Sunday 10 June 2012

သမ္မတကြီး ဦးသိန်းစိန်၏ ကုလား ရခိုင် အဓိကရုဏ်း မိန့်ခွန်း နှင့် ပုဒ်မ ၁၄၄ အမိန့် ကြေညာခြင်း (ရုပ်သံ)

                                                                                                                                                                                                      From : MEG

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၊ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၁၂

၁၃၇၄၊ နယုန်လပြည့်ကျော်၊ ၆ ရက်၊ ၂၀၁၂ ဇွန် ၁၀
အရေးပေါ်အခြေအနေကြေငြာခြင်း

ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ပြည်နယ်အေးချမ်းမှုပျက်ပြား သည့်အခြေအနေများ ဖြစ်ပေါ်နေမှုကြောင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ၂၀၁၂ ဇွန်လ ၈ ရက်မှ စတင်၍ ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ထိန်းသိမ်းခဲ့ပါသည်။

သို့သော်လည်း အကြမ်းဖက်မှုများမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ရုံဖြင့် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေနိုင်ရေးကို အမြန်ဆုံးပြန်လည် ဖော်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၂ ပုဒ်မခွဲ ဃ အရ ရခိုင်ပြည်နယ်အတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေငြာလိုက်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ က အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။
ဤအမိန့်သည် ယနေ့မှ စ၍ နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိမခြင်း အတည်ဖြစ်သည်။
ဤအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်ရမည်။


                                                                                                                                                    (ပုံ)
                                                                                                                                                သိန်းစိန်
                                                                                                                                         နိုင်ငံတော်သမ္မတ

ဇွန်လ ၁၀ ရက်နေ့တွင် နိုင်ငံတော်အစိုးပိုင် မီဒီယာများမှ ပြည်ထောင်စုသမ္မတနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်၏ ရခိုင်အရေး မိန့်ခွန်း အပြည့်အစုံ


အစိုးရအနေဖြင့် Rule of Law ဖော်ဆောက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်

မိတ်တွေများခင်ဗျား-

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသော ဖြစ်စဉ်များမှာ မင်းမဲ့စရိုက် ဆန်ဆန် ဆူပူအုံကြွမှုများ ဖြစ်ပါသည်။
လက်ရှိ နိုင်ငံတော်မှ ဆောင်ရွက်နေသည်မှာ အရာရာ Rule of Law အတိုင်း ဖြစ်စေရန်သာ ဖြစ်ပါသည်။ Rule of Law ခိုင်မာကောင်းမွန်ရေး သည် အုပ်ချုပ်ရေးမဏ္ဍိုင်၏ အဓိကတာဝန် ဖြစ်သည်မှာ မှန်ပါသည်။

သို့သော် ပြည်သူများအပေါ် ဦးဆောင်မှုပေးနိုင်သော နိုင်ငံရေးပါတီများ၊ ပြည်သူများက ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ ကိုယ်စားလှယ်များ၊ ပွင့်လင်းလွတ်လပ်သော လူ့အဖွဲ့အစည်း ဖြစ်ပေါ်ရေးတွင် အဓိကကျသော Civil Society များ၊ ပြည်သူများ၏ အသိအမြင်ကို မျက်စေ့ဖွင့်ပေးသော စတုတ္ထမဏ္ဍိုင် မီဒီယာများ စသည်တို့အားလုံးကလည်း ၀ိုင်းဝန်းကူညီ ပံ့ပိုးပေးမှသာ ခိုင်မာသော Rule of Law ကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

ရခိုင်ပြည်နယ်အတွင်း အခြေအနေများနှင့်ပတ်သက်၍ မီဒီယာအမျိုးမျိုးတွင် သတင်းအဖုံဖုံ ပေါ်ထွက်နေသော်လည်း ကောလဟာလနှင့် သတင်းမှန်များ ခွဲခြားသိမြင်နိုင်ရန်လည်း အရေးကြီးပါသည်။ အဆိုပါ ဒေသအတွင်း နိုင်ငံတော် အုပ်ချုပ်ရေးဘက်မှ Rule of Law အတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ မည်သည့်ဘက်မှဖြစ်စေ ဥပဒေချိုးဖောက် ကျော်လွန်လာသော မင်းမဲ့စရိုက်ကို ကိုယ်စားပြုသော ဆူပူ အကြမ်းဘက်မှုများ ဆောင်ရွက်လာပါက ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

လက်ရှိအချိန်အခါတွင် နိုင်ငံတကာ သတင်းမီဒီယာများ၌ မိမိတို့နိုင်ငံ၏ အခြေအနေများကို ဖော်ပြရာတွင် တစ်နိုင်ငံလုံး ပွက်ပွက်ဆူတော့မည့် အလားအလာများ ထည့်သွင်း ဖော်ပြနေကြသည်များလည်း တွေ့ရှိရပါသည်။

လူနည်းစု၏ အမှားလုပ်ဆောင်ချက်များမှသည် လူများစု၏ အမှားလုပ်ဆောင် ချက်များ အဖြစ်သို့ ကူးပြောင်းရောက်ရှိ မသွားစေရန် သတိရှိကြရန် လိုပါသည်။

မိမိတို့နှင့် နီးစပ်ရာ နီးစပ်ရာ အသိုင်းအ၀ိုင်းများအတွင်း လက်စားချေခြင်း ကင်းသော၊ ဥပဒေနှင့်အညီ ဖြစ်စေသော ပံ့ပိုးကူညီမှုများဖြင့် ထိန်းသိမ်း ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါသည်။

သို့ပါ၍ ညီအစ်ကို၊ မောင်နှမများအနေဖြင့် အချင်းချင်း အပြန်အလှန် နားလည်မှုရှိစွာဖြင့် Rule of Law ကို ၀ိုင်းဝန်းဖော်ဆောင်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းအပ်ပါသည်။ အစိုးရအနေဖြင့် Rule of Law ဖော်ဆောက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
                                                                                                                                From : Hmuu.zaw

တပ်မတော်သည် အစ္စလာမ် ဘာသာဝင်များအား အကြောင့်မဲ့တိုက်ခိုက်နေခြင်းမဟုတ်၊ ဘင်္ဂါလီစစ်သွေးကြွ အစွန်းရောက်လူတစ်စုကြောင့် ပြည်သူလူ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးနေခြင်းသာဖြစ်

မနေ့ညက နိုင်ငံခြားသတင်းထောက် တစ်ယောက်ကဆက်သွယ်လာပါတယ်။ သူက ရခိုင်ပြည်နုယ်မှာ တပ်မတော်က မူဆလင်ဘာသာဝင်တွေကို ထိုးစစ်ဆင်နေတယ်ဆိုတဲ့ သတင်း မှန် မမှန်မေးပါတယ်။ ဒါ့ကြောင့် အခုလိုဖြေကြားခဲ့ပါတယ်။

၁။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊မောင်တော ဒေသမှာရှိတဲ့ တိုင်းရင်းသား ရခိုင်လူမျိုးများရဲ့ အသက်အန္တရာယ်နဲ့ နေအိမ်များကို ကာကွယ်နိုင်ဖို့အတွက် လုံခြုံမှုစစ်ဆင်ရေး Security Operation ကိုသာဆောင်ရွက်နေတာဖြစ်တယ်။

၂။ မောင်တောဒေသမှာ ဘင်္ဂါလီလူမျိုးများက တောင်ကုတ်ဖြစ်စဉ်ကို အကြောင်းပြုပြီး အကြမ်းဖက် မှုတွေကျူးလွန်နေတာဖြစ်တယ်။ ဒီဖြစ်စဉ်ဟာ ရိုဟင်ဂျာခွဲထွက်ရေးလှုပ်ရှားမှုသမားတွေ၊ အစွန်း ရောက်သမားတွေက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတဲ့ကိစ္စဖြစ်တယ်။ ဒါကို သာမန် ဘာသာရေး ပဋိပက္ခ သက်သက်လို့ မြင်လို့မရဘူး။

၃။ မြန်မာနိုင်ငံအတွင်းက ကျန်တဲ့ဒေသတွေမှာ ဘာသာရေးအဓိကရုဏ်းတွေမဖြစ်ဖို့၊ အစိုးရ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက် နေတယ်။

၎။ ဘူသီးတောင်၊မောင်တောဒေသမှာ ၁၉၅၀ ပြည့်နှစ်များတ၀ိုက်မှာ မူဂျာဟစ်ဒင် ခွဲထွက်ရေး သူပုန်တွေက ရခိုင်လူမျိုးများကို အစုအလိုက်သတ်ဖြတ်၊ မောင်းထုတ်၊ ရွာမီးရှို့တောတွေလုပ် ခဲ့ တယ်။ ဒါ့ကြောင့် တပ်မတော်က မြန်မာ-အရှေ့ပါကစ္စတန် ( ဘင်္ဂလားဒေ့ရှ်) နယ်စပ်က မူဂျာ ဟစ်ဒင်သူပုန်တွေကို စစ်ဆင်ရေးလုပ်ပြီး နှိမ်နင်းခဲ့ရတယ်။

၅။ အခုလည်း ရိုဟင်ဂျာအမည်ခံဘင်္ဂါလီများက အဲဒီပုံစံအကြမ်းဖက်မှုတွေပြန်လုပ်လာလို့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ကာကွယ်ပေးနေရတာဖြစ်တယ်။ ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသား မဟုတ်ဘူး။ သူတို့ဟာ ထိုင်းတောင်ပိုင်းက ခွဲထွက်ရေးလှုပ်ရှားမှုလိုမျိုး အစွန်းရောက် အကြမ်းဖက် ၀ါဒကို ဆောင်ရွက်နေသူများသာဖြစ်တယ်။

၆။ တောင်ကုတ်ဖြစ်စဉ်ဟာ ဒီအကြမ်းဖက်မှုတွေကို လုပ်ဖို့တွက် အကြောင်းပြချက်သက်သက်သာ ဖြစ်တယ်။ ဒီနောက်ကွယ်မှာ ရည်ရွယ်ချက်ကြီးမားတဲ့ ခွဲထွက် ရေးလှုပ်ရှားမှုရှိနေတယ်။ နိုင်ငံတကာက ဒီအခြေအနေကိုနားလည်ဖို့ လိုတယ်။

ဒါပေမယ့် ခါတိုင်း ကျွန်တော်ဖြေကြားချက်များကို အသုံးပြုလေ့ရှိတဲ့ အဲဒီသတင်းထောက်ဟာ အခု သူရေးတဲ့သတင်းမှာ ဒီဖြေကြားချက်ကို မသုံးဘဲ ချန်လှပ်ထားခဲ့ပါတယ်။ အစိုးရက ရိုဟင်ဂျာ လူနည်းစုတွေကို နှိပ်ကွပ်နေတယ်ဆိုတဲ့ ပုံစံဖြစ်အောင် သွယ်ဝိုက်ရေးသွားပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာမီဒီယာများအနေနဲ့ အတိုင်းအတာတစ်ခုထိ ဘက်လိုက်လိုတဲ့ သဘော များ ရှိလာနိုင်တယ်လို့ ထင်ပါတယ်။ ဒါကိုကျော်လွှားနိုင်ဖို့အတွက် ပြည်တွင်းမီဒီယာများ၊ လူမှုကွန်ယက် ပေါ်က ပြည်သူတွေအနေနဲ့ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုမပါဘဲ ရိုဟင်ဂျာ ခွဲထွက်ရေးလှုပ်ရှားမှု၊ ဟိုတုံးက ကုလားဆိုးသူပုန်တွေ ရဲ့ လှုပ်ရှားမှုများကို နိုင်ငံတကာက သိအောင် ပြောကြဖို့တိုက်တွန်းလိုပါတယ်။

တစ်ဖက်ကလည်း ပြည်တွင်းက ကျန်ဒေသများမှာ ဘာသာဝင်အားလုံးအတွင်း ချစ်ချစ်ခင်ခင်နေနိုင်အောင် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အစိုးရ ဟာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများရဲ့ အကြမ်းဖက်မှုများကို ဥပဒေနဲ့အညီ ကာကွယ်တားဆီးနေ ခြင်း သာဖြစ်တယ်၊ အစ္စလမ်ဘာသာဝင်များအားလုံးကို ဦးတည်တိုက်ခိုက် နေတာမဟုတ်ဘူးဆိုတာ နိုင်ငံတကာကို သက်သေပြကြပါလို့ တိုက်တွန်းလို ပါတယ်။
                                                                                                                              From : Ye Htut.

နောက်ဆုံးရ သတင်း

ဇွန်လ ၁၀ ရက်နေ့ ၁၅း၁၅ နာရီချိန်မှစ၍ စစ်တွေလေယာဉ်ကွင်း၊ စစ်တွေရထားလမ်း (၂၀)မိုင် တောက်လျှောက်အား တပ်မတော်မှ တပ်ရင်းများနှင့် လုံခြုံရေး ဆောင်ရွက်နေ ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်များနှင့် (အစ္စလာမ်ဘာသာကို အကြောင်းပြု၍) အကြမ်းဖက်မှုများ လုပ်ဆောင်နေသော ဘင်္ဂါလီများ ခွဲခြားပြီး ကြည့်မြင်ကြရန် လိုအပ်ပါသည်။
ပြည်သူများအတွင်း မသင်္ကာစရာများ တွေ့ရှိရပါက သက်ဆိုင်ရာသို့ အမြန်ဆုံး အကြောင်းကြရန် လိုအပ်ပါသည်။
 ဘင်္ဂါလီ ရိုဟင်ဂျာ သုံးဦးမှာ အမျိုးသမီး ဟန်ဆောင်ပြီး ဘူးသီးတောင် မြို့အတွင်းသို့ မောင်တောမြို့ ထွက်ပေါက်မှတစ်ဆင့် ၀င်ရောက်လာသဖြင့် သက်ဆိုင်ရာမှ ဖမ်းဆီးထားကြောင်း သိရပါသည်။
                                                                                                                              From : Hmuu.zaw

စစ်တွေမြို့တွင်ပါ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ-၁၄၄ အရ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပြီဖြစ်


ဇွန်လ ၁၀ ရက်နေ့ စစ်တွေမြို့  မြင်ကွင်းများနှင့် တပ်မတော်၊ပြည်သူ့ ရဲ ၊မြန်မာနိုင်ငံ မီးသတ်နှင့် ပြည်သူလူထုတို့၏ ပူးပေါင်းဆောင်ရွက်မှုများ






နိုင်ငံတော် သမ္မတရုံးမှ အရာရှိတဦးရဲ့ ပြည်သူများသို့ ပန်ကြားချက်

ညီအစ်ကို မောင်နှမများ ခင်ဗျား-

နိုင်ငံတော်အစိုးရသည် အုပ်ချုပ်ရေးနည်းလမ်းများဖြင့် နိုင်ငံသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ရာ၌ ဥပဒေနှင့်အညီ ဆောင်ရွက်လျက် ရှိပါသည်။

နိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာဘာသာများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ အသိအမှတ်ပြုထားပြီး ဖြစ်ပါသည်။

အရေးကြီးသည်မှာ နိုင်ငံတော်သည် အစ္စလာမ်ဘာသာဝင်များကို ပစ်ခတ်တိုက်ခိုက်နေခြင်း မဟုတ်ပါ။ (နိုင်ငံတကာ သတင်းမီဒီယာများမှ လုပ်ကြံဖန်တီးဖော်ပြနေကြပါသည်။) ပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင်များကို အသုံးချ၍လည်းကောင်း၊ အစ္စလာမ်ဘာသာကို အသုံးချ၍လည်းကောင်း မိမိတိုင်းရင်းသား ရခိုင်လူမျိုးများအပေါ် ဆူပူအကြမ်းဘက်မှုများ ပြုလုပ်လာသော ရိုဟင်ဂျာ ဘင်္ဂါလီလူမျိုးများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သတိပြုစေလိုပါသည်။

နိုင်ငံတော်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စောင့်ထိန်းလိုက်နာဆောင်ရွက် နေပြီး ဘာသာရေးအကြောင်းပြုလျက် ခွဲခြားခြင်းသော်လည်းကောင်း၊ လူမျိုးရေးအကြောင်း ပြုလျက် ခွဲခြားခြင်းသော်လည်းကောင်း လုံးဝ မရှိပါကြောင်း၊ အစ္စလာမ်ဘာသာကို ခုတုံးလုပ် အသုံးချ၍ မင်းမဲ့စရိုက်များ ကျူးလွန်လာသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းသာ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
                                                                                                                                    From : Hmuu.zaw

မောင်းတောသို့ တပ်မတော်မှ အင်အားဖြည့်တင်းလျက်ရှိပြီး အခြေအနေများအားဆက်လက်ထိန်းသိမ်း

 မောင်းတောမြို့အတွင်းသို့ တပ်မတော်မှ အင်းအာဖြည့်တင်းမှုများ ရောက်ရှိနေပြီး ဆက်လက်၍ မောင်းတောဘက်က ကျေးရွာတွေဆီကို နောက်ထပ်စစ်ကြောင်းတွေ ထပ်မံချီတတ်ကာရောက်ရှိ ရွားသားများ ကူညီချင်း လုံခြုံတဲ့နေရာ ပို့ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။တပ်မတော်နဲ့ အတူနယ်ခံမျိုးချစ်ရခိုင်များလည်း ပါဝင်ကြောင်းသိရှိရပါသည်။

 စစ်တွေတွင်မှု တပ်မတော်သား အင်းအားနည်းပါးမှုရှိနေပြီး မင်းဂံရပ်ကွက် အကွက် (၁) ကို ဘင်္ဂါလီလူမျိုးများ ယမန်နေ့ ၁၂နာရီခန့်တွင် ၀င်ရောက် မီး ရှို့ ဖျက်ဆီးမှုကြောင့် ဗလီတစ်ခု အပါအ၀င် အိမ်ခြေ ၄၀ကျော် ပျက်စီးသွားပြီး အဆိုပါ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီလူမျိုးများသည် ယနေ့မနက် ငါးနာရီခန့်တွင် ဝေသာလီ အားကစားကွင်း အနီးရှိ ရထားဘူတာမှ မြို့ ပတ်ရထားကို မီးရှို့ဖျက်စီးနေစဉ် ရဲတပ်ဖွဲ့ဝင်များ အချိန်မီတားဆီးနိုင်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။စစ်တွေမြို့ လုံခြုံရေးအင်အားမှာ အားနည်းနေကြောင်း၊ တပ်မတော်သားနှစ်ဆယ် ၀န်းကျင်၊ ရဲတပ်ဖွဲ့ဝင် ၃၀၀ ၀န်း ကျင်သာရှိကြောင်း၊ ယင်းအင်အားနှင့် လက်ရှိဆူပူနေမှုကို ထိန်းသိမ်းတားဆီးရန် ခက်ခဲနေကြောင်း ရခိုင် တိုင်း ရင်းသား တိုးတက်ရေးပါတီမှ ပါတီဝင် တစ်ဦးက ဆိုသည်။

 စစ်အင်ဂျင်နီယာတပ်များကလည်း ရခိုင်ပြည်သို့ တက်သွားပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။ ရခိုင်မျိုးချစ်များအားလည်း ပြည်သူစစ် အဖွဲ့များ ဖွဲ့ပေးလိုက်ပြီဖြစ်ပြီး အကုန်ပူပေါင်း ကာကွယ်နေကြကြောင်းသိရပါသည်။

 ယခုအခါ တပ်မတော်မှ ကြည်း ရေ လေ အင်ဂျင်နီယာ ဆေးတပ်ဖွဲ့ဝင်များ စုံလင်စွာ ရောက်ရှိလာနေပြီဖြစ်ကြောင်း တပ်မတော်ကြည်း မှလည်း တပ်ကုများ ဖြည့်တင်းနေပြီဖြစ်ကြောင်း သိရှိရပါတယ်။စစ်တပ်နဲ့ ရဲများ အင်အား တော်တော်များများ ရောက်လာပေမယ့် နယ်စပ်ကအကြမ်းဖက်သမားတွေ ထပ်ဝင်မလာအောင် နယ်စပ်တစ်ယောက် ချထားရခြင်း ၊ရွာတစ်ရွာချင်းဆီကို အင်အားခွဲလွတ်ရခြင်းကြောင့် အခုထိအင်အားကောင်းကောင်းမလုံလောက်သေးဟုသိရပါတယ်။ထပ်မံရ်ျ ဖြည့်တင်းရန် တပ်မတော်မှ လည်း အင်းတိုက်အားတိုက် ဆောင်ရွက်နေပြီး လက်ရှိစစ်ကြောင်းများ အင်းအားစုများ ဖြင့် နယ်မြေစိုးမိုးရေး တွက် ဖြန့်ခွဲနေရာယူလျက်ရှိကြောင်း သိရှိရပါသည်။တပ်မတော်ဘာလုပ်နေလဲဟု သတင်းများထွက်ပေါ်နေပြီ အစိုးရနဲ့ပြည်သူကြား ရန်တိုက်ပေးခြင်းများကို တွေ့ရှိနေရပါသည်။ သို့သော် ပြည်သူများမှ သက်ဆိုင်ရာအသိုင်းဝိုင်းလိုက် လုံးဝအယုံကြည်မရှိ တပ်မတော်အပေါ်သဘောထားကာ အွန်းလိုင်းမှလည်းကောင်း သက်ဆိုင်ရာမီဒီယာ စာမျက်နှာ များမှလည်း ကောင်း ရခိုင်အရေးတွေးပူလျက်တပ်မတော် ၏ အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖေါက်စကားကို လက်ခံကာ ကိုယ်စီအသိစိတ်များဖြင့် ကာကွယ်ပြောဆိုနေ
ပြီး တပ်မတော်နှင့် ရခိုင်လူမျိုးများဘက်မှ မှန်ကန်စွာရပ်တည်နေကြပါသည်။လုံးဝလေးစားရပါ၏ ရခိုင်တိုင်းရင်သားများကိုယ်စား။

 တပ်မတော် စစ်ကြောင်းများသည်လည်း မိုးရေးများကြားအနားမနေ နယ်စပ်စည်းမျှဉ်းများ ထိ တဖြည်းဖြည်း အင်းအားတိုးချဲ့ ဖြန့် ခွဲ ယူလာပြီးဖြစ်သည်။မောင်တော ဘက်အခြေနေ တိုးတတ်ကောင်းမွန်သော် လည်း စစ်တွေဘက်တွင်မှု အခြေနေ အနည်းငယ်တင်းမာလျက်ရှိပါသည်။ ရခိုင်အမျိုးသမီးများကိုယ်တိုင်ဝါးချွန်ဖြင့်စောင့် နေပြီး ရခိုင်အမျိုးသားများကတော့ ဓါးများဖြင့်လည်းကောင် လုံခြုံရေးအဖွဲ့ များအား ကူညီခြင်း တပ်မတော်စစ်ကြောင်းများနှင့် အတူလိုက်ပါ ကယ်ဆယ်ခြင်း နယ်မြေစိုးမိုးခြင်းများပြုလုပ်လျက်ရှိပါသည်။သို့သော် မြို့ဘက်အုပ်ချုပ်ရေးတွင်တပ်မတော်မှ သိပ်ဝင်ရောက်ခြင်းမရှိဘဲ ကျေးရွာဘက်တွေ တွင်းလှုပ်ရှားနေခြင်းကိုပြည်သူများ ကိုယ့်အသိနဲ့ ကိုယ်နားလည်ပေးကြပါ။ လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ ရခိုင်တိုင်းရင်းသားများ ပူးပေါင်းပြီးကာကွယ်နေသည်ကို နောက်စည်းအတွက် စစ်သားတွေရှိနေသည်ကို သိရှိပါ။သွေးကွဲစေလိုသူများ မှ တပ်မတော်အာဏာသိမ်းချင် သယောင်ယောင် တပ်မတော်က အလုပ်မလုပ်ဘဲနေ သယောင်ယောင် သွေးခွဲမှုများ လုပ်ဆောင်နေပါသည်။သို့သော်စဉ်စားပြီယုံပါ ဒီလိုမိုးရေထဲ အပျင်ပြေမည်သူမှမသွားပါ။
 

ထို့ ပြင် ဦးကိုကိုကြီးကလည်း လုံးဝ ရိုးဟင်ဂျာကိုမထောက်ခံကြောင်း လိုအပ်ပါက တပ်မတော်နှင့် ပူပေါင်းမှာဖြစ်ကြောင်းရခိုင်အမျိုးသား အရေးမှာ ရဲရဲဝံဝံ လေးစားစွာ ၈၈ထဲမှာသူတစ်ယောက် ထွက်လာပါတယ်။ဂျပန်နိုင်ငံ တိုကျိုမြို့တွင်လည်း မျိုးချစ်မြန်မာ များမှရခိုင်ရေးတွက်ရိုးဟင်ဂျာကို မထောက်ခံကြောင်း ဆန္ဒပြချင်း များလုပ်ဆောင်ခဲ့ပြီးအမေရိကန်ပြည်ထောင်စုမှ သတင်းမီဒီယာများ ပြည်သူများမှလည်း ရိုးဟင်ဂျာအရေးလုံးဝ လက်မခံကြောင်း (ကျွန်တော်လည်း ကိုကိုကြီးလိုဘဲ ဗျ သူ့ကိုလေးစားတယ် ကျွန်တော်လည်းလုံးဝ လုံးဝမထောက်ခံပါဖူး နောက်ပြီး ဒီအတွက်လည်း တပ်မတော်ကို လုံးအပြည့်ဝယုံကြည်တယ်) အစရှိသည်ဖြင့် ပြောကြားခဲ့ပါတယ်။ထို့အပြင် မြန်မာနိုင်ငံမှာမဟုတ်ဘဲပြည်ပရောက် အွန်လိုင်းသုံးမြန်မာအများစု သည်ကိုယ်တတ်နိုင်တဲ့ ဘက်က ကူညီပေးနိုင်ရန်ပြင်ဆင်ပြီး သတင်းအမှားလွင့်သော် ဆိုဒ်များသို့ လက်တွဲညီညီ တိုက်ခိုက်ခဲ့ပြီး မြန်မာနိုင်ငံတော်အလံနှင့် သီးချင်တင်ပေးခဲ့သည်များကို တွေ့ရှိရပါသည်။ထို့ပြင် မြန်မာစီးပွားရေး မီဒီယာ ဂ၇ုများနှင့် ငွေကြေးတတ်နိုင်သူများ ပရဟိတအဖွဲ့များမှလည်း ရခိုင် ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးများစုဆောင်း ကူညီမှုတွေလုပ်ဆောင်နေပါသည်။ခုလို ဘေးပြောတာကိုမယုံဘဲသွေးပြောတာကို ယုံတဲ့ မြန်မာများဘယ်တော့မှ တိုင်းတပါးလာလွမ်းမိုးလို့ မရဖူးအားလုံးကိုလေးစာပါတယ်ဗျာ။

 ယနေ့နံနက် ၁၁နာရီရရှိသည့် သတင်းများအရ စစ်တွေမြို့မင်းဂံရပ်ကွက်တွင် နေအိမ်များ မီးရှို့ရန်ကြိုးစားသည့် ဘင်္ဂါလီလူအုပ်စုနှင့် လုံထိန်းရဲတပ်ဖွဲ့များ ထိပ်တိုက်ရင်ဆိုင်နေရကြောင်းနှင့် နှစ်ဘက်စလုံး အကျအဆုံးရှိကြောင်း စစ်တွေမြို့ခံများအား ဆက်သွယ်မေးမြန်းချက်အရ သိရသည်။ ယမန်နေ့ညက အခြေအနေမှာ ငြိမ်သက်ခြင်းမရှိခဲ့ပဲ ယခုနေ့ခင်းပိုင်းအထိ အခြေအနေကို ငြိမ်သက်အောင် မထိန်းသိမ်းနိုင်သေးကြောင်းလည်း မြို့ခံတဦးက ပြောသည်။  ၎င်းအနေဖြင့် လုံထိန်းအင်အားနည်းပါးနေသည်ကို တွေ့မြင်ရကြောင်း၊ ယနေ့နေ့ခင်းအခြေအနေကို ငြိမ်သက်အောင် မထိန်းသိမ်းနိုင်ပါက ယနေ့ညပိုင်းတွင် ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်လျှက်ရှိသည်ဟုလည်း ၎င်းကပြောသည်။
 

မကြာသေးမီ မိနစ်ပိုင်းက စစ်တွေမြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအား ဆက်သွယ်မေးမြန်းရာတွင်မူ မင်းဂံရပ်ကွက်တွင် ငြိမ်သက်လျှက်ရှိကြောင်းသာ ဖြေကြားခဲ့သည်။ အလယ်သံကျော် ရဲစခန်းစီးနင်းသိမ်းပိုက်ခံရ လုံခြုံရေးတပ်ဖွဲ့ ဝင်များမှရဟတ်ယဉ်များဖြင့်သွားရောက်နေကြောင်းသိရှိရပီး ထိုစခန်းအတွင်းပုန်းအောင်းနေသော် ဗမာများ ရခိုင်များ ရှိကြောင်းသိရှိရကာ စိုးရိမ်
ခဲ့ကြကြောင်းသိရှိရပါသည်။ ဆူပူ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်ရှိ မြို့တော် စစ်တွေမြို့တွင် ဆူပူအကြမ်းဖက် မှု အခြေအနေများကို ထိန်းသိမ်းရန် သေနတ်ပစ် ထိန်းသိမ်းခွင့် အမိန့် ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ဒေသခံများ က ပြောကြားသည်။
 

“သေနတ် စပစ်နေပြီ“ ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ပါတီဝင်တစ်ဦးက ဆိုသည်။စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်တွင် ဆူပူ အကြမ်းဖက်မှုတွင် ရခိုင်တိုင်းရင်းသားများနှင့် အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီလူမျိုးများ အပြန်အလှန် သတ်ဖြတ်မှုများကြောင့် ရခိုင်တိုင်းရင်းသား တစ်ဦးသေဆုံးပြီး တစ်ရာကျော် ဒဏ်ရာရှိသွားကြောင်း၊ ရိုးဟင်ဂျာ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အနည်းငယ်ရှိ ကြောင်း ဒေသခံများက ပြောကြားသည်။
                                                                                                                                     From : ဖိုးသားလေး

နောက်ဆုံးရ ရမ်းဗြဲ သတင်းများ

ဇွန်လ ၁၀ ရက်နေ့ ၁၁၀၀ နာရီ။ ရပ်ကွက်(၁)၊ မြို့နှင့် တောရွာများမှ ရခိုင်တိုင်းရင်းသား အင်အား(၁၀၀)မှ သာယာကုန်းဗလီအား ဖျက်ဆီး၊ ရဲတပ်ဖွဲ့မှ ၀င်ရောက်တားဆီး ထိန်းသိမ်း။
                                                                                                                                    From : Hmuu.zaw

နောက်ဆုံးရ မောင်တော သတင်းများ

ဇွန်လ ၁၀ ရက်နေ့ ၀၈၅၀ မှ ၁၀၅၀ နာရီ။ ရပ်ကွက်(၂)၊ ပျံကျဈေး၊ ဘင်္ဂါလီအင်အား ၂၀၀ ခန့်ဈေးဝယ်မည့် ဟန်ဖြင့် လူစု၊ ရဲတပ်ဖွဲ့မှ တား၊ တား၍မရ၊ ကလေးငယ်များအား ရှေ့တွင် ထား၍ တက်လာ၊ မိုးပေါ်ထောင် ပစ်၍ မရ၊ ခြောက်လှန့် ပစ်ခတ်တားဆီးခဲ့ရ။
                                                                                                                                      From : Hmuu.zaw

နောက်ဆုံးရ စစ်တွေ သတင်းများ

ဇွန်လ ၁၀ ရက်နေ့ ၀၃၀၀ နာရီ။ မင်းဂံရပ်ကွက်(၈/၉)- ဘင်္ဂါလီအင်အား ၂၀၀ ခန့် နှင့် ရခိုင်တိုင်းရင်းသား ၂၀၀ ခန့် ရင်ဆိုင်၊ ရဲများ ရောက်ရှိ၊ မိုးပေါ်ထောင်ပစ်၊ လူစုကွဲ၊ (ရခိုင်အိမ်(၁)လုံးနှင့် ဘင်္ဂါလီအိမ်(၁)လုံး မီးလောင်)

ဇွန်လ ၁၀ ရက်နေ့ ၀၅၀၀ နာရီ။ မင်းဂံရပ်ကွက်၊ မိုးလုံလေလုံ အားကစားရုံအား ၂၀၀ ခန့်မှ မီးရှို့ရန် ရောက်ရှိလာ၊ ရဲများ ရောက်ရှိ၊ မိုးပေါ်ထောင်ပစ်၊ လူစုကွဲ။

ဇွန်လ ၁၀ ရက်နေ့ ၀၈၄၅ နာရီ ။ ဘုမေရွာ/မင်းဂံရပ်ကွက်၊ နှစ်ရွာစလုံးရှိ ရခိုင်နှင့် ဘင်္ဂါလီ အချင်းချင်း နေအိမ်များအား အပြန်အလှန် မီးရှို့၊ ရဲများ ရောက်ရှိ၊ မိုးပေါ် ထောင်ပစ်၊ လူစုကွဲ။ (ရခိုင်အိမ်(၂)လုံး၊ ဘင်္ဂါလီအိမ်(၃)လုံး မီးလောင်)

ဇွန်လ ၁၀ ရက်နေ့ ၀၀၉၅၀ နာရီ ။ မင်းဂံရပ်ကွက်(၁၃)ရှိ ဘုန်းကြီးကျောင်းအား ဘင်္ဂါလီ ၁၀ ဦးမှ မီးရှို့၊ ရဲများ ရောက်ရှိ၊ မိုးပေါ် ထောင်ပစ်၊ လူစုကွဲ။ (ဘုန်းကြီးကျောင်း ၁ ကျောင်း မီးလောင်)

ဇွန်လ ၁၀ ရက်နေ့ ၀၁၀၄၀ နာရီ ။ မင်းဂံရပ်ကွက်(၁၅)၌ ဘင်္ဂါလီ ၂၀၀/၃၀၀ ဦးမှ မီးရှို့၊ ရဲများ ရောက်ရှိ၊ ခြောက်လှန့်ပစ်၊ လူစုကွဲ။ (ရခိုင်အိမ် ၁ လုံး မီးလောင်)

ဇွန်လ ၁၀ ရက်နေ့ ၀၁၀၄၅ နာရီ ။ စုမေလက်သမားရွာမှ ဘင်္ဂါလီ ၃၀၀ ဦးမှ ရခိုင်အိမ်(၃)လုံး ဖျက်ဆီးဝ ရဲမှ တား၊ မိုးပေါ်ထောင်ပစ်၊ ဘင်္ဂါလီ ၁၅၀ ခန့် ကျန်ရှိ။

ဇွန်လ ၁၀ ရက်နေ့ ၀၁၁၃၀ နာရီ ။ ရွှေရောင်စုံ ဘုန်းကြီးကျောင်းသို့
ဘင်္ဂါလီ ၂၀၀ ဦးမှ လာဝိုင်း၊ ရဲများမှ ရှင်းလင်းဆဲ။

ဇွန်လ ၁၀ ရက်နေ့ ၀၁၁၄၀ နာရီ ။ ဒူးဝါးမြောင်ရွာ၊ ဘင်္ဂါလီ ၄၀၀ ဦးနှင့် ရခိုင် ၁၅၀ ဦး ထိပ်တိုက်တွေ့။

ဇွန်လ ၁၀ ရက်နေ့ ၀၁၁၄၀ နာရီ ။ စစ်တြွေုမို့၊ ပုဏားကျွန်းမှ ရခိုင် ၂၀၀ ဦး စစ်တွေသို့ ထွက်လာ၊ ပုဏားကျွန်းတွင် တားထား။

ဇွန်လ ၁၀ ရက်နေ့ ၀၁၀၅၀ နာရီ ။ စစ်တွေ ပြည်သူ့ဆေးရုံ၊ ရခိုင် ၄ ဦး (မစိုးရိမ်ရ) ဒဏ်ရာဖြင့် ရောက်ရှိလား။

                                                                                                                                  From : Hmuu.zaw