Monday 23 November 2015

Facebook မိတ်ဆွေ များပြားသောဆယ်ကျော်သက်များ စိတ်ဖိစီးမှုကိုပိုခံစား

ကမ္ဘာပေါ်တွင် လူသုံးအများဆုံး လူမှုကွန်ရက်တစ်ခုဖြစ်သည့် Facebook ကို အသုံးပြုခြင်းဖြင့် ဆယ်ကျော် သက် များအနေဖြင့် သူငယ်ချင်းအပေါင်းအသင်းများနှင့် မပြတ်ဆက်သွယ်နိုင်ခြင်း၊ ဝေးကွာနေသော မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေ့ ခြင်း၊ မျက်မှောက်ကမ္ဘာတွင်ဖြစ်ပျက်နေသော သတင်းအချက် အလက်နှင့် အပြောင်းအလဲများ ကို လက်လှမ်းမီနိုင်ခြင်းကဲ့သို့  အကျိုးကျေးဇူးများရှိရာဝယ် ကျား၊မကိစ္စ ချစ်တင်းနှီးနှောရန်ရည်ရွယ်သော Friend များပြားလာခြင်းကြောင့် ဆယ်ကျော်သက်အရွယ်များ၊ အထူးသဖြင့် မိန်းကလေးများတွင် Screen Stress ဟုခေါ် သော Facebook အသုံးပြုချိန်တွင် များပြား လှသော Friend များကို စိတ်ကျေနပ်အောင် ပြောဆိုဆက်ဆံပေးရန် အခက်တွေ့ ကာ စိတ်ဖိစီးမှုကို ဆိုးဆိုး ရွားရွားခံစားနေရကြောင်း ကနေဒါနိုင်ငံ၊ မွန်ထရီယယ်တက္ကသိုလ်သုတေသီ များက ပြောသည်။ 

သူငယ်ချင်းအပေါင်းအသင်းများတယ်ဆိုတာ နေရာတိုင်းမှာ ကောင်းတာမဟုတ်ပါဘူး။ Friend အရေ အတွက် ၃၀၀ ကျော်အောင် လက်ခံထားသူတွေဟာ Facebook သုံးတဲ့အခါမှာ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ကော်တီဆောဟော်မုန်း ပိုပြီး ထွက်တာကို တွေ့ ရပါတယ်။ တစ်ချိန်တည်းမှာ Friend ၃၀၀ လုံးက ပြိုင်တူ စကားမပြောတောင် သူတို့ တတွေ တင်ထားတဲ့ post တွေကို Like, Share, Comment လုပ်ပေးရတာ၊ ကိုယ့်ဓါတ်ပုံ၊ ပြောစကား အစရှိတာတွေကို တင်နေရတာနဲ့ တင် ဆယ်ကျော်သက်အရွယ်တစ်ဦးဟာ တစ်နေ့ ကို အနည်းဆုံး အချိန် (၄) နာရီ ပေးရပါတယ်။ Facebook ပေါ်က တခြား ဖတ်စရာ၊ ကြည့်စရာတွေကိုပါ ထည့်ပေါင်းလိုက်ရင် အနည်းဆုံး (၆) နာရီ ကြာပါတယ်။ တစ်နေ့ တာ လုပ်ငန်းတွေ အားလုံး ကို ထိခိုက်စေနိုင်တဲ့ အချိန်ပမာဏမျိုးဖြစ်လို့  ဒီကလေးတွေဟာ Screen Stress လို့ ခေါ်တဲ့ လူမှု ကွန်ရက် တစ်ခုခုမှာ လုပ်စရာတွေများလွန်းလို့ ခံစားရတဲ့ စိတ်ဖိစီးမှုနဲ့  ကြုံရတာဖြစ်ပါတယ်ဟု သုတေသီ တစ်ဦးက ပြောပြသည်။ 

ထို့ အပြငိ Facebook အလွန်အကျွံအသုံးပြုခြင်းကြောင့် စိတ်ဖိစီးမှုဖြစ်ပွားသည့်အပြင် အခြား ဟော်မုန်းပမာဏများလည် ကမောက်ကမဖြစ်သည့်အတွက် အပျိုဖော်ဝင်ချိန်ကိုလည်း အနှောက်အယှက် ပေးသည့်အပြင် ကိုယ်လက်လှုပ်ရှားမှုနည်းပါးလာခြင်း၊ ကျောင်းစာပိုင်းတွင် အားနည်းခြင်းတို့ လည်း ဖြစ်လာသည့်အတွက် အနာဂါတ်တွင် ကျောင်းနှင့်စာသင်ခန်းဆက်စပ်နေရာများ၌ မိုဘိုင်းဖုန်း အသုံးပြုခြင်း ကို ကန့် သတ်ထိန်းချုပ်နိုင်မည့် နည်းစနစ်အား သက်ဆိုင်ရာက ရှာဖွေ ကြံဆလျက်ရှိကြောင်း သိရသည်။

Lashio News Diary 

No comments:

Post a Comment