Saturday 28 March 2015

ဖုန်ကြားရှင်တပ်ဖွဲ့မှ လက်နက်များဖြင့် ပြစ်မှုကျူးလွန်သူ ရှစ်ဦး အား ပြစ်ဒဏ် ချမှတ်

ဖုန်ကြားရှင်တပ်ဖွဲ့မှ လက် နက်ခဲယမ်းများနှင့်အတူ မြန်မာနိုင်ငံ အတွင်း ဝင်ရောက် လာပြီး ပြစ်မှု အမြောက် အမြား ကျူးလွန်ခဲ့သူ တရုတ်နိုင်ငံသား ရှစ်ဦးအား ၎င်း တို့ကျူးလွန်ခဲ့သော ပြစ်မှုအချို့ အတွက် တရားရုံး အသီးသီး က ထောင်ဒဏ် (၂၅) နှစ်စီ ချမှတ်ခဲ့ပြီး ဖြစ်သည့် အပြင် ဓားပြမှု၊ လူသတ်မှု များ အတွက်လည်း လားရှိုး ခရိုင်တရား ရုံးက မတ် ၂၆ ရက်တွင် ထောင် ဒဏ် တစ်သက်တစ်ကျွန်း ထပ်မံချမှတ် ခဲ့ ကြောင်း သတင်း ရရှိသည်။

လားရှိုးမြို့ ၌ တရုတ်နိုင်ငံသားထံမှ ဘိန်းဖြူမှုန့်များ ထည့်ထားသော ဆပ်ပြာခွက် ၁၁၈ ခွက် ဖမ်းဆီးရမိ



ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ဟိုင်းဝေးလမ်း မကြီးပေါ် ဘုံမွန်ကျေးရွာစိုက်ခင်း အနီးတွင် လားရှိုးမြို့ မူးယစ်တပ်ဖွဲ့စု က စစ်ဆေးရာ ဖိုးဝီးမော်တော်ယာဉ် ပေါ်ပါ တရုတ်နိုင်ငံသားထံမှ ဘိန်း ဖြူမှုန့်များ ထည့်ထား သော ဆပ်ပြာခွက် ၁၁၈ ခွက်တို့ကို သယ်ဆောင်သူများ နှင့်အတူ မတ်၂၅ ရက်က ဖမ်းဆီးရမိခဲ့ ကြောင်း သိရှိရသည်။

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနမှ ခရီးသွား လုပ်ငန်းဆိုင်ရာ သင်တန်းများပေးမည်




ပြည်တွင်း၊ ပြည်ပ ခရီးသွားများ စိတ်ဝင်တစား လာရောက်ကြသည့် ပုဂံမြို့ဟောင်းတစ်နေရာကို တွေ့ ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ

အပြည်ပြည်ဆိုင်ရာ ကုန်သွယ် မှုဗဟိုဌာန(ITC) ကမြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်း ကုမ္ပဏီများ အတွက် ဈေးကွက်မြှင့် တင်ရေးဆိုင်ရာ သင်တန်းများ ကိုနှစ်နှစ် တာကာလ သင်တန်း အစီအစဉ်ဖြင့် ပို့ချပေး သွားမည်ဟု အပြည်ပြည်ဆိုင်ရာ ကုန် သွယ်မှုဗဟိုဌာန(International Trade Centre)က ထုတ်ပြန်သည်။

ပုဏ္ဏားကျွန်းမှာ ငါးရှာသူ အသတ်ခံရပြီး မင်းပြားမှာ ကဏန်းရှာသူ ဓားခုတ်ခံရ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ဆင်ကြီးပြင်ကျေးရွာမှာ ကဏန်းရှာဖွေတဲ့ ဒေသခံတစ်ဦး ဓားခုတ်ခံရပြီး ပုဏ္ဏားကျွန်းမြို့နယ် မှာလည်း ငါးရှာတဲ့ ဒေသခံတစ်ဦး အသတ်ခံရတယ်လို့ သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့တွေထံကနေ သိရပါတယ်။

ကိုးကန့်တိုက်ပွဲအတွင်း တိမ်းရှောင်သွားသော ရဲတပ်ဖွဲ့ဝင်များကို ဥပဒေအရ အရေးယူမည်

ကိုးကန့်ဒေသတွင် တိုက်ပွဲများ စတင်ဖြစ်ပွားချိန် ကတည်းက ပျောက်ဆုံး သွားသည့် ကိုးကန့်ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ အား တပ်ဖွဲ့ အတွင်း ပြန်လည် လက်ခံမည်ဖြစ်သော်လည်း ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။

စစ်ရှောင်ဒုက္ခသည်များအား ထောက်ပံ့ရန်ဟု အကြောင်းပြ၍ KIA အဖွဲ့မှ ရိက္ခာနှင့် ဆက်ကြေးငွေများကောက်ခံ


ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များအား ထောက်ပံ့ရန် အတွက်ဟုဆိုကာ ရွှေကူမြို့နယ် အတွင်းရှိ ကျေးရွာများအား ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ရိက္ခာနှင့် ဆက်ကြေးငွေများ ကောက်ခံ လျက်ရှိကြောင်း ယင်းဒေသခံတစ်ဦးထံမှ သိရသည်။

ရာထူးကြီးလေ လစာပိုတိုးလေ ဖြစ်နေဟု ဆို


လစာတိုးတဲ့ ဇယားတွေကို ကြည့်လိုက်တဲ့ အခါကျတော့ အောက်ခြေ ၀န်ထမ်းတွေက တိုးတာ နည်းတယ်။ အထက်ပိုင်း ရာထူး သမားတွေက တိုးတာ များတယ်။ ဥပမာ ညွှန်ချုပ်ဆိုရင် ၂ ဆနီးပါး ဖြစ်သွားတယ်။

မှောင်ခို အမဲလိုက်သမားများကို ဟန့်တားပေးမည့် ဒရုန်းလေယာဉ်


မှောင်ခိုအမဲလိုက်သမားတွေကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်မယ့် ဒရုန်းလေယာဉ်ကို ဘာစီလိုနာ မှာရှိတဲ့ ကတ္တလိုးနီးယားနည်းပညာ တက္ကသိုလ်မှ အင်ဂျင်နီယာတွေက တီထွင်လိုက်ပါတယ်။

တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အချည်းနှီးဖြစ်နေ



လတ်တလော တနိုင်ငံလုံး နေရာအနှံ့ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကို ချက်ခြင်းရပ်တန့်ပေးဖို့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ် ကောင်စီ (ယူအန်အက်ဖ်စီ) က တောင်းဆိုလိုက်ပါတယ်။

တပ်မတော်နေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေ ကြောင့် တက်ရောက်ခဲ့ခြင်းမရှိ


နေပြည်တော် တွင် ပြုလုပ်သည့် အနှစ်(၇၀)ပြည့် တပ်မတော်နေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့ခြင်းမရှိကြောင်း သိရသည်။

လေကြောင်းဆိုင်ရာ အားနည်းချက်များကြောင့် အာဆီယံဒေသ အတွင်း လွတ်လပ်စွာပျံသန်းနိုင်ရေးမူဝါဒ မချမှတ်နိုင်သေး


မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံ အချို့ လေကြောင်း ဆိုင်ရာလုပ်ငန်းများတွင် အားနည်းချက်များ ရှိနေသေးသဖြင့် အာဆီ ယံဒေသအတွင်း လွတ်လပ်စွာ ပျံသန်းနိုင်ရေး မူဝါဒမချမှတ် နိုင်ခဲ့ ကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရသည်။

ဖမ်းဆီးခံရသူများ ပြန်လွှတ်ရန် ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲတွင် နန္ဒစစ်အောင်ဖမ်းဆီးခံရ



သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော နန္ဒစစ်အောင်(ယာ)ကို ဆန္ဒပြပွဲတစ်ခုတွင် တွေ့ ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

ဖမ်းဆီးခံရသည့် ကျောင်းသားနှင့် ၀န်းရံသူများ လွတ် မြောက်စေရန် မတ်လ ၂၇ ရက်က ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲ တွင် တရားခံပြေးအဖြစ် ကြေညာခံထားရသည့် နန္ဒစစ်အောင် အ ပါအ၀င် သုံးဦးဖမ်းဆီးခံ ရကြောင်း သတင်းရရှိသည်။

သာမန်အသုံးစရိတ်များထဲမှ ကျပ်ငွေ ရှစ်ဘီလီယံ ဖြတ်တောက်ရန် ဘဏ္ဍာရေးဝန်ကြီး လွှတ်တော်သို့ တင်ပြ

ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းထားသည့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ သာမန် အသုံး စရိတ်များအနက်မှ ကျပ်ငွေရှစ် ဘီလီယံကျော်ကို ဖြတ်တောက်ရန် ဘဏ္ဍာရေးဝန်ကြီးက လွှတ် တော်သို့ တင်ပြကြောင်း သတင်း ရရှိသည်။

နိုင်ငံတကာမီဒီယာညီလာခံကျင်းပစဉ် ဂျာနယ်လစ်အချို့ဆန္ဒပြ


နိုင်ငံတကာမီဒီယာညီလာခံတွင် သတင်းထောက်တစ်ဦးက ဆန္ဒပြနေစဉ်(ဓာတ်ပုံ-ကောင်းထက်ဖေ့စ် ဘွတ်ခ်)

ရန်ကုန်မြို့တွင် ပထမ ဆုံးအကြိမ် နိုင်ငံတကာမီဒီယာ ညီလာခံ(IPI)ကို ချက်ထရီယံဟို တယ်၌ ကျင်းပ နေစဉ်မြန်မာဂျာနယ်လစ်များ ဖိနှိပ်ခံရမှုနှင့် တိုက်ခိုက်မှုရပ်တန့်ရန် မြန်မာဂျာနယ် လစ်အချို့ ဆန္ဒထုတ်ဖော်မှု ပြုလုပ် ခဲ့ကြောင်းသတင်းရရှိသည်။

အင်ဒီယားနားပြည်နယ်တွင် HIV ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာထား

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်၏ ဒေသတချို့တွင် HIV ဗိုင်းရပ်စ် ပျံ့နှံ့မှုဆိုးရွားသော အခြေ အနေသို့ ရောက်ရှိခဲ့ပြီးနောက် ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေ အနေ ကြေညာထားသည်။

လောက်ကိုင်ဒေသတွင် ကယ်ဆယ်ရေးလုပ်ကိုင်နေစဉ် ကျည်ဆန်ထိမှန်ခဲ့ သည့် ကြက်ခြေနီစေတနာ့ဝန်ထမ်း တစ်ဦး မန္တလေးဆေးရုံကြီး တွင် ဆေးကု သမှုခံယူနေစဉ် သေဆုံး

လောက်ကိုင်ဒေသ သို့ ကယ်ဆယ်ရေးသွားရောက်လုပ် ကိုင်ရာမှ ဝမ်းဗိုက်သေနတ်ကျည်ဆန် ထိမှန်သည့် ကြက်ခြေနီစေတနာ့ဝန် ထမ်းတစ်ဦး မတ် ၂ရ ရက်က မန္တ လေးဆေးရုံကြီးတွင် ဆေးကုသမှုခံ ယူနေရင်း သေဆုံးသွားကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲ မှူးကြီးစိန်ထွန်းက ပြောသည်။

ဘန်ဂျီနာကျွန်းရောက် ကျွန်ပြုခံမြန်မာနိုင်ငံသားများအား ကူညီကာကွယ်ပေး ရန် မြန်မာအစိုးရဆောင်ရွက်နေဟုဆို

အင်ဒိုနီးရှားနိုင် ငံဘန်ဂျီနာကျွန်းတွင် ညှဉ်းပန်းနှိပ် စက်ကျွန်ပြုခံနေရသည့် မြန်မာနိုင်ငံသားများအား ကူညီကာကွယ်ပေးရန် မြန်မာအစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မ တရုံးမှ အကြီး တန်းအရာရှိကြီးက ပြောသည်။

တောင်ကိုရီးယားနှစ်ဦးကို သူလျှိုဟု စွပ်စွဲပြီး မြောက်ကိုရီးယား ဖမ်းဆီး

တောင်ကိုရီးယားနိုင်ငံသား နှစ်ဦးကို သူလျှိုဟု စွပ်စွဲပြီး မြောက်ကိုရီးယားက ဖမ်းဆီးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

တောင်ကိုရီးယားနှစ်ဦးကို သူလျှိုဟု စွပ်စွဲပြီး မြောက်ကိုရီးယား ဖမ်းဆီး

တောင်ကိုရီးယားနိုင်ငံသား နှစ်ဦးကို သူလျှိုဟု စွပ်စွဲပြီး မြောက်ကိုရီးယားက ဖမ်းဆီးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။