Wednesday 28 January 2015

ဆွေသဟာ အစီအစဉ်သုံးသူ သုံးသန်းကျော်အထိရှိ

ဇန်နဝါရီ ၉ ရက်က ဆွေသဟာအစအီ စဉ်ကို MPT က စတင်မိတ်ဆက်ခဲ့စဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ဇန်နဝါရီ ၉ ရက်က ဆွေသဟာအစအီ စဉ်ကို MPT က စတင်မိတ်ဆက်ခဲ့စဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) က ဖုန်းခေါ်ဆိုခ လျှော့ချပေးမည့် ဆွေသဟာ ဝန်ဆောင်မှု အစီအစဉ်ကို ဇန်နဝါရီ ၁၂ ရက်တွင် စတင်ဝန်ဆောင်မှုပေးခဲ့ပြီး ဝေဖန်မှုများ ရှိခဲ့သော်လည်း အသုံးပြုသူ သုံးသန်း ကျော်အထိ ရှိနေပြီဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲမှုများအား ထပ်မံပြုလုပ်လျက်ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ကျေးရွာ အတွင်းရှိ လမ်းများပေါ်သို့ မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်ပစ်ဗုံးများဖြင့် ပစ်ပေါက် ဖောက်ခွဲခြင်းများအား နေ့စဉ်ရက် ဆက် ပြုလုပ်လျက်ရှိကြောင်း ဖားကန့်မြို့နယ် ရဲအရာရှိတစ်ဦးမှပြောသည်။

သစ်ခိုးထုတ်သော တရုတ်နိုင်ငံသားများအတွက် ယူနန်ပြည်နယ်အစိုးရ ဆောင်ရွက်ပေးရန်တောင်းဆို

ကချင်ပြည်နယ်တွင် မြန်မာ အစိုးရ၏ ဖမ်းဆီးခံထားရသော တရုတ်သစ်သမား ၁၅၀ ကျော်နှင့် သိမ်းယူခံ ထားရသော တရုတ် ယွမ်ငွေသန်းချီတန်သည့် သစ်ခွဲ လုပ်ငန်းသုံးပစ္စည်းများအတွက် ကြားဝင်ဆောင်ရွက် ပေးရန် ယူနန်ပြည်နယ်အာဏာပိုင်များကို တရုတ်သစ်လုပ်ငန်းရှင် ၂၃ ဦးကတောင်းဆိုလိုက်ကြောင်း ဘေဂျင်းတိုင်းမ် သတင်းစာ၌ ရေးသားထားသည်။

KIA အဖွဲ့အား ရိက္ခာထောက်ပံ့၊ လူသစ်စုပေးနေသော ကျေးရွာ အုပ်ချုပ်ရေးမှူးများ အား အရေးယူပေးပါ

ကျွန်တော်တို့ မော်ဟန်ရွာလေးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲမှာ တည်ရှိပါတယ်။ ကချင် လူမျိုး အိမ်ခြေ ၈၀၊ တရုတ်လူမျိုး အိမ်ခြေ ၁၁၀ ခန့်နဲ့ ရှမ်းလူမျိုး အိမ်ခြေ ၆၀ ခန့် အားလုံးပေါင်း အိမ်ခြေ ၂၅၀ ခန့်ရှိတဲ့ ရွာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅ ရက်လောက်က ကျွန်တော်တို့ရွာက လနန်ဆိုတဲ့ အသက် ၂၀ အရွယ် လူငယ်လေး သေဆုံး သွားခဲ့ပါတယ်။ တိုက်ပွဲကြားမှာ လက်နက်ကြီးစ ထိမှန်ပြီး သေရ တာဖြစ်လို့ မြင်မကောင်းပါဘူး။ သူဘာကြောင့်အဲဒီလိုအဖြစ်ဆိုးနဲ့ သေရတာလဲဆိုတော့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကြောင့်လိုပဲ ပြောချင်ပါတယ်။

ကျောင်းသားများ၏ တောင်းဆိုမှုများအား လိုက်လျောပေးမည်ဟုဆို

နေပြည်တော်- နေပြည်တော်ပညာရေးဝန်ကြီးဌာနတွင် ယနေ့ပြုလုပ်နေသည့် သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ်များနှင့် အစိုးရတာဝန်ရှိသူတို့တွေ့ဆုံရာတွင်  ကျောင်းသားများ၏ တောင်းဆိုမှုများအား အစိုးရ ဘက်မှ လိုက်လျောပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အငြိမ့်ပွဲ မိန့်ခွင့်ပြုချက်မရ

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့်ကို ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းခြင်းအလင်းရောင် အငြိမ့်အဖွဲ့က နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဖျော်ဖြေပွဲကျင်းပရန် စီစဉ်ထားသော်လည်း နေပြည်တော်ကောင်စီက အချိန်ကပ်မှ တားမြစ်ခဲ့ကြောင်း ပွဲစီစဉ်သူ ဦးမျိုးသိန်းက ပြောသည်။

နိုင်ငံ့ဘဏ္ဍာဖြင့် ဆောင်ရွက်ခွင့်ရ လုပ်ငန်းများ သတ်မှတ် စံမီရေးအဆို ပြည်သူ့ လွှတ်တော်တွင် ကန့် ကွက်သူမရှိ အနိုင်ရ

နေပြည်တော် လမ်းမကြီး အဝင်ဝရှိ မြို့ဝင်ကြေးကောက်ခံသည့် တိုးဂိတ်တစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) နိုင်ငံ့ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ခွင့်ရသည့် လုပ်ငန်းများ ပိုမိုကောင်းမွန်သည့် မူဘောင်များဖြင့် ဆောင်ရွက်ရန်အဆို အနိုင်ရရှိခဲ့သည်။
 နိုင်ငံ့ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ခွင့်ရသည့် လုပ်ငန်းအသီးသီးသည် ခွင့်ပြု ဘဏ္ဍာငွေနှင့်အညီ သတ်မှတ်စံ ချိန်စံညွှန်းများ ကိုက်ညီပြီး လုပ်ငန်းအရည်အသွေးပြည့်မီ တိုးတက်လာစေရေးအတွက် လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်သည့် လုပ်ငန်းမူဘောင်များ ချမှတ်ကျင့်သုံး ဖော်ဆောင်သွားရန် တိုင်တွန်းကြောင်း မောက်မယ် မဲဆန္ဒနယ်အမတ် ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ အဆိုမှာ ပြည်သူ့လွှတ်တော်တွင် ကန့် ကွက်သူမရှိ အတည်ပြုနိုင်ခဲ့သည်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် လူထုဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီ ၇ ရက်၌ ပြည်သူ့ဟစ်တိုင် ကွင်းတွင် ပြုလုပ်မည်

ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လူထုဆန္ဒထုတ် ဖော်ပွဲကို ဖေဖော်ဝါရီ ၇ ရက်တွင် ရန်ကုန်မြို့ ကျိုက္ကဆံ ပြည်သူ့ဟစ် တိုင်ကွင်း၌ ပြု လုပ်သွားမည်ဖြစ် ကြောင်း အမျိုးသားတိုးတက်မြင့်မား ရေးပါတီမှ သိရသည်။

ကချင်ဆရာမနှစ်ဦးအား စော်ကားသတ်ဖြတ်သွားသည့် လူတစ်စု၏ လုပ်ရပ်သည် လူသားမဆန်သော လုပ်ရပ်ဖြစ်သဖြင့် ရှုတ်ချကြောင်း UNA ထုတ်ပြန်

ကချင်စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦးအား စော်ကားသတ်ဖြတ်သွားသည့် လူတစ်စု၏ လုပ်ရပ်သည် လူသား မဆန်သော လုပ်ရပ်ဖြစ်သဖြင့် ရှုတ်ချကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က ဇန်နဝါရီ ၂၆ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။

MECTEL ဖုန်းများ မက်ဆေ့ခ်ျပေးပို့ပြီး အင်တာနက်အခမဲ့လျှောက်ထားနိုင်

မြန်မာ့စီးပွားရေးကော် ပိုရေးရှင်း MECTEL မှ ၎င်းတို့၏ ဆင်းမ်ကတ် အသုံးပြုသူများအတွက် အင်တာနက် လျှောက်ထားခ တစ်သောင်းကျပ်ကို ပယ်ဖျက်ပေးလိုက်ပြီး အခမဲ့လျှောက်ထား လိုသူများ SMS နံပါတ် 233 သို့ Open EVDO ဟုရေးပြီး မက်ဆေ့ခ်ျပေးပို့မှသာ အသုံးပြု နိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အမျိုးသမီးများ သာမန်အချိန်ထက် စိတ်ခံစားမှု လွန်လွန်ကျူးကျူးဖြစ်ပေါ် ခြင်းသည် ဓမ္မတာလာခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေ

အမျိုးသမီး များ သာမန်အချိန်ထက်အကြောင်း အရာတစ်ခုအပေါ်တွင် စိတ်ခံစားမှု လွန်လွန်ကျူးကျူးဖြစ် ပေါ် ခြင်းသည် ဓမ္မတာ လာခြင်းနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း သိရသည်။

ကျောင်းသားများ တောင်းဆိုသည့် လေးပွင့်ဆိုင် တွေ့ဆုံရေးကို လက်ခံကြောင်း သိရ

အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သတ်၍ မန္တလေးမှ ရန်ကုန်သို့ သပိတ်မှောက် လမ်းလျှောက် ဆန္ဒပြ နေသော ကျောင်းသားများ တောင်းဆိုသည့် လေးပွင့်ဆိုင် တွေ့ဆုံရေးကို အစိုးရပိုင်းက လက်ခံခဲ့ကြောင်း ကနဦး ရရှိသော သတင်းများအရ သိရသည်။

အောက်ခြေဝန်ထမ်းများကို လစာကျပ် တစ်သိန်းငါးသောင်းအထိ တိုးမြှင့်ရန် အစိုးရနှင့် ညှိနှိုင်းထားဟုဆို

အခြေခံလစာ လွန်စွာနည်းပါးနေသော အစိုးရ အငယ်တန်း ဝန်ထမ်းများ၏ လစာကို ငွေကျပ် တစ်သိန်း ငါးသောင်းအထိ တိုးမြှင့်သတ်မှတ်ပေးရန် ဘဏ္ဍာရေးဆိုင်ရာ အစိုးရ အဖွဲ့ဝင်များနှင့် လွှတ်တော်အကြား ညှိနှိုင်းထားကြောင်း အဆိုပါ ညှိနှိုင်းမှုတွင် ပါဝင်ခဲ့သူ မလှိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးအေးမောက်က The Voice သို့ ပြောကြားသည်။

CIA အရာရှိဟောင်းတစ်ဦး သူလျှိုမှုအတွက် အပြစ်ရှိကြောင်းတွေ့ရ

အီရန်၏ နျူကလီးယားအစီ အစဉ်အား လျှို့ဝှက်ဖျက်ဆီးရန် ကြံစည်ထားသည့် အသေးစိတ်အစီ အစဉ်သည် အမေရိကန်ထောက် လှမ်း ရေးအေဂျင်စီ (CIA) ၏ လုံခြုံမှုအဆင့်အတန်းရှိ အစီအစဉ်ဖြစ်သည်။ 

သပိတ်မှောက်ကျောင်းသားများနှင့် အစိုးရ ပဏာမဆွေးနွေးပွဲ စတင်

ဓာတ်ပုံ – အောင်ကြီး
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေအကြား ပဏာမအဆင့် ဆွေးနွေးပွဲကို  နေပြည်တော်မှာ ဒီမနက်စတင်ပါတယ်။

သပိတ်မှောက် ကျောင်းသားများနှင့် ဦးအောင်မင်း၊ ပညာရေးဝန်ကြီးဌာန အရာရှိများနှင့် ယနေ့ ဆွေးနွေးမည်

ကျောင်းသား သပိတ်စစ်ကြောင်းသည် ဇန်နဝါရီ ၂၇ ရက်က မန္တလေးတိုင်း မြင်းခြံမြို့မှ အထွက် ၅ မိုင်အကွာတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - အောင်ပန်)
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သပိတ်မှောက်သည့် ကျောင်းသားများနှင့် တောင်သာမြို့တွင် လုံခြုံရေးယူထားသည့် အာဏာပိုင်များ ဇန်နဝါရီ ၂၇ ရက်က တင်းမာမှုဖြစ်ပွားခဲ့သော်လည်း ညှိနှိုင်းပြေ လည်ကာ ၂၈ ရက်တွင်လည်း နေပြည်တော်၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ကျောင်းသား ကိုယ်စားလှယ် သုံးဦး တွေ့ဆုံမည်ဟု ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားသူများအဖွဲ့ ဦးဆောင်ကော် မတီမှ ကိုနန္ဒစစ်အောင်က မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲများ ဧပြီနောက်ဆုံးပတ် စတင်ရန် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်က တိုက်တွန်း

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဖေဖော်ဝါရီလအတွင်း လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေး ပွဲများကို ဧပြီလ နောက်ဆုံးပတ်တွင် စတင်ရန် ဖက်ဒရယ်ဒီမိုကရေ စီမဟာမိတ် (FDA) က ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်ဒေသများတွင် စီးပွားရေးလုပ်ပါက ယင်းအဖွဲ့များနှင့် တိုင်ပင်လုပ်ဆောင်ရမည်

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှစ်ပတ်လည်နေ့ ကျင်းပသည့် အခမ်းအနားကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်ဒေသများတွင် အလုပ်လုပ်ကိုင်ပါက ၎င်းတို့နှင့် ညှိနှိုင်းရမည် ဖြစ်သည်။ 
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်လျက်ရှိသော ဒေသများတွင် ဖွံ့ဖြိုးရေးနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်မည်ဆိုပါက ထိုဒေသရှိ အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသည့် အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်၍ လုပ်ဆောင်သွားရန် သဘောတူညီထားပါသည်ဟု သမ္မတရုံးဝန်ကြီး ဌာန (၄)၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်းက ပြောသည်။

သာသနာကို အကြောင်းပြပြီး ထင်သလို မနေရန် ရွှေကျင်ဂိုဏ်း ဥက္ကဋ္ဌ ဆရာတော် မိန့်ကြား

(၁၉) ကြိမ်မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃအစည်းအဝေးကြီးကို မှောဘီမြို့၊ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ဇန်နဝါရီ ၂၇ ရက်က ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ၎င်းဆွေးနွေးပွဲကို ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ 
သာသနာကို အကြောင်းပြပြီး ထင်သလိုမနေကြရန် သက်တော် ၉၈ နှစ်၊ ဝါတော် ၇၉ ဝါရှိပြီဖြစ်သည့်
ရွှေကျင်နိကာယဂိုဏ်း၏ ဥက္ကဋ္ဌ ဆရာတော်ကြီးဖြစ်သော မန္တလေးမဟာဝိသုဒ္ဓါရုံကျောင်းတိုက်မှ သက်တော် ရှည် ဝါဆိုဆရာတော် ဘန္ဒန္တအဂ္ဃိယ မဟာထေရ်က ဇန်နဝါရီ ၂၇ ရက် တွင် မိန့်ကြားလိုက်သည်။

မောင်တောတွင် ဘင်္ဂါလီ နိုင်ငံသား လျှောက်ထားသူ (၃၆) ဦးရှိ

နိုင်ငံသား ဖြစ်ခွင့် လျှောက်ထားရာတွင် အချင်းချင်း အငြင်းပွားမှုရှိ နေသော မောင်တောမြို့မှ ဘင်္ဂါလီ လူမျိုး နိုင်ငံသား ဖြစ်ခွင့် လျှောက်ထားသူ (၃၆) ဦးအထိ ရှိလာပြီး၊ ရခိုင်ပြည်နယ် တစ်ခုလုံးတွင် ဘင်္ဂါလီ လူမျိုး အဖြစ် နိုင်ငံသား ဖြစ်ခွင့် လျှောက်လွှာ လက်ခံသူ (၆၃)ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။

ဇီဝနဲ့ ဓာတုလက်နက်ဖျက်သိမ်းရေး ကူညီဖို့ မြန်မာကိုကမ်းလှမ်း

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ လက်နက်ထိန်းချုပ်ရေး၊ ခွဲခြားစိစစ်ရေးနဲ့ ဥပဒေအတိုင်း လိုက်နာကျင့်သုံး ရေးဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Frank Rose ဟာ မြန်မာဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးသန့်ကျော်နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ 

မြန်မာသံရုံး အဆောက်အအုံများ ၀ယ်ယူရန်နှင့် အသစ် ဆောက်လုပ်ရန် ငွေကျပ် သန်းပေါင်း (၂၅၀၀၀) ကျော် လျာထား

နိုင်ငံ ရပ်ခြားတွင် ရှိနေသည့် မြန်မာ သံရုံး အဆောက်အအုံ ၀ယ်ယူရန်နှင့် အသစ် ဆောက်လုပ်ရန် အတွက် ငွေကျပ်သန်းပေါင်း (၂၅၇၀၈ ဒသမ ၉၀) သန်းကို ထည့်သွင်း လျာထားကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က ပြောသည်။ ဇန်န၀ါရီလ (၂၇) ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် များက လွှတ်တော်တွင် ရှင်းလင်း ပြောဆိုရာတွင် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီးက ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်ရေး တည်ငြိမ်လာ သောကြောင့် အောင်ဘာလေ ကျေးရွာတွင် ဒေသခံ တချို့ ပြန်လည် နေထိုင်

ကချင် ပြည်နယ် ဖားကန့်ဒေသ အောင်ဘာလေ ကျေးရွာ အနီးတွင် စစ်ရေး တည်ငြိမ် လာသောကြောင့် ပိတ်မိ နေသော ဒေသခံ တချို့ အောင်ဘာလေ ကျေးရွာတွင် ပြန်လည် နေထိုင် နေကြောင်း သတင်း ရရှိသည်။

Telenor မှ လစဉ် ဆင်းမ်ကတ် (၁ ဒသမ ၅) သန်း ဖြန့်ဖြူး ပေးမည်

Telenor မှ အင်တာနက်ပါ (၁၅၀၀) ကျပ်တန် ဆင်းမ်ကတ် များကို လစဉ် (၁ ဒသမ ၅) သန်းခန့် ဖြန့်ဖြူး ရောင်းချပေး သွားမည် ဖြစ်ကြောင်း ယမန်နေ့က တယ်လီနော မြန်မာ ထုတ်ပြန်ချက် အရ သိရသည်။

ပညာရေး ဥပဒေနှင့် ပတ်သက်ပြီး ဒီမိုကရေစီ ယဉ်ကျေးမှု အရ ညှိနှိုင်း ဆောင်ရွက်ပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်ပြီး နိုင်ငံတစ်ဝန်းမှ ကျောင်းသားများ ကန့်ကွက် ဆန္ဒပြနေမှုများ ရှိနေရာ ဒီမိုကရေစီ ယဉ်ကျေးမှုအရ ညှိနှိုင်းဖြေရှင်း အဖြေရှာ ကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြား လိုက်သည်။

စစ်တွေတွင် ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂ ဆန္ဒပြမည်

အမျိုးသားပညာရေးဥပေဒကို ဆန့်ကျင်ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ်ရှိ တက္ကသိုလ် ကျောင်းသားများ က  ယခုသီတင်းပတ်အတွင်း စစ်တွေမြို့၌ဆန္ဒပြသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂမှ သိရသည်။

အရာရှိတလစာထက် ငွေပိုရှိသည့် သူတောင်းစားကို ထိုင်းတွင် ဖမ်းဆီး

ထိုင်းနိုင်ငံ ချနပ်ခရိုင်မှာ တောင်းရမ်းနေတဲ့ မသန်စွမ်း တရုတ်သူတောင်းစားတဦးရဲ့ အိတ်ထဲမှာ အရာရှိ တဦးရဲ့လစာထက် ပိုများတဲ့ငွေတွေကြောင့် ဒေသခံအာဏာပိုင်တွေအံ့အားသင့်ခဲ့ပြီး ဖမ်းဆီးလိုက်ပါတယ်။

ဥပဒေမဲ့လုပ်ရပ်နဲ့ နိုင်ငံ့အလံဖြုတ်ချတဲ့ လူတစ်စုတောင်းဆိုချက်က ဥပဒေတစ်ရပ်ပြ ဋ္ဌာန်း ဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား

Photo: ဥပဒေမဲ့လုပ်ရပ်နဲ့ နိုင်ငံ့အလံဖြုတ်ချတဲ့ လူတစ်စုတောင်းဆိုချက်က ဥပဒေတစ်ရပ်ပြ ဋ္ဌာန်း ဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား
Wednesday, January 28, 2015

၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျောင်းသားသပိတ်အဖွဲ့ဝင်တွေဟာ မြင်းခြံဒီဂရီကောလိပ် က ကျောင်းစောင့် ၃ ဦးကို တွန်းထိုး ဝင်ရောက်ပြီး ကျောင်းဝင်းအတွင်းရှိ နိုင်ငံတော် အလံကို ဖြုတ်ချလို့ သမဂ္ဂအလံတင်လိုက်တာဟာ ဥပဒေဘောင် အတွင်း ကနေ ထွက် ခွာသွားခြင်းလို့ ပြောလို့ရပါတယ်။

အလံဆိုတာဟာ နိုင်ငံတစ်ခုရဲ့ အထွဋ်အမြတ် ပြယုဂ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတော် အလံ ဆိုတာဟာလည်း နေရာတစ်ခုရဲ့  အမြင့်ဆုံးနဲ့ ဦးထိပ်ထားရမယ့်နေရာမှာသာ ထားရမယ့် အရာဖြစ်ပါတယ်။ဒီအဖြစ်အပျက်ဟာ နိုင်ငံတော်အလံကို မလေး မစားလုပ်ခြင်းကြောင့် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့တဲ့ အခန်း ၅ ခန်းပါ နိုင်ငံတော် အလံ ဥပဒေနှင့် နည်းဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပါ
တယ် ။ ဒီဥပဒေကို လေ့လာကြည့်တဲ့အခါမှာတော့

ပုဒ်မ ၁၃ (ခ) (၁) အဆင်းအရွယ် ၊ ပုံသဏ္ဍာန် သို့မဟုတ် ပျက်ပြားစေရန် ပြုခြင်း၊ ပုဒ်မ ၁၃ (ခ) (၃) မလေးမစားပြုခြင်း၊

ပုဒ်မ ၁၃ (ဂ) နိုင်ငံတော်အလံ၏ အထက်နှင့် တန်းတူတွင် ပြည်တွင်းရှိ အဖွဲ့အစည်းများ၏ အလံတစ်ခုခု လွှင့်ထူခြင်း၊

ပုဒ်မ ၁၄ (စ) နိုင်ငံတော်အလံကို ဆုတ်ဖြတ်ဖျက်ဆီးခြင်း ၊ ဂုဏ်ကျက်သရေ ပျက်ပြားခြင်းစေရန် တမင်သက်သက် ပြုခြင်း မပြုရ ၊ ဆိုတဲ့ အချက်တွေကို ဖောက်ဖျက်ကျုးလွန်လိုက်တာကို တွေ့ရှိရပါတယ်။

ဒီအတွက်ကြောင့်လည်း မြင်းခြံမြို့မှာ ပုဒ်မ ၁၆ နဲ့ တရားစွဲဆိုခြင်း ခံရတာလည်းဖြစ် ပါတယ် ။ ပုဒ်မ ၁၆ အရဆိုရင်တော့ မည်သူမဆို ပုဒ်မ ၁၃ ၊ ပုဒ်မ ၁၄ နှင့် ပုဒ်မ ၁၅ တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျုးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၃ နှစ်ထက် ပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ကျပ် သုံးသိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် လို့ပါရှိနေပါ တယ် ။

ဒါကြောင့် နိုင်ငံတော်အလံကို ဖြုတ်ချပြီး သမဂ္ဂအလံနီကို လွှင့်တင်တဲ့သူနဲ့ လွှင့်တင်ရန် တိုက်တွန်းသူတွေဟာ အနည်းဆုံး တော့ ထောင်ဒဏ် ၆ နှစ်ထက်ပိုတဲ့ ပြစ်ဒဏ် သို့မဟုတ် ငွေဒဏ် ၆ သိန်း သို့မဟုတ် ထိုဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ကျခံ စေရမှာဖြစ်ပါတယ် ။ ဒါကတော့ ဥပဒေကြောင်းအရ ပြောခြင်းဖြစ်ပါတယ် ။

နောက်ထပ် ပြောစရာရှိတာကတော့ နိုင်ငံတစ်နိုင်ငံရဲ့  အစိုးရအဆောက်အဦတစ်ခုမှာ လွှင့်ထူထားတဲ့ အလံတော်ကို ဖြုတ်ချခြင်းဟာ နိုင်ငံတော်အာဏာသိမ်းခြင်းလို့ ထပ်မံ ယူဆလို့လည်းရပါတယ်။ ဒီလိုပဲ အလံသစ်ကို ထပ်မံတင်လွှင့်ခြင်း ဟာလည်း အာဏာတစ်ရပ်ထူထောင်ခြင်းလို့ ဆိုရမှာပါ။ အရိုးရှင်းဆုံး ဥပမာပြောရရင်တော့ စစ်ပွဲတွေမှာ တစ်ဖက်တပ်ရဲ့  စခန်းကို သိမ်းပိုက်ပြီး မိမိတို့တပ်ရဲ့ အလံကို လွှင့်ထူခြင်းနဲ့ အလားသဏ္ဍာန်တူပါတယ်။ ဒါကြောင့် သပိတ်ကျောင်းသား ဆိုသူတွေ ပြချင်တာက လက်ရှိအစိုးရကို ဖြုတ်ချပြီး ကျောင်းသားသမဂ္ဂအစိုးရ တက်မယ်လို့ ဆိုလိုချင်တာလားလို့ မေးချင် တာပါ။ အမျိုးသားဥပဒေမူကြမ်းကို ဆန္ဒပြတယ် ၊ တောင်းဆိုချက် ၁၁ ချက်နဲ့ တောင်းခံတာ အကြောင်းမပြန်လို့ဆိုတဲ့ ခေါင်းစဉ်နဲ့ အခုလို ဆန္ဒပြခြင်းလို့ဆိုရင် ထပ်ပြီး မေးချင်ပါတယ်။

ဥပဒေမူကြမ်းကိုမကျေနပ်တာ အခုကျောင်းသားတွေ လား၊ ကျောင်းပြီးတာ နှစ်ချို့နေ တဲ့ ကျောင်းသားတွေလား ဆိုတဲ့ အမေးကို ဖြေပေးစေလိုပါတယ်။ သမဂ္ဂခေါင်းဆောင်တွေ ဖြစ်တဲ့ ကျော်ကိုကို ၊မေလင်းခ ၊မင်းသွေးသစ်တို့ ဟာဆိုရင် လည်း ကျောင်းသားသူပုန်တပ်ဖြစ်တဲ့ ABSDF က သင်တန်း ဆင်းလာသူတွေ ဖြစ်တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်တယ်။ လက်ရှိမှာလည်း မင်းသွေးသစ်ဟာဆိုရင် ABSDF ARMY စစ်အင်္ကျီကို မချွတ်တမ်း ဝတ်ဆင်ပြီး ဆန္ဒပြသူတွေကို ဦးဆောင်နေ တာလည်း ဖြစ်ပါတယ် ။

ဒါကြောင့် ဥပဒေပြင်ပက သူပုန်လက်နက်ကိုင်အဖွဲ့ရဲ့  လုပ်ရပ်နဲ့အတူ နိုင်ငံတော် အလံကို ဖြုတ်ချပြီး ဥပဒေကို ဖောက်ဖျက် ကျုးလွန်ခဲ့တာလို့ ယူဆလို့ ရကောင်းရနိုင် ပါသေးတယ်။ မြင်းခြံမြို့ အဝင်မှာ နယ်/လုံ ဝန်ကြီးက လာရောက်တားမြစ်တာ မဟုတ် ဘဲ ပုဒ်မ ၁၈ အရကြောင့်သာ စာတင်ပြီး ဆန္ဒပြဖို့ လာရောက် အကြံပြုပေးခဲ့တာကို ‘စာမတင်ဘူး ဒါ ကျောင်းသား’ လို့ပြောခဲ့တဲ့ သူတွေကလည်း တကယ်ကျောင်းသား ဟုတ်ပါလေစ။ ကျောင်းသားတော့ ကျောင်းသား ဒါပေမယ့် ကျောင်း ပြီးတာ လွန်ခဲ့တဲ့ ဆယ်နှစ်က ဆိုတဲ့ ကျောင်းသားမျိုးတွေဖြစ်နေတာ စိတ်မကောင်းစရာပဲ။

ဥပဒေဘောင် အတွင်းကနေ ကန်ထွက်ပြီး ဥပဒေမဲ့လုပ်ရပ်တွေ လုပ်နေတဲ့ ကျောင်းသား အမည်ခံဆိုသူတွေက ဥပဒေတစ်ရပ်ပြဋ္ဌာန်းဖို့ တောင်းဆိုနေ တာကတော့ သူတို့ အလံထဲက ဒေါင်းသတ္တဝါ က ပြနေသလိုပဲ။ ရှေ့မှာ က ပြလေ နောက်မှာ ဖင်လေး ပြောင်ပြောင် ထွက်လာလေ ဆိုသလို ဖြစ်နေတယ် ။

copy : ဥာဏ်လင်း
Credit >>> နေ့စဉ်သတင်း
၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျောင်းသားသပိတ်အဖွဲ့ဝင်တွေဟာ မြင်းခြံဒီဂရီကောလိပ် က ကျောင်းစောင့် ၃ ဦးကို တွန်းထိုး ဝင်ရောက်ပြီး ကျောင်းဝင်းအတွင်းရှိ နိုင်ငံတော် အလံကို ဖြုတ်ချလို့ သမဂ္ဂအလံတင် လိုက်တာဟာ ဥပဒေဘောင် အတွင်း ကနေ ထွက် ခွာသွားခြင်းလို့ ပြောလို့ရပါတယ်။

ပညာရေးဥပဒေပြင်ဆင်ရန် အစိုးရနှင့် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်နှစ်ဦး ယနေ့ဆွေးနွေးမည်

သပိတ်မှောက်ကျောင်းများ ဇန်န၀ါရီ ၂၇ ရက်တွင် ချီတက်သည့် လမ်းကြောင်း
သပိတ်မှောက်ကျောင်းသားများ မြင်းခြံမြို့နှင့် တောင်သာမြို့ကြား အတားအဆီးများကြုံခဲ့ရသော်လည်း နှစ်ဖက်ညှိနှိုင်းမှုများအဆင်ပြေသဖြင့် တောင်သာမြို့သို့ ချောမောစွာရောက်ရှိပြီး တစ်မြို့လုံးနီးပါး ထွက်၍ကြိုဆို

ကျောင်းသားများနှင့် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ရန် ၈၈ (ငြိမ်း/ပွင့်)ကြေညာချက်ထုတ်ပြန်

Photo: ကျောင်းသားများနှင့် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ရန် ၈၈ (ငြိမ်း/ပွင့်)ကြေညာချက်ထုတ်ပြန်
Wednesday, January 28, 2015

အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော ဆန္ဒပြမှုများအတွက် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ   တိုက်တွန်း ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါ ဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ရန် အစိုးရက လည်းကောင်း၊ လွှတ်တော်များက လည်းကောင်း   ဆန္ဒပြကျောင်း သားများနှင့် တွေ့ဆုံဆွေးနွေးညှိ နှိုင်းအဖြေရှာရန် အလေးအနက် တိုက်တွန်းကြောင်း ယခုလ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်သည့် သဘောထားကြေညာချက်တွင် ဖော်ပြပါရှိသည်။

ဆန္ဒပြနေသော ကျောင်း သားထုအား သက်ဆိုင်ရာအာ ဏာပိုင်များက အကြမ်းဖက်ဖြိုခွဲ ခြင်း၊ နှောင့်ယှက်ဖမ်းဆီးတားဆီး ပိတ်ဆို့ခြင်းမပြုလုပ်ဘဲ ငြိမ်းချမ်း သော နည်းလမ်းဖြင့်သာ ဖြေရှင်း ရန် တိုက်တွန်းကြောင်းလည်း ဖော်ပြထားသည်။

ဖော်ပြပါဥပဒေသည် မူလ ရေးဆွဲစဉ်ကပင် ကျောင်းသား များ၊ ပညာရှင်များ၏ ဆန္ဒကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ရေးဆွဲခဲ့ သဖြင့် ယခုကဲ့သို့ ကန့်ကွက်ဆန္ဒ ထုတ်ဖော်နေခြင်းကို ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)မှ ထောက်ခံကြောင်း ဖော်ပြသည်။

ယင်းဥပဒေကြမ်းအား ပြင် ဆင်သုံးသပ်ပေးရန်   ကျင်းပဆဲ (၁၂)ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော်   အစည်းအဝေးသို့ သမ္မတက  သ၀ဏ်လွှာပေးပို့ခဲ့ရာ ယင်းဥပဒေသည်    အသက်ဝင် နေပြီဖြစ်၍ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနက   ဥပဒေကြမ်း ပြုစု၍ လွှတ်တော်သို့ အမြန်ဆုံးတင်ပြရန်   ပြည်ထောင်စုလွှတ် တော်က ပြန်လည်အကြောင်း ပြန်ကြားထားသည်။

နိုင်ငံလုံးဆိုင်ရာကျောင်းသားထုအရေးပေါ်အစည်းအဝေး၏
နိုဝင်ဘာ၂၃ရက်စွဲဖြင့် ထုတ်ပြန်ချက်

-လက်ရှိအတည်ပြုပြဋ္ဌာန်းထားသော အမျိုးသားပညာရေးဥပဒေ သည် ပညာရေးစနစ်ဟောင်းများကို အစားထိုးပြင်ဆင်နိုင်မှု မရှိ ခြင်း၊

-အမျိုးသားဥပဒေပြဋ္ဌာန်းချက်များသည် ကျောင်းသားထု၏ လွတ် လပ်စွာ ပညာသင်ကြားခွင့်ကို တင်းကျပ်သော ဗဟိုချုပ်ကိုင်မှုဖြင့် ချည်နှောင်ကန့်သတ်ထားခြင်း၊

-အမျိုးသားပညာရေးဥပဒေ၏ မူဝါဒများသည် စ၊ လယ်၊ ဆုံး ဒီမို ကရေစီ မဆန်ခြင်း၊

-ပညာရေးစနစ်ကို စီမံခန့်ခွဲရာတွင် အစိုးရအုပ်ချုပ်ရေးပိုင်းကို ပါဝင် ထိန်းချုပ်ခွင့်ပေးထားခြင်း၊

-ကျာင်းသားသမဂ္ဂများတည်ထောင်ဖွဲ့စည်းခွင့်ကို ထည့်သွင်းပြဋ္ဌာန်း ထားမှုမရှိခြင်းနှင့် ကျောင်း သား၊ ပြည်သူကို အခြေခံသော၊ ဒီမိုကရေစီပညာရေးအနှစ်သာရနှင့် ကိုက်ညီသောအမျိုးသားပညာ ရေးဥပဒေပေါ်ထွက်လာရေးတို့အတွက် တောင်းဆိုတိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း နိုင်ငံလုံးဆိုင်ရာကျောင်းသားထု အရေးပေါ်အစည်းအဝေးက ၂၀၁၄ နိုဝင်ဘာ ၁၃ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ ပြောစကားအချို့

ဗီအိုအေနှင့် တွေ့ဆုံမေးမြန်းမှု တွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပညာရေးဥပဒေ ထွက်ပေါ်လာသော်လည်း နည်းဥပဒေနှင့် ဆက်စပ်ဥပဒေများ ထွက်ပေါ် လာမှုမရှိသေးချိန်၌ မကျေနပ်မှုများကို ဖြေရှင်းရန် လွယ်ကူမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
(၂၀၁၄ နိုဝင်ဘာနောက်ဆုံးပတ်တွင်အင်တာဗျူးထားခြင်း ဖြစ်သည်)

ပညာရေးသည် နိုင်ငံရေးကစားကွက်မဖြစ်သင့်ဘူးလို့ ကျွန်မပြောချင်ပါတယ်။ ကလေးတွေ နာပါတယ်။ အဲဒီတော့ စိတ်ရှည်ရပါမယ်ဟု နိုင်ငံတော်သမ္မတ၏ ပညာရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ ရင်ရင်နွယ်က ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် ပြောသည်။
(နိုဝင်ဘာလကုန်)

အမျိုးသားပညာရေးဥပဒေကို မကျင့်သုံးရသေးမီ ပြန်လည်ပြင်ဆင်ရန် တောင်းဆိုနေကြခြင်းသည် အဆင့်ကျော်နေသကဲ့သို့ ဖြစ်နေကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက သတင်းထောက်များအား ပြောသည်။ (နိုဝင်ဘာလ)

7Day DAILY 

သပိတ်စစ်ကြောင်း တောင်သာသို့စတင်ထွက်ခွာလာစဉ် (ဓာတ်ပုံ−ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ)
သပိတ်စစ်ကြောင်း တောင်သာသို့စတင်ထွက်ခွာလာစဉ် (ဓာတ်ပုံ−ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ)
အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသော ဆန္ဒပြမှုများအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြု လုပ်ရန် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ   တိုက်တွန်းကြောင်း ကြေညာချက် ထုတ် ပြန်သည်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး အဓိကပါဝင်သူများတွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

လက်ရှိကြုံတွေ့ နေရသည့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ပေးရေးတောင်းဆို မှုများနှင့် ပတ်သက်၍ ယင်းဥပ ဒေတွင် အဓိကပါဝင်သူများဆွေး နွေးညှိနှိုင်းမှုများပြန်လည်ပြုလုပ် ရမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်သည်။

အမျိုးသားပညာရေး ဥပဒေ အမြန်ဆုံး ပြင်ဆင်နိုင်ရန် အရေးပေါ် အစည်းအဝေးပြုလုပ်

အမျိုးသားပညာ ရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေ သော သပိတ်မှောက်ကျောင်းသား များ တောင်းဆို သည့် အချက်များ အမြန်ဆုံးပြင်ဆင်ပေးနိုင်ရန် အစည်းအဝေးတစ်ရပ်ကို ဇန်န၀ါရီ ၂၇ ရက်တွင် နေပြည်တော် ရှိ လွှတ်တော်အဆောက်အအုံ ၌ အရေးပေါ်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ့တပ်မတော်တွင် တပ်မှူးကြီးအဆင့်ရှိ အမျိုးသမီး ဗိုလ်မှူးကြီးနှစ်ဦး အပါအ၀င် အမျိုးသမီး အရာရှိပေါင်း ၅၀၀ ကျော် တာဝန်ထမ်းဆောင်နေ

အမျိုးသမီးဗိုလ်သင်တန်းဆင်းများကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 မြန်မာ့တပ်မတော်တွင်  တပ်မှူးကြီး အဆင့်ရှိ အမျိုးသမီး ဗိုလ်မှူးကြီး နှစ်ဦးအပါအ၀င် ဗိုလ်မှူးကြီး၊ ဒုတိယ ဗိုလ်မှူးကြီးအ ဆင့်နှင့် အမျိုးသမီးအရာရှိပေါင်း ၅၀၀ ကျော် တာဝန်ထမ်းဆောင် နေကြောင်း မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကပြော ကြားသည်။

လက်ပံတောင်းတောင်အရေး တရုတ်သံရုံးရှေ့ ဆန္ဒပြခေါင်းဆောင်သူများကို အာမခံမပေး

တရုတ်သံရုံးအနီးတွင် လက်ပံတောင်းစီမံကိန်း ရပ်ဆိုင်း ရေးဆန္ဒပြသူ တစ်ရာကျော်ထဲမှတရားစွဲဆို ခံထားရသူ ခြောက်ဦးအား  အာမခံမပေးဘဲ စတုတ္ထမြောက်  ရုံးချိန်းအဖြစ်ဖေဖော်ဝါရီ ၂ ရက်တွင် ထပ်မံ ချိန်းဆိုလိုက် ကြောင်း သတင်းရရှိသည်။