Sunday 2 March 2014

Video call နှင့် အခြား တန်ဖိုးမြင့် ဝန်ဆောင်မှုများကိုပါ ထည့်သွင်းပေးမည်ဟု တယ်လီနောဆို

ပြည်တွင်း မိုဘိုင်း အော်ပရေတာ တယ်လီနောက ပေးမည့် မိုဘိုင်းဝန်ဆောာင်မှုများတွင် အခြေခံ အသံစနစ် ဝန်ဆောင်မှုများအပြင် အခြား Value Added (တန်ဖိုးမြင့် ဝန်ဆောင်မှု)များကို ထည့်သွင်းဝန်ဆောင်မှု ပေးမည် ဖြစ်သည်ဟု အာရှဒေသဆိုင်ရာ တယ်လီနော အဖွဲ့၏ အကြီးအကဲဖြစ်သူ Mr.Sigve Brekke က မတ် ၃ရက်က တယ်လီနော မြန်မာ ၏ မြန်မာနိုင်ငံဆိုင်ရာ ရုံးချုပ်ဖွင့်ပွဲတွင် ပြောသည်။

ရုရှားက ယူကရိန်းနယ်မြေကို ကျူးကျော်ဝင်ရောက်ပါက ဆိုချီ ၌ပြုလုပ်မည့် ဂျီ-၈ ထိပ်သီးဆွေးနွေးပွဲကို သပိတ်မှောက်မည်ဟု အိုဘားမား သတိပေး

ဖေဖော်ဝါရီ ၂၈ ရက်က ယူကရိန်းပြည်မနှင့် ခရိုင်းမီးယားကျွန်းဆွယ်တို့ကို ဆက်သွယ်ထားသော အဝေးပြေးလမ်းမပေါ်၌ ရုရှား အလံ(၀ဲ)နှင့် ရုရှားရေတပ်အလံ(ယာ)တို့ အောက်ရှိ စစ်ဆေးရေးစခန်းတစ်ခုတွင် ဘာကက်တပ်ဖွဲ့ဝင်တစ်ဦး ရိုင်ဖယ်ဖြင့်ချိန်ထား စဉ်

အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် အခြားဥပရောပခေါင်းဆောင် များက ရုရှားသည် ယူကရိန်း နယ်မြေ သို့ ကျူးကျော်ဝင်ရောက်သည်ဟု သူတို့အနေဖြင့် ဆုံးဖြတ်ပါက ဆိုချီ၌ ပြုလုပ်မည့် ဂျီ-၈ ထိပ် သီးဆွေးနွေး ပွဲကို သပိတ်မှောက်မည် ဖြစ်ကြောင်း မတ် ၁ ရက်တွင် သတိပေးလိုက်သည်။

ထိုင်းအစိုးရ ဆန္ဒပြသူများက ဘန်ကောက် “ပိတ်ဆို့ ဆန္ဒပြမှု” ရပ်ဆိုင်းရန် စီစဉ်

Photo: ထိုင်းအစိုးရ ဆန္ဒပြသူများက ဘန်ကောက် “ပိတ်ဆို့ ဆန္ဒပြမှု” ရပ်ဆိုင်းရန် စီစဉ်
Sunday, March 2, 2014

မြို့တော်ဘန်ကောက်ကို ပိတ်ဆို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသော ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြသူများက တင်းမာမှုလျော့ကျရေး အကြိုခြေလှမ်းတစ်ရပ်အဖြစ် လမ်းပေါ်ရှိ ဆန္ဒပြသူအင်အားကို သိသိသာသာ လျှော့ချသွားမည်ဖြစ်ကြောင်း အတိုက်အခံဆန္ဒပြသူ အဖွဲ့ခေါင်းဆောင် ဆူသက်သောင်ဆူဘန်က ဖေဖော်ဝါရီ ၂၈ ရက် ညတွင် ပြောကြားခဲ့သည်။ ဘန်ကောက်တစ်ဝန်းရှိ အဓိကလမ်းဆုံများတွင် ဆောက်ထားသော စင်များမှနေ၍ ဆန္ဒပြသူများကိုခေါ်ယူပြီး ဆန္ဒပြမှုပြုလုပ်သည့် အစဉ်အလာနေရာတစ်ခုဖြစ်လာသော Lumpini  ဥယျာဉ်တွင် ဆန္ဒပြသူများက မတ် ၃ရက်မှ စတင်၍လူအင်အား ပေါင်းစည်းမည်ဖြစ်ကြောင်း သိရသည်။

အစိုးရက ဆန္ဒပြသူများကို မောင်းထုတ်ရန် ကြိုးပမ်းလာခြင်းကြောင့်မဟုတ်ဘဲ ဘန်ကောက်ဒေသခံများ၏ အဆင်မပြေမှုကို သိရသဖြင့် ၎င်းတို့ကို  ပြန်ပေးရန်အတွက် မိမိတို့၏ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကော်မတီက ယင်းကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ဆူသက်က ပြောကြားခဲ့သည်။ သို့သော် ဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်၏ မိသားစုက ထိန်းချုပ်ထားသည့် စီးပွားရေးလုပ်ငန်းများကို နှောင့်ယှက်ရန်နှင့် အစိုးရရုံးများကို ပိတ်ပစ်ရန် လှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ညစဉ်နီးပါး လက်ပစ်ဗုံးဖောက်ခွဲ တိုက်ခိုက်မှုများ နှင့် ဆန္ဒပြသည့်နေရာများတွင် တိုက်ခိုက်မှုများကြောင့် ကလေးလေးဦး သေဆုံးခဲ့သည်။ ထိုင်းတွင် ယင်လက်အစိုးရကို ဖြုတ်ချရန်ကြိုးပမ်းသော ဆန္ဒပြမှုများနှင့် ဆက်နွယ်သော နိုင်ငံရေးပဋိပက္ခအတွင်း လူ ၂၃ ဦး သေဆုံးခဲ့ပြီး ရာနှင့်ချီ ဒဏ်ရာရရှိခဲ့သည်။ တစ်ချိန်တည်းတွင် ယင်လက်အစိုးရ ထောက်ခံသူများကလည်း လမ်းပေါ်ထွက်ဆန္ဒပြမည်ဟု ခြိမ်းခြောက်ခဲ့ပြီး အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းမှုများအား  လက်နက်ကိုင်ခုခံမည်ဟုပင် ခြိမ်းခြောက်လာခဲ့သည်။

ထိုင်းမြောက်ပိုင်းတွင် ရောက်ရှိနေသော ယင်လက်က အစိုးရအဖွဲ့သည် ဆွေးနွေးညှိနှိုင်းမှုများကို လိုလားကြောင်း၊ သို့သော် ဆန္ဒပြသူများသည် ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များကို ပိတ်ဆို့ခြင်းအား ရပ်တန့်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီကို ကာကွယ်ရန်မှာ ၎င်း၏တာဝန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဆန္ဒပြမှုများ အားကောင်းလာခဲ့ပြီးနောက် ယင်လက်ကကြားဖြတ်ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပခဲ့သည်။ သို့သော် ဆန္ဒပြသူများ၏ နှောင့်ယှက်မှု ကြုံတွေ့ခဲ့ရပြီး ခရိုင်အများအပြား၌ မတ် ၂ ရက်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။         

Ref:AP
Eleven Media Group

မတ် ၁ ရက်တွင် ဘန်ကောက်ရှိ ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည့် ဆန္ဒပြမှုများအတွင်း သေဆုံးခဲ့သူများအတွက် ဆုတောင်းပွဲသို့ တက်လာသော ဆန္ဒပြခေါင်းဆောင် ဆူသက်
မတ် ၁ ရက်တွင် ဘန်ကောက်ရှိ ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည့် ဆန္ဒပြမှုများအတွင်း သေဆုံးခဲ့သူများအတွက် ဆုတောင်းပွဲသို့ တက်လာသော ဆန္ဒပြခေါင်းဆောင် ဆူသက်

မြို့တော်ဘန်ကောက်ကို ပိတ်ဆို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသော ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြသူများက တင်းမာမှုလျော့ကျရေး အကြိုခြေလှမ်းတစ်ရပ်အဖြစ် လမ်းပေါ်ရှိ ဆန္ဒပြသူအင်အားကို သိသိသာသာ လျှော့ချ သွားမည်ဖြစ်ကြောင်း အတိုက်အခံဆန္ဒပြသူ အဖွဲ့ခေါင်းဆောင် ဆူသက်သောင်ဆူဘန်က ဖေဖော်ဝါရီ ၂၈ ရက် ညတွင် ပြောကြားခဲ့သည်။ ဘန်ကောက်တစ်ဝန်းရှိ အဓိကလမ်းဆုံများတွင် ဆောက်ထားသော စင်များ မှနေ၍ ဆန္ဒပြသူများကိုခေါ်ယူပြီး ဆန္ဒပြမှုပြုလုပ်သည့် အစဉ်အလာနေရာ တစ်ခုဖြစ် လာသော Lumpini  ဥယျာဉ်တွင် ဆန္ဒပြသူများက မတ် ၃ရက်မှ စတင်၍လူအင်အား ပေါင်းစည်းမည်ဖြစ်ကြောင်း သိရသည်။

မြန်မာတိုင်း(မ်) ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းစုံ လုပ်ကိုင်ခွင့်ရသည့် ပက်(ပ်)စီ ဦးသိန်းထွန်း MGS မိသားစုဝင်များ ၀ယ်ယူ

ပက်(ပ်)စီ ဦးသိန်းထွန်း၏ သမက် IBTC ကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးကျော်ကို ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ပြုလုပ်သော သမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ တွေ့ဆုံပွဲတွင် သမ္မတနှင့်အတူ တွေ့ရစဉ်

မြန်မာတိုင်း(မ်) ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို အစိုးရနှင့်နီးစပ်သော စီးပွားရေးလုပ်ငန်းစုံ လုပ်ကိုင်ခွင့်ရ ပက်ပ်စီ ဦးသိန်းထွန်း MGS (Myanmar Golden Star) ကုမ္ပဏီ မိသားစုဝင်များက ဝယ်ယူလိုက်ကြောင်း သိရသည်။

မတ္တရာမှာ တောင်သူတွေ ထွန်တုံးတိုက်ပွဲ ဆင်နွှဲ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် တံငါရွာက တောင်သူလယ်သမား အသိမ်းခံထားရတဲ့ လယ်ယာမြေ ပြဿနာကို မဖြေရှင်းပေးတာကြောင့် လယ်သမား ၂၀၀ လောက်ဟာ သမဝါယမဝန်ကြီးဌာက သိမ်းယူထားတဲ့ လယ်မြေတွေမှာ ဒီနေ့ ၀င်ရောက်ထွန်ယက်ကြပါတယ်။

MSF Holland AZG အဖွဲ့နှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာနက MSF Holland  AZG အဖွဲ့နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို မတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အိန္ဒိယမြန်မာ နယ်စပ်ကုန်သွယ်ရေး ပိတ်ထား

Photo: အိန္ဒိယမြန်မာ နယ်စပ်ကုန်သွယ်ရေး ပိတ်ထား
Sunday, March 2, 2014

ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယ မြန်မာ နယ်စပ် တမူး မိုရေးဒေသမှာ အိန္ဒိယနိုင်ငံသား ပန်ချာပီ နှစ်ဦး အသတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံဘက်ခြမ်းမှာ လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ရပြီး နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး တွေလည်း ပိတ်ထားလိုက် ပါတယ်။

အခုဆိုရင် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးတွေ ပိတ်ထားတာ သီတင်း တပတ်ကျော် ရှိနေပြီ ဖြစ်ပါတယ်။

နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးတွေ ကို အိန္ဒိယ အစိုးရက ပိတ်တာမဟုတ်ပဲ ဒေသခံ လူမှု အဖွဲ့အစည်းတွေက ပိတ်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံ နယ်စပ် ကုန်သည်ကြီးများ အသင်းကို တောင်းဆိုချက် တစောင် ပေးပို့ထားတယ်လို့လည်း သိရပါတယ်။

အဲဒီထဲမှာ မြန်မာနိုင်ငံဘက်ကို သွားတဲ့ အိန္ဒိယနိုင်ငံသားတွေအတွက် မြန်မာ အာဏာပိုင်တွေဘက်က လုံခြုံရေး အာမခံချက် အပြည့်အဝ ပေးဖို့၊ မြန်မာနိုင်ငံ ဘက် သွားတဲ့ အိန္ဒိယနိုင်ငံသားတွေ လိုပဲ မြန်မာနိုင်ငံသားတွေ အိန္ဒိယနိုင်ငံဘက် အခြမ်းကို လာရင်လည်း အလားတူ ရူပီးငွေ တဆယ် ပေးဆောင်ဖို့၊ အဲဒီလို မပေးပဲ လာတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးကို အာမခံချက် ပေးမှာ မဟုတ်ကြောင်း ဖေါ်ပြထားတယ်လို့ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင် က ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စကို မတ်လ ၁၄ရက်နေ့ မတိုင်ခင် အကြောင်းပြန်ဖို့ကိုလည်း သူတို့က တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

ဒီပြဿနာ ပြေလည်သွားစေဖို့ နှစ်ဘက် လူမှု အဖွဲ့အစည်းတွေ အချင်းချင်း မေတ္တာ ရပ်ခံ တွေ့ဆုံ ညှိနှိုင်းကြမှာ ဖြစ်ကြောင်း၊ ပြီးရင် ကိုယ့်အစိုးရအဖွဲ့ကို ကိုယ် အသီးသီး တင်ပြ တောင်းဆိုဖို့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဦးမြင့်အောင်က ပြောပါတယ်။

အခြေအနေ တင်းမာတဲ့ အခုလို အချိန်မျိုးမှာ တဘက်နဲ့ တဘက် အပြန်အလှန် ကူးလူး သွားလာမှုတွေ မတွေ့ရတော့ပဲ မြန်မာနိုင်ငံသားတွေ အိန္ဒိယနိုင်ငံဘက် သွားတာ ၉၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်လို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယ မြန်မာ နယ်စပ် တမူး မိုရေးဒေသမှာ အိန္ဒိယနိုင်ငံသား ပန်ချာပီ နှစ်ဦး အသတ် ခံခဲ့ ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံဘက်ခြမ်းမှာ လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ရပြီး နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး တွေလည်း ပိတ်ထားလိုက် ပါတယ်။

တိုက်ကြီးမြို့နယ်တွင် ခရီးသည်တင်ယာဉ်မှ လမ်းဘေးသစ်ပင်ကို တိုက်မိ၍ (၁)ဦးသေ၊(၁၉)ဦးဒဏ်ရာရ

၁.၃.၂၀၁၄ ရက်နေ့ ၁၃၃၀ အချိန်တွင် တိုက်ကြီးမြို့၊ တာခွကျေးရွာ၊ ရန်ကုန်ပြည်လမ်း မိုင်တိုင် အမှတ် ၄၄/၈နှင့် ၄၄/၇ တို့ကြားတွင် မြောက်မှတောင်သို့ ယာဉ်မောင်းစိုးမင်းထိုက်(ဘ) ဦးစိုးမြင့်မြတ်၊ တိုက်ကြီးမြို့နေသူ မောင်းနှင်လာသည့် ဗ/---- Hilux အဖြူရောင်၊ တိုက်ကြီး - ရန်ကုန်ခရီးသည်တင်ယာဉ်မှာ အရှိန်မထိမ်းနိုင်သဖြင့် လမ်းယာဘက်ဘေးရှိ မလေးရှားပိတောက်ပင်အား ၀င်ရောက်တိုက်မိ ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်အိမ်ထောင်စုပေါင်း ၅၃၀၀၀ ကျော်ကို ဖယ်ရှားရန် သတိပေးစာများ ထပ်မံပေးပို့

Photo: ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်အိမ်ထောင်စုပေါင်း ၅၃၀၀၀ ကျော်ကို ဖယ်ရှားရန် သတိပေးစာများ ထပ်မံပေးပို့
Sunday, March 2, 2014

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်နေသည့် အိမ်ထောင်စုပေါင်း ၅၈ဝဝဝ ကျော်မှ ၅ဝဝဝ ခန့်ကို အင်အားသုံး ဖယ်ရှားပြီးနောက်တွင် နောက်ထပ် ကျန်ရှိနေသည့် ကျူးကျော်အိမ်ထောင်စုပေါင်း ၅၃ဝဝဝ ကျော် ဖယ်ရှားရန် သတိပေးစာများ ပို့ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက မတ် ၁ ရက်တွင် ပြောကြားသည်။

“၁၈၉၈ အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာ အက်ဥပဒေအရ အရေးယူဖြေရှင်းရတာပဲ။ မဖြစ်မနေ လုပ်ရမယ့်အခြေအနေရောက်လို့ လုပ်ရတာ”ဟု ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

ကျန်ရှိနေသည့် ကျူးကျော်နေထိုင်သူ အိမ်ထောင်စုပေါင်း ၅၃ဝဝဝ ကျော်ကို ဖယ်ရှားပေးရန် သတိပေးမှုများ ပြုလုပ်ထားသော်လည်း ကျောင်းနေအရွယ်များ ရှိနေသဖြင့် မည့်သည့်အချိန်တွင် ပယ်ဖျက်မှုကို စတင်နိုင်သည်ကို အတိအကျ မပြောနိုင်သေးကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ဆိုသည်။

သို့သော် ဖယ်ရှားခံပြီး ကျူးကျော်နေထိုင်သူများနှင့် လက်ရှိဖယ်ရှားရန် အကြောင်းကြားထားသော ကျူးကျော်နေထိုင်သည့် အိမ်ထောင်စုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြန်လည်နေရာချထားပေးရန် အစီအစဉ်မရှိသေးကြောင်း သိရသည်။

ဗိုလ်မှူးကြီးတင်ဝင်းက “အခုက ကျူးကျော်နေထိုင်မှုတွေထဲမှာ အမှန်တကယ်မရှိလို့ နေထိုင်တဲ့သူက နည်းနည်းပဲပါတယ်။ အဓိကတော့ အိမ်ရှိပြီးသားလူတွေက ရှိတဲ့အိမ်တွေကို အကြောင်းအမျိုးမျိုးကြောင့် ရောင်းစားတယ်။ ပြီးတော့ ကျူးကျော်လို့ရတဲ့ မြေနေရာလွတ်တွေမှာ တဲထိုးနေထိုင်တာ တဖြည်းဖြည်း များလာတယ်။ အချို့တွေကျတော့လည်း ပိုက်ဆံရှိရဲ့သားနဲ့ ကျူးကျော်နေအိမ်တွေ ဆောက်တယ်။ ဘယ်လိုမှ ဒီပြဿနာက ဖြေရှင်းလို့ ပြီးမှာ မဟုတ်ဘူး” ဟု ဆိုသည်။

ကျူးကျော်နေထိုင်မှုကို ဖြေရှင်းရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူတို့ ဆုံတွေ့မှုများ ပြုလုပ်ခဲ့သော်လည်း တိကျသည့်တစ်စုံတစ်ရာ အဖြေထွက်ရှိခဲ့ခြင်း မရှိခဲ့သေးကြောင်း သိရသည်။ 

Eleven Media Group

အင်းစိန်မြို့နယ်ရှိ မီးရထားစက်ခေါင်းစက်ရုံပိုင်မြေအတွင်းရှိ ကျူးကျော်နေအိမ် များကို ဖေဖော်ဝါရီ ၂၁ ရက်က ဖယ်ရှားခဲ့စဉ်
အင်းစိန်မြို့နယ်ရှိ မီးရထားစက်ခေါင်းစက်ရုံပိုင်မြေအတွင်းရှိ ကျူးကျော်နေအိမ်များကို ဖေဖော်ဝါရီ ၂၁ ရက်က ဖယ်ရှားခဲ့စဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်နေသည့် အိမ်ထောင်စုပေါင်း ၅၈ဝဝဝ ကျော်မှ ၅ဝဝဝ ခန့်ကို အင်အားသုံး ဖယ်ရှားပြီးနောက်တွင် နောက်ထပ် ကျန်ရှိနေသည့် ကျူးကျော်အိမ်ထောင်စုပေါင်း ၅၃ဝဝဝ ကျော် ဖယ်ရှားရန် သတိပေးစာများ ပို့ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက မတ် ၁ ရက်တွင် ပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံးရှိ MSF(AZG) လုပ်ငန်းများ ရပ်ဆိုင်းရန် အစိုးရက ညွှန်ကြားသည်ဆိုသော MSF ထုတ်ပြန်ချက် လွဲမှားနေကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

မြန်မာတစ်နိုင်ငံလုံးရှိ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF(AZG) ၏ လုပ်ငန်းများကို ရပ်ဆိုင်းရန် အစိုးရက ညွှန်ကြားသည်ဆိုသော MSF ၏ထုတ်ပြန်ချက် အသုံးအနှုန်းမှာ လွဲမှားနေကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မတ် ၁ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။

ကမ္ဘာ့အရှည်ဆုံးလေယာဉ်ကို ဗြိတိန်တွင် မိတ်ဆက်ပြသ

လေသင်္ဘောပုံစံ ကမ္ဘာ့အရှည်ဆုံးလေယာဉ်ကို ဗြိတိန်တွင် ဖေဖော်ဝါရီ ၂၈ ရက် က မိတ်ဆက် ပြသခဲ့သည်။ ဗြိတိန် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Hybrid Air Vehicles က အမေရိကန်စစ်တပ်အတွက် ထုတ် လုပ်သော  Airlander လေယာဉ်သည် ပေ ၃ဝဝ (၉၁ မီတာ) ရှည်လျားသည်။ ယင်းလေယာဉ်သည် သုံးပတ် အထိ လေထဲတွင် ပျံသန်းနိုင်ပြီး ကမ္ဘာတစ်ဝန်း၌ ကုန်စည်ပို့ဆောင်ရေး၊ လူသားချင်း စာနာထောက်ထားမှု အကူညီများ ဖြန့်ဖြူးရေးတို့တွင် အဓိက အသုံးဝင်မည် ဖြစ်သည်။ တန် ၆ဝ အထိ တင်ဆောင်နိုင်သော ယင်းလေယာဉ်သည် လက်ရှိကမ္ဘာ့အရှည်ဆုံး လေယာဉ် ရုရှားလေယာဉ် Antonov AN-225 (၈၄ မီတာ) ထက် ပိုမိုရှည်လျားသည်။ Airlander  လေယာဉ်သည် လေသင်္ဘောပုံစံ ကိုယ်ထည်သုံးခုကို ပေါင်းစပ်ထားပြီး ကမ္ဘာ့အကြီးဆုံးလေယာဉ်များဖြစ်သည့် ဘိုရင်း- ၇၄၇၊ အဲဘတ်စ် အေ-၃၈ဝ တို့ထက် ပေ ၆ဝ ကျော် ပိုမိုရှည်လျားသည်။

၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ငါးနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၄၅၇၃ ဦးရှိခဲ့ပြီး နှစ်စဉ် သေဆုံးသူ ၁၄ ရာခိုင်နှုန်းကျော် တိုးလာ

၂ဝဝ၉ ခုနှစ် ၂ဝ၁၃ ခုနှစ်အထိ ငါးနှစ်အတွင်း မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူအရေ အတွက် ၁၄၅၇၃ ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ပျမ်းမျှ နှစ်စဉ် ၁၄ ရာခိုင်နှုန်းကျော် တိုးနေကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိ MSF(AZG) လုပ်ငန်းများ ရပ်ဆိုင်းရန် အစိုးရက ညွှန်ကြားသည်ဆိုသော MSF ထုတ်ပြန်ချက် လွဲမှားနေကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

မြန်မာတစ်နိုင်ငံလုံးရှိ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF(AZG) ၏ လုပ်ငန်းများကို ရပ်ဆိုင်းရန် အစိုးရက ညွှန်ကြားသည်ဆိုသော MSF ၏ထုတ်ပြန်ချက် အသုံးအနှုန်းမှာ လွဲမှားနေကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မတ် ၁ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့် ပုဒ်မများပြင်ဆင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၌ မတ် ၁ ရက်တည်း နှစ်ကြိမ်ဆန္ဒပြ

Photo: ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့် ပုဒ်မများပြင်ဆင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၌ မတ် ၁ ရက်တည်း နှစ်ကြိမ်ဆန္ဒပြ
Sunday, March 2, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြမှုများ မြင့်တက်လာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သော ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသည့် ပုဒ်မများ ပြင်ဆင်နိုင်ရေးအတွက် မတ် ၁ ရက်တည်းတွင် ရန်ကုန်တိုင်းဒေသကြီး၌ နှစ်ကြိမ်ဆန္ဒပြခဲ့ကြောင်း သိရသည်။

မတ် ၁ ရက် နံနက် ၇ နာရီခွဲမှ ၉ နာရီခွဲ အထိ သာကေတမြို့နယ်ရှိ ပြည်သူ ၂ဝဝ ခန့် က အနော်မာမှတ်တိုင်မှ စတင်ကာ ရန်ပြေ၊ မာန်ပြေလမ်းများကိုဖြတ်ပြီး သာကေတဘောလုံးကွင်းအထိ ချီတက်ဆန္ဒပြခဲ့ကြပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ၂ဝ၁၅ အနာဂတ်မြန်မာနိုင်ငံသမ္မတ ဒေါ်အောင်ဆန်းစုကြည်(အင်္ဂလိပ်ဘာသာဖြင့်) ရိုက်နှိပ်ထားသော တီရှပ်များကို တူညီဝတ်ဆင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အား ဖျက်သိမ်းပေးရေး၊ ပုဒ်မ ၅၉ (စ)နှင့် (ဃ) တို့အား ပြင်ဆင်ပေးရေး ဟစ်ကြွေးခဲ့ကြသည်။

ညနေ ၃ နာရီတွင်မူ သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်း၊ လေးထောင့်ကန်လမ်း၊ သုမင်္ဂလာလမ်း၊ ပြည်သာယာလမ်း၊ သုဒဿနလမ်းတို့တွင် လူဦးရေ ၅ဝဝ ခန့်က ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မများပြင်ဆင်ရေးအတွက် ဆန္ဒပြခဲ့ကြသည်။

“ဒီကိစ္စက တစ်ကမ္ဘာလုံးလည်း သိတယ်။ တစ်နိုင်ငံလုံးလည်း သိပါတယ်။ ဥပဒေတစ်ခုဆိုတာ ပြည်သူကို အကျိုးပြုနိုင်မှ၊ အကျိုးမပြုနိုင်ရင် အဲဒီဥပဒေပြည်သူ့အတွက် မဟုတ်ပါဘူး။ ပြည်သူ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် သက်သက်ရည်ညွှန်းထားတဲ့ ပုဒ်မတွေရှိနေသရွေ့တော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီပါဘူး။နိုင်ငံရေးအရ သက်သက် ဖိနှိပ်ထားတာပါ” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် ဆန္ဒပြခဲ့သူ ဦးဇော်ဝင်းက ပြောကြားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်ထားသော ဒီမိုကရေစီစံနှုန်းနှင့် မညီသောပုဒ်မများ ဖျက်သိမ်းပေးရေးအတွက် အစိုးရနှင့် လွှတ်တော်များသိရှိစေရန် ဆန္ဒပြတောင်းဆိုမှုများမှာ ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများ ကတည်းက ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ယခုဆန္ဒပြမှုနှစ်ကြိမ်နှင့်ဆိုလျှင် ဆန္ဒပြမှု ကိုးကြိမ်အထိ ရှိနေပြီဖြစ်သည်။

ထို့ပြင် ယခုလအတွင်း ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်မည်ဖြစ်ပြီး ခွင့်ပြုမိန့်များလည်း ရရှိထားပြီဖြစ်ကြောင်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ကွန်ရက်မှ ဦးရန်နိုင်ထွေးက ပြောကြားသည်။

Eleven Media Group

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် မတ် ၁ ရက် ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ်တွင် ဆန္ဒပြစဉ်(ဓာတ်ပုံ - မျိုးမင်းထက်)
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် မတ် ၁ ရက် ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ်တွင် ဆန္ဒပြစဉ်(ဓာတ်ပုံ - မျိုးမင်းထက်)

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြမှုများ မြင့်တက်လာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သော ဒီမို ကရေစီစနစ်နှင့် မကိုက်ညီသည့် ပုဒ်မများ ပြင်ဆင်နိုင်ရေးအတွက် မတ် ၁ ရက်တည်းတွင် ရန်ကုန် တိုင်းဒေသကြီး၌ နှစ်ကြိမ်ဆန္ဒပြခဲ့ကြောင်း သိရသည်။

အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး ထူထောင်ရေး တတိယအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအကြိုအစည်းအဝေးတွင် ဆွေးနွေး

Photo: အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး ထူထောင်ရေး တတိယအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအကြိုအစည်းအဝေးတွင် ဆွေးနွေး
Sunday, March 2, 2014

တတိယအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအကြိုဆွေးနွေးပွဲကို မတ် ၁ ရက် က နေပြည်တော်ရှိ Royal Kumudra Hotel တွင် ကျင်းပလျက်ရှိရာ ဘင်းမ်စတက်နိုင်ငံများအကြား အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat) ထူထောင်ရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

တတိယအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအကြိုဆွေးနွေးပွဲနှင့် ၁၆ ကြိမ်မြောက် အဆင့်မြင့်အရာရှိများအစည်းအဝေးကို မတ် ၁ ရက်နှင့် ၂ရက်တွင် နေပြည်တော်ရှိ Royal Kumudra Hotel ၌ ကျင်းပသွားမည်ဖြစ်ပြီး ၁၄ ကြိမ်မြောက် ဘင်းမ်စတက် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲနှင့် တတိယအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအကြို ဆွေးနွေးပွဲတွင် ဘင်းမ်စတက်နိုင်ငံများအကြား Permanent Secretariat ထူထောင်ရေးနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ကာ တတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲတို့ကို မတ် ၃ရက်နှင့် ၄ရက်တွင် နေပြည်တော်ရှိ Myanmar International Convention Center- MICC တို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မတ်၁ ရက် ပထမနေ့တွင်မူ တတိယအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်ဆွေးနွေးပွဲများအတွက် Royal Kumudra Hotel ၌ အကြိုဆွေးနွေးမှုများ ပြုလုပ်နေပြီး အဆိုပါဆွေးနွေးပွဲတို့တွင် ဘင်းမ်စတက်နိုင်ငံများအကြား Permanent Secretariat ထူထောင်ရေးနှင့် ပတ်သက်၍ နားလည်မှုစာချွန်လွှာ ရေးထိုးရေး၊ ရာသီဥတုနှင့် ဘင်းမ်စတက်နိုင်ငံများ၏ ရာသီဥတုနှင့်ပတ်သက်သည့် စင်တာတစ်ခု ပေါ်ပေါက်လာရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ဘင်းမ်စတက်နိုင်ငံများ အချင်းချင်း ယဉ်ကျေးမှု အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး (Cultural Industries Commission (BICI)) နှင့် အဆိုပါကော်မရှင်အား စောင့်ကြည့်သည့် BCIO အဖွဲ့ ဖွဲ့စည်းရေးတို့ကို ဆွေးနွေးကြမည့်ဖြစ်ပြီး BIMSTEC Working Group-BWG ကို အဆင့်မြှင့်တင်သည့် အစီအစဉ်များနှင့် ဘင်းမ်စတက်နိုင်ငံများအကြား ပထမဆုံးဦးဆုံးအကြိမ် အထွေထွေအတွင်းရေးမှူးအား ခန့်အပ်နိုင်ရေးတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယနေ့ဆွေးနွေးပွဲတွင်မူ ပထမနေ့တွင် ဆွေးနွေးခဲ့သည့် Agenda များအား အတည်ပြု ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် တတိယနေ့တွင် သက်ဆိုင်ရာနိုင်ငံများအလိုက် ကြေညာချက်များ ထုတ်ပြန်သွားမည် ဖြစ်ကြောင်းသိရသည်။

ယခုကျင်းပနေသည့် တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီးဆွေးနွေးပွဲတွင် ကုန်သွယ်ရေးကိစ္စများသည် အဓိကဦးစားပေး ဆွေးနွးမည့်အကြောင်းအရာများ ဖြစ်လာမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနှင့် မြန်မာတို့အကြား ဆက်သွယ်မည့် BCIM Economic Corridor နှင့်ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်သည်။

Eleven Media Group22

နေပြည်တော်တွင် မတ် ၁ရက်က ပြုလုပ်သည့် ဘင်းမ် စတက် ထိပ်သီးအကြို အစည်းအဝေးကို တွေ့ရစဉ်
နေပြည်တော်တွင် မတ် ၁ရက်က ပြုလုပ်သည့် ဘင်းမ် စတက် ထိပ်သီးအကြို အစည်းအဝေးကို တွေ့ရစဉ်

တတိယအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအကြိုဆွေးနွေးပွဲကို မတ် ၁ ရက် က နေပြည်တော်ရှိ Royal Kumudra Hotel တွင် ကျင်းပလျက်ရှိရာ ဘင်းမ်စတက်နိုင်ငံများအကြား အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat) ထူထောင်ရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်၌ ဆုံးဖြတ်အတည်ပြုမည်

Photo: အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော် ၌ ဆုံးဖြတ်အတည်ပြုမည်
Sunday, March 2, 2014

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များ ရှိသဖြင့် ပြည်ထောင်စု လွှတ်တော်၌ ဆုံးဖြတ်အတည်ပြုမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေး၍ ပြင်ဆင်ချက်များဖြင့် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပြီး ပြည်သူ့လွှတ်တော်မှလည်း ပြင်ဆင်ချက်များဖြင့် အတည်ပြုကာ အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီမှ ဒေါ်ခင်ဝိုင်းကြည်နှင့် ညှိနှိုင်းမှုများပြုလုပ်၍ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်၏ မူလပြင်ဆင်ချက်များအတိုင်း အချက် ၁၃ ချက်အား ထားရန်နှင့် ကျန်အချက်များအား ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း ထားရှိရန် ဥပဒေကြမ်းကော်မတီမှ ဖေဖော်ဝါရီ ၂၈ ရက်တွင်ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေး၌ အစီရင်ခံ စာဖတ်ကြား တင်သွင်းခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူခဲ့သည်။

လွှတ်တော်နှစ်ရပ်အကြား အဓိက သဘောကွဲလွဲချက်မှာ ဥပဒေကြမ်းပါ အရေးအသားများဖြစ်ပြီး အခြားကွဲလွဲချက်မှာ မူလစတင်ရေးဆွဲစဉ်က ပါဝင်သည့် ကော်မရှင်ဖွဲ့စည်းခြင်း ပုဒ်မ ၄ (ဆ) တွင် ပြဋ္ဌာန်းချက်ဖြစ်သော“မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်တစ်ဦး”စကားရပ်အား ပြည်သူ့လွှတ်တော်မှ ပယ်ဖျက်ခဲ့ပြီး အမျိုးသားလွှတ်တော်မှ မူလတိုင်းထားရှိ၍ အတည်ပြုခဲ့သည်။

ထို့အပြင် မူလဥပဒေကြမ်းပါ ပုဒ်မ ၂ (ဂ) ပါ“ကော်မရှင်အဖွဲ့ဝင် ဆိုသည်မှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ အပါအဝင် အဖွဲ့ဝင်တစ်ဦးဦးကို ဆိုသည်”စကားရပ်အစား ပြည်သူ့လွှတ်တော်မှ“ကော်မရှင်အဖွဲ့ဝင် ဆိုသည်မှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်ကိုဆိုသည်”ဟု ပြင်ဆင်အတည်ပြုချက်အား အမျိုးသားလွှတ်တော်က လက်မခံဘဲ မူလအတိုင်း အတည်ပြုခဲ့သဖြင့် ယင်းအချက်၌လည်း သဘောကွဲလွဲခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား လွှတ်တော်နှစ်ရပ်က ပြင်ဆင်အတည်ပြု အပြီးတွင် အခန်း ၉ ခန်း၊ ပုဒ်မ ၆၁ ခုနှင့် ပုဒ်မခွဲ၊ ပုဒ်မခွဲငယ် များပါဝင်ပြီး ကော်မရှင်ဖွဲ့စည်းခြင်း၊ ကော်မရှင်၏ ရာထူးသက်တမ်း၊ ရာထူးမှ နုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်း၊ လစ်လပ်နေရာအား ခန့်ထားခြင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ စုံစမ်းစစ်ဆေးခြင်း၊ ငွေကြေးစီမံခန့်ခွဲရေး စသည့်အချက်များလည်း ပါဝင်ကြောင်း သိရသည်။  

Eleven Media Group

ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်
ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များ ရှိသဖြင့် ပြည်ထောင်စု လွှတ်တော်၌ ဆုံးဖြတ်အတည်ပြုမည် ဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ ပြောင်းရွှေ့လုပ်ကိုင်နေသည့် အလုပ်သမားများ ခေါင်းပုံဖြတ်မခံရရေး၊ လူကုန်ကူးမခံရရေးအတွက် အေဂျင်စီများအား တရားဝင်လိုင်စင်များ ထုတ်ပေးနေ

ပြည်ပသို့ ပြောင်းရွှေ့လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ ခေါင်းပုံဖြတ်မခံရရေးနှင့် လူကုန်ကူး မခံရရေးအတွက် ပြည်ပအလုပ် အကိုင်အေဂျင်စီများကို တရားဝင်လိုင်စင်များ ထုတ်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းဆွေက ပြောကြားသည်။