Saturday, 3 November 2012
လေကြောင်းဦးစီးဌာန လက်အောက်ရှိ ၀န်ထမ်းများအား လစာမဲ့ခွင့်ငါးနှစ်ဖြင့် ပုဂ္ဂလိကကုမ္ပဏီများ၌ အလုပ်လုပ်ခွင့်ပေး
အတူယှဉ်တွဲ မနေလိုကြသော သူများအဖို့

သူ ဦးထွန်းမြကို ဘင်္ဂလီလူမျိုးများကလည် လှီးသတ်ဖြတ်လိုက်သည်ကို ကြားရပါတော့သည်။
ယနေ့ မြောက်ဦးမြို့တွင်နယ် ရခိုင်အမျိုးသားနှစ်ဦး၏ အလောင်းထပ်မံတွေ့ရှိ
2012 ခုနှစ် အောက်တိုဘာလ (၂၂ . ၂၃
. ၂၄) ရက်နေ့များက ရခိုင်ပြည်နယ် မြောက်ဦးမြို့ နယ်တွင် ဖြစ်ပွားသော အဓိကရုဏ်းကြောင့် ဒဏ်ရာရရှိသူ (၃၈)
ဦးရှိပြီး သေဆုံးသူ (၁၅) ဦး ရှိခဲ့ရာ (၆) ဦးကိုသာ အောက်တိုဘာလ (၂၂ . ၂၄ . ၂၆) ရက်နေ့များက
အလောင်းများရရှိပြီး သင်္ဂြိုဟ်ပြီးဖြစ်သော်လည်း
ကျဆုံးသွားသူ ရခိုင်အမျိုးသား (၉) ဦးမှာ အလောင်းမရရှိဘဲ (၁၁) ရက်အထိ
ကြာမြင့်နေပြီး ယနေ့နိုဝင်ဘာလ (၃) ရက်နေ့တွင် ပုရိန်(ဘင်္ဂလီ) ကျေးရွာမှ
လယ်ကွင်းများတွင်
မြှုပ်နှံထားသည်ကို လုံခြုံရေးတပ်ဖွဲ့များနှင့် သွားရောက်ရှာဖွေခဲ့ရာ နံနက်
(၁၀) နာရီခန့်အချိန်တွင် အလောင်း (၂) လောင်းနှင့်
အ၀တ်အချို့ရရှိခဲ့ကြောင်းသိရသည်။တစ်လောင်းမှာ ဦးလှထွန်းစိန် (၆၃) နှစ်၊ ရတနာပုံရွာ၊ ညောင်ပင်ဈေးရပ်ကွက်ဖြစ်ပြီး (၂၂ .၁၀.၂၀၁၂) နေ့တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
ကျန်တစ်လောင်းမှာ ဦးမောင်ခင် (၄၉) နှစ် ဆင်ချဆိပ်ရပ်ကွက် ဖြစ်ပြီး (၂၄ . ၁၀ .၂၀၁၂)နေ့တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ အ၀တ်အစားတစ်ခုဖြစ်သည့် ဘောင်းဘီတစ်လုံးမှာ ဦးမောင်ဘုချေ (၄၂) နှစ် မြင်းခုန်တန်းရပ်၊ လော်ကမူရပ်ကွက်၏ အ၀တ်အစားဖြစ်သည်ဟု သိရှိရသော်လည်း အလောင်းကို ရှာဖွေလို့ မရရှိခဲ့ပါ။ ၄င်းမှာ (၂၂ . ၁၀ . ၂၀၁၂) နေ့တွင် သတ်ဖြတ်ခံခဲ့ ရခြင်း ဖြစ်သည်။
ကျန်ပျောက်ဆုံးနေသော အလောင်း (၇) လောင်းမှာ ယနေ့အချိန်အထိ ရှာဖွေရရှိခြင်းမရှိသေးကြောင်း သတင်းရရှိသည်။
မြောက်ဦးမြို့နယ် အဓိကရုဏ်းအတွင်းသေဆုံးသူ (၁၀) ဦးပျောက်ဆုံးနေပြီး(၂)ဦး ပြန်လည်တွေ့ရှိ
အောက်တိုဘာ(၂၂)ရက်နေ့ မြောက်ဦးမြို့နယ်၊ ပုရိန်နှင့် ယိုင်သည် အဓိကရုဏ်းအတွင်းတွင် သေဆုံးသွားခဲ့သူ (၁၀)ဦးပျောက်ဆုံးနေပြီး ယနေ့(၂)ဦး ပြန်လည်ရရှိကြောင်း သိရှိရသည်။ ပျောက်ဆုံးနေသော အလောင်းများမှာ ဘင်္ဂလီကျေးရွာများတွင် မြုပ်နှံထားကြောင်း သိရှိသော် လည်း ဘင်္ဂလီများက မရှိဟု ငြင်းဆန်နေခြင်းကြောင့် မြို့မိမြို့ဖများနှင့်
ဦးခင်ညွှန့် အမျိုးသားနိုင်ငံရေး လုပ်မယ် ပြောတယ်
စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း
ဦးခင်ညွန့်က လာမည့် အနာဂတ်တွင် ပါတီနိုင်ငံရေး လုပ်ဆောင် ရန် မရှိသော်လည်း
တိုင်းပြည် တိုးတက်ရေးနှင့် ပြည်သူများ စားဝတ်နေရေး ချောင်လည်စေရန်
အမျိုးသား နိုင်ငံရေး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြေဆိုခဲ့ပါတယ်။
ပြည်တွင်းထုတ် မော်ဒန် ဂျာနယ်နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က အဲဒီလို ပြောဆိုလိုက်တာပါ။
အဲဒီလို ဦးခင်ညွှန့်က အနာဂတ်မှာ အမျိုးသားနိုင်ငံရေး လုပ်မယ်လို့ ပြောဆိုလိုက်တဲ့အပေါ် ဘယ်သူတွေက ဘာတွေ ပြောထားသလဲ ဆိုတာ ဧရာဝတီ မြန်မာပိုင်းစာမျက်နှာမှာ သာလွန်ဇောင်းထက် ရေးသားတင်ပြ ထားတဲ့ ဦးခင်ညွှန့် အမျိုးသား နိုင်ငံရေး လုပ်မည်ဟု ဆို အမည်ရ သတင်းမှာ အပြည့်အစုံ ဖတ်ရှု့နိုင်ပါပြီ။

မြ၀တီ
မြန်မာ ပြည်သူများ Samsung Glaxy Mini ကိုအလုအယက်ဝယ်ယူ
Samsung ၏ version
အနိမ့်တစ်ခုဖြစ်သည့် Glaxy Mini ကို 5000 ကျပ်နုန်းဖြင့် လူကြီးမင်း
ဖုန်းဆိုင်မှ ယနေ့ မနက်တွင် ဆိုင်ခွဲ တစ်ခုလျှင် 10 လုံးကျ မဲဖောက်
ရောင်းချခဲ့ရာ လူကြီးမင်း ဖုန်းဆိုင်များတွင်လူထောင်နှင့်ချီ သွားရောက်
စောင့်ဆိုင်းခဲ့သည်။ အချို့ မှာ မနက် 5 နာရီခန့် ကတည်းက စောင့်ဆိုင်းခဲ့သည်ဟု ဆိုသည်။
ရခိုင် ပြည်နယ် အကြမ်းဖက် မှုများတွင် သေနတ် ဒဏ်ရာဖြင့် သေဆုံး သူများ ရှိခဲ့ဟု သိရ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကျောက်တော်မြို့နှင့် ရသေ့တောင်မြို့နယ်
ကျေးရွာများ၌ အောက်တိုဘာ ၂၅ ရက် တွင် ရခိုင်နှင့် ဘင်္ဂါလီတို့အကြား
အပြန်အလှန် မီးရှို့ခြင်း၊ ခိုက်ရန်ဖြစ်ပွား
ခြင်းတို့ မှ အဓိကရုဏ်း အသွင်ဆောင်လာသော အကြမ်းဖက်ဖြစ်ရပ်များတွင် ဒေသခံ
ရခိုင်လူမျိုးတို့ သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်း၊ ဒဏ်ရာပြင်းပြီး
သက်ဆိုင်ရာ ဆေးရုံများသို့ တက်ရောက်ကုသ
လျက်ရှိခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ကမ္ဘာပျက်မယ့်ဘေးကို တားဆီး ပေးနိုင်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့အကောင်းဆုံး စွမ်းဆောင်ချက်များ
နှစ်ပေါင်း ၅၀ လောက် ကမ္ဘာ့အလယ် မှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်း ရပ်တည်
နေခဲ့ရတဲ့အနေအထား ပျက်ပြယ်သွား တဲ့အကြောင်းနဲ့ပတ်သက်လို့ မကြာသေး
ခင်လများအတွင်းက သတင်းတွေ ပလူပျံ ခဲ့သလို ၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်
အတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင် ခဲ့တဲ့ မြန်မာ
နိုင်ငံသား ထိပ်တန်းသံတမန်ပုဂ္ဂိုလ်ကြီးနဲ့ ပတ်သက်ပြီးတော့လည်း အမှတ်ရစရာ
ကမ္ဘာ့ဘဏ်အကူအညီိထိရောက်ဖို့ ပွင့်လင်းမြင်သာမှုအရေးကြီး
အခြေခံလူတန်းစား မြန်မာပြည်သူများ |
ချောင်းသာကမ်းခြေ တွင် သိမ်းဆည်းခံ လယ်မြေ ပြန်လည် ရရှိရေး လူအင်အား၂ဝဝကျော် ဆန္ဒထုတ်ဖော်
ဒေသ ဖွံ့ဖြိုးရေး အကြောင်းပြချက် ဖြင့် သိမ်းဆည်း ထားခဲ့သော ငွေဆောင်ယံ
မြို့နယ်ခွဲ ချောင်းသာ ကျေးရွာ ရှိ မြေဧက ၆၁၅.၇ ဧက ကို ပြန်လည်ရရှိရေး
အတွက် ချောင်းသာကျေးရွာသား ၂ဝဝကျော် နိုဝင်ဘာ လ၂ ရက် နေ့လည် ၁၂ နာရီခွဲ
အချိန်တွင် ဆန္ဒ ထုတ်ဖော် ခဲ့ကြောင်း ၄င်းဆန္ဒ ထုတ်ဖော်ပွဲ ဦးဆောင်သူ
ဦးသိပ္ပံစိုးက The Voice Weekly သို့ ပြောကြားသည်။ယင်းသို့
ဆန္ဒထုတ်ဖော် ခဲ့ခြင်း အဓိက အကြောင်းရင်းမှာ ဒေသဖွံ့ဖြိုးရေး အတွက်
ဟူသော အကြောင်းပြချက် ဖြင့် မြို့ မြေကွက် ဖော်ရန် ဟူ၍ သိမ်းယူ ခဲ့ခြင်း
ဖြစ်ကြောင်း၊ စတင် သိမ်းယူစဉ် ကတည်းက တစ်နှစ် အတွင်း ၅ဝ ရာခိုင်နှုန်း
ပြီးစီးမှု မရှိလျှင် မူလပိုင်ရှင် ဖြစ်သူများထံ ပြန်လည် ပေးအပ်မည် ဟု
၁၉၉၃ခုနှစ် က သဘော တူညီ ထားကြောင်း ၄င်းက ဆိုသည်။
"ခု တန်းစီပြီးတော့ ကြံခိုင်ရေး လမ်းအတိုင်း နှစ်ရာကျော် လောက် သွား နေတာပါ၊ ဘေးက လိုက်ကြည့်တဲ့ လူနဲ့ဆို ၃ဝဝ လောက်တော့ ရှိတယ်" ဟု ၄င်းက ဆိုသည်။
၂ဝ၁၁ခု အောက်တိုဘာ လ ၄ရက် နေ့တွင် ဧရာဝတီတိုင်း ဝန်ကြီးချုပ် မှ ချောင်းသာ ACE ဟိုတယ် ခန်းမတွင် ရပ်မိ ရပ်ဖများ ကျေးရွာသူ ကျေးရွာသား များနှင့် တွေ့ဆုံ ကာ ၆လအတွင်း မတည်ဆောက် ဖြစ်ပါက နစ်နာသူ များအား ပြန်လည် စိစစ်ပြီး ပေးအပ်မည်ဟု ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။
၂ဝ၁၂ မေလ ၁၁ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင်ဖော်ပြချက် အရ အရင် ဆောက်လုပ်ခွင့် ရသူများအား ၆လ အတွင်း ပြန်လည် မဆောက်လုပ် နိုင်ပါက ပြန်လည် သိမ်းယူမည် ဟု ကြေငြာခဲ့ခြင်း ဖြစ်ကြောင်း၊ သို့အတွက် ကြောင့် ၄င်းတို့ အနေဖြင့် မြေယာ စုံစမ်း စစ်ဆေးရေး ကော်မရှင် အား လာရောက်၍ု စစ်ဆေး ပေးစေလိုကြောင်း ဒေသခံ များက ဆိုသည်။
"ကျနော်တို့ ထိုက်တန်တဲ့ လျော်ကြေး ရချင်ပါတယ်လို့ အာဏာပိုင် တွေကို ပြော ချင်ပါတယ်" ဟု ၄င်း ဆန္ဒ ထုတ်ဖော်ပွဲ တွင် ပါဝင်သူ ချောင်းသာ ကျေးရွာ (၇)ရပ် ကွက် နေ လယ်မြေ ဧက၉.၄၇ဧက နှင့် အုန်းခြံမြေ ၂ဧက သိမ်းယူခြင်း ခံခဲ့ရသူ ဦးတင်မြင့် က ပြောကြားသည်။
လယ်မြေ များအား သိမ်းယူစဉ် က နစ်နာကြေး တစ်စုံတစ်ရာ မျှ ရရှိခဲ့ခြင်း မရှိကြောင်း၊ အုန်းခြံမြေ များ သိမ်းယူ စဉ်က အုန်းသီးပင်တစ်ပင်အတွက် နစ်နာကြေး တစ်ထောင်ကျပ်သာ ရရှိခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
The Voice Weekly

ရခိုင် ပဋိပက္ခ ဒုက္ခသည်များကို တိုက်ရိုက်ကူညီမည်ဟု သံတမန်များ ပြောကြား
ရခိုင်ပြည်နယ် အတွင်း တကျော့ပြန် ဖြစ်ပွား ခဲ့သော ပဋိပက္ခများကြာင့် နေရပ်
စွန့်ခွာ ထွက်ပြေး နေရသည့် ဒုက္ခသည် များ အတွက် လူုသားချင်း
စာနာမှု အကူအညီ များကို တိုက်ရိုက် လှူတန်း သွားမည် ဖြစ်ကြောင်း ပဋိပက္ခ ဖြစ်ပွားခဲ့မှုများကို လေ့လာရန် ရခိုင်ပြည်နယ် သို ရောက်ရှိ နေသည့် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်၊ အမေရိကန် နှင့် Australia နိင်ငံ သံအမတ် ကြီးများက နိုဝင်ဘာ ၁ရက် နေ့တွင် ပြောကြား ခဲ့ကြောင်း ယင်းဒေသခံ များထံမှ သိရှိရသည်။"အစိုးရ မဟုတ်တဲ့ ယုံကြည် စိတ်ချရတဲ့ သူတွေ ဆီက တစ်ဆင့် အထောက်အပံ့ ပစ္စည်းတွေကို လှူတန်းမယ်" ဟု မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ် Andrew Heyn က ကျောက်ဖြူ မြို့ရှိ လူမှု ကူညီရေး အဖွဲ့များ နှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့ကြောင်း ယင်း တွေ့ဆုံပွဲကို တက်ရောက် ခဲ့သူ ဦးလှမျိုးအောင် က ဆိုသည်။
လတ်တလော ပဋိပက္ခ ဖြစ်ပွား ခဲ့မှုကြောင်း ရခိုင်ပြည်နယ် တွင် လူပေါင်း ငါးသောင်း ရှစ်ထောင်ကျော် ခန့် စားဝတ် နေရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု အရေးပေါ် လိုအပ် နေသဖြင့် အစိုးရ မှတစ်ဆင့် လှူတန်းခြင်း မပြုတော့ဘဲ ယင်းသို့ INGO နှင့် NGO အဖွဲ့အစည်း များမှ လှူတန်း ရခြင်း ဖြစ်ကြောင်း သံအရာရှိ များက ပြောကြား ခဲ့သည်ဟု ၄င်းက ထပ်မံ ပြောကြားသည်။
သံအရာရှိ များက ယင်းသို့ INGO နှင့် NGO အဖွဲ့အစည်း များမှ တိုက်ရိုက် လှူတန်း မည်ဟု ဆိုသော်လည်း ရခိုင်ပြည်နယ် အတွင်း ဇွန်လက ဖြစ်ပွားခဲ့သော ပဋိပက္ခ များတွင် ယင်း အဖွဲ့အစည်း များက ပါဝင် ပတ်သက် သည် ဟုဆိုကာ ရခိုင်ပြည်နယ် အနှံ့ ဆန္ဒ ပြမှုများ ဖြစ်ပွားခဲ့သည်။
ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွား ခဲ့သော ပဋိပက္ခ များကို လေ့လာရန် ဗြိတိန် သံအမတ်ကြီး Andrew Heyn၊ အမေရိကန် သံအမတ်ကြီး Derek Mitchell နှင့် သြစတေးလျ သံအမတ်ကြီး Ms. Bronte Moules တို့ က နိုဝင်ဘာ လ ၁ ရက်နေ့ က ရခိုင်ပြည်နယ် သို့ ရောက်ရှိ နေကြောင်း ရခိုင်ပြည်နယ် အ စိုးရ အဖွဲ့ထံမှ သိရှိရသည်။

တရားဥပဒေစိုးမိုးရေးကော်မတီ မန္တလေးတိုင်း တရားရုံးများကို လေ့လာ
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်
ဖွဲ့စည်းထားတဲ့ ပြည်သူ့ လွှတ်တော်တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေး
ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်နဲ့ အဖွဲ့ဝင် ၇ ဦး ဒီနေ့ မန္တလေးတိုင်း
တရားရုံး၊ ခရိုင်တရားရုံးနဲ့ ချမ်းအေးသာဇံမြို့နယ်တရာရုံးတွေကို
ရှောင်တခင်သွားရောက်ခဲ့တယ်လို့ အဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က
ပြောပါတယ်။
Subscribe to:
Posts (Atom)