ကြက်သွန်ဖြူတွင်ပါဝင်သော ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားများကာကွယ်နိုင်သော အာနိသင်များသည် ကိုယ်ခံအားကိုတိုးမြှင့်ပေးနိုင်ပြီး ကျန်းမာလန်းဆန်းစေနိုင်သည်။ ကြက်သွန်ဖြူဖြင့်ဖော်စပ် ထားသော ဆေး ဝါး များ ကို သာမန်အအေးမိတုပ်ကွေးရောဂါများကာကွယ်ရန် ဆရာဝန်များ အသုံးပြုသည်။ အနံ့အသက် အလွန်မထွက်ဘဲ ကြက်သွန်ဖြူစားနိုင်သော နည်းလမ်းများကိုဖော်ပြလိုက်ပါသည်။
Thursday, 7 August 2014
" လိုင်ဇာအပြန် - မြစ်ကြီးနားအကြို ညှိနှိုင်းပွဲ "

၂၀၁၄ခုနှစ် သြဂုတ်လ (၃)ရက်နေ့က မြစ်ကြီးနားမြို့မှာ လိုင်ဇာညီလာခံက အပြန် ဦးနိုင်ဟံသာ၊ ဦးကွယ် ထူးဝင်း ဦးဆောင်တဲ့ NCCT ကိုယ်စားလှယ်(၁၂)ဦး နှင့် အလုပ်အဖွဲ့ TAT ကို ပြည်ထောင်စု ငြိမ်းချမ်းေ ရး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်း၊ ဒုဥက္ကဌ ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ မြောက် ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး နှင့် Myanmar Peace Center (MPC) အလုပ် အဖွဲ့ဝင်များက တွေ့ဆုံပြီး အလွတ်သဘော ဆွေးနွေးခဲ့ ပါသည်။ ပြည်ထောင်စု ဖက်မှ အပြုသဘောဆောင်ပြီး ယုံကြည်မှု ပိုမိုတည်ဆောက်ရေး အတွက်လည်း ပါဝင် ပါတယ်။
ရန်ကုန်တွင် သုံးစွဲရအဆင်မပြေသေးသည့် အူရီးဒူးဖုန်းကတ်များ သြဂုတ်လလယ်တွင် မြို့နယ် ၃၄ မြို့နယ်၌ အသုံးပြုနိုင်မည်
အူရီးဒူးဆင်းမ်ကတ်များကို သြဂုတ်လ ဆန်းပိုင်းက စတင်ရောင်းချခဲ့သော်လည်း ရန်ကုန်မြို့တွင် သုံးစွဲရ အဆင်မပြေသော ကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး လာမည့် သြဂုတ် ၁၅ ရက်တွင်မူ မြို့နယ် ၃၄ မြို့နယ်၌ အသုံးပြုနိုင်မည် ဖြစ်သည်ဟု အူရီးဒူးက သတင်းထုတ်ပြန်ထားသည်။
ZMapp ဆေးဖြင့် အီဘိုလာရောဂါကုသရာတွင် လူနာများ အခြေအနေတိုးတက်

လိုင်ဘေးရီးယားနိုင်ငံကနေ အီဘိုလာရောဂါ ကူးစက်ခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား ၂ ဦးကို အီဘိုလာ ကု သဆေး တမျိုးနဲ့ စမ်းသပ်ကုသကြည့်တာမှာ တိုးတက်မှု ရှိတယ်လို့ သိရပါတယ်။
ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူပြီးပါက လက်ဝယ်ထားရှိသူမှာ ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေနှင့်ငြိစွန်းဟုဆို

ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူပြီးပါက လက်ဝယ်ထားရှိသူမှာ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေနှင့် ငြိစွန်းနိုင်သည့်အတွက် ခေါင်းလောင်း ဆယ်ယူရေးတွင် ယဉ်ကျေးမှု ဝန်ကြီးဌာန အနေနှင့် ပူးပေါင်းပါဝင်သင့်ကြောင်း သမိုင်းပညာရှင်တချို့က သုံးသပ်ပြော ကြားလိုက်သည်။
Telenor က ဖုန်းခေါ်ခကို တစ်မိနစ်လျှင် ၂၅ ကျပ်သာသတ်မှတ်

Telenor ဆင်းမ်ကတ်ဖြင့် တခြား မိုဘိုင်းဆက်သွယ်ရေးလိုင်းများသို့ ဖုန်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်သာ သတ်မှတ်ထားပြီး ယင်းဈေးနှုန်း ထက်ပို မည်မဟုတ်ကြောင်း Telenor Myanmar ၏ စီအီးအိုဖြစ် သူက သြဂုတ် ၄ ရက်တွင် ကျင်းပသော NetMonday အစီအစဉ် ၌ အတည်ပြုပြောသည်။
ယခုနှစ်ခုနစ်လအတွင်း လူကုန်ကူးမှုပေါင်း၆ဝ ဖြစ်ပွား၊ ကျူးလွန်သူ ၁၂ဝ ဖမ်းဆီးနိုင်ခဲ့
မြန်မာ တစ်နိုင်ငံလုံး၌ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အထိ ခုနစ်လ အတွင်း လူကုန်ကူးမှု စုစုပေါင်း ၆ဝ ဖြစ်ပွားခဲ့ပြီး တရားခံ စုစုပေါင်း ၁၂ဝ ဖမ်းဆီးရမိခဲ့ကြောင်း လူကုန် ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ (ဗဟို)၏ ထုတ်ပြန်ချက် စာရင်းများ အရသိရသည်။
ညွှန်ကြားချက်အချို့ ပြောင်းလဲရန် ပြည်တွင်းဘဏ်များနှင့် ဗဟိုဘဏ် တွေ့ဆုံဆွေးနွေး
ငွေကြေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းဘဏ်များ လိုက်နာရန် သတ်မှတ်ထားသော ညွှန်ကြား ချက် အချို့ကို ပြုပြင်ရန် ပြည်တွင်းဘဏ်များနှင့် ဗဟိုဘဏ် ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံ ဘဏ် များ အသင်းထံမှ သိရသည်။
အင်းတကော် လူသေမှု အမှုမှန် ပေါ်နိုင်ပါ့မလား

အင်းတကော် လူသေမှု , ယာဉ်ထိန်းရဲ , ရဲတပ်ဖွဲ့ အင်းတကော်မြို့မှာ ဇွန်လ ၈ ရက် က ဆိုင်ကယ် တိုက်မှု အခင်းဖြစ်ပွားစဉ် မြင်ကွင်း (ဓာတ်ပုံ – Nga Thant / Facebook)
ပဲခူးတိုင်း အင်းတကော်မြို့က ယာဉ်တိုက်သေဆုံးမှု တခုမှာ အဓိက တာဝန်ရှိတဲ့ ယာဉ်ထိန်းရဲတွေကို အမှုဖွင့်ဖို့ ကြိုးစားနေတဲ့ သေ ဆုံး သူရဲ့ မိခင်ကို ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေက ဖိအားပေး ခြိမ်းခြောက် မှုတွေ ပြုလုပ်နေတယ်လို့ ကာယကံရှင် မိသားစုက ပြောပါတယ်။
ပြည်နယ်နှင့်တိုင်း ခုနစ်ခုတွင် ရေဘေးအန္တရာယ်ဆိုးရွားစွာကြုံတွေ့နေ

ပဲခူးမြို့ရှိ ရပ်ကွက်အချို့တွင် ရေကြီးနေသဖြင့် ဒေသခံအမျိုးသမီးတစ်ဦး ရေထဲတွင် စမ်း၍ လမ်းလျှောက်နေ စဉ်(ဓာတ်ပုံ − ခင်မောင်ဝင်း/အေပီ)
မြစ်ကြီးများ စိုးရိမ်ရေ မှတ်သို့ ရောက်လာခြင်းနှင့် တစ် လနီးပါးဆက်တိုက်ရွာသော မိုး ကြောင့် ဧရာဝတီတိုင်း၊ ပဲခူး တိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည် နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည် နယ်နှင့် မွန်ပြည်နယ် တို့တွင် ရေ ဘေးအန္တရာယ်များ ရင်ဆိုင်နေရ ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သက် ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအစိုးရ ရုံးများမှ သတင်းရရှိသည်။
ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေ တိုင်းလွှတ်တော် အတည်ပြုရန်ကျန်

ရန်ကုန်မြို့တော်ရှိ သမိုင်းဝင် အဆောက်အအုံများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ထိန်း သိမ်းစောင့်ရှောက်ရန် လိုအပ်သော ဥပဒေဖြစ်သည့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေကို ရေးဆွဲတင်ပြထားရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းရန်သာ လိုတော့ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) မှ တည်ထောင်သူ ဥက္ကဋ္ဌ ဒေါက်တာဦးသန့်မြင့်ဦးက ပြောကြားသည်။
မြန်မာ့ယဉ်ကျေးမှု အနုပညာကောလိပ် ပထမဆုံးအကြိမ် ဖွင့်လှစ်မည်
မြန်မာနိုင်ငံတွင် ပထမဦးဆုံးယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် ကောလိပ်အဖြစ် ယဉ်ကျေးမှုအနုပညာကော လိပ်(ညောင်ရွှေ)ကို ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာမှာ အခြေပြုပြီး အာဆီယံနှင့် ဆက်ဆံရေးတိုးတက်ရန် ကြိုးစားမည့်မြောက်ကိုရီးယား

လာမည့် စနေနေ့၌ နေပြည်တော်တွင် ကျင်းပမည့် အရှေ့တောင် အာရှနိုင်ငံများအသင်း အာဆီယံ ဒေသ တွင်း အစည်းအဝေးတက်ရောက်ရန် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီဆူရွန် မြန်မာနိုင်ငံသို့ ရောက် ရှိ လာမည်ဖြစ် သည်။
အာဆီယံ၏ မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များကို တာဝန်သိ၊ တာဝန်ရှိနိုင်ငံအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ဖော်ဆောင် သွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြောကြား

ရန်ကုန် ဩဂုတ် ၆- မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်းတွင်အာဆီယံ ၏ ဦးဆောင် မှုအခန်းကဏ္ဍကို အ လေးထား ထိန်းသိမ်းပြီး အာဆီယံ ၏ မူဝါဒများ ၊ ရှေ့လုပ်ငန်းစဉ်များကို တာဝန်သိသည့်၊ တာဝန်ရှိသည့် နိုင်ငံတစ်နိုင်ငံ အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ဖော်ဆောင် သွားမည်ဖြစ် ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့ကြောင်း သိရသည်။
ဦးဆန်းဆင့်ရုံးချိန်းတွင် သက်သေအဖြစ် သာသနာရေးဒုဝန်ကြီးကို စစ်ဆေး
တရားစွဲဆိုခြင်းခံထားရသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ ခြောက်ကြိမ်မြောက်ရုံးချိန်း တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် ပတ်သက်၍ တရားလိုပြသက်သေအဖြစ် သာသနာရေး ဒုဝန်ကြီး ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
လက်နက်ဖြင့် ဖမ်းမိသူကို ၄လကြာမှ အမှုဖွင့်နိုင်
ရှမ်းမြောက်မူဆယ်မြို့နယ် ဟိုနားကျေးရွာနှင့် နမ့်တောင်းကျေးရွာလမ်းပေါ်၌ ဆိုင်ကယ်မောင်းနှင် လာ သူ နှစ်ဦး ထံမှ လက်နက်ခဲယမ်းများကို မေလ ၇ ရက်၌ ဖမ်းမိခဲ့ခြင်းကို စစ်ဆေးပြီးနောက် သြဂုတ်လ ၅ ရက်၌ အမှုဖွင့်ခဲ့သည်ဟုသိရှိရသည်။
ကချင်ပြည်နယ်မှာ မူးယစ်ဆေးရောင်းသူတွေ ဖမ်းဆီး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာနားက ဝါးရုံတောဆိုတဲ့နေရာကို ဖားကန့်ဒေသအခြေစိုက် တပ်မ ၆၆ လက်အောက်ခံတပ်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဝင်ရောက်နှိမ်နင်း ရာမှာ မူးယစ်ဆေး ၀ါး ရောင်း ချသူ ၅ ဦးကို ဘိန်းဖြူ၊ ယာမ၊ ဆိုင်ကယ် ၁၁ စီးနဲ့ ငွေကျပ် သိန်း ၅၀နီးပါး ဖမ်းမိခဲ့တယ်လို့ ဖမ်းဆီးရာမှာပါဝင်ခဲ့သူတွေက ပြောပါတယ်။
ဆော်ဒီအစိုးရက သူ့နိုင်ငံသား တွေကို မြန်မာ အမျိုးသမီးနဲ့ လက်ထပ်ခွင့် ပိတ်ပင်

ဆော်ဒီအာရေးဘီးယား ဘုရင် Abdullah bin Abd al-Aziz Al Saud
ဆော်ဒီအာရေးဘီးယားအစိုးရ က ဆော်ဒီအာရေးဘီးယား နိုင်ငံသားတွေကို မြန်မာနိုင်ငံက အမျိုး သမီး တွေ နဲ့ လက်ထပ်ခွင့် ပိတ်ပင် လိုက်ပါတယ်။
ဆော်ဒီအာရေးဘီးယားအစိုးရ က ဆော်ဒီအာရေးဘီးယား နိုင်ငံသားတွေကို မြန်မာနိုင်ငံက အမျိုး သမီး တွေ နဲ့ လက်ထပ်ခွင့် ပိတ်ပင် လိုက်ပါတယ်။
မိဘများကို သတ်ဖြတ်ပြီး အလောင်းဖျက် မီးကင်ခဲ့ကြောင်း ဟောင်ကောင် အမျိုးသားတစ်ဦး ဝန်ခံ

ဟောင်ကောင်မြို့ကောင်းကင်ယံကို တွေ့ရစဉ်
မိဘနှစ်ပါးကို သတ်ဖြတ်ပစ်ပြီး အလောင်းများကို ဖြတ်တောက်ခုတ်ထစ် မီးကင်ကာ အစဖျောက်ရန် ကြိုးစား ခဲ့မှု အတွက် စွဲချက်တင် ခံထားရသည့် ဟောင်ကောင် အမျိုးသား တစ်ဦးသည် တရားရုံးတွင် ၎င်း၏ ပြစ်မှုကို ဝန်ခံချက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
မိဘနှစ်ပါးကို သတ်ဖြတ်ပစ်ပြီး အလောင်းများကို ဖြတ်တောက်ခုတ်ထစ် မီးကင်ကာ အစဖျောက်ရန် ကြိုးစား ခဲ့မှု အတွက် စွဲချက်တင် ခံထားရသည့် ဟောင်ကောင် အမျိုးသား တစ်ဦးသည် တရားရုံးတွင် ၎င်း၏ ပြစ်မှုကို ဝန်ခံချက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
အမြန်လမ်းပေါ်က ယာဉ်မတော်တဆတိမ်းမှောက်မှု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကိုယ်တိုင် ကူညီပေးခဲ့ရ
ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃ဝ၅/ ၇ မိုင်တွင် ဘုရားဖူးယာဉ် တစ်စီး တိမ်း မှောက်မှုတစ်ခု သြဂုတ် ၃ရက်ကဖြစ် ပွားခဲ့ရာ အခင်းဖြစ်စဉ်နေရာသို့ လုပ်ငန်းတာဝန်ဖြင့် ယာဉ်တန်းဖြတ်သန်း သွားသည့် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ် တစ်ဦးလိုက်ပါလာသည့် ခရီးသွား ယာဉ်တန်းက ဒဏ်ရာရသူများကိုအကူအညီပေးခဲ့သည့်ဖြစ်စဉ် တစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ပြည်သူ့သဘောထား အကောင်အထည်ဖော်ဖို့ လွှတ်တော်မှာ တာဝန်ရှိကြောင်း NLD နဲ့ ၈၈ ပြောကြား

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူ ၅ သန်းနီးပါးရဲ့ ဆန္ဒကို လွှတ်တော်က အကောင်အထည်ဖေါ်ပေးဖို့ တာဝန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲကော်မတီက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နိုင်ငံတစ်ဝန်း လေဆိပ်များတွင် အီဘိုလာဗိုင်းရပ်စ် စစ်ဆေး

နိုင်ငံတကာ ခရီးသွားများ အများဆုံး ဝင်ရောက်သော နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်များတွင် ကိုယ်အပူချိန်တိုင်း ကိရိယာဖြင့် အီဘိုလာ ဗိုင်းရပ်စ်၏ ကနဦး လက္ခဏာအဖျားကို စစ်ဆေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက The Voice သို့ ပြောကြားသည်။
တယ်လီနောဆင်းမ်ကတ် ၁၀ သန်း မြို့ကြီးသုံးမြို့တွင် တစ်ပြိုင်နက် ရောင်းချမည်
ဆက်သွယ်ရေး အော်ပရေတာသစ်အဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့် ရရှိထားသော နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောမြန်မာ ကုမ္ပဏီက ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် ဆင်းမ်ကတ် ၁၀ သန်းကို စက်တင် ဘာလ အတွင်း တစ်ပြိုင်နက်တည်း ရောင်းချသွားမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ ပြန်ကြားရေးတာဝန်ခံ ဦးစိုးသူထွန်းက The Voice သို့ ပြောကြားသည်။
ဦးတေဇက သတင်းစာပညာ ဖောင်ဒေးရှင်း အတွက် ဒေါ်လာ ၁ သန်း ထောက်ပံ့မယ်

မြန်မာနိုင်ငံရဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက သတင်းစာပညာ ဖောင်ဒေးရှင်း တည်ထောင်ဖို့ အမေရိကန် ဒေါ်လာ ၁ သန်း မတည်မယ်လို့ သိရပါတယ်။
လူသားဆန်သူများရဲ့ လုပ်ရပ်

သြစတြေးလျး နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ နနက်ပိုင်း ၈ နာရီခွဲ အချိန်လောက်က ရထားစီးခရီးသည် အမျိုးသား တယာက်ဟာ သတိချွတ်ချော်မူကြောင့် ရထားနဲ့ပလက်ဖောင်းကြားဟနေတဲ့ နေရာကြားထဲ သူ့ ခြေထောက် ဟာ ညှပ်သွား ခဲ့တယ်။
ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်း အဆောက်အအုံများတွင် နေထိုင်ကြသူများ စာရင်း ကောက်မည်

မြို့ပြအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ပြီး ရန်ကုန်မြို့လယ် ၃ နေရာအတွင်းရှိ ရှေးဟောင်း အဆောက်အအုံများတွင် နေထိုင်ကြသူများထံမှ အသေးစိတ်စာရင်း ကောက်ယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက် ရေးအဖွဲ့ (YHT)က ပြောသည်။
နျူကလီးယား လက်နက်မဲ့ ကမ္ဘာဖြစ်ရေး ဂျပန်ဆော်သြမည်

ဂျပန်ဝန်ကြီးချုပ် Shinzo Abe က နျူကလီးယား လက်နက်ကင်းတဲ့ ကမ္ဘာကြီးဖြစ်ဖို့ သူ့အနေနဲ့ ကြိုးပမ်း သွားမယ့်အကြောင်း ကတိပြုလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ငြိမ်းချမ်းရေးပန်းခြံမှာ ကျင်းပခဲ့တဲ့ Hiroshima မြို့ အနုမြူဗုံးသင့်ခဲ့တဲ့ ၆၉ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ အခုလို ပြောဆိုလိုက်တာပါ။ ဂျပန်ဟာ အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ တခုတည်းသော နိုင်ငံဖြစ်ကြောင်းကိုလည်း ၀န်ကြီးချုပ် Abe က ထောက်ပြခဲ့ပါတယ်။
နှစ်ရက်အတွင်း နိုင်ငံသားလျှောက်ထားသည့် ဘင်္ဂါလီ ၃၀ ခန့်ကို စစ်ဆေးပြီးဟုဆို

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင်တွေ့ရသည့် ဘင်္ဂါလီများ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီတစ် ထောင်ကျော်ကို မြို့နယ်အဆင့် လူတွေ့စစ်ဆေးရာ နှစ်ရက်အတွင်း လူပေါင်းသုံးဆယ်ခန့် စစ် ဆေးနိုင်ခဲ့ပြီး ဥပဒေနှင့်မညီသော သူများကို ထုတ်ပယ်သွား မည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သ တင်းရရှိသည်။
မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီတစ် ထောင်ကျော်ကို မြို့နယ်အဆင့် လူတွေ့စစ်ဆေးရာ နှစ်ရက်အတွင်း လူပေါင်းသုံးဆယ်ခန့် စစ် ဆေးနိုင်ခဲ့ပြီး ဥပဒေနှင့်မညီသော သူများကို ထုတ်ပယ်သွား မည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သ တင်းရရှိသည်။
တစ်နှစ်ကျော်ကြာမဖြေရှင်းနိုင်သေးသည့် UMFCCI ၏ ကျပ်သိန်းငါးသောင်းခန့် ဘဏ္ဍာရေးပြဿနာအတွက် သတင်းစာရှင်းလင်းပွဲ ထပ်မံပြုလုပ်မည်
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ဘဏ္ဍာရေးဆိုင်ရာပြဿနာများအတွက် တစ်နှစ်ကျော်လာသည့်အထိ ငွေစာရင်းရှင်းတမ်းထုတ်ပြန်နိုင်မှုမရှိသည့်ပြဿနာများကို နိုင်ငံတော် သမ္မတအပါအ၀င် တာဝန်ရှိသူများထံတင်ပြခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ဆက်လက်ပြုလုပ်မည်ဟု ဇောတိက အပြည်ပြည်ဆိုင်ရာကုမ္ပဏီလီမိတက်မှ ဦးခင်လှိုင်က ပြောကြားသည်။
GSM ဟန်းဆက်တိုင်း၌ ထည့်သွင်းအသုံးပြုနိုင်မည့် တယ်လီနောဆင်းမ်ကတ် များ စက်တင်ဘာလအတွင်း ကျပ် ၁၅၀၀ ဖြင့် ကတ်အရေအတွက် သန်းချီရောင်းချ ပေးမည်

တယ်လီနောမှ လစဉ်ပြုလုပ်သည့် အင်တာနက်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုသို့ လာရောက်သူများအား တွေ့ရ စဉ်
တယ်လီနောဆင်းမ်ကတ်မှာGSM ဟန်းဆက်အားလုံးတွင် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပြီး စက်တင် ဘာလ အတွင်း ကျပ် ၁၅ဝဝ ဖြင့် ကတ်အရေအတွက်သန်းချီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း တယ်လီ နော မြန်မာ မှ သတင်းရရှိသည်။
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ ခြောက်ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် သာသနာရေးဒုဝန်ကြီးကို စစ်ဆေး

ဦးဆန်းဆင့်၏ ခြောက်ကြိမ်မြောက်ရုံးချိန်းတွင် ဒက္ခိဏခရိုင်တရားရုံးရှေ့ မြင်ကွင်းအား တွေ့ရစဉ်
ဩဂုတ် ၆ ရက်၌ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ခြောက်ကြိမ်မြောက် ရုံးချိန်းတွင် သာသနာ ရေး ဒုတိယဝန်ကြီးအား တရားလိုပြသက်သေအဖြစ် ဒက္ခိဏ ခရိုင်တရားရုံးတွင် စစ်ဆေးခဲ့ကြောင်း သတင်း ရရှိ သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် လယ်ဧကငါးသောင်းကျော် နှင့် မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်ပြီး ပဲခူးခရိုင်နှင့် ပြည်ခရိုင်တွင် အဆိုးရွား ဆုံးဖြစ်

ပဲခူးတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့်ဇူလိုင်လနှောင်းပိုင်းမှစတင်၍ မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ လယ်ဧက ၅၀၀၀၀ ကျော်ခန့်နှင့် မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်ခဲ့ပြီး ပဲခူးရိုင် နှင့် ပြည်ခရိုင်တို့တွင် အဆိုးရွားဆုံးဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် လုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်နှင့် တိုင်ကြားစာအရေအတွက် မည်မျှဖြေရှင်းပြီး ဖြစ်သည်ကို လာမည့်လွှတ်တော်၌ မေးမြန်းမည်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် လုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်နှင့် ကဏ္ဍအသီးသီးမှ တိုင်ကြားထားသော တိုင်စာအရေအတွက်မည်မျှအား ဖြေရှင်းပြီး ဖြစ်သည်ကို စက်တင်ဘာတွင် ကျင်းပဖွယ် ရှိ သည့် (၁၁) ကြိမ်မြောက် လွှတ်တော်အစည်း အဝေး၌ မေးမြန်းမည်ဟု သတင်းရရှိသည်။
Ebola ရောဂါကုသမှု စမ်းသပ်ဆေးဝါးသုံးရေး WHO ဆွေးနွေးမည်

Ebola ကပ်ရောဂါ ပြန့်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံတွေက ဝေဒနာသည်တွေကို ZMapp လို့ခေါ်တဲ့ စမ်းသပ်ဆဲကာလ ဆေးဝါး ပေးသင့် မပေးသင့်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကျင့်ဝတ်ပိုင်းဆိုင်ရာ ကြားနာစစ်ဆေးမှုကို ရှေ့ သီတင်းပတ်အတွင်း ပြုလုပ်မှာ ဖြစ်ပါတယ်။
အီရတ်အကြမ်းဖက်မှု တရက်တည်း ၁၀၀ ကျော်သေဆုံး

အီရတ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ကဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သားတွေနဲ့ အစ္စလာမ်အစွန်းရောက် တိုက်ခိုက်ရေးသမားတွေ အပါအဝင် သေဆုံးသူ ၁၀၀ ကျော် ရှိခဲ့ပါတယ်။ Baghdad မြို့တော်ထဲက လူစည်ကားတဲ့ ဈေး ၂ ခုမှာ ကားထောင်ဗုံးတွေ ပေါက်ကွဲခဲ့လို့ ၄၇ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
မလေးရှားလေယာဉ်ပျက်ကျမှု ရှာဖွေစုံစမ်းရေးရပ်ဆိုင်း

ယူကရိန်းနိုင်ငံအရှေ့ပိုင်း မလေးရှားလေယာဉ် ပစ်ချခံလိုက်ရတဲ့ နေရာအနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက လေယာဉ်ပျက်ကိစ္စကို စုံစမ်းစစ်ဆေးနေကြတဲ့ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးမှူးတွေအတွက် အန္တရာယ်များလွန်းတာကြောင့် အဲဒီလူတွေကို Dutch ၀န်ကြီးချုပ် Mark Rutte က ပြန်လည် ခေါ်ယူလိုက်ပါတယ်။
Subscribe to:
Posts (Atom)