
စိတ်ကြွဆေးထက် ပိုမိုအချိန်ကြာမြင့်သည့် အာနိသင်ရှိသော တရားမ၀င် ဆေးဝါး ၁၂၀,၀၀၀ ကို သယ်ဆောင်လာသည့် သံဃာတစ်ပါးကို နိုဝင်ဘာ ၁၆ ရက် ညက ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ ချွန်သုန် ဒေသမှ ဘန်ကောက်သို့ သွားရောက်သည့် ခရီးသည်တင် ဘတ်စကားတစ်စီးပေါ်တွင် ဖမ်းဆီးခဲ့သည်ဟု ထိုင်းရဲများက ပြောကြားခဲ့သည်။ထိုင်းနိုင်ငံ လမ်ဖွန်မြို့၏ လီအရပ်ဒေသတွင်ရှိသော ဘန်ဝန်ဒင် စစ်ဆေးရေးဂိတ်တွင် ရဲများနှင့် စစ်သားများ ပူးပေါင်း၍ ခရီးသည်တင် ဘတ်စကားများကို ပုံမှန် ရှာဖွေမှုများ ပြုလုပ်နေစဉ်အတွင်း အဆိုပါ မသင်္ကာဖွယ် သံဃာတစ်ပါးကို ည ၉ နာရီ ၄၅ မိနစ်ခန့်က သတိထားမိခဲ့ခြင်းဖြစ်သည်။