
ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အေပြီလအတွင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အဖွဲ့နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ၌ ထိခိုက်ဒဏ်ရာရရှိခဲ့သော KIA တပ်ဖွဲ့ဝင်များသည် မေ ၂၀ ရက်နေ့မှ စ၍ နေရပ်အသီးသီးသို့ ပြန်လာရပြီဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။