Friday 29 March 2013

နိုင်ငံတော်သမ္မတကြီး တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်


နိုင်ငံတော်သမ္မတကြီး တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ
ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်
==================================

''ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့်အတွက် ဆက်သွယ်ရေး ကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း'' ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယခုအစည်းအဝေးမှာ ပြည်သူလူထုအား ကြိုတင် အသိပေးထားသည့်အတိုင်း မိုဘိုင်းလ်ဖုန်း Sim Card များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရန် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေး ကဏ္ဍသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် သာမက နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေး စသည်ဖြင့် ကဏ္ဍစုံကို အထောက်အကူပြုသည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်သွယ်ရေးကဏ္ဍသည် အလွန်အရေးကြီးသည့် ကဏ္ဍ ဖြစ်ပါကြောင်း၊ 

မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆမှာ (၇) ရာခိုင်နှုန်းခန့်သာ ရှိနေသေးကြောင်း၊ တယ်လီဖုန်းသုံးစွဲနိုင်မှု များပြားလာအောင် မိမိတို့အစိုးရအဖွဲ့ အနေဖြင့် စီမံချက်များ ရေးဆွဲပြီးစီမံဆောင်ရွက်လျက် ရှိကြောင်း၊ တယ်လီဖုန်းသုံးစွဲမှု တိုးတက်များပြားလာအောင် တိုးမြှင့်တပ်ဆင်ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ရာတွင် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် လိုင်း (၈)သန်း ၊ ၂ဝ၁၄-၂ဝ၁၅ တွင် လိုင်း (၁၈) သန်း စုစုပေါင်း (၂၆) သန်း တိုးချဲ့တပ်ဆင်ပေးသွားမည် ဖြစ်ပါကြောင်း၊ သိပ်သည်းဆအားဖြင့် ၂ဝ၁၂-၂ဝ၁၃ တွင် (၁ဝ) ရာခိုင်နှုန်း၊ ၂ဝ၁၃-၂ဝ၁၄ တွင် (၂၇) ရာခိုင်နှုန်းနှင့် ၂ဝ၁၄-၂ဝ၁၅ တွင် (၅ဝ) ရာခိုင်နှုန်း ဖြစ်လာအောင် လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ 

ယင်းလျာထားချက်မှာ အနိမ့်ဆုံးရည်မှန်းချက်ဖြစ်ပြီး ယင်းရည်မှန်းချက် ဖြစ်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်သည်နှင့်အမျှ နိုင်ငံတော်၏ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ တယ်လီဖုန်းသည် လက်တွေ့ နယ်ပယ်အသီးသီးတွင် ထိရောက်စွာ အသုံးပြုနေသည့် ပစ္စည်းတစ်ခု ဖြစ်ပါကြောင်း၊ တယ်လီဖုန်း သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍမှာ များပြားပါကြောင်း၊ အခြေခံ အဆောက်အအုံ တည်ဆောက်သည့် အပိုင်းနှင့် တယ်လီဖုန်းလိုင်းများ တည်ဆောက်သည့် အပိုင်းဟူ၍ ရှိပါကြောင်း၊ အခြေခံ အဆောက်အအုံနှင့် တယ်လီဖုန်းလိုင်းများ တိုးချဲ့တပ်ဆင်နိုင်ရေးအတွက် ပြည်တွင်း ကုမ္ပဏီများသာမက ပြည်ပကုမ္ပဏီများကိုပါ ဖိတ်ခေါ်ထားပါကြောင်း။

မိုဘိုင်းလ် တယ်လီဖုန်း Sim Card များကို ယခင်က ပြည်သူများ ဝယ်ယူသုံးစွဲရသည်မှာ ဈေးနှုန်း များပြားခဲ့ပါကြောင်း၊ ဈေးများရသည့် အကြောင်းမှာ ပြည်သူများထံမှ ရောင်းချရသည့် ငွေများဖြင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းနှင့် လိုင်းများ တပ်ဆင်ရခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ ယခု အခြေအနေတွင် အခြေခံ အဆောက်အအုံနှင့် လိုင်းများမှာ တော်တော်များများ တပ်ဆင်ပြီးဖြစ်၍ လိုင်းများများ သုံးနိုင်ရန်အတွက်ဆိုလျှင် Sim Card များကိုလည်း ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူများအား Sim Card များ ရောင်းချပေးမည့် ရက်နှင့် ဈေးနှုန်းတို့ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက အချိန်မီ သတင်း ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ခွဲဝေရရှိလာသော Sim Card များကို တယ်လီဖုန်း မရရှိသေးသည့် ပြည်သူများ မျှမျှတတ ရရှိနိုင်အောင် စနစ်တကျ ဖြန့််ခွဲ ရောင်းချပေးသွားရန် ဖြစ်ပါကြောင်း၊ ပြင်ပတွင် ဈေးမကစားနိုင်ရေးအတွက် Sim Card များကို တူညီသည့်ဈေးနှုန်းဖြင့် လစဉ် ရောင်းချပေးသွားရန် စီစဉ်ထားပါကြောင်း၊ Sim Card များရောင်းချပေးသည့်နည်းတူ Hand Set များကိုလည်း ပုဂ္ဂလိကမှ ရောင်းချရာတွင် ဈေးမကစားနိုင်အောင် အခွန်လျော့ပေးသည့်နည်း၊ အပြိုင်အဆိုင် ရောင်းချပေးစေသည့် နည်းစသည့် နည်းလမ်းများအပါအဝင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး နည်းလမ်းရှာဖွေ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် Sim Card များကို သတ်မှတ် ပေးထားသည့် ဈေးနှုန်းအတိုင်း ပြည်သူများထံ မှန်မှန်ကန်ကန်နှင့် မျှမျှတတ ဖြန့်ဝေပေးသွားရန် ဖြစ်ပါကြောင်း၊ Sim Card များကို လစဉ် ဈေးနှုန်းမပြောင်းလဲဘဲ ဖြန့်ဝေပေးမည် ဖြစ်သည့်အတွက် ယခုလမရရှိပါက နောက်လတွင် ရရှိမည် ဖြစ်ကြောင်းကိုလည်း ပြည်သူများအား အသိပေးတင်ပြထားရန် ဖြစ်ပါကြောင်း၊ Sim Card များ ရရှိပြီးနောက် ဖုန်းလိုင်းများ ကြပ်တည်းမှု မရှိစေရေးအတွက်လည်း ကြိုတင်စီမံဆောင်ရွက်သွားရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/03/29/id-3012
Credit: Hmuu Zaw

''ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု သည့်အတွက် ဆက်သွယ်ရေ ကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း'' ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေး တွင် ပြောကြား ခဲ့သည်။

ဆင်းကဒ်ဈေး ထောင်ဂဏန်းဖြင့် ချထားပေးပါက ဟန်းဆက်ဆိုင်များက အခမဲ့ပေးမည်


ဆင်းကဒ်ဈေး ထောင်ဂဏန်းဖြင့် ချထားပေးပါက ဟန်းဆက်ဆိုင်များက အခမဲ့ပေးမည်

နိုင်ငံတော်မှ တန်ဖိုးနည်း ဆင်းကဒ်များကို ကျပ်ထောင်ဂဏန်းမျှဖြင့် အမှန်တကယ် ဈေးလျှော့ချပေးမည်ဆိုပါက ဟန်းဆက် အရောင်းဆိုင်များက ဆင်းကဒ် အခမဲ့ပေးကာ ဟန်းဆက်များကိုသာ ဦးစားပေး ရောင်းချသွားရန် စီစဉ်နေကြကြောင်း စုံစမ်းသိရှိရသည်။ နောက်ဆုံးထွက်ပေါ်နေသော သတင်းများအရ GSM ဆင်းကဒ် တစ်ကဒ်လျှင် ကျပ်နှစ်ထောင်နှင့် WCDMA ကို ကျပ်ငါးထောင်နှုန်းဖြင့် ချထားမည်ဟု ထွက်ပေါ်နေပြီး ဧပြီလတွင် တန်ဖိုးနည်းဖုန်းများ ချထားပေးရန် စီစဉ်နေကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။ “တကယ်သာ ထောင်ဂဏန်းလောက်နဲ့ဆိုရင် ကျွန်တော်တို့လည်း ဟန်းဆက်ဝယ်တဲ့သူကို ဆင်းကဒ် အလကားပေးတဲ့ ဈေးကွက် ဖော်ဆောင်သွားဖို့ ရှိတယ်။ ဟန်းဆက်ဆိုင် တော်တော်များများကလည်း ဒီလိုဈေးကွက် Promotion လုပ်ကြမှာဆိုတော့ ကျွန်တော်တို့လည်း လုပ်ဖြစ်မှာပါ” ဟု ဗိုလ်အောင်ကျော်လမ်းရှိ Mobile Bank ဟန်းဆက်အရောင်းဆိုင်မှ တာဝန်ခံကိုသော်ဇင်က ဆိုသည်။ ရန်ကုန်မြို့တွင်းရှိ ဟန်းဆက် အရောင်းဆိုင် အများစုမှာလည်း ကနဦး သတင်း ထွက်ပေါ်နေသည့်အတိုင်း ဆင်းကဒ်ဈေး ထောင်ဂဏန်းမျှသာ ရှိမည်ဆိုပါက ထိုသို့ အခမဲ့ပေးသွားရန် စီစဉ်ကြသော်လည်း အချို့သော ဆိုင်များမှာမူ ဈေးနှုန်းအတည်အကျ ထွက်ပေါ်မှသာ ဈေးကွက် အနေအထားအရ လုပ်ဆောင်သွားရန် စောင့်ကြည့်နေဆဲဟု သိရသည်။ “အချို့ဆိုင်တွေကတော့ ဆင်းကဒ် အခမဲ့ပေးဖို့ ပြင်ကြပေမယ့် ကျွန်တော်တို့ကတော့ လောလောဆယ် ဟန်းဆက်ဈေးနဲ့ ပစ္စည်းမှန်ဖြစ်ရေးကိုပဲ ဦးစားပေးနေတာပါ။ နောက်တော့ ဈေးကွက် အနေအထားအရတော့ ပိုင်ရှင်က အစီစဉ်သစ်တစ်ခုခု စီစဉ်သွားမယ် ထင်တယ်” ဟု New Moile ဟန်းဆက်အရောင်းဆိုင် တာဝန်ရှိသူတစ်ဦးက ဆိုသည်။ နိုင်ငံတော်မှ တန်ဖိုးနည်း ဖုန်းများကို ဧပြီ ၁ ရက်တွင် ရောင်းချပေးသွားမည်ဟု ဆိုသော်လည်း ပြင်ပဟန်းဆက် အရောင်းဆိုင်များမှ တိုက်ရိုက်ရယူ ရောင်းချခွင့်ရှိ မရှိကိုမူ မသိရှိရသေးကြောင်းလည်း Mobile အရောင်းဆိုင်များက ဆိုသည်။ ထိုသို့ အများပြည်သူ လက်လှမ်းမီနိုင်မည့် မမျှော်လင့်သော နှုန်းဖြင့် ဆင်းကဒ်များ ချထားပေးသွားမည်ဟု အတည်ပြု သတင်း ထွက်ပေါ်ခဲ့ပြီးနောက် ဟန်းဆက် ကြိုတင်စုဆောင်းမှုများကြောင့် ဟန်းဆက်ဈေးကွက် အနည်းငယ် လှုပ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း ယခုထွက်ပေါ်မည့် ဖုန်းလိုင်းစနစ်မှာ တန်ဖိုးနည်းဆင်းကဒ်နှင့် သုံးစွဲ၍ မရမည်ကို စိုးရိမ်မှုများကြောင့် အခြေအနေ စောင့်ကြည့်နေခြင်းများလည်း ရှိသည်ဟု ဆင်းကဒ်ဝယ်ရန် စောင့်ဆိုင်းနေသူ တစ်ဦးက ပြောဆိုသည်။ “ဆင်းကတ်တွေ အလကားပေးမယ် ဆိုပေမယ့်လို့ ဟန်းဆက်ဈေးထဲမှာပဲ ဆင်းကဒ်တန်ဖိုး ထည့်ထားမယ်ဆိုရင်တော့ မဟုတ်သေးဘူး။ အရောင်းမြှင့်တင်ရေး သဘောနဲ့ သက်သက်ပေးတာ ဆိုရင်တော့ အဲဒီလိုပေးတဲ့ ဆိုင်မှာပဲ ဝယ်ဖြစ်မှာပါ” ဟု အဆိုပါပုဂ္ဂိုလ်က ၎င်း၏ ဆန္ဒအား ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

ခေတ်လူငယ် 

http://www.facebook.com/ZinYawNews


နိုင်ငံတော်မှ တန်ဖိုးနည်း ဆင်းကဒ်များကို ကျပ်ထောင် ဂဏန်း မျှဖြင့်အမှန်တကယ် ဈေးလျှော့ချပေးမည်ဆိုပါက ဟန်းဆက် အရောင်းဆိုင်များက ဆင်းကဒ်အခမဲ့ပေးကာ ဟန်းဆက်များကို သာဦးစားပေး ရောင်းချသွားရန် စီစဉ်နေကြကြောင်း စုံစမ်းသိရှိ ရသည်။ နောက်ဆုံးထွက်ပေါ်နေသော သတင်းများအရ GSM ဆင်းကဒ် တစ်ကဒ်လျှင် ကျပ်နှစ်ထောင်နှင့် WCDMA ကို ကျပ်ငါးထောင်နှုန်းဖြင့် ချထားမည်ဟု ထွက်ပေါ်နေပြီး ဧပြီလတွင်

အကြမ်းဖက်မှုများကို အပြင်းအထန်ရှုတ်ချကြောင်း သီတဂူဆရာတော် မိန့်ကြား


 

ဘယ်လို အကြမ်းဖက်မှုမျိုးကိုမဆို အပြင်းအထန် ရှုတ်ချကြောင်း သီတဂူဆရာတော်က မိန့်ကြား လိုက်ပါတယ်။
မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအပါအ၀င် ပဲခူးတိုင်း မင်းလှ၊ အုတ်ဖို၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ နတ္တလင်း၊ သာယာဝတီ၊ လက်ပံတန်းနဲ့ မိုးညိုမြို့တွေမှာ အကြမ်းဖက် ဖျက်ဆီးမှုတွေနဲ့ သွေးထိုးလှုံ့ဆော် မှုတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဆရာတော်ကြီးက မိန့်ကြားလိုက်တာပါ။
ဆရာတော်ကြီးက“မည်သည့်အကြောင်းကြောင့် အကြမ်းဖက်သည်ဖြစ်စေ တို့ ပြင်းပြင်းထန်ထန် ရှုတ်ချ တယ်။ ဘယ်လူမျိုးက ဘယ်လူမျိုးကိုပဲ အကြမ်းဖက်ဖက် ပြင်းပြင်းထန်ထန်ရှုတ်ချတယ်” လို့ မိန့်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဗုဒ္ဓရဲ့ အဆုံးအမကိုလိုက်နာပြီး အေးအေးချမ်းချမ်းနဲ့ လူမျိုးတိုင်း ကို စောင့်ရှောက်ကြဖို့လည်း ဆရာတော်ကြီးက မိန့်ပါတယ်။

မိတ္ထီလာမြို့ စည်ပင်သာယာဈေးကြီး ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း ပုလဲဈေး၊ ပေါက်ချောင်းဈေး စသောရပ်ကွက်ဈေးများ ပုံမှန်ဖွင့်လှစ်လျှက်ရှိ


မိတ္ထီလာမြို့ စည်ပင်သာယာဈေးကြီးနှင့် ပိတောက်မြိုင်ဈေး ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း ပုလဲဈေး ၊ ပေါက်ချောင်းဈေးနှင့် မြို့သစ်ဈေး စသောရပ်ကွက်ဈေးများ ပုံမှန်ပြန်လည် ဖွင့်လှစ်ရောင်းချလျက် ရှိ ။"ဈေး ဖွင့် ဖို့ ဆိုတာက ခုချိန်က လုံခြုံရေးကို ပိုဂရုစိုက်တဲ့ ကာလ ဖြစ်နေတယ်၊ လုံခြုံရေးတစ်ခုခု ကျိုးပေါက် တာနဲ့ လူတွေရဲ့အနေအထားမှာ ပိုပြီးတော့စိုးရိမ်စရာ ဖြစ်သွားမယ်၊ တာဝန်ရှိတဲ့လူတွေအနေနဲ့ အကုန် တွက်ချက်နေပါတယ်၊ ဒါကြောင့်မို့ဘယ်လိုကာလမှာ ဈေးဖွင့်မယ်ဆိုတာဆိုတာထက် လုံခြုံရေး ကို သေသေချာချာ ခိုင်ခိုင်မာမာဖြစ်အောင် အရင်လုပ်ပါအုံးမယ်" ဟု မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က Eleven Media Group သို့ ပြောကြားခဲ့သည်။

ပဋိပက္ခတွင် အကြမ်းဖက်သူ ၆၈ဦးကို ဖမ်းဆီးမိထားဟု ရဲတပ်ဖွဲ့ကြေညာ


မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းအနောက်ခြမ်းရှိ ဘာသာရေးလူမျိုးရေး အကြမ်းဖက်မှုများတွင် ပါဝင် ပတ်သက် ခဲ့သူ ၆၈ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ၁၅ဦးကို မသင်္ကာမှုဖြင့် စစ်ဆေးနေ ဆဲဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ အကြမ်းဖက် ပဋိ ပက္ခများကြောင့် ၄၂ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၁၂ဝဝကျော်၊ ဗလီ ၃၇လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ဈေးဆိုင် ၇၇ ခုလည်း ပျက်စီးခဲ့သည်ဟု မတ်လ ၂ဝရက်နေ့မှ ၂၈နေ့အထိ ရရှိသောစာရင်းများကို ထုတ်ပြန်ထားသည်။

“အမေရိကန်၏ B-2 ဗုံးကြဲလေယာဉ်များ ပျံသန်းခဲ့ပြီးနောက် မြောက်ကိုရီးယားက ဒုံးကျည်များ အသင့်ပြင်”



“အမေရိကန်၏ B-2 ဗုံးကြဲလေယာဉ်များ ပျံသန်းခဲ့ပြီးနောက် မြောက်ကိုရီးယားက ဒုံးကျည်များ အသင့်ပြင်”

အမေရိကန်က တောင်ကိုရီးယား ဝေဟင်တွင် B-2 လေယာဉ်များ ပျံသန်းပြခဲ့သည့်နောက် မြောက်ကိုရီးယားကလည်း ဒုံးကျည်များကို အသင့်ပြင်ဆင်ထားကြောင်း ကြေညာလိုက်သည်။ 

 အမေရိကန်သည် ၎င်းတို့ အလွန်အားထားပြီး အရေးပါလွန်းသည့် စစ်ဆင်ရေးများတွင်သာ အသုံးပြုလေ့ ရှိသည့် မဟာဗျူဟာမြောက် ကိုယ်ပျောက် ဗုံးကြဲ တိုက်လေယာဉ်ကြီးများကို မဟာမိတ် နိုင်ငံ၏ ဝေဟင်တွင် ပျံသန်းပြခြင်းဖြင့် တောင်ကိုရီးယား၏ အိမ်နီးချင်း ပြိုင်ဘက်တို့ကို ခြိမ်းခြောက်ပြခဲ့သည်။ 
 
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း B-2များကို တောင်ကိုရီးယားတွင် စစ်ရေးလေ့ကျင့်မှု ကဏ္ဍအတွင်း ထည့်သွင်း ပျံသန်းစေခဲ့ကြောင်း အတည်ပြုခဲ့သည်။
 အမေရိကန်သည် မကြာသေးမီကမှလည်း B-52 ဗုံးကြဲလေယာဉ်ကြီးများကို ကိုရီးယား ကျွန်းဆွယ်ပေါ်တွင် ဖြတ်ကျော် ပျံသန်း ပြခဲ့သေးသည်။

Read more http://www.planet.com.mm/news/read.cfm/id/21298

Re-Post By ACM 29-3-2013
အေးချမ်းမွန် Credit & Copy From >>Planet Myanmar Network<< Thank

အမေရိကန်က တောင်ကိုရီးယား ဝေဟင်တွင် B-2 လေယာဉ်များ ပျံသန်းပြခဲ့သည့်နောက် မြောက်ရီးယား ကလည်း ဒုံး ကျည်များကိုအသင့်ပြင်ဆင်ထားကြောင်း ကြေညာလိုက်သည်။ 

နိုင်ငံတည်ဆောက်နိုင်မည့် အခွင့်အရေးများ ရရှိနေသည်ကို ပြည်သူပြည်သား များ ပညာအမျှော်အမြင်ဖြင့် ရယူတတ်မှ နိုင်ငံ့အနာဂတ်အတွက်အကျိုးဖြစ်နိုင် မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


Photo: နိုင်ငံတည်ဆောက်နိုင်မည့် အခွင့်အရေးများ ရရှိနေသည်ကို ပြည်သူပြည်သား
များ ပညာအမျှော်အမြင်ဖြင့် ရယူတတ်မှ နိုင်ငံ့အနာဂတ်အတွက်အကျိုးဖြစ်နိုင်
မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Friday, March 29, 2013

မြန်မာနိုင်ငံအတွက် နိုင်ငံတည်ဆောက်နိုင်မည့် အခွင့်အရေးများ ပေါများစွာ ရရှိနေသည်ကို ပြည်သူပြည်သားများ ပညာအမျှော်အမြင်ဖြင့် ရယူတတ် လုပ်ကိုင်တတ်မှ နိုင်ငံအနာဂတ်အတွက် အကျိုးဖြစ်နိုင်မည်ဟုဒေါ်အောင်
ဆန်းစုကြည်က မတ် ၂၈ ရက်နေ့ နံနက်ပိုင်းတွင် နတ်မောက်မြို့၌ ပြောကြား
ခဲ့သည်။

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အ.ထ.က ကျောင်းတွင် သီတဂူဆရာ
တော် အရှင်ဉာဏိတ္တရ ကြီးမှူး၍ဗယ်လ်ဂျီယံနိုင်ငံသား ဒေါက်တာဗိုလ်ကူးမား
ဆောက်လုပ်လှူဒါန်းသည့် ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အောင်ဆန်း
ကွန်ပျူတာကျောင်းဆောင်သစ် ဖွင့်ပွဲအပြီး ကျောင်းသူကျောင်းသားများနှင့်
ပြည်သူလူထုသို့ အမှတ်တရစကား ပြောကြားစဉ် ထိုသို့ပြောကြားခဲ့ခြင်း
ဖြစ်သည်။

သူမအနေဖြင့် လူဆိုးလူကောင်း ပညာရှိသူ ပညာမဲ့သူဟု ခွဲခြားမမြင်ဘဲ သင်၍ရသူနှင့် မရသူဟူ၍သာ ခွဲခြားမြင်ကြောင်း သင်ယူချင်သူများအတွက်
 နေ့စဉ်လူ့ဘ၀တွင် သင်ယူစရာများ အများအပြားရှိကြောင်း ကျောင်း
သူကျောင်းသားများ အနေဖြင့်လည်း ကျောင်းတက်စဉ်သာမက
ကျောင်းပြီးသွားချိန်တွင်လည်း အပြင်လောကအကြောင်း သင်ယူရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

"ပညာဆိုတာ ဖယောင်းတိုင် မီးလေးလိုပါဘဲ ဖယောင်းတိုင်မီးလေး တစ်စက ဖယောင်းတိုင်တွေ အများကြီးကို ပွားပြီး အလင်းရောင်တွေ ပေးနိုင်ပါတယ်၊ ကျယ်ဝန်းတဲ့ ပတ်ဝန်းကျင်ကို အလင်းရောင် ပေးနိုင်ပါတယ်၊ ပညာသင်
တယ်ဆိုတာ အများအကျိုး ပြုနိုင်ဖို့အတွက်ပါ၊ အများကို အကျိုးပြုရင်း ကိုယ့်အကျိုးလည်း ပါသွားပါလိမ့်မယ်" ဟု ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံရေးဆိုသည်မှာ နိုင်ငံ့အရေး အများနှင့်ဆိုင်သည့် အရေးကို
ပြုလုပ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးကို ခံစားချက်ဖြင့် လုပ်၍မရကြောင်း နိုင်ငံ
ရေးလုပ်လျှင် သဘောထားကြီးရန်၊ အမြင်ကျယ်ရန်၊ အနာဂတ်အတွက် လိုအပ်ချက်ကို သေသေချာချာ သိရန် လိုအပ်ကြောင်းများလည်း ထည့်
သွင်းပြောကြားခဲ့သည်။

ထိုအောင်ဆန်း ကွန်ပျူတာ ကျောင်းဆောင်သစ် ဖွင့်ပွဲသို့ မကွေးတိုင်းဒေ
သကြီး အစိုးရအဖွဲ့မှ ပညာရေးဝန်ကြီး ဦးဖေတင်၊ လူမှုရေးဝန်ကြီး ဦးအောင်
ကျော်မင်းတို့ တက်ရောက်ခဲ့ကြပြီး သီတဂူ သာသနာပြုအဖွဲ့ အထွေထွေ
အတွင်းရေးမှူး ဦးဟန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

Eleven Media Group

မန်မာနိုင်ငံအတွက် နိုင်ငံတည်ဆောက်နိုင်မည့် အခွင့်အရေး များပေါ များစွာ ရရှိနေသည်ကို ပြည်သူပြည် သားများ ပညာ အမျှော်အမြင်ဖြင့် ရယူတတ် လုပ်ကိုင်တတ်မှ နိုင်ငံအနာဂတ်အတွက် အကျိုးဖြစ်နိုင်မည် ဟုဒေါ်အောင်ဆန်းစုကြည်က မတ် ၂၈ ရက်နေ့ နံနက်ပိုင်းတွင် နတ်မောက်မြို့၌ ပြောကြားခဲ့သည်။

ပဲခူးတိုင်း အနောက်ဘက်ခြမ်းတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ သတင်းများနှင့် စပ်လျဉ်း၍

မတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ
ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဇီးကုန်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့၏ မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းအခြေအနေမှာတည်ငြိမ်လျက်ရှိပြီး လွန်ခဲ့သောပဋိပက္ခ ဖြစ်ပွားခဲ့သည့် နေ့ များထက် ဒေသ ခံများသွားလာလှုပ်ရှားမှု ပိုမိုများပြားလျက်ရှိကြောင်း Eleven Media Group သတင်းထောက် ၏ ပြော ကြားချက်အရ သိရသည်။

မိတ္ထီလာ မြို့တွင် တည်ငြိမ် အေးချမ်းမှုရှိ ပြည်သူများ သွားလာ လှုပ်ရှားမှု ပုံမှန်အတိုင်း ရောက်ရှိ


မိတ္ထီလာ မြို့တွင် တည်ငြိမ် အေးချမ်းမှုရှိ ပြည်သူများ သွားလာ လှုပ်ရှားမှု ပုံမှန်အတိုင်း ရောက်ရှိ
 

မကြာမီ ရက်ပိုင်းအတွင်းက ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့တွင် ယခုအခါ အခြေအနေများ တည်ငြိမ် အေးချမ်းမှု ရှိလာသည် နှင့်အမျှ ပြည်သူများ သွားလာ လှုပ်ရှားမှု ပုံမှန် အတိုင်း ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်။

ယနေ့ နံနက်ပိုင်းတွင် မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ တာဝန်ကျ ဝန်ထမ်းများနှင့် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပါတီဝင်များ ပူးပေါင်း၍ မီးလောင် ပျက်စီးသွားသော နေအိမ် အဆောက်အအုံ များနှင့် လမ်းများပေါ်ရှိ အမှိုက်သရိုက် များကို ရှင်းလင်းလျက် ရှိသည်ကို တွေ့ရှိရသည်။

ယနေ့သည် ရုံးဖွင့်ရက် ဖြစ်သည်နှင့် အညီ မိတ္ထီလာ မြို့ပေါ်၌ ဖွင့်လှစ်ထားသည့် မြန်မာ့ စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်နှင့် အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD Bank) တို့တွင် ငွေသွင်း၊ ငွေ ထုတ် သူများဖြင့် လှုပ်ရှား သက်ဝင်လျက် ရှိကြောင်း သတင်း ရရှိသည်။


http://bit.ly/11UUY7C

မြ၀တီ

မကြာမီရက်ပိုင်းအတွင်းက ဆူပူအကြမ်းဖက်မှု ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့တွင် ယခုအခါ အခြေ အနေများ တည်ငြိမ် အေးချမ်းမှုရှိလာသည် နှင့်အမျှ ပြည်သူများသွားလာလှုပ်ရှားမှုပုံမှန်အတိုင်း ပြန် လည် ရောက်ရှိလာပြီ ဖြစ်သည်။

မြန်မာသမ္မတမိန့်ခွန်း အမေရိကန်ကြိုဆို


မြန်မာသမ္မတမိန့်ခွန်း အမေရိကန်ကြိုဆို
Friday, March 29, 2013

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းရာမှာ ဥပဒေနဲ့အညီ လူ့အခွင့်အရေး စံနှုန်းစံထားတွေကိုပါ လေးစားလိုက်နာဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။ မကြာခင်က ဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းတွေနဲ့ပတ်သက်လို့ အပြန်အလှန်လေး
စားမှုနဲ့ သည်းခံစိတ်မွေးဖို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံတ၀ှမ်း ပြောတဲ့ မိန့်
ခွန်းကိုလည်း အမေရိကန်ပြည်ထောင်စုက ကြိုဆိုခဲ့ပါတယ်။ အပြည့်အစုံ
ကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံတွင်း ဘာသာရေးနဲ့လူမျိုးရေးအခြေခံ အကြမ်းဖက်မှုတွေ
အပေါ်မှာ မနေ့တုန်းက သမ္မတဦးသိန်းစိန်က နိုင်ငံတ၀ှမ်းကို မိန့်ခွန်းပြောကြား
သွားတဲ့အပေါ်မှာ အမေရိကန်ပြည်ထောင်စုက အခြေခံ အားဖြင့် ကြိုဆိုခဲ့ပါတယ်။ 

ဒါပေမယ့် အကြမ်းဖက်မှုတွေကို ကိုင်တွယ်ရာမှာတော့ လူ့အခွင့်အရေး
အခြေခံတွေကို လေးစားလိုက်နာဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တိုက်တွန်းတဲ့အကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland
 က မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။

“ဒီမိုကရေစီရေးအတွက်၊ မတူကွဲပြားတဲ့ ဘာသာရေးအယူအဆအားလုံး အတူယှဉ်တွဲတည်ရှိမှုနဲ့ ပွင့်လင်းမြင်သာမှုတွေအတွက် သီးခံကြဖို့၊ အပြန်
အလှန်လေးစားကြဖို့ သမ္မတဦးသိန်းစိန်ရဲ့ တိုက်တွန်းချက်ကို ထောက်ခံပါ
တယ်။ မြန်မာပြည်သူတွေအနေနဲ့ သူတို့သမတထံကနေ ကြားရဖို့ လိုအပ်တဲ့ စကားမျိုးပါ။ အခြေအနေတွေ ပြန်လည်တည်ငြိမ်မှုရဖို့ အစိုးရ ကြိုးပမ်း
ချက်တွေကို အမေရိကန်ပြည်ထောင်စုက အားပေးနေပါတယ်။

ဒီလို ဆောင်ရွက်တဲ့နေရာမှာလည်း လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး၊ ဥပဒေအတိုင်း ညီညွတ်ဖို့ လိုပါတယ်။ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ လိုအပ်ချက်ရှိလာရင်၊ အင်အားသုံးဖြေရှင်းနည်းကို နောက်ဆုံးအခြေ
အနေကျမှ အသုံးပြုမယ်လို့ သမ္မတဦးသိန်းစိန် ပြောဆိုတာကို သတိပြုမိပါတယ်။ 

လုံခြုံရေးအရ ဆောင်ရွက်ချက်တွေမှာ လူ့အခွင့်အရေးကို အကာအ
ကွယ်ပေးဖို့ ၊ လူ့အခွင့်အရေးချိုးဖောက်မှု မဖြစ်စေဖို့လိုမယ်ဆိုတာကို 
ကျမတို့ ထပ်ပြီး ထောက်ပြလိုပါတယ်။ ”

မိတ္တီလာမြို့ကနေ စတင်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်း ဒေသအချို့အထိ ကူးစက်ပျံနှံသွားတာကြောင့် အခြေအနေတွေအပေါ်မှာ အမေရိကန်ပြည်ထောင်စုအပါအ ၀င်နိုင်ငံတ
ကာက စိုးရိမ်မကင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မနေ့က သမ္မတဦးသိန်းစိန်
 နိုင်ငံတ၀ှမ်း မိန့်ခွန်းပြောတဲ့နောက်ပိုင်းမှာတော့ အခြေအနေတွေဟာ အတော်လေး တည်ငြိမ်လာသလို၊ အကြမ်းဖက်ဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေ
ကို အကူအညီပေးရေးလုပ်ငန်းတွေကိုလည်း လူမှုအဖွဲ့အစည်းတွေက စတင်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် ရန်ကုန်အပါအ၀င် နယ်အတော်များများမှာတော့ လုံခြုံရေးတွေ တင်းကြပ်ထားဆဲပါ။
ဖြစ်ခဲ့တဲ့နေရာတွေမှာလည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတုန်းပါပဲ။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်
အိုဟေး ကင်တာနားကလည်း အကြမ်းဖက်မှုတွေ အခြားမြို့တွေကိုပါ ကူးစက်မှုမဖြစ်အောင် အရေးယူကိုင်တွယ်မှုတွေ အလျင်အမြန်ဆောင်
ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းနေပါတယ်။ လူနည်းစုတွေအပေါ် အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူကိုင်တွယ်ဖို့လည်း တိုက်တွန်းပါတယ်။ လူမျိုးရေးနဲ့ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေအပေါ် ထိထိရောက်ရောက် ကိုင်တွယ်ဖို့ကိုလည်း မစ္စတာကင်တာနားက တိုက်
တွန်းခဲ့ပါတယ်။

နိုင်ငံတ၀ှမ်းမှာရှိတဲ့ မွတ်ဆလင်လူနည်းစုတွေအပေါ်မှာ ခွဲခြားဆက်ဆံ
မှုတွေနဲ့ အမုန်းတရားတွေနဲ့ အကြမ်းဖက်မှုတွေဖြစ်လာအောင် လှုံဆော်
တဲ့ လူအုပ်စုတွေကို အစိုးရအာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းတာမျိုး မလုပ်ဘူးလို့ မစ္စတာကင်တာနားက ဝေဖန် ထားပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း ဘာသာရေး
နဲ့ နိုင်ငံသား အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့အတွက် အစိုးရ
အပြင် လွှတ်တော်ပိုင်း၊ တရားရေးပိုင်း၊ အမျိုးသားလူအခွင့်အရေးကော်
မရှင်တို့အနေနဲ့လည်း အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။

VOA
ကိုသားညွန့်ဦး

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်း ရာမှာ ဥပဒေနဲ့အညီ လူ့အခွင့်အရေး စံနှုန်းစံထားတွေ ကိုပါ လေးစား လိုက်နာဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါ တယ်။ မကြာခင် က ဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းတွေနဲ့ပတ်သက်လို့ အပြန်အလှန်လေးစားမှုနဲ့ သည်းခံ စိတ်မွေးဖို့ သမ္မတ ဦးသိန်းစိန် ရဲ့ နိုင်ငံတ၀ှမ်း ပြောတဲ့ မိန့်ခွန်းကိုလည်း အမေရိကန်ပြည်ထောင် စုက ကြိုဆိုခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မြေလတ်ပိုင်းဆူပူမှု အခြေအနေ စိတ်မချရသေး


မြေလတ်ပိုင်းဆူပူမှု အခြေအနေ စိတ်မချရသေး
======================================

အရေးပေါ်အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရဆဲဖြစ်တဲ့ မိထ္ထီလာမြို့မှာတော့ စစ်တပ်နဲ့ရဲလုံခြုံရေးအဖွဲ့တွေက လုံခြုံရေးယူထားပြီး အခြေအနေဟာ တည်ငြိမ်သွားတယ်လို့ ဆိုပေမဲ့ ရပ်မိရပ်ဖတွေနဲ့ မြို့ခံတွေက ကိုယ့်ရဲ့ အိုးအိမ်လုံခြုံရေးအခြေအနေကို ကိုယ်တိုင် ကာကွယ်စောင့်ရှောက်နေ ရဆဲပဲဖြစ်တယ်လို့ မိထ္ထိလာမြို့ခံတွေက ပြောပါတယ်။ 
ရပ်ကွက်မြို့ရွာတွေထဲမှာလည်း ကောလဟာလသတင်းတွေထွက်ပေါ်နေပြီး လုံခြုံရေးအခြေအနေက ပုံမှန်အနေအထားအတိုင်းမဖြစ်ဘဲ စိုးရိမ်နေရဆဲပဲလို့ မိထ္ထီလာမြို့ခံဒေါ်မြင့်မြင့်အေး က ပြောပါတယ်။

“ လုံခြုံရေးကတော့ ရပ်ကွက်တွေထဲမှာ ကျမတို့လမ်းတွေမှာတော့ ကိုယ့်ဘာသာကို စောင့်နေရတယ်။ ရွာတွေမှာလည်း ကိုယ့်ရွာလုံခြုံရေး ကိုယ်စောင့်နေရတယ်။ ပြီးခဲ့ရက်တွေကလည်း လက်ပံကော့တို့၊ ဟုတ်တာမဟုတ်တာမသိဘူးနော်။ ဂတုံ့ဂုံးတို့ ဇကော့တို့ဘက်မှာ၊ ဘေးနားက တဲလေးတွေ မီးရှို့ခံရတယ်ပေါ့နော် ရှိတယ်။ အဲ့ဒီ့တော့ လုံခြုံရေးကတော့ ပြည်သူလူထုက စိတ်အေးလက်အေးနဲ့ နေရတာမျိုးတော့ မရှိသေးဘူး။ အဲ့တာ အမှန်ပဲ စိတ်တော့ပူနေရတာပေါ့လေ။”

မိထ္ထီလာမြို့ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ပဲခူးတိုင်းအနောက်ဘက်ခြမ်းဘက်ကို ဆက်သွားပြီး ပဲခူးတိုင်းတွင်း တချို့မြို့နယ်တွေမှာလည်း အရေးပေါ်အခြေအနေပုဒ်မ ၁၄၄ထုတ်ပြန်ထားပါတယ်။ ဒီပဲခူးတိုင်းအတွင်းက လုံခြုံရေးအခြေအနေတွေဟာ စိုးရိမ်စရာကောင်းတဲ့အနေအထားဖြစ်နေပြီးတော့ အာဏာပိုင်တွေဘက်က ထိရောက်အောင် ကိုင်တွယ်ဖြေရှင်းမှုမရှိဘူးလို့ စာပေဟောပြောပွဲအတွက် သွားရောက်ရင်း ကိုယ်တိုင်ကြုံလိုက်ရတဲ့ နာရေးကူညီမှုအသင်းရန်ကုန်က ဦးကျော်သူကပြောပါတယ်။

“ကြို့ပင်ကောက်နဲ့ ဇီးကုန်း နှစ်မြို့နယ်ပေါ့လေ။ ကျနော်တို့ကြုံခဲ့တယ်။ မြို့ခံမဟုတ်ပဲ သူစိမ်းတွေက လာပြီးတော့ သွေးထိုးပြီးတော့ အဲ့လိုမျိုး လုပ်သွားတာတွေ မြင်ရတယ်။ လုံခြုံရေးအပိုင်းက ဘာမှ လုပ်ပေးတာမရှိဘူး။ ကြို့ပင်ကောက်ဆို အိမ်ငါးအိမ်ဖျက်တယ်။ ဖျက်တဲ့ဟာကလည်း အကုန်လုံးက လက်ပိုက်ကြည့်နေတယ်။ ဗလီဖျက်တော့လည်း လက်ပိုက်ပြီး ကြည့်နေကြတယ်။ လုံခြုံရေးက ပြည်သူတစ်ယောက်အနေနဲ့ အားကိုးလို့မရဘူး။ ကိုယ့်လုံခြုံရေးပဲ ကိုယ်လုပ်ရတော့မှာပဲ။ လုံခြုံရေးအားနည်းတဲ့အတွက် လုံခြုံရေးကိုပြောတော့လည်း အထက်က အမိန့်မရလို့ ဘာမှ လုပ်ပိုင်ခွင့်မရဘူး။ ဒီအတိုင်းပဲ ကြည့်နေရတယ်။ ဒါတွေကတော့ မဖြစ်သင့်ဘူး။”

အခုလိုမျိုး ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေဖြစ်ပွားလာနေတဲ့အတွက် အပြစ်မဲ့ပြည်သူတွေ သေကျေပျက်စီးရပြီး အခြေခံလူတန်းစားတွေဘဝပျက်ရတာမို့ မီးရှို့အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန်းက ရပ်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်လို့ ဦးကျော်သူက ဆက်ပြောပါတယ်။

“ပြည်သူလူထုတွေကလည်း ကိုယ့်အိုးကိုယ့်အိမ်ကိုပဲ အဓိကစောင့်ရှောက်ရမယ်။ ကိုယ့်ရပ်ကွက်၊ ကိုယ့်မြို့နယ်ကိုပဲ စောင့်ရှောက်ရမယ်။ ချင့်ချင့်ချိန်ချိန်လေး လုပ်ကြဖို့ ကျနော် ဒါပဲ တိုက်တွန်းချင်တယ်။”

မိထ္ထီလာမြို့မှာဖြစ်ပွားခဲ့တဲ့ လူသတ်၊ မီးရှို့အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီတွေနဲ့ သောက်သုံးရေ အရေးတကြီးလိုအပ်နေပါတယ်လို့လည်း မိထ္ထီလာမြို့ခံဒေါ်မြင့်မြင့်အေးကပြောပါတယ်။

“ဟုတ်ကဲ့။ ဗမာတွေအနေနဲ့ကတော့ မကျီးကုန်း ဘုန်းကြီးကျောင်းမှာ ဗမာ ၄၇၀လောက်ရှိတယ်။ သမွန်ပုံးဘုန်းကြီးကျောင်းမှာ ဗမာလူမျိုး ၅၀၀ကျော်ရှိတယ်။ ဥတ္တရဇေရုံမှာ လူ ၂၀၀ကျော်ရှိတယ်။ မာတင်ပုလဲ လမ်းဆုံမှာလည်း ဗမာလူမျိုး ၂၀၀ကျော်လောက်ရှိတယ်။ ကိုးနဝင်းကျောင်းမှာလည်းရှိတယ်။ ဒါကတော့ ဗမာဘုန်းကြီးကျောင်းတွေမှာ ဆရာတော်တွေရဲ့ အုပ်ချုပ်မှုလက်အောက်မှာ တိုက်ရိုက်တန်းလှူလို့ရတယ်။ မူစလင်ဘာသာဝင်တွေကတော့ အမှတ် ၁ကျောင်းတို့၊ အမှတ် ၃ကျောင်းတို့၊ အမှတ် ၅ အထက၊ အားကစားကွင်းပေါ့။ ကမ့်တွေထဲမှာ ခြောက်နေရာလောက်ရှိတယ်။ ဆက်သွယ်ရေးကတဆင့်ပဲ လှူလို့ရတယ်။ သူတို့ကို တိုက်ရိုက်လှူလို့မရဘူး။ အဲ့ဒီ့ဟာလေးတွေရှိတယ်။ တချို့အမှတ်၃ကျောင်း က ရေအခက်အခဲ ရှိလို့ ကျမတို့ကို အကူအညီတောင်းလို့ ကျမတို့က ဆက်သွယ်ပြီးတော့ မီးသတ်ဌာနကို ရေပို့ပေးဖို့ ပြောထားတာတွေရှိတယ်။”

မိထ္ထီလာမြို့က ဒုက္ခသည်တွေအတွက်တော့ မန္တလေးတိုင်းတွင်းက လူမှုအဖွဲ့အစည်းတွေ အပါအဝင် ရန်ကုန်နာရေးကူညီမှုအသင်းရန်ကုန်ကပါ ဝင်ရောက်ကူညီဆောင်ရွက်ပေးနေပြီး ဒုက္ခသည်တွေအတွက် အရေးအကြီး ဆုံး နေစရာအခက်အခဲဖြစ်ပြီး လုံခြုံရေးကလည်း အထူးလိုအပ်နေ တယ်လို့ ဦးကျော်သူကပြောပါတယ်။

အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်ရသူတွေကို အရေးပေါ်အကူညီတွေပေး ဖို့ ဝိုင်းဝန်းဆောင်ရွက်နေချိန်မှာပဲ အခုလက်ရှိလုံခြုံရေး အနေအထားကတော့ အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ မိထ္ထီလာခရိုင်နဲ့ ပဲခူးတိုင်း အနောက်ခြမ်းတွေ မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားဆဲဖြစ်ပြီးတော့ ဆူပူအကြမ်းဖက် မီးရှို့သူလို့ သံသယရှိသူ တော်တော်များများကိုလည်း ဖမ်းဆီးထိန်းသိမ်းမှုတွေပြုလုပ်နေပါတယ်။ စစ်တပ်နဲ့ရဲလုံခြုံရေးအင်အားတွေ တိုးချဲ့ချထားပေမဲ့ ဒေသခံတွေအနေနဲ့ကတော့ လုံခြုံရေးကို အထူးစိုးရိမ်နေကြရတယ်လို့ သိရပါတယ်။
VOA

ZinYawNews

အရေးပေါ်အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရဆဲဖြစ်တဲ့ မိထ္ထီလာမြို့မှာတော့ စစ်တပ်နဲ့ ရဲလုံခြုံရေး အဖွဲ့တွေက လုံခြုံရေး ယူထား ပြီး အခြေအနေဟာတည်ငြိမ်သွားတယ်လို့ ဆိုပေမဲ့ ရပ်မိရပ်ဖတွေနဲ့ မြို့ခံတွေက ကိုယ့်ရဲ့အိုးအိမ်လုံခြုံရေးအခြေအနေကို ကိုယ်တိုင် ကာကွယ်စောင့်ရှောက်နေ ရဆဲပဲဖြစ် တယ်လို့ မိထ္ထိလာမြို့ခံတွေ က ပြောပါတယ်။

ပြည်ထဲရေးဌာနသည် ပဋိပက္ခများဖြေရှင်းရာတွင် ထိရောက်ရန်လိုအပ်ဟု ၈၈မျိုးဆက်ကျောင်းသားများပြော


fdg29.3.13

ရန်ကုန်၊ မတ် ၂၉။
၈၈မျိုးဆက် ကျောင်းသားများအနေဖြင့်တူညီသည့် ဘာသာဝင်များအကြား သွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများအား လက်ခံမည်မဟုတ်ကြောင်း၊ ဒေသအသီးသီးရှိဘာသာရေး၊ လူမှုရေး၊ အရပ်ဖက် အဖွဲ့အစည်းများစုစည်းပြီး ပဠိပက္ခများကို ကြိုတင်ကာကွယ် တားဆီးကြရန်၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတော်တာဝန်ရှိသူများမှ ပဠိပက္ခများ အမြန်ဆုံး ရပ်တန့်ရာတွင် ပါဝင်ပူးပေါင်းကြရန်နှင့် ပဠိပက္ခများအား ဖြေရှင်းရာတွင် ပြည်ထဲရေးဌာန၏ လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခဖြေ ရှင်းရာတွင် ထိရောက်ထက်မြက်ရန် လိုအပ်ကြောင်း ကိုဂျင်မီမှ ရှင်းလင်း ပြောကြားသည်။

ဆူပူမှုတွေကို မြို့ပြအင်အားနဲ့ ထိရောက်စွာနှိမ်နင်းမည်


 Photo: ဆူပူမှုတွေကို မြို့ပြအင်အားနဲ့ ထိရောက်စွာနှိမ်နင်းမည်
Friday, March 29, 2013

ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု ထိပါးတဲ့ လုပ်ရပ်မှန်သမျ
ကို မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နှင်းသွားမယ်လို့ သမ္မတဦးသိန်းစိန်က ဒီညနေထုတ်လွှင့်ခဲ့တဲ့ အသံလွှင့်မိန့်ခွန်းထဲမှာ ပြော
ကြားသွားပါတယ်။ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဥပဒေနဲ့အညီ ရဲဝင့်ပြတ်သားစွာ ဆောင်ရွက်ကြဖို့ မှာကြားသွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုန့်ပြန်ပြောကြားချက်တချို့နဲ့အတူ သတင်း
အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် သတင်းထောက်ကိုအောင်
ရဲမောင်မောင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာ ယုံကြည်တဲ့ ဘာသာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့် အတွက် နိုင်ငံသားအခွင့်အရေး
မှာ လွတ်လွတ်လပ်လပ်ပေး ထားပြီး ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ အခြေခံဥပဒေမှာလည်း မိမိယုံကြည်ရာ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်က နိုင်ငံသားအခွင့်အရေးအနေနဲ့ အခွင့်အရေးအပြည့်အဝ
ပေးထားပြီးဖြစ်ပါတယ်။ ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီ
တဲ့ ဘာသာတရားတွေအကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်
မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ် လုပ်
ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့ အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

အခုလိုအကြမ်းဖက် လုပ်ရပ်တွေ နယ်မြို့တွေ မှာ ဖြစ်နေတုန်း ဘာသာရေး လွတ်လပ်ခွင့်ရှိတယ်လို့ ပြောလာတဲ့ နိုင်ငံတော်သမ္မတ မိန့်ခွန်းကို ကြိုဆို
ထောက်ခံတယ်လို့ အိုလာမာ အစ္စလာမ်သာသနာ ပညာရှင်များ အဖွဲ့ချုပ်
ကအတွင်းရေးမှူးအဖွဲ့ဝင် ဦးတင်နိုင်ကပြောပါတယ်။

“ကျနော်အနေနဲ့ကတော့ ဒီမိန့်ခွန်းကို များစွာကြိုဆိုပါတယ်။ သမ္မတကြီး ဒီလိုပြောဆိုတဲ့ကိစ္စမှာလည်း လွန်စွာ နှစ်ထောင်းအားရဖြစ်မိပါတယ်။ တိတိကျကျ အရေးယူဆောင်ရွက်သွားမယ်ဆိုရင် ပဋိပက္ခတွေ နောက်
နောင်မဖြစ်နိုင်ပါဘူးခင်ဗျ။”

မိထ္တိလာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီး အခြားနယ်မြို့တွေမှာပါ ဘာသာရေး
ကို အခြေပြုတဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေ တောက်လျောက်ဖြစ်ပွားလာခဲ့
တဲ့အပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ထိထိရောက်ရောက် အရေးယူမှု တွေ လုပ်ဆောင်သင့်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဆိုပါတယ်။

“ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြ
အင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ပါ
တယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးတွင် အဓိက တာဝန်ရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သား စွာ ဆောင်
ရွက်ကြဖို့ ပြောကြားလိုပါတယ်။”

အခုလို နိုင်ငံတော် သမ္မတက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ထိထိရောက်
ရောက် ဆောင်ရွက် ကိုင်တွယ်ဖို့ လိုအပ်တဲ့ အကြောင်း မိန့်ခွန်းထဲ ထည့်
သွင်း ပြောလာတဲ့အပေါ်မှာ ဖြစ်သင့်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ ၈၈
မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုဂျင်မီက ပြောပါတယ်။

“နံပတ်တစ်ကတော့ ဒါဟာ ပြည်ထဲရေးဝန်ကြီးဌာနက ရဲဝန်ထမ်းတွေနဲ့
ပတ်သက်ပြီးတော့ ကိုင်တွယ်ရမယ့်ကိစ္စတွေကို ရဲရဲဝင့်ဝင့်ပြတ်ပြတ်သား
သား ကိုင်တွယ်ဖို့ အတွက် ပြောလိုက်တယ်လေ။ နောက်တခုကလည်း
ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာ မှာ သက်ဆိုက်ရာတပ်က ကိုင်ရင် အလွန်အကျွံဖြစ်မှာကို စိတ်ပူတယ်။ ဟိုတခါကလိုပေါ့ဗျာ။

လက်ပံတောင်းတောင်ကိစ္စလိုမျိုးတွေ ဖြစ်မှာကိုလည်း စိတ်ပူတာပေါ့ဗျာ။ ဆိုလိုချင်တဲ့သဘောက ဘာကိုကောက်ချက် ဆွဲလို့ရလည်းဆိုတော့ ပြဿ
နာတခုကို မြန်မြန်ဆန်ဆန်နဲ့သပ်သပ်ရပ်ရပ်ဖြေရှင်းနိုင်ဖို့အတွက်ရဲဝန်ထမ်း
တွေရဲ့အရည်အသွေးကိုမြှင့်တင်ရမယ်ဆိုတာတော့ ကောက်ချက်ချလို့ရတယ်ခင်ဗျ။”

အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ပြီးတော့ ဒီမိုကရေစီ အသီးအ
ပွင့်တွေ ရရှိအောင် ဆောင်ရွက်သင့်တယ်လို့ လည်း နိုင်ငံတော်သမ္မတက
ပြောပါတယ်။

“အချင်းချင်း ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခြင်းနဲ့ အားလုံးအတွက် အကောင်း
ဆုံးအဖြေကိုရှာဖို့ ဒီမိုကရေစီ အလေ့အကျင့်ကိုကျင့်သုံးခြင်းကသာ ပေါ်ပေါက်
 လာတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်း
ခြင်းဖြစ်စဉ်ကို ပံ့ပိုးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။”

နိုင်ငံတော်သမ္မတရဲ့ အခုလို ဘာသာရေး ပဋိပက္ခတွေ မဖြစ်အောင် ပြောကြားလာတဲ့ သမ္မတမိန့်ခွန်းဟာ ဘယ်လောက်အာဏာရှိမလဲ ဆိုတာကတော့ စောင့်ကြည့် သုံးသပ်ရမှာဖြစ်တယ် လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းကပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ ဥပဒေအရလုပ်မယ်။ အကောင်းဆုံး လုပ်မယ်ဆို
တာကိုတော့ ကြိုဆိုတာပေါ့ဗျာ။ အမြန်ဆုံးလုပ်ဖို့ လိုတယ်။”

ဒီတစ်ကြိမ်ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ နှစ်ဖက်ဘာသာရေး ခေါင်းဆောင်တွေရဲ့ထိန်းသိမ်းမှုတွေကို လည်း အသိအမှတ်ပြုတယ်လို့ သမ္မတဦးသိန်းစိန်ကပြော
ပါတယ်။

“အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ဘာသာပေါင်းစုံ
က ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်း
တွေရဲ့ ပူးပေါင်းကူညီမှု၊ မီဒီယာများရဲ့ ပိုမိုတာဝန်သိသိ၊ တာဝန်ရှိရှိ သ
တင်းဖော်ပြမှု၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုနဲ့ ပြန်
လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဘုန်းတော်ကြီးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနဲ့ တပ်မတော်တို့ရဲ့ မှန်ကန်တဲ့ အခန်းကဏ္ဍ
က ပါဝင်မှုတွေကို တွေ့ရှိရပါတယ်။"

မိတ္ထီလာ အကြမ်းဖက်ဖြစ်ရပ်ဖြစ်ပွားအပြီး ရရက်အကြာမှ အခုလို ပြည်သူ
ကို မိန့်ခွန်းပြောလာတာ အနည်းငယ်နောက်ကျတယ်လို့ လည်းမန္တလေးမြို့
မြ၀တီမင်းကြီးကျောင်းထိုင် ပဓာန နာယက ဆရာတော် ဦးအရိယ၀ံသဘိ
ဝံသက မိန့်ပါတယ်။

“ အင်း ပြောရင် နည်းနည်းတော့ နောက်ကျတယ်ပြောရမယ်။ အမှန်တော့ အစိုးရအဖွဲ့အတွင်းမှာကို အားနည်းချက်တခုလို့ ဘုန်းကြီးတို့က ယူဆတာပဲ။ အမှန်တော့ သမ္မတကြီးရဲ့ ဒီမိန့်ခွန်းမျိုးကို အားလုံးတညီတညာတည်း ထောက်
ခံပြီးတော့ အားလုံးတညီတညာတည်း ထောက်ခံပြီးတော့ အားလုံးတညီတ
ညာတည်း လိုက်ပါသင့်တာ။”

နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာ အချိန်အားဖြင့် ၉ မိနစ် ကြာ ပြည်သူကို ရည်ရွယ်ပြီး ပြောခဲ့တဲ့ မိန့်ခွန်းကို လက်ရှိအချိန်မှာ ပြည်တွင်း ကသာမက
နိုင်ငံတကာ အသိုင်းအ၀ိုင်းကစိတ်ဝင်တစား စောင့်ကြည့် နေတာလည်း
ဖြစ်ပါတယ်။ 

သမ္မတဦးသိန်းစိန် ပြောကြားခဲ့တဲ့ မိန့်ခွန်းဟာ အခုလို ဘာသာရေးအပေါ် အခြေခံတဲ့ အကြမ်းဖက် လုပ်ရပ်တွေ ဘယ်လောက်ထိ လျော့ပါးသွားမလဲ ဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရေး လေ့လာ
သူတွေက သုံးသပ်ပြောကြားကြပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် နိုင်ငံကို မိန့်ခွန်းပြောကြားစဉ် ( မတ်လ ၂၈၊ ၂၀၁၃) သတင်းမှတ်တမ်း- သမ္မတရုံးဝဘ်ဆိုက်ဒ်
အောင်ရဲ၊ မောင်မောင် 
VOA

ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုထိပါးတဲ့ လုပ်ရပ်မှန်သမျကို မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နှင်းသွားမယ်လို့ သမ္မတဦးသိန်းစိန်က ဒီညနေထုတ်လွှင့်ခဲ့တဲ့ အသံလွှင့် မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဥပဒေနဲ့အညီ ရဲဝင့်ပြတ် သားစွာ ဆောင်ရွက်ကြဖို့ မှာကြားသွားပါတယ်။

ထိုင်းအစိုးရ နဲ့ မူဆလင်သူပုန် ဆွေးနွေးပွဲစ


ထိုင်းအစိုးရ နဲ့ မူဆလင်သူပုန် ဆွေးနွေးပွဲစ 
Friday, March 29, 2013

ထိုင်းနိုင်ငံတောင်ပိုင်း တည်ငြိမ်အေးချမ်းရေးအတွက် ထိုင်းအစိုးရက တောင်
ပိုင်းက အဓိကမွတ်စလင် သူပုန်အဖွဲ့နဲ့ ကြာသာပတေးနေ့ ကစတင်ပြီး ငြိမ်း
ချမ်းရေး ဆွေးနွေးပြီဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ အခြေစိုက်တဲ့ BRN အဖွဲ့ နဲ့ ထိုင်းအစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်မှာပြုလုပ်တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ နောက်ထပ်ဖြစ်ပွားတဲ့ ဗုံးခွဲတိုက်ခိုက်မှုဟာ မွတ်စလင်သူပုန်တွေ လက်ချက်ဖြစ်တယ်လို့ စွတ်စွဲမှုတွေရှိနေစဉ်မှာပဲ ထိုင်းအစိုးရနဲ့  သူပုန်တွေအကြား ပထမဦးဆုံးအကြိမ် ငြိမ်းချမ်းရေး
ဆွေးနွေးကြတာဖြစ်ပါတယ်။

အခုလိုဆွေးနွေးရာမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လျော့ကျဖို့ နဲ့  ယုံကြည်မှု တည်ဆောက်ဖို့ အတွက် အဓိက ရည်ရွယ်တယ်လို့  ထိုင်း
အစိုးရအရာရှိတွေက ပြောပါတယ်။ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲ ကနေ
အောင်မြင်မှုတွေ ရလာလိမ့်မယ်လို့  ထိုင်းအမျိုးသား လုံခြုံရေး ကောင်
စီ အကြီးအကဲ က အကောင်းမြင်ပြောဆိုပေမဲ့ အချိန်အတိုင်း အတာ
တော့ ကြာလိမ့်မယ်လို့ ခန့် မှန်းပါတယ်။ 

VOA
ထိုင်းနိုင်ငံတောင်ပိုင်း တည်ငြိမ်အေးချမ်းရေးအတွက် ထိုင်းအစိုးရက တောင်ပိုင်းက အဓိကမွတ်စလင် သူပုန်အဖွဲ့နဲ့ ကြာသာပတေးနေ့ ကစတင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပြီဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ အခြေစိုက်တဲ့ BRN အဖွဲ့ နဲ့ ထိုင်းအစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်မှာပြုလုပ်တာဖြစ်ပါတယ်။

ဗကသ ဖြစ်မြောက်ရေးအဖွဲ့ဝင် ပျောက်ဆုံးနေမှု အမှုဖွင့်တိုင်ကြား



Photo: ဗကသ ဖြစ်မြောက်ရေးအဖွဲ့ဝင် ပျောက်ဆုံးနေမှု အမှုဖွင့်တိုင်ကြား

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ကိုရဲမင်းဦးဟာ မတ်လ၂၅ရက်နေ့ကတည်းက အကြောင်းမဲ့ပျောက်ဆုံးနေပြီး အခုထိဘာ့ကြောင့် ပျောက်ဆုံးနေတယ်ဆိုတာကို တစုံတရာစုံစမ်းလို့ မရသေးဘူးလို့ သိရပါတယ်။

အဲဒီပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဗဟန်းရဲစခန်းမှာ လူပျောက်အမှုဖွင့် တိုင်ကြားထားပြီး ပျောက်ဆုံးသွားတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကိုရဲမင်းဦးရဲ့ အစ်ကို ကိုဖိုးသားက RFA ကို အခုလို ပြောပါတယ်။

"၂၅ ရက်နေ့ည ၉ နာရီကျော်လောက်ကပါ၊ အရပ်ဝတ်အရပ်သား နှစ်ယောက်ပေါ့၊ လူနှစ်ယောက်တက်လာပြီးတော့ သူ့ကိုခေါ်တယ်ပေါ့၊ ကြေးသွန်းဘုရားကြီးရှေ့မှာ ကြံရည်ဆိုင်မှာသွားပြီး စကားပြောကြပါတယ်တဲ့၊ အဲဒါကို မသင်္ကာလို့ အနောက်က ကိုယ်တော်နှစ်ပါးက စောင့်ကြည့်တယ်ပေါ့၊ နောက်ထပ်လူငါးယောက် အားလုံးခုနှစ်ယောက်ကတဲ့ ဘင်ကားနဲ့ ကိုရဲမင်းဦးကို ခေါ်သွားပါတယ်၊ ထူးခြားတဲ့ဖြစ်စဉ်ဆိုလို့ ဘာမှကိုမေးမြန်းစုံစမ်းလို့ မရဘူးခင်ဗျ၊ နောက်ကျနော်ကနေ ၂၆ ရက်နေ့ မနက်မှာပဲ ဗဟန်းရဲစခန်းမှာ အမှုစဖွင့်တယ်၊ လူပျောက်နဲ့ဖွင့်ထားတယ်၊ ဒီနေ့မနက်လည်းထပ်သွားပါသေးတယ်၊ သူတို့က လူပျောက်တဲ့ကိစ္စကလွဲပြီး ဘာမှမသိရသေးပါ၊ ဘာမှစုံစမ်းလို့ မရသေးပါဆိုပြီး အတည်ပြုချက်ပေးပါတယ်ခင်ဗျ "

သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေအပါအ၀င်  နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးကွန်ရက် အဖွဲ့အစည်းတွေဆီကိုလည်း ပျောက်ဆုံးနေတဲ့ အခြေအနေကို ရေးသားပေးပို့သွားမယ်လို့ ကိုဖိုးသားက ဆိုပါတယ်။

ကိုရဲမင်းဦးဟာ အသက်၂၆ နှစ်အရွယ်ရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ ဖြစ်မြောက်ရေးအတွက် လှုပ်ရှားနေသူတစ်ဦးဖြစ်ပြီး ရခိုင်လူငယ်ကွန်ရက်မှာလည်း တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ကိုရဲမင်းဦး ဟာ မတ်လ၂၅ရက်နေ့ကတည်းက အကြောင်းမဲ့ပျောက်ဆုံးနေပြီး အခုထိ ဘာ့ကြောင့် ပျောက် ဆုံးနေ တယ်ဆိုတာကို တစုံတရာစုံစမ်းလို့ မရသေးဘူးလို့ သိရပါတယ်။
အဲဒီပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီးသက်ဆိုင်ရာ ဗဟန်းရဲစခန်းမှာ လူပျောက်အမှုဖွင့် တိုင်ကြား ထားပြီး ပျောက်ဆုံးသွားတဲ့ အခြေအနေနဲ့ပတ်သက်လို့ ကိုရဲမင်းဦးရဲ့အစ်ကို ကိုဖိုးသားက RFA ကို အခုလို ပြောပါတယ်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို လူတစ်စုက ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေချိန်တွင် ဘာသာကြီး လေးခုမှ ဘာသာဝင်တိုင်းက တစ်ဦးကိုတစ်ဦး သံသယမ၀င်ပဲ မေတ္တာထားကြရန် အစ္စလာမ်ဘာသာရေး ခေါင်းဆောင် အပါအ၀င် ဘာသာလေးခု ချစ်ကြည်ရေး အဖွဲ့အစည်းမှ တိုက်တွန်း




3.28.2
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော လူမျိုးရေးဘာသာရေး ပဋိပက္ခအသွင်ဆောင်ကာ ကြိုးပမ်းနေသော အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ အကြမ်းဖက်လူတစ်စုက ရည်ရွယ်ချက် ရှိရှိ ဆောင် ရွက်နေချိန်တွင် ဘာသာကြီးလေးဘာသာမှ ဘာသာဝင်တိုင်းက တစ်ဦးကိုတစ်ဦး သံသယ မ၀င်ပဲ မေတ္တာ ထားကြရန် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်အပါအ၀င် ဘာသာလေးခု ချစ်ကြည်ရေး အဖွဲ့အစည်း မှ ခေါင်းဆောင်များနှင့် လူငယ်များက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။