Monday 30 December 2013

Facebook ပေါ်မှာ ဘယ်လိုငွေရှာမလဲ

Photo: Facebook ပေါ်မှာ ဘယ်လိုငွေရှာမလဲ
Monday, December 30, 2013

စာဖတ်သူတို့ Facebook အသုံးပြုနေရတာ ဒီထက်မက ပိုအကျိုးထူး သင့်တယ်လို့ ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါတယ်။ အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊ သတင်းတွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက်၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အချိန်တွေပိုနေသူ များလည်းရှိမယ်ထင်ပါတယ်။ အခြားလုပ်ငန်းဆောင်တာများ ရှိနေပြီး Facebook ကိုအပျင်းပြေ သုံးနေတယ် ဆိုရင်တော့ ထားပါတော့။ Facebook ကို အားတိုင်း အချိန်ပြည့် အသုံးပြု ဝင်ကြည့်နေသော စာဖတ်သူများအတွက် အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းကို မျှဝေချင်ပါတယ်။

ခေါင်းစဉ်ဖတ်လိုက်လို့ စာဖတ်သူတို့အတွက် ထူးဆန်းမယ်ထင်ပါတယ်။ တကယ်လည်း မြန်မာပြည်အတွက် ထူးဆန်းတဲ့ မေးခွန်း ဖြစ်ပါတယ်။ Facebook ပေါ်မှာ ဝင်ငွေရှာတာတော့ နိုင်ငံတကာ မှာ တော်တော်လေး ရေပန်းစားပါတယ်။ ဒီတော့ မြန်မာပြည် Facebook ကွန်ရက်မှာ ငွေမရှာခင် နိုင်ငံတကာမှာ Facebook အသုံးပြုပြီး ဘယ်လို ဝင်ငွေရသလဲ ဆိုတာကို သိရန်လိုအပ်လာပါတယ်။

Facebook မှာ ဝင်ငွေရှာနိုင်တဲ့ အကြမ်းဖျင်း နည်းလမ်း နှစ်ခု ရှိပါတယ်။ Developer နဲ့ Fan page နှစ်မျိုး ဖြစ်ပါတယ်။ Developer ကတော့ ရှင်းပါတယ်။ Facebook အသုံးပြုသူတို့ ဆော့ကစားလို့ ရမယ့် Application တစ်ခုခုလုပ်လိုက်မယ်။ ပြီးတော့ ယင်း Application ကို User အတော်များများက ယူဆော့ပါမယ်။ ဒီတော့ အခြား စီးပွာရေး လုပ်ငန်းရှင်များက ယင်း App စာမျက်နှာမှာ ကြော်ငြာထည့် လာတာမျိုး ဖြစ်ပါတယ်။ ရေပန်းအစားဆုံး App တွေသာ စီးပွားရေး တွက်ခြေကိုက်မှာ ဖြစ်ပါတယ်။ Application ကိုလူတိုင်းလုပ်နိုင်ပါတယ်။

သို့ပေမယ့် ယင်းအတွက် Facebook ကို ငွေပေးဆောင်ရပါတယ်။ Application ဖန်တီးလိုသူများက https://developers.facebook.com/apps ဒီလခ့်မှာ ဝင်ရောက်ပြီး ပြုလုပ်ကြပါတယ်။ ဒါကလည်း မခက်ပါဘူး။ သို့ပေမယ့် မြန်မာပြည်ကနေတော့ Application လုပ်လို့ရမယ့် ပုံမပေါ်ပါဘူး။ ဒီအတွက် ငွေပေးဆောင်ရပါတယ်။ ပေးရတဲ့ ငွေပမာဏ နည်းပေမယ့် Facebook ဆီငွေရောက်အောင် ပို့ပေးမယ့် Paypal , eBay အစရှိသဖြင့် နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းတွေ မြန်မာပြည်မှာ မရှိလို့ပဲ ဖြစ်ပါတယ်။ ယင်း နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းစနစ်တစ်ခု သာ မြန်မာပြည်မှာ ရှိလာပြီဆိုရင် အွန်လိုင်းမှာ ရုန်းကန်နေတဲ့ မြန်မာ့ အင်တာနက်ကွန်ရက်ပေါ်က စီးပွားရေးလုပ်ငန်း များ၊ ဆော့ဖ်ဝဲ၊ Developer သမားများ ဒီထက်မက လမ်းပွင့်သွားနိုင်ပါတယ်။

ဥပမာ- စာဖတ်သူတို့ Facebok မှာသုံးနေတဲ့ “ဘယ်သူ့ကိုပိုချစ်လဲ၊ သင့်ချစ်သူဟာ ဘယ်လိုလူစားလဲ” အစရှိသဖြင့် Application အများစု ဟာ ပြည်ပရောက် မြန်မာ Developer များက ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ဒီတော့ ပြည်ပရောက် မြန်မာ များအတွက်တော့ ငွေဒီနည်းနဲ့ ရှာနိုင်ပါတယ်။ မြန်မာပြည်နေ Facebook အသုံးပြုသူများအတွက်ကတော့ ဒီနည်းလမ်းနဲ့ လက်ရှိတော့ မရနိုင်သေးပါဘူး။ ကြားမှ တစ်ဆင့်ခံပေး မယ့် အေဂျင်ဆီတွေရှိတဲ့အတွက် ရတယ်ဆိုရင်တော့ တော်တော်လေး ခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်။

နောက်ထပ်ဝင်ငွေရှာနည်းကတော့ Fan Page ပဲဖြစ်ပါတယ်။ ဒီတော့ နိုင်ငံတကာ Fan Page မှာ ဘယ်လိုငွေရှာသလဲဆိုတာကို အရင်လေ့လာရ ပါအုံးမယ်။ စာဖတ်သူအချို့ မြင်ဖူးပါလိမ့်မယ်။ နိုင်ငံတကာ Fan Page တွေမှာ အော်ဒါမှာဝယ်ယူလို့ရတာမျိုးတွေ ဖြစ်ပါတယ်။ မစ်စတာ ဘင်း- Official Fan Page မှာဆိုရင် သူ့ ရဲ့ ရုပ်ရှင်ခွေတွေ မှာလို့ရပါတယ်။ ဟမ်ဘာဂါဆိုင် Page တစ်ခုဆိုရင် အွန်လိုင်းကနေ တိုက်ရိုက်မှာယူနိုင် ပါတယ်။ သီချင်းအယ်လ်ဘမ်တွေလည်း သက်ဆိုင်ရာမှာ ဝယ်ရရနိုင်ပတယ်။ အစရှိသဖြင့် Application ကိုတွဲပြီး Fan Page ကို ကြားခံ ဈေးဆိုင်အဖြစ် အသုံးပြုပါတယ်။ ဒီတော့ ကိုယ့်မှာ စီးပွားရေး လုပ်ငန်း တစ်ခုခုရှိမှသာ ဒီလို လုပ်နိုင်တဲ့အပြင် အွန်လိုင်းအိတ်ချိန်းလည်း ရှိနေရပါအုံးမယ်။ မြန်မာပြည်နေ user များ အတွက် Facebook မှာငွေရှာဖို့ အတော်ခက်ခဲသွားပါပြီ။

ဒါဆို ဘယ်လိုလုပ်ရတော့မလဲ။ ကျောင်း ဆက်တက်ဖို့ ရန်ကုန်မှာ ရုန်းကန်နေသူများ ရှိပါတယ်။ မည်မည်ရရ ဘွဲ့ရှိမထားလို့ ကြုံရာ အလုပ်ဝင်လုပ်ပြီး ရန်ကုန်မှာ သောင်တင်နေသူများ ရှိပါတယ်။ ရန်ကုန်ရယ်လို့ မဟုတ်ပဲ မြို့ ကြီး၊ မြို့ ငယ်အသီးသီးမှာ ပညာတတ်ထားပေ မယ့် အံကိုက်မဖြစ်လို့ ဘဝရှုံးနေသူများ ရှိနေပါသေးတယ်။ ဦးနှောက်ယိုစီး မှုကိုသာ အပြစ်တင်ပြီး Facebook မှာ Like, Share, Comment လောက်နဲ့ပဲ ဘဝကို သာမန် အလုပ်လေး တစ်ခုနဲ့ အချိန်ကုန်ခံနေကြရပါတယ်။

ဘာမှမလုပ်တတ် မကိုင်တတ်လို့ Facebook မှာပဲ ခံစားချက်တွေ ထုတ်ဖော်နေသူများ ရှိပါတယ်။ Social Network မှာ သာမန်လူတွေထဲက လူလိုပဲ အချိန်ကုန်ခံဖို့ ဆုံးဖြတ်သူများလည် ရှိပါတယ်။ အခြားသူများက အလုပ်ခိုင်ခိုင်မာမာ၊ စီးပွားရေး ခိုင်ခိုင်မာမာ၊ ငွေကြေး ခိုင်ခိုင်မာမာရှိလို့ Facebook ကို အပျင်းပြေ အသုံးပြုကြတာ။ ပျော်စရာ အဖြစ် အသုံးပြုကြ တာ။ ဒီတော့ စားဝတ်နေရေး အဆင်မပြေသော၊ အလုပ်ထပ်လုပ်ရန်လို အပ်နေသော စာဖတ်သူများအနေဖြင့် Facebook မှာ ငွေရှာရန် စိတ်ကူးကြည့်ဖူးပါသလား။ တကယ် ငွေရှာလို့ ရတဲ့ နည်းလမ်းဖြစ်ပါတယ်။ ငွေတိုက်ရိုက်ဝင်တာမျိုးမဟုတ်ပေမယ့် Facebook မှာတင်မဟုတ်ပဲ ပြင်ပမှာပါ ငွေဝင်လာမယ့် နည်းလမ်း ဖြစ်ပါတယ်။

Page တစ်ခုပြုလုပ်ခြင်း

စာဖတ်သူ ဘာကိုစိတ်ဝင်စားသလဲ။ စာဖတ်သူက ဘယ်ပညာနဲ့ ကျောင်းပြီး ထားသလဲ။ အင်ဂျင်နေယာလား၊ ဆရာဝန်လား၊ ရိုးရိုး ဘွဲ့ရသူလား၊ ဂိမ်း စိတ်ဝင်စားသူလား၊ သတင်းတွေ စပ်စုတက်သူလား။ အစရှိသဖြင့် မိမိကိုယ်ကိုယ် သုံးသပ်ပြီး အမည်တစ်ခုခုနဲ့ Page လုပ်ရပါမယ်။ ဥပမာ- အင်္ဂလိပ်လို သတင်းတွေကို ဖတ်ပြီး မြန်မာလိုပြန်ရေးကျင့်ရင်း သဘောကျတာတို့၊ ကဗျာရေးရတာ သဘောကျတာ၊ ရုပ်ရှင်အကြောင်း သဘောကျတာတို့၊ ဆောင်းပါးရေးတာတို့ အစရှိသဖြင့် ဝါသနာ အမျိုးမျိုး ရှိကြပါမယ်။

၂။ Page တွင် မိမိတတ်သမျှ၊ သိသမျှ၊ စိတ်ဝင်စားသမျှ မျှဝေတင်ပြခြင်း

သတင်းတွေ ဖတ်ပြီး ဘာသာပြန်ထားတယ်ဆိုပါစို့။ ပုံလေးတွေပါ Download ဆွဲရင်း တွဲတွဲတင်သွားလိုက်မယ်ဆို တဖြည်းဖြည်းနဲ့ သတင်းတွေ ပြည့်လာ ပါမယ်။ ကဗျာဆိုရင် ကဗျာတွေ ရေးလာလိုက်တာ တော်တော်လေး စုံလာပါမယ်။ ဟင်းချက်ဝါသနာပါသူဆိုရင် ဟင်းချက်နည်းအဆင့် ဆင့်တွေ ရေးရင်း ဟင်းအမယ်လေးတွေ မျှဝေရင်း Post တွေများလာပါ မယ်။ ဆောက်လုပ်ရေး အင်ဂျင်နေယာဆိုရင်လည်း အင်ဂျင်နေယာတို့ အတွက် အကျိုးရှိမယ့် စာတွေ၊ သတင်းတွေ၊ အဆောက်အအုံပုံတွေ၊ ဒီဇိုင်းတွေ မျှဝေမယ်။ Graphic ဒီဇိုင်နာသမားဆိုရင်လည်း မိမိရဲ့ ဖန်တီးချက်များကို Page မှာ မျှဝေရပါမယ်။

ရုပ်ရှင် နှစ်သက်သူကလည်း ရုပ်ရှင်ဆိုင်ရာ ဆောင်းပါးလေးတွေ၊ review လေးတွေကို မိမိသိသလိုလေးရေးတင်ပါမယ်။ သို့ပေမယ့် အားလုံးကို အမှန်အတိုင်းပဲ တင်ပြဖို့လိုအပ်လာပါတယ်။ ဒီလိုရေးသားတင်ဆက်တယ် ဆိုတာ မီဒီယာအလုပ်တစ်ခုကို လုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။ ကိုယ်က မှန်မှန်ကန်ကန်နဲ့ မိမိစိတ်ထဲရှိတာ၊ ဝါသနာပါရာ၊ စပ်စုမိရာကို မျှဝေရာဖြစ်ပေမယ့် အများဖတ်ဖို့ ဖြစ်တဲ့အတွက် မှန်ကန်နေဖို့ တော့ လိုအပ်ပါတယ်။ ဒါမှသာ အများက သိလာပြီး စိတ်ဝင်တစား လာကြည့်ကြမှာ ဖြစ်ပါတယ်။

မိမိရဲ့ Personal အကောင့်မှာလဲ အရင်အတိုင်း Like, Share လုပ်နေရင်း၊ တစ်ဖက်ကလည်း မိမိရဲ့ Page ကို အမြဲစောင့်ကြည့် ပြီး Post လေးတွေ တင်ပေးရပါမယ်။ ဒီမှာ စာဖတ်သူက အခြား ပညာရေးလမ်းကြောင်းပေါ် မှာ လျှောက်နေသူဆိုရင် အချိန်ပေးမှုကို ကိုယ်တိုင် စီမံထားစေချင်ပါတယ်။ Page ကိုလည်း အမြဲ Active ဖြစ်အောင်လုပ်ရင်း၊ သာမန် လုပ်ငန်းဆောင် တာများလည်း မလစ်ဟင်းရပါဘူး။

ဒီလိုလုပ်လာတာ ၃ လလောက်ဆိုရင် တော်တော်လေး ထူးခြားလာပါပြီ။ ကိုယ့်မျှဝေသမျှသာ လာဖတ်သူများနဲ့ ထပ်တူကျရင် ၃လ တောင်မကြာပဲ ၁ လတည်းနဲ့တောင် လူသိများ ရပန်းစားလာနိုင်ပါတယ်။

ဒီမှာ စပြီးအကျိုးအမြတ်ရပါပြီ။ စာဖတ်သူက ကဗျာ Page လုပ်ထားတယ်ဆိုပါစို့။ တကယ်လည်း ခံစားချက်အပြည့်နဲ့ရေးထားတဲ့ ကဗျာတွေဆိုတော့ တော်တော်ကို ပေါက်နေပြီ ဆိုပါစို့။ ကဗျာစာအုပ်တိုက်များ၊ စာနယ်ဇင်းတိုက်များကို သိအောင် လုပ်ပါ။ စာမျက်နှာကို Print ထုတ်၍ ပြခြင်းသော် လည်းကောင်း၊ စာနယ်ဇင်းများ အီးမေးလ်သို့ မိမိဖန်တီးထားသောPage ရဲ့  Link ကိုပေးပို့ခြင်းဖြင့်သော် လည်းကောင်း သိအောင်လုပ်ရပါမယ်။ မိတ်ဆက်ရပါ မယ်။ တောင်းဆိုရ ပါမယ်။ တောင်းဆိုရမယ်ဆိုတာက မိမိတတ်ထားတဲ့၊ ဖန်တီးထားတဲ ပညာရပ်အတွက် သက်ဆိုင်ရာနယ်ပယ်မှာ ဝင်ရောက် လိုကြောင်း တောင်းဆိုနိုင်ပါတယ်။ ဥပမာ- သတင်းတွေ ဘာသာပြန်ပြီး Page လုပ်ထားတယ်ဆိုပါဆို့။ သတင်းမီဒီယာ တစ်ခုခုနဲ့ ချိတ်မိအောင် ကြိုးစားပြီး မိမိဖန်တီချက်များကို သိအောင် ပြရပါမယ်။ ပြီးတော့ မီဒီယာလောကမှာ ဘယ်လိုရပ်တည်ဖို့အခွင့်အရေး ရှိတယ်ဆို တာ တောင်း ဆိုနိုင်ပါတယ်။ အင်ဂျင်နေယာဆိုင်ရည် နည်းပညာများ မျှဝေရင်း၊ ရေးသား ထားတယ်ဆိုပါစို့ အင်ဂျင်နေယာဆိုင်ရာ သတင်းအချက်အလက်များ ပေးဖို့ ကြိုးစားနေတဲ့ မီဒီယာများကို ချိတ်ဆက်ပြီး မိမိဖန်တီးချက်များကို ပြရပါ မယ်။ ပြီတော့ မိမိအတွက် နေရာတစ်ခုခု ရရှိနိုင်ပါတယ်။

သို့ပေမယ့် စာဖတ်သူရဲ့ ဖန်တီးချက်ဟာလည်း ကောင်းမွန်နေ ဖို့လိုအပ်ပါ တယ်။ အများအမြင်မှာ အထင်ကြီးနေစေဖို့ လိုအပ်လာပါတယ်။ ယခုနောက်ပိုင်း မီဒီယာလုပ်ငန်းစုများ၊ စီးပွားရေး လုပ်ငန်းရှင်များဟာ Facebook ကိုတော်တော် အလေးထားလာပါပြီ။ Facebook ကိုအခြေခံပြီး အောင်မြင်နေတဲ့ သူတွေ၊ fan page တွေကို စောင့်ကြည့်နေ ပါတယ်။ မအောင်မြင်သေးတဲ့ မိမိစီးပွားရေးလုပ်ငန်း၊ မီဒီယာများ ကို အောင်မြင်လာအောင် ဖန်တီးပေးမယ် သူ လိုအပ်နေပါ တယ်။ အောင်မြင်ပြီးသားများကလည်း အင်အားပိုမိုတောင့်တင်းလာအောင် တကယ် အရည်အချင်းရှိတဲ့ Facebook ပေါ်က မြန်မာပြည်သားများကို ရှာဖွေနေကြပါတယ်။ Facebook ဟာ တကယ်ပဲ အားကိုးရတဲ့ Advertising နည်းလမ်းတစ်ခုပဲ ဆိုတာ သိလာကြပါပြီ။ ပရိုမိုးရှင်းတွေကို Facebook မှာပြုလုပ်နေကြပါပြီ။

အွန်လိုင်းမှာ စာဖတ်ပရိတ်သတ်အခိုင်အမာရ သွားတဲ့ ဆောင်းပါးရှင် တစ်ယောက်ဆိုရင် စာအုပ်ထုပ်ရတဲ့ အထိ အောင်မြင်သွားပါပြီ။ အခြား Professinal လုပ်ငန်း ရှိနေသည့်တိုင် Facebook ကြောင့် တစ်ဖက်ကလည်း ဝင်ငွေရပြီး၊ အောင်မြင်ပါတော့မယ်။ သတင်းတွေ၊ ဆောင်းပါးတွေ ကိုယ်တိုင်ဖန်တီးသူ ကလည်း မီဒီယာလုပ်ငန်းတော်တော်များများမှာ ဝင်ရောက်လုပ်ကိုင်နေရပါပြီ။ အပျော်တမ်း ရေးသားရကနေ မီဒီယာကျင့် ဝတ်နဲ့ ညီညီ ရေးသားတင်ဆက်ပေးသူများ ဖြစ်လာကြပါတယ်။ အချို့ ကျ Facebook မှာအောင်မြင်ပြီး ဝဘ်ဆိုဒ်တွေ ပိုင်ဆိုင်ရရှိလာပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းရှင်ဖြစ်ဖို့ လမ်းစတွေ ပေါ်ပေါက်လာပါတယ်။ အချို့ ကျတော့ မိမိဖန်တီးထားတဲ့ ဒီဇိုင်းတွေကြောင့် ဒီဇိုင်းကုမ္မဏီများက ဖိတ်ခေါ်ပြီး အလုပ်ဆိုတာ ရှာစရာမလိုပဲ အလုပ်က လာရှာတာမျိုး အထိ ဖြစ်လာပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရာမှာ မိမိ ဖန်တီချက်များကို အလွယ်တကူ ချပြလို့ရတဲ့ Facebook မှ မှတ်ကျောက်တင်ထားခြင်းဖြင့် ကြိမ်းသေ အသုံးဝင်ပါတယ်။ မိမိက အလုပ်တစ်ခုခုကို လျှောက်ရင် မိမိဖန်တီးထားမှု များကို ဘွဲ့လက်မှတ်နဲ့ ပြလို့ မလုံလောက်တော့ပါဘူး။ ဒီတော့ မိမိဖန်တီးထားတာတွေကို ပြရတောမှာ ဖြစ်ပါတယ်။ ဒီမှာ Facebook က တော်တော်လေး အသုံးဝင်ပါတယ်။ သို့တည်းမဟုတ် အခြားအလုပ်များ လုပ်နေရင်း ကိုယ်ဝါသနာပါရာကို Facebook မှာရေးနေရင်း အခြား အလွတ်တန်း အလုပ်တစ်ခုခုလည်း အလွယ်တကူ ရနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ အခြားအကျိုးထူးမြောက်များစွာလည်း ရှိနေပါသေးတယ်။ သို့ပေမယ့် ကောင်းကျိုးရသွားတဲ့ အရေအတွက်ဟာ အင်မတန် နည်းနေပါသေးတယ်။

Facebook page ကို မိမိရဲ့ ပညာရပ် အထောက်အပံ့ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။ အလုပ်အတော်များများက အတွေ့အကြုံရှိသူများကို ပိုမိုနှစ်သက်ကြပါတယ်။ ဘာမှအတွေ့ အကြုံမရှိသူများအနေနဲ့ မိမိတို့ ဘယ်လောက်ထိ တတ်တယ်ဆိုတာကို Page မှာတင်ပြထားခြင်းဖြင့် သက်သေပြနိုင်ပါတယ်။ ဘွဲ့လက်မှတ်မှာတင်မဟုတ်ပဲ မိမိဟာ တကယ်ပဲ တတ်မြောက်ပြီး ဒီလိုအကျိုးရှိရာတွေကို ပြန်လည်မျှဝေပေးနေပါတယ် ဆိုတာကို တင်ပြနိုင်ရင် အလုပ်ရှာရခက်တဲ့ အဖြစ်ဖို့မျိုးက အနည်းနဲ့ အများတော့ ကင်းဝေးမှာ ဖြစ်ပါတယ်။ မိမိက ဆော့ဖ်ဝဲနည်း ပညာရှင် တစ်ယောက် ဖြစ်တယ်ဆိုတာကို စာရွက်နဲ့တင်မဟုတ်ပဲ မိမိတင်ဆက်ပြ သထားတာတွေနဲ့ သက်သေပြနိုင်မှာ ဖြစ်ပါတယ်။ Facebook ရယ်လို့မှ မဟုတ်ပဲ Blogspot လုပ်ပြီးလည်း ထိုနည်းတူစွာ တင်ပြနိုင်မှာ ဖြစ်ပါတယ်။

ဒီအတွက် စာဖတ်သူတို့ ဘယ်လောက်အချိန်ပေးသင့်သလဲ။ ရည်ရွယ်ချက်ကို Facebook မှာ ရေရေရာရာမရှိ ဟိုဟိုဒီဒီ ကြည့်ရှုနေရသူများ အတွက် ဖြစ်ပါ တယ်။ ဒီလို မိမိခံစားချက်တွေ၊ ဖန်တီးချက်တွေကို ဖန်တီးဖို့အတွက် ထူးထူးခြားခြား အချိန်ပေးစရာ မလိုပါဘူး။ တစ်ရက်မှာ မိမိအားတဲ့ တစ်နာရီသော်လည်းကောင်း၊ နှစ်နာရီသော်လည်းကောင်း အချိန်အခိုက် အတန့်အတွင်း ရေးသားတင်ပြရင်း ဆက်သွားနိုင်ပါတယ်။ ဒီတာ့ Facebook နဲ့ ဘယ်လိုငွေရှာမလဲ၊ ခေါင်းစဉ် Facebook ပေါ်မှာ ဘယ်လို အလုပ်ရှာမလဲ လို့တောင် ဖြစ်သင့်ပါသေးတယ်။ စာဖတ်သူတို့ သံသယဖြစ်နေပြီလို့ ယူဆပါတယ်။ ဒီလိုလုပ်လို့ တကယ်ဖြစ်နိုင်ပါ့မလားလို့ သံသယတွေ ဝင်နေလောက်ပါပြီ။

ယခုစာရေးသူဟာလည်း Facebook မှာ မိမိဝါသနာ ပါရာ သတင်း၊ ဆောင်း ပါးများအား ဘာသာပြန်တင်ပြရင်း အခြား လုပ်ငန်းဆောင်တာ များမပျက် ယွင်းပဲ ရန်ကုန်တွင် နေထိုင်စားသောက်ရန် လုံလောက်သော ဝင်ငွေတစ်ခု ရရှိနေပြီ ဖြစ်ပါတယ်။ အပျော်တမ်းရေးရာကနေ မီဒီယာ လုပ်ငန်းကြီးများရဲ့  လက်တွဲခေါ်ဆိုမှုကြောင့် အခြေအနေကောင်း တစ်ခုရရှိနေပါပြီ။ မီဒီယာ လုပ်ငန်းတော်တော်များများမှာလည်း ဝင်ရောက်လုပ်ကိုင်ရန် ကမ်းလှမ်းမှု များ ရရှိခဲ့ဖူးပြီး လက်တွဲလည်း လုပ်ကိုင်ခဲ့ပါတယ်။ စာရေးသူပိုင် ဆိုင်သော Page တစ်ခုမှာ တင်ဆက်ပြသ ချက် ကောင်း မွန်မှုကြောင့် ကုမ္မဏီတစ်ခုက ဝဘ်ဆိုဒ်တစ်ခု ထောက်ပံ့ပြီး လက်တွဲလုပ်ကိုင်ရန် ကမ်းလှမ်းချက်များ ရရှိခဲ့ပါတယ်။ ကိုယ်ပိုင် အွန်လိုင်း မီဒီယာ လုပ်ငန်းတစ်ခု ဖန်တီးလို့ရတဲ့ အနေအထား ထိတောင် ဖြစ် သွားပါတယ်။ ၆ လကျော်အတွင်း ထူးခြားလာ မှုများက တစ်နှစ်ပြည့်နီးနီးမှာ ပို၍ အောင်မြင်သွားပါတယ်။ စာရေးသူက မီဒီယာကျောင်းဆင်းလည်း မဟုတ်ရပါ။ စာနယ်ဇင်းကလည်း မဟုတ်ရပါ။ တစ်ဖက်ကလည်း ဘာသာရပ်တစ်ခု အထူးပြု ကာ ကျောင်းပြီး ထားပြီး လုပ်ငန်းခွင်ဝင်ရန် သင်ယူလေ့လာနေဆဲသာ ဖြစ်ပါတယ်။ ကိုယ်ရည်သွေးခြင်း မဟုတ်ရပါ။ စာဖတ်သူ တို့ ဖြစ်ကောဖြစ်နိုင်ပါ့မလား ဟူသော သံသယ ကင်းဝေး စေရန် ဖြစ်ပါတယ်။

စာရေးသူထက် အဆပေါင်းများစွာ အကျိုးထူး ချွန်ပြီး အောင်မြင် နေသော မြန်မာပြည် မှ Facebook user များလည်း အမြောက်အများရှိပါတယ်။ မီဒီယာ လုပ်ငန်းကိုသာ မဆိုလို။ အခြား မိမိကျွမ်းကျင်ရာ နယ်ပယ်အလျောက် တင်ပြချက်ကို အခြေခံပြီး ပြင်ပလော ကမှာ ကောင်းကောင်းကြီး ပြန်လည် အသုံးချနိုင်မှာ ဖြစ်ပါတယ်။

ယခုစာက Facebook ကိုအပျော်တန်း၊ အပျင်းပြေသုံးနေသော အခြား Profesional များအတွက် မဟုတ်ရပါ။ တကယ်ပဲ အလုပ်ရှာရခက်ပြီး၊ အွန်လိုင်းမှာ မရေမရာ ဖြစ်နေသူများအတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ ပညာအရည်အချင်း ရှိသောလည်း ရွံ့ နွံတွင်းမှ ပတ္တပြားကဲ့ သို့ မြှုပ်နေ သူများအတွက် ဖြစ်ပါတယ်။ တတ်စွမ်း သလောက်ကြိုး စားသော်လည်း အရာမရောက်သေးသူများ အတွက် လည်း ဖြစ်ပါတယ်။ တကယ်ပဲ Facebook ကိုအကျိုးရှိရှိ အသုံးချ လို့ ကျောင်းကျိုးပေါင်း များစွာ ဖြစ် ထွန်းလာဖို့ ဆန္ဒပြု ရေးသားလိုက်ရပါ တယ်။

လေးစားစွာဖြင့်
အောင်ခမ်း ( work.com.mm )
စာဖတ်သူတို့ Facebook အသုံးပြုနေရတာ ဒီထက်မက ပိုအကျိုးထူး သင့်တယ်လို့ ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါတယ်။ အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊ သတင်းတွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက်၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အချိန်တွေပိုနေသူ များလည်းရှိမယ်ထင်ပါတယ်။

ပရိသတ် နှစ်သောင်းကျော် လာရောက်ရန် ခန့်မှန်းထားသည့် Hppy New Year Grand Royal 2013 ဖျော်ဖြေပွဲ

Happy New Year Grand Royal 2013ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၁ရက်တွင် ကျိုက္ကဆံမြင်းပြိုင်ကွင်း အရှေ့ဘက် ရွှေထွဋ်တင်ကွင်း၌ ကျင်းပမည်ဖြစ်ရာ လက်မှတ်စောင်ရေ ၁၈,၂၀၀ကျော် ရောင်းချ ပြီးဖြစ်ကြောင်း ပွဲစီစဉ်သူဂျွန်လွင်က မဇ္ဈိမကိုပြောသည်။ ယင်းဖျော်ဖြေရေးအစီစဉ်ကို ညနေ၆နာရီတွင် စတင် ကျင်းပမည်ဖြစ်သည်။

တိုးမလား လျော့မလား ဆက်သွားမလား ရပ်နေမလား မြန်မာ့လုပ်သား

စက်မှုဇုန်လုပ်သားများ
၂ဝ၁၃ ခုနှစ်၏ အပြောင်းအလဲ ကို များစွာ မျှော်လင့် ထားခဲ့သော စက်မှုဇုန် အလုပ်သမားများ အတွက် ယခုနှစ်သည် ထူးမခြားနားနှစ်ဟု ဆိုရမည် ဖြစ် သည်။ ဥပဒေသစ်များ ထွက်ပေါ် လာပြီး အလုပ်သမား အဖွဲ့အစည်း အရေအတွက် ၇ဝဝ ကျော်သည် အထိ တိုးပွားခဲ့သည့် နှစ်လည်း ဖြစ်သည်။

မိကျောင်းကန်ဆန္ဒပြသူများနှင့် ခိုင်းစေသူအဖွဲ့ကြား နေ့တွက်စရိတ် အငြင်းပွားမှုဖြစ်

Photo: မိကျောင်းကန်ဆန္ဒပြသူများနှင့် ခိုင်းစေသူအဖွဲ့ကြား နေ့တွက်စရိတ် အငြင်းပွားမှုဖြစ်
Monday, December 30, 2013

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း(၁၊၂၊၃) မြေနေရာ ပြန်လည်ရရှိရေး (၁၇)ရက်ကြာ ဒုတိယအကြိမ် သပိတ်စခန်းဖွင့် ဆန္ဒပြမှုများ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ၃ လကြာ ယာယီရပ်ဆိုင်း သွား သော်လည် နေ့တွက်စရိတ်နှင့်ပတ်သက်၍ ဆန္ဒပြသူ များနှင့် ခိုင်းစေသူအဖွဲ့ကြား အငြင်းပွားမှု ဖြစ်ပွားနေကြောင်း ဆန္ဒပြ ရာတွင် ပါဝင်သူများထံမှ သိရှိရသည်။

``မိကျောင်းကန် မြေသိမ်းခံရတဲ့ထဲမှာ ပါဝင်ပြီး ဆန္ဒပြရာမှာ ဦးဆောင်တဲ့ မိုးသီးဇွန်၏တပည့်ဖြစ်သူကိုယ်တိုင် ကျွန်မတို့ကို လာခေါ် တာပါ။ တစ်နေ့ကို ရှစ်ထောင်ပေးမယ်ဆိုပြီး ခေါ်လာတာပါ။ ဆန္ဒပြပွဲလည်းပြီးရော ငါးထောင်ပဲ ပေးတယ်လေ´´ ဟု နေ့တွက်ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ မခိုင်မာက ပြောသည်။

အဆိုပါ မိကျောင်းကန်ဆန္ဒပြမှုများသည် ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းရေးအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနှင့် ဆွေးနွေးပြီးနောက် သဘော တူညီမှုရရှိခဲ့ပြီး ၃ လစောင့်မည် ဟု သပိတ်စခန်းဖွင့်ဆန္ဒပြသူများက ကတိပြုခဲ့ကြောင်း သိရသည်။

သပိတ်စခန်းဖွင့်ဆန္ဒပြသူများတွင် မိကျောင်းကန်ရပ်ကွက်အပိုင်း(၁၊၂၊၃) တွင်နေထိုင်သူများ အပါအ၀င် အခြားမြို့နယ်များ မှလည်း နေ့တွက်စရိတ်ဖြင့် လာရောက်ဆန္ဒပြသူများလည်း ပါဝင်ကြောင်း၊ နေ့တွတ်စရိတ်ငွေကြေး အရှုပ်အရှင်းများကြောင့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်ဟု သင်္ကန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

``တစ်ချို့က အစအဆုံး ဆန္ဒပြတဲ့အထဲပါတယ်။ တစ်ချို့ကလည်း တစ်ပတ်ဆယ်ရက် စသဖြင့်ပေါ့၊ တစ်နေ့ရှစ်ထောင် ပေးမယ်ပြောလို့ လာပြီးဆန္ဒပြကြတာပါ။ ဆန္ဒပြပွဲပြီးတော့ ငွေရှစ်ထောင်မဟုတ်ဘဲ၊ ငါးထောင်ပဲပေးတယ်။ ကျန်တဲ့ သုံးထောင်က တစ်နေ့စားစရိတ်နဲ့ တူညီဝတ်စုံ ဖိုးဆိုပြီးတော့ ဖြတ်တယ် အမှန်ဆိုရင် ကျွန်မတို့က စားစရိတ်မှ မလိုတာ။ အပြင်က လာလှူ တဲ့ ထမင်းဗူးတွေနဲ့ ရေသန့်ဗူးတွေက အလျှံပယ်ဘဲလေ။ အဲဒါ ခေါင်းဆောင်လုပ်သူကို ရှစ်ထောင်ပေးဖို့ တောင်းကြ တာပေါ့။ ခိုင်းတဲ့အဖွဲ့ကို ပြန်ပြောပေးမယ်ဆိုပြီး ဒီနေ့အထိ အကြောင်းမပြန် သေးဘူးလေ´´ ဟု နေ့တွက်ပါဝင်ဆန္ဒပြခဲ့သူ ကိုကျော်လင်းသောင်းက ပြောပြသွားသည်။

``မိကျောင်ကန်အပိုင်း(၁၊၂၊၃) ဟာ အစိုးရဘက်က စွပ်စွဲပြောဆိုသလို ကျူးကျော်တွေ တကယ်ဟုတ်၊ မဟုတ် စစ်ဆေးဖို့ လိုပြီးတော့ မိကျောင်းကန် မြေနေရာဟာ အရင်က ရပ်ကွက်တစ်ခုအဖြစ် နေထိုင်ခဲ့တာဖြစ်တဲ့အတွက် သေချာပြန်ပြီး စိစစ် ပြီး ဆောင်ရွက်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ်´´ လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း က ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ မိကျောင်းကန်သပိတ်စခန်းဆန္ဒပြမှုတွင် ပါဝင်သူများအတွက် နေ့တွက်စရိတ် တစ်ဦးလျှင် ရှစ်ထောင်ကျပ်နှုန်းအား မိုးသီးဇွန်မှ ၎င်း၏တပည့်မှတစ်ဆင့် ရှင်းပေးခိုင်းကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူတစ်ဦးမှ ပြောဆိုခဲ့သည်။

အောင်မြင့်(သင်္ကန်းကျွန်း)
မြန်မာ့လင်းရောင်ခြည်
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း(၁၊၂၊၃) မြေနေရာ ပြန်လည်ရရှိရေး (၁၇)ရက်ကြာ ဒုတိယအကြိမ် သပိတ်စခန်းဖွင့် ဆန္ဒပြမှုများ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ၃ လကြာ ယာယီရပ်ဆိုင်း သွား သော်လည် နေ့တွက်စရိတ်နှင့်ပတ်သက်၍ ဆန္ဒပြသူ များနှင့် ခိုင်းစေသူအဖွဲ့ကြား အငြင်းပွားမှု ဖြစ်ပွားနေကြောင်း ဆန္ဒပြ ရာတွင် ပါဝင်သူများထံမှ သိရှိရသည်။

ဓာတ်လှေကားညပ် သေဆုံးသော လူနာ မိသားစု ဓာတ်လှေကား တပ်ဆင်သူကို တရားစွဲဆိုနိုင်ဟု ဥပဒေကျွမ်းကျင်သူပြောကြား

Photo: ဓာတ်လှေကားညပ် သေဆုံးသော လူနာ မိသားစု ဓာတ်လှေကား တပ်ဆင်သူကို တရားစွဲဆိုနိုင်ဟု ဥပဒေကျွမ်းကျင်သူပြောကြား
Monday, December 30, 2013

ဂျပန်ဆေးရုံတွင် ဓာတ်လှေကားညပ်၍ လူနာသေဆုံးမှုတွင် ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်၍ စစ်ဆေးနေသည့်အမှုကို သေဆုံးသူ၏ မိသားစုဝင်များက အဆိုပါဓာတ်လှေကားတပ်ဆင်သူများကို တရားစွဲဆိုတိုင်ကြားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးကပြောသည်။

ဒီဇင်ဘာ ၂၇ ရက် နေ့လယ်က ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၌ နှလုံးရောဂါသည် ဝေဒနာရှင်တစ်ဦးဓာတ် လှေကားညပ်ကာ သေဆုံးခဲ့ပြီး အဆိုပါဖြစ်စဉ်အား လမ်းမတော်မြို့မရဲစခန်းက ပဏာမစစ်ဆေးချက်အရ နှလုံးရောဂါဖြင့်သေဆုံးခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၂၈ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

““ဒီဖြစ်စဉ်က ဓမ္မတာအတိုင်း သေတာမဟုတ်ပါဘူး။ ဓာတ်လှေကားတပ်ဆင်ပေးတဲ့သူမှာ တာဝန်ရှိပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအနေနဲ့ တရားလိုလုပ်ပြီးတိုင်လို့ရပါတယ်””ဟု ဦးမြင့်အေးက ပြောသည်။
လူနာသေဆုံးမှုဖြစ်ပေါ်ခဲ့သည့် ဓာတ်လှေကားမှာ ၁၉၈၄ ခုနှစ်က ဆောက်လုပ်ရေးဝန်ကြီး ဌာနက တပ်ဆင်ပေးခဲ့ခြင်းဖြစ်ပြီး ယခုဖြစ်စဉ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် တာဝန်အရှိဆုံးဖြစ်ပြီး ယင်းဌာနသို့ တရားစွဲဆိုနိုင်ကြောင်း ၎င်းကပြောသည်။

သေဆုံးသူအသက် (၂၆) နှစ် အရွယ် ကိုအောင်ဇော်မျိုးသည် မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း သီတဂူဆရာတော်ကြီးအစီအစဉ်ဖြင့် ပြန်လာခဲ့သူဖြစ်ပြီး မလေးရှားမှ ပြန်လာစဉ်ကတည်းကပင် နှလုံးရောဂါဝေဒနာရှင်ဖြစ်၍ နိုဝင်ဘာ ၅ ရက်တွင် ဂျပန်ဆေးရုံ၌ တက်ရောက်ကုသလျက်ရှိသည်။ အခင်းဖြစ်ပွားခဲ့သည့်အချိန်က ၎င်းအားပထမထပ်တွင် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် ၎င်းနေထိုင်ရာ ဒုတိယထပ်သို့ လူနာတင်လှည်းဖြင့်တင်ခေါ်၍ ဓာတ်လှေကားဖြင့် ပို့ဆောင်ခဲ့သည်။ ဒုတိယအထပ်သို့အရောက်တွင် ဓာတ်လှေကားမှာ ရုတ်တရက်စက်ချို့ယွင်းပြီး အပေါ်သို့ ထိုးတက်သွားကာ လူနာမှာ လူနာတင်လှည်းနှင့်အတူ တံခါးဘောင်ဖြင့် ညပ်၍ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခြင်းဖြစ်သည်။

““တရားရုံးစစ်ဆေးချက်က ဘယ်လိုအဖြေထွက်လာသလဲဆိုတာ အဓိကပါ။ ဆေးရုံကလူနာ ဓာတ်လှေကားညပ်ပြီး သေဆုံးရတဲ့ဖြစ်စဉ်က စိတ်ဝင်စားဖို့ ကောင်းပါတယ်””ဟု ဥပဒေပညာရှင်ဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။

ရဲစခန်းက သေဆုံးသူလူနာမှာ နှလုံးရောဂါကြောင့် သေဆုံးသည်ဟု ပဏာမ သတင်းထုတ်ပြန်ထားသော်လည်း နှလုံးရောဂါမရှိသည့် သာမန်လူနာတစ်ဦးပင်လျှင် အဆိုပါဖြစ်စဉ်မျိုး ရင်ဆိုင်ရပါက ရရှိသည့်ဒဏ်ရာဖြင့်ပင် သေဆုံးနိုင်ကြောင်း နှလုံးရောဂါအထူးကုဆရာဝန် ဒေါက်တာ မြင့်ကြွယ်က သုံးသပ်ပြောကြားသည်။

ဓာတ်လှေကားညပ်ခဲ့မှုကြောင့် သေဆုံးသူမှာ ၀ဲနှင့်ယာဘက်ဒူးတို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးရှိ အလှည့်ကျဆရာဝန်၏ ပဏာမစစ်ဆေးချက်အရ ၎င်းသည် နှလုံးရောဂါဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
““အခုတော့ စစ်ဆေးတုန်းပဲ ရှိသေးတယ်။ အတည်မပြုရသေးဘူး။ ဆေးစာပြန်ပြီးမှ ဘယ်လိုကြောင့် သေတယ်ဆိုတာ သေချာစစ်ဆေးမှာပါ။ အကယ်၍ ရောဂါကြောင့် သေတယ်ဆိုရင်တော့ သေမှုသေခင်းပဲ ဖွင့်မှာပါ။ သေမှုသေခင်းဆိုရင်တော့ နောက်ပိုင်း အမှုပိတ်ရင် ပိတ်မှာပေါ့”” ဟု လမ်းမတော်မြို့နယ် ရဲခစန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးမှုနှင့်ပတ်သက်၍ လမ်းမတော်ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် - ၇/၁၃ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

7day Daily
ဂျပန်ဆေးရုံတွင် ဓာတ်လှေကားညပ်၍ လူနာသေဆုံးမှုတွင် ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်၍ စစ်ဆေးနေ သည့် အမှုကို သေဆုံးသူ၏ မိသားစုဝင်များက အဆိုပါဓာတ်လှေကားတပ်ဆင်သူများကို တရားစွဲဆို တိုင်ကြားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးကပြောသည်။

ကမ္ဘောဒီးယားစစ်တပ် စစ်ရေးလေ့ကျင့်မှုပြုလုပ်

Photo Photo
နိုင်ငံ၏အချုပ်အချာအာဏာကို ကာကွယ်ရာတွင် အရေးပါသည့် Royal Cambodian Armed Forces ၏ စစ်ရေး စွမ်းရည်ကိုမြှင့်တင်နိုင်ရေး တနင်္လာနေ့က စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း ကမ္ဘောဒီးယား စစ်တပ် အကြီးအကဲက ထုတ်ဖော်ပြောဆိုလိုက်သည်။

“ရန်ကုန်မြက်ခင်းစိမ်းများကို ကြည်လင်း စွန့်ခွာတော့မည်လော”

၂၀၁၄ ဘောလုံးရာသီတွင် AFC Cup ၀င်ခွင့်ရရှိထားသော မြန်မာနေရှင်နယ်လိဂ်ကလပ် နေပြည်တော် အက်ဖ်စီအသင်းအနေဖြင့် ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူးကြည်လင်းကို ခေါ်ယူနိုင်ရန် ကိုးဆယ် ရာခိုင်နှုန်း သေချာနေပြီဟု အသင်းဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းက မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။

၁၀ နှစ်အောက် ကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

၁၀ နှစ်အောက် ကလေးသုံးဦးအဓမ္မပြုကျင့်ခံရပြီးနောက် အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ထပ်မံအဓမ္မပြုကျင့်ခံရမှုတစ်ခု လှည်းကူးမြို့နယ်တွင် ဒီဇင်ဘာ ၂၇ ရက်က ထပ်မံဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

အမျိုးသမီးအသင်းနည်းပြကုမာဒါကို စာချုပ်သက်တမ်းတိုးမည် Monday, December 30, 2013

ဆီးဂိမ်းတွင် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကို ကြေးတံဆိပ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော ဂျပန်လူမျိုးနည်းပြ ကုမာဒါကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆို မည်ဖြစ်သည်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အခမဲ့ဝိုင်ဖိုင်ဇုန် ဇန်န၀ါရီ အပြီးတပ်ဆင်မည်

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (UFL) တွင် ၀ိုင်ဖိုင်အင်တာနက်စနစ်အခမဲ့အသုံးပြုနိုင်ရန်အတွက် Redlink ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိပြီး လာမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် လုပ်ငန်း များပြီး စီးအောင် ဆောင်ရွက်သွားမည်ဟု ယင်းကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာ ဦးမျိုးမြင့်ညွန့်က ဒီဇင်ဘာ ၂၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

နာရေးကူညီမှုအသင်း၏ ပရဟိတလုပ်ငန်းများအသုံးစရိတ် တစ်လကျပ်သိန်း ၁၀၀၀ ခန့်ရှိ

ရခိုင်ပြည်နယ်တွင် မွေးဖွားလာသော ကမန်တိုင်းရင်းသား လူဦးရေစာရင်းကို တိကျမှန်ကန်စွာ သိရှိနိုင် ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းကောက်ယူမှုကို ယခုလ ၁၆ ရက်တွင် စတင်နေပြီဟု ကမန် လူဦးရေစာရင်းကောက်ခံရေးတွင် ပါဝင်သူ ကမန်တိုင်းရင်းသားတိုးတက်ရေးပါတီ ဒု-ဥက္ကဋ္ဌ၊ ဦးလှတိုးက ဒီဇင်ဘာ ၂၉ တွင် မဇ္ဈိမကို ပြောသည်။

မိုးကောင်းမြို့နယ်တွင် ဒေသခံရွာသားများ မိုင်းများကြောင့် သွာလာရေး အခက်အခဲကြုံ

Photo: မိုးကောင်းမြို့နယ်တွင် ဒေသခံရွာသားများ မိုင်းများကြောင့် သွာလာရေး အခက်အခဲကြုံ
Monday, December 30, 2013

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ၏ အရှေ့တောင်ဘက် ကပ်ကျော်တောင်ခြေ၊ မှန်ဘိန်းကွင်း၊ ဘန်ကောက်ကွင်းရှိ ဒေသခံတောင်သူ များသည် ဒီဇင်ဘာတတိယပတ်မှစ၍ ကပ်ကျော်တောင်ဖြတ်လမ်းအနီး တစ်ဝိုက် တွင် KIA အဖွဲ့၏ မိုင်းထောင်မှုကြောင့် သွားလာရေး အခက် အခဲကြုံနေရကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

``အခါတိုင်းဆိုရင် ကပ်ကျော်တောင်ဖြတ်လမ်းကနေ လယ်တောဆီကို သွားကြတာပါ။ အခုမိုင်းတွေထောင်ထားလို့ ရွာရဲ့ အရှေ့ဘက် ကပ်ကျော် တောင်ခြေလမ်းအတိုင်း သွားနေရပါတယ်´´ ဟု ဆားမှော်ရွာသား နော်မိုင်က ပြောပြသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တပ်မဟာ(၂)၊ ရင်း(၁၁)မှ တပ်ဖွဲ့ဝင်များသည် ကပ်ကျော်တောင်ဖြတ်လမ်းနှင့် အနီးပတ်ဝန်းကျင်၌ နေ့စဉ်ညနေ ၆ နာရီတွင် မိုင်း(၅)လုံးထက်မနည်း ထောင်ထားပြီး နောက်တစ်နေ့နံနက် ၇ နာရီတွင် ပြန်လည်ဖြုတ်လေ့ရှိကြောင်း မျက်မြင်ရွာသားတစ်ဦးက ဆိုသည်။

``လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဆွတ်လျှံတိုက်နယ်ရုံးက အမိန့်ထုတ် ထားတယ်ဆိုပြီး ရွာလူကြီးက ရွာသူ၊ရွာသားတွေကို ခေါ်ပြောပါတယ်။ အဲဒီလမ်းကို မသုံးဖို့နဲ့ တစ်ခုခုဖြစ်ရင် ကိုယ်ဖြစ်ကိုယ်ခံရမယ်လို့ ပြောထားတယ်´´ ဟု ဆားမှော်ရွာမှ ဒေါ်ဘောက်နန်က ပြောသည်။

အဆိုပါ ကပ်ကျော်တောင်ဖြတ်လမ်းတွင် ယခင်တိုက်ပွဲများဖြစ်ပွားချိန်မှ စတင်၍ မိုင်းများထောင်ထားသဖြင့် ဒေသခံများက ငြိမ်းချမ်းလာသော ကာလတွင် မိုင်းများ ပြန်ဖော်ပေးရန် KIA အား တောင်းဆိုထားကြောင်း၊ ထောင်ထားသောမိုင်းများ မဖော်ပေးသည့်အပြင် ယခုကဲ့သို့ မိုင်းများ လာထောင်နေသဖြင့် ဒေသခံရွာသားများ သွားလာရေး အခက်အခဲ ကြုံနေရ ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် သွားလာ၍ မိုင်းများ ပေါက်ကွဲပါက တာဝန်ယူမည်မဟုတ်ကြောင်းနှင့် မိုင်းတန်ဖိုး အား ပြန်လျော်ရမည်ဟု KIA အဖွဲ့က အမိန့်ထုတ်ထားကြောင်း သိရှိရပါသည်။

အယ်လ်နော်ဆိုင်း
Kachin Daily News
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ၏ အရှေ့တောင်ဘက် ကပ်ကျော်တောင်ခြေ၊ မှန်ဘိန်းကွင်း၊ ဘန်ကောက်ကွင်းရှိ ဒေသခံတောင်သူများသည် ဒီဇင်ဘာတတိယပတ်မှစ၍ ကပ်ကျော်တောင်ဖြတ် လမ်းအနီး တစ်ဝိုက် တွင် KIA အဖွဲ့၏ မိုင်းထောင်မှုကြောင့် သွားလာရေး အခက် အခဲကြုံနေ ရကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

မြန်မာဘက်ခြမ်း အိန္ဒိယ၏ ကျူးကျော်ဝင်ရောက်မှုများ ဖြေရှင်းပေးရန် သမ္မတဦးသိန်းစိန်ထံ တင်ပြမည်

မြန်မာ-အိန်္ဒိယနယ်စပ်ရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် မြေနေရာများတွင် အိနိ္ဒယနိုင်ငံဘက်မှ ကျူးကျော် နေထိုင်မှုများကို တားဆီး ရန်နှင့် လက်ရှိ ကျူးကျော်နေမှုကို ဖြေရှင်းပေးရန် အတွက် နိုင်ငံတော် သမ္မတထံ သို့ ဒီဇင်ဘာ၂၉ ရက် နေ့စွဲဖြင့် တင်ပြသွားမည်ဖြစ်ကြောင်း ချင်းတွင်းအထက် လူငယ်များ ကွန်ရက် မင်း ကင်းမြို့တာဝန်ခံ ကိုကျော်မင်းထွဋ်က မဇ္ဈိမကို ပြောသည်။

တောင်သူအကျိုးစီးပွားမြှင့်တင်ရေး နည်းဥပဒေမူကြမ်း ဖေဖော်ဝါရီလကုန် အစိုးရအဖွဲ့ထံ တင်မည်

တောင်သူလယ်သမားအခွင့်အရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ပြဋ္ဌာန်းပြီး သုံးလကျော်ကြာသည် အထိ ထွက်ရှိလာခြင်း မရှိသေးသည့် နည်းဥပဒေမူကြမ်းကို လာမည့်ဖေဖော်ဝါရီလကုန်တွင် အစိုးရအဖွဲ့ သို့ တင်ပြရန် စီစဉ်နေသည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်း က ဒီဇင်ဘာ ၂၈ တွင် ပြောသည်။

အရေးကြီးပုဒ်မများ အလွယ်ပြင်မရရန် ပြဋ္ဌာန်းထားသည့် ၄၃၆ ကို အရင်ပြင်သင့်ဟုဆို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၁၂)ရှိ ပုဒ်မ ၄၃၆သည် အခြေခံဥပဒေပါ အခြားသော အရေးကြီး ပုဒ်မများကို အလွယ်တကူ ပြင်ဆင်ရန် မရနိုင်သဖြင့် အဆိုပါပုဒ်မ ၄၃၆ ကို ဦးစွာ ပြင်ဆင်သင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက မဇ္ဈိမသို့ ပြောသည်။

DKBA နယ်မြေအတွင်း ဧရာဝတီတိုင်းမှ ရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော်ရှိနေ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ အနီးတစ်ဝိုက်ရှိ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် DKBA ပိုင် တောင်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ဧရာဝတီတိုင်းမှ လာရောက်လုပ် ကိုင် နေ သူရွှေ့ပြောင်း လုပ်သား ၂၀၀ ကျော်ရှိသည်ဟု အဆိုပါလုပ်ငန်း တာဝန်ယူလုပ်ကိုင်နေသူ အထူး တပ် ကြောင်းမှ ဗိုလ်မှူးစောအေ၀မ်းက မဇ္ဈိမကို ပြောသည်။

ဘင်္ဂလားနယ်ခြားစောင့်တပ်ဖွဲ့ မြေမြုပ်မိုင်း တွေ့

Photo: ဘင်္ဂလားနယ်ခြားစောင့်တပ်ဖွဲ့ မြေမြုပ်မိုင်း တွေ့
Monday, December 30, 2013

မြန်မာ-ဘင်္ဂလား နယ်စပ်မှာ မြန်မာဘက်က ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ရှာဖွေတွေ့ရှိပြီး ဖယ်ရှားခဲ့ရတယ်လို့ ဆိုပါတယ်။

အခုရှာဖွေတွေရှိပြီး ဖယ်ရှားခဲ့ရတဲ့ မြေမြုပ်မိုင်းက ၃၉ လုံးတောင်ရှိတယ်လို့ ပြောပါတယ်။

တွေ့ရှိတဲ့ နေရာကတော့ မြန်မာဘက်ကဆိုရင် မောင်တောမြို့နယ် မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ် ဘက်ကဆိုရင် ဘင်ဒရိုဘင်ခရိုင် နတ်ကျောက်ဆရီ မြို့နယ်အတွင်းက နယ်စပ်မှတ် တိုင် (၄၄) အနီး နှစ်နိုင်ငံ စည်းရိုးမျဉ်းထဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီမိုင်းတွေကို မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လွန်ခဲ့တဲ့ အပတ်အတွင်းက ထောင်ထားခဲ့တာ ဖြစ်တယ်လို့ ဘင်္ဂလား အာဏာပိုင်တွေက ဆိုပါတယ်။

ဒီမြေမြုပ်မိုင်းနဲ့ပတ်သက်ပြီ ကော့စ်ဘဇားမြို့မှ အစိုးရ ရုပ်သံဌာန အကြီးအကဲ တစ်ဦးက ဒီကနေ့ထုတ်တဲ့ ဘင်္ဂလာဒေခ့်ျ သတင်းစာတွေမှာ မြန်မာဘက်က နယ်စပ်မှာ မြေမြုပ်တွေ ထောင်နေတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ဖေါ်ပြကြပါတယ်။

နတ်ကျောက်ဆရီမြို့ အခြေစိုက် ဘီဂျီဘီအမှတ် (၃၁) တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးကြီး ချာဖေကူလ် ရာဟာမန်ကတော့ မိုင်း ၃၉ လုံးကို ဖယ်ရှားခဲ့တာဆိုတာ ဟုတ်မှန်တယ်လို့ အတည်ပြု ပြောကြားပြီး ယခု နယ်စပ် စည်းရိုးမျဉ်းအတွင်း မိုင်းထောင်ခြင်းမှာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖေါက်ဖြစ်တဲ့ အတွက် မြန်မာဘက်ကို သတိပေး ကန့်ကွက်မူများ ပြုလုပ်သွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဒီလိုနယ်စပ်မှာ မိုင်းထောင်တဲ့ အတွက် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကို သူက ပြောကြားရာမှာ အခုလို နှစ်နိုင်ငံ နယ်စပ်မှာ မြန်မာဘက်က မြေမြုပ်မိုင်းတွေ ထောင်နေတဲ့ အတွက် ဆက်ဆံရေး ကောင်းမွန် နေတဲ့ နှစ်နိုင်ငံအကြားမှာ အဖုအထစ်တွေလည်း ပေါ်ပေါက်နိုင်တယ် ဆိုပါတယ်။

မြန်မာဘက်က နယ်စပ်မှာ မိုင်းထောင်တယ်ဆိုတဲ့ သတင်းတွေ ပျောက်ကွယ်နေခဲ့တာ ၁၀ စုနှစ် တစ်ခု နီးပါး ရှိနေပြီး အခု စွပ်စွဲချက်က အသစ် ထပ်မံ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မောင်တောခရိုင်ရဲမှူးကြီးကို ဆက်သွယ်ပေမယ့် အဆက်အသွယ် ရရှိခြင်းမရှိတဲ့ အတွက် မြန်မာဘက်က သဘောထားကိုတော့ သိရှိနိုင်ခြင်း မရှိခဲ့ပါဘူး။

BBC
မြန်မာ-ဘင်္ဂလား နယ်စပ်မှာ မြန်မာဘက်က ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့က ရှာဖွေတွေ့ရှိပြီး ဖယ်ရှားခဲ့ရတယ်လို့ ဆိုပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပီပီပြင်ပြင်ဖြစ်လာဖို့

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးဖြစ်ရေးကို ကတိပြု ခဲ့သည်နှင့်အညီ အုပ်ချုပ်ရေးယန္တရားအတွင်း အဂတိလိုက်စားခဲ့သော ၀န်ထမ်းများကို ထုတ်ပယ်ပစ်သကဲ့ သို့တာဝန်ရှိသော ပြည်ထောင်စုအဆင့်ဝန်ကြီးများကိုပင် ရာထူးမှဖယ်ရှားခဲ့သည်များကို တွေ့ရှိရပါသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ် သြဂုတ်လ (၈)ရက်တွင် ပြည်ထောင်စု လွှတ် တော်က ပြဋ္ဌာန်းနိုင်ခဲ့ပြီ ဖြစ်သည်။

၂၀၁၄အတွင်း တပြည်လုံး အပစ် ရပ်နိုင်မယ်လို့ မျှော်လင့်ရ

Photo: ၂၀၁၄အတွင်း တပြည်လုံး အပစ် ရပ်နိုင်မယ်လို့ မျှော်လင့်ရ
Monday, December 30, 2013

ဆွေးနွေးပွဲမှာ အဓိကအားဖြင့် တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ ကိစ္စကို တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်တွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အလုပ်အမှုဆောင် ကော်မီတီတို့ ချင်းမိုင်မှာ ဆွေးနွေးကြပြီး အချက် တော်တော် များများ သဘောတူညီ ခဲ့ကြပါတယ်။

ထပ်ညှိနှိုင်းဖို့လိုတဲ့ အချက်တွေကတော့ အပစ်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ မစမီကြားကာလမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆက်လက် ရပ်တည်ရေး အတွက်တော့ ညှိရဦးမယ်လို့ တိုင်းရင်းသားတွေရဲ့ တပြည်လုံး အပစ်အခတ်ရ ပ်စဲရေး ညှိနှိုင်းမှု ကော်မီတီမှ ခေါင်းဆောင် တယောက်ဖြစ်တဲ့ ဖဒိုစောကွယ်ထူးဝင်းက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေရဲ့ ဘုံရပ်တည်ချက်ထဲမှာပါတဲ့ ဖယ်ဒရယ်ပြည်ထောင်စု နဲ့ပြည်ထောင်စု တပ်မတော် တည်ဆောက်ရေး ကိစ္စတွေကိုတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်တဲ့အခါကျမှ ဆက်ဆွေးနွေးကြမယ်လို့ ဖဒိုစောကွယ်ထူးဝင်းကပြောပါတယ်။

လောလောဆယ် ညီညွတ်သော တိုင်းရင်းသားများဖယ်ဒရယ် ကောင်စီUNFCနဲ့ အခုအပစ်ရပ်ညှိနှိုင်းရေး ကော်မီတီနဲ့ နှစ်ခုကွဲနေလားဆိုတဲ့ အမေးကိုတော့ UNFCထဲမှာ အချို့ တိုင်းရင်းသားအဖွဲ့တွေမပါကြောင်း အခု တတိုင်းပြည်လုံး အပစ်ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့မှာ တိုင်းရင်းသား အစုံပါဝင်ကြောင်း နှစ်ဖွဲ့ကွဲနေတာ မဟုတ်ကြောင်း သူကဆက်ရှင်းပါတယ်။

တပြည်လုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကို လာမယ့် ဇန္နဝါရီလ တတိယပ တ်လောက်မှာ ဖားအံမှာ ပြုလုပ်နိုင်မယ်လို့မျှော်လင့်ကြောင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့မှ သိရပါတယ်။

BBC
ဆွေးနွေးပွဲမှာ အဓိကအားဖြင့် တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ ကိစ္စကို တိုင်း ရင်းသား တော်လှန်ရေး လက်နက်ကိုင်တွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အလုပ် အမှုေ ဆာင် ကော်မီတီတို့ ချင်းမိုင်မှာ ဆွေးနွေးကြပြီး အချက် တော်တော် များများ သဘောတူညီ ခဲ့ကြပါတယ်။

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် NCCT အဖွဲ့ချင်းမိုင်မြို့မှာ ထပ်မံ ဆွေးနွေး

Photo
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ရှိနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဌ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ခေါင်းဆောင်တွေနဲ့ ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဗုဒ္ဓရုပ်ပွားတော် တစ်ထောင် - အကောက်တောင်သို့

Photo: ဗုဒ္ဓရုပ်ပွားတော် တစ်ထောင် - အကောက်တောင်သို့
Monday, December 30, 2013

ပြည်တွင်းဘုရားဖူးဧည့်သည်များနှင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ပြည်မြို့ အနီးရှိ အကောက်တောင်ကို အထူးစိတ်ဝင်စား လျက်ရှိပြီး သွားရောက်လည်ပတ်မှုရှိလာကြကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးကျော်မင်းလှိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။ 

"ဟိုးအရင်တုန်းက လှေထိုးသားတွေက အောက်ပြည်က ကုန်တွေကို အထက်အညာဆီ တက်ပြီး ကုန်ရောင်းကုန်ဝယ်လုပ်ကြပါတယ်။ သူတို့က လေနဲ့ရွက်လွှင့်ပြီး လှေထွက်ရတာဖြစ် တဲ့အတွက် အခုအကောက်တောင်လို့ သတ်မှတ် ထားတဲ့နေရာကိုရောက်ရင် လေတိုက်မယ့်အချိန် ကိုစောင့် ရင်းနဲ့ သူတို့တွေက ဘုရားဆင်းတု တော်ပုံတွေကို ကျောက်တောင်တွေရဲ့ နံရံမှာ ထုထွင်းခဲ့ကြပါ တယ်။ အဲဒါတွေက အကောက် တောင်ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဆွဲဆောင် မှုတွေထဲက တစ်ခု ပါ" ဟု ဦးကျော်မင်းလှိုင်က ပြောသည်။

ပြည်တွင်းခရီးသွားများနှင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များအတွက်သွားရောက်လေ့လာရန် နယ်မြေအသစ်ဖြစ်သောကြောင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ကာ အကောက်တောင်နေရာရှိ တည်းခိုနေထိုင်နိုင်သည့်ဘုန်းကြီးကျောင်းနေရာများကို ကြိုတင်လေ့ လာဆန်းစစ်မှုများပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။ 

"နယ်မြေအသစ်ထွင်ရတာဆိုတော့ နိုင်ငံ ခြားသားအကြိုက်နဲ့ ပြည်တွင်းအကြိုက်ဆိုပြီး ရှိပါတယ်။ ပြည်တွင်းဘုရားဖူးတွေအနေနဲ့ ဘုန်းကြီးကျောင်းမှာ အိပ်၊ စားပြီးတော့ လည်ကြ တာဆိုတော့ အကောက်တောင်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကို အရင်လေ့လာရပါ တယ်။ လိုအပ်တာတွေကို ပြင်ဆင်ပြီးတော့မှ ဘုရားဖူး ခရီးသွားတွေကို ပို့ဆောင်ပေးတာပါ။ နိုင်ငံခြားသားဧည့်သည်တွေ အတွက်ကျတော့ ဘုန်းကြီးကျောင်းမှာနေလို့ အဆင်မပြေပါဘူး။ သူတို့အတွက် ပြည်မြို့ပေါ်မှာ ရှိတဲ့ ဈေးသက်သာ တဲ့ဟိုတယ်တွေကို စီစဉ်ပေးရပါတယ်။ သူတို့ကျတော့ ထုံးဘိုကနေ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် သင်္ဘောစီးရင်းနဲ့ဓာတ်ပုံရိုက်ကူးကာ သဘာဝရှုခင်းပုံတွေကို ခံစားရင်းနဲ့ အကောက်တောင်ကိုပို့ပေးပါတယ်"ဟု ဦးကျော်မင်းလှိုင် က ပြောသည်။ 

နယ်မြေသစ်များကို ချဲ့ထွင်ခြင်းအားဖြင့် ဒေသခံပြည်သူများ၏ စီးပွားရေးကိုလည်းဖွံ့ဖြိုး တိုးတက် စေနိုင်ပြီး နိုင်ငံခြားသားခရီးသွား ဧည့်သည်များကိုလည်း ပိုမို ဆွဲဆောင်နိုင်မည်ဖြစ်သည်ဟု ၎င်းက ပြောသည်။ အရင်နှစ်တွေကတည်းက အကောက်တောင် ကိုသွားရောက်လေ့လာသူတွေရှိခဲ့ပေ မယ့် ဒီနှစ်ရောက်မှ အကောက်တောင်ကို လူတွေ ပိုသိလာ ပြီး သွားရောက်လည်ပတ်မှုတွေလည်း ပိုမို များပြားလာသည်ဟု သန်းဌေးနှင့်ရောင်းရင်းများပြည်တွင်းဘုရားဖူးလုပ်ငန်းမှ ဦးသန်းဌေး က မြန်မာတိုင်း(မ်)ကို ပြောသည်။ 

"အကောက်တောင်ရဲ့ ကျောက်နံရံမှာထွင်း ထားတဲ့ ဘုရားပုံတော်များက အရမ်းကိုဆွဲဆောင်မှု ရှိပါတယ်။ ပြီးတော့ မြစ်ကမ်းဘေးရဲ့ အလှနဲ့ တောင်ပေါ်ကနေမြင်ရတဲ့ ရှုခင်းတွေ ကလည်း လာ ရောက်လည်ပတ်တဲ့သူတွေကို စိတ်အပန်းပြေစေပါတယ်။ အကောက်တောင်ကနေဆက်သွားရင် ရေတံခွန်တို့၊ လိုဏ်ဂူတို့ရှိပါတယ်။ အဲဒီနေရာတွေကို ဆက်ပြီးသွားနိုင် ဖို့ကိုလည်း လေ့လာမှုတွေ ပြု လုပ်နေပါတယ်"ဟု ဦးသန်းဌေးက ပြောသည်။

Myanmar Times
ပြည်တွင်းဘုရားဖူးဧည့်သည်များနှင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ပြည်မြို့ အနီးရှိ အကောက်တောင်ကို အထူးစိတ်ဝင်စား လျက်ရှိပြီး သွားရောက်လည်ပတ်မှုရှိလာကြကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးကျော်မင်းလှိုင်က မြန်မာတိုင်း(မ်) ကို ပြောသည်။

၂၀၁၃ အတွင်း လက်ဆင့်ကမ်း အများဆုံးသတင်းတွေ

Photo: ၂၀၁၃ အတွင်း လက်ဆင့်ကမ်း အများဆုံးသတင်းတွေ
Monday, December 30, 2013

၂၀၁၃ ခုနှစ်အတွင်း ဘီဘီစီ သတင်းဝက်ဆိုဒ် ကနေ လူတွေ စိတ်ဝင်စားကြလို့ ဆိုရှယ် မီဒီယာတွေ ကနေတဆင့် ရှယ်ကြတာ အများဆုံး သတင်းတွေ ထဲက သတင်းတချို့ ကိုရွေးပြီး တင်ပြရရင်တော့ နှစ်စ ဇန်နဝါရီလ ထဲမှာ ရှယ်တာ အများဆုံးသတင်း တခုကတော့ ဟာဝိုင်ယီ ဘက်မှာ ငါးဖမ်းပိုက်တန်း တခုနဲ့ ငြိနေတဲ့ လပိုင်ငါး တကောင် က ရေငုပ်သမား တယောက်ဆီကို ကြိုးစား ချဉ်းကပ်ကူး လာပြီး သူ့ လွတ်မြောက်ရေး အတွက်အကူအညီတောင်းတဲ့ ပုံ လုပ်ပြတဲ့အတွက် ရေငုပ်သမား ကလည်း ပိုက်ကို ကြိုးစားဖြတ်ပေးလို့ လပိုင်ငါး လွတ်မြောက်သွားနိုင်တဲ့ သတင်းပါ။

တခါရုရှအလယ်ပိုင်း ကမြို့တခု မှာ ဥက္ကာခဲ ဝင်ဆောင့်လို့ လူ ၁၀၀၀ လောက် ထိခိုက်ဒဏ်ရာရတဲ့ သတင်းက လည်း ဖေဖေဝါရီ သတင်းတွေ ထဲမှာ အတော်စိတ်ဝင်တစားရှိကြပါတယ်။

အဲဒီလထဲမှာပဲ ဆိုင်းမဆင့်ဗုံမဆင့် နေရာကနေ နှုတ်ထွက်သွားတဲ့ ပုပ်ရဟန်းမင်းကြီး ဘန်နီဒစ် ရဲ့ သတင်းကိုလည်း လူတွေ အများအပြား လက်ဆင့်ကမ်း ခဲ့ကြပါတယ်။

ဗင်နီဇွဲလား သမ္မတ ဟူဂိုချဗက် ၊ ဗြိတိန်ဝန်ကြီးချုပ် ဟောင်း မာဂရက်သက်ချာ၊ တောင်အာဖရိက က အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး ခေါင်းဆောင် နယ်ဆင်မန်ဒဲလား စတဲ့ အဲဒီ ခေါင်းဆောင်တွေ ဒီ၂၀၁၃ ထဲမှာ ကွယ်လွန် ခဲ့ကြတာပါ။ အဲဒီနိုင်ငံရေးခေါင်းဆောင်တွေ ဆုံးရှုံးရတဲ့ သတင်းတွေ ကိုလည်း လူအများ စိတ်ဝင်တစား ရှိခဲ့ကြပါတယ်။

ဧပြီလမှာ အလွှမ်းမိုးဆုံးသတင်း ကတော့ အမေရိကန် ဘော့စတွန် မာရသွန်ပြိုင်ပွဲရဲ့ ပန်းဝင်တဲ့နေရာတဝိုက် ဗုံးတွေ ကွဲတဲ့သတင်းပါ။ လူ၃ယောက်သေခဲ့ပြီး လူပေါင်း ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ကျူးလွန်ခဲ့သူ ညီအကို ၂ ယောက်ကို နောက်ပိုင်းမှာ တယောက်ကိုအသေမိပြီး တယောက် ကဒဏ်ရာနဲ့ မိခဲ့ပါတယ်။

ဇွန်လထဲမှာ လူတွေ အဖြန့်ချိဆုံးသတင်းတပုဒ်ကတော့ ဖင်လန်မှာ ကလေးငယ်တွေ မွေးရင် အစိုးရက ကလေးအားလုံး တန်းတူမျှတူ သဘောထားတယ်ဆိုတဲ့ သဘောနဲ့ ပေးတဲ့ ကလေးအိပ်ဖို့ စက္ကူကဒ်ပုံး တပုံး နဲ့ ကလေးပစ္စည်းတွေ လက်ဆောင်ပေးတဲ့ အစဉ်အလာ ၇၅ နှစ်ပြည့်ပြီဆိုတဲ့ သတင်းပါ။

ဒီနှစ်လယ်ပိုင်းမှာ ဘရာဇီး က လူတယောက်ထွင်လိုက်တဲ့ ရေမီးလုံး သတင်း၊ အဲဒီသတင်းကလည်း ပေါက်ပါတယ်။ သူက ရေဖြည့်ထားတဲ့ ပလပ်စတစ်ရေဘူးတလုံးထဲကို အစွန်းချွတ်ဆေးနဲနဲ ထည့်ပြီး အခန်းတခုလုံး အလင်းပေးနိုင်အောင် ထွင်ခဲ့သူပါ။ သူ့နည်းကို တကမ္ဘာလုံး လိုက်သုံးကြတဲ့အထိအောင်မြင်ပေမယ့် သူကတော့ ဒီလိုတီထွင်မှုအတွက် ငွေကြေးမရခဲ့ပါဘူး၊ ဂုဏ်ပြုကြတာတွေ ကိုပဲ သူ ပိုက်ထွေးခဲ့ပါတယ်။

စက်တင်ဘာလထဲမှာ ပေါ်လာတဲ့လန်ဒန်က မိုးမျှော်တိုက်ကြောင့် ကားအရည်ပျော်တဲ့သတင်း ကလည်း အတော်ပြောစမှတ် ဖြစ်ခဲ့တာပါ။ အထပ်မြင့်အဆောက်အဦက မှန်သားအပြည့်ကာထားပြီး ဘေးနံရံမျက်နှာပြင်ကို ခပ်ခွက်ခွက်ဆောက်ထားတာမို့ သူ့ကို နေရောင်ကျပြီး ပြန်လာတဲ့ အပူချိန်က လမ်းဘေးမှာရပ်ထားတဲ့ ကား ရှေ့ဖုန်း နေရာမှာ အရည်ပျော်တဲ့အထိ ဖြစ်ခဲ့တဲ့ သတင်းပါ။

ဒီနှစ်အဆုံးပိုင်းမှာ အဝေမျှဆုံး သတင်းကတော့ စိတ်မကောင်းစရာ သတင်းတပုဒ်ပါ၊ ကာလီဖိုးနီးယား မှာ ကား တိုက်မှု ကြောင့် ဟောလီးဝုဒ် က နာမည်ကျော် မင်းသား ပေါလ်ဝေါ့ကာ သေဆုံးခဲ့တဲ့သတင်းပါ။ 

BBC
၂၀၁၃ ခုနှစ်အတွင်း ဘီဘီစီ သတင်းဝက်ဆိုဒ် ကနေ လူတွေ စိတ်ဝင်စားကြလို့ ဆိုရှယ် မီဒီယာတွေ ကနေတဆင့် ရှယ်ကြတာ အများဆုံး သတင်းတွေ ထဲက သတင်းတချို့ ကိုရွေးပြီး တင်ပြရရင်တော့ နှစ်စ ဇန်နဝါရီလ ထဲမှာ ရှယ်တာ အများဆုံးသတင်း တခုကတော့ ဟာဝိုင်ယီ ဘက်မှာ ငါးဖမ်းပိုက်တန်း တခုနဲ့ ငြိနေတဲ့ လပိုင်ငါး တကောင် က ရေငုပ်သမား တယောက်ဆီကို ကြိုးစား ချဉ်းကပ်ကူးလာပြီး သူ့ လွတ်မြောက်ရေး အတွက်အကူအညီတောင်းတဲ့ ပုံ လုပ်ပြတဲ့အတွက် ရေငုပ်သမား ကလည်း ပိုက်ကို ကြိုးစားဖြတ်ပေးလို့ လပိုင်ငါး လွတ်မြောက်သွားနိုင်တဲ့ သတင်းပါ။

အသက် ၁၈ နှစ်ပြည့်မှ သာဖတ်ပါရန်

မေးခွန်း။ ၃ လခံ တားဆေးက ကလေးရအောင် အနည်းဆုံး တစ်နှစ်လောက် ပြန်စောင့်ရတယ်လို့ ဆရာပြန်ထားတဲ့ စာထဲမှာ တွေ့ရပါတယ်။ အမျိုးသားက နယ်ကို မသွားခင် ကလေး လိုချင်ပါတယ်။ တားဆေးကို တစ်ခါထိုးပြီး ဆက်မထိုးတာ ၂ လရှိပါပြီ။ ရာသီလည်း ပြန်မပေါ်သေးပါဘူးဆရာ။ ဆီးစစ်တာလည်းမပေါ်ပါဘူး။ ကေသီပန် သောက်ပြီး ရာသီ ပြန်ပေါ်အောင်လုပ်ရင် ကလေးရ ဖို့မြန်နိုင်မယ် ထင်လို့ပါ။ အဲဒါလေးသိချင်ပါတယ်။ အတူနေရင် အတွင်း အဝ အစပ်က ပူပြီး နာနေပါတယ်။ အဲဒါ ဘာဆေးသောက်ရမလဲ သိချင်ပါတယ်။ 

ကင်ဆာ ရောဂါကို နေ့စဉ် ဝယ်နေကြသူများ

မိမိ အာဟာရ ဖြစ်စေမည့် အစာကို ငွေဖြင့် မဝယ်ယူကြဘဲ မိမိခန္ဓာကိုယ်ကို လူရာ မဝင်အောင် သေစေသော ကြောက်စရာ ကင်ဆာ ရောဂါဆိုးကို နေ့စဉ် ငွေပေး၍ စားသုံး မှီဝဲ နေကြသည်။ လူမြင်ကွင်းဝယ် ခန္ဓာကိုယ်ကို အာဟာရ ဖြစ်စေသော အစာ အာဟာရ အဖြစ် အယောင် ဆောင်၍ နေ့စဉ် လွှမ်းမိုး နေသည်။ နေ့စဉ် ငွေရာ ထောင်ချီ၍ ကုန်နေသည်။

အားကစားပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပမည်

(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို မန္တလေးတိုင်းဒေသကြီးတွင် ဒီဇင်ဘာ ၃၁ ရက်မှ လွတ်လပ်ရေးနေ့ ဇန်န၀ါရီလ ၄ ရက်နေ့ထိ စီစဉ်ကျင်းပ ဆောင်ရွက်ကြမည် ဖြစ်သည်။

အားကစားပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပမည်

(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို မန္တလေးတိုင်းဒေသကြီးတွင် ဒီဇင်ဘာ ၃၁ ရက်မှ လွတ်လပ်ရေးနေ့ ဇန်န၀ါရီလ ၄ ရက်နေ့ထိ စီစဉ်ကျင်းပ ဆောင်ရွက်ကြမည် ဖြစ်သည်။

ရှမ်းမြောက် နမ့်ခမ်းတွင် မူးယစ်ဆေးဝါး (၁၁၈)သိန်းကျော်ဖိုးဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်း မူးယစ်ဆေးဝါး တာဆီးနှိမ်နှင်းမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသောကြောင့် ယခုရက်ပိုင်းတွင် မူးယစ်ဆေးဝါးများ မကြာခဏ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမှောင်ထဲမှာလင်းတဲ့ ၀က်တွေ တရုတ်ဖန်တီး

Photo: အမှောင်ထဲမှာလင်းတဲ့ ၀က်တွေ တရုတ်ဖန်တီး
Monday, December 30, 2013

ဝက်သားပေါက်တွေကို ဂျယ်လီငါး DNA ထိုးထည်းပြီးတဲ့နောက် အမှောင်ထဲမှာ လင်းတဲ့ ၀က်တွေအဖြစ် သိပ္ပံပညာရှင်တွေက ပြောင်းလဲပေးလိုက်ပါတယ်။

ဟာဝိုင်ရီတက္ကသိုလ်၊ မန်နိုရာ ဆေးကျောင်းမှာ စတင်ခဲ့တဲ့ နည်းပညာကျေးဇူးနဲ့ တောင်တရုတ် စိုက်ပျိုးရေးတက္ကသိုလ် အဖွဲ့ဟာ အမှောင်ထဲမှာလင်းတဲ့ ၀က် (၁၀)ကောင်ကို ဖန်တီးခဲ့ပါတယ်။

မနှစ်က တူရကီမှာ ကမ္ဘာ့ပထမဆုံးအနေနဲ့ အမှောင်ထဲမှာလင်းတဲ့ ယုန်တွေကို ဂျယ်လီငါးရဲ့ DNA ကိုအသုံးပြုပြီး ဖန်တီးခဲ့တယ်။ ခုလည်း တူရကီအဖွဲ့ဟာ သိုးတွေကို ဖန်တီးနေပါပြီ။

ဝက်သားပေါက်တွေထဲကို ထိုးသွင်းလိုက်တဲ့ မျိုးရိုးဗီဇဆိုင်ရာပစ္စည်းဟာ သူတို့ရဲ့ သဘာဝ မိတ်ကပ်နဲ့ ပေါင်းစည်းပြီး အမှောင်ထဲမှာ အစိမ်းရောင်လင်းသွားတာဖြစ်ပါတယ်။

အမှောင်ထဲလင်းတဲ့ တိရစ္ဆာန်တွေကိုဖန်တီးတာဟာ အပျော်သက်သက် လုပ်ဆောင်နေတာမဟုတ်ဘဲ အကျိုးရှိ ဗီဇမျိုးစေ့တွေကို အကောင်ပိုကြီးတဲ့ တိရစ္ဆာန်တွေအတွက် ကုန်ကျစရိတ်သက်သာပြီး ထိရောက်တဲ့ဆေးဝါး ဖော်ထုတ်ဖို့အတွက် စတင်မိတ်ဆက်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

Ref:stuff
Trend Myanmar
ဝက်သားပေါက်တွေကို ဂျယ်လီငါး DNA ထိုးထည်းပြီးတဲ့နောက် အမှောင်ထဲမှာ လင်းတဲ့ ၀က်တွေအဖြစ် သိပ္ပံပညာရှင်တွေက ပြောင်းလဲပေးလိုက်ပါတယ်။

၂၀၁၈ တွင် တစ်ကမ္ဘာလုံးကားဈေးကွက်၌ အစီးရေ သန်း၁၀၀ ရောင်း ချနိုင်မည်လား

Photo: ၂၀၁၈ တွင် တစ်ကမ္ဘာလုံးကားဈေးကွက်၌ အစီးရေ သန်း၁၀၀ ရောင်း ချနိုင်မည်လား
Monday, December 30, 2013

တစ်ကမ္ဘာလုံးရှိ ကားထုတ်လုပ်ရေးများစွာက ထုတ်လုပ်လိုက်သော ကားအစီးရေ ၈၂ သန်းကိုယခုနှစ်အ တွင်းရောင်းချနိုင်ပြီးဖြစ်ကြောင်းသိရသည်။ လာမည့် ၂၀၁၈ ခုနှစ်အတွက် ကားအစီးရေ သန်း ၁၀၀ ကိုရောင်းချ သွားနိုင်မည်ဟု ထုတ်လုပ်ရေးတို့က ခန့်မှန်းထားကြ ကြောင်း ဒက်ထရွိုက်စ်ပရက်စ်က ဖော်ပြထားသည်။

ယခုနှစ်အတွင်း အမေရိကန်ဈေးကွက်မှ အစီးရေ ၁၅ ဒသမ ၅ သန်းရောင်းချနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် အရောင်း နှုန်းအတွက် ခြေလှမ်းကျဲကျဲဖြင့် ရောင်းချသွားနိုင် မည်ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင်ရှိသော ဈေးကွက်များ အတိုင်းအတာအနေဖြင့်လာမည့် ၄ နှစ်အတွင်းတွင် ရောင်း အား ၂၂ ရာ ခိုင်နှုန်း တက်လာနိုင်ဖွယ်ရှိသည်ဟု မျှော်မှန်း ထားသည်။

ထိုသို့ လုပ်ဆောင်လိုက်ခြင်းက အမေရိကန်ကား ထုတ်လုပ်ရေးတို့အတွက် အကျိုးအမြတ်များစွာရရှိလာ နိုင်မည်ဖြစ်ကြောင်းကို IHS Automotive မှ မိုက်ဂျက် ဆန်က ပြောကြားခဲ့သည်။ လာမည့် ၂၀၂၀မှာလည်း အစီး ရေနှစ်သန်းထပ်မံတိုးပြီးတင်ပို့လာရန်ရှိပြီး တစ်ကမ္ဘာလုံး ဈေးကွက်ရှိ မှာယူဝယ်လိုအားမှာလည်း တိုးလာနိုင်ကြောင်း ခန့်မှန်းပြောကြားခဲ့သည်။

Auto World Journal
တစ်ကမ္ဘာလုံးရှိ ကားထုတ်လုပ်ရေးများစွာက ထုတ်လုပ်လိုက်သော ကားအစီးရေ ၈၂ သန်းကိုယခုနှစ်အ တွင်းရောင်းချနိုင်ပြီးဖြစ်ကြောင်းသိရသည်။ လာမည့် ၂၀၁၈ ခုနှစ်အတွက် ကားအစီးရေ သန်း ၁၀၀ ကိုရောင်းချ သွားနိုင်မည်ဟု ထုတ်လုပ်ရေးတို့က ခန့်မှန်းထားကြ ကြောင်း ဒက်ထရွိုက်စ်ပရက်စ် က ဖော်ပြထားသည်။

အင်းတော်မြို့နယ် တာဖလားရွာအနီး လူတစ်ဦး ဆင်နင်း၍ သေဆုံး

Photo: အင်းတော်မြို့နယ် တာဖလားရွာအနီး လူတစ်ဦး ဆင်နင်း၍ သေဆုံး
Monday, December 30, 2013

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် တာဖလားရွာအနီး သစ်ထုတ်ရေးစခန်းတွင် လူတစ်ဦး ဆင်နင်း၍ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၈ ရက်နံနက် ၉ နာရီခန့်က အင်းတော်ရဲစခန်းမှ ရဲအုပ်သန်းထွန်းလှိုင်နှင့် အဖွဲ့ သည် စခန်းတွင် တာဝန်မှူးတာဝန် ထမ်းဆောင်နေစဉ် တာဖလားရွာအနီး သစ်ထုတ်လုပ်ရေးစခန်း တွင် လူတစ်ဦး ဆင်နင်း၍ သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက် စစ်ဆေးရာ ဆင်ပဲချိတ်ကိုင် စိုးဝင်းသည် မုန်ယိုနေသောဆင်က အစွယ်ဖြင့်ထိုးပြီး နင်းသတ်ခဲ့သဖြင့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရ၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိရန်နိုင်ရန် အင်းတော်ရဲစခန်းက အမှုဖွင့် ဆောင်ရွက်ထားသည်။

သေဆုံးသူမှာ စိုးဝင်း (ဆင်ပဲချိတ်ကိုင်)နံ့သာကျေးရွာ အင်းတော်မြို့ နယ်နေသူ ဖြစ်ကြောင်း သိရသည်။

လူအောင်(ကသာ)
MOI Webportal Myanmar
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် တာဖလားရွာအနီး သစ်ထုတ်ရေးစခန်းတွင် လူတစ်ဦး ဆင်နင်း၍ သေဆုံးသွားကြောင်း သိရသည်။

ချစ်သူ မိန်းကလေးကို သ၀န်တိုပြီး ဓား ၄ ချောင်းတိတိနှင့် အချက်ပေါင်း ၈၃ ချက် ထိုးပြီး သတ်ခဲ့သည့် အချစ်ကြီး၍ အမျက်ကြီးခဲ့သူ တစ်ယောက်


အင်္ဂလန် နိုင်ငံ၊ ဒါဘီ ရှိုင်းယား အရပ် ဒေသ မှာ ဖြစ်ပွား ခဲ့တဲ့ လူသတ် မှုနဲ့ ပတ် သက် ပြီး တရား ရုံး က စီရင် ချက်ချ မှတ် လိုက် ပြီဖြစ် ပါတယ်။

ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာ အနီးပေါက်ကွဲမှု ဖြစ်ပွား

PhotoPhoto
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာ၏ အရှေ့မြောက် ဘက် ဝေဠုဝန် ဘုန်းတော်ကြီးကျောင်းနှင့် ဝိန်းခေါင်ကျေးရွာသွား လမ်းခွဲအနီးတွင် ဒီဇင်ဘာ ၂၈ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်က ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ပြီးအဝတ်ဖြင့် ပတ်ထားသော အထုပ်တစ်ထုပ်အား ဝေဠုဝန် ဘုန်းတော်ကြီးကျောင်းနေ ကိုရင်နှစ်ပါးမှ တွေ့ရှိခဲ့ရာ ကိုရင်တစ်ပါးမှ ကောက်ယူသဖြင့် အဖော်ပါလာသူ ကိုရင်မှ မယူဘဲ ပြန်ချရန်ပြော၍ ပြန်ချခဲ့ရာ ၎င်းနေရာတွင်ပင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

မြန်မာ နဲ့ ဖိလစ်ပိုင် ပြည်ဝင်ခွင့် ဗီဇာ မလိုတော့

Photo: မြန်မာ နဲ့ ဖိလစ်ပိုင် ပြည်ဝင်ခွင့် ဗီဇာ မလိုတော့
Monday, December 30, 2013

မြန်မာ နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တဲ့အတွက် ရိုးရိုး ဗီဇာ ကိုင်ဆောင်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ လာမယ့်နှစ် ဇန်န၀ါရီ (၄) ရက်နေ့က စပြီး၊ မြန်မာနိုင်ငံတွင်းကို ဗီဇာမလိုဘဲ သွားရောက်လည်ပတ်နိုင်ပြီဖြစ်ပြီး (၁၄) ရက်အထိ နေထိုင်နိုင်ပြီဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

နှစ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၅)ရက် သမ္မတ ဦးသိန်းစိန် ဖိလစ်ပိုင်နိုင်ငံကို သွားရောက်လည်ပတ်စဉ်အတွင်း လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ဖိလစ်ပိုင်နိုင်ငံကို ဗီဇာ မလိုဘဲ သွားရောက်နိုင်ပြီး၊ ရက် (၃၀) အထိ နေထိုင် နိုင်မှာဖြစ်ပါတယ်။

RFA Burmese
မြန်မာ နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တဲ့အတွက် ရိုးရိုး ဗီဇာ ကိုင်ဆောင်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ လာမယ့်နှစ် ဇန်န၀ါရီ (၄) ရက်နေ့က စပြီး၊ မြန်မာနိုင်ငံတွင်းကို ဗီဇာမလိုဘဲ သွားရောက်လည်ပတ်နိုင်ပြီဖြစ်ပြီး (၁၄) ရက်အထိ နေ ထိုင်နို င်ပြီဖြစ်ေ ကြာင်း ဖိလစ်ပိုင်နိုင်ငံခြားရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

မြစ်ဆုံစီမံကိန်း ဆုံးဖြတ်ချက် သမ္မတ ပြင်ဆင်မည်မဟုတ်ဟုဆို

ရန်ကုန်- သမ္မတဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို ၎င်း၏ သမ္မတ သက်တမ်းအတွင်း ဆိုင်းငံ့ထားမည့် ဆုံးဖြတ်ချက် ကို ပြင်ဆင် မည်မဟုတ်ဘဲ တစ်ဖက်ကုမ္ပဏီက ဥပဒေကြောင်းအရ စွဲဆိုလာပါကလည်း ပြည်သူ့ဆန္ဒကိုမူတည်၍ နိုင်ငံတကာစံနှုန်းများ၊ ဥပဒေများနှင့်အညီ အစိုးရက တုံ့ပြန်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ကမ္ဘာ့ပထမဆုံး ဖောက်ထွင်းမြင်ရပြီး Touch Screen နှစ်ဖက်ပါရှိသည့် Grippity Tablet

Photo: ကမ္ဘာ့ပထမဆုံး ဖောက်ထွင်းမြင်ရပြီး Touch Screen နှစ်ဖက်ပါရှိသည့် Grippity Tablet
Monday, December 30, 2013

လူအများစု ဟာ Touch Screen Device တွေကို အသုံးပြုတဲ့အခါမှာ လက်မ နှစ်ချောင်းကို အများဆုံး အသုံးပြုကြရပါတယ်။ Grippity က အဲဒီ အသုံးပြုပုံ ကို ပထမဆုံး ပြောင်းလဲ ပေးနိုင်တဲ့ Tablet ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး ဖောက်ထွင်းမြင်ရတဲ့ Tablet ဖြစ်ပါတယ်။ Touch Screen က အရှေ့ဘက် နဲ့ အနောက်ဘက် နှစ်ခုစလုံး မှာ ပါရှိတဲ့အတွက် လက်ချောင်းဆယ်ချောင်း စလုံး ကို အသုံးပြုလို့ရစေပါတယ်။ အဲဒီ Tablet ဟာ Kickstarter စီမံကိန်း ကနေ ပေါက်ဖွားလာတာဖြစ်ပြီး Tablet တီထွင်သူ Jacob Eichbaum က လက်ချောင်းကြီးမားပြီး စာရိုက်ရတာ အဆင်မပြေတဲ့ သူတွေအတွက်ပိုမို သင့်တော် တယ်လို့ ပြောပါတယ်။

Grippity ဟာ ခုနစ်လက်မ အရွယ် Semi-Transparent LCD Display တပ်ဆင်ထားပြီး 800x480 Pixel Resolutiion ပါရှိပါတယ်။ Cortex A8 Processor , 512MB RAM , Android 4.2 Jelly Bean အသုံးပြုထားပါတယ်။ Android 4.4 KitKat ကို Update ရရှိမယ်လို့သိရပါတယ်။ 4GB Internal Storage ပါရှိပြီး Media Center Keyboard ပါရှိပါတယ်။

Grippity ကို အစောဆုံး အသုံးပြုချင်ရင် အမေရိကန် ဒေါ်လာ ၁၅၉ ကို Kickstarter စီမံကိန်း မှ တစ်ဆင့် ရံပုံငွေ ထည့်ဝင်နိုင်ပါတယ်။ Grippity စီမံကိန်း ကို ဇန်န၀ါရီလ မှာ ရံပုံငွေ ဒေါ်လာ ၁၉၉၀၀၀ ရရှိရန် လျာထားပါတယ်။ အခုလောလောဆယ်မှာ ရံပုံငွေ ဒေါ်လာ ၂၁၃၉၁ ရရှိပြီဖြစ်ပါတယ်။

Myanmar Consumer Guide
လူအများစု ဟာ Touch Screen Device တွေကို အသုံးပြုတဲ့အခါမှာ လက်မ နှစ်ချောင်းကို အများဆုံး အသုံးပြုကြရပါတယ်။ Grippity က အဲဒီ အသုံးပြုပုံကို ပထမဆုံး ပြောင်းလဲ ပေးနိုင်တဲ့ Tablet ဖြစ်ပါတယ်။