Tuesday 21 October 2014

အပြည်ပြည်ဆိုင်ရာ ရှေးဟောင်းသုတေသနပညာနေ့ကို မြန်မာနိုင်ငံတွင် ယခုနှစ် စတင်ကျင်းပ

နိုင်ငံတကာမှာ နှစ်စဉ်အောက်တိုဘာလ တတိယပတ် စနေနေ့တိုင်း ကျင်းပလေ့ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ရှေးဟောင်းသုတေသန ပညာနေ့ကိုမြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ အောက်တိုဘာလ(၁၈)ရက်က ကျင်းပခဲ့ပါတယ်။ အဲ့ဒီပွဲကို ရန်ကုန် မြို့မှာသာမက မြန်မာနိုင်ငံအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ရှိတဲ့ နေရာအချို့မှာ တပြိုင်တည်းပြုလုပ် ခဲ့တယ်လို့ လည်း သိရပါတယ်။အမေရိကန်နိုင်ငံရှိ ရှေးဟောင်းသုတေသနပညာနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက နှစ်စဉ် အောက်တိုဘာလအတွင်းမှာ ရှေးဟောင်းသုတေသနပညာနေ့ လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ရာက (၂၀၁၁) ခုနှစ်မှာ စတင်ကာ အောက်တိုဘာလ တတိယပတ်အတွင်း ကျရောက်တဲ့ စနေနေ့ကို အပြည်ပြည်ဆိုင်ရာ ရှေးဟောင်းသုတေသန ပညာနေ့အဖြစ် သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
MRTV

အဝေးပြေးသယ်ယူပို့ဆောင်ရေးအဖွဲ့တစ်ခုထားရှိရန် မြ၀တီကုန်သည်ကြီးများ အသင်းစီစဉ်

ထိုင်းနိုင်ငံနဲ့ ကုန်သွယ်ရာမှာ လွယ်ကူဖို့အတွက် မြ၀တီကုန်သည်ကြီးများအသင်းနဲ့ ပြည်တွင်းမှ ကုန်သေတ္တာလုပ်ငန်းရှင်များအသင်းအပြင် high
way association အသင်းတို့ ပူးပေါင်းပြီး အဝေးပြေးသယ်ယူပို့ဆောင်ရေးအဖွဲ့တစ်ခုထားရှိသွားရန် ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Trade Fair ကျင်းပခဲ့ရာ O Top စင်တာမှာ ကျင်းပခဲ့ပါတယ်။

မြ၀တီခရိုင်ကုန်သည်ကြီးများအသင်းနေနဲ့ ဒေသတာဝန်ရှိသူတွေကို တင်ပြကာဦးစွာ အဝေးပြေး ယာယီအဖွဲ့ကို ထားရှိပြီး ထိုအဖွဲ့မှတစ်ဆင့် မြန်မာနိုင်ငံအဝေးပြေးသယ်ယူ ပို့ဆောင်ရေး အသင်းကို ဖွဲ့စည်းသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ လက်ရှိ မြ၀တီနဲ့ မဲဆောက်ကုန်သွယ်ရာမှာ ပို့ကုန်သွင်းကုန်မှန်သမျှကို ထိုင်းနိုင်ငံဘက်မှ ကုန်တင်ယာဉ်တွေနဲ့သာ ပို့ဆောင်သယ်ယူနေတယ်လို့ သိရပါတယ်။

စိုက်စရိတ်ဘဏ်ချေးငွေ ပြန်ဆပ်ရက် မရွှေ့ဆိုင်းနိုင်ဟု ဒုတိယဝန်ကြီးပြော

“တောင်သူများကို ငွေချေးပေးရာမှာ အချိန်စေ့ ပေးဆပ်ရန် ငွေကျေပြီးသူ ဖြစ်ရမည် ဟူသော စည်းကမ်းချက် ရှိပါသဖြင့် တောင်သူများ ချေးငွေပြန်ဆပ်ရက်ကို ဖြေလျှော့ပေးရန် မဆောင်ရွက်နိုင်ပါ” ဟု စစ်ကိုင်းတိုင်း ရွှေဘိုမြို့ နယ်အမတ် ဒေါက်တာ အောင်သန်း၏ အမေးကို တုန့်ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။

နွေစပါးအတွက် စိုက်ပျိုးစရိတ်ချေးငွေကို တောင်သူတို့အား အောက်တိုဘာမှ ဇန်န၀ါရီအတွင်း ဘဏ်က ထုတ်ချေးပြီး တောင်သူက ဇန်န၀ါရီလအကုန်တွင် အကျေပြန်ဆပ်ရသည်။ ထိုသို့ချေးငွေ အကျေပြန်ဆပ်သည့် တောင်သူကိုသာ ဘဏ်က မိုးစပါးအတွက် စိုက်စရီတ်ချေးငွေ ထုတ်ချေးပေးသည့် စနစ်အား ဖြေလျှော့ပေးရန် ရှိပါသလားဟု ဒေါက်တာ အောင်သန်းက မေးခဲ့ခြင်းဖြစ်သည်။

ဒေါ်လာသန်းရာချီ ယူဆောင်ထွက်ပြေးသူ တရုတ်အရာရှိများ ဖမ်းမိရေး အကူညီတောင်း

တရုတ်အစိုးရက ဥပဒေအရ ခွင့်မပြုတဲ့ ရန်ပုံငွေ ဒေါ်လာသန်း ရာချီတဲ့ ငွေတွေနဲ့ အတူ ထွက်ပြေးခဲ့တဲ့ တရုတ်အရာရှိ တွေကို လိုက်ဖမ်းရာမှာ တခြားနိုင်ငံတွေရဲ့ အကူအညီ တွေကို တောင်းခံ နေတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးဌာနပြော ခွင့်ရ ဟွာချန်းယဉ်က မြို့တော် ပီကင်းက ပုံမှန် သတင်းစာရှင်း လင်းပွဲအတွင်း ဆစ်ဒနီ မောနင်း ဟာရဲဒ်သတင်း စာရဲ့မေးခွန်း အပေါ် ခုလို မှတ် ချက်ပြု ပြော ဆိုလိုက်တာပါ။

DKBA ကလိုထူးဘောတပ်ဖွဲ့ ဗျူဟာမှူး တာဝန်ကရပ်စဲ

ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA က ကလိုထူးဘောတပ်ဖွဲ့ ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး စောဆန်းအောင်ကို ထုတ်ပယ်လိုက်ကြောင်း DKBA က ဒီကနေ့ ကြေညာလိုက်ပါတယ်။
ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွါးခဲ့တဲ့ အစိုးရတပ်တွေနဲ့ ပစ်ခတ်မှုတွေမှာ ဒုတိယဗိုလ်မှူးကြီးစောဆန်းအောင်က အဓိက တာဝန်ရှိတဲ့အပြင် ဌာနချုပ်ကိုလာရောက်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် တာဝန်ကရပ်စဲလိုက်တာဖြစ်တယ်လို့ ဒီကေဘီအေအဖွဲ့က ဗိုလ်မှူးထွန်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဝယ်ယူထားသော အမြန် ရေယာဉ်များရေချပွဲကျင်းပ

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဝယ်ယူထားသော အမြန် ရေယာဉ် နှစ်စင်းနှင့် ကင်းလှည့်ရေယာဉ် တစ်စင်းတို့အား ရေချပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး အနီး ဆိပ်ခံတံတား၌ ကျင်းပရာ အခမ်းအနားသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရေယာဉ် လုပ်သားများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် သဘာဝ ဘေးအန္တရာယ် ကျရောက်စဉ်နှင့် ဘေးအန္တရာယ် ကျရောက်မှုတွင် ရှာဖွေ ကယ်ဆယ်ခြင်း၊ ထောက်ပံ့ခြင်း လုပ်ငန်းများကို အချိန်တိုအတွင်း ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် အတွက် ရေယာဉ်များကို ဝယ်ယူခြင်း ဖြစ်ကြောင်း၊
သင်အရင်ထက် ၀ိတ်တက်လာတဲ့အခါ ဘယ်လိုအချက်တွေကို သတိထားပြီး ရှောင်ကြဉ်ပြုမူသင့်သလဲဆိုတာ အရေးပါလာပါပြီ။ ထပ်ပြီးဝိတ်မတက်ဖို့ ထိန်းထားရမယ့်အပိုင်းကလည်း အရေးကြီးတာမို့ လုပ်နေကျအပြုအမူတွေထဲက တစ်ချို့ကို သတိထားပြီး မပြုလုပ်မိအောင် ရှောင်ပါ။
၁။နေ့လည်စာ၊ မနက်စာ မစားဘဲ နေတာမျိုးတွေ မလုပ်ပါနဲ့။
မနက်စာ မစားပဲနေလိုက်တာ၊ နေ့လည်စာ မစားပဲ ကျော်လိုက်တာမျိုးတွေဟာ သင့်ကို ရေရှည်အတွက် အဆင်ပြေစေမှာ မဟုတ်ပါဘူး။ တစ်ရက်နှစ်အတွက် ၀ိတ်ကျသွားရင်တောင် ခဏပါပဲ။ ဒါ့အပြင် သင်သတိထားရမယ့်အရာက ဆက်တိုက်စားနေတာမျိုးကိုလည်း မလုပ်ဖြစ်အောင် ရှောင်ပါ။ တစ်ခါစားပြီဆိုရင် ဘာစားသင့်သလဲ၊ ငါ ဒါကိုစားလိုက်ရင် နောက်ထပ်တစ်နာရီလောက်ဆို တစ်ခုခုထပ်စားချင်မှာလား ဆိုတာ တွေးပါ။

အပြေးချန်ပီယံ Pistorius ထောင်ဒဏ်ငါးနှစ်ကျ

Photo: အပြေးချန်ပီယံ Pistorius ထောင်ဒဏ်ငါးနှစ်ကျ

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်

 တောင်အာဖရိက အပြေးချန်ပီယံ Oscar Pistorius ဟာ သူ့ရဲ့ချစ်သူ Reeva Steenkamp ကို သေနတ်နဲ့ ပစ်သတ်မှုနဲ့ တောင်အာဖရိက တရားသူကြီး တဦးက ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ချ လိုက်ပါတယ်။

အမှုစစစ်ချိန် ကတည်းကနေဆိုရင် ခုနစ်လနီးပါး ကြာပြီးတဲ့နောက် တရားသူကြီး Thokozile Masipa က ပရီတိုးရီးယားမြို့ တရားရုံးမှာ ဒီကနေ့ ပြစ်ဒဏ် ချမှတ်လိုက်တာပါ။

Pistorius ကို ထောင်ဒဏ် ၁၀ နှစ် ချသင့်တယ်လို့ အစိုးရရှေ့နေတွေကပြောပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ရှေ့နေအဖွဲ့ကတော့ Pistorius ကို နေအိမ်အကျယ်ချုပ် သုံးနှစ်နဲ့ လူမှုဝန်ထမ်းအလုပ်တွေလုပ်ဖို့ ချမှတ်သင့်တယ်လို့ လျှောက်လဲကြပါတယ်။

ခြေနှစ်ဖက်စလုံးဖြတ်ထားရတဲ့ Pistorius ဟာ ထောင်ထဲမှာ အခက်အခဲတွေ့ပါလိမ့်မယ်လို့ သူ့ရဲ့ရှေ့နေတွေက လျှောက်လဲပေ မယ့် တရားသူကြီးကတော့ အကျဉ်းဦးစီးဌာနဟာ အထူးလိုအပ်ချက်ရှိသူ အကျဉ်းသားတွေကို ထောင်ထဲမှာ ကောင်းကောင်း ထိန်းသိမ်းဖို့ လုပ်ဆောင်ထားတဲ့အပေါ် သူကျေနပ်တယ်လို့ပြောပြီး အဲဒီလျှောက်လဲချက်ကို ပယ်ချတာပါ။

Pistorius ဟာ ပိတ်ထားတဲ့ သူ့အိမ်ရေချိုးခန်းတံခါးကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတုန်းက သေနတ်နဲ့ပစ်တာကြောင့် Steenkamp သေဆုံးသွားတဲ့အတွက် တာဝန်ရှိတယ်ဆိုပြီး ပြီးခဲ့တဲ့လမှာ စီရင်ချချခံထားရပါတယ်။ သူကတော့ အိမ်ထဲကို ညဘက် လူဝင်နေတယ်လို့ထင်ပြီး ပစ်တာလို့ လျှောက်လဲပါတယ်။

အိုလံပစ်အပြေးသမား Pistorius ဟာ ပိုပြီးပြင်းထန်တဲ့ လူသတ်မှုစွဲချက်တွေနဲ့ ရင်ဆိုင်ရပေမယ့် Steenkamp ကို ရည်ရွယ်ချက်ရှိရှိ ပစ်သတ်ခဲ့တယ်ဆိုတာ အစိုးရရှေ့နေတွေက သက်သေမပြနိုင်ဘူးလို့ တရားသူကြီး Masipa က ဆုံးဖြတ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

တောင်အာဖရိက အပြေးချန်ပီယံ Oscar Pistorius ဟာ သူ့ရဲ့ချစ်သူ Reeva Steenkamp ကို သေနတ်နဲ့ ပစ်သတ်မှုနဲ့ တောင်အာဖရိက တရားသူကြီး တဦးက ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ချ လိုက်ပါတယ်။
အမှုစစစ်ချိန် ကတည်းကနေဆိုရင် ခုနစ်လနီးပါး ကြာပြီးတဲ့နောက် တရားသူကြီး Thokozile Masipa က ပရီတိုးရီးယားမြို့ တရားရုံးမှာ ဒီကနေ့ ပြစ်ဒဏ် ချမှတ်လိုက်တာပါ။

၂၀၁၅ တွင် ဧည့်နိုင်ငံသားနှင့် ယာယီသက်သေခံကတ် ကိုင်ဆောင်သူများ မဲပေးခွင့်မပြုဟု ဦးတင်အေးပြော

၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဧည့်နိုင်ငံသားနှင့် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင် သူများကို နိုင်ငံရေးပါတီထူထောင်ခွင်၊့ ပါတီဝင်ဖြစ်ခွင့် နှင့်မဲပေးခွင့်ပြုခဲ့သော်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ နိုင်ငံရေးပါတီထူထောင်ခွင့်၊ ပါတီဝင်ဖြစ်ခွင့်မပြုသည့်အပြင် မဲပေးခွင့်လည်း မပြုတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ယနေ့ ရန်ကုန်မြို့ ၊ ပန်ဒါဟိုတယ်တွင် ကျင်းပသော နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။
သမ္မတဦးသိန်းစိန်က ယခင်စစ်အစိုးရလက်ထက်က ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများမှ အချက်အလက် တချို့ကို ပြန်လည်ပြင်ဆင်လိုက်ပြီဖြစ်ပြီးယင်းပြင်တင်ချက်အရ ဧည့်နိုင်ငံသား၊ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူများကို ယခင် ခွင့်ပြုထားသည့် အခွင့်အရေးများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

လူသတ်မှု၊ လုယက်မှုမှ ထွက်ပြေးတိမ်းရှောင်နေသူအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

၃.၈.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ၊ ရဲဘော်ဟောင်းလမ်း၊ ဂျိုးဖြူပိုက်လုံးဘေးရှိ စိုက်ခင်းတဲ အတွင်း အမျိုးသား တစ်ဦး သေဆုံးနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အဆိုပါတဲတွင်နေထိုင်သော ဦးမောင်မောင်၊ (၆၈)နှစ်ဖြစ်ကြောင်း သိရှိရပါသည်။

အကြမ်းဖက် တိုက်ဖျက်ရေးဗဟို အပြီးသတ် မဖွဲ့နိုင်သေး


ဥပဒေပြဋ္ဌာန်းပြီး ငါးလကျော်ချိန်အထိ ပြည်ထဲရေးဝန်ကြီး ဦးဆောင်ရမည့် အကြမ်းဖက် တိုက်ဖျက်ရေး ဗဟိုဖွဲ့စည်းမှု လုပ်ငန်း အဆုံးမသတ်နိုင်သေးဟု  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူးချုပ် စိုးမြိုင်၏ ဖြေကြားချက်က ဆိုသည်။
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို ဇွန်လ ၄ရက်တွင် အတည်ပြုပြီးဖြစ်၍ ဗဟိုအဆင့် အဖွဲ့ ဖွဲ့ရန်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကတာဝန်ယူ ပြင်ဆင်နေခြင်းဖြစ်သည်။

"ဗဟိုအဖွဲ့ဖွဲ့ဖို့ အစီရင်ခံစာကို ၀န်ကြီးဌာနကို တင်ထားပြီးပါပြီ။ အပြီးသတ်ဖွဲ့ဖို့က မကြာတော့ပါဘူး။ အဲဒီအချိန်ကျမှ ဆက်စပ် ကော်မတီတွေကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ထပ်ဖွဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုတွေကို ဆက်လုပ်မှာပါ"ဟု ရဲမှုးချုပ် စိုးမြိုင်က ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲ သတ်မှတ်ချိန်တွင် မဖြစ်မနေကျင်းပပေးရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

၂၀၁၅ ရွေးကောက်ပွဲသည် တရားမျှတပြီး လွတ်လပ်ရုံ သာမက ရွေးကောက်ပွဲကျင်းပရန် သတ်မှတ် ထားသည့်အချိန်အ တိုင်း မဖြစ်မနေ ကျင်းပပေးရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်သည်။

ရုံးပတီသီးမှ သင်ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

Photo: ရုံးပတီသီးမှ သင်ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ရုံးပတီသီးကို (အင်္ဂလိပ်လို Okra, Gumbo ၊ Lady Lady’s Finger )လို့ သိရပြီး အဓိကအားဖြင့် နွေရာသီအချိန်မှာ ရရှိနိုင်တဲ့ ရာသီပေါ်အသီးအရွက် တစ်မျိုးဖြစ်ပါတယ်။ ရုံးပတီသီးကို အာဟာရတွေနဲ့ ဗင်တာမင်မြောက်များစွာပါဝင်တဲ့ စွမ်းအင်သိုလှောင်ရာ နေရာလို့တောင် ခေါ်ဝေါ်ပြောဆိုကြပါတယ်။ ကျွန်ုပ်တို့ ရုံးပတီသီးကို ပုံမှန်စားသုံးနေကြပေမဲ့ အများစုက ၎င်းကိုစားသုံးရခြင်းရဲ့အကျိုးကို မသိကြပါဘူး။ ရုံးပတီသီးကနေရရှိတဲ့ ကျန်းများရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ရုံးပတီသီးကို များစွာသော ဗင်တာမင်၊ ဓာတ်ဆားဓာတ်၊ အမျှင်ဓာတ် နဲ့ တခြား အာဟာရဓာတ်တွေ နဲ့ ဖွဲ့စည်းထားပါတယ်။ ရုံးပတီသီးမှာ ဗီတာမင် A၊ B1၊ B3၊ B6၊ C နဲ့ K တို့ပါဝင်တယ်။ folic acid၊ calcium၊ zinc၊ riboflavin၊ magnesium၊ manganeseနဲ့ Beta carotene စသည်တို့ ပါဝင်တဲ့ အမျှင်ဓာတ်များစွာကိုလည်း ရရှိစေတယ်။

ရုံးပတီသီးကနေရရှိတဲ့ အံ့သြဖွယ်ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့… -

- ကိုယ်ဝန်သည်တွေကို ကျန်းမာသန်စွမ်းစေခြင်း ၊

- ကျောက်ကပ် ပိုမိုကျန်းမာစေခြင်း ၊

- အူမကြီးသန့်စင်စေခြင်း၊

- ပန်းနာရောဂါကွယ်ကာပေးခြင်း ၊

- အသားရေတောက်ပစေခြင်း၊

- အလေးချိန်လျော့ကျစေခြင်း နဲ့

- ဝမ်းချုပ်မှုအတွက်ကောင်းမွန်ခြင်း တို့ပဲ ဖြစ်ပါတယ်။

Credit to Trend Myanmar
K.K(ကနောင်)
ရုံးပတီသီးကို (အင်္ဂလိပ်လို Okra, Gumbo ၊ Lady Lady’s Finger )လို့ သိရပြီး အဓိကအားဖြင့် နွေရာသီ အချိန်မှာ ရရှိနိုင်တဲ့ ရာသီပေါ်အသီးအရွက် တစ်မျိုးဖြစ်ပါတယ်။ ရုံးပတီသီးကို အာဟာရတွေနဲ့ ဗင်တာမင်မြောက် များ စွာပါဝင်တဲ့ စွမ်းအင်သိုလှောင်ရာ နေရာလို့တောင် ခေါ်ဝေါ်ပြောဆိုကြပါတယ်။

ထိုင်းနှင့် မလေးရှားတွင်လည်း မြန်မာများ မဲပေးနိုင်တော့မည်

ထိုင်း နှင့် မလေးရှားနိုင်ငံများတွင် တရား ဝင်ရောက်ရှိနေသူအရေအတွက် များပါက ထိုသူများ မဲပေးနိုင်ရန် ယင်းနိုင်ငံများတွင် မဲရုံများ သွား ရောက် ဖွင့်လှစ်ပေးမည်ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

နာမည်ကြီး ကြော်ငြာဒါရိုက်တာကို Sexy Dance ကမပြလို့ ကြော်ငြာရိုက်ကူးဖို့ ငြင်းပယ်ခံခဲ့ရဖူးတယ်ဆိုတဲ့ ခင်ဝင့်ဝါ

Photo: နာမည်ကြီး ကြော်ငြာဒါရိုက်တာကို Sexy Dance ကမပြလို့ ကြော်ငြာရိုက်ကူးဖို့ ငြင်းပယ်ခံခဲ့ရဖူးတယ်ဆိုတဲ့ ခင်ဝင့်ဝါ
Tuesday, October 21, 2014

နာမည်ကြီး ကြော်ငြာဒါရိုက်တာတစ်ဦးကို Sexy Dance ကမပြလို့ ကြော်ငြာရိုက်ကူးဖို့ ငြင်းပယ်ခံရဖြစ်ခဲ့တဲ့ ခင်ဝင့်ဝါက အဲဒီ ဖြစ်ရပ်အပေါ် Sunday ကို အခုလိုရှင်းပြပါတယ်။ -- ပြောရရင် အဲဒီလိုမျိုး မကပြဖြစ်ခဲ့လို့ နောင်တရတာမျိုး မရှိခဲ့ဘူး။ ခင်ဝင့်ဝါ က ကံကို ယုံကြည်ပါတယ်။ အဲဒီအချိန်မှာ ဖြစ်နေခဲ့တဲ့ ကိုယ့်ရဲ့ ယုံကြည်မှုကလည်း စေတနာကောင်းစရင် ကံကောင်းမယ်။ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူးဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအလုပ်က မကောင်းမှန်းသိသိကြီးနဲ့တော့မလုပ်နိုင်ဘူး။ ကိုယ့်ကို အဲဒီတုန်းက မရွေးဘူး ဆိုတော့လည်း ၀မ်းမနည်းပါဘူး။ ကိုယ့်ရဲ့ အကျင့်စာရိတ္တ၊ အကျင့်သိက္ခာကို ထိခိုက်စေတဲ့ ပုံစံမျိုးဆိုရင် ဘယ်လိုမက်လုံးပေးပေးလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်ကို တကယ်လာပြီး မြေတောင်မြှောက်ပေးမယ့်လူဆိုရင် မကောင်းတာလုပ်ခိုင်းမှာ မဟုတ်ဘူး။ ကောင်းတာပဲခိုင်းမှာ။ ကောင်းသောအမည်နဲ့ ကောင်းသော ကျော်ကြားခြင်းကို ပဲ ဖြစ်အောင်လုပ်ခိုင်းမှာပါ==လို့ ဆိုပါတယ်။ 

ဆက်လက်ပြီးလည်း သူမရဲ့ စိတ်သဘောထားကို အခုလို ပြောပြပါတယ်။ ...ခင်ဝင့်ဝါက မခံချင်စိတ်ရှိတော့ရှိတယ်။ အငြိုးအတေးတော့ မရှိဘူး။ သူကတော့ မင်းသမီးမဖြစ်နိုင်ဘူး ဆိုပြီး ပြောပေမယ့် အခုတော့ မင်းသမီးဖြစ်နေပြီ။ သူက ကိုယ့်ကို မှတ်မိရဲ့လားလို့ တစ်ခါတလေတွေးမိတယ်။ သူအဲဒီပြောတဲ့ အချိန်တုန်းကဒေါသမဖြစ်ခဲ့သလို အခုလည်းဒေါသမဖြစ်ပါဘူး။ ကိုယ်က အဲဒါကိုတွန်းအားအဖြစ် ယူပြီးကြိုးစားခဲ့လို့ ဘာဆုံးရှုံးမှုမျိုးမှ လည်း မဖြစ်ခဲ့ပါဘူး ...။ လို့ ပြောပြခဲ့ပါတယ်။

Sunday Journal
နာမည်ကြီး ကြော်ငြာဒါရိုက်တာတစ်ဦးကို Sexy Dance ကမပြလို့ ကြော်ငြာရိုက်ကူးဖို့ ငြင်းပယ် ခံရဖြစ် ခဲ့တဲ့ ခင်ဝင့်ဝါက အဲဒီ ဖြစ်ရပ်အပေါ် Sunday ကို အခုလိုရှင်းပြပါတယ်။ -- ပြောရရင် အဲဒီလိုမျိုး မကပြဖြစ် ခဲ့လို့ နောင်တရတာမျိုး မရှိခဲ့ဘူး။ ခင်ဝင့်ဝါ က ကံကို ယုံကြည်ပါတယ်။ အဲဒီအချိန်မှာ ဖြစ်နေခဲ့တဲ့ ကိုယ့်ရဲ့ ယုံကြည် မှုကလည်း စေတနာကောင်းစရင် ကံကောင်းမယ်။ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူး ဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအလုပ်က မကောင်းမှန်းသိသိကြီးနဲ့တော့မလုပ်နိုင်ဘူး။ ကိုယ့်ကို အဲဒီ တုန်းက မရွေးဘူး ဆိုတော့လည်း ၀မ်းမနည်းပါဘူး။ ကိုယ့်ရဲ့ အကျင့်စာရိတ္တ၊ အကျင့်သိက္ခာကို ထိခိုက်စေ တဲ့ ပုံစံမျိုးဆိုရင် ဘယ်လိုမက်လုံးပေးပေးလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်ကို တကယ်လာပြီး မြေတောင်မြှော က်ပေး မယ့်လူဆိုရင် မကောင်းတာလုပ်ခိုင်းမှာ မဟုတ်ဘူး။ ကောင်းတာပဲခိုင်းမှာ။ ကောင်းသောအမည်နဲ့ ကောင်းသော ကျော်ကြားခြင်းကို ပဲ ဖြစ်အောင်လုပ်ခိုင်းမှာပါ==လို့ ဆိုပါတယ်။ 

အိမ်ထောင်ပြုမယ့် ယနေ့ခေတ်လူငယ်တွေအတွက် မှတ်သားစရာ

Photo: အိမ်ထောင်ပြုမယ့် ယနေ့ခေတ်လူငယ်တွေအတွက် မှတ်သားစရာ
Tuesday, October 21, 2014

အမျိုးသားအတော်များများက မိန်းမတွေကို လက်ထပ်လိုက်ပြီဆိုရင် သူတို့ပျော်ရွှင်မှုအတွက် အသုံးတော်ခံအဖြစ်သာ ထင်မှတ်ထားတတ်ကြများပါတယ်။ ဒါကြောင့် ဒီအချက်လေးတွေကို စဉ်းစားဆင်ခြင်ကြည့်စေလိုပါတယ်…

သင့်အတွက် သူမအနေနဲ့ ဘာတွေ ပေးဆပ်ခဲ့ရတယ်ဆိုတာ စဉ်းစားကြည့်လိုက်ပါ။ မိန်းမသားအများစု အိမ်ထောင်ပြုတဲ့အခါ ဒါတွေကို အနည်းအများ လုပ်ကြရတာချည်းပါပဲ။ သူမ… သူ့နာမည်ပြောင်းခဲ့ရတယ်

သူအိမ် ပြောင်းနေ ရတယ်

မိသားစုကို ထားခဲ့ရတယ်

သင်နဲ့အတူ အိုးအိမ်တစ်လုံး လက်တွဲထူထောင်ရတယ်

သင့်အတွက် ကိုယ်ဝန်လွယ်ပေးရတယ်

ကိုယ်ဝန်ကြောင့် သူ့ခန္ဓာကိုယ် အချိုးအစားပြောင်းလဲခဲ့ရတယ်

သူမခန္ဓာကိုယ် အဆီတွေတက်လာတယ်

ခံနိုင်ရည်ရှိဖို့မလွယ်ကူတဲ့ ကလေးမွေးဖွားတဲ့ နာကျင်မှုဝေဒနာတွေကြောင့် သားဖွားဆောင်တွင် သူပိုင်ဆိုင်ထားသမျှ အကုန်အစင် စွန့်လွှတ်ခဲ့ရတယ်။ သူမွေးခဲ့တဲ့ ကလေးတွေတောင် သင့်နာမည် မည့်ပေးရတယ်။

သူသေသွားတဲ့အချိန်ထိတိုင် သူလုပ်ခဲ့သမျှ (အချက်အပြုတ်၊ အိမ်သန့်ရှင်းရေးအလုပ်၊ သင့်မိဘကို ပြုစုစောင့်ရှောက်ပေးခြင်း၊ ကလေးတွေကို လူလားမြောက်အောင် ပြုစုပျိုးထောင်ခြင်း၊ ဝင်ငွေရှာခြင်း၊ သင်သက်သက်သာသာရှိနေနိုင်အောင် ဖန်တီးပေးခြင်၊ မိသားစုတစ်ခုလုံးရဲ့ ဆက်ဆံရေးကို ထိန်းချုပ်ပဲ့ကိုင်ပေးခြင်း၊ သင့်အတွက် အကျိုးဖြစ်ထွန်းစေခဲ့သမျှ အရာတွေ၊ တခါတရံ သူမအသက်၊ ဝါသနာ နဲ့ အလှအပကိုတောင် အရှုံးခံလျက်နဲ့ပေါ့။

ဒီလိုဆိုရင် တကယ် အဖြည့်ခံဘဝနဲ့ သင့်အတွက်ရှိနေပေးတာ ဘယ်သူဖြစ်မလဲ…

မိန်းမတစ်ယောက်ဖြစ်ရတာ မလွယ်ကူတဲ့အတွက် အမျိုးသားတွေ အမျိုးသမီးတွေကို ဘဝမှာ အမြဲတမ်း တန်ဖိုးထားနိုင်ကြပါစေ။

Being a woman is priceless…???

မူရင်းရေးသားသူ - Desmond Elliot 

Trend Myanmar
အမျိုးသားအတော်များများက မိန်းမတွေကို လက်ထပ်လိုက်ပြီဆိုရင် သူတို့ပျော်ရွှင်မှုအတွက် အသုံးတော်ခံ အဖြစ်သာ ထင်မှတ်ထားတတ်ကြများပါတယ်။ ဒါကြောင့် ဒီအချက်လေးတွေကို စဉ်းစားဆင်ခြင်ကြည့်စေ လိုပါတယ်…

မိုဘိုင်းဖုန်းနံပါတ်အလှနှင့် အပူးဂဏန်းများကို တယ်လီနောက ဈေးနှုန်းမြှင့်ရောင်းချမည်

Photo: မိုဘိုင်းဖုန်းနံပါတ်အလှနှင့် အပူးဂဏန်းများကို တယ်လီနောက ဈေးနှုန်းမြှင့်ရောင်းချမည်
Tuesday, October 21, 2014

နိုင်ငံ တကာတွင်ရောင်းချနေသည့် ပုံစံအ တိုင်း မိုဘိုင်းဖုန်းနံပါတ်အလှနှင့် အပူးဂဏန်းများကို ဈေးနှုန်းမြှင့်ကာ သီးသန့်ရောင်းချရန် စီစဉ်ထားကြောင်း တယ်လီနော(မြန်မာ)မှ သိရသည်။
ဆင်းမ်ကတ်နံပါတ်များ သီး သန့်ရွေးချယ်ဝယ်ယူအသုံးပြုနိုင် ရန် မူလဆင်းမ်ကတ်ရောင်းဈေး ကျပ် ၁၅ဝဝထက် ဈေးနှုန်းမြှင့်၍ ရောင်းချပေးရန်စီစဉ်ထားပြီး လက် ရှိဆင်းမ်ကတ်များ ရောင်းချနေသည့် မန္တလေးနှင့် နေပြည်တော်တို့၌ ရောင်း ပေးနိုင်ရန်စီစဉ်ထားသည်။
တယ်လီနော(မြန်မာ)မှ အမှု ဆောင်အရာရှိချုပ် Mr.Petter Furberg က ''တယ်လီနောဆင်းမ်ကတ် တွေမှာ နံပါတ်အလှနဲ့ အပူးနံပါတ် တွေပေါ်မူတည်ပြီး ဈေးနှုန်းကွာခြား မှာပါ၊ နိုင်ငံတကာမှာလဲ ဒီလိုပုံစံအ တိုင်း သီးသန့်ရောင်းချတာတွေ ရှိ တယ်၊ ဘယ်လောက်နဲ့ ဝယ်နိုင်မယ် ဆိုတာတော့ အတိအကျ မသတ်မှတ် ရသေးဘူး''ဟု ပြောသည်။
ယင်းအပြင် ဆင်းမ်ကတ်နံပါတ် များကို ဝယ်ယူသူ၏စိတ်ကြိုက်ဂဏန်း များ၊ မွေးနေ့များအစရှိသဖြင့် တယ် လီနောအရောင်းဆိုင်များတွင် ရွေး ချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

''ဥပမာ ကိုယ့်မွေးနေ့လို နံပါတ် မျိုးရွေးပြီး ဝယ်လို့ရမယ်၊ အဲဒီနံပါတ် က တစ်ခုပဲရှိမှာဆိုတော့ ဝယ်ပြီး သွားရင်တော့ ဝယ်သုံးလို့ရနိုင်မှာ မဟုတ်တော့ဘူး၊ ရန်ကုန်မှာလဲ ဒီ လို ဆင်းမ်ကတ်တွေ ရောင်းပေးဖို့ ရှိတယ်''ဟု Mr.Petter Furberg က ထပ်မံပြောသည်။
အဆိုပါ အော်ပရေတာမှ ဆင်းမ် ကတ်နှင့် ငွေဖြည့်ကတ်များကို နောက်ပိုင်းတွင် အွန်လိုင်းပေါ်မှ ဝယ်ယူနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်ထားသည့်ု မိုဘိုင်းဖုန်း အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦး က ''အရောင်းဆိုင်တွေမှာ စီးရီး နံပါတ်အလိုက် ချပေးစေချင်တယ်၊ တခြားနိုင်ငံတွေမှာ ဘယ်လိုရောင်း လဲဆိုတာတော့မသိဘူး၊ နံပါတ်အလှ တွေကို သီးသန့်ရောင်းမယ်ဆိုတာ တော့ သိပ်အဆင်မပြေလှဘူး၊ အ ရောင်းဆိုင်တွေပါ ရောင်းလို့ရမယ့် အခြေအနေတစ်ခုလုပ်ပေးသင့်တယ်'' ဟု ပြောသည်။

ယင်းကဲ့သို့ နံပါတ်အလှနှင့် အ ပူးဂဏန်းများကို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ယခင်ကလေလံစနစ် ဖြင့် ရောင်းချခဲ့ခြင်းများရှိပြီး ကျပ် သိန်း ၅ဝနှင့် အထက်ဖြင့် ဝယ်ယူခဲ့ သည့် နံပါတ်အလှများပင်ရှိသည်။
လက်ရှိတွင် တယ်လီနော(မြန် မာ)မှ ဆင်းမ်ကတ်များကို မန္တလေး နှင့် နေပြည်တော်တွင် ရောင်းချလျက် ရှိပြီး ရန်ကုန်တွင် ယခု ၂၅ ရက်မှ ၃ဝ ရက်အတွင်း ရောင်းချမည်ဟု ထုတ်ပြန်ထားသည်။

Yangon Media Group
နိုင်ငံတကာတွင်ရောင်းချနေသည့် ပုံစံအတိုင်း မိုဘိုင်းဖုန်းနံပါတ်အလှနှင့် အပူးဂဏန်းများကို ဈေးနှုန်းမြှင့် ကာ သီးသန့်ရောင်းချရန် စီစဉ်ထားကြောင်း တယ်လီနော(မြန်မာ)မှ သိရသည်။

"အတုယူစရာ ဖင်လန်နိုင်ငံ ပညာရေးစနစ်"

မြန်မာနိုင်ငံပညာရေးစနစ်ဟာ အချိန်ကာလတစ်ခုအထိ စနစ်တကျဖျက်ဆီးခြင်းခံခဲ့ရတာ လူတိုင်း အသိပါပဲ။ အခုတော့ ဒီမိုကရေစီစနစ်အရ ပွင့်လင်းမြင်သာမှုနဲ့အတူ အခြေခံ အကျဆုံး ပြုပြင်ပြောင်းလဲမှု စတင်ပြုလုပ် ရမှာ ပညာရေးစနစ်ဆိုတာ သဘောပေါက်ခဲ့ကြပါတယ်။

မြန်မာအသင်းစွမ်းဆောင်မှုအပေါ် ပရိသတ်များချီးကျူး

မြန်မာယူ-၁၉အသင်း  ကာတာအသင်းကို ရှုံးနိမ်ခဲ့သော်လည်း အသင်း၏ပြိုင်ပွဲဝင်စိတ် ဓာတ်နှင့်ခြေစွမ်း အပေါ် လူမှုကွန်ရက်များမှတစ် ဆင့်ချီးကျုးမှုများပြုလုပ်ခဲ့ကြသည်။

လေယာဉ် မတော်တဆမှုကြောင့် Total ရေနံကုမ္ပဏီ၏ အမှုဆောင်ချုပ် သေဆုံး

Photo: လေယာဉ် မတော်တဆမှုကြောင့် Total ရေနံကုမ္ပဏီ၏ အမှုဆောင်ချုပ် သေဆုံး
Tuesday, October 21, 2014

ပြင်သစ်ရေနံကုမ္ပဏီကြီး Total ၏ အမှုဆောင် အရာရှိချုပ် ခရစ္စတိုဖာ ဒီမာဂျရီသည် ရုရှားနိုင်ငံတွင် ဖြစ်ပွားသည့် လေယာဉ် မတော်တဆမှု တစ်ခုအတွင်း သေဆုံးသွားကြောင်း သိရသည်။

မော်စကိုရှိ လေဆိပ်တာဝန်ရှိ အမျိုးသမီး အီလီနာ ခရိုင်လိုဗာက “အောက်တိုဘာ (၂၀)ရက် ညပိုင်းက လေယာဉ်တစ်စီးဟာ ဆီးနှင်းရှင်းလင်းတဲ့ ကိရိယာ တစ်ခုကို ဝင်တိုက်ခဲ့ပါတယ်။ လေယာဉ်အမှုထမ်း (၃)ဦးနဲ့ ခရီးသည်(၁)ဦး သေဆုံးပါတယ်။ သေဆုံးတဲ့ ခရီးသည်ဟု Totalရဲ့ အကြီးအကဲ ဒီမာဂျရီဖြစ်ကြောင်း ကျွန်မ အတည်ပြုပါတယ်”ဟု ပြောကြားခဲ့သည်။

ဒီမာဂျရီသည် ဥရောပ၏ တတိယ အကြီးဆုံး ရေနံကုမ္ပဏီကြီး Total ၏ အမှုဆောင်အရာရှိချုပ် တာဝန်ကို (၂၀၀၇)ခုနှစ်တွင် စတင်ထမ်းဆောင်ခဲ့သည်။ ဒီမာဂျရီ သေဆုံးမှု သတင်းကို Total ကလည်း သီးခြားထုတ်ပြန် ကြေညာခဲ့သည်။

ရုရှား၏ အရေးပေါ် အခြေအနေ ထိန်းသိမ်းစီမံရေး ဝန်ကြီးဌာနက Falcon-50 အမျိုးအစား လေယာဉ်တစ်စီးသည် မော်စကို စံတော်ချိန် ညသန်းခေါင် ဝန်းကျင်တွင် ပျက်ကျခဲ့ကြောင်း သိရသည်။ လေယာဉ်သည် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်သို့ ဦးတည်ပျံသန်းခဲ့ခြင်း ဖြစ်ပြီး လေယာဉ်အမှုထမ်း (၃)ဦးစလုံးသည်လည်း ပြင်သစ်နိုင်ငံသားများ ဖြစ်ကြသည်။

အသက်(၆၃)နှစ်ရှိ ဒီမာဂျရီသည် ရေနံနှင့် စွမ်းအင်လုပ်ငန်းတွင် ကမ္ဘာသိ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ၎င်းသည် Total ကုမ္ပဏီတွင် ဝန်ထမ်းလုပ်သက် တစ်ဘဝလုံးစာ မြှုပ်နှံခဲ့သူ ဖြစ်ပြီး ၎င်းသေဆုံးခြင်းက Totalအတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်လည်း ဖြစ်လာသည်။

Shell ရေနံကုမ္ပဏီ၏ ဥက္ကဋ္ဌဟောင်း ဂျွန်ဟော့ဖ်မိုင်စတာက “ပြောရမယ်ဆိုရင် ဒါဟာ ရေနံလုပ်ငန်း တစ်ခုလုံးနဲ့ ဒီလုပ်ငန်း နယ်ပယ်ရဲ့ အနာဂတ် မျှော်လင့်ချက်တွေအတွက် ထိုးနှက်ချက် တစ်ရပ်ပါ။ Total အတွက် သူလုပ်ဆောင်ခဲ့သမျှဟာ အားလုံး လေးစား အားကျရတဲ့ အခြေအနေမျိုး ရှိခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။

ဒီမာဂျရီသည် ၎င်း၏ အမှုဆောင်ချုပ် တာဝန်ထမ်းဆောင်မှု ကာလအတွင်း Total ကုမ္ပဏီ အနေဖြင့် ကုလသမဂ္ဂက အီရတ်နိုင်ငံတွင် အကောင်အထည် ဖော်နေသည့် လောင်စာနှင့် စားနပ်ရိက္ခာ အစီအစဉ်တွင် အကျင့်ပျက် ခြစားမှုများ ရှိခဲ့ကြောင်း စွပ်စွဲမှုများကို အောင်အောင်မြင်မြင် တွန်းလှန် ရပ်တည်နိုင်ခဲ့သည်။

Ref: BBC

Photo - CNBC
Photo - CNBC
ပြင်သစ်ရေနံကုမ္ပဏီကြီး Total ၏ အမှုဆောင် အရာရှိချုပ် ခရစ္စတိုဖာ ဒီမာဂျရီသည် ရုရှားနိုင်ငံတွင် ဖြစ်ပွားသည့် လေယာဉ် မတော်တဆမှု တစ်ခုအတွင်း သေဆုံးသွားကြောင်း သိရသည်။

ကမ္ဘာ့ဖလားတွင် လက်ရှိအသင်းထက် ပိုကောင်းသည့်အသင်းကို တွေ့ရမည်

လာမယ့်ယူ ၂၀ ကမာ့ဖလားပြိုင်ပွဲမှာလက်ရှိ အသင်းထက် ပိုကောင်းတဲ့ မြန်မာယူ ၁၉ အသင်းကို မြင်တွေ့ ရမယ်လို့ နည်းပြ ဂတ်ဖရိုင်းဒရစ်က ပြောဆိုလိုက်ပါတယ်။

ယာဉ်ဖြင့်တိုက်မိသကဲ့သို့ ဟန်ဆောင်ကာ လျော်ကြေးငွေတောင်းခံသူများကို ဖမ်းဆီးရမိ

Photo: ယာဉ်ဖြင့်တိုက်မိသကဲ့သို့ ဟန်ဆောင်ကာ လျော်ကြေးငွေတောင်းခံသူများကို ဖမ်းဆီးရမိ
Tuesday, October 21, 2014

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယာဉ်ဖြင့်တိုက်မိဟန်ဆောင်၍ လျော်ကြေးငွေ
တောင်းခံသည့်အဖွဲ့မှ ပါဝင်သူများကို ကျောက်တံတားမြို့နယ်အတွင်း၌ ဖမ်းဆီးရမိခဲ့ပြီး အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ၁၂.၁၀.၂၀၁၄ ရက်နေ့ ၁၈၀၀ အချိန်ခန့်တွင် ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းမှ မဟာဗန္ဓုလပန်းခြံလမ်းသို့ ချိုးကွေ့မောင်းနှင်လာသောမော်တော်
ယာဉ်တစ်စီးအား အမျိုးသား တစ်ဦးမှ ပွတ်တိုက်ခံရသည်ဟုဟန်ဆောင်ပြီး ၎င်း၏အဖော်(၂)ဦးနှင့်အတူ ယာဉ်မောင်းထံမှ လျော်ကြေးငွေတောင်းခံခဲ့ရာ ၎င်းတို့(၃)ဦးမှာ ၁၀.၁၀.၂၀၁၄ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၌ ယခု
ကဲ့သို့ဟန်ဆောင်၍ အဆိုပါယာဉ်မောင်းသူထံမှပင် လျော်ကြေးငွေတောင်းခံ
ခဲ့ဖူးသူများ ဖြစ်ကြောင်းကို ယာဉ်မောင်းမှ မှတ်မိသိရှိသဖြင့် တစ်ဦးအားဖမ်းဆီး
ခဲ့ပြီး ကျောက်တံတားမြို့မရဲစခန်း သို့ ဆက်သွယ်အကြောင်းကြားစဉ် အတူပါသူ
(၂)ဦးမှာ ထွက်ပြေးသွားခဲ့ကြပါသည်။

ကျောက်တံတားမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးရမိသူ အမျိုးသားအား စစ်ဆေးရာ ဒလမြို့နယ်နေထိုင်ကာ ပန်းဆိုးတန်းဆိပ်ကမ်းတွင် ကုန်တင်ကုန်ချ
လုပ်ကိုင်သူ ရာဂျား(ခ)သန့်ဇင်ဦး၊ (၂၄)နှစ်ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သွား
သူ(၂)ဦးမှာ ဇော်မျိုးလွင်နှင့် အုန်းရွှေဆိုသူ(၂)ဦးတို့ဖြစ်ကြောင်း၊ ၎င်းတို့(၃)ဦးသည် ယာဉ်ဖြင့်တိုက်မိသကဲ့သို့ဟန်ဆောင်ခဲ့ပြီး အဆိုပါယာဉ်မောင်းထံမှ ငွေကြေး
တောင်းခံရန် ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။ 

ဖမ်းဆီးရမိသူ ရာဂျား(ခ)သန့်ဇင်ဦးအား အလားတူကျူးလွန်ခဲ့မှုများကို ဖော်ထုတ်
စစ်ဆေးခဲ့ရာ ၎င်းတို့အဖွဲ့သည် ၉.၁၀.၂၀၁၄ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ်၊ စံပြငါးဈေးအနီး ကားလမ်းမပေါ်တွင် မော်တော်ယာဉ်တစ်စီးအား တိုက်မိဟန်
ဆောင်၍ ယာဉ်မောင်းထံမှ လျော်ကြေးငွေတောင်းခံခဲ့ရာ ၎င်းမှ ဝေစုအဖြစ်
ငွေကျပ်(၅၀၀၀)ရရှိခဲ့ကြောင်း၊ ၁၀.၁၀.၂၀၁၄ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၌ မော်တော်ယာဉ်တစ်စီး အားတိုက်မိသကဲ့သို့ဟန်ဆောင်၍ ယာဉ်မောင်း
သူထံမှ လျော်ကြေးငွေတောင်းခံခဲ့ရာ ၎င်းမှ ဝေစုအဖြစ်ငွေကျပ်(၅၀၀၀)ရရှိ
ခဲ့ကြောင်း၊ ၁၁.၁၀.၂၀၁၄ ရက်နေ့တွင် တာမွေ မြို့နယ်၊ သီတာလမ်း၌
မော်တော်ယာဉ်တစ်စီး အားတိုက်မိသကဲ့သို့ဟန်ဆောင်၍ ယာဉ်မောင်းသူထံမှ
လျော်ကြေးငွေတာင်းခံခဲ့ရာ ၎င်းမှ ဝေစုအဖြစ် ငွေကျပ်(၅၀၀၀)ရရှိခဲ့ကြောင်း
ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ ကျူးလွန်ရာတွင် ပါဝင်ပြီးထွက်ပြေးတိမ်းရှောင်သွားသူ
ဇော်မျိုးလွင်နှင့် အုန်းရွှေတို့ အား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ ဖမ်းဆီးရမိသူ ရာဂျား(ခ)သန့်ဇင်ဦးမှ ဇော်မျိုးလွင်နှင့် အုန်းရွှေဟု လိမ်လည်ပြောဆို
ခဲ့ခြင်းဖြစ်ကြောင်း စိစစ်သိရှိရပြီး အမှန်တကယ်ကျူးလွန်သူများမှာ ကတုံး
(ခ)ညွန့်စိန်၊ ရာစင်(ခ)ချမ်းငြိမ်းနှင့် အောင်မျိုးဦးတို့(၃)ဦးဖြစ်ကြောင်း သိရှိရသဖြင့် စုံစမ်းရှာဖွေ ဖမ်းဆီးခဲ့ရာ ၁၄.၁၀.၂၀၁၄ ရက်နေ့တွင် ကတုံး(ခ)ညွန့်စိန်အား ဒလမြို့နယ်ဆိပ်ကမ်းမှလည်းကောင်း၊ ရာစင်(ခ)ချမ်းငြိမ်းအား ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်အတွင်းမှလည်းကောင်း အသီးသီးဖမ်းဆီး ရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ဒလမြို့နယ်နေသူများဖြစ်သည့် ရာဂျား(ခ)သန့်ဇင်ဦး၊ (၂၄)နှစ်၊ ကတုံး(ခ)ညွန့်စိန်၊ (၄၄)နှစ်နှင့် ရာစင်(ခ)ချမ်းငြိမ်း၊ (၃၀)နှစ်တို့(၃)ဦးအား ခြေချုပ်နှင့်
ခံဝန်ဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် ထွက်ပြေး
တိမ်းရှောင်နေသူ အောင်မျိုးဦးအား ဖမ်းဆီးရမိရေးဆောင်ရွက် လျက်ရှိပါသည်။

ယင်းသို့ ယာဉ်တိုက်မိသကဲ့သို့ဟန်ဆောင်ကာ ငွေကြေးတောင်းခံသည့်ဖြစ်စဉ်
များအား မိဘပြည်သူ များအနေဖြင့် သတိပြုနိုင်စေရန်နှင့် အလားတူဖြစ်စဉ်
များအတိုင်း ဖြစ်ပွားကြုံတွေ့ရပါကလည်း ရဲတပ်ဖွဲ့သို့ ဆက်သွယ်သတင်းပေး
ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် အသိပေးဖော်ပြအပ် ပါသည်။

Yangon Police
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယာဉ်ဖြင့်တိုက်မိဟန်ဆောင်၍ လျော်ကြေးငွေတောင်းခံသည့်အဖွဲ့မှ ပါဝင် သူများကို ကျောက်တံတားမြို့နယ်အတွင်း၌ ဖမ်းဆီးရမိခဲ့ပြီး အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရ ပါသည်။

ပူတာအိုခရိုင်တွင် စပါးခင်းများပိုးကျ၍ လာမည့်နှစ်တွင် စားနပ်ရိက္ခာ ရှားပါး မည်ကို ဒေသခံများပူပန်

Photo: ပူတာအိုခရိုင်တွင် စပါးခင်းများပိုးကျ၍ လာမည့်နှစ်တွင် စားနပ်ရိက္ခာ ရှားပါး မည်ကို ဒေသခံများပူပန်
Tuesday, October 21, 2014

ပူတာအိုခရိုင်ရှိ တောင် ယာများတွင် ပိုးကျပြီး စပါးခင်း များမကောင်းသည့် အတွက် ဒေသခံတောင်သူများသည် လာ မည့်နှစ်တွင် အစားအသောက် အခက်အခဲဖြစ်မည်ကို စိုးရိမ်နေ ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့ ဘန်ခူးမှာ လူ အများစုက တောင်ယာပဲ ခုတ် စားကြတယ်။ ဒီနှစ်က တောင်ယာလည်း အကုန်လုံးပိုးစားလိုက် တော့ စပါးမရဘူး။ ဒါကြောင့် နောက်နှစ်မှာတော့ တော်တော် ခက်မှာ’’ဟု မချမ်းဘောမြို့နယ် ဘန်ခူးကျေးရွာမှ ကျောင်းဆရာ ဦးတူးအောင်ကပြောသည်။

ပူတာအိုဒေသရှိ ဒေသခံများ သည် တောင်ယာလုပ်ငန်းကိုသာ လုပ်ကိုင်စားသောက်လျက်ရှိပြီး အခြားအလုပ်အကိုင် လုပ်ကိုင် စားသောက်သူ အလွန်နည်းပါး သည်။

ယင်းဒေသသည် လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့်အ တွက် ကုန်ဈေးနှုန်းကြီးပြီး ယခုနှစ် ကဲ့သို့ စပါးမကောင်းခြင်းသည် ဒေ သခံများ၊ တောင်သူများအတွက် ကြီးမားသည့်အခက်အခဲဖြစ်လာ နိုင်ကြောင်း ပူတာအိုဒေသ လူမှု အဖွဲ့အစည်းများတွင် လုပ်ကိုင်ဖူး သည့် ဦးနော်ရိန်းက ဆိုသည်။

‘‘ပိုက်ဆံရှိပြီး သွားဝယ်စား မယ်ဆိုလည်း မလွယ်ဘူး။ လမ်း အရမ်းခက်တယ်။ ၀ယ်စားမယ်ဆိုရင်လည်း ပိုက်ဆံမရှိကြဘူး’’ဟု မချမ်းဘောမြို့နယ် ဒိန်ခက်ကျေး ရွာမှ ဘာသာရေးဆရာတစ်ဦးက ပြောသည်။

ပူတာအိုခရိုင်တွင် လွန်ခဲ့ သည် ၂၀၁၀ တွင်လည်း စပါးခင်းများ ကြွက်ဘေးအန္တရာယ်ကြုံ တွေ့ခဲ့သည့်အတွက် ဒေသခံများ အခက်အခဲများစွာ ကြုံတွေ့ခဲ့ ဖူးသည်။

သို့သော် ယခုနှစ်သည် ၂၀၁၀ ကထက် ပိုမိုဆိုးရွာကြောင်းဒေသခံများကပြော သည်။

7 Day Daily
ပူတာအိုခရိုင်ရှိ တောင် ယာများတွင် ပိုးကျပြီး စပါးခင်း များမကောင်းသည့် အတွက် ဒေသခံတောင်သူ များ သည်လာမည့်နှစ်တွင် အစားအသောက် အခက်အခဲဖြစ်မည်ကို စိုးရိမ်နေ ကြောင်း သတင်းရရှိသည်။

ပြည်မြို့နေအိမ်ခြံဝင်းအတွင်း စပါးအုံးမြွေတစ်ကောင်ဝင်ရောက်

Photo: ပြည်မြို့နေအိမ်ခြံဝင်းအတွင်း စပါးအုံးမြွေတစ်ကောင်ဝင်ရောက်
Tuesday, October 21, 2014

ပြည်မြို့၊ ခေတ္တရာရပ် ကွက် (၁၆) လမ်းထိပ်၊ ပါရဂူကွင်းရှိနေအိမ်တစ်အိမ်၏ နေအိမ်ခြံ ၀င်းအတွင်းသို့ အောက်တိုဘာ ၂၀ ရက် ည ၁၁ နာရီခန့်က အ ရှည်ကိုးပေခန့်ရှိ စပါးအုံးမြွေတစ် ကောင်ဝင်ရောက်လာသဖြင့် ဒေ သခံများ ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့ရောက်သွား တော့ မြွေက ကြက်ခြံထဲက ကြက် တစ်ကောင်ကိုမျိုထားပြီ၊ အ ကောင်က ဖမ်းတဲ့အချိန်မှာ အ တော်ရိုင်းတယ်။ ကျွန်တော့်လည် ပင်းကို နှစ်ပတ်လောက်ပတ်ညှစ် လို့ ဘေးက လူတစ်ယောက်က ဖြေပေးရတယ်’’ဟု မြွေဖမ်းပေးခဲ့ သူ ကိုသန်းဇော်က ပြောသည်။အဆိုပါ စပါးအုံးမြွေသည် အရှည်ကိုးပေခန့်၊ ၁၆ လက်မပတ် လည် လုံးပတ်ရှိကြောင်း၊ ခေတ္တ ရာရပ်ကွက် ၅/၁၀ လမ်းရှိ (၉) ကြိမ်မြောက် စုပေါင်းဘုံကထိန် မဏ္ဍပ်တွင် ထိန်းသိမ်းထားပြီး ကထိန်ကျင်းပမည့် ရက်တွင် ပြည် မြို့၊ ကြားတောရကျောင်း၌ ရေစက်ချလှူဒါန်းသွားမည် ဖြစ် ကြောင်း သိရသည်။

‘‘အခုလောလောဆယ်တော့ မြွေကြီးစားဖို့ မဏ္ဍပ်မှာ အလှူခံ ထားတယ်။ မြွေတွေ့တဲ့နေရာက လူတွေနေတဲ့ နေရာမှာဖြစ်ပြီး လေးငါးဆယ်နှစ်အရွယ် ကလေး လောက်ကတော့ အသာလေးမျို နိုင်တဲ့ အရွယ်ပါ။ ဘယ်ကနေ ဘယ်လိုရောက်လာမှန်း မသိရ သေးဘူး။ အဲဒီနားမှာ သုသာန် ဟောင်းတစ်ခုနဲ့ ကျွန်းတောတစ်ခု တော့ရှိတယ်’’ဟု မြို့သစ် (၁၀)လမ်းမှ ဒေသခံတစ်ဦးက ပြောသည်။

7 Day DAILY
ပြည်မြို့၊ ခေတ္တရာရပ် ကွက် (၁၆) လမ်းထိပ်၊ ပါရဂူကွင်းရှိနေအိမ်တစ်အိမ်၏ နေအိမ်ခြံ ၀င်းအတွင်းသို့ အောက်တိုဘာ ၂၀ ရက် ည ၁၁ နာရီခန့်က အရှည်ကိုးပေခန့်ရှိ စပါးအုံးမြွေတစ် ကောင်ဝင်ရောက် လာ သဖြင့် ဒေ သခံများ ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

အီရတ်နှင့် ဆီးရီးယားနယ်စပ်ရှိ IS အုပ်စုကို ချေမှုန်းနေသည့် ကာ့ဒ်တပ်ဖွဲ့အတွက် စစ်လက်နက်များ အမေရိကန်လေယာဉ်များ ဝေဟင်မှကြဲချ

Photo: အီရတ်နှင့် ဆီးရီးယားနယ်စပ်ရှိ IS အုပ်စုကို ချေမှုန်းနေသည့် ကာ့ဒ်တပ်ဖွဲ့ အတွက် စစ်လက်နက်များ အမေရိကန်လေယာဉ်များ ဝေဟင်မှကြဲချ
Tuesday, October 21, 2014

ဆီးရီးယားနိုင်ငံ၏ အရေးပါသော မြို့တစ်မြို့ ဖြစ်သည့် ကိုဘာနီတွင် တပ်စွဲထားသော အစ္စလာမ္မစ်နိုင်ငံတော် (IS) အစွန်းရောက် အကြမ်းဖက်များကို ထိုးစစ်ဆင် တိုက်ခိုက်နေသော ကာ့ဒ်လူမျိုးစု တပ်ဖွဲ့ဝင်များအတွက် အမေရိကန် စစ်လေယာဉ်များက လက်နက်များ၊ ခဲယမ်းများနှင့် ဆေးဝါးပစ္စည်းများ ကြဲချပေးခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

အမေရိကန်စစ်ဘက် ဗဟိုကွပ်ကဲရေးဌာန၏ အဆိုအရ အဆိုပါ ကာ့ဒ်လက်နက်ကိုင် တပ်ဖွဲ့အတွက် လက်နက်များ အပါအဝင် ထောက်ပံ့ပစ္စည်းများကို စီ-၁၃၀ လေယာဉ်ဖြင့် ကြဲချပေးခဲ့ခြင်း ဖြစ်သည်။ 

တူရကီနှင့် ဆီးရီးယား နယ်စပ်ဒေသရှိ အဆိုပါမြို့ အနီးတစ်ဝိုက်တွင် ခြေကုပ်ယူ လှုပ်ရှားနေသော IS အုပ်စုများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက် ရှိသည်။ 

“ယခုကဲ့သို့ ထောက်ပံ့ပစ္စည်းများ ကြဲချပေးခြင်းသည် ကိုဘာနီမြို့ကို ရယူရန် ကြိုးပမ်းနေသည့် IS အုပ်စုများကို ကာ့ဒ်တပ်ဖွဲ့များ ဆက်လက်ချေမှုန်း သွားနိုင်ရန် ဦးတည်သည်” ဟု အမေရိကန်စစ်ဘက်က ကြေညာချက် ထုတ်ပြန်သည်။ 

ထောက်ပံ့ပစ္စည်းများ ကြဲချပေးခဲ့သည့် လေယာဉ်များအားလုံး ဘေးအန္တရာယ်ကင်းစွာ ပြန်လည် ရောက်ရှိလာကြသည်ဟု ဆိုသည်။

အခြားသော စစ်ဘက် သတင်းရင်းမြစ်များ အဆိုအရ အမေရိကန်စစ်တပ်သည် ကိုဘာနီမြို့ရှိ အစွန်းရောက်အုပ်စုများကို လေကြောင်းမှ ၁၃၅ ကြိမ်ကျော် ထိုးစစ်ဆင်ခဲ့ကြသည်။ 

သို့သော်လည်း IS အုပ်စုများသည် ကာ့ဒ်တပ်ဖွဲ့ဝင်များအပေါ် ယနေ့အချိန်အထိ အန္တရာယ်ပေး တိုက်ခိုက်လျက် ရှိကြောင်း၊ ကိုဘာနီမြို့သည် ယင်းအုပ်စုများ၏ လက်ဝယ်သို့ အချိန်မရွေး ရောက်ရှိသွားနိုင်သည့် အနေအထားတွင် ရှိနေဆဲပင် ဖြစ်ကြောင်း အမေရိကန် စစ်ဘက်အရာရှိကြီးများက ပြောကြားသည်။ 

ယခုကဲ့သို နယ်စပ်ဒေသရှိ ကာ့ဒ်တပ်ဖွဲ့များကို အထောက်အပံ့များ ပေးပို့မှုနှင့် ပတ်သက်၍ အိမ်နီးချင်း တူရကီအစိုးရက မကျေမနပ် ဖြစ်နိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။

အကြောင်းမှာ တူရကီအစိုးရက ကာ့ဒ်လက်နက်ကိုင်များကို သူပုန်သို့မဟုတ် အကြမ်းဖက်သမားများ အဖြစ် သတ်မှတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ 

တူရကီသမ္မတ ဆီဆစပ်တေယက် အာဒိုဂန် ကိုယ်တိုင်ကလည်း ကာ့ဒ်တပ်ဖွဲ့များအတွက် အမေရိကန်လက်နက်များ ထောက်ပံ့ပေးမည့် ကိစ္စတွင် ပါဝင်ကူညီမည် မဟုတ်ကြောင်း တနင်္ဂနွေနေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။ 

IS စစ်သွေးကြွ အုပ်စုသည် အီရတ်နှင့် ဆီးရီးယား နယ်စပ်ဒေသမှ နယ်မြေအတော်များများကို ထိန်းချုပ်ထားပြီး ယခုအခါ စစ်မဟာဗျူဟာအတွက် အချက်အချာကျသော ကိုဘာနီမြို့ကို သိမ်းယူရန် ကြိုးပမ်းလျက်ရှိသည်။ 

၎င်းတို့၏ ထိုးစစ်များကြောင့် ကိုဘာနီမြို့ရှိ အရပ်သားထောင်ပေါင်း များစွာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

The Voice Weekly
ဆီးရီးယားနိုင်ငံ၏ အရေးပါသော မြို့တစ်မြို့ ဖြစ်သည့် ကိုဘာနီတွင် တပ်စွဲထားသော အစ္စလာမ္မစ် နိုင်ငံတော် (IS) အစွန်းရောက် အကြမ်းဖက်များကို ထိုးစစ်ဆင် တိုက်ခိုက်နေသော ကာ့ဒ်လူမျိုးစု တပ်ဖွဲ့ဝင် များအတွက် အမေရိကန် စစ်လေယာဉ်များက လက်နက်များ၊ ခဲယမ်းများနှင့် ဆေးဝါးပစ္စည်းများ ကြဲချပေး ခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

အပစ်အခတ်ရပ်စဲရေးဆောင်ရွက်နေသော်လည်း တိုက်ပွဲများဖြစ်ပွားနေသည့် ဖြစ်ရပ်များကို ပြုပြင်ရန် လိုအပ်နေပြီဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Photo: အပစ်အခတ်ရပ်စဲရေးဆောင်ရွက်နေသော်လည်း တိုက်ပွဲများဖြစ်ပွားနေသည့်
ဖြစ်ရပ်များကို ပြုပြင်ရန် လိုအပ်နေပြီဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Tuesday, October 21, 2014

အစိုး ရနှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အပစ်အခတ်ရပ်စဲ ရေးဆောင်ရွက်နေသော်လည်း တစ် ဖက်တွင် တိုက်ပွဲများဖြစ်ပွားနေသည့် အတွက် ထိုဖြစ်ရပ်များကို ပြုပြင်ရန် လိုအပ်နေပြီဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီဥက္ကဋ္ဌဒေါ် အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။

အောက်တိုဘာ ၂ဝရက် ပြည် သူ့လွှတ်တော်အစည်းအဝေးမကျင်း ပမီ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင် ရေးနှင့်အပစ်အခတ်ရပ်စဲရေးဆောင် ရွက်နေစဉ် တစ်ဖက်တွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းအချို့ နှင့်တိုက်ပွဲများဖြစ်ပွားနေမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်အမြင် သ ဘောထားကို လွှတ်တော်သတင်း ထောက်များက မေးမြန်းရာတွင်ယင်း သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ''ဒီမိုကရေစီလမ်းကြောင်းကို အမှန် သွားနေတယ်ဆိုရင် ၂ဝ၁၅ ရွေး ကောက်ပွဲကို တရားမျှတရုံ၊ လွတ် လပ်ရုံမကဘဲ အချိန်မီလုပ်ကို လုပ် ရမယ်။ ပထမရွေးကောက်ပွဲက လုပ် ချင်သလို လုပ်ခဲ့တယ်။ ဒါကြောင့် ဒုတိယရွေးကောက်ပွဲ ၂ဝ၁၅ ရွေး ကောက်ပွဲကို မဖြစ်မနေသတ်မှတ် ထားတဲ့အချိန်မှာ လုပ်ကိုလုပ်ပေးရ မယ်''ဟု ပြောသည်။

လက်ရှိအချိန်တွင် အစိုးရမှ ဖွဲ့စည်းထားသော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များဖွဲ့စည်းထားသည့် နိုင်ငံလုံးဆိုင်ရာ ပဋိပက္ခဖြေရှင်းရေး ညှိနှိုင်းရေးအဖွဲ့တို့၏ နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ရေးဆွဲ ရေးဆွေးနွေးမှုအပိုင်းသည် စတုတ္ထ မူကြမ်းသို့ ရောက်ရှိနေပြီဖြစ်သည်။

သို့သော်လည်း အခြားတစ် ဖက်တွင် အောက်ခြေအဆင့်တပ်ဖွဲ့ ဝင်နှစ်ခုတို့အကြား တိုက်ပွဲများဖြစ် ပွားနေဆဲဖြစ်သည်။

အထူးသဖြင့် မြန်မာ့တပ်မတော် နှင့် ထိတွေ့မှုဖြစ်ပွားရာတွင် ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည် တပ် မတော်(SSPP/SSA)နှင့် တအာင်း လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကလည်း တပ်မတော်က စစ်ကြောင်းတိုးချဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တိုက် ခိုက်နေသည်ဟု ပြောကြားသလို တပ်မတော်ဘက်ကလည်း ငြိမ်းချမ်း ရေးစာချုပ်ပါအချက်များကို မလိုက် နာမှုကြောင့် ပစ်ခတ်ရခြင်းဖြစ်ကြောင်း ပြောကြားထားမှုများရှိသည်။

နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေးစာချုပ်ကို အောက်တိုဘာ လထဲတွင် ထပ်မံဆွေးနွေးမည်ဟု ပြောကြားထားသော်လည်း ယခု အချိန်အထိ ပြုလုပ်မည့်ရက်အတိ အကျကို နှစ်ဖက်တာဝန်ရှိသူများက မသတ်မှတ်နိုင်သေးကြောင်း သိရ သည်။

Yangon Media Group 

ဓါတ်ပုံ - လွှတ်တော်သို့ လာရောက်လေ့လာသော ပြင်ဦးလွင် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
ဓါတ်ပုံ - လွှတ်တော်သို့ လာရောက်လေ့လာသော ပြင်ဦးလွင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင် များနှင့် အတူ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
အစိုး ရနှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အပစ်အခတ်ရပ်စဲ ရေးဆောင်ရွက်နေသော်လည်း တစ်ဖက်တွင် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ထိုဖြစ်ရပ်များကို ပြုပြင်ရန် လိုအပ်နေပြီဟု ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီဥက္ကဋ္ဌဒေါ် အောင်ဆန်းစုကြည် က ပြောကြား လိုက်သည်။

KIA အဖွဲ့မှ စားသောက်ဆိုင်ပိုင်ရှင်များအား မိသားစုအသက်အန္တရာယ် ခြိမ်းခြောက် ငွေတောင်း

Photo: KIA အဖွဲ့မှ စားသောက်ဆိုင်ပိုင်ရှင်များအား မိသားစုအသက်အန္တရာယ် ခြိမ်းခြောက် ငွေတောင်း
Tuesday, October 21, 2014

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ စားသောက်ဆိုင် ပိုင်ရှင်များအား အောက်တိုဘာ ၁၉ ရက်နေ့တွင် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ မိသားစု အသက်အန္တရာယ်အား ခြိမ်းခြောက်ကာ ငွေကြေးတောင်း မှု ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

အဆိုပါ ဆိုင်ရှင်များအား KIA အဖွဲ့မှ ဆင့်ခေါ်စာပေးပို့ပြီး လာရောက်တွေ့ဆုံခြင်းမရှိပါက မိသားစုအားလုံး၏ အသက်အန္တရာယ်ကို တာဝန်ယူမည်မဟုတ်ကြောင်း ပါရှိသဖြင့် ကြောက်လန့်ကာ ပေးဆောင် ရခြင်းဖြစ်ကြောင်း သိရသည်။

“ ဆိုင်ပိုင်ရှင်တွေက ကြောက်တော့ ဘယ်အဖွဲ့အစည်းမှ မတိုင်ရဲဘူး၊ သတင်းပေါက်ရင် အသတ်ခံရမှာလေ၊ အသက်အန္တရာယ်ထက် ဘာမှ အရေးမကြီးဘူးဆိုပြီး ငွေပဲသွားပေးလိုက်ကြတယ်လို့ ကြားတယ် ” ဟု မြို့ခံ တစ်ဦးက ပြောသည်။

မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ ကချင်ရိုးရာမနောကွင်းသို့ ဆိုင်ပိုင်ရှင်များ သွားရောက်ကာ ညနေ ၅ နာရီ ခွဲအချိန်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦးရောက်လာပြီး ငွေများလာယူသွားကြောင်း သိရသည်။

“ ဆိုင်ရှင် ယောက်ျားနဲ့ မိန်းမ နှစ်ယောက်လုံးကို ခေါ်တွေ့တာလို့ ကြားတယ်၊ တချို့ကလည်း မြင်တာပေါ့၊ ဒါပေမယ့် သူတို့မိသားစုကို ခြိမ်းခြောက်ငွေတောင်းတာဆိုတော့ မမြင်ချင်ယောင်ဆောင်နေလိုက်ကြပါတယ်၊ ဆိုင်တစ်ဆိုင်ကို ငွေ ၅ သိန်းနှုန်းပေးလိုက်ရတယ်လို့ ကြားတယ်၊ နာမည်ကြီး စားသောက်ဆိုင်တွေ အကုန်ပါ တာပေါ့ ” ဟု အောင်သပြေရပ်ကွက်နေ မြို့ခံတစ်ဦးက ပြောကြားသွားသည်။

ဇော်မိုင်
Credit to KDN
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ စားသောက်ဆိုင် ပိုင်ရှင်များအား အောက်တိုဘာ ၁၉ ရက်နေ့တွင် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ မိသားစုအသက်အန္တရာယ်အား ခြိမ်းခြောက်ကာ ငွေကြေးေ တာ င်း မှု ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

ဘူးသီးတောင်၊ မောင်တောတွင် တိုင်းရင်းသား ကျေးရွာသစ်များ တိုးချဲ့တည်ထောင်တော့မည်

Photo: ဘူးသီးတောင်၊ မောင်တောတွင် တိုင်းရင်းသား ကျေးရွာသစ်များ တိုးချဲ့တည်ထောင်တော့မည်
Tuesday, October 21, 2014

ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် နယ်စပ်တိုင်းရင်းသား ကျေးရွာများ ထပ်မံဖော်ထုတ်ခြင်းနှင့် လမ်းဖောက်ခြင်း လုပ်ငန်းများကို နိုဝင်ဘာလ မှ စတင် လုပ်ဆောင်သွားမည်ဟု ရခိုင်ပြည်နယ် နယ်စပ်တိုင်းရင်းသား ဖွံ့ဖြိုးရေးတာဝန်ခံ ဗိုလ်ကြီး သန့်ဇင်က မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ် Action Plan တွင်ပါဝင်သော အချက်တစ်ခု ဖြစ်သည့် နယ်စပ်ကျေးရွာများ လမ်းပန်းဆက်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးအစီအစဉ်များ စတင်ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။

ဗိုလ်ကြီးသန့်ဇင်က "ကျေးရွာတချို့က မနေထိုင်ရဲလို့ ပြောင်းရွှေ့နေထိုင်တဲ့ တိုင်းရင်းသားတွေနဲ့ ရခိုင်ဒုက္ခသည်တွေအတွက် အတည်တကျဖြစ်အောင် ရွာတည်ပေးဖို့ စီစဉ်နေတာပါ" ဟု ဆိုသည်။

ကျေးရွာအသစ်များကို ဘူးသီးတောင်မြို့နယ်အတွင်း စတင်မည်ဖြစ်ပြီး ရှေ့ပြေးစီမံချက်အဖြစ် အိမ်ခြေငါးဆယ်ပါ ကျေးရွာ နှစ်ရွာတည်ထောင်ရန် စီစဉ် ထားသည်။ ထို့ပြင် တိုင်းရင်းသားကျေးရွာများကို ဆက်သွယ်ထားသော လူသွားလမ်းများကိုလည်း ကားလမ်းမများအဖြစ် ပြောင်းလဲဖောက်လုပ်ပေးရန် စီစဉ်နေသည်ဟု ရခိုင်ပြည်နယ်အစိုးရ၊ သတင်းပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောသည်။

"ကျေးရွာပေါင်းတစ်ရာကျော် အသုံးပြုတဲ့ မေယုတောင်တန်းအရှေ့ဘက်က လမ်းတွေကို ကားလမ်းတွေဖြစ်အောင် ဒီနှစ် ဖောက်မယ်" ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် နယ်စပ်ဒေသများဖြစ်သော ဘူးသီးတောင်နယ်စပ်တွင် နယ်စပ်တိုင်းရင်းသားကျေးရွာ ကိုးရွာ၊ မောင်တောင်မြို့နယ်တွင် ကျေးရွာ ၂၇ ရွာနှင့် ရသေ့တောင်မြို့နယ်တွင် ကျေးရွာ နှစ်ရွာတို့ရှိပြီး ဖြစ်သည်။

ယင်းကျေးရွာတို့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရခိုင်ပြည်နယ်သို့ ပြန်လည်ရောက် ရှိလာသော မြို၊ ခမီတိုင်းရင်းသား အိမ်ထောင်စုပေါင်း ၅၆၆ စု လူဦးရေ ၂ç၄၉၀ တို့ကို အခြေချနေထိုင်ခွင့်ပြုထားသည်။

Mizzima - News in Burmese 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ရခိုင်ဒုက္ခသည်များအား ၂၀၁၃ ခုနှစ် မေလ ၁၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ကြယ်ပြာ၊ မဇ္ဈိမ)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ရခိုင်ဒုက္ခသည်များအား ၂၀၁၃ ခုနှစ် မေလ ၁၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ကြယ်ပြာ၊ မဇ္ဈိမ)
ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် နယ်စပ်တိုင်းရင်းသား ကျေးရွာများ ထပ်မံဖော်ထုတ်ခြင်းနှင့် လမ်းဖောက်ခြင်း လုပ်ငန်းများကို နိုဝင်ဘာလမှ စတင်လုပ်ဆောင်သွားမည်ဟု ရခိုင်ပြည်နယ် နယ်စပ် တိုင်းရင်းသား ဖွံ့ဖြိုးရေးတာဝန်ခံ ဗိုလ်ကြီး သန့်ဇင်က မဇ္ဈိမကို ပြောသည်။

မြန်မာ ရွှေ့ပြောင်းလုပ်သား ၂ဝဝဝကျော်ထံမှ ငွေကျပ်သိန်းပေါင်း ၆ဝဝဝကျော်ကို ထိုင်းနိုင်ငံရှိ ကုမ္ပဏီတစ်ခုက လိမ်လည်

ထိုင်း နိုင်ငံရှိ ကုမ္ပဏီတစ်ခုမှ ဘတ် တစ် သောင်း (မြန်မာငွေ သုံးသိန်းကျပ်) အရင်းပြုထည့်ဝင်ပါက တစ်လလျှင် ဘတ်တစ်သောင်းနှုန်း အမြတ်ရမည် ဟုဆိုခြင်းကြောင့် ဝင်ရောက်ရင်းနှီး မြှုပ်နှံခဲ့သော မြန်မာရွှေ့ပြောင်းအ လုပ်သမား ၂ဝဝဝကျော်တို့ အလိမ်ခံ ခဲ့ရကြောင်း ထိုင်းနိုင်ငံအခြေစိုက် MAT
မှ သိရသည်။

ဂုဏ်ယူပါတယ် မြန်မာ ယူ-၁၉

မြန်မာ ယူ− ၁၉ ဘောလုံးအသင်းသားများ အာရှ ယူ−၁၉ အကြိုဗိုလ်လုပွဲတွင် ရေကုန်ရေခန်း ကစား ပြီးနောက် ကာတာအသင်း၏ အချိန်ပိုသွင်းဂိုး ၃−၂ ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ပြီးနောက် ပရိသတ်များကို နှုတ် ဆက်နေစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
‘‘ဒီလောက်စွမ်းဆောင်ရည်ကို တွေ့ပြီးတဲ့နောက်မှာတော့ မြန်မာအသင်းရဲ့ နည်းပြဖြစ်ရတာ ဂုဏ်ယူတယ် လို့ ပြောရဲ သွားပါပြီ’’ —မြန်မာအသင်းနည်းပြချုပ်

တောင်ကိုရီးယားတွင် ရွှေ့ပြောင်းအလုပ်သမားများ ဖိနှိပ်ခံနေရကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ထုတ်ပြန်

Photo: တောင်ကိုရီးယားတွင် ရွှေ့ပြောင်းအလုပ်သမားများ ဖိနှိပ်ခံနေရကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ထုတ်ပြန်
Tuesday, October 21, 2014

တောင်ကိုရီးယားနိုင်ငံအတွင်းမှ ရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့အလုပ်ရှင်များ၏ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းကို အခွင့်အရေးပေးထားသော စနစ်တစ်ခုအောက်တွင် ဖိနှိပ်ခံနေကြရသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အောက်တိုဘာ ၂၀ ရက်တွင် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်လိုက်သည်။

လူမျိုးရေးခွဲခြားမှုဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ တောင်ကိုရီးယားသို့ ရောက်ရှိသွားပြီးနောက်ပိုင်း အဆိုပါ အစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံတွင်း တိုးပွားလာနေသော ပြည်ပအလုပ်သမားများသည် နည်းပါးသော လုပ်ခလစာနှင့်အတူ ကျွမ်းကျင်မှုမရှိသော ကာယလုပ်သားများအဖြစ် ငှားရမ်း ခိုင်းစေခံနေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံအနှံ့အပြားရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် အလုပ်သမားများအား တွေ့ဆုံမေးမြန်းထားသည့် အချက်အလက်များအပေါ် အခြေခံထားသော ယင်းအစီရင်ခံစာတွင် အလုပ်ရှင်များ၏ခြိမ်းခြောက်မှု၊အကြမ်းဖက်မှုတို့နှင့်အတူ အလုပ်သမားများအတွက် အလုပ်ချိန်များပြားမှု၊ နေရာထိုင်ခင်းများ စုတ်ပေညစ်ပတ်နေမှုများကိုလည်း ဖော်ပြထားသည်။

“တောင်ကိုရီးယားမှာ ရွှေ့ပြောင်းလယ်ယာလုပ်သားတွေ အမြတ်ထုတ်ခံနေရတာက နိုင်ငံအတွက် အစွန်းအထင်းတစ်ခုပါပဲ” ဟု အဆိုပါ နိုင်ငံတကာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ သုတေသနပညာရှင် နော်မာကန်မူအီကိုက ပြောကြားသည်။

“ အာဏာပိုင်တွေအနေနဲ့လည်း အလုပ်ရှင်တွေက အလုပ်သမားတွေအပေါ် အဓမ္မခိုင်းစေဖို့ အမြတ်ထုတ်နိုင်ဖို့အတွက် ခွင့်ပြုပေးနေတဲ့ စနစ်တစ်ရပ်ကို ဖန်တီးထားပေးပါတယ်” ဟု ၎င်းက ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အထိ ရွှေ့ပြောင်းလုပ်သားဦးရေ ၂၅၀,၀၀၀ ခန့် ရှိပြီး ၎င်းတို့ထဲမှ ၂၀၀,၀၀၀ ခန့်သည် စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများ ဖြစ်သည်။

ရွှေ့ပြောင်း အလုပ်သမားများသည် အလုပ်ရှင်များကို မျက်နှာသာပေးထားသည့် နိုင်ငံ၏ အလုပ်လုပ်ကိုင်ခွင့် စနစ်အောက်တွင် သဘောတူညီမှု စာချုပ်များဖြင့် လုပ်ကိုင်နေကြ ရပြီး ယင်းစနစ်အောက်တွင် အလုပ်သမားများသည် လုံလောက်သည့် ဥပဒေအကာအကွယ်များမရှိဘဲ ၎င်းတို့၏အခွင့်အရေးရပိုင်ခွင့်များအတွက် ခုခံကာကွယ်နိုင်စွမ်းအား နည်းနေရသည်ဟုသိရသည်။

ကမ္ဘောဒီးယား၊ နီပေါနှင့် ဗီယက်နမ် နိုင်ငံများမှ အများဆုံးလာရောက်လုပ်ကိုင်နေကြသော အဆိုပါ ရွှေ့ပြောင်းလုပ်သားများသည် နိုင်ငံတွင် ၎င်းတို့လုပ်ကိုင်နေသောအလုပ်မှ ထုတ်ပယ်ခံရချိန်တွင် အလုပ်ရှင်က ၎င်းတို့အတွက် အလုပ်ထွက်ခွင့်ပြုကြောင်းပုံစံကို လတ်မှတ်ထိုးပေးမှသာ
အခြားသော အလုပ်တစ်ခုသို့ပြောင်းရွှေ့နိုင်သည်။

ထို့ပြင် အဆိုပါအလုပ်သမားများသည် တောင်ကိုရီးယားသို့ လာရောက် လုပ်ကိုင်နိုင်ရန်အတွက် မိမိတို့ နေရပ်နိုင်ငံတွင် ငွေများချေးငှားခဲ့ရကာ အကြွေးများစွာတင်ပြီး လာရောက်လုပ်ကိုင်ရသည့်အတွက် ၎င်းတို့၏အလုပ်ကို ဆုံးရှုံးရမှုတန်ဖိုးသည် အလွန်ကြီးမြင့်နေသည်။

“ အလုပ်သမားတွေက သူတို့နေရပ်တွေမှာ ငွေတွေချေး အကြွေးတွေတင်ပြီး ဒီမှာလာလုပ်ကြရတာပါ၊ ဒါကြောင့် ဘယ်လိုပဲ ဖိနှိပ်ခံရခံရ သူတို့ ရဲ့ လက်ရှိအလုပ်ရှင်နဲ့ ဆက်နေပြီး လုပ်ဖို့ကိုပဲ သူတို့ရွေးချယ်ရမယ့် တစ်ခုတည်းသော လမ်းပါပဲ” ဟု မူအီကိုကပြောကြားသည်။

mizzimaburmese 

တောင်ကိုရီးယားသို့ အလုပ်သွားလုပ်ရန် ခတ္တမန္ဒူတွင် အလုပ်သမားမှတ်ပုံတင် စောင့်ဆိုင်းနေသည့် နီပေါနိုင်ငံသားများကို တွေ့ရစဉ်။ (အေအက်ဖ်ပီ)
တောင်ကိုရီးယားသို့ အလုပ်သွားလုပ်ရန် ခတ္တမန္ဒူတွင် အလုပ်သမားမှတ်ပုံတင် စောင့်ဆိုင်းနေသည့် နီပေါနိုင်ငံသားများကို တွေ့ရစဉ်။ (အေအက်ဖ်ပီ)
တောင်ကိုရီးယားနိုင်ငံအတွင်းမှ ရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့အလုပ်ရှင်များ၏ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းကို အခွင့်အရေးပေးထားသော စနစ်တစ်ခုအောက်တွင် ဖိနှိပ်ခံနေကြရသည်ဟု နိုင်ငံ တကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အောက်တိုဘာ ၂၀ ရက်တွင် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်လိုက် သည်။

နှလုံးထိခိုက်ခြင်းကို ကုသနိုင်သည့် ဆေးဝါးသစ် တွေ့ရှိ

နှလုံးအတွင်း ပျက်စီးမှုဖြစ်ပေါ်နေသောဆဲလ်အချို့တွင်  ဒဏ်ရာရပြီးနောက် နှလုံး၏ဒဏ်ရာပျောက်ကင်းနိုင် စွမ်းကို မြှင့်တင်ပေးရန်လိုအပ်သော သွေးကြောမျှင်များကို ဖြစ်ပေါ်စေသည့်ဆဲလ်များ အဖြစ်သို့ ပြောင်း လဲစေနိုင်သည့်စွမ်းရည်ပါရှိကြောင်း သုတေသီ တစ်ဦးကလေ့လာတွေ့ရှိခဲ့ပြီး ယင်းမှာ နှလုံးထိခိုက်ခြင်းကို ကုသရန်နည်းလမ်းသစ်တစ်ခုဟု ပြောသည်။

မန္တလေး ပဋိပက္ခအတွင်း အစ္စလာမ်ဘာသာဝင်တို့၏သင်္ချိုင်း ဖျက်ဆီးမှုဖြင့် တရားရင်ဆိုင်နေရသူ ၁၅ ဦးကို အမှုကျေအေးပေးမည်

Photo: မန္တလေး ပဋိပက္ခအတွင်း အစ္စလာမ်ဘာသာဝင်တို့၏သင်္ချိုင်း ဖျက်ဆီးမှုဖြင့် တရားရင်ဆိုင်နေရသူ ၁၅ ဦးကို အမှုကျေအေးပေးမည်
Tuesday, October 21, 2014

ဇူလိုင်လဆန်းက မန္တ လေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဘာ သာရေး၊ လူမျိုးရေး ပဋိပက္ခအ သွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများ အတွင်း အစ္စလာမ်ဘာသာဝင်တို့ ၏ သင်္ချိုင်းဖျက်ဆီးမှုဖြင့် တရား ရင်ဆိုင်နေရသူများကို အစ္စလာမ် သင်္ချိုင်းအုပ်ချုပ်မှု ကော်မတီက အ မှုကျေအေးပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဝါဆိုဆရာတော်ကြီး အမှူး ပြုပြီး သံဃာတော်များ၏ သြ၀ါဒနဲ့ အညီ မန္တလေးမြို့သူမြို့သားများ ၏ ဘာသာပေါင်းစုံ ချစ်ကြည် ရင်းနှီးမှုကို ပြသသည့်အနေဖြင့် တရားရင်ဆိုင်နေရသူများအပေါ် ခွင့်လွှတ်ကျေအေးပေးရန် မန္တ လေးမြို့ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီက အစ္စလာမ်သင်္ချိုင်း အုပ်ချုပ်မှုကော်မတီထံသို့ မေတ္တာ ရပ်ခံစာပေးပို့ခဲ့ပြီး အမှုကျေအေး ပေးရန် နှစ်ဖက်ညှိနှိုင်းသဘောတူ ညီမှု ရခဲ့ခြင်းဖြစ်သည်ဟု မန္တလေး မြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီမှ သတင်းရရှိသည်။

‘‘နှစ်ဖက်ကော်မတီနဲ့ တရား ရင်ဆိုင်နေရတဲ့ ကာယကံရှင် တို့ရဲ့ မိဘတွေ တွေ့ဆုံပြီး တစ် ဖက်ကလည်း မေတ္တာရပ်ခံတယ်။ တစ်ဖက်ကလည်း အမှုကျေအေး ပေးခဲ့ပါတယ်’’ ဟု မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးကော် မတီဝင် တစ်ဦးက ပြောသည်။

အမှုကျေအေးပေးရန် နှစ် ဖက်ညှိနှိုင်းပြေလည်မှု ရပြီးဖြစ် ၍ အမှုရုပ်သိမ်းပေးရန် တရားရုံး သို့ တင်ပြသွားမည်ဖြစ်ကြောင်း အမှုရင်ဆိုင်နေရသူများအား အခ မဲ့ရှေ့နေ လိုက်ပေးသည့် မန္တလေး မြို့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ကော်မတီမှ ဥပဒေအကျိုးဆောင် ဦးသိန်းသန်းဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်း ပိုင်းက မန္တလေးမြို့တွင် ဖြစ်ပွား ခဲ့သော ဘာသာရေးလူမျိုးရေး ပဋိ ပက္ခအသွင် အုပ်စုဖွဲ့အကြမ်းဖက် မှုများ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေ ဆုံးခဲ့သည်။

ယင်းဖြစ်စဉ်တွင် သေဆုံးခဲ့ သူ ကိုထွန်းထွန်း (ခ) ရောင်ပြန်၏ နာရေးအားလိုက်လံပို့ဆောင်ရာမှ လူ ငယ်အချို့က ကြာနီကန် (အေး ရိပ်ငြိမ်)ရှိ အစ္စလာမ်ဘာသာဝင် တို့၏ သင်္ချိုင်းကို မီးရှို့ဖျက်ဆီးမှု များ ပြုလုပ်ခဲ့သည်။

ထိုသို့ မီးရှို့ဖျက်ဆီးမှုအ တွက် ပုသိမ်ကြီးမြို့မရဲစခန်းမှ အ မျိုးသား ၁၅ ဦးကို ဖမ်းဆီးကာ အ မှုဖွင့် တရားစွဲဆိုခဲ့ပြီး လက်ရှိအ ချိန်တွင် အမျိုးသား ၁၅ ဦးမှာ မီး ရှို့မှု၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၃၆၊ ၄၂၇ တို့ဖြင့် ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရ သည်။

‘‘ရဲက တရားလိုလုပ်ပြီး အမှု ဖွင့်ထားတာဆိုတော့ အမှုရုပ် သိမ်းပေး၊ မပေးကတော့ တရား လိုနဲ့ တရားရုံးပေါ် မူတည်ပါ တယ်။ ပြီးခဲ့တဲ့ ရှစ်လပိုင်းကတည်း က တရားရုံးမှာ စစ်ဆေးနေတာ။ အခု တရားခံပြသက်သေတွေကို စစ်ဆေးတဲ့အဆင့် ရောက်နေပါ ပြီ’’ ဟု ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

အစ္စလာမ်သင်္ချိုင်းအုပ်ချုပ် မှုကော်မတီမှ သံဃာတော်များ ဆွမ်းကပ်ခြင်းနှင့် တရားရင်ဆိုင် နေရသူများ၏ ကာယကံရှင် မိ သားစုဝင်များနှင့်တွေ့ဆုံကာ အ မှုကျေအေးပေးသည့်အကြောင်း တရားဝင် အသိပေးပြောကြား ခြင်းကို အောက်တိုဘာ ၂၃ ရက် တွင် မန္တလေးမြို့ ကံတက်ကုန်း ကျောင်းတိုက်၌ ပြုလုပ်မည်ဖြစ် ကြောင်း မန္တလေးမြို့ ငြိမ်းချမ်းမှု ကော်မတီမှ သတင်းရရှိသည်။

7Day Daily 

မန္တလေးပဋိပက္ခအတွင်း သေဆုံးသွားသူတစ်ဦး၏နာရေး ပို့ဆောင်နေစဉ် (ဓာတ်ပုံ−စိုးသန်းဝင်း/အေအက်ဖ်ပီ)
မန္တလေးပဋိပက္ခအတွင်း သေဆုံးသွားသူတစ်ဦး၏နာရေး ပို့ဆောင်နေစဉ် (ဓာတ်ပုံ−စိုးသန်းဝင်း/အေအက်ဖ် ပီ)
ဇူလိုင်လဆန်းက မန္တ လေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခအ သွင် အုပ်စုဖွဲ့ အကြမ်း ဖက်မှုများအတွင်း အစ္စလာမ်ဘာသာဝင်တို့၏ သင်္ချိုင်းဖျက်ဆီးမှုဖြင့် တရား ရင်ဆိုင်နေရသူများကို အစ္စလာမ် သင်္ချိုင်းအုပ်ချုပ်မှု ကော်မတီက အ မှုကျေအေးပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်-မန္တလေးရထား ၁ နာရီ ကီလိုမီတာ ၁၀၀ နှုန်း ပြေးဆွဲနိုင်ရေး ဆောင်ရွက်

ရန်ကုန်နဲ့ မန္တလေး ပြေးဆွဲမယ့်ရထားလမ်းပိုင်းကို ၁ နာရီ ကီလိုမီတာ ၁၀၀ နှုန်း ပြေးဆွဲနိုင်ဖို့အတွက် ရထားပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ဂျပန် ဂျိုက်ကာအဖွဲ့တို့ ပူးပေါင်းပြီး လမ်းပိုင်း အဆင့်မြင့်တင်ရေး လုပ် ငန်းတွေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ခုချိန်မှာတော့ အသေးစိတ် ပုံစံထုတ်ဖို့အတွက် မြေတိုင်းတာ တာတွေ၊ မြေစမ်းသပ်တာ တွေနဲ့ လက်တွေ့ သင်တန်းပေးတာတွေ ဆောင်ရွက်နေပြီး အဆင့်မြင့်လမ်းပိုင်း ပြုပြင်မယ့်လုပ်ငန်းတွေကိုလည်း ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထော င် စု ဒုဝန်ကြီး ဦးမြင့်သိန်းကပြောပါတယ်။

ဂိုးသွင်းယူပြီးနောက် Miroslav Klose လို ကျွမ်းထိုးအောင်ပွဲခံရာ အကျမတော်တဲ့အတွက် အိန္ဒိယဘောလုံးသမား Peter Biaksangzuala သေဆုံး

Photo: ဂိုးသွင်းယူပြီးနောက် Miroslav Klose လို ကျွမ်းထိုးအောင်ပွဲခံရာ အကျမတော်တဲ့အတွက် အိန္ဒိယဘောလုံးသမား Peter Biaksangzuala သေဆုံး
Tuesday, October 21, 2014

Bethlehem Vengthlang FC နဲ့ Chanmari West FC တို့ပွဲယှဉ်ပြိုင်ကစားတဲ့ ပွဲချိန် ၆၂ မိနစ်မှာ Bethlehem Vengthlang FC အတွက် Peter Biaksangzuala ဂိုးသွင်းအပြီး Miroslav Klose အောင်ပွဲခံသလို ကျွမ်းထိုးအောင်ပွဲခံဖို့ ကြိုးစားလုပ်ဆောင်ခဲ့တာပါ။

အသက် ၂၃ နှစ်ရှိတဲ့သူဟာ ကျွမ်းထိုးပြီးအကျ မြေပြင်ကို ခေါင်းနဲ့ကျခဲ့တာကြောင့် ကွင်းအလယ်မှာ ပြန်မထနိုင်ဖြစ်ခဲ့တယ်။

Biakzangzuala ဟာ လည်ပင်းရိုး ကျိုးပျက်သွားပြီး ဆေးရုံတင်ခဲ့ပေမယ့် တနင်္ဂနွေနေ့မနက်ပိုင်း ဆးရုံမှာ ဝမ်းနည်းကြေကွဲစွာ သေဆုံးသွားခဲ့ပါတယ်။

သူဟာ Germany နိုင်ငံ ဘောလုံးသမား Klose နောက်ကျွမ်းပစ်ဂိုးရအောင်ပွဲခံသလို လိုက်လုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ ကံမကောင်းဘဲ ရွယ်ရည်ထားသလိုဖြစ်မလာခဲ့တာလို့ သတင်းအရင်းအမြစ်တစ်ခုက ပြောဆိုခဲ့ပါတယ်။

Trend Myanmar
Bethlehem Vengthlang FC နဲ့ Chanmari West FC တို့ပွဲယှဉ်ပြိုင်ကစားတဲ့ ပွဲချိန် ၆၂ မိနစ်မှာ Bethlehem Vengthlang FC အတွက် Peter Biaksangzuala ဂိုးသွင်းအပြီး Miroslav Klose အောင်ပွဲခံသလို ကျွမ်းထိုးအောင်ပွဲခံဖို့ ကြိုးစားလုပ်ဆောင်ခဲ့တာပါ။

စပိန်လာလီဂါ ၏ တစ်နှစ်တာ အကောင်းဆုံး တိုက်စစ်မှူးအဖြစ် ပဏာမလျာထားသူ စာရင်းနှင့် မက်ဆီလွဲချော်

Photo: စပိန်လာလီဂါ ၏ တစ်နှစ်တာ အကောင်းဆုံး တိုက်စစ်မှူးအဖြစ် ပဏာမလျာထားသူ စာရင်းနှင့် မက်ဆီလွဲချော်
Tuesday, October 21, 2014

ဘာစီလိုနာ အသင်းမှ ရှေ့တန်းကစားသမား လီယိုနယ်မက်ဆီ သည် အောက်တိုဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့သော လာလီဂါ ပွဲစဉ်များ၏ ၂၀၁၃ - ၂၀၁၄ ခုနှစ် တစ်နှစ်တာ အကောင်းဆုံး တိုက်စစ်မှူး အဖြစ် လျထားခံရသူ ပဏာမသုံးဦး စာရင်းတွင် ပါဝင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

အသက် ၂၇ နှစ်အရွယ်ရှိ မက်ဆီ သည် ပြီးခဲ့သော ရာသီ၏ နှစ်လကျော် အတွင်း ဒဏ်ရာ ပြဿနာကြောင့် ပွဲစဉ်များနှင့် လွဲချော် ခဲ့ရသော်လည်း ၄င်း ပါဝင် ကစားခဲ့သည့် ကစားပွဲ အားလုံးတွင် စုစုပေါင်း သွင်းဂိုး ၃၆ ဂိုး ရရှိအောင် စွမ်းဆောင် နိုင်ခဲ့သည်။

သို့သော် မက်ဆီ ၏ သွင်းဂိုး အရေအတွက် သည် တစ်နှစ်တာ အကောင်းဆုံး တိုက်စစ်မှူး အဖြစ် လျာထားသည့် ပဏာမသုံးဦး စာရင်းတွင် ပါဝင်နိုင်ရန် အတွက် လုံလောက်မှု မရှိပေ။

လာလီဂါ ပွဲစဉ်တွင် ၂၀၁၃ - ၂၀၁၄ ခုနှစ် အကောင်းဆုံး တိုက်စစ်မှူး အဖြစ် ပဏာမသုံးဦး လျာထားသူ စာရင်းတွင် Ballon d'Or ဆုရှင် ရီးယဲလ် တိုက်စစ်မှူး ရော်နယ်ဒို ၊ အက်သလက်တီကို တိုက်စစ်မှူးဟောင်း ဒီယေဂို ကော်စတာ နှင့် ဆိုစီဒက် အသင်းမှ ကားလို့စ်ဗီလာ တို့ ရွေးချယ်ခံ ထားရကြောင်း ၊ အဆိုပါ ဆုရှင် အမည်ကို အောက်တိုဘာ ၂၇ ရက်တွင် ကျင်းပမည့် ဆုပေးပွဲ အခမ်းအနား ၌ ကြေညာ သွားမည် ဖြစ်ကြောင်း သိရသည်။

Themyawadydaily
ဘာစီလိုနာ အသင်းမှ ရှေ့တန်းကစားသမား လီယိုနယ်မက်ဆီ သည် အောက်တိုဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့သော လာလီဂါ ပွဲစဉ်များ၏ ၂၀၁၃ - ၂၀၁၄ ခုနှစ် တစ်နှစ်တာ အကောင်းဆုံး တိုက်စစ်မှူးအဖြစ် လျထားခံရသူ ပဏာမသုံးဦး စာရင်းတွင် ပါဝင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

တည်ငြိမ် အေးချမ်းရေး၊ စည်း လုံး ညီ ညွတ် ရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး တို့အား တပ်မတော်၏ အမျိုးသားရေး မူအနေဖြင့် ရပ်တည် ဆောင်ရွက်

ယနေ့ နိုင်ငံတော်သည် ပါတီစုံ စနစ်ဖြင့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက် ခဲ့သည်မှာ (၃)နှစ်ကျော်ခဲ့ပြီ ဖြစ်ကြောင်း၊ ဖြတ်သန်း ခဲ့ရသည့် အတွေ့အကြုံများ အရလည်းကောင်း၊ အတိတ် သမိုင်းကြောင်းအရ လည်းကောင်း ရှေ့လျှောက် လှမ်းရမည့် လမ်းကြောင်း ခိုင်မာစေရန် တည်ငြိမ် အေး ချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေး တို့အား တပ်မတော်၏ အမျိုးသားရေးမူ အနေဖြင့် ရပ်တည် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက် ၁ဝနာရီတွင် ရန်အောင်မြင်ခန်းမ၌ မန္တလေး တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရွှေ့ပြောင်းအလုပ်သမားများ အချိန်မီ မှတ်ပုံတင်ကြရန် ထိုင်းသတိပေး

Photo: ရွှေ့ပြောင်းအလုပ်သမားများ အချိန်မီ မှတ်ပုံတင်ကြရန် ထိုင်းသတိပေး
Tuesday, October 21, 2014

ထိုင်းနိုင်ငံရောက် မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်ဖြစ်အောင် မှတ်ပုံတင်ပေးနေရာမှာ သတ်မှတ်ချိန်ကုန်ဆုံးဖို့ ၁၀ ရက်သာ လိုတော့တဲ့အတွက် အချိန်မီ သွားရောက်မှတ်ပုံတင်ကြဖို့ ထိုင်းအလုပ်သမားရှာဖွေခန့်ထားရေး ဦးင်္စီးဌာနက သတိပေးလိုက်ကြောင်း ထိုင်းမန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ထိုင်းအလုပ် ရှင်တွေအနေနဲ့ မိမိလက်ခံ ထားတဲ့ နိုင် ငံခြားရွှေ့ပြောင်း အလုပ် သမားတွေ ကို နိုင်ငံသား စိစစ်ရေး ဆောင် ရွက်ရေးအတွက် မှတ်ပုံလာ တင်ပေးကြဖို့ ထိုင်းအလုပ် သမား ရှာဖွေခန့် ထားရေး ဦးင်္စီးဌာန ဒုညွှန်မှူး နိုင်းဆင်တေချ ချူ့အမ်းနတ်က ထိုင်းသတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် နေထိုင်ခွင့်မှတ်ပုံတင်ထားပြီးတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့လည်း သူတို့အထောက်အထားတွေ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဆက်လက်ပေးပို့နိုင်ဖို့ သက်ဆိုင်ရာ အလုပ်သမားရှာဖွေရေးရုံးကို သွားရောက်ဆက်သွယ်ဖို့ လိုအပ်ကြောင်း သူကဆက်ပြောပါတယ်။

တနေရာတည်းအပြီး (၀မ်းစတော့ပ်ဆားဗစ်) နဲ့ မှတ်ပုံတင်ပေးနေတဲ့ အစီအစဉ်မှာ ၂၀၁၄ ဇွန်လ ၂၆ ရက်ကနေ ၂၀၁၄ အောက်တိုဘာလ ၁၈ ရက်နေ့အထိ စာရင်းများအရ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၁ သန်း ၃ သိန်း ၆ သောင်းကျော် လာရောက်မှတ်ပုံတင်ခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားက ၅၁၀၈၇၄ ဦး၊ ကမ္ဘေားဒီးယားက ၅၈၅၀၇၉ ဦး၊ လောနိုင်ငံသားက ၁၉၂၈၂၀ ဦး ရှိတယ်လို့ နိုင်ငံခြား ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားပါတယ်။

DVB TV News
ထိုင်းနိုင်ငံရောက် မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်ဖြစ်ေ အာင် မှတ်ပုံတင်ပေးနေရာမှာ သတ်မှတ်ချိန်ကုန်ဆုံးဖို့ ၁၀ ရက်သာ လိုတော့တဲ့အတွက် အချိန်မီ သွားရောက်မှတ်ပုံတင်ကြဖို့ ထိုင်းအလုပ်သမားရှာဖွေခန့်ထားရေး ဦးင်္စီးဌာနက သတိပေးလိုက်ကြောင်း ထိုင်းမန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ထိုင်းအလုပ် ရှင်တွေအနေနဲ့ မိမိလက်ခံ ထားတဲ့ နိုင် ငံခြားရွှေ့ပြောင်း အလုပ် သမားတွေ ကို နိုင်ငံသား စိစစ်ရေး ဆောင် ရွက်ရေးအတွက် မှတ်ပုံလာ တင်ပေးကြဖို့ ထိုင်းအလုပ် သမား ရှာဖွေခန့် ထားရေး ဦးင်္စီးဌာန ဒုညွှန်မှူး နိုင်းဆင်တေချ ချူ့အမ်းနတ်က ထိုင်းသတင်းထောက်တွေကို ပြောပါတယ်။

ဂျာမန်လေယာဉ်မှူးများ သပိတ်မှောက်မှုကြောင့် ခရီးစဉ် ၁၅၀၀ ကျော်ဖျက်သိမ်း

ဂျာမန်လေကြောင်းလိုင်း Lufthansa လေယာဉ်မှူးတွေ အောက်တိုဘာ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ ထပ်မံသပိတ်မှောက်တာကြောင့် လေကြောင်းခရီးစဉ် ၁၅၀၀ ကျော် ဖျက်သိမ်းလိုက်ရပါတယ်။ဒီတကြိမ်နဲ့ ဆိုရင် လေယာဉ်မှူးတွေ တနှစ်အတွင်း ၈ ကြိမ်မြောက် သပိတ်မှောက်ကြ တာ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုထိန်းသိန်းရန် ကျပ် ၂၄၁.၉၄ သန်းသုံးစွဲမည်

Photo: ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုထိန်းသိန်းရန် ကျပ် ၂၄၁.၉၄ သန်းသုံးစွဲမည်
Tuesday, October 21, 2014

ဧရာဝတီမြစ်ကူး ဖြတ်ကူးဖို့ ပခုက္ကူတံတား တည်ဆောက်ပြီးနောက် ရေအ၀င် လမ်းကြောင်း ပြောင်းလဲလာတာကြောင့် မြစ်အရှေ့ဘက်ကမ်းမှ သောင်ပိုကြီးလာပြီး ရေစီးကြောင်းဟာ တံတားအောက်ဘက်ကမ်းက ကျေးရွာတွေရဲ့ အောက်ခြေကနေ ကပ်စီးဆင်းလာလို့ ကမ်းပါး ပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။၂၀၁၃ ခုနှစ်မှာ ကမ်းပါးပြိုကျတာတွေ စတင်ဖြစ်ပေါ်ခဲ့ပြီး ကျေးရွာမြေတွေ၊ စိုက်ပျိုးမြေတွေ နဲ့ နေအိမ်တွေ ဆုံးရှုံးခဲ့ကြရပါတယ်။

ဒါကြောင့် ရေတိုက် စားပြီး ကမ်းပါးပြိုကျ တာတွေ လျော့နည်း သွားအောင် ထိန်းသမ်းဖို့ အတွက် ပြည်ထောင်စု သီးသန့်ရန်ပုံငွေက ကျပ်ငွေ (၂၄၁.၉၄) သန်း အသုံးပြုပြီး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဒုဝန်ကြီး ဦးဟန်စိန်က ပြောပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ကမ်းပါးပြိုကျမှု ကာကွယ်ဖို့ကိုပဲ ရည်ရွယ်ပြီး Steel Basket ကျောက်ဖြည့် ရေကာတာတည်ဆောက်တာဟာ ကုန်ကျစရိတ် ပိုများပြီး ကမ်းပါးပြို ဧရိယာတခုလုံးကို မကာကွယ်နိုင်လို့ ဆောင်ရွက်ခြင်း မပြုဘူးလို့ ပြောပါတယ်။

ပခုက္ကူတံတားအောက်ဘက်က ကျေးရွာတခု ဖြစ်တဲ့ ကြက်တမ်းကုန်းကျေးရွာမှာ ၂၀၁၂ ခုနှစ်တုန်းက စတင် ကမ်းပါးပြိုကျခဲ့ပြီး ကျေးရွာမြေနဲ့ စိုက်ပျိုးမြေဧက ၁၀၀ လောက် ဆုံးရှုံးခဲ့ပြီး အိမ် ၁၄ လုံးလည်း ရွှေ့ပြောင်းခဲ့ရသလို တခြားကျေးရွာတချို့လည်း ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရပါတယ်။
ဧရာဝတီမြစ် ရေစီးကြောင်းပြောင်းလဲတာကြောင့် ကမ်းပါးပြိုကျတာတွေကို အချိန်မီ မထိန်းသိမ်းနိုင်ဘူးဆိုရင် လူနေအိမ်တွေ၊ စိုက်ခင်းတွေနဲ့ ဘုန်းကြီးကျောင်း တော်တော်များများ ဟာ ပြောင်းရွှေ့ရတော့မှာ ဖြစ်ပါတယ်။

DVB TV News
ဧရာဝတီမြစ်ကူး ဖြတ်ကူးဖို့ ပခုက္ကူတံတား တည်ဆောက်ပြီးနောက် ရေအ၀င် လမ်းကြောင်း ပြောင်းလဲ လာတာကြောင့် မြစ်အရှေ့ဘက်ကမ်းမှ သောင်ပိုကြီးလာပြီး ရေစီးကြောင်းဟာ တံတားအောက်ဘက် ကမ်း က ကျေးရွာတွေရဲ့ အောက်ခြေကနေ ကပ်စီးဆင်းလာလို့ ကမ်းပါး ပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။၂၀၁၃ ခုနှစ်မှာ ကမ်းပါးပြိုကျတာတွေ စတင်ဖြစ်ပေါ်ခဲ့ပြီး ကျေးရွာမြေတွေ၊ စိုက်ပျိုးမြေတွေ နဲ့ နေအိမ်တွေ ဆုံးရှုံးခဲ့ကြရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ နိုဝင်ဘာ ပထမပတ် နောက်ဆုံးထား ပြုလုပ်မည်ဟု ဦးတင်အေး ပြောကြား

၂၀၀၈ အခြေခံဥပဒေဖြင့် ဒုတိယအကြိမ်မြောက် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ပထမပတ် နောက်ဆုံးထားပြီး ပြုလုပ်ပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော် မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်ရွေးချယ်ခံမည့် အငြိမ်းစားစစ်သံမှူးကြီး ဦးစိုးဌေးနှင့်တွေ့ဆုံခြင်း

Photo: စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်ရွေးချယ်ခံမည့် အငြိမ်းစားစစ်သံမှူးကြီး ဦးစိုးဌေးနှင့်တွေ့ဆုံခြင်း
Tuesday, October 21, 2014

"ပြည်သူ့ကိုယ်စားလှယ်တွေရွေးပြီးတော့ မြို့တော်စည်ပင်လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်မယ်ဆိုရင် ပြည်သူတွေရဲ့လိုလားချက်တွေကို ဖြည့်ဆည်းပေးဖို့ ပိုလွယ်လာမယ်" 
 
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ခရိုင်နဲ့ မြို့နယ်စည်ပင်သာယာရေးကော်မတီတွေကို လူထုရွေးချယ်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းတော့မှာဖြစ်ပြီး အဲဒီလိုဖွဲ့စည်းဖို့အတွက်  လူထုကိုယ်စားလှယ်ရွေးကော်ပွဲကို ဒီဇင်ဘာ ၂၇ ရက်မှာ ပြုလုပ်တော့မှာဖြစ်ပါတယ်။ အများပြည်သူကြားမှာ အဆိုပါရွေးကောက်ပွဲနဲ့ပတ်သက်လို့ အများကြီးမသိကြသေးပေမယ့် ၀င်ရွေးခံမယ့်ကိုယ်စားလှယ်တွေအနေနဲ့တော့ ပြင်ဆင်နေကြပါပြီ။ အချို့လည်း ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ထားပြီးပြီလို့သိရပါတယ်။ အဲဒီထဲကမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလုပ်ငန်းတွေကို အတွင်းကျကျလေ့လာပြီး လူထုရဲ့လိုအပ်ချက်တွေကိုလုပ်ပေးနိုင်ဖို့ဆိုပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်အဖြစ် အနောက်ပိုင်းခရိုင်ကိုယ်စားလှယ်အနေနဲ့ ၀င်ရောက်ရွေးချယ်ခံမည့် အငြိမ်းစားစစ်သံမှူးကြီး ဦးစိုးဌေးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြပေးလိုက်ပါတယ်။

မေး- ဘာကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် ၀င်ရောက်အရွေးခံဖို့လုပ်ဖြစ်တာလဲ။

ဖြေ- ကော်မတီဝင်အရည်အချင်းသတ်မှတ်ချက်တွေအားလုံးနဲ့လည်းညီတယ်။ ကျန်းမာရေးအခြေအနေလည်းပေးသေးတယ်။ အသက်ကတော့ ၆၄ နှစ်ရှိနေပြီ။ ကော်မတီဝင်အဖြစ် အရည်အချင်းသတ်မှတ်ချက်က ၆၅ နှစ်အထိဆိုတော့ တစ်နှစ်လိုသေးတယ်။ ကော်မတီသက်တမ်းကလည်း တစ်နှစ်လောက်ပဲဆိုတော့ ကွက်တိဖြစ်သွားတယ်။ စည်ပင်လုပ်ငန်းတွေက ပြည်သူတွေကို ၀န်ဆောင်မှုပေးတဲ့လုပ်ငန်းဆိုတော့ ဒီအတွေ့အကြုံလေးလည်းလိုချင်တယ်။ နောက်တစ်ခုက စည်ပင်လုပ်ငန်းတွေ ဘာကြောင့်အောင်မြင်တယ်။ ခက်ခဲတယ်ဆိုတာ သိချင်စိတ်ရှိတဲ့အတွက်ကြောင့် အပြင်ကနေကြည့်တာထက်စာရင် ကော်မတီဝင်ဖြစ်ပြီး ကြည့်တာကပိုပြီးတော့ အမြင်တစ်မျိုးဖြစ်မလားဆိုပြီး ၀င်ပြီးအရွေးခံဖို့လုပ်ဖြစ်တာပါ။

မေး- လက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီအပေါ် အမြင်လေးပြောပြပေးပါ။

ဖြေ- လက်ရှိစည်ပင်သာယာရေးကော်မတီလုပ်ငန်းတွေကနှောင့်နှေးနေပါတယ်။ စည်ပင်မှာ လုံခြုံရေးအပိုင်းကိုပဲဦးစားပေးပြီး တပ်ပိုင်းကလူတွေကိုပဲ ဦးစားပေးခန့်ထားတယ်။ ဒါပေမဲ့ အခုလုံခြုံရေးအမြင်နဲ့ကြည့်လို့မရတော့ဘူး။ စီးပွားရေး၊ လူမှုရေးအမြင်တွေကိုပါ ထည့်တွက်ရတော့မယ်။ စီးပွားရေးဆိုလည်း ၆၀ ရာခိုင်နှုန်းက ဆင်းရဲသားတွေ၊ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ မြို့တော်စည်ပင်က အလုပ်အကိုင်တွေကို ဖန်တီးပေးနိုင်တယ်။ အဆောက်အအုံတွေ ဆောက်ခွင့်ပြုမယ်။ လုပ်ငန်းလိုင်စင်တွေအများကြီးခွင့်ပြုနိုင်တယ်။ နောက်ပြီးတော့ စည်ပင်သာယာက နေ့ခင်းဘက် ကားသွားတဲ့လမ်းတွေကိုပိတ်ဆို့ပြီး လမ်းခင်းတာတွေကိုလည်း ပြင်ဆင်ဖို့လိုပါတယ်။

မေး- အခု စည်ပင်သာယာရေးကော်မတီဝင်ရွေးကောက်ပွဲလုပ်တဲ့အပေါ် ၀င်ရွေးခံမယ့်ကိုယ်စားလှယ်အနေနဲ့အမြင်ကို ပြောပြပေးပါ။

ဖြေ- ပြည်သူ့ကိုယ်စားလှယ်တွေရွေးပြီးတော့ မြို့တော်စည်ပင်လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်မယ်ဆိုရင် ပြည်သူတွေရဲ့လိုလားချက်တွေကို ဖြည့်ဆည်းပေးဖို့ ပိုလွယ်လာမယ်။ နိုင်ငံတော်ကခန့်တဲ့ ၀န်ထမ်းစိတ်နဲ့မဟုတ်ဘဲနဲ့ ပြည်သူ့စိတ်နဲ့လုပ်မယ့်လူတွေပေါ်လာမှာဖြစ်တဲ့အတွက် လုပ်ငန်းတွေပိုပြီး အောင်မြင်လာမယ်လို့ထင်ပါတယ်။ ဒီလိုပြည်သူ့ကိုယ်စားလှယ်တွေရွေးကောက်တာ သင့်တော်တယ်လို့ ယူဆပါတယ်။

မေး- စည်ပင်သာယာရေးကော်မတီမှာ လူထုကိုယ်စားလှယ်တွေပါဝင်ခြင်းအားဖြင့် ဘယ်လိုအားသာချက်တွေရရှိလာနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ- လူထုကိုယ်စားလှယ်ပါတဲ့အတွက် အခက်အခဲရှိတဲ့ပြည်သူလူထုက သူ့ကိုယ်စားလှယ်ကိုပြောမယ်။ အဲဒီကိုယ်စားလှယ်ကတစ်ဆင့် ကော်မတီမှာတင်ပြမယ်။ လုပ်ငန်းပိုလျင်မြန်မယ်။ အမှန်အတိုင်းသိတဲ့အားသာချက်တွေရှိနိုင်တယ်။ အချို့လုပ်ငန်းတွေရှုပ်ထွေးတယ်။ ဖြေရှင်းရတာခက်နိုင်တယ်။ ဒါကိုမှန်မှန်ကန်ကန် ပြည်သူ့ကိုယ်စားလှယ်ကနေ အောက်ခြေအထိ ဆင်းပြီးတော့ ဖြေရှင်းနိုင်ရင်ပိုပြီးတော့ လွယ်လာမယ်။

မေး- စည်ပင်သာယာနည်းဥပဒေမှာ စည်ပင်သာယာရေးကော်မတီမှာ အရေးပါတဲ့ အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူးကို လူထုကိုယ်စားလှယ်ထဲကမရွေးဘဲ မြို့တော်ဝန်က ပြန်ခန့်မယ့်အပေါ်  ၀င်ရွေးခံမယ့်ကိုယ်စားလှယ်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ- မြို့တော်ဝန်တို့၊ အတွင်းရေးမှူးတို့ဆိုတာက ရုံးလုပ်ငန်းသဘောအရ ကြီးကြပ်ပေးတဲ့သဘောပါပဲ။ အတွင်းရေးမှူးရော၊ မြို့တော်ဝန်ရော ပညာရှင်အဆင့်ဆိုရင်တော့ ပိုကောင်းတာပေါ့။ အရပ်ဘက်မှာလည်း ကျွမ်းကျင်တဲ့သူတွေရှိတယ်လေ။ ကျွမ်းကျင်တဲ့သူတွေကိုခန့်ပေးမယ်ဆိုရင်တော့ လုပ်ငန်းတွေအကြံပေးတာ၊ ရှင်းလင်းပြရတာ ပိုလွယ်သွားတာပေါ့။ ဒါဆိုရင် စည်ပင်လုပ်ငန်းတွေ ပိုအဆင်ပြေလာမှာပေါ့။

ဥပဒေအရ ရွေးကောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်က ပြည်သူ့အကျိုးအတွက် လွတ်လွတ်လပ်လပ်လုပ်နိုင်မယ်ဆိုရင် သဘောကျတယ် 
မေး- တကယ်လို့သာ  ကော်မတီဝင်အဖြစ်ရွေးချယ်ခံရမယ်ဆိုရင် လူထုအတွက် ဘယ်လိုလုပ်ငန်းအပိုင်းတွေမှာ ဖြည့်ဆည်းနိုင်မယ်လို့ မျှော်မှန်းထားပါသလဲ။

ဖြေ- ကော်မတီဝင်တွေက မြို့တော်ဝန်ရဲ့ ပေးတဲ့အမိန့်အတိုင်း ဥပဒေနဲ့အညီလုပ်ဆောင်သွားဖို့အဓိကပါ။ ဒါပေမဲ့ ကိုယ်ရဲ့မဲဆန္ဒနယ်က လူထုကတင်ပြတဲ့လုပ်ငန်းတွေကို မြို့တော်ဝန်ကိုတင်ပြမယ်။ မြို့တော်ဝန်က သဘောတူရင် ဆောင်ရွက်ပေးဖို့လုပ်မယ်။ ဒါကတော့အခြေခံပေါ့။ ကျန်တဲ့ မြို့တော်တိုးတက်ဖွံ့ဖြိုးဖို့၊ အခြားစီမံကိန်းလုပ်ငန်းတွေမှာ ကိုယ်ရဲ့အကြံဥာဏ်တွေပေးနိုင်မှာပေါ့။ အခုလောလောဆယ်ဖြစ်နေတဲ့ သွားရေးလာရေးပိတ်ဆို့မှုတို့ ၊ လမ်းဘေးဈေးသည်ကိစ္စတို့၊ ကျန်းမာရေးနဲ့ညီညွတ်ဖို့ကိစ္စတွေကို မြို့တော်ဝန်ကိုအကြံပေးပြီးတော့ လူထုရဲ့အကြံပြုချက်တွေကို ထပ်ဆင့်တင်ပြပြီးတော့ ဆောင်ရွက်သွားပါမယ်။

မေး- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်တွေဖြစ်လာပြီဆိုရင်ရော ဘယ်လိုအချက်တွေကို အလေးထားလုပ်ဆောင်ဖို့လိုတယ်လို့ ထင်ပါသလဲ။

ဖြေ- ကျွန်တော်အလေးထားတာကတော့ ဥပဒေအရ ရွေးကောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်က ပြည်သူ့အကျိုးအတွက် လွတ်လွတ်လပ်လပ်လုပ်နိုင်မယ်ဆိုရင် သဘောကျတယ်။ အရည်အချင်း ကန့်သတ်ချက်တွေ ဘယ်သူကိုပဲထားထား၊ ပြည်သူ့ဆန္ဒကိုခံယူပြီးတော့ သူ့တာဝန်ကို လွတ်လွတ်လပ်လပ်လုပ်နိုင်တာကို ပိုပြီးတော့အလေးထားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်လိုက်တဲ့ နိုင်ငံတော်အစိုးရ၊ လွှတ်တော်တို့က ပြည်သူ့ဆန္ဒ၊ သဘောထားနဲ့အညီ နိုင်ငံတော်ကိုတိုးတက်အောင် လွတ်လွတ်လပ်လပ်လုပ်နိုင်သလား။ စည်ပင်ဥပဒေအရ ရွေးကောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက လွတ်လွတ်လပ်လပ်လုပ်နိုင်မယ်ဆိုရင် ဒါကိုပိုပြီးတော့ အလေးထားတယ်။

မေး- ဒီရွေးကောက်ပွဲစရိတ်က စည်ပင်သာယာဘတ်ဂျက် ပြည်သူ့ဘဏ္ဍာငွေ ကျပ်သိန်း ၅၀၀၀ ကျော်လောက်သုံးမယ်။ ဒါပေမဲ့ ရွေးကောက်လိုက်တဲ့ကော်မတီဝင်သက်တမ်းကလည်း တစ်နှစ်လောက်ပဲရှိတော့မယ်ဆိုတော့  ဒီရွေးကောက်ပွဲက အလုပ်ဖြစ်မယ်လို့ထင်ပါသလား။

ဖြေ- အရည်အချင်းတွေဘယ်လိုကန့်သတ်ကန့်သတ် ပြည်သူ့ကိုယ်စားပြုလုပ်နိုင်ဖို့၊ အလုပ်ဖြစ်လို့လိုတာပေါ့။ ပြည်သူ့ဘဏ္ဍာ ကျပ်သိန်း ၅၀၀၀ သုံးမယ်ဆိုတော့။ ပြီးတော့ သက်တမ်းတစ်နှစ်ပဲထမ်းဆောင်ရမှာ။

မေး- ရွေးကောက်ခံကိုယ်စားလှယ်တွေကို မဲပေးမယ့်ပြည်သူတွေက တစ်အိမ်ထောင်ကို တစ်ယောက်ပဲပေးရမယ်ဆိုတဲ့အပေါ်မှာ အချို့က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ဆိုတဲ့အချက်ကို ချိုးဖောက်နေတယ်လို့ သုံးသပ်နေကြပါတယ်။ အဲဒီအပေါ် အမြင်လေးကို ပြောပြပေးပါ။

ဖြေ- လူတိုင်းမဲပေးမယ်ဆိုရင် မဲပြားတွေပိုကုန်မယ်။ တစ်အိမ်ထောင်ကိုတစ်ယောက်ပဲ မဲပေးတဲ့စနစ်ကိုတော့ ကန့်ကွက်ဖို့မရှိပါဘူး။ ကျန်ကျစရိတ်သက်သာတာပေါ့။

မေး- စည်ပင်သာယာရေးကော်မတီဝင်ရွေးကောက်ပွဲက နှစ်ပေါင်း ၆၀ ကျော်ကြာပြီးမှ ပထမဆုံးလုပ်လည်းဖြစ်တယ်။ အချို့ကန်သတ်ချက်တွေကြောင့် တရားမျှတမှုအပိုင်းမှာရော ဘယ်လိုရှိလာနိုင်မယ်လို့ထင်ပါသလဲ။

ဖြေ- သူတို့ကလည်း ပထမဆုံးအကြိမ်လုပ်ပြီးနောက်ပိုင်း အမှားအမှန်ကိုပြင်လို့ရမှာပါ။ ဒီတစ်ကြိမ်ကတော့ အရမ်းကပ်နေပြီဆိုတော့ အချို့ကန့်သတ်ချက်တွေကို ပြင်ဖို့မလွယ်တော့ဘူး။

မေး- ဆရာက စစ်သံမှူးကြီးအဖြစ် နိုင်ငံသုံးနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့တာဆိုတော့ အဲဒီအတွေ့အကြုံ လေးကို ပြောပြပေးပါ။

ဖြေ- အမေရိကန်၊ မလေးရှားနဲ့ ရုရှားနိုင်ငံတွေမှာ စစ်သံမှူးကြီးအဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့တာပါ။ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွေကိုလေ့လာပြီးတော့ ကိုယ့်နိုင်ငံကိုပြန်ပြီးတော့ တင်ပြရတယ်။ အဲဒီနိုင်ငံတွေရဲ့ကာကွယ်ရေးစနစ်တွေကိုလည်း တင်ပြရတယ်။ ရုရှားနိုင်ငံမှာဆိုရင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလေ့လာပြီး ပြန်တင်ပြရတယ်။ ဒါကတော့ထူးခြားတယ်။ အခြားနှစ်နိုင်ငံကတော့ နိုင်ငံရေး၊  စီးပွားရေး၊ လူမှုရေးတွေကိုလေ့လာပြီးတော့ ပြန်တင်ပြရပါတယ်။ အဲဒီနိုင်ငံတွေမှာက စစ်တပ်က အရပ်သားတွေရဲ့ဦးဆောင်မှုအောက်မှာပဲရှိပြီး သုံးနိုင်ငံစလုံးကတိုးတက်တယ်။ ကျွန်တော်တို့ဆီမှာလည်း အရပ်ဘက်ကသာဦးဆောင်မယ်ဆိုရင် ပိုပြီးတိုးတက်လာမဲ့သဘောရှိပါတယ်။

မေး- လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ်မှာ ဆရာရဲ့အမြင်ကို ပြောပြပေးပါ။

ဖြေ- နိုင်ငံရေးအပေါ်မှာပြောရမယ်ဆိုရင် လူထုရဲ့ဆန္ဒက သူတို့ခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုရွေးထားပြီးပြီ။ အစိုးရအဖွဲ့ခေါင်းဆောင်အနေနဲ့ကတော့ သမ္မတဦးသိန်းစိန်က နိုင်ငံတော်မှာ တတ်နိုင်သလောက်ကြိုးစားလုပ်နေတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားတဲ့အာဏာကို သူအပြည့်အ၀အသုံးမချသေးဘူးလို့ ကျွန်တော်ယူဆတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံတော်သမ္မတမှာ အုပ်ချုပ်မှုအာဏာကို တော်တော်လေး အပြည့်အ၀ပေးထားတဲ့သဘောရှိတယ်။ ဒါကို အပြည့်အ၀သာအသုံးချနိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးပိုပြီးတော့ မြန်ဆန်လာမယ်လို့ထင်တယ်။ ဘာကြောင့် အပြည့်အ၀အသုံးချနိုင်သေးတာလဲဆိုတော့ တိုင်းရင်းသားတွေရဲ့တောင်းဆိုမှုတွေ၊ လက်နက်ကိုင်တွေရဲ့အခြေအနေ၊ ပြည်သူတွေရဲ့အခြေအနေတွေကို စောင့်ကြည့်နေရသေးတဲ့ သဘောရှိတယ်။ နောက်ပြီး စစ်သံမှူးကြီးလုပ်ဖြစ်ခဲ့တဲ့ သုံးနိုင်ငံအတွေ့အကြုံအရ ဖက်ဒရယ်စနစ် အုပ်ချုပ်ရေးပြည်နယ်တွေခွဲတဲ့အခါမှာ လူမျိုးရေးအပေါ်ကို အခြေမခံဘူး။ သူတို့က ပထ၀ီအခြေအနေအပေါ်ကို အခြေခံတယ်။ ဒါလေးကထူးခြားတယ်။ ဖက်ဒရယ်စနစ်ထူထောင်မယ်ဆိုရင် ပထ၀ီအနေအထားနဲ့သာ အခြေခံလုပ်မယ်ဆိုရင် အဲဒီနိုင်ငံတွေလိုပဲ တိုးတက်မှုမြန်ဆန်နိုင်တယ်။

ကိုယ်ရေးအကျဉ်း

အမည်                                                         -   ဦးစိုးဌေး
ဝင်ရောက်ရွေးချယ်ခံမည့်မဲဆန္ဒနယ်                   -  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် (အနောက်ပိုင်းခရိုင်)
ပညာအရည်အချင်း                                        -  သိပ္ပံဘွဲ့ (စစ်တက္ကသိုလ်) ဒီပလိုမာစာရင်းကိုင်(စာရင်းကောင်စီ)
                                                                       ဒီပလိုမာအင်္ဂလိပ်ဘာသာ(အမေရိကန်)
                                                                       ဒီပလိုမာစစ်မဟာဗျူဟာ လေ့လာရေး(ကာကွယ်ရေး)
                                                                       လူရည်ချွန်လေးထပ်ကွမ်း
                                                                       (၁၉၆၄ ၊ ၁၉၆၅၊ ၁၉၆၆၊ ၁၉၆၇ ခုနှစ်-ဘားအံ)
တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဌာန                     -  စစ်သံမှူး  (အမေရိကန်၊  မလေးရှား၊  ရုရှား)

Eleven Media Group
"ပြည်သူ့ကိုယ်စားလှယ်တွေရွေးပြီးတော့ မြို့တော်စည်ပင်လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်မယ်ဆိုရင် ပြည်သူတွေရဲ့လိုလားချက်တွေကို ဖြည့်ဆည်းပေးဖို့ ပိုလွယ်လာမယ်" 

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအား တစ်နာရီ ကီလိုမီတာ ၁၀၀ ပြေးဆွဲနိုင်ရန် JICA နှင့် ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအား တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ ပြေးဆွဲနိုင်ရန် JICA နှင့် ပူးပေါင်းေ ဆာင်ရွက်မည်ဖြစ်ပြီး အဆင့်မြင့်လမ်းပိုင်းပြုပြင်ခြင်းအား ၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဆောင် ရွက် မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက အမျိုးသား လွှတ်တော် အစည်း အဝေးတွင် ပြောကြားသည်။

ထောင်ဒဏ် ၁၁ နှစ်နှင့် လေးလချမှတ်ခံထားရသည့် ကိုထင်ကျော်အား ကြားဖြတ်အစိုးရတင်မြှောက်ကြောင်း သဘောထားထုတ်ပြန်မှုကြောင့် ကျောက်တံတားတရားရုံးက အောက်တိုဘာ ၃၀ ရက်တွင် အမိန့်ချမည်

Photo: ထောင်ဒဏ် ၁၁ နှစ်နှင့် လေးလချမှတ်ခံထားရသည့် ကိုထင်ကျော်အား ကြားဖြတ်အစိုးရတင်မြှောက်ကြောင်း သဘောထားထုတ်ပြန်မှုကြောင့် ကျောက်တံတားတရားရုံးက အောက်တိုဘာ ၃၀ ရက်တွင် အမိန့်ချမည်
Tuesday, October 21, 2014

မြို့နယ် ၁၂ မြို့နယ်မှ စုစုပေါင်းထောင် ဒဏ် ၁၁ နှစ်နှင့် လေးလချမှတ်ခံထား ရသည့် ကိုထင်ကျော်အား ကြားဖြတ်အစိုးရတင်မြှောက်ကြောင်း သဘောထားထုတ်ပြန်မှုဖြင့် ကျောက်တံတားမြို့နယ်တရားရုံးမှ ပုဒ်မ-၅၀၅(ခ) ဖြင့် အောက်တိုဘာ ၃၀ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ရုံးထုတ်စစ်ဆေးပြီးနောက် သတင်းရရှိသည်။
 
ပြီးခဲ့သည့် ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်မြို့ ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့တွင် (MDCF) အဖွဲ့ဝင် ၃၀ ကျော်သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီအင်အားစုများကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူများကတင်မြှောက်ကြောင်း သဘောထားထုတ်ပြန်ခဲ့ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ကိုထင်ကျော်အား ပုဒ်မ-၅၀၅(ခ)/၃၄၊ အဖွဲ့ဝင် ကိုနောင်နောင်ကိုမူ  ပုဒ်မ-၅၀၅(ခ) ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
 
ထို့ကြောင့် ကိုထင်ကျော်နှင့်အတူ ကိုနောင်နောင်ကိုပါ အောက်တိုဘာ ၃၀ ရက်တွင်အမိန့်ချမည်ဟု သိရသည်။
 
ရုံးထုတ်စစ်ဆေးပြီးနောက် တရားရုံးမှပြန်ထွက်လာစဉ် ကိုထင်ကျော်က "ပြည်သူတွေအနေနဲ့ ခုလက်ရှိမှာကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေမှ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ကျွန်တော်တို့အားလုံး အစိုးရကို ဆက်လက်ရှုတ်ချမှာပါ" ဟုပြောကြားခဲ့ သည်။    

Eleven Media Group 

ကိုထင်ကျော်အား အောက်တိုဘာ ၂၀ ရက်က ကျောက်တံတားတရားရုံးရှေ့တွင် တွေ့ရစဉ်(ဓာတ်ပုံ-အောင်ကျော်ထက်)
ကိုထင်ကျော်အား အောက်တိုဘာ ၂၀ ရက်က ကျောက်တံတားတရားရုံးရှေ့တွင် တွေ့ရစဉ်(ဓာတ်ပုံ-အောင်ကျော်ထက်)
မြို့နယ် ၁၂ မြို့နယ်မှ စုစုပေါင်းထောင် ဒဏ် ၁၁ နှစ်နှင့် လေးလချမှတ်ခံထား ရသည့် ကိုထင်ကျော်အား ကြားဖြတ်အစိုးရတင်မြှောက်ကြောင်း သဘောထားထုတ်ပြန်မှုဖြင့် ကျောက်တံတားမြို့နယ်တရားရုံးမှ ပုဒ်မ-၅၀၅(ခ) ဖြင့် အောက်တိုဘာ ၃၀ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက် တွင် ရုံးထုတ်စစ်ဆေးပြီးနောက် သတင်းရရှိသည်။

ရန်ကုန်မြို့၌ပြေးဆွဲနေသော မထသယာဉ်လိုင်း ၃၉၆ လိုင်းမှ ၃၆၄ လိုင်းအထိလျှော့ချ၊ ယာဉ်ကြောပိတ်ဆို့မှုပိုမိုဆိုးရွားလာ၍ ယာဉ်တင်သွင်းခွင့်နှင့်ပတ်သက်ပြီး ဆွေးနွေးနေ

Photo: ရန်ကုန်မြို့၌ပြေးဆွဲနေသော မထသယာဉ်လိုင်း ၃၉၆ လိုင်းမှ ၃၆၄ လိုင်းအထိလျှော့ချ၊ ယာဉ်ကြောပိတ်ဆို့မှုပိုမိုဆိုးရွားလာ၍ ယာဉ်တင်သွင်းခွင့်နှင့်ပတ်သက်ပြီး ဆွေးနွေးနေ
Tuesday, October 21, 2014

ရန်ကုန်မြို့၌ပြေးဆွဲနေသော မ.ထ.သ ယာဉ်လိုင်း ၃၉၆ လိုင်းမှ ၃၆၄ လိုင်းအထိလျှော့ချခဲ့ပြီး ယာဉ်ကြောပိတ်ဆို့ကျပ်တည်းလာမှု ပိုမိုဆိုးရွားလာခြင်းကြောင့် ယာဉ်တင်သွင်းခွင့်နှင့်ပတ်သက်၍လည်း ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း မ.ထ.သ(ဗဟို) ဥက္ကဋ္ဌဦးလှအောင်က အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားသည်။
    
မြန်မာနိုင်ငံသို့တင်သွင်းလာသော မော်တော်ယာဉ်အားလုံးအနက် ရာခိုင်နှုန်း ၈၀ မှာ ရန်ကုန်မြို့သို့ရောက်ရှိနေခြင်းဖြစ်ကြောင်း သက်ဆိုင်ရာဌာနများမှ သိရသည်။
    
"အခုရန်ကုန်မြို့မှာ ယာဉ်အစီးရေလည်း အရမ်းများလာတယ်။ ယာဉ်ကြောတွေ ပိတ်ဆို့ကျပ်တည်းမှုကလည်း ပိုပြီးဆိုးလာတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ယာဉ်တင်သွင်းမှုအပိုင်း၊ လမ်းအသုံးပြုမှုအပိုင်းတွေကို ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဆွေးနွေးပြီးတော့ တင်ပြမှုတွေပြုလုပ်နေပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကို တစ်ဦးတစ်ယောက်တည်း၊ ဌာနတစ်ခုနှစ်ခုတည်း ဆောင်ရွက်လို့မရဘူး။ အားလုံးပူးပေါင်းရမယ်။ အားလုံးကလည်း စည်းကမ်းရှိရမယ်။ နှစ်ရှည်ဆောင်ရွက်ရမှာပါ" ဟု မ.ထ.သ(ဗဟို) ဥက္ကဋ္ဌဦးလှအောင်က အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားသည်။
    
"ဒီလိုယာဉ်ကြောပိတ်ဆို့မှုတွေ လျော့ကျဖို့အတွက်ကိုလည်း ဌာနဆိုင်ရာပေါင်းစုံနဲ့ ပညာရှင်တွေပူးပေါင်းပြီး အဖြေရှာနိုင်ဖို့ ဆွေးနွေးပွဲလုပ်မယ်လို့ကြားရပါတယ်" ဟု ယာဉ်ထိန်းရဲအရာရှိတစ်ဦးကဆိုသည်။
    
လက်ရှိတွင် ရန်ကုန်မြို့၌ ယာဉ်အစီးရေလေးသိန်းကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။
    
မ.ထ.သ(ဗဟို) ဥက္ကဋ္ဌဦးလှအောင်က "ယာဉ်တင်သွင်းမှုအပေါ်စဉ်းစားတာကလည်း အဓိက ရန်ကုန်တိုင်းဒေသကြီးအခြေအနေနဲ့ကိုက်ညီတဲ့ အနေအထားဖြစ်ဖို့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွားပြည်သူတွေကိုလည်း မထိခိုက်အောင် မြို့တွင်းပြေးဆွဲနေတဲ့ လမ်းကြောင်းတူယာဉ်လိုင်းတွေကို ပူးပေါင်းပြေးဆွဲနေတယ်။ အရင်က မ.ထ.သ ယာဉ်လိုင်း ၃၉၆ လိုင်းရှိခဲ့ရာကနေ အခု ၃၆၄ လိုင်းအထိ လျှော့ချခဲ့ပါတယ်။ ဒါ့အပြင် မီးပွိုင့်စနစ်တွေကို အဆင့်မြှင့်ဖို့လိုပါတယ်" ဟုဆိုသည်။

Eleven Media Group 

ရန်ကုန်မြို့ တာမွေဈေးအနီး ယာဉ်ကြောပိတ်ဆို့မှုများအား တွေ့ရစဉ်
ရန်ကုန်မြို့ တာမွေဈေးအနီး ယာဉ်ကြောပိတ်ဆို့မှုများအား တွေ့ရစဉ်
ရန်ကုန်မြို့၌ပြေးဆွဲနေသော မ.ထ.သ ယာဉ်လိုင်း ၃၉၆ လိုင်းမှ ၃၆၄ လိုင်းအထိလျှော့ချခဲ့ပြီး ယာဉ်ကြော ပိတ်ဆို့ကျပ်တည်းလာမှု ပိုမိုဆိုးရွားလာခြင်းကြောင့် ယာဉ်တင်သွင်းခွင့်နှင့်ပတ်သက်၍လည်း ဆွေးနွေးမှု များပြု လုပ် လျက် ရှိကြောင်း မ.ထ.သ(ဗဟို) ဥက္ကဋ္ဌဦးလှအောင်က အောက်တိုဘာ ၂၀ ရက်တွင် ပြော ကြားသည်။

တစ်နိုင်ငံလုံးရှိ ခရိုင်အဆင့် ဆေးရုံ ၇၀ တွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကုသရေး အတွက် ကြိုတင်ပြင်ဆင်မည်

Photo: တစ်နိုင်ငံလုံးရှိ ခရိုင်အဆင့် ဆေးရုံ ၇၀ တွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကုသရေး အတွက် ကြိုတင်ပြင်ဆင်မည်
Tuesday, October 21, 2014

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ခရိုင်အဆင့် ဆေးရုံ ၇၀ တွင် အီဘိုလာဗိုင်းရပ်စ်ပိုးကုသရေးအတွက် ကြိုတင်ပြင်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။

အီဘိုလာဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ကူးစက်မှုမရှိစေရန် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာနမှ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပြီး သံသယရှိဖွယ်လူနာများတွေ့ရှိခဲ့ပါက စောင့်ကြပ်ကြည့်ရှုကုသနိုင်ရန် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများရှိ ဆေးရုံကြီးများတွင် ပြီးခဲ့သည့်  သြဂုတ်လကတည်းက ကနဦးအနေဖြင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြောင်းနှင့် ယခုဆက်လက်၍ ခရိုင်အဆင့်ဆေးရုံများတွင် ထပ်မံတိုးချဲ့ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဦးစီးဌာနမှ ပထမအဆင့်အနေဖြင့် ခရိုင်အဆင့်ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ပြီး အီဘိုလာရောဂါစောင့်ကြပ်ရေးနှင့်ပတ်သက်သည့် အချက်အလက်များကိုလည်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးအဆင့်အနေဖြင့် နေပြည်တော်ခုတင်(၁၀၀၀) ဆံ့ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၌ ရန်ကုန်အထွေထွေရောဂါကုဆေးရုံနှင့် အထူးကုဆေးရုံ(ဝေဘာဂီ)၊ မန္တလေးတိုင်းဒေသကြီး၊ ကန်တော်လတီကူးစက်ဆေးရုံများကို ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်းနှင့် နိုင်ငံတကာ ၀င်/ထွက်ပေါက်နေရာများ၊ နယ်စပ်ဂိတ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ ၁၇ ရက်က လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့သည့် အီဘိုလာရောဂါဖြစ်နေသည့် လူလေးဦးဆိုသည်မှာ မဟုတ်မှန်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ရှင်းလင်းခဲ့ကြောင်းနှင့် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့်စာရွက်၌ နိုင်ငံခြားသားသုံးဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးပါ အမည်လေးခုအားဖော်ပြ၍ "ဤလူများကိုတွေ့လျှင်အကြောင်းကြားပေးပါရန် အီဘိုလာရောဂါဖြစ်နေသောသူများဖြစ်ပါသည်။ လေဆိပ်တွင်ပျောက်သွားသည်" ဟုရေးသားထားပြီး လူမှုကွန်ရက်သုံးစွဲသူများအချင်းချင်း ပြန်လည်မျှဝေခဲ့မှုကြောင့် ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက လိုက်လံစုံစမ်းမှုများပြုလုပ်ခဲ့ရာ ယင်းနေ့ နေ့လယ်ပိုင်းတွင် အဆိုပါစာရွက်တွေ့ရှိခဲ့သည်ဟုဆိုသည့် ဟိုတယ်အား ကျန်းမာရေးဝန်ထမ်းများက ကိုယ်တိုင်သွားရောက်စုံစမ်းခဲ့ရာ အဆိုပါလူလေးဦးမှာ ယင်းဟိုတယ်တွင် တည်းခိုခဲ့ခြင်းမရှိခဲ့ကြောင်း၊ အဆိုပါလူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့်စာရွက်မှာ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စာရွက်မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိရောဂါဖြစ်ပွားနေသည့်နိုင်ငံများမှ ပြန်လာသူများ၊ ရောဂါခံစားနေရသူများကို ပြုစုစောင့်ရှောက်ပေးသူများနှင့် မိသားစုဝင်များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသူများကို လေဆိပ်၊ သင်္ဘောဆိပ်များရှိ ကျန်းမာရေးဌာနများတွင် စစ်ဆေးမှုများပြုလုပ်နေပြီး ရောဂါသံသယလက္ခဏာများဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် ဆေးကုသမှုခံယူရန် ထုတ်ပြန်ထားသည်။

ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး အီဘိုလာရောဂါကြောင့် သေဆုံးသူဦးရေ ၄၅၀၀ ကျော်သွားပြီဖြစ်ပြီး ရောဂါကူးစက်ခံရဦးရေ ၉၀၀၀ ကျော်ရှိပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အောက်တိုဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။         

Eleven Media Group 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကျန်းမာရေးအဖွဲ့က ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကျန်းမာရေးအဖွဲ့က ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ခရိုင်အဆင့် ဆေးရုံ ၇၀ တွင် အီဘိုလာ ဗိုင်းရပ်စ်ပိုး ကုသရေးအတွက် ကြိုတင်ပြင်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။

ညဈေး ဖော်ဆောင်ရေးအတွက် နိုဝင်ဘာပထမပတ်တွင် ပြုလုပ်မည့် အဖွဲ့အစည်း ပေါင်းစုံဆွေးနွေးပွဲမှ ရလဒ်ကို သုံးသပ်အတည်ပြုမည်

နိုင်ငံတကာအဆင့်မီ ညဈေးဖော်ဆောင် ရန်အတွက် မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ နိုဝင်ဘာ ပထမပတ်တွင်ပြုလုပ်မည့် အဖွဲ့အစည်း ပေါင်းစုံပါဝင်ဆွေးနွေးမည့် ဆွေးနွေးပွဲရလဒ် ကို အတည်ပြုသွားမည်ဖြစ်ကြောင်း၊ ဆွေးနွေး ပွဲတွင် လမ်းဘေးစားသောက်ဆိုင်များအား ယာဉ်လမ်းကြောင်း တွင် ပိတ်ဆို့မှုမရှိစေရေး၊ စားသောက်ဆိုင်များ သန့်ရှင်းရေး၊ ဘေး အန္တရာယ်ကင်းရှင်းသည့် အစားအစာများ ဖြစ်ရေး၊ ရွေးချယ်သင့်သည့် ညဈေးသည်များ နှင့် ဈေးသည်များအား အသိပညာပေးရေး လုပ်ငန်းစဉ်များ၊ ညဈေး ရွေးချယ်သင့်သည့် နေရာဒေသနှင့် စားသုံးသူများအတွက် နားနေ နိုင်မည့်နေရာဒေသနှင့် မိလ’ာစသည့်အကြောင်း အရာများကိုဆွေးနွေးမည်ဟု သိရသည်။

တရုတ်ဘက်မှ အဝယ်နည်းနေခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်းအဝင်များပြီး တစ်အိတ်ရောင်းဈေး ကျပ်၂ဝဝဝ အထိ ပြုတ်ကျ

Photo: တရုတ်ဘက်မှ အဝယ်နည်းနေခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်းအဝင်များပြီး တစ်အိတ်ရောင်းဈေး ကျပ်၂ဝဝဝ အထိ ပြုတ်ကျ
Tuesday, October 21, 2014

တရုတ်ဘက်မှ အဝယ်နည်းနေခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်း အဝင်များနေပြီး တစ်အိတ်ရောင်းဈေးမှာ အမျိုးအစားအလိုက် ကျပ် ၁၅ဝဝ မှ ကျပ် ၂ဝဝဝ အထိ ပြုတ်ကျနေကြောင်း ဆန် ရောင်းဝယ်ရေးဆိုင်များမှ သိရသည်။

“ဒီလထဲမှာ ဆန်ကြမ်းဈေးကျသွားတယ်။ တရုတ်ဘက်က အဝယ်မလိုက်တဲ့အတွက် ဈေးကွက်ထဲမှာ ပစ္စည်းတွေများနေတယ်။ ပြီးတော့ နောက်ရာသီဆန်ကြမ်း ထွက်မယ့်အချိန်မှာ ဈေးကွက်မှာရှိတဲ့ ဆန်  ကြမ်းတွေရောင်းလို့ မကုန်မှာစိုးလို့ ဈေးချ  ပြီးရောင်းတဲ့သဘောရှိတယ်။ ဒီအချိန်ဆိုရင်  ဆန်ချောရော၊ ဆန်ကြမ်းရော လှိုင်လှိုင်ထွက် တဲ့အချိန်ဖြစ်နေပြီ။ ဒါပေမဲ့ မနှစ်က ရာသီ  ဥတုမကောင်းတဲ့အတွက် စိုက်ချိန်နောက်ကျ  ပြီး ဆန်လှိုင်လှိုင်မထွက်သေးဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေအိုးဆန်ဆိုင်ပိုင်ရှင်က ပြောကြားသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်များ ကို မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံးခွဲဖြစ် သည့် ဆန်စပါးကုန်စည်ဒိုင် (မူဆယ်မြို့)တို့မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းကို အသုံးပြု၍ အများဆုံးတင်ပို့လျက်ရှိရာ မြန်မာလုပ်ငန်း ရှင်များအနေဖြင့် တရားဝင်ကုန်သွယ်မှု လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်ပို့သော်လည်း ဩဂုတ်လအတွင်း၌ တရုတ်ဗဟိုအစိုးရစီမံချက်ဟုဆိုကာ ဖမ်းဆီးမှုများ ရှိနေသောကြောင့် နယ်စပ်လမ်းကြောင်းမှ တစ်ဆင့် ဆန်တင်ပို့ရာတွင် အခက်အခဲများ  ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

ယင်းနောက် စက်တင်ဘာ ၂၄ ရက် တွင် မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအပါအဝင် တာဝန်ရှိသူများနှင့် တရုတ်ဘက်မှ တရုတ်နိုင်ငံကုန် ပစ္စည်းအရည်အသွေးစစ်ဆေးရေးဝန်ကြီးနှင့် ဆန် စပါးအရည်အသွေးနှင့် စစ်ဆေးရေးပိုင်းဆိုင် ရာစာချုပ်ကိုလည်းကောင်း၊ တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးနှင့် လယ်ယာ ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးနှင့် လယ်ယာသီးနှံ ဈေးကွက်ရရှိရေးစာချုပ်ကိုလည်း ကောင်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရ သည်။

သို့သော်လည်း ယခုအချိန်အထိ လွတ် လပ်စွာတရားဝင်တင်ပို့နိုင်ခြင်းမရှိသေးဘဲ  တရုတ်ဘက်မှ ကုန်သည်များကလည်း ဝယ်ယူမှုနည်းနေသေးကြောင်း သိရသည်။

“အရင်တုန်းကဆိုရင် တရုတ်ဘက်က ဆန်အဝယ်လိုက်တော့ တစ်ရက်တစ်ရက် ကို တစ်အိတ်ဈေး ၅ဝဝ၊ ၁ဝဝဝ လောက် အထိ ဈေးတက်တယ်။ အခုက တရုတ်ဘက် ကို ဆန်တွေမသွားနိုင်ဘူးလို့ ကြားတယ်။ အဲဒီတော့ တရုတ်ဘက်က ဝယ်လိုအားနည်း သွားတော့ ပြည်တွင်းဈေးကွက်ထဲမှာ ဆန် ဈေးကျသွားတာပါ” ဟု ဝါးတန်းလမ်းရှိ စပါယ်ရှယ်ဆန် ရောင်းဝယ်ရေးဆိုင်ရှင်ကဆိုသည်။

လက်လီဈေးကွက်အတွင်းရောင်းချနေ သည့် ဆန်ဈေးနှုန်းများကို ကြည့်မည်ဆိုပါ က စက်တင်ဘာလအတွင်းက မနောသုခ တစ်အိတ် ကျပ် ၂ဝဝဝဝ၊ ဧည့်မထ တစ်အိတ် ကျပ် ၁၉၅ဝဝ၊ ငစိန်တစ်အိတ် ကျပ် ၁၈ဝဝဝ၊ ဇီယာတစ်အိတ် ကျပ် ၁၈၅ဝဝဝ ဖြင့်ရောင်း ချလျက်ရှိရာမှ အောက်တိုဘာ ပထမပတ်မှစ၍ မနောသုခတစ်အိတ် ကျပ် ၁၈ဝဝဝ၊ ဧည့်မထ တစ်အိတ် ကျပ် ၁၈၅ဝဝ၊ ငစိန်တစ်အိတ် ကျပ် ၁၆ဝဝဝ၊ ဇီယာတစ်အိတ် ကျပ် ၁၆ဝဝဝ စသည်ဖြင့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်း အသီးသီးကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group 

တာမွေမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
တာမွေမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
တရုတ်ဘက်မှ အဝယ်နည်းနေခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်း အဝင်များနေပြီး တစ် အိတ်ရောင်းဈေးမှာ အမျိုးအစားအလိုက် ကျပ် ၁၅ဝဝ မှ ကျပ် ၂ဝဝဝ အထိ ပြုတ်ကျနေကြောင်း ဆန် ရောင်း ဝယ်ရေးဆိုင်များမှ သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲအား ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းတွင်ကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးပြောကြား

ဒုတိယအကြိမ်သက်တမ်းလွှတ်တော်များခေါ်ယူနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၅ ခုနှစ် အထွေေ ထွရွေးကောက်ပွဲအား အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းတွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း အား ယခုအချိန်တွင် ဆိုင်းငံ့ထားသင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ဆွေးနွေး

တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း အား လက်ရှိအချိန်တွင် ဆိုင်းငံ့ထားသင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးလှဆွေက အောက်တိုဘာ ၂၀ ရက် အမျိုးသားလွှတ်တော် အစည်းအဝေး တွင် ဆွေးနွေးသည်။

သူတို့တွေ ပွဲအပြီး ဘာတွေပြောကြသလဲ (နည်းပြ နှစ်ဦး၏ ပွဲအပြီးပြောစကားများ)

Photo: သူတို့တွေ ပွဲအပြီး ဘာတွေပြောကြသလဲ (နည်းပြ နှစ်ဦး၏ ပွဲအပြီးပြောစကားများ)
Tuesday, October 21, 2014

ကာတာအသင်း၏ နည်းပြဖြစ်သူ ဖီလစ် ဆန်းချက် ဘတ်စ် မှ ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ အိမ်ရှင် မြန်မာ ပရိတ်သတ်များ၏ ဖိအားများအောက်မှာကစားခဲ့ရသော်လည်း အိမ်ရှင်အသင်းကို အချိန်ပိုကစားအပြီး သုံးဂိုး နှစ်ဂိုးရလဒ်နဲ့ အကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်ခဲ့တဲ့ အတွက် အသင်းသားများကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပွဲအပြီးမှာပြောကြားခဲ့သည်။ 

ကာတာအသင်းသည် ပထမပိုင်းတွင် အာမို့အလီ၏ ခေါင်းတိုက်သွင်းဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သော်လည်း ဒုတိယပိုင်း မိနစ် ၆၀ ကျော်မှာ မြန်မာအသင်းက အောင်သူ၏ ဂိုးထဲလှလှပပ သွင်းယူခဲ့မှု နှင့် မိနစ်ပိုင်းအနည်းငယ်မှာ ငြိမ်းချမ်းအောင်၏ ခေါင်းတိုက်အနိုင်ဂိုး သွင်းယူခြင်းတို့ကို စွမ်းဆောင်ထားနိုင်ခဲ့သည်။ ဒါပေမဲ့လည်း အိမ်ရှင်ပရိတ်သတ်၏ အားပေးမှုနဲ့အတူ အကောင်းဆုံးတိုက်စစ်ဆင် ကစားလာခဲ့သော မြန်မာအသင်းအား ပွဲကစားချိန် ၇၅ မိနစ်မှာ အာရမ် အဖစ် ကနေပြီး ဖရီးကစ်ဂိုးဖြင့် ချေပဂိုးပြန်သွင်းယူနိုင်ခဲ့သည်။ အချိန်ပို မိနစ်ပိုင်းအနည်းငယ်မှာလည်း ကာတာအသင်းအတွက်အနိုင်ဂိုးကို ဆာရင်ဂန် အာဒူ က ခေါင်းတိုက်သွင်းယူနိုင်ခဲ့သဖြင့် ကာတာအသင်း အိမ်ရှင်မြန်မာအသင်းကို သုံးဂိုး နှစ်ဂိုးဖြင့်အနိုင်ရရှိခဲ့ကာ နောက်ဆုံးဗိုလ်လုပွဲဆီကို တက်ရောက်သွားနိုင်ခဲ့သည်။ 

"ဒီတစ်ညကတော့ အသင်းသားတွေနဲ့အတူ ပျော်ရွှင်ဝမ်းသာရသလို ဂုဏ်ယူစရာလည်းကောင်းလှပါတယ်။ သူတို့ဟာ များပြားလှတဲ့ အိမ်ကွင်းပရိတ်သတ်တွေ၏ အားပေးမှုတွေနဲ့အတူ ကောင်းမွန်လှတဲ့ ပြိုင်ဘက်အသင်းကောင်းကို အနိုင်ရရှိရေး အကောင်းဆုံးကြိုးစားပေးဆပ်ခဲ့ကြပါတယ်။" ဆိုပြီး ကာတာနည်းပြကြီးမှပြောကြားခဲ့သည်။
"ကွင်းလုံးပြည့် ပရိတ်သတ်အများကြီးရှေ့ မှာ ကစားခဲ့ရတာကိုက ကြီးမားတဲ့ အတွေ့အကြုံတစ်ခုဖြစ်ခဲ့ပါတယ်။ တကယ့်ဖြစ်ရပ်အနေနဲ့ သူတို့ကစားသမားတွေဟာ ဂိုးနှစ်ဂိုး အမြန်ဘဲပြန်ပေးလိုက်ရသလို၊ အနိုင်ရရှိရေး ပြန်လည်စွမ်းဆောင်လာ နိုင်တာကလည်း ကျွန်တော့်အတွက် အားရကျေနပ်တွေ ဖြစ်စေခဲ့ပါတယ်" " မကြုံတွေ့ဘူးခဲ့တဲ့ ပတ်ဝန်းကျင်အနေအထားနဲ့အတူ ဒီပွဲစဉ်က ကျွန်တော့်တို့အတွက် ပွဲစဉ်တော်တော်များများထဲမှ
တကယ့်ကို ခက်ခဲ ခဲ့တဲ့ ပွဲစဉ် တစ်ပွဲဖြစ်လာခဲ့တာကတော့ အသေအချာပါပဲ" ဆိုပြီး ထပ်မံပြောကြားခဲ့သည် ကာတာအသင်းသည် နောက်ဆုံးဗိုလ်လုပွဲ အဖြစ် မြောက်ကိုရီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

မြန်မာယူ-၁၉ အသင်း၏ နည်းပြကြီး ဂတ်ဇီဆီ ကတော့ " ဒီနေ့ပွဲမျိုးကတော့ ကျွန်တော့်အတွက် စိတ်ဆိုးဒေါသ မရှိဘဲနဲ့ အရှုံးကိုလက်သင့်ခံနိုင်ပါတယ်။ ပရိတ်သတ်တွေအားလုံးကလည်း ယနေ့ မြန်မာအသင်းစွမ်းဆောင်နိုင်မှုအဆင့်အတန်းကို အားရကျေနပ်ကြတယ်လေ။" 
"နောက်ဆုံးလက်ကျန်မိနစ်တွေမှာ အနိုင်ဂိုးတွေရသင့်ခဲ့ပေမဲ့ ကာတာအသင်းက တကယ့်ကို ကောင်းမွန်တဲ့အသင်းဖြစ်သလို ကံကောင်းမှုတွေ ပိုင်ဆိုင်ခဲ့တဲ့ အသင်းလည်းဖြစ်ခဲ့တယ်" 
"ဒီနေ့ပွဲကို ကွင်းထဲမှာကော ကွင်းပြင်မှာကော ကြည့်နေတဲ့သူတွေအားလုံးအနေနဲ့ ကျွန်တော်တို့အသင်းဟာ ဘယ်လိုလူလဲ ပြီးတော့ ဘယ်လောက် ဘောလုံးကောင်းကောင်းကစားနိုင်သလဲဆိုတာကို သိသွားကြမှာကတော့ အမှန်ပါပဲ။" 

မြန်မာအသင်းသည် ဆီးမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည့်အတွက် ၂၀၁၅ ဖီဖာ ကမ္ဘာ့ဖလားလူငယ်ဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီလည်းဖြစ်သည်။ ထိုကိစ္စနဲ့ပတ်သတ်ပြီးလည်း နည်းပြကြီးက " ခုချိန်မှာ အရေးကြီးဆုံးက ခုလက်ရှိကစားသမားတွေဟာ နောက်ခုနှစ်လသာ လိုတော့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် လေ့ကျင့်ပြင်ဆင်ဖို့ပါပဲ" 
"ကျွန်တော့်အနေနဲ့ အသင်းအတွက် ကစားသမားတွေရှာဖွေဖို့လည်းလိုမယ်ထင်တယ်။ ကျွန်တော့်အသင်းမှာ ဒီနေ့ ကာတာအသင်းက နံပါတ် (၁၀)လိုကစားသမားမျိုးကို ကောင်းကောင်းထိန်းချုပ်နိုင်မဲ့သူမရှိဘူးဖြစ်ခဲ့ရတယ်။အသင်းကို ဒီထက်တောင့်တင်းခိုင်မာလာရေးအတွက် တကယ့်ကိုကျွန်တော်တို့ လိုအပ်ပါတယ်"
"ကျွန်တော်တို့မှာ အကောင်းဆုံး ၁၁ ယောက်ရှိပါတယ်။ ဒါပေမဲ့ သုံးယောက်လောက် အစားထိုးလိုက်ရပြီးနောက် ကစားအား ကျသွားခဲ့ရတယ်။ အဲ့ဒါကလည်း ပွဲအဖြေကိုပြောင်းလဲသွားစေခဲ့တယ်" ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။ 

AFC ယူ-၁၉ ချန်ပီယံရှစ်ပွဲစဉ် နောက်ဆုံးဗိုလ်လုပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် ဆီးမီးထိတက်ရောက်နိုင်ခဲ့တဲ့ မှတ်တမ်းဝင်သွားသလို Wiki ၏ AFC Championship ၂၀၁၄ မှတ်တမ်းမှာ တတိယနေရာ ကွက်လပ်မှာ ဖြည့်သွင်းခြင်းခံထားရပါတယ်။ 

(AFC.com မှသတင်းဖော်ပြထားမှုကို ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်)

Football Café
ကာတာအသင်း၏ နည်းပြဖြစ်သူ ဖီလစ် ဆန်းချက် ဘတ်စ် မှ ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ အိမ်ရှင် မြန်မာ ပရိတ် သတ်များ၏ ဖိအားများအောက်မှာကစားခဲ့ရသော်လည်း အိမ်ရှင်အသင်းကို အချိန်ပိုကစားအပြီး သုံးဂိုး နှစ်ဂိုးရလဒ်နဲ့ အကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်ခဲ့တဲ့ အတွက် အသင်းသားများကို ဂုဏ်ယူဝမ်းမြောက်ေ ကြာင်း ပွဲအပြီးမှာပြောကြားခဲ့သည်။ 

ဂျာမန်လေယာဉ်မှူးများ သပိတ်မှောက်မှုကြောင့် ခရီးစဉ် ၁၅၀၀ ကျော်ဖျက်သိမ်း

ဂျာမန်လေကြောင်းလိုင်း Lufthansa လေယာဉ်မှူးတွေ အောက်တိုဘာ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ ထပ်မံ သပိတ်မှောက်တာကြောင့် လေကြောင်းခရီးစဉ် ၁၅၀၀ ကျော် ဖျက်သိမ်းလိုက်ရပါတယ်။ဒီတကြိမ်နဲ့ ဆိုရင် လေယာဉ်မှူးတွေ တနှစ်အတွင်း ၈ ကြိမ်မြောက် သပိတ်မှောက်ကြ တာ ဖြစ်ပါတယ်။

မြန်မာလုပ်သား နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့နှိပ်စက်ခြင်း ရှိ၊ မရှိ ထိုင်းလူ့အခွင့်အရေး ကော်မရှင် စုံစမ်းမည်

ရန်ကုန်− လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် သံသယ တရားခံမြန်မာလုပ်သား နှစ်ဦးကို ရဲ တပ်ဖွဲ့က နှိပ်စက်ညှဉ်းပန်းခဲ့ သည်ဆိုသည့် စွပ်စွဲချက်များနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ လူ့ အခွင့် အရေးကော်မရှင် က စုံစမ်း စစ်ဆေးမှုပြုလုပ်တော့မည်ဟု အောက်တိုဘာ ၂၀ ရက်တွင်ပြော ကြောင်း ဘန်ကောက် အခြေစိုက် ရိုက်တာသတင်းဌာနက ဖော်ပြ သည်။

မော်တော်ယာဉ်အစီးတစ်ရာ နေ့စဉ်အခမဲ့စစ်ပေးမည့် မော်တော်ယာဉ်ဆိုင်ရာ အထူးဝန်ဆောင်ရောင်းချမှုပွဲ ပြုလုပ်မည်

တစ်ရက်လျှင် မော်တော်ယာဉ်အစီး ၁၀၀ အခမဲ့စမ်းသပ်စစ်ဆေးပေးမည့် မော်တော်ယာဉ်နှင့် ဆက်စပ် ပစ္စည်းများ အထူးဝန်ဆောင် ရောင်းချမှု ပြပွဲကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက် အထိ မိုင်ဒါကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့ဖွံ့ဖြိုးရေးအတွက် လေးနှစ်အတွင်း ဒေါ်လာသန်း ၁၅၀ မှ ၂၀၀ အထိ ကူညီရန် အလှူရှင်နိုင်ငံများနှင့် သဘောတူညီ

Photo: မြန်မာ့ဖွံ့ဖြိုးရေးအတွက် လေးနှစ်အတွင်း ဒေါ်လာသန်း ၁၅၀ မှ ၂၀၀ အထိ ကူညီရန် အလှူရှင်နိုင်ငံများနှင့် သဘောတူညီ
Tuesday, October 21, 2014

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအတွက် လေးနှစ်အတွင်း ကန်ဒေါ်လာသန်း ၁၅၀ မှ ၂၀၀ အထိ ပံ့ပိုးကူညီရန် အလှူရှင်နိုင်ငံများနှင့် သဘောတူညီချက်ရရှိထားကြောင်း အာရှဖွံ့ဖြိုးမှုဘဏ်မှ သတင်းရရှိသည်။

အဆိုပါ ထောက်ပံ့ငွေများ ဖြင့် ၂၀၁၃ မှ ၂၀၁၆ ခုနှစ် အတွင်း အာရှဖွံ့ဖြိုးမှုဘဏ်က မြန်မာနိုင်ငံတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံများ ပြင်ဆင်မှုတို့တွင် အဓိကကူညီထောက်ပံ့သွားမည် ဖြစ်သည်။

လက်ရှိတွင် မြစ်ဝကျွန်းပေါ် ဒေသ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မှ မြို့နယ်ခြောက်မြို့ နယ်ရှိ ကျေးရွာပေါင်း ၉၆ ရွာတို့ တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် အမေရိကန် ဒေါ်လာ ၁၂ သန်း ကူညီပံ့ပိုးရန် အာရှဖွံ့ဖြိုးရေးဘဏ်က စီစဉ် ထားပြီး ဖြစ်သည်။

ထို့ပြင် ကရင်ပြည်နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများ ဆောင်ရွက်ရန် အမေရိ ကန်ဒေါ်လာ ၁၂ သန်းနှင့် အမျိုး သမီးနှင့် ဆင်းရဲသားများအတွက် စွမ်းရည်မြှင့်တင်ပေးရန် အမေရိ ကန်ဒေါ်လာ ၃ သန်း ကူညီပံ့ပိုးရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က အဆိုပြုထားသည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးအ တွက် အဓိကလိုအပ်နေသော နယ်ပယ်များဖြစ်သည့် စွမ်းအင်၊ ပို့ ဆောင်ရေး၊ ပညာရေး၊ မြို့ပြဖွံ့ ဖြိုးရေးလုပ်ငန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အကူအညီပေးမှုများ လုပ်ဆောင်နေသည်။ အာရှဖွံ့ဖြိုးမှုဘဏ်သည် မြန်မာနိုင်ငံကို နည်းပညာအ ထောက်အပံ့အနေဖြင့် တစ်နှစ် လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းထောက်ပံ့မှုများ ပေးအပ်နေပြီး ၂၀၁၇ မှ ၂၀၂၁ ခုနှစ်အထိ အကူအညီများ တိုးမြှင့်ပေးအပ် ရန် အစီအစဉ်များ ရေးဆွဲနေကြောင်း အာရှဖွံ့ဖြိုးမှုဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေး မှူးက ပြောသည်။

7Day DAILY

ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ လုပ်သားအချို့ကို တွေ့ရစဉ် (forbes)
ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ လုပ်သားအချို့ကို တွေ့ရစဉ် (forbes)
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအတွက် လေးနှစ်အတွင်း ကန်ဒေါ်လာသန်း ၁၅၀ မှ ၂၀၀ အထိ ပံ့ပိုးကူညီရန် အလှူရှင်နိုင်ငံများနှင့် သဘောတူညီချက်ရရှိထားကြောင်း အာရှဖွံ့ဖြိုးမှုဘဏ်မှ သတင်း ရရှိသည်။

မြန်မာ့မော်တော်ယာဉ်ဖွံ့ဖြိုးမှု အများပိုင်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်ခွင့်ပြုလျှင် ရှယ်ယာများ စတင်ရောင်းမည်

အစိုးရက လုပ်ငန်းလုပ် ကိုင်ခွင့်ပြုပါက အများပြည်သူပါဝင်နိုင်ရန် အစုရှယ်ယာများထုတ်ရောင်းပေးသွား မည်ဟု မြန်မာ့မော်တော်ယာဉ်ဖွံ့ဖြိုးမှုအများ ပိုင်ကုမ္ပဏီလီမိတက်မှ သတင်း ရရှိသည်။