Friday 31 May 2013

ကချင် အရေး သဘော တူညီချက် တွေက ငြိမ်းချမ်းရေး လမ်းစလား

ကချင် အရေး သဘော တူညီချက် တွေက ငြိမ်းချမ်းရေး လမ်းစလား
Friday, May 31, 2013

မြန်မာ အစိုးရနဲ့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့တို့မြစ်ကြီးနားမြို့မှာ ပြုလုပ်နေတဲ့ ဆွေးနွေးပွဲမှာ သဘောတူညီချက် ၇ ချက်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြ ပါတယ်။

နှစ်ဘက် အပစ် အခတ် ရပ်စဲရေး ဆိုတဲ့ အဆင့်ကို မရောက်သေး ပေမဲ့ တပ်တွေ နေရာချထားရေးနဲ့ နောက်ထပ် နိုင်ငံရေး ဆွေးနွေးမှုတွေ ပြုလုပ်ရေးကို နှစ်ဘက် စလုံးက သဘော တူညီခဲ့ကြပါတယ်။
မြစ်ကြီးနား မြို့မှာ ကေအိုင်အို ကိုယ်စားလှယ်နဲ့ အလုပ် အဖွဲ့ ထားရှိပြီး အခု ရရှိခဲ့တဲ့ သဘောတူညီချက်တွေ အကောင် အထည်ဖော်ရေး ဆက်လက် လုပ်ဆောင်ဖို့ လည်း သဘောတူညီခဲ့ကြ ပါတယ်။

အခု ဆွေးနွေးပွဲကို လေ့လာသူ အဖြစ် တက်ရောက်ခဲ့တဲ့ ကုလ သမဂ္ဂ အတွင်း ရေးမှူး ချုပ်ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး သံတမန် မစ္စတာ ဗီဂျေး နမ်ဘီးယားကတော့ မြစ်ကြီးနား မြို့က မနော ကွင်းမှာ ဆွေးနွေးပွဲ ကျင်းပ နိုင်တာ ကိုက ထူးခြားတယ်၊ ခိုင်မာတဲ့ ငြိမ်ချမ်းရေး ရရှိနိုင်ဖို့ မျှော်လင့် စရာတွေ ရှိလာတယ် လို့ ပြောပါတယ်။

သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက အခု ရလဒ်ကို ထူးခြားတဲ့ အောင်မြင်မှုလို့ ခေါ်ဆိုပါတယ်။

ဒီသဘော တူညီချက်မှာ ပါဝင်တဲ့ အချက်တွေဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အရင်က လက်မှတ်ထိုး ခဲ့တဲ့ သဘော တူညီချက် တွေထက် ပိုပြီး ကျယ်ပြန့်တယ်လို့ သူက ပြောပါတယ်။

စောစောပိုင်းက ပြောထားခဲ့တဲ့ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ အပစ် အခတ် ရပ်စဲရေး လာမယ့် တစ်လ နှစ်လ အတွင်း ဖြစ်နိုင်ချေ ရှိမရှိ ဘီဘီစီရဲ့ အမေးကို ဝန်ကြီး ဦးအောင်မင်းက အတိအကျ ဖြေဆိုခြင်း မရှိခဲ့ ပေမဲ့ အခု လက်မှတ် ထိုးချိန်က စတင်ပြီး နှစ်ဘက် တပ်တွေ တိုးချဲ့ခြင်း မပြုဖို့နဲ့ တိုက်ပွဲတွေ မဖြစ်အောင် နှစ်ဘက်လုံးက ထိန်းသိမ်း သွားကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကေအိုင်အို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ကတော့ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ အပစ် ရပ်ရေးဆိုတာ ကေအိုင်အိုက အရင် တောင်းဆို ခဲ့တာ ဖြစ်လို့ အစိုးရဘက်က ဆောင်ရွက်မယ့် ဆန္ဒကို ကြိုဆိုကြောင်း ပြောပါတယ်။

ဒါပေမယ့် မြန်မြန် ဆန်ဆန် ဖြစ်နိုင်ဖို့ ဆိုတာ ကတော့ နှစ်ဘက် ဆောင်ရွက် နိုင်မှုနဲ့ ပြည်သူတွေရဲ့ ပါဝင်မှု အပေါ် မူတည်တယ်လို့ သူက ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရဲ့ အထူး အာဏာကုန် လွှဲအပ်ခံရသူ အဖြစ် ဆွေးနွေးပွဲ တက်ရောက် လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ကတော့ တပ်မတော် အနေနဲ့ သူတို့ဘက်က ပေးထားတဲ့ ကတိကို ဖျက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

BBC
မြန်မာ အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်လပ်ရေး အဖွဲ့တို့မြစ်ကြီးနားမြို့မှာ ပြုလုပ်နေတဲ့ ဆွေးနွေးပွဲမှာ သဘောတူညီချက် ၇ ချက်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြ ပါတယ်။

မက္ကဆီကိုနိုင်ငံ တောင်ပိုင်းရှိ ပစိဖိတ် ကမ်းရိုးတန်းသို့ မေ ၂၉ ရက်က ဟာရီကိန်း မုန်တိုင်း ဘာဘရာ ဝင်ရောက် တိုက်ခတ်

မက္ကဆီကိုနိုင်ငံ တောင်ပိုင်းရှိ ပစိဖိတ် ကမ်းရိုးတန်းသို့ မေ ၂၉ ရက်က ဟာရီကိန်း မုန်တိုင်း ဘာဘရာ ဝင်ရောက် တိုက်ခတ်ခဲ့ရာ အသက် ၆၁ နှစ်အရွယ်ရှိ အမေရိကန် နိုင်ငံသား ရေလွှာ လျှောစီးသူတစ်ဦး အပါအဝင် လူနှစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

ဘာဘရာ မုန်တိုင်းသည် တစ်နာရီလျှင် ၇၅ မိုင်နှုန်းဖြင့် ဝါဟာကာ ပြည်နယ်အနီး ရှေးဟောင်း သုတေသန လုပ်ငန်းများ ပြုလုပ်ရာ ဒေသတစ်ခုဖြစ်သည့် ချီအာပတ်စ် ပြည်နယ်ရှိ ကုန်းတွင်းပိုင်းသို့ တိုက်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် ဟာရီကိန်း မုန်တိုင်း စောင့်ကြည့်ရေး ဌာနက ပြောကြားခဲ့သည်။

အဆိုပါ မုန်တိုင်း တိုက်ခတ်မှုကြောင့် ပီနိုတီပါမြို့တွင် ရေလွှမ်းမိုးမှု ဖြစ်ပွားပြီးနောက် အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့သည်။

ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အက်ကာပူကို ဆိပ်ကမ်းမြို့ရှိ အချို့လမ်းများတွင် မြစ်ရေများ ပေ ၂ဝ အထိ မြင့်တက်ခဲ့သောကြောင့် အနည်းဆုံး ကားသုံးစီး ရေစီးနှင့် အတူမျောပါခဲ့ကြောင်း AFP သတင်းဌာနမှ သတင်းထောက် တစ်ဦးက ပြောကြားခဲ့သည်။

Ref:မြ၀တီ
မက္ကဆီကိုနိုင်ငံ တောင်ပိုင်းရှိ ပစိဖိတ် ကမ်းရိုးတန်းသို့ မေ ၂၉ ရက်က ဟာရီကိန်း မုန်တိုင်း ဘာဘရာ ဝင်ရောက်တိုက်ခတ်ခဲ့ရာ အသက် ၆၁ နှစ်အရွယ်ရှိ အမေရိကန် နိုင်ငံသား ရေလွှာ လျှောစီးသူတစ်ဦး အပါ အဝင် လူနှစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

မသေနိုင်သော သတ္တဝါ - Immortal Jellyfish

မသေနိုင်သော သတ္တဝါ - Immortal Jellyfish
=============================
31 May 2013  | By ရိုးရာလေး 

Jellyfishဂျယ်လီငါး မျိုးစိတ်ဝင်တဲ့ Turritopsis nutricula အမည်ရ သတ္တဝါ ဖြစ်ပြီး သူ့ကို Immortal Jellyfish လို့လည်း ခေါ်ပါတယ်။

တကယ်မသေနိုင်ပါဘူး။ ဇီဝဗေဒပညာရှင်တို့ လက်တွေ့ကျကျ လေ့လာမှု အရ ဓာတ်ခွဲခန်းမှာ စောင့်ကြည့်တာတောင် တစ်ကောင်မှ မသေဖူးပါတယ်။ အရွယ်အစားလည်း သေးပါတယ်။ အချင်း ၀.၁၈ လက်မ က အကြီးဆုံးပါပဲ။ အငယ်ဆုံးကတော့ ၂ မီလီမီတာလောက်ထိ ရှိနိုင်ပါတယ်။ ပင်လယကြမ်းပြင် မှာ လင်းလိုက်၊ မိန်လိုက်နဲ့ သွားနေတဲ့အထဲမှာ ယင်း ဂျယ်လီ ငါးသေးသေးလေးများ ပါဝင်နေမှာ ဖြစ်ပါတယ်။

စတင်ပေါက်ဖွားရာကတော့ ကာရေးဘီးယမ်းပင်လယ်က ဖြစ်ပေမယ့် ကမ္ဘာ့ ဘယ်ပင်လယ်ရေ ဘယ်နေရာမှာမဆို ပြန့် နှံ့တတ်တဲ့ ဂျယ်လီငါး ဖြစ်ပါတယ်။ အစုအဖွဲ့လိုက် နေတတ်ပါတယ်။ အကောင်ပေါက် ပြီးချိန် ရေအောက်မှာ သန္တာကျောက်တန်းကို တွယ်ညှိနေတတ်ပြီး sexual reprodutuction process ကိုကျော်လွန်ပြီး နောက် ဂျယ်လီငါးလို သွားလာနေထိုင်နိုင်ပါတယ်။ ဆဲလ် အဟောင်းနဲ့ ဆဲလ်အသစ် အမြဲ လဲလှယ်နေတတ်ပြီး ဘယ်တော့မှ မသေသတ် ပါဘူး။

သေမယ်ဆိုရင်တောင် ငါးစားလို့ သို့မဟုတ် အခြား ပယောဂများကြောင့် သာ ဖြစ်ပြီး ကိုယ်တိုင်သာ နေထိုင်ရင် ဘယ်လိုမှ မသေနိုင်ဘူး လို့ လေ့လာတွေ့ရှိထားပါတယ်။ ဒါကြောင့်လည်း Immortal jellyfish လို့အမည်ပေးထားပါတယ်။ သေပြီးသွားတဲ့ ဆဲလ်နေရာမှာ ဆဲလ် အသစ် ပြန်ပြန်အစားထိုးသွားတဲ့ ဖြစ်စဉ်ကို ဆေးပညာရှင်နဲ့ သိပ္ပံပညာရှင် တို့ လေ့လာပြီး လူသားများအတွက် အသုံးပြုရန် ကြိုးပမ်းလျက်ရှိ ကြောင်း သိရပါတယ်။
--
Ref: wiki,rarefacts
ရိုးရာလေး ဗဟုသုတ

Jellyfishဂျယ်လီငါး မျိုးစိတ်ဝင်တဲ့ Turritopsis nutricula အမည်ရ သတ္တဝါ ဖြစ်ပြီး သူ့ကို Immortal Jellyfish လို့လည်း ခေါ်ပါတယ်။

“ရီးယဲလ်တွင် ကစားလိုကြောင်း ဆွာရက်ဇ် ဖွင့်ဟ”


Photo: “ရီးယဲလ်တွင် ကစားလိုကြောင်း ဆွာရက်ဇ် ဖွင့်ဟ”

လီဗာပူးလ် အသင်း တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ရီးယဲလ်မက်ဒရစ်သာ အမှန်တကယ် ကမ်းလှမ်းမှု ရှိလာပါက မိမိ ကြိုဆိုမည်ဖြစ်ကြောင်း ဝန်ခံ ပြောကြားလိုက်သည်။ ချယ်လ်ဆီးအသင်း ခံစစ်မှူး ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်ကို ကိုက်ခဲ့မှုကြောင့် FA၏ (၁၀)ပွဲပယ် ပြစ်ဒဏ်ကို ချမှတ်ခြင်း ခံထားရသည့် ဥရုဂွေး လက်ရွေးစင်က ရီးယဲလ်ကဲ့သို့ အသင်းမျိုးကို မငြင်းနိုင်ဟု ဆိုသည်။ 

ရီးယဲလ်သည် ပေါင်စတာလင် သန်း(၄၀)မျှ ပေါက်ဈေးရှိနေသော ဆွာရက်ဇ်ကို ခေါ်ယူမည်ဟု သတင်းကြီးလျှက် ရှိသည်။ ရီးယဲလ်သည် ဆွာရက်ဇ်အပြင် တော့တင်ဟမ် ဟော့စပါး ဘယ်တောင်ပံ တိုက်စစ်သမား ဂါရတ်သ်ဘေးလ်ကိုလည်း စိတ်ဝင်စားနေဆဲ ဖြစ်သည်။ ဆွာရက်ဇ်က မိမိသည် ဘာနေဗျူး အိပ်မက်ကို မက်နေကြောင်း ပြောဆိုခဲ့သည်။

Read more http://www.planet.com.mm/news/read.cfm/id/21652

လီဗာပူးလ် အသင်း တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ရီးယဲလ်မက်ဒရစ်သာ အမှန်တကယ် ကမ်းလှမ်းမှု ရှိလာပါက မိမိ ကြိုဆိုမည်ဖြစ်ကြောင်း ဝန်ခံ ပြောကြားလိုက်သည်။ ချယ်လ်ဆီးအသင်း ခံစစ်မှူး ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်ကို ကိုက်ခဲ့မှုကြောင့် FA၏ (၁၀)ပွဲပယ် ပြစ်ဒဏ်ကို ချမှတ်ခြင်း ခံထားရသည့် ဥရုဂွေး လက်ရွေးစင်က ရီးယဲလ်ကဲ့သို့ အသင်းမျိုးကို မငြင်းနိုင်ဟု ဆိုသည်။

တားမြစ်သည့် အဆီချဆေးကြောင့် သေဆုံးသွားသည့် ဆေးကျောင်းသူ

တားမြစ်သည့် အဆီချဆေးကြောင့် သေဆုံးသွားသည့် ဆေးကျောင်းသူ

Sarah Hoston ဆိုတဲ့ အသက် ၂၃ နှစ်အရွယ် ဆေး ကျောင်း သူလေးဟာ ဆရာဝန် မိသားစုဝင် တစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ မိဘ နှစ်ပါး၊ အစ်ကိုနဲ့ အစ်မ တွေ အားလုံးဟာ ဆရာဝန်တွေ ဖြစ်ကြပါ တယ်။ သူမဟာ မိသားစု ဝင်တွေ မသိဘဲ တားမြစ်ထားတဲ့ အဆီကျ ဆေးကို မှီဝဲခဲ့တာကြောင့် သေဆုံး သွား တယ်လို့ သိရပါတယ်။

သူမကို သူမရဲ့အိပ်ခန်း အတွင်းမှာ သေဆုံး နေတာ ကို တွေ့ရှိတာကြောင့် စစ်ဆေး ကြည့်ရာ သူမဟာ အဆီကျဆေး ၃၈ လုံးကို သောက်သုံး ထားပြီး သူမ ရဲ့ သွေးထဲမှာ ဆေးတွေကို တွေ့ရှိ ခဲ့တယ်လို့ သိရ ပါတယ်။ မသေ ဆုံးခင် တစ်ရက် အလိုမှာ သူနေ မကောင်းဖြစ် ပြီး အပူချိန် တက်လာတာကို ဆရာဝန်နဲ့ ပြဖို့ ငြင်းပယ် ခဲ့ပါတယ်။

သူမ အနေနဲ့ DNT လို့ ခေါ်တဲ့ အဆီကျ ဆေးကို စိတ်ကျ ဝေဒနာ ပျောက်ဆေးနဲ့ အတူ တွဲသောက် တယ်လို့ ဆိုပါ တယ်။ သူမဟာ လွန်ခဲ့တဲ့ သုံးနှစ်ခန့် ကစပြီး အစာ အလွန်အကျွံ စားလိုက်၊ အန်ထုတ်လိုက် တစ်လှည့်စီ ဖြစ်တဲ့ Bulimia ရောဂါကြောင့် စိတ်ကျန်းမာရေး အထူးကု ဆရာဝန်နဲ့ ပြသခဲ့ရပြီး သေဆုံးတဲ့ အချိန်မှာ အဲဒီရောဂါက သက်သာ သွားပြီးလို့ ဆိုပါတယ်။ DNP ဆိုတဲ့ ပိန်ဆေးဟာ တားမြစ်ဆေးဝါး ဖြစ်ပါတယ်။ 

ခန္ဓာကိုယ်ထဲမှာ ဘယ်လောက် ပမာဏအတွင်း အန္တရာယ် ကင်းတယ်ဆိုတာ မသိရှိလို့ပါ။ ဆေးဝါးရဲ့ အကျိုးသက်ရောက်မှု ကလည်း တစ်ယောက်နဲ့ တစ်ယောက် တူညီမှု မရှိပါဘူး။

Read More==> http://www.todaymyanmar.net/2013/05/blog-post_5643.html
Sarah Hoston ဆိုတဲ့ အသက် ၂၃ နှစ်အရွယ် ဆေး ကျောင်း သူလေးဟာ ဆရာဝန် မိသားစုဝင် တစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ မိဘ နှစ်ပါး၊ အစ်ကိုနဲ့ အစ်မ တွေ အားလုံးဟာ ဆရာဝန်တွေ ဖြစ်ကြပါ

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထည့်သွင်းမည့် အားကစားနည်းများအပေါ် မကျေနပ်၍ သပိတ်မှောက်သည့် အနေဖြင့် ကစားသမား အနည်းငယ်သာ ဖိလစ်ပိုင် စေလွှတ်ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပ မည်ဖြစ်သော အားကစားနည်းများအပေါ် ကျေနပ်ခြင်း မရှိသောကြောင့် ယင်းပြိုင်ပွဲကို သပိတ်မှောက်သည့်

ရဲတပ်ဖွဲ့များ ပထမအကြိမ် တိုက်ခိုက် ခံရခြင်း

ရဲတပ်ဖွဲ့များ ပထမအကြိမ် တိုက်ခိုက် ခံရခြင်း
Friday, May 31, 2013

တအာင်း (ပလောင်) ဒေသ တခုဖြစ်သည့်  ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်ရှိ မန်ပါတ်ရွာမှ ရွှေလီ တာဝါ လျှပ်စစ် တာဝါတိုင်စောင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် (၃) ဦး ယမာန်နေ့က ပစ်သတ် ခံရသည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ အတွင်းရေးမှူး (၁) က ဆိုပါသည်။

“ အခု အဲဒီရဲ (၃) ယောက်ကို မန်တုံဆေးရုံမှာပဲ ရင်ခွဲ စစ်ဆေးနေပါတယ်၊ ဒီညနေလောက် ပြီးမလား မသိဘူး၊ ဒီနေ့မနက် မန်တုံပြည်သူ့စစ်တွေရော ရဲတွေရော သွားသယ်တုန်းက သေနတ်ကျည်ဆန် ထိမှန်တဲ့ ပုံစံနဲ့သေဆုံးခဲ့တယ်လို့ ပြောတယ်” ဟု တအာင်း ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှူး (၁) ဖြစ်သူ မိုင်းမျိုးအောင်မှ ဆိုပါသည်။

အပစ်ခံရသည့် ရဲတပ်ဖွဲ့ဝင်များမှာ စိုးသိန်း (တပ်ကြပ်ကြီး)၊ ရဲဝင်း (တပ်ကြပ်)၊ အမည်မသိ (ဒု-တပ်ကြပ်တစ်ဦး) တို့ဖြစ်ကြပြီး မည်သူ့ လက်ချက်ဖြစ်သည်ကို လောလောဆယ် မသိရသေးကြောင်း ဆိုပါသည်။ ၄င်းတို့သည် လကုန်ရက်ဖြစ်၍ တာဝန် ကျရာ ရွှေလီ တာဝါလျှပ်စစ် တာဝါတိုင်မှ မန်တုံတို့ လာရောက်စဉ် မန်တုံ-နမ္မတူလမ်း၇-မိုင်တံတား အရောက်တွင် ပစ်သတ် ခံရခြင်း ဖြစ်ကြောင်း ဆိုပါသည်။

မန်တုံ ရဲမှာမူ ယခု ပစ်ခတ်မှုသည် ဤဒေသတွင် လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လက်ချက်ဖြစ်နိုင်သည်ဟု စွပ်စွဲ ထားပါသည်။ သို့သော် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်TNLA မှာမူ ၄င်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုပါသည်။

၎င်းမန်တုံဒေသတွင် ကချင် လွတ်လပ်ရေး တပ်မတော် တပ်မဟာ (၄) ဒေသ တပ်ဖွဲ့၊ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ပါတီနှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် လက်နက်ကိုင် အဖွဲ့တို့ လှုပ် ရှားနေကြသည့်နေရာဖြစ်သည်။

မန်တုံဒေသ၌ ဖြစ်ခဲ့သော တိုက်ခိုက် မှုများသည်  အများအားဖြင့် တပ်မတော် တပ်ဖွဲ့များနှင့်သာ တိုက်ခိုက် ခဲ့ကြသော်လည်းယခု ရဲများ တိုက်ခိုက်မှုသည် ပထမဆုံး အကြိမ် ဖြစ်သည်ဟုလည်း တအာင်းကျောင်းသားနှင့် လူငယ်အစည်း အရုံး၏သတင်းနှင့် လူ့အခွင့်အရေးဌာနမှ ယနေ့ ထုတ်ပြန်သည့် ကြေငြာချက်၌ ဖော်ပြထားပါသည်။

ရွှေဟင်္သာသတင်းဌာန
တအာင်း (ပလောင်) ဒေသတခုဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်ရှိ မန်ပါတ်ရွာမှ ရွှေလီ တာဝါ လျှပ်စစ်တာဝါတိုင်စောင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် (၃) ဦး ယမာန်နေ့က ပစ်သတ် ခံရသည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ အတွင်းရေးမှူး (၁) က ဆိုပါသည်။