Tuesday 14 May 2013

CDMA 800 MHz နှစ်လရောင်းပြီးလျှင် မိုဘိုင်းဖုန်း ၃ မျိုးတစ်ပြိုင်နက် တည်းချပေးမည်

Photo: CDMA 800 MHz နှစ်လရောင်းပြီးလျှင် မိုဘိုင်းဖုန်း ၃ မျိုးတစ်ပြိုင်နက်
တည်းချပေးမည်

မေလ ၁၄ရက်၊ ၂၀၁၃ခုနှစ်

ယခုလက်ရှိချပေးလျက်ရှိသော ကျပ် ၁၅၀၀ တန် CDMA 800 MHz 
ဆင်းကတ်များကို ဦးစွာရောင်းချ ပေးရခြင်းသည် ယခုအချိန်၌လိုင်းအချောင်
ဆုံးဖြစ်ခြင်းကြောင့်ဖြစ်ကြောင်း

၊နောက်တစ်လကို CDMA 800 MHz များကို
သာဆက်လက် ရောင်းချပေးထားမည်ဖြစ်ကြောင်း၊ အကယ်၍လိုင်းကျပ်သွား
လျှင် နောက်ထပ်လိုင်းများချန်ထားတာအဆင့်သင့်ရှိကြောင်းသိရသည်။

ထို့ကြောင့် CDMA 800 MHz ချထားပေး၍ နှစ်လပြီးသွားလျှင် 
WCDMA,GSM, CDMA 800 များကိုသာ တစ်ပြိုင်တည်းရောင်းချပေး
မည်ဖြစ်ကြောင်း၊ 

ဒုတိယအသုတ်ကျပ်၁၅၀၀တန် CDMA 800 MHz ဆင်းကတ်များကို မေလ(၂၀) ရက်နေ့တွင်ချထားပေးမည်ဖြစ်ကြောင်း
သိရသည်။

Skynet News
ယခုလက်ရှိချပေးလျက်ရှိသော ကျပ် ၁၅၀၀ တန် CDMA 800 MHz ဆင်းကတ်များကို ဦးစွာရောင်း ချ ပေးရခြင်းသည် ယခုအချိန်၌လိုင်းအချောင်ဆုံးဖြစ်ခြင်းကြောင့်ဖြစ်ကြောင်း ၊နောက်တစ်လကို CDMA 800 MHz များကိုသာဆက်လက် ရောင်းချပေးထားမည်ဖြစ်ကြောင်း၊ အကယ်၍ လိုင်းကျပ် သွားလျှင် နောက်ထပ်လိုင်းများချန်ထားတာအဆင့်သင့်ရှိကြောင်းသိရသည်။

တန်းမြင့်ဆန်စက်များ ဂျပန်နှင့် ပေါင်းထောင်မည်

မြန်မာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း Myanmar Agribusiness Public Corporation (MAPCO)နှင့် ဂျပန်နိုင်ငံမှ မစ်ဆူရှီ(MITSURI)တို့ပူးပေါင်းကာ တန်းမြင့်ဆန်ထုတ်လုပ် သည့်စက်ရုံများ ထူထောင် သွားရန် ရှိကြောင်း သိရသည်။

မိုးလေ၀သသတင်း (၂၀၁၃ ခုနှစ်၊ မေလ(၁၄)ရက်နေ့ မွန်းလွဲ (၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေ၀သတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်နေရာကွက်ကျား၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်းနှင့်ရခိုင်ပြည်နယ်တို့တွင်နေရာ ကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသ ကြီးနှင့်ပြည်နယ် တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ပါသည်။

သယံဇာတ တူးဖော်ရေး လိုင်စင် တင်းကြပ်မည်

Photo: သယံဇာတ တူးဖော်ရေး လိုင်စင် တင်းကြပ်မည်
Thursday, May 14, 2013

မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံရာတွင် သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမည့်လုပ်ငန်းများကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်မှစတင်ကာ လုပ်ငန်းလိုင်စင်ပေးမှုအပေါ် တင်းကြပ်လျက်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်မှ ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးထံမှ သိရသည်။

“၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ကနေစပြီး စက်မှုလုပ်ငန်းတွေကို ပိုမို မြှုပ်နှံမှုလည်း များလာတယ်။ လုပ်သား အများအပြား အလုပ်ရမယ့် လုပ်ငန်းမျိုးတွေကို ပိုခွင့်ပြုသွားမယ်။ အရင်နှစ်တွေက သဘာဝ သယံဇာတ ထုတ်ယူရေး ရင်းနှီးမြုပ်နှံမှုတွေ များခဲ့တယ်။ ၂၀၁၂-၂၀၁၃ ကစပြီး ဒီလို ရင်းနှီး မြုပ်နှံမှုတွေကို နည်းနည်းလျော့ပေါ့ လက်ခံသွားမှာပါ။ အဓိက သဘာဝအရင်းအမြစ် သိပ်မသုံးရဘဲ လုပ်သားအင်အား များများလက်ခံနိုင်မယ့် အလုပ်တွေကို ပိုလက်ခံသွားမယ်”ဟု  ဦးအောင်နိုင်ဦးက ပြောသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကဏ္ဍ ၉ ခုမှ ရင်းနှီးမြုပ်နှံမှုများအား ခွင့်ပြုပေးခဲ့ကြောင်း၊ ၎င်းတွင် စက်မှုကဏ္ဍတွင် လုပ်ငန်းလုပ်ကိုင်ခွင့် အများဆုံး ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှ တရားဝင်ထုတ်ပြန်ချက်အရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် စက်မှုကဏ္ဍတွင် ၇၈ ခု၊ လျှပ်စစ်ကဏ္ဍတွင် ၁ ခု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ၆ ခု၊ ဟိုတယ် ခရီးသွား ကဏ္ဍတွင် ၁ ခု၊ သတ္ထုတွင်းကဏ္ဍတွင် ၁ ခု၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ၄ ခု၊ စိုက်ပျိုးရေးကဏ္ဍတွင် ၂ ခု၊ မွေးမြူရေးနှင့်ရေ လုပ်ငန်းကဏ္ဍတွင် ၁ ခုပေါင်း ၉၄ ခု ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများအတွက် အဆိုပါ ခွင့်ပြုပေးခဲ့သောကဏ္ဍများမှ စက်မှုကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၄၀၀.၇၁၆ သန်း၊ လျှပ်စစ်ဓါတ်အားကဏ္ဍတွင် ၃၆၄.၂၀၁ သန်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် ၃၀၉.၂၀၀ သန်း၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ၃၀၀.၀၀၀ သန်း၊ သတ္ထုတွင်းကဏ္ဍတွင် ၁၅.၃၃၄ သန်း၊ အခြားဝန်ဆောင်မူ ကဏ္ဍတွင် ၁၄.၇၆၆ သန်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ၉.၆၅၀ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ တွင် ၅.၆၀၀ သန်း အဆိုပါလုပ်ငန်း ၉ ခုပေါင်းမှ စုစုပေါင်း ငွေကျပ် သန်းပေါင်း ၁၄၁၉ ဘီလီယံ ကျော်ရရှိခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားရင်းနှီးမြုပ်နှံမှုတွင်မူ စက်မှုကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၂၂၅ ဘီလီယံ၊ အိမ်ယာဆောက်လုပ်ရေးတွင် ၁၀၈ ဘီလီ ယံ၊ သယ်ယူပို့ဆောင်ရေးတွင် ၁၁၉ ဘီလီယံ၊ ဟိုတယ်လုပ်ငန်းရင်းနှီးမြုပ်နှံမှုတွင် ၁၂၁ ဘီလီယံ၊ စက်မှုဇုံတည်ဆောက်ရာတါင် ၂၄၈ ဘီလီယံ ၎င်းလုပ်ငန်းအားလုံးပေါင်းမှ ငွေကျပ်သန်းပေါင်း ၁.၁ ထရီလီယံကျော် ရရှိခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလုပ်ငန်းရှင်များကို လုပ်ငန်းလိုင်စင်ချပေးရာတွင်လည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် လိုင်စင် ၃၄ ခုသာချပေးခဲ့ရာ မှ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် လိုင်စင် ၆၅ ခုထိ ၂ ဆကျော် တိုးမြင့်ခွင့်ပြုထားကြောင်းသိရသည်။

“ဒီ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က နှစ် ၂၀ အတွင်းမှာ နိုင်ငံခြားရင်းနှီးမြူပ်နှံမှုကော၊ တိုင်းရင်းသားရင်းနှီးမြုပ်နှံမှုကော ရင်းနှီးမြုပ်နှံကြတာ အများဆုံးနှစ်ပါဘဲ။ နောက် ဒီနှစ်ဟာ လုပ်သားအများဆုံး အလုပ်ရရှိတဲ့ နှစ်တနှစ်လည်း ဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ထွက်လာဖို့ စားသောက်ကုန်လုပ်ငန်း၊ အထည် ချုပ်လုပ်ငန်းတွေကို ဦးစားပေးချပေးတယ်”ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ရင်းနှီးမြုပ်နှံမှုဦးစီးဌာနမှထုတ်ပြန်ချက်အရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွင် လုပ်သားပေါင်း ၅၆၄၅၀၊ မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှုတွင် ၁၉၀၆၅၊ နှစ်ခုပေါင်းတွင် လုပ်သား စုစုပေါင်း ၇၅၅၁၅ အလုပ်ရရှိခဲ့ကြောင်းသိရပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင်မူ နှစ်ခုပေါင်းတွင် လုပ်သားစုစုပေါင်း ၁၆၄၅၄ သာရှိခဲ့သည့်အတွက် အဆပေါင်း ၅ ဆကျော်ခဲ့ပိုများခဲ့သည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် လာရောက်ရင်းနှီးသည့်နိုင်ငံများတွင် စင်္ကာပူနိုင်ငံမှာ အများဆုံးဖြစ်ပြီး ၎င်းနောက်တွင် ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်နိုင်ငံများ ဖြစ်သည်။

မြ၀တီ

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင်က ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ကဏ္ဍတွင် ကျပ်ငွေ ၃၀၉.၂၀၀ သန်း ရင်းနှီးမြှုပ်နှံသည် (ဓာတ်ပုံ – Reuters)
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင်က ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ကဏ္ဍတွင် ကျပ်ငွေ ၃၀၉.၂၀၀ သန်း ရင်းနှီးမြှုပ်နှံ သည် (ဓာတ်ပုံ – Reuters)
မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံရာတွင် သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမည့်လုပ်ငန်းများကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်မှစတင်ကာ လုပ်ငန်းလိုင်စင်ပေးမှုအပေါ် တင်းကြပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်မှ ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးထံမှ သိရသည်။

ဂျပန်တွင် ဖခင်တစ်ဦးက ၎င်း၏ကလေးနှစ်ဦးကို ဓားဖြင့် အသေ ထိုးသတ်

မနက်အစောပိုင်း (၂)နာရီခန့်တွင် အသက်(၁၃)နှစ်အရွယ် သားငယ်နှင့် အသက်(၁၇)နှစ်အရွယ် သမီးဖြစ်သူ တို့အား ဖခင်က ဓားဖြင့် အသေထိုးသတ်ခဲ့ကြောင်း သတင်းများက ဆိုသည်။

ဘင်္ဂ လားဒေ့ရှ် နယ်စပ် ဒုက္ခ သည် စခန်း များ မုန် တိုင်း ကာ ကွယ်ရေး လုပ်

မဟာစင် မုန်တိုင်း ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်မည်ဆိုသော သတိပေးချက်များကြောင့် ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ်ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများ ဖြစ်သည့် ကူတူပါလန်၊ လေဒါးနှင့် နော်ယာပါရာ ဒုက္ခသည် စခန်းများကို သက်ဆိုင်ရာ INGO များက ကြိုတင်ကာကွယ်မှုများ ယမန်နေ့က စတင်ပြုလုပ်နေသည်။

“မန်စီးတီးအသင်းက မန်စီနီအား မန်နေဂျာရာထူးမှ ထုတ်ပယ်”

Photo: “မန်စီးတီးအသင်းက မန်စီနီအား မန်နေဂျာရာထူးမှ ထုတ်ပယ်”

မန်ချက်စတာ စီးတီးအသင်းသည် မန်နေဂျာ ရောဘတ်တို မန်စီနီကို ရာထူးမှ တရားဝင် ဖယ်ရှားလိုက်ပြီ ဖြစ်သည်။ ပြီးခဲ့သည့် ဘောလုံးရာသီက ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိခဲ့ပြီး (၁)နှစ်တိတိ ပြည့်မြောက်သည့် မေလ(၁၃)ရက်နေ့တွင် အီတလီသား မန်နေဂျာကို အသင်းက ရာထူးမှ ရပ်စဲလိုက်ခြင်း ဖြစ်သည်။ 

မန်စီနီသည် ယင်းအတွက် လျော်ကြေး စတာလင်ပေါင် (၇)သန်း လက်ခံရရှိမည် ဖြစ်သည်။ မန်စီနီသည် ပြီးခဲ့သည့် (၂)နှစ်အတွင်း မန်စီးတီးကို အဓိက ဆုဖလားများ ရယူပေးခဲ့သော်လည်း ယခုရာသီ ပရီးမီးယားလိဂ်တွင် ရလဒ်မကောင်းခဲ့သလို FAဖလားတွင်လည်း ဗိုလ်လုပွဲ၌ အရေးနိမ့်ခဲ့သည့်နောက် ရာထူးမှ ထုတ်ပယ် ခံခဲ့ရခြင်း ဖြစ်သည်။

Read more http://www.planet.com.mm/news/read.cfm/id/21537
မန်ချက်စတာ စီးတီးအသင်းသည် မန်နေဂျာ ရောဘတ်တို မန်စီနီကိုရာထူးမှ တရားဝင်ဖယ်ရှား လိုက်ပြီ ဖြစ်သည်။ ပြီးခဲ့သည့် ဘောလုံးရာသီက ပရီးမီးယားလိဂ် ချန်ပီယံဆုရရှိခဲ့ပြီး (၁)နှစ် တိတိ ပြည့်မြောက်သည့် မေလ(၁၃)ရက်နေ့တွင် အီတလီသား မန်နေဂျာကို အသင်းက ရာထူးမှ ရပ်စဲ လိုက်ခြင်း ဖြစ်သည်။

ဧရာဝတီမြစ်အတွင်းကျောက်မှပေါ်တော်မှုဘုရားတွေ့ရှိ မြစ်ကြီးနားမြို့တွင် ဘုရားဖူးများနဲ့စည်ကား

Photo: ဧရာဝတီမြစ်အတွင်းကျောက်မှပေါ်တော်မှုဘုရားတွေ့ရှိ မြစ်ကြီးနားမြို့တွင် ဘုရားဖူးများနဲ့စည်ကား
Tuesday, May 14, 2013

မြစ်ကြီးနားမြို့ခတ်ချိုကူးတို့ဆိပ်အနီးနေဦးမောင်မြင့်+ဒေါ်နှင်းဝေတို့ဇနီး မောင်နှံကဧရာဝတီမြစ်အတွင်းမှသဲကျောက်ကိုကားပေါ်တင်စဉ်ကျောက်တုံး လေးမှာလှ၍ဆီမီးပူဇော်ရန် အိမ်သို့ယူဆောင်လာပြီးဆီမီးပူဇော်ထားရာ ထူးဆန်းသလိုဖြစ်နေ၍ ကျောက်တုံးကို ကော်ပတ်စားကြည့်ရာမှ ကျောက်တုံးထဲတွင်ဘုရားပုံပေါ်နေသဖြင့် စကားများပြန့်နှံ့သွားရာ လာရောက်ကြည့်ရှုဖူးမျော်သူများလာ၍ယခုအခါမြစ်ကြီးနားမြို့လယ်ကုန်းရပ်ကွက်၊သောင်ဦးဘုန်းတော်ကြီးကျောင်းတွင်အပူဇော်ခံထားကြောင်းသိရှိရ သည်။

ဘုရားပုံတော်မှာကျောက်တုံးထဲတွင်ထင်ရှားစွာဖူးတွေ့ရသဖြင့် လာရောက်ဖူးမျှော်သူများပြားလျှက်ရှိကြောင်းတွေ့ရှိရပါသည်။ကျောက်တုံး တွင်းမှထူးဆန်းစွာ ဖြစ်ပေါ်နေသောဘုရားကို ယုံကြည်သူများရှိသလိုစူးစမ်းလေ့လာနေသူများလည်းရှိကြောင်း ဒေသခံတစ်ချို့မှပြောကြားပါသည်။ကျောက်အမျိုးအစားမှာစလင်းကျောက်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါပေါ်တော်မှုဘုရားကိုဧပြီလ(၂၉)ရက်နေ့ကတွေ့ရှိခဲ့ကြောင်းဦးမောင်မြင့်ကပြောပါတယ်။ယခုအခါဦးမောင်မြင့်မှာရဟန်းခံလျှက်ရှိကြောင်းတွေ့မြင်ခဲ့ရပါသည်။

ငြိမ်းချမ်း(MPA)
The Hot News

မြစ်ကြီးနားမြို့ခတ်ချိုကူးတို့ဆိပ်အနီးနေဦးမောင်မြင့်+ဒေါ်နှင်းဝေတို့ဇနီး မောင်နှံကဧရာဝတီမြစ်အတွင်းမှသဲကျောက်ကိုကားပေါ်တင်စဉ်ကျောက်တုံး လေးမှာလှ၍ဆီမီးပူဇော်ရန် အိမ်သို့ယူဆောင်လာပြီးဆီမီးပူဇော်ထားရာ ထူးဆန်းသလိုဖြစ်နေ၍ ကျောက်တုံးကို ကော်ပတ်စားကြည့် ရာမှ ကျောက်တုံးထဲတွင်ဘုရားပုံပေါ်နေသဖြင့် စကားများပြန့်နှံ့သွားရာ လာရောက်ကြည့်ရှုဖူးမျော်သူများလာ၍ ယခုအခါမြစ်ကြီးနားမြို့လယ်ကုန်း ရပ်ကွက်၊သောင်ဦးဘုန်းတော်ကြီးကျောင်းတွင် အပူဇော်ခံထားကြောင်းသိရှိရ သည်။

မဟာဆန် ဆိုင်ကလုန်း မုန်တိုင်းလက္ခဏာ ရှေ့ပြေးများ ပြလာပြီ

စစ်တွေ (မဇ္စျိမ)။ ။ မိုးလေဝသနှင့် ဇလဗေဒဌာနမှ သတင်းထုတ်ပြန်ထားသည့်အတိုင်း ရခိုင်ပြည်နယ် သို့ ဖြတ်သန်းတိုက်ခတ်မည့် မဟာဆန်ဆိုင်ကလုန်းမုန်တိုင်းမှာ ယခုအခါ မုန်တိုင်းလက္ခဏာများ ပြသ လာပြီဖြစ်ကြောင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့မှ ဒေသခံများက ဆိုသည်။

ပျားရည်သည် ကမ္ဘာ့အတာရှည်ဆုံး အစားအစာ ဖြစ်

Photo: ပျားရည်သည် ကမ္ဘာ့အတာရှည်ဆုံး အစားအစာ ဖြစ်
Tuesday, May 14, 2013

အမေရိကန် ဆေးပညာရှင်တို့ လေ့လာတွေ့ရှိချက် ဖြစ်ပါတယ်။ ယခင် နှစ်ပေါင်း ၃ ထောင်ကျော်ကတည်းက သိမ်းဆည်းထားတဲ့ ပျားရည် ပုလင်း တစ်လုံးကို တွေ့ရှိခဲ့ပြီး ဓာတုဗေဒ ပညာနဲ့ ပြန်လည် စစ်ဆေးလေ့လာ ချက်အရ စားသုံးဖို့ သင့်လျော်နေသေးကြောင်း တွေ့ရှိခဲ့ပါတယ်။

ယင်းမှာပါတဲ့ သဘာဝဓာတ်များဟာ မပြောင်းလဲပဲ အရင်အတိုင်းကို ရှိနေတာ ဖြစ်ပါတယ်။ တော်ရုံ အပြင် ဘက်တီးရီးယားပိုးမွှားများလည် မဝင်နိုင်ပါဘူး။ သို့ပေမယ့် နေရောင်ခြည် ထိတွေ့ရန် ခက်ခဲတဲ့နေရာတွေမှာ ရှိနေမှသာ အထားခံတာ ဖြစ်ပါတယ်။

အီဂျစ်နိုင်ငံက ရှေးဟောင်း ဘုရင်မင်းမြတ် အဆောက်အအုံ၊ ပရဝံတွေထဲမှာ သိမ်းဆည်းထားတဲ့ ပျားရည် အိုးတစ်လုံးကို ပြန်လည်တွေ့ရှိခဲ့မှု ဖြစ်ပါတယ်။ လေ့လာချက်အရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၃၀၀ ကျော်ကတည်းက သိမ်းဆည်းထားခြင်း ဖြစ်ပြီး အာနိသင်ဓာတ်တို့ အရင်အတိုင်းဖြစ်နေတာကို အံ့မခန်းတွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် ပျားရည်ဟာ ကမ္ဘာ့အတာရှည်ခံဆုံး အစားအစာ တစ်မျိုး အဖြစ် စံချိန်တင်စေခဲ့ကြောင်း သိရပါတယ်။
--
Ref: dyknow
အမေရိကန် ဆေးပညာရှင်တို့ လေ့လာတွေ့ရှိချက် ဖြစ်ပါတယ်။ ယခင် နှစ်ပေါင်း ၃ ထောင်ကျော်ကတည်းက သိမ်းဆည်းထားတဲ့ ပျားရည်ပုလင်းတစ်လုံးကိုတွေ့ရှိခဲ့ပြီး ဓာတုဗေဒပညာနဲ့ ပြန်လည် စစ်ဆေးလေ့လာချက်အရ စားသုံးဖို့ သင့်လျော်နေသေးကြောင်း တွေ့ရှိခဲ့ပါတယ်။

မီးကြိုးပေါက်နှင့်အလူမီနီယံမျဉ်းတံထိပြီး ဓါတ်လိုက်သေဆုံး

၁၂-၅-၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ စိုက်ပျိုးရေး တက္ကသိုလ်ဝင်း၊ ဓါတုဗေဒဌာန ရှိ သံဇကာပျိုးခြံတည်ဆောက်ရေးလုပ်ငန်းခွင်တွင် တောင်တွင်းကြီးမြို့၊ ရွှေအိုးကြီး(၂)ရပ်ကွက်နေ ဦးလှမင်း

ရန်ကုန်တိုင်း၌ အဓမ္မကျင့်မှု သုံးရက်လျှင် တကြိမ်၊ ကလေးများကို ကျူးလွန်မှု လေးလအတွင်း ၂၆ မှုရှိ

ရန်ကုန်တိုင်းအတွင်း အမျိုးသမီးများ အဓမ္မ ပြုကျင့်ခံရမှုနှုန်းမှာ သုံးရက်လျှင် တကြိမ်ခန့်ဖြစ်ပွားနေပြီး အသက်မပြည့်သေးသူ မိန်းခလေးငယ်များအား ကျူးလွန်ခံရမှုပေါင်းမှာ လေးလအတွင်း ၃၀ နီးပါးခန့်အထိ
ရှိလာကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်း၏ မှုခင်း သတင်းမှတ်တမ်းများအရ သိရသည်။“ပထမ လေးလ အတွင်းမှာတင် မုဒိမ်းမှုပေါင်း ၄၇ မှု ဖြစ်တယ်။ အဲဒီမှာ အသက် ၁၆ နှစ်အောက် မိန်းခလေးတွေ အဓမ္မ ပြု ကျင့်ခံရမှုပေါင်းက ၂၆ မှုထိ ရှိတယ်။ အဲဒီထဲမှာပဲ ၁၀ နှစ်အောက်က ၆ မှုပါတယ်” ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံး ဦးစီး(၂)ဌာနခွဲမှ ဒုရဲမှူးက မဇ္ဈိမကို ပြောသည်။

မဟာဆန် မုန်တိုင်း မြန်မာနိုင်ငံအထက်ပိုင်းသို့ ဖြတ်သန်းမည်ဟု ခန့်မှန်း

ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည်စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း သို့ ဖြတ်သန်းမည်။ သို့ဖြစ် ပါ၍ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ မင်းကင်းမြို့ ကလေးဝမြို့ ကလေးမြို့ တမူးမြို့ မော် လိုက် မြို့ ဖောင်းပြင်မြို့ ဟုမ္မလင်းမြို့ ခန္တီးမြို့ နယ်များရှိ ပြည်သူများအနေဖြင့် မုန်တိုင်း အန္တရယ် အတွက် အထူး သတိပြုကြရန်လိုအပ်မည်ဖြစ်ပါကြောင်း ထိုအပြင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် အနီစပ် ဆုံးဖြစ်သော ကနီမြို့ မုံရွာမြို့ ဆားလင်းကြီး ယင်းမာပင် ပုလဲမြို့ နယ်များအနေဖြင့်လည်း အသင့် အနေ အထားတွင်ရှိရန်လိုအပ်မည်ဖြစ်ကြောင်း သလ္လာဝတီ တိုင်းမ် မီဒီယာဂရု မှ လေးစားစွာဖြင့် အစီရင်ခံ တင်ပြအပ်ပါသည်။

ရေအောက် အတွင်း၌ နှစ်ဆယ့် ငါးနှစ်ကြာခန့် နစ်မြုပ် နေရာမှ ပြန်လည်ထွက်ပေါ် လာခဲသည့် အာဂျင်တီးနား နိုင်ငံမှ ကမ်းခြေ အပန်းဖြေမြို့

ရေအောက် အတွင်း၌ နှစ်ဆယ့် ငါးနှစ်ကြာခန့် နစ်မြုပ် နေရာမှ ပြန်လည်ထွက်ပေါ် လာခဲသည့် အာဂျင်တီးနား နိုင်ငံမှ ကမ်းခြေ အပန်းဖြေမြို့
ရေအောက်အတွင်း နှစ်ဆယ့်ငါးနှစ်ကြာခန့် နစ်မြုပ်ခဲ့ရသည့် အာဂျင်တီးနား နိုင်ငံ၏ အပန်းဖြေ မြို့ ငယ်လေး ဖြစ်သော အက်ပီကူရန်မြို့သည် ကုန်းမြေမျက်နှာပြင် ပေါ်သို့ ပြန် လည်ထွက်ပေါ် လာခဲ့ကြောင်း အင်တာနက်သတင်းတွင် ဖော်ပြလျက်ရှိသည်။

တရုတ် ရဟတ်ယာဉ် သတင်း UWSA တရား ၀င် ရှင်းလင်း


Photo: တရုတ်ရဟတ်ယာဉ်သတင်း UWSA တရားဝင် ရှင်းလင်း
Tuesday, May 14, 2013

ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ဦးသိန်းဇော် ဦးဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့ဟာ ၀ ပြည် သွေးစည်း ညီညွတ်ရေးပါတီ ဌာနချုပ် ပန်ဆိုင်းရှိရာကို သွားခဲ့စဉ်မှာ မြန်မာသတင်းစဉ်အဖွဲ့လည်း ပါဝင်သွားခဲ့ရာ ၀ တိုင်းရင်းသား ခေါင်းဆောင်တွေက တရုတ်ပြည်က စစ်သုံးရဟတ်ယာဉ် ရခဲ့တယ်ဆိုတဲ့ သတင်းကို တရားဝင် ငြင်းဆိုခဲ့ပါတယ်။ 

ဧပြီ လကုန်ပိုင်းက Jane's Intelligent Review က သတင်းတပုဒ်မှာ တရုတ်နိုင်ငံဆီက ဝေဟင် မှ ဝေဟင်ပစ် ဒုံးလက်နက် တပ်ဆင်ထားတဲ့ စစ်သုံးရဟတ်ယာဉ် ၅ စီး UWSA က ရခဲ့တယ်ဆိုတဲ့ သတင်းကြောင့် ၀ ပြည်သွေးစည်းညီညွတ်ရေး ပါတီ ဒုဥက္ကဌ  ဦးရှောင်းမီးလျှန်းက အနည်းငယ်တော့ စိုးရိမ်မိတယ်လို့ ယနေ့ ထုတ် နိုင်ငံပိုင်  မြန်မာ့ အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။  

 ၀ ဒေသဟာ ဖွံ့ဖြိုးမှု နောက်ကျနေတာကြောင့် ဒေသတွင်းက လူတွေ ဗဟုသုတရစေဖို့ ဥယျာဉ်ကြီး တခု တည်ဆောက်ပြီး အဲဒီဥယျာဉ်ထဲမှာ ပြသဖို့ လေယာဉ် ၂ စီးတော့ ၀ယ်ခဲ့ပါတယ်တဲ့။ 

" ထိုင်းနိုင်ငံက ရဟတ်ယာဉ်အဟောင်း ( အခွံချည်းသက်သက်) စက်မပါတာက တစင်း၊ ဖော်ကာ လေ ယာဉ် အသေးစား ( စက်မပါ) တစင်း၊ မြစ်ကြောင်းသွား ရေယာဉ်တစင်း၊ စုစုပေါင်း ၃ စင်း ကို ၀ယ်ယူခဲ့ပါတယ်။ ရဟတ်ယာဉ်မှာ နောက်မြီးတောင် မပါပါဘူး" လို့ ဦးရှောက်မီးလျှန်းက ပြောထားပါတယ်။ 

ဒီသတင်းဖြစ်ပေါ်ပြီးနောက်ပိုင်း မြန်မာအစိုးရ ဘက်ကလည်း  စိုးရိမ်မှုတွေ ရှိလာပြီး  မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ သွားခဲ့ရတာပါ။ 

အခုတော့ UWSA ခေါင်းဆောင်တွေနဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တို့ဟာ အစိုးရနဲ့ UWSA အကြား နားလည်မှု လွဲမှားနိုင်တဲ့ သတင်းတွေအပေါ် စိုးရိမ်ကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာ့အလင်း သတင်းမှာ ဖော်ပြထားပါတယ။် 

ဧရာဝတီbolg
ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ဦးသိန်းဇော် ဦးဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့ဟာ ၀ ပြည် သွေး စည်း ညီညွတ်ရေးပါတီ ဌာနချုပ် ပန်ဆိုင်းရှိရာကို သွားခဲ့စဉ်မှာ မြန်မာသတင်းစဉ်အဖွဲ့လည်း ပါဝင်သွားခဲ့ရာ ၀ တိုင်းရင်းသားခေါင်းဆောင်တွေက တရုတ်ပြည်က စစ်သုံးရဟတ်ယာဉ်ရခဲ့တယ်ဆိုတဲ့ သတင်းကို တရားဝင် ငြင်းဆိုခဲ့ပါတယ်။

အာတိတ်ရေခဲလွှာ ပျောက်ဆုံးမှုကြောင့် ဖြစ်လာမည့် ရာသီဥတုအပြောင်းအလဲကို ပြင်ဆင်ထားရန်လို

Photo
မြန်မာအပါအ၀င် အာဆီယံနိုင်ငံများအနေဖြင့် ၂၀၁၅ တွင် အာတိတ်ရေခဲ လွှာများ ပျောက်ဆုံး မှုကြောင့် ဖြစ်ပေါ်လာမည့် ရာသီဥတုဖြစ်စဉ် မြန်ဆန်စွာပြောင်းလဲလာခြင်းအတွက် ပြင်ဆင်ထား သင့်ကြောင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်က အကြံပြုသည်။

မောင်တောမြို့နယ်နေပြည်သူများ မုန်တိုင်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ဒေသခံတပ်မတော်နှင့် မီးသတ်တပ်ဖွဲ့များက ကူညီရွှေ့ပြောင်းပေးနေကြစဉ်

Photo: မောင်တောမြို့နယ်နေပြည်သူများ မုန်တိုင်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ဒေသခံတပ်မတော်နှင့် မီးသတ်တပ်ဖွဲ့များက ကူညီရွှေ့ပြောင်းပေးနေကြစဉ်
(ဦးရဲထွဋ် facebook မှ)
                                                     (ဦးရဲထွဋ် facebook မှ)

မုန်တိုင်းနှင့်ပတ်သက်၍ သတိရှိရှိပြင်ဆင်မှု နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံးဖြစ်

မုန်တိုင်းနှင့်ပတ်သက်၍ သတိရှိရှိပြင်ဆင်မှု နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံးဖြစ် 

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်နှင့် ပတ်သက်၍ ယင်းဆိုင်ကလုန်းမုန်တိုင်း သက်ရောက်နိုင်ခြေရှိသည့် ဒေသများတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ ၀န်းကျင်အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရာတွင် ယခုနှစ် ဆိုင်ကလုန်း မုန်တိုင်းသက်ရောက်နိုင်ခြေ အတွက် ကြိုတင်ပြင်ဆင်မှုမှာ အမြင့်ဆုံး ဖြစ်နေကြောင်းလည်း သိရှိရသည်။

ဆိုင်ကလိုင်းမုန်တိုင်း မဟာစင်သည် မြန်မာနိုင်ငံ ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင် ၄၁၀ ခန့်အကွာ၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၆၄၀ ခန့် အကွာ၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၅၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မေ ၁၃ ရက် မွန်းလွဲပိုင်းက ထုတ်ပြန်သည်။

လက်ရှိတွင် မုန်တိုင်း အဓိက ဖြတ်ကျော်သက်ရောက်နိုင်ရာ ရခိုင်ကမ်းရိုးတန်း ဒေသအပါအ၀င် ကမ်းရိုးတန်းဒေသများ၊ ဆက်စပ်ရာ ဒေသများတွင်လည်း သက်ဆိုင်ရာဌာနမှ ကြိုတင်သတင်းထုတ်ပြန်ခြင်း၊ နိုင်ငံပိုင် မီဒီယာများမှ ထုတ်ပြန်မှု၊ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာများ၏ သတင်းဖော်ပြမှုများကြောင့် ပြည်သူများထံ သတင်းအချက်အလက်များ နေ့စဉ် ရောက်ရှိနေခြင်း၊ ပုဂ္ဂလိက မီဒီယာဝက်ဘ်ဆိုက်များမှ သတင်းဖော်ပြခြင်း၊ ဖေ့စ်ဘွတ်ကဲ့သို့ လူမှုကွန်ရက် အသုံးပြုသူ၊ အင်တာနက် ပုံမှန်အသုံးပြုသူများ အကြား သတင်းဝေမျှခြင်း စသည်တို့ကြောင့် ကြိုတင်ပြင်ဆင်မှုများ အားကောင်းလာခြင်း ဖြစ်သည်ဟု သိရှိရသည်။

မဟာစင်မုန်တိုင်းသည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ကမ်းခြေကို ဖြတ်ကျော် ၀င်ရောက်မည်ဟု ခန့်မှန်းထားသည့် အတွက်ကြောင့် ရခိုင်ပြည်နယ်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များအား လက်ရှိတွင် ငါးဖမ်းမထွက်ရန် တားမြစ်ထားကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

ရခိုင်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစံကျော်လှက ''လက်ရှိမှာ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းယာဉ်တွေကို ပင်လယ်ထဲမထွက်ဖို့ တားမြစ်ထားတယ်။ မြို့နယ်တွေမှာလည်း မုန်တိုင်းသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ထုတ်ပြီးဝေနေတာတွေ လုပ်ထားပါတယ်'' ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် သမိုင်းတွင် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့ပြီး ထိုစဉ်က အဓိကအားနည်းခဲ့သည့် အချက်မှာ ကြိုတင်ပြင်ဆင်ခြင်းသာ ဖြစ်ကြောင်း နာဂစ်မုန်တိုင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက ပြောကြားသည်။

ယခု ဆိုင်ကလုန်း မဟာစင်သည် မြန်မာနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက် နိုင်သည်ဟု ခန့်မှန်းထားပြီး ယင်းသို့ ဖြတ်ကျော်ဝင်ရောက်မှု ရှိလာပါကလည်း မုန်တိုင်းအန္တရာယ်ကို ကြုံတွေ့နိုင်ခြေရှိသော ဒေသများတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေခြင်းကြောင့် ယခင်ကဲ့သို့ ပျက်စီးဆုံးရှုံးမှု၊ သေကျေမှု စသည့် ထိခိုက်နစ်နာမှုများ နည်းပါးနိုင်သည်ဟု သိရှိရသည်။

ရခိုင်ပြည်နယ်သည် ဂီရိမုန်တိုင်း သက်ရောက်မှုကို ၂၀၁၀ ပြည့်နှစ်က တွေ့ကြုံခဲ့ရပြီး ဆုံးရှုံးထိခိုက်မှုများကိုလည်း ကြုံတွေ့ခဲ့ရသော ဒေသခံများသည် လက်ရှိတွင် မုန်တိုင်းအန္တရာယ်ကို စိုးရိမ်နေကြကာ ပြင်ဆင်မှုများ ပြုလုပ်လာကြခြင်းဖြစ်သည်။

မုန်တိုင်းသတိပေးချက် ထုတ်ပြန်ပြီးနောက် ကြိုတင်ကာကွယ်သည့် အနေဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြတ်ကျော် သွားလာသူများအား မေလ ၁၃ ရက်နေ့မှ စတင်ကာ မြန်မာဘက်မှ ပိတ်ထားလိုက်ပြီ ဖြစ်သည်။

''မေလ ၁၃ ရက်နေ့ကနေ ကူတို့လှေတွေကို မထွက်ဖို့ သက်ဆိုင်ရာက တားထားပါတယ်။ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အနေနဲ့ အခုလိုရေလမ်းခရီးကို သတိပေးတားထားတာလို့ သိရတယ်။ မေလ ၁၆ ရက်နေ့အထိ ပိတ်ထားမယ်လို့ သိရတယ်'' ဟု မောင်တောမြို့မှ ဈေးသည်တစ်ဦးက ပြောသည်။

ယင်းအပြင် ငါးဖမ်းစက်လှေများ၊ ကူးတို့လှေများအား ပင်လယ်ပြင်သို့ ထွက်ခြင်းအား ရှောင်ရှားရန် သတိပေးထားပြီး ဖြစ်ကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ပြောသည်။

လက်ရှိအချိန်တွင် မောင်တောမြို့ပေါ် ရပ်ကွက်များတွင် မုန်တိုင်းကို သတိထား စောင့်ကြည့်ရန်လိုကြောင်း အ၀ါရောင် အလံများကို စိုက်ထူထားကြောင်းနှင့် မုန်တိုင်း သတိပေးချက်ကို ပြန်ကြားရေးမှ လိုက်လံကြေညာနေပြီ ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာမှ မြေနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာများနှင့် ပင်လယ်ကမ်းစပ်နှင့် ဆက်စပ်မှုရှိသည့် ဒေသမှ ဒေသခံများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။ ယင်းအပြင် မောင်တောမြို့ အထက ကျောင်းဝင်းအတွင်းမှ ကျောင်းဆောင်များတွင် စားနပ်ရိက္ခာများကို ပြောင်းရွှေ့ သိုလှောင်မှုများ စတင်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

''မုန်တိုင်းအန္တရာယ်နဲ့ ပတ်သက်လို့ တချို့က ဆန်တွေ၊ ဆီတွေကို တစ်ပတ်စာလောက် စုဆောင်းထားတယ်'' ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးစံကျော်လှက ပြောသည်။

ဒေသခံများအနေဖြင့် ထုတ်ပိုး ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်နေကြသော်လည်း နေအိမ်စွန့်ခွာ ပြောင်းရွှေ့မှုမျိုး မလုပ်သေးကြောင်းလည်း သိရသည်။

''မုန်တိုင်းက ၁၆ ရက်နေ့ ၀င်မယ်ဆိုတော့ အခုတော့ ကြိုတင်ပြင်ဆင်စရာ တွေကို ပြင်ဆင်လုပ်နေတယ်။ ပြောင်းဖို့ရွှေ့ဖို့တော့ ဘယ်သူမှ မလုပ်သေးဘူး။ တကယ်လို့ မုန်တိုင်းဝင်လာရင်တော့ အမြင့်ပိုင်း ရပ်ကွက်တွေဖြစ်တဲ့ ကညင်တန်းတို့ အထကကျောင်းတို့ကို ပြောင်းရမယ်။ ၉၄ မုန်တိုင်းတုန်းကတော့ ဆေးရုံလည်း ရေမြုပ်တယ်။ ရေတွေလမ်းကျော်လို့ သွားမရဖြစ်တယ်'' ဟု မောင်တောမြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် တည်ရှိနေရာမှ ပိုမိုအားကောင်းလာကာ မေလ ၁၀ ရက်နေ့တွင် အပူပိုင်း မုန်တိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ အပူပိုင်းမုန်တိုင်းသည် ပိုမိုအားကောင်းလာပြီး မေလ ၁၁ ရက်နေ့တွင် ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

မေလ ၁၀ ရက်နေ့မှ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းအထိ မုန်တိုင်းအား မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု ထုတ်ပြန်ခဲ့ကာ မေလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင်မူ မုန်တိုင်းသည် ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိပြီး ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကမ်းခြေ ဒေသများကို ဖြတ်ကျော်မည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်ကို နိုင်ငံပိုင်မီဒီယာများမှ ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် မုန်တိုင်းဝင်ရောက်မည့် အချိန်ကို မေလ ၁၆ ရက်နေ့ ညပိုင်းဟု ခန့်မှန်းထားသည်။

တနင်္သာရီ ကမ်းရိုးတန်းဒေသရှိ မြိတ်မြို့တွင် မုန်တိုင်းနှင့် ပတ်သက်ပြီး သတိပေး နှိုးဆော်ချက်များ ပြုလုပ်လျက်ရှိပြီး ပင်လယ်ပြင်အတွင်း ရောက်ရှိနေသော ငါးဖမ်းလှေအချို့မှာလည်း ကျွန်းများတွင် ခိုအောင်းလျက်ရှိကြောင်း သိရသည်။

မုန်တိုင်းသတိပေးချက် သတင်းများနှင့်အတူ မြိတ်မြို့တွင် မြို့နေလူထုနှင့် ငါးဖမ်းလှေများကို သတိပေးနှိုးဆော်မှုများ လိုက်လံပြုလုပ်လျက်ရှိပြီး လက်ကမ်းစာစောင် ဝေငှခြင်းများလည်း ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

''ကမ်းခြေနဲ့ အနီးနားကို ရောက်နေတဲ့ ငါးဖမ်းလှေတွေကိုတော့ အချိန်တိုအတွင်း ရောက်နိုင်ရင် မြိတ်ကိုပဲဝင် လာခိုင်းပါတယ်။ ဝေးလံတဲ့ နေရာတွေမှာ ရှိနေတဲ့ ငါးဖမ်းလှေတွေကိုတော့ နီးစပ်ရာ ကျွန်းတွေမှာ ခိုးအောင်နေကြပါတယ်။ လှေအတော်များများကတော့ ကွမ်းသီးကျွန်းမှာ မုန်တိုင်းဝင်ခိုနေပါတယ်'' ဟု ငါးဖမ်းလှေ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိတွင် မုန်တိုင်း၏ ဗဟိုချက်တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၆၀ နှုန်း ရှိနေသည်။ မေလ ၁၆ ရက်နေ့ ကမ်းရိုးတန်း ၀င်ရောက်ချိန်တွင်မူ တစ်နာရီလျင်မိုင် ၁၀၀ ၀န်းကျင်ဖြင့် တိုက်ခတ်နိုင်ကာ သက်ရောက်ရာ ဒေသများတွင် ရခိုင်ပြည်နယ်အပြင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့လည်း ပါဝင်နေသည်။

မုန်တိုင်းသက်ရောက်ရာ ခန့်မှန်းလမ်းကြောင်းတွင် ပါဝင်ခြင်း မရှိသော်လည်း ယခင်က နာဂစ်မုန်တိုင်းကို တွေ့ကြုံခဲ့ဖူးသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင်လည်း မုန်တိုင်းနှင့်ပတ်သက်၍ နိုးကြားမှု ရှိနေသည်။

မဟာစင်သည် ၂၀၁၃ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံး ဖြစ်ပေါ်သော မုန်တိုင်းဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ၀န်းကျင်အတွင်း အသေအပျောက်နှင့် ဆုံးရှုံးမှုများ ပြားခဲ့သည့် မုန်တိုင်းဖြစ်စဉ်များမှာ ၁၉၆၈ ခုနှစ် စစ်တွေ မုန်တိုင်း၊ ၁၉၇၅ ခုနှစ် ပုသိမ် မုန်တိုင်း၊ ၁၉၈၂ ခုနှစ် ဂွမုန်တိုင်း၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း စသည်တို့ဖြစ်သည်။
 ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်နှင့် ပတ်သက်၍ ယင်း ဆိုင်ကလုန်းမုန်တိုင်း သက်ရောက်နိုင်ခြေရှိသည့် ဒေသများတွင် ကြိုတင်ပြင်ဆင် မှုများ ပြုလုပ်နေကြ ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ ၀န်းကျင်အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရာတွင် ယခုနှစ် ဆိုင်ကလုန်း မုန်တိုင်းသက်ရောက်နိုင်ခြေ အတွက် ကြိုတင်ပြင်ဆင်မှုမှာ အမြင့်ဆုံး ဖြစ်နေကြောင်းလည်း သိရှိရသည်။

၂၀၁၅ တွင် ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ အထိရှိလာရန် ရွေးချယ် ခံရသော အော်ပရေတာ ကုမ္ပဏီအနေဖြင့် ဒေါ်လာနှစ်ဘီလျံခန့် မြှုပ်နှံ ရဖွယ်ရှိနေ

Photo: ၂၀၁၅ တွင် ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ အထိရှိလာရန် ရွေးချယ် ခံရသော အော်ပရေတာ ကုမ္ပဏီအနေဖြင့် ဒေါ်လာနှစ်ဘီလျံခန့် မြှုပ်နှံ ရဖွယ်ရှိနေ

၂၀၁၅ ခုနှစ်သို့ အရောက်တွင် ပြည် တွင်း၌ ဖုန်းသိပ်သည်းဆကို ရာခိုင်နှုန်း ၅၀ အထိ ရှိလာရန် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ လာမည့် ဇွန်လအတွင်း၌ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီနှစ်ခု ရွေးချယ်မည်ဖြစ်ပြီး ယင်းအော်ပရေတာ ကုမ္ပဏီများအနေဖြင့် ဒေါ်လာနှစ်ဘီလျံခန့် ရင်းနှီးမြှုပ်နှံရဖွယ်ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူများက သုံးသပ်ပြောကြားခဲ့သည်။

''၂၀၁၅ အရောက်မှာ ဖုန်းသိပ်သည်းဆကို ရာခိုင်နှုန်း ၅၀ အထိ ရောက်စေချင်တယ်။ မိုဘိုင်းဖုန်းရော ကြိုးဖုန်းပါ။ နိုင်ငံတကာကို ကြည့်တော့ ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ ဖြစ်လာဖို့ ငါးနှစ်ကနေ ခုနစ်နှစ်အထိ အချိန်ယူကြရတာ တွေ့ရတယ်။ ဗီယက်နမ် နိုင်ငံကတော့ သုံးနှစ်အတွင်းမှာ ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ အထိရှိလာအောင် လုပ်ဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ မပေးချင်ပါဘူး။ ၂၀၁၅ မှာ ရာခိုင်နှုန်း ၅၀ ဖြစ်လာဖို့အတွက် နှစ်နှစ်ခွဲပဲ အချိန်ရမှာ ဖြစ်ပါတယ်။ အကောင်းဆုံး၊ အတွေ့အကြုံ အများဆုံး အော်ပရေတာ ကုမ္ပဏီကို ရွေးချယ်မယ်ဆိုရင်တော့ နှစ်နှစ်ခွဲအတွင်းမှာ ဖြစ်လာနိုင်ပါတယ်။ ဖုန်းသိပ်သည်းဆ မြင့်တက်လာဖို့ကို ဦးစားပေးသွားမှာဖြစ်ပြီး အဲဒီမှာမှ မိုဘိုင်းဖုန်းတွေကို ဦးစားပေးသွားမှာ ဖြစ်ပါတယ်'' ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ရွေးချယ်ခံရသော ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီအနေဖြင့် အချိန်ကာလ နှစ်နှစ်ခွဲအတွင်း ဖုန်းသိပ်သည်းဆကို ရာခိုင်နှုန်း ၅၀ အထိ ရောက်လာရန် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်သောကြောင့် ဒေါ်လာနှစ်ဘီလျံ ရင်းနှီးမြှုပ်နှံရဖွယ် ရှိကြောင်းလည်း ခန့်မှန်းသုံးသပ်ခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ မိုဘိုင် ဖုန်း သိပ်သည်းဆမှာ ခုနှစ်ရာခိုင်နှုန်းခန့်ရှိပြီး အော်တိုကြိုးဖုန်း သိပ်သည်းဆမှာ တစ်ရာခိုင်နှုန်းကျော်သာ ရှိကြောင်း သိရသည်။

ဆက်သွယ်ရေး ကုမ္ပဏီလေးခုမှ ၂၀၁၃ မှ ၂၀၁၆ အတွင်း၌ မိုဘိုင်းဖုန်းအလုံးရေ ၃၉ သန်းခွဲခန့် ရောင်းချပေးနိုင်ရန် စီစဉ်ထားကြောင်း ယခင်က ထုတ်ပြန်ခဲ့ဖူးသည်။

ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများအတွက် အရည်အသွေး သတ်မှတ်ချက်များလည်း ထားရှိမည်ဖြစ်ပြီး ချို့ယွင်းချက်များရှိပါက ဒဏ်တပ်သွားမည်ဟု သိရသည်။

''ဖုန်းခေါ်ဆိုမှုအကြိမ် ၁၀၀ မှာ ၉၉ ကြိမ် လိုင်းမိရမယ် စသဖြင့် သတ်မှတ်ချက်တွေ ရှိပါတယ်။ ခေါ်ဆိုလို့ မရဘူး၊ လိုင်းမမိတာတွေ များမယ်ဆိုရင် ဒဏ်တပ်မှာဖြစ်ပါတယ်'' ဟု ၀န်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။   

၂၀၁၁-၂၀၁၂ အတွင်း နိုင်ငံအချို့၏ မိုဘိုင်းဖုန်း သိပ်သည်းဆများ

ထိုင်း                 ၁၂၃ ရာခိုင်နှုန်း

မလေးရှား           ၁၂၂ ရာခိုင်နှုန်း

တောင်ကိုရီးယား   ၁၀၈ ရာခိုင်နှုန်း

ဖိလစ်ပိုင်            ၁၀၃ ရာခိုင်နှုန်း

အင်ဒိုနီးရှား         ၉၆ ရာခိုင်နှုန်း

တရုတ်             ၇၈ ရာခိုင်နှုန်း

အိန္ဒိယ               ၇၈ ရာခိုင်နှုန်း

ပါကစ္စတန်          ၆၆ ရာခိုင်နှုန်း

ဘင်္ဂလားဒေ့ရှ်      ၅၀ ရာခိုင်နှုန်း

မြန်မာ               ၇ ရာခိုင်နှုန်း

မေ ၁၃ ရက်က ကျင်းပသော အော်ပရေတာတင်ဒါနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ဆက်/နည်းပညာ ဒုဝန်ကြီးဦးသောင်းတင်မှ ရှင်းလင်းစဉ်
မေ ၁၃ ရက်က ကျင်းပသော အော်ပရေတာတင်ဒါနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ဆက်/နည်းပညာ ဒုဝန်ကြီးဦးသောင်းတင်မှ ရှင်းလင်းစဉ်
၂၀၁၅ ခုနှစ်သို့ အရောက်တွင် ပြည် တွင်း၌ ဖုန်းသိပ်သည်းဆကို ရာခိုင်နှုန်း ၅၀ အထိ ရှိလာရန် အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ လာမည့် ဇွန်လအတွင်း၌ ဆက်သွယ်ရေး အော် ပရေတာ ကုမ္ပဏီနှစ်ခု ရွေးချယ်မည်ဖြစ်ပြီး ယင်းအော်ပရေတာ ကုမ္ပဏီများအနေဖြင့် ဒေါ်လာနှစ်ဘီလျံခန့် ရင်းနှီးမြှုပ်နှံရဖွယ်ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူများက သုံးသပ်ပြောကြားခဲ့သည်။

မိတ္ထီလာ အကြမ်းဖက်မှုအတွက် ၆ ဦးကို မေ ၂၁ မှာ စီရင်ချက်ချမည်

ပြီးခဲ့တဲ့မတ်လက မိတ္ထီလာမြို့တွင်းမှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခမှာ သံဃာတော်တစ်ပါး အသတ်ခံရမှုနဲ့ ပတ်သက်တဲ့ သံသယရှိသူ ၇ ဦးထဲက ၆ ဦးကို လာမယ့် မေလ ၂၁ ရက်နေ့မှာ အမိန့်ချမှတ်မယ်လို့ သိရ ပါတယ်။

“မဟာဆန်” မုန်တိုင်းနောက်ဆက်တွဲ သတင်း”


Photo: “မဟာဆန်” မုန်တိုင်းနောက်ဆက်တွဲသတင်း”

၁၄.၅.၂၀၁၃၊ အင်္ဂါနေ့

မဟာဆန်မုန်တိုင်းဝင်ရောက်ရန် တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ အိန္ဒိယနိုင်ငံများမှ ပင်လယ်ရေကြောင်းဆိပ်ကမ်း တွေအားလုံး အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် အသိပေးထားပြီး၊ အရေးပေါ်အစီအစဉ်များ အားလုံး ကြိုတင်ပြင်ထားပြီးဖြစ်ကြောင်း ZeeNews. com အင်တာနက်သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။ 

မုန်တိုင်းဗဟိုမှာ (၈၅)မိုင်စက်ဝန်းအတွင်း ရေပြင်၊ မြေပြင်လေတိုက်နှုန်း (၁)နာရီမိုင်(၁၀၀)နှုန်းမှ (၁၄၅) နှုန်းအထိ တိုက်ခတ်နိုင်ကြောင်း၊ နောက်(၄၈)နာရီအတွင် လှေသင်္ဘောများ ပင်လယ်ပြင်မထွက်ကြရန် နှိုးဆော် ထားကြောင်း၊ အပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို မရောက်ရှိနိုင်သော်လည်း ပိုမိုအားကောင်းလာနိုင်ဖွယ် ရှိကြောင်း၊ (NDTV)မြန်မာဘင်္ဂလားနှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ ရေကြီးမြေပြိုမှုတွေ ဖြစ်လာနိုင်တဲ့အတွက် အရေးပေါ်စီမံခန့်ခွဲမှုတွေ ကြိုတင်ဆောင်ရွက်ထားရှိကြရန် အဆက်မပြတ် သတိပေးနှိုးဆော်လျှက်ရှိပါသည်။ ။

မြန်မာစံတော်ချိန် ၀၀း၃၀နာရီ တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ တမီနာဒူးပြည်နယ်ကမ်းရိုးတန်း၏ အရှေ့ဖက် ၃၄၈-မိုင်၊ မြန်မာနိုင်ငံပုသိမ်မြို့၏ အနောက်တောင်ဖက် ၆၄၇-မိုင်အကွာ ပင်လယ်ပြင်မှာ ဗဟိုပြုရောက်ရှိနေပြီး နောက် ၄၈-နာရီအတွင်း ငပလီကမ်းခြေမှ ၄၃၀-မိုင်၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစတကောင်းမြို့၏အနောက်တောင်ဖက် မိုင်၄၀၀ အကွာကို ရောက်ရှိလာမှာဖြစ်ပြီး “မဟာဆန်” ဆိုင်ကလုံးဟာ မြန်မာ့ကမ်းရိုးတမ်းကိုဖြတ်ကျော်ကာ ကုန်းတွင်းပိုင်းဒေသဆီသို့ ဦးတည်နိုင်ခြေကို အင်္ဂါနေ့ (မေလ-၁၄-ရက်)ကစတင်ပြီး သတိထားစောင့်ကြည့်ရတော့မှာဖြစ်ပြီး ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း အနောက်အလယ်ပိုင်းဒေသများ၊ ချင်းပြည်နယ်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးသက်မုန်တိုင်းများ ၀င်ရောက်လာနိုင်ခြေမြင့်မားနေပြီး၊ ရေကြီးမြေပြိုမှုတွေကြုံတွေ့နိုင်တာကြောင့် ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေး အစီအစဉ်တွေ ဆောင်ရွက်ထားရှိရန် အသိပေးနှိုးဆော်လိုက်ရပါတယ်။

မြန်မာနိုင်ငံနှင့်ပါတ်သက်၍လည်း……
ရခိုင်ပြည်နယ်မြောက်ပိုင်း သတိပေးအဆင့်ရှိဖို့လိုပြီဖြစ်ကြောင်း MCCW ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
“မဟာဆန်” ဆိုင်ကလုံးမုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ကို ရွှေ့လျားနေရာက မေလ ၁၃-ရက်နေ့ နေ့လည်ကစတင်ပြီး မြောက်ဘက်ကို ဦးတည်နေပြီး မေလ ၁၃ရက်နေ့ ညမှာတော့ အရှေ့မြောက်ကို ဦးတည်ရွှေ့လျားတော့မယ့် တစ်ဆစ်ချိုး အပြောင်းအလဲကို ဦးတည်နေတယ်လို့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထာပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကို သတိပေးအဆင့်ထားဖို့လိုနေပြီး ရခိုင်ကမ်းရိုးတမ်းနဲ့ ဧရာဝတီတိုင်းအနောက်ခြမ်းကိုတော့ နှိုးဆော်အဆင့် သတ်မှတ်ဖို့လိုတယ်လို့ မြန်မာ့ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ စောင့်ကြည့်အဖွဲ့ MCCW က ဆိုပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှလည်း သတင်းထုတ်ပြန်ချက်(၈/၂၀၁၃) ကို ယမန်နေ့က ထုတ်ပြန်နှိုးဆော်ထားပါသည်။ ။

မြန်မာဓိက
မဟာဆန်မုန်တိုင်းဝင်ရောက်ရန် တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ အိန္ဒိယ နိုင်ငံများမှ ပင်လယ်ရေကြောင်းဆိပ်ကမ်း တွေအားလုံး အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် အသိပေး ထားပြီး၊ အရေးပေါ်အစီအစဉ်များ အားလုံး ကြိုတင်ပြင်ထားပြီးဖြစ်ကြောင်း ZeeNews. com အင်တာနက်သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။