Monday 30 April 2012

မန္တလေး- မြစ်ကြီးနား ရထားလမ်းအား KIA က မိုင်းထောင်ဖျက်ဆီးသဖြင့် ပြည်သူများဒဏ်ရာရ၊ သွားလာရေး ခက်ခဲလျက်ရှိ


အစိုးရက လမ်းအသစ်တွေဖောက် တံတားအသစ်တွေဆောက် ပြီး နိုင်ငံတိုးတက်အောင်တော့ သူတို့တက်အားသလောက် ဆောင်ရွက်နေတာတွေ့မြင်နေရပါတယ်။ အရင် ၁နှစ်လောက်အထိ ကျွန်တော်တို့ ကချင်ပြည်နယ်လေးက အေးအေးချမ်းချမ်းနဲ့ရောင်းဝယ်ဖောက်ကားလို့ကောင်းတဲ့ ရေခံမြေခံတွေ သဘာဝ အရင်းအမြစ်တွေနဲ့ပြည့်နှက်နေပါတယ်။ ဒါပေမယ့် ဇွန်လလောက်ကတည်းက တံတားတွေကို မိုင်းတွေခွဲ စစ်ဘက်နဲ့မဆိုင်တဲ့နေရာတွေကို ဖျက်ဆီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ် မိန်းမတွေကိုလည်းအဓမ္မပြုကျင့် ငယ်ရွယ်သေးသောစာသင်အရွယ်ကလေးငယ်များအားလည်း စစ်သားသစ်စုပြီး အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ဆောင်ခိုင်းနေပါတယ်။

KIA အကြမ်းဖက်သောင်းကျန်သူများမိုင်ထောင်ဖျက်စီးသွားသော ရထာလမ်းပျက်စီးမှုများ
          ဦးသိန်းစိန် အစိုးရကတော့ သဘောထားကြီးစွာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေပေမယ့်လဲ ကျွန်တော်တို့ ကချင်ပြည်နယ်က အခုချိန်ထိ မိုင်းကွဲသံတွေက ကြားနေရပြီး ပြည်သူတွေကတော့ ကျီးလန့်စာစားနေရ တုန်းပါဘဲ။ အခုလဲ မန္တလေး မြစ်ကြီးနား အမှတ်(၃၃)အဆန် အိပ်စင်ရထားကို မိုင်းခွဲဖျက်ဆီးလိုက်ပြန်ပါပြီး။ ဧပြီ၂၉ရက်နေ့မနက်၁နာရီလောက်မှာ မော်ဟန်ဘူတာနားမှာ ရထားလာတဲ့အချိန်ကို ကိုချိန်ကိုက်မိုင်းနဲ့ ဖောက်ခွဲခဲ့တာကြောင့် သံလမ်းတွေ ၄ခု ၅ခု လောက်ပျက်ဆီးသွားခဲ့ပါတယ်။ ရထားတွဲ ၈တွဲလည်း လမ်းချော်ခဲ့ ရတယ်။ ညဘက်ကြီးဖြစ်တာကြောင့် ရထားနဲ့ပါလာတဲ့ ကျွန်တော်အပါအ၀င်ခရီးသည်တွေတော်တော်များများ ဒုက္ခရောက်ရပါတယ်။ ခရီးသည်အမျိုးသားတစ်ဦးနဲ့ သံဃာတော်တစ်ဦးလည်း ထိခိုကဒဏ်ရာရခဲ့ပါတယ် ဒဏ်ရာရတဲ့သူတွေကို မိုးညှင်းဆေးရုံသို့တာဝန်ရှိတဲ့သူတွေကပို့ပေးခဲ့ပါတယ်။

          ခရီးသည်တွေကို မြစ်ကြီးနားဘက်မော်ဟန်ဘူတာ သို့ နေ့လည်လောက်မှရထားတစ်စင်းနဲ့ ခရီးသည် တွေကိုလာခေါ်ပါတယ်။ ဖားကန့်ကိုသွားမဲ့သူတွေကိုတော့ မှန်လုံကား၂စီး ဗင်ကား ၄စီးနဲ့လာကြိုပါတယ်။ မြစ်ကြီးနားသွားမယ့် လူတွေကိုတော့ မှန်လုံကားတစ်စီးလာကြိုပါတယ် ကျန်တဲ့သူတွေကတော့ ကိုယ့်အစီအစဉ် နဲ့ သွားကြပါတယ်။ အခုတော့ ရထားမှာတော့ ခရီးသည်တွေတော့ မရှိတော့ပါဘူး ဒါပေမယ့် ရထားလမ်း ကပျက်စီး နေတာကြောင့် ကျန်တဲ့နေရာကိုသွားဖို့လာဖို့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ သွားလာမှုခက်ခဲ တာကြောင့် ကုန်ဈေးနှုန်းတွေကလည်းမြင့်တက်လာမှာဘဲ။           KIAခေါင်းဆောင်များက ကချင်လူမျိုးအတွက် ဆိုပြီး လုပ်နေတယ် လို့အသံကောင်းဟစ် နေပေမယ့်လည်း လုပ်ဆောင်ချက်တွေက အကြမ်းဖက်လုပ်ရပ်တွေဖြစ် နေတယ်။

KIA အကြမ်းဖက်သောင်းကျန်သူများ ရထားလမ်းမိုင်းထောင်ဖျက်ဆီးမှုကြောင့် ဒဏ်ရာရရှိခဲ့သော အပြစ်မဲ့ပြည်သူများ
          KIA က အခုဆိုရင်လမ်းတံတားတွေကိုဖျက်ဆီးနေတာ တံတားအစင်းပေါင်း ၁၁၇စင်းရှိနေပါပြီး ကချင်လူမျိုး ကောင်းစားရေးအတွက်ဆိုပြီးလုပ်ဆောင်နေတဲ့ KIA ခေါင်းဆောင်တွေရဲ့လုပ်ဆောင်ချက်တွေက ကချင်လူမျိုးတွေ မကောင်းစားဘဲ ပျက်စီးဆုတ်ယုတ်မှုတွေဖြစ်ပေါ်နေတာပါ။ ဦးသိန်စိန်အစိုးရအဖွဲ့က တော့ သဘောထားကြီးစွာ လုပ်ဆောင်နေမယ့်အစား ကျွန်တော်တို့ ကချင်လူမျိုးတွေ အေးအေးချမ်းချမ်း နေနိုင်ဖို့အတွက် KIA ခေါင်းဆောင်တွေကို နှိမ်နှင်းပေးသင့်ပါတယ်လို့ကချင်လူမျိုးတစ်ယောက်အနေနဲ့ တောင်းဆိုအပ်ပါတယ်။

Monday 23 April 2012

SSA (၀မ်ဟိုင်း)မှ အခွန်ကောက်ခံခြင်းအပေါ်KIA မကျေနပ်



ကချင်ပြည်နယ်KIA နယ်မြေအတွင်းမှ သျှမ်းလူမျိုးများ နေထိုင်တဲ့ ကျေးရွာများမှာ SSA ၀မ်ဟိုင်းအဖွဲ့မှ အခွန်အခများ ၀င်ရောက်ကောက်ခံနေတဲ့အတွက် ဒေသခံ ရွာသားများကို အခွန်မပေးဆောင်ရန် KIA မှ တားမြစ်လျက်ရှိပါတယ်။ ဧပြီလ ၁၅ ရက်နေ့က ကချင်ပြည်နယ် နောင်မွန်ရွာမှ တရုတ်နိုင်ငံဘက် သို့ မီးသွေးနဲ့ အထည်အလိပ်များ ပို့ဆောင်နေတဲ့ ဆိုင်ကယ် ကယ်ရီများကို SSA အဖွဲ့မှ အခွန်ကောက်ခံခဲ့ပါတယ်။ အခွန်ကောက်ခံသည့်ရွာမှာ KIA နယ်မြေဖြစ်ပြီး SSA မှ အခွန်ကောက်ခံနေခြင်းကို KIA အဖွဲ့မှတားမြစ်ခဲ့တဲ့အတွက် နှစ်ဖက်ပြဿနာဖြစ်ပွားခဲ့ပါတယ်။ နောက်ထပ် လာရောက် အခွန်ကောက်ခံပါက မပေးဆောင်ရန်နှင့် ပေးဆောင်သူများအား ကချင်ပြည်နယ် အတွင်းမှ နေထိုင်ခွင့်ပြုတော့မှာ မဟုတ်ကြောင်း KIA အဖွဲ့မှ နောင်မွန်ရွာမှာနေတဲ့ သျှမ်းလူမျိုးများကို ကြိမ်းမောင်း ပြောဆိုခဲ့ပါတယ်။
SSA အဖွဲ့နှင့် KIA တို့ဟာ ပြည်ပအဆက်အသွယ် စစ်သင်တန်းကိစ္စများမှာ ပူးပေါင်းလုပ်ကိုင် အပြန်အလှန် ကူညီဆောင်ရွက်ခဲ့ကြတဲ့ အဖွဲ့နှစ်ဖွဲ့ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ KIA တပ်ဖွဲ့အတွင်းမှာရှိတဲ့ သျှမ်းလူမျိုးများနှင့် ကချင်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ သျှမ်းလူမျိုးများကို မတရားဖိနှိပ်ကာ အနိုင်ကျင့်မှုများ ပြုလုပ်လာသည့်အပြင် KIA မှ သွေးကွဲစကားပြောလာတဲ့အတွက် SSA ၀မ်ဟိုင်းမှ KIA အဖွဲ့အား မကျေနပ်မနပ်ဖြစ်နေပါတယ်။
KIA အဖွဲ့အတွင်းတွင် လူမျိုးရေးခွဲခြားမှုများရှိနေပြီး အထူးသဖြင့် KIA အတွင်းမှ သျှမ်းလူမျိုးများကို မတရားဖိနှိပ်ပြီး ခွဲခြားဆက်ဆံကြပါတယ် နောက်ပိုင်းမှာ ကချင်ပြည်နယ်မှာရှိတဲ့ သျှမ်းလူမျိုးများကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်း၊ သတ်ဖြတ်ခြင်းများကို ပိုပြီးလုပ်လာခဲ့ပါတယ်။ KIA အဖွဲ့မှ အတင်း အကြပ်စုဆောင်းခံရတဲ့ သျှမ်းမျိုးနွယ် KIA ရဲဘော်များကို ပြန်လည်ဖမ်းမိပါကသတ်ပစ်ဖို့အထိ အမိန့်ထုတ်ထား ပါတယ်။ အလင်းဝင်ရောက်သွားသူ အများစုအတွင်းမှာလည်း သျှမ်းလူမျိုးအများစု ပါဝင်နေတဲ့အတွက် တပ်ဖွဲ့အတွင်းမှာကျန်နေတဲ့ သျှမ်းမျိုးနွယ်များကို အထူးသတိထားစောင့်ကြည့်ရန် အမိန့်ပေးထားပါတယ်။
သျှမ်းမျိုးနွယ်များ KIA မှ အတင်းအကြပ်အင်အားဖြည့်တင်းနေတာကို SSA မှ စာဖြင့်ပေးပို့ အကြောင်းထားရှိပေမဲ့လည်း KIA ဘက်မှ အကြောင်းပြန်ကြားဖြေရှင်းထားခြင်းမရှိပါဘူး။ KIA နယ်မြေအတွင်း သျှမ်းရွာမှာ အခွန်ကောက်ယူခြင်းနဲ့ ပက်သက်ပြီး KIA မှ တားမြစ်ပိတ်ပင်လိုက်သည့်အပေါ်မှာ SSA အဖွဲ့မှ KIA အဖွဲ့အား တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။
KIA မှ သျှမ်းတပ်ရင်းဖွင့်ရန် ပြင်ဆင်နေတဲ့အတွက် သျှမ်းလူမျိုးများကို အတင်းအဓ္ဓမ မတရားစုဆောင်းနေပါတယ်။ မတရားစုဆောင်းခံရသည့်အတွက်ကြောင့် KIA မှ ထွက်ပြေးလာသူများမှာလည်း များပြားလာပါတယ်။ တာလောကြီး ဒက္ခိဏာရာမကျောင်းမှ သျှမ်းလူမျိုးကျောင်းထိုင်ဆရာတော်အား သျှမ်းလူမျိုးများကို အကူအညီပေးသည်ဟု အကြေားပြစွပ်စွဲပြီး သတ်ဖြတ်ပစ်ခဲ့ပါတယ်။ တာလောကြီးရွာသူ လေးဦးကိုလည်း ဖမ်းခေါ်သွားပြီး မတရားနှိပ်စက် မုဒိမ်းကျင့်ခဲ့ကြတဲ့အတွက် ကချင်ပြည်နယ်အတွင်းက သျှမ်းအမျိုးသမီးများမှာ ကြောက်လန့်နေကြရပါတယ်။
KIA မှ သျှမ်းလူမျိုးများအပေါ် လူမျိုးရေးခွဲခြားဆက်ဆံမှုများ၊ မတရားဖိနှိပ်အနိုင်ကျင့်မှုများ၊ နယ်မြေသတ်မှတ်ချက်များကြောင့် SSA နှင့် KIA ဆက်ဆံရေးမှာ တင်းမာလာနိုင်ပြီး တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ် ပွားလာမှာကို တိုင်းရင်းသားအရေး၊ နိုင်ငံအရေးလေ့လာသူများက စိုးရိမ်လျက်ရှိပါတယ်။