Saturday 10 November 2012

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာပြည် လာမယ်


နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာပြည် လာမယ်
Saturday, November 10, 2012

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဟာ လာမယ့် သီတင်းပတ်အတွင်း အာရှတိုက်ကို ခရီးလှည့်လည်မှာ ဖြစ်ပြီး၊ မြန်မာနိုင်ငံကို ဝင်ရောက်လာဦးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့က သတင်း
ထုတ်ပြန်ပါတယ်။

ဟီလာရီ ကလင်တန် ဟာ နိုဝင်ဘာလ ၁၁ရက်နေ့မှာ သြစတေးလျ နိုင်ငံ Perth မြို့ကို သွားရောက်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး Panetta နဲ့အတူ သြစတေးလျ အစိုးရအဖွဲ့နဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီကတဆင့် စင်္ကာပူနဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်မှာပါ။

နိုဝင်ဘာလ ၁၉ရက်နေ့မှာတော့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဟာ သမ္မတ အိုဘားမားနဲ့ မြန်မာပြည်မှာ ဆုံပြီး သမ္မတ ဦးသိန်းစိန်၊ NLD ပါတီ ဥက္ကဌ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့
 တွေ့ဆုံကြမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကမှတဆင့် အမေရိကန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး တို့ဟာ ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံညီလာခံကို တက်ရောက်ကြမှာ
ဖြစ်ပါတယ်။

RFA Burmese

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဟာ လာမယ့် သီတင်းပတ်အတွင်း အာရှတိုက်ကို ခရီးလှည့်လည်မှာ ဖြစ်ပြီး၊ မြန်မာနိုင်ငံကို ဝင်ရောက်လာဦးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့က သတင်း ထုတ်ပြန်ပါတယ်။

ဘုရားဂေါပက အဖွဲ့အား အောင်လံ NLD တရားစွဲ



အောင်လံ၊ နိုဝင်ဘာ ၁၀

သရက်ခရိုင် ၊ အောင်လံမြို့ သိမ်ကုန်းဓမ္မာရုံ ဘုရားပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရန်ပုံငွေအဖြစ် ဈေးရောင်းချ ရာတွင် NLDပါတီ ဆိုင်းဘုတ်အား ဘုရားဂေါပက အဖွဲ့က ဖြုတ်ချခဲ့သည့် အတွက် NLDပါတီက တရား စွဲဆိုလိုက်ကြောင်း ယင်းမြို့နယ် တရားရုံးထံမှ သိရသည်။

တမလွန်ဘ၀မှ အချစ်ကြီးသူ



 



ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်းတွင်းမှ မြို့တစ်မြို့ နာမည်က “မိုးနဲ”(ဖြစ်ရပ်မှန်)
တစ်ချိန်က မိုးနဲစော်ဘွားအုပ်ချုပ်ခဲ့သော ဟော်နန်းရှိရာမြို့။
ဤဖြစ်ရပ်မှန်ဇာတ်လမ်းတွင် မိုးနဲမြို့သည် အဓိကမကျ မိုးနဲမြို့တွင်နေသော ယာဉ်မောင်း ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဥိးကသာ
အဓိက သရုပ်ဆောင်များဖြစ်ကြ လေသည်။

သရုပ်ဆောင်မေဇွန် အိမ်အကူ သတ်မှု ဧရာတိုင်း ရဲမှူးကြီး ဘောင်အတွင်းမှသာ ကူနိုင်

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မယ်ပြိုင်ပွဲ ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပမည်

 
တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပသော တန်ဆောင်တိုင်မီးပုံးပျံပွဲနှင့် မြို့လုံးကျွတ် မဟာဘုံ ကထိန် ပွဲတော်အား နိုဝင်ဘာ ၂၁ မှ ၂၉ ရက် (တန်ဆောင်မုန်း လဆန်း ၈ ရက်မှ လပြည့်ကျော် ၁ ရက်) အထိ ကျင်းပမည်ဖြစ်ပြီး ယခုနှစ်တွင် တန်ဆောင်တိုင် အလှမယ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ထည့်သွင်း ကျင်းပ သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အိုဘားမား ခရီးစဉ် တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက်မည်မဟုတ်


အိုဘားမား ခရီးစဉ် တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက်မည်မဟုတ်

အမေရိကန်သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံခရီးဟာ တရုတ်ပြည်ရဲ့ မြန်မာနဲ့ပတ်သက်တဲ့ အကျိုးစီးပွားအပေါ် ထိခိုက်မှုမရှိပါဘူးလို့ အကြီးတန်း တရုတ်အရာရှိတစ်ယောက်က ပြောပါတယ်။

အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်ကြောင့် တရုတ် မြန်မာဆက်ဆံရေး ထိခိုက်သွားနိုင်မလားလို့ တရုတ် သတင်းမီဒီယာ၊ သုတေသီတွေနဲ့ သံတမန်တချို့က စိုးရိမ်နေကြပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ နယ်စပ်ချင်း ထိဆက်နေတဲ့ ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အကြီးအကဲ ချင်ကွမ်ရောင်း ကတော့ မြန်မာနိုင်ငံ ပွင့်လင်းလာတဲ့အပေါ် တရုတ်က အပြည့်အဝ ထောက်ခံခဲ့ကြောင်း၊ အထူးသဖြင့် မြန်မာပြည်တွင်း အေးချမ်းတည်ငြိမ်ရေးဟာ တရုတ်အတွက် အကျိုးရှိကြောင်း ပြောဆိုပါတယ်။

လက်ရှိကျင်းပနေတဲ့ ကွန်မြူနစ်ပါတီ ညီလာခံရဲ့ ပြင်ပမှာ ပြောဆိုခဲ့တာပါ။ သူက ဆက်လက်ပြီး မြန်မာအာဏာပိုင်တွေအနေနဲ့တိုင်းပြည်ကို ဖွင့်ပေးလိုက်ပြီး ကမ္ဘာကြီးထဲ ဝင်ရောက်ချင်တဲ့ ဆန္ဒကို မိမိတို့နားလည် ထောက်ခံပါတယ်။ မြန်မာဘက်ကလည်း တရုတ်ဟာ မိတ်ကောင်းဆွေစစ် အမြဲဖြစ်နေမယ်ဆိုတာ သိရှိပါတယ်လို့ ဆိုပါတယ်။

ဒီအတွင်း ဝါရှင်တန် သမ္မတအိမ်ဖြူတော်မှာ မနေ့က ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သမ္မတ အိုဘားမားရဲ့ မြန်မာပြည်နဲ့ ကမ္ဘောဒီးယား ခရီးစဉ်ဟာ ဖိနှိပ်တဲ့အစိုးရတွေကို တရားဝင်အောင်လုပ်ပေးရာ ရောက်နေမလားဆိုတဲ့ သတင်းထောက်တစ်ဦးရဲ့ မေးခွန်းကို အိမ်ဖြူတော်ပြောခွင့်ရသူ Jay Carney က သမ္မတ အိုဘားမား ဟာ သူ့ရဲ့ ဒီသမိုင်းဝင်ခရီးကနေ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမေရိကန် မြန်မာ ဆက်ဆံရေး တိုးတက်လာရေးတွေအတွက် ဆက်လက်ဖိအားပေးသွားမှာပါ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်စရာတွေ ရှိနေသေးတယ်လို့ မနှစ်က သမ္မတအိုဘားမား ကျေညာခဲ့ပြီးတဲ့နောက် ပြောင်းလဲတိုးတက်မှုတွေ တွေ့လာရပါတယ်။ အခုလည်း ဒီခရီးစဉ်မှာ သမ္မတနဲ့အတူ ဒေသဆိုင်ရာ မူဝါဒတွေ ပါသွားမှာဖြစ်ပါတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Jay Carney က ပြောဆိုခဲ့ပါတယ်။

သမ္မတအိုဘားမား မြန်မာပြည်သွားရောက်မယ့် ခရီးစဉ်နဲ့ပတ်သက်ပြီး သူ့ရဲ့ အထူးလက်ထောက် အရာရှိဖြစ်သလို အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးကောင်စီ ရဲ့ လူ့အခွင့်အရေးနဲဆိုင်ရာ အကြီးတန်းညွှန်ကြားရေးမှူး Samatha Power က နိုဝင်ဘာလ ၉ရက်နေ့စွဲနဲ့ အိမ်ဖြူတော် အင်တာနက် ဝက်ဆိုဒ်ဘလော့ဂ်မှာ “Supporting Human Rights in Burma မြန်မာပြည်လူ့အခွင့်အရေးအတွက် ကူညီပံပိုးရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ်ရေးသားဖေါ်ပြလိုက်ပါတယ်။
အမေရိကန်သမ္မတ အိုဘား မားရဲ့ မြန်မာနိုင်ငံ ခရီးဟာ တရုတ်ပြည်ရဲ့ မြန်မာနဲ့ပတ်သက်တဲ့ အကျိုး စီးပွား အပေါ် ထိခိုက်မှုမရှိပါဘူးလို့ အကြီး တန်း တရုတ်အရာရှိ တစ်ယောက် က ပြောပါတယ်။

အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်ကြောင့် တ ရုတ် မြန် မာ  ဆက်ဆံရေး ထိခိုက်သွားနိုင်မလားလို့ တရုတ် သတင်း မီဒီယာ၊ သုတေသီတွေနဲ့ 

တပ်သား (၃) ဦး ကိစ္စ ဒုတိယ အကြိမ် မြန်မာဘက်မှ ဘင်္ဂလာသို့ စာရေးသား ပေးပို့

ဖမ်းဆီး ခေါ်ဆောင်သွားသော တပ်သား (၃) ဦး ကိစ္စနှင့် ပတ်သက်ပြီး မြန်မာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ နစကမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ ဘီဂျီဘီသို့  ယမန်နေ့က ဒုတိယ အကြိမ်မြှောက် စာ တစ်စောင် ရေးသားပေးပို့ လိုက်သည်ဟု သတင်း ရရှိသည်။

တောင်ကြီးမြို့၊သစ်တောရပ်၊ ကမ္ဘောဇ လမ်း၊တွင် မီးလောင်မှူတစ်ခု ဖြစ်ပွား

 
 နိုဝင်ဘာ ၈ရက်နေ့ ည၁၁း၀၀ နာရီအချိန်ခန့်က တောင်ကြီးမြို့၊ သစ်တောရပ်၊ ကမ္ဘောဇ လမ်း၊ အိမ် အမှတ် (၁၂၀)တွင်မီးလောင် ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့သည်။ မီးလောင် ကျွမ်းမှုဖြစ်ပွားရ သည့် အကြောင်း ရင်း မှာ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ၀င်ရန်ညမီးကြီး အမျိုး အစားဖြစ်သဖြင့်စေတန် မီးအဖွဲ့ က ယမ်းစပ်ခြင်း များပြုလုပ် နေကြောင်း၊ ယင်းသို့ ယမ်းစပ်စဉ် ၊စမ်းသပ်ပြီး လွတ်တင် လိုက်သည့် မီးရှုး တစ်ခု မှာ ဓာတ်ကြိုးနှင့်ထိပြီး ၊ယမ်းစပ် နေ သည့် ယမ်းပုံပေါ်သို့ပြန်ကျကာ ယမ်းစပ်နေသူများပါ ထိစဉ် ပေါက် ကွဲလောင် ကျွမ်းခဲ့ကြောင်း တောင်ကြီးမြို့မီးသတ်အဖွဲ့က သွားရောက်ငြိမ်းသတ်ရာ ည ၁၁း၂၅ တွင်မီးငြိမ်းခဲ့ကြောင်း သစ်တော ရပ်ကွက်နေသူတစ်ဦးကပြောသည်။ 

နိုင်ငံသား စိစစ်ရေး ပြဿနာ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ရခိုင်ဝန်ကြီး ပေါက်တော လာရောက် ဖြေရှင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ မွတ်ဆလင် ကျေးရွာ ၅ရွာမှ ကျေးရွာသားများကို နိုင်ငံသား ဟုတ် မဟုတ် စိစစ် နေရာ ရှုပ်ထွေမှုများပေါ်ပေါက်နေသောကြောင့် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ် ချုပ်ကြီး လှမင်းနှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်တို့  ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ က ပေါက်တောမြို့နယ်သို့  လာရောက် ဖြေရှင်း ပေးခဲ့သည် ဟုသတင်းရရှိသည်။

အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် ရာထူးမှနုတ်ထွက်


အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ ညွန်ကြားရေးမှုးအငြိမ်းစားဗိုလ်ချုပ်ကြီး David Petrarus ဟာ သူရဲ့ ကိုယ်ရေးအထ္ထုပုတ္တိကိုရေးသားတဲ့ စာရေးဆရာမ Broadwell နဲ့ အိမ်ထောင်ေ ရးဖောက်ပြန်ကြောင်းစုံစမ်းတွေ့ ရှိရတဲ့ အတွက် ဒီကနေ့မှာ သူရာထူးကနေနုတ်ထွက်သွားပါတယ်။

Teenagers' Life in Yangon


ဟိုတယ်ခန်းက မလောက်၊ ဝန်ဆောင်မှုက ညံ့




ပြည်တွင်းပြည်ပ ဧည့်အဝင်များသည့် ဒေသများတွင် ဟိုတယ်ခန်း မလုံလောက်သည့်အပြင် ဝန်ဆောင်မှု တချို့ ညံ့ဖျင်းသောကြောင့် တည်းခိုလိုသည့် ဧည့်သည်များ အခက်အခဲ တွေ့နေသည့်အပြင် ရကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်း ပိုင်ရှင်များ သိန်း သောင်းချီရှုံး



မြန်မာနိုင်ငံ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများ ပိုင်ဆိုင်သော မြန်မာနေရှင်နယ်လိဂ် ဘောလုံး အသင်း များ မှာ နှစ်စဉ် ငွေကျပ်သိန်း သောင်းချီ အရှုံးပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။

ကျောက်တော်မြို့နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အရ မြန်မာနိုင်ငံသားအဖြစ်ခံယူခွင့်ရရှိထားသည့် ဘင်္ဂလီ လုံးဝမရှိဟုဆို


ကျောက်တော်မြို့နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အရ မြန်မာနိုင်ငံသားအဖြစ်ခံယူခွင့်ရရှိထားသည့် ဘင်္ဂလီ လုံးဝမရှိဟုဆို


ကျောက်တော်မြို့နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အရ မြန်မာနိုင်ငံသားအဖြစ်ခံယူခွင့်ရရှိထားသည့် ဘင်္ဂလီ များ လုံးဝ မရှိကြောင်း ကျော်တော်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန အကြီးတန်း အရာရှိက နိုဝင်ဘာလ ၉ ရက်က ပေါ်ပြူလာနယူးစ်ဂျာနယ်နှင့်တွေ့ဆုံ စဉ်ပြောကြားသည်။
 ယခင်ကာလကတည်းကပင် ကျောက်တော်မြို့နယ်အတွင်း နိုင်ငံသားစိစစ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပြဌာန်း ချက်အတိုင်းပင်ဆောင်ရွက်ခဲ့ကြောင်း၊ ကျောက်တော်မြို့နယ်၌ လူမျိုးခြားအဖြစ် ဘင်္ဂလီ ၊ ဟိန္ဒူနှင့် တရုတ်လူမျိုးတစ်ဦးသာရှိကြောင်း၊ ယင်းတို့အနက် ဘင်္ဂလီများသည်  ၁၉၅၀ ၊ ၁၉၆၀ ခုနှစ်များက ကိုင်ဆောင်ရန် ထုတ်ပေးထားသည့် ကဒ်ပြားအဖြူရောင်ဖြင့်သာနေ ထိုင်ကြရခြင်းဖြစ်ကြောင်း၊ ၄င်းတို့အား ပြုကဒ်၊ ဧည့်ကဒ်ထုတ်ပေးထားခြင်း ရှိကြောင်း ၄င်းကပြောသည်။

လက်ရှိတွင် မြို့နယ်တွင်း၌ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ကောက် ယူရန် ညွှန်ကြားချက်တစ်စုံတစ်ရာ မရှိသေး၊ လက်ရှိတွင် ပေါက်တော ၌ ကောက်ယူလျှက်ရှိပြီး ယင်းနောက် စစ်တွေကောက်ယူပြီးမှ သာ ကျောက်တော်မြို့နယ်တွင်းကောက်ယူခြင်းဆောင်ရွက်မည်ဟု ယူဆရကြောင်း သိရသည်။

ကျောက်တော်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ထုတ်ပြန် ထားသည့် စာရင်းများအရ အိမ်ထောင်စု စုစုပေါင်း သုံးသောင်းကိုးထောင်ေ ကျာ်နှင့် လူဦးရေစုစုပေါင်း နှစ်သိန်းတစ်သောင်းကျော်ရှိကြောင်း သိရသည်။
ကျောက်တော်မြို့နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အရ မြန်မာနိုင်ငံသားအဖြစ်ခံယူခွင့်ရရှိ ထား သည့် ဘင်္ဂလီ များ လုံးဝ မရှိကြောင်း ကျော်တော်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန အကြီးတန်း အရာရှိက နိုဝင်ဘာလ ၉ ရက်က ပေါ်ပြူလာနယူးစ်ဂျာနယ်နှင့်တွေ့ဆုံ စဉ်ပြောကြားသည်။