတက်ရေး

အိုဘားမားက ဖိလစ်ပိုင်ကို အကာအကွယ်ပေးခဲ့ပြီး တရုတ်ကို သတိပေး

Photo: အိုဘားမားက ဖိလစ်ပိုင်ကို အကာအကွယ်ပေးခဲ့ပြီး တရုတ်ကို သတိပေး
Wednesday, April 30, 2014

အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဖိလစ်ပိုင်ကို စစ်ရေးအရ အခိုင်အမာ ထောက်ပံ့မည်ဟု ကတိပြုခဲ့ပြီး နယ်မြေအငြင်းပွားမှုကို ဖြေရှင်းရာ၌ အင်အားသုံးခြင်း မပြုရန် ဧပြီ ၂၉ ရက်တွင် တရုတ်ကို သတိပေးချက် အသစ်တစ်ရပ် ထပ်မံပြုလုပ်ခဲ့သည်။

လေးနိုင်ငံ အာရှခရီးစဉ် နောက်ဆုံးနေ့တွင် မနီလာမြို့၌ အမေရိကန်နှင့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များကို အိုဘားမားက မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ရာတွင် ဒေသတွင်း၌ တရုတ်နှင့်အမေရိကန်၏ မဟာမိတ်ဖြစ်သော ဖိလစ်ပိုင်နိုင်ငံတို့အကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခြင်းနှင့် ပတ်သက်၍ တင်းမာမှုများ မြင့်တက်လာသည့်အပေါ် စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

“နိုင်ငံတွေနဲ့ ပြည်သူတွေမှာ လုံခြုံစွာနဲ့ ငြိမ်းချမ်းစွာ နေထိုင်ရဖို့ သူတို့ရဲ့ အချုပ်အခြာနဲ့ နယ်မြေပိုင်ဆိုင်မှုကို လေးစားခံရဖို့ အခွင့်အလမ်းရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ နိုင်ငံတကာဥပဒေကို လိုက်နာရမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ထိန်းသိမ်းပြီး ကူးသန်းရောင်းဝယ်မှုကို နှောင့်ယှက်မှု မပြုလုပ်ရပါဘူး။ အငြင်းပွားမှုတွေကို အင်အားမသုံးဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းရမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းငယ်လေးများ၊ သန္တာကျောက်တန်းများ၊ ကျောက်ဆောင်များနှင့် ပတ်သက်၍ တရုတ်နှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားလျက် ရှိသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များ အများအပြား ရှိနေသည်ဟု ယုံကြည်ရသော တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို တရုတ်က ၎င်းတို့ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောကြားခဲ့ရာ အိမ်နီးချင်းနိုင်ငံများနှင့်  နီးကပ်စွာတည်ရှိသော ရေပြင်များနှင့် အခြားအရာများလည်း ပါဝင်သည်။ ဖိလစ်ပိုင်သည် ဒေသတွင်း၌ စစ်ရေးအရ အားအနည်းဆုံး နိုင်ငံတစ်ခုဖြစ်ပြီး တရုတ်သည် ဖိလစ်ပိုင်နှင့် အငြင်းပွားနေသော နယ်မြေများကို ထိန်းချုပ်ရန်အတွက် စစ်ရေးအရနှင့် သံတမန်ရေးအရ ဖိအားပေးမှုများ တိုးမြှင့်လာနေသောကြောင့် ဖိလစ်ပိုင်က သူ၏ရေရှည် မဟာမိတ် အမေရိကန်ကို အကူအညီ တောင်းခံထားသည်။

Ref:AFP
Eleven Media Group 

ဧပြီ ၂၉ ရက်တွင် မနီလာမြို့ရှိ ဖို့ဒ်ဘော်နီဖာဆီယိုစခန်း၌ အမေရိကန်နှင့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များကို မိန့်ခွန်းပြောနေသော အမေရိကန်သမ္မတ အိုဘားမား (Photo:AFP)
ဧပြီ ၂၉ ရက်တွင် မနီလာမြို့ရှိ ဖို့ဒ်ဘော်နီဖာဆီယိုစခန်း၌ အမေရိကန်နှင့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များကို မိန့်ခွန်းပြောနေသော အမေရိကန် သမ္မတ အိုဘားမား (Photo:AFP)

အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဖိလစ်ပိုင်ကို စစ်ရေးအရ အခိုင်အမာ ထောက်ပံ့မည်ဟု ကတိပြုခဲ့ပြီး နယ်မြေအငြင်းပွားမှုကို ဖြေရှင်းရာ၌ အင်အားသုံးခြင်း မပြုရန် ဧပြီ ၂၉ ရက်တွင် တရုတ်ကို သတိပေးချက် အသစ်တစ်ရပ် ထပ်မံပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာနိုင်သည့် အဆောက်အအုံများနှင့် ပို့ဆောင်ရေးပိုင်းဆိုင်ရာ များစွာလိုအပ်နေ

မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာနိုင်သည့် အဆောက် အအုံများနှင့် ပို့ဆောင်ရေးပိုင်း ဆိုင်ရာများ များစွာ လိုအပ်နေသေးကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း တည်ထောင်သူ ဦးမြတ်သူဝင်းက ပြောကြားသည်။

ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးတွင် ခုံးကျော် တံတားများနှင့် ဆက်စပ်နေသည့် မီးပွိုင့်စနစ်များ ပြန်လည် သုံးသပ်မည်

Photo: ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးတွင် ခုံးကျော် တံတားများနှင့် ဆက်စပ်နေသည့် မီးပွိုင့်စနစ်များ ပြန်လည် သုံးသပ်မည်
Wednesday, April 30, 2014

ရန်ကုန်မြို့တော် အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ လျှော့ချနိုင်ရန် လှည်းတန်း ခုံးကျော်တံတား၊ ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတား သုံးစင်းတို့ကို ၂ဝ၁၃ ခုနှစ်အတွင်း ဖွင့်လှစ် ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်လျက် ရှိသည့်အတွက် ယင်း ခုံးကျော်တံတား များနှင့် ဆက်စပ်နေသည့် မီးပွိုင့်စနစ်များ ကို ပြန်လည်သုံးသပ်၍ ပြင်ဆင်မှုများ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

အထူးသဖြင့် လှည်းတန်း ခုံးကျော်တံတား စတင် အသုံးပြုချိန်မှ စတင်ကာ ယာဉ်ကြောပိတ်ဆို့မှု များပြား နေသော ဟံသာဝတီ အဝိုင်းကို ဖျက်သိမ်း၍ မီးပွိုင့်စနစ် ပြောင်းလဲရန် ရှိသော်လည်း လက်ရှိတွင် မီးပွိုင့်နှင့် အဝိုင်းပတ်စနစ် နှစ်မျိုးစလုံးကို သုံးစွဲနေကြောင်း သိရသည်။

ယင်းအတွက် ဟံသာဝတီအဝိုင်းကို ဖျက်သိမ်း၍ မီးပွိုင့်စနစ် ပြောင်းလဲရန် ယာဉ်သွားလာမှု စစ်တမ်း ကောက်ယူခြင်းကို နှစ်လ ထပ်တိုး ပြုလုပ် မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) မှ သိရသည်။

ဟံသာဝတီအဝိုင်း အနီးတစ်ဝိုက်တွင် ယာဉ်သွားလာမှု အစီးရေ ကောက်ယူခြင်း လုပ်ငန်းကို ဇန်နဝါရီလမှ စတင်ကာ သုံးလကြာ ကောက်ယူခဲ့သော်လည်း အချက်အလက်များ ပိုမိုခိုင်မာစေရန် နှစ်လ ထပ်တိုး ကောက်ယူရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

''ခုံးကျော် တံတားတွေနဲ့ ဆက်စပ်နေတဲ့ မီးပွိုင့်တွေကြောင့် ယာဉ်ကြော ပိတ်ဆို့မှုကို ပိုမို ဖြစ်စေတယ်ဆိုတဲ့ စစ်တမ်းတွေ၊ အဖြေတွေ ထွက်ခဲ့ရင် မီးပွိုင့်တွေကို ဝေးဝေး ချဲ့ထုတ်ရမှာပေါ့။ တစ်ခါတလေမှာ မီးပွိုင့်ကြောင့် ယာဉ်တန်းဟာ ခုံးကျော်တံတား အလယ်အထိ ရောက်သွား တာမျိုး ရွှေဂုံတိုင်မှာ တွေ့နေရတယ်။ လှည်းတန်းမှာလည်း ဖြစ်တတ်တာ ရှိတယ်'' ဟု မြို့ပြ အင်ဂျင်နီယာ တစ်ဦးက ပြောကြားခဲ့သည်။

မြ၀တီ
ရန်ကုန်မြို့တော် အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ လျှော့ချနိုင်ရန် လှည်းတန်း ခုံးကျော်တံတား၊ ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတား သုံးစင်းတို့ကို ၂ဝ၁၃ ခုနှစ်အတွင်း ဖွင့်လှစ် ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည့်အတွက် ယင်းခုံးကျော်တံတားများနှင့် ဆက်စပ်နေ သည့် မီးပွိုင့်စနစ်များ ကို ပြန်လည်သုံးသပ်၍ ပြင်ဆင်မှုများ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ အရန်ပိုက်လိုင်းဖြတ်သန်း၍ ပျက်စီးခဲ့သည့် ယာမြေနှင့် သီးနှံများအတွက် လျော်ကြေးမရသေးသောကြောင့် ငဖဲမြို့နယ် တောင်သူများ ဆန္ဒပြမည်

Photo: တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ အရန်ပိုက်လိုင်းဖြတ်သန်း၍ ပျက်စီးခဲ့သည့် ယာမြေနှင့် သီးနှံများအတွက် လျော်ကြေးမရသေးသောကြောင့် ငဖဲမြို့နယ် တောင်သူများ ဆန္ဒပြမည်
Wednesday, April 30, 2014

တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ အရန်ပိုက်လိုင်းဖြတ်သန်း၍ ပျက်စီးခဲ့သော ယာမြေနှင့် သီးနှံများအတွက် လျော်ကြေးမရသေးသောကြောင့် မကွေးတိုင်း ငဖဲမြို့နယ် ဂုတ်ကြီးဒေသမှ တောင်သူ ၂၀၀ ခန့် မေ ၃ ရက်တွင် မင်းဘူး-အမ်း ကားလမ်းပေါ်ရှိ ဂုတ်ကြီးကျေးရွာ၌ ဆန္ဒထုတ်ဖော်မည်ဟု သိရသည်။

အရှိုချင်းလူမျိုး အများစုနေထိုင်ရာ ငဖဲမြို့နယ်မှ ဂုတ်ကြီးကျေးရွာ အပါအ၀င် တောင်ပေါ်ကျေးရွာ ၁၀ ရွာ အုပ်စုအတွင်းရှိ ဥယျာဉ်မြေများပေါ်မှ အဆိုပါ သဘာဝဓာတ်ငွေ့ အရန်ပိုက်လိုင်း ဖြတ်သန်း တည်ဆောက်ခဲ့မှုကြောင့် လိမ္မော်၊ ကော်ဖီ၊ ငှက်ပျော စသည့်သီးနှံများ အပါအ၀င် စိုက်ပျိုးမြေများလည်း ပျက်စီးခဲ့ကြောင်း၊ ယခင်နှစ်မိုးရာသီက ယင်းပိုက်လိုင်းမှ ဖို့မြေများ ပြိုဆင်းမှုကြောင့် မင်းဘူး -အမ်းကားလမ်းတွင် လမ်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကာ တောင်ပေါ်ကျေးရွာများမှ သောက်သုံးရေအတွက် အမှီပြုရသည့် သဘာဝစမ်းချောင်းအချို့လည်း သဲထိုး၍ ရေကြောကမ်းခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသောကြောင့် နိုင်ငံတော်သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ထံ သီးနှံနှင့် စိုက်ပျိုးမြေ ပျက်စီးခဲ့ရသည့် ဒေသခံတောင်သူများ စုပေါင်းလက်မှတ်ရေးထိုး၍ ၂၀၁၃ ခုနှစ်က တင်ပြခဲ့ကြောင်း၊ ထို့အပြင် ၂၀၁၄ ခုနှစ် မတ် ၁၈ ရက်နေ့စွဲဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ထပ်မံတင်ပြခဲ့သော်လည်း သက်ဆိုင်ရာ ဌာနများမှ ညှိနှိုင်းဆောင်ရွက်ပေးခြင်း မရှိခဲ့သောကြောင့် ဆန္ဒပြရန် စီစဉ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“ပျက်စီးခဲ့တဲ့ ကျွန်တော်တို့ သီးနှံတွေနဲ့ မြေတွေအတွက် လျော်ကြေးမပေးသေးပေမယ့် ၂၀၁၃ နှစ်ကုန်ပိုင်းလောက်တုန်းက ပိုက်လိုင်းဖြတ်သန်းထားတဲ့ မြေတွေကို စိုက်ပျိုးမြေကနေ အခြားမြေအဖြစ်သုံးဖို့ မူရင်းပိုင်ရှင်တွေက ကန့်ကွက်ရင် ကန့်ကွက်နိုင်တယ်ဆို မြေစာရင်းဌာနက စာပို့ခဲ့တာရှိတယ်။ အဲဒါကိုလည်း တောင်သူတွေက ကန့်ကွက်ခဲ့ပါတယ်။ အခုက တကယ်ပျက်စီးခဲ့တာတွေအတွက် လျော်ကြေးလုံးဝ မရသေးတဲ့အပြင် ပျက်စီးခဲ့တဲ့ မြေတွေပေါ် ရေရှည်မှာ ဘာမှစိုက်မရတော့မှာမို့ ဆန္ဒပြကြမှာပါ။ ခွင့်ပြုမိန့်လည်း တင်ထားပါတယ်” ဟု ဂုတ်ကြီးကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ ပျက်စီးမှုများနှင့်ပတ်သက်၍ ငဖဲမြို့နယ် အုပ်ချုပ်ရေးမှူးထံ The Daily Eleven သတင်းစာမှ ၂၀၁၃ ခုနှစ်က မေးမြန်းခဲ့စဉ်က တောင်သူများက ပျက်စီးမြေများအား လိမ်လည်ပြောဆိုသည်များ ရှိသောကြောင့် အမှန်တကယ် ပျက်စီးမှုများအား စိစစ်နေဆဲဖြစ်ကြောင်း ဖြေကြားခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်အတွင်းက ဒေသခံတောင်သူများက ၎င်းထံမေးမြန်းခဲ့ရာတွင်လည်း အမှန်တကယ် ပျက်စီးမှုများအား စိစစ်ဆဲဖြစ်ကြောင်း၊ အမှန်တကယ် ပျက်စီးမှုများအတွက် လျော်ကြေးငွေပေးမည်ဟု ပြောကြားခဲ့သော်လည်း ယနေ့ထိ လျော်ကြေးမရသေးကြောင်း သိရသည်။

Eleven Media Group 

ငဖဲမြို့နယ် နတ်ရေကန်တောင်ကြောပေါ်မှ တရုတ်ပိုက်လိုင်း ထပ်တွန်း စက်ရုံတစ်ခု
ငဖဲမြို့နယ် နတ်ရေကန်တောင်ကြောပေါ်မှ တရုတ်ပိုက်လိုင်း ထပ်တွန်း စက်ရုံတစ်ခု

တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ အရန်ပိုက်လိုင်းဖြတ်သန်း၍ ပျက်စီးခဲ့သော ယာမြေနှင့် သီးနှံများ အတွက် လျော်ကြေးမရသေးသောကြောင့် မကွေးတိုင်း ငဖဲမြို့နယ် ဂုတ်ကြီးဒေသမှ တောင်သူ ၂၀၀ ခန့် မေ ၃ ရက်တွင် မင်းဘူး-အမ်း ကားလမ်းပေါ်ရှိ ဂုတ်ကြီးကျေးရွာ၌ ဆန္ဒထုတ်ဖော်မည်ဟု သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မြန်မာမှ ကျွန်းသစ်လုံး၊ သစ်မာလုံးများ အပါ အ၀င် သစ်တောထွက်ပစ္စည်း စံချိန်တင် ဒေါ်လာတစ်ဘီလျံနီးပါး အထိ ပြည်ပ တင်ပို့ခဲ့

Photo: ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မြန်မာမှ ကျွန်းသစ်လုံး၊ သစ်မာလုံးများ အပါ အ၀င် သစ်တောထွက်ပစ္စည်း စံချိန်တင် ဒေါ်လာတစ်ဘီလျံနီးပါး အထိ ပြည်ပ တင်ပို့ခဲ့
Wednesday, April 30, 2014

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ကျွန်းသစ်လုံး၊ သစ်မာလုံးများအပါအ၀င် သစ်တောထွက်ပစ္စည်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၄၇ ဒသမ ၈၀၈ သန်းဖိုးအထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။
    
ကျွန်းသစ်လုံး၊ ကျွန်းသစ်ခွဲသား၊ သစ်မာလုံး၊ သစ်မာခွဲသား၊ သစ်ပါးလွှာနှင့် အထပ်သား၊ အခြားသစ်တောထွက်ပစ္စည်းများအား ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၉၁၆ ဒသမ ၃၉၂ သန်းဖိုးနှင့် နယ်စပ်စခန်းများမှ ၃၁ ဒသမ ၄၁၆ သန်းဖိုးအထိ တင်ပို့ခဲ့သည်။
    
ပြည်ပသို့ အများဆုံးတင်ပို့ခဲ့သည့် သစ်တောထွက်ပစ္စည်းမှာ ကျွန်းသစ်လုံးဖြစ်ပြီး ၆၃၈ ဒသမ ၃၇၇ သန်းဖိုးအထိ တင်ပို့ခဲ့ကြောင်း သိရှိရသည်။ ကျွန်းသစ်ခွဲသားများအား တန်ချိန်ပေါင်း ၃၄၃၂၈ တန်အထိ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၅၅၂ သန်းဖိုးအထိ တင်ပို့ခဲ့ကြောင်း သိရသည်။
    
သစ်မာလုံးများအား ပြည်ပသို့တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှတင်ပို့ခဲ့ပြီး စုစုပေါင်း တန်ချိန် ၅၉၀၀၀၀ ကျော်အထိ တင်ပို့ခဲ့ကာ ၂၂၂ ဒသမ ၂၆၁သန်းအထိ တင်ပို့ခဲ့ကြောင်း သိရသည်။ သစ်မာခွဲသား တန်ချိန် ကိုးထောင်ကျော်နှင့် သစ်ပါးလွှာနှင့် အထပ်သားတန်ချိန် ၁၈၀၀၀ ကျော်ကိုလည်း တင်ပို့ခဲ့ကြောင်း သိရသည်။

သစ်တောပြုန်းတီးမှုများပြားသည့် မြန်မာနိုင်ငံတွင် မတ် ၃၁ ရက်မှစတင်ကာ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ခြင်းအား တားမြစ်ပြီးနောက် မြန်မာနိုင်ငံအတွင်း၌ သစ်အခြေခံ ပရိဘောဂလုပ်ငန်းများ လုပ်ကိုင်ရန် ပြည်ပနိုင်ငံများမှ စိတ်ဝင်တစား စုံစမ်းမှုများရှိနေကြောင်း

သစ်တောပြုန်းတီးမှုများပြားသည့် မြန်မာနိုင်ငံတွင် မတ် ၃၁ ရက်မှစတင်ကာ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ခြင်းအား တားမြစ်ပြီးနောက် မြန်မာနိုင်ငံအတွင်း၌ သစ်အခြေခံ ပရိဘောဂလုပ်ငန်းများ လုပ်ကိုင်ရန် ပြည်ပနိုင်ငံများမှ စိတ်ဝင်တစား စုံစမ်းမှုများရှိနေကြောင်းလည်း သိရသည်။
    
မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်မှုများအား အစိုးရသစ်လက်ထက်တွင် အများဆုံးခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အစိုးရသစ်သက်တမ်း သုံးနှစ်အကြာဖြစ်သည့် ယခုနှစ် ဧပြီ ၁ ရက်မှစတင်၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့ခြင်းအား ရပ်ဆိုင်းရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။
    
မြန်မာနိုင်ငံတွင်၂၀၀၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း တရားမ၀င်သစ်တင်ပို့မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလျံ နှင့် ညီမျှသည့် ကုဗမီတာ ၁၆ ဒသမ ၅ သန်းခန့်ရှိကြောင်း သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA) ၏ "အချက်အလက်ခြစားမှု" အစီရင်ခံစာအရ သိရသည်။
    
အဆိုပါအစီရင်ခံစာတွင် မြန်မာအစိုးရက ၁၅ နှစ်အတွင်း ထုတ်ပြန်ထားသည့်  သစ်လုံးထုတ်လုပ်မှုနှင့် သစ်တင်ပို့မှုအချက်အလက်များနှင့် ကမ္ဘာ့ကုန်သွယ်မှု အချက်အလက်များအား ခြားနားထားခြင်းဖြစ်ပြီး ၁၃ နှစ်ကာလအတွင်း တရားမ၀င်သစ်တင်ပို့မှုပမာဏများသည် အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ၍ ကွာဟနေကြောင်း ဖော်ပြထားသည်။
    
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် သစ်ထုတ်လုပ်မှုဆိုင်ရာ မှတ်တမ်းများသည် နိုင်ငံတကာသစ်ကုန်သွယ်မှုများ၏ ၂၈ရာခိုင်နှုန်းသာရှိနေသည့်အတွက် မြန်မာနိုင်ငံ၏ တရားမ၀င်သစ်တင်ပို့မှု ရာခိုင်နှုန်းသည် ၇၂ ရာခိုင်နှုန်းအထိ ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
    
ပြည်တွင်းသစ်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့သစ်လုပ်ငန်း (MTE) က စီမံခန့်ခွဲလုပ်ကိုင်လျက်ရှိပြီး ပြီးခဲ့သည့် ၁၄ နှစ်အတွင်း ယင်းဌာနမှ ခွင့်ပြုချက်ရယူထားခြင်းမရှိသော သစ်ထုတ်လုပ်မှုပမာဏသည် သစ်ကုဗမီတာ ရှစ်သန်းနှင့် ညီမျှကြောင်း ရာခိုင်နှုန်းအားဖြင့် နိုင်ငံတကာသို့ အမှန်တကယ်တင်ပို့ခဲ့သည့် သစ်များ၏ ၆၂ ရာ ခိုင်နှုန်းအထိရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
    
ထို့ပြင် ယူနန်နှင့် သစ်ကုန်သွယ်မှုအပါအ၀င် တရားမ၀င်သစ်တင်ပို့မှု တန်ဖိုးသည် တစ်နှစ်လျှင်ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၄၁၃ သန်းခန့်ရှိနေပြီး EIA မှ ရရှိထားသည့် အချက်အလက်များအရ မြန်မာအစိုးရပြောဆိုနေသော တိုင်းရင်းသားနယ်မြေများအတွင်းမှ တရားမ၀င်သစ်ထုတ်ယူမှု ဖြစ်ပေါ်နေသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း EIA တွင် ဖော်ပြထားသည်။

Eleven Media Group 

ပြည်ပတင်ပို့ရန် သီလ၀ါဆိပ်ကမ်း ဧရိယာအတွင်း ထားရှိသော သစ်လုံးများအား ၂၀၁၃ ခုနှစ်အတွင်းက တွေ့ရစဉ်
ပြည်ပတင်ပို့ရန် သီလ၀ါဆိပ်ကမ်း ဧရိယာအတွင်း ထားရှိသော သစ်လုံးများအား ၂၀၁၃ ခုနှစ်အတွင်းက တွေ့ရစဉ်

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ကျွန်းသစ်လုံး၊ သစ်မာလုံးများအပါအ၀င် သစ်တောထွက်ပစ္စည်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၄၇ ဒသမ ၈၀၈ သန်းဖိုးအထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။

သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်းနှင့် နယူးဇီလန် သံအမတ်ကြီးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း မစ္စတာရိုရှိဟိကိုနိုဒနှင့် နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Anthony John Lynch တို့အား ဧပြီ ၂၉ ရက်က နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြောင်း ဧပြီ ၂၉ ရက်ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားတွင် သတင်းဖော်ပြချက်အရ သိရသည်။

အရှေ့ယူကရိန်း လူဟန့်စ်မြို့တိုက်ခိုက်ခံရ

Photo: အရှေ့ယူကရိန်း လူဟန့်စ်မြို့တိုက်ခိုက်ခံရ
Wednesday, April 30, 2014

ယူကရိန်း ရှိ ရုရှ လိုလားတဲ့ အုပ်စုတွေ က အရှေ့ ယူကရိန်း ရှိ လူဟန့်စ် မြို့ က အစိုးရ ရုံးတွေ ကို ဝင်ရောက် စီးနင်း အပြီး မှာ ရဲဌာန ကို လည်း ရိုင်ဖယ်တွေ ပစ်ခတ် တိုက်ခိုက် ကြပါတယ်။မြို့ခံ ရဲ အဖွဲ့ က တုံ့ပြန် ခုခံမှု မရှိကြပါဘူး။

အခုလို မြို့ခံ ရဲ အဖွဲ့ က တုံ့ပြန် ခုခံမှု မရှိတဲ့ အတွက် အရှေ့ဘက်ဒေသ က လုံခြုံရေး ရဲဝန်ထမ်း အများစု ဟာ ပြည်သူတွေ ကို ကာကွယ် နိုင်စွမ်း မရှိလို့ ဒေါနက်စ် နဲ့ လူဟန့်စ် မြို့မှာ လုံခြုံရေး တပ်ဖွဲ့ အကြီးအကဲ အသစ်တွေ ထပ်မံ ခန့်အပ် လိုက်ပါပြီ။ အယ်လ်ဖါ လို့ အမည်ပေးထားတဲ့ အထူးတပ်ဖွဲ့ သစ် ဖြစ်ပါတယ်။ ဒါအပြင်၊ ဒေါနက်စ် နဲ့ လူဟန့်စ် မြို့တွေ က ပြည်ထဲရေး ဆိုင်ရာ အကြီးအကဲတွေ ကို ရာထူး က ဖြုတ်ဖို့ ပြည်ထဲရေး ဝန်ကြီးဌာန ကို တောင်းဆို လိုက်ပါပြီ လို့ ယာယီသမ္မတ အိုလက်ဇန်းဒါး တူချီနော့ဖ် က ပြောပါတယ်။

ယူကရိန်း အရှေ့ဘက် က မြို့တွေ ကို စီးနင်းသိမ်းပိုက်မှု တွေ နဲ့ ပတ်သက်ပြီး ရုရှ အစိုးရ ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဂျွန်ကယ်ရီ က ထပ်မံ သတိပေး လိုက်ပါတယ်။ ရုရှအနေနဲ့ ရွေးချယ်စရာ လမ်းတွေ ရှိပါတယ်။ ယူကရိန်းနိုင်ငံ ငြိမ်းချမ်းပါစေ။ ခိုင်မာတဲ့ ယူကရိန်း နိုင်ငံ ဖြစ်အောင်၊ အမေရိကန် နဲ့ လက်တွဲ ဖန်တီးပေးကြရအောင်ပါ။ ယူကရိန်းဟာ ကျားကွက် နယ်ရုပ် မဟုတ်ပါဘူး။ အရှေ့နဲ့ အနောက်ကြား မှာ တွန်းလိုက် ဆွဲလိုက် ခံနေရတဲ့ နိုင်ငံ အစား၊ နှစ်ဘက် စီးပွားရေး ပေါင်းကူးပေးတဲ့ အနေအထားဖြစ်ပါစေ။ အမေရိကန်နဲ့ မဟာမိတ်တွေ ကတော့ ယူကရိန်း ဘက် ကနေ ရပ်တည် အားပေး သွားမှာဘဲ လို့ မစ္စတာ ကယ်ရီ က ပြောတာပါ။

ပြီးခဲ့တဲ့ ရက်က အမေရိကန် ဘက်ကနေ ရုရှ အစိုးရ အရာရှိ တွေ နဲ့ စီးပွားရေး ကုမ္ပဏီ တွေ အပေါ် ဒဏ်ခတ် ပိတ်ဆို့မှု ကျယ်ကျယ်ပြန့်ပြန့် လုပ်သလို လန်ဒန် မှာ ပြုလုပ်တဲ့ အမေရိကန် ဥရောပ သမဂ္ဂ နဲ့ ယူကရိန်း နှီးနှောဖလှယ်ပွဲ မှာ ဖြုတ်ချခံ ယူကရိန်း ဝန်ကြီးချုပ် ဗစ်တာ ယာနူကိုဗစ်ခ်ျ ၊ နိုင်ငံတော် ဘဏ္ဍဍာတွေ ဘီလီယံ ရာနဲ့ချီပြီး ခိုးထုတ် သွားတာ ကို ဖေါ်ထုတ် အရေးယူရေး ဆွေးနွေးကြပါတယ်။ တကယ်တော့ လက်တွေ့ မှာ မလွယ်ပါဘူး။ အမေရိကန် ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဟာ ဥရောပ သမဂ္ဂ နဲ့ စာရင် ထိရောက်မှု ရှိပေမဲ့ ရုရှဘက် ကလည်း တုံပြန်ဉီးမှာ မို့ နှစ်ဘက်ကြားမှာ စစ်အေးကာလ အတွင်း မှာ ဖြစ်သလို သံကလကာ ပြန်ပေါ် နိုင်တဲ့ အကြောင်း ဘီဘီစီ သံတမန်ရေးရာ သတင်းထောက် က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ယူကရိန်း ရှိ ရုရှ လိုလားတဲ့ အုပ်စုတွေ က အရှေ့ ယူကရိန်း ရှိ လူဟန့်စ် မြို့ က အစိုးရ ရုံးတွေ ကို ဝင်ရောက် စီးနင်း အပြီး မှာ ရဲဌာန ကို လည်း ရိုင်ဖယ်တွေ ပစ်ခတ် တိုက်ခိုက် ကြပါတယ်။မြို့ခံ ရဲ အဖွဲ့ က တုံ့ပြန် ခုခံမှု မရှိကြပါဘူး။

ငါးဖမ်းသင်္ဘော အတွက် လူကုန်ကူးသူ ထောင်ချ

Photo: ငါးဖမ်းသင်္ဘော အတွက် လူကုန်ကူးသူ ထောင်ချ
Wednesday, April 30, 2014

အာဖရိက ကမ်းလွန်က ငါးဖမ်းသင်္ဘော တွေမှာ ကျေးကျွန်လို ခိုင်းစေဖို့ ရာနဲ့ချီ လူကုန်ကူးခဲ့တဲ့ ထိုင်ဝမ် အမျိုးသမီး တဦးကို ထောင် ၁ဝ နှစ် ချလိုက်တယ်လို့ ကမ္ဘောဒီယားက လာတဲ့ သတင်းတွေက ဆိုပါတယ်။

အဲဒီလို ကျေးကျွန်လို အလုပ်လုပ်ခဲ့ရသူတွေ ကမ္ဘောဒီယားကို ပြန်ရောက်လာပြီး တိုင်ကြားမှုတွေ ဖြစ်ခဲ့ပြီးနောက် လင်ယူရှင် လို့ အမည်ရတဲ့ ဒီအမျိုးသမီးကို မနှစ်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လင်ယူရှင်ဟာ Giant Ocean လို့ခေါ်တဲ့ အလုပ်ရှာဖွေရေး အေဂျင်စီကို ကမ္ဘောဒီးယား မှာ တရားဝင် မှတ်ပုံတင် ဖွင့်လှစ် ထားတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
အာဖရိက ကမ်းလွန်က ငါးဖမ်းသင်္ဘော တွေမှာ ကျေးကျွန်လို ခိုင်းစေဖို့ ရာနဲ့ချီ လူကုန်ကူးခဲ့တဲ့ ထိုင်ဝမ် အမျိုးသမီး တဦးကို ထောင် ၁ဝ နှစ် ချလိုက်တယ်လို့ ကမ္ဘောဒီယားက လာတဲ့ သတင်းတွေက ဆိုပါတယ်။

ပြည်သူ့ သံတမန်ရေးရာ ကန်-ဒုဝန်ကြီး မြန်မာ့ မီဒီယာ လွတ်လပ်ခွင့် တိုးတက်ရေး တိုက်တွန်း

Photo: ပြည်သူ့ သံတမန်ရေးရာ ကန်-ဒုဝန်ကြီး မြန်မာ့ မီဒီယာ လွတ်လပ်ခွင့် တိုးတက်ရေး တိုက်တွန်း
Wednesday, April 30, 2014

မြန်မာနိုင်ငံတွင်း သတင်းသမားအချို့ ဖမ်းဆီးထောင်ချ ခံရမှုတွေကို စိုးရိမ်မကင်း ဖြစ်မိပြီး၊ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေမှာ မီဒီယာ လွတ်လပ်ခွင့်ကို ရှေ့တိုး ဆောင်ရွက်သွားဖို့ လိုလားတယ်လို့ အမေရိကန် ပြည်ထောင်စု ပြည်သူ့ သံတမန်ရေးရာ ဒုနိုင်ငံခြားရေး ၀န်ကြီး Richard Stengel က ပြောဆိုပါတယ်။

မြန်မာနိုင်ငံကို ရောက်ခဲ့တဲ့ သူ့နှစ်ရက်တာ ခရီးစဉ်ဟာ သတင်းမီဒီယာ လွတ်လပ်ခွင့် အပါအ၀င် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အားပေးထောက်ခံဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ရန်ကုန်ရုံးခွဲကနေ ကိုသားညွန့်ဦး က သတင်းပေးပို့ထားပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ပြည်သူ့သံတမန်ရေးရာ ဒုနိုင်ငံခြားရေးဝန်ကြီး Stengel ဟာ ဒီကနေ့ နေပြည်တော်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ သူ့ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အားပေးဖို့ဖြစ်သလို၊ ဆက်ပြီး လုပ်ဆောင်စရာ ကျန်ရှိနေတာတွေကိုလည်း ထောက်ပြ တွန်းအားပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ၊ မီဒီယာလွတ်လပ်ခွင့်ပေးတာ၊ ဆင်ဆာစနစ် ဖျက်သိမ်းတာအပါအ၀င် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အမေရိကန် ပြည်ထောင်စုအနေနဲ့ အားပေးထောက်ခံတယ်ဆိုတာကို မြန်မာအစိုးရ တာဝန်ရှိသူတွေကို ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မီဒီယာဖိနှိပ်မှုတွေ ဆက်ကျန်ရှိနေတဲ့အပေါ်မှာ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

“တချိန်တည်းမှာပဲ လုပ်ဆောင်စရာတွေ အတော်ကျန်ပါသေးတယ်။ သတင်းထောက်တွေကို ထောင်ချတာ၊ ပစ်မှတ်ထား အရေးယူ ဖမ်းဆီးတာတွေအပေါ်မှာ စိုးရိမ်မကင်း ဖြစ်ရပါတယ်။ သတင်းမီဒီယာဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ၊ သတင်းမီဒီယာနဲ့ဆိုင်တဲ့ ဥပဒေအရ လွတ်လပ်ခွင့်ပေးတာတွေ ဆက်လုပ်သွားတာကို မြင်တွေ့လိုပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးနဲ့ ဒီကနေ့ တွေ့ဆုံစဉ်မှာ ပြောဆိုဆွေးနွေးခဲ့ပါတယ်။ အဆင့်နှစ်ဆင့် ဆောင်ရွက်သွားဖို့ ကိစ္စဖြစ်ပါတယ်။ တစ်ခုကတော့ လွတ်လပ်ခွင့်ပေးတာတွေ ဆက်လုပ်သွားဖို့နဲ့၊ တချိန်တည်းမှာ သတင်းသမားတွေကို ဖိနှိပ်မှုတွေ ရပ်တန့်ဖို့ ကိစ္စဖြစ်ပါတယ်။”

မစ္စတာ Stengel ဟာ သတင်းသမားအချို့ ဖမ်းဆီးခံရတဲ့ကိစ္စ၊ ပြင်ပ သတင်းမီဒီယာ သမားတွေကို ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်တဲ့ကိစ္စအပါအ၀င် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ စိုးရိမ်မှုတွေကို ပြန်ကြားရေးဝန်ကြီးကို ပြောဆိုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ သတင်းမီဒီယာ ဖွံ့ဖြိုးရေး အပါအ၀င် ပညာရပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် မြန်မာလူငယ်တွေကို ပညာတော်သင်ဆုတွေ လေ့လာရေး အစီအစဉ်တွေ တိုးမြှင့်ဆောင်ရွက်နေတယ်လို့ မစ္စတာ Stengel က သတင်းအယ်ဒီတာတွေနဲ့ သီးခြားတွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာပိုင်းက အကြီးတန်း အယ်ဒီတာတချို့နဲ့လည်း သတင်းစာ ရှင်းလင်းပွဲ မလုပ်ခင် သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့တာပါ။ သူ့ကိုယ်တိုင် သတင်းအယ်ဒီတာ တဦးဖြစ်ခဲ့တဲ့ မစ္စတာ Stengel အနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေကို ရှင်းပြသလို၊ မြန်မာနိုင်ငံဘက်က သတင်းလွတ်လပ်ခွင့်ဆိုင်ရာ စိန်ခေါ်ချက်တွေ အခက်အခဲတွေကို နားထောင်ခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာလည်း လူထုရဲ့ဆန္ဒဟာ အခရာကျပြီး၊ လူထုရဲ့ဆန္ဒ သဘောထား ထင်ဟပ်ဖို့ လိုတယ်လို့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ဆက်နွယ်ပြီး သတင်းထောက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“လူထုအနေနဲ့ သူတို့ဆန္ဒအတိုင်း ဖွဲ့စည်းပုံအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရစေဖို့ ကျနော်တို့ လိုလားထောက်ခံပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာဟာလည်း လူထုရဲ့ ဆန္ဒအတိုင်း ဖြစ်ဖို့လိုပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သီးသန့် ပြောဆိုစရာမရှိပေမဲ့လို့၊ ဒါဟာ မြန်မာလူထု ဆန္ဒအတိုင်း ဖြစ်ဖို့လိုပါတယ်။ မြန်မာလူထုအနေနဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်လိုတယ်ဆိုတာ အတော့်ကို စိတ်ဆန္ဒ ရှိနေပုံ ရပါတယ်။ ဒါဟာ ပြည်တွင်းမှာ ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ လူထုဆန္ဒအတိုင်း ဖွဲ့စည်းပုံပြင်ဆင်မှုကို ထောက်ခံအားပေးပါတယ်။”

မစ္စတာ Stengel ဟာ မနေ့ကတော့ ရန်ကုန်မြို့မှာ အမေရိကန် နိုင်ငံခြားရေးဌာနက စီစဉ်တဲ့ ပညာရေးနဲ့ အတွေ့အကြုံဖလှယ်ရေး အစီအစဉ်မှာ ပါဝင်ခဲ့သူ မြန်မာလူငယ်တွေနဲ့ တွေ့ဆုံခဲ့သလိုပဲ မြန်မာလူငယ် စွန့်ဦးလုပ်ငန်းရှင်တွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ရှိလာပြီးနောက် မြန်မာ-အမေရိကန် ဆက်ဆံရေးတွေ တိုးမြင့်လာချိန်မှာ အမေရိကန် အစိုးရပိုင်းကရော လွှတ်တော်ဘက်က တာဝန်ရှိသူတွေပါ မကြာမကြာ မြန်မာနိုင်ငံကို လာရောက်နေပါတယ်။

မကြာခင်ကပဲ အာရှ-ပစိဖိတ်ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel မြန်မာနိုင်ငံကို လာရောက်ခဲ့ပါသေးတယ်။ လာမယ့် နိုဝင်ဘာ အရှေ့အာရှ ထိပ်သီးညီလာခံ တက်ဖို့လည်း သမ္မတအိုဘားမား မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေပါတယ်။ အခု မစ္စတာ Stengel ခရီးစဉ်ကတော့ အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား ပြည်သူချင်း ဆက်ဆံမှု ပိုပြီးအားကောင်းလာဖို့ ရည်ရွယ်တဲ့ ခရီးစဉ်ဖြစ်တယ်လို့ သိရပါတယ်။

ကိုသားညွန့်ဦး (ဗွီအိုအေ မြန်မာပိုင်း)

အမေရိကန် ပြည်ထောင်စု ပြည်သူ့ သံတမန်ရေးရာ ဒုနိုင်ငံခြားရေးဝန်ကြီး Richard Stengel ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
အမေရိကန် ပြည်ထောင်စု ပြည်သူ့ သံတမန်ရေးရာ ဒုနိုင်ငံခြားရေးဝန်ကြီး Richard Stengel ရန်ကုန်မှာ သတင်းစာရှင်းလင်း ပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

မြန်မာနိုင်ငံတွင်း သတင်းသမားအချို့ ဖမ်းဆီးထောင်ချ ခံရမှုတွေကို စိုးရိမ်မကင်း ဖြစ် မိပြီး၊ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေမှာ မီဒီယာ လွတ်လပ်ခွင့်ကို ရှေ့တိုး ဆောင်ရွက်သွားဖို့ လိုလား တယ်လို့ အမေရိကန် ပြည်ထောင်စု ပြည်သူ့ သံတမန်ရေးရာ ဒုနိုင်ငံခြားရေး ၀န်ကြီး Richard Stengel က ပြောဆိုပါတယ်။

ကမ်းသာယာက တပ်သိမ်းမြေတွေ ပြန်ပေးမယ်

Photo: ကမ်းသာယာက တပ်သိမ်းမြေတွေ ပြန်ပေးမယ်
Wednesday, April 30, 2014

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဌ ဦးရွှေမန်းက စစ်တပ်က သိမ်းထားတဲ့ လယ်တွေကို ပြန်ပေးမယ်လို့ ရခိုင် ပြည်နယ် တောင်ပိုင်း ဂွမြို့မှာ ပြောပါတယ်။

ဂွမြို့နယ် ကမ်းသာယာ ကို ရောက်လာစဉ် တပ်သိမ်း မြေတွေ ပြန်ပေးမယ်လို့ ဦးရွှေမန်း ပြောသွားပေမယ့် အရင်ကလည်း လယ်တွေ ပြန်ပေးမယ် လို့ အာဏာပိုင်တွေ အကြိမ်ကြိမ် ပြောပြီး တကယ် ရောက်မလာခဲ့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

ကမ်းသာယာနဲ့ ဆပ်သွားမှာ စစ်တပ်က သိမ်းထားတဲ့ လယ်မြေဧက တထောင်ကျော် ရှိပါတယ်။

သိမ်းထားတဲ့ မြေတွေပေါ်မှာ တပ်က ဘာအဆောက်အဦမှ မဆောက်တဲ့ အတွက် လယ်သမား တွေက သူတို့ကို ပြန်လုပ်ကိုင် စားသောက်ခွင့် ပေးဖို့ တောင်းဆို နေကြတာ ဖြစ်ပါတယ်။

ကမ်းသာယာ ကမ်းခြေ ခရီးသွား လုပ်ငန်း လုပ်ဆောင်ဖို့ ဦးရွှေမန်းနဲ့ အတူ ခမည်းခမက် ဦးခင်ရွှေ ဦးဆောင်တဲ့ စီးပွားရေး သမားတွေ လိုက်ပါ လာပါတယ်။

ဦးရွှေမန်းဟာ ကျောက်ဖြူက ရခိုင် အမျိုးသားညီလာခံ နောက်ဆုံးနေ့ မေလ ၁ ရက် နေ့မှာ မိန့်ခွန်း ပြောမှာ ဖြစ်ပါတယ် ။

ဘီဘီစီ (မြန်မာပိုင်း)
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဌ ဦးရွှေမန်းက စစ်တပ်က သိမ်းထားတဲ့ လယ်တွေကို ပြန်ပေးမယ်လို့ ရခိုင် ပြည် နယ် တောင်ပိုင်း ဂွမြို့မှာ ပြောပါတယ်။

MH370အား ဝေဟင်မှ ရှာဖွေမှု လုပ်ငန်းစဉ်များကို စတင်ရပ်ဆိုင်း


MH370အား ဝေဟင်မှ ရှာဖွေမှု လုပ်ငန်းစဉ်များကို စတင်ရပ်ဆိုင်း Boeing 777 အမျိုးအစား လေယာဉ် သည် မတ်လ (၈)ရက်နေ့ ကတည်းက လူပေါင်း (၂၃၉)ဦးကို တင်ဆောင်ကာ ကွာလာလမ်ပူမှ ထွက်ခွာ သွားပြီးနောက် ကမ္ဘာ့လူသားများ မြင်ကွင်းမှ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။

Tuesday 29 April 2014

ရခိုင်ပြည်နယ် သန်းခေါင်စာရင်းတချို့ ပြန်ကောက်ရေး ဆွေးနွေး

Photo: ရခိုင်ပြည်နယ် သန်းခေါင်စာရင်းတချို့ ပြန်ကောက်ရေး ဆွေးနွေး 
Tuesday, April 29, 2014

ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ခံခဲ့ရာ မှာ ကုဒ်နံပါတ် ၉၁၄ ဖြည့်စွက်ရေးနဲ့ပတ်သက်ပြီး စာရင်းမသွင်းနိုင်ဘဲ ချန်လှပ်ခဲ့ရတဲ့ ဒေသတွေမှာ သန်ခေါင်စာရင်း ပြန်လည်ကောက်ခံနိုင်ရေး အတွက် ပြည်ထောင်စုအစိုးရ
ကိုယ်စားလှယ်တွေနဲ့ ဘူးသီးတောင်၊ မောင်တောမြို့တွေက မွတ်စလင်
ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။

သန်းခေါင်စာရင်းပုံစံစာရွက်မှာ အခြားလူမျိုးအမည်ကို ကိုယ်စားပြုတဲ့ ကုဒ်နံပါတ် ၉၁၄ ရဲ့ ဘေးကွက်လပ် မှာ မိမိတို့ရဲ့ လူမျိုးအမည်ကို လွတ်လပ်စွာရေးသား ခွင့်ပြုထားပေမဲ့၊ အဲဒီကွက်လပ်နေရာမှာ ရိုဟင်ဂျာ လို့ ရေးသား ခွင့် မပြုဖို့ ရခိုင်တိုင်းရင်းသားတွေဘက်က သပိတ်မှောက် ကန့်ကွက်
ခဲ့ကြတာကြောင့် အစိုးရက ရိုဟင်ဂျာ အဖြစ် ထည့်သွင်းကောက်ခံလိုသူတွေကို 
ချန်လှပ် ထားခဲ့တာဖြစ်ပါတယ်။

ဘူးသီးတောင်၊ မောင်တောအပါအဝင် တချို့နေရာတွေမှာ သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာအဖြစ် ထည့်သွင်းလို သူ တွေကို စာရင်းမကောက်ခံပဲ ချန်လှပ်ထား
ခဲ့ရပါတယ်။ ဒါကြောင့် ချန်လှပ် ထားခဲ့ရတဲ့ မူဆလင်တွေကို ကုဒ်နံ ပါတ် ၉၁၄ ရဲ့ ဘေးကွက်လပ်မှာ ဘာတစ်ခုမှ မရေးသွင်းဘဲ ကွက်လပ်အတိုင်း ထားပြီး ဆွေးနွေးမှုအပေါ် မွတ်စလင်တွေဘက်က မေလ ၅ ရက်နေ့ နောက်ဆုံးထားပြီး လက်ခံမယ်ဆိုရင် မွတ်စလင်တွေအတွက် သန်ခေါင် စာရင်းကို ပြန်လည်ကောက်ခံသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

"မနေ့က လ.ဝ.က ဒုဝန်ကြီးလာပြီးတော့ ဘူးသီးတောင်၊မောင်တောမှာ ဆွေးနွေးတယ် ၊ဆွေးနွေးတယ် ဆိုတော့ သူတို့က အစိုးရလည်း ဘင်္ဂါလီလို့ ထည့်မယ်ဆိုတဲ့အခါကျတော့လည်း သူတို့က မဟုတ်ဘူးပေါ့ ၊တခါ ရိုဟင်ဂျာဆိုတာလည်း ငါရိုဟင်ဂျာဆိုတာလည်း ဘယ်ကဆင်းလာတာလည်း
ဆိုတာ တချို့လူတွေ ကမသိဘူး၊ အခုနောက်လ ၅ ရက်နေ့ကိုကောက်ဖို့ စီစဉ်နေတယ်၊ ဘယ်လိုကောက်မလဲတော့ အဖြေတစ်ခုတော့ထွက်လာပါမယ်"

ဒါပေမယ့် မွတ်စလင်အချို့က ဘင်္ဂါလီလူမျိုးအဖြစ် စာရင်းပေးသွင်းခဲ့တာတွေ
ရှိသလို၊ ဧပြီလ ၁ဝ ရက်နေ့ နောက်ပိုင်း မှာလည်း ဘင်္ဂါလီလူမျိုးအမည်နဲ့ စာရင်းလာသွင်းသူ ၆ဝဝဝ ကျော်ရှိတယ်လို့လည်း ဗဟိုသန်ခေါင်စာရင်း ကြီးကြပ်ရေး ကော်မတီက ပြောဆိုခဲ့ပါတယ်။

RFA Burmese
ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ခံခဲ့ရာ မှာ ကုဒ်နံပါတ် ၉၁၄ ဖြည့်စွက်ရေးနဲ့ပတ်သက်ပြီး စာရင်း မသွင်းနိုင်ဘဲ ချန်လှပ်ခဲ့ရတဲ့ ဒေသတွေမှာ သန်ခေါင်စာရင်း ပြန်လည်ကောက်ခံနိုင်ရေး အတွက် ပြ ည်ေ ထာ င်စု အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဘူးသီးတောင်၊ မောင်တောမြို့တွေက မွတ်စလင် ခေါင်းဆော င်တွေ တွေ့ ဆုံဆွေးနွေးခဲ့ ကြပါတယ်။

ပြီးပြည့်စုံပြီး ဒီမိုကရေစီကျတဲ့ အခြေခံ ဥပဒေဖြစ်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် အသက်

မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သော မြန်မာနိုင်ငံသားတစ်ဦးအဖြစ် နေထိုင်ကြီးပြင်းခွင့်ရခဲ့သည်မှာ အသက် (၆၀) ပင်ကျော်ခဲ့ပြီ ဖြစ်သည်။ အတွေ့အကြုံပေါင်းများစွာကိုလည်း ရရှိခဲ့ဖူးပြီဖြစ်ပါ သည်။ ကျောင်းသား ဘ၀ကနေ ၀န်ထမ်း၊ ၀န်ထမ်းဘ၀ကနေ အငြိမ်းစားယူ ၊ အငြိမ်းစားယူပြီး ကိုယ်ပိုင်စီးပွားရေးလုပ်နေရင်း ကြီးပွားချမ်းသာ ချင်သောစိတ်ထက် သေဖို့ရက်ကို စောင့်ရနေရပြီဟူသော အသိစိတ်ပြောင်းလဲလာခဲ့သည်။ သို့သော် ရှိနေသော စည်းစိမ်ဥစ္စာတွေကို တည်မြဲတိုးပွားရန်နှင့် သားသမီးများအား အမွေအဖြစ် ခွဲဝေပေးချင်သော စိတ်ကလည်း ရှိနေဆဲဖြစ်ပါ၏။ စီးပွားဥစ္စာရှာရင်း တစ်ဖက်ကလည်း နောင်သံသရာ အတွက် အလှူဒါနပြုကာ ဘာဝနာပွားများ လိုသောအလေ့အကျင့်လည်း ရှိနေပါပြီ။

အာဆီယံစံနှုန်းမီ မူကြိုကျောင်း(၁၈)ကျောင်း တည်ဆောက်မည်

Photo: အာဆီယံစံနှုန်းမီ မူကြိုကျောင်း(၁၈)ကျောင်း တည်ဆောက်မည် (28.4.14)
Tuesday, April 29, 2014

မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး(၁၈)ခုတွင်အာဆီယံစံနှုန်းနှင့် ကိုက်ညီသောကျောင်းအခြေပြု မူကြိုကျောင်း(၁၈)ကျောင်းကိုတည်ဆောက် သွားရန်ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု ကျောင်းအခြေပြုမူကြို အဆင့်မြှင့်တင်ရေးဆွေးနွေးပွဲမှ သိရသည။ 

တစ်နိုင်ငံလုံးမြိုရွာများတွင် ယခုလိုမူကြိုကျောင်းများဖွင့်လှစ်နိုင်
ရန်အတွက်ပဏာမအနေနှင့် တည်ဆောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရှိရပြီးမူကြိုဆိုတာကျောင်းသား ကလေးများအတွက်အဓိကအရေးကြီးသောအခြေခံကျောင်းဖြစ်ပြီး

မူကြိုကျောင်းများကို အာဆီယံနိုင်ငံများ၏ စံနှုန်းနှင့် ကိုက်ညီလာအောင် ယခုလိုလုပ်ဆောင်ရခြင်းဖြစ်ကြောင်းနှင့် မူကြိုကျောင်းတွင် ကလေးများကျောင်းတက်ချင်စိတ် ရှိလာရန်နှင့် ယခုလိုမူကြိုများက အရည်အချင်းပြည့်ဝသော အနာဂတ်မျိုးဆက်သစ်လူငယ်များဖြစ်လာအောင်
ပြုစုပျိုးထောင်ပေးရမည်ဖြစ်သည်ဟု ရန်ကုန်ပညာရေးကောလိပ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ခင်မျိုးမြင့်ကြူက ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

SkyNet TV Browser
မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး(၁၈)ခုတွင်အာဆီယံစံနှုန်းနှင့် ကိုက်ညီသောကျောင်း အခြေ ပြု မူ ကြိုကျောင်း (၁၈)ကျောင်းကိုတည်ဆောက် သွားရန်ဆွေးနွေးမှုများပြုလုပ်ခဲ့သည် ဟု ကျောင်း အခြေပြုမူကြို အဆင့်မြှင့်တင်ရေးဆွေးနွေးပွဲမှ သိရသည်။

ဟင်္သာတတွင် လေပြင်းဒဏ်ကြောင့် အိမ်ခြေ တစ်ရာခန့် ပြိုကျပျက်စီး


ဟင်္သာတမြို့နယ်ရှိ ခြင်ဘို့ ကျေးရွာအုပ်စုတွင် ဧပြီလ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲက တိုက်ခတ်ခဲ့ သည့် လေပြင်းဒဏ်ကြောင့် မိနစ် သုံးဆယ်ခန့်အတွင်း ကျေးရွာ ရှစ်ရွာမှ အိမ်ခြေ တစ်ရာခန့် ပြိုကျ ပျက်စီးခဲ့ကြောင်း ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဒုတိယဦးစီးမှူး ဦးဝင်းဇော်ဦးက ပြောကြားသည်။

သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ဒေသများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်း

Photo: သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ဒေသများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်း
Tuesday, April 29, 2014

သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ပြည်နယ်၊ တိုင်းဒေသကြီး အချို့ရှိ ရပ်ကွက်၊ ကျေးရွာများသို့ တပ်မတော်သားများက သောက် သုံးရေများ ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ဇေယျာသီရိမြို့နယ် တဲကုန်းကျေးရွာသို့ သောက်သုံးရေ ၁၆ဝဝ ဂါလန် အားလည်းကောင်း၊ ဒိုးပင်ခုံကျေးရွာသို့ သောက်သုံးရေ ၄၂၃၅ ဂါလန်အား လည်းကောင်း၊ ရွှေတွင်းကုန်း ကျေးရွာသို့ သောက်သုံးရေ ၁၇ဝဝ ဂါလန်အား လည်းကောင်း၊

အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော် သားများက ဧပြီ ၂၇ ရက်တွင် ကော့ထော်ကျေးရွာသို့ သောက်သုံးရေ ၁၂၈ဝဝ ဂါလန်နှင့် ၅ ဂါလန်ဝင် ရေသန့်ဘူးကြီး ၃၅ဝ ဘူးအားလည်းကောင်း၊ ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ အောင်သာယာ ရပ်ကွက်သို့ သောက်သုံးရေ ၁၅၂ဝဝ ဂါလန်အား လည်းကောင်း၊ မုဒုံမြို့နယ် ကတုံးပေါ် ကျေးရွာနှင့် ဘလောက်-ညောင်ဝိုင်း ကျေးရွာများသို့ သောက်သုံးရေ ၆၄ဝဝ ဂါလန်နှင့် ၅ ဂါလန်ဝင် ရေသန့် ဘူးကြီး ၃ဝဝ ဘူးတို့အား လည်းကောင်း သွားရောက်ဖြန့်ဝေ လှူဒါန်းပေးသည်။

ထို့အတူ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ယနေ့နံနက်ပိုင်းတွင် ကျောက်ဖြူမြို့နယ် ရေနံတောင် ကျေးရွာသို့ သောက်သုံးရေ ၁၅ဝဝ ဂါလန်၊ ဘူးသီးတောင်မြို့နယ် ဒုံးသိမ်ကျေးရွာသို့ သောက်သုံးရေ ၁၁ဝဝ ဂါလန်နှင့် မြောက်ဦးမြို့နယ် အောင်မင်္ဂလာရပ်ကွက်သို့ သောက်သုံးရေ ၁၅ဝဝ ဂါလန်၊ ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာသို့ သောက်သုံးရေ ၇၄ဝ ဂါလန်၊ အမ်းမြို့နယ် ကြောင်ဖြူကွင်း ကျေးရွာသို့ သောက်သုံးရေ ၂၁ဝဝ ဂါလန် စုစုပေါင်း သောက်သုံးရေ ၆၉၄ဝ ဂါလန်အား လည်းကောင်း၊

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့နယ် ဘောင်းကြီးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ နေပူကုန်းကျေးရွာ၊ ရေတာရှည်မြို့နယ် စိမ့်ဝိုင်း ကျေးရွာ၊ အုတ်တွင်းမြို့နယ် တောက်တဲ့ကျေးရွာများသို့ သောက်သုံးရေ ၆၅ဝဝ ဂါလန်အား လည်းကောင်း သွားရောက်ဖြန့်ဝေ လှူဒါန်းပေးသည်။

အဆိုပါ သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ရပ်ကွက်၊ ကျေးရွာများသို့ သောက်သုံးရေ လိုအပ်ချက် အပေါ် မူတည်၍ တပ်မတော်သားများက ဆက်လက်ပေးပို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ
သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ပြည်နယ်၊ တိုင်းဒေသကြီး အချို့ရှိ ရပ်ကွက်၊ ကျေးရွာများသို့ တပ်မတော်သားများက သောက် သုံးရေများ ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ဇေယျာသီရိမြို့နယ် တဲကုန်းကျေးရွာသို့ သောက်သုံးရေ ၁၆ဝဝ ဂါလန် အားလည်းကောင်း၊ ဒိုးပင်ခုံကျေးရွာသို့ သောက်သုံးရေ ၄၂၃၅ ဂါလန်အား လည်းကောင်း၊ ရွှေတွင်း ကုန်း ကျေးရွာသို့ သောက်သုံးရေ ၁၇ဝဝ ဂါလန်အား လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော် သားများက ဧပြီ ၂၇ ရက်တွင် ကော့ထော်ကျေးရွာသို့ သောက်သုံးရေ ၁၂၈ဝဝ ဂါလန်နှင့် ၅ ဂါလန်ဝင် ရေသန့်ဘူးကြီး ၃၅ဝ ဘူးအားလည်းကောင်း၊ ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ အောင်သာယာ ရပ်ကွက်သို့ သောက်သုံးရေ ၁၅၂ဝဝ ဂါလန်အား လည်းကောင်း၊ မုဒုံမြို့နယ် ကတုံးပေါ် ကျေးရွာနှင့် ဘလောက်-ညောင်ဝိုင်း ကျေးရွာများသို့ သောက်သုံးရေ ၆၄ဝဝ ဂါလန်နှင့် ၅ ဂါလန်ဝင် ရေသန့် ဘူးကြီး ၃ဝဝ ဘူးတို့အား လည်းကောင်း သွားရောက်ဖြန့်ဝေ လှူဒါန်းပေးသည်။

အစိုးရကို ထိန်းကျောင်းမည့် ကော်မတီများ ဖွဲ့စည်းခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ ကန့်ကွက်

ရန်ကုန်တိုင်းဒေသကြီး အစိုးရကို ထိန်းကျောင်းရန်အတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်း ပြီး ကော်မတီ ဖွဲ့စည်းခြင်း အဆိုကို အုပ်ချုပ်ရေး အဖွဲ့အစည်းဝင်က ကန့်ကွက်ကြောင်း လွှတ်တော် ကိုယ်စား လှယ်များက ပြောကြားသည်။

မီတာခ တိုးမြှင့် ကောက်ခံသော်လည်း မီးပြတ်တောက်ခြင်းများ ရှိနေမည်ဟု လျှပ်စစ်ဝန်ကြီး ပြောကြား

Photo: မီတာခ တိုးမြှင့် ကောက်ခံသော်လည်း မီးပြတ်တောက်ခြင်းများ ရှိနေမည်ဟု လျှပ်စစ်ဝန်ကြီး ပြောကြား
Tuesday, April 29, 2014

ယခုနှစ် ဧပြီလမှ စတင်ကာ မြန်မာ တစ်နိုင်ငံလုံးတွင် မီတာခ တိုးမြှင့် ကောက်ခံမည် ဖြစ်သော်လည်း ရန်ကုန်တိုင်း ဒေသကြီး အတွင်း မီးပြတ်တောက်ခြင်းများ ရှိနေမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ပြောကြားသည်။

လျှပ်စစ်ဓာတ်အားခများ တိုးမြှင့် ကောက်ခံမည် ဖြစ်သောကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုများ မရှိစေရန် မည်သို့ ဆောင်ရွက်မည်ကို သိရှိလိုကြောင်း ဧပြီလ ၂၈ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးရေးကို လျှပ်စစ်ဝန်ကြီးဌာန အနေနှင့် စီမံချက်များ ချမှတ် ဆောင်ရွက်နေသော်လည်း ယခုနှစ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ရှိနေမည် ဖြစ်ကြောင်း ဦးဉာဏ်ထွန်းဦးက ပြောကြားသည်။
“ဓာတ်အားကြိုး လဲလှယ်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေသောကြောင့် မီးအား လျော့ကျခြင်းများလည်း ရှိနေဦးမည် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်သူများမှာ တိုးမြှင့်လာသော မီတာခများကို ပေးဆောင်ရမည် ဖြစ်သော်လည်း အစိုးရအနေနှင့် ဝန်ဆောင်မှုပိုင်းကို တာဝန်ယူ ဆောင်ရွက်ပေးသင့်ကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းကျော်အောင်က ပြောကြားသည်။
“မိုးရာသီ ရောက်လာတော့မည် ဖြစ်သောကြောင့် ဓာတ်အား တိုးမြှင့်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ မီတာခ တိုးမြှင့် ပေးဆောင်ရသော်လည်း မီးပြတ်တောက်မှုများ ရှိနေခြင်းမှာ လုပ်ငန်းရှင်များအတွက် အဓိက ထိခိုက်နစ်နာမည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ရေခဲစက် လုပ်ငန်းပိုင်ရှင် ဦးမျိုးကျော်က ပြောကြားသည်။
“ကျွန်တော်တို့က တစ်နိုင်တစ်ပိုင် လုပ်ရတာဗျ။ မီတာခက တက်တာ ပေးလို့ရတယ်။ အရင်လိုပဲ မီးကို မှန်မှန်မလာ၊ လာပြန်တော့လည်း မီးအားလျော့ ဆိုရင်တော့ တွက်ခြေမကိုက်ဘူး” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံအနှံ့ လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရရှိသေးသော်လည်း အိမ်သုံး လျှပ်စစ်မီတာများကို တစ်ယူနစ်မှ ယူနစ် ၁၀၀ ထိ သုံးစွဲလျှင် လက်ရှိ နှုန်းထားအတိုင်း တစ်ယူနစ် ၃၅ ကျပ်နှုန်းဖြင့် ကောက်ခံမည် ဖြစ်ပြီး ယူနစ် တစ်ရာကျော် သုံးစွဲပါက တစ်ယူနစ်လျှင် ၄၀ ကျပ်နှုန်းထားနှင့် ယူနစ် ၂၀၀ ကျော်ပါက တစ်ယူနစ် ၅၀ ကျပ်ဖြင့် လည်းကောင်း၊ စက်မှုလုပ်ငန်းသုံး မီတာခများကို ယူနစ်ငါးသောင်းမှ ယူနစ် နှစ်သိန်းအထိ ၁၅၀ ကျပ်အထိ လည်းကောင်း အသီးသီး တိုးမြှင့် ကောက်ခံရန် မတ်လ ၁၉ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နှစ်စဉ် တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ၈၅၀ မဂ္ဂါဝပ် ဖြန့်ဖြူးပေးလျက် ရှိသော်လည်း ယခုနှစ်တွင် ၅၀ မဂ္ဂါဝပ် တိုးမြှင့် ပြီး ၉၀၀ မဂ္ဂါဝပ် ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ထံမှ သိရသည်။

The Voice Weekly
ယခုနှစ် ဧပြီလမှ စတင်ကာ မြန်မာ တစ်နိုင်ငံလုံးတွင် မီတာခ တိုးမြှင့် ကောက်ခံမည် ဖြစ်သော်လည်း ရန်ကုန်တိုင်း ဒေသကြီး အတွင်း မီးပြတ်တောက်ခြင်းများ ရှိနေမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ပြောကြားသည်။

လေးလအတွင်း အမြန်လမ်းတွင် သေဆုံးသူ ၆၀ ကျော် အမြန် လမ်းပေါ် ဖြတ်သန်းမည့် ယာဉ်များကို စစ်ဆေးမည်

Photo: လးလအတွင်း အမြန်လမ်းတွင် သေဆုံးသူ ၆၀ ကျော် အမြန် လမ်းပေါ် ဖြတ်သန်းမည့် ယာဉ်များကို စစ်ဆေးမည်
Tuesday, April 29, 2014

 မန္တလေး အမြန်လမ်းပေါ် တွင် ယခုနှစ် လေးလအတွင်း ယာဉ်တိုက်မှုပေါင်း ၁၆၀ ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆၆ ဦး အနက် ဧပြီလတွင် သေဆုံးသူ ဦးရေ အများဆုံး ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။

၂၀၁၄ နှစ်ဆန်း   ဇန်န၀ါရီ မှစ၍ ဧပြီ ၂၇ ရက်အထိ ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၆၆ ဦးအထိရှိခဲ့ပြီး ထိခိုက်ဒဏ် ရာရရှိသူ ၂၄၉ဦးရှိခဲ့ကာ ယာဉ်တိုက်မှုပေါင်း ၁၆၁မှုအထိ ဖြစ်ပွားခဲ့သည့်အနက် ယခုဧပြီလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ဦးရေ ၃၃ဦးအထိ ရှိခဲ့သည်။

‘‘ယာဉ်မောင်းတွေက မဆင် မခြင်ပြီး မောင်းလို့ဖြစ်တာများ တယ်။  သင်္ကြန်တွင်းဆိုတော့ ယာဉ်တိုက်မှုပိုများသွားတာပေါ့။ ကားအရှိန်လွန်ပြီး မောင်းတာ တွေလည်း ပါတယ်။ လမ်းပေါ်မှာ တစ်နေ့ကို ကားအစီးရေ ငါး ထောင်၊ ခြောက်ထောင်လောက် သွားနေတာ။ ယာဉ်တိုက်မှုဖြစ် တာ အိမ်စီးကားက ပိုဖြစ်တာများ တယ်’’ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုနှစ်အတွင်းဖြစ်ပွားခဲ့ သည့် ယာဉ်တိုက်မှုများအနက် ဧပြီ ၁၂ ရက်က မိုင်တိုင်အမှတ် ၁၁၆ အနီးတွင် ဖြစ်ပွားခဲ့သည့် တောင်ပြာတန်းခရီးသည်တင် ယာဉ်နှင့် အိမ်စီးယာဉ် နှစ်စီးတိုက် မိခဲ့သည့် ယာဉ်တိုက်မှုမှာ အပြင်း ထန်ဆုံးဖြစ်ပွားခဲ့သည်။ ထိုယာဉ် တိုက်မှုကြောင့် လူ ၁၂ ဦးကား အတွင်း မီးလောင်သေဆုံးခဲ့ပြီး လေးဦး    ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။

အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားနေ၍ အမြန်ယာဉ်များကို ဌာနစုံပူး ပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့်စ တင်စစ်ဆေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

အမြန်လမ်းမှ ဖြတ်သန်းနေ ကြသော အမြန်ယာဉ်များ၏ ကြံ့ ခိုင်မှုအခြေအနေများကို  နေ့စဉ် စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ထို့ အပြင် ယာဉ်တိုက်မှုဖြစ်စဉ်များ တွင် ယာဉ်မောင်း၏ ပေါ့ဆမှုမှာ အများဆုံးပါဝင်နေသည့်အတွက် ယာဉ်မောင်းကိုလည်း လိုင်စင်ရှိမ ရှိ၊ အရက်သေစာသောက်စား ထားမှုရှိ၊မရှိ ပုံမှန်ကျန်းမာရေးအ ခြေအနေရှိ၊မရှိစသည်တို့ကို စစ် ဆေးသွားမည်ဖြစ်ကြောင်း၊ သတ် မှတ်စည်းကမ်းနှင့်မညီညွတ်သည့် ယာဉ်နှင့် ယာဉ်မောင်းများအားအ ရေးယူသွားမည်ဖြစ်ကြောင်း မန္တ လေးတိုင်းဒေသကြီးယာဉ်ထိန်းဒု တပ်ဖွဲ့ခွဲမှူးရဲမှူးသိန်းကိုကိုက ပြောကြားသည်။

စစ်ဆေးအရေးယူမှု စီမံချက် ရေးဆွဲနေပြီဖြစ်ပြီး ရက်ပိုင်းအ တွင်း လုပ်ငန်းစတင်မည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သတင်းရ ရှိသည်။

အမြန်လမ်းမကြီး  စတင်အသုံးပြုခဲ့သည့် ၂၀၀၉မှ ၂၀၁၄ဧပြီ ၂၇ရက်ထိ ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှု ၇၇၄မှုဖြစ်ပွားခဲ့ပြီး  သေဆုံးသူ  ၃၆၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၄၄၀ဦးရှိခဲ့သည်။

အမြန်လမ်းမကြီး၌  နေ့စဉ် ပျမ်းမျှယာဉ်အစီးရေ တစ်သောင်း ခန့်ဖြတ်သန်းလျက်ရှိပြီး အစိုးရ ထုတ်ပြန်ချက်အရ ရက်သတ္တပတ်တစ်ပတ်လျှင် လူ ၃ ဦးနှင့်အထက် ယာဉ်မတော်တဆဖြစ်မှုကြောင့် ဒဏ်ရာရရှိခြင်း(သို့) သေဆုံးလျက်ရှိသည်ဟုသိရသည်။

ထို့အပြင် ယာဉ်မဆင်မခြင် ဖြစ်ပွားမှုမှာ ယာဉ်မောင်းပေါ့ဆ ခြင်း(သို့)  သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း၊ ယာဉ်ကြံ့ခိုင်မှုအားနည်းခြင်းတို့ကြောင့်ဖြစ်ပွားလျက်ရှိသည်ဟု သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်။

Author: အေးမြတ်သူ / ညီညီဇော်

7Day Daily

အမြန်လမ်းမတစ်နေရာ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
အမြန်လမ်းမတစ်နေရာ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
 မန္တလေး အမြန်လမ်းပေါ် တွင် ယခုနှစ် လေးလအတွင်း ယာဉ်တိုက်မှုပေါင်း ၁၆၀ ကျော် ဖြစ်ပွား ခဲ့ပြီး သေ ဆုံးသူ ၆၆ ဦး အနက် ဧပြီလတွင် သေဆုံးသူ ဦးရေ အများဆုံး ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်း ရရှိ သည်။

ရုရှားအပေါ် အမေရိကန်က နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့

Photo: ရုရှားအပေါ် အမေရိကန်က နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့
Tuesday, April 29, 2014

ယူကရိန်းနိုင်ငံထဲ တရားမဝင် ဝင်ရောက် ကျူးကျော် ခဲ့တယ် ဆိုပြီး ရုရှား နိုင်ငံအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို အမေရိကန် အစိုးရက ပြဌာန်းလိုက် ပါတယ်။

ယူကရိန်း ပဋိပက္ခ ပြေလည်သွားစေရေး နိုင်ငံတကာ သဘောတူချက်တခုကို ရုရှားအစိုးရ ဘက်က လိုက်နာဖို့ ပျက်ကွက်ခဲ့တယ် လို့ အမေရိကန် က စွပ်စွဲလိုက်ပါတယ်။

အဲဒီ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဆက်နွယ် ပတ်သက်နေတဲ့ ပုဂ္ဂိုလ် ၇ဦးနဲ့ ရုရှား ကုမ္ပဏီ ၁၇ခုတို့ကို အဓိက ပစ်မှတ်ထား ပြဌာန်းလိုက်တာပါ။

အဲဒီလူတွေထဲမှာ ရုရှားနိုင်ငံရဲ့ အဓိက ရေနံ ကုမ္ပဏီကြီး ဖြစ်တဲ့ Rosneft ကုမ္ပဏီကြီးရဲ့ အကြီးအကဲ အီဂိုရ် ဆီယေချင် လည်း ပါဝင်ပါတယ်။

ဒါ့အပြင်ရုရှားနိုင်ငံရဲ့ စစ်ရေး ဆိုင်ရာ စွမ်းအားတွေ ပိုကောင်းအောင် လုပ်ပေးနိုင်ဘွယ် ရှိတဲ့ အဆင့်မြင့်နည်းပညာရပ်တွေ တင်ပို့မှု တချို့ကိုလည်း ဒဏ်ခတ် ပိတ်ဆို့ထားဖို့ ရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ယူကရိန်းနိုင်ငံထဲ တရားမဝင် ဝင်ရောက် ကျူးကျော် ခဲ့တယ် ဆိုပြီး ရုရှား နိုင်ငံအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့ မှုတွေကို အမေရိကန် အစိုးရက ပြဌာန်းလိုက် ပါတယ်။

ဝန်ကြီးဌာန အချင်းချင်း လေးစားမှုမရှိ၍ သမ္မတရုံးမှ ၀င်စွက်နေရဟု သမ္မတရုံး ၀န်ကြီး ပြော

Photo: ၀န်ကြီးဌာန အချင်းချင်း လေးစားမှုမရှိ၍ သမ္မတရုံးမှ ၀င်စွက်နေရဟု သမ္မတရုံး ၀န်ကြီး ပြော
Tuesday, April 29, 2014

ပြည်ထောင်စု အစိုးရအ ဖွဲ့အတွင်းရှိ ၀န်ကြီး ဌာနများ အချင်းချင်း လေးစားမှု မရှိသဖြင့် ၀န်ကြီးဌာနများ ပေါင်းစပ်ဆောင် ရွက်ရသည့် လုပ်ငန်းများတွင် သမ္မတရုံးမှ ၀င်ရောက်ဆောင် ရွက်နေရကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ ထိပ်တန်းဝန်ကြီး တစ်ဦးကပြောဆို လိုက်သည်။

ယခုလ ၂၈ ရက်တွင် ရန် ကုန်မြို့၌ ပြုလုပ်သော နည်း ပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်း ပညာ ကဏ္ဍတိုးမြှင့် အကောင်အထည် ဖော်ရေး အဖွဲ့အထူး အစည်းအဝေးတွင် ဌာနဆိုင်ရာအချို့မှ လူစားထိုး တက်ရောက်လာမှု အပေါ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘တကယ်ဆိုဒါက သိပံ္ပနဲ့ နည်းပညာဝန်ကြီးဌာနက လုပ်ရ မှာ။ ဒါပေမဲ့ သူတို့အနေနဲ့ ဖိတ် ရင် တခြားဌာနတွေက မလာမှာ စိုးလို့ အထောက်အကူအဖြစ်နဲ့ ကျွန်တော်ဝင်ထိုင်ပေးနေရတာ’’ ဟု ဦးတင်နိုင်သိန်းကဆိုသည်။

ဝန်ကြီး ဌာနများအတွင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ညှိနှိုင်းပေါင်းစပ်မှု အပိုင်းအား နည်းနေကြောင်း ကြားသိတွေ့ရှိ နေရပြီး ယင်းမှာ လုံးဝမဖြစ်သင့်ကြောင်း နိုင်ငံရေးဆောင်းပါးများရေးသားနေသည့် ဦးစည်သူအောင်မြင့်က ပြောသည်။

ဥပဒေစည်းမျဉ်းများအရ ဦး စီးအရာရှိအဆင့်မှသည် ၀န်ကြီး အဆင့်အထိ ဥပဒေမှ အခွင့်အ ရေးတန်းတူပေးထားပြီး ၀န်ကြီး ဖြစ်သဖြင့် အခွင့်အရေးပိုမိုရယူ လို၍ မရကြောင်း ဦးတင်နိုင်သိန်းက ပြောသည်။

‘‘ကျွန်တော် ပြောတာက Rule of Law အရဆိုရင် ဦးစီးအရာရှိလည်း ဒီလောက်ပဲ။ ၀န်ကြီးလည်း ဒီလောက်ပဲ။ အတူတူပဲ။ ၀န်ကြီးကျမှ တမူးပိုရှူချင်လို့မရ ဘူး။ ကျွန်တော်တို့က သိပ်ပြီး တော့မှ ဟိတ်ဟန်နဲ့ ကိန်းခန်းနဲ့ လုပ်နေရင် အလုပ်မဖြစ်ဘူး’’ ဟု ၎င်းကဆိုသည်။

‘‘ဒီလိုဖြစ်တယ်ဆိုတာ ကျွန် တော်မြင်တာကတော့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ မသဲမကွဲရော ထွေးနေတာကြောင့်လို့ မြင်ပါ တယ်။ ၀န်ကြီးဌာန အချင်းချင်း ညှိနှိုင်းဆောင်ရွက်မှုတွေ အား နည်းရင်အဓိက တာဝန်ရှိတာက တော့ အစိုးရအဖွဲ့အကြီးအကဲ ဖြစ်တဲ့ သမ္မတမှာတော့ တာဝန်ရှိ ပါတယ်’’ဟု မြန်မာ့နိုင်ငံရေးလေ့ လာသုံးသပ်သူ ဒေါက်တာရန်မျိုး သိမ်းကပြောသည်။

Author: မင်းဟိန်းကျော်

7Day Daily

ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး ပြုလုပ်နေစဉ် (ဓာတ်ပုံ − နိုင်ငံတော်သမ္မတရုံး)
ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး ပြုလုပ်နေစဉ် (ဓာတ်ပုံ − နိုင်ငံတော်သမ္မတရုံး)

ပြည်ထောင်စု အစိုးရအဖွဲ့အတွင်းရှိ ၀န်ကြီးဌာနများအချင်းချင်း လေးစားမှု မရှိသဖြင့် ၀န်ကြီးဌာန များ ပေါင်း စပ်ဆောင် ရွက်ရသည့် လုပ်ငန်းများတွင် သမ္မတရုံးမှ ၀င်ရောက်ဆောင် ရွက်နေရကြောင်း ပြည်ထောင် စု အစိုးရအဖွဲ့ ထိပ်တန်းဝန်ကြီး တစ်ဦးကပြောဆို လိုက်သည်။

ပြည်တွင်း၌ ပထမဆုံး ပုဂ္ဂလိက ရဟတ်ယာဉ် ပြေးဆွဲရန် စီစဉ်

ပြည်တွင်းခရီးသွားလုပ်ငန်းတွင် ပုဂ္ဂလိက ရဟတ်ယာဉ်များဖြင့် ပထမဆုံး ဝန်ဆောင်မှု ပေးနိုင်ရန် Global Integrated Service Ltd (GIS) က စီစဉ်လျက်ရှိကြောင်း အဆိုပါကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်သိမ်း က ပြောကြားသည်။

ကချင်ပြည်နယ်တွင် လေးလအတွင်း တရားမ၀င်တရုတ်နိုင်ငံသား ၉၃ ဦးဖမ်းဆီး

Photo: ကချင်ပြည်နယ်တွင် လေးလအတွင်း တရားမ၀င်တရုတ်နိုင်ငံသား ၉၃ ဦးဖမ်းဆီး
Tuesday, April 29, 2014

ကချင်ပြည်နယ်တွင် ၂၀၁၄ နှစ်ဆန်းမှ ယခုအချိန်ထိ တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား ၉၃ ဦးကို ဖမ်း ဆီးအရေးယူ ခဲ့ကြောင်း ကချင် ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ သ တင်းရရှိသည်။

‘‘အများစုက လ၀က အက် နှင့် ဖမ်းအရေး ယူတာ များတယ်။ တချို့က သစ်လုပ်ငန်းနဲ့ ရွှေကိစ္စလည်းပါတယ်’’ဟု ကချင်ပြည်နယ် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဇန်န၀ါရီလမှ ဧပြီအထိ တရုတ်နိုင်ငံသား ၉၃ ဦးကို ကချင် ပြည်နယ်တွင်းရှိ ၀ိုင်းမော်၊ ဆဒုံ၊ ချီဗွေ၊ လွယ်ဂျယ်နှင့် တနိုင်းမြို့ နယ်များတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ် သည်။

ဖမ်းဆီးရမိသည့် တရုတ် နိုင်ငံသားများသည် တရားမ၀င် ၀င်ရာက်လာပြီး ရွှေ၊ သစ်မှောင်ခို လုပ်ငန်းများ လုပ်ကိုင်မှုများပြား ကြောင်းလည်း သတင်းရရှိသည်။

၂၀၁၄ ခုနှစ် ဧပြီ ၂၄ ရက်က လည်း ချီဗွေမြို့နယ်ခွဲတွင် တရုတ် နိုင်ငံသား ၁၉ ဦးကို တပ်က ဖမ်း ဆီးထားပြီး ထိုတရုတ်နိုင်ငံသား များအားယခုအချိန်အထိ အမှုမ ဖွင့်ရသေးကြောင်း လ၀က တာ ၀န်ရှိသူမှဆိုသည်။

မတ်လအတွင်းက မေခမြစ် တစ်လျှောက်ရွှေကျင်နေချိန် ဖမ်း မိသည့် တရုတ်နိုင်ငံသား ၄၁ ဦး ကို လည်း ယခုအချိန်ထိ အမှုစစ် ဆေးနေဆဲဖြစ်ကြောင်းလည်း ဆို သည်။

တရုတ်နိုင်ငံသားများအများဆုံးဖမ်းဆီးရမိသည်မှာ စစ် တပ်မှ နယ်မြေရှင်းလင်းစဉ် ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Author: မရန်

7Day Daily
ကချင်ပြည်နယ်တွင် ၂၀၁၄ နှစ်ဆန်းမှ ယခုအချိန်ထိ တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား ၉၃ ဦးကို ဖမ်း ဆီးအရေးယူ ခဲ့ကြောင်း ကချင် ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ သ တင်းရရှိသည်။

ပင်လယ်ကမ်းခြေသို့ အပန်းဖြေ လာရောက်သူများ အနေဖြင့် ပိုမိုစည်းကမ်း လိုက်နာမှသာ ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်း နိုင်မည်

Photo: ပင်လယ်ကမ်းခြေသို့ အပန်းဖြေ လာရောက်သူများ အနေဖြင့် ပိုမိုစည်းကမ်း လိုက်နာမှသာ ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်း နိုင်မည်
Tuesday, April 29, 2014

ပင်လယ်ကမ်းခြေသို့ အပန်းဖြေ ခရီး သွားရောက်ကြသော ခရီးသွား ပြည်သူများ အနေဖြင့် ယခုထက်ပို၍ စည်းကမ်း လိုက်နာမှသာ 

ပင်လယ်ကမ်းခြေ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်သူများနှင့် သဘာဝ ပတ်ဝန်းကျင် လေ့လာသူ ပညာရှင် များက ပြောသည်။

ချောင်းသာ၊ ငွေဆောင်အစ ရှိသော ပင်လယ်ကမ်းခြေ ဒေသများတွင် ပင်လယ် ကမ်းခြေ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်များမှာ ပျက်စီးနေပြီ ဖြစ်ကြောင်း၊ လွန်ခဲ့သော သုံးနှစ်ခန့်ထက်ပင် များစွာ ပျက်စီးနေကြောင်း သဘာဝ ပတ်ဝန်းကျင် ပညာရှင် တစ်ဦးက ပြောသည်။

ယခုအခါတွင် ပြည်တွင်းသို့ နိုင်ငံခြား ခရီးသွား များစွာ ဝင်ရောက်လာခြင်းနှင့် အတူ ပြည်တွင်း အပန်းဖြေနေရာ အတော်များများသို့လည်း နိုင်ငံခြား ခရီးသွားများ သွားရောက် လည်ပတ်သည့်နှုန်းမှာ ပိုမို မြင့်တက်လျက် ရှိကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

ငွေဆောင်၊ ချောင်းသာ အစရှိသော ပင်လယ်ကမ်းခြေ ဒေသများတွင် ရေအောက် သယံဇာတ တချို့မှာလည်း ပျက်စီး ဆုံးရှုံးမှုများ ရှိနေပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများပင် ရှိနေသည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။

ပင်လယ်ကမ်းခြေတွင် ဈေးရောင်းချ သူများ၏ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု များကြောင့် ကမ်းခြေဂေဟစနစ် ပျက်စီးမှုများ ရှိနေသည်ဟု သိရသည်။

မြ၀တီ
ပင်လယ်ကမ်းခြေသို့ အပန်းဖြေ ခရီး သွားရောက်ကြသော ခရီးသွား ပြည်သူများ အနေဖြင့် ယခုထက်ပို၍ စည်းကမ်း လိုက်နာမှသာ ပင်လယ်ကမ်းခြေ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်းနိုင် မည် ဖြစ်ကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်သူများနှင့် သဘာဝ ပတ်ဝန်းကျင် လေ့လာသူ ပညာရှင် များက ပြော သည်။

တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာ အုပ်စု ပါဆာကျေးရွာ အနီးတွင် ၈၁ မမ ဗုံးသီးများ သိမ်းဆည်း ရမိ


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့နယ် မိုင်းဖုန်းကျေးရွာ အုပ်စု ပါဆာကျေးရွာရှိ လွန်းလိန် ဘုန်း ကြီးကျောင်း၏ အနောက်မြောက်ဘက် ဟွေဖလန်းချောင်းအနီး မူးယစ်တရားခံပြေး စိုင်းနော်ခမ်း (သေဆုံး) က မသေဆုံးမီ ဗုံးသီးများ မြှုပ်နှံထားကြောင်း သတင်း ရရှိသဖြင့် ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းတွင် တပ်မတော် သားများက သွားရောက်ရှင်းလင်းခဲ့ရာ မြေကြီးအနက် ၁ ပေခန့်၌ အနက်ရောင် ပလတ်စတစ်ပုံး တစ်လုံး အား တွေ့ရှိရပြီး ၎င်းပလတ်စတစ်ပုံး အတွင်းမှ ၈၁ မမ ဗုံးသီးအလုံး ၂ဝ အား သိမ်းဆည်းရမိခဲ့သည်။

သင့်ကလေးကို ကလိထိုးပေးခြင်းဖြင့် စကားသင်ယူဖို့ ကူညီပေးနိုင်

Photo: သင့်ကလေးကို ကလိထိုးပေးခြင်းဖြင့် စကားသင်ယူဖို့ ကူညီပေးနိုင်
Tuesday, April 29, 2014

အထိအတွေ့အာရုံဟာ စကားပြောတိုးတက်ခြင်းနဲ့ ဆက်စပ်မှုရှိကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သင့်ကလေးကို ကလိထိုးပေးခြင်းဟာ သူတို့ကို စကားပြောတတ်စေဖို့ အမှန်တကယ် ကူညီပေးရာ ရောက်ပါတယ်။

ကလေးထိန်းသူရဲ့ အထိအတွေ့နဲ့ ဆက်တိုက်စကားပြောဆိုမှုထဲကနေ စကားလုံးတွေကို ရှာတွေ့ဖို့ ကူညီပေးနိုင်တယ်လို့ Purdue တက္ကသိုလ်ရဲ့ သုတေသနသစ်က သက်သေပြလိုက်ပါတယ်။

“ကလေးငယ်တွေဟာ သူတို့ကြားလိုက်တာနဲ့ သူတို့ ဆက်စပ်မှုရှိတယ်ဆိုရင် ထိတွေ့မှုတွေ ပြုလုပ်တတ်တယ်ဆိုတာ ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားပါတယ်။ ဒါ့ကြောင့်လဲ သူ့တို့ရဲ့ စကားသင်ယူမှုကို အထိအတွေ့တွေက သက်ရောက်မှုရှိစေတာပါ။” လို့ သုတေသနရပ်ကို ဦးဆောင်ခဲ့သူ စကားအတတ်ပညာ၊ အကြား နဲ့ ဘာသာစကား တွဲဖက်ပါမောက္ခ Amada Seidl က ပြောခဲ့ပါတယ်။

Ref:dailymail.co.uk
Trent Myanmar
အထိအတွေ့အာရုံဟာ စကားပြောတိုးတက်ခြင်းနဲ့ ဆက်စပ်မှုရှိကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ ပါတယ်။ သင့်ကလေးကို ကလိထိုးပေးခြင်းဟာ သူတို့ကို စကားပြောတတ်စေဖို့ အမှန်တကယ် ကူညီပေး ရာ ရောက်ပါတယ်။

'ဦးတည်ချက်မဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကြောင့် အကျိုးသက်ရောက်မှု နည်းနေ' ဟု စီးပွားရေးဆိုင်ရာ သမ္မတအကြံပေး ဦးမြင့် သတိပေး

Photo: 'ဦးတည်ချက်မဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကြောင့် အကျိုးသက်ရောက်မှု နည်းနေ' ဟု စီးပွားရေးဆိုင်ရာ သမ္မတအကြံပေး ဦးမြင့် သတိပေး
Tuesday, April 29, 2014

'အစိုးရ၏ စီးပွားရေးအကောင်အထည် ဖော်ဆောင်မှု အရှိန်အဟုန် မြန်ဆန်လွန်းကာ တိကျသော ဦးတည် ချက် မရှိသဖြင့် အကျိုးသက်ရာက်မူ နည်းပါးလျက်ရှိနေသည်' 

ဟု နိုင်ငံတော်သမ္မတ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင်ဒေါက်တာဦးမြင့်က ယင်း၏အမြင်ကို မီဒီယာများအားထုတ်ဖော် ပြောကြားလိုက်သည်။

အစိုးရသစ် တာဝန်ယူဆောင်ရွက်ပြီးနောက် ပုဂ္ဂလိကဏ္ဍများပေးခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးပွားရေး ပြုပြင်ပြောင်းလဲများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့သော်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမှန် တကယ် ဖြစ်ပေါ်လာခြင်း မရှိသေးသည့်အပေါ် ရည်ညွှန်းကာ မတ်လ ၁၉ရက် က ရန်ကုန်မြို့ရှိ နိုင်ငံတော် သမ္မတ အကြံပေးရုံးတွင် မီဒီယာများနှင့်တွေ့ဆုံကာ ပြောခဲ့ခြင်း ဖြစ်သည်။

သမ္မတအကြံပေး ဒေါက်တာဦးမြင့် က “အစိုးရရဲ့ စီးပွားပြုပြင်မှုပုံစံက အရမ်းကိုမြန်လွန်းနေတယ်။ နှစ် ၅၀ လောက်နီးပါး အဆင်မပြေခဲ့တဲ့ မြန်မာ့စီးပွားရေး အခြေအနေက အချိန်တိုအတွင်းပြန်ပြီး ပြုပြင်လုပ်ဖို့ ဆို တာဖြစ်မှ မဖြစ်နိုင်တာ။ ပြီးတော့ အကောင်အထည်ဖော်တဲ့ပုံစံတွေ ကလဲ Focus ( အဓိက ဦးတည်ချက်) သိပ်မရှိပဲ ရှိသမျှအားလုံးကို လိုက်လုပ်နေတော့ အဲဒါကပြဿနာ ဖြစ်နေတယ်” ဟု ထောက်ပြ ပြောသည်။

အစိုးရသစ်တက်လာပြီးနောက် ကုန်သွယ်ရေးဆိုင်ရာ ဖြေလျှော့ပေးခြင်း၊ ဗဟိုဘဏ်အား သီးခြားလွတ် လပ်သည့် အဖွဲ့အစည်းအဖြစ် ပေးခြင်းများ ရှိခဲ့သော်လည်း စီးပွားရေးလုပ်ကိုင်ရ လွယ်ကူသည့် အနေ အထား တစ်ရပ်အဖြစ် လက်တွေ့ခံစားနိုင်သည့် အခြေအနေများ ဖြစ်မလာသေးကြောင်း လုပ်ငန်းရှင်များ ကမကြာခဏ ပြောဆိုနေကြခြင်းဖြစ်ပြီး အစိုးရ၏စီးပွားရေး အကောင်အထည် ဖော်ဆောင်မှုများသည် အားနည်းချက် များစွာရှိနေသည်ဟု နိုင်ငံတော် သမ္မတကိုယ်တိုင်က ပြောဆိုထားသည်။.

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “နိုင်ငံတော်က ရွေးချယ်အကောင်
အထည်ဖော် ချမှတ်ခဲ့တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးပုံစံချမှု
ဖြစ်စဉ်များကိုကြည့်ရင် နိုင်ငံအတွက် စီးပွားရေးအောင်မြင်မှုနှင့် နိုင်ငံဖွံ့ဖြိုး တိုး တက်မှုကို ဖော်ဆောင်ဖြေရှင်းပေးနိုင်ခြင်း မရှိသေးတာကို တွေ့ရမှာ ဖြစ်ပါတယ်” ဟု ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ကျင်းပဲခဲ့သည့် နိုင်ငံတော်သမ္မတနှင့် စီးပွားရေးလုပ်ငန်း များတွေ့ဆုံပွဲတွင် စီးပွားရေး လုပ်ငန်းရှင်များအား ၀န်ခံပြောကြားထားသည်။

သို့ဖြစ်ရာ မြန်မာ့စီးပွားရေး တိုးတက်လာရေးအတွက် အစိုးနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် အတူတကွပူးပေါင်း ဆောင်ရွက်ရန် လိုအပ်မည်ဟု ဆက်လက် တိုက်တွန်းပြောခဲ့သည်။.

လက်ရှိတွင် အစိုးရလုပ်ငန်းတချို့အား ပုဂ္ဂလိကဏ္ဍသို့ လွဲပေးခြင်း၊ နိုင်ငံရင်းနှီးမြှုပ်နှံမှု ခေါ်ယူခြင်းများနှင့် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍပူးပေါင်းဆောင်ရွက်မှု Public Private Partnership (PPP) ဆောင်ရွက်ချက်များ ရှိနေသော်လည်း ပုဂ္ဂလိကနှင့် အစိုးရအကြား စီးပွားရေးလုပ်ကိုင်မှု ပိုမိုအဆင်ပြေရန်မှာ ပုဂ္ဂလိကပိုင်ပြု လုပ်ခြင်း ဥပဒေ (Privatization Law) တစ်ရပ် လိုအပ်နေသေးခြင်းဖြစ်သည်ဟု သမ္မတ အကြံပေးဦးမြင့် က ဆက်လက် ပြောသည်။

ဦးမြင့်က “ပုဂ္ဂလိကလုပ်တယ်ဆိုပေမယ့် တချို့စီးပွားရေးလုပ်ငန်းတွေကို အစိုးရကပဲ လုပ်ကိုင်ရတာမျိုး တွေရှိတယ်။ ပေးတဲ့ နေရာမှာလဲ၊ ဘယ်လိုလူမျိုးတွေကို ဘယ်လိုပေးမလဲဆိုတာမျိုးတွေက သေသေချာ ချာ ရှိဖို့လိုတယ်။ ဥပမာ အစိုးရနဲ့နီးစပ်တဲ့ လူတစ်စုသာရသွားရင် ပြည်သူတွေ နစ်နာသွားတာမျိုး ရှိတဲ့ အတွက် အမှန်တကယ် စီးပွားရေးဖွံ့ဖြိုးဖို့ဆိုရင် Privatization Law ဆိုတာလဲ အရေးတကြီး လိုအပ်နေ သေးတယ်။ အခုအဲဒါမှမရှိသေးပဲ လုပ်နေတာတွေက မြန်လွန်းနေတယ်” ဟုပြောသည်။

ယခု ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌနေရာအား တာဝန်ယူဆောင်ရွက်ခြင်းနှင့် ၂၀၁၅ ခုနှစ်တွင် ရောက်ရှိလာမည့် ရွေးကောက်ပွဲ ဆောင်ရွက်အပေါ် အစိုးရအနေဖြင့် အာရုံစူးစိုက်မှုများနေခြင်း ဖြစ်ရာ စီးပွားရေး အကောင်အထည်ဖော်ဆောင်မှုများ အရှိန်အဟုန် လျော့ကျမသွားစေရန် အစိုးရအနေဖြင့် ထိန်းညှိ လုပ်ကိုင်သွားရန် လိုအပ်မည်ဖြစ်သည်ဟု ဆက်လက်သတိပေးပြောသည်။

လက်ရှိတွင် နိုင်ငံ၏အဓိကပို့ကုန်ကဏ္ဍ စီးပွားရေးလုပ်ငန်းများဖြစ်သော ဆန်စပါး ကဏ္ဍ၊ ပဲနှမ်းကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများမှာ စီးပွားရေးလုပ်ကိုင်ရန် အခက်အခဲများ ရှိနေသည့်အပြင် အစိုးရ အနေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေသော်လည်း ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း ၊

ကျောက်ဖြူအထူး စီးပွားဇုန်စီမံကိန်း၊ ဟံသာဝတီလေဆိပ် စီမံကိန်းများနှင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေး စီမံချက်များမှာ အကောင်အထည်ပေါ်လာမှု အားနည်းနေဆဲဖြစ်သည်။ သို့ဖြစ်ရာ အာဆီယံဥက္ကဋ္ဌနေရာနှင့် ရွေးကောက်ပွဲများအပေါ် အာရုံရောက်နေခြင်းကြောင့် စီးပွားရေး လုပ်ငန်းများ တိုးတက်မှု နှောက်နှေးမှုမရှိစေရန် လိုအပ်မည်ဟု ဆိုသည်။

မဇ္ဈိမနေ့စဉ်ထုတ်သတင်းစာ (မတ်လ ၂၀ ရက်၊ ၂၀၁၄ ခုနှစ်)

Posted From Mdy Boy
'အစိုးရ၏ စီးပွားရေးအကောင်အထည် ဖော်ဆောင်မှု အရှိန်အဟုန် မြန်ဆန်လွန်းကာ တိကျသော ဦးတည် ချက် မရှိသဖြင့် အကျိုးသက်ရာက်မူ နည်းပါးလျက်ရှိနေသည်' ဟု နိုင်ငံတော်သမ္မတ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင်ဒေါက်တာဦးမြင့်က ယင်း၏အမြင်ကို မီဒီယာများအားထုတ်ဖော် ပြောကြားလိုက်သည်။

ရေအောက် ရှာဖွေရေး တိုးမြှင့် လုပ်ဆောင်မယ်

စက်ရုပ် ရေငုပ် ရှာဖွေရေးယာဉ်ကို ရေချဖို့ ပြင်ဆင်စဉ်
ပြီးခဲ့တဲ့ ၅၂ ရက်က ပျောက်ဆုံးသွားတဲ့ မလေးရှား လေယာဉ်ကို ရှာဖွေရေး ဆောင်ရွက်နေ မှုတွေ ဟာ နောက်ထပ် အခြအနေသစ် တစ်ခုကို ရောက်ရှိနေပြီလို့ သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့ က ပြော ပါတယ်။

သမ္မတဖြစ်ခွင့် ကန့်သတ်ထားသော ပုဒ်မများ ပြင်ဆင်ရန် ရခိုင်အမျိုးသား ညီလာခံတွင် ဆွေးနွေး

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတဖြစ်မည်ကို ကန့်သတ်ထားသော ပုဒ်မများကို ပြင်ဆင်ရန် လို အပ်ကြောင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပလျက်ရှိသည့် ရခိုင်အမျိုးသား ညီလာခံတွင် ဒုတိယမြော က်နေ့ ဧပြီလ ၂၈ ရက်တွင် ထည့်သွင်းဆွေးနွေးခဲ့သည်။

ခွင့်ပြုချက်နဲ့မညီဘဲ ဆန္ဒပြမှု စဥ့်ကိုင်မြို့မှာ ငါးဦးတရားစွဲခံရ

မန္တလေးတိုင်း ဒေသကြီး၊ စဥ့်ကိုင်မြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့ ဆန္ဒပြခဲ့ရာမှာ ခွင့်ပြုတဲ့ လမ်းကြောင်းအတိုင်း မလိုက်နာဘဲ ဆန္ဒပြခဲ့တယ်ဆိုပြီး ဆန္ဒပြပွဲ ဦးဆောင်သူ ၅ ဦးကို ခွင့်ပြုချက်နဲ့ မညီဘဲ ဆန္ဒပြမှုပုဒ်မ ၁၉ နဲ့ စဥ့်ကိုင်မြို့နယ် ရဲစခန်းမှူးက ဒီနေ့ တရားစွဲလိုက်ပါတယ်။

တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးပွဲ ရက်အကန့် အသတ် မရှိ ရွှေ့ဆိုင်း

Photo: တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးပွဲ ရက်အကန့် အသတ် မရှိ ရွှေ့ဆိုင်း
Tuesday, April 29, 2014

တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရေး အတွက် အစိုးရနဲ့ ဆွေးနွေး ဖို့ကို တိုင်းရင်းသားတွေ ဘက်ကနေ ရက် အကန့် အသတ် မရှိ ရွေ့ဆိုင်း လိုက်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေကြား တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆွေးနွေး နေကြရာမှာ တိုင်းရင်းသားတွေ ဘက်က လိုလားတဲ့ ဖက်ဒရယ် ဆိုတဲ့ အသုံး အနှုန်း၊ ဖက်ဒရယ် တပ်မတော် ဆိုတာ တွေကို အစိုးရ ဘက်က မလိုက်လျော နိုင်တဲ့ အတွက် ဆွေးနွေးမှု တွေကို တိုင်းရင်းသားတွေ ဘက်က ရက် အကန့် အသတ် မရှိ ရပ်ဆိုင်းထား လိုက်တာ ဖြစ်ပါတယ်။

အဲန်စီစီတီ တိုင်းရင်းသားများ ငြိမ်းချမ်းရေး ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ဝင်တွေ ဆုံးဖြတ် လိုက်တာ ဖြစ်ပြီး၊ အစိုးရ စစ်တပ်ရဲ့ လုပ်ဆောင်ချက် တွေဟာ ယုံကြည်မှုကို ပျက်ပြား စေတာ ကြောင့်လို့ ဆိုပါတယ်။

အခုလ ဆန်းပိုင်းက စစ်တပ် ဦးဆောင်ပြီး ဆွေးနွေးတဲ့ အချက်တွေနဲ့ ကချင်ကို ထိုးစစ်ဆင်တဲ့ အချက်တွေပေါ် မူတည်ပြီး ဆွေးနွေးပွဲ ကိုရက် အကန့် အသတ် မရှိ ဆုံးဖြတ် လိုက်တာ ဖြစ်တယ်လို့ အဲန်စီစီတီ အဖွဲ့ဝင် နိုင်ဟံသာက ပြောပါတယ်။

စစ်တပ် ဘက်က ရပ်တည်ချက်နဲ့ တောင်းဆို ချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ပွဲ ကို အဲန်စီစီတီ တာဝန်ရှိ သူတွေ ချင်းမိုင် မြို့မှာ ဧပြီလ ၂၈ ရက် နေ့မှာ ပြုလုပ်ခဲ့ ကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အခုလ ဆန်းပိုင်းကတော့ စစ်တပ် ဦးဆောင်ပြီး တနိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးခဲ့ကြ
အခုလ ဆန်းပိုင်းကတော့ စစ်တပ် ဦးဆောင်ပြီး တနိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးခဲ့ကြ
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးရေး အတွက် အစိုးရနဲ့ ဆွေးနွေး ဖို့ကို တိုင်းရင်း သားတွေ ဘက်ကနေ ရက် အကန့် အသတ် မရှိ ရွေ့ဆိုင်း လိုက်ပါတယ်။

အမေရိကန်အလယ်ပိုင်း မုန်တိုင်း ၁၆ ဦးသေ

Photo: အမေရိကန်အလယ်ပိုင်း မုန်တိုင်း ၁၆ ဦးသေ
Tuesday, April 29, 2014

အမေရိကန် ပြည်ထောင်စု အလယ်ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေကို ဖြတ်ပြီး တိုက်ခတ်နေတဲ့ အင်အားပြင်းမုန်တိုင်းဟာ tornado မုန်တိုင်းတွေအဖြစ် ဆင့်ကဲ ပြန့်ပွား သွားပြီး အနည်းဆုံး လူ (၁၆) ဦးလောက်သေဆုံးခဲ့ရပါတယ်။ ဒီ tornado မုန်တိုင်းတွေဟာ တနင်္လာနေ့အထိ တိုက်ခတ်နိုင်ပြီး အရှေ့ဘက်ခြမ်းကို ဆက်ပြီးဝင်ရောက်နိုင်တယ်လို့  မိုးလေဝသ ပညာရှင်တွေက ခန့်မှန်း ပြောဆို ထားပါတယ်။

Arkansas ပြည်နယ်မြို့တော် Little Rock ရဲ့ ဆင်ခြေဖုံး နေရာတွေဟာ မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရပြီး အနည်းဆုံး လူ (၁၅) ဦးသေဆုံးခဲ့ပါတယ်လို့ သက်ဆိုင်ရာအရာရှိတွေက ပြောပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းတုန်းကလည်း  တောင်ပိုင်းပြည်နယ်တခုဖြစ်တဲ့ Oklahoma ပြည်နယ်ကို tornado မုန်တိုင်း တိုက်ခတ်ခဲ့တဲ့အတွက် လူတစ်ဦးသေဆုံးခဲ့ပါတယ်။

ပြင်းထန်တဲ့လေတိုက်နှုန်းကြောင့် အိမ်တွေ ဒါဇင်နဲ့ချီ ပျက်စီးခဲ့ရသလို သစ်ပင်တွေလည်း အမြစ်ကနေပြိုလဲခဲ့ပြီး ကားတွေပေါ်မှာ ပိကျခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံကိုရောက်နေတဲ့ သမ္မတအိုဘားမားကလည်း မုန်တိုင်းကြောင့် သေဆုံးခဲ့ရတဲ့သူတွေအတွက် ဝမ်းနည်းကြောင်းနဲ့ မုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေးအတွက် အစိုးရက ကူညီထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

Tornadoes မုန်တိုင်းဟာ တနင်္လာနေ့မှာ Louisiana ၊ Alabama ၊ Mississippi နဲ့ Tennessee ပြည်နယ်တွေကို ဝင်ရောက်နိုင်တယ်လို့ အမေရိကန် မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

တနာရီ မိုင် ၈၀ နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် အာကင်ဆော ပြည်နယ်ရဲ့မြို့တော် Little Rock မြို့ ပျက်စီး ကျန်ရစ်ခဲ့တဲ့ မြင်ကွင်း
တနာရီ မိုင် ၈၀ နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် အာကင်ဆော ပြည်နယ်ရဲ့မြို့တော် Little Rock မြို့ ပျက်စီး ကျန်ရစ်ခဲ့တဲ့ မြင်ကွင်း

အမေရိကန် ပြည်ထောင်စု အလယ်ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေကို ဖြတ်ပြီး တိုက်ခတ်နေတဲ့ အင်အားပြင်း မုန်တိုင်းဟာ tornado မုန်တိုင်းတွေအဖြစ် ဆင့်ကဲ ပြန့်ပွား သွားပြီး အနည်းဆုံး လူ (၁၆) ဦးလောက်သေ ဆုံးခဲ့ရပါတယ်။ ဒီ tornado မုန်တိုင်းတွေဟာ တနင်္လာနေ့အထိ တိုက်ခတ်နိုင်ပြီး အရှေ့ဘက်ခြမ်းကို ဆက်ပြီးဝင်ရောက်နိုင်တယ်လို့  မိုးလေဝသ ပညာရှင်တွေက ခန့်မှန်း ပြောဆို ထားပါတယ်။

အမေရိကန်အထူးသံ Andrew O’Brien နဲ့အဖွဲ့ မြန်မာပြည်သွားမည်

Photo: အမေရိကန်အထူးသံ Andrew O’Brien နဲ့အဖွဲ့ မြန်မာပြည်သွားမည်
Tuesday, April 29, 2014

အမေရိကန် အဆင့်မြင့်သံတမန် Andrew O’Brien ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိပါတယ်။

ကမ္ဘာတဝှမ်း မိတ်ဆွေဖက်အဖြစ် ဆက်ဆံရေး အတွက် အမေရိကန်ရဲ့ အထူး ကိုယ်စားလှယ်နဲ့ အဖွဲ့ဟာ ဒီကနေ့ အင်္ဂါနေ့ကနေ သောကြာနေ့အထိ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့တွေကို သွားရောက်ပြီး အစိုးရတာဝန်ရှိသူတွေ၊ ပုဂ္ဂလိကကဏ္ဍက လုပ်ငန်းရှင်တွေ၊ လူမှုအသိုင်းအဝိုင်းက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့မှာ ရင်းနှီးမြှုပ်နှံသူတွေ၊ ပရဟိတစေတနာရှင်တွေ၊ စီးပွားရေးအသိုင်းအဝိုင်းမှာ ဦးဆောင်နေသူတွေ၊ လူမှုရေးနယ်ပယ်က စွန့်ဦးတီထွင်သူတွေ ပါဝင်မှာဖြစ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ နိုင်ငံတကာ ဈေးကွက်နဲ့ချိတ်ဆက်နိုင်မယ့် အစီအစဉ်တွေ၊ လူမှုအသိုင်းအဝိုင်းအပေါ် ရိုက်ခတ်လာနိုင်တဲ့ အခြေအနေတွေကို လေ့လာမှာ ဖြစ်တယ်လို့လည်း ကြေညာချက်က ဖော်ပြပါတယ်။

မကြာသေးခင်နှစ်တွေအတွင်း နိုင်ငံရေး၊ စီးပွားရေးအရ အပြောင်းအလဲတွေလုပ်လာတဲ့ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးတွေ တိုးမြှင့်လာနေတဲ့ အမေရိကန် ပြည်ထောင်စုက လူထုဆက်ဆံရေး ကိုယ်စားလှယ် Richard Stengel လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel တို့ဟာလည်း မကြာသေးခင်ကပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြတာပါ။

သမ္မတ ဘရက်ခ်အိုဘားမားဟာလည်း နိုဝင်ဘာလထဲမှာကျင်းပမယ့် ဒေသတွင်း ထိပ်သီး အစည်းအဝေးပွဲအတွက် မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

အမေရိကန်အဆင့်မြင့် သံတမန် Andrew O'Brien
အမေရိကန်အဆင့်မြင့် သံတမန် Andrew O'Brien

အမေရိကန် အဆင့်မြင့်သံတမန် Andrew O’Brien ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိပါတယ်။

သီလ၀ါအထူးစီးပွားရေးဇုန် ရှယ်ယာလက်မှတ်များ မေလအတွင်း ထုတ်ပေးမည်ဖြစ်ကာ ရှယ်ယာဝယ်ယူခွင့် ရ၊ မရကို နိုင်ငံပိုင် သတင်းစာများတွင် ယနေ့ကြေညာမည်

သီလ၀ါအထူးစီးပွားရေးဇုန် ရှယ်ယာလက်မှတ်များကို မေလအတွင်း ထုတ်ပေးမည်ဖြစ်ကာ ရှယ်ယာ ၀ယ်ယူခွင့် ရ၊ မရကို ဧပြီ ၂၉ ရက် (ယနေ့) ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာမည်ဖြစ်ကြောင်း သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီလီမိတက်မှ သိရသည်။

ယူနတီသတင်းဂျာနယ်၏ (၈) ကြိမ်မြောက်ရုံးချိန်း ပထမနေ့ တွင် ပေါက်မြို့မ ရဲစခန်း စခန်းမှူးအပါအ၀င် လိုပြသက်သေနှစ်ဦးအား စစ်ဆေး

Photo: ယူနတီသတင်းဂျာနယ်၏ (၈) ကြိမ်မြောက်ရုံးချိန်း ပထမနေ့ တွင် ပေါက်မြို့မ ရဲစခန်း စခန်းမှူးအပါအ၀င် လိုပြသက်သေနှစ်ဦးအား စစ်ဆေး
Tuesday, April 29, 2014

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းရေးသားဖော်ပြမှုကြောင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခံထားရသည့် ယူနတီအမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့ ၏ ဧပြီ ၂၈ ရက် (၈) ကြိမ်မြောက်ရုံးချိန်း ပထမနေ့တွင် လိုပြသက်သေအဖြစ် ပခုက္ကူ ခရိုင်တရားရုံးသို့ လာရောက်ထွက်ဆို အစစ်ဆေးခံခဲ့သည့် ယူနတီဂျာနယ်ရုံး အဖွဲ့မှူး ကိုအောင်ဝင်းထွန်းက ကိုလူမော်နိုင်ပေးပို့လိုက်သည့် သတင်းအချက်အလက်များကို ဂျာနယ်တွင် သတင်းအဖြစ်သာဖော်ပြခဲ့ပြီးအခြားမည်သည့်နိုင်ငံကိုမှ ပေးပို့ထားခြင်းမရှိကြောင်းနှင့်  ပေါက်မြို့မစခန်းမှူး ငွေထွန်းအား စွပ်စွဲခံရသူများ၏ရှေ့နေ ဦးဝါ၀င်းမောင်က က.ပ.စ (၂၄)စက်ရုံအား တားမြစ်နယ်အဖြစ် နိုင်ငံတော်သမ္မတအမိန့်ဖြင့် ထုတ်ပြန်ထားသည်ကို ကြားဖူး၊ မြင်ဖူး၊ တွေ့ဖူးပါသလားဟု မေးမြန်းရာ ၎င်းက နိုင်ငံတော်သမ္မတ အမိန့်ထုတ်ပြန်ထားသည်ကို ကြားဖူးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
    
ပေါက်မြို့မရဲစခန်းမှူး ငွေထွန်း၏ ထွက်ဆိုချက်မှာ မတ် ၁၇ ရက်က ပြုလုပ်ခဲ့သည့် စတုတ္ထရုံးချိန်းတွင် တရားလို ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးအား စွပ်စွဲခံရသူများ၏ ရှေ့နေများက တားမြစ်နယ်မြေနှင့် ပက်သက်သော ကြော်ငြာချက်များချိတ်ဆွဲရာတွင် ထိုအမိန့်ကြော်ငြာစာကို သက်ဆိုင်ရာစက်ရုံမှူးက ထုတ်ထားပါသလား သို့မဟုတ် ပြည်ထောင်စုအဆင့်ဝန်ကြီးတစ်ဦးဦးက ထုတ်ထားပါသလားမေးရာ စက်ရုံးမှူးက ထုတ်ထားခြင်းဖြစ်ကြောင်း ထွက်ဆိုချက်နှင့် ကွဲလွဲနေသည်။
    
လိုပြသက်သေ ပေါက်မြို့မရဲစခန်းမှူး ငွေထွန်းမှလည်း ၃၀.၁.၂၀၁၄ တွင် က.ပ.စ ၂၄ စက်ရုံမှူး ဒုတိယဗိုလ်မှုးကြီး ကျော်ကျော်ဦးက ယူနတီတွင် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံသတင်းဖော်ပြခြင်းသည် နိုင်ငံတော်၏ လျှို့ဝှက်ချက်အား ပေါက်ကြားစေခြင်းဖြစ်သည့်အတွက် ဂျာနယ်တိုက် တာဝန်ရှိသူတို့အား အရေးယူပေးပါရန် တိုင်ကြားစာပေးပို့ခဲ့ကြောင်း၊ ထိုနေ့မှာပင် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ၃(၁) (က) ။၉ ဖြင့် အမှုဖွင့်ဆောင်ရွက်၍ တရားလိုအား စစ်ဆေးခဲ့ကြောင်း၊ ၁.၂.၂၀၁၄ ရက်နေ့တွင် ကိုလူမော်နိုင်အား စစ်ဆေးဖမ်းဆီးပြီး ပေါက်မြို့နယ်တရားရုံးတွင် ၁.၂.၂၀၁၄ ရက်မှ ၁၄.၂.၂၀၁၄ ရက်အထိ ချုပ်မိန့်တောင်းခံရယူခဲ့ပြီး သတင်းတပ်ဖွဲ့မှ ဒုရဲမှူး မောင်မောင်သန်းထံ အမှုကို လွှဲပြောင်းပေးခဲ့ကြောင်း ပခုက္ကူခရိုင်တရားရုံးသို့ ထွက်ဆိုခဲ့သည်။
    
စွပ်စွဲခံရသူများ၏ ရှေ့နေများက တိုင်ကြားစာပို့ရာတွင် မည်သည့်ဥပဒေဖြင့် အရေးယူပါဟု ပါသလားမေးရာ တိုင်စာကိုကြည့်ပြီး နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှု အက်ဥပဒေဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ဥပဒေပုဒ်မ ၃၊ ၁ (က) ခေါင်းစီးတွင် သူလျှိုများအတွက် အပြစ်ပေးခြင်းဟု အင်္ဂလိပ်စာဖြင့် ရေးသားထားသည်ကို တွေ့ရှိပါသလားဆိုလျှင် တွေ့ရှိကြောင်း၊ သတင်းရေးသားသူများမှာ သတင်းထောက်များဖြစ်သည်ကို သိပါသလားဆိုလျှင် အမှုဖွင့်စဉ်က မသိပါ၊ ရှာဖွေပစ္စည်းများ သိမ်းဆည်းရာတွင် တရားသူကြီးတစ်ဦးထံမှ ခွင့်ပြုမိန့်ရယူပြီးမှ ရှာဖွေဝရမ်းပါသလားဆိုလျှင် ရဲအရေးပိုင်အမှုဖြစ်သည့်အတွက် ပြစ်။ ကျင့် ပုဒ်မ ၁၀၃ အရ ရှာဖွေခြင်းဖြစ်ကြောင်း၊ အမှုဖွင့်သည့် အရာရှိဖြစ်သည့်အတွက် စက်ရုံသို့ရောက်ဖူးပါသလားမေးရာ မရောက်ဘူးကြောင်း၊  က.ပ.စ (၂၄) စက်ရုံ တားမြစ်နယ်အဖြစ် နိုင်ငံတော်သမ္မတအမိန့်ဖြင့် ထုတ်ပြန်ထားသည်ကို ကြားဖူး၊ မြင်ဖူး၊ တွေ့ဖူးပါသလားမေးရာ ကြားဖူးကြောင်း၊ မည်သည့်အချိန်တွင် ထုတ်ပြန်ထားသည်ကို ကြားဖူးခြင်းဖြစ်သည်ကို
မှတ်မိသလားမေးရာ မမှတ်မိကြောင်းနှင့် က.ပ.စ ၂၄ စက်ရုံမှ ပေါက်မြို့နယ်အတွင်းရှိသည်မှာ မှန်ကြောင်းတို့ကိုလည်း ထွက်ဆိုခဲ့သည်။
    
ဧပြီ ၂၈ ရက် (၈) ကြိမ်မြောက်ရုံးချိန်း ပထမနေ့တွင် လိုပြသက်သေ ပေါက်မြို့မရဲစခန်း စခန်းမှူး ငွေထွန်းအား စွပ်စွဲခံရသူများ၏ရှေ့နေများက မေးခွန်းမေးမြန်းစဉ်တွင် ခရိုင်ဥပဒေအရာရှိက မေးခွန်းကို ရှင်းလင်းစွာမေးရန်နှင့် မေးခွန်းမဟုတ်သော ဥပဒေနှင့် ပက်သက်သည်များကိုမမေးရန် ကန့်ကွက်မှုများပြုလုပ်ခဲ့ပြီး ခရိုင်တရားသူကြီး၊ ခရိုင်ဥပဒေအရာရှိနှင့် စွပ်စွဲခံရသူများ၏ရှေ့နေများကြား မေးခွန်းမေးမြန်းမှုနှင့် ပက်သက်၍ အချေအတင် ပြောဆိုမှုများလည်း ရှိခဲ့သည်။

အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းဖော်ပြမှုကြောင့် ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား အဆိုပါစက်ရုံ စီမံဌာနမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက ယခုနှစ် ဇန်န၀ါရီ ၃၀ ရက်၌ ပေါက်မြို့မရဲစခန်းတွင် (ပ)၈။၂၀၁၄ မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁) (က)။၉ ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ဖမ်းဆီး၍ ဖေဖော်ဝါရီ ၁၄ ရက်မှ အမှုအား စတင်စစ်ဆေးခဲ့ရာ ဧပြီ ၂၈ ရက် ရှစ်ကြိမ်မြောက်ရုံးချိန်း ပထမနေ့ပြီးသည်အထိ လိုပြသက် သေ ၂၀ ဦးထိ စစ်ဆေးခဲ့ပြီး ဒုတိယနေ့၌ လိုပြသက်သေ ငါးဦး စစ်ဆေးမည်ဟု သိရသည်။

Eleven Media Group 

တရားစွဲခံထားရသည့် ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ပခုက္ကူခရိုင်တရားရုံးတွင် ၂၈ ရက် ရှစ်ကြိမ်မြောက်ရုံးချိန်၌ လာရောက်သူများနှင့်အတူ တွေ့ရစဉ်
တရားစွဲခံထားရသည့် ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ပခုက္ကူခရိုင်တရားရုံးတွင် ၂၈ ရက် ရှစ်ကြိမ်မြောက်ရုံးချိန်၌ လာရောက်သူများနှင့်အတူ တွေ့ရစဉ်

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းရေးသားဖော်ပြ မှုကြောင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခံထားရသည့် ယူနတီ အမှုဆောင် အရာရှိ ချုပ်နှင့် သတင်းထောက်လေးဦးတို့ ၏ ဧပြီ ၂၈ ရက် (၈) ကြိမ်မြောက်ရုံးချိန်း ပထမနေ့ တွင် လိုပြသက်သေအဖြစ် ပခုက္ကူ ခရိုင်တရားရုံးသို့ လာရောက်ထွက်ဆို အစစ်ဆေးခံခဲ့သည့် ယူနတီ ဂျာနယ်ရုံး အဖွဲ့မှူး ကိုအောင်ဝင်းထွန်းက ကိုလူမော်နိုင်ပေးပို့လိုက်သည့် သတင်းအချက်အလက်များကို ဂျာနယ်တွင် သတင်းအဖြစ်သာဖော်ပြခဲ့ပြီးအခြားမည်သည့်နိုင်ငံကိုမှ ပေးပို့ထားခြင်း မရှိကြော င်းနှင့်  ပေါက်မြို့မစခန်းမှူး ငွေထွန်းအား စွပ်စွဲခံရသူများ၏ရှေ့နေ ဦးဝါ၀င်းမောင်က က.ပ.စ (၂၄) စက်ရုံ အား တားမြစ်နယ်အဖြစ် နိုင်ငံတော်သမ္မတအမိန့်ဖြင့် ထုတ်ပြန်ထားသည်ကို ကြားဖူး၊ မြင်ဖူး၊ တွေ့ဖူးပါ သလားဟု မေးမြန်းရာ ၎င်းက နိုင်ငံတော်သမ္မတ အမိန့်ထုတ်ပြန်ထားသည်ကို ကြားဖူးကြောင်း ပြန် လည်ဖြေကြားခဲ့သည်။

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလက်ခံသော ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်ရေး လူ ၅၀၀ ကျော်က ဆန္ဒပြနေစဉ်

Photo: တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလက်ခံသော ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်ရေး လူ ၅၀၀ ကျော်က ဆန္ဒပြနေစဉ်
Tuesday, April 29, 2014

ဧပြီ ၂၈ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လက်ခံသော ဖွဲ့ စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ရေး လူ ၅၀၀ ကျော် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူများသည် ဧပြီ ၂၈ ရက် နံနက် ၈ နာရီမှစတင်ကာ လက်ရှိကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်မှုများ ပြုလုပ်ခဲ့ကြပြီး ညောင်လေးပင်မြို့ရှိ ကိုးန၀င်းဘုရားလမ်း၊ မဒေါက်လမ်းဆုံ၊ ဘုရားကြီးလမ်း၊ ကျောင်းကြီးလမ်း၊ စာတိုက်လမ်း၊ ဗိုလ်ချုပ်လမ်းတို့ကို ဖြတ်သန်းသွားကြပြီး နှစ်ကျိပ်ရှစ်ဆူဘုရားရှေ့တွင် ပြီးဆုံးခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတအရည်အချင်း သတ်မှတ်ချက် ပုဒ်မ  ၅၉ (စ)၊ ၅၉ (ဃ)၊ ပြင်ဆင်ရန်ခက်ခဲအောင် ပြု လုပ်ထားသည့် ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၆ (ခ) တို့ကို လုံးဝအလိုမရှိကြောင်း၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လက်ခံသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်စေရေးနှင့်  ပြည်သူလူထု ရွေးကောက်တင်မြှောက်သော ခေါင်းဆောင်အစိုးရသာလျှင် အုပ်ချုပ်ခွင့်ရစေရေးတို့အတွက် ရည်ရွယ်ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်မှ ဒီမိုကရေစီအစစ်အမှန်ဆိုတာကို ပြည်သူတွေရမှာဗျ။ တိုင်းပြည်ကြီး ဆင်းရဲတွင်းနက်နေတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာ မူတည်တယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက လူတစ်စုကောင်းစားရေးလောက်ကိုပဲကြည့်ပြီး ပြည်သူလူထုအတွက် ကြည့်ထားတာ ဘာမှမရှိတာကိုး" ဟု ဆန္ဒပြခေါင်းဆောင် ကိုအောင်ကျော်မိုးကဆိုသည်။      

Eleven Media Group  

ညောင်လေးပင်မြို့တွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးလက်ခံသော ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး လူ ၅၀၀ ကျော် ဆန္ဒပြ

ညောင်လေးပင်မြို့တွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးလက်ခံသော ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး လူ ၅၀၀ ကျော် ဆန္ဒပြ

ဧပြီ ၂၈ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လက် ခံသော ဖွဲ့ စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ရေး လူ ၅၀၀ ကျော် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် တွေ့ဆုံ

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ကော်မတီ ဒုတိယ အတွင်းရေးမှူး မစ္စတာချိုးဟေနှင့် ကိုယ်စားလှယ်အဖွဲ့အား ဧပြီ ၂၈ ရက်က နေပြည်တော်ရှိ သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ သတင်းထုတ်လွှင့်မှုအရ သိရ သည်။

အမျိုးသားပညာရေး ဥပဒေကြမ်းကို တက္ကသိုလ် ၃၄ ခုမှ ဗကသအဖွဲ့များ ကန့်ကွက်

အမျိုးသားပညာရေး ဥပဒေကြမ်းကို မြန်မာနိုင်ငံအနှံ့ရှိ တက္ကသိုလ် ၃၄ ခုမှ ဗမာ နိုင်ငံလုံးဆိုင် ရာ ကျောင်း သားများသမဂ္ဂ (ဗကသ)အဖွဲ့များ တညီတညွတ်တည်း ကန့်ကွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဗကသ ဗဟို လုပ်င န်းကော်မတီ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောကြားသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲအား EU ရုံးခန်းတွင် ယနေ့ပြုလုပ်မည်

မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ဥရောပသမဂ္ဂရုံး၌ ယနေ့ ဧပြီ ၂၉ ရက် နံနက် ၉ နာရီမှ ၁၁ နာရီအထိ နှစ်နာရီကြာ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Monday 28 April 2014

သမ္မတဦးသိန်းစိန်အား ကင်းထောက်မောင်မယ်များ သွားရောက်တွေ့ဆုံမည်

Photo: သမ္မတဦးသိန်းစိန်အား ကင်းထောက်မောင်မယ်များ သွားရောက်တွေ့ဆုံမည်
Monday, April 28, 2014

ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ကျောင်းသူ ကျောင်းသား(၄၉၀) ဦး ပါဝင်သော ကင်းထောက် မောင်မယ်များ တွေ့ဆုံပွဲအားပြင်ဦးလွင်စခန်းတွင် (ယနေ့)
ဧပြီ ၂၈ရက်မှမေ၂ရက်အထိ ပြုလုပ်သွားမည် ဖြစ်ပြီး ယင်းတွေ့ဆုံပွဲပြီးပါက 
မေ ၃ ရက်နှင့် ၄ ရက်နေ့၌သမ္မတဦးသိန်းစိန်အား သွားရောက် တွေ့ဆုံ
မည့်ဖြစ်ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ကပြောသည်။

၎င်းကင်းထောက်မောင်မယ်တွေ့ပွဲကို ပြည်နယ်နှင့်တိုင်းဒေသကြီးမှ အမှတ်(၁)၊အမှတ်(၂)၊ အမှတ်(၃)၊ အခြေခံအထက်တန်းကျောင်းများကဆဌ္ဓမတန်း၊သတ္တမ
တန်း ကျောင်းသူ ကျောင်းသား ၄၉၀ဦးပါဝင်မှာ ဖြစ်သည်။

“ပြင်ဦးလွင်စခန်းမှာ ပြုလုပ်မယ် ကင်းထောက်မောင်မယ်တွေ့ဆုံပွဲဟာ မြန်မာတပြည်လုံးမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေကို တွေ့ဆုံပေး
တာဖြစ်တယ်။

တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးမှုရအောင်ပေါ့။နောက်တစ်ခုက သူတို့လေးတွေရဲ့စိတ်ထဲမှာ အများအကျိုးလုပ်ဆောင်ချင်တဲ့စိတ်ကလေးတွေ
ဖြစ်ပေါ်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဒီတွေ့ဆုံပွဲကိုလုပ်တာပါ။ နောက်တစ်ချိန်ကျရင် သူတို့အားလုံးဟာ အနာဂတ်လူစွမ်းကောင်း တွေဖြစ်လာမယ်။

တစ်ယောက်နဲ့တစ်ယောက် ဗဟုသုတတွေလဲ ဆွေးနွေးဖလှယ်သွားလို့ရတယ်”ဟု အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်
က ပြောသည်။

ကင်းထောက်မောင်မယ်တွေ့ဆုံပွဲအား ဧပြီ ၂၈ ရက်မှ မေ၂ ရက်အထိပြုလုပ်
သွားမည်ဖြစ်ပြီး ယင်းအချိန်အတွင်း၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အဖွဲ့
(၅)ဖွဲ့ခွဲကာ လုပ်ဆောင်သွားမည်ဖြစ်သည်။ ၎င်းနေရာများမှ လူ့ကန်သာဘုရား
တွင် တံမြက်စီးလှဲခြင်း၊ဘိုးဘွားရိပ်သာ၌ အဘိုးအဘွားများအားပြုစုစောင့်
ရှောက်ခြင်း၊ မျက်မမြင်ကျောင်းများတွင် ဝေယျာဝစ္စပြုလုပ်ခြင်း၊ကျောင်း
များ၌သန့်ရှင်းရေးများ ပြုလုပ်ခြင်း၊သစ်ပင်စိုက်ခြင်းစသည့် ပြည်သူ့
အကျိုးပြုလုပ်ငန်းများလုပ်ဆောင်သွားမည်ဖြစ်သည်။

ယင်းနောက် ပြင်ဦးလွင်မြို့ ကန်တော်ကြီးအမျိုးသားသဘာဝဥယျာဉ်တွင်လေ့
လာရေးခရီးစဉ်အနေနဲ့ ဗဟုသုတများရှာဖွေ သွားမည်ဖြစ်ပြီး မေ ၂ ရက်၌
နေပြည်တော်စုပေါင်းစခန်းသို့သွားရောက်ကာဘက်စုံထူးချွန်လူငယ်များ၊ထူးချွန်
ကြက်ခြေနီလူငယ်များတို့ဖြင့်ပူးပေါင်း၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်
အား သွားရောက်တွေ့စုံမည် ဖြစ်ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးမင်းဇော်က ဆက်လက်ပြောပြသည်။

ယင်းကင်းထောက်မောင်မယ်တွေ့ဆုံပွဲမှာ ဒုတိယအကြိမ်ဖြစ်သည်။ ပထမ
အကြိမ်တွေ့ဆုံပွဲအား၂၀၁၃၊ဧပြီလ၌ပင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

ချစ်မင်းထွန်း
The Myanmar Age
ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ကျောင်းသူ ကျောင်းသား(၄၉၀) ဦး ပါဝင်သော ကင်းထောက် မောင်မယ် များ တွေ့ဆုံပွဲအားပြင်ဦးလွင်စခန်းတွင် (ယနေ့) ဧပြီ ၂၈ရက်မှမေ၂ရက်အထိ ပြုလုပ်သွားမည် ဖြစ်ပြီး ယင်းတွေ့ ဆုံပွဲပြီးပါက မေ ၃ ရက်နှင့် ၄ ရက်နေ့၌သမ္မတဦးသိန်းစိန်အား သွားရောက် တွေ့ဆုံ မည့်ဖြစ်ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ကပြောသည်။

ချစ်သက်တမ်း ရှည်စေမယ့် နည်းလမ်းကောင်းများ

Photo: ချစ်သက်တမ်း ရှည်စေမယ့် နည်းလမ်းကောင်းများ
Monday, April 28, 2014 

ကိုယ်တကယ် ချစ်ရသူနဲ့ ရေရှည်လက်တွဲသွားဖို့ စဉ်းစားထားပြီဆိုရင် သူနဲ့ချစ်သက်တမ်းက ၆လဖြစ်ဖြစ်၊ ၆နှစ်ဖြစ်ဖြစ် နှစ်ဦးကြားမှာ ပျင်းရိသွားတာမျိုး၊ အချစ်တွေက အရင်လို ချစ်ခါစ၊ ကြိုက်ခါစအချိန်တွေကလို လတ်ဆတ်နေအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

၁။ မနေ့တနေ့ကမှ ချစ်သူဖြစ်သလို တစ်ဦးနဲ့တစ်ဦးဆက်ဆံပါ။

သူနဲ့ကိုယ်တွဲခဲ့တဲ့အချိန်က ဘယ်လောက်ကြာကြာ မနေ့တနေ့ကမှ ချစ်သူရည်းစားဖြစ်သလို နေထိုင်ပြောဆိုပါ။ ကိုယ့်ချစ်သူကို ဂရုစိုက်တာ၊ သဲသဲလှုပ်တာဟာ အပြစ်မဟုတ်ပါဘူး။ နှစ်ဦးသားပိုမိုအဆင်ပြေစေမယ့်အရာသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရည်းစားဖြစ်ခါစ အချိန်တွေအတိုင်း ကိုယ့်ချစ်သူကို ဂရုစိုက်ပြီး ကြင်နာယုယပေးပါ။

၂။သူငယ်ချင်းတွေရဲ့ ချစ်ရေးချစ်ရာ ကိစ္စတွေမှာ ပါဝင်ခြင်းမပြုလုပ်ပါနဲ့။

ကိုယ့်သူငယ်ချင်းနဲ့ သူကောင်မလေး လမ်းခွဲမယ့်ကိစ္စမျိုးတွေမှာ ကိုယ်က အားပေးအားမြှောက်ဝင်လုပ်တာမျိုး၊ အကြံဥာဏ်ပေးတာမျိုးတွေ မလုပ်ပါနဲ့။ သူတို့နှစ်ဦး အဆင်ပြေအောင် ပြောဆိုပေးတတ်သူသာ ဖြစ်ပါစေ။ ဒီလိုဆို ကိုယ့်ချစ်သူကလည်း မသိစိတ်ကနေ ကိုယ့်ကိုယုံကြည်မှုတွေ ပိုလာမှာပါ။

၃။နားလည်မှုထားပါ။ နှစ်ဦးသဘောတူ တိုင်ပင်ထားတဲ့ အရာတွေကို အမြဲတမ်း ပြောဆိုပေးပါ။

နှစ်ဦးသား ဘယ်အချိန်မှာ ဘာတွေလုပ်မယ်။ နှစ်ယောက်မှာ တစ်ယောက်က အောင်မြင်သွားပါစေ၊ ကျန်တဲ့တစ်ယောက်က ပျော်ရွှင်ပေးနိုင်ရမယ်။ တစ်ယောက်ကလည်း ကိုယ့်ချစ်သူကို အထင်သေး၊ အမြင်သေး မဖြစ်ရဘူး။ ဘယ်လိုနေ့မျိုးလေးတွေမှာ ဘာတွေအတူတူလုပ်ကြမယ် စသဖြင့် နှစ်ဦးသားပြောခဲ့ဖူးတဲ့၊ တိုင်ပင်ခဲ့ဖူးတာတွေကို မေ့မပစ်လိုက်ပါနဲ့။ နိုင်ငံတကာမှာဆိုရင် ချစ်သူရည်းစားစုံတွဲတွေ၊ အိမ်ထောင်သည်တွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုအောင်မြင်သွားတယ်ဆိုရင် ကွဲကြတာ များပါတယ်တဲ့။ ဘာ့ကြောင့်လဲဆိုတော့ အမျိုးသားတွေဟာ သူတို့အမျိုးသမီးတွေရဲ့ အောင်မြင်မှုအပေါ် စိတ်မသက်မသာဖြစ်လာတာကြောင့်လို့ သိရပြီး အမျိုးသမီးတွေကတော့ ငါတို့ဒီလောက်လုပ်နိုင်နေပြီပဲ။ ဘာ့ကြောင့်ဒီလို စိတ်ညစ်စရာကောင်းတဲ့ ဆက်ဆံရေးကနေ မစွန့်ခွာနိုင်ရမှာလဲ ဆိုပြီး တွေးတာကြလို့ပါတဲ့။

၎။လူမှုကွန်ယက်တွေ၊ ဖုန်းတွေထက် ချစ်သူကို အချိန်ပေးပါ။

နှစ်ဦးသားဆုံတွေ့ချိန်တွေမှာဖြစ်စေ၊ သူနဲ့အတူ မရှိချိန်တွေမှာဖြစ်စေ ဖေ့စ်ဘွခ်လို လူမှုကွန်ယက်တွေကိုပဲ အာရုံရောက်နေမယ်၊ ဖုန်းကိုပဲ ကလိနေတတ်သူဆိုရင်လည်း ဒီအကျင့်လေးကို ပြင်ဖို့ပြောပါရစေ။

၅။တစ်ဦးနဲ့တစ်ဦး ငြင်းခုန်ချိန်တိုင်း အရင်ကဖြစ်ခဲ့တာတွေကို ပြန်မထောက်ပြပါနဲ့။

အချိန်တိုင်း အဆင်ပြေနေတဲ့ ချစ်သူစုံတွဲဆိုတာကတော့ မရှိသလောက်ရှားပါတယ်။ တစ်ဦးနဲ့တစ်ဦး ရန်ဖြစ်၊ ငြင်းခုန်တိုင်း အရင်တုန်းက ကိုယ်မကျေနပ်တဲ့ကိစ္စတွေကို ပြန်ထောက်ပြပြောဆိုတာမျိုး အတတ်နိုင်ဆုံး ရှောင်ပါ။ အထူးသဖြင့် ပိုက်ဆံကိစ္စတွေပေါ့။ ငါ့တုန်းက နင်အဲ့ဒီလိုဖြစ်နေတုန်းက ငွေဘယ်လောက် သုံးလိုက်ရတယ်၊ နင်ကျတော့ ဒီလောက်လေးတောင် အဖြစ်မရှိဘူး စတာမျိုးတွေ မပြောမိဖို့ သတိထားပါ။

၆။တစ်ဦးရဲ့ယုံကြည်မှုတိုးပွားအောင် တစ်ဦးက ပြောဆိုပေးပါ။

ကိုယ်က အရမ်းချောပြီး၊ ကိုယ့်ချစ်သူကတော့ သာမာန်ပဲမို့လို့ သူက စိတ်အားငယ်တယ်လို့ထင်ရင် သူ့ကိုဘာ့ကြောင့် ချစ်ခဲ့ရတာ၊ သူ့ရဲ့အားသာချက်တွေက ဘာဆိုတာ သူသိအောင် ပြောပြပေးပါ။ သူ့ရဲ့အားနည်းချက်တွေကို အားသာချက်ဖြစ်အောင် ပြောပြပေးပါ။

၇။ကိုယ့်ချစ်သူကို ကိုယ်လေစားရတဲ့၊ ကြိုက်ရတဲ့ အနုပညာရှင်တွေနဲ့ မနှိုင်းပါနဲ့။

ကိုယ့်အခန်းနံရံမှာ ကပ်ထားတဲ့ နိုင်ငံခြားက မင်းသား၊ မင်းသမီးတွေနဲ့ ကိုယ့်ချစ်သူကို မနှိုင်းပါနဲ့။ သူတို့က ဘယ်လိုမိုက်တာ၊ ဘယ်လိုတော်တာ၊ မင်းကရော ဆိုတာမျိုးတွေ နှိုင်းယှဉ်ခြင်းဟာ တော်တော်လေးကို ကလေးဆန်ပါတယ်။

Ref:womenshealthmag.com/
Trend Myanmar
ကိုယ်တကယ် ချစ်ရသူနဲ့ ရေရှည်လက်တွဲသွားဖို့ စဉ်းစားထားပြီဆိုရင် သူနဲ့ချစ်သက်တမ်းက ၆လဖြစ်ဖြစ်၊ ၆နှစ်ဖြစ်ဖြစ် နှစ်ဦးကြားမှာ ပျင်းရိသွားတာမျိုး၊ အချစ်တွေက အရင်လို ချစ်ခါစ၊ ကြိုက်ခါစအချိန်တွေကလို လတ်ဆတ်နေအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။