Sunday 27 April 2014

ရခိုင်အမျိုးသား ညီလာခံ ကျောက်ဖြူမြို့မှာ ဖွင့်လှစ်

Sunday, April 27, 2014

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးအဖြေရှာမယ့် ရခိုင်အမျိုးသားညီလာခံ တစ်ရပ်ကို ကျောက်ဖြူမြို့မှာ ဒီကနေ့ စတင် ကျင်းပပါတယ်။

ညီလာခံ ပထမနေ့မှာ ရခိုင်ပြည်နယ် ခရိုင် ၅ ခုက ကိုယ်စားလှယ်တွေက ညီလာခံအပေါ်အမြင်နဲ့ မျှော်မှန်းချက်တွေကို အဓိကထား တင်ပြဆွေးနွေး ခဲ့တယ်လို့ ရခိုင်အမျိုးသားညီလာခံ ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဌ ဦးထွန်းလွင်က ပြောပါတယ်။

Photo: ရခိုင်အမျိုးသား ညီလာခံ ကျောက်ဖြူမြို့မှာ ဖွင့်လှစ်
 
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးအဖြေရှာမယ့် ရခိုင်အမျိုးသားညီလာခံ တစ်ရပ်ကို ကျောက်ဖြူမြို့မှာ ဒီကနေ့ စတင် ကျင်းပပါတယ်။

ညီလာခံ ပထမနေ့မှာ ရခိုင်ပြည်နယ် ခရိုင် ၅ ခုက ကိုယ်စားလှယ်တွေက ညီလာခံအပေါ်အမြင်နဲ့ မျှော်မှန်းချက်တွေကို အဓိကထား တင်ပြဆွေးနွေး ခဲ့တယ်လို့ ရခိုင်အမျိုးသားညီလာခံ ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဌ ဦးထွန်းလွင်က ပြောပါတယ်။

"ညီလာခံကသူတို့မျော်လင့်ချက်နဲ့သဘောထားအမြင်တွေပြောကြတဲ့အခါမှာ ရခိုင်ရဲ့စီးပွါးရေးသဘောအရချွတ်ခြုံကျနေတဲ့ရခိုင်တွေရဲ့အကြောင်းနဲ့ပြီးရင်ဘင်္ဂလီတွေနဲ့ ပတ်သက်ပြီးတော့ပြောနေကြတဲ့ အကြောင်းတွေနဲ့အထူး သဖြင့်သဘောထားအမြင်တွေက အဲ့ဒီကနေပြီးတော့များပါတယ်ခင်ဗျ ၊နောက်တော့တစ်ချို့တွေကလည်းပဲ ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ဆိုတဲ့ ဖက်ဒရယ်နဲ့ဆိုင်တဲ့အကြောင်းအရာတွေနဲ့လည်းပဲ သဘောထားတွေထဲမှာ ပါတယ်ခင်ဗျ" 

ဒါ့အပြင် စာရေးဆရာ ဖေမြင့်နဲ့ ဆရာ ကျော်ဝင်းတို့ကလည်း မြန်မာပြည်ရဲ့ ဒီမိုကရေစီအကူးအပြောင်းနဲ့ ရခိုင်ပြည်နယ်အရေး ဆိုတဲ့ခေါင်းစဉ် နဲ့ ဆွေးနွေးဟောပြောခဲ့ကြတယ်လို့လည်း သိရပါတယ်။ မနက်ဖြန် ညီလာခံဒုတိယနေ့မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်၊ သဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲခြင်း စတဲ့ ကဏ္ဍတွေ ကို ဆွေးနွေးသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
 
ဒီကနေ့ စပြီး မေလ ၁ရက်နေ့အထိ ကျင်းပမယ့် ရခိုင်အမျိုးသား ညီလာခံ ကို ပြည်ထောင်စုဝန်ကြီးတွေအပါအဝင် ပြည်ပရောက် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ လူမှုရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်က ကိုယ်စားလှယ်တွေ စုစုပေါင်း တစ်ထောင့် တစ်ရာကျော်လောက် တက်ရောက်ဆွေးနွေးနေကြပါတယ်။

သစ် အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်း ခြင်းကြောင့် ပရိဘောဂ ပစ္စည်း များ အတွက် ပိုမို ကောင်းမွန် သော ရလဒ် တစ်ခု ဖြစ်ပေါ်လာ

Photo: သစ် အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်း ခြင်းကြောင့် ပရိဘောဂ ပစ္စည်း များ အတွက် ပိုမို ကောင်းမွန် သော ရလဒ် တစ်ခု ဖြစ်ပေါ်လာ

မြန်မာ နိုင်ငံမှ ပြည်ပ သို့ သစ်အလုံး လိုက် တင်ပို့မှု ရပ်ဆိုင်း လိုက်ခြင်းကြောင့် ဈေးကွက် အခြေ အနေ ပြောင်းလဲ မှု မရှိဘဲ ပြည်တွင်း၊ ပြည်ပ ဈေးကွက် တစ်ခု ဖြစ်သော သစ်ခွဲသား များ၊ ပရိဘောဂ ပစ္စည်းများ အတွက် ပိုမို ကောင်းမွန်သော ရလဒ် တစ်ခု ဖြစ်ပေါ် လာ နိုင်ကြောင်း သစ် လုပ်ငန်း ရှင်များ က ပြော သည်။ ယင်းသို့ သစ် အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းခြင်း ကြောင့် သစ် အချော ထည် လုပ်ငန်း များ တွင် လုပ်ကိုင် နေသည့် လုပ်သား နှစ်ဆ နီးပါး တိုးပွား လာနိုင်ပြီး ပြည်တွင်း၊ ပြည်ပ စီးပွားရေး ဈေးကွက် တွင် အရည် အသွေး မြင့်သစ် အချောထည် ထုတ်ကုန် များကို ထုတ်လုပ် နိုင်ရန် အတွက် လုပ်ငန်းရှင် များ အနေဖြင့် နည်းလမ်း များ ရှာဖွေ သင့်ကြောင်း မြန်မာ နိုင်ငံ အတွင်း ဝင်ရောက် လာမည့် ပြည်ပ ကုမ္ပဏီ များနှင့် ပြည်တွင်း ကုမ္ပဏီ များ၏ ဈေးကွက် ယှဉ်ပြိုင်မှု သည်လည်း ပြည်တွင်း လုပ်ငန်းရှင် များ၏ ရင်းနှီး မြှုပ်နှံမှု အခြေအနေ အရ စိန်ခေါ် မှုများ ဖြစ်လာ နိုင်ကြောင်း သိရ သည်။

''ပြည်ပမှာ ရှိတဲ့ လုပ်ငန်းရှင် တွေက ဒီမှာ လာပြီးတော့ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ကြပြီး အလုပ် အကိုင် အခွင့် အလမ်းတွေ ပေါ်လာ မှာ ပါ။ အခု လည်း အိန္ဒိယ နဲ့ ထိုင်းတို့မှာ ရှိတဲ့ သစ် လုပ်ငန်းရှင် တော်တော် များများက ဒီမှာ လာပြီး အခြေချ နေကြ ပါပြီ'' ဟု သစ် လုပ်ငန်း ရှင် တစ်ဦး က ပြော သည်။ ပြည်ပ သို့ သစ်တင်ပို့ သည် ကိုလိုနီ ခေတ် မှ စတင်၍ ယနေ့ အချိန်ထိ မြန်မာ့ သစ်များကို အလုံး လိုက် တင်ပို့မှု အစဉ် အဆက် ပြုလုပ် ခဲ့ရာ ဧပြီလ မှစပြီး သစ် အလုံးလိုက် တင်ပို့ခြင်း ရပ်ဆိုင်း မှုသည် မြန်မာ နိုင်ငံ အတွင်းတွင် ရှိသော သစ် လုပ်ငန်းရှင် များအတွက် သစ် အချော ထည် ပစ္စည်း များ ထုတ်လုပ် ရန် ကုန်ကြမ်းများ ပိုမို ရရှိ နိုင်ပြီး သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ် များ ကိုလည်း ထိန်းသိမ်း စောင့်ရှောက် ရန် အတွက် အထောက် အကူ ပြုနိုင် မည် ဖြစ်ကြောင်း သိရ သည်။
မြန်မာ နိုင်ငံမှ ပြည်ပ သို့ သစ်အလုံး လိုက် တင်ပို့မှု ရပ်ဆိုင်း လိုက်ခြင်းကြောင့် ဈေးကွက် အခြေ အနေ ပြောင်းလဲ မှု မရှိဘဲ ပြည်တွင်း၊ ပြည်ပ ဈေးကွက် တစ်ခု ဖြစ်သော သစ်ခွဲသား များ၊ ပရိဘောဂ ပစ္စည်းများ အတွက် ပိုမို ကောင်းမွန်သော ရလဒ် တစ်ခု ဖြစ်ပေါ် လာ နိုင်ကြောင်း သစ် လုပ်ငန်း ရှင်များ က ပြော သည်။ ယင်းသို့ သစ် အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းခြင်း ကြောင့် သစ် အချော ထည် လုပ်ငန်း များ တွင် လုပ်ကိုင် နေသည့် လုပ်သား နှစ်ဆ နီးပါး တိုးပွား လာနိုင်ပြီး ပြည်တွင်း၊ ပြည်ပ စီးပွားရေး ဈေးကွက် တွင် အရည် အသွေး မြင့်သစ် အချောထည် ထုတ်ကုန် များကို ထုတ်လုပ် နိုင်ရန် အတွက် လုပ်ငန်းရှင် များ အနေဖြင့် နည်းလမ်း များ ရှာဖွေ သင့်ကြောင်း မြန်မာ နိုင်ငံ အတွင်း ဝင်ရောက် လာမည့် ပြည်ပ ကုမ္ပဏီ များနှင့် ပြည်တွင်း ကုမ္ပဏီ များ၏ ဈေးကွက် ယှဉ်ပြိုင်မှု သည်လည်း ပြည်တွင်း လုပ်ငန်းရှင် များ၏ ရင်းနှီး မြှုပ်နှံမှု အခြေအနေ အရ စိန်ခေါ် မှုများ ဖြစ်လာ နိုင်ကြောင်း သိရ သည်။

ရခိုင်အမျိုးသား ညီလာခံ တက်ရောက်မယ့်ပုဂ္ဂိုလ်တွေ အစုံအလင်ရောက်ရှိ

Photo: ရခိုင်အမျိုးသား ညီလာခံ တက်ရောက်မယ့်ပုဂ္ဂိုလ်တွေ အစုံအလင်ရောက်ရှိ

ကျောက်ဖြူမြို့မှာ မနက်ဖြန်စတင်ကျင်းပမယ့် ရခိုင်အမျိုးသား ညီလာခံကို တက်ရောက်ဖို့ ပြည်ထောင်စုဝန်ကြီးတွေ အပါအ၀င် ပြည်ပရောက် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ လူမူရေး အဖွဲ့အစည်းတွေဟာ ဒီကနေ့ ကျောက်ဖြူမြို့မှာ စုံစုံညီညီရောက်ရှိနေကြပြီဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးတင်နိုင်သိန်းနဲ့ ဒုတိယ၀န်ကြီး  ဗိုလ်ချုပ် မောင်မောင်အုန်းတို့ တက်ရောက်ကြသလို ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးတွေလည်း ရောက်ရှိနေကြပါတယ်။ ညီလာခံမှာ ဆွေးနွေးမယ့်အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ညီလာခံကျင်းပရေး ကော်မတီ ဒုတိယဥက္ကဌ ဦးဦးလှစောက ခုလိုပြောပါတယ်။

"ကျနော်တို့ ရခိုင်လူ့အဖွဲ့အစည်းမှာ ပြဿနာတွေက အများကြီးပဲ၊ အဲဒီပြဿနာတွေကို ကျနော်တို့က စာတမ်းတွေဖတ်ကြမယ်၊ နောက်ကျနော်တို့ panel discussion တွေလုပ်ကြပြီး အဲဒီကနေရခိုင်ပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုနိုင်တဲ့ message တွေရနိုင်အောင်၊ နောက်တစ်ခုက ရခိုင်ပြည်သူတွေရဲ့ ရှေ့ဆက်သွားမယ့်ခရီးအတွက် သေနင်္ဂဗျူဟာတွေ ချမှတ်နိုင်အောင် ကျနော်တို့ကြိုးစားမှာပါ၊ ညီလာခံရဲ့ ဦးတည်ချက်ထဲမှာတော့ လုံခြုံတဲ့ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုးတဲ့ ရခိုင်လူ့အဖွဲ့အစည်း ပေါ်ပေါက်လာရေးဆိုတော့ အဲဒီခေါင်းစဉ်အောက်မှာတော့ အများကြီးပဲ"

ညီလာခံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် ALP ရခိုင်လွတ်မြောက်ရေးပါတီနဲ့ ထိုင်နိုင်ငံနဲ့ ကချင်ပြည်နယ် အခြေစိုက် AA ရခိုင်တပ်မတော် လက်နက်ကိုင်အဖွဲ့တွေလည်း ရောက်ရှိလာသလို ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေကြတဲ့ နိုင်ငံရေး၊ လူမူရေး အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေလည်း အသီးသီးရောက်ရှိနေကြပါတယ်။

ညီလာခံကို မနက်ဖြန် ဧပြီလ ၂၇ရက်နေ့က စတင်ပြီး ဧပြီလ ၁ရက်နေ့အထိ ၅ ရက်ကြာကျင်းပသွားမှာ ဖြစ်ပါတယ်။
ကျောက်ဖြူမြို့မှာ မနက်ဖြန်စတင်ကျင်းပမယ့် ရခိုင်အမျိုးသား ညီလာခံကို တက်ရောက်ဖို့ ပြည်ထောင်စု ၀န်ကြီးတွေ အပါအ၀င် ပြည်ပရောက် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ လူမူရေး အဖွဲ့အစည်းတွေဟာ ဒီကနေ့ ကျောက်ဖြူမြို့မှာ စုံစုံညီညီရောက်ရှိနေကြပြီဖြစ်ပါတယ်။

အလုံမြို့နယ်အတွင်း ဖြိုဖျက်ဆဲ နှစ်ထပ်တိုက်မှ နေကာပြိုကျရာ အုတ်ကျိုးပိ၍ အလုပ်သမား သုံးဦး သေဆုံး

Myanmar Online News's photo.
အလုံမြို့နယ်တွင် ဧပြီ ၂၆ ရက်၊ ညနေ ၄ နာရီခန့်က ဖြိုဖျက်ဆဲ နှစ်ထပ်တိုက်မှ နေကာပြိုကျမှုဖြစ်ပွားခဲ့ပြီး အုတ်ကျိုးပိ၍ အလုပ်သမားသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်၊ ဌာနာရပ်ကွက် အလုံလမ်းနှင့် ဧရာဝတီလမ်းထောင့်ရှိ လူမနေသော တိုက်အဟောင်း ခြံ အမှတ်(၁၅၅)ကို ဖြို ဖျက်သည့် လုပ်ငန်းခွင်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်အဟောင်း၏ ပြိုကျသည့် အပိုင်းဖြစ်သော နေကာအုတ်ကျိုးပိ၍ သေဆုံးသွားသော အလုပ်သမားသုံးဦးမှာ ဒလမြို့နယ်နေ

လှိုင်မြို့နယ် ၁၃ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ခြောက်လုံးမီးလောင်ကျွမ်း

Photo: လှိုင်မြို့နယ် ၁၃ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ခြောက်လုံးမီးလောင်ကျွမ်း
Sunday, April 27, 2014

လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်တွင် ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ လှိုင်မြို့နယ် ၁၃ ရပ်ကွက် သီရိမြိုင်လမ်းနှင့် ပန်းခြံကျောင်းလမ်းထောင့်ရှိ နေအိမ်တစ်လုံးမှ ညနေ ၃ နာရီခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်း အကြောင်းရင်းကို စိစစ်နေဆဲဖြစ်ကြောင်း လှိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မီးလောင်ကျွမ်းရာသို့ လှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့အပါဝင် အခြားမြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင် ၂၅၀ ခန့်၊ မီးသတ်ယာဉ် အစီး ၂၀ ဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ကြပြီး ညနေ ၃ နာရီခွဲခန့်တွင် မီးငြှိမ်းသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။

မီးလောင်ကျွမ်းရာသို့ လာရောက်ငြှိမ်းသတ်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက “မီး ဘာကြောင့်လောင်လဲဆိုတာတော့ မသိသေးပါဘူး။ အိမ်ခြောက်လုံး လောင်သွားတယ်” ဟု ပြောကြားသည်။

ထိုသို့ မီးစတင်လောင်ကျွမ်းခဲ့သည့် အိမ်အမှတ် ၁၉ (အေ) မှ အိမ်ထောင်ဦးစီး ဖြစ်သူအား လှိုင်မြို့မရဲစခန်းမှ (ပ)၂၃၈/၁၄၊ ပုဒ်မ- ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားသည်။

Eleven Media Group
လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်တွင် ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွား ခဲ့ပြီး နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ လှိုင်မြို့နယ် ၁၃ ရပ်ကွက် သီရိမြိုင်လမ်းနှင့် ပန်းခြံကျောင်း လမ်းထောင့်ရှိ နေအိမ်တစ်လုံးမှ ညနေ ၃ နာရီခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင် ကျွမ်းမှု ဖြစ် ပွားရခြင်း အကြောင်းရင်းကို စိစစ်နေဆဲဖြစ်ကြောင်း လှိုင်မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြား သည်။